အခန်း (၆၆၉-၆၇၂)
Vol. 42 Ch. 669-672
အခန်း ၆၆၉ မွှေးရနံ မင်ဆေးလုံး
အခြားသူများအားလုံးထွက်သွားသောအခါ ယုဟွမ်းမင်သည် အခန်ထဲတွင် တစ်ယောက်ထဲကျန်ရစ်ခဲ့သည်။ သူက ခေါင်းကိုငုံ့ထားရင်း သူ့အင်္ကျီလက်မှ စိမ်းညိုညို အမွေးအမှင်တစ်ခု ထွက်ပေါ်လာသည်။ သားမွေးဘောလုံးသည် ယုဟွမ်းမင်၏ပခုံးပေါ်သို့ အားမစိုက်ဘဲ ခုန်တက်လာသည်။ နေဝင်ရီတရော အချိန်နှင့် နီးကပ်လာသည်နှင့်အမျှ လေထုသည် အေးခဲလာသည်။
“ထောင်းဝူ.. ငါတို့ အသက်ကြီးသွားပြီလား” ယုဟွမ်းမင်၏ မျက်နှာသည် နီရဲသွားသည်။ “နဝမမြောက် ကောင်းကင်ဘုံကနေ မျိုးနွယ်စုအားလုံး ပြောင်းရွှေ့လာတုန်းက ငါတို့ကိုမြင်တဲ့ မျိုးဆက်သစ်တွေက ငါတို့ကို အကြီးအကဲတွေအဖြစ် နှုတ်ဆက်ခဲ့ကြတယ်... စုစုပေါင်း နှစ်ပေါင်း ၇၀ လောက် သူတို့အတွက် အချိန်ပေးရခဲ့တာကို ငါမှတ်မိသေးတယ်...မင်းတောင် ခါးလှီးခံရတုန်းက သေလုမတတ်ပဲ ပြီးတော့ မျိုးနွယ်စုတွေက အမြဲတမ်းနေထိုင်ဖို့ ရွေးချယ်တဲ့အခါမှာလည်း ငါတို့က အစွမ်းကုန်ကြိုးစားပေးခဲတာ.. ငါ့အသက်ကိုတောင် မျိုးနွယ်စုအတွက် ငါပေးထားတာ.. ငါက သူတို့အတွက် ကြီးကျယ်တဲ့ ဝန်ဆောင်မှု ပေးခဲ့ပြီး ငါ့ဘဝရဲ့ အများစုကို သူတို့ဆီ လှူဒါန်းခဲ့တယ်လို့တောင် သူတို့က ပြောခဲ့တယ်”
ယုဟွမ်းမင်၏ပခုံးပေါ်ရှိ သားရဲသည် ခေါင်းကိုလှည့်ကာ နားရွက်ကို ကိုက်လိုက်သည်။ ထောင်းဝူသည် ကျားနှင့်တူသော်လည်း တောဝက်ကဲ့သို့ အစွယ်များအပြင် ၎င်း၏ကိုယ်ပေါ်တွင် အမွေးရှည်များပါရှိသည်။
“ငါတို့ကို ဘယ်အချိန်ထဲက ဒီလောက်မနှစ်သက်ကြတော့တာလဲ” ယုဟွမ်းမင်က သူ့ကိုယ်သူ ရေရွတ်လိုက်သည်။
ထောင်းဝူသည် နှစ်ပေါင်းများစွာ သူနှင့် နေထိုင်လာခဲ့ပြီး ထိုနှစ်များမှာလည်း တရိပ်ရိပ် ကုန်ဆုံးသွားခဲ့သည်။ ၎င်းသည် ဉာဏ်ရည်မြင့်မားခြင်း မရှိသည့်အပြင် အလွန်ဉာဏ်မမီသော ရှားပါးသားရဲတစ်ကောင်ဟု ဆိုနိုင်သည်။ ၎င်းသည် ရှေးခေတ်သားရဲများထဲမှ တစ်ကောင် ဖြစ်သည်။ ယဉ်ပါးဖို့ခက်ခဲပြီး၊ ဇီဇာကြောင်ကာ နာခံမှုမရှိသူဖြစ်သည်။ တစ်နည်းဆိုရသော် ၎င်းသည် ငအဖြစ်သည်။
ငအသည် တစ်စုံတစ်ဦးအား မည်ကဲ့သို့ ဖြေသိမ့်ရမည်ကို သဘာဝကျကျ မသိသောကြောင့် ပိုင်ရှင်ကို နှစ်သိမ့်ရန် ယုဟွမ်းမင်၏ နားနောက်တွင်သာ ရိုးစင်းစွာ ရှိနေသည်။
ယုဟွမ်းမင်က လက်ကြမ်းဖြင့် ထောင်းဝူ၏ခေါင်းကို ပွတ်သပ်လိုက်သည်။ “သူတို့ရဲ့တိုးတက်မှုကို ငါ မနာလိုဖြစ်မိတာ မဟုတ်ပါဘူး .. မျိုးဆက်သစ်တွေက မျိုးဆက်ဟောင်းတွေကို ကျော်တက်နိုင်တာ ကောင်းပါတယ်.. ဒါပေမယ့် အဲဒီ ကောင်းဖန်က ဘယ်သူလဲ... ကမ္ဘာမြေသားလေ” ယုဟွမ်းမင်က ဒေါသတကြီး ရေရွတ်ရင်း သူ့မျက်နှာ နီရဲလာသည်။
“မျိုးနွယ်တူမဟုတ်တဲ့သူတွေမှာ တခြား အစီအစဉ်ရှိမှာပဲ.. ဒါကို သူတို့ မသိဘူးလား... ကောင်းဖန်က ငယ်ငယ်လေးနဲ့ နတ်ဘုရားတစ်ပိုင်း သားရဲလေ့ကျင့်သူ ဖြစ်လာတယ်.. ဒီလိုအချိန်တိုလေးအတွင်းမှာ ငါတို့ ဖြတ်သန်းခဲ့ရတဲ့ အရာတွေကို သူ သိထားတယ်... ဒါက မာရ်နတ်နဲ့ ကစားသလိုပဲ.. တစ်နေ့ကျရင် ငါတို့မျိုးနွယ်စုက သူ့ကြောင့် ဖျက်ဆီးခံရလိမ့်မယ်” ယုဟွမ်းမင် မျက်လုံးတွေက ဒေါသတွေနဲ့ တောက်လောင်နေသည်။
အဝေးက လမ်းလျှောက်လာတဲ့ နတ်ဘုရားတစ်ပိုင်းသားရဲလေ့ကျင့်သူတွေက ရပ်တန့်သွားသည်။ အချို့က သက်ပြင်းချကြပြီး အချို့က ခေါင်းယမ်းကြသည်။ သို့သော် သူတို့မျက်နှာတွင် ဝမ်းနည်းခြင်း အရိပ်အယောင်တော့ မရှိပေ။
ယုဟွမ်းမင်ပြောသမျှမှာ အမှန်တရားတစ်ခုရှိတယ်ဆိုတာ သူတို့သိသည်။ ဒီတော့ သူတို့နဲ့အလုပ်လုပ်ဖို့ အန္တရာယ်ရှိတဲ့သူတစ်ယောက်ဆီ ချဉ်းကပ်နေမိတယ်ဆိုရင်ရော ဘာဖြစ်လဲ.. ဟိုဟိုဒီဒီမှာ ဒီတစ်ခုထဲကပဲ အန္တရာယ်ရှိတာမှ မဟုတ်တာဟု တွေးထားကြသည်။
ယခု ကောင်းဖန်သည် ၎င်းတို့၏ရန်သူမဟုတ်သလို ဟွာရှားမျိုးနွယ်စုမှလည်းမဟုတ်ပေ။ သူသည် ထူးခြားသည်။ သူတို့ ဘာမှ ထပ်ပြောစရာ မရှိပေ… ဒီလောက်ထိ အောင်မြင်အောင် ထိန်းထားနိုင်တဲ့ သားရဲလေ့ကျင့်သူနဲ့ ပတ်သက်ပြီး ဘယ်သူကမှ အထူးတလည် မခံစားရပဲ မနေပေ။
သူတို့၏ သားရဲများသည် ဒါေတာင် ကောင်းကင်ကမ္ဘာ၏ အရင်းအမြစ်ကျဲပါးသော ကန့်သတ်ချက်ကြောင့် နတ်ဘုရားတစ်ပိုင်းဘုံတွင် ပိတ်မိနေခဲ့သည်။ ထိုသို့မဟုတ်ပါက ၎င်းတို့အများစုသည် နတ်ဘုရားသခင်အဆင့် သားရဲလေ့ကျင့်သူများ ဖြစ်လာကြပေလိမ့်မည်။ ထိုနေ့ဖြစ်ပျက်ပြီးနောက်တွင်တော့ ယုဟွမ်းမင်ကို နောက်တစ်ကြိမ်မတွေ့ရတော့ပေ။ လိပ်နတ်မျိုးနွယ်စုမှ သားရဲလေ့ကျင့်သူများကတော့ သူ့ကိုယ်သူ ပိတ်ထားသည်ဟု ဆိုသည်။ သူဘယ်ကိုသွားတယ်ဆိုတာ တကယ်သိတဲ့သူ တော်တော်နည်းသည်။
“လူကြီးမင်းကို အိမ်ပြန်ဖို့ အကြံပေးချင်ပါတယ်.. လူကြီးမင်းရဲ့ ထောင်းဝူကို ကျွန်တော့်ရဲ့ သားရဲက မယှဉ်နိုင်တဲ့အပြင် လူကြီးမင်းရဲ့ သားရဲရဲ့ စားချင်စိတ်က ကျွန်တော့်တာ့ဇီနဲ့ ယှဉ်ရင်လည်း တော်တော်ကြီးပါတယ်” ဟုကောင်းဖန်က မုတ်ဆိတ်ဖြူနဲ့လူ (ယုဟွမ်းမင်) ကို ကူကယ်ရာမဲ့ ပြောလိုက်သည်။
အစောပိုင်း နာရီအနည်းငယ်လောက်က အဘိုးအိုသည် ကောင်းဖန်ကို တစ်ယောက်တည်း ရှာဖွေခဲ့ပြီး တစ်ညမှာတော့ အနီးနားမှာ ဘယ်သူမှ မရှိတဲ့အချိန် နောက်ဆုံးမှာတော့ သူ့ကို တွေ့ခဲ့သည်။ အဘိုးအိုက ကောင်းဖန်ကိုမြင်သောအခါ သူ၏ပထမဆုံးစကားမှာ သားရဲများကို ဖယ်ရှားထားရန်ဖြစ်သည်။
ထို့နောက် သူ့သားရဲ နတ်ဘုရားတစ်ပိုင်း ထောင်းဝူကို ထုတ်လိုက်သည်။
ကောင်းဖန်က စိတ်ဆိုးပြီး အဘိုးအိုကြီးကို ပြောလိုက်သည်။ “အဖိုး ရူးနေပြီလား” ညဉ့်နက်သန်းခေါင်တွင် အခြားသူ အိမ်ပေါ်တက်လာခြင်းသည် တကြောင်းဖြစ်သော်လည်း အဘိုးအိုသည် နတ်ဘုရားတစ်ပိုင်း သားရဲလေ့ကျင့်သူဖြစ်သည်။ သူ့လုပ်ရပ်က နတ်ဘုရားတစ်ပိုင်း သားရဲလေ့ကျင့်သူအားလုံးကို အရှက်ရစေသည်။
ပိုဆိုးတာက ပင်လယ်၀တုတ်သည် သူ့အနားတွင်ရှိနေသောကြောင့် သားရဲနှစ်ဦးစလုံး စတင်ရန်ဖြစ်ကြသည်။ အဘိုးအို၏ ထောင်းဝူသည် ပင်လယ်ဝတုတ်ကဲ့သို့ပင် ၎င်း၏စွမ်းအားကို ထိန်းချုပ်ထားသည်။ ပုံမှန်အခြေအနေတွင် ပင်လယ်ဝတုတ်သည် အဆင့် ၉၇ သားရဲကို တွန်းလှန်နိုင်မည် မဟုတ်သော်လည်း သူ့တွင် နတ်ဘုရားပစ္စည်း သုံးခု တပ်ဆင်ထားသောကြောင့် ထိုနေရာတွင်ပင် ထောင်းဝူကို ကိုင်တွယ်နိုင်လိုက်သည်။
အဘိုးအိုသည် ကောင်းဖန်အနီးတွင် ထိုင်လိုက်ပြီး သူ့ရင်တွင်းမှ မကျေနပ်မှုများကို ထုတ်ပြောနေသည်။
ကောင်းဖန်က ထိုအရာအားလုံးကို စိတ်မ၀င်စားသော်လည်း ထောင်းဝူသည် ကောင်းဖန်၏ အစားအစာများကို စားသုံးပြီး ကောင်းဖန်၏ ပစ္စည်းများကို အသုံးပြုနေတာကိုတော့ မခံနိုင်တော့ပေ။ ကောင်းဖန်သည် ထောင်းဝူငတ်ပြီး သောင်းကျန်းတော့မှာကို ကြောက်သည့်အတွက် လူတွေကို သူ့အား အစာကျွေးဖို့ စေလွှတ်လိုက်သည်။
အံ့သြစရာကောင်းတာက ထောင်းဝူက အသားတန်ပေါင်းများစွာကို တစ်ထိုင်တည်းမှာ စားနိုင်ခြင်း ဖြစ်သည်။ အဲဒီနောက်မှာ အဆိုးဆုံး ဓာတ်ငွေ့တွေ ထွက်လာသည်။ အနံ့က အရမ်းဆိုးလို့ လမ်းလျှောက်ေနတဲ့ အဆိပ်ဓာတ်ငွေ့ လက်ပစ်ဗုံးဟုပင် ပြောလို့ရသည်။
ကောင်းဖန်ကို အဆင်ပြေစေတဲ့ တစ်ခုတည်းသော အရာကတော့ သူက ရန်လိုသော သားရဲဖြစ်မနေခြင်း ဖြစ်သည်။ ဒါမှ မဟုတ်ရင်တော့ သူ့ တိုက်ခိုက်ရေး စွမ်းအားတွေကို ကြည့်ပြီး ကြောက်နေရလိမ့်မည်။
ကောင်းဖန်က ညစာစားပြီးတဲ့နောက် ဒုတိယနေ့မှာတော့ ထုပ်ပိုးဖို့ စတင်လိုက်သည်။ အဖိုးဒီမှာနေချင်ရင် ဖြစ်ပါတယ်.. ကျွန်တော်ကတော့ နဝမမြောက်ကောင်းကင်ဘုံကို အခု သွားပြီမို့ နှုတ်ဆက်လိုက်ပါတယ်...
…
“မင်းက ဟွမ်းမင်နဲ့ တွေ့ခဲ့လို့လား” ပိုင်တုံမင်းက မေးလိုက်သည်။
“သူ့ကို ယုဟွမ်းမင်လို့ခေါ်ပြီး သူ့မှာ ထောင်းဝူလို့ခေါ်တဲ့ သားရဲ တစ်ကောင်ပဲရှိတယ်” ကောင်းဖန်သည် အဖိုးအို၏ နာမည်ကို အခုမှ ပထမဆုံးအကြိမ် ကြားလိုက်ရသည်။ အခုလည်း သူ့အထောက်အထားကို သိသွားပြီဖြစ်သည်။ သူ့အမည်မှာ ယုဖြစ်သောကြောင့် သူသည် ရှန်ဟူ မျိုးနွယ်မှ ဖြစ်နိုင်ခြေအရှိဆုံးဖြစ်သည်။
“ဟုတ်တယ်..သူက လူအိုကြီးဆိုတော့ တော်တော်လေး ခေါင်းမာတယ်...” ဟု ပိုင်တုံမင်းက အမှန်အတိုင်း ပြောလိုက်သည်။ ပိုင်တုံမင်းသည်လည မုတ်ဆိတ်ဖြူ အဘိုးကြီး ဖြစ်သည်။ ထို့ကြောင့် တစ်စုံတစ်ယောက်ကို လူအိုကြီးဟု သူက ပြန်ပြောသောအခါ အလွန်ထူးဆန်းလှသည်။
“မင်းတို့ ကမ္ဘာပေါ်က သက်ရှိသတ္တဝါတွေက ငါတို့ မျိုးနွယ်စုတွေနဲ့ ယှဉ်ရင် အသိပညာ ပိုရှိတယ်.. ငါတို့က အချိန်အတော်ကြာနေထိုင်ခဲ့ပေမဲ့ ငါတို့ရဲ့ နေ့ရက်တွေက အခြေခံအားဖြင့် သားရဲတွေကို အမဲလိုက်ခြင်းနဲ့ သားရဲတွေကို ရှင်းလင်းဖို့သာ ကုန်ဆုံးခဲ့တယ်” ဟု ပိုင်တုံမင်းက အောက်မေ့သတိရစွာ ရှင်းပြသည်။
“အဲဒါကြောင့် မင်းကို ကမ္ဘာမြေပေါ်က လူမျိုးစု ကိုယ်စားလှယ်အဖြစ် ငါတို့က စေလွှတ်လိုက်တာ.. မင်း သူတို့ကို အမိန့်ပေးနိုင်ဖို့အတွက် ငါပြင်ဆင်နေတယ်” ဟု ပိုင်တုံမင်းက ကောင်းဖန်ကို ပြောလိုက်သည်။
ကောင်းဖန်က အံ့သြသွားသည်။ ငါ့လိုပျင်းရိနေသူက တပ်မှူးတစ်ဦးဖြစ်ဖို့ သင့်လျော်ပါ့မလား. သူတပါးကို ထောင်ချောက်ထဲ မကျအောင် အမိန့်ပေးနိုင်ရင်တောင် အံ့ဖွယ်ကောင်းပေလိမ့်မည်။ ကောင်းဖန်သည် ပိုင်တုံမင်းကို အလျင်အမြန် ငြင်းဆန်လိုက်ပြီး ကမ်းလှမ်းမှုကို ပယ်ချလိုက်သည်။
“အလျင်စလို ငြင်းနေစရာ မလိုပါဘူး.. ငါတို့အားလုံးက မျိုးနွယ်စုအတွင်းမှာ ပြီးမြောက်အောင်မြင်ထားတဲ့ အဖွဲ့ဝင်တွေဖြစ်ပြီး ငါတို့ရဲ့ ထိပ်တန်းမျိုးနွယ်စုသုံးစုရဲ့ ငယ်ရွယ်သူများလည်းဖြစ်တယ်.. မင်းသူတို့ကို မှန်ကန်တဲ့နည်းလမ်းနဲ့ လမ်းပြနိုင်သရွေ့ ဟွာရှားမှာရှိတဲ့ မင်းရဲ့လူတွေကို မင်းစိတ်ပူစရာမလိုဘူး” ပိုင်တုံမင်းက ကောင်းဖန်ရဲ့ ပခုံးကို တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်သည်။
မွန်းလွဲပိုင်းတွင် မျိုးနွယ်စုတစ်ခုစီမှ ကိုယ်စားလှယ်အဖြစ် မည်သူ့ကို စေလွှတ်မည်ကို ဆွေးနွေးပြီး သဘောတူညီထားပြီးဖြစ်သည်။ အဖွဲ့က ကောင်းဖန်အပြင် စုစုပေါင်း ၁၁ ယောက်ရှိသည်။ ထိပ်တန်း မျိုးနွယ်စု သုံးခုနှင့် တော်ဝင်မျိုးနွယ်ခုနစ်စုသည် ၎င်းတို့၏ လူများကို တစ်ဦးစီ စေလွှတ် မည်ဖြစ်သည်။
ဇဲ့ယွမ်က ဇဲ့ဟေးရဲ့လက်ကို ဆုပ်ကိုင်လိုက်ပြီး “အဆိပ်မှိုမျိုးနွယ်စုရဲ့ အနာဂတ်က မင်းအပေါ်မှာပဲ မူတည်တယ်” ဟုပြောလိုက်သည်။
ဇဲ့ဟေးသည် သူ့မျိုးနွယ်စုမျှော်လင့်ထားသည့်အတိုင်း သူ့အပြုံးကို ထိန်းထားသည်။ “နားလည်ပါတယ် အဖိုး”
“ဒါက မွှေးရနံ့ မှင်ဆေးဖြစ်ပြီး မင်းကို အသွင်ပြောင်းလူလို့ ထင်စေလိမ့်မယ်.. အသွင်ပြောင်းရဲ့သွေးက အစိမ်းရောင်ဖြစ်တာကြောင့် မထိခိုက်မိစေဖို့တော့ သတိထား... နည်းလမ်းအားလုံးကို သုံးပြီး မင်းရဲ့အထောက်အထားကို ကာကွယ်ပါ” ပိုင်တုံမင်းက ဆေးပုလင်းကို ကောင်းဖန်ထံ ပေးလိုက်သည်။ “ဆေးတစ်လုံးက တစ်လအထိ ခံနိုင်ရည်ရှိပြီး ပုလင်းထဲမှာ စုစုပေါင်း ဆေးလုံး ၃၆ လုံးပါတယ်”
ကောင်းဖန်သည် ပုလင်းကိုဖွင့်ကာ အစိမ်းရင့်ရောင်ဆေးလုံးတစ်ခုကို လောင်းချလိုက်သည်။ စိမ်းပြီးချောမွတ်နေတဲ့ မျက်နှာပြင်ကို ကြည့်လိုက်တော့ သူသည် လေးလေးနက်နက် တွေးတောမိသွားသည်။ ဆေးကို မျိုချပြီးတဲ့ အခြားသူများကို လှည့်ကြည့်လိုက်ပြီး နောက်ဆုံးတွင် ကောင်းဖန်သည် လက်သီးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်ပြီး ဆေးကို မျိုချလိုက်သည်။
ထို့နောက် ခြင်္သေ့ဖြူကိုခေါပြီး ရေခဲမှန်တစ်ခုဖန်တီးရန် အမိန့်ပေးလိုက်သည်။ ကောင်းဖန်သည် သူ့မျက်နှာ အရောင်ပြောင်းလာသည်ကို သတိပြုမိလိုက်သည်။ သူ့မျက်နှာရှိ သွေးကြောများသည် အစိမ်းရောင်သွေးများ စီးဆင်းနေသကဲ့သို့ စိမ်းသွားသည်ကို သတိပြုမိသည်။ သူ့နှုတ်ခမ်းတွေတောင် ခရမ်းရောင်ပြောင်းသွားသည်။
သူ့ခန္ဓာကိုယ်တစ်ခုလုံးသည် မှိုင်းညို့နေသော ရောင်ဝါကို ပေးစွမ်းလာသည်။ သူ့အရေပြားမှာ အစိမ်းဖျော့ဖျော့လေးရှိလာသည်။ ဒါက မထင်ရှားသော်လည်း ထူးဆန်းသည်။ ကောင်းဖန်က သူ့မျက်နှာကို ထိလိုက်သည်။ “ငါ့တစ်ကိုယ်လုံး တကယ်စိမ်းနေပြီ”
***
သားရဲလေ့ကျင့်သူ
အခန်း ၆၇၀ သွေးပုတ်သင်ညို, ဧရာမ ကပ်ဆိုးဘုရင်
“သွားကြရအောင်.. မင်းတို့အားလုံးကို တစ်စုတစ်စည်းထဲ အိမ်ပြန်ဖြစ်အောင် ငါသေချာပေါက်လုပ်ပေးပါမယ်” ဟုကောင်းဖန်က ကြေငြာလိုက်သည်။
မျိုးနွယ်စုတစ်ခုစီမှ သားရဲလေ့ကျင့်သူများက လာ၍ နှုတ်ဆက်ကြသည်။ ၎င်းတို့အားလုံးသည် အခြေခံအားဖြင့် ရင်းနှီးသောမိတ်ဆွေများဖြစ်ပြီး ၎င်းတို့၏အိမ်မှ ပို့ဆောင်မည့်သူများဖြစ်သည်။ ခရီးတစ်လျှောက်မှာ တစ်ယောက်နဲ့တစ်ယောက် သတိထားနိုင်ဖို့ ကောင်းဖန်နဲ့ ပိုရင်းနီးတာ ကောင်းမယ်လို့ ဆုံးဖြတ်လိုက်ကြသည်။
ကောင်းဖန်လှည့်ကြည့်လိုက်တော့ သူ့နောက်က အသံတစ်ခုက “ဘေးကင်းစွာ ပြန်လာပါ” ဟု အော်နေသည်။
“ကောင်းပါပြီ” ကောင်းဖန်က ပြုံးပြပြီး လူစုလူဝေးကြားတွင် ရပ်နေသော ပဲ့ချင်းယန်ကို လက်ပြလိုက်သည်။
ကြီးမားသော အဖြူရောင်ဝတ်ရုံရှည်ကို ၀တ်ထားသော အဖွားအိုသည် ပဲ့ချင်းယန်ဘေးတွင် ရပ်နေပြီး ထူးဆန်းသော အမူအရာကိုဖော်ပြထားသည်။ အဘွားအို၏ မျက်လုံးများသည် အားမာန်အပြည့်ဖြင့် ရုတ်တရက် လှည့်ပတ်လာသည်။
အသေးစိတ်မြေပုံကို လက်ထဲတွင်ကိုင်ထားပြီး ခရီးတွင် ကောင်းဖန်သည် သားရဲလေ့ကျင့်သူ ဆယ်ဦးကို ဦးဆောင်ခဲ့သည်။ လေတိုက်နေသည်နှင့်အမျှ စိမ်းလန်းစိုပြေသော မြက်ခင်းပြင်ကြီးသည် လှိုင်းလုံးကြီးများဖြင့် တလိမ့်လိမ့်လူးနေသည်။
“ကောင်းပြီ.. တစ်ယောက်နဲ့တစ်ယောက် မိတ်ဆက်ရအောင်.. မင်းတို့ တစ်ဦးချင်းစီရဲ့ သားရဲမှာရှိတဲ့ အရည်အချင်းတွေနဲ့ အဆင့်တွေကို ပြောပြပါ” ဟု ကောင်းဖန်က သားရဲလေ့ကျင့်သူ ဆယ်ယောက်ကို ပြောလိုက်သည်။ သူတို့၏စွမ်းရည်များသည် သူ့အတွက် လျှို့ဝှက်ဆန်းကြယ်နေသေးပြီး ၎င်းသည် လူတစ်ဦးစီ၏လျှို့ဝှက်ချက်ဖြစ်သောကြောင့် ဖြစ်နိုင်သည်မှာ မည်သူကမျှတော့ လုံးလုံးလျားလျား ရိုးသားနေမည်မဟုတ်ပေ။
“ကျွန်တော်က နဂါးဖြူမျိုးနွယ်ရဲ့ ပိုင်ဟိုင်ရှန်း.. အရှင်သခင်အဆင့် သားရဲလေ့ကျင့်သူပါ”
“ကျွန်တော်က လိပ်နက်မျိုးနွယ်စုထဲက ယုကျီကျင်း… အရှင်သခင်အဆင့် သားရဲလေ့ကျင့်သူပါ “
“ကျွန်မက အစိမ်းရောင် နတ်ဘုရားမျိုးနွယ်စုက ချင်းချင်း… အရှင်သခင်အဆင့် သားရဲလေ့ကျင့်သူပါ “ သူမသည် ဆယ်ဦးထဲမှ မိန်းကလေးနှစ်ဦးထဲမှ တစ်ဦးဖြစ်သည်။
“မြောက်ပိုင်းရေခဲမျိုးနွယ်စုက ပဲ့ဟွမ်းမီ.. ဧကရာဇ်အဆင့် သားရဲလေ့ကျင့်သူပါ” အခြားမိန်းကလေးက သူ့ကိုယ်သူ မိတ်ဆက်သည်။
“ကျွန်တော်က အဆိပ်မျိုးနွယ်စုက ဇဲ့ဟေး.. သူတော်စင်အဆင့် သားရဲလေ့ကျင့်သူ” သူတို့ကြားတွင် သိသာထင်ရှားဆုံးမှာ နောက်ဆုံးစကားပြောသူဖြစ်သည်။ ချက်ခြင်းပင် ဇဲ့ဟေးသည် လူတိုင်း၏အာရုံကို ဖမ်းစားလိုက်သည်။
သူတော်စင်အဆင့်သားရဲလေ့ကျင့်သူ….
အသက် ၃၀ ထက်မကြီးတဲ့ ကောင်းဖန်က နတ်ဘုရားတစ်ပိုင်းသားရဲလေ့ကျင့်သူ ဖြစ်နေတာက သိပ်အံ့သြစရာမဟုတ်ပေ။ ထို့ကြောင့် ဒီမှာ ရွယ်တူ သူတော်စင်အဆင့် သားရဲလေ့ကျင့်တူတစ်ယောက်ရှိတာကလည်း အံ့သြစရာမရှိပေ။
“သူ့အကြောင်း ကြားဖူးမယ်ထင်တယ်.. မကြာသေးခင်က အဆိပ်မှိုမျိုးနွယ်စုမှာ အစွမ်းထက်တဲ့ လူတော်တစ်ယောက်ရှိတယ်လို့ ကောလဟာလတွေ ထွက်ခဲ့ပေမဲ့ သူကို ဒီလူငယ်လေးဖြစ်မယ်လို့တော့ ကျွန်တော် မထင်ထားခဲ့မိဘူး” ဟု ဧကရာဇ်အဆင့် သားရဲ လေ့ကျင့်သူ လဲ့ဟူက ပြောလိုက်သည်။
ကောင်းဖန်သည် သူ့အထင်အမြင်လွဲမှားခြင်းဟုတ်မဟုတ် သိချင်နေသည်။ ဇဲ့ဟေးမှာ ထူးဆန်းသော်လည်း ရင်းနှီးသော ရောင်ဝါရှိပုံရသည်။ ဇဲ့ဟေးသည် မည်သည့်ခြိမ်းခြောက်မှုပုံစံကိုမျှ မပြသော်လည်း ကောင်းဖန်သည် စိတ်မငြိမ်မသက်ဖြစ်ပြီး သူ့ကို အကြိမ်အနည်းငယ် လှည့်ကြည့်မိသည်။
လူတိုင်းတွင် အောင်မြင်မှုအတွက် ကိုယ်ပိုင်နည်းလမ်းများ၊ ကံကောင်းခြင်းများနှင့် ကျွမ်းကျင်မှုများ၊ သင်တော်တဲ့ လှည့်စားခြင်းနည်းလမ်းများကို ပိုင်ဆိုင်ထားကြသည်။ ဇဲ့ဟေးသည် မယုံနိုင်လောက်အောင် ပြိုကွဲပျက်စီးနိုင်တဲ့ အစွမ်းတွေ ပိုင်ဆိုင်ထားရုံသာမက ကူးပြောင်းလာတဲ့ လေ့ကျင့်သူလည်း ဖြစ်သည်။
အကယ်၍ ဇဲ့ဟေး၏သားရဲသည် မကောင်းသော စိတ်ထားမရှိပါက သူသည်လည်း သာမန် လုပ်ဖော်ကိုင်ဖက်တစ်ဦး ဖြစ်မည်မှာ သေချာသည်။
“ခင်ဗျားကိုတွေ့ရတာဝမ်းသာပါတယ်” ကောင်းဖန်က ပြုံးပြီး နှုတ်ဆက်ဖို့ သူ့လက်ကို ဆွဲထုတ်လိုက်သည်။
ကောင်းဖန်က နှုတ်ခွန်းဆက်စကား စပြောတော့ ဇဲ့ဟေးက အံ့သြသွားသည်။ ပထမတော့ သူသတိထားမိနေပေမယ့် ကျေးဇူးပြန်တင်ဖို့ သူ့ညာဖက်လက်ကို ချက်ခြင်းဆွဲလိုက်သည်။ သူသည် ကောင်းဖန်နှင့် ပေါင်းသင်းရန် ဝန်လေးမိပုံရပြီး အခြားသူများနှင့် ယှဉ်ရင် အလွန်စကားနည်းသည်။ စကားတစ်ခွန်းမှ မပြောဘဲ အုပ်စု၏အဝေးဆုံးသို့ ခပ်သွက်သွက် လျှောက်သွားတတ်သည်။ သူက အဆင်မပြေဘူးဆိုတာတော့ သိသာသည်။
“မင်းတို့ မျိုးနွယ်စုက မင်းကို စေလွှတ်တာဆိုတော့ ရဲရင့်တာ သေချာပါတယ်” ဟု လဲ့ဟူက ဇဲ့ဟေးကို လက်မထောင်ပြရင်း သဘောကျစွာ ပြောလိုက်သည်။ ဘုရင်ခုနစ်ပါးမျိုးနွယ်စုတွင် သူတော်စင်အဆင့်သားရဲလေ့ကျင့်သူရှိခြင်းသည် ပုလဲနက်ကိုရှာတွေ့ခြင်းနှင့်တူသည်။
ဇဲ့ဟေးသည် စကားတစ်ခွန်းမှ မပြောဘဲ မျက်ခုံးပင့်ကာ မျက်လုံးများကို အမြန်မှိတ်လိုက်သည်။
သူတို့သည် ကြီးမားသော လယ်ကွင်းတစ်ခုကို ဖြတ်ကျော်လာပြီး အစွန်းသည် နဝမမြောက် ကောင်းကင်ဘုံဖြစ်သည်။ မိုးကုပ်စက်ဝိုင်းကို ကျော်လွန်၍ မှုန်ဝါးသောတောင်တန်းတစ်ခု မြင်ကွင်းထဲတွင် ထွက်ပေါ်လာသည်။
သူတို့အနီးသို့ရောက်သောအခါ ကောင်းဖန်သည် အဝါရောင်မြေဆီလွှာနှင့် မီးခိုးရောင်ကျောက်တုံးကြီးများသာ ကျန်ရှိတော့သည့် ကျက်တီးမြေ တောင်ထိပ်ဖြစ်ကြောင်း သိရှိလိုက်ရသည်။ ထိုနေရာတွင်ရှုခင်းသာမရှိပေ။
တောင်တန်းကြီးသည် ကျက်တီးမြေဖြစ်ပြီး အဲဒီနေရာကို ဗုံးကျသွားသကဲ့သို့ တိတ်ဆိတ်နေသည်။ ဗလာ...ဗလာ.. ဘာမှမရှိပေ.. .မျက်စိတစ်ဆုံးကျက်တီးမြေဖြစ်နေသည်။
ကောင်းဖန်သည် မြေပုံကိုဖွင့်ကာ သူ့ရဲ့တည်နေရာတွေကို စုစည်းဖို့ကြိုးစားလိုက်သည်။ သူတို့သည် လက်ရှိတွင် ဝင်ပေါက်တွင် ရပ်နေပြီး ထိုထက်ကျော်လွန်သွားပါက တောင်တန်းတစ်ခုရှိသည်။
တောင်တန်းများတွင် အကြာကြီး ခရီးထွက်ပြီးနောက် နောက်ဆုံးမှာတော့ လူသားတွေ နေထိုင်ရာကို တွေ့လာကြသည်။ အသွင်ပြောင်း လူမျိုးစုနှစ်နိုင်ငံဖြစ်သည့် မင်ယု နှင့် မုယုံးတို့နှင့်တော့ အတော်အတန်အလှမ်းဝေးသေးသည်။
“ငါတို့ မင်ယုကိုသွားကြမယ်” ဟု ကောင်းဖန်က ဆိတ်သားရေစာလိပ်ကို ချပြီး အုပ်စုကို အနောက်မြောက်ဘက်ဆီ ဦးဆောင်သွားသည်။
ညမိုးချုပ်သည်နှင့် လသည် နေကို အစားထိုး၍ မြင့်တက်လာသည်။ မီးပုံ၏ တောက်ပမှုအောက်တွင် သားရဲလေ့ကျင့်သူများသည် ည အမှောင်ကိုအကာအကွယ်ယူပြီး သူတို့ပတ်ဝန်းကျင်တွင် သားရဲများကို လွှတ်ပေးထားသည်။
ဧကရာဇ်၊ အရှင်သခင်၊ သူတော်စင် နှင့် နတ်ဘုရားတစ်ပိုင်း သားရဲများ တစုတဝေးတည်း စုပြုံနေကြသည်။
ထိုအချိန်တွင် ကောင်းဖန်သည် ဇဲ့ဟေး၏ သားရဲဖြစ်သော သွေးပုတ်သင်ညို ဧရာမကပ်ဆိုးဘုရင်ကို တွေ့လိုက်ရသည်။ ၎င်းသည် ပုတ်သင်ညိုကြီး တစ်ကောင်ဖြစ်ပြီး အလွန်ကြီးမားသောကြောင့် မြေပြင်ပေါ်တွင် တွားသွားသည့် တောင်ငယ်တစ်ခုကဲ့သို့ ထင်ရသည်။ သူ့ခန္ဓာကိုယ်က ပုပ်သိုးဆွေးမြေ့တဲ့ အနံ့ဆိုးတွေကို ပေးစွမ်းသည်။
[သားရဲ အမည်] - သွေးပုတ်သင်ညို ဧရာမကပ်ဆိုးဘုရင်
[သားရဲ အဆင့်] - အဆင့် ၈၆ ( သူတော်စင်အဆင့်)
[သားရဲ အမျိုးအစား] - အဆိပ်/သွေး
[သားရဲ စွမ်းရည်ဆင့်] - မော်ကွန်းတင်/ ဒဏ္ဍာရီ
[သားရဲ စွမ်းအင်] - အဆိပ်သွေးကပ်ဆိုး အဆင့် ၇၊ ဧရာမ အဆင့် ၇၊ သွေးပျက်ဆီးခြင်း အဆင့် ၇ ၊ ပိုမိုကောင်းမွန်သော ကုသနိုင်စွမ်း အဆင့် ၇
[ထူးခြားသော သွင်ပြင်လက္ခဏာ] - အဆိပ်သွေးကူးဆက်ခြင်း(၎င်း၏ခန္ဓာကိုယ်တွင် ပျံ့နှံ့နေသော ဆိုးရွားသော ကပ်ဆိုးအဆိပ်သည် ရန်သူကို ဒဏ်ရာတစ်ခု ဖန်တီးလိုက်သည်နှင့် ရောဂါပိုးကို ပိုမိုပြင်းထန်စွာ ကူးစက်စေကာ ရန်သူကို ပြင်းပြင်းထန်ထန် ပျက်စီးစေသည်။ ရန်သူသည် သေကြေပျက်စီးပြီး ၎င်းတို့၏ခန္ဓာကိုယ်တွင် ကပ်ဆိုးအဆိပ်အကြွင်းအကျန်များ ပါ၀င်နေသောကြောင့် လူသေကောင်ပေါ်တွင် ဆင့်ပွားပြောင်းလဲမှုနှင့် ရောဂါပိုးကူးစက်မှုတို့ကို ဖြစ်စေသည်။)
[သားရဲ အမျိုးအစား] - မရဏအမျိုးအစား
[သားရဲ ဖော်ပြချက်] - ကပ်ဆိုးနတ်ဘုရား၏ လက်ချောင်းကျိုးခြင်းကြောင့် ကူးစက်ခံရကာ ၎င်း၏ခန္ဓာကိုယ်တွင် ပြင်းထန်သော ကပ်ဆိုးရောဂါစွမ်းအားရှိသည်။ ၎င်း၏ပြန်လည်မွေးဖွားမှုသည် သန်မာပြီး အလွန်ကြီးမားသော်လည်း သွက်လက်မှုမရှိပေ။ ၎င်းသည် သက်ရှိသားကောင်ကို စားသုံးရန် နှစ်သက်ပြီး အပူချိန်မြင့်ခြင်းကို မကြိုက်ပေ။
ကပ်ဆိုးနတ်ဘုရားရဲ့ လက်ချောင်းကျိုး... အမှောင်ထဲမှာ ထိုင်ရင်း ကောင်းဖန်ရဲ့ မျက်လုံးတွေ တောက်ပလာသည်။ ဇဲ့ဟေး၏ ရွှေလက်ချောင်းသည် ကပ်ဆိုးနတ်ဘုရားနှင့် ပတ်သက်သည့် အရာတစ်ခု ဖြစ်နိုင်သလား..
***
သားရဲလေ့ကျင့်သူ
အခန်း ၆၇၁ ဒဏ္ဍာရီလာ မင်းသမီး
ကောင်းဖန်တို့အဖွဲ့သည် တောင်တန်းကို မြန်မြန် ဖြတ်သန်းခဲ့ကြပြီး နောက်ဆုံးတွင် မင်ယုအရှေ့ပိုင်းသို့ ရောက်ခဲ့ကြသည်။
မင်ယုနှင့် မူယုံးတို့သည် စစ်ပွဲကြားတွင် အပျက်အစီး များခဲ့ရသည်။ သူတို့ ၂ ခုကြားစစ်ပွဲသည် မရပ်မနား ဖြစ်နေခဲ့သည်။ အချိန်ကြာလာသည်နှင့် အမျှ စိတ်ပုံမှန် မဟုတ်တော့သော သားရဲလေ့ကျင့်သူ အချိူ့သည် ရန်သူနယ်နိမိတ်ထဲ တိုး၀င်ကာ လူမျိုးတုံးသတ်ဖြတ်ဖို့ ကြိုးစားလာကြသည်။ ၂ ဖက်နိုင်ငံ ၂ ခုလုံးသည် အခြေအနေများ ဆိုးရွားနေကြကာ နယ်နိမိတ် အတွင်း နေထိုင်သူများသည် နေ့စဉ်နှင့်အမျှ ကြောက်လန့်နေကြရသည်။
မိုးရွာထားပြီးသောကြောင့် လမ်းမပေါ်တွင် ရွှံ့များနှင့် ပေရေ ညစ်ပတ်နေသည်။
သူတို့ရှေ့တွင် အစိမ်းရောင် အသားအရေနှင့် အရပ်ရှည်ရှည် လူတစ်ယောက်သည် မြို့အ၀င်၀တွင် ရပ်နေသည်။ သူ့ကို ကြည့်ရတာ အစိမ်းရောင် အပင်တစ်ပင်နှင့်ပင် တူနေသေးသည်။
ကောင်းဖန်လန့်သွားသည်။ လူတစ်ယောက်က ဘယ်လိုတောင် ဒီလိုအသားအရေ ဖြစ်နေရတာလဲ.. ငါတောင် သူ့လောက် မစိမ်းဘူး..
သူ့ဘေးတွင် လူမျက်နှာ ကျားရိုင်း ကိုယ်ပိုင်သားရဲတစ်ကောင် ရှိနေသည်။ သူ့မျက်နှာသည် အလွန်ခက်ထန်ပြီး ကြီးမားကာ ပြားချပ်သည်။ သူသည် တြိဂံပုံမျက်လုံးများနှင့် ၀င်ထွက်နေသော သူများကို သေချာအကဲခတ်နေသည်။
“သွားစမ်း လမ်းဖယ်ကြစမ်း” တစ်ဖက်မှ စူးရှ ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာသည်။ မြို့ထဲကို ၀င်သော အဓိက လမ်းမ ၃ ခုရှိရာ ထိုအသံသည် လမ်းမ တစ်ခုဆီမှ ထွက်လာခြင်း ဖြစ်သည်။
ပေ ၃၀ မြင့်သော ကြီးမားသည့် မီးခိုးရောင် ကြံကြီး လမ်းမပေါ်တွင် ဖြတ်လျှောက်နေသောကြောင့် မြေကြီးသည် တုန်ခါနေသည်။ သူသည် သံချပ်ကာ ခေါင်းဆောင်းကို ၀တ်ဆင်ထားပြီး ထူထဲသော အနီရောင် သံကြိုးများက ပုခုံးတွင် ရှိနေသည်။ ထိုသံကြိုးများသည် ဘီး ၄ ဘီးတပ် ကားတစ်စီးနှင့် ချိတ်ဆက်ထားသည်။
ကားခေါင်မိုးပေါ်တွင် သေးငယ်ပြီး ထူးခြားသော ထီးသေးသေးလေး တစ်ခု ရှိသည်။ ထူးဆန်းပြီး အဖြူရောင် အမွှေးအတောင်များရှိသည့် ကြက်တူရွေးလေးတစ်ကောင်သည် ထီးအောက်တွင် ရှိနေပြီး မျက်လုံးများက နက်မှောင်လှသည်။
ကြက်တူရွေးလေးက ချစ်စရာကောင်းသည်။ သို့သော် စကားပြောရာတွင်တော့ စူးရှရိုင်းစိုင်းလှသည်။ “လမ်းဖယ်ကြစမ်း အဆင့်အတန်း နိမ့်ကျတဲ့ဟာတွေ.. မင်းတို့တွေ အနင်းခံရပြီး သေရင် ငါဆိုတဲ့ သခင်လေးက တစ်လစာ ထောက်ပံ့ပေးနေရဦးမယ်” ကြက်တူရွေးက အသံကျယ်ကျယ်ဖြင့် ပြောနေသည်။
ကျင်းကျင်းက ကျယ်လောင်စွာ ရယ်မောလိုက်သည်။ ကားထဲမှ သခင်ကတောင် သူ့လောက် မောက်မာနိုင်မည် မထင်ပေ။
“အခုဘယ်ရောက်နေပြီလဲ ရိုဘတ်စ်” နူးညံ့သော အသံတစ်ခုက ကားထဲမှ ထွက်ပေါ်လာသည်။
“သခင်.. အခု မင်ယုနယ်နိမိတ်ထဲ ပြန်ရောက်နေပါပြီ” ကတုံးပြောင်ပြောင် အသားညိုညို လူတစ်ယောက်သည် ကားအောက်ခံထည်ပေါ်တွင် မျှော်စင်ကြီး တစ်ခုလို မတ်တပ်ရပ်နေသည်။ သူသည် သားရေ သံချပ်ကာကို ၀တ်ဆင်ထားပြီး လက်ကောက်၀တ် ၂ ဖက်လုံးတွင်လည်း လက်ပတ်များ ၀တ်ထားသည်။ သူ၏ ကြွက်သားများကလည်း သန်မာတုတ်ခိုင်လှသည်။
သားရဲလေ့ကျင့်သူများ၏ အင်အားသည် ကိုယ်ပိုင်သားရဲများအပေါ် မှီတည်နေသောကြောင့် သူတို့ကိုယ်တိုင်က လေ့ကျင့်မှုများမလုပ်နေရင်တောင် စွမ်းအားက အလိုလိုကြီးနေမည် ဖြစ်သည်။ သေချာတာတစ်ခုကတော့ ကြွက်သားများဖြင့် ပြည့်နေသော သားရဲလေ့ကျင့်သူ အများစုသည် သူတို့ကိုယ်ပိုင်သားရဲများကို မကြာခဏ လေ့ကျင့်သူများ ဖြစ်ကြသည်။
ကားသည် ပြတင်းပေါက် ၄ ချပ်လုံးကို ဖွင့်ထားပြီး ခေါင်းတစ်လုံးက ပြတင်းပေါက် တစ်ချပ်ဆီမှ ထွက်လာသည်။ ကောင်းဖန်သည် ထိုအချိန်တွင် အလှတရားတစ်ခုကို ခံစားလိုက်ရသည်။ သူမ၏ လှပသော အနက်ရောင် ဆံပင်များသည် ပုခုံးဆီမှ ကျဆင်းနေပြီး အသားအရေသည် နှင်းလို ဖြူဖွေးနေသည်။ ကြည်လင်လှသော ပါးပြင်အောက်တွင် သွေးကြောလေးများပင် မြင်နေရပြီး ထိုသွေးများကတော့ အစိမ်းရောင် ရှိနေသည်။
ထိုမြို့သည် မင်ယုနိုင်ငံ နယ်စပ်တွင် တည်ရှိပြီး စစ်ပွဲကို အချိန်မရွေး ကြုံရနိုင်ချေ ရှိနေသည်။ သို့သော် မြို့ထဲတွင် စစ်စခန်းတစ်ခုမှ မရှိသောကြောင့် စွန့်ပစ်ခံထားရပုံပေါ်သည်။ အကြီးအကဲအများစုသည် ထွက်ပြေးစွန့်ခွာသွားကြတာ ကြာပြီဖြစ်ပြီး နိမ့်ကျသော ပြည်သူများသာ ကျန်ခဲ့သည်။
လမ်းကြားလေးများထဲမှ ပြတင်းပေါက်လေးများဆီမှ ညစ်ပတ်ပေရေနေသော မျက်နှာလေးများနှင့် ပြည်သူအချို့သည် ဂုဏ်သရေရှိ အရာရှိများကို ခေါင်းပြူကြည့်နေကြသည်။ အချိူ့သူများသည် အစာရေစာ ပြတ်လပ်နေကြပုံပင် ပေါ်နေကြသည်။
“ဒီနေရာကို သုခဘုံတစ်ခုလို ထင်ထားတာ.. ငတ်ပြတ်နေတဲ့သူတွေ အများကြီးရှိနေလိမ့်မယ်လို့ မထင်မိဘူး” ယုကျီကျင်းက အပြုံးတစ်ခုနှင့် နူးညံ့စွာ ပြောလိုက်သည်။
“အပြောအဆိုဆင်ခြင်စမ်း” ကောင်းဖန်က သတိပေးလိုက်သည်။
ရိုဘတ်စ်ဟု ခေါ်သောသူသည် သူတို့ရှိရာဘက်သို့ တစ်ချက်စွေကြည့်လိုက်သည်။ “ရိုဘတ်စ်.. အသုံးမပြုတဲ့ အစေ့တွေကို သူတို့ကို ပေးလိုက်ပါ” ကားထဲမှ မိန်းကလေးက ညွှန်ကြားလိုက်သည်။
“ကောင်းပါပြီ” တုံ့ဆိုင်းခြင်း မရှိစွာပင် ရိုဘတ်စ်သည် ကားအနောက်မှ လိုက်လာသော လူရာကျော်ထဲမှ အနက်ရောင်၀တ်စုံ၀တ်ထားသော သက်လတ်ပိုင်း လူတစ်ယောက်ကို ရှာလိုက်သည်။ သူတို့သည် ခဏကြာ ခပ်တိုးတိုး ဆွေးနွေးပြီးနောက် သက်လတ်ပိုင်းလူသည် သူ၏ သိုလှောင်ခန်း ကိုယ်ပိုင်သားရဲကို ဆင့်ခေါ်လိုက်သည်။ ထိုသားရဲသည် အဖြူရောင် အရေပြား ရှိပြီး ကြီးမားသော ၀မ်းဗိုက်ကြီး ရှိကာ ခေါင်းပေါ်တွင် ရှည်လျားသည့် ဦးချိုကြီးရှိသည်။
ဖားကြီးသည် ပါးစပ်ကြီးကို ဟလိုက်ပြီးနောက် သေချာပိတ်စေ့ထားသည့် အိတ်ကြီးများကို အန်ချလိုက်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် အိတ်ကြီးများသည် သူတို့ရှေ့တွင် အထပ်လိုက် ပုံသွားတော့သည်။ ထို့နောက် ရိုဘတ်စ်၏ ညွှန်ကြားချက်ဖြင့် အစေ့များကို ဝေပေးလိုက်သည်။
သူတို့ပြောနေသော ဘာသာစကားသည် မျိုးနွယ်စု၏ လက်ရှိ ဘာသာစကားနှင့် ဆင်တူသောကြောင့် ကောင်းဖန်သည် သူတို့ပြောတာ တစ်ပုံစံတည်း ဖြစ်နေမလားလို့ သံသယဖြစ်မိလိုက်သည်။ သို့သော် သူ့အတွက်တော့ နားလည်ရခက်ခဲနေသေးသည်။
ထို့အပြင် နှစ်ပေါင်းများစွာ ကြာပြီးနောက် လေယူလေသိမ်းကလည်း အတော်လေး ပြောင်းလဲနေခဲ့ပြီ ဖြစ်သည်။ ကောင်းဖန်သည် အချို့စကားလုံးများကိုသာ နားလည်နိုင်ပြီး သူတို့ပြောနေသော အကြောင်းအရာများကို မှန်းသာ မှန်းဆနိုင်နေသည်။
“သူတို့ ပြောနေကြတာက ငါတို့က ဒေသခံတွေနဲ့ မတူပဲ ထူးခြားနေတယ်တဲ့.. အဲဒါကြောင့် ငါတို့ကို သူလျှိုတွေလို့ သံသယရှိနေကြတယ်.. ဂရုစိုက်ကြ.. ကတုံးက ငါတို့ကို တိတ်တဆိတ် အကဲခတ်နေတယ်” ကောင်းဖန်က ပြောလိုက်သည်။
သူတို့ ၁၀ ယောက်လုံး လန့်သွားကြသည်။ ထို့နောက် သတိကြီးစွာဖြင့် အချင်းချင်း စုစည်းလိုက်ကြသည်။
ရိုဘတ်စ်သည် အစက သူတို့ တီးတိုးပြောနေသည်များကိုကြားမိသော်လည်း သိပ်တော့ စိတ်မပူမိပေ။ သို့သော် ကောင်းဖန်တို့အဖွဲ့၏ တုံ့ပြန်မှုကို ကြည့်ပြီး စိတ်ထဲစနိုးစနောင့် ဖြစ်သွားသည်။ သူတို့က မုယုံးက လွှတ်လိုက်တဲ့ လူသတ်သမားတွေများလား..
“သခင်မလေးကို ကာကွယ်ကြ” ရိုဘတ်စ်သည် သူ့ဘေးရှိလူများကို အမိန့်ပေးလိုက်သည်။ ထို့နောက် ကောင်းဖန်တို့ဆီကို လျှောက်လာသည်။
“ငါတို့ ဘယ်လိုလုပ်ကြမလဲ.. ဂိုဏ်းအုပ်ဘုန်းတော်ကြီးက ငါတို့ မရောက်ခင် ငါတို့ရဲ့ သရုပ်မှန်တွေကို မပေါ်စေနဲ့လို့ မှာထားတာ..” ပဲ့ဟွမ်းမီက စိတ်ပူပန်စွာ ပြောလိုက်သည်။ သူတို့တွေသည် ရောက်ကတည်းက သရုပ်မှန်ပေါ်သွားပါက ပြန်ရောက်သွားရင် အဟားခံရမှာ သေချာသည်။
“မီးစင်ကြည့်ကတာပေါ့” ကောင်းဖန်က တည်ငြိမ်စွာပင် ပြောလိုက်သည်။ သူသည် စိတ်တွင်းက သွေးပျက်ထိတ်လန့်နေသော်လည်း အပြင်ပိုင်းက တည်ငြိမ်နေသည်။
ထိုအချိန်တွင် ပြည်သူလူထုထဲမှ ပုန်းကွယ်နေသော အဖွားအိုတစ်ယောက်သည် ရှေ့ထွက်လာသည်။ သူမ၏ ရင်ဘတ်ပိုင်းတွင်ရှိသော မီးခိုးရောင် အကွက်တစ်ခုသည် လျင်မြန်စွာ ကျယ်ပြန့်သွားသည်။ ထို့နောက် အဖွားအိုသည် အလင်းပျောက်လေးတစ်ခုလို ချက်ချင်း ပျောက်ကွယ်သွားတော့သည်။
မီးခိုးရောင် အလင်းတန်း ပျောက်ကွယ်သွားပြီးနောက် အမြစ်များဖြင့် သားရဲကြီးတစ်ကောင်သည် ထိုနေရာတွင် ပေါ်လာသည်။ မီးခိုးရောင် ပင်စည်ကြီးသည် ကြမ်းတမ်း ကြီးမားလှသည်။ ရှည်လျားသော အကိုင်းများက မြေပြင်ဆီသို့ လှံတံများလို ကျဆင်းနေသည်။ မီးခိုးရောင် နယ်နိမိတ်ကြီးက ထိုသားရဲကြီးကို ဖုံးလွှမ်းထားသည်။
ထိုဖြစ်ရပ်ကြောင့် နောက်လိုက်အချို့သည် တုန်လှုပ်သွားကြပြီး ပါးစပ်အဟောင်းသား ဖြစ်နေကြသည်။ သူတို့ မျက်နှာများသည် ဖြူဖျော့နေကြပြီး တချို့မှာ လဲပင်ကျကုန်ကြသည်။
ထိုအခြင်းအရာများကို မြင်ပြီး ရိုဘတ်စ်က အော်ပြောလိုက်သည်။ “မင်းသမီးကို ထိခိုက်အောင် လုပ်ရဲလုပ်ကြည့် မင်းကို သတ်ပစ်မယ်” သူသည် လှည့်လိုက်ပြီး ခြေထောက်ကို ဆောင့်လိုက်သည်။ ထိုအခါ လေသည် ၂ ခြမ်းကွဲသွားပြီး ဘဲဥပုံ ပုံရိပ်ယောင် တစ်ခု ပေါ်လာသည်။ ထို့နောက် ဖြူပြာရောင် ကျားကြီး တစ်ကောင်သည် ထိုထဲမှ ခုန်ထွက်လာသည်။
ရိုဘတ်စ်သည် ကျားကြီးနှင့် ပူးပေါင်းလိုက်သည်။ ခဏအကြာတွင် ကျားကြီး၏ မျက်လုံးထဲမှ စွမ်းအားကြီးသော နတ်ဘုရားအလင်းတန်းကြီး ထွက်ပေါ်လာပြီး ထိုထွင်းဖောက်မြင်ရသော အလင်းတန်းကြီးသည် တစ်မြို့လုံးကို ဖုံးလွှမ်းသွားသည်။
ထို့နောက် တစ်ချက်ခုန်လိုက်ပြီး ကျားကြီးက လုံး၀ပျောက်ကွယ်သွားတော့သည်။ ထို့နောက် အနက်ရောင် ဝိဉာဉ်ဖောင်တစ်ခုသည် ကြာပွတ်တစ်ခုလို ပျံသန်းလာပြီး သစ်ပင်သားရဲကြီး၏ လက်တံများအားလုံးကို ဖြတ်တောက်ပစ်လိုက်သည်။
ထို့နောက် သစ်ပင်ကြီးသည် ၂ ခြမ်းကွဲသွားတော့သည်။ ကွဲကြောင်းကြီးသည် မြေကြီးအောက် ပေရာချီထိပင် ကွဲအက်သွားသည်။
သို့သော် မြေကြီးပေါ်ကျသွားသော သစ်ပင်သားရဲသည် အသက်ရှင်နေသေးသည်။ သူ၏ ကွဲပြတ်သွားသော ကိုယ်မှ လက်တံများ များပြားစွာ ပြန်ထွက်လာပြီး ၂ ပိုင်းပြန်ဆက်သွားသည်။ များပြားလှသော သစ်ကိုင်းများသည် ကြီးမားသော စပါးကြီးမြွေကြီးများလို ယိမ်းထိုးနေကြသည်။
လက်တံများသည် အိမ်များကို အရုပ်လေးများလို စုတ်ဖြဲ ဖျက်ဆီးလိုက်ကြသည်။ နံရံများသည် အလွယ်တကူ ပြဲစုတ်သွားပြီး အစိမ်းရောင် ပန်းများက မြို့တစ်ခွင် ပွင့်လာချိန်တွင် မြို့သားများ၏ သွေးများသည် နေရာတိုင်းတွင် ပန်းထွက် ပျံ့နှံ့ကုန်ကြသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် မရေတွက်နိုင်အောင် များပြားလှသော နွယ်ပင်များသည် ကောင်းကင်သို့ ဖြာထွက်သွားကြပြီး ပင်လယ်ပြင်ကြီးလို ပိန်းပိတ် မှောင်မိုက်သွားသည်။ အပြင်ဘက်မှကြည့်လျှင် တစ်မြို့လုံးနှင့် အနီးအနား နယ်နိမိတ်များအားလုံးကို နွယ်ပင်များက ဖုံးအုပ်ထားပြီး သစ်သားဘောလုံးကြီးလို ဖြစ်နေသည်။
သစ်သားလုံးကြီး၏ အစွန်းတွင် များပြားလှသော နွယ်ပင်များက ပတ်ပတ်လည်မှ သစ်တောများနှင့် ချိတ်ဆက်ထားပြီး စွမ်းအင်များကို စုပ်ယူနေသည်။
“သစ်သားကမ္ဘာ - နေရောင်အောက်က အရာအားလုံး” တစ်မြို့လုံးတွင် စူးရှသောအသံတစ်ခုက ပဲ့တင်ထပ်ကာ ဖုံးလွှမ်းသွားသည်။
***
သားရဲလေ့ကျင့်သူ
အခန်း ၆၇၂ ပျက်စီးခြင်း
“ဘုရားရေ.. မင်ယုကလူတွေက ကြောက်စရာ ကောင်းလိုက်တာ” ပဲ့ဟွမ်းမိသည် သွေးပျက်နေသည့်ကြားမှ အထိတ်တလန့် ပြောလိုက်သည်။
တောအုပ်အပြင်ဖက်တွင် သူတော်စင်အဆင့် သားရဲ ၂ ကောင် တိုက်ခိုက်နေကြသည်ကို မြင်တွေ့နိုင်သည်။
“မုယုံးကလူတွေက တော်တော်လေး ပြောရဆိုရခက်တာပဲ” ရိုဘတ်စ်၏ မျက်နှာသည် ခက်ထန်သွားသည်။ သူသည် လေးဘီးတပ်ကားခေါင်မိုးပေါ်မှ ထွက်လာသည်။
နေရောင်ခြည်သည် များပြားလှသော နွယ်ပင်ကွန်ယက်ကြီးကြောင့် နေတစ်ပြောက်ပင် ကျမနေပေ။
“မင်းတို့ကောင်တွေ တော်တော် စိတ်ပျက်စရာကောင်းတာပဲ” ရိုဘတ်က ရင်ခေါင်းသံကြီးနှင့် အော်လိုက်သည်။ ထိုအခါ သူ့ကို ဗဟိုပြုပြီး ပြင်းထန်သော လေလှိုင်းကြီးက အရပ်ရှစ်မျက်နှာကို ပျံ့ထွက်သွားသည်။
ထိုလေလှိုင်းကြောင့် နွယ်ပင်များသည် တုန်ခါသွားသည်။ ထို့နောက် ကျားကြီး၏ ပါးစပ်ဆီမှ ကြီးမားသော အနက်ရောင် စွမ်းအင်များ စုစည်း ထွက်ပေါ်လာသည်။
ထို့နောက် အနက်ရောင်အတန်းကြီးသည် တရှိန်ထိုးထွက်လာပြီး နွယ်ပင်ကွန်ယက်ကို ၂ ခြမ်းခွဲပစ်လိုက်သည်။ ထိုအတန်းသည် အရှိန်အဟုန်ပြင်းသော ရေတံခွန်ကြီးလို သစ်သားလုံးကြီးကို ဖောက်ထွက်သွားပြီး ကောင်းကင်ထိကို အမြင့်မိုင်ရာချီ ထိုးတက်သွားပြီးနောက် လေထဲတွင် တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ သစ်သားလုံးကြီးတွင်တော့ ကြီးမားသော အပေါက်ကြီး ဖြစ်သွားသည်။
ကျားကြီးသည် ထိုစွမ်းအင်ကို ထုတ်သုံးပြီးနောက် အနည်းငယ် ပင်ပန်းသွားပုံပေါ်သည်။ သူသည် အသက်ကို ဝဝရှူလိုက်ပြီး ခေါင်းကို ငိုက်စိုက်ချကာ လေးဘီးတပ်ကားကို ကိုက်ချီပြီး ထွက်ပေါက်ဆီသို့ တဟုန်ထိုးပြေးသွားသည်။ ကြီးမားသော ကြံ့ကြီးသည် ကြောက်လန့်တကြားဖြင့် သူ့ကိုပါ ခေါ်သွားဖို့ တောင်းပန်နေသော်လည်း ကျားကြီးက လျစ်လျူရှုထားလိုက်သည်။
တစ်ဖက်တွင်တော့ ကွန်ယက်သည် ထိခိုက်ထားသောကြောင့် သူ့ဘေးပတ်ဝန်းကျင်မှ အပင်များ သားရဲများ၏ သက်ရှိစွမ်းအင်များကို စတင်စုပ်ယူတော့သည်။
အနက်ရောင် ဝတ်ရုံနှင့် ဒန်ဘီသည် သူ၏ ချောမွေ့ သန့်ရှင်း ကြည်လင်လှသော အရိုးများကို ထုတ်ပြလိုက်ရင်း ထွက်ပေါ်လာသည်။ ထို့နောက် မြက်ရိုင်းများကို ရှောင်ရှားကာ ကောင်းဖန်ရှေ့သို့ ရောက်လာပြီး ဦးညွှတ်လိုက်သည်။ “သခင်.. ဒါက ကျွန်တော် မကြာခင်က စုပ်ယူထားတဲ့ ဝိဉာဉ် ၂ ခုရဲ့ ဘာသာစကား မှတ်ဉာဏ်အချို့ပါ”
“ငါ့ကို လွှဲပေးလိုက်” ကောင်းဖန်က သူ့ညာလက်ကို ဆန့်ထုတ်လိုက်သည်။
အရိုးဖြူဖြူလက်မှ တဆင့် မှတ်ဉာဏ်အပိုင်းအစ အချို့သည် ပျစ်ခဲနေသော ဆန်ပြုတ်တစ်ခွက်လို ဖြစ်ပေါ်လာပြီး အသားပျော့ဖတ်တစ်ခုလို ဖြစ်လာသည်။ ထို့နောက် ကောင်းဖန်သည် စကားလုံးများ၊ ဘာသာစကားများ၊ ယဉ်ကျေးမှုများကို အချိန်တိုအတွင်း စုပ်ယူလိုက်သည်။ ကောင်းဖန်သည် မျက်လုံးများကို ပိတ်ထားသည်။ ဒန်ဘီသည် ရှေ့ကို တစ်လှမ်းတိုးကာ သူ့သခင်ဘေးတွင် တိတ်တဆိတ်စောင့်ကြည့်နေသည်။
ထိုအချိန်တွင် မြေပြင်သည် တုန်ခါလာပြီး နွယ်ပင်အချို့သည် မြေပြင်မှ ထိုးဖောက်ထွက်လာကာ လေထုထဲတွင် တစ်ခုခုကို အာရုံခံနေသည်။ လူသား၏ အနံ့သည် အလွန်ကောင်းမွန်သည် ဖြစ်ရာ နွယ်ပင်များသည် ကောင်းဖန်တို့အဖွဲ့ရှိရာဆီသို့ ပျံသန်းလာကြသည်။
ဒန်ဘီသည် ခေါင်းကို နှိမ့်ချလိုက်ပြီး သူ့ညာခြေကို ပေါ့ပေါ့ပါးပါးပင် တစ်ချက်ဆောင့်လိုက်သည်။ ထိုအခါ ချဉ်းကပ်လာသော နွယ်ပင်များသည် နုတ်နုတ်စင်းထားသော အသားများလို တစ်စစီ ဖြစ်သွားကြသည်။
တစ်ဖက်တွင် ကြံ့ကြီးသည် မြေပြင်ပေါ်သို့ ဗုန်းခနဲ လဲကျသွားသည်။ သူ့ခြေထောက်များကို များပြားလှသော နွယ်များက ချည်နှောင်နေကြသည်။ ထို့နောက် ချက်ချင်းပင် သွေးများသည် သူ့ကိုယ်တွင်းမှ လျင်မြန်စွာ ကျဆင်းလာပြီး ခြောက်သွေ့သော မီးခိုးရောင် အသားခြောက်ကြီး အဖြစ် ပြောင်းလဲသွားတော့သည်။
သစ်သားကွန်ယက်အတွင်းဖက်နံရံတွင် အဖွားအိုကြီးသည် ကြောက်မက်ဖွယ် မျက်နှာသေကြီးဖြင့် ကွန်ယက်ကနေ ထွက်ဖို့ ကြိုးစားနေသော ကျားကြီးကို ကြည့်နေသည်။ “မင်းဘယ်တော့မှ လွတ်မြောက်နိုင်မှာ မဟုတ်ပါဘူး” အဖွားအိုက ပြောလိုက်သည်။
အဖွားအိုသည် လက်ကို အောက်စိုက်ချလိုက်သည်။ နွယ်ပင်များသည် အဆုံးမရှိသော ပုရွက်ဆိတ်အုံတစ်ခုလို အဆုံးမဲ့ ထွက်လာနေသည်။ များပြားလှသော နွယ်ပင်များသည် အပေါက်ဖြစ်သွားသော ကွန်ယက်နေရာမှ ထွက်ပေါ်လာပြီး ချိတ်ဆက်သွားကြသည်။ ကျားကြီးသည် သူ့ကိုယ်ကို လှုပ်ခါလိုက်ပြီး နေရာမှ ပျောက်ကွယ်သွားတော့မလို ဖြစ်နေသည်။
ထို့နောက် နေရာလွတ်တစ်ခုသည် သစ်သားလုံးနှင့် တိုက်မိသွားသည်။ ကြီးမားသော အားကြီး ၂ ခုသည် သားရဲကြီး ၂ ကောင်တိုက်မိသကဲ့သို့ ဖြစ်နေသည်။ နေရာတိုင်းတွင် ကြီးမားစွာ တုန်ခါသွားသည်။
သေစမ်း..နယ်ပယ်ကို ကန့်သတ်ထားတယ်.. ထွက်လို့မရတော့ဘူး.. ရိုဘတ်စ်သည် အကြပ်ရိုက်နေပြီး မျက်လုံးများက စိုးရိမ်ပူပန်စ ပြုလာသည်။
သူသည် သူ့ကိုယ်သူ စိတ်ပူခြင်း မဟုတ်ပဲ မင်းသမီးလေးကို စိတ်ပူနေခြင်း ဖြစ်သည်။ သူသည် မင်းသမီးလေးကို မကယ်နိုင်ခဲ့ပါက အားလုံးကို သတ်ပစ်မိတော့မည် ဖြစ်သည်။
ထိုအချိန်တွင် တိုက်မိသည့်နေရာ၏ အောက်ခြေမှနေ၍ မရဏလေထုကြီး ထွက်ပေါ်လာသည်။
“သခင့်ကို ခဏ ခဏ အနှောင့်အယှက်ပေးမှုကြောင့် မင်းတို့အားလုံး သေသင့်နေပြီ” ကြီးမား ကျယ်လောင်သော အသံကြီးက လေထုထဲတွင် ပျံ့နှံ့လာသည်။
“သူ… သူတို့ပဲ” ရိုဘတ်စ်သည် အလွန်ပင် ထိတ်လန့်သွားသည်။ အစက သူသည် ထိူသူများကို မုယုံးမှ လူသတ်သမားများဟု ထင်ခဲ့မိသည်။ ထို့ကြောင့် ထိုသူများသည် သူတို့လက်ချက်ဖြင့် မကြာခင်သေရတော့မည်ဟု တွေးကာ သိပ်ပြီး အာရုံမထားခဲ့ပေ။
အဖွားအိုသည် သူ့ကိုယ်ကို လှုပ်ခါလိုက်သည်။ “မင်းက မင်းရဲ့ သူတော်စင်အဆင့်သားရဲကိုတောင် ထုတ်ခဲ့ပြီး လူတွေရဲ့ အသက်ကို ဂရုမစိုက်ဘူးပေါ့လေ.. တော်တော် တကိုယ်ကောာင်းဆန်တဲ့ သူပါလား” အဖွားအိုက ခါးသက်သက်ပြောလိုက်သည်။
သူမသည် ပျောက်ကွယ်နေခြင်း မဟုတ်ပဲ သူမကို အတိုင်းသား မြင်နေရသည်။ သူမသည် လူအများကို ကာကွယ်ဖို့ ကြိုးစားနေခြင်း ဖြစ်သော်လည်း သူတော်စင်အဆင့်သားရဲများ ပေါ်လာပြီ ဖြစ်သောကြောင့် တပ်ဆုပ်ဖို့ကို စဉ်းစားနေရပြီ ဖြစ်သည်။
ထိုအချိန်တွင် တော်လဲသံကြီး တစ်ခုနှင့်အတူ ကောင်းကင်သည် မည်းမှောင်သွားသည်။ မရဏလေထုသည် အရပ်ရှစ်မျက်နှာကို ကြောက်မက်ဖွယ် ကောင်းစွာ လှည့်ပတ်တိုက်ခတ်နေသည်။
“သွေးပျက်စရာ မရဏလေထုပါလား” အဖွားအိုက ရေရွတ်လိုက်သည်။
အခြားသော ရှေးဟောင်းမျိုးနွယ်စုများနှင့် မတူသည်က ထိုမျိုးနွယ်စုတွင် အဖိုးတန် အရင်းအမြစ်များ နည်းပါးသောကြောင့် သူတော်စင်အဆင့်နှင့် ကွားစီနတ်ဘုရားအဆင့်သို့ တက်ဖို့က အနည်းငယ် ခက်ခဲကြသည်။ ထို့ကြောင့် ပစ္စည်းများကို သိပ်ပြီး အားကိုးလို့ မရသော ထိုမျိုးနွယ်စုတွင် သားရဲလေ့ကျင့်သူများ၏ စွမ်းရည်သည် ပုံမှန်ထက် သာလွန်ထူးကဲကြသည်။
အဖွားအို၏ ကိုယ်ပိုင်သားရဲဖြစ်သော ဆူဒိုသစ်ပင်သည် သူတော်စင်အဆင့် ရှိသော်လည်း စွမ်းရည်ကတော့ ပြီးပြည့်စုံအဆင့်သာ ရှိသည်။
ရိုဘတ်စ်သည် အနည်းငယ်တော့ စိုးရိမ်နေသည်။ သူ၏ သားရဲသည် သည် ကွားစီနတ်ဘုရားအဆင့်သို့ မကျော်လွန်သေးသောကြောင့် တစ်ချက်တည်းနှင့် သတ်လို့မရ ဖြစ်နေခြင်း ဖြစ်သည်။ ထို့အပြင် အဖွားအိုနှင့် သူ၏ နယ်နိမိတ်ကို ကြီးမားသော မရဏ အမျိုးအစား နယ်ပယ်တစ်ခုက လွှမ်းခြုံထားသည်ကိုလည်း ခံစားနေရသည်။
ထိုနယ်ပယ်သည် သူတို့ထက် ပိုအဆင့်မြင့်ပြီး ပညတ်ချက်အရတော့ သိပ်ပြီး မမြင့်ပေ။
အဆင့်မြင့် နယ်ပယ်တစ်ခုက အဆင့်နိမ့်နယ်ပယ် တစ်ခုနှင့် ထိတွေ့ရင်ဆိုင်ရသောအခါ ကြီးကြီးမားမား ထိခိုက်ဆုံးရှူံးမှုများ ဖြစ်လာနိုင်သည်။ အခုတော့ ထူထဲသော မြူခိုးကြီးက နေရာတိုင်းတွင် ပိတ်ဆို့နေပြီး မီးခိုးရောင် မြူခိုးများသည် အေးစိမ့်နေသည်။
“ဘယ်ပြေးမလို့ ကြံစည်နေတာလဲ” ဒန်ဘီ၏ အေးစက်စက် အသံသည် မြူခိုးထဲတွင် ပျံ့နှံ့ထွက်ပေါ်နေသည်။
အဖွားအိုသည် အချိန်အတော်ကြာ ပျံသန်းနေပြီး အတော်လေး ခရီးရောက်နေပြီဟု သူ့ကိုယ်သူ ထင်နေမိသော်လည်း တကယ်တော့ တစ်နေရာတည်းတွင်သာ လှည့်ပတ်နေခြင်း ဖြစ်သည်။ သူမသည် နောက်ဆုံးတော့ တစ်ဖက်ရန်သူကို မနိုင်တော့တာ သိသွားပုံဖြင့် စိတ်ပိုင်းဖြတ်ကာ မြေပေါ်တွင် ဒူးထောက်ထိုင်ချလိုက်သည်။ “ခွင့်လွှတ်ပေးပါ အရှင်သခင်.. ကျမ သခင့်ဆီမှာ ကျွန်ပြုပါမယ်.. အသက်ကိုသာ ချမ်းသာပေးပါ”
ဆူဒိုသစ်ပင်သည်လည်း မြေပြင်ဆီသို့ ခေါင်းငိုက်ဦးညွတ်သွားပြီး ဒူးထောက်နေသည်။
ဒန်ဘီသည် မြူခိုးထဲမှ ဖြည်းညင်းစွာ လမ်းလျှောက် ထွက်လာသည်။ “ဘာလို့ ဒီလောက်တောင် ပျော့ညံ့ရတာလဲ.. အရှင်သခင် အဆင့်လောက်လို့ ထင်ရလောက်အောင် အားနည်းလွန်းတယ်” ဒန်ဘီက သက်ပြင်းချကာ ပြောလိုက်သည်။
“ဟုတ်ပါတယ် အရှင်သခင်.. ကျမ ဒီလောက် မပျော့ညံ့သင့်ပါဘူး” သစ်ပင်သည် ရုတ်တရတ် တုန်ခါသွားပြီး အနီရောင် အလင်းတစ်ခုက မျက်လုံးအိမ်ထဲမှ ထွက်ပေါ်လာသည်။
သူ့သခင်က အခြားကိုယ်ပိုင်သားရဲကို ဒူးထောက်နေတာ မြင်သောအခါ သစ်ပင်သည် ဒေါသထွက်နေခဲ့သည်။ သူသည် ခေါင်းကို ဆတ်ခနဲ မော့လိုက်ပြီး ဒန်ဘီကို အနီရောင် မျက်လုံးများဖြင့် ကြည့်လိုက်သည်။ ထို့နောက် ပင်စည်တွင် အမည်းရောင် ပါးစပ်ပေါက်ကြီး ထွက်ပေါ်လာပြီး အော်မြည်လိုက်သည်။ “သခင်.. ဒီလို တောင်းပန်နေစရာမလိုပါဘူး.. ကျုပ်သခင့်ကို သေသည်အထိ ကာကွယ်သွားမှာပါ”
ကြီးမားသော လက်သီးပုံစံသစ်ကိုင်းကြီးသည် ရုတ်တရတ် မြောက်တက်လာသည်။ သို့သော် နှင်းလိုဖြူစွတ်နေသော အရိုးစုလက်ချောင်းသည် သစ်ပင်မျက်နှာတွင် ရှိသော မျက်ခုံး ၂ ခု ဆုံရာနေရာသို့ ထိုးဖောက်လိုက်သည်။ ထိုအခါ သစ်ပင်သည် လှုပ်ရှားမှုများ ရပ်တန့်သွားပြီး မြေပြင်ဆီသို့ အပုံလိုက် လဲကျသွားတော့သည်။
ထို့နောက် အဖွားအိုသည် ဘာမှ မပြောလိုက်ရသေးခင်မှာပင် သူ၏ ဝိဉာဉ်သည်လည်း မြူခိုးများ၏ စုပ်ယူခြင်းကို ခံလိုက်ရတော့သည်။
“လွယ်ကူလိုက်တာ” ဒန်ဘီက ဖြည်းညင်းစွာ ပြောလိုက်သည်။ ထို့နောက် တစ်ဖက်လှည့်ကာ မြူခိုးများကြားတွင် ပျောက်ကွယ်သွားတော့သည်။
အနောက်ဖက်တွင်တော့ ဆူဒိုသစ်ပင်၏ ဝိဉာဉ်သည် သူ၏ ကိုယ်တွင်းမှ ဖြည်းညင်းစွာ ထလာလေသည်။