← Chapters

အခန်း (၆၆၁-၆၆၄)

Vol. 42 Ch. 661-664

အခန်း (၆၆၁-၆၆၄)

Vol. 42 Ch. 661-664

အခန်း ၆၆၁ ရတနာဝိဉာဉ်ကျောက်တုံး

ကောင်းဖန်သည် ရတနာအခန်းကို မည်ကဲ့သို့ ဓားပြတိုက်ခဲ့သည်ကို တွေးတောရင်း ပထမတော့ အနည်းငယ် စိတ်မကောင်းဖြစ်မိသည်။ သို့သော် ထိုရတနာများကို သူသာ မယူသွားပါက ‌ဒီတိုင်း ဆုံးရှုံးသွားမှာ ဖြစ်သည်ဟုတွေးမိပြီးနောက် နောင်တရသော ခံစားချက်များသည် အားလုံး ပျောက်ကွယ်သွားသည်။

သို့သော် ဒါကို ကောင်းဖန်က ပိုတွေးလေ အပြစ်ရှိသလို ခံစားရလေလေပင်။ တစ်ဖက်တွင်တော့ ချင်းယွမ်နန်က သူ့ကို လျှို့ဝှက်စွာ စဉ်းစား အကဲခတ်နေသည်။ နေရာလွတ်ပြိုကျမှု အရှိန်အရ လျှို့ဝှက်နယ်နိမိတ်သို့ ရောက်ရှိရန် နှစ်ပေါင်းများစွာ အချိန်ယူရပေမည်။

လျှို့ဝှက်နယ်နိမိတ်နှင့် အနတ္တ လှိုင်းထန်ခြင်းတို့ ထိတွေ့လာသောအခါ ဒါက အကောင်းဆုံးအခွင့်အရေး ဖြစ်လာလိမ့်မည်။ နောက်ဆုံးအကြိမ်တုန်းက သူတို့သည် လျှို့ဝှက်နယ်နိမိတ်သို့ ဝင်ရောက်ရန် သူတော်စင်အဆင့် သားရဲလေ့ကျင့်သူ များကိုသာ စေလွှတ်နိုင်ခဲ့သည်။

ခဏလေးအတွင်းမှာ ချင်းယွမ်နန်၏ စိတ်ထဲမှာ အတွေးပေါင်းများစွာ ပေါ်လာပေမယ့် သူ့မျက်နှာက လေးနက်တဲ့ပုံစံနဲ့ သူရှေ့ကို စိုက်ကြည့်လိုက်သည်။ “ဘယ်ဘက်ကနေ သွားကြည့်ရအောင်.. နေရာလွတ်ဥမင်လိုဏ်ခေါင်းကိုတော့ မဖျက်ဆီးနိုင်ဘူးလို့ မျှော်လင့်ပါတယ်.. ဒါမှမဟုတ်ရင်လည်း ငါတို့က ဒီကမ္ဘာမှာ ကျန်နေရစ်ဖို့ပဲ ရှိတယ်” ဟု ချင်းယွမ်နန်းက စနောက်လိုက်သည်။

ဆယ်ရက်ခန့် လမ်းလျှောက်ပြီးနောက်တွင် အဆောက်အအုံနိမ့်နိမ့်တွေရှိတဲ့ မြေက သူတို့ရှေ့တွင် ပေါ်လာသည်။ ယင်းတို့သည် ဤဒေသတွင်နေထိုင်သော ပိုင်ရှင်များ၏ လူနေရပ်ကွက်များဖြစ်နိုင်မည်။

ကောင်းဖန်သည် ဤအဆောက်အအုံများကို ကြည့်ရင်း မျက်လုံးများ ပြူးကျယ်သွားသည်။ အိမ်များအားလုံးသည် အများအပြား ပျက်စီးနေသော်လည်း အဆောက်အအုံများသည် ကမ္ဘာမြေကြယ်နှင့် ဆင်တူသည်။ အချို့သော အသေးစိတ်နှင့် ဒီဇိုင်းများကတော့ ကွဲပြားသော်လည်း ယေဘုယျအားဖြင့် တူညီကြသည်။

၎င်းတို့သည် ၁၈၊ ၁၉ ရာစုက ဟွာရှားဒေသ၏ ဒီဇိုင်းများနှင့်ဆင်တူသည်။ ကျိုးကျနေသော စေတီမှလွဲ၍ ကျန်အကြွင်းအကျန်များ မရှိပဲ သားရဲတစ်ကောင်မျှလည်း မရှိပေ။

ကောင်းဖန်သည် အခန်းတစ်ခုထဲသို့ ၀င်သွားသည်။ အခန်းထောင့်တွင် အရိုးစုနှစ်ခု ရှိသည်။ အရိုးစုနှစ်ခုလုံးသည် ကောက်ကွေးနေကာ တင်းတင်းကြပ်ကြပ် ဖက်ထားပြီး ၎င်းတို့၏ ခန္ဓာကိုယ်များသည် တောရိုင်းမြက်ပင်များဖြင့် ပြည့်နှက်နေသည်။ မြက်ရိုင်းများသည် အရိုးကွက်လပ်များကြားမှ ပေါက်ထွက်ကာ အရိုးများကို ပေါင်းစည်းထားသည်။

စားပွဲတစ်ခုပေါ်တွင် စာရေးမှတ်တမ်းတင်ထားသည့် စာလိပ်တစ်ခုရှိပြီး ဖုန်များနှင့်ပြည့်နေသည်။ ကောင်းဖန်သည် ရေးထားသည့်စကားလုံးများကို မရင်းနှီးပေ။ အပေါ်က ဖုန်မှုန့်တွေကို သုတ်လိုက်ပြီး ကြည့်လိုက်သောအခါ ကမ္ဘာမြေကြယ်တွင် သုံးသည့်စကားလုံးများနှင့် မတူပေ။

ကောင်းဖန်သည် သူ့စိတ်ထဲတွင် သက်ပြင်းချလိုက်သည်။ ဤကမ္ဘာ၏ တစ်ထောင့်တစ်နေရာတွင် အကန့်အသတ်မရှိ မျိုးပွားနေသော အလားတူလူသားများ ရှိနေနိုင်သည်။

သူတို့ရဲ့ အရှိန်ကိုမြှင့်လိုက်ရင်းနောက်ဆုံးတွင်တော့ သီတင်းနှစ်ပတ် စောပြီး ပထမဆုံး နေရာလွတ်အက်ကွဲကြောင်းကို တွေ့လိုက်ရသည်။

“ဒါဆို ငါတို့ တစ်ယောက်ကို တစ်ယောက် နှုတ်ဆက်သင့်ပြီ” ချင်းယွမ်နန်းက ကောင်းဖန်ကို စိတ်ကောင်းဟန်ဖြင့် ခေါင်းညိတ်ရင်း ပြောလိုက်သည်။

“သွားတော့မယ်” တုံလင်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

သီးခြားလမ်းလျှောက်လိုက်ကြပြီးနောက် ကောင်းဖန်က မျှော်လင့်ခြင်းမြို့သို့ပြန်ရန် စတုတ္ထကလေးအား ခေါ်လိုက်သည်။ ကောင်းဖန်သည် အပြင်ဘက်မြို့သို့ ချဉ်းကပ်လာသည်နှင့်အမျှ အတွင်းမြို့ကို မျှော်ကြည့်ကာ ခဏမျှ တုံ့ဆိုင်းသွားပြီး နောက်ဆုံးတွင် မြို့ထဲသို့ မ၀င်ရန် ဆုံးဖြတ်လိုက်ကယ အပြင်ဘက်တွင် အနားယူရန် ရွေးချယ်လိုက်သည်။

ဝေးလံခေါင်သီပြီး တိတ်ဆိတ်တဲ့နေရာကိုရှာပြီးနောက် သူသည် စရစ်ပီကို ဆင့်ခေါ်လိုက်သည်။ စရစ်ပီ ပေါ်ထွက်လာမှုကြောင့် မြေပြင်က တုန်လှုပ်သွားသည်။ စရစ်ပီ၏ ခန္ဓာကိုယ်မှ ပူနွေးသော အခိုးအငွေ့များ အဆက်မပြတ် ထုတ်လွှတ်နေသည်။

“မင်းသလင်းကျောက်ကို အရင်ချေဖျက်လိုက် စရစ်ပီ” ကောင်းဖန်သည် စရစ်ပီ၏ ခြေသည်းများကို ပုတ်လိုက်သည်။ ခြေသည်းများသည် အလွန်ကြီးမားသောကြောင့် ကောင်းဖန်က စရစ်ပီ ခံစားရရဲ့လားဟုပင် သံသယဝင်သွားသည်။

“ကောင်းပါပြီ” စရစ်ပီသည် နာခံမှုရှိရှိဖြင့် မြေပြင်ပေါ်တွင် ထိုင်ချလိုက်သည်။

ကောင်းဖန်သည် မြေပြင်ပေါ်ရှိ တောမြက်ပင်များနှင့် ကျောက်စရစ်များကို ရှင်းလင်းပြီး ထိုနေရာ၌ ထားရန် ဓာတ်ခွဲခန်းစားပွဲကို ထုတ်ယူလိုက်သည်။

နဂါးမှင်စာဘုရင်သည် ဘေးတွင်ထိုင်ချလိုက်သည်။ ထိုနေရာတွင် နဂါးမောက်ပင်အစစ် တည်ရှိနေခြင်းကြောင့် ပြေးသွားမည်ကိုတော့ ကြောက်စရာမလိုပေ။ ဤသတ္တဝါသည် သစ်ကိုင်းတစ်ခုပေါ်တွင် ထိုင်နေသည်။ ပထမတော့ ကောင်းဖန်နဲ့ တခြားသူတွေကို သတိတကြီးစိုက်ကြည့်နေပေမယ့် သိပ်မကြာခင်မှာပဲ ကောင်းဖန်ကို အရင်လို မကြောက်တော့ပေ။

သူ့ဘေးမှာ ရှိတဲ့ အသီးအနှံတွေထဲက တစ်ခုကို သူ့ဘယ်လက်နဲ့ယူစားလိုက်သည်။

စတုတ္ထကလေးသည် ၎င်းကို စိုက်ကြည့်ရင်း ၎င်း၏နောက်ကျောရှိ အတောင်ပံများသည် ကြာပွတ်ကဲ့သို့ ဘေးဘက်မှ ကျောက်တုံးများကို အပိုင်းပိုင်းကွဲသွားအောင် ရိုက်ခက်လိုက်သည်။

“ကျေးဇူးပြုပြီး မထိနဲ့” စတုတ္ထကလေးနဲ့ တခြားကလေးခြောက်ယောက်က ဒီနဂါးမောက်သီးသစ်ပင်ကို သူတို့ရဲ့အပိုင်အဖြစ် သက်မှတ်ထားလိုက်သည်။

နဂါးမှင်စာဘုရင်သည် ခေတ္တရပ်လိုက်ပြီး ဘယ်လက်ကို ပြန်ဆွဲထုတ်ကာ ၎င်း၏ ခြေဖဝါးကို တဖြည်းဖြည်း မြှင့်ရင်း ခြိမ်းချောက်နေသော ရောင်ဝါကို ဖော်ထုတ်လိုက်သည်။ “ငါ့သစ်ပင်ကို မထိဖို့ မင်းကပြောနေတာလား”

“ဒါက မင်းရဲ့ ကြီးကြပ်မှုအောက်မှာရှိရုံပါပဲ” စတုတ္ထကလေးက ပြတ်ပြတ်သားသားပြောလိုက်သည်။

နဂါးနတ်သူငယ်ဘုရင်က လှောင်ပြောင်လိုက်သည်။

လွန်ခဲ့တဲ့ရက်အနည်းငယ်က ငါနဲ့ အခုငါက အတူတူပဲလို့ ထင်နေတာလား.. အချိန်တိုလေးအတွင်းမှာပဲ ငါက အရှင်သခင်အဆင့်ကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့တယ်ဆိုတာ မသိဘူးလား..

“ပါးစပ်ပိတ်ထား” တာ့ဇီ၏ မျက်လုံးများသည် ရွှေအိုရောင် မျက်လုံးနှင့်အတူ ၎င်း၏ ကြီးကျယ်ခမ်းနားသော ရောင်ဝါကို ပြကာ ၎င်း၏ ဒေါသကို ထုတ်ဖော်လိုက်သည်။

အစောပိုင်းက အထင်ကြီးလောက်စရာ သရုပ်ဆောင်ခဲ့တဲ့ နဂါးနတ်မှင်စာဘုရင်က ဆိုးရွားတဲ့ အတွေ့အကြုံကို ပြန်သတိရလိုက်ပြီး မသိမသာ ပြန်ထိုင်နေလိုက်သည်။

စတုတ္ထကလေးသည် ၎င်း၏အကြည့်ကို ပြန်သိမ်းလိုက်ပြီး ကြမ်းတမ်းပြီး ပျာယာခတ်နေသည့် အတောင်ပံများကို ၎င်းနောက်ကျောတွင် ကပ်ထားလိုက်သည်။

ကောင်းဖန်သည် ပထမဦးဆုံး နဂါးမောက်သီးအစစ်ကို ကြိတ်ခွဲပြီးနောက် အခြားဖြည့်စွက်ပစ္စည်းများနှင့် ရောမွှေလိုက်သည်။ တစ်ဝက်တစ်ပျက် ရောစပ်ပြီးသောအခါ ကောင်းကင်သည် မှောင်မိုက်နေပြီး အုံ့မှိုင်းနေသော တိမ်တိုက်များ ဖုံးလွှမ်းသွားသည်။

ပင်လယ်ဝတုတ်သည် ၎င်း၏ဦးခေါင်းထက်မှ လျှပ်စတစ်ခု ဖြတ်သွားကာ ၎င်း၏အကြေးခွံအပိုင်းအစတစ်ခုကို ဖယ်ထုတ်ပြီး ကောင်းကင်ပေါ်သို့လွှင့်ပစ်လိုက်သည်။ ကျယ်လောင်သောအသံနှင့်အတူ အကြေးခွံသည် ဦးခေါင်းထက်ရှိ အုံ့မှိုင်းနေသော တိမ်တိုက်များပေါ်သို့ ရောက်ရှိသွားသည်။ အုံ့မှိုင်းနေသော တိမ်တိုက်များသည် ရုတ်တရက် ငြိမ်သက်သွားသည်။ ခဏအတွင်း ကောင်းကင်ကြီး ကြည်လင်လာသည်။

“ရောစပ်ပြီးသွားပြီ” ကောင်းဖန်သည် စားပွဲပေါ်ရှိ ကြက်သွေးရောင် ဆေးပုလင်းကို ကျေနပ်စွာ ကြည့်လိုက်သည်။ အကြီးဆုံးကလေး၏ အဆင့်ကိုမြှင့်တင်ရန် သုံးနိုင်သည့်ဆေးကို ရောစပ်ပြီးဖြစ်သည်။ နောက်တစ်ခုကတော့ ဒုတိယကလေးအတွက် ဖြစ်လိမ့်မည်။

၂၅ နာရီကြာ မဆုတ်မနစ် အလုပ်လုပ်ပြီးနောက် နောက်ဆုံးတွင် ကောင်းဖန်သည် အကြောဆန့်လိုက်သည်။ အခုတော့ ဆေးခုနစ်ပုလင်းကို ရောစပ်ထားပြီးဖြစ်သည်။ သူသည် ဆေးများကို ဝေငှပြီးသောအခါ ခေါင်းငုံ့ပြီး ဓာတ်ခွဲခန်းစားပွဲဘေးတွင် တစ်ယောက်တည်း ထိုင်နေသည့် ကြွက်က အထီးကျန်စွာဖြင့် အဝေးကို လှမ်းကြည့်နေသည်ကို တွေ့လိုက်ရသည်။ သူ့လက်ထဲတွင် စီးကရက်တစ်လိပ်ကို ကိုင်ထားပြီး ဘယ်ကရမှန်းလည်း မသိပေ။

သူက ထူးဆန်းတဲ့ စကားလုံးတချို့ကို ရွတ်နေသည်။ “အဲဒါက အသုံးမဝင်တော့ရင် ယုန်ကိုသတ်ပြီးတာနဲ့ ခွေးကို စွပ်ပြုတ်လုပ်လို့ရတယ်... ငှက်ဝတုတ်ကိုသတ်ပြီး အသုံးမဝင်တော့တဲ့အခါ ဖယ်ထားလိုက်တာက ပိုကောင်းပါတယ်..”

ကောင်းဖန်က မျက်လုံးပြူးသွားသည်။ “လုံလောက်ပြီ.. လုံလောက်ပြီ.. ဒီတစ်ခါတော့ မင်းကို အဆင့်မြှင့်ဖို့ ပြင်ဆင်ထားပေးမယ်”

ပထမတော့ သူကအလုပ်မပြီးခင် အနားယူချင်နေမိသည်။ ထားလိုက်ပါ‌တော့.. တစ်ခါတည်းနဲ့ပြီးသွားတာ ပိုကောင်းပါတယ်..

သုံးကြိမ်မြောက်နိုးလာတဲ့ ဆီလီကို လှမ်းခေါ်ပြီး ထူးဆန်းတဲ့အသွင်အပြင်ရှိတဲ့ သလင်းကျောက်ကို ထုတ်ယူဖို့ ပြောလိုက်သည်။ ဤသလင်းကျောက်သည် ၂၄ နာရီလုံးရွေ့လျားနေသည်။ စက္ကန့်တိုင်းမှာ ၎င်း၏ ဧရိယာသည် အပြောင်းအလဲများ ဖြစ်နေသည်။

[ပစ္စည်းအမည်] - ရတနာဝိညာဉ်ကျောက်တုံး

သူသည် အရည်တစ်ပုလင်းကို ရောမွှေရန်အတွက် အခြားပစ္စည်းများကို ထုတ်လိုက်ပြီး ရတနာဝိညာဉ်ကျောက်တုံးကို အရည်ထဲသို့ ထည့်လိုက်သည်။

ဤအရည်ပုလင်းကို အပြင်းအထန် စိုက်ကြည့်ရင်း ရတနာအနံခံကြွက်၏ အာရုံများ တင်းမာသွားသည်။ ငါးမိနစ်အကြာတွင် ရတနာဝိညာဉ်ကျောက်သည် အရည်ပုလင်းထဲသို့ လုံးလုံးအရည်ပျော်သွားပြီး အရည်သည် ရွှေရည်ပျစ်ပျစ် အဖြစ်သို့ ပြောင်းလဲ သွားသည်။

“ပြီးပြီ.. အကုန်သောက်လို့ရတယ်” ဟု ကောင်းဖန်က ကြွက်ကိုပြောလိုက်သည်။

တင်းမာသော အာရုံကြောများ ပြေလျော့သွားသဖြင့်ကြွက်သည် ၎င်း၏ဝန်ထုပ်ဝန်ပိုးများကို လွှတ်ချလိုက်ပုံရသည်။ သူသည် ဝမ်းသာအားရ မျက်ရည်တွေ ထွက်လာသည်။ “နောက်ဆုံးတော့ မင်းငါ့ကို စွပ်ပြုတ်လုပ်မှာ မဟုတ်ဘူးဆိုတာကို ငါသိပါတယ်”

***

သားရဲလေ့ကျင့်သူ

အခန်း ၆၆၂ ခမ်းနားသော အသွင်ကူးပြောင်မှုတစ်ခု

ငါ…” ကောင်းဖန်က ၎င်း၏ စွပ်ပြုတ်လုပ်ခြင်းဆိုတာ ဘာကိုဆိုလိုသနည်းဟု မေးခါနီးတွင် သူသည် ကြွက်၏ ယခင်ဆင့်ကဲဖြစ်စဉ် နည်းလမ်းများကို တွေးတောပြီး သူ့စကားကို ရုပ်သိမ်းလိုက်သည်။ သူသည် ကြွက်၏ နားရွက်ကို ကိုင်ထားသော လက်ကို ဖြည်းညှင်းစွာ လျှော့ချလိုက်သည်။ “ငါက မင်းကို ဘယ်လိုလုပ် စွပ်ပြုတ်လုပ်မှာလဲ”

ကြွက်က ရဲရင့်သောပုံစံဖြင့် တစ်ချက်ထဲ သောက်လိုက်ပြီး လေတက်လိုက်ပြီးနောက် ချက်ချင်း စားပွဲပေါ်ကနေ မြေပြင်ပေါ်သို့ ပြုတ်ကျကာ သတိလစ်သွားသည်။

နဂါးမှင်စာဘုရင်သည် ဤမြင်ကွင်းကိုမြင်ပြီးနောက် တုန်လှုပ်သွားသည်။

ပင်လယ်ဝတုတ်သည် လုပ်စရာများရှိတဲ့ သားရဲများကို တစ်ချက်ကြည့်လိုက်သည်။ ၎င်းသည် သမ်းဝေကာ ကောင်းဖန်အား ပြောလိုက်သည်။ “ငါ ခွန်အားကို ပြန်ရအောင်နားတော့မယ်...မင်းတစ်ခုခုလိုအပ်ရင် ငါ့ကိုခေါ်လိုက်ပါ” သူ့စကားအဆုံးသတ်ပြီးတာနဲ့ ပင်လယ်ဝတုတ်သည် အမှောင် နတ်ဘုရားရေတွင်းကို ဖောက်ပြီး ရေတွင်းထဲကို ဆင်းသွားသည်။အသည်းခိုက်အောင် အေးစက်ပြီး မည်းမှောင်နေသော နတ်ဘုရားရေသည် ပင်လယ်၀တုတ်ကို သက်တောင့်သက်သာ ဖြစ်စေသည်။

သုံးရက်လုံး မူးလဲသွားသော ကြွက်သည် ပထမအကြိမ် သတိပြန်လည်လာခဲ့သည်။ ကျန်တဲ့ သားရဲ ခုနစ်ဦးသည် အိပ်ပျော်နေဆဲဖြစ်သည်။

နိုးလာပြီးနောက် ကြွက်၏ ပထမဆုံး အသွင်အပြင်သည် ၎င်း၏ ကြီးမားသော အသွင်ကူးပြောင်းမှုကို ပြသနေသည်။ ပထမ ၎င်း၏ ခန္ဓာကိုယ်အရွယ်အစားသည် ယခင်အရွယ်အစားထက် လေးဆပိုကြီးလာပြီး နောက်တစ်ခုက ၎င်း၏ အပြင်ပန်းမှာ ယခင်ကဲ့သို့ ရွှေရောင်မဟုတ်တော့ဘဲ ထူးဆန်းသောပုံစံအဖြစ် ပြောင်းလဲသွားသည်။

တစ်ချိန်လုံး စီးဆင်းနေသည့် အရည်နှင့် ခပ်ဆင်ဆင်တူသော်လည်း ၎င်း၏ ခန္ဓာကိုယ်၏ အပြင်ဘက်သဏ္ဌာန်မှာ ကန့်လန့်ဖြတ် မျက်နှာပြင်များစွာရှိလာသည်။ ဤမျက်နှာပြင်များသည် သေးငယ်လွန်းသဖြင့် အဝေးမှ တောက်ပနေသော စိန်တစ်လုံးကဲ့သို့ ထင်ရသည်။

ကောင်းဖန်သည် ငြီးငွေ့ဖွယ်ကောင်းသည့်ပုံစံဖြင့် ချောင်းဆိုးသံကို ပြုလိုက်သည်။ ကြွက်သည် သစ္ဆေကဲ့သို့အသွင်သဏ္ဍာန်သို့ ပြောင်းလဲသွားသည်ကို သူ့ကိုယ်သူ သိပါက ပြဿနာတက်စေမည်လား မသေချာပေ။

လုံးလုံးလျားလျား မပြောင်းလဲမီတွင် ကောင်းဖန်သည် ဆင့်ကဲဖြစ်စဉ်ကို မည်သို့ထိန်းသိမ်းရမည်ကို မသိသော်လည်း နာမည်ပေါ်အခြေခံ၍တော့ အကြမ်းဖျင်း ခန့်မှန်းနိုင်ခဲ့သည်။

တကယ်တော့ ဆင့်ကဲဖြစ်စဉ်ပြီးနောက်မှာ ရတနာအနံခံကြွက်၏အမည်မှာ ရတနာကြွက်ဖြစ်သည်။ နာမည်ကို ကြည့်ရတာတော့ သာမာန်ပုံပေါက်နေသည်။ ဆင့်ကဲဖြစ်စဉ်မတိုင်မီက ကြွက်ကို စုံထောက်ကြွက်ဟုခေါ်ခဲ့သည်။ စုံထောက်ကြွက်နဲ့ ရတနာကြွက် တို့က တစ်ခုနဲ့တစ်ခု ဆက်စပ်နေပုံတော့ ရှိသည်။

ကြွက်သည် မတ်တပ်ထရပ်ပြီး ၎င်း၏ခန္ဓာကိုယ်ကို ကြည့်ရန် ခေါင်းငုံ့လိုက်သည်။ ငွေရောင်အလင်းတန်းများ တောက်ပနေမှန်း သိပြီးနောက် သူသည် စိတ်လှုပ်ရှားစွာ ခုန်လိုက်သည်။ ငါ့ခန္ဓာကိုယ်က အရမ်းတန်ဖိုးရှိတာပဲ..

[သားရဲ အမည်] - ရတနာကြွက်

[သားရဲ အဆင့်] - အဆင့် ၇၀ (ဧကရာဇ်အဆင့်)

[သားရဲ စွမ်းရည်ဆင့်] - ဒဏ္ဍာရီ/ဒဏ္ဍာရီ

[သားရဲ စွမ်းအင်] - ရတနာများ၏ အနံ့ခံအာရုံ အဆင့် ၅၊ ကံကောင်းခြင်းတိုးမြှင့်မှု အဆင့် ၄၊ သွက်လက်သောခန္ဓာကိုယ် အဆင့် ၆

[ထူးခြားသော လက္ခဏာများ] - ရတနာများကို အဆုံးစွန်ရှာဖွေသူ

ရတနာများကို ဝှက်ထားပြီး ရယူခြင်း (ရတနာကြွက်သည် ရတနာအများအပြားကို စုဆောင်းရန်အတွက် ရတနာသိုလှောင်ရာနေရာကို ၎င်းနှင့်အတူ သယ်ဆောင်သွားမည်ဖြစ်သည်။ သိုလှောင်ဧရိယာတွင် ရတနာများရှိနေသရွေ့ ရတနာဖွေနိုင်စွမ်းကို မြှင့်တင်ပေးမည်ဖြစ်ပြီး ၎င်း၏အရှိန်အဟုန်နှင့် ဖုံးကွယ်နိုင်စွမ်းများကို အရှိန်မြှင့်ပေးမည်ဖြစ်သည်။ ။လက်ရှိရတနာစုဆောင်းမှုနှုန်း : မရှိ)

ကြွက်၏ စွမ်းအင်ကို ကြည့်ပြီး ကောင်းဖန်သည် သူ့မျက်လုံးများ တောက်ပလာသည်။ “ဒီကိုလာ.. ကြွက်” သူက ကြွက်ကို လက်ယက်ခေါ်လိုက်သည်။

၎င်း၏ စိန်ကဲ့သို့ စီးဆင်းနေသည့် တောက်ပသော ခန္ဓာကိုယ်ဖြင့် ကြွက်က ပြေးသွားသည်။ “ဘာပြဿနာရှိလို့လဲ ကောင်းဖန်”

“ဒီဟာကို မျိုချလိုက်.. မစားပဲ မျိုချခိုင်းတာ” ဟု ကောင်းဖန်က ကြွက်ကို သတိပေးလိုက်သည်။

ကြွက်သည် မျက်လုံးများကို ငြိမ်သက်စွာမှိတ်လိုက်သည်။ မျိုချခိုင်းပေမယ့် မစားရဘူးလား.. မင်းက အရူးလား.. ကောင်းဖန်...

တိုးတက်ပြောင်းလဲလာသော ကြွက်သည် ၎င်း၏ကိုယ်ပိုင်စွမ်းအင်များကို အသုံးမချရသေးပေ။ ကောင်းဖန်သည် ၎င်း၏စွမ်းရည်ကို တစ်ချက်ကြည့်လိုက်ရုံဖြင့် မြင်နိုင်သော်လည်း ကြွက်ကိုယ်တိုင်က အမှန်တကယ်ပင် စိတ်ရှုပ်ထွေးနေသည်။

“မင်းက ရတနာကြွက်ကြီးလို့တော့ ငါ့ကို မပြောနဲ့နော် ကောင်းဖန်” ကြွက်သည် ခေါင်းကို တစ်ဖက်သို့ စောင်းကာ ပြောလိုက်သည်။ “ကိုယ့်စွမ်အင်ကို ကိုယ်ကိုယ်တိုင်တောင် မသိပေမယ့် မင်းကအရာရာကို ဒီလောက်ကောင်းကောင်းသိနေတာတော့ ငါမယုံနိုင်ဘူး”

ကောင်းဖန်သည် ဘာမှမပြောပေ။

ကြွက်သည် နဂါးမောက်သီးကို စားလိုက်သည်။ ကောင်းဖန်၏အမြင်နယ်ပယ်တွင် ကြွက်၏စွမ်းအင်ဇယားရှိ ရတနာနှုန်းထားနောက်ကွယ်တွင် နဂါးမောက်သီးအစစ်ပေါ်လာသည်။

ဒါဆို ကြွက်ဝှက်ထားတဲ့ ရတနာတွေကို ငါမြင်နိုင်တာပဲ.. ဒီကိစ္စနဲ့ ပတ်သက်လို့ လျှို့ဝှက်စွာ ဖုံးကွယ်ထားရင်တောင် စိတ်ပူစရာမလိုပေ။ ကောင်းဖန်က ခေါင်းညိတ်လိုက်သည်။

“မင်းရဲ့အမြန်နှုန်းက ပိုမြန်လာမလားဆိုတာ စမ်းကြည့်” ဟု ကောင်းဖန်က ကြွက်ကို ပြောလိုက်သည်။

ကြွက်သည် ၎င်း၏ခြေသည်းများကို ဂရုတစိုက်ကြိုးစားလိုက်သည်။ “အင်း.. ငါနည်းနည်းမြန်လာပုံရတယ်”

“မင်း မြန်လာတာ ကောင်းပါတယ်” ကောင်းဖန်က ခေါင်းညိတ်လိုက်ပြီး လောလောဆယ် အသုံးမဝင်သေးတဲ့ ရတနာတွေအားလုံးကို ကြွက်ထံ လွှဲပေးလိုက်ဖို့ ဆီလီကို ခိုင်းလိုက်သည်။ ဆီလီအတွက် သူ့နှလုံးသားက ထောင့်တစ်နေရာမှာသိမ်းထားတဲ့ သစ်သီးဖျော်ရည်ဗူးတွေသာရှိတာကြောင့် ဒီရတနာတွေအတွက် ခံစားချက်မရှိပေ။

ရတနာများကို မျိုချပြီးနောက် ကြွက်၏ အရှိန်သည် ဆယ်ဆကျော် မြန်လာသည်။ လေကဲ့သို့ ပြေးပြီး လျှပ်စီးကဲ့သို့ မြန်လာသည်။

ကြွက် ခန္ဓာကိုယ်ကို တဖြည်းဖြည်း မြင်တောင် မမြင်နိုင်တော့ပေ။

အဝေးတွင်ရှိနေသည့် စရစ်ပီသည် ကြောက်မက်ဖွယ်ကောင်းသော အမူအရာတစ်ခုကို ရုတ်တရက် ထုတ်ဖော်လိုက်သည်။ ၎င်း၏ ဒေါသအရှိန်အဝါသည် ဧရာမလှိုင်းလုံးကြီးများကဲ့သို့ ဖြတ်သန်းစီးဆင်းသွားသည်။ ပြင်းထန်ပြီး ပူပြင်းတဲ့ ချော်ရည်တွေ ထွက်လာသည်။

ပေ ၃ သောင်း ၃ ထောင် အချင်းဝက်အတွင်း လွှမ်းခြုံနိုင်သော ကွင်းပြင်တစ်ခုရှိနေခြင်းက သူတော်စင်အဆင့် သားရဲများအတွက် ပုံမှန်ပင်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သာမာန် သူတော်စင်အဆင့် သားရဲ၏ ထုထည်သည် ပေထောင်ပေါင်းများစွာထက် မပိုသော်လည်း ပေ ၃ သောင်း ၃ ထောင် ခန့်ရှိသော အချင်းဝက်သည် ၎င်း၏ခန္ဓာကိုယ်ထုထည်၏ အချင်း၏ ဆယ်ဆဖြစ်ပြီး ၎င်းကို တိုက်ခိုက်ရေးစွမ်းအားကို တိုးမြှင့်နိုင်သောကြောင့်ဖြစ်သည်။

စရစ်ပီ၏ ကွင်းပြင်ဧရိယာသည် ပေ ၃ သောင်း ၃ ထောင် အချင်းဝက်အထိ ရောက်ရှိနေသည်။ ပြောင်းလဲလိုက်ပါက ၎င်းသည် မိုင်ပေါင်း ၆ သောင်း၂ ထောင် အချင်းဝက်နှင့်ညီမျှနိုင်သည်။ ထိုအရပ်ကမြင့်လွန်းသောကြောင့် မျှော်လင့်ခြင်းမြို့ရှိ လူများကို အဝေးမှပင် ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။

တကယ်တော့ မြို့ကြီးတော်တော်များများမှာတောင် ဒီလောက်ကြီးတဲ့ ဧရိယာ မရှိပေ။ စရစ်ပီသည် အသက်ပြင်းပြင်း ရှူလိုက်သည်။ ကောင်းကင်မှာ အုံ့မှိုင်းနေတဲ့ တိမ်တိုက်တွေက သူ့ရင်ဘတ်ထဲကို ဝင်လာသည်။

တောင်ကဲ့သို့ ကြီးမားပြီး မြင့်မားသည့် စရစ်ပီ၏ ခန္ဓာကိုယ်သည် အနီရောင်သွေး ချော်ရည်များကို ထုတ်လွှတ်နေသည်။ သူသည် ငရဲ သို့မဟုတ် မရဏကမ္ဘာမှ ထွက်ခွာလာသည့် အသေကောင် အာဏာရှင်တစ်ဦးနှင့် တူသည်။

စရစ်ပီသည် သူတော်စင်အဆင့် ကန့်သတ်ချက်များကို ကျော်ဖြတ်ပြီး သူတော်စင်အဆင့်သို့ အဆင့်မြှင့်ထားသည်။

“ကောင်းကင်ကြီးက ဘာလို့ အရောင်က အနီရောင်လဲ” လမ်းတွေပေါ်မှာ လမ်းလျှောက်နေကြသူတွေ ရပ်ပြီး အဝေးက မြင်ကွင်းကို တအံ့တသြ ကြည့်နေကြသည်။

“နတ်ဘုရားနယ်နိမိတ်…” မီးခိုးခေါင်းတိုင်မှ အနက်ရောင်မြူများ ထွက်လာစဉ် စက်ရုံအတွင်းရှိ လေထုသည် ပြင်းထန်စွာ ပေါက်ကွဲသွားသည်။ စက်ရုံကို ကင်းလှည့်နေသော ကျီဟန့်ဝူသည် အနောက်ဘက်သို့ လှမ်းကြည့်ရင်း ရပ်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်သည်။ “သူတော်စင်အဆင့်ကို သားရဲတစ်ကောင်က ချိုးဖျက်လိုက်ပြီ”

“အဲဒါ မင်းမြေးရဲ့ သားရဲရ အရိပ်အယောင်ပဲ” နဂါးဖြူရဲ့အသံက ကျီဟန့်ဝူရဲ့နှလုံးသားထဲမှာ ပဲ့တင်ထပ်လာသည်။

“ဟုတ်လား” ကျီဟန့်ဝူ၏ စိတ်ခံစားမှုများသည် စိုးရိမ်မှုမှ ပျော်ရွှင်မှုဆီသို့ ပြောင်းလဲသွားသည်။

ရေကန်အတွင်းရှိ နဂါးဖြူသည် ရေမျက်နှာပြင်တစ်လျှောက် ခေါင်းညိတ်ပြလိုက်ကာ စရစ်ပီ၏ ဦးတည်ရာကို ပဟေဠိဆန်သော အကြည့်ဖြင့် စိုက်ကြည့်နေသည်။

“ငါလည်း အသားအနှစ်အရသာကို စားတာပဲ.. ဒါပေမယ့် ဘာလို့ သူက ငါ့ထက် ပိုမြန်တာလဲ” နဂါးဖြူ၏ အသံသည် စိတ်ပျက်စရာ ခံစားချက်တစ်ခုဖြင့် တွဲလျက်ဖြစ်နေသည်။

၎င်း၏ ဆင့်ကဲဖြစ်စဉ်အဆင့်သည် အစပိုင်းတွင် အခြားသူများထက် အမြဲသာလွန်နေခဲ့သော်လည်း ယခုတွင်မူ ကောင်းဖန်၏ သားရဲများက သာလွန်နေသည်။ သူသည် အလွန်စိတ်မချမ်းသာဖြစ်ရသည်။

နဂါးဖြူသည် အရာနှစ်ခုလုံးကို တစ်ပြိုင်နက်တည်းလုပ်ဆောင်ရန် အားထုတ်မှုကြောင့် တစ်ပတ်အတွင်း အရှင်သခင်အဆင့်ကို ဖြတ်ကျော်နိုင်ခဲ့သော်လည်း ၎င်းကို မပြသမီမှာပင် စရစ်ပီသည် သူတော်စင်အဆင့်သို့ အောင်မြင်စွာ တက်ရောက်နိုင်သွားပြီ ဖြစ်သည်။

“ဒါ…” နဂါးဖြူသည် တုန်လှုပ်သွားသလို ခံစားလိုက်ရသည်။

“တစ်ယောက်ယောက်ကတော့ အဆင့်ကို ကျော်သွားပြီ.. ဒါပေမယ့် အပြင်လူမဟုတ်ဘူးဆိုတော့ အဆင်ပြေပါတယ်” နဂါးဖြူ၏လည်ပင်းပေါ်တွင် ခေါင်းပေါ်တင်လျက် ငွေနဂါးက နဂါးဖြူနောက်မှ ထွက်ပေါ်လာသည်။

***

သားရဲလေ့ကျင့်သူ

အခန်း ၆၆၃ ရေနဂါး…. ဖျက်ဆီးမရသော နဂါးပုရွတ်ဆိတ်

လေပြင်းများတိုက်ခတ်လာပြီး နေ့လယ်နေရောင်သည် တောက်ပနေသည်။ ကောင်းဖန်သည် သူ့နဖူးမှ ချွေးများကို သုတ်လိုက်သည်။

ကျယ်ပြောလှသော လွင်ပြင်ပေါ်တွင် သတ္တဝါလေး ခုနစ်ကောင်ရှိသည်။ ဤအချိန်တွင် အလွန်အားနည်းသော ဘုရင်အဆင့်သားရဲ တစ်ကောင်ကပင် ၎င်းတို့အားလုံးကို ကိုက်စားနိုင်သော်လည်း သားရဲအုပ်စုတစ်စုက ၎င်းတို့ အနီးအနားကို စောင့်ရှောက်နေသောကြောင့် ငတုံးသားရဲများသာ သူတို့နားကို ချဉ်းကပ်ရဲမည်ဖြစ်သည်။

ခုနစ်ယောက်‌မြောက်ကလေးသည် အိပ်ပျော်နေရာမှ လှုပ်လှုပ်ရွရွ ဖြစ်လာသည်။ အလယ်မှာချထားသော သတ္တမမြောက်ကလေး နှလုံးပုရွက်ဆိတ်သည် တုန်လှုပ်လာသည်။ ကြွက်သည် နိုးလာပြီဟုထင်ပြီး ခုန်တက်လိုက်သောအခါ ၎င်း၏ ခန္ဓာကိုယ်အနှံ့ ကွက်လပ်များမှ အဖြူရောင်မြူများ အများအပြား ပျံ့နှံ့နေသည်ကို သတိပြုမိလိုက်သည်။ ကြွက်သည် နောက်သို့ တွန့်ဆုတ်ကာ တုန်လှုပ်ချောက်ချားစွာ ကြည့်နေလိုက်သည်။ မြူများက နေရာအနှံ့ ပျံ့နှံ့သွားကာ ကြိုးခြောက်ကြိုးကို ဖွဲ့ပြီး သတ္တမမြောက်ကလေးနှင့် အခြားခြောက်ယောက်ကို ချိတ်ဆက်သွားသည်။

ရုန်းရင်းဆန်ခတ်ဖြစ်သွားမှုက တာ့ဇီ၏အာရုံကို ဖမ်းစားလိုက်သည်။ ညာဘက်မျက်လုံးဖြင့် ငုံ့ကြည့်လိုက်တော့ ဖြစ်ပျက်နေတာကို မြင်လိုက်ရပြီး မြန်မြန်ထထိုင်လိုက်သည်။ သူသည် အိပ်ပျော်နေသော ကောင်းဖန်ကို လက်သည်းများနှင့် ပွတ်သပ်ပြီး အမြန်နှိုးလိုက်သည်။

“ကောင်းဖန်.. ကောင်းဖန်.. မြန်မြန်ထ..ငါတို့ ပြဿနာအကြီးကြီး တက်ပြီ”

ကောင်းဖန်က တုန်လှုပ်သွားပြီး တောင်ကုန်းပေါ်ကနေ အခြေအနေကို ကြည့်ဖို့ ပြေးသွားလိုက်သည်။ ထိုအချိန်တွင် လေထဲတွင် လွင့်ပျံနေသော ကလေးခုနစ်ယောက်ကို မမြင်နိုင်သော စွမ်းအားများဖြင့် ပေါင်းစည်းနေသည်ကို သူမြင်လိုက်ရသည်။

[သားရဲ အခြေအနေ] - ပေါင်းစည်းခြင်း။

ပေါင်းစည်းခြင်း.. ကောင်းဖန်၏ မျက်နှာသည် ဖြူဖျော့သွားသည်။ ဤညီအစ်ကိုခုနစ်ယောက်ကို ပေါင်းစည်းရန် သူဘယ်တုန်းကမှ ခွင့်မပြုခဲ့သလို ထိုသို့ဖြစ်လာစေရန်လည်း မပြင်ဆင်ထားပေ။ အဘယ်ကြောင့် ဤမျှ ထူးထူးခြားခြား ဖြစ်ပျက်လာသနည်း။

အရိပ်ရေတွင်းအနီးရှိ အပူချိန်သည် လေးဆယ်မှ ငါးဆယ်ဒီဂရီအထိ ကျဆင်းသွားသဖြင့် တောင်ကုန်းတောင်ခြေရှိ အရိပ်ရသော နေရာသို့ ပြေးသွားလိုက်သည်။ ပတ်ဝန်းကျင်သစ်ပင်အကိုင်းအခက်များပေါ်တွင် နှင်းပွင့်များ ချိတ်ဆွဲထားသကဲ့သို့ အေးစက်သော လေပြင်းများက မြေပြင်ကို နှင်းခဲအလွှာများဖြင့် အေးခဲလာသည်။

ထိုအခိုက်အတန့်တွင် ပင်လယ်ဝတုတ်သည် ရေတွင်းထဲတွင် တဝဲလည်လည် နစ်မြုပ်မျောပါကာ လှည့်ပတ်နေသည်။ ကောင်းဖန်သည် ပင်လယ်ဝတုတ်၏ လက်ရှိအခြေအနေကို နားမလည်နိုင်ပေ။ နောက်တဆင့် အဆင့်တက်မှုမတိုင်ခင် အရေးကြီးတဲ့ အခိုက်အတန့် ဖြစ်နေခဲ့ရင် အတော်လေး ဒုက္ခဖြစ်လိမ့်မည်။

ပင်လယ်ဝတုတ်သည် သူအားကိုးနိုင်သည့် တစ်ခုတည်းသောသူဖြစ်ပြီး မည်သည့်အချိန်တွင် နိုးထလာမည်ကိုလည်း မည်သူမျှ မသိနိုင်ပေ။

“စိတ်အေးအေးထား.. ပေါင်းစည်းတာတော့ သူတို့အတွက်မကောင်းတာ မဖြစ်နိုင်ပါဘူး” ကောင်းဖန်ကို စိတ်မပူစေသည့် တစ်ခုတည်းသောအချက်မှာ ကလေးခုနစ်ယောက်သည် ဆိုးရွားသော အပြောင်းအလဲကို မဖြစ်နိုင်သောကြောင့် ဖြစ်သည်။

တိမ်မည်းများ ထူထပ်လာပြီး နောက်ဆုံး နေမင်းကို တိမ်ညိုများ ဖုံးလွှမ်းနေချိန်တွင် အပေါ်မှ မိုးခြိမ်းသံများ ထွက်ပေါ်လာသည်။ တိမ်များသည် မှင်များကဲ့သို့ မည်းမှောင်နေပြီး မိုးရွာချတော့မည်ဖြစ်သည်။

စရစ်ပီ၏ ဦးခေါင်းပေါ်ရှိအခွံသည် အက်ကွဲသွားပြီး အက်ကြောင်းများမှ အုံ့မှိုင်းနေသော သဘာဝဘေးအန္တရာယ် တိမ်တိုက်များ ထွက်လာသည်။ အနက်ရောင် မီးခိုးများအတွင်းတွင် ဝှက်ထားသော သွေးနီရောင် အင်္ဂါဂြိုဟ်ကဲ့သို့ တိမ်မည်းနှစ်စင်းသည် ခေါင်းချင်းဆိုင် တိုက်မိသွားသည်။ ထူထပ်သော မီးခိုးရောင်တိမ်တိုက်များကို မဖြတ်ကျော်မီ လျှပ်စီးကြောင်းသည် တိမ်မြုပ်သွားသည်။ ခဏကြာတော့ မီးခိုးရောင် တိမ်တိုက်တွေက အလိုအလျောက် ကင်းစင်သွားသည်။

လေတိုက်လာသည်နှင့်အမျှ ညီအကို ခုနစ်ယောက်သည် ညင်သာစွာ လွင့်ပျံလာနေပြီး အလယ်ရှိ နှလုံးသားပုရွက်ဆိတ်ဆီသို့ စတင်ရွေ့လျားလာသည်။ တောက်ပသောအဖြူရောင်အလင်းတန်းများသည် ပတ်ဝန်းကျင်မြင်ကွင်းတိုင်းကို အဟန့်အတားဖြစ်စေသည်။ ညီအကို ခုနစ်ယောက်၏ ထွက်သက်သည် ပို၍ပို၍ တိုးညှင်းလာသော်လည်း ပျောက်မသွားပေ။

ရွှေရောင်ချပ်ဝတ်တန်ဆာသည် ၎င်းတို့၏ လက်သီးများကို ဖုံးအုပ်ထားသည်။ ထို့နောက် အဖြူရောင် အလင်းတန်းကို လက်သီးတစ်ချက်က ထိုးဖောက်လိုက်သည်။ ခရမ်းရောင်နှင့် ရွှေရောင်အဆင်းရှိသော အကြေးခွံများ၏ ရောယှက်မှုအတွင်းမှ ၎င်း၏ ရောင်ဝါသည် စူးရှပြီး ကြောက်ရွံ့ထိတ်လန့်စရာကောင်းလာသည်။ နက်နဲသော နဂါးကဲ့သို့ ဟိန်းဟောက်သံသည် လွင်ပြင်တစ်လျှောက် ပဲ့တင်ထပ်သွားသည်။

ရဲရဲတောက် သွေးသည် မြေပြင်ကို လောင်ကျွမ်းသွားစေသည်။

လေးလံသော ခြေသံများသည် သားရဲများ၏ နားထဲတွင် တဟုန်ထိုး တုန်ခါသွားသည်။ ထွက်လာတဲ့ အန္တရာယ်ရှိတဲ့ ခံစားချက်တွေက သူတို့ရဲ့ မျက်လုံးတွေကို ကျဉ်းမြောင်းသွားစေသည်။

“နဂါးပုရွက်ဆိတ်တွေက နှုတ်ဆက်ပါတယ် သခင်” ရွှေရောင်ချပ်ဝတ်တန်ဆာဝတ်ထားသော အရပ်ဆယ်ပေခန့်မြင့်သော လူနှင့်တူသည့် ထွားကျိုင်းသော သားရဲတစ်ကောင်သည် ပြေးထွက်လာပြီး ဒူးတစ်ဖက်ထောက်လိုက်သည်။

၎င်း၏ ဒူးသည် မြေပြင်ပေါ်တွင် ပြင်းထန်စွာ နစ်မြုပ်သွားသည်။ ဒူးထောက်လိုက်စဉ် မြေသည် နစ်မြုပ်သွားပြီး လျှင်မြန်စွာ ပြန်တက်လာသည်။ အက်ကွဲကြောင်းများ ပေါ်လာပြီး ပိုမိုပြင်းထန်လာကာ ၎င်းတို့သည် ပြင်းထန်သော အစွယ်များကဲ့သို့ ကိုက်ထောင်ပေါင်းများစွာကို ဖြန့်ကျက်ထားသည်။

ဦးညွှတ်ထားသော ဦးခေါင်းကို သွေးနီရောင် ချပ်ဝတ်တန်ဆာများဖြင့် ဖုံးအုပ်ထားပြီး ၎င်း၏မျက်နှာကို ဖုံးကွယ်ထားသည်။ ချပ်ဝတ်တန်ဆာအောက်မှာ သူ့မျက်လုံးတွေက ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ သွေးရဲရဲတောက်နေသည်။

ထိုအချိန်မတိုင်မီအထိ အက်ကြောင်း၏နယ်နိမိတ်များမှ အဝါဖျော့ဖျော့မီးခိုးများသာ ထွက်ပေါ်နေသည်။

[သားရဲ အမည်] - မျက်နှာတစ်ရာ နဂါးပုရွက်ဆိတ် (သွေးထွက်သံယို)

[သားရဲ အဆင့်] - ၈၀ (အရှင်သခင်အဆင့်)

[သားရဲ စွမ်းရည်ဆင့်] - ဒဏ္ဍာရီလာ စွမ်းရည်ဆင့်

[သားရဲ အမျိုးအစား] - မသန့်စင်

[သားရဲ စွမ်းအင်]- နဂါးစွမ်းအားအဆင့် ၆၊ နဂါးအကြေးခွံမာကြောမှု အဆင့် ၆ ၊ မော်ကွန်းတင်ခံနိုင်ရည်အဆင့် ၆ ၊ စိတ်ဓာတ်ကြံ့ခိုင်ခြင်း အဆင့် ၆

[သားရဲ အထူးဝိသေသ လက္ခဏာ]- မျက်နှာ တစ်ရာ (မျက်နှာတစ်ရာ နဂါးပုရွက်ဆိတ်သည် မတူညီသော နဂါးပုရွက်ဆိတ်များအဖြစ်သို့ ပြောင်းလဲနိုင်သည်။ တစ်ချိန်တည်းတွင် နဂါးပုရွက်ဆိတ်နှစ်ကောင်၏ စွမ်းရည်များကို ပိုင်ဆိုင်နိုင်ပြီး အဆိုပါစွမ်းရည်များကို လုံးလုံးလျားလျား အမွေဆက်ခံနိုင်သည်။ ၎င်း၏လက်ရှိစွမ်းရည်ကို ၎င်းတို့၏ အခြေခံအရည်အချင်းများဖြင့် စုစည်းနိုင်သည်။)

[လက်ရှိသားရဲ အခြေအနေ] - သွေးနဂါးပုရွက်ဆိတ်၊ စွမ်းအားကင်းကောင် ပုရွက်ဆိတ်

[စွမ်ရည်များကို ရောနှောခြင်း] - နဂါးစွမ်းအား အဆင့် +၁၊ “ သွေးဒေါသ” လက္ခဏာများကို ပိုင်ဆိုင်သည်။ “မော်ကွန်းတင် ထူးခြားသော ခွန်အား” လက္ခဏာများကို ပိုင်ဆိုင်သည်။

နဂါးဖျက်ဆီးဝါးမျိုခြင်း (မျက်နှာတစ်ရာ နဂါးပုရွက်ဆိတ်သည် လုံလောက်သော နဂါးအသားမျိုးစိတ်အသစ်ကို မျိုချလိုက်သောအခါ သက်ဆိုင်ရာ နဂါးများကို စွမ်းအင်ဖွင့်ပေးလိမ့်မည်။)

အဆုံးမဲ့နှလုံးသားများ (အဆုံးမဲ့နှလုံးသားများပိုင်ဆိုင်ခြင်းသည် နဂါးမျိုးနွယ်အသီးသီး၏ စွမ်းအားများကို သိုလှောင်ရန် မျက်နှာတစ်ရာ နဂါးပုရွက်ဆိတ်ကို ထောက်ပံ့ပေးသည်။)

[လက်ရှိ ပိုင်ဆိုင်မှုများ] - သွေးနဂါးပုရွက်ဆိတ်၊ နေ့ပုရွက်ဆိတ်၊ စွမ်းအားကင်းကောင်ပုရွက်ဆိတ်၊ အာရုံဦးနဂါးပုရွက်ဆိတ်၊ ပုန်းကွယ်နဂါးပုရွက်ဆိတ်၊ မီးခိုးနဂါးပုရွက်ဆိတ်၊ နှလုံးပုရွက်ဆိတ်

[သားရဲ ဖော်ပြချက်] - နဂါးပုရွက်ဆိတ်များကြားတွင် အလွန်ရှားပါးသော မျိုးစိတ်တစ်ခုဖြစ်သည်။ မိခင်တစ်ဦးမှ ပေါက်ဖွားပြီး တူညီသော အတန်းနှင့် အဆင့်ရှိသော နဂါးပုရွက်ဆိတ် ငါးကောင်နှင့်အထက် တစ်ချိန်တည်းတွင် ပေါင်းစည်းနိုင်မှသာလျှင် ပေါင်းစည်းနိုင်မည်ဖြစ်သည်။ ပြောင်းလဲလာသော မျက်နှာတစ်ရာ နဂါးပုရွက်ဆိတ်သည် ၎င်းတို့၏ အမျိုးအစားများကို လွတ်လပ်စွာ ပြောင်းလဲနိုင်ပြီး နဂါးပုရွက်ဆိတ်နှစ်ကောင်ပေါင်းစပ်ထားသော စွမ်းရည်များကို ပိုင်ဆိုင်နိုင်သည်။ တစ်ခုတည်းသော ချို့ယွင်းချက်မှာ မျက်နှာတစ်ရာ နဂါးပုရွက်ဆိတ်၏ ခန္ဓာကိုယ်ကို ညီအစ်ကိုများအားလုံး တစ်ပြိုင်နက် ထိန်းချုပ်ထားခြင်းကြောင့် စိတ်ပြောင်းလဲလွယ်မှုဖြစ်စေသည်။

သူတော်စင်အဆင့်ကနေ ခြေတစ်လှမ်းသာ ကွာဝေးပေမယ့် အတားအဆီးတစ်ခု ရှိနေသေးသည်။ မျက်နှာတစ်ရာ နဂါးပုရွက်ဆိတ်၏ အထူး၀ိ‌သေသလက္ခဏာများသည် အခြားသားရဲနှင့် ဆင်တူမှုက ကြီးကြီးမားမားနှင့် ကြောက်စရာ မဟုတ်သော်လည်း ကောင်းဖန်က ထိုကဲ့သို့ မမြင်ပေ။ သူသည် နှစ်ပေါင်းများစွာ သားရဲလေ့ကျင့်သူဖြစ်ပြီး တိုက်ပွဲများတွင် အတွေ့အကြုံများစွာရှိသည်။

မျက်နှာတစ်ရာ နဂါးပုရွက်ဆိတ်မှာ တခြားသူမသိသေးတဲ့ အရာတစ်ခုရှိသည်။ သားရဲတိုင်းက သူတို့ရဲ့ အစွမ်းအစနဲ့ မွေးဖွားလာပြီး မျက်နှာတစ်ရာ နဂါးပုရွက်ဆိတ်က တစ်ချို့အာရုံခံစားမှုတွေနဲ့ သူ့ရဲ့ စွမ်းအားတွေကို ရွေးချယ်နိုင်သည်။

ထို့အပြင် ၎င်း၏စွမ်းရည်များကို ရွေးချယ်နိုင်ပြီး ၎င်းတို့ကို အချိန်မရွေး ပြောင်းလဲနိုင်သည်။ နှောင့်နှေးမှုမရှိဘဲ တိုက်ခိုက်ခြင်းမဟုတ်သော ပုံစံအတွက် သင့်လျော်သောစွမ်းရည်များဖြစ်သည်။

သွေးဒေါသနှင့် မော်ကွန်းတင် ထူးခြားသော ခွန်အား တို့သည် မူလက အကြီးဆုံးကလေးနှင့် တတိယကလေးတို့၏ စွမ်းရည်များ ဖြစ်သည်။ သူတို့နှစ်ယောက်လုံးက သူတို့ရဲ့ ခွန်အားအတွက် အထူးဖြစ်သည်။ အခုကဲ့သို့ ပေါင်းစပ်လိုက်တာက ရိုးရှင်းတဲ့ တစ် အပေါင်း တစ် ညီမျှခြင်း နှစ် မဟုတ်ပေ။

အမှန်မှာ ၎င်းသည် သူတော်စင်အဆင့်သို့မအောင်မြင်သေးသော်လည်း ၎င်း၏စွမ်းအားများသည် အဆင့် ၇ တွင်ရှိနေပြီဖြစ်သည်။ ၎င်း၏စွမ်းအားကိုတိုးမြင့်လာစေသော အကျိုးသက်ရောက်မှုကျွမ်းကျင်မှုနှစ်ခုစလုံးကို အစပျိုးလိုက်လျှင် နဂါးပုရွက်ဆိတ်၏ ခွန်အားသည် စိတ်ကူးမယဉ်နိုင်သောအဆင့်သို့ တက်လာမည်ဖြစ်သည်။

နှစ်ရက်အကြာတွင် ပင်လယ်ဝတုတ် နိုးလာပြီး သိသိသာသာ အားကောင်းလာသည်။ သူသည် တော်တော်ကို အမြတ်ထွက်သွားပုံရသည်။ အိပ်ရာက နိုးလာပေမယ့် ပတ်ဝန်းကျင်က ဘာလို့ ဒီလောက် တိတ်ဆိတ်နေရတာလဲ.. နဂါးပုရွက်ဆိတ်လေး ခုနစ်ကောင်က အရင်က အရမ်းဆူညံပြီး တက်ကြွတယ်လေ..

“အယ်.. မင်းကဘယ်သူလဲ” ပင်လယ်ဝတုတ်သည် အနီးနားရှိ ကျောက်ဆောင်တစ်ခုပေါ်မှ မျက်နှာတစ်ရာ နဂါးပုရွက်ဆိတ်ကို သတိပြုမိလိုက်သည်။

သူ နိုးလာပြီး မတ်တပ်ရပ်နေတာကို မျက်နှာတစ်ရာနဂါးပုရွတ်ဆိတ်က မြင်လိုက်ပြီး ပင်လယ်ဝတုတ်နားကို သွားလိုက်သည်။ ခြေလှမ်းလှမ်းလိုက်သောအခါတွင် ၎င်း၏ချပ်ဝတ်တန်ဆာသည် နို့နှစ်ရောင်သို့ အရောင်ပြောင်းသွားသည်။

တာ့ဇီနဲ့ တခြားသူတွေက ဒါကို နားလည်လိုက်သည်။ ခန္ဓာကိုယ်ကို ထိန်းချုပ်တားသည်မှာ ဆဌမမြောက်ကလေးဖြစ်သည်။ “ငါတို့ရဲ့ အစွမ်းအစတွေကို အတူတူ စမ်းသပ်ကြည့်ရအောင်”

အဖြူရောင် မြူခိုးများသည် မျက်နှာတစ်ရာ နဂါးပုရွတ်ဆိတ်၏ လက်မောင်းကို ဝိုင်းရံထားပြီး နောက်ဆုံးတွင် ပင်လယ်ဝတုတ်ဆီသို့ ပျံသန်းသွားကာ ဧရာမမြူခိုးလက်သီးများအဖြစ် ပေါင်းစပ်သွားသည်။

“ဆဌမကလေး” ပင်လယ်ဝတုတ်သည် ဒါက ဆဌမကလေးရဲ့ မီးခိုးငွေ့တွေလို့ ချက်ချင်းပြောနိုင်သည်။ သူသည် ၎င်း၏အမြီးကို လွှဲရမ်းလိုက်ပြီး မြူခိုးလက်သီးကို အနိုင်ယူလိုက်သည်။

“ဆဌမကလေး.. မင်း တော်တော်ပြောင်းလဲသွားတာပဲ”

“နောက်တစ်ခေါက်” မျက်နှာတစ်ရာနဂါးပုရွက်ဆိတ်က နောက်မဆုတ်သွားပေ။ ယင်းအစား ၎င်း၏မျက်လုံးအိမ်မှ အလင်းတန်းနှစ်ခုဖြင့် တိုက်ခိုက်လိုက်သည်။

ပင်လယ်ဝတုတ် တုန်လှုပ်သွားသည်၊ အဲဒါ ဒုတိယကလေးရဲ့ စွမ်းအား မဟုတ်ဘူးလား...

ရောင်ပြန်ဟပ်မှုအောက်တွင် ငါးဆူးတောင်တစ်ခု ထုရိုက်ခံလိုက်ရသည်။ ထိုအခါ နဂါးပုရွက်ဆိတ်ဆီသို့ လျင်မြန်စွာ ရေတံတိုင်းတစ်ခုသည် စိမ့်ဝင်သွားသည်။

ရေနံရံသည် နေ့အလင်းရောင်ကို ဖြိုခွဲလိုက်ပြီး ၎င်း၏ တွန်းအားဖြင့် မျက်နှာတစ်ရာနဂါးပုရွက်ဆိတ်၏ ခန္ဓာကိုယ်ကို တိုက်မိသွားသည်။

***

သားရဲလေ့ကျင့်သူ

အခန်း ၆၆၄ ဧရာမဗုဒ္ဓ ဖွားမြင်ခြင်း

“တိုက်မိသွားပြီ” ပင်လယ်ဝတုတ် လန့်သွားသည်။ ငါ အရမ်းကြိုးစားမိလိုက်တာလား..

ပင်လယ်ဝတုတ်သည် ခဏမျှ တုံ့ဆိုင်းသွားသည်။ လှိုင်းလုံးတွေ လှိုင်းထလာပြီး သူသည် လှိုင်းလုံးတွေပေါ် တက်သွားသည်။ ထို့နောက် ၎င်း၏ ငါးဆူးတောင်များကို အသုံးပြု၍ နဂါးပုရွက်ဆိတ်၏ မျက်ခွံများကို ဆွဲမ,လိုက်သည်။

“အသက်ရှင်နေတုန်းပါပဲ” ပင်လယ်ဝတုတ်သည် သက်သာရာရသွားသည်။ “ဒီကောင်က ဒုတိယကလေးနဲ့ ဆဌမကလေးရဲ့ စွမ်းအားတွေကို တစ်ချိန်တည်းမှာ ဘယ်လိုလုပ်ရနိုင်တာလဲ” ပင်လယ်ဝတုတ်ကအဲဒီကြောင်းကို ဆက်တွေးမိနေပေမယ့် အဖြေမရပေ။

“ပေါင်းစပ်ပြီး ဆင့်ကဲပြောင်းလဲသွားတာ” ဟုကောင်းဖန်က ခေါင်းခါရင်း ပြောလိုက်သည်။

“ ပေါင်းစပ်ပြီး ဆင့်ကဲပြောင်းလဲသွားတာ” ပင်လယ်ဝတုတ်သည် အဆီဖုံးနေသော ခေါင်းကိုရိုက်လိုက်ပြီး မျက်လုံးများကို မှိတ်ထားလိုက်သည်။ ထို့နောက် တောင့်တသောလေသံဖြင့် ပြောလိုက်သည်။ “ဒီနဂါးပုရွက်ဆိတ်လေးတွေကို ငါလွမ်းမိနေတုန်းပဲ.. သူတို့က နည်းနည်းတော့ တုံးကြပေမဲ့ အရမ်းနာခံတတ်ကြတယ်... အခု သူတို့ခန္ဓာကိုယ်ကို ဘယ်သူက ထိန်းမှာလဲ” ပင်လယ်ဝတုတ်သည် မသေချာမရေရာနဲ့ မေးလိုက်သည်။

အများအားဖြင့် ဤပေါင်းစပ်ခြင်းနှင့် ဆင့်ကဲပြောင်းလဲခြင်းမျိုးအတွက် ကွဲပြားသောဝိညာဉ်များသည် ခန္ဓာကိုယ်ကို ထိန်းချုပ်ပိုင်ခွင့်အတွက် အချင်းချင်း သတ်ကြတတ်သည်။ နောက်ဆုံးတွင် အောင်နိုင်သူ တစ်ဦးတည်းကသာ ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်မည်ဖြစ်သည်။ အထူးကိစ္စများတွင်ပင် ပင်မဝိညာဉ်တစ်ခုနှင့် သာမညစိတ်ဝိညာဉ် နှစ်ခုသာ အများဆုံးရှိနိုင်ပေမည်။

“ညီအကို ခုနစ်ယောက်က အလှည့်ကျ ထိန်းချုပ်သွားမှာပါ” ဟု ကောင်းဖန်က ပြောလိုက်သည်။

ပင်လယ်ဝတုတ်၏ မျက်လုံးများ ပြူးကျယ်သွားသည်။ “ဝိညာဉ်ခုနစ်ခုလား.. အသက်ရှိနေတဲ့ တစ်ကိုယ်လုံးကို ထိန်းချုပ်ထားတဲ့ ဝိညာဉ်ခုနစ်ကောင်ကို ငါတစ်ခါမှ မကြားဖူးဘူး”

သာမာန်လူသားတစ်ယောက်က ဦးခေါင်းခုနစ်လုံးပေါင်းထားသောလူတစ်ဦး၏ ဖြစ်နိုင်ခြေကို စိတ်ကူးကြည့်ရန် ခက်နေသလိုပင် ပင်လယ်ဝတုတ်သည် ၎င်း၏မျက်ခုံးများကို ပင့်တင်ကာ ၎င်း၏မျက်လုံးများကို မှိတ်တုတ်မှိတ်တုတ်လုပ်နေသည်။ “ကလေး တစ်ယောက်က မင်းကို လှည့်စားဖို့ တခြားသူတွေလို ဟန်ဆောင်နေတာများ ဖြစ်နိုင်မလား သူတို့က အမေချင်းတူပြီး တစ်ယောက်နဲ့တစ်ယောက် ကောင်းကောင်းသိတဲ့အတွက် တခြားသူကို အတုယူဖို့ဆိုတာ ခက်ခဲတဲ့အရာတော့ မဟုတ်ဘူး”

“မဟုတ်ဘူး” ကောင်းဖန်ကခေါင်းခါလိုက်သည်။ “ဝိညာဉ်ခုနစ်ခုပါဆို” ကောင်းဖန်က အဲဒီလိုပြောမှတော့ ပင်လယ်ဝတုတ်က ဒါကိုပဲ ယုံလိုက်ရသည်။

“မယုံနိုင်စရာ.. မယုံနိုင်စရာပဲ”ပင်လယ်ဝတုတ်က တအံ့တဩ မျက်နှာတစ်ရာနဂါးပုရွက်ဆိတ်ကို စိုက်ကြည့်ရင်း တိုးတိုးတိတ်တိတ် ညည်းညူလိုက်သည်။

“တကယ်တော့ ဒါက တော်တော်ကောင်းပါတယ်.. ငါက သူတို့ ခုနစ်ယောက်လုံးကို ကြိုက်တာဆိုတော့ သူတို့ထဲက တစ်ယောက် ယောက်ကို ဖယ်ထုတ်လိုက်ရင်တောင် စိတ်မကောင်းဖြစ်ရလိမ့်မယ်... သူတို့ရဲ့ ခန္ဓာကိုယ်တွေ မရှိတော့ပေမယ့် အနည်းဆုံးတော့ သူတို့ရဲ့ ဝိညာဉ်တွေက ဒီမှာ ရှိနေပါသေးတယ်.. သူတို့ကို အချိန်မရွေး တွေ့နိုင်ပါသေးတယ်..” ကောင်းဖန်က ပင်လယ်ဝတုတ်ကို ပြောရင်း တစ်ချိန်တည်းမှာပင် သူ့ကိုယ်သူ နှစ်သိမ့်ပေးလိုက်သည်။

ပင်လယ်ဝတုတ်က ရုတ်တရက် အကြံတစ်ခုရသွားသည်။ “အနာဂတ်မှာ သူတို့က ဦးခေါင်းခုနစ်လုံးရှိတဲ့ သတ္တဝါအဖြစ် ပြောင်းလဲတိုးတက်နိုင်မယ်ဆိုရင် သူတို့အားလုံး တစ်ပြိုင်နက်တည်း ပေါ်လာနိုင်တယ်.. ခေါင်းကိုးလုံးပါတဲ့ မြွေ၊ ဦးခေါင်းမျိုးစုံနဲ့ ဇာတ်တူသားစားတဲ့ နတ်ဆိုး၊ မျက်နှာတစ်ရာ ဂရစ်ဖင် (ခြင်္သေ့ကိုယ်၊ လင်းယုန်ငှက်ခေါင်းနှင့် တောင်ပံများ ပါသည့် ဒဏ္ဍာရီလာ သတ္တဝါ) နဲ့ ခေါင်းသုံးလုံး နဂါးတို့လိုမျိုး ဦးခေါင်းများစွာရှိတဲ့ သတ္တဝါတွေ အများကြီးရှိတယ်”

“ကဲ.. နိုးလာပြီဆိုတော့ အရင်ပြန်ကြရအောင်” ကောင်းဖန်သည် ပင်လယ်ဝတုတ်၏ ခေါင်းကို ပုတ်ကာ ပြုံးလိုက်သည်။

…

“ဒီသတ္တုပစ္စည်းတွေက ဘာတွေလဲ လဲ့ကျောင်း..ငါ သူတို့ကို အရင်က မတွေ့ဖူးဘူး” နမိတ်ဆိုးမိုးကြိုးမျိုးနွယ်စုရဲ့အနားမှာ အမဲလိုက်ရာမှ ပြန်လာခဲ့တဲ့ လူငယ်နှစ်ယောက်က မျိုးနွယ်စုနယ်မြေထဲကို လျင်မြန်စွာ လျှောက်လာသည်။ ၎င်းတို့နောက်တွင် ဒိုင်နိုဆောနှင့်တူသော မိုးကြိုးသားရဲတစ်ကောင်ရှိသည်။ ၎င်းသည် သားသတ်ရုံဆီသို့ ဦးတည်သွားပြီး အလောင်းများကို ကျောပေါ်တွင် သယ်ဆောင်သွားသည်။

သူတို့သည် ရယ်မောကာ ထူးဆန်းတဲ့တည်ဆောက်ပုံတစ်ဝိုက်တွင် ကြည့်ရှုသူများနှင့်ပူးပေါင်းရန် ပြေးလွှားပြီးဖြတ်သွားရင်း ၎င်းတို့၏ မျိုးနွယ်စုဝင် အခြားအဖွဲ့ဝင်များကို လက်ပြနှုတ်ဆက်လိုက်သည်။ ဦးခေါင်းပေါ်တွင် အဝါရောင် ဦးထုပ်များ ဝတ်ဆင်ထားပြီး ထူးထူးခြားခြား ၀တ်စားထားသော လူတစ်စုက ၎င်းကို တည်ဆောက်နေသည်။

“ဒါကဘာလဲ.. အိပ်ဖို့လား..” လဲ့ချန်းက မတ်တပ်ထရပ်ပြီး လက်ဟန်ပြရင်း အကျယ်ကြီး ရယ်မောလိုက်သည်။

“ဒါက ကြက်ခြံ” အကြီးတန်းတစ်ယောက်က အခိုင်အမာပြောလိုက်သည်။

“ကြက်ခြံ.. ကြက်မွေးမလို့လား” လဲ့ချန်သည် သံမဏိအတားအဆီးများနှင့် ရောယှက်နေသော ထင်ရှားနေသည့် သံမဏိဖွဲ့စည်းပုံကို စိုက်ကြည့်နေသည်။ သူက ခေါင်းတညိတ်ညိတ်နဲ့ ပြောလိုက်သည်။ “ဒါဆို ဒါက ကြက်တွေနေဖို့ နေရာပေါ့.. ...ကြက်တွေက ပျံသန်းနိုင်တဲ့အတွက်ကြောင့် ပြုတ်ကျပြီးသေမှာကိုတော့ စိုးရိမ်စရာ မလိုပါဘူး”

“လုံလောက်ပြီ.. ဘာမှမဆိုင်တာတွေ ပြောဆိုနေတာ လုံလောက်ပြီ.. ပြန်သွားပြီး မင်းရဲ့မိန်းမတွေနဲ့သာ အချိန်ဖြုန်းနေစမ်းပါ” နမိတ်ဆိုးမိုးကြိုးမျိုးနွယ်စုမှ မျိုးနွယ်အကြီးအကဲတစ်ဦး ရောက်လာပြီး ဘေးမှလူအုပ်စုနဲ့ လိုက်သွားသည်။

“ကျွန်တော့်မိန်းမက ဒါကိုကြည့်ဖို့ ဒီကိုလာနေတာ” လဲ့တာ့ရှီက ပြန်ပြောလိုက်သည်။

ယေဘုယျအားဖြင့် မျိုးနွယ်စုလူများအတွက် ဖျော်ဖြေမှုနည်းပါးကြသည်။ အမဲလိုက်ခြင်းမှလွဲ၍ ၎င်းတို့သည် အိမ်တွင်သာနေပြီး ကလေးသာ မွေးကြသည်။ တခါတရံတွင် သူတို့သည် နုံချာသောမိကျောင်း သို့မဟုတ် မျက်မမြင်ကျားတစ်ကောင်နှင့် အတူကစားရန် အိမ်မွေးတိရစ္ဆာန်အဖြစ် ဖမ်းတတ်ကြသည်။ အဲဒါက သူတို့ရဲ့ တစ်ခုတည်းသော ဖျော်ဖြေမှုပုံစံပါပင်။ ထို့ကြောင့် သူတို့သည် မျိုးနွယ်စုအတွင်း အဖြစ်အပျက်အသစ်များကို စောင့်ကြည့်လေ့လာရန် ဤရှားပါးသောအခွင့်အရေးကို လက်လွတ်မခံသည်မှာ ထင်ရှားသည်။

“ဒါက ကြက်မွေးမြူဖို့မဟုတ်ပါဘူး” ထုံးစံအတိုင်း မျိုးနွယ်အကြီးအကဲသည် အခြားမျိုးနွယ်ဝင်များထက် အတွေ့အကြုံနှင့် အသိပညာ ပိုများသည်။

“အဲဒါဆို ဘာမွေးဖို့လဲ” လဲ့ချန်၏ မျက်နှာသည် ရှုပ်ထွေးမှုများဖြင့် ပြည့်နှက်နေသည်။

“ဘာမှမွေးဖို့ မဟုတ်ဘူး” အကြီးအကဲက နည်းနည်း ဒေါသထွက်သွားသည်။ “အားလုံးပါးစပ်ပိတ်ပြီး ငါ့စကားကို နားထောင်..”

“ဒါက ဟွာရှားမျိုးနွယ်စုက ငါတို့ကို အလကားပေးထားတဲ့ ကိရိယာတစ်ခုပဲ.. အဲဒါက အခြေစခန်းတစ်ခု လို့လည်းခေါ်တယ်.. ဒါက ဆာဗာများနဲ့ ကွန်ရက်လက်ခံဆောင်ရွက်ပေးတဲ့အရာလည်း ဖြစ်တယ်.. ဒါကို ဆောက်ပြီးရင် ဟန်းဖုန်းသုံးလို့ရတယ်လို့ ပြောကြတယ်” ဟု အကြီးအကဲက ချောင်းဆိုးခြင်းမပြုမီ တည်ငြိမ်စွာပြောလိုက်သည်။ အမှန်အတိုင်းပြောရရင် သူလည်း သိပ်‌တော့မသိပေ။ ထိုလူများ ပြောခဲ့သည့် နည်းပညာဆိုင်ရာ အသုံးအနှုန်းများအားလုံးသည် သူ့အတွက် ဂရိစာနှင့်တူသည်။ သူ သိပ်မမှတ်မိနိုင်ပေမယ့် ဒီနိမ့်ကျတဲ့သူတွေ လှည့်စားဖို့တော့ လုံလောက်သည်။

တစ်ချိန်တည်းမှာပင် ဟွာရှားမျိုးနွယ်စု ထောက်ပံ့ရေးဌာနမှ လူများသည် အခြားမျိုးနွယ်စုများဆီသို့ အပြေးအလွှား ရောက်ရှိလာကြပြီး ဟွာရှားလူမျိုးများကို သူတို့ကလည်း နွေးထွေးစွာ နှုတ်ဆက်ကြပြီး ဂရုစိုက်လိုက်ကြသည်။

…

ကမ္ဘာမြေကြယ်တွင် တောင်များ တုန်ခါကာ မြေကြီး တုန်ခါနေပြီး ကျယ်လောင်စွာ အော်မြည်နေသည်။

ရှုကျုံး ဧရိယာတွင် နက်ရှိုင်းသောတောင်တန်းများသည် အလွန်ကြီးမားသော တောတောင်များအဖြစ်သို့ ပြောင်းလဲသွားပြီး နေရောင်ခြည်သည် မြစ်၏မျက်နှာပြင်ကို လောင်ကျွမ်းစေပြီး ရွှေအမှုန်အမွှားအဖြစ်သို့ အငွေ့ပြန်သွားသဖြင့် မြစ်ချောင်းများမှ မြူများထူထပ်စွာ တက်လာသည်။ မြစ်သုံးစင်း ဆုံတွေ့ရာမြေသည် မထိတွေ့ရသေးသော မြေဖြစ်နေဆဲဖြစ်သည်။

အံ့သြစရာကောင်းတာက တောင်ခြေရင်းမှာ အရွယ်အစားကြီးတဲ့ မြို့တစ်မြို့ရှိသည်။ တကယ်တော့ ဒီမြို့မှာ သားရဲ လေ့ကျင့်သူတွေ အများကြီးရှိသည်။ ဤအတိုင်းအတာအထိ ဖျက်ဆီးခံရပြီးသည့်တိုင် ကမ္ဘာမြေကြယ်တွင် လူတွေအသက်ရှင်နေသေးတာက ယုံရ‌တော့ ခက်သည်။

“ထိပ်ပြောင်မြည်းအိုကြီး မင်းက ငါ့ကို နှစ်အတော်ကြာအောင် ဖိနှိပ်ခဲ့တယ်.. ဒီနေ့တော့ မင်းကာကွယ်ချင်တဲ့ အရာအားလုံးကို ငါဖျက်ဆီးမယ်...ဟားဟားဟား—”

မြစ်ရေပြင်သည် လှိုင်းထနေသဖြင့် လှိုင်းလုံးကြီးများ တက်လာသည်။ ကမ်းနားကလူတွေက အဲဒါကို သိသည်။ သူတို့၏ သိမ်းဆည်းထားသော ပစ္စည်းများကို အေးအေးဆေးဆေး ထုပ်ပိုးလိုက်ကြပြီး မြို့နောက်ဘက် တောင်ပေါ်ရှိ လိုဏ်ဂူတစ်ခုဆီသို့ မဆုတ်မီ တံခါးနှင့် ပြတင်းပေါက်များကို ပိတ်လိုက်သည်။

လှိုင်းလုံးကြီးတစ်ခုက ကောင်းကင်ယံသို့ တိုးဝင်လာသည်။ အလွန်ရှည်လျားသော မင်စိမ်းရောင် ရေနဂါးတစ်ကောင်သည် ရဲဝံ့စွာ လှုပ်ယမ်းလိုက်ပြီး လှိုင်းထနေသော ရေပြင်မှ ခုန်ထွက်လာသည်။

“ဒီအယုတ်တမာကတော့” မြေပြင်ပေါ်တွင် ထိုင်နေသော ရွှင်လန်းတောင်တန်းကြီး၏ မျက်လုံးများသည် ရုတ်တရက် ပွင့်လာသည်။ အမှုန်အမွှားတွေ အရမ်းများလို့ သူ့ရဲ့ အပြင်ဘက် အခွံတောင် ကွဲထွက်သွားပြီး အတွင်းထဲက ကြောက်စရာကောင်းတဲ့ အငွေ့အသက်တွေ ထွက်လာသည်။

“ဒီနှစ်တွေအားလုံး ဖြတ်သန်းပြီးတာတောင် မလုံခြုံသေးဘူး” အသံက ကောင်းကင်မှ ပဲ့တင်ထပ်လာသည်။

တိမ်လွှာတွေကို ဖြတ်ကျော်ကာ အားကောင်းပြီး ကြီးမားလွန်းတဲ့ လက်ကြီးက အပေါ်ကနေ အောက်ကို ပြုတ်ကျသွားသည်။ လက်ငါးချောင်းက တစ်ညီတစ်ညွတ်တည်း ပိတ်ထားပြီး ရေနဂါးတစ်ကောင်ကို ရွှံ့နွံက ဖမ်းလိုက်သလိုမျိုး ပျံသန်းမှုအလယ်မှာ ဆုပ်ကိုင်ထားသည်။

ရေနဂါးသည် သွေးစွန်းနေသော တိမ်တိုက်များအဖြစ်သို့ ပြောင်းလဲသွားသည်။ ထို့နောက် ကြီးမားသောလက်သည် ကောင်းကင်နှင့် မြေကြီးမှ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။

တောင်ထိပ်သည် ပြင်းထန်စွာ တုန်လှုပ်သွားပြီး ရွှင်လန်းတောင်တန်း၏ ဧရာမ ဗုဒ္ဓကိုယ်ပေါ်မှ ရွှံ့များ လျင်မြန်စွာ ပြုတ်ကျကာ အောက်ဘက်ရှိ ရွှေရောင်များ ထွက်ပေါ်လာသည်။

“အဲဒါက နိုးထလာပြီ” အဝေးတစ်နေရာမှ ချင်ရှန်းမျိုးနွယ်စုမှ နတ်ဘုရားတစ်ပိုင်း သားရဲလေ့ကျင့်သူသည် ဒဏ္ဍာရီလာငှက်သတ္တဝါ ချင်းလွမ်၏ ပခုံးပေါ်၌ ရပ်လျက် တောင်ဘက်ဆီသို့ မျှော်ကြည့်နေသည်။ ချင်းလွမ်က လေးနက်တဲ့လေသံနဲ့ ပြောလိုက်သည်။ “ဘိုးဘွားပိုင်မြေရဲ့ စွမ်းအားက အိပ်ပျော်နေတုန်းပဲ.. ငါတို့ချဉ်းကပ်သင့်ရဲ့လား” သားရဲလေ့ကျင့်သူ၏ မျက်လုံးများသည် တောင်ဘက်သို့ ဦးတည်နေသည်။

ထိုနေရာသည် ကြောက်မက်ဖွယ်ကောင်းသော အိပ်မောကျနေသည့် တည်ရှိမှုရှိကြောင်း သူတို့သိထားပြီးဖြစ်သော်လည်း ထိုနေရာသည် မည်သည့်အခါကမျှ ရန်ငြိုးထားခြင်းမျိုး မပြခဲ့သဖြင့် ၎င်းတို့သည် ထိုနေရာသို့ မရောက်ခဲ့ကြပေ။

“သူ့ရဲ့နောက်တစ်ဆင့်က ဘာဖြစ်မလဲဆိုတာ ကြည့်ရအောင်..” ချင်းလွမ်က ခေါင်းခါရင်း ပြောလိုက်သည်။

ရွှင်လန်းတောင်တန်းမှ ဧရာမ ဗုဒ္ဓ အပြင်ဘက်အခွံသည် လုံးဝပြုတ်ကျသွားသည်။ ပေ ၃၃၀ မြင့်သော တောက်ပသော ရွှေရောင်ကြီးသည် လူ့ဘုံထဲသို့ ဆင်းသက်လာသည်။ မျက်ခုံးကြားတွင် စကြာသင်္ကေတနှင့် ဗုဒ္ဓမျက်နှာတော်ရှိသည်။

ကြီးမားလှသော ဗုဒ္ဓသည် မတ်တပ်ထရပ်ကာ ဂူထဲမှ ထွက်လာသည့် လူများကို လှမ်းကြည့်လိုက်သည်။ “သင့်ကို ကောင်းချီး ပေးဖို့အတွက် ငါဒီမှာ နှစ်ထောင်ချီပြီး နေခဲ့တာ.. ငါတို့ ကံကြမ္မာက ပြီးသွားပြီ” ဟု ၎င်းက အေးအေးသက်သာ ပြောလိုက်သည်။

စကားပြောပြီးသွားတဲ့အခါ ၎င်းသည် ခေါင်းကိုမော့ကာ နဝမမြောက်ကောင်းကင်ဘုံသို့ ဦးတည်သည့် မုခ်ပေါက်ရှိရာသို့ ချီတက်သွားလေသည်။

All Chapters