← Chapters

အခန်း (၆၆၅-၆၆၈)

Vol. 42 Ch. 665-668

အခန်း (၆၆၅-၆၆၈)

Vol. 42 Ch. 665-668

အခန်း ၆၆၅ အစိမ်းရောင် နဂါး

ဧရာမ ဗုဒ္ဓသည် ချင်ထျန်းကုန်းပြင်မြင့်၏ လွင်ပြင်သို့ ဆင်းသက်လာသောအခါ နေ့လယ်အချိန်ဖြစ်၍ လူတိုင်း၏ ဦးခေါင်းထက်တွင် နေရောင်ခြည်သည် တောက်ပနေသည်။ တောက်ပသော နေမင်းကြီးသည် ဗုဒ္ဓအပေါ်သို့ ထွန်းလင်းတောက်ပနေသဖြင့် ဗုဒ္ဓမှ ထုတ်လွှတ်သော ရောင်ဝါလား သို့မဟုတ် နေရောင်ခြည်လားဟု ပြောရခက်စေသည်။

ချင်ထျန်းကုန်းပြင်မြင့်ပေါ်သို့ တက်လှမ်းပြီးနောက်တွင် စိမ်းလန်းသော မြူခိုးများသည် လွင်ပြင်များကို ဖုံးလွှမ်းသွားကာ မျက်စိတစ်မှိတ်အတွင်း မိုင်တစ်ထောင်ကျော်ကို ပျံ့နှံ့သွားသည်။

ဗုဒ္ဓသည် ရပ်တန့်ပြီး လွင်ပြင်၏ နက်နဲရာသို့ မျှော်ကြည့်လိုက်သည်။ ထိူ့နောက် ရှင်းလင်းသော အသံဖြင့် ပြောလိုက်သည်။ “ငါက ဖြတ်သွားတာပါ.. မင်းငါ့ကို ဖြတ်သန်းခွင့်ပေးမယ်လို့ ငါမျှော်လင့်ပါတယ်”

မြူများထူထပ်လာပြီး အချိန်အတော်ကြာအောင် မရပ်မနား ပျံ့နှံ့နေသည်။ နောက်ဆုံးတွင် ၎င်းသည် ကောင်းကင်ယံ၌ မိုင်ထောင်ပေါင်းများစွာ ပျံ့နှံ့သွားပြီး အစိမ်းရောင်နဂါး၏ ပုံသဏ္ဌန်တစ်ခုအဖြစ်သို့ ပေါင်းစပ်သွားသည်။ အစိမ်းရောင်နဂါးသည် ဗုဒ္ဓကို အပေါ်မှ ငုံ့ကြည့်လိုက်သည်။ “အချိန်မတန်သေးဘူး”

“ဒီနေရာကို အနှစ်တစ်ထောင် ထိန်းသိမ်းစောင့်ရှောက်ဖို့ လွန်ခဲ့တဲ့ နှစ်တွေကတည်းက ကတိပေးခဲ့တာ.. ဘာလို့အချိန်မကျသေးတာလဲ” ဗုဒ္ဓက စိတ်မချမ်းသာစွာ ငြီးတွားလိုက်သည်။

“ငါက မရောက်သေးဘူးလို့ပြောရင် မရောက်သေးဘူးပဲ” ဟု အစိမ်းရောင်နဂါးက ဗုဒ္ဓရဲ့ အငြင်းအခုံကို နားမထောင်ဘဲ ပြတ်ပြတ် သားသား ပြန်ဖြေလိုက်သည်။ အစိမ်းရောင်နဂါးသည် ကောင်းကင်တွင် လှိမ့်ကာ လေထဲသို့ လွင့်စင်သွားပြီး အစိမ်းရောင် မြူခိုး အဖြစ်သို့ ပြန်ပြောင်းသွားသည်။ ထိုအခါ ကောင်းကင်ပြာပြာနှင့် တိမ်ဖြူဖြူများ၊ မြက်ပင်များ လေပြေလေညင်းများဖြင့် သာယာသော ရာသီဥတုသို့ ပြန်လည်ရောက်ရှိသွားသည်။

ဗုဒ္ဓသည် လှပသောရှုခင်းများကြားတွင် ရပ်နေသည်။ ထိုနေရာတွင် ဆယ်မိနစ်ခန့် တိတ်ဆိတ်ငြိမ်သက်စွာ ရပ်နေပြီးနောက် သူသည် မကျေနပ်သံဖြင့် အော်ဟစ်လိုက်သည်။ “ငါသာ မင်းကိုမကြောက်ဘူးဆိုရင်--“ ထိူ့နောက် ရွှန်လန်းတောင်ရဲ့ ဦးတည်ရာဆီသို့ ပြန်လှည့်သွားသည်။

လမ်းတစ်ဝက်မှာ ဗုဒ္ဓရဲ့ အရှိန်က နှေးကွေးသွားပြီး မြောက်ဘက်ကို လှမ်းကြည့်လိုက်သည်။ သူ့ရှုထောင့်မှကြည့်လျှင် ကျယ်ပြန့်သော တောင်တန်းများကို မြင်နိုင်မည်ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ ဗုဒ္ဓ၏အာရုံသည် တောင်ကုန်းများနှင့် စမ်းချောင်းများကို ဖြတ်သွားပြီး အဝေးတစ်နေရာသို့ ရောက်သွားသည်။ ၎င်းကိုကြည့်နေသောသူသည် ချင်းလွမ်ပေါ်မှပြုတ်ကျသွားသည်။

ဗုဒ္ဓသည် လက်သီးကို ဆုပ်ထားလိုက်ပြီး “သံသယစိတ်နဲ့ ခိုးဝင်ပြီး လူတွေကို ချောင်းကြည့်နေတာလား.. သေချာတာကတော့ ဒါက မကောင်းပါဘူး” ဟု ပြောလိုက်သည်။ စကားပြီးသွားတော့ လက်သီးတွေကို ပိုတင်းတင်းကျပ်ကျပ် ဆုပ်ထားပြီး ဘေးနားက တောင်ကို ရိုက်ချလိုက်သည်။

နောက်ဆုံးတော့ အဝေးမှ သူလျှိုအကြည့်များ ပျောက်ကွယ်သွားသည်ကို ခံစားလိုက်ရသဖြင့် ဗုဒ္ဓသည် နောက်ဆုံးတွင် မေးစေ့ကို မော့ကာ ထိုအရပ်မှ ထွက်ခွာသွားလေသည်။

…

“မင်းအစိမ်းရောင်နဂါးကို မြင်ဖူးလား” နဂါးဖြူမျိုးနွယ်၏ ဘိုးဘေးအိုကြီး ပိုင်တုံမင်းက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ ကမ္ဘာမြေကြယ်မှာ ချင်လွမ်းတောင် ကြောက်ရတဲ့အရာရှိနေတယ်ဆိုတာ သူ မယုံနိုင်သေး‌ပေ။

“မြင်ဖူးပါတယ်.. သူ့ပုံစံအတိအကျ မဟုတ်ပေမယ့် သူ့ရဲ့အသက်ရှုသံကိုက အရမ်းကြောက်စရာ ကောင်းနေတဲ့အတွက် ကျွန်တော်ရဲ့ သားရဲ ချင်လွမ်းတောင် ကြောက်ရွံ့မှုကြောင့် လေဖြတ်လုနီးပါးဖြစ်သွားခဲ့တယ်” ဟု ချင်းယွမ်ပေ က လေးလေးနက်နက် ပြောလိုက်သည်။

“မင်းရဲ့ချင်လွမ်းက သွေးသန့်စစ်စစ်ဖြစ်ပြီး ဒဏ္ဍာရီ မျိုးစိတ်တစ်ခုပဲ ဒဏ္ဍာရီအဆင့်သက်မှတ်ချက်‌ေတွမှာလည်း သူရဲ့ အဆင့်က မနိမ့်ဘူး....သူက သွေးသန့် အစိမ်းရောင် နဂါးဖြစ်မလားပဲ” ဟု ပိုင်ထုံမင်းက စဉ်းစဉ်းစားစား ေပြာလိုက်သည်။

“သွေးသန့် အစိမ်းရောင် နဂါးဖြစ်ဖို့ အခွင့်အလမ်းများပါတယ်” ဟု ချင်းယွမ်ပေ က သဘောတူလိုက်သည်။ “တကယ်လို့ သွေးသန့်ဖြစ်ရင် ဘယ်အဆင့်လောက်ဖြစ်နိုင်မလဲ”

“ သွေးသန့် အစိမ်းရောင် နဂါး…” ပိုင်တုံမင်းက ရေရွတ်လိုက်သည်။ ၎င်းတို့ နဂါးဖြူမျိုးနွယ်စုသည် နဂါးဖြူများကို မျိုးဆက်ပေါင်းများစွာ မွေးမြူခဲ့ကြပြီး နဂါးဖြူများကိုသာ အခြားနဂါးများထက် သာလွန်ကိုးကွယ်ခဲ့ကြသည်။ အထူးချွန်ဆုံး အခြားမျိုးနွယ်စုများသာ နဂါးဖြူများနှင့် သွေးစာချုပ်များ ချုပ်ဆိုနိုင်သောကြောင့် နဂါးအမျိုးအစား သားရဲများအကြောင်းကို သူတို့မျိုးနွယ်စု‌ေလာက် ဘယ်သူမှ မသိပေ။ ဒါတင်မကသေးဘဲ သူတို့က တခြားနဂါးမျိုးစိတ်တွေကိုပါ အတော်လေး နက်နက်နဲနဲ လေ့လာခဲ့သည်။

“ဒဏ္ဍာရီဆန်သားရဲတွေထဲမှာ နဂါးတွေနဲ့ ဇာမဏီတွေဟာ အမြင့်ဆုံးအဆင့်ပဲ.. သူတို့ကြားမှာ နဂါးက ဇာမဏီတွေထက် အရေအတွက်ပိုများတယ်” ဟု ပိုင်တုံမင်းက ပြောလိုက်သည်။

“ဒါကြောင့်နဂါးမျိုးစိတ်တွေကပိုများတယ် ငါတို့ရဲ့ နဂါးဖြူတွေရဲ့ ဘိုးဘေးတွေကလည်း သွေးသန့် အတွဲတွေပဲ…”

ချင်ယွမ်ပေက သူ့ကိုသဘောတူဟန်ပြပြီး ခေါင်းညိတ်ပြလိုက်‌ေပမဲ့ သူ့စိတ်ထဲတွင်တော့ ငြီးတွားနေလေသည်။ အရေးကြီးကိစ္စတွေကို သူပြောချင်တိုင်း ပိုင်တုံမင်းကအမြဲတမ်း နှောင့်ယှက်ပြီး သူ့ရဲ့ အဖိုးတန် နဂါးမျိုးစိတ် သားရဲတွေအကြောင်းသာ သင်ပေး‌နေသောကြောင့် ဖြစ်သည်။

တစ်ခါကလည်း ပိုင်တုံမင်းက သူ့မြေးတစ်လပြည့်သည့် အခမ်းအနားတွင် သူငယ်ချင်းဟောင်းအချို့ကို သောက်ဖို့ ဖိတ်ခေါ်ခဲ့ပြီး လူတိုင်း အေးအေးဆေးဆေး သောက်နေချိန်တွင် ဝါကြွားဖူးသည်။ “ဒါက ငါ့ရဲ့ ဒုတိယသားက မွေးတဲ့ နဝမမြောက်မြေးလေ…သူက ပင်မသွေးနွယ်က ဆင်းသက်လာသူဖြစ်ပြီး နဂါးဖြူမျိုးနွယ်ရဲ့ အရည်အချင်းတွေကို အမွေဆက်ခံထားတယ်…ပင်မသွေးနွယ်လို့ ပြောရရင် အမှန်တကယ်ကို ခမ်းနားထည်ဝါတဲ့ သွေးသန့် နဂါးဖြူမျိုးနွယ်ရဲ့ ပထမဆုံး ဘိုးဘေး‌ေတွကိုတောင် သတိရမိတယ်… နဂါးသားရဲတွေက အရေအတွက်အားဖြင့် များပေမဲ့ နဂါးသားရဲတွေကြားမှာတောင် နဂါးဖြူတွေက…”

လက်ရှိအခြေအနေမှာတော့ ပိုင်တုံမင်းက အတန်ကြာအောင် ရယ်မောပြီးနောက် နောက်ဆုံးမှာ ရင်တွေခြောက်သွားပုံရသည်။ နောက်တော့ သူက ချင်းယွင်းပေ၏ မျက်လုံးများတွင် စိတ်မရှည်မှုကို သတိပြုမိသည်။ ထိုမှသာ သူသည် အကြောင်းအရာဆီသို့ ပြန်လာတော့သည်။ “ငါတကယ်ကို အများကြီးပြောနေမိတာပဲ… အဓိကကတော့ သူတို့က ဧရာမ နဂါးမိသားစုနဲ့ နူ့ညံသိမ်မွေ့သော နဂါး မိသားစုဆိုပြီး အမျိုးအစားနှစ်မျိုးခွဲထားတယ်..

“နူ့ညံသိမ်မွေ့သော နဂါးမိသားစုမှာ နဂါးဖြူ၊ နဂါးနက် နဲ့ နဂါးဝါတို့က ရောင်စုံနဂါးများကြားမှာ အစွမ်းအထက်ဆုံးလို့ ယူဆကြတယ်… ဒါပေမဲ့ အစိမ်းရောင်နဂါးကတော့ အလွန်ရှားပါးလို့ စည်းမျဉ်း တွေရဲ့ ခြွင်းချက်ပဲ… ဒါကြောင့် သူတို့မှာ ထူးခြားတဲ့ အနေအထား ရှိတယ်”

“ဒါက အတိအကျ ဘယ်လိုအနေအထားမျိုးလဲ “ ချင်းယွမ်းပေ က မသိချင်ယောင်ဆောင်ကာ မေးလိုက်သည်။

ခေတ္တနားပြီးနောက် ပိုင်တုံမင်းက “ေသွးသန့်အစိမ်းရောင်နဂါးက နတ်ဘုရားတစ်ပိုင်းထက် အဆင့်အမြင့်မှာ ရှိတယ်” ဟုပြောလိုက်သည်။

နတ်ဘုရားတစ်ပိုင်းရဲ့ အထက်မှာ… ဒါတကယ်ပဲလား… ထို့အပြင် ၎င်းသည် အမှန်တကယ်ပင် သွေးသန့်ဖြစ်သည်။ သူသာ နိုးထလာခဲ့ရင်..ချင်းယွမ်းပေ၏ အသက်ရှူသံသည် ပိုလေးလာသည်။

“ဒါကြောင့် အစကတည်းက ချင်ထျန်း ကုန်းပြင်မြင့်အထက် ကောင်းကင်မှာ အစိမ်းရာင် နဂါးတစ်ကောင်ကို မင်းမြင်ခဲ့တယ်ဆိုတာကို မယုံနိုင်ခဲ့ဘူး… ဒီလောက်အဆင့်မြင့်တဲ့ကောင်က ဒီမှာ ပေါ့ပေါ့ပါးပါး ပေါ်လာနိုင်ပါ့မလား”

“ဒါပေမယ့် အခု မင်းပြောခဲ့တာတွေ မှန်မယ်လို့ ငါမျှော်လင့်တယ်”

ချင်ယွမ်းပေ မျက်မှောင်ကြုတ်လိုက်သည်။ ဒီအခြေအနေက သူတို့အိမ်တံခါးဝမှာ ကျားတစ်ကောင် ပေါ်လာသလိုပင်။ ကျားသည် ယခုအချိန်တွင် ရန်ငြိုးမရှိဟု သူသိထားသော်လည်း ဤအရာကို မည်သူမျှ ကောင်းသော ဖြစ်ရပ်တစ်ခုအဖြစ် မြင်မည်မဟုတ်ပေ။

“ကမ္ဘာအနှံ့ တိတ်တဆိတ် လွှတ်ထားတဲ့ ကင်းထောက်တွေက နောက်ဆုံးမှာ သတင်းဆိုးတွေ အပါအဝင် အချက်အလက်တွေကို စုဆောင်းခဲ့ကြတယ်…ကံကောင်းထောက်မစွာနဲ့ ကပ်ဆိုးကြီးဖြစ်လောက်အောင်တော့ မဆိုး‌ေသးပါဘူး” ပိုင်တုံမင်း ရဲ့ အမူအရာက ရှုပ်ထွေးနေသည်။ “ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ မျိုးနွယ်စု သုံးခုလုံးက အကြီးအကဲတွေ ဒီမှာ စုရုံးနိုင်ပြီး ဆွေးနွေးတာက ပိုကောင်းပါတယ်… ဒါကအရမ်းအရေးကြီးတယ်”

ချင်ယွမ်း‌ေပက သူကြားလိုက်ရတာကို စဉ်းစား ဆင်ခြင်လိုက်သည်။ “ကောင်းပါပြီ အခုချက်ချင်းပြန်ပြီး သူတို့ကို အကြောင်းကြားလိုက်မယ်”

ချင်ယွမ်းပေ ထွက်သွားကြောင်း သေချာပြီးနောက် ပိုင်တုံမင်းသည် ခေါင်းငုံ့ကာ လက်ထဲမှ ဆိတ်သားရေစာလိပ်ကို ဖြည်လိုက်သည်။ စာလိပ်ထဲတွင် တောင်များ၊ မြစ်များ၊ မြစ်ချိုင့်များ၊ မြို့များနှင့် နိုင်ငံများ၏ ပုံကြမ်းများ ပါရှိသည်။

နှစ်ရက်အကြာတွင် တိတ်ဆိတ်ငြိမ်သက်ပြီးတစ်ယောက်ထဲ နေသည့် နတ်ဘုရားတစ်ပိုင်းများမှလွဲ၍ အဓိကမျိုးနွယ်စုသုံးခုမှ နတ်ဘုရားတစ်ပိုင်း နှင့်လက်ရွေးစင် များအားလုံး ထိုင်တောင်တန်း၏ ကျောက်စိမ်းဧကရာဇ် တောင်ထိပ်တွင် စုဝေးလိုက်ကြသည်။ ထိုင်တောင်တန်းသည် ဟွာရှားဒေသ ၏မြင့်မြတ်သောတောင်တန်းငါးခုတွင်ပထမဆုံးဖြစ်သည်။ အထွတ်အမြတ်ထားရာ တောင်ကြီးငါးခုတွင် အရေးအကြီးဆုံး တောင်လည်း ဖြစ်သည်။ ချင်ရှီ ဧကရာဇ်သည် ထိုင်တောင်သို့ ဘုရားဖူးခရီးထွက်ပြီးကတည်းက နောက်မင်းဆက်များ၏ ဧကရာဇ်များသည် ဤနေရာသို့ ဘုရားဖူးခရီးများ ဆက်လက်ပြုလုပ်ခဲ့ကြသည်။

ရှေးခေတ်ကတည်းက ထိုင်တောင်နှင့်ပတ်သက်သော ဒဏ္ဍာရီမျိုးစုံက နေရာအနှံ့အပြား ပျံ့နှံ့နေပြီးဖြစ်သည်။ ထိုကဲ့သို့ ဒဏ္ဍာရီလာတောင်တန်းကြီးသည် ကမ္ဘာပျက်ကပ်ပြီးနောက် ပို၍ထူးခြားလာသည်။ ထိုင်တောင်၏ နက်နဲသော နေရာတွင် ဧကရာဇ် အဆင့် တောင်တန်းဖြတ်ကျော်ပြင်းထန်လင်းယုန်ငှက်သည် တစ်ချိန်က နေထိုင်ခဲ့သည်။ ဧကရာဇ် အဆင့် တောင်တန်းဖြတ်ကျော်ပြင်းထန်လင်းယုန်ငှက်ကို မွေးမြူနိုင်မှုမှာ ထိုင်တောင်သည် သဘာဝအံ့ဖွယ်များဖြစ်ကြောင်း လုံလောက်သော အထောက်အထားဖြစ်သည်။

ကျောက်စိမ်းဧကရာဇ်တောင်ထိပ်တွင် လေထုသည် မြူခိုးထူထပ်နေပြီး လေအေးများမြူးထူးနေသည်။ နန်းတော်အတွင်း ဖယောင်းတိုင်မီးများ ထွန်းထားပြီး ကျူစာခုံပေါ်တွင်စုစုပေါင်း လူ ၁၃ ဦးက ထိုင်နေကြသည်။

“မင်းတို့အားလုံးကို ငါပြောစရာ သတင်းဆိုးတစ်ခုရှိတယ်.. လောလောဆယ် ကံကောင်းတာကတော့ အခြေအနေက အရမ်းမဆိုး‌ေသးဘူး”ဟု ပိုင်တုံမင်း က အသံတိုးတိုးနဲ့ ပြောလိုက်သည်။ “ဒါက နဝမမြောက်ကောင်းကင်ဘုံကိုစူးစမ်းဖို့ တာဝန်ပေးခံရတဲ့ သားရဲလေ့ကျင့်သူတွေ စုဆောင်းထားတဲ့ တူညီတဲ့အချက်အလက်ပါ.. ဒါက သူတို့ဆွဲထားတဲ့ မြေပုံပါ.. ကြည့်ပါဦး..” ပိုင်တုံမင်းက စားပွဲအလယ်တွင် ဆိတ်သားရေလိပ်ကို ဖြန့်လိုက်သည်။

ဆိတ်သားရေလိပ်ကို ဖြန့်လိုက်တာနဲ့အမျှ တောင်များ၊ မြစ်များ၊ မြို့များနှင့် နိုင်ငံများအားလုံးက ၎င်းတို့၏အမြင်တွင် ပေါ်လာသည်။

“ဒါဟာ မြေပုံတစ်ခုပဲ ဘာထူးခြားလို့လဲ” တစ်ယောက်ယောက်က ငုံ့ကြည့်ပြီး ပြတ်ပြတ်သားသား ပြောလိုက်သည်။ “ကျန်တဲ့ အချက်အလက်တွေကရော ဘယ်လိုလဲ…”

“ငါတို့ကို လာစမ်းမနေနဲ့… မင်းထက်ငါတို့ရဲ့ နဂါးဖြူမျိုးနွယ်ရဲ့သမိုင်းကို ငါပိုသိတယ်” ကြီးကျယ်ခမ်းနားပြီး မုတ်ဆိတ်မွေးနှင့် အကြီးအကဲတစ်ဦးက စိုက်ကြည့်နေသည်။ သူသည် နဂါးဖြူမျိုးနွယ်မှ နတ်ဘုရားတစ်ပိုင်းသားရဲ့လေ့ကျင့်သူ ဖြစ်သည်။ သို့သော် သူ၏ရာထူးသည် ပိုင်တုံမင်းထက် များစွာမြင့်မားသည်။

“သတင်းဆိုးကတော့… ဆယ်စုနှစ်ထောင်ပေါင်းများစွာကြာအောင် သန္ဓေပြောင်း (အသွင်ပြောင်း) မျိုးနွယ်စုရဲ့ တိုးတက်မှုက ကျုပ်တို့ မျှော်လင့်ထားတာထက်တောင် ပိုမြန်နေတာပဲ” ဟု ပိုင်တုံမင်း မှ ဖြည်းညှင်းစွာ ရှင်းပြလိုက်သည်။ “ဒါတင်မကဘဲ သူတို့ရဲ့ ထိပ်တန်းအဖွဲ့ဝင်တွေက အရေအတွက်ရော အရည်အသွေးရော ကျုပ်တို့ကို လုံးဝကို ကျော်လွန်သွားပြီဆိုတာပဲ”

အခန်းတွင်းရှိ လေထုသည် အေးခဲသွားသည်။ သူတို့၏ရန်သူသည် အလွန်ကောင်းမွန်နေပြီး အလွန်ကောင်းမွန်ကြောင်း ကြားသိရသည်ထက် ပိုဆိုးတာ မရှိပေ။

“သတင်းကောင်းကတော့ နှစ်တွေကြာလာတာနဲ့အမျှ၊အသွင်‌ပြောင်း မျိုးနွယ်စု‌ေတွက နိုင်ငံတော်တော်များများမှာ ဖွံ့ဖြိုးလာခဲ့ပြီး ဒီနိုင်ငံတွေဟာ လက်ရှိမှာ စစ်ပွဲတွေမှာ ပါဝင်ပတ်သက်နေကြတာပဲ”

“အဲဒါအရမ်းကောင်းတယ်.. ဒီအသွင်ပြောင်း မျိုးနွယ်စုတွေက ပြည်တွင်းပဋိပက္ခကို နှစ်သက်တယ်ဆိုတာ ဘယ်သူသိနိုင်မလဲ” နတ်ဘုရားတစ်ပိုင်းသားရဲ့လေ့ကျင့်သူ တစ်ယောက်က ခွက်ထိုးခွက်လန် ရယ်လိုက်သည်။

“အတိအကျပြောရရင် သူတို့က ရန်ဖြစ်နိုင်စွမ်းလည်းရှိကြတယ်… ငါတို့ရဲ့မျှော်လင့်ချက်တွေက ရန်သူတွေရဲ့ပြည်တွင်းပဋိပက္ခအပေါ် အမှန်တကယ်အားကိုးရလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့မိဘူး” ဟု နတ်ဘုရားတစ်ပိုင်းသာရဲ့လေ့ကျင့်သူ နောက်တစ်ယောက်ကတိုးတိုးလေးပြောလိုက်သည်။

အရင်က ရယ်မောခဲ့ဖူးတဲ့ သားရဲလေ့ကျင့်သူတွေက တဖြည်းဖြည်း တိတ်ဆိတ်သွားပြီး နည်းနည်းတော့ အဆင်မပြေပုံပေါက်လာသည်။

“ဒါပေမယ့် ဒါက အတိအကျကို ငါတို့အခွင့်အရေးပဲ” ပိုင်တုံမင်း၏ မျက်လုံးများသည် ဖယောင်းတိုင်မီးအောက်မှာ တောက်ပနေသည်။

***

သားရဲလေ့ကျင့်သူ

အခန်း ၆၆၆ မဟာမိတ်

“ဘယ်လိုအခွင့်အရေးမျိုးလဲ” လူအများကြီးက တစ်ပြိုင်နက်ထဲမေးလိုက်ကြသည်။

“သူတို့ရဲ့ ဉာဏ်ရည်ဉာဏ်သွေးအရ အသွင်ပြောင်းမျိုးနွယ်စုက အခုအချိန်အထိ ငါတို့ကိုရှာမတွေ့သေးဘူး.. ဒါမှမဟုတ် သူတို့က ငါတို့ကိုရှာတွေ့ရင်တောင် ငါတို့ကိုစိတ်မ၀င်စားဘူး” ဟု ပိုင်တုံမင်းက ကမျက်လုံးက အရေးအကြောင်းတွေထင်တဲ့ အထိ ပြုံးလိုက်သည်။

“ဒါက သေချာပေါက် ကောင်းတဲ့အရာပဲ”

“သူတို့က ငါတို့ကို အထင်သေးလေလေ ငါတို့မှာ တိုးတက်ဖို့ အခွင့်အလမ်းတွေ ပိုများလေလေပဲ... ငါတို့မှာ အဆင့်မြင့် သားရဲလေ့ကျင့်သူတွေ ရှိပြီဆိုတာနဲ့ အရာအားလုံး အဆင်ပြေသွားလိမ့်မယ်”

နန်းတော်၏အငွေ့အသက်သည် ရွှင်မြူးတက်ကြွ လာသည်။

ဒီကလူတွေအားလုံးက အသက်ကြီးပေမယ့် အတွေ့အကြုံရှိကြသည်။ စောစောကတော့ စိတ်တည်ငြိမ်မှု ပျောက်ဆုံးခဲ့ရပြီး သတင်းဆိုးကြီး ရုတ်တရက် ကြုံလာရခြင်းကြောင့် အဖြေရှာရန် တိုးတိုးတိတ်တိတ် ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ရသည်။ ယခုတွင် သူတို့သည် ၎င်းတို့၏ စိတ်ခံစားမှုများကို ခွဲခြမ်းစိတ်ဖြာပြီး ၎င်းတို့၏ အလားအလာ၊ အမြတ်များနှင့် ဆုံးရှုံးမှုများကို တည်ငြိမ်စွာ စတင်တွက်ချက်နိုင်လာသည်။

ဆန့်ကျင်ဘက်အနေနဲ့ သူတို့သည် နတ်ဘုရားတစ်ပိုင်း သားရဲလေ့ကျင့်သူအဖွဲ့ဖြစ်သောကြောင့် ၎င်းတို့၏ ဂုဏ်ကို လိုအပ်ပြီး သက်ဆိုင်ရာ မျိုးနွယ်စုများက အလွန်လေးစားရသော အကြီးကဲများဖြစ်သည်။ အမှန်တော့ သူတို့ကမာနကို အလွန်တန်ဖိုးထားကြသည်။ မည်သို့ပင်ဆိုစေကာမူ ဂုဏ်သတင်းကြီးမှုထက် မြင်သာထင်သာရှိတဲ့ အကျိုးခံစားခွင့်များသည် ပို၍အရေးကြီးကြောင်းကိုလည်း သူတို့နားလည်သည်။

“ဒီကိစ္စနဲ့ ပတ်သက်ပြီး ဟွာရှားမျိုးနွယ်စုကို အကြောင်းကြားလိုက်ရအောင်... ငါတို့ဘက်မှာ နောက်ထပ် နတ်ဘုရားတစ်ပိုင်းတွေ ရှိတာက သေချာပေါက် ကောင်းတဲ့အရာပဲ” ဟု ပိုင်တုံမင်းက ရုတ်တရက် အကြံပြုလိုက်သည်။ ဤအချိန်တွင် ၎င်းတို့၏ တိုက်ခိုက်ရေးစွမ်းအားကို တတ်နိုင်သမျှ မြှင့်တင်ခြင်းသည် အကျိုးကျေးဇူးရှိပေလိမ့်မည်။ ထို့ကြောင့် ကျန်သူများက သဘောမတူစရာမရှိကြပေ။

“ကျွန်တော် အဆင်ပြေပါတယ်... အဲဒါတွေကို ကျွန်တော်တို့ ကောင်းကောင်းမသိတဲ့အတွက်ကြောင့် အကြီးအကဲ ပိုင်ကိုတော့ ဝန်ထုပ်ဝန်ပိုးဖြစ်စေမိပြီ” ဟု ရှန်းဟူမျိုးနွယ်စုမှ အကြီးအကဲတစ်ဦးက ပြောလိုက်သည်။

အခြားနတ်ဘုရားတစ်ပိုင်းများသည်လည်း ထူးမခြားနားပင်။ အကြီးအကဲပိုင်ကသာ သူတို့ကို စည်းရုံးနိုင်ရင် အကျိုးရှိမှာဖြစ်သည်။

အေးစက်စက် အသံက ရုတ်တရက် ထွက်ပေါ်လာသည်။ “ငါတို့ကို ငြင်းပယ်ရင်တော့ သူတို့ကို ဖယ်ရှားပစ်လိုက်.. အသွင်ပြောင်း မျိုးနွယ်စုတွေကို ဆန့်ကျင်တိုက်ခိုက်နေချိန်မှာ တစ်ယောက်ယောက်က ငါတို့နောက်ကျောကို ဓားနဲ့ထိုးမှာကို မလိုလားဘူး”

ပိုင်တုံမင်းသည် စကားသံကြားရာဘက်သို့ ခေါင်းလှည့်လိုက်ပြီး ဆံညှပ်နှစ်ချောင်းကိုတပ်ထားသည့် လူကြီးတစ်ဦးကို စိုက်ကြည့်လိုက်သည်။ သူ့ဆံပင်တွေက ငွေရောင်ဖြစ်နေသော်လည်း လန်းဆန်းပြီး ကျန်းမာသောမျက်နှာရှိသည်။ သူက လက်ဖက်ရည်ခွက်ကို ဖြည်းညှင်းစွာ မော့ပြီး အကုန်သောက်လိုက်သည်။

ပိုင်တုံမင်းက သူ့ကိုကြည့်နေတာကိုမြင်တော့ လူကြီးက သူ့ခွက်ကို မြောက်ပြီး ပိုင်တုံမင်းကို ပြလိုက်သည်။

ပိုင်တုံမင်းသည် သူ့နှလုံးသားအောက်ခြေမှ ထိတ်လန့်သွားသည်။ သူ အရင်က ဒီလူကြီးကို တစ်ခါမှ မမြင်ဖူးပေမယ့် သူ့ရဲ့ အနေအထိုင်အပြင် ကျန်တဲ့ ရှန့်ဟူမျိုးနွယ်စုနဲ့ နီးနီးနားနားနေတာကို ကြည့်ရရင်တော့ သူက သူတို့ရဲ့ အကြီးတန်း အကြီးအကဲတွေထဲက တစ်ယောက်ပဲဆိုတာ သေချာသည်။

…

“ချစ်လှစွာသော အဖေ..ဒီခရီးစဉ်မှာ နတ်ဘုရားပစ္စည်းတွေ တကယ်တွေ့ခဲ့တာပဲ... မင်းက တကယ်ထက်မြက်တဲ့သူပဲ” ဟု လေပြင်းမုန်တိုင်းရေမှော်ပင့်ကူက ဦးခေါင်းကို ဆန့်ထုတ်လိုက်ပြီး ပင်လယ်ဝတုတ်ကို မထီမဲ့မြင်ပြုကာ လှောင်ပြောင်လိုက်သည်။

“ သမီးလေး.. အဖေ ခွန်အားတွေ ပြန်ကောင်းလာတဲ့အထိ စောင့်ပါ..ပြီးရင် ချက်ချင်း ငှားပေးပါ့မယ်” နတ်ဘုရားအမှောင်ရေတွင်းထဲမှာ လဲလျောင်းနေသော ပင်လယ်ဝတုတ်သည် အပေါ်မှာရှိတဲ့ လေပြင်းမုန်တိုင်း ရေမှော်ပင့်ကူကို ပြောလိုက်သောအခါတွင် ၎င်း၏ ဗိုက်က လှုပ်ခါသွားသည်။

လေပြင်းမုန်တိုင်း ရေမှော်ပင့်ကူက ရယ်လိုက်သည် “မလိုပါဘူး.. ဒါက အမှောင်ထုရဲ့ မြင့်မြတ်သန့်ရှင်းသော ရေလေ.. သမီးမမြင်ဖူးတာမှ မဟုတ်တာ.. အဖေသာ ရေတွင်းထဲမှာပဲ အိပ်ပြီးပျော်နေလိုက်ပါ... ပွင့်ပွင့်လင်းလင်းပြောရရင် အခု အဖေ ရေတွင်းထဲမှာ လှဲလျောင်းနေတဲ့ပုံစံက အိုးတစ်လုံးထဲမှာ ကြော်ထားတဲ့ ငါးဝတုတ်နဲ့တူတယ်..”

အခြားတစ်ဖက်တွင်မူ မမျှော်လင့်ထားသောဧည့်သည်တစ်ဦး ဟွာရှားမျိုးနွယ်စုသို့ရောက်ရှိလာသည်။ ရုတ်တရက် လာရောက်လည်ပတ်မှုအကြောင်းကို ကောင်းဖန်နှင့် ကျီဟန့်ဝူထံ အလျင်အမြန် သတင်းပို့လိုက်သည်။

ပိုင်တုံမင်းသည် လက်ကိုနောက်ပစ်ထားပြီး ဘေးပတ်ဝန်းကျင်ကို ပေါ့ပေါ့ပါးပါးကြည့်နေသည်။ အထပ်မြင့် အဆောက်အအုံများနှင့် သံမဏိသားရဲကြီးများကတော့ သူ့ကို အံ့အားသင့်စေသည်။ ဒီလိုမျိုး စိတ်ဝင်စားစရာတွေ... သူသည် ၎င်းတို့ကို အလွယ်တကူ ဖျက်ဆီးပစ်နိုင်သော်လည်း ၎င်းတို့သည် ထူးဆန်းပြီး ဖော်ပြ၍မရသော ခံစားချက်ကို ပေးစွမ်းနိုင်သည်။

“အကြီးအကဲပိုင်..ရောက်နေတာလား” ကောင်းဖန်က ပိုင်တုံမင်းကို နှုတ်ဆက်လိုက်သည်။

“ဟုတ်တယ်... မင်းငါ့ကို စိတ်အနှောက်အယှက်မဖြစ်ဖို့တော့ မျှော်လင့်ပါတယ်” ပိုင်တုံမင်းက ရယ်မောလိုက်ပြီး ကောင်းဖန်နောက်မှာ ရပ်နေတဲ့ ကျီဟန့်ဝူကို လှည့်ကြည့်လိုက်သည်။

ကျီဟန့်ဝူ၏ အသွင်အပြင်ကို မြင်လိုက်သည်နှင့် သူ့ခန္ဓာကိုယ် တုန်လှုပ်သွားသည်။ သူ့ရင်ထဲမှာ လည်း ထိတ်လန့်သွားသည်။ သူ့ပုံစံက တစ်ထပ်တည်းပါပဲ... ပိုင်တုံမင်းက ရှေ့ကို လှမ်းပြီး ကျီဟန့်ဝူရှေ့မှာ ဦးညွှတ်လိုက်သည်။ “သခင်ကြီး.. ကျွန်တော့်ကို မှတ်မိသေးလား”

ကျီဟန့်ဝူက ခေါင်းယမ်းလိုက်သည်။ “မင်းလူမှားနေတယ်”

ပိုင်တုံမင်းက ခေါင်းမညိတ်ခင် ခဏလောက် ငြိမ်နေလိုက်သည်။ “တောင်းပန်ပါတယ် ကျွန်တော် တခြားတစ်ယောက်နဲ့ မှားတာဖြစ်မယ်”

ကျီဟန့်ဝူက ပြုံးလိုက်သည်။ “ကမ္ဘာကြီးက အရမ်းကြီးတော့ လူတချို့က တူတယ်ဆိုတာ ဖြစ်နိုင်ပါတယ်.. ဟုတ်တယ်မလား”

“မြန်မြန်လုပ်ကြ... ဟိုမှာ ပစ္စည်းတွေရွှေ့.. သခင်ကြီးကို မနှောင့်ယှက်နဲ့..” အရပ်ရှည်ရှည် ဂျင်းဘောင်းဘီတိုနှင့် နေကာဦးထုပ်ကို ၀တ်ထားသည့် မိန်းကလေးသည် သားရဲများကို ဘေးမှ ညွှန်ကြားနေသည်။

ကောင်းဖန်သည် ကောင်မလေးကို အကြိမ်အနည်းငယ် စိုက်ကြည့်လိုက်သည်။ သူမသည် ယခင်က စတူဒီယိုတွင် ဧည့်ခံဝန်ထမ်းအဖြစ် လုပ်ကိုင်ခဲ့ဖူးသော မိန်းကလေး ရွှင်ချမ်ချမ် မဟုတ်ပါလား။ ကောင်းဖန်သည် တောင်ပိုင်းကောင်းကင်အဖွဲ့အစည်းသို့ ပြန်လာပြီးနောက် စတူဒီယိုကို တောင်ပိုင်းကောင်းကင်အဖွဲ့အစည်းအတွင် ထည့်သွင်းခဲ့သည်။ နှစ်များစွာကြာပြီးနောက် သူမသည် အတော်လေး ကောင်းမွန်နေပုံရသည်။

ရှပ်ပြာပြာနိုင်တဲ့သားရဲအချို့က စက်ရုံအနီးတစ်ဝိုက်မှာ ရပ်နေတဲ့ ကောင်းဖန်နဲ့ တခြားသူတွေနားက ဖြတ်သွားကြသည်။ သားရဲတစ်ကောင်သည် လက်ချော်သွားသဖြင့် အနည်းဆုံး တန်အနည်းငယ်လေးသော သံတုံးတစ်တုံးသည် ကောင်းဖန်၏ ခေါင်းပေါ်သို့ မတော်တဆပြုတ်ကျလာသည်။

ကောင်းဖန်က ညာလက်ကို မြှောက်ပြီး ညင်သာစွာ ဖမ်းလိုက်ပြီး သံတုံးကို သားရဲဆီ ပြန်လွှတ်လိုက်သည်။ သူက ရှပ်ပြာနိုင်တဲ့ သံကြိုးစွပ်ဝက်ခေါင်းသားရဲရဲ့ ဖင်ကို ပုတ်လိုက်ပြီး “သတိထား..နောက်ထပ်မဖြစ်စေနဲ့” ဟု ပြောလိုက်သည်။

သံကြိုးစွပ်ဝက်လိုက်သည် ကောင်းဖန်ကို လှည့်ကြည်ကာ ထုံထိုင်းစွာ ပြုံးပြသည်။ ၎င်းသည် ထမင်းစား စားပွဲပေါ်ရှိ ဒေါ်လာ ၈၀၀ တန် ဝက်ခေါင်းစွပ်ပြုတ်ကဲ့သို့ ပြုံးနေပြီး ၎င်း၏ လျှာကထွက်နေကာ အင်္ကျီကော်လာပေါ်တွင် တံတွေးများ ရွှဲနေပြီး ပြုံးနေသည်။

“မင်းတို့အားလုံးကို ငါတို့မဟာမိတ်အဖွဲ့ထဲဝင်ဖို့ ဖိတ်ခေါ်ဖို့ ငါရောက်လာတာ.. ကျေးဇူးပြုပြီး ငါ့ကိုတော့ အလျင်အမြန် မငြင်းလိုက်ပါနဲ့” ဟု ပိုင်တုံမင်းက လှည့်ပတ်ကြည့်ရင်း တောင်းဆိုလိုက်သည်။ ကောင်းဖန်သည် ဒီနေရာက စကားပြောရန် သင့်တော်သော နေရာမဟုတ်ကြောင်း သိသောကြောင့် ဧည့်သည်နှင့် သူ့အဘိုးကို ဧည့်ခန်းသို့ ခေါ်ဆောင်ကာ ခိုးကြောင်ခိုးဝှက် ပြောဆိုနေကြသော အခြားလူများကို နှင်ထုတ်လိုက်သည်။ နောက်ဆုံးလူများထွက်သွားတော့ အခန်းထဲမှာ သုံးယောက်ပဲကျန်ခဲ့သည်။

“မင်းတို့ နဝမမြောက်ကောင်းကင်ဘုံအကြောင်း သိတယ်ဟုတ်လား.. အဲဒီနေရာကို သိထားသင့်တာမို့ မိတ်ဆက်ပေးစရာ မလိုဘူးလို့တော့ ယုံကြည်တယ်... အခု အသွင်ပြောင်းလူမျိုးစုက နဝမမြောက်ကောင်းကင်ဘုံမှာ ပြန့်ပွားဖို့ အစွမ်းကုန်လုပ်ဆောင်နေပြီး နိုင်ငံတွေကိုလည်းတည်ထောင်ထားပြီးပြီ.. လက်ရှိအချိန်မှာတော့ သူတို့ရဲ့နိုင်ငံတော်တော်များများက စစ်ပွဲတွေဖြစ်နေတာကြောင့် အသွင်ပြောင်းမျိုးနွယ်စုတွေက ပြည်တွင်းစစ်တွေကြားထဲမှာ ရှိနေတယ်”

“ကျုပ်တို့နဲ့ အနီးကပ်ဆုံးနိုင်ငံနှစ်ခုက မုယုံး နဲ့ မင်ယု ပဲ.. ပိုင်တုံမင်း ဆိတ်သားရေကို စားပွဲပေါ်တင်ပြီး ကျီဟန့်ဝူဆီကို လွှဲပေးလိုက်သည်။ ကျီဟန့်ဝူက မဖွင့်ဘဲ ကောင်းဖန် ရှေ့မှာ ညင်သာစွာ ပွတ်သပ်လိုက်သည်။

သူ့အဓိပ္ပါယ်က ထင်ရှားသည်။ ယခု ဤနေရာတွင် တာဝန်ရှိသူမှာ ကောင်းဖန်ဖြစ်ပြီး သက်ကြားအိုကြီးကနောက်ဆုတ်နေဖို့ ရွေးချယ်ထားသည်။ ကောင်းဖန်က သူ့လက်ထဲက ဆိတ်သားရေစာလိပ်ကို လှန်ကြည့်လိုက်တဲ့အခါ မြေပုံတစ်ခုကို တွေ့လိုက်သည်။ ၎င်း၏ အလယ်ဗဟိုတွင် ကမ္ဘာမြေကြယ်နှင့် နဝမမြောက်ကောင်းကင်ဘုံကြား လမ်းကြောင်းကို ပြသထားပြီး အပြင်ဘက် မိုင်ထောင်ပေါင်းများစွာအထိ ချဲ့ထွင်ထားသည်။ ၎င်းသည် မြေပြင်၏ အကြမ်းဖျဉ်း ပုံကြမ်းတစ်ခုမျှသာ ဖြစ်သော်လည်း အဖိုးမဖြတ်နိုင်ပေ။

“ဟုတ်တယ်.. ဒါက အခွင့်အရေးတစ်ခုလို့တော့ ဝန်ခံရမယ်.. ဒါပေမယ့် မမေ့သင့်တာက သူတို့ကို အသွင်ပြောင်းမျိုးနွယ်စု လို့ခေါ်ရင်.. အပြန်အလှန်အနေနဲ့ သူတို့ရဲ့အမြင်မှာလဲ ကျွန်တော်တို့က အသွင်ပြောင်းမျိုးနွယ်စုတွေပဲ....” ဟု ကောင်းဖန်က ဆိုလိုက်သည်။ “အဲဒီမတိုင်ခင်က သူတို့က သူတို့အချင်းချင်း ရန်ဖြစ်တိုက်ခိုက်နေကြပေမဲ့ ကျွန်တော်တို့က ကျူးကျော်လာရင် နောက်ဆုံးမှာ သူတို့အတွက် တိုင်းတစ်ပါးရန်သူဖြစ်တဲ့ ကျွန်တော်တို့ကို တိုက်ခိုက်ဖို့ စည်းလုံးသွားကြလိမ့်မယ်”

“အတိအကျတော့ မဟုတ်ဘူး.. မင်းကသူတို့ကို လွန်လွန်ကဲကဲ ခန့်မှန်းနိုင်ရင်တောက် ငါတို့က ကိုယ့်ကိုကိုယ် လွယ်လွယ်နဲ့ ထုတ်ဖော်မှာ မဟုတ်ဘူး” ဟု ပိုင်တုံမင်းက ရယ်မောရင်း ပြောလိုက်သည်။ “အသွင်အပြင်တစ်ခုတည်းကိုအခြေခံပြီး အသွင်ပြောင်းမျိုးနွယ်စုတွေနဲ့ ငါတို့ကို ခွဲခြားဖို့ နည်းလမ်းရှိတယ်လေ.. သူတို့နဲ့ ငါတို့ကြားက အထင်ရှားဆုံးသော ကွဲပြားမှုလက္ခဏာက ငါတို့သွေးက အနီရောင်ဖြစ်ပြီး သူတို့သွေးက အစိမ်းရောင်ဖြစ်နေတာပဲ”

“အစိမ်းရောင်လား.. ဒါ သိပ်ထူးဆန်းတာပဲ” ကောင်းဖန်က အံ့သြသွားသည်။

“ဟုတ်တယ်.. အသွင်ပြောင်းမျိုးနွယ်စုတွေကလည်း ငါတို့ရဲ့ သွေးနီနေတာက အရမ်းထူးဆန်းတယ်လို့ ထင်ကြတယ်” ဟု ပိုင်တုံမင်းက ရယ်မောကာ တုံ့ပြန်လိုက်သည်။

***

သားရဲလေ့ကျင့်သူ

အခန်း ၆၆၇ နတ်ဘုရားတစ်ပိုင်း

“ကျွန်တော်သိပြီ” ကောင်းဖန်က ခေါင်းညိတ်လိုက်သည်။ နဂါးဖြူမျိုးနွယ်စုက ဒီအချက်အလက်တွေကို ရရှိနိုင်တာက အံ့သြစရာမဟုတ်ပေ။ အသွင်ပြောင်းမျိုးနွယ်စုကို မဖမ်းဘဲ သူတို့က မြေပုံတွေကိုတောင် ဆွဲနိုင်သည်။ တစ်ခုရှိတာက လူတစ်ဦးသည် ထိခိုက်ဒဏ်ရာရပြီး သွေးမထွက်ခင်အထိ ထိုသူသည် အခြားသူလား သန္ဓေပြောင်းမျိုးနွယ်စုလားကိုတော့ အတိအကျ မပြောနိုင်ပေ။

လူတို့၏သွေးသည် အနီရောင်ဖြစ်ပြီး သန္ဓေပြောင်းမျိုးနွယ်စု၏သွေးသည် အစိမ်းရောင်ဖြစ်သည်။ အစိမ်းရောင်သည် အနီရောင်၏ ဖြည့်စွက်အရောင်ဖြစ်သောကြောင့် အသွင်ပြောင်းမျိုးနွယ်စုနှင့် လူသားများ အချင်းချင်း ဆန့်ကျင်ရန် မွေးဖွားလာခဲ့ခြင်းမှာ အံ့သြစရာမဟုတ်ပေ။

“ကျွန်တော်နားလည်ပါတယ်.. အားလုံးပါဝင်ဖို့ကိုလည်း သဘောတူပါတယ်.. ဒါပေမဲ့ အဓိကကတော့ ကျွန်တော်တို့ ဟွာရှားမျိုးနွယ်စုကို ထိပ်တန်းမျိုးနွယ်စုတစ်ခုရဲ့ အဆင့်အတန်းကို ခံစားစေရမယ်.. ပြီးတော့ အချို့သော ဆုံးဖြတ်ချက်များအတွက် ကျွန်တော်တို့ကို ကိုယ်ပိုင် ရွေးချယ်ခွင့်နဲ့ ပယ်ချပိုင်ခွင့်ကို ဆက်ပြီးပေးထားနိုင်ရမယ်” ဟု ကောင်းဖန်က လေးလေးနက်နက်ပြောလိုက်သည်။

“ထိပ်တန်းမျိုးနွယ်စု…” ပိုင်တုံမင်းက ကောင်းဖန်ကို သေချာကြည့်ပြီး ရယ်မောလိုက်သည်။ “ထိပ်တန်းမျိုးနွယ်စုတွေရဲ့ နောက်ခံအကြောင်း မင်းသိလား.. ထိပ်တန်းမျိုးနနွယ်စုတိုင်းက အနည်းဆုံး နတ်ဘုရားတစ်ပိုင်း သတ္တဝါငါးမျိုး ဒါမှမဟုတ် အဲဒါထက်ပိုတဲ့ သတ္တဝါတွေကို ထုတ်ပြနိုင်ရမယ်.. ဒါက ထိပ်တန်းမျိုးနွယ်စုတစ်ခုရဲ့ ဂုဏ်သိက္ခာရှိတဲ့ နောက်ခံဖြစ်တယ်.. နတ်ဘုရားတစ်ပိုင်း တစ်ပါးထဲနဲ့တော့ မလုံလောက်သေးဘူး..

“အများဆုံး ငါတို့ပေးနိုင်တာကတော့ မင်းရဲ့ ဟွာရှားမျိုးနွယ်စုကို ဘုရင်ခုနစ်ပါး အဆင့်မျိုးနဲ့ ညီမျှတဲ့ အာဏာကို ပေးနိုင်ရုံပဲ.. အဲဒါထက် ဘာမှ မပိုနိုင်ဘူး.. မဟုတ်ရင်တော့ သူတို့က ဘယ်တော့မှ သဘောတူမှာ မဟုတ်ဘူး” ဟု ပိုင်တုံမင်းက ပြောလိုက်သည်။

“ နတ်ဘုရားတစ်ပိုင်းတစ်ပါးတည်းနဲ့ မဖြစ်နိုင်ဘူးဆိုရင်... နတ်ဘုရားတစ်ပိုင်းနှစ်ပါးဆိုရင်ရော ဘယ်လိုလဲ” ဟု ကောင်းဖန်က မေးလိုက်သည်။

“မင်းမှာ နတ်ဘုရာတစ်ပိုင်းနှစ်ပါးရှိတာလား” အခုတော့ ပိုင်တုံမင်းက တကယ်ကို အံ့သြသွားသည်။

“အရင်က မဟုတ်ပေမယ့် အခုလုပ်နိုင်ပါတယ်” ကောင်းဖန်က ရယ်လိုက်သည်။ ထိုစကားကို ပြောပြီးသည်နှင့် အခန်းအပြင်ဘက်တွင် ကြောက်မက်ဖွယ်ရာ ရောင်ဝါတစ်ခု ထွက်ပေါ်လာသည်။

ပိုင်တုံမင်း၏ ခန္ဓာကိုယ်သည် ရုတ်တရက် တုန်လှုပ်သွားသည်။

ဝုန်း..

ကြီးထွားလာသော လှိုင်းလုံးသံများကို ကျယ်လောင်စွာ ကြားနေရသည်။ စက်ရုံအပြင်ဘက်မှ အော်သံတွေ.. အာမေဋိတ်သံတွေ ကြားနေရသည်။ အလွန်ကြောက်မက်ဖွယ်ကောင်းသော ရောင်ဝါတစ်ခုသည် အရှိန်အဟုန်ဖြင့် အဆက်မပြတ် နီးကပ်လာနေသည်။ ပိုင်တုံမင်း၏ ခန္ဓာကိုယ်အတွင်းမှ ပြင်းထန်သော ရောင်ဝါတစ်ခု စတင်နိုးထလာသည်။

နံရံသည် ချွန်ထက်ပြီး လှံနှင့်တူသော ခြေသည်းများကြောင့် ကျိုးပဲ့သွားကာ ပိုင်ထုံမင်း၏ဆံပင်နားတွင် ရပ်သွားသည်။ နဂါးဖြူတစ်ကောင်သည် လေထဲတွင်ပျံ့လွင့်နေသော ဆံပင်များနှင့်အတူ ပိုင်တုံမင်း၏နောက်တွင် ပျံဝဲနေပြီး နဂါးဖြူ၏မျက်လုံးများက ချွန်ထက်နေသောခြေသည်းများကို စိုက်ကြည့်နေသည်။

စွဲမက်ဖွယ်ကောင်းသော အသံအက်အက်တစ်ခုက အိမ်ထဲတွင် ပဲ့တင်ထပ်နေသည်၊ “နဂါးဖြူလေး မင်းဘယ်လိုထင်လဲ”

ပိုင်တုံမင်းက ရယ်မောလိုက်သည်။ နောက်တော့ ပြတင်းပေါက်ကို လှမ်းပြီး တွန်းဖွင့်လိုက်သည်။ ပြတင်းပေါက် အပြင်ဘက်တွင် စွမ်းအားကြီးသော လှိုင်းလုံးကြီးများသည် အရပ်ရပ်သို့ ပြန့်ကျဲလျက်ရှိနေသည်။

ပိုင်တုံမင်းက အရမ်းသဘောကျသွားသည်။ “သူတော်စင်အဆင့်ကနေ နတ်ဘုရားတစ်ပိုင်းအဆင့်ကို တက်တာကို မြင်တွေ့ခဲ့ရတာ ကြာခဲ့ပြီ.. ဒါဟာ သိပ်ကို အံ့မခန်းပါပဲ”

အပြာရောင်လှိုင်းလုံးများသည် မျက်စိတစ်မှိတ်အတွင်းမှာပင် ရှေ့သို့ ပြေးဝင်လာသည်။ မည်သို့ပင်ဆိုစေကာမူ ပိုင်တုံမင်းသည် လုံးဝကြောက်ရွံ့ခြင်းမရှိပေ။ နဂါးဖြူက ရှေ့တိုးချင်ပေမဲ့ ပိုင်တုံမင်းက သူ့ရဲ့ ညာလက်ကို ဖြန့်ကာ နဂါးဖြူရဲ့ နောက်ခြေတစ်ဘက်ကို ဖိထားကာ ငြိမ်သက်နေဖို့ အချက်ပြလိုက်သည်။ ကြမ်းတမ်းသော အပြာရောင်လှိုင်းလုံးများသည် နံရံကိုဖြတ်၍ ပိုင်တုံမင်း၏ခန္ဓာကိုယ်ကို ဖြတ်သွားသည်။ ဒါက ထင်ယောင်ထင်မှား သက်သက်ပင်။

မြေပြင်ကို အပေါ်စီးမှ မြင်ရသော မျှော်လင့်ခြင်းမြို့တော်ကို ပင်လယ်ပြင်က လုံးလုံးလျားလျား ဖုံးလွှမ်းသွားပြီး ရေပြည့်နေသော ကုန်းမြေအဖြစ် ပြောင်းလဲသွားသည်။ အပြာရောင် သမုဒ္ဒရာသည် အထပ်မြင့် အဆောက်အဦးများ၊ လူအုပ်ကြီး နှင့် ၎င်းတို့၏ သားရဲများကို ဖြတ်ကျော်သွားသည်။ ဒါက အိပ်မက်တစ်ခုကို လက်တွေ့မှာ ပုံဖော်ထားသလိုပါပဲ။

သမုဒ္ဒရာကို ကမ္ဘာပေါ်သို့ ဖြန့်ချလိုက်သည်။ တဟုန်းဟုန်းတောက်နေသော လှိုင်းလုံးများသည် မရပ်မနား လှိမ့်ဝင်လာသည်။ ပင်လယ်ရေ လှိုင်းလုံးများသည် ပြင်းပြင်းထန်ထန်ရိုက်ခတ်နေသည်။ အရာအားလုံးသည် ရေထဲတွင် မွေးဖွားလာသည်။ အစပိုင်းတွင် အဏုဇီဝသက်ရှိများမှ နောက်ပိုင်းတွင် ငါးငယ်များနှင့် ပုစွန်များအထိ၊ ပင်လယ်သတ္တဝါများ၏ အရွယ်အစားသည် ပိုမိုကြီးမားလာသည်။ နှစ်ဘီလီယံပေါင်းများစွာ အချိန်တွေက အချိန်တိုအတွင်း ကုန်ဆုံးသွားသည်။

မျှော်လင့်ခြင်း တစ်မြို့လုံးရှိ လူများအားလုံးသည် ဖြတ်သွားသော ငါးများနှင့် ပင်လယ်မှော်များအားလုံးကို ကြည့်ပြီး အံ့အားသင့်သွားကြသည်။ အစတုန်းကတော့ အဲဒါက တကယ့်အစစ်လို့ထင်ကြပြီး လူတော်တော်များများ ကြောက်ရွံ့ခဲ့ကြပေမယ့် နောက်ပိုင်းမှာတော့ အဲဒါဟာ ပုံရိပ်သက်သက်သာဖြစ်ကြောင်း သတိပြုမိကြပြီး ကြောက်လန့်မှုမရှိတော့ဟု ခံစားလာကြသည်။

ပင်လယ်နက်၏ ဧရာမသားရဲသည် ထမြောက်လာပြီး သမုဒ္ဒရာအုပ်စိုးသူသည် ပျက်စီးခြင်းမှ ပြန်လည်သက်သာလာသည်။ “ငါက သမုဒ္ဒရာရဲ့ အုပ်စိုးသူ၊ မုန်တိုင်းရဲ့တမန်တော်၊ မုန်တိုင်းထန်တဲ့ပင်လယ်ရဲ့ဘုရင်ပဲ” နက်နဲသောအသံသည် ကောင်းကင်နှင့် မြေကြီးကြားတွင် ပဲ့တင်ထပ်သွားသည်။

“ဧကရာဇ်နတ်ဘုရား” အစကလျစ်လျူရှုထားပုံပေါက်သော ပိုင်တုံမင်းသည် နောက်ဆုံးတွင် သူ့မျက်နှာပေါ်တွင် အရိပ်အယောင်တစ်ခု ပေါ်လာသည်။ အဆင့်မြင့်နတ်ဘုရားတစ်ပိုင်းမှာ ဧကရာဇ်နတ်ဘုရား ရှိနေတာက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...

နတ်ဘုရားတစ်ပိုင်းသည် နတ်ဘုရားသခင်အဆင့်ရောက်သွားမှသာလျှင် ဧကရာဇ်နတ်ဘုရား၏ ပေါင်းစည်းညီညွတ်မှုကို ရနိုင်မည်ဖြစ်သည်။ နတ်ဘုရားတစ်ပါး၏ အစွမ်းသတ္တိသည် ဤပညတ်ချက်မှ ဆင်းသက်လာပြီး ထိန်းချုပ်ထားသော နတ်ဘုရား၏ ပညတ်ချက် အမျိုးအစားကို ၎င်း၏ ဧကရာဇ်နတ်ဘုရားအဆင့်အတန်းမှ ဆုံးဖြတ်နိုင်သောကြောင့် ဖြစ်သည်။ ပိုင်တုံမင်းသည် နတ်ဘုရားတစ်ပိုင်းအဆင့်သို့ တက်လာစဉ်တွင်တောင် ဧကရာဇ်နတ်ဘုရား အဆင့်သို့ ရောက်နိုင်သည့် သူတော်စင်အဆင့်ကို တစ်ခါမျှ မကြားဖူးခဲ့ပေ။ ဒါက လုံးဝမဖြစ်နိုင်ဘူး...

သိပ်မကြာခင်မှာပဲ ပိုင်တုံမင်းက စိတ်တည်ငြိမ်သွားသည်။

သူသည် နတ်ဘုရားတစ်ပိုင်းကို ဖြတ်ကျော်သွားသော သူတော်စင်အဆင့် အများအပြားကိုသာ မြင်ဖူးပြီး အားလုံး မြင်ဖူးခဲ့တာမဟုတ်သောကြောင့် အရာအားလုံးကိုတော့ သူ သေချာပေါက် မသိနိုင်ပေ။

အရည်အချင်းရှိသူအချို့သည် ၎င်းတို့၏အောင်မြင်မှုများအတွင်း ဧကရာဇ်နတ်ဘုရား ဖြစ်လာနိုင်သော်လည်း အမှန်တရားမှာ မည်သို့ပင်ရှိစေကာမူ ဤ နတ်ဘုရားတစ်ပိုင်း သားရဲကတော့ ထင်ထားသလောက် မရိုးရှင်းသည်မှာ သေချာသည်။

ပင်လယ်သည် ကြမ်းတမ်းလာသည်။

ပင်လယ်ဝတုတ်သည် ၎င်း၏ပါးစပ်ကြီးကို ဖွင့်လိုက်သည်။ နတ်ဘုရားတစ်ပိုင်းနှင့် သူတော်စင်အဆင့်အကြား အကြီးမားဆုံး ခြားနားချက်မှာ နတ်ဘုရားတစ်ပိုင်းသည် ကိုးကွယ်ခြင်းကို တွေ့ကြုံခံစားရခြင်း ဖြစ်သည်။

ပြီးတော့ ပင်လယ်ဝတုတ် နတ်ဘုရားတစ်ပိုင်းအဆင့်ကိုဖြတ်သွားတဲ့အခါ ပထမဆုံးရတဲ့ ပစ္စည်းက သူ့ရဲ့သွားတွေဖြစ်သည်။ အဆုံးမရှိသော ခွန်အားများသည် အံသွားများဆီသို့ ပြေးဝင်လာသည်။ အကယ်၍ ၎င်းတို့သည် အခြားဘုံတစ်ခုတွင် ရှိနေပါက သေးငယ်သော ရွှေရောင်များက ပင်လယ်ဝတုတ်၏ သွားများဆီသို့ဝင်ရောက်သွားတာကို မြင်တွေ့နိုင်မည်ဖြစ်သည်။ ၎င်း၏သွားများသည် စူးရှထက်မြက်လာသည်။ အအေးဓာတ်က ကြောက်စရာကောင်းလာသည်။

လည်ချောင်းထဲမှ ဟိန်းဟောက်သံတစ်ခု ထွက်လာပြီး ပါးစပ်ကြီးက ကမ္ဘာကြီးကို တစ်ချက်နဲ့ကိုက်လိုက်သလိုမျိုး ကျယ်လောင်စွာ ဖွင့်ဟလိုက်သည်။ ပင်လယ်ဘုရင်၏ဖျက်ဆီးဝါးမျိုတက်သော သွားများသည်

အပြည့်အဝဖွဲ့စည်းပြီးသည်နှင့် တစ်ပြိုင်နက် ကိုက်ဖြတ်လိုက်သည်။ အာကာသသည် ကွဲသွားပြီး မညီမညာသော အက်ကြောင်းများသည် အနက်ရောင် လျှပ်စီးကြောင်းနှစ်ခုကဲ့သို့ ဖြစ်နေသည်။

နတ်ဘုရားတစ်ပါးကသာ အာကာသကို ဖျက်ဆီးနိုင်စွမ်းရှိပြီး ပင်လယ်ဝတုတ်၏ တစ်ကိုက်သည် နတ်ဘုရားနှင့် နီးစပ်သော စွမ်းအားရှိနေပြီဖြစ်သည်။

သလင်းကျောက်အကျိုးသည် ရုတ်တရက် မူလနေရာမှ ပျောက်ကွယ်သွားပြီး ဥက္ကာပျံအဖြစ်သို့ ပြောင်းလဲသွားသည်။ နေရာတိုင်းတွင် ပျံ့လွင့်နေတဲ့ ဧရာမသားရဲကြီးတွေသည် အရသာရှိတဲ့ ရောင်ဝါကို ခံစား လိုက်ရသည်။ မည်သို့ပင်ဆိုစေကာမူ ထိုနေရာသို့ အပြေးအလွှား ပြေးလာသောအခါတွင်တော့ သင်းပျံ့ပျံ့လွင့်နေသော ရနံ့များကိုသာ ခံစားနိုင်ကြသည်။ ဧရာမသားရဲများသည် မကျေနပ်ဖြင့် တုန်လှုပ်သွားကြသည်။

ကမ္ဘာကြီးသည် မိမိကိုယ်ကို ကုသနိုင်သော စွမ်းရည်များ ရှိသည်။ ခုနက ကွဲသွားသော အာကာသ အက်ကြောင်းများသည် တဖြည်းဖြည်း ပိတ်သွားသည်။ ပိတ်သိမ်းသည့် နောက်ဆုံးအခိုက်အတန့်တွင် ပင်လယ်ဝတုတ်သည် တစ်စုံတစ်ခုကို သတိပြုမိလိုက်သည်။ ပင်လယ်ဘုရင်၏ ဖျက်ဆီးဝါးမျိုတက်သော စွမ်းအားသည် ရုတ်တရက် တိုးလာကာ ပိတ်သွားတော့မည့် အာကာသ အက်ကြောင်းများကို ဖြိုခွင်းလိုက်သည်။

ပုံမှန်မဟုတ်သော အပြာနုရောင်သလင်းခဲတစ်ခုသည် ပင်လယ်ဝတုတ်၏ ပါးစပ်ထဲသို့ ဝင်ရောက်သွားသည်။ သူ့ခန္ဓာကိုယ်က တုန်လှုပ်နေကာ ရင်ဘတ်က ပြင်းထန်စွာ တုန်ခါနေပြီး သွေးထွက်တဲ့အထိ မျက်လုံးတွေ ကျယ်လာသည်။

“ဟာဟားဟား” ပင်လယ်ဝတုတ်က ကျယ်လောင်စွာ ရယ်မောလိုက်ပြီး အော်ဟစ်လိုက်သည်။

ပုံရိပ်ရောင်ပင်လယ်ရေပြင်မှ ပေါက်ကွဲသံခပ်အုပ်အုပ် ထွက်ပေါ်လာသည်။

ပိုင်တုံမင်းသည် အဝေးမှ ဖြစ်ပျက်နေသည်ကို မမြင်နိုင်ပေ။ သူသည် အလွန်အမင်းဖိနှိပ်ထားသော ရောင်ဝါကိုသာ ခံစားနိုင်သည်။

“အမေ.. အဲဒါ ဘာလဲ” ဦးခေါင်းက ဖရဲသီးအရွယ်လောက်ရှိတဲ့ ကောင်လေးတစ်ယောက်က သူ့အမေကို ကိုင်ထားပြီး ကောင်းကင် သို့မဟုတ် ပင်လယ်၏ အပေါ်ထပ်အလွှာကို လက်နှင့်ထိကြည့်လိုက်သည်။ ပင်လယ်ကြမ်းပြင်ပေါ်သို့ လှိုင်းလုံးကြီးတစ်ခု ပြုတ်ကျသွားသည်။

ထို့နောက် မျက်စိတစ်ဆုံးဝေးသွား၍ အမြီးကိုပင် လုံးဝ မမြင်နိုင်တော့ပေ။ ထိတ်လန့်တုန်လှုပ်ဖွယ် ကြီးမားသော ခန္ဓာကိုယ်ကြီးသည် ညင်သာစွာ ရွေ့လျားသွားပြီး ဖြတ်သွားသော တိုင်ဖွန်းမုန်တိုင်းကြောင့် အထပ်မြင့် အဆောက်အအုံများကို ပြိုကျပျက်စီးသွားစေသည်။

နောက်အခိုက်အတန့်တွင် သမိုင်းမတင်မီက နတ်ဆိုးများ အပါအဝင် ကောင်းကင်ယံ၌ ပျံ့လွင့်နေသော ပုံရိပ်ရောင်များအားလုံးသည် ၎င်းတို့ မရှိခဲ့သကဲ့သို့ ပျောက်ကွယ်သွားသည်။

ကြီးမားပြီးဝတဲ့ ခေါင်းဝိုင်းငါးကြီးတစ်ကောင်ကသာ ပြတင်းပေါက်ကနေ ခုန်ဆင်းလာသည်။

***

သားရဲလေ့ကျင့်သူ

အခန်း ၆၆၈ နဝမမြောက်ကောင်းကင်ဘုံ

“ဟီးဟီး.. မင်္ဂလာပါ” ပင်လယ်ဝတုတ်က ရယ်မောပြီး ပြောလိုက်သည် ။ “မင်း ငါ့ရဲ့ တိုးတက်မှု အခမ်းအနားမှာ ပါဝင်ဖို့ ဒီကို ရောက်နေတယ် ထင်ပါတယ်..မင်းကို မကြောက်သွားဖို့ မျှော်လင့်ပါတယ်” ထိုစကားကိုပြောပြီးနောက် ချက်ချင်းပင် ပင်လယ်ဝတုတ်က “ကောင်းဖန်… ငါဗိုက်ဆာတယ်.. စားဖိုမှူးကို အစားအသောက်ကို မြန်မြန်ကျွေးခိုင်းလိုက်ပါ” ဟု ပြောလိုက်သည်။

ကောင်းဖန်သည် ပင်လယ်ဝတုတ်၏ ဂုဏ်ရည်များကို စစ်ဆေးနေရင်း ခေါင်းညိမ့်လိုက်သည်။ ၎င်းသည် အဆင့် ၉၁ သို့ တိုးလာခဲ့ပြီး ၎င်း၏ ရွေးချယ်ထားသော အပိုင်းသည် ၎င်း၏သွားများဖြစ်သည်။

“ချစ်လှစွာသော ဖေဖေ.. အရင်ကလိုပဲ အလုပ်လုပ်ဖို့ ပျင်းနေမိပြီ” ဟု လေပြင်းမုန်တိုင်းရေမှော်ပင်ကူက ဖြည်းညှင်းစွာပြောလိုက်သည်။

ကောင်းဖန်၏ အကြံဉာဏ်အားလုံးကို ကြားပြီးနောက် ပင်လယ်ဝတုတ်သည် အတော်လေး သဘောထား ကြီးနေပြီဖြစ်သည်။ နတ်ဘုရားတစ်ပါးအနေဖြင့် ၎င်း၏နှလုံးသားသည် သဘာဝအတိုင်းပင် ကျယ်ပြန့်သောပင်လယ်ကြီးကဲ့သို့ ကြီးရမည်ဖြစ်သည်။

သမီးဖြစ်သူ၏ နောက်ပြောင်မှုအနည်းငယ်သည် ကြီးကြီးမားမားမဟုတ်သော်လည်း ၎င်းသည် ယခင် ပင်လယ်ဝတုတ်ဖြစ်ခဲ့လျှင်တော့ ဒါကိုတောက် ခွင့်လွှတ်မည်မဟုတ်ပေ။ ဒါပေမယ့် အခုအချိန်မှာတော့ ပင်လယ်ဝတုတ်က စိတ်လှုပ်ရှားနေပုံပေါက်နေသည်။ အချင်းနှစ်ပေခွဲခန့်ရှိသော ၎င်း၏ဦးခေါင်းကြီးအား စားပွဲပေါ်တွင် တင်ထားပြီး ၎င်း၏ဆူးတောင်များကို ထောက်ထားသည်။ “ငါတို့မိသားစုအတွက် အရမ်းကြိုးစားခဲ့ပါတယ်” ဟု ပင်လယ်ဝတုတ်က စိတ်အားထက်သန်စွာ ပြောလိုက်သည်။

လေပြင်းမုန်တိုင်းရေမှော်ပင်ကူသည် ပြောစရာစကားမရှိတော့ပဲ ၎င်းသည် ပင့်ကူကွန်ရက် အာကာသထဲသို့ ဝင်ရောက် ပျောက်ကွယ်သွားသည်။

ပိုင်တုံမင်းကတော့ ထိုကဲ့သို့သော သတင်းကြီးတစ်ခုကို ကြားလိုက်ရသည့်အတွက် အနည်းငယ် အံ့သြသွားမိသည်။ ဟွာရှားမျိုးနွယ်စုမှ နတ်ဘုရားတစ်ပိုင်း သားရဲနှစ်‌ေကာင်သည် အမှန်တကယ် သားအဖ ဖြစ်မည်ဟု သူ တစ်ခါမှ မထင်ခဲ့ပေ။ ပြီးတော့ ဒီဝတုတ်ငါးခေါင်းက တကယ်ပဲ နတ်ဘုရားတစ်ပိုင်းလား.. သူ ဒီလောက်ရုပ်ဆိုးတဲ့ နတ်ဘုရားတစ်ပိုင်းကို တစ်ခါမှမမြင်ဖူး‌ေပ။ ပါးစပ်က ပိုကြီးတာကလွဲလို့ ဘယ်မြစ်မှာမဆို ဖမ်းနိုင်တဲ့ ဝတုတ်ငါးခေါင်းနဲ့ သိပ်မကွာခြားပေ။

သို့သော် ပိုင်တုံမင်းသည် တစ်စုံတစ်ဦး၏ အသွင်အပြင်ဖြင့် အကဲဖြတ်သော အမှားမျိုး မပြုလုပ်ပေ။ အဲဒီအစား သူက ပင်လယ်ဝတုတ်ကို ခေါင်းညိတ်ပြီး ပြုံးပြလိုက်သည်။ “ကြိုတင်အသိမပေးဘဲ အခမ်းအနားလာကြည့်မိပါတယ်… မင်းရဲ့ ဂုဏ်သိက္ခာအရ ခွင့်လွှတ်နိုင်မယ်လို့ မျှော်လင့်ပါတယ်”

မီးဖိုချောင်အကူက အစစအရာရာ စောစောပြင်ဆင်ထားပြီး အစားအသောက်ကို ကျွေးလိုက်သည်။ စားပွဲပေါ်မှ စားပွဲခင်းတစ်ခုခင်းကာ ပန်းကန်လုံးများနှင့် သစ်သီးများအပါအဝင် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများကို ခင်းကျင်းပြီး ေနရာက မျက်စိတစ်မှိတ်အတွင်း ထမင်းစားခန်းအဖြစ်သို့ ပြောင်းလဲသွားသည်။

ပင်လယ်ဝတုတ်အတွက် သဘာဝအတိုင်း ပြုလုပ်ထားသော အစားအစာများသည် သားရဲများ မဟုတ်ပေ။ ဒီလိုအဆင့်မျိုးမှာ သတ္တဝါတွေအတွက် ဗိုက်ပြည့်အောင် ဖြည့်ချင်တာက လုပ်ရခက်တာမို့ အရသာ‌ေကာင်းဖို့သာ လုပ်ထားသည်။

ခံတွင်းတွေ့စေမည့် အစားအစာများ နှင့် အလှဆင်ထားသော ကိတ်မုန့်များကို တည်ခင်းပေးထားသည်။ ပိုင်တုံမင်းနဲ့ သူ့သားရဲက တချို့ကို မြည်းစမ်းကြည့်လိုက်သည်။ “ထူးခြားတဲ့အရသာပဲ” ပိုင်တုံမင်းကခေါင်းညိတ်လိုက်သည်။

ပိုင်တုံမင်းရဲ့ သားရဲဖြစ်တဲ့ နဂါးဖြူက အစာတွေကို ပါးစပ်ထဲကို ဆက်တိုက်ထည့်‌ေနသည်။ စားပွဲပေါ်ရှိ အစားအစာများ၏ အရသာသည် စွဲမက်ဖွယ်ကောင်းလှသည်။

အတူတူထမင်းစားတာက လူတွေကြားအကွာအဝေးကို အမြန်ဆုံးနီးစပ်ဖို့ နည်းလမ်းတစ်ခုလို့ အမြဲပြောဖူးသည်။ ထမင်းစားပြီးနောက်တွင် ပိုင်တုံမင်း၊‌ ကောင်းဖန်နှင့် ကျီဟန့်ဝူတို့သည် အချင်းချင်း စကားစမြည်ပြောဖြစ်ကြသည်။

“ပြင်ဆင်မှု‌ေတွအချိန်အတော်ကြာလုပ်ပြီးနောက်မှ ငါတို့က နဝမမြောက်ကောင်းကင်ဘုံကို သားရဲလေ့ကျင့်သူတွေ စေလွှတ်ပြီး နဝမမြောက်ကောင်းကင်ဘုံရဲ့ဝင်ပေါက်ကိုလည်း တင်းတင်းကြပ်ကြပ် စောင့်ကြပ်ထားတာ… ဘယ်သူ့ကိုမှ အလွယ်တကူ ဝင်ထွက်ခွင့် မပြုပါဘူး” ဟု ပိုင်တုံမင်းက ဆိုလိုက်သည်။

“သားရဲလေ့ကျင့်သူအချို့က ကျွန်တော်တို့ရဲ့ တည်ရှိမှုကို ဖော်ထုတ်လိုက်ရင်တော့ ပြဿနာဖြစ်‌စေမယ်ဆိုတာကို ကျွန်တော်သဘောတူတယ်” ကောင်းဖန်သည် ဤအချက်ကို အလွန်သဘောတူသည်။ နတ်ဘုရားကဲ့သို့သော ပြိုင်ဘက်ရှိခြင်းသည် ကြောက်စရာမဟုတ်သော်လည်း ဝက်တစ်ကောင်ကဲ့သို့ အသုံးမဝင်သော အသင်းဖော်တစ်ဦးရှိခြင်းကတော့ ကြောက်စရာကောင်းသည်။

ထို့အပြင် လူတို့၏အလိုဆန္ဒသည် ရှင်းပြရန်အခက်ဆုံးဖြစ်သည်။ သစ္စာဖောက်တစ်ဦးသည် ကမ္ဘာမြေကြယ်နှင့် ပတ်သက်သည့်အချက်အလက်များကို အသွင်ပြောင်းလူမျိုးစုမှလူများထံရောင်းချလိုက်ပါက အခက်အခဲရှိလိမ့်မည်။ သူတို့ကိုယ်သူတို့ အသွင်ပြောင်းလူမျိုးစုတွေဆီမှာ မဖော်ပြရ‌ေသးတဲ့အတွက် အရမ်းသတိထားရမည်။

စေလွှတ်လိုက်သော သားရဲလေ့ကျင့်သူအားလုံးကို ကမ္ဘာမြေကြယ်တွင်နေထိုင်သောသူများပ လုံးဝယုံကြည်ထားရပေမည်။ ဒါက နည်းနည်းခက်ပေမယ့် တခြားရွေးချယ်စရာမရှိပေ။

“ဖြစ်နိုင်ရင်တော့ နဝမမြောက်ကောင်းကင်ဘုံကိုသွားမယ့် အုပ်စုထဲမှာ ကျွန်တော်ပါဝင်နိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု ကောင်းဖန်က ပိုင်တုံမင်းကို ဖြတ်ပြောလိုက်သည်။

“မင်းသွားချင်လို့လား”

ဒီလိုငယ်ရွယ်ချိန်မှာ ကောင်းဖန်က နတ်ဘုရားတစ်ပိုင်းသားရဲ လေ့ကျင့်သူဖြစ်လာခဲ့ပြီး ဘာမှ အမှားအယွင်းမရှိခဲ့ပါက နတ်ဘုရားသခင်အဆင့် သားရဲလေ့ကျင့်သူ ဖြစ်လာဖို့ရန် အချိန်တစ်ခုသာ လိုသည်။

ငယ်ရွယ်စဉ်တွင် သန်မာတဲ့ လက်နက်တစ်ခု ပိုင်ဆိုင်ထားလျှင် ရည်မှန်းချက်နှင့် ပြင်းပြဆန္ဒရှိခြင်းသည် သာမန်ဖြစ်သည်မဟုတ်ပါလား။

သူသည် ဧရာမပင်လယ်ကြီးဖြစ်တဲ့ နဝမမြောက်ကောင်းကင်ဘုံကို ငေးကြည့်ရင်း ဗွက်အိုင်သာသာဖြစ်သည့် ကမ္ဘာမြေကြယ်မှ ပင်လယ်ကြီးထဲသို့ ခုန်ဆင်းရန် တရွရွဖြစ်နေသည်။ ပိုင်တုံမင်းက သူနားလည်ကြောင်းပြောပြီး ခေါင်းညိတ်လိုက်သည်။

“သဘာဝအားဖြင့်တော့ ဒါကို သဘောတူပါတယ်.. ဒါပေမယ့် တချို့လူတွေကတော့ အဲဒီလိုဆန္ဒရှိမှာမဟုတ်ဘူး.. ဒီအတွက် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားဖို့ လိုတယ်” ဟု ပိုင်တုံမင်းက ကောင်းဖန်ကို ပြောလိုက်သည်။

“တစ်စုံတစ်ယောက်က ကန့်ကွက်တယ်ဆိုရင်တော့ နဂါးဖြူမျိုးနွယ်စုရဲ့ အကြီးအကဲတွေရဲ့ စာရင်းကို ပေးစေချင်ပါတယ်.. ကျွန်တော် ကိုယ်တိုင်သွားပြီး သူတို့နဲ့ စကားစမြည်ပြောလိုက်ပါ့မယ်” ကောင်းဖန်က ရယ်လိုက်သည်။

ပိုင်တုံမင်းသည် အတူတူ လိုက်ရယ်လိုက်သည် “ငယ်ရွယ်မှုက ဘယ်လောက်ကောင်းလိုက်သလဲ” နေရာလွတ် အက်ကွဲကြောင်းတွေကို ဖြတ်ကျော်ရင်း ပိုင်တုံမင်းက အတွေးနက်လာသည်။ နတ်ဘုရားတစ်ပိုင်းနှစ်ပါး… နတ်ဘုရားတစ်ပိုင်းနှစ်ပါးသည် ထိပ်တန်းမျိုးနွယ်စုသုံးခုကို ပြောင်းလဲပစ်နိုင်စွမ်းရှိသည်။

ဒီအားကောင်းသော စွမ်းအားကို အထင်မကြီးရင်တောင် မည်သူမှတော့ လျစ်လျူမရှုနိုင်ပေ။ ယခုဆိုလျှင် အခြားမျိုးနွယ်စုနှစ်စုမှ အကြီးအကဲများပင်လျှင် ဟွာရှားမျိုးနွယ်စုကို ရထားပေါ်သို့ ဆွဲတင်ကာ အတူတူ စစ်တိုက်ချင်ကြသည်။

ပိုင်တုံမင်းသည် ထိုင်တောင်တန်း၏ ကျောက်စိမ်းဧကရာဇ်တောင်ထိပ်သို့ ပြန်လာခဲ့သည်။ ယခုအခါ ၎င်းသည် နတ်ဘုရားတစ်ပိုင်း သားရဲလေ့ကျင့်သူများစွာအတွက် နှစ်ရှည်နေထိုင်ရာ ဖြစ်လာခဲ့သည်။

၎င်း၏ဒြပ်စင်ပြန်လည်ကောင်းမွန်လာပြီးနောက် ထိုင်တောင်တန်းနှင့် အခြားနေရာများရှိ ဒြပ်စင်များ ကြွယ်ဝမှုသည် စိတ်ကူးယဉ်မှုထက် ကျော်လွန်သွားခဲ့သည်။ နေရာတိုင်းက နိပ္ဗာန်ဘုံပင်။ မျိုးနွယ်စုများစွာသည် ဤနေရာသို့ စတင်ပြောင်းရွှေ့လာခဲ့ကြပြီးနောက် ၎င်းတို့အားလုံး ကမ္ဘာမြေကြယ်သို့မပြောင်းရွှေ့ခဲ့ကြရသည့် တစ်ခုတည်းသော အကြောင်းရင်းမှာ နဝမမြောက်ကောင်းကင်ဘုံကို ကြောက်ရွံ့သောကြောင့်ဖြစ်သည်။

“ဆံပင်ဝါရောင်ကလေးက ဘာပြောလိုက်လဲ” ယုဟွမ်းမင်က ဘာသိဘာသာနဲ့ မေးလိုက်သည်။

“သူက နဝမမြောက်ကောင်းကင်ဘုံကို သွားမယ့် သားရဲလေ့ကျင့်သူနောက်အသုတ်မှာ ပါနိုင်ဖို့ မျှော်လင့်နေတယ်” ပိုင်တုံမင်းက ပြောလိုက်သည်။ “လမ်းဖောက်ချင်စိတ်ရှိတဲ့ နတ်ဘုရားတစ်ပိုင်းအဆင့် သားရဲလေ့ကျင့်သူအနေနဲ့ ကောင်းတယ်လို့တော့ ယူဆပါတယ်”

“ဟား.. သူက အတွက်အချက်‌ေကာင်းတာပဲ..သူက အသွင်ပြောင်းမျိုးနွယ်စုတွေနဲ့ အဆက်အသွယ်လုပ်ချင်တာလို့တော့ ကျုပ် သံသယရှိတယ်” ယုဟွမ်းမင်က လှောင်ပြောင်လိုက်သည်။

“မင်းအရမ်းတွေးလွန်းတာပါ” ပိုင်တုံမင်းကမျက်မှောင်ကြုတ်လိုက်သည်။ “သူက ကူညီချင်ရုံပဲ”

“ပိုင်တုံမင်း...မင်းရဲ့ လေသံကို ကြည့်ပြော.. မင်းအဖေက ဒီမှာရှိရင်တောင် သူက ငါ့ကို စီနီယာလို့ခေါ်ရမှာ‌ေနာ်” ဟု ယုဟွမ်းမင်က ဒေါသတကြီးပြောလိုက်သည်။

အသက်ကြီးပေမဲ့ ကျန်းမာပုံပေါက်သည့် ယုဟွမ်းမင်ကို စိုက်ကြည့်ရင်း ပိုင်တုံမင်းသည် သူ့ခေါင်းကို အားမပါစွာ ခါလိုက်သည်။ ယုဟွမ်းမင်၏ အဆင့်အတန်းက အလွန်မြင့်မားသည်။ သူသည် ထိပ်တန်း မျိုးနွယ်စု (၃) ခုတွင် အကြီးဆုံး အဖွဲ့ဝင် နှစ်ဦးထဲမှ တစ်ဦးဖြစ်ပြီး ထုံးစံအတိုင်းပင် သူသည် လူများကို ဝေဖန်ရန်နှင့် အမိန့်ပေးရန်အတွက် သူ၏ အကြီးအကဲ ဆိုသည့် အရာနဲ့ အခွင့်ကောင်းယူတတ်သည်။

သူကိုယ်တိုင်က အစွမ်းအစ သိပ်မရှိပေမယ့် ယုဟွမ်းမင်ရဲ့ သားရဲ မွေးမြူနိုင်စွမ်းကတော့ အတော်လေး ကောင်းမွန်ပြီး ကံလည်းကောင်းလွန်းသည်။ ဒါမှမဟုတ်ရင် နတ်ဘုရားတစ်ပိုင်း သားရဲတွေကို လေ့ကျင့်ပေးနိုင်မှာ မဟုတ်ပေ။ ဒါပေမယ့် အချို့သော အရာတွေအပေါ် သူ့ရဲ့ ခြုံငုံအမြင်နဲ့ အဲဒါတွေကို ကိုင်တွယ်ပုံကတော့ သိပ်မကောင်းပေ။

“ကျုပ် သွားတုန်းက ကောင်းဖန်ရဲ့ သားရဲတစ်ကောင်က နတ်ဘုရားတစ်ပိုင်းအဆင့်ကို ဖြတ်ကျော်သွားတာကို ကျုပ်မျက်လုံးနဲ့ တွေခဲ့တယ်” ဟု ပိုင်တုံမင်းက တခြားသူတွေကို ပြောပြလိုက်သည်။ “အရင်က လေပြင်းမုန်တိုင်း ရေမှော်ပင့်ကူ အပါအဝင် အခု ဟွာရှားမျိုးနွယ်စုမှာ နတ်ဘုရားတစ်ပိုင်း နှစ်‌ေကာင်တောင် ရှိနေပြီ”

ဒါကိုကြားတော့ နတ်ဘုရားတစ်ပိုင်း သားရဲလေ့ကျင့်သူတော်တော်များများကအရမ်းတုန်လှုပ်သွားသည်။ နတ်ဘုရားတစ်ပိုင်း သားရဲ နှစ်ကောင်လား..

နတ်ဘုရားတစ်ပိုင်းသားရဲ တစ်ကောင်ထိက အဆင်ပြေသေးသည်။ နတ်ဘုရားတစ်ပိုင်းဖြစ်နေရင်တောင်မှ အခြား နတ်ဘုရားတစ်ပိုင်း သားရဲတွေ ဝိုင်းရံထားနိုင်ဆဲဖြစ်သောကြောင့် တစ်ချိန်မှာ ၎င်းတို့ကို စုပေါင်းတိုက်ခိုက်နိုင်သေးသည်။ ၎င်းအတွက် အခွင့်အရေးမရနိုင်ပေ။ သို့သော် ၎င်းတို့နှစ်ဦးရှိလာသောအခါ ၎င်းတို့ကို ဝိုင်းသတ်ရန် အခြေအနေက ကွဲပြားသွားမည်ဖြစ်သည်။

“အဲဒီလို ငယ်ငယ်ရွယ်ရွယ်မှာ နတ်ဘုရားတစ်ပိုင်းသားရဲ ၂ ကောင် ရှိတယ်ဆိုတော့ ဒီကောင်းဖန်ရဲ့ ကံကြမ္မာက အရမ်းထူးထူးခြားခြား ဖြစ်နေပုံရတယ်” ဟု ယုဟွမ်းမင်က ဖြည့်စွက်ပြောလိုက်သည်။ သူ့စကားကို လူများစွာက တုံ့ပြန်မည်ဟု သူထင်လိုက်သော်လည်း သူ့မျိုးနွယ်မှ နတ်ဘုရား တစ်ပိုင်းသားရဲ့လေ့ကျင့်သူအချို့မှလွဲ၍ နဂါးဖြူမျိုးနွယ်စုနှင့် အစိမ်းရောင်နတ်ဘုရားမျိုးနွယ်စုမှလူများက ဘာမှပြန်မပြောပေ။

လိပ်နတ်မျိုးနွယ်စုမှ နတ်ဘုရားတစ်ပိုင်းသားရဲ လေ့ကျင့်သူ အနည်းငယ်သည်ပင် ခေါင်းညိတ်ကာ လျစ်လျူရှုထားကြသည်။ ယုဟွမ်းမင်သည် တုန်လှုပ်ခြောက်ခြားသော မျက်နှာဖြင့် သူ့ရှေ့မှ မြင်ကွင်းကို ကြည့်လိုက်သည်။

All Chapters