← Chapters

အခန်း (၆၉၃-၆၉၆)

Vol. 44 Ch. 693-696

အခန်း (၆၉၃-၆၉၆)

Vol. 44 Ch. 693-696

အခန်း ၆၉၃ အိပ်မက်ကမ္ဘာ

ကောင်းဖန်သူ့ခေါင်းကို လှည့်ကြည့်လိုက်တော့ အနက်ရောင် ဂုံးခွံအပိုင်းအစတွေကို ရေကန်အောက်ခြေမှာ တွေ့လိုက်ရသည်။ ပင်လယ်ဝတုတ်သည် အုန်းသီးကဲ့သို့ ကြီးမားသော ပုလဲဖြူဖြူကို ထွေးထုတ်လိုက်သည်။ ဂုံးအိုကြီး၏အရွယ်အစားနှင့် နှိုင်းယှဉ်ပါက ပုလဲအရွယ်အစားမှာ အလွန်သေးငယ်သော်လည်း ပုလဲအရောင်ကတော့ အံ့မခန်းဖြစ်သည်။

တောက်ပပြီး ကြည်လင်ပြတ်သားသော အဖြူရောင်ပုလဲသည် ၎င်းအတွင်း၌ ဂုံးငယ်၏ တံလျှပ်တစ်ခုပါရှိသည်။ မျက်နှာပြင်ပေါ်တွင် ပါးလွှာသော ရောင်စုံတောက်ပမှုတစ်ခုရှိသည်။

“ဒါက…” ကောင်းဖန် ကောက်ယူလိုက်သည်။ ပုလဲဖြူ တုန်ခါသွားသောအခါ သူ့ရှေ့ရှိ နေရာသည် လှပသော အရောင်အသွေးများဖြင့် တောက်ပနေပြီး ပတ်ဝန်းကျင်တွင် တံလျှပ်မျိုးစုံ ပေါ်လာသည်။

[ပစ္စည်း အမည်] - ဂုံးတံလျှပ်ပုလဲ

[ပစ္စည်း ဖော်ပြချက်] - ဂုံးမှ တံလျှပ်အနှစ်သာရပမာဏများစွာပါရှိသော အဖိုးတန်ပုလဲဖြစ်သည်။ ပုလဲသည် မည်သည့်နေရာ၌မဆို သဘာဝအလျောက် မတူကွဲပြားသော တံလျှပ်များကို ဖန်တီးနိုင်ပြီး ၎င်း၏ပတ်ဝန်းကျင်ကို ထိခိုက်စေသည်။ ခံနိုင်ရည်မရှိသူသည် ၎င်းကိုမြင်လျှင် တံလျှပ်ထဲသို့ဆွဲငင်ကာ လူဝင်စားခြင်းခံရလိမ့်မည်။

ဒါကိုမြင်တော့ ကောင်းဖန်က ဂုံးတံလျှပ်ပုလဲကို မြေပြင်ပေါ် အေးအေးဆေးဆေး ချလိုက်ပြီး ခြေနဲ့ နင်းလိုက်သည်။ ကောင်းဖန်သည် အေးဆေးတည်ငြိမ်နေသည်။

ရှောင်ကောသည် ၎င်း၏ လက်တံများကို ချလိုက်ပြီး ဂုံးတံလျှပ်ပုလဲကို ကောက်ယူကာ ညင်ညင်သာသာ ခါယမ်းလိုက်သည်။ ဂုံးတံလျှပ်ပုလဲ၏ ပတ်ဝန်းကျင်သည် ချက်ခြင်းပင် ကြီးကျယ်ခမ်းနားစွာ ပွင့်လန်းလာပြီး ကောင်းဖန်သည် လှပသောတံလျှပ်ကို မြင်လိုက်ရသည်။

တံလျှပ်အတွင်းတွင် သွားလာလှုပ်ရှားနေမှုနှင့် အဆောက်အဦးများကို တွေ့ရပြီး ကြီးမားသောရှေးဦးသတ္တဝါတစ်ကောင်ကလည်း ကောင်းကင်ယံတွင် ဟိန်းဟောက်နေပြီး ငရဲနတ်ဆိုးများသည် လူသေများ၏ အသိုက်အမြုံတွင် လျှောက်သွားနေကြသည်။ သို့သော် အားလုံးသည် ပုံသဏ္ဍာန်တစ်ခုသာဖြစ်သည်။

ရှောင်ကော၏လက်တံများသည် ဂုံးတံလျှပ်ပုလဲအတွင်းသို့ ဖောက်ထွင်းဝင်ရောက်ချင်သော်လည်း မျက်နှာပြင်ကို ထိလိုက်တိုင်း ၎င်း၏ လက်တံများသည် နောက်ဆုတ်သွားသည်။ ခဏအကြာတွင် ရှောင်ကောသည် ၎င်းကို ငြီးငွေ့လာကာ ခေါင်းစွပ်ကဲ့သို့ ခေါင်းပေါ်တွင် ရိုးရိုးရှင်းရှင်း တင်ထားလိုက်သည်။

“ဒီဂုံးအိုကြီးက ထင်ယောင်ထင်မှားနဲ့ ရေအမျိုးအစားကို လက်ဆောင်ပေးခဲ့တယ်... ငါ ရေအမျိုးအစား အနှစ်သာရကို စားပြီးပြီ.. သူက ထင်ယောင်ထင်မှားစွမ်းအင်ကို ချန်ထားတာ” ဟု ပင်လယ်ဝတုတ်က ဂုံးတံလျှပ်ပုလဲကိုကြည့်ပြီးပြောလိုက်သည်။

“ထင်ယောင်ထင်မှားသားရဲအမျိုးအစားတွေအတွက် ဒီဂုံးတံလျှပ်ပုလဲက သူတို့ကို ရူးသွပ်သွားလောက်တဲ့ ရတနာတစ်ခုပဲ.. ဒါပေမယ့် အခြားသော သားရဲအမျိုးအစားတွေ အတွက်တော့ ဂုံးတံလျှပ်ပုလဲရဲ့ သက်ရောက်မှုတွေက မရှင်းလင်းဘူး.. ဒါပေမယ့် ဒီ ဂုံးတံလျှပ်ပုလဲက လူတစ်ယောက်ရဲ့ စိတ်ဓာတ်ကို လေ့ကျင့်ပေးဖို့အတွက် အရမ်းကောင်းတယ်.. တချို့နတ်ဘုရားတွေက သူတို့ရဲ့ မျိုးဆက်သစ်တွေရဲ့ စိတ်ဓာတ်ကို လေ့ကျင့်ဖို့ ထင်ရောင်ထင်မှားအမျိုးအစားရတနာတွေကို အသုံးပြုခဲ့တာကို သတိရမိတယ်”

ကောင်းဖန်သည် ဂုံးတံလျှပ်ပုလဲ၏နောက်ထပ် သူမဖတ်ရသေးသော အချက်များကို ဆက်လက်ကြည့်ရှုလိုက်သည်။

[အကြောင်းအရာဖော်ပြချက်] - ဂုံးတံလျှပ်ပုလဲသည် ၎င်း၏ ခန္ဓာကိုယ်ရှိ တံလျှပ်စွမ်းအားအနှစ်သာရအားလုံးမှ စုစည်းကာ ပေါင်းစည်းထားသော ပုလဲဖြစ်သည်။ ၎င်းတွင် ဂုံးတံလျှပ်ပုလဲ၏ တံလျှပ်စွမ်းအားအနှစ်သာရ ၉၀ ရာခိုင်နှုန်းကျော် ပါဝင်ရုံသာမက ဂုံး၏ အနှစ်သာရလည်းပါ၀င်သည်။ ဂုံးတံလျှပ်ပုလဲမှ ဝဥအသစ်ပေါက်နိုင်သည်။

ကောင်းဖန်သည် တစ်စက္ကန့်မျှ ထိတ်လန့်သွားသည်။

“ပင်လယ်ဝတုတ် ခန့်မှန်းကြည့်စမ်းပါ.. ဒီပုလဲက ကြက်ဥနဲ့တူလား”

ပင်လယ်ဝတုတ်သည် မျက်မှောင်ကြုတ်ကာ ကောင်းဖန်ကို မျက်လုံးနှစ်လုံးဖြင့် အနီးကပ်ပြီး ဂုံးတံလျှပ်ပုလဲကို တစ်ချက်လောက် တစ်ချက်ကြည့်လိုက်သည်။ နှစ်တွေကြာလာတာနဲ့အမျှ ပင်လယ်ဝတုတ်သည် ကောင်းဖန်ရဲ့ ကိုယ်ရည်ကိုယ်သွေး အချို့ကို နားလည်လာသည်။ သူဖြည်းညှင်းစွာ ခေါင်းညိတ်လိုက်သည်။ “ဟုတ်တယ်... အဲဒါက ကြက်ဥနဲ့တူရုံသာမက ဂုံးအသစ်လည်း ပေါက်နိုင်တယ်ဆိုတာ ငါသိတယ်”

၎င်း၏အဖြေအဆုံးတွင် ပင်လယ်ဝတုတ်သည် ဂုဏ်ယူစွာဖြင့် ခေါင်းကို မော့ကာ ရှေ့သို့ ဖြည်းညှင်းစွာ လျှောက်သွားလိုက်သည်။

ကောင်းဖန်က သူ့ပါးစပ်ကို ဖွင့်လိုက်ပြီးနောက် သူပြောချင်တာကို လည်ချောင်းထဲ မျိုချလိုက်သည်။ ထို့နောက် ကောင်းဖန်သည် ဂိုဒီကို ခေါ်လိုက်ပြီး ဆီလီ၏နေရာလွတ်ထဲမှ ခေါင်းသုံးလုံးခွေးကို လွှတ်ပေးလိုက်သည်။ “မင်းအတွက် ငါ့မှာ အလုပ်ကောင်းရှိတယ်.. ဒီကိုလာ” ဟု ခွေးကို ပြောလိုက်သည်။

ဂိုဒီက ဘာကိုမှဂရုမစိုက်ဘဲ သူ့ဆီ ပြေးလာသည်။ ခေါင်းသုံးလုံးခွေးသည် သခင်၏ပိုင်ရှင်သည် မြင့်မြတ်သောအဆင့်အတန်းရှိကြောင်းသိသောကြောင့် ၎င်းနောက်လိုက်လာသည်။ ဂိုဒီသည် ရှေ့သို့ လျှောက်သွားသောအခါ ၎င်း၏ ဘဲခြေထောက်များက အနောက်ဘက်သို့ တိတ်တဆိတ် ကန်ကျောက်မိလိုက်ပြီး ခေါင်းသုံးလုံး ခွေးကို မတော်တဆ ကန်ကျောက်မိသောကြောင့် မြေပြင်ပေါ်သို့ လဲကျသွားသည်။

ဂိုဒီသည် ကျောက်တုံးတစ်တုံးကို ကောက်ယူပြီး အဝေးသို့ ပစ်ချလိုက်သည်။ ကျောက်တုံးက ခေါင်းသုံးလုံးခွေးရဲ့ အာရုံကို ဖမ်းစားနိုင်လိုက်သည်။

ဂိုဒီသည် ကောင်းဖန်၏ခြေရင်းသို့ သွားရန် အခွင့်အရေးကို ရယူလိုက်သည်။ “ကောင်းဖန်.. ဘာကိစ္စရှိလို့လဲ”

ကောင်းဖန်သည် ရှောင်ကော၏ခေါင်းပေါ်မှ ပုလဲကိုယူပြီး ဂိုဒီဆီသို့ ပစ်လိုက်သည်။ “သားဖောက်လိုက်”

ရှောင်ကောသည် ၎င်း၏စပျစ်နွယ်ပင်များကို မကျေမနပ်လှုပ်ရမ်းနေသည်။ အဲဒါက ငါ့အရုပ်မှန်း အသိသာကြီး.. နင်ပစ်လိုက်လို့ ငါကောက်ထားတာကို...

ကောင်းဖန်က ရှောင်ကောကို နှစ်သိမ့်လိုက်သည်။ အေးပါ.. ဒါက ကျောက်တုံးတစ်တုံးပဲ မဟုတ်လား..သူသည် မြေပြင်မှ ကျောက်စရစ်ခဲတစ်လုံးကို ကောက်ယူပြီး ရှောင်ကော၏ ခေါင်းပေါ် တင်လိုက်သည်။

ရှောင်ကောသည် ၎င်း၏စပျစ်နွယ်ပင်ဖြင့် ညင်သာစွာ ပုတ်လိုက်ရာ ကျောက်စရစ်ခဲသည် ချက်ချင်းဆိုသလို အပိုင်းပိုင်းကွဲသွားသည်။ သာမာန်အရာများသည် ရှောင်ကော၏ ညှဉ်းပန်းနှိပ်စက်ခြင်းကို မခံနိုင်ပေ။

ကောင်းဖန်၏လုပ်ရပ်သည် ရှောင်ကော၏ အာရုံကို စွဲဆောင်သွားပုံရသည်။ ရှောင်ကောသည် ၎င်း၏စပျစ်နွယ်ပင်များကို ဆန့်ထုတ်လိုက်ပြီး အပျော်သဘောဖြင့် ခေါင်းပေါ်၌ တင်ထားရန် ကျောက်စရစ်ခဲများစွာကို မြေကြီးပေါ်မှ တစ်ခုပြီးတစ်ခု ကောက်ယူနေလိုက်သည်။

ဂိုဒီသည် မျက်တောင်မခတ်ဘဲ ဂုံးတံလျှပ်ပုလဲကို ညာလက်ကို ချက်ချင်းမြှောက်လိုက်ကာ ဖမ်းယူလိုက်သည်။ “ဒါက ငါ့အတွက် မှန်ကန်တဲ့ ရွေးချယ်မှုပဲ ဖြစ်ရမယ်” စကားဆုံးသည်နှင့် ဂိုဒီ၏လက်သီးဆုပ်ကြားမှ အဖြူရောင်အရည်ပျစ်ပျစ်ထွက်လာသည်။

ကောင်းဖန် ကြက်သေသေသွားသည်။

ဂိုဒီသည် ထိတ်လန့်သွားပြီး နှစ်စက္ကန့်လောက် ငြိမ်နေလိုက်သည်။ ထို့နောက် တင်ပါးကို ကုတ်လိုက်ကာ “ကွဲသွားတယ်ထင်တယ်” ဟု မှတ်ချက်ပေးလိုက်သည်။

“ကွဲသွားပြီဆိုတာ ငါသိတယ်.. ငါမကန်းနေဘူး.. ရှင်းရှင်းလင်းလင်းပြတ်ပြတ်သားသား မြင်နိုင်တယ်”

“ဘာဖြစ်သွားတာလဲ သိလား…” ဂိုဒီသည် အနည်းငယ် အပြစ်ရှိသလို ခံစားလိုက်ရသည်။

“မင်း အားအရမ်းသုံးလိုက်တာလေ” ကောင်းဖန်က တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။

ကောင်းဖန်၏အမူအရာကိုမြင်သောအခါ ဂိုဒီသည် ပို၍ပင် အပြစ်ရှိသလိုခံစားသွားရသည်။ “ဒီလောက် နုနယ်နေမှန်း ငါမသိခဲ့ဘူး”

“ပီကင်းဘဲကင်၊ ဘီယာဘဲကင်၊ ဘဲသားဆားနယ်၊ ဘဲကင်ပြုတ်တွေ ကြားဖူးလား”

ဂိုဒီက မျက်လုံးဝိုင်းဝိုင်းတွေနဲ့ ပြန်ကြည့်လိုက်သည်။ “ကောင်းဖန် မင်းဘယ်ကောင်တွေကိုပြောနေတာလဲ.. သူတို့က ဘယ်သူတွေလဲ.. ငါ့ဆွေမျိုးတွေလား.. ကောင်းဖန်..ငါအဝေးက ဆွေမျိုးတွေကို ဘယ်တော့ တွေ့နိုင်မှာလဲ”

ကောင်းဖန်သည် သူပြောခဲ့သောစကားများကို မသိဟန်ဆောင်နေသော ဂိုဒီကိုမြင်သောအခါ မရယ်ပဲ မနေနိုင်တော့ပေ။

“အိုး” ဂိုဒီသည် ရုတ်တရက် ညာလက်ကို မြှောက်လိုက်သည်။ သူ့လက်ဖဝါးတွင် စေးကပ်သော အရည်အမြောက်အများ ရှိနေသည်။ ၎င်းသည် နို့ရည်အဖြူပျစ်ပျစ်နှင့် အဝါရောင် အရည်တို့ ရောစပ်ထားသည်။ ၎င်း၏ လက်ဖဝါး၏ အလယ်ဗဟိုတွင် နူးညံ့သိမ်မွေ့သော နို့ရည်ဖြူအခွံတစ်ခုရှိသည်။

[သားရဲ အမည်] - အဖြူရောင်ဂုံး

[သားရဲ အဆင့်]- အဆင့် ၁

[သားရဲ စွမ်းရည်ဆင့်]- ဒဏ္ဍာရီအဆင့်

[သားရဲ အမျိုးအစား] - ထင်ယောင်ထင်မှားအမျိုးအစား

[သားရဲ အားနည်းချက်] - ၁။ မိမိဘာသာ မလှုပ်ရှားနိုင်ခြင်း။ ၂။ တိုက်ခိုက်နိုင်စွမ်းမရှိခြင်း။

[သားရဲ လက္ခဏာများ] - အိပ်မက်ကမ္ဘာ (၎င်းနှင့်အတူ အိပ်မက်ကမ္ဘာတစ်ခုကို သယ်ဆောင်ထားသည်။ ပစ်မှတ်တစ်ခုကို ရွေးချယ်ပြီးနောက် ၎င်းသည် ပစ်မှတ်ကို အိပ်မက်သန့်စင်ရန်အတွက် အိပ်မက်ကမ္ဘာဆီသို့ ဆွဲယူသွားနိုင်သည်။ ပစ်မှတ်သည် သန့်စင်ရေးလုပ်ငန်းစဉ်အတွင်း ပြင်ပကမ္ဘာကို သိမြင်လာသောအခါတွင် ပရမ်းပတာဖြစ်ရလိမ့်မည်။)

အကျိုးသက်ရောက်မှု ၁ - လက်ရှိတွင် ပစ်မှတ်တစ်ခုတည်းကိုသာ အိပ်မက်ကမ္ဘာထဲသို့ အတင်းဆွဲခေါ်နိုင်သည်။

အကျိုးသက်ရောက်မှု ၂ - အိပ်မက်ကမ္ဘာတွင် လူပြန်ဝင်စားခြင်း ရှိသည်။ လူဝင်စားခြင်းတစ်ခုစီသည် ပစ်မှတ်၏မှတ်ဉာဏ် အစိတ်အပိုင်းကို အချိန်တိုအတွင်း ဆုံးရှုံးစေမည်ဖြစ်သည်။ ပစ်မှတ်၏မှတ်ဉာဏ်များ ပျောက်ကွယ်သွားသောအခါ ပစ်မှတ်သည် အိပ်မက်ကမ္ဘာထဲသို့ လုံးလုံးလျားလျား စုပ်ယူသွားပြီး အိပ်မက်ကမ္ဘာအတွက် အာဟာရဖြစ်လာမည်ဖြစ်သည်။

စိတ်ဝိဉာဉ်ခိုလှုံရာ (စိတ်ဝိဉာဉ်ကမ္ဘာ၏ ခွန်အားသည် အဖြူရောင် ဂုံး၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အားနှင့် ညီမျှသည်။)

အကျိုးသက်ရောက်မှု ၁ - အခွံ၏ မာကျောမှုသည် စိတ်ဝိဉာဉ်ကမ္ဘာ၏ ခွန်အားကြောင့် သန်မာလာနိုင်သည်။ အခွံ၏ မာကျောမှုနှင့်အတူ စိတ်ဓာတ်စွမ်းအား တိုးလာမည်ဖြစ်သည်။

အကြံပြုချက် - ရုပ်ခန္ဓာပေါ်ရှိ ဒဏ်ရာများသည် စိတ်ပိုင်းဆိုင်ရာတွင် ထင်ဟပ်နိုင်သော်လည်း ဤသည်မှာ အစွယ်နှစ်ထပ်ဓားလိုဖြစ်သည်။

[သားရဲဖော်ပြချက်] - ဤသည်မှာ အလွန်အားနည်းပြီး ကျိုးပဲ့လွယ်သော သတ္တဝါဖြစ်ပြီး မွေးကင်းစ အဖြူရောင် ဂုံးဖြစ်သည်။ ပြင်ပကမ္ဘာနှင့် ပတ်သက်သည့် ၎င်း၏ ခံယူချက်သည် မှုန်ဝါးနေသည်။ သူမြင်ရသည့် ပထမဆုံးဖြစ်တည်မှုကို ဖခင်အဖြစ် မြင်နိုင်သည်။

***

သားရဲလေ့ကျင့်သူ

အခန်း ၆၉၄ အခန်း ၆၉၂

“ဖေဖေ” အားနည်းသော ဝိညာဉ်လှိုင်းတစ်ခုသည် ဂိုဒီ၏စိတ်ထဲသို့ ရောက်သွားသည်။

ဂိုဒီ၏ အမူအရာ တင်းမာသွားသည်။ ဒီကံဆိုးမှုတွေက ဘာကြောင့်အကြိမ်တိုင်းငါ့ဆီမှာပဲ ဖြစ်ရတာလဲ..

“ဖေဖေ” အခွံမာကောင်လေးသည် အနည်းငယ် ရှုပ်ထွေးနေပြီး အသိစိတ်က မခိုင်မာသလို အချို့သော စိတ်ခံစားမှုများအပေါ် အာရုံ ခံနိုင်စွမ်းမှာလည်း အလွန်အားနည်းနေသည်။ အတိအကျပြောရလျှင် ၎င်းသည် ဗီဇအတိုင်း ပြုမူသော မွေးကင်းစ ကလေးလေးသာဖြစ်သည်။

သူ့မှာ ပဓာနကျတဲ့ အသိစိတ်တစ်ခုမှ မရှိပေ။ ဒီလိုမှမဟုတ်ရင် သူပထမဆုံးတွေ့တဲ့လူကို သူ့ရဲ့ဖခင်အဖြစ် သတ်မှတ်မှာမဟုတ်ပေ။ ယခုတော့ ဗီဇကြောင့် ထိုကဲ့သို့ လုံးလုံးလျားလျား ပြုမူနေသည်။

“ငါက မင်းအဖေမဟုတ်ဘူး” ဂိုဒီက အားကိုးရာမဲ့စွာ သက်ပြင်းချလိုက်သည်။ ငါက အပြစ်ကင်းတဲ့ အဝါရောင် ဘဲကလေးတစ်ကောင်လေ... ငါ ဘယ်လိုလုပ် အခွံသမီးလေး ရနိုင်မှာလဲ.. အဲဒီ ပင်လယ်ဝတုတ်ကို ငါမနာလိုမဖြစ်မိပါဘူး...

“ငါတို့နှစ်ယောက်လုံးက ကတုံးတွေဆိုတော့.. မင်းက ငါ့အဖေပဲဖြစ်ရမယ်” ဟု ဂုံးဖြူလေးက ကလေးအသံဖြင့် ပြောလိုက်သည်။

ဂိုဒီ အံ့အားသင့်သွားသည် ။ ‘ကတုံး’.. အဲဒါ ငါ့နာမည်ပြောင်မဟုတ်ဘူးလား.. ဒီဂုံးလေးက ငါ့နာမည်ကို ဘယ်လိုသိနိုင်မှာလဲ.. ဒါက တကယ်ပဲ ကံတရားဖြစ်နိုင်ပါ့မလား..

ကောင်းဖန်က “ဂိုဒီ မကြောက်နဲ့...မင်းကအဖေမဟုတ်မှန်း ငါသိပါတယ်... မင်းအတွက် ငါသက်သေခံပေးမယ်” ဟု ပြောလိုက်သည်။

ဂိုဒီက ကောင်းဖန်ကို ကျေးဇူးတင်စွာ ကြည့်နေသည်။

ဂိုဒီ အသံသည် လည်ချောင်းထဲတွင် ကပ်နေသည်။ သူသည် အလွန်အမင်း စိတ်လှုပ်ရှားနေပြီး ရုတ်တရက် စကားမပြောနိုင်ပေ။ လည်ချောင်းမှ ထူးဆန်းသော အော်ဟစ်သံများသာ ထွက်ပေါ်နေသည်။

“ဖလိန်မီ.. ဂိုဒီက ဂုံးဖြူလေးရဲ့ အဖေမဟုတ်ကြောင်း မှတ်ထားနော်.. အထင်မလွဲပါနဲ့” ဟု ကောင်းဖန်က ဆက်ပြေလိုက်ာသည်။

ဆင့်ခေါ်ခြင်းခံလိုက်ရသော ဖလိန်မီသည် ပျော့ပြောင်းမှုမရှိနေပေ။ ၎င်း၏အတောင်ပံများသည် ၎င်း၏ဝမ်းဗိုက်ကို ပွတ်တိုက်လိုက်သည်။ ဖလိန်မီသည် ခေါင်းကို ငုံ့ထားပြီး မယုံကြည်ရသောသခင်နှင့် ခိုးကြောင်ခိုးဝှက်လုပ်နေသော ဂိုဒီကိုကြည့်လိုက်သည်။ ဖလိန်မီရဲ့ သံသယမျက်လုံးလေးတွေက သူ့ရဲ့ထူးခြားတဲ့ မိန်းမဆန်မှုသတိများနဲ့ ပြည့်နေသည်။ သူတို့ အခုဘာလုပ်နေကြတာလဲ...

“ဖေဖေ” ဂုံးဖြူလေးက အချိန်ကိုက် လှမ်းအော်လိုက်သည်။

ဂိုဒီက အချိန်ကောင်း မဟုတ်မှန်းသိလိုက်သည်။ “မင်း ငါ့ရှင်းပြတာကို နားထောင်ရမယ်”

သို့သော် တောက်လောင်နေတဲ့ မီးရောင်အောက်တွင် ဂိုဒီနစ်မြုပ်သွားသည်။

ပေ ၁၆၀၀ အကွာတွင် ရပ်နေသော ကောင်းဖန်သည် နဖူးမှ ချွေးများကို သုတ်လိုက်သည်။ ဖလိန်မီရဲ့ မီးတောက်တွေက ပိုကြောက်စရာကောင်းလာတယ်....

ဒီအတောအတွင်း ဖလိန်မီသည် သစ်သားနှလုံးသားမီးတောက်ကို အားကောင်းစေရန် နေ့စဉ် မီးတောက်မျိုးစုံကို စုပ်ယူနေခဲ့သည်။ ဖလိန်မီ၏မီးသည် မူလထဲကပင် အလွန်ပြင်းထန်သောကြောင့် အခုဖလိန်မီ၏ သစ်သားနှလုံးသားမီးတောက်သည် အချိန်ကြာလာသည်နှင့်အမျှ ပိုမိုပြင်းထန်လာသည်။ ပြီးတော့ သူ့အဆင့်ကလည်း မနိမ့်ပေ။ ထို့ကြောင့် မီးတောက်၏ စွမ်းအားသည် မည်သည့်အဆင့်ဖြစ်သည်ကို ပြောရခက်သည်။

သို့သော် ကောင်းဖန်သည် ပြောပြရန် နည်းလမ်းကောင်းတစ်ခုကို ရှာဖွေတွေ့ရှိလိုက်သည်။ ဂိုဒီ၏အရေပြားလောင်ကျွမ်းမှုဒီဂရီအရ ဖလိန်မီ၏မီးစွမ်းအားသည်အဆင့်မြင့်မမြင့်ကိုဆုံးဖြတ်နိုင်သည်။

ဆယ်မိနစ်အကြာတွင် ဂိုဒီသည် ကောင်းကင်ကို မှုန်ကုပ်ကုပ် စိုက်ကြည့်နေသည်။ သူ့ဘဝက ကံကြမ္မာဆိုးလို့ ခံစားနေရသည်။ ဂိုဒီရှေ့မှ ဖလိန်မီ၏ တောင်ပံထိပ်ပေါ်တွင် နူးညံ့သိမ်မွေ့သော အခွံလေးတစ်ခုရှိနေသည်။ ဖလိန်မီက လေးလေးနက်နက် ခေါင်းညိတ်ပြပြီး ခဏလောက် ဂရုတစိုက် ကြည့်နေလိုက်သည်။ “ချစ်စရာလေး” ကြိုးကြာတစ်ကောင်နှင့် အခွံငယ်လေးသည် လှပသောရုပ်ပုံလွှာကို ဖန်တီးနေသည်။

ကောင်းဖန်သည် စိတ်ဓာတ်ကျသော အမူအရာနှင့် ဂိုဒီနောက်ကျောကို ပုတ်ကာ နှစ်သိမ့်ပေးလိုက်သည်။ “ဒါက ငါဂရုမစိုက်မိလိုက်လို့ပါ.. လက်ချော်သွားပြီး ဖလိန်မီကို မတော်တဆ ဆင့်ခေါ်လိုက်မိတာ”

ဂိုဒီသည် ပူလောင်နေသော အနီရောင် အတောင်ပံများကို ထိမိလိုက်စဉ် အံကြိတ်ထားလိုက်သည်။ အကြီးအကျယ် နာကျင်နေသော အသွင်အပြင်အောက်တွင် ဂိုဒီ၏ ခံစားချက်များ ရှိနေသည်။ ငါးရောင်းဖို့အတွက် သူ့ညီမဝမ်းကွဲကို တိတ်တဆိတ် လိုက်ရှာနေတာ သူသိပြီးသားဖြစ်ရမယ်...ဒါကြောင့် သူက လက်စားချေဖို့ ဒီအခွင့်အရေးကို အသုံးချတာဖြစ်မယ်..မဟုတ်ဘူး... ငါထိန်းသိမ်းထားရမယ်.. ငါပေါ်သွားလို့ မဖြစ်ဘူး..

အခွံလေး၏ စွမ်းရည်ဆင့်နှင့် အရည်အသွေးက မနိမ့်ကျပေ။ ၎င်းသည် ကောင်းဖန်တွင်မရှိသော သားရဲအမျိုးအစားဖြစ်သည်။ ကောင်းဖန် အရင်က စွမ်းရည်ဆင့် ၁ သာရှိသောအဆင့်နိမ့် သားရဲရှိခဲ့ဖူးသည်။ ကောင်းဖန်သည် တွန့်ဆုတ်မနေဘဲ ဂုံးဖြူလေးနှင့် သွေးစာချုပ်ချုပ်လိုက်သည်။

ဂုံးဖြူလေး၏ စွမ်းအင်များသည် အလွန်ထူးခြားသည်။ ၎င်းသည် ၎င်း၏ ယခင်မျိုးဆက်၏ အမျိုးအစားများကို အမွေဆက်ခံထားသည်။ ၎င်းသည် ယခင်က ဂုံးအိုကြီး၏ဝင်စားခြင်း ဟုတ်မဟုတ်တော့ ကောင်းဖန်မသိသော်လည်း ဂုံးဖြူလေ၏ စွမ်းအင်များသည် ယခင်ဂုံးအိုကြီးနှင့် အလွန်ဆင်တူသည်။

ဂုံးအိုကြီးတွင် အိပ်မက်ကမ္ဘာကြီး နှင့် စိတ်ဝိဉာဉ်ခိုလှုံရာဟူ၍ အထူးစွမ်းအင် နှစ်ခုရှိသည်။ ကံကောင်းထောက်မစွာ ပင်လယ်ဝတုတ်သည် ဂုံအိုကြီး၏ခန္ဓာကိုယ်ကို ပြင်းထန်စွာပျက်စီးစေသောတိုက်ခိုက်မှုတစ်ခုပြုလုပ်ရန် တိတ်တဆိတ်ကြိုးစားနိုင်ခဲ့ပြီး ထို့နောက်တွင် ဂုံးအိုကြီးသည် ၎င်း၏ခန္ဓာကိုယ်မှပျက်စီးမှုကို ၎င်း၏စိတ်ဆီသို့ လွှဲပြောင်းပေးလိုက်ရာ အိပ်မက်ကမ္ဘာကြီး၏စွမ်းရည်သည် အားနည်းသွားသည်။

နောက်ဆုံးတွင်ဂုံးအိုကြီးသည် သူ မသေဆုံးမီ ကြီးမားသော အိပ်မက်ကမ္ဘာကြီး၏ လူဝင်စားခန်းထဲသို့ ဆွဲငင်ခံခဲ့ရပြီး ကံကောင်းထောက်မစွာဖြင့် ကောင်းဖန်က ၎င်း၏သားရဲများထံမှ တုံ့ပြန်ချက်အဖြစ် ရရှိသော စိတ်စွမ်းအား အစိတ်အပိုင်းတစ်ခုရလိုက်သည်။ မဟုတ်ရင် သူ့ကို ဆွဲငင်သွားတဲ့ ထူးဆန်းတဲ့ အိပ်မက်ကမ္ဘာကြီးထဲမှာ သူ့ ရောထွေးသွားလိမ့်မည်။

ကောင်းဖန်ထိတ်လန့်တုန်လှုပ်သွားသည်။ သူအရင်က တွေ့ကြုံခဲ့ရတဲ့ အတွေ့အကြုံတွေအားလုံးကို တွေးပြီး ကြောက်စိတ်တွေ တသီတကြီး ရှိသွားသည်။ အိပ်မက်ကမ္ဘာကြီးသည် အသိစိတ်ကို မျိုချရန် ကြမ်းတမ်းလှပြီး မရိုးရှင်းပေ။ ၎င်းသည် စိတ်၏ ခုခံမှုကို နှိုးဆွပြီး သန့်စင်သော စိတ်ဝိဉာဉ်၏ပြိုင်ဆိုင်မှု ဖြစ်လာမည်ဖြစ်သည်။

စိတ်ဝိညာဉ်နှင့် သိစိတ်သည် မတူညီသော အရာနှစ်ခုဖြစ်သည်။ ရိုးရှင်းသောနည်းဖြင့် ဖော်ပြ၇လျှင် သိစိတ်သည် စိတ်ဝိညာဉ်ကို ခြယ်လှယ်ပြီး စိတ်ဝိဉာဉ်သည် သိစိတ်၏သယ်ဆောင်သူဖြစ်သည်။ သူတို့ကြားက ဆက်နွယ်မှုက စိတ်ဝိညာဉ်နဲ့ ခန္ဓာကိုယ်ကြားက ဆက်စပ်မှုပင်ဖြစ်သည်။

သိစိတ်သည် အတွေးတစ်ခုဖြင့် စိတ်ဝိညာဉ်ကို ခြယ်လှယ်နိုင်ပြီး ခန္ဓာကိုယ်ကို ထိန်းချုပ်ရန် စိတ်ဝိညာဉ်ကို အသုံးပြုနိုင်သည်။ ကိစ္စအတော် များများတွင် သိစိတ်နှင့် စိတ်ဝိညာဉ်ကို အမျိုးစားတစ်ခုတည်းအဖြစ်ထားဖို့ကပြဿနာမဟုတ်ပေ။ ၎င်းတို့သည် လက်တွေ့အားဖြင့် တစ်ခုတည်းသော အရာဖြစ်သည်။ သိစိတ်၏ စွမ်းအားသည် စိတ်၏ စွမ်းအားနှင့် ညီမျှသောကြောင့် လူတစ်ဦး၏ စိတ်ဓာတ် ပြင်းထန်မှုသည် စိတ်ဝိညာဉ်ကို တစ်စိတ်တစ်ပိုင်း ထိခိုက်စေနိုင်သည်ဟု လူများ မကြာခဏ ပြောလေ့ရှိသည်။

အိပ်မက်ကမ္ဘာကြီးသည် စိတ်ဝိဉာဉ်နှင့် အသိကို ဦးတည်သည့် စွမ်းအင်တစ်ခုဖြစ်သည်။ ထိုသို့သောစွမ်းအင်သည် စိတ်ဝိညာဉ်ကို ပစ်မှတ်ထားနိုင်သော စွမ်းအင်ထက် ကာကွယ်ရန် ပိုခက်ခဲသည်။ လူတစ်ဦး၏ စိတ်ဝိညာဉ်ကို အတင်းအကျပ် ဝါးမျိုပစ်မည်မဟုတ်ပဲ ယင်းအစား ပစ်မှတ်၏ဝိညာဉ်ကို အိပ်မက်ကမ္ဘာကြီးထဲသို့သာ ဆွဲငင်သွားမည်ဖြစ်ပြီးနောက် ပစ်မှတ်ကို အိပ်မက်ကမ္ဘာကြီးတွင် အကန့်အသတ်မရှိ လူပြန်ဝင်စားစေမည်ဖြစ်သည်။

လူဝင်စားလောက၏ ဖွံ့ဖြိုးတိုးတက်မှုကို မသိစိတ်က လွှမ်းမိုးထားပြီး မသိစိတ်က လူဝင်စားကမ္ဘာ၏ ဖွံ့ဖြိုးတိုးတက်မှုကို ပို၍ လက်တွေ့ကျလာစေရန် ခွင့်ပြုပေးမည်ဖြစ်သည်။

သူ့ရင်ဘတ်ကို ရွှေဖြူလှံဖြင့်အတိုးခံရချိန်တွင် အိပ်မက်ထဲကို ဆွဲသွင်းခံလိုက်ရသည်ကို သူပြန်အမှတ်ရလိုက်သည်။ သူသည် မျိုးဆက် သုံးဆက်သာ တွေ့ကြုံဖူးသည်ဟု သူထင်မိသော်လည်း အမှန်မှာ လေးဆက်ဖြစ်သည်။

ထို့အပြင် ကံကောင်းစွာနှင့် သူ့ဒဏ်ရာကို လွှဲပြောင်းပေးနိုင်ခဲ့သည်။ အကယ်၍ ရွှေဖြူလှံသည် သူ့ရင်ဘတ်ကို တကယ်ထိုးဖောက်သွားခဲ့ရင် သူ့အနားက ပင်လယ်ဝတုတ်က သူ့ဒဏ်ရာ တစ်စိတ်တစ်ပိုင်းကို ဖြေရှင်းဖို့ ကူညီပေးမှာ သေချာသည်။ သည်းမခံနိုင်တဲ့ ပျက်စီးမှုကိုသာ အဆုံးမှာ သူ့ဆီ ပြန်လွှဲပြောင်းပေးလိမ့်မည်။

ဒါပေမယ့် ပင်လယ်ဝတုတ်က သူ့ဘေးမှာ ရပ်နေတာကို တွေ့ရသည်။ တကယ်တော့ အသတ်ခံရတဲ့ ဖြစ်စဉ်က ပထမဆုံး အိပ်မက် ဖြစ်သည်။ အသတ်ခံရပြီးနောက် သူသည် လူဝင်စားခြင်းကို စတင်ခဲ့သည်။ ထို့နောက် သူသည် အိပ်မက်ကမ္ဘာကြီးထဲသို့ပို၍ နက်ရှိုင်းရောက်လာသည်။ အကယ်၍ ပင်လယ်ဝတုတ်က သူ့ကို မနှိုးခဲ့လျှင် သူသည် အိပ်မက်ကမ္ဘာကြီးနှင့် လုံးလုံးလျားလျား ပေါင်းစည်းသွားပေလိမ့်မည်။

***

သားရဲလေ့ကျင့်သူ

အခန်း ၆၉၅ လီမျိုးနွယ်စု

နံစော်နေသောစိမ့်တောထဲတွင် ကြာရွက်များစွာ ပေါက်နေပြီး ကြာပန်းရွက်များကြားတွင် ပန်းနုရောင်နှင့် ကြာဖြူပွင့်များရှိသည်။ အနီးကပ်ကြည့်လျှင် မြစိမ်းရောင်မြေပြင်သည် အားကစားကွင်းရှိ အစိမ်းရောင်ရော်ဘာကဲ့သို့ အလွန်သိပ်သည်းသည့် အစိမ်းရောင် အမှုန်အမွှားများစွာဖြင့် ဖွဲ့စည်းထားသည်ကို သိရှိနိုင်မည်ဖြစ်သည်။

အသံတိတ်ပုံရိပ်များသည် ချုံပုတ်များကို ဘေးဖယ်ကာ စိမ့်တောတစ်လျှောက် ဖြည်းညှင်းစွာ ဖြတ်သန်းသွားနေကြသည်။ သူတို့တွင် သားရဲလေးမျိုးရှိသည်။ ၎င်းတို့တစ်ကောင်ချင်းစီသည် ဖားတစ်ကောင်လို ပြန့်ကားသော ဦးခေါင်းနှင့် ကြီးမားသော မျက်လုံးနှစ်လုံး ရှိသည်။ ၎င်းတို့၏ ဦးခေါင်းတွေကိုရေပေါ်မြှောက်ထားပြီး ကျန်တဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို ရေအောက်မှာမြုပ်ထားသည်။ ၎င်းတို့သည် စိမ့်တောရှိ သရဲလေးကောင်ကဲ့သို့ ပေါ့ပေါ့ပါးပါးနှင့် လိုက်လျောညီထွေစွာ လှုပ်ရှားနေကြသည်။

သားရဲတစ်ကောင်၏ လက်ဖဝါးများသည် ရေထဲမှ ဖောက်ထွင်းမြင်ရသော အပြာဖျော့ဖျော့ ခြေသည်းသုံးချောင်းနှင့် ၎င်း၏လက်ချောင်းများကို ချိတ်ဆက်ထားသော ပါးလွှာသည့် အရေပြား ရေထဲမှထွက်လာသောအခါ အရှေ့ဘက်မှသားရဲသည် ရပ်သွားသည်။ ၎င်းသည် ၎င်း၏ပါးစပ်ကို ဖွင့်လိုက်ပြီး ၎င်း၏အော်သံသည် အလွန်နိမ့်သော ကြိမ်နှုန်းများဖြင့် တုန်ခါသွားသည်။ “ရှေ့မှာ တစ်ယောက်ယောက်ရှိတယ်”

အရွယ်အစား အနည်းငယ်သေးငယ်သော နောက်ကျောမှ သားရဲသုံးကောင်သည် ၎င်းတို့၏ အကြည့်များတွင် သတိထားမှုများ ပါဝင်နေသည်။ သူတို့သည် တိတ်တဆိတ် နားလည်မှုဖြင့် ယပ်တောင်ပုံစံ ပြန့်ကျဲသွားကြသည်။

တစ်ချိန်တည်းမှာပင် အခြားတစ်ဖက်တွင် လက်ဖဝါးဖြန့်ထားသော ကောင်းဖန်သည် အခွံကိုပွတ်တိုက်ကာ ဆော့ကစားနေသည်။ သူ့လက်ဖဝါးပေါ်တွင် လက်ဖဝါးအရွယ်သေးငယ်သောအခွံလေးသည် ပွင့်လာပြီး ဂုံးဖြူလေး၏ မျက်နှာပြင်ပေါ်တွင် တောက်ပနေသော အမှုန်အမွှားများဖြင့် ပေါင်းစပ်နေသည်။ ဂုံးဖြူလေးကို ပွတ်တိုက်လိုက်တိုင်း ပြောင်လက်တောက်ပနေသည်။

ပင်လယ်ဝတုတ်သည် မျက်လုံးများကို ဖွင့်လိုက်ပြီး ပြောလိုက်သည်။ “ဂိုဒီ့ကို ပေးလိုက်ပါ”

ခေါင်းသုံးလုံးခွေး၏နောက်တွင် ထိုင်နေသော ဂိုဒီသည် ၎င်း၏တောက်ပြောင်နေသော ဦးခေါင်းကို ပွတ်သပ်လိုက်သည်။ ကောင်းဖန်ကို ကြည့်လိုက်ပြီးနောက် ပင်လယ်ဝတုတ်ကို တစ်ချက်ခိုးကြည့်လိုက်သည်။ သူသည် ခေါင်းသုံးလုံးခွေးရဲ့ နောက်ကျောကနေ ခုန်ချပြီး တင်ပါးကို ကန်လိုက်သည်။ “ဒါ မင်းအလုပ်ပဲ”

ပထမနှင့်တတိယ ဦးခေါင်းတို့သည် ကန်ချက်ကြောင့် နာကျင်သွားပြီး မထိန်းနိုင်ဘဲ ညည်းညူလိုက်ကြသည်။

“ဝူး”

“ဝူး”

“ဝူး”

ဒုတိယဦးခေါင်းကတော့ နာကျင်မှုကို မခံစားရရုံသာမက စိတ်အားထက်သန်လာသည်။ သူသည် လျှာကို လှုပ်ယမ်းပြီး မျက်လုံးများ တောက်ပြောင်လာပြီး ခြေလက်များ ပြေလျော့ကာ ရှေ့သို့ လှည့်သွားသည်။ ရွှံ့တွေ ဘယ်လောက်ထိ ပေသွားလဲမသိပေ။

တာ့ဇီသည် သူတို့နောက်မှ ဖြည်းညှင်းစွာ လိုက်လာပြီး ရံဖန်ရံခါ အသက်ပြင်းပြင်းရှူကာ လေထဲရှိ လျှပ်စစ်ဒြပ်စင်များကို မျိုချနေသည်။ လွန်ကဲသောလျှပ်စစ်ဒြပ်စင်သည် အချိန်တိုအတွင်း အရှိန်အဟုန်ဖြင့် ရွေ့လျားသွားပြီး တာ့ဇီ၏ပါးစပ်အနီးတွင် လျှပ်စီးကြောင်းတစ်ခု ဖြစ်ပေါ်လာသည်။

လျှပ်စစ်ဒြပ်စင်များအားလုံးကို စုပ်ယူနေစဉ် တာ့ဇီသည် တစ်ချက်ဝေ့ကြည့်လိုက်သည်။ ထိုသို့စုပ်ယူခြင်းနည်းလမ်းသည် အလွန်နှေးကွေးသော်လည်း မရှိသည့်အရာထက်ဒါက ပိုမိုကောင်းသည်။ “လာနေပြီ.. သတိထား”

သူတို့ရှေ့က စိမ့်ရေတောထဲမှာ လျင်မြန်တဲ့ ခြေသံတွေ ဆက်တိုက်ကြားနေရသည်။ ရင်းနှီးသူလေးဦး၏ မျက်လုံးများတွင် နိုးကြားမှုများ ပေါ်လာသည်။ တိမ်တိုက်အိပ်မက်ထဲက ရွှံ့ညွန်စိမ့်တောထဲကို လျှောက်လှမ်းဝံ့သူက ဦးနှောက်မဲ့သူ ဒါမှမဟုတ်လျှင် ကျွမ်းကျင်သူဖြစ်ရမည်။

ဝံပုလွေများ သို့မဟုတ် ခွေးများ၏ ဟောင်သံများ နီးကပ်လာကာ အလွန်ဆူညံသွားသည်။ သားရဲအုပ်စု၏ သိမြင်ခြင်းရေဒါတွင် ပုံတစ်ပုံတည်းကိုသာ ရှင်းရှင်းလင်းလင်း ခံစား‌နေရသည်။ သတ္တဝါ၏အရိပ်သည် မိုးကုတ်စက်ဝိုင်း၏အစွန်းတွင် ပေါ်လာသည်။ အမြီးကိုမီးရှို့ထားသော နွားရူးတစ်ကောင်လို နှစ်ဖက်စလုံးတွင် ရွှံ့များပက်ဖြန်းနေသည်။

၎င်းတို့၏ဘယ်ဘက်အရှေ့မှ သားရဲမျက်လုံးများသည် မျဉ်းနှစ်ကြောင်းသို့ ဝေ့ကြည့်လိုက်သည်။ ထို့နောက် ခရမ်းရင့်ရောင် လျှာကို ဖြည်းညှင်းစွာ ဖြန့်လိုက်သည်။ လျှာဖျားတွင် တံစို့ကဲ့သို့ အပေါက်ငယ်တစ်ခုရှိသည်။ လျှာဖျားက တစ်ခုခုကို ထုတ်လွှတ်လိုက်သည်။

သိမ်မွေ့သော လေစီးကြောင်းတစ်ခုသည် မုန်တိုင်းတစ်ခုလို ဖြစ်သွားသည်။ ပြေးနေသော ဆာဟာရသည် မြှားဖြင့် ရုတ်တရက် ထိမှန်ပြီး ရွှံ့ထဲသို့ ပြုတ်ကျသွားသည်။ ထို့နောက် ၇၂၀ ဒီဂရီ လှည့်ပတ်ကာ နောက်ဆုံးတွင် ရွှံ့ထဲသို့ ပြုတ်ကျပြီး သတိလစ်သွားသည်။

“မိပြီ” ကောင်းကင်၌ လျှို့ဝှက်စွာနောက်မှ လိုက်လာသော နဂါးပုရွက်ဆိတ်သည် ခေါင်းငုံ့ကာ ဘယ်ညာလက်ကို ဖြန့်လိုက်သည်။ ဂုဏ်သတ္တိပြောင်း.. စွမ်းအာကင်းကောင်ပုရွက်စိတ်... မီးခိုးနဂါးပုရွက်ဆိတ်..

“ပြောင်းမယ်” မျက်နှာတစ်ရာနဂါးပုရွက်ဆိတ်၏ ခန္ဓာကိုယ်သည် လေထဲတွင် ပေါ်လာသည်။

မီးခိုးမြူ တိမ်တိုက်နှစ်ခုဖြင့် ဖွဲ့စည်းထားသော လက်များသည် နေရာလွတ်ထဲတွင် ပေါ်လာသည်။ နောက်အခိုက်အတန့်တွင် ဖောက်ထွင်းမြင်ရသော လှိုင်းလုံးနှစ်ခု ထွက်ပေါ်လာသည်။ ကြက်ဖမ်းသည့် လင်းယုန်တစ်ကောင်လိုပင် ကြီးမားသော ခြေသည်းများတွင် လေစီးကြောင်းများ စီးဆင်းသွားကာ ၎င်းတို့၏ ခြေဖဝါးအောက်ရှိ ရွှံ့များသည် တင်းမာမှုနှင့် ဖိအားများကြောင့် ချိုင့်ခွက်များ အဖြစ်သို့ ပြောင်းလဲသွားသည်။

ရွှံ့ထဲတွင် ပုန်းအောင်းနေသော သားရဲအများစုသည် ၎င်းတို့၏ ခန္ဓာကိုယ်တစ်ခုလုံးကို ထုတ်ဖော်လာသည်။ ၎င်းတို့သည် ရေငုပ်သမားနှင့် ဆင်တူသည်။ သူတို့ ကျောမှာ ချွန်ထက်တဲ့ ကျောရိုးတွေ၊ အမြီးသွယ်သွယ်တွေ၊ နူးညံပြီးချောကျိကျိမျက်နှာပြင်တွေရှိသည်။ သူတို့က ရေထဲမှာ လိုက်လျောညီထွေရှိမယ့်ပုံပေါက်သည်။

သားရဲများထဲမှ တစ်ကောင်သည် ဖမ်းရန် ဝန်လေးနေသည်။ နောက်တော့ ညာဘက်လက်ကို ခါးပေါ်တင်လိုက်ပြီး ဆူးရှည်ကြီးကို ရုတ်တရက် ဆွဲထုတ်လိုက်သည်။ ၎င်း၏ ပျော့ပျောင်းပြီး အရိုးမရှိသော ကြွက်သားများသည် အတွင်းပိုင်းတွင် တင်းကျပ်လာပြီး ဆူးရှည်များ ထွက်လာသည်။ “စူးရှသောလေပိုင်းဖြတ်ခြင်း”

ဆူးရှည်များကိုအမည်မသိ သားရဲ၏အရိုးမှ ပြုလုပ်ထားခြင်းဖြစ်သည်။ အရောင်တင်ထားပြီး အလွန်ကြမ်တမ်း ထက်မြက်သည်။ လက်ကိုင်ပတ်ပတ်လည်တွင် လျှော်ကြိုးရာများရှိသည်။ ဆူးရှည်သည် တခဏချင်းတွင် ဆူးခုနစ်ဆယ့်ကိုးပင် ကွဲသွားသည်။ ၎င်း၏အရှိန်က မြန်လွန်းသည်။ နောက်တော့ မီးခိုးမြူများကြားမှ လက်ကြီးများကို ဖောက်ထွင်းပြီး လုံးဝ ရိုက်ချိုးပစ်လိုက်သည်။

“ချစ်စရာလေး” မျက်နှာတစ်ရာ နဂါးပုရွက်ဆိတ်က မထီမဲ့မြင် ပြုံးပြလိုက်သည်။ ထို့နောက် လုံးဝပြိုပျက်သွားသော မီးခိုးမြူကြီးများသည် ၎င်းတို့၏ မူလအခြေအနေသို့ ချက်ချင်းပြန်လည်ရောက်ရှိသွားသည်။ တစ်ခုကို နှစ်ပိုင်းခွဲပြီးတော့ လက်နှစ်ဖက်က ကောင်းကင်မှာ လက်လေးခုအဖြစ် ပြောင်းလဲသွားသည်။

ထို့နောက် ကြက်လေးကောင်ကို ကောက်သလိုမျိုး သားရဲလေးကောင်ကို ကောက်ယူလိုက်သည်။ ထိုနေရာမှ ထွက်သွားသည်နှင့် ဧရာမ ရွှံ့တွင်းလေးခု ကျန်ရစ်ခဲ့သည်။

လေး‌ကောင်လုံးကို တစ်ကောင်ပြီးတစ်ကောင် မြေပြင်ပေါ် ပစ်ချလိုက်သည်။

ဂိုဒီသည် မြေပြင်ပေါ်သို့ပြန်ကန်တက်လာသည်။ ၎င်းသည် သားရဲလေးကောင်ကို အောက်ငုံ့ပြီး အနီးကပ်ကြည့်လိုက်သည်။ “မင်းတို့ အားလုံးကရော ဘဲလား” သူတို့အဖြေကို စောင့်မနေဘဲ ဂိုဒီက “မင်းတို့အားလုံး ဆံပင်မရှိပေမယ့် မျက်လုံးတွေကတော့ တော်တော် ကြီးတယ်... ဒါပေမယ့် မင်းတို့မှာ အတောင်မရှိဘူး.. ဒါကြောင့် မင်းတို့က အတောင်မပါတဲ့ ဘဲတစ်ကောင်ပဲ” ဟုပြောလိုက်သည်။

“ဟုတ်ပါပြီကွာ” ကောင်းဖန်သည် အနောက်မှ ဖြတ်သွားကာ ဂိုဒီကို မဆီမဆိုင် ဖမ်းဆုပ်လိုက်သည်။ “မင်းတို့အားလုံးက ဉာဏ်ကောင်းပါတယ်.. ဒါနဲ့ မေးပါရစေ.. အနီးနားက မျိုးနွယ်စုရဲ့ တည်နေရာကိုရော မင်းတို့သိလား” ကောင်းဖန်သည် သူတို့က မျိုးနွယ်စုနဲ့ ပိုနီးကပ်လာတာကိုတော့ သိထားသည်။ အဘိုးအို၏ အဆိုအရ တိမ်တိုက်အိပ်မက် ရွှံ့ညွန်စိမ့်တောကို ဖြတ်ကျော်ပါက လီမျိုးနွယ်စုသို့ ရောက်ရှိနိုင်သည်ဟု ဆိုသည်။ အခုသူတို့ လမ်းလျှောက်နေတာ တော်တော်ကြာပေမယ့် တိမ်တိုက်အိပ်မက် ရွှံ့ညွန်ကို ဘယ်အချိန်ဖြတ်ကျော်နိုင်မယ်ဆိုတာ မသိပေ၊

သားရဲလေးကောင်သည် စနစ်တကျ လှုပ်ရှားကြပြီး ရန်သူများကို မည်သို့ဝိုင်းရမည်ကို သိကြသည်။

သားရဲလေး‌ကောင်တို့သည် ဆံပင်အနက် အသားဝါရောင်ရှိသော ကောင်းဖန်နှင့် ကောင်းဖန်နောက်လိုက်တစ်စုကို ကြည့်လိုက်သည်။ သားရဲတစ်ကောင်၏ အကြည့်သည် လူသားနှင့်တူသော အံ့အားသင့်မှုအရိပ်အယောင်ကို ထုတ်ဖော်ပြသလိုက်သည်။

ရုတ်တရက်ဆိုသလိုပင် သားရဲတစ်ကောင်က ရှေ့သို့ ခြေတစ်လှမ်းတိုးလာကာ ခန္ဓာကိုယ်အပြင်ပိုင်းရှိ အရေပြားများ ကွာကျသွားသည်။ အထဲမှာ အနီနှင့် အဝါရောင် အပေါ်ဝတ်နဲ့ အညိုရောင် ဘောင်းဘီရှည် ၀တ်ထားတဲ့

လူငယ်တစ်ယောက်ပေါ်လာသည်။ “လူကြီးမင်း...မင်းဘယ်ကလာတာလဲ ငါ့ကိုပြောပြပါ”

“ဟွာရှားမျိုးနွယ်စုက ကောင်းဖန်ပါ” ကောင်းဖန်က တည်ငြိမ်စွာ ပြန်ဖြေသည်။

“မင်းက မာဟဲလား” ကောင်းဖန်ရဲ့နောက်မှာ ရပ်နေတဲ့ တစ်ယောက်က ရုတ်တရက် စကားပြောလိုက်သည်။ သူသည် အံ့သြသွားပြီး သူမြင်တာကို မယုံနိုင်ဖြစ်သွားသည်။

အဝါရောင်နှင့် အနက်ရောင် ပါးပြင်ပေါ်တွင် အရေးအကြောင်းများ နှင့် ကြမ်းတမ်းသောအသားအရေရှိသည့် မာဟဲသည် စက္ကန့်အတော်ကြာ ထိတ်လန့်သွားပြီး ကောင်းဖန်နောက်ကို ကြည့်လိုက်သည်။ ရုတ်တရက် နာမည်တစ်ခုက သူ့မှတ်ဉာဏ်ထဲမှာ ပေါ်လာသည်။ “ကျိုးဟွေ့ နင်ပျောက်သွားတာမလား... ဘယ်မှာသွားနေတာလဲ ဆယ်နှစ်ကျော်ရှိခဲ့ပြီ” မာဟဲက ငိုလိုက်သည်။

ကျိုးဟွေ့သည် သူ၏ ငယ်ဘဝ ကစားဖော် ဖြစ်သည်။ သူတို့ ငယ်ငယ်တုန်းက လမ်းတစ်လမ်းတည်းမှာ မကြာခဏ အတူတူ ကစားဖူးသည်။ သို့သော် လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က သူထွက်သွားတုန်းက ပျောက်ကွယ်သွားသည်ဟုသိခဲ့ရသည်။ နောက်ပိုင်းတွင် ကျိုးဟွေ့သည် မျိုးနွယ်အနီးရှိ သားရဲများ၏ ဖမ်းဆီးသတ်ဖြတ်ခံရခြင်းခံရတာဖြစ်နိုင်ကြောင်း သူ့မျိုးနွယ်ရှိ အကြီးအကဲများထံမှ ကြားသိခဲ့ရသည်။ နှစ်ရက်နီးပါးတောင် သူဝမ်းနည်းနေခဲ့သေးသည်။

“ငါမသေခဲ့ဘူး” မာဟဲ၏ဦးလေးလောက် အသက်ကြီးနေသော ကျိုးဟွေ့က ခေါင်းယမ်းလိုက်သည်။ “ငါတို့ကို အသွင်ပြောင်မျိုးနွယ်စုက ဖမ်းထားတာကို ဒီလူက ကယ်တင်ခဲ့တာပါ”

မာဟဲက ခေါင်းညိတ်ပြပြီး ကောင်းဖန်ကို ကြည့်လိုက်သည်။ ထို့နောက် သူ့မျက်လုံးထဲမှ တုန်လှုပ်ခြောက်ခြားမှုကို ဖြေလျော့လိုက်သည်။ “သခင်လေး ခဏစောင့်ပါ.. မျိုးနွယ်စုအကြီးအကဲတွေကိုလာခဲ့ဖို့ အကြောင်းကြားလိုက်ပါ့မယ်.. လူကြီးမင်းကို ကျွန်တော်တို့ လီမျိုးနွယ်စုကို လာရောက်လည်ပတ်ရန် ဖိတ်ခေါ်ပါတယ်.. ကျိုးဟွေ့... မင်းမသေဘူးဆိုတာကို မင်းအဖေသိရင် အရမ်းပျော်လိမ့်မယ်”

***

သားရဲလေ့ကျင့်သူ

အခန်း ၆၉၆ ရွှံညွန်စိမ့်တောမှ အသံ

ကျိုးဟွေ့က လက်သီးကို ဆုပ်ထားရင်း ခံစားချက်တွေ ရောထွေးနေသည်။ အရင်က သူ့ရဲ့ ပျော်တက်တဲ့ သဘာဝကြောင့် ကျွန်ရောင်းဝယ်ဖောက်ကားသူတွေဆီမှာ ဖမ်းမိသွားခဲ့တာဖြစ်သည်။ သူ့မှာ အပြစ်တင်ခံရဖို့ ဆန္ဒရှိသည်။

ကျိုးဟွေ့အဖေကတော့ သူပျောက်ဆုံးသွားသည်ကို သိလိုက်ရသောအခါ ပြင်းထန်စွာ ကြေကွဲခဲ့ရမည်ဟု တွေးမိလိုက်သည်။ ထိုသို့တွေးလိုက် သောအခါတွင် ကျိုးဟွေ့သည် မျက်လုံးများကိုမှိတ်ထားရုံမှတစ်ပါး မတက်နိုင်ဘဲ သူ့ခန္ဓာကိုယ်သည် ဝမ်းနည်းခြင်းနှင့်အတူ တုန်လှုပ်လျက်ရှိသည်။

“စကားမစပ် အဲဒီသားရဲက အဆိပ်မိနေပြီး အဆိပ်ကိုအမြန်ဆုံး ရှင်းပစ်ဖို့ လိုတယ်” ဟု မာဟဲက အလျင်စလိုပြောလိုက်သည်။ အစကတော့ သူတို့က ရန်သူတွေလို့ ထင်ခဲ့တဲ့အတွက် အသေတိုက်ခိုက်ဖို့ လုပ်ခဲ့မိသည်။ သူတို့က သူငယ်ချင်း သို့မဟုတ် မျိုးနွယ်တူမှ တစ်စုံတစ်ဦးဖြစ်ရန် မမျှော်လင့်ထားခဲ့ပေ။ မာဟေး အပြစ်မကင်း ဖြစ်သွားသည်။ “ခုနက လုပ်ခဲ့တာတွေအတွက် စိတ်မကောင်းပါဘူး.. မင်းနားလည်ပေးဖို့မျော်လင့်ပါတယ်.. မင်း မျိုးနွယ်စုနယ်မြေထဲကို ဝင်ချင်ရင်တော့ ငါ မျိုးနွယ်စုကို ကြိုပြီး အကြောင်းကြားရလိမ့်မယ်.. နောက်မှ တစ်ယောက်ယောက် လာ‌လိမ့်မယ်”

“နားလည်ပါတယ်” ကောင်းဖန်က ဖော်ဖော်ရွေရွေ ခေါင်းညိတ်သဘောတူလိုက်သည်။

မာဟဲက ကျေးဇူးတင်စွာဖြင့် ခေါင်းညိတ်လိုက်သည်။ သူ့ညာလက်ကိုဖြန်လိုက်သောအခါ ငွေရောင် နဂါးပုံဆောင်ခဲပုစဉ်းပေါ်လာပြီး သူ့လက်ဖဝါးပေါ်တွင် နားနေထားသည်။ နဂါးပုံဆောင်ခဲပုစဉ်း၏အရွယ်အစားသည် မကြီးမားသော်လည်း ၎င်း၏အတောင်ပံများသည် ညီညာချောမွေ့ကာ ၎င်း၏အတောင်ပံများတွင် ငွေရောင်လျှပ်စီးကြောင်းပုံစံများရှိသည်။

အသံနိမ့်ဖြင့် သူညွှန်ကြားလိုက်သောအခါ နဂါးပုံဆောင်ခဲပုစဉ်း၏ ခန္ဓာကိုယ်သည် အနည်းငယ် တုန်ခါသွားသည်။ ၎င်း၏အမြီးကို ဖိကာ အရိပ်တစ်ခုအဖြစ် ပြောင်းလဲပြီး မူလနေရာမှ ပျောက်ကွယ်သွားသည်။ ငွေရောင်လျှပ်စီးကြောင်းအပိုင်းအစများကိုသာ လေထဲတွင် ချန်ထားခဲ့သည်။

ဂိုဒီသည် သမ်းဝေကာ ရှေ့သို့ယိုင်ထိုးနေပြီး အဝေးကြီးကို လမ်းလျှောက်လာသည်။ ထို့နောက် သန်မာတဲ့ခွေးတစ်ကောင်ကို ရွှံ့ထဲက ဆွဲထုတ်လိုက်သည်။ “သေပြီလား” ဂိုဒီသည် မသေမချာဖြင့် ဆာဟာရကို အကြိမ်ပေါင်းများစွာ လှုပ်ရမ်းလိုက်သည်။

ခွေးပါးစပ်အစွန်းနှစ်ဖက်မှ အမြှုပ်ထွက်လာသည်။ အပြာရောင်သွေးများစွန်းနေသည်။ ဂိုဒီ၏ မျက်နှာသည် အုံ့မှိုင်းနေသည်။ ၎င်း၏ခွေးသည် အဆိပ်မိပြီး သေသွားပြီိဖြစ်သည်။ နောက်ပြန်ဆုတ်သွားကာ မာဟဲရှေ့မှာ ဆာဟာရကို ပစ်ချလိုက်သည်။ “ခွေးသေပြီ”

“အာ” မာဟဲ၏ နှလုံးသားမှ အပြစ်တင်စိတ် ပေါ်လာသည်။ မျက်လုံးခြောက်လုံးကို တင်းတင်းစေ့ထားသည့် မြေပြင်ပေါ်ရှိ ခေါင်းသုံးလုံးခွေးကို ဝမ်းနည်းစွာ ကြည့်လိုက်မိသည်။

ဒါက ခေါင်းသုံးလုံး ငရဲခွေးဖြစ်သည်။ ခေါင်းသုံးလုံးငရဲခွေးသည် မဟာယာန ကျင့်ကြံခြင်းဆယ်ပါး အဆင့်တွင် ရှားရှားပါးပါး သားရဲဖြစ်ပြီး ၎င်း၏သားရဲအဆင့်မှာ ယေဘုယျအားဖြင့် နိမ့်ပါးခြင်းမရှိဟု ဆိုသည်။ ဤကဲ့သို့ အဆင့်အတန်းမြင့်သော သားရဲကို အဆိပ်ခတ်မိခြင်းအတွက် သူမ ပို၍ပင် အပြစ်ရှိသလို ခံစားလိုက်ရသည်။

“အဲဒါအတွက် ငါ့ကို လျော်ကြေးပေးပါ။” ဂီုဒီသည် ဘယ်လက်ကို ဆန့်တန်းလိုက်သည်။

မာဟဲက ခေါင်းညိတ်လိုက်သည်။ “ငါ မင်းရဲ့သားရဲကို အဆိပ်မခတ်ခဲ့သင့်ဘူး.. ငါ မင်းကို လျော်ကြေးပေးသင့်ပေမယ့်လည်း အခု ငါ့မှာ ပိုက်ဆံမရှိဘူး.. ငါတို့ မျိုးနွယ်စုကို ပြန်ရောက်တာနဲ့ မင်းကို ငါပေးလို့ရမလား”

ဂိုဒီက မာဟဲကိုမျက်စောင်းထိုးလိုက်သည်။ သူဘာလို့ဒီလောက်ရိုးသားရတာလဲ.. ငါတောင်းလိုက်တာကို လျော်ကြေးပေးဖို့ သဘောတူ လိုက်တာလား... ဂိုဒီသည်ခေါင်းကို လေးလေးနက်နက် ငြိမ့်လိုက်သည်။ “ကောင်းပြီ.. လစဉ် ပေါင်းစုအတိုး ဆယ့်တစ်ရာခိုင်နှုန်းနဲ့ အခုအချိန် ငွေရင်းက ဒေါ်လာ ၆၀၀”

“လစဉ် ပေါင်းစုအတိုး ဆယ့်တစ်ရာခိုင်နှုန်း” မာဟဲ ဒီလိုမျိုး တစ်ခါမှ မကြားဖူးပေ။ ထို့နောက် သံသယစိတ်ဖြင့် ခေါင်းကုတ်လိုက်ပြီး ခေါင်းငုံ့ လိုက်သောအခါ မြေပြင်ပေါ်တွင် လဲလျောင်းနေသော ခေါင်းသုံးလုံးခွေးကို တွေ့လိုက်ရသည်။ ခေါင်းသုံးလုံးခွေး၏ ဦးခေါင်းများတွင် ဘဲတစ်ကောင်၏ ရွှံခြေဖဝါးရာ အများအပြား ရှိနေသည်။

ထိုခြေရာများကို ကြည့်ရင်း သူ့အတွေးထဲတွင် ထိတ်သွားသည်။ သူသေသွားတာ ငါ့အဆိပ်ကြောင့်ဟုတ်ရဲ့လား..

…

အဝေးမှ လွင့်ပျံလာသော တောင်ပံခတ်သံကို ကြားနေရသည်။ ကောင်းဖန်က သူ့ခေါင်းကို မြှောက်လိုက်သောအခါ နေရဲ့ တောက်ပမှုကို ဖုံးလွှမ်းနေပြီး ပြင်းထန်တဲ့ လေပြင်းတွေ တိုက်နေတဲ့ကြားမှ အနီရောင် အတောင်ပံတစ်စုံကို တွေ့လိုက်ရသည်။

ထိုသတ္တဝါတွင် နီညိုရောင် ကိုယ်ခန္ဓာနှင့် ဒိုင်နိုဆောနှင့်တူသော ဦးခေါင်းရှိပြီး နဂါးကြိးဖြစ်သည်။ ဧရာမနဂါးကြီးတွင် အမြီးသုံးချောင်းရှိသည်။ အလွန်မြန်သော အရှိန်ဖြင့် သူတို့ထံ ချဉ်းကပ်လာသည်။

[သားရဲ အမည်] - တောင်ပံနီ နတ်ဆိုး နဂါး

[သားရဲ စွမ်းရည်ဆင့်] - မော်ကွန်းတင်/ ဒဏ္ဍာရီ

[သားရဲ အဆင့်] - အဆင့် ၈၆ ( သူတော်စင်အဆင့်)

သားရဲသည် ပျံဝဲပြီးနောက် မြေပြင်ပေါ်သို့ မှန်မှန်ဆင်းသက်လာသည်။ တောင်ပံနီ နတ်ဆိုးနဂါးသည် ကောင်းဖန်နှင့် ကျန်အရာများထက် ကြီးသည်။ “ငါ့နောက်လိုက်ခဲ့ပါ။”

ပြီးတာနဲ့ ချက်ချင်းပဲ နဂါးရဲ့ပါးစပ်က နိမ့်ပြီး ကျိုးဟွေ့ကို လှမ်းဆွဲလိုက်သည်။ ထို့နောက် ၎င်း၏အတောင်ပံများကို ဆွဲကာ ခပ်နိမ့်နိမ့် အမြင့်မှ ပျံသန်းလိုက်သည်။

ကောင်းဖန်သည် သူ့ခေါင်းပေါ်မှ အုံ့မှိုင်းနေသော မီးခိုးရောင်တိမ်များကို မော့ကြည့်လိုက်သည်။ ထို့နောက် တာ့ဇီကိုစီးရန် လူတိုင်းအား အချက်ပြ ခေါင်းညိတ်ပြလိုက်ပြီး တာ့ဇီသည် တောင်ပံနီနတ်ဆိုးနဂါးနောက်သို့ လိုက်သွားသည်။ ကောင်းဖန်သည် တာ့ဇီ၏ ဦးခေါင်းထိပ်တွင် စီးနင်းပြီး ဦးခေါင်းထိပ်ရှိ နဂါးဦးချိုကို လက်နှစ်ဘက်ဖြင့် ကိုင်ထားသည်။ သူ မှိန်းနေချိန်တွင် ကောင်းဖန်သည် တစ်စုံတစ်ခုကို ကြားလိုက်ရသည်။

ကောင်းဖန်က သူ့ပတ်ဝန်းကျင်ကို ဝေကြည့်လိုက်ပြီးဆန်းစစ်ကြည့်လိုက်သည်။ ကောင်းဖန်၏နားထဲတွင် အသံ မြည်နေသေးသည်။ “မသွားနဲ့…”

“လူသစ်လေး.. သူတို့နောက်ကို မလိုက်နဲ့… အန္တရာယ်ရှိတယ်”

ကောင်းဖန်သည် မျက်မှောင်ကြုတ်ကာ တာ့ဇီကို လျှို့ဝှက်အသိပေးလိုက်သည်။ “ပတ်ဝန်းကျင်ကို ဂရုစိုက်.. အမှောင်ထဲမှာ ဖုံးကွယ် ထားတဲ့ အရာတွေ ရှိမရှိ ကြည့်လိုက်” တာ့ဇီက ခေါင်းညိတ်လိုက်ပြီး သူ့နှလုံးသားထဲမှာ နက်နက်နဲနဲ မြှုပ်ထားတဲ့ မျက်လုံးလေးတွေ လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။ ၎င်း၏နှလုံးပေါ်ရှိ လေဥမင်လိုဏ်ခေါင်းတစ်ခုလို ထင်ရသည့် အပေါက်ငယ်တစ်ခုမှ ထူးဆန်းသော စွမ်းအင်များစွာကို စုပ်ထုတ်လိုက်သည်။

အသံလှိုင်းထက် ပိုမိုအားကောင်းသော စွမ်းအားသည် ရွှံ့မြေအောက်သို့ ထိုးဖောက်ဝင်ရောက်သွားသည်။ ရွှံ့များသည် အကန့်အသတ် မရှိဟု ထင်ရပြီး ပိုမိုနက်ရှိုင်းလာသည်။ သူတို့ခြေထောက်အောက်က တိမ်တိုက်အိပ်မက်ရွှံ့ညွန်စိမ့်တော၏ အနက်သည် အလွန် ကြောက်စရာကောင်းသည်။

တာ့ဇီသည် ခရမ်းရောင်မျက်လုံးကို ရုတ်တရက်မြင်လိုက်ရသည်။ မျက်လုံးသည် ကြီးမားပြီး တာ့ဇီသည် အတွင်းမှ ဝမ်းနည်းမှု၊ နာကျင်မှုနှင့် စိတ်ပျက်အားငယ်မှုကို ခံစားနိုင်သည်။ တာ့ဇီသည် အရှိန်ကို မသိမသာနှေးလိုက်သည်။ တာ့ဇီ စိတ်တည်ငြိမ်သွားချိန်တွင် မျက်လုံးက ရုတ်တရက် ပျောက်သွားသည်။ ကျန်ခဲ့သမျှမှာ မည်းမှောင်ပြီး ရွှံ့နွံများ ဖုံးလွှမ်းသွားသည်။

ကောင်းဖန်သည် မာဟဲနှင့် ကျန်သူများနောက်သို့ ဆက်လက် ပျံသန်းသွားသည်။ မိုင် ၃၀၀ ခန့်ပျံသန်းပြီးနောက် ကောင်းဖန်သည်

တိမ်တိုက်အိပ်မက်စိမ့်တောမှထွက်ခွာလိုက်သည်။ သူတို့နောက်မှာတော့ တိမ်တိုက်အိပ်မက် ရွှံ့ညွန်သည် မီးခိုးရောင် မြူခိုးတွေဖြင့် ဖုံးလွှမ်းသွားသည်။ အရိပ်များထဲတွင် တွားသွားကာ ၎င်းတို့ကို ချောင်းကြည့် နေသည့် စိတ်ဆိုးနေသော သားရဲနှင့်တူသည်။

ကျိုးဟွေ့သည် လေတိုက်ခံရမည်ကို ကြောက်သဖြင့် တာ့ဇီ၏ နောက်ကျောပေါ်သို့ လှဲနေသည်။ သူသည် လေတိုက်၍ ပုံပျက်နေသော မျက်နှာကို တာ့ဇီ၏ လည်ပင်းတွင် တင်းကျပ်စွာကပ်ထားလိုက်သည်။

အလွန်အတန်ကြာအောင် စီးနင်းပြီးနောက် ပေရာနှင့်ချီမြင့်သော အဆောက်အအုံများစွာ သူတို့ရှေ့တွင် ပေါ်လာသည်။ ၎င်းတို့သည် အရိုးနဂါးအမြီးကဲ့သို့ သွယ်လျသောအဖြူရောင် ဂူဗိမာန်တစ်ခုနှင့် ဆင်တူသည်။

ကောင်းဖန်သည် ဂူဗိမာန်ကို ဝေ့ကြည့်လိုက်သည်။ ဒါက လီမျိုးနွယ်လား..

ရံဖန်ရံခါ မျိုးနွယ်စုမှလူများသည် အဆောက်အအုံ အသီးသီးတွင် စည်ကားစွာ ဖြတ်သန်းသွားလာလျက် ရှိသည်။ ကောင်းဖန်သည် ထိုနေရာကို အနည်းငယ်ထူးဆန်းသည်ဟု ခံစားမိသော်လည်း ၎င်းနှင့်ပတ်သက်ပြီး ထူးဆန်းသောအရာကို ညွှန်ပြ၍မရပေ။ အဝါရောင်အသားအရည်နှင့် အနက်ရောင်ဆံပင်ရှိသော လူအများအပြားကို ရုတ်တရက်မြင်ပြီးနောက် ကောင်းဖန်သည် ပျော်ရွှင်လာသည်။

“အထဲမှာ ရှိနေတဲ့သူတွေကို သတင်းပို့လိုက်ဦးမယ်.. အပြင်မှာ ခဏလောက်စောင့်ပါ” တောင်ပံနီနတ်ဆိုးနဂါးမှ ခုန်ဆင်းလာသော အရိပ်တစ်ခုသည် ဆံပင်အနီ၊ အစိမ်းရောင်ဝတ်ရုံနှင့် ကာချယ်ကို ခရမ်းရောင်ချယ်ထားသည်။ သူက ကောင်းဖန်ကို ခေါင်းညိတ်ပြလိုက်ပြီး မျိုးနွယ်စုရဲ့ ပင်မဝင်ပေါက်ကို ဖြတ်လျှောက်သွားပြီးနောက် အဆောက်အဦးတွေရဲ့ အဖုံးအောက်မှာ ပျောက်ကွယ်သွားသည်။

းကောင်းဖန်၏ မျက်စိအမြင်ကောင်းသည် ထိုသူ၏ ဆံပင်မှာ အနက်ရောင်ဖြစ်သည်ကို မြင်နိုင်စေသည်။ သူ့ဆံပင်အနီရောင်ကို ဆေးဆိုးထားသည်မှာ ထင်ရှားသည်။

ကျိုးဟွေ့က ကောင်းဖန်နောက်မှာ ရပ်နေသည်။ သူသည် ဝမ်းသာအားရဖြင့် ရပ်နေပြီးသူ့ခန္ဓာကိုယ်တစ်ခုလုံး တုန်နေသည်။ သူ့မျက်နှာပေါ်တွင် မျှော်လင့်ချက်နှင့် ကြောက်ရွံ့မှု နှစ်ခုစလုံး ရှိနေသည်။ ရံဖန်ရံခါတွင် သူသည် လည်ပင်းကိုဆန့်ကာ ကောင်းဖန်၏အနောက်မှ မျိုးနွယ်ထဲသို့ ကြည့်နေသည်။

ခဏအကြာတွင် ပုံရိပ်သုံးခုပေါ်လာသည်။ အထင်ရှားဆုံးမှာ တောင်ပံနီနတ်ဆိုး၏မျက်ခုံးမှ ခုန်ဆင်းလာသော သူတော်စင်အဆင့် သားရဲ လေ့ကျင့်သူဖြစ်သည်။ သူ့နောက်တွင် တောင့်တင်းသော မျက်နှာ၊ ခနော်ခနဲ့ နောက်ကျောနှင့် တိမ်တိုက်မျက်လုံးများဖြင့် လူကြီးနှစ်ယောက်ပါလာသည်။

“အဖေ.. အမေ” ကျိုးဟွေ့က စိတ်လှုပ်ရှားစွာ အော်လိုက်သည်။ သူ၏အသွင်အပြင်သည် အသက်ကြီးသူနှစ်ဦးနှင့် ဆင်တူသော်လည်း သူတို့ကို ထိုကဲ့သို့ပြောဆိုခြင်းက အနည်းငယ် ထူးဆန်းနေပုံရသည်။

ကျိုးဟွေ့က သူတို့ကို အော်ဟစ်နေတာကို ကြားတော့ လူကြီးနှစ်ယောက်က ခေါင်းကို မော့ပြီး နူးညံ့တဲ့ အပြုံးတွေ နဲ့ မီးခိုးရောင် မျက်နှာတွေ ပြလာသည်။ သူတို့၏ အမူအရာများသည် မယုံနိုင်လောက်အောင် တောင့်တင်းနေသည်။

“သူက ငါတို့ရဲ့ကလေးပဲ.. သူပြန်လာပြီ”

“မင်းအမေက မင်းပြန်လာတာကို စောင့်နေရင်း အရသာရှိတဲ့ အစားအစာတွေကို ချက်ပြီးပြီ.. အိမ်ပြန်ပြီး ထမင်းစားရအောင်.. မင်းရဲ့ကျေးဇူးရှင်ကို ငါတို့နဲ့အတူ လိုက်ခဲ့ခိုင်းလိုက်ပါ..”

ကျိုးဟွေ့သည် အားတက်သရော ပြေးလာသည်။ ပင်လယ်ဝတုတ်၏အသံက “ကောင်းဖန် ခဏနေအုံး.. ဒီမျိုးနွယ်စုက... သံသယဖြစ်စရာပဲ” ဟု ရုတ်တရက်ပြောလာသည်။ သို့သော် ကောင်းဖန်က လိုက်ပါရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။

***

All Chapters