အခန်း (၆၇၇-၆၈၀)
Vol. 43 Ch. 677-680
အခန်း ၆၇၇ အရေးကြီးသော ဝက်
ကျောက်ဆောင်မြို့သည် ကြီးကျယ်ခမ်းနားသော အငွေ့အသက်ရှိသည်။ လမ်းဘေးဈေးသည်တစ်ဦးသည် အင်္ကျီမျိုးစုံဖြင့် ပြည့်နေသော သစ်သားလှည်းကို တွန်းလာသည်။ နှပ်ချေးတွဲလောင်းကျနေသည့် ကိုယ်လုံးတီးနှင့်ကလေးငယ်အချို့သည် အချိုမုန့်များကိုဝယ်ပြီး ပြေးသွားကြသည်။
ကျောက်ဆောင်မြို့ရဲ့ နာမည်က ကန္တာရထဲက အနောက်တိုင်းမြို့တစ်မြို့လို ထင်ရပေမဲ့ တကယ်တော့ မဟုတ်ပေ။ တကယ်တော့ ကျောက်ဆောင်မြို့မှာ တစ်နှစ်ပတ်လုံး နွေဦးပေါက်သလိုဖြစ်နေသည်။ ရာသီဥတုက ပူနွေပြီး စိုစွတ်နေသည်။ ကျောက်ဆောင်မြို့၏ နွေးထွေးသော ရာသီဥတုကြောင့် မိန်းကလေးများကို ကောင်းမွန်စွာ ကြီးပြင်းလာစေသည်။
“အားနည်းလိုက်တာ” ဟု မိုဟော့ပုံစံနဲ့ဖက်တီးက သူဖြတ်သွားစဉ် မှတ်ချက်ချလိုက်သည်။ “ဒါပေမယ့် လတ်ဆတ်တဲ့ ကြက်သွန်နီလိုပါပဲ.. အဖြူနဲ့ အစိမ်းရောထားတာ လှတော့လှတယ်”
ဒီဖက်တီးရဲ့အသံက ကျယ်လောင်ပြီး လူတွေကြားမှာ ဂရုမစိုက်ဘဲ အော်လိုက်သည်။ လမ်းပေါ်ရှိ လူအများအပြားက သူ့ကို ကြားသော်လည်း အားလုံးက သူ့ကို မှတ်မိနေပုံရသည်။ သူတို့သည် ခေါင်းငုံ့ကာ ဘာမှ မမြင်ရသလို တဆတ်ဆတ် တုန်နေသည်။
ဖက်တီးသည် သပ်ရပ်သောအဝတ်အစားကို ၀တ်ဆင်ထားပြီး သက်တော်စောင့်အချို့ လိုက်ပါလာကြသည်။
ဖက်တီးသည် ချင်းချင်းကို ချက်ချင်းတွေ့လိုက်သည်။ ထိုအခါ သူ့မျက်လုံးများ တောက်ပလာပြီး လည်ချောင်းကို ရှင်းထုတ်ကာ သပ်ရပ်သော အဝတ်အစားများကို ဆန့်လိုက်သည်။
“မင်္ဂလာပါ အလှလေး” ဖက်တီးက ချဉ်းကပ်ပြီး ပရောပရည်လုပ်လိုက်သည်။ “ကျောက်ဆောင်မြို့ ကလူတိုင်းကို ငါသိတယ်.. ဒါကြောင့် မင်းက အပြင်က ဖြစ်ရမယ်.. ဒီက လူတစ်ယောက်ယောက်ကို သိလို့လား.. ဒါမှမဟုတ်ရင် ငါ့အိမ်ကို လိုက်လာချင်လား” ဖက်တီးက သူ့ကိုချစ်စရာကောင်းအောင် ပြုံးပြလိုက်သည်။
“မလိုအပ်ပါဘူး” ပိုင်ဟိုင်ရှန်းက အေးစက်စွာပြောလိုက်သည်။ “ငါတို့ နေစရာနေရာရှိပါတယ်.. ငါတို့ မင်းကို ဒုက္ခမပေးတော့ပါဘူး”
ထို အကြောင်းရင်းကို သူတို့ထဲပလူတိုင်း သိကြသည်။ မကြာသေးမီက ပိုင်ဟိုင်ရှန်းက ချင်းချင်းနှင့် ပရောပရည်လုပ်နေသောကြောင့် ဖြစ်သည် ချင်းချင်းကလည်း သူ့ကို လျစ်လျူရှုထားပေမယ့် သူ့အပေါ် ခံစားချက်တွေ ရှိနေဆဲပင်။
ဖက်တီးက သူ့နဖူးကို ရိုက်လိုက်ပြီး တစ်ခုခုကို ရိပ်မိသွားသလိုဖြစ်သွားသည်။ “ တောင်းပန်ပါတယ်... လှည့်ပတ်ပြီးပြောမိပြီထင်တယ် “ ဖက်တီးက ရယ်ပြီး ထွက်သွားသည်။ သူ့ခြေလှမ်းတွင် သတ္တိနှင့် ကျက်သရေတစ်ခုရှိသည်။ သူ့ကိုကြည့်ရတာ ကြော့ရှင်းတဲ့ ကောင်လေတစ်ယောက်လိုပင်။
“မင်းတို့ တည်းခိုခန်းမှာ စောင့်ပြီး ဘေးကင်းအောင်နေဖို့ မမေ့နဲ့နော်.. ငါ အနားယူတော့မယ်.. ငါ့ကို လောလောဆယ် မနှောင့်ယှက်ပါနဲ့” ဟု ကောင်းဖန်က ပြောလိုက်သည်။ ထို့နောက် လှေကားမှတက်ကာ အခန်းထဲကိုဝင်ပြီး တံခါးနှင့် ပြတင်းပေါက်များကို ပိတ်လိုက်သည်။ မျက်စိမှိတ်ပြီး အိပ်ယာပေါ် လှဲနေလိုက်သည်။
ထိုညတွင် တည်းခိုခန်းအပြင်ဘက်တွင် ညမထွက်ရအမိန့်ကို ချမှတ်ထားသည်။ ကောင်းဖန်သည် နဂါးပုရွက်ဆိတ်ကို ခေါ်ကာ မမြင်နိုင်သောပုံစံသို့ ပြောင်းပြီးနောက် ပြတင်းပေါက်ကို တွန်းဖွင့်လိုက်သည်။ ပုရွက်ဆိတ်က ၎င်း၏အတောင်ပံများကို လှုပ်ယမ်းလိုက်ပြီး ညကောင်းကင်ယံသို့ တိတ်တဆိတ် ချိုးငှက်ကလေးလို ပျံသန်းသွားသည်။
ကျောက်ဆောင်မြို့ကို အပေါ်ကနေ ငုံ့ကြည့်လိုက်ရင် တောင်တွေကြားမှာ တွားသွားနေတဲ့ သားရဲတစ်ကောင်ကို တွေ့နိုင်သည်။ နဂါးပုရွက်ဆိတ်သည် အသံမထွက်ဘဲ တိမ်များပေါ်သို့ ပျံတက်သွားသည်။ တောင်တွေ နဲ့ သစ်တောတွေ ကို ဖြတ်ကျော် ပျံသန်းရင်း နောက်ဆုံး တောင်ခြေရင်းမှာ ရပ်သွားသည်။
အရှေ့တွင် စပျစ်နွယ်ပင်များဖြင့် ပိတ်ဆို့ထားသော်လည်း အရှေ့သို့ ခြေလျင်လျှောက်သွားလိုက်သည်။ နွယ်ပင်၏ ကန့်လန့်ကာကို ရုတ်သိမ်းလိုက်ရာတွင်တော့ သာယာလှသော ဂူသည် အမည်မသိ ပန်းတိုင်တစ်ခုဆီသို့ ဦးတည်သွားသည်။
ကောင်းဖန်သည် စတုထ္ထကလေး၏ ပျံသန်းနိုင်စွမ်းမှ ဒုတိယကလေး၏ နေ့မျက်လုံးသို့ ပြောင်းလဲလိုက်ပြီး ကောင်းဖန်၏ မျက်လုံးထဲတွင် အနက်ရောင် လှိုဏ်ဂူသည် ချက်ချင်း လင်းလာသည်။ စိုစွတ်သောလှိုဏ်ဂူ၏နံရံများသည် ရေညှိများဖြင့် ဖုံးလွှမ်းနေသည်။ မျက်နှာကျက်များသည် စိုစွတ်နေပြီး နံရံများသည် ရေကြောင့် အညိုရောင် စွန်းထင်းနေသည်။ လှိုဏ်ဂူအတွင်းတွင် ရေစက်များ ယိုစိမ့်နေသည်။
လှိုဏ်ဂူသည် အောက်ဘက်သို့ ကျယ်သွားသည်။ ကပ်ဆိုးနတ်ဘုရား၏မှတ်ဉာဏ်အရ ဤအရာသည် ရတနာခန်းဆီသို့ သွားသော လျှို့ဝှက်လမ်းကြောင်းတစ်ခုဖြစ်သည်။ လိမ္မာပါးနပ်သောယုန်တစ်ကောင်တွင် တွင်းသုံးပေါက်ရှိတတ်သလို ဤနတ်ဘုရားမှာလည်း အလားတူပင်ဖြစ်သည်။ ၎င်းသည် ကပ်ဆိုးနတ်ဘုရား၏သတိရှိသော သဘောသဘာဝကို ရည်ညွှန်းနိုင်သည်။
ထောင့်ဘက်ကို လှည့်ကြည့်လိုက်တော့ ရေကန်တစ်ခု ပေါ်လာသည်။ ကောင်းဖန်က ခြေလှမ်းများကို ရပ်လိုက်သည်။ သူ့အမြင်မှာတော့ ရေကန်က မြရောင်ရင့်ရင့်ဖြစ်သည်။ ဗွက်အိုင်၏ မျက်နှာပြင်သည် ချောမွတ်နေပြီး ကျောက်မျက်တစ်လုံးလို ဖြစ်နေသည်။ ကပ်ဆိုးနတ်ဘုရား၏ မှတ်ဉာဏ်တွင် နဝမမြောက်ကောင်းကင်ဘုံမှ သန္ဓေပြောင်း မျိုးနွယ်စုသည် ရေကန်များကို အထူး ဂရုစိုက်ခဲ့ကြသည်။ သူတို့မွေးစားထားသည့်အဓိကသားရဲအတွက် စိတ်ဝိဉာဉ်ရေကန်ကိုဖန်တီးလိုကြသည်။
စိတ်ဝိဉာဉ်ရေကန်သည် အဖိုးတန်ရတနာ အမျိုးမျိုးကို အသုံးပြုပြီး နေနှင့် လ၏ အနှစ်သာရကို စုပ်ယူခဲ့သည်။ ကောင်းဖန်ကတော့ ၎င်းတို့ကို လေဒြပ်စင်များ၏အစိတ်အပိုင်းများသာဖြစ်ကြောင်း သံသယရှိသည်။ စိတ်ဝိဉာဉ်ရေကန်သည် အလွန်ကွဲပြားသည်။ သားရဲများ၏ အရည်အချင်းပေါ်မူတည်၍ ၎င်းတို့၏ စိတ်ဝိဉာဉ်ရေကန်များသည် မတူညီသော အရာများဖြင့် ပံ့ပိုးပေးထားသည်။
ဒါပေမယ့် ဒီစိတ်ဝိဉာဉ်ရေကန်သည် အမှန်တကယ်ကို တန်ဖိုးရှိသည်။ သားရဲများကြီးထွားမှုနှန်းသည် ရေကန်ထဲတွင် အပြင်ကထက် အဆများစွာ ပိုမြန်သည်။ သူတို့က စိတ်ဝိဉာဉ်ရေကန်မဖြစ်ခင်က အဆိပ်အမျိုးအစား ဖြစ်သည်။
ရေတွေ ပွက်ပွက်ထလာချိန်မှာတော့ စိတ်ဝိဉာဉ်ရေကန်ထဲက ခေါင်းဝိုင်းတစ်ခု ထွက်လာသည်။ ရေထဲမှ ဝက်ခေါင်းတစ်ခု ထွက်ပေါ်လာသည်။ သူသည် နှာခေါင်းပြား အပေါက်နှစ်ပေါက်မှ အဆိပ်အတောက်များကို မှုတ်ထုတ်နေသည်။ ၎င်း၏ခေါင်းပေါ်တွင် ကြောင်နားရွက်ကဲ့သို့ အမွေးမရှိသော နားနှစ်ဖက်ရှိသည်။
ဒီသားရဲ ထွက်ပေါ်လာတဲ့အခါ လေထုက ညစ်ညမ်းလာသည်။
“မင်းက ဘယ်သူလဲ” ကြောင်နားရွက် ဝက်ခေါင်း သားရဲက စူးစမ်းမေးမြန်းလိုက်သည်။
“ငါက ကပ်ဆိုးနတ်ဘုရားကို ကိုးကွယ်ဆည်းကပ်တဲ့သူပဲ... ဒီကနေ တစ်ခုခုယူဖို့ ငါ့ကို အမိန့်ပေးလိုက်တယ်” ဟု နဂါးပုရွက်ဆိတ်က မျက်နှာအမူအရာ မပြောင်းလဲဘဲ ပြောလိုက်သည်။
“အိုး.. မင်းက သူ့ကိုးကွယ်သူလား” ကြောင်နားရွက် ဝက်ခေါင်းသားရဲသည် ခေါင်းညိတ်လိုက်သည်။ ထို့နောက် ရုတ်တရက် “ငါ့နာမည် ဘယ်လိုခေါ်လဲ” ဟုမေးလိုက်သည်။
ဒါကို နဂါးပုရွက်ဆိတ်က မျှော်လင့်ထားပြီးသားပင်။ သူက “ရှောင်မင်း” ဟုဖြေလိုက်သည်။
ကြောင်နားရွက်ဝက်ခေါင်းသားရဲက သဘောကျစွာ ခေါင်းညိတ်လိုက်ကာ ရေပက်ပြီး ရေကန်ထဲသို့ ခုန်ဆင်းလိုက်သည်။ “အဲဒါမှန်တယ်”
နဂါးပုရွက်ဆိတ်သည် ရေကန်ကို လှည့်ပတ်ကာ မြေအောက်သို့ လျှောက်သွားလိုက်သည်။
[သားရဲ အမည်] - အရေးကြီးသောဝက်
[သားရဲ အဆင့်] - အဆင့် ၉၄ (နတ်ဘုရားတစ်ပိုင်းအဆင့်)
[သားရဲ အမျိုးအစား] - အဆိပ်
[သားရဲ စွမ်းရည်ဆင့်] - မော်ကွန်းတင်/ မော်ကွန်းတင်စွမ်းရည်ဆင့်
[သားရဲ နယ်ပယ်] - အဆိပ်နယ်ပယ်
[ကိုးကွယ်မှု အပိုင်း] - အစာအိမ်နှင့် အသည်း
[သားရဲ စွမ်းအင်]- အစားကြူးနိုင်မှု အဆင့် ၈၊ ထင်ယောင်ထင်မှားအဆိပ် အဆင့် ၈၊ ကြမ်းတမ်းသော အရေပြား အဆင့် ၈။
[သားရဲ သွင်ပြင်လက္ခဏာ] - ကွယ်ဝှက်ထားသော လှုပ်ရှားမှုများ (အရေးကြီးသောဝက်များသည် မိုက်မဲသော ဝက်များဖြစ်သည်။ သာမာန်ဝက်များနှင့်မတူဘဲ ၎င်းတို့သည် ဉာဏ်ရည်နိမ့်သော်လည်း အတုခိုးတတ်ပြီး အခြားသူများ၏အမိန့်ကို လိုက်နာနိုင်သည်။
အကျိုးသက်ရောက်မှု ၁ - အရေးကြီးသောဝက်သည် ကွယ်ဝှက်ထားသော လှုပ်ရှားမှုများကိုအသုံးပြုသောအခါ ၎င်း၏ဉာဏ်ရည်သည် ယာယီတိုးလာသည်။
အကျိုးသက်ရောက်မှု ၂ - အရေးကြီးသောဝက်သည် ကွယ်ဝှက်ထားသော လှုပ်ရှားမှုများကိုအသုံးပြုသောအခါ တစ်စုံတစ်ယောက်က အမှန်အတိုင်း ပြောနေခြင်းရှိမရှိ သိနိုင်သည်။ လိမ်ညာခဲ့လျှင် ၎င်းသည် ၎င်း၏ ကွယ်ဝှက်ထားသော လှုပ်ရှားမှုစွမ်းရည်ကို အသက်သွင်းပြီး ပြိုင်ဘက်၏ ဝိညာဉ်ကို အပြင်းအထန်ထိခိုက်စေနိုင်သည်။
[သားရဲ ဖော်ပြချက်] - သူသည် ကျိုးကြောင်းစီလျှော်သော စရိုက်ရှိသည့် သားရဲဖြစ်သည်။ ပျင်းရိပြီး အကြာကြီးအိပ်ရတာကို ကြိုက်သည်။ ၎င်း၏ထူးခြားသောစွမ်းရည်များကြောင့် ၎င်းတို့အား အစောင့်ဝက်အဖြစ် နတ်ဘုရားများက ဖမ်းယူလေ့ရှိသည်။
အရေးကြီးသောဝက်ကို ဖြတ်သွားရင်း ကောင်းဖန်ကလှိုဏ်ဂူရဲ့ နှလုံးသားထဲကို အမြန်ဝင်လိုက်သည်။ အချိန်အတော်ကြာအောင် လမ်းလျှောက်လာကြသောအခါ နဂါးပုရွက်ဆိတ်၏ အရှိန်ကြောင့် ကောင်းဖန်သည် ၎င်းတို့အဝေးကြီးသို့ ရောက်နေသည်ကို သိလိုက်သည်။ နောက်ဆုံးတွင် အလင်းမှုန်မှိန်မှိန်လေး လင်းလက်လာသည်။
မှိုကဲ့သို့သောသားရဲ အချို့သည် ဂူနံရံများမှ ဇောက်ထိုးချိတ်ဆွဲထားသည်။ အဝါရောင်ဖျော့ဖျော့အလင်းရောင်က နေရာတစ်ခုလုံးကို အလင်းပေးထားသည်။ အလုံပိတ်ရွှေတံခါးတစ်ခုက ဂူတစ်ခုလုံးကို ပိတ်ထားသည်။ နဂါးပုရွက်ဆိတ်က လှမ်းတက်လာပြီး ရွှေတံခါးရဲ့ လက်ကိုင်ကို လက်သည်းတွေနဲ့ ဆွဲယူကာ အတင်းဆွဲလိုက်သည်။
အော်သံနှင့်အတူ တံခါးကို ဆွဲဖွင့်လိုက်သည်။ ကောင်းဖန်က ခြေလှမ်းကျယ်များဖြင့် ဝင်ရောက်လာသည်။
အတွင်းပိုင်းကို အထူးအလှဆင်ထားသည်။ ကောင်းဖန်၏ မြင်ကွင်းထဲတွင် ပထမဆုံးပေါ်လာသည့်အရာများမှာ မြေအိုးကြီးများ တန်းစီထားခြင်းဖြစ်သည်။ ၎င်းတို့၏ အပေါက်များကို သတ္တုတုံးများဖြင့် လုံး၀ အလုံပိတ်ထားသည်။ ကိုးလုံးနှင့် ကိုးတန်း ရှိသောကြောင့် စုစုပေါင်း ၈၁ လုံးရှိသည်။
“ငါနတ်ဘုရားရဲ့ မိခင်အနံ့ကို ရနေတယ်...” ကောင်းဖန်၏ ကော်လာမှ ရေတစ်စက် ထွက်လာသည်။ ထိုရေစက်သည် လေထဲတွင် ကျယ်ပျံ့လာပြီးနောက် ပင်လယ်ဝတုတ်သည် လေကို ရှူရှိုက်ရင်း ခုန်ထွက်လာသည်။
***
သားရဲလေ့ကျင့်သူ
အခန်း ၆၇၈ နတ်ဘုရား မိခင်
နတ်ဘုရားမိခင်.. ဒါက ကောင်းဖန်အတွက် ဝေါဟာရအသစ်ဖြစ်သည်။ “ဒါကဘာလဲ” သူကမေးလိုက်သည်။
“နတ်ဘုရားရဲ့ အမေလေ.. ဒါဟာ အံ့သြစရာကောင်းတဲ့အရာပဲ” ပင်လယ်ဝတုတ်သည် ၎င်း၏ လျှာကိုသပ်လိုက်သည်။
“ဒါက ပုလိပ်ရောဂါနတ်ဘုရား ကိုယ်တိုင် ပြင်ဆင်ထားတဲ့ဟာဆိုတော့ ကောင်းတဲ့အရာတော့ ဖြစ်သင့်တယ်.. နတ်ဘုရားကို အကျိုးပြုနိုင်တယ်ဆိုရင် ဒါက ကောင်းတယ်လို့ ပြောလို့ရတယ် မဟုတ်ဘူးလား..”
“အိုး.. ဟုတ်တယ်” ပင်လယ်ဝတုတ်သည် တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားပုံရသည်။ “ဒါက အရမ်းကောင်းတဲ့ ဖြည့်စွက်စာအနေနဲ့ မင်းရဲ့ သားရဲတွေကို ခေါ်နိုင်တယ်.. အဲဒီတုန်းက ငါ့အတွက် နတ်ဘုရားမိခင်တစ်သုတ်ကိုလည်း အသုံးပြုခဲ့ဖူးတယ်... ဒါပေမယ့် အဲဒီတုန်းက ၄၉ ခုပဲရှိတယ်.. ဒီလောက်မများဘူး”
“ဒီနတ်ဘုရားရဲ့မိခင်က ဘာလဲ”
“စားလိုက်ရင်တော့ မင်းနားလည်မှာပါ ဒါပေမယ့် မင်းမစားနိုင်ဘူး.. လူတွေက အဲဒါကို ချေဖျက်နိုင်မှာ မဟုတ်ဘူး.. ဒါက အာဟာရလွန်ကဲတယ်”
ကောင်းဖန်က သံသယတွေရှိနေသည်။ ပင်လယ်ဝတုတ်လို လောဘကြီးသူတစ်ယောက်က ကောင်းတဲ့အရာကို ဝေမျှပါ့မလား.. ဒါက ပင်လယ်ဝတုတ်နှင့် မတူပေ။
သူက ဂိုဒီ၊ ဒန်ဘီနှင့် ဖလိန်မီကို ဆင့်ခေါ်လိုက်သည်။ အိုးတွေကိုဖွင့်လိုက်ပြီးအတွင်းဘက်ကို ကောင်းဖန်လှမ်းကြည့်လိုက်သောအခါ အနက်ရောင်ရေကိုသာ မြင်လိုက်ရသည်။ ၎င်းသည် မှင်၊ အနက်ရောင်အရည်နှင့်တူသည်။ အထဲမှာ ဘာပါလဲ ဆိုတာကို လုံးဝ မမြင်ရပေ။
ထိုစဉ် ရေညှိနှင့်တူသော ဆံပင်များသည် အိုးထဲမှ လွင့်ပျံလာသည်။ မှင်နက်သည် ဆံပင်ကို အနက်ရောင်ဆေးဆိုးထားသည်။ ဘာကြောင့် ဆံပင်တွေ ရှိနေတာလဲ.. ရေတွေသည် တဆတ်ဆတ် တုန်ခါပြီး အိုးထဲမှာ ကလေးနဲ့တူတဲ့ ပုံသဏ္ဍာန်တစ်ခု ပေါ်လာသည်။
ကောင်းဖန်က လူသားလို့ ထင်လိုက်တာကြောင့် တုန်လှုပ်သွားသည်။ စိုစွတ်သော ဆံပင်များသည် လူပုံသဏ္ဍာန်ရှိသော ကိုယ်ခန္ဓာ၏မျက်နှာပြင်တွင် တွယ်ကပ်နေသည်။ ဒါက ရေစိမ်ထားတဲ့ ခန္ဓာကိုယ်နဲ့တူသည်။
ကောင်းဖန်က အသက်ရှင်နေသေးတယ်လို့ ထင်ခဲ့ပေမယ့် သေချာလေ့လာကြည့်ပြီးနောက် ဒီသတ္တဝါက သက်ရှိအမျိးအစား မဟုတ်ဘူးဆိုတာကို သူသဘောပေါက်သွားသည်။ ဒါက သားရဲမဟုတ်တဲ့ အသက်မဲ့ အရာဝတ္ထုတစ်ခုဖြစ်သည်။
“ဒါက လူသားမဟုတ်ဘူး” ပင်လယ်ဝတုတ်က ကောင်းဖန်ရဲ့ စိုးရိမ်မှုတွေကို ခံစားမိပြီး စကားပြောလိုက်သည်။ “အဲဒါကို သားရဲသန္ဓေသား အသေကောင်ကနေ လုပ်ထားတာ”
“မင်းရဲ့လူသားမျိုးနွယ်အကြောင်း ငါလေ့လာခဲ့တယ်.. မင်းရဲ့မျိုးနွယ်စုတွေက စားသောက်နေတာကြောင့် မျိုးစိတ်ပေါင်းများစွာ ပျောက်ကွယ်သွားခဲ့တယ်..” ပင်လယ်ဝတုတ်သည် အံ့ဩနေသည်။ ဒီအချိန်မှာ ကောင်းဖန်က ဘာလို့ ချီတုံချတုံ ဖြစ်နေတာလဲ..
“သွားစား” ဟု ကောင်းဖန်က ပြောလိုက်သည်။
ဖလိန်မီသည် မျက်မှောင်ကြုတ်ပြီး ၎င်း၏ နှုတ်သီးကို အတောင်များဖြင့် ဖုံးအုပ်ထားသည်။
ဂိုဒီက သူ့ခေါင်းပြောင်ကို ပွတ်လိုက်သည်။ “မကြိုက်ရင် မစားပါနဲ့” ဂိုဒီက ရယ်မောခြင်းကို ထိန်းချုပ်ရန် ကြိုးစားလိုက်သည်။
“ငါမစားဘူးလို့ ဘယ်သူပြောလဲ” ဖလိန်မီက ဂုဏ်ယူစွာပြောလိုက်သည်။ ဂိုဒီ၏ မျက်လုံးများသည် တောက်ပနေသည်။
ထို့နောက် ဖလိန်မီသည် ခေါင်းငုံ့ကာ နတ်ဘုရားမိခင်ကို အိုးထဲမှ ကောက်ယူကာ မျိုချလိုက်သည်။ နတ်ဘုရားမိခင်ကို မျိုချလိုက်ပြီးနောက် ဖလိန်မီသည် မျက်လုံးများကို မှိတ်လိုက်ပြီး အိမ်ခေါင်မိုးဆီသို့ ဦးခေါင်းကို မော့ကာ မီးလျှံများကို မှုတ်ထုတ်လိုက်သည်။
ခေါင်မိုးမှာ မီးတောက်တွေနဲ့ လောင်ကျွမ်းသွားသည်။ ဂူထဲက လေထုသည် လျင်မြန်စွာ လောင်ကျွမ်းသွားပြီး အပူချိန်က တဖြည်းဖြည်း မြင့်တက်လာသည်။ ခြင်္သေ့ဖြူသည် ၎င်း၏ညာဘက်ခြေသည်းကို ပုတ်လိုက်သောအခါ အေးစက်သော အလင်းရောင်တစ်ခု လင်းလက်လာသည်။ ထို့နောက် ခေါင်းပေါ်ရှိ မီးတောက်များကို ငြိမ်းသတ်နိုင်လိုက်သည်။
“ဒီနတ်ဘုရားမိခင်ကို ပြီးပြည့်စုံအဆင့်နဲ့ အထက်ရှိတဲ့ သားရဲတွေကနေ ဖန်တီးထားတာ.. ဒါက မွေးကင်းစကလေးဖြစ်ဖို့ လိုတယ်.. ဒါကြောင့် အလွန်ရှားပါးတယ်” ဟု ပင်လယ်ဝတုတ်က ဖြည်းညှင်းစွာ မျှဝေပြောပြ နေသည်။ “မော်ကွန်းတင်အဆင့်နဲ့ အထက်ရှိ သားရဲတွေက ပြီးပြည့်စုံအဆင့်ရှိ သားရဲတွေနဲ့ ကွဲပြားတယ်.. သူတို့မှာ ပိုထူးခြားတဲ့ စွမ်းအားတွေ ရှိတယ်”
ကောင်းဖန် လေးလေးနက်နက် တွေးနေမိသည်။ သူသည် ယုတ္တိဗေဒကို ယောင်ဝါးဝါး နားလည်လိုက်သည်။ မော်ကွန်းတင်စွမ်းရည်ဆင့်ရှိ အဆင့်မြင့် သားရဲသည် မြင့်မားသောအဆင့်နှင့် လိုက်ဖက်ညီသော သားရဲဝိသေသလက္ခဏာများကဲ့သို့သော အထူး ဝိသေသ လက္ခဏာများ ပါရှိသောကြောင့် ၎င်းသည် သားရဲ၏ တိုက်ခိုက်ရေးစွမ်းအားကို အကြိမ်ပေါင်းများစွာအထိ တိုးမြှင့်နိုင်သည်။
ပင်လယ်ဝတုတ် ရည်ညွှန်းသည်မှာ အထူးဝိသေသလက္ခဏာများ သို့မဟုတ် သားရဲ အထူးဝိသေသလက္ခဏာများ၏ နောက်ကွယ်မှ စွမ်းအားများဖြစ်သည်။ မော်ကွန်းတင်စွမ်းရည်ဆင့်သားရဲကို ရှာရန်က အလွန်ခက်ခဲသည်မဟုတ်ပေ။ ကောင်းဖန်သည် အနည်းငယ် မြင်ဖူးသည်။
ကောင်းဖန်၏ အထင်အမြင်သေးမှုကို ကြည့်ပြီး ပင်လယ်ဝတုတ်က ခေါင်းယမ်းလိုက်သည်။ “များသောအားဖြင့် မော်ကွန်းတင်စွမ်းရည်ဆင့် သားရဲတွေပိုင်တဲ့သူတွေက အဆင့်မြင့်မျိုးနွယ်စုဝင်တွေပဲ.. မင်းထိတွေ့ဆက်ဆံဖူးတဲ့ ပုံမှန်သားရဲတွေက ပုံမှန်မဟုတ်ဘူး
“ပြီးတော့ ဒါက သားပေါက််လေးတွေလိုတယ်.. သားပေါက်တွေကိုပဲ နတ်ဘုရားမိခင်အဖြစ် ဖန်တီးနိုင်တယ်.. ဒီလုပ်ငန်းစဉ်အတွင်းမှာ သတ်မှတ်ကာလတစ်ခုပြီးရင် ရတနာအများအပြားကို ပေါင်းထည့်ရမယ်.. အနှစ်တစ်ရာကြာအောင် ချက်ပြီးနောက်မှ အရည်အချင်းပြည့်မီတဲ့ နတ်ဘုရားမိခင်ကို ထုတ်လုပ်နိုင်မယ်.. ဒါ့အပြင် နတ်ဘုရားမိခင်မှာအချို့သော အယူသီးမှုများရှိပြီး အချို့သော အရေအတွက်စည်းမျဉ်းများကိုလည်း လိုက်နာရမယ်.. မဟုတ်ရင် ကျရှုံးဖို့ပဲ ရှိတယ်”
“ခွင့်ပြုထားတဲ့ ရတနာတွေရဲ့ အနိမ့်ဆုံးအရေအတွက်ကလည်း ၄၉ ခုပဲ၊ ၈၁ နဲ့ အထက်ကတော့ ၃၆၅ နဲ့ ၉၉၉ ဖြစ်ရမယ်.. အကြီးဆုံး နံပါတ်က ၉၉၉ လို့ကြားဖူးတယ်.. အဲဒါက ဒဏ္ဍာရီတစ်ခုပဲမို့လို့ အမှန်ဟုတ်လားတော့ မသိဘူး”
ကောင်းဖန် ခေါင်းညိတ်ပြပြီး တစ်စုံတစ်ခုကို နားလည်သွားပုံရသည်။
“လုပ်ငန်းစဉ်မှာ အမှားအယွင်းသေးသေးတစ်ခုက ကျရှုံးမှုကို ဦးတည်စေနိုင်တယ်” ဟု ပင်လယ်ဝတုတ်မှ ပြောလိုက်သည်။ “ငါ့ရဲ့ နတ်ဘုရားမိခင်ကို အောင်မြင်စွာ ထုတ်လုပ်ခဲ့တုန်းက အကျိုးကျေးဇူးတွေ အများကြီး ရခဲ့တယ်.. အဲဒီနှစ်မှာ ငါ နတ်ဘုရားမိခင် ၄၉ ခုကို မျိုချခဲ့ပြီး ထာဝရအဆင့်ကို ရောက်သွားခဲ့တယ်”
ဒါကို ကောင်းဖန် ပထမဆုံးအကြိမ် ကြားဖူးခြင်းပင်။
“ဟုတ်တယ်.. ငါအရင်က ရတနာတွေ အများကြီး မျိုချခဲ့တယ်.. ဒါကြောင့် အဲဒီအချိန်က ငါ့မှာ အခြေခံကောင်းတွေ ရခဲ့တယ်” ပင်လယ်ဝတုတ်သည် အခြားသားရဲများက နတ်ဘုရားမိခင် ၄၉ ကို လုံးကို စားသုံးပြီး ထာဝရအဆင့်သို့ မရောက်ပါက ၎င်းကို ကောင်းဖန် အပြစ်တင်မည်ကို စိုးရိမ်သဖြင့် အလျင်စလို ရှင်းပြလိုက်သည်။
နတ်ဘုရားမိခင်၏အကျိုးကျေးဇူးများအကြောင်း ပင်လယ်ဝတုတ်ထံမှကြားပြီးနောက် တာ့ဇီနှင့်အဖွဲ့သည် မစောင့်နိုင်တော့ပေ။ အဖုံးကို အမြန်ဖွင့်ပြီး တစ်ယောက်ပြီးတစ်ယောက် ငုံ့ကြည့်လိုက်ကြသည်။ မိနစ်ဝက်အကြာတွင်တော့ နတ်ဘုရားမိခင် ၈၁ ကောင်စလုံး ကွယ်ပျောက်သွားသည်။
ရတနာအနံခံကြွက်ပင်လျှင် ထောင့်စွန်းတွင် ပုန်းအောင်းနေပြီး ၎င်းလောက်နီးပါး ကြီးတဲ့ နတ်ဘုရားမိခင်ကို ကိုက်လိုက်သည်။ ထို့နောက် ဝမ်းသာအားရ မျိုချလိုက်ရာ ဗိုက်သည် ကြက်ဟင်းခါးသီးကဲ့သို့ ဖောင်းလာသည်။
ပင်လယ်ဝတုတ်ကတော့ ကိုးခုကို စားပြီးနောက် ဆက်မစားတော့ဘဲ နှုတ်ခမ်းကို သပ်လိုက်သည်။ ၎င်းသည် ပိုစားရတာကို နှစ်သက်တာ ထင်ရှားပေမဲ့ ကျန်ရှိသောနတ်ဘုရားမိခင်များကိုသာ ကြည့်လိုက်သည်။
အကယ်၍ ၎င်းသည် အကျိုးကျေးဇူးများကိုသာ မဖော်ပြခဲ့လျှင် အခြားသားရဲများသည် နတ်ဘုရားမိခင်၏တန်ဖိုးကို မသိနိုင်ဘဲ ၎င်းတို့အားလုံးကို သူတိတ်တဆိတ် စားသောက်နိုင်မည်ဖြစ်သော်လည်း မကြာမီ သို့မဟုတ် နောက်ပိုင်းတွင်တော့ တနည်းမဟုတ်တနည်းဖြင့် ၎င်းတို့ သိရှိလာမည်ဖြစ်သည်။ ပင်လယ်ဝတုတ်သည် ကောင်းမွန်သောအရာအားလုံးကို မောင်ပိုင်မစီးသင့်ကြောင်း မကြာသေးမီက သိရှိခဲ့ပြီး ၎င်းတို့ကို မျှဝေရန် သင်ယူခဲ့သည်။
သူတို့အားလုံးက ကောင်းဖန်ရဲ့လက်အောက်မှာ ရှိနေသူများဖြစ်သည်။ သူတို့က တစ်ချိန်လုံးဆုံတွေ့ကြရပြီး တစ်ယောက်ယောက်ကို ဖြတ်ခုတ်ဖို့လုပ်ရင်း ကံဆိုးပါက တစ်ယောက်ထဲအထီးကျန်နေရလိမ့်မည်။
ထိုသားရဲများ၏ အရည်အသွေးမှာလည်း မနိမ့်ကျပေ။ သူတို့မသေသရွေ့ သူတို့က ကြီးကျယ်ခမ်းနားတဲ့ အရာတွေကို ပြီးမြောက်အောင်မြင်နိုင်ပြီး အနာဂတ်မှာ ကြီးမားတဲ့ အထောက်အကူဖြစ်မှာပင်။ ယခုအချိန်တွင်တော့ ၎င်းသည် အထိရောက်ဆုံး တိုက်ခိုက်ရေးသမားဖြစ်သော်လည်း မည်သူက သေချာသိနိုင်မည်နည်း။
ပင်လယ်ဝတုတ်မှာလည်း သူ့ရဲ့ဗျူဟာတွေရှိသည်။ “တခြား ရတနာတွေ အများကြီးတော့ မရှိလောက်တော့ဘူး.. ဒီနတ်ဘုရားမိခင်က အရမ်းတန်ဖိုးကြီးတယ်.. တစ်နှစ်ထက်တစ်နှစ် ရတနာအမြောက်အမြား ထပ်ထည့်ရမယ်.. ဒီနေရာမှာ နတ်ဘုရားမိခင် ၈၁ ကောင် ရှိတယ်.. ပလိပ်ရောဂါနတ်ဘုရားက သူ့ရဲအရင်းအမြစ်အားလုံးကို နတ်ဘုရားမိခင်အတွက် အသုံးပြုခဲ့တယ်လို့ ငါသံသယရှိတယ်.. နတ်ဘုရားမိခင်က ခဏတာ ပြန်လည်အသက်ဝင်လာနိုင်ပေမဲ့ ကာလရှည် မိုးခေါင်ရေရှားမှုလည်း ပါလာတက်တယ်”
သက်ပြင်းရှည်ကြီးချလိုက်ပြီး ပင်လယ်ဝတုတ်သည် အတိတ်ကို ယောင်ဝါးဝါးအမှတ်ရမိနေပုံရသည်။ ပလိပ်ရောဂါနတ်ဘုရားသည် ဒီအရာအားလုံးကို နတ်ဘုရားမိခင်အတွက် အသုံးပြုခဲ့ကြောင်း သိထားတာကြောင့် ၎င်းသေဆုံးရခြင်း၏ တကယ့်အကြောင်းရင်းသည် ဤနတ်ဘုရားမိခင်နှင့် ဆက်စပ်နေနိုင်သည်။
***
သားရဲလေ့ကျင့်သူ
အခန်း ၆၇၉ ထိုးဖောက်ကျော်ဖြတ်ခြင်း
သားရဲများသည် နတ်ဘုရားမိခင်ကို စားသုံးရန် ကိုယ်ပိုင်နည်းလမ်းများဖြင့် ကြိုးစားနေကြသည်။ အချို့က မျက်လုံးများပြူးကျယ်ကာ တစ်လုပ်ထဲနှင့် မျိုချရန် ကြိုးစားကြရပြီး အချို့မှာ ပါးစပ်ကိုဟကာ အတွင်းသို့ထည့်ရန် ကြိုးစားကြသည်။ အချို့က မျက်လုံးမှိတ်ပြီး မျိုချရန် ကြိုးစားကြသည်။ ထိပ်ပြောင်တဲ့ ကောင်ကတော့ မြေပြင်ပေါ်တွင် ထိုင်ကာ အပိုင်းပိုင်းခွဲကာ ကိုက်ဖြတ်နေသည်။
ဒန်ဘီကတော့ ၎င်း၏မူလအနေအထားအတိုင်း မတ်တပ်ရပ်ကာ ခေါင်းကို ငုံ့ထားပြီး တိတ်တဆိတ် နံရိုးများကို ကြည့်နေသည်။ ထို့နောက် ညာဘက်လက်ကို နတ်ဘုရားမိခင် ထိပ်ပေါ် တင်လိုက်သည်နှင့် အနက်ရောင် မြူခိုးများက ပစ္စည်းကို ဖုံးလွှမ်းသွားပြီး တိတ်ဆိတ်သွားသည်။ အမဲရောင်မြူခိုးများကြာတွင် ဒန်ဘီ၏အမူအရာသည် မှုန်ဝါးလာပြီး အနီရောင်မီးလုံးနှစ်လုံးသာ လင်းလက်သွားသည်။
နောက်ဆုံးတွင် ကောင်းဖန်သည် ကျန်ရှိသည့် ရတနာအခန်းကို ရှာဖွေလိုက်သည်။ ရတနာခန်းသည် ကြီးပြီးကျယ်သော်လည်း အလွတ်ဖြစ်နေသည်။ ထောင့်စွန်းတွင် ထူးထူးခြားခြား ပစ္စည်းအနည်းငယ်မျှသာ စုပုံထားသည်။ ဤအရာများသည် ပလိပ်ရောဂါနတ်ဘုရား၏ အထောက်အထားနှင့်သက်ဆိုင်သည့်အရာများဖြစ်သည်။ နတ်ဘုရားမိခင် ၈၁ ခုကြောင့် ဤခရီးစဉ်သည် သေချာပေါက် ထိုက်တန်သည်။
ကောင်းဖန်သည် သူထွက်သွားစဉ် တံခါးအားလုံးကို သပ်ရပ်စွာပိတ်လိုက်ပြီး ခြေရာလက်ရာများ အားလုံးကိုဖယ်ရှားလိုက်သည်။ ပင်လယ်ဝတုတ်က နတ်ဘုရားမိခင်များကို သာမန်အိုးနှင့်ထည့်လို့မရတာကြောင့် အိုးများက တန်ဖိုးရှိသည်ဟုဆိုသည်။ ထို့ကြောင့် နတ်ဘုရားမိခင်အိုးအလွတ် ၈၁ ခုလုံးကို ဒန်ဘီ၏ နေရာလွတ်တွင်ထည့်ထားလိုက်သည်။
ကောင်းဖန်သည် နောက်မျိုးဆက်သစ်တွေက အိုးအလွတ်များကို ရှာတွေ့ဖို့ကို တားဆီးရန် ကြိုးပမ်းခြင်းဖြစ်သည်။
နောက်ဆုံးအိုးကိုသိမ်းပြီးနောက် ကောင်းဖန်သည် လျှို့ဝှက်ခန်းကြီး ဘယ်လောက် သန့်ရှင်းသွားသည်ကို မြင်လိုက်ရပြီး စိတ်သက်သာရာ ရသွားသည်။ ထိုနေရာသည် ခွေးတစ်ကောင် လျှာဖြင့်လျက်ထားသည့် ပန်းကန်ထက်တောင် ပိုသန့်ရှင်းသည်။ နောက်ဆုံးအဆင့်မှာ ဝင်ပေါက်မှထွက်ပြီးနောက် တံခါးကို သေချာပိတ်လိုက်သည်။
သူသည် သားရဲများအားလုံးကိုနေရာလွတ်ထဲသို့ထည့်လိုက်ပြီး ပင်လယ်ဝတုတ်နှင့် နဂါးပုရွက်ဆိတ်တို့ကိုသာ ချန်ထားလိုက်သည်။
“နေရတာ သက်တောင့်သက်သာမဖြစ်ဘူး” ပင်လယ်ဝတုတ်က ဝမ်းဗိုက်ကို ပွတ်သပ်ရင်း ညည်းညူလိုက်သည်။ ၎င်းသည် လွန်ခဲ့သော ရက်အနည်းငယ်ကလည်း ပလိပ်ရောဂါနတ်ဘုရားကို ချေဖျက်ထားခဲ့ရသည်။ ယခုလည်း နတ်ဘုရားမိခင် ကိုးခုကို စားပြီးနောက် သူသည် ပို၍ပင် စိတ်မသက်မသာဖြစ်လာသည်။ ဒါက ပျော်ရွှင်စရာ ပြဿနာတစ်ခုဖြစ်သည်။
သူတို့သည် လာရာလမ်းအတိုင်း အဆိပ်သင့်နေတဲ့ ရေကန်ဆီကို ပြန်လျောက်လာသည်။
ရေကန်ထဲက ရေသံကို ကြားလိုက်ရသည်။ ဒြပ်စင်ဝက်၏ ရယ်မောသော မျက်နှာသည် ရေကန်မှ ထွက်ပေါ်လာသည်။ သူသည် ရေကန်ရဲ့ တစ်ဖက်မှာ ခုန်ဆင်းသွားပြီး ကောင်းဖန်ကို စိုက်ကြည့်ရင်း “မင်းထွက်သွားမှာလား” ဟုမေးသည်။
“ဟုတ်တယ်.. ငါထွက်သွားတော့မယ်.. သခင့်ကို လိုက်ရှာဖို့ ပြန်သွားတော့မယ်” ဟုကောင်းဖန်က ပုရွက်ဆိတ် တစ်ကောင်၏ ခန္ဓာကိုယ်ကို ထိန်းချုပ်ကာ ပြောလိုက်သည်။
“သခင်..ကျဆုံးသွားတာ ကြာပြီဆိုတာကို သိပါတယ်” ဟု ဒြပ်စင်ဝက်က ရုတ်တရက် ပြောလိုက်သည်။
ကောင်းဖန်က သူ့ခြေလှမ်းကို ရပ်လိုက်ပြီး သူ့လည်ပင်းမှ ကြက်သီးထလာသည်။ သူသည် အလွန်သတိရှိနေသည်။ ဤနီးကပ်သောပတ်ဝန်းကျင်တွင် နတ်ဘုရားတစ်ပိုင်းအဆိပ်သားရဲကို ကိုင်တွယ်ဖြေရှင်းခြင်းက အကြံကောင်းမဟုတ်ပေ။
“ငါမင်းကိုစားချင်ရင် အခုချက်ချင်းတောင် ပြီးပြီ” ဒြပ်စင်ဝက်က ငြီးငွေ့နေတဲ့အသံနဲ့ပြောလ်ိုက်သည်။ “သခင်အပြင် မင်းက ငါ့နာမည်ကို သိတဲ့ နောက်တစ်ယောက်ပဲ.. ဒါကြောင့်သခင်ကို မင်းသိနေရမယ် မဟုတ်ရင် ငါ့နာမည်ကို သိမှာ မဟုတ်ဘူး”
“အရင်တုန်းက သခင်နဲ့ ငါ နှစ်ယောက်ထဲရှိတုန်းက သခင်က ငါ့နားရွက်ကိုဆွဲရတာ ကြိုက်တယ်.. မင်း ငါ့နားရွက်ကို ဆွဲပေးလို့ရမလား” ဒြပ်စင်ဝက်သည် ကောင်းဖန်ကို တောင့်တစွာ စိုက်ကြည့်နေသည်။
ကောင်းဖန်က အံ့သြသွားသည်။ ဒြပ်စင်ဝက်က ထိုသို့တောင်းဆိုမှုကို ပြုလုပ်လိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။
ဒြပ်စင်ဝက်သည် ရေကန်ထဲမှ ကူးထွက်လာသည်။ ၎င်းတွင် ဝက်ခေါင်း၊ ကြောင်နားရွက်နှင့် စပါးအုံးမြွေကိုယ်ခန္ဓာပါရှိသည်။ ၎င်း၏ ချောမွတ်သော အရေပြားပေါ်တွင် အကြေးခွံမရှိပေ။ နက်မှောင်ထူထဲသော အသားအရည်သာရှိသည်။ သူသည် ကောင်းဖန်၏ခြေရင်းသို့ ဖြည်းညှင်းစွာတက်လာသည်။ သူ့ခန္ဓာကိုယ်မှာ ခြေသည်း၊ ခြေသည်းတွေ မရှိပေ။
ကောင်းဖန်သည် ကုန်းလိုက်ပြီး ညာဘက်လက်ကို ဆန့်ထုတ်ကာ ဒြပ်စင်၏ ကြောင်နားရွက်ကို ပွတ်သတ်လိုက်သည်။
“ကောင်းတယ်..” သူသည် နည်းနည်းလေး တက်ကြွနေပြီး အတော်လေး သက်တောင့်သက်သာ ခံစားနေသည်။ ဒြပ်စင်ဝက်သည် ပျော်ရွှင်မှုစွာ နှာမှုတ်ထုတ်လိုက်ပြီး ခေါင်းကို မြှောက်ကာ ကျောကို ကွေးပြီး ကောင်းဖန်ပတ်ပတ်လည်ကို လှည့်ပတ်လိုက်သည်။
ကောင်းဖန်က နှစ်ကြိမ်ခန့် ချောင်းဟန့်လိုက်သည်။ ဒါက တွယ်တာလွန်းတယ်..”သွားတော့” ကောင်းဖန်ကပြောလိုက်သည်။
ဒြပ်စင်ဝက်သည် နာခံစွာဖြင့် ဆင်းသွားသည်။
ကောင်းဖန်သည် ဤဝက်သည် ဒီလောက်နာခံမှုရှိမည်ဟု မမျှော်လင့်ထားပေ။ “ပြန်လှည့်လာခဲ့”
ဒြပ်စင်ဝက်သည် ကောင်းဖန်ကို ကြောင်တောင်တောင်မျက်နှာဖြင့် ကြည့်နေသည်။ စက္ကန့်အနည်းငယ်ကြာပြီးနောက် စက်ဝိုင်းပုံစံပြန်လှည့်လာသည်။ သူက အရမ်းနာခံလွန်းတယ်..၎င်းသည် နတ်ဘုရားတစ်ပိုင်း သားရဲဖြစ်သည်ဆိုတာကို အခြားမည်သူမျှ ယုံမည်မဟုတ်ပေ။ သူသည် အရူးအိမ်နီးနားချင်း၏အိမ်မှ ခွေးငတုံးနှင့်တူသည်။
ငါ့ကို ခဏလောက် ပွတ်ပေးပါ” ဒြပ်စင်ဝက်သည် သုံးကြိမ်လှည့်ပြီးနောက် ညည်းတွားလိုက်သည်။
ကောင်းဖန်သည် ဒြပ်စင်ဝက်၏ နားရွက်ကို ပွတ်သတ်လိုက်ပြီးနောက် ဝက်သည် ရေကန်ထဲသို့ ပြန်သွားရလောက်အောင် ကျေနပ်သွားသည်။
“သခင် သင်ပေးတာကို မှတ်မိနေသေးတယ်.. သူက ‘ဘယ်သူ့ကိုမှ မယုံပါနဲ့.. ကမ္ဘာပေါ်မှာ လူဆိုးတွေ အများကြီးပဲလို့ ပြောတယ်” ဟု ဒြပ်စင်ဝက်က ပြုံးပြီးပြောလိုက်သည်။ “မင်းကတော့ ငါ့ကို နာရွက်ပွတ်ပေးတယ်.. မင်းကလူကောင်းဖြစ်ရမယ်”
“ငါက လူကောင်းဆိုတော့ မင်း ငါ့နောက်ကို လိုက်ချင်လား.. မင်းရဲ့သခင်က ဒီမှာမရှိတော့ဘူး” ကောင်းဖန်က ရုတ်တရက် မေးလိုက်သည်။
သို့သော် ရိုးသားပုံရသော ဒြပ်စင်ဝက်သည် ၎င်း၏ ခေါင်းကို ထက်ထက်သန်သန် ခါလိုက်သည်။ “ငါမင်းနဲ့ အတူ မသွားပါဘူး” စကားပြောနေစဉ် ဒြပ်စင်ဝက်သည် ထွက်သွားရန် ထရပ်လိုက်သည်။ “မင်းက အားနည်းလွန်းတယ်... မင်းကို ငါ တစ်လုပ်တည်းနဲ့တောင် စားနိုင်တယ်”
ကောင်းဖန်သည် စကားမပြောနိုင်တော့ပေ။
“အပြင်မှာ အရမ်းအန္တရာယ်များတယ်လို့ သခင်ကပြောတယ်... လူတွေက လူတွေကိုစားပြီး သားရဲတွေက သားရဲတွေကို စားတယ်.. ငါဒီမှာမနေရင် အပြင်ထွက်တာနဲ့ အစားခံရလိမ့်မယ်” ဒြပ်စင်ဝက်က ပြောလိုက်သည်။ “မင်းကလည်း အရမ်းအားနည်းတဲ့အတွက် မင်းဒီမှာနေသင့်တယ်.. ဒီမှာက လုံခြုံပါတယ်.. ငါ့ဂူက အရမ်းကြီးတယ်..ဒါကြောင့် ဒီနားမှာ မင်းအတွက် နောက်ထပ်ရေကန် ဆောက်လို့ရတယ်.. ငါတို့ အတူနေလို့ရတယ်” ဟု ဒြပ်စင်ဝက်က ရက်ရက်ရောရောပြောလိုက်သည်။
ကောင်းဖန်က ရယ်မော်ခြင်းကို မထိန်းနိုင်တော့ပေ ဒီနတ်ဘုရားတစ်ပိုင်းက လုံခြုံမှုလည်း မရှိလှပေ။ “ငါ မင်းကို ကာကွယ်နိုင်ပါတယ်.. ဘယ်လိုလဲ.. တကယ်လို့ ငါကမင်းကို အနိုင်ယူနိုင်ရင် မင်းငါ့နောက် လိုက်မှာလား”
“ဟုတ်တယ်.. ဒါပေမယ့် မင်းကို တခြားအကူအညီတောင်းခွင့်မပေးဘူး.. မင်းကိုယ်တိုင် ငါ့ကိုအနိုင်ယူရမယ်” ဟုဒြပ်စင်ဝက်က ဆိုလိုက်သည်။
ကောင်းဖန်သည် ဝမ်းနည်းဖွယ်ကောင်းသည်ကို သိရှိသော်လည်း သူဘာမျှ မလုပ်နိုင်ပေ။ သူသည် နဂါးပုရွက်ဆိတ်၏ ခန္ဓာကိုယ်ကို အသုံးပြုနေရသည်။ ဆိုလိုသည်မှာ နဂါးပုရွက်ဆိတ်သည် ဤဝက်ကို အနိုင်ယူရမည်ဟု ဆိုလိုသည်။ နဂါးပုရွက်ဆိတ်သည် ၎င်း၏ ပြိုင်ဘက်မဟုတ်ပေ။ အဆင့် ၈၀ သာရှိပြီး ဝက်ထက် အဆင့်နှစ်ဆင့်အောက်လည်းနိမ့်သည်။
နဂါးပုရွက်ဆိတ် ခြေတစ်လှမ်းလှမ်းလိုက်သောအခါ သူ့ခြေထောက်အောက်က ကျောက်တုံးက ကွဲထွက်သွားသည်။ ကောင်းဖန်သည် ရုတ်တရက် သူ့ခန္ဓာကိုယ်ရှိ သွေးများနှင့် အစိတ်အပိုင်းများ ပြင်းထန်စွာ လှုပ်ရှားသွားသည်ကို ခံစားလိုက်ရသည်။ သူတို့သည် ပြင်းပြင်းထန်ထန်ခုန်နေပြီး ကောင်းကင်နှင့်မြေကြီးနှင့် လိုက်လျောညီထွေရှိပုံရသည်။ ဒါဘာလဲဟ..
“နဂါးပုရွက်ဆိတ်က သန့်ရှင်းမြင့်မြတ်အဆင့်ကို ချိုးဖြတ်သွားတာဖြစ်လိမ့်မယ်.. ဒါက နတ်ဘုရားမိခင်ပဲ” ဟု ပင်လယ်ဝတုတ်မှ ကောင်းဖန်၏ စိတ်အတွင်းမှ ပြောလိုက်သည်။ ကောင်းဖန်သည် နောက်ထပ် မနှောင့်နှေးဝံ့ဘဲ ၎င်း၏ ဆင့်ကဲဖြစ်စဉ်ကို ပြီးမြောက်စေနိုင်ရန် နဂါးပုရွက်ဆိတ်၏ ခန္ဓာကိုယ်ကို လျင်မြန်စွာ ထိန်းချုပ်ခွင့်ပေးလိုက်သည်။
ကောင်းဖန်ထွက်သွားပြီးနောက် ဒြပ်စင်ဝက်သည် မျက်နှာပြင်ပေါ်တက်လာပြီး ထွက်ပေါက်ဆီသို့ လှမ်းကြည့်လိုက်သည်။ လျှပ်တပြက်အတွင်း၌ ကွေးညွတ်နေသော သဏ္ဍာန်တစ်ခု ဂူပေါက်ဝတွင် ပေါ်လာသည်။ အနက်ရောင်မျက်နှာဖုံးတစ်ခုက သူတို့မျက်နှာကို ဖုံးအုပ်ထားပေမယ့် မျက်နှာဖုံးအောက်မှာ ချွန်ထက်တဲ့ နှာတံရှိသည်။ နှာတံနှစ်ဘက်ဘေးမှ အဖြူရောင်ု မုတ်ဆိတ်မွှေး ထွက်နေသည်။
“သခင်.. ပြန်လာပြီ” ဒြပ်စင်ဝက်က အံ့သြစွာပြောလိုက်သည်။ သူသည် စိတ်ဝိဉာဏ်ရေကန်ထဲက အပြေးအလွှားထွက်လာပြီး ပုံသဏ္ဍာန်အနား သွားလိုက်သည်။
လေတိုက်ခတ်လိုက်သောအခါ ပိန်ပိန်ပါးပါး ရုပ်သဏ္ဍန်သည် ပူဖောင်းများကဲ့သို့ လွင့်ပျံသွားသည်။ လှိုဏ်ဂူသည် မှောင်နေသေးသဖြင့် ဒြပ်စင်ဝက်သည် ပျောက်ဆုံးသွားတာကို လှည့်ပတ်ရှာဖွေနေသည်။ အချိန်အတော်ကြာအောင် ဂူထဲမှ ကျယ်လောင်သော အော်ဟစ်သံကို ကြားလိုက်ရသည်။ “သခင်”
…
ဝေးလံခေါင်သီသောတောနက်အတွင်းပိုင်းမှ လေထုထဲတွင် ဒြပ်စင်များ မတည်မငြိမ်ဖြစ်နေသည်။ လေထု၏ ကြမ်းတမ်းသော ဒြပ်စင်များသည် တောင်တစ်ခုလုံးကို ဖုံးလွှမ်းသွားစေသည့် မြင့်မားသော အပူချိန်နှင့် ဖိအားများကို ဖန်တီးပေးနေသည်။
အချိန်အတော်ကြာအောင် ကျယ်လောင်သော အော်ဟစ်သံက တောင်တန်းများပေါ်တွင် ထွက်ပေါ်လာသည်။ မီးတောက် မီးလျှံများသည် နေရာတိုင်းတွင် လောင်ကျွမ်းနေပြီး တောင်ကြီးတစ်ခုလုံး မီးတောက်တောင်ကြီးအဖြစ်သို့ ပြောင်းလဲသွားသည်။ အချိန်အတော်ကြာပြီးနောက် တောင်နှင့်သစ်တောများရှိ လေထုသည် ငြိမ်သက်မှုပြန်လည်ရရှိလာသည်။
ဦးခေါင်းများစွာသည် မြေကြီးထဲမှ ထွက်လာပြီး ပတ်ဝန်းကျင်ကို စောင့်ကြည့်နေသည်။ နောက်ဆုံးတော့ ပြီးသွားပြီဖြစ်သည်။
ညသန်းခေါင်မှစ၍ တောင်ကြီးသည် မီး၊ ရေခဲ၊ မိုးကြိုးနှင့် လျှပ်စီးကြောင်းများကို ပိုင်သွားပုံရသည်။ တခါတရံမှာ ဒါတွေက အခြား ထူးဆန်းသော ဂုဏ်သတ္တိများနှင့် ရောနှောနေတတ်သည်။
***
သားရဲလေ့ကျင့်သူ
အခန်း ၆၈၀ အဆိပ်လူသတ်သမား ကြယ်စင်သားရဲ
ခန်းမအပြင်ဘက်မှာ ခြေသံတွေ ဆူညံနေသည်။ အရပ် ၁၆ ပေ မြင့်သော သွေးရောင် ချပ်ဝတ်တန်ဆာဝတ်ဆင်ထားသည့် လူပုံသဏ္ဍာန်သားရဲတစ်ကောင်သည် လက်သီးဆုပ်ပြေးလာကာ အခန်းတွင်းရှိ လူအားပြောလိုက်သည်။ “အစီရင်ခံပါတယ်.. ဗိုလ်ချုပ်..တို့ဝမ်ဂိုဏ်းရဲ့ ကျန်ရစ်သူတွေ နောက်ဆုံးတော့ ပါးစပ်ဖွင့်လာကြပါပြီ.. သူတို့က တို့ဝမ်ဂိုဏ်းချုပ်ကိုဖော်ထုတ်လိုက်ကြတယ်”
သွေးရောင်ချပ်ဝတ်တန်ဆာဝတ်ထားသည့် အရပ် ၁၆ ပေမြင့်သောသားရဲသည် အခန်းအမြင့်အများစုကို နေရာယူထားသည်။ ၎င်း၏မျက်နှာကိုမျက်နှာဖုံးဖြင့် ဖုံးအုပ်ထားသောကြောင့် နတ်ဆိုးဆန်နေသည့် သွေးနီရောင်မျက်လုံးများကိုသာ မြင်နိုင်သည်။
“တို့ဝမ်ဂိုဏ်းရဲ့ခေါင်းဆောင်က ဘယ်သူလဲ” အခန်းအတွင်းရှိ ဖန်သားပြင်နောက်ဘက်မှ တည်ငြိမ်သော အသံတစ်ခု ထွက်ပေါ်လာသည်။
သွေးနီရောင် ချပ်ဝတ်တန်ဆာ သားရဲက ချီတုံချတုံ ဖြစ်နေပုံရသည်။ အခန်းက တိတ်ဆိတ်သွားသည်။ သိပ်မကြာခင်မှာပဲ စောင်တစ်ထည်ပတ်ထားတဲ့ ခပ်ချောချောဆယ်ကျော်သက်လေးတစ်ယောက်က နံဘေးက တံခါးပေါက်ကနေ အမြန်ပြေးထွက်လာသည်။
ဖန်သားပြင်၏နောက်ကွယ်တွင်တော့ ပခုံးအထိရှည်သည့် အနက်ရောင်ဆံပင်နှင့် အမျိုးသားတစ်ဦး ရောက်လာသည်။ သူ့ဆံပင်တွေက ရင်ဘတ်ပေါ်ကျနေပြီး သန်မာတဲ့ ကြွက်သားတွေ ပေါ်နေသည်။ သူ၏ တစ်ခုတည်းသော မပြည့်စုံမှုမှာ အရေပြားမပါသည့် သရဲတစ္ဆေကဲ့သို့ ကြောက်မက်ဖွယ် မျက်နှာ၊ သွေးနီရောင် ကြွက်သားများနှင့် အဖြူရောင် အစွယ်လို သွားများသာ ဖြစ်သည်။
“အခု အပြင်လူ မရှိပါဘူး..ပြောပါ” ဗိုလ်ချုပ်သည် သွေးနီရောင်မျက်လုံးသားရဲ၏ မျက်လုံးများကို ကြည့်ပြီး ရယ်မောလိုက်သည်။ “မင်းဘာလို့ သားရဲ ခန္ဓာကိုယ်နဲ့ ပေါင်းထားတာလဲ.. ဘာလဲ…
ငါကမင်းကိုစားမှာစိုးလို့လား.. မင်းရဲ့ ခန္ဓာကိုယ်အစစ်နဲ့ ငါ့ကိုပြောပါ”
သွေးနီရောင်ချပ်ဝတ်သားရဲသည် သတိ အနေအထားတွင် ရှိနေပြီး အချိန်အတော်ကြာပြီးနောက် ချောင်းဟန့်လိုက်သည်။ “ဗိုလ်ချုပ် ကျွန်တော် ကောင်းကောင်း အသုံးပြုလာနိုင်ပါပြီ.. ဒီနည်းက ပိုအားကောင်းတယ်လို့ ခံစားရတယ်”
“ဟားဟားဟား...” ဗိုလ်ချုပ်က ခေါင်းကိုပြန်ငုံ့ကာ ရယ်လိုက်သည်။ သူ့လက်အောက်ငယ်သားကို သူ့အမြင်အရ အကဲဖြတ်ထားပေမဲ့ ဘာမှထပ်မပြောတော့ပေ။ “တို့ဝမ် ဂိုဏ်းချုပ်က ဘယ်သူလဲ.. ငါ သူ့ကို လိုက်ရှာနေတာ နှစ်နှစ်ရှိနေပြီ.. သူ့ကို ငါ ဖမ်းမိရင်တော့ လွယ်လွယ်နဲ့ သေစေမှာ မဟုတ်ဘူး” ဗိုလ်ချုပ်က ရယ်မောလိုက်သည်။
“သူက ကျောက်ဆောင်မြို့ရဲ့ အကြီးအကဲ ယင်ရှန်းချီပါ”
“ယင်ရှန်းချီ” ဗိုလ်ချုပ်က ပထမတော့ အံ့သြသွားပြီး ရယ်မောလိုက်သည်။ “ဒီကျေးဇူးကန်းတဲ့သူကတော့.. ငါက သူ့ကို ကောင်းကောင်း ဆက်ဆံပေမယ့် သူက နတ်ဆိုးမှင်စာတွေနဲ့ တိတ်တဆိတ် ပူးပေါင်းဖို့ ရွေးလိုက်တယ်”
“စစ်တပ်ကိုပြင်လိုက်.. ကျောက်ဆောင်မြို့ကို ပိတ်ထားလိုက်” ဗိုလ်ချုပ်က မောက်မာစွာပြောလိုက်သည်။ “ငါတို့ ဒီနေ့ အဲဒီလူမိုက်ကို ဖြုတ်ချမယ်”
ကျောက်ဆောင်မြို့နှင့် မလှမ်းမကမ်းတွင် တပ်စွဲထားသော စစ်တပ်ကိုရွှေ့လိုက်သောအခါ ကောင်းကင်တွင် မီးခိုးများနှင့် ဖုန်မှုန့်များ ပြည့်လျှံနေတော့သည်။ စစ်တပ်က စနစ်တကျ ဆုတ်ခွာရွေ့လျားသွားသည်။ တပ်မတော်၏တိုက်ခိုက်ရေးအင်အားကို အမျိုးမျိုးသော သားရဲများဖြင့် ဖွဲ့စည်းထားသည်။ ဤအခိုက်အတန့်တွင် ဧကရာဇ်သားရဲတို့သည် အသံမထွက်ဘဲ လေးလေးနက်နက် ရှေ့သို့ကြည့်နေကြသည်။ ကျောက်ဆောင်မြို့ကိုတော့ ပိတ်ထားလိုက်သည်။ အဝင်ကိုသာ ခွင့်ပြုပြီး အထွက်ကို ခွင့်မပြုတော့ပေ။
ကောင်းကင်တွင် ခရမ်းရောင်လျှပ်စီးကြောင်းအရိပ်တစ်ခု ထင်ဟပ်နေသည်။ ၎င်း၏ကိုယ်ခန္ဓာကိုယ်ကို လျှပ်စီးကြောင်းဖြင့် ပြုလုပ်ထားသောကြောင့် ၎င်းသည် ရှားပါးဒြပ်စင်သားရဲဖြစ်ရမည်ဖြစ်သည်။ လျှပ်စီးလက်ချောင်းများသည် ဖြန့်ထားသော သစ်ကိုင်းခြောက်နှင့်တူသည်။ ကျောက်ဆောင်မြို့ကြီးတစ်ခုလုံးကို လျှပ်စီးလက်သလို လျှပ်စီးများဖြင့်ပိတ်ဆို့ထားသည်။
အပြင်ဘက်မှ မိုးခြိမ်းသံကြောင့် တည်းခိုခန်း၏ ပထမထပ်တွင် စားသောက်နေသော လူအများအပြား လန့်သွားကြသည်။ ပြတင်းပေါက်ကနေ လှမ်းကြည့်လိုက်သောအခါ ကောင်းကင်က ခရမ်းရောင် လျှပ်စီးလက်နေတဲ့ ပိုက်ကွန်နဲ့ ဖုံးလွှမ်းနေသည်။ ငှက်များသည် ပိုက်ထဲသို့ မတော်တဆ ဝင်တိုက်မိပြီး ချက်ချင်းပင် အငွေ့ပျံသွားသည်။
လူခြောက်ယောက်၏ မျက်နှာသည် အနည်းငယ် ပြောင်းလဲသွားသည်။ ပိုင်ဟိုင်သည် သူတို့၏ပတ်ဝန်းကျင်ကို ထူးဆန်းသော မျက်လုံးများဖြင့် စောင့်ကြည့်နေသည်။ စားပွဲပေါ်က ရေကိုသုံးပြီး “ငါတို့ မိသွားတာလား” ဟု ရေးလိုက်သည်။
ကောင်းဖန်က တိတ်တဆိတ် ခေါင်းယမ်းပြီး ချောင်းဟန့်လိုက်သည်။ “ဆက်သာစားပါ”
“အပြစ်သား ယင်ရှန်းချီက နတ်ဆိုးနတ်ဘုရားတွေနဲ့ ပူးပေါင်းပြီး တို့ဝမ်ဂိုဏ်းကို လျှို့ဝှက်ထောက်ခံခဲ့တယ်.. သူက အပြစ်ပေးခံရမယ်” ကောင်းကင်ယံ၌ မိုးခြိမ်းသံ တဟုန်းဟုန်း ထွက်ပေါ်လာသည်။
အကြေးခွံဖုံးနေသောသွေးနီရောင် လက်ချောင်းတစ်ချောင်းသည် ကောင်းကင်မှ ကျလာကာ မြို့တော်၏ အိမ်တော်ကြီးကို ဓားဖြင့် ထိုးလိုက်သည်။ စွမ်းအား၏ နောက်ဆက်တွဲအကျိုးဆက်သည် မြို့တော်၏အဓိကအိမ်တော်ကြီးအနီးရှိ အိမ်များကို စာရွက်တစ်ရွက်ကဲ့သို့ ပြားသွားစေသည်။ လက်ချောင်းနားမှ အနီရောင်ဖျော့ဖျော့ပေါက်ကွဲမှုသည် ပေါက်ကွဲနေသောကြယ်မှ လှိုင်းလုံးကဲ့သို့ လက်၏အပြင်ဘက်တစ်ဝိုက်တွင် တဟုန်ထိုးမြည်လာသည်။
ခြောက်ယောက်သားသည် အနည်းငယ် ထိတ်လန့်သွားသော်လည်း အေးအေးဆေးဆေး စားသောက်နေသည့် ကောင်းဖန်က အနီးတွင် ထိုင်နေသည်ကို တွေ့လိုက်ရသောအခါ စိတ်သက်သာရာရသွားကြသည်။ အနည်းဆုံးတော့ သူတို့မှာ ဒီတန်ခိုးကြီးတဲ့ သူရှိသည်။ တကယ့်အန္တရာယ်တွေရှိခဲ့ရင်တောင် အစွမ်းထက်တဲ့ သတ္တဝါကြီးများရှိသည်။
ကောင်းဖန်က ပင်လယ်ဝတုတ်ကို ထပ်ခါတလဲလဲ မေးလိုက်သည်။ “ပင်လယ်၀တုတ်.. မင်း ငါတို့အထက်က အဲဒီလူရဲ့ ရောင်ဝါကို ခံစားလို့ရလား.... မင်းသူ့ကိုအနိုင်ယူနိုင်လား... မင်း ငါတို့ လွတ်မြောက်အောင် ကူညီပေးနိုင်မှာလား”
“အေးဆေးနေစမ်းပါ.. ငါ့မှ နတ်ဘုရားတစ်ပိုင်းရဲ့ မှော်ပစ္စည်းသုံးမျိုးရှိတယ်.. သာမန် နတ်ဘုရားတစ်ပိုင်းတွေလောက်က ငါ့ပြိုင်ဘက် မဟုတ်ဘူး” ဟု ပင်လယ်ဝတုတ်က ကောင်းဖန်ကို ပြောလိုက်သည်။
ထိုအခါ ကောင်းဖန်က ငြိမ်သက်သွားပြီး လူခြောက်ယောက်ကို စွေ့ကြည့်လိုက်သည်။ သူတို့၏ မျက်နှာများပေါ်တွင် ထိတ်လန့်မှုကို မထိန်းနိုင်သေးသည်ကို သူမြင်လိုက်ရသည်။ သူတို့မတည်ငြိမ်သေးပေ။ ကောင်းဖန်သည် သူ့ကျောကို တည့်တည့်မတ်မတ်ထားပြီး ဝိုင်ကို အေးအေးဆေးဆေး ယူလိုက်သည်။
“ငါတို့အားလုံးက နတ်ဘုရားတစ်ပိုင်းတွေပဲ… လက်ချောင်းတစ်ချောင်းလောက်က ဘာလုပ်နိုင်မယ်လို့ ထင်လဲ” မြို့တော်၏ ပင်မအိမ်တော်ကြီးထဲမှ ဒေါသတကြီး အော်ဟစ်သံတစ်ခု ထွက်လာသည်။
အဆိပ်ပြင်းသော အခိုးအငွေ့များသည် စံအိမ်တော်ကြီးကို ကာကွယ်ရန် အကာအရံအဖြစ်သို့ ရုတ်တရက် ပြောင်းလဲသွားပြီး အလင်းတန်းများ လင်းလက်လာသည်။ ထိုအလင်းတန်းများက လက်ချောင်းတွေကို ဖြတ်လိုက်ပြီး သွေးတွေ တလိမ့်လိမ့် စီးကျလာသည်။
အိမ်တော်ကြီးရဲ့ တစ်နေရာရာမှ မုတ်ဆိတ်ဖြူ အဘိုးကြီးတစ်ယောက်က ကောင်းကင်ကို မော့ကြည့်နေသည်။ လင်းနို့နှင့်တူသော အတောင်ပံတစ်စုံရှိသည့် သေးသွယ်သော ခြင်ကျားသားရဲတစ်ကောင်သည် သူ့ဘေးတွင် ရပ်နေသည်။ ၎င်း၏လက်များသည် သေးသွယ်ပြီး ခြင်၏လက်များထက် များစွာပို၍ ထူသည်။ ၎င်း၏လက်များကို ဖြေလျော့ထားသော်လည်း ၎င်းတို့၏ အဆုံးတွင် အတွင်းဘက်သို့ပြန်ကောက်နေသော ချိတ်တစ်စုံရှိသည်။ သူ့မျက်လုံးများက ကောင်းကင်ကို စိုက်ကြည့်နေသည်။ “မနက်ဖြန်ရောက်ရင် လျှို့ဝှက်ဥမင်လိုဏ်ခေါင်းကတဆင့် မြို့ထဲကနေ အားလုံးက ထွက်သွားသင့်တယ်.. မင်းလည်းသတ်ဖြတ်ခံရနိုင်တယ်”
“ဟုတ်ကဲ့ပါ သခင်”
အဘိုးအိုက သူ့သားရဲကို ကြည့်လိုက်ပြီး ဘယ်ဘက်လက်နဲ့ လှုပ်ရှားမှုတစ်ခုကိုလုပ်လိုက်သည်။ သူ့ဘေးနားကနေရာလွတ်သည် တွန့်လိမ်သွားပြီး လက်ဖဝါးအရွယ် ခြင်နှင့်တူသော သားရဲပေါ်လာသည်။ အဘိုးအိုသည် ဘယ်ဘက်သို့ ခြေတစ်လှမ်း လှမ်းလိုက်ပြီး ခြင်သားရဲနှင့် ပေါင်းကာ တိတ်တဆိတ် လွတ်မြောက်သွားသည်။
သူ့သခင်ကို ငေးကြည့်ရင်း အဆိပ်လူသတ်သမားကြယ်စင်သည် ပြန်အာရုံစိုက်လိုက်သည်။
သူ့သခင်က ကလေးဘဝတုန်းက သူ့ကိုတွေ့ခဲ့သည်။ ထိုအချိန်တွင် သူသည် မသိနားမလည်သော ကလေးတစ်ဦးသာဖြစ်ပြီး သခင်မှာ အသက် ၁၈ နှစ်သာရှိသေးသော လူငယ်လေးတစ်ဦးဖြစ်သည်။ အဲဒီတုန်းက သူ့သခင်က သူတို့ခြေထောက်အောက်မှာ ကမ္ဘာကြီး ရှိထားသလိုမျိုး ယုံကြည်မှုအပြည့်ရှိပြီး သူတို့က ကမ္ဘာပေါ်မှာ အစွမ်းအထက်ဆုံး သားရဲနှင့် သားရဲလေ့ကျင့်သူ ဖြစ်လာလိမ့်မည်ဟု ပြောခဲ့သည်။
သခင်.. ကျွန်တော်မျိုး အဆိပ်လူသတ်သမားကြယ်စင်က သခင်ရဲ့ဆန္ဒကို မဖြည့်ဆည်းပေးနိုင်မှာကို ကြောက်မိတယ်..
လက်ချောင်းကျိုးက ပင်မအိမ်တော်ကြီး၏ အစွန်းပေါ်ပြုတ်ကျပြီး တစ်အိမ်လုံး ကြေမွသွားသည်။ ပြိုကျပျက်စီးနေသော အပျက်အစီးများမှ သွေးများစွာ ထွက်ပေါ်လာပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် မြို့၏ ပင်မအိမ်တော်ကြီးသည် သွေးစွန်းမြစ်အဖြစ်သို့ ပြောင်းလဲသွားသည်။
အိမ်ထဲတွင် ပုန်းအောင်းနေသော အစေခံတစ်ယောက်က တံခါးနှင့် ပြတင်းပေါက်များမှ သွေးများ ကျလာနေတာကို ကြောက်လန့် တကြား စောင့်ကြည့်နေသည်။ ပင်မအိမ်တော်ကြီးရှိ အစေခံများ၏သားရဲသည် သူ့အနားတွင် မရှိပေ။ ၎င်းတို့၏ နယ်ချဲ့သားရဲများကို အခြားနေရာများတွင် အထူးတပ်စွဲပြီး လေ့ကျင့်ပေးနေသည်။ ထိုအခိုက်အတန့်တွင် သူ့သားရဲသည် အဝေးသို့ရောက်ရှိနေပြီး သူ့အရေပြားမှတဆင့် သွေးများ ခန္ဓာကိုယ်အပြင်သို့ ဖောက်ထွက်လာသည်ကိုသာ ကူကယ်ရာမဲ့စွာ ကြည့်နေရသည်။
သူသည် ငိုကြွေးမြည်တမ်းလျက် မြေပေါ်သို့လဲကျသွားသည်။ ၎င်း၏ မျက်လုံး၊ နှာခေါင်းနှင့် ပါးစပ်တို့မှ သွေးများ စီးကျလာသည်။ သူ့သွေးနှင့် လက်ချောင်းပြတ်၏ သွေးများက ရောနှောသွားသည်။
အဆိပ်လူသတ်သမားကြယ်စင်သားရဲက ခေါင်းကိုမော့ပြီး ဖန်ခွက်နှစ်ခြမ်းကို ကြမ်းကြမ်းတမ်းတမ်းပွတ်တိုက်နေသလိုအသံမျိုးဖြင့် နာကျင်စွာ အော်ဟစ်နေသည်။
ဝုန်း..
မရေမတွက်နိုင်သော အရိပ်ပုံရိပ်ယောင်များနှင့်အတူ အစိမ်းရောင်ဓားနက်ကြီးသည် လေထဲတွင် ပေါက်ကွဲသွားသည်။ အရိပ်တစ်ခုလို ဖြစ်သွားပြီး ကောင်းကင်သို့ တက်သွားသည်။
သူတို့သည် ကောင်းကင်ဓားဖြင့် လျှပ်စီးပိုက်ကွန်ကို ဆုတ်ဖြဲကာ တိမ်ပေါ်သို့ တက်ကာ တိမ်တိုက်များကြားတွင် ဗိုလ်ချုပ်နှင့် ပြင်းထန်စွာ တိုက်ခိုက်နေကြတော့သည်။