အခန်း (၇၀၁-၇၀၄)
Vol. 44 Ch. 701-704
အခန်း ၇၀၁ နတ်ဘုရားအဆီအနှစ်
[ပစ္စည်းအမည်] - မီးငှက်ခေါင်းနှင့် ငရဲတိုင်ဂွန်
[ပစ္စည်းဖော်ပြချက်] - နတ်ဘုရားသခင် အဆင့်ရှိသော မီးငှက်ခေါင်းနှင့် ငရဲတိုင်ဂွန်သည် အသက်ရှင်ခဲ့စဉ်အခါက အလွန်စွမ်းအားကြီးသော အရာတစ်ခုကြောင့် သေပွဲဝင်ခဲ့ရခြင်း ဖြစ်သည်။ သူ၏ နတ်ဘုရားဖြစ်စဉ်က ပျက်ဆီးသွားခဲ့ပြီး ခေါင်းကို ဖြတ်ကာ တိမ်တိုက်အိပ်မက်စိမ့်မြေတွင် စွန့်ပစ်ခံထားရခြင်း ဖြစ်သည်။
ကောင်းဖန်သည် ခေါင်းကို မြင်သောအခါ သူတစ်ခါတွေ့ခဲ့ဖူးသော ဂိုလန်နတ်ဘုရားဝတုတ်ကို သတိရမိလိုကပ်သည်။ သို့သော် ဂိုလန်နတ်ဘုရားဝတုတ်၏ ခေါင်းတွင် စိတ်ဝိဉာဉ်အသိစိတ်ရှိသေးသောကြောင့် သားရဲအဖြစ် ပြောင်းလဲနိုင်သေးသည်။
မီးငှက်ခေါင်းနှင့် ငရဲတိုင်ဂွန်ကတော့ ပစ္စည်းတစ်ခုသာ ဖြစ်သည်။
ကောင်းဖန် အတွေးများနေမိသည်။ခဏစဉ်းစားနေလိုက်သည်။စိတ်ဝိဉာဉ်အသိစိတ်ကို မထုတ်နိုင်ခြင်းသည် သားရဲတစ်ကောင်နှင့် ပစ္စည်းတစ်ခုတို့ကြား ကြီးမားသည့် ကွာခြားချက် ဖြစ်မည်ထင်သည်။
သူ့အောက်မှ အရိုးတောင်သည် နတ်ဘုရားသခင်အဆင့်ရှိသော ဦးခေါင်းကြောင့် ရောက်လာကြသော အခြားသားရဲအလောင်းများ ဖြစ်သည်။ တဖြည်းဖြည်းနှင့် အရိုးတောင်များသည် ကြီးမားသထက်ကြီးမားလာသည်။ သို့သော် ထိုတခြားသားရဲများလည်း ဘာကြောင့် ခေါင်းပြတ်နေကြရလဲဆိုတာကိုတော့ နားမလည်နိုင်ဖြစ်နေသည်။ နတ်ဘုရား၏ ဦးခေါင်းသည် သေဆုံးထားပြီးတာတောင် သားရဲများ၏ ဦးခေါင်းများကို ဖြတ်တောက်နိုင်စွမ်း ရှိပုံရသည်။
“မင်းထင်တာမှန်တယ်” ပင်လယ်ဝတုတ်၏ အသံက ကောင်းဖန်စိတ်ထဲမှ ထွက်ပေါ်လာသည်။ “နတ်ဘုရားရဲ့ သွေးတစ်စက်ကတောင် သားရဲများစွာကို အဆိပ်ဖြစ်စေနိုင်တယ်”
ကြွက်သည် ထိုခေါင်းကို တစ်ချက်ကြည့်လိုက်သည်။ သို့သော် စိတ်မဝင်စားပုံဖြင့် ခက်နက်နက်ဆီ ဆက်ကူးခတ်သွားလိုက်သည်။
ကောင်းဖန်သည် ကြေးယဇ်ပလ္လင်ကို ဆီလီ၏ သိုလှောင်ခန်းထဲမှ ထုတ်လိုက်သည်။ ကြေးယဇ်ပလ္လင်သည် ဦးခေါင်းကို တွေ့သောအခါ အလွန်ပင် ပျော်ရွှင်စိတ်လှုပ်ရှားသွားသည်။ အနက်ရောင် တိမ်မြူတစ်ခုသည် ကြေးယဇ်ပလ္လင်၏ အစွန်းပိုင်းတွင် စုစည်း ထွက်ပေါ်လာပြီးနောက် လူမည်းကလေး ပေါ်လာသည်။ သူသည် စိတ်လှုပ်ရှားစွာနှင့် လက်ခုပ်တီးနေသည်။
“နတ်ဘုရားဦးခေါင်းလား.. ငါဒီလိုအရာကို မချေဖျက်ရတာ ဘယ်လောက်တောင် ကြာခဲ့ပြီလဲ.. ငါ့ကို အဲဒီလို နတ်ဘုရားအလောင်းတွေ များများသာ ပေးစမ်းပါ.. ဒါမှ ငါ့ရဲ့ ဒီထပ်ပိုကောင်းတဲ့ လုပ်ဆောင်ချက်တွေကို ပြသနိုင်မှာ”
ထို့နောက် လူမည်းကလေးသည် မီးငှက်ခေါင်းနှင့် ငရဲတိုင်ဂွန်၏ ခေါင်းဆီသို့ ယဇ်ပလ္လင်နှင့်အတူ ပျံသန်းသွားလိုက်သည်။ သို့သော် သူလမ်းတစ်၀က်လောက်မှာပင် ဦးခေါင်း၏ မျက်လုံးဆီမှ အနီရောင် အလင်းတန်း ၂ ခု ထွက်ပေါ်လာသည်။ ထို့နောက် ဦးခေါင်းဆီမှ ကြောက်မက်ဖွယ် တွန်းအားတစ်ခု ထွက်ပေါ်လာသည်။ ထိုအငွေ့အသက်သည် ရုတ်တရတ် အေးခဲရပ်တန့်သွားလောက်အောင် ကြောက်စရာ ကောင်းလှသည်။
ယဇ်ပလ္လင်ဖြတ်စက်သည် ခဏရပ်တန့်သွားသည်။ ထို့နောက် မီးငှက်ခေါင်းနှင့် ငရဲတိုင်ဂွန် ဦးခေါင်းထံသို့ တဟုန်ထိုး ပြုတ်ကျသွားတော့သည်။
ယဇ်ပလ္လင်ဖြတ်စက်ဆီမှ မီးတောက်များ ထွက်ပေါ်လာပြီး ဦးခေါင်းတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ ဦးခေါင်းသည် တဖြည်းဖြည်း သေးငယ်လာပြီး ဖြတ်စက်အလယ်တွင် ငြိမ်သက်သွားတော့သည်။ မီးတောက်များက ဦးခေါင်းကို အရည်ပျော်စေပြီး သေးငယ်သော ရွှေရောင်အလင်းတန်းလေးများ ထွက်ပေါ်နေသည်။
“နတ်ဘုရားပစ္စည်းပဲ” ပင်လယ်၀တုတ်သည် လောဘပြည့်နေသော မျက်လုံးများဖြင့် နှုတ်ခမ်းကို သပ်ကာ ပြောလိုက်သည်။ ထို့နောက် တစ်ခုခုကို တွေးမိသွားဟန်နှင့် သွားကြီးများကို ထုတ်လိုက်သည်။ နတ်ဘုရား ပစ္စည်း ၂ ခုသည် ယဇ်ပလ္လင်ဖြတ်စက် အပေါ်သို့ တဖြည်းဖြည်း တက်လာသည်။ ထို့နောက် အနက်ရောင်အပေါက်ကြီးသည် ထိုလွင့်မျောနေသော စွမ်းအင်များကို မျိုချစားသောက်လိုက်သည်။ ထိုအရာသည် သူ၏ မူလသွင်ပြင်ကို ဖုံးကွယ်ထားသည်။
ပင်လယ်၀တုတ်အပါအ၀င် ကိုယ်ပိုင်သားရဲများ အားလုံးသည် ရပ်တန့် အေးခဲသွားကြသည်။ သူတို့သည် အသက်ရှုများ မြန်လာကြပြီး သွေးများ ဆူပွက်လာကြသည်။ သူတို့သည် နတ်ဘုရားပစ္စည်းကို အလွန်ပင် မက်မောစိတ် ဖြစ်လာကြသည်။
အရှေ့ကို ကူးခတ်နေသော ကြွက်သည် ရုတ်တရတ် တစ်ခုခုနှင့် ညိသလို ဖြစ်သွားသည်။ သူ့အမြီးသည် ယိုင်သွားပြီး ခန္ဓာကိုယ်ကို ၁၈၀ ဒီဂရီ လှည့်လိုက်သည်။ သူသည် အမြီးကို စိတ်လှုပ်ရှားစွာ လှုပ်ယမ်းနေပြီး ဆန့်ကျင်ဖက်ကို ကူးခတ်သွားသည်။
ဦးခေါင်းသည် ဖယောင်းလို အရည်ပျော်နေပြီး အသုံးမ၀င်သော အညစ်အကြေးများက ထူထဲသော အနက်ရောင် မီးခိုးများအဖြစ် လွင့်ပျယ်သွားသည်။ နောက်ဆုံးတွင်တော့ အဆီအနှစ်သာ ကျန်ခဲ့သည်။ ထိုအဆီအနှစ်သည် တစ်ခုတည်းသို့ ပေါင်းစည်းမသွားပဲ ဆီနှင့်ရေလို တစ်သီးတစ်ခြားစီ ဖြစ်နေကာ ၃ ပုံကွဲနေသည်။
တစ်ပုံက ကျောက်စိမ်းဖြူလို ကျောက်တစ်မျိုး ဖြစ်ပြီး ရေသူထီး၏ အဆီနဲ့တူကာ သစ်စေးနံ့လို အနံ့ထွက်နေသည်။ အလယ်ကအပုံတွင်တော့ သွေးနီရောင် ကျောက်လေးများပုံထားပြီး ထိုအသား အဆီအနှစ်က ကိုယ်ပိုင်သားရဲများကို ဆွဲဆောင်နေခြင်း ဖြစ်သည်။ အရည်အသွေးကတော့ မြင်ဖူးသမျှထဲတွင် ထိပ်ဆုံးမှာပါ၀င်နေသည်။
တစ်ပုံကတော့ နည်းနည်းသေးသော ရွှေရောင်အရည်ပုံလေးဖြစ်ပြီး ချိုမြိန်သော အနံ့လေးများ ထွက်နေသည်။ ကိုယ်ပိုင်သားရဲများသည် အသွေးအသားထဲမှနေ၍ ထိုအရည်ကို ဆာလောင်မွတ်သိပ်နေကြသည်။ ကောင်းဖန်ကိုသာ မကြောက်ရလျှင် လုယက်စားသောက်ကြတော့မှာ သေချာသည်။
တာ့ဇီ၏ မျက်လုံးများသည် ကလယ် ကလယ်ဖြစ်နေပြီး ညာလက်က်ု ဆန့်လိုက်ကာ ကောင်းဖန် ပုခုံးကို ထိလိုက်သည်။ ထို့နောက် မြေပြင်ပေါ်သို့ ကိုးယို့ကားယား ပြုတ်ကျသွားသည်။ သူ့လက်သည်းများသည် အရူးတစ်ယောက်လို ပျာယာခတ် လှုပ်ခတ်နေသည်။
“အား.. ကောင်းဖန်.. နင်လုပ်တာ ပြုတ်ကျသွားပြီ.. အရိုးတစ်ချောင်းတောင် ကျိုးသွားပြီ”
ကောင်းဖန်ကတော့ တာ့ဇီလုပ်ကြံနေတာကို သိသောကြောင့် မသိချင်ယောင်ဆောင်နေလိုက်သည်။
ကောင်းဖန်သည် ခေါင်းတစ်ချက်ဟန့်လိုက်ပြီး အစင်းလေးကို ရေထဲမှာ ဆင့်ခေါ်လိုက်သည်။
ရေမျက်နှာပြင်သည် တဟုန်ထိုး မြင့်တက်သွားသည်။ အစင်းလေးသည် များပြားလှသော သားရဲများကို ဖင်ထိုင်လျက် ရေအောက်ကြမ်းပြင်တွင် ပေါ်လာသည်။
အစင်းလေးသည် ထွက်လာပြီးပြီးချင်းပင် ကိုယ်ပိုင်သားရဲများကို ပျော်ရွှင်စွာ နှုတ်ဆက်လိုက်သည်။ “မတွေ့တာကြာပြီဝေး.. တာ့ဇီ မင်းဘာဖြစ်နေတာလဲ.. ကြွက်တက်နေတာလား”
တာ့ဇီက ခပ်ဆိတ်ဆိတ် ရှိနေသည်။ ကောင်းဖန်သည် တာ့ဇီ၏ အညံ့စားအိုက်တင်ကို လျစ်လျူရှုလိုက်ပြးနောက် အပေါ်တွင် ထွက်ပေါ်နေသော ပစ္စည်းအသစ် ၂ ခုကို ကြည့်လိုက်သည်။ ထိုပစ္စည်းများသည် နတ်ဘုရား စိတ်ဝိဉာဉ်အဆီအနှစ်နှင့် မြင့်မြတ်သော အဆီအနှစ်ဖြစ်သည်။ စိတ်ဝိဉာဉ်အဆီအနှစ်သည် ကိုယ်ပိုင်သားရဲ၏ အရိုးများကို သန်မာစေပြီး အာဟာရကြွယ်၀လှသည်။ မြင့်မြတ်သော အဆီအနှစ်ကတော့ ကိုယ်ပိုင်သားရဲကို အချိန်တိုအတွင်း အဆင့်မြင့်သွားအောင် လုပ်ဆောင်ပေးနိုင်သည်။ အထူးသဖြင့် နတ်ဘုရားတစ်ပိုင်းအဆင့်ကို ဖြစ်သည်။
ပင်လယ်၀တုတ်သည် လောဘစိတ်ကို ချိုးနှိမ်ပြီး တံတွေးမျိုချနေသော်လည်း တချိန်တည်းမှာပင် ဒေါသလည်း ထွက်နေသည်။ သူ၏ စရိုက်ကတော့ ပြောင်းလဲသွားတာသေချာသည်။ သူသည် အရင်စိတ်နဲ့ဆို ကောင်းတာတွေချည်း ဦးအောင် ယူတတ်သူ ဖြစ်သည်။ မျှဝေဖို့ ဘယ်တော့မှ မတွေးတတ်ပေ။
ဖြိုခွဲတယ်.. မယုံနိုင်စရာပဲ.. ပင်လယ်၀တုတ်သည် တွေးလေ ဒေါသထွက်လေဖြစ်နေသည်။ သူသည် ကကြည့်နေမိလျှင် စိတ်ထဲပိုစွဲနေမှာစိုးနေပုံဖြင့် မျက်လုံးများကို မှိတ်ထားသည်။
ကောင်းဖန်က ပင်လယ်၀တုတ်ကို နှစ်သိမ့်လိုက်သည်။ “ဒါက ရှေးဟောင်း စစ်မြေပြင်ပါ.. အလောင်းက တစ်ခုထက်မက ရှိမှာပေါ့.. တစ်ကောင်တည်းတော့ ဖြစ်မလား.. စိတ်ကိုချိုးနှိမ်ထားရင် မင်းအတွက် နတ်ဘုရားအဆီအနှစ်ကိုလည်း ရမှာပါ”
ကောင်းဖန်သည် တာ့ဇီ၏ ခွန်အားကို အမြန်ဆုံး အဆင့်မြှင့်ပေးချင်သော်လည်း သူသည် စွမ်းအင်ရင်းမြစ်များကို ဖြစ်သလို အသုံးမချပေ။ အသုံး၀င်နိုင်မည် ဆိုပါက အားလုံးကို ညီတူမျှတူ ခွဲပေးမည် ဖြစ်သည်။
သူတို့သည်လည်း ကောင်းဖန်ကို ယုံသောကြောင့်သာ ကောင်းဖန်၏ ကိုယ်ပိုင်သားရဲများ ဖြစ်လာကြခြင်းပင်။
ပင်လယ်၀တုတ်က ခေါင်းကိုယမ်းလိုက်သည်။ “မဟုတ်ဘူး.. အခုငါက နတ်ဘုရားတစ်ပိုင်း ဖြစ်နေပြီ.. အခုက သူတို့ကွားစီ နတ်ဘုရားအဖြစ် အဆင့်တက်ဖို့ အချိန်ပဲ.. ဒီအဆီအနှစ်လောက်က ငါ့ကို နတ်ဘုရားအဆင့်ထိ ရောက်အောင်လည်း မလုပ်ပေးနိုင်သေးဘူး.. ငါ့မှာက နတ်ဘုရား အသုံးအဆောင်လည်း ရှိတယ်..
“ပြီးတော့ သူတို့တွေ နတ်ဘုရားတစ်ပိုင်း ဖြစ်လာကြတော့လည်း ငါသက်သာတာပေါ့”
ကောင်းဖန်သည် နတ်ဘုရားအဆီအနှစ်ကို ယူငင်လိုက်သော်လည်း ဘယ်သူ့ကိုမှ မပေးသေးပဲ နောက်တစ်နေရာဆီ သွားလိုက်သည်။
နတ်ဘုရားအဆီအနှစ်ကို ဆီလီ၏ သိုလှောင်ခန်းထဲ ထည့်လိုက်သည်။ တုံးအသော ဆီလီကတော့ သူ့ကို အကုန်ပေးတယ်ထင်ပြီး ပျော်နေသေးသည်။
ကောင်းဖန်က ဆီလီ၏ နူးညံ့သော ခေါင်းပြောင်လေးကို ပွတ်လိုက်သည်။ “မခိုးနဲ့နော်.. မင်းခိုးစားတယ်ဆိုတာ ငါမိရဲမိကြည့် တစ်သက်လုံး အအေးဘူးမသောက်ရတော့ဘူးမှတ်”
ဆီလီသည် အလွန်ကြောက်သွားသည်။ သူ့အတွက် ထိုထက်ပို၍ ပြင်းထန်သော အပြစ်ဒဏ်မရှိတော့ပေ။
ကြွက်ကတော့ နတ်ဘုရားအဆီအနှစ်ကို တခြားမှာ သိုလှောင်ထားတာကို နှမြောနေသည်။ သခင်က ရတနာတွေအားလုံးကို ငါနဲ့သိမ်းထားသင့်တာ.. ငါက ဘယ်တော့မှ စားမှာလည်း မဟုတ်ဘူး..
အင်း အနည်းဆုံးတော့.. နည်းနည်းလျက်ကြည့်ရုံပေါ့..
***
သားရဲလေ့ကျင့်သူ
အခန်း ၇၀၂ ဝေစုခွဲခြင်း
ကောင်းဖန်က ကြွက်၏ အဆိုကို ပယ်ဖျက်လိုက်သည်။ ငါက ဘာကိစ္စ မင်းဆီမှာ ရတနာတွေ အပ်ထားရမှာလဲ.. ကြွက်၏ အကျင့်စရိုက်ကို ကောင်းဖန် ကောင်းကောင်း သိလေသည်။
အခြား ရတနာဆိုလျှင်တောင် ကြွက်လက်ထဲသို့ အပ်ထားနိုင်မည် မဟုတ်ရာ ယခုလို နတ်ဘုရားအဆီအနှစ်လို အဖိုးတန်ပစ္စည်းကိုဆို ပိုတောင် အပ်ရဲမည် မဟုတ်ချေ။ ဆီလီကတော့ သူ့ဘ၀တွင် အချိုရည်ဘူးကသာ အရာရာဖြစ်သောကြောင့် နတ်ဘုရားအဆီအနှစ်ကို ဆီလီ၏ သိုလှောင်ခန်းထဲတွင် ထည့်ဖို့လုပ်ခြင်းဖြစ်သည်။
“မင်းဝေစုကိုလည်း ရမှာပါ.. ဒါပေမယ့် အခုတော့ မဟုတ်သေးဘူး” ကောင်းဖန်က ကြွက်ကို ပြောလိုက်သည်။
ကြွက်၏ မျက်လုံးများထဲတွင် နောင်တတရားကို မြင်လိုက်ရသည်။ သို့သော် ကောင်းဖန်က ဝေစုပေးမည်ဟုဆိုသောကြောင့် ကောင်းဖန်သည် မလိမ်တန်ရာဟြတော့ သူတွေးလိုက်သည်။ ထိုအတွေးဖြင့် ကြွက်သည် ပြန်လည် တက်ကြွလာသည်။ သူ့အမြီးထိပ်သည် စိတ်လှုပ်ရှားစွာ ဝှေ့ယမ်းနေသည်။
တဖြည်းဖြည်းနှင့် နတ်ဘုရား အကြွင်းအကျန်များသည် ရေကန်အောက်ခြေတွင် ပေါ်လာသည်။ သို့သော် ကောင်းဖန်သည် ထိုအကြွင်းအကျန်များ အကြောင်းကို ဖတ်ကြည့်လိုက်သောအခါ ကြီးမားသော စွမ်းအားတစ်ခုဖြင့် အဖျက်ဆီးခံထားရကြောင်း သိလိုက်ရသည်။
“ကြောက်စရာပဲ” ကောင်းဖန်သည် နတ်ဘုရားကိုတောင် အရုပ်လေးတစ်ရုပ်လို ဆွဲဆုတ်ပစ်နိုင်သော တစ်စုံတစ်ခု၏ ခွန်အားကို တွေးတောမိလိုက်သည်။ သူသည် အတွေးဖြင့် စဉ်းစားလို့ပင် မရချေ။
အလောင်းကောင်များသည် တစ်ခုပြီးတစ်ခု ချေဖျက်ခံကြရပြီးနောက် ဆီလီ၏ သိုလှောင်ခန်းထဲတွင် နတ်ဘုရားအဆီအနှစ်များသည်လည်း တောင်ပုံယာပုံ ဖြစ်လာသည်။ ကောင်းဖန်သည် ထိုအကြွင်းအကျန်များကို အဓိကအားဖြင့် ၃ မျိုးခွဲခြားထားကြောင်း သတိပြုမိလိုက်သည်။ မီးငှက်နှင့် ငရဲတိုင်ဂွန်၊ တောင်တန်းများ၏ သရဖူ၊ ပျော်ရွှင်နေသော အပျိုစင်ဟူ၍ ဖြစ်သည်။
ထိုအထဲတွင် တောင်တန်းများ၏ သရဖူသည် သူ၏ အလောင်းကို လေ့လာချက်အရ ကျောက်တုံးလူသားသားရဲနှင့် ဆင်တူသည်။ ထိုသားရဲသည် ကြီးမားပြီး အလောင်းသည် တောင်ကုန်းလေးတစ်ခုလို ရေကန်အောက်ခြေတွင် အပုံလိုက်ထပ်နေသည်။
ပျော်ရွှင်နေသော အပျိုစင်ကတော့ သွယ်လျလှပသော ခန္ဓာကိုယ်ရှိကာ အသားအရေကလည်း လူသားနှင့် ဆင်တူသည်။ ကောင်းဖန်သည်ပင် စစချင်း ကြည့်လိုက်တုန်းက ထိုအရာကို လူသားမိန်းကလေးဟု အမှတ်မှားမိလိုက်သေးသည်။ ထိုအလောင်းသည် သေဆုံးထားတာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သော်လည်း ယခုထိတိုင် နှစ်လိုဖွယ် အဆင်း ရှိနေသေးသည်ကို သိလိုက်ရသည်။
တာ့ဇီကတော့ ကောင်းဖန်ကို ကြည့်ကာ မနှစ်မြို့ပုံဖြင့် ပြောလိုက်သည်။ “ကောင်းဖန်.. နင်လည်း ဒီပုတ်ထဲက ဒီပဲပဲ”
ကောင်းဖန်သည် ကြွက်၏ ခေါင်းကို ပွတ်ကာ ပြောလိုက်သည်။ “ပိုက်ဆံလုပ်သူရေ.. တခြား ရတနာတွေ ရှိသေးလား”
ကြွက်က နှာခေါင်းတစ်ချက်ရှုံ့လိုက်ပြီး ခေါင်းကိုယမ်းကာ “မရှိတော့ဘူး” ဟု ပြောလိုက်သည်။
ကောင်းဖန်က ပြုံးပြီး ပြောလိုက်သည်။ “ထပ်ပြီး လိမ်ပြန်ပြီ.. မင်းနှလုံးခုန်နေတာကိုလည်း ပြန်ကြည့်ဦး.. ဒီနတ်ဘုရား အလောင်းတွေ အပြင်တခြားဟာတွေ ထပ်ရှိသေးတယ်မလား”
ကြွက်က မျက်တောင် ပုတ်ခတ် ပုတ်ခတ်ဖြင့် နဖူးတွင် ချွေးများစီးကျလာသည်။ “နည်းနည်းလေးပဲ အနံ့ခံကြည့်လိုက်တာပါ.. အောက်မှာ တစ်ခုခုလေးတော့ ရှိဦးမယ်ထင်တာပဲ” ကြွက်သည် အရှေ့ကို ကူးခတ်လိုက်ပြီး ရွှံ့ရေထဲတွင် ရှာဖွေလိုက်သည်။ ရေများသည် တူးဆွနေမှုကြောင့် နောက်ကျိလာသည်။
ရုတ်တရတ် ကြွက်က လှည့်ပြောလိုက်သည်။ “ကောင်းဖန်.. ဒီဟာကိုတော့ ငါယူလို့ ရမလား..ရတနာကို ငါနဲ့အတူထားရင် ငါ့အရှိန်နှုန်း ပိုမြန်လာတယ်ဆိုတာ သိတယ်မလား” ကြွက်က သတိထားကာ ပြောလိုက်သည်။ “ငါပိုပြီး သန်မာလာရင် ရတနာတွေ ပိုရှာပေးနိုင်မယ်လေ”
ဆီလီသည် ဘေးမှနေ၍ ဘာသိဘာသာ ပုံစံဖြင့် ဖြတ်လျှောက်သွားသည်။ ထို့နောက် ရုတ်တရတ် ကြွက်ကို တစ်ချက်ထိုးနှက်လိုက်သည်။
“ဘာလို့ ငါ့ကိုရိုက်တာလဲ.. ငါနင့် အအေး ယူသောက်နေလို့လား” ကြွက်က ပြောလိုက်သည်။
ဆီလီသည် ကြွက် ဘာမှ ပြန်မလုပ်နိုင်ခင် လျင်မြန်စွာ ပြန်လည် ကူးခတ်သွားလိုက်သည်။ သူသည် အပြင်ပိုင်းက တည်ငြိမ်သလို ဖြစ်နေသော်လည်း ရင်တွင်းမှာတော့ ဗလောင်ဆူနေသည်။
“တာ့ဇီ” ဆီလီသည် တာ့ဇီခေါင်းပေါ်တွင် ထိုင်လိုက်ပြီး လည်ပင်းနောက်ကို သိုင်းဖက်ကာ ပုန်းလိုက်သည်။ ကောင်းဖန်သည် ဆီလီဘာရည်ရွယ်ချက်နဲ့ ဒီလိုလုပ်လည်း ဆိုတာကို သိသော်လည်း ဘာမှ ထုတ်မပြောလိုက်ပေ။ ဆီလီသည် ခံစားချက်များကို ထုတ်ပြတတ်သော ကလေးတစ်ယောက်နှင့် တူလှသည်။
ထိုစဉ် ကြွက်၏ ပါးစပ်ထဲတွင် တစ်စုံတစ်ရာ ဖြစ်နေသည်။ သူ့အမြီးသည် တုန်ခါယိမ်းထိုးနေသည်။
ကြွက်၏ ပါးစပ်ထဲတွင် ငွေရောင်အပိုင်းအစတစ်ခု ရှိနေသည်။ ထိုအပိုင်းအစသည် ကြွက်၏ ပါးစပ်ထောင့်နှင့် ရှမိပြီး ပြဒါးရောင် သွေးများ ပျံ့နှံ့ထွက်ပေါ်လာသည်။
ကောင်းဖန်က ထိုအရာကို ယူလိုက်သည်။ ထိုအရာသည် အမည်မသိ သတ္တုတစ်မျိုးနှင့် ပြုလုပ်ထားသည့် နတ်ဘုရား အသုံးအဆောင် အပိုင်းအစလေး ဖြစ်သည်။ အပိုင်းအစ၏ မျက်နှာပြင်တွင် ရှုပ်ထွေးသော အကွက်အပြောက်များ ရှိသည်။ မျက်နှာပြင်သည် အနည်းငယ်လည်း ကွေးသော သဏ္ဍာန်ရှိသည်။ လက်နက် အမျိုးအစား နတ်ဘုရားအသုံးအဆောင်နှင့် မတူသော်လည်း အသားကတော့ သတ္တုနှင့် ဆင်သည်။
ကောင်းဖန်သည် ပစ္စည်းကို ပွတ်ကြည့်လိုက်သောအခါ အဆင်အကွက်များနေရာတွင် မတူညီသော ထိတွေ့မှုကို ခံစားမိသည်။ ထိုအပိုင်းအစသည် အလွန်သေးငယ်သောကြောင့် ဒြပ်စင်ပညတ်ချက်တော့ ရှိပုံမပေါ်ချေ။
ထိုအရာသည် နတ်ဘုရားအသုံးအဆောင် အပိုင်းအစဆိုသော်လည်း
ပုံမှန်သတ္တုအပိုင်းအစလေးနဲ့တော့ ဘာမှမခြားပေ။ စွန့်ပစ်ခံထားရတာ ကြာနေသောကြောင့်လည်း ဖြစ်နိုင်သည်။
ပင်လယ်၀တုတ်တွင် နတ်ဘုရား အသုံးအဆောင် ၂ ခုနှင့် တစ်၀က်ရှိသည်။ ထို့ကြောင့် ထိုအပိုင်းအစလေးလောက်ကိုတော့ စိတ်၀င်စားမည် မထင်ပေ။
ဂိုဒီကတော့ သူ့ခေါင်းပြောင်ကိုသာ ပွတ်နေသည်။ သူကတော့ ပြင်ပအထောက်အပံ့လည်း လိုမည့်ပုံ မပေါ်ချေ။
ကြွက်သည် အပိုင်းအစလေးကို မြိုချလိုက်ပြီး အတန်ကြာ မျက်စိပိတ်ထားပြီးမှ ပြန်ဖွင့်လိုက်သည်။ ထို့နောက် ရေထဲတွင် အရိပ်တစ်ခုလို ပြေးလွှားနေတော့သည်။
“သူ့အရှိန်က ၂ ဆ မြန်သွားတယ်” အလင်းလှိုင်းက မျက်လုံးမှေးကြည့်ကာ ပြောလိုက်သည်။ သို့သော် သူ့ထက်တော့ နှေးနေသေးသည်။
ကောင်းဖန်သည် ရေထဲမှ ထွက်လာပြီးနောက် ပတ်၀န်းကျင်ကို ကြည့်လိုက်ကာ တိတ်ဆိတ်သော နေရာတစ်ခုကို ရှာတွေ့သွားသည်။ သူသည် နဂါးပုရွက်ဆိတ်ကို ဆင့်ခေါ်ကာ အဖြူရောင်မြူခိုးကို ဖန်တီးလိုက်သည်။ အဖြူရောင်မြူခိုးများသည် အပေါ်မှ အနက်ရောင်မြူခိုးများနှင့် ပေါင်းစည်းသွားကာ ၃ ပေထက်ကျော်၍ ဘာမှ မမြင်ရတော့ပေ။
ထို့နောက် ကောင်းဖန်သည် ဆီလီ၏ သိုလှောင်ခန်းထဲမှ အသားအဆီအနှစ်ကို ယူလိုက်သည်။ ဖရဲသီးတစ်လုံး အရွယ်ရှိသော အသားအဆီအနှစ်သည် တလက်လက် တောက်ပနေသည်။
ဆီလီသည် တစ်ခါမှ မမြင်ဖူးသောအရာကို မြင်လိုက်ရသကဲ့သို့ “ဘာကြီးလဲ” ဟု မေးလိုက်သည်။ ထို့နောက် ခိုးကြောင်ခိုးဝှက်ဖြင့် လက်တံများကို ဆန့်ထုတ်လိုက်သည်။
ကောင်းဖန်က သူ့လက်တံများကို ဖတ်ခနဲ ရိုက်လိုက်သည်။
“အား” ဆီလီသည် မျက်ရည်လေးများဝဲပြီး လက်တံများကို ပြန်ရုပ်သိမ်းသွားသည်။ နာလိုက်တာ..
“တစ်ယောက်ကို တစ်ပိုင်းစီရမယ်.. အညီအမျှ ခွဲပေးမယ်.. အားလုံးဝေစုရမယ်” ကောင်းဖန်က လက်ကိုဝှေ့ယမ်းပြီး ပြောလိုက်သည်။
“သခင် သက်တော်ရာကျော်ရှည်ပါစေ”
“ကောင်းဖန် ဒီနေ့အရမ်းချောနေတယ်”
ကိုယ်ပိုင်သားရဲများက အသားလွတ် မြှောက်နေကြသည်။
“ငါခွဲခြမ်းပေးမယ်” အလင်းလှိုင်းက ပြောလိုက်သည်။
“ဟုတ်ပြီလေ” ကောင်းဖန်က ခွင့်ပြုလိုက်သည်။
လျပ်တပြတ်အတွင်းမှာပင် အလင်းလှိုင်းသည် အသားအဆီအနှစ်ကို အစိတ်အပိုင်းများ ဖြစ်အောင် ခွဲလိုက်သည်။ “ဒါက မင်းအတွက် တာ့ဇီ.. မင်းခုတလော လိမ္မာနေလို့” ကောင်းဖန်က တာ့ဇီကို အရင်ဆုံးပေးလိုက်ပြီး ခေါင်းကို ပွတ်ပေးလိုက်သည်။
“ဒါက ဂိုဒီအတွက်.. မင်းကတော့ အရမ်းသန်မာလာတယ် ဆိုပေမယ့် ပိုပြီး သန်မာသွားအောင်” ကောင်းဖန်က ဂိုဒီကို တစ်ခုလှမ်းပေးလိုက်သည်။ ဂိုဒီက ရယ်မောပြီး သူ့ခေါင်းပြောင်ပြောင်ကို ပွတ်နေသည်။
ဖလိန်မီက လျှာတစ်ချက်သပ်ပြီး သူ့သခင်ကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။ “မင်းအတွက် ဝေစုပဲ ဖလိန်မီ.. မင်းကိုယ်မင်း အားဖြည့်ဖို့” ကောင်းဖန်က ဖလိန်မီကို ပစ်ပေးလိုက်သည်။
“အလင်းလှိုင်း.. မင်းနောက်တစ်ခေါက် အဆင့်မြင့်တဲ့အခါ ပိုပြီး အရပ်ရှည်လာပါစေကွာ” ကောင်းဖန်က ပြုံးလိုက်ရင်း အလင်းလှိုင်း၏ ခေါင်းကို ပွတ်ပေးလိုက်သည်။
အလင်းလှိုင်းသည် အရပ် ၅ ပေရှိသည်။ သူသည် ကောင်းဖန် ရင်ဘတ်နားလောက်တော့ မရောက်တစ်ရောက် ဖြစ်နေပြီ ဖြစ်သည်။ သူသည် ခေါင်းကိုမော့ ပါးစပ်က်ုဟကာ ကောင်းဖန်ကျွေးသော နတ်ဘုရားအဆီအနှစ်ကို မျိုချလိုက်သည်။
“အစင်းလေး.. မင်းကတော့ တခြားမြင့်လွန်းတယ်.. နည်းနည်းငုံ့ပေး” ကောင်းဖန်သည် မနည်းခြေဖျားထောက်၍ ပြောလိုက်သည်။
“ဟုတ်ပြီ ဟုတ်ပြီ.. နည်းနည်း ထပ်ငုံ့ဦး.. အမ်း နေဦး မငုံ့လာနဲ့ဦး..”
ဝုန်း.. တိမ်တိုက် အိပ်မက် စိမ့်မြေသည် တုန်လှုပ်သွားသည်။ ထိုအသံကြောင့် အဝေးမှ ငှက်များပင် လန့်ပြီး ထပျံကုန်ကြသည်။
***
သားရဲလေ့ကျင့်သူ
အခန်း ၇၀၃ နတ်ဘုရားတစ်ပိုင်းအသစ်
ဒန်ဘီမှလွဲ၍ ကိုယ်ပိုင်သားရဲများအားလုံးသည် နတ်ဘုရားအသား အဆီအနှစ်များကို ဝေစုကိုယ်စီ ရသွားကြသည်။ ဒန်ဘီကတော့ အသားအဆီအနှစ်ကို မရသော်လည်း နတ်ဘုရားရတနာဝိဉာဉ် အဆီအနှစ်ကိုတော့ ရခဲ့သည်။ ဒန်ဘီထံမှ ထိုအဆီအနှစ်ကိုတော့ ဘယ်သူမှ မလုရဲကြချေ။
ရိုးသားသော ဒန်ဘီကတော့ ကျောပိုးအိတ်တစ်လုံး အရွယ်ရှိ အဆီအနှစ်လေးကို ကိုင်ရင်း မေးလိုက်သေးသည်။ “မင်းတို့အားလုံးကို ငါတစ်၀က်ခွဲပေးရမလား”
“မလိုဘူး.. ဒီအဆီအနှစ်က အရိုးတွေကို သန်မာစေပေမယ့် သူတို့အတွက် တခြားထူးထူးခြားခြား တိုးတက်မှုတော့ ဖြစ်စေမှာ မဟုတ်ဘူး” ကောင်းဖန်က ခေါင်းကိုရမ်းကာ ပြောလိုက်သည်။ “မင်းမှာကတော့ အရိုးစုကလွဲပြီး မရှိတဲ့အတွက် မင်းလောက်သင့်တော်တဲ့ သားရဲမရှိတော့ဘူး”
“ဒန်ဘီ.. ငါ့အတွက် မလိုပါဘူး.. မင်းပဲ ယူလိုက်ပါ” တာ့ဇီက ရယ်မောရင်း ပြောလိုက်သည်။
“ဟုတ်တယ်.. မင်းပဲ ယူလိုက်တာ.. ငါတို့ မယူပါဘူး” ပင်လယ်၀တုတ်က ဆက်ပြောလိုက်သည်။
တခြား ကိုယ်ပိုင်သားရဲများကလည်း ကိုယ်စီ ငြင်းန်ေနေကြသောကြောင့် ဒန်ဘီကလည်း အားလုံး၏ ဆန္ဒကို လိုက်လျောလိုက်သည်။
ဂိုဒီသည် အသားအဆီအနှစ်ကို မြိုချလိုက်ပြီးနောက် စတင် အဆင့်မြင့် ပြောင်းလဲလာသည်။
“ဝုတ် ဝုတ် ဝုတ်” ဂိုဒီ၏ လည်ချောင်းထဲမှ ထူးဆန်းသော အသံတစ်ခု ထွက်ပေါ်လာသည်။ သွားရေများကျကာ ကြည့်နေသည့် ဆာဟာရသည် သူ့သခင်၏ အသံကို ကြားသောအခါ မျက်လုံးများ ပြူးကျယ်သွားသည်။
ငါ့သခင်က ဘဲမဟုတ်ပဲ ခွေးဖြစ်နေတာလား.. ထိုအတွေးဖြင့် ဆာဟာရသည် အရှေ့ကို တိတ်တဆိတ် တိုးသွားကာ ဂိုဒီ၏ ပေါင်များကို ပြေးဖက်လိုက်သည်။ သူသည် တောက်လျှောက် ပွတ်သပ်နေသည်။
ဗုန်း.. ဆာဟာရ အဝေးကို အကန်ခံလိုက်ရသည်။ ဂိုဒီသည် ဟိန်းဟောက်လိုက်ပြီး ကြွက်သားများက တလိမ့်လိမ့် တက်လာသည်။ သူ့အရေပြားအောက်တွင် မြွေကြီးများ တွန့်လိမ်နေသလိုပင်။
မြေကြီးသည် ဂိုဒီ ခြေတစ်ချက် ဆောင့်လိုက်ချိတ်တွင် ကွဲအက်သွားသည်။ ဂိုဒီသည် ဟန်ချက်ပျက်သွားပြီး ခြေတစ်ဖက်က မြေကြီးထဲ နစ်၀င်သွားသည်။ ဂိုဒီကို ဗဟိုပြု၍ ကြီးမားကျယ်၀န်းသော မြေနေရာကြီးသည် ပြိုလဲနိမ့်ဆင်းသွားသည်။
ဘယ်ဘက်တွင် ဖလိန်မီသည် အတောင်ပံများကို ရူးသွပ်စွာ ခတ်နေသည်။ အပူလှိုင်းကြီးသည် သူ့ကို ဗဟိုပြုကာ အရပ်ရှစ်မျက်နှာ ဖြန့်ကျက်နေသော်လည်း မီးတောက်များတော့ ထွက်မနေချေ။ သိုသော် ကြီးမားသော အပူရှိန်ကြောင့် သူ့ခြေထောက် အောက်ခြေမှ နေ၍ အဖြူရောင် မီးခိုးများ များပြားစွာ ထွက်ပေါ်နေသည်။
“ဒီလိုဆက်ထားလို့တော့ မဖြစ်တော့ဘူး.. သူတို့ကို ခွဲထားရမယ်..” ကောင်းဖန်သည် နတ်ဘုရားအသား အဆီအနှစ်မှ ထိုကဲ့သို့ တုံ့ပြန်မှုကြီးများ ဖြစ်လာလိမ့်မည်ဟု မထင်မိခဲ့ချေ။ “အားလုံးပဲ မစားကြနဲ့ဦး.. တစ်ကောင်ပြီးမှ တစ်ကောင်စား” ကောင်းဖန်က ကျန်သားရဲများကို သတိပေးလိုက်သည်။ ပင်လယ်၀တုတ်သည် ရေဒြပ်စင်ကို အသက်သွင်းလိုက်ပြီး ဂိုဒီကို ကောက်ချီလိုက်ကာ အဝေးတစ်နေရာကို လွှင့်ပစ်လိုက်သည်။
ဂိုဒီက ဟိန်းဟောက်လိုက်သည်။ သူ့နဖူးသည် ပိုမောက်လာပြီး သူ့သွင်ပြင်သည် ပို၍ သိသာ ထင်ရှားလာသည်။
ဂိုဒီ၏ ဟိန်းဟောက်မှုနှင့်အတူ သူ့ခန္ဓာကိုယ်ကလည်း ပိုသန်မာလာကာ အဆင့်များကလည်း မြန်ဆန်စွာ တက်နေသည်။ နတ်ဘုရားအသားအဆီအနှစ်သည် ထင်ထားတာထက် ပိုကောင်းနေသည်။
အဆင့် ၈၆ မှ ၈၇၊ အဆင့် ၈၈ မှ ၈၉၊ အဆင့် ၈၉ မှ ၉၀.. ဂိုဒီသည် လျင်မြန်စွာ အဆင့်မြင့်နေသည်။
ဂိုဒီသည် နတ်ဘုရားအသား အဆီအနှစ် အပိုင်းအစလေး တစ်ခုကိုသာ စားလိုက်ရခြင်း ဖြစ်သော်လည်း ထိုအပိုင်းအစလေးသည် နှစ်ပေါင်းများစွာ ကျင့်ကြံထားသော နတ်ဘုရား၏ အသားအဆီအနှစ် ဖြစ်သောကြောင့် အစွမ်းထက်နေခြင်း ဖြစ်သည်။ ထိုသို့ဖြင့် အဆင့် ၉၀ သို့ ရောက်သောအခါ ဂိုဒီ၏ အဆင့်မြင့် ဖြစ်စဉ်သည် နှေးကွေးသွားသည်။
ပင်လယ်၀တုတ်က ဆုံးဖြတ်ချက် ပြတ်သားသည်။ “ကောင်းဖန်.. ဂိုဒီကို နည်းနည်း ထပ်ပေးလိုက်ဦး”
ကောင်းဖန်သည် အပိုင်းအစ သေးသေးလေးကို ဖဲ့ပြီး ဂိုဒီထံ ပစ်ပေးလိုက်သည်။
ကောင်းဖန်နှင့် မျက်နှာချင်းဆိုင်တွင် ရှိနေသော ဂိုဒီသည် ပစ်ပေးလိုက်တာကို လက်မြှောက်ပြီး ဖမ်းလိုက်သည်။ သို့သော် ဂိုဒီလက်နှင့် ထိသွားသောအခါ အိုးပူထဲရောက်သွားသော ထောပတ်လို ချက်ချင်း အရည်ပျော်သွားသည်။
ပင်လယ်၀တုတ်၏ အသံက ဂိုဒီနားတွင်း ထွက်ပေါ်လာသည်။ “မင်းရဲ့ပထမဆုံး နတ်ဘုရား ကိုးကွယ်မှုအပိုင်းကို မြန်မြန်ရွေးလိုက်.. မင်းရဲ့ တိုက်ခိုက်မှုစွမ်းရည်ကို တိုက်ရိုက်တိုးမြှင့်ပေးနိုင်တဲ့ အင်္ဂါအစိတ်အပိုင်း ဖြစ်ရင် ပိုကောင်းတယ်”
ဂိုဒီသည် မျက်လုံးကို မှေးကျဉ်းလိုက်ပြီး တုံ့ဆိုင်းမှု မရှိစွာပင် သူ၏ လက်သီးကို ရွေးလိုက်သည်။
ထိုအခါ သူ့လက်သီးမှနေ၍ ရွှေရောင်မီးတောက် ၂ ခု ထွက်ပေါ်လာသည်။
“ဘဲထီးတစ်ကောင်ရဲ့ အင်အားဆိုတာ သူ့ရဲ့ လက်သီးပဲ” ဂိုဒီက ပြောလိုက်သည်။ “ငါ့ကို အာခံရဲတဲ့သူ မှန်သမျှကို ငါ့လက်သီးနဲ့ ချေဖျက်ဆီး ပစ်မယ်”
ထိုအချိန်တွင် ဖလိန်မီကလည်း ယောက်ယက်ခတ်နေသည်။ အစိမ်းရောင်မီးတောက်များ ထွက်ပေါ်နေချိန်တွင် ကောင်းကင်မှ မီးခိုးရောင် မြူခိုးများနှင့် ထိတွေ့သောအခါ အနီရောင်အဖြစ် တောက်လောင်သွားသည်။ မီးတောက်များသည် ပတ်၀န်းကျင်တစ်ခုလုံးတွင် ပြည့်နှက်နေသည်။
ဖလိန်မီသည် ကောင်းဖန်ကျွေးသော နတ်ဘုရားအဆီအနှစ်ကို မျိုချပြီးနောက် တွေဝေခဲ့သေးသည်။ သူသည် သူ၏ ပထမဆုံး နတ်ဘုရားကိုးကွယ်မှု အပိုင်းကို လည်ချောင်းအဖြစ် ရွေးချယ်လိုက်သည်။ နတ်ဘုရားလည်ချောင်းသည် ပို၍သန်မာလာကာ စိတ်ဝိဉာဉ် ဖျက်ဆီးမှု စွမ်းရည်ကလည်း ပိုမိုမြင့်မားလာသည်။
နတ်ဘုရားတစ်ပိုင်းအဖြစ် အဆင့်တက်သွားပြီးနောက် ပိဖန်၏ နာမည်ရှေ့တွင် “သွေးနှော” ဆိုသည် စာလုံးတစ်ခု ပေါ်လာခဲ့ပြီး နောက်တော့ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။
ပိဖန်က အော်လိုက်သောအခါ အပေါ်မှ အမည်းရောင်တိမ်တိုက်များ ရှုပ်ထွေးသွားသည်။ အဆုံးမရှိသော မီးခိုးရောင် မြူများသည် သေဆုံးသွားသော ဝိဉာဉ်များဖြင့် ပြုလုပ်ထားပုံရသည်။ ထိုမြူခိုးများသည် တစ်ခုခုကို ကြောက်လန့်တကြား ဖြစ်သွားသလို လွင့်ပျယ်သွားကြသည်။
ထိုသို့ဖြင့် ဖလိန်မီနှင့် ဂိုဒီတို့သည် နတ်ဘုရားတစ်ပိုင်း အဆင့်သို့ ရောက်သွားကြသည်။ ထိုအချိန်မှာပင် ပြန့်ကျဲသွားသော မြူခိုးများသည် အပေါ်တွင် တိတ်တဆိတ် ပြန်စုစည်းသွားကြသည်။ တဖြည်းဖြည်းနှင့် နေရောင်ကိုပင် မမြင်ရတော့လောက်အောင် သိပ်သည်းလာပြန်သည်။
အဝေးမှ စိမ့်မြေတစ်နေရာတွင် ခရမ်းရောင်ကြယ်သည် မျက်လုံးများကို ဖွင့်၍ ကောင်းဖန်တို့ဆီကို ကြည့်နေသည်။ သူသည် စိမ့်မြေပေါ်မှ သားရဲအပြင် မရင်းနှီးသော နတ်ဘုရားတစ်ပိုင်းအချို့၏ အငွေ့အသက်ကို ရလိုက်သောကြောင့် ဖြစ်သည်။
သူတို့ ဒုက္ခလှလှတွေ့ပြီ ဖြစ်သည်။
သို့သော် ခရမ်းရောင်ကြယ်သည် ခဏတွေဝေသွားပြီးနောက် ဘာမှ မသိချင်ယောင်ဆောင်ကာ မျက်လုံးများကို ပိတ်ချလိုက်သည်။ ငါဘာမှ မမြင်ခဲ့ဘူး.. သူလည်း ထပ်ပြီး တိုက်ခိုက်နိုင်မှာ မဟုတ်ဘူး.. ပြီးတော့ နတ်ဘုရားတစ်ပိုင်းတွေ တိုက်ခိုက်ကြရင် သူ့ရဲ့ ကျိုးကြေနေတဲ့ ကိုယ်က ပိုဆိုးသွားလိမ့်မယ်.. သူရန်သူကို သတ်နိုင်ခဲ့ရင်တောင် သူ့အခြေအနေက ပိုဆိုးသွားလိမ့်မယ်.. ငါသေရမှာမကြောက်ပေမယ့် ဘာမှန်းမသိတဲ့ အကြောင်းရင်းကြောင့်တော့ မသေချင်ဘူး.. ခရမ်းရောင်ကြယ်သည် တွေဝေစဉ်းစားနေပြီး သူ့အရိုးစုက စိမ့်မြေအလယ်တွင် အထီးကျန်စွာ ထိုင်နေသည်။ သူ့ပုခုံးမှနေ၍ ခရမ်းရောင် ခေါင်းသေးသေးလေးသာ ရှိနေသည်။
သူ၏ ကြီးမားသော ကိုယ်နှင့်ယှဉ်လျှင် ခေါင်းသည် အလွန်သေးလွန်းသည်။ သူ၏ အဖြူရောင် ခြေထောက်သည် ရွှံ့ထဲတွင် ရှိနေရင်း စိမ့်မြေသည် သူ့ခြေထောက်ကို အနောက်မှ ဝါးမြိုနေသောအခါ အမြှုပ်လေးများ ထလာသည်။
အမြှုပ်လေးများသည် မှတ်ဉာဏ်အပိုင်းအစလေးများလို ထွက်ပေါ်လာသည်။ သူသည် ကပ်ဆိုးကြီးကို အံတုရင်ဆိုင်နေကြသော ရွာသားများ၊ ကျဆုံးခဲ့သော မျိုးနွယ်စုများ၊ ချီတက်နေသော ရဲဘော်ရဲဖက်များကို တစ်ရေးရေး မြင်ယောင်နေသည်။
၁ နှစ်.. ၂ နှစ်.. ၃ နှစ်.. ဟူး.. သူသည် ၀မ်းနည်းစွာ သက်ပြင်းချလိုက်သည်။
ခရမ်းရောင်ကြယ်သည် ထရပ်လိုက်ပြီးနောက် ပြန်ထိုင်လိုက်ပြန်သည်။ သူတို့ဘာသာ အဆင်ပြေသွားမှာပါ.. ငါ့အကူအညီ မလိုလောက်ပါဘူး.. ခရမ်းရောင်ကြယ်က သူ့ဘာသာသူ နှစ်သိမ့်နေသည်။
“ငါ့ချွေးမလေးက တစ်ချက်အော်လိုက်တာနဲ့ပဲ အခုလို အရှုံးပေးတော့မလို့လား” ဂိုဒီက ခေါင်းကို မော့ပြီး ပြောလိုက်သည်။
“အဖိုးဂိုဒီက စမ်းသပ်ပေးဖို့ လိုသေးလား”
ဖလိန်မီသည် တောင်ပံများကို ခတ်ကာ ဂိုဒီနားတွင် ရပ်လိုက်သည်။ ဘဲနှင့် ကြိုးကြာတို့သည် အတူရပ်နေကြရင်း တစ်ပြိုင်နက်တည်း ကောင်းကင်ကို မော့ကြည့်လိုက်ကြသည်။ သူတို့သည် ခေါင်းပေါ်မှ မြူခိုးများ၏ အပေါ်တွင် တစ်စုံတစ်ခုကို သူတို့ကိုခေါက်တုံ့ခေါက်ပြန် ပျံသန်းစောင့်ကြည့်နေသည်ကို ခံစားမိလိုက်ကြသည်။
ဖလိန်မီသည် သူ၏ စွမ်းရည်ကို ယုံကြည်စိတ်ဖြင့် ကြောက်ရွံ့ခြင်း မရှိသလို ဂိုဒီ၏ အတိုက်အခိုက်စွမ်းရည်ကလည်း စိတ်ချရသည်။
မြူခိုးများသည် အတန်ကြာပိတ်နေပြီးနောက် တဖြည်းဖြည်း ပျောက်ကွယ်သွားကာ ကြည်လင်သော ကောင်းကင်က ပြန်ပေါ်လာသည်။
အမည်မသိ အရာများသည် ကောင်းဖန်တို့နှင့် ခိုက်ရန်မဖြစ်ပွာလိုတော့ပဲ တိမ်တိုက် အိပ်မက် စိမ့်မြေမှ အမြန်ထွက်သွားဖို့သာ မျှော်လင့်နေကြပုံရသည်။
ကောင်းဖန်က လက်ကို ဝှေ့ယမ်းလိုက်ပြီး တာ့ဇီနှင့် ကျန်သောသားရဲများကို ဆက်လက် အဆင့်မြှင့်ခိုင်းလိုက်သည်။ သူတို့ဆီကို နတ်ဘုရားသခင်တစ်ပါးက လာရောက်မနှောင့်ယှက်သရွေ့ မည်သည့်အရာကိုမှ ဂရုစိုက်စရာ မလိုတော့ပေ။
နတ်ဘုရားသခင်အဆင့်အောက်က သားရဲများကတော့ သူတို့၏ စွမ်းအင်အသစ်များကို လေ့ကျင့်ဖို့ အစေအပါးလေးများသာ ဖြစ်လာတော့မည် ဖြစ်သည်။
***
သားရဲလေ့ကျင့်သူ
အခန်း ၇၀၄ အထီးကျန်အာဃာတတရား၏ ပုံစံအစစ်အမှန်
ဒန်ဘီသည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး နတ်ဘုရား စိတ်ဝိဉာဉ် အဆီအနှစ်ကို သူ့ကိုယ်ပေါ်မှာ သုတ်လိမ်းလိုက်သည်။ ရွှေနက်ရောင် အရိုးများသည် အဆီအနှစ်များကို စုပ်ယူနေပြီး သူ့ကိုယ်ပေါ်တွင် ထူးထူးခြားခြား ပြောင်းလဲသွားတာတော့ မရှိပေ။
ဒန်ဘီသည် မြေပြင်ပေါ်တွင် တင်ပလ္လင်ခွေထိုင်နေပြီး အဆီအနှစ်များကို ဆက်တိုက် စုပ်ယူနေသည်။ ခြင်္သေ့ဖြူ၏ လက်ဖဝါး ၂ ဖက်တွင် အဆီအနှစ်များပေနေပြီး ဒန်ဘီကို သုတ်လိမ်းပေးနေသည်။ သူသည် လက်သမားဆရာတစ်ယောက်နှင့် တူနေသည်။
နတ်ဘုရား စိတ်ဝိဉာဉ် အဆီအနှစ်သည် ဒန်ဘီ၏ ကိုယ်တွင် အပြည့်အဝ စုပ်ယူခံလိုက်ရပြီးနောက် သူ့အရိုးများသည် ပိုပြီး တောက်ပလာသည်။ တောက်ပသော လရောင်သည် သူ့ပေါ်တွင် ဖြာကျနေသည်။
ဒန်ဘီသည် ခေါင်းငိုက်စိုက်ကျနေသည်။ သူ့မျက်နှာကို အရိပ်ဖုံးနေသောကြောင့် သူ့မျက်နှာ အခြေအနေကို ဘယ်သူမှ မမြင်ရချေ။
လရောင်တန်းလေးတစ်ခုသည် ငွေချည်မျှင်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ဒန်ဘီ၏ ပုခုံးကို ဖုံးလွှမ်းလိုက်သည်။ သူ့အရိုးထဲမှ ဆဲလ်များသည် ရုန်းရင်းဆန်ခတ် ဖြစ်လာပြီး နတ်ဘုရား စိတ်ဝိဉာဉ် အဆီအနှစ်သည် အရိုး၏ အပြင်ဘက်အလွှာမှ အတွင်းဘက်အလွှာသို့ ထိုးဖောက်သွားသည်။ ဒန်ဘီ၏ အရိုးသည် တဖြည်းဖြည်း ကြည်တောက်လာပြီး အလွန်သန်မာပုံပေါက်လာသည်။
အဖြူရောင်ပိုးချည်မျှင်နှင့် တူသော အမျှင်တန်းလေးသည် အရိုးများကို အဆောက်အအုံများ၏ သံမဏိချောင်းများလို တစ်ခုနှင့် တစ်ခု တွဲဆက်လိုက်သည်။ အလွန်ပင်ခိုင်ခံ့ပုံတော့ပေါ်လေသည်။
“အဆင့်တက်တော့မယ်” ပင်လယ်ဝတုတ်သည် သူနှင့် ပြိုင်ဖက်လို ဖြစ်နေသော ဒန်ဘီကို မမှတ်မသုန် ကြည့်နေသည်။ ဒန်ဘီသည် ပင်လယ်ဝတုတ်ထက် စွမ်းရည်ဆင့် နိမ့်သော်လည်း ဒန်ဘီသည်လည်း ခေသူတော့ မဟုတ်ပေ။
အရိုးများထဲမှ ရွှေရောင်အလင်းတန်းများ တောက်လျှောက်ဖြာထွက်နေသည်။ ဒန်ဘီ၏ အမိန့်အောက်တွင် ရွှေရောင်အကွင်းလေးသည် သူ့ခေါင်းပေါ်တွင် ထွက်ပေါ်လာသည်။ ဒန်ဘီ၏ သူ၏ နတ်ဘုရားကိုးကွယ်မှုအပိုင်းကို သူ့ခေါင်းကို ရွေးချယ်လိုက်ခြင်း ဖြစ်သည်။ သူ့ကိုယ်တွင် တစ်ခုတည်းသော အားနည်းချက်က သူ့အရိုးခေါင်းဖြစ်သောကြောင့် ထိုအရိုးခေါင်း မပျက်စီးသရွေ့ သူလည်း ဘာမှ ဖြစ်တော့မည် မဟုတ်ချေ။
အထွတ်အထိပ်သို့ရောက်နေပြီ ဖြစ်သောဒန်ဘီသည် နတ်ဘုရား စိတ်ဝိဉာဉ် အဆီအနှစ်၏ စွမ်းအင်ကို ယူမသုံးတော့ပဲ သူ့ခန္ဓာကိုယ်သန်မာဖို့အတွက်သာ အသုံးချလိုက်ပြီး လွယ်လွယ်ကူကူပင် အဆင့်တက်သွားတော့သည်။
နတ်ဘုရားပစ္စည်းကိုပင် ကိုယ်တိုင်ထုတ်လုပ်နိုင်ပြီ ဖြစ်သော ဒန်ဘီသည် နတ်ဘုရားတစ်ပိုင်းကို အောင်နိုင်ဖို့ သူ့အစွမ်းကိုသာ တိုးသထက်တိုးအောင် လုပ်ရတော့မည် ဖြစ်သည်။ သူ့စွမ်းအင်ကို ဘယ်လိုထိန်းချုပ်ရမလဲဆိုတာကို အချိန်ကုန်ခံပြီး သင်ယူနေစရာ မလိုတော့ပေ။
ဒန်ဘီအဆင့်တက်သွားပြီးနောက် တာ့ဇီ၊ ခြင်္သေ့ဖြူ၊ အစင်းလေး၊ နဂါးပုရွက်ဆိတ်နှင့် အလင်းလှိုင်းတို့လည်း နတ်ဘုရားတစ်ပိုင်းများအဖြစ် အသီးသီး အဆင့်တက်သွားကြတော့သည်။ နောက်ဆုံးတွင် အကြွင်းအကျန် နတ်ဘုရားအဆီအနှစ်များသည် နတ်ဘုရားတစ်ပိုင်း ၈ ပါးကို ဖန်တီနိုင်ခဲ့လေသည်။
ပင်လယ်ဝတုတ်က အဆင့် ၂ ကိုတက်သွားပြီး သူ၏ နတ်ဘုရားကိုးကွယ်မှုအပိုင်းသည် အစက သွားများသာ ရှိရာမှ သူ့ပါးစပ်တစ်ခုလုံးနှင့် လည်ချောင်းအထိ ကျယ်ပြန့်သွားသည်။ ထို့ကြောင့် ပင်လယ်ဝတုတ်၏ ကိုက်ဖြတ်မှုသည် ပိုပြီး ကြီးလာတော့မည် ဖြစ်သည်။
ကောင်းဖန်သည် ကိုယ်စီအဆင့်မြင့်သွားကြသော ကိုယ်ပိုင်သားရဲများကို ကြည့်ပြီး ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ သူသည် စမ်းသပ်ကြည့်ဖို့ အဆင်သင့် ဖြစ်နေပြီ ဖြစ်သည်။
ပင်လယ်ဝတုတ်အပါအဝင် ကောင်းဖန်တွင် နတ်ဘုရားတစ်ပိုင်းအဆင့် ကိုယ်ပိုင်သားရဲ ၉ ကောင်တောင် ရှိနေပြီ ဖြစ်သည်။ ကောင်းဖန်သည် အနည်းငယ် ဂုဏ်ယူမာန်တက်နေပြီး ဘယ်နတ်ဘုရားကိုမဆို သူ့ကိုယ်ပိုင်သားရဲများက နှိမ်နင်းနိုင်တော့မည်ဟု တွေးနေမိသည်။
“လက်စားချေဖို့ သိပ်နောက်မကျသေးဘူးထင်ပါတယ်” ဂိုဒီက သူ့လက်ဖဝါး ၂ ဖက်ကို ပွတ်ပြီး ပြောလိုက်သည်။
“ငါ့ရဲ့ ရေခဲစွမ်းအင်ကို သူအရင်လို ပိတ်ဆို့ထားနိုင်ဦးမလား သိချင်မိတယ်” ခြင်္သေ့ဖြူက သူ့လက်ဖဝါးလေးကို လျက်ရင်း ပြောလိုက်သည်။
“ခုနကတောင် ကောင်းဖန်တစ်ယောက် ကြောက်လွန်းလို့ ရှူးထွက်ကျတော့မလို ဖြစ်သွားသေးတယ်.. ကောင်းဖန်အတွက် လက်စားချေရမယ်” တာ့ဇီကလည်း ဝင်အော်လိုက်သည်။
ကောင်းဖန်က နှာခေါင်းရှုံ့လိုက်သည်။
တာ့ဇီက သူ့အပြစ် သူသိဟန်ဖြင့် ကုပ်သွားသည်။
“ငါတို့ ဒီတိုက်ပွဲကို ကောင်းကောင်း တိုက်နိုင်မယ်ထင်ပါတယ်” ဖလိန်မီက ပြောလိုက်သည်။
“လာမယ့် တိုက်ပွဲမှာ ငါတို့အတူတူ တိုက်ရမှာလား တစ်ကောင်ချင်းတိုက်ရမှာလား” ဂိုဒီက စိတ်မရှည်စွာ မေးလိုက်သည်။ သူကတော့ ဖလိန်မီရှေ့တွင် ဟန်ရေးပြချင်သောကြောင့် တစ်ကောင်ချင်း တိုက်ပွဲ ဖြစ်နေချင်နေသည်။
“ငါတို့အားလုံး အတူ တိုက်သင့်တယ်.. သားရဲပညတ်ချက်တွေကိုလည်း
သိထားသင့်တယ်” ခြင်္သေ့ဖြူက ပြောလိုက်သည်။
ကောင်းဖန်သည် သူ့ဘေးတွင် မသက်မသာရပ်နေသော ဂိုဒီကို မြင်နေရသည်။ သူသည် ဂိုဒီ၏ အတွေးကို နားလည်သော်လည်း တစ်ချက်တော့ စဉ်းစားရမည် ဖြစ်သည်။ “ခြင်္သေ့ဖြူ ပြောတာ မှန်တယ်.. ဒါပေမယ့် ဂိုဒီက သူ့စွမ်းရည်တွေကို ပြချင်နေတာ ဆိုတော့ ဂိုဒီကိုပဲ အရင် တိုက်ခိုက်ခိုင်းကြည့်တာပေါ့.. သူမနိုင်တော့မှ ကျန်တဲ့သူတွေ ဝင်ပါကြတာပေါ့”
“ငါတစ်ယောက်တည်းနဲ့ နိုင်မှာ သေချာပါတယ်” ဂိုဒီကတော့ ယုံကြည်ချက်အပြည့်နှင့် ပြောနေသော်လည်း ကောင်းဖန်ကတော့ စိတ်ပူနေမိသည်။ အထီးကျန်အာဃာတတရားသားရဲသည် ရုပ်ပိုင်းဆိုင်ရာ သို့မဟုတ် ဒြပ်စင်သားရဲ ဖြစ်နေပါက အဆင်ပြေနိုင်သည်။ သို့သော် အထီးကျန်အာဃာတတရားသားရဲသည် စိတ်ဝိဉာဉ်ကို အဓိကသုံးသူ ဖြစ်နေသည်။
ဒေါသကြီးသော ဂိုဒီသည် ပိုပြီး ခံရနိုင်သည်။ သို့သော် ဂိုဒီကို အရှုံး၏ အရသာကို ပေးမြည်းစမ်းခိုင်းထားမှ အနာဂတ်တွင် ပိုပြီး ခံနိုင်ရည်ရှိသွားမည် ဖြစ်သည်။
ကိုယ်ပိုင်သားရဲအုပ်စုသည် စိမ့်မြေမှနေပြီး လီမျိုးနွယ်စုဆီတန်းသွားလိုက်ကြသည်။ သူတို့သည် တစ်ညနားခဲ့ပြီး နောက်တစ်နေ့တွင် လီမျိုးနွယ်စု အပြင်ဖက်ကို ရောက်ရှိသွားကြသည်။ အတွင်းပိုင်းတွင် တိမ်မည်းများ နေရာတိုင်းတွင် ရှိနေကြပြီး မျိုးနွယ်စုမှ သူများကတော့ သာမာန်အတိုင်းသာ နေထိုင်နေကြသည်။
ကောင်းဖန်သည် ရင်းနှီးသော မျက်နှာများကိုပင် မြင်မိလိုက်သည်။ ကျိုးဟွေ့သည် သားရဲဝတ်ရုံကို ခြုံထားပြီး သူ့ကိုကြည့်ရတာ ပင်ပန်းဖြူဖျော့နေကာ မျက်နှာက ခံစားချက်မရှိသည့်ပုံ ပေါက်နေသည်။ သူသည် စိတ်မပါ လက်မပါ ပုံစံဖြင့် လူကြားထဲတွင် လျှောက်လှမ်းနေသည်။ သူသည် ကောင်းဖန်ကို မမြင်သော်လည်း ကောင်းဖန်ကတော့ သူ့ကို မြင်ရသည်။
အထီးကျန်အာဃာတတရားသည် ကောင်းဖန်၏ တည်ရှိမှုကို ခံစားမိလိုက်သည်။
“ပြန်ရောက်လာပြီလား” အထီးကျန်အာဃာတတရားသည် အနည်းငယ်အံ့ဩသွားပြီး ထောင်ချောက်များလားဟုတောင် ထင်လိုက်မိသေးသည်။ သူသည် ရှေ့တိုးနောက်ဆုတ်လုပ်နေပြီး အကြိမ်ကြိမ်လိုက်ရှာကြည့်နေသော်လည်း ဖွက်ထားသော ဘယ်အရာကိုမှ ရှာမတွေ့ချေ။ နောက်ဆုံး ဘာထောင်ချောက်မှ မရှိတော့ဘူးဆိုမှ အထီးကျန်အာဃာတတရားသည် ကောင်းဖန်ကို စိုက်ကြည့်လိုက်သည်။
“မင်းကို ပြန်လာအောင် ဘယ်သူကများ သတ္တိတွေ ပေးလိုက်တာလဲ” အထီးကျန်အာဃာတတရားသည် ကောင်းဖန်ကို ပြောလိုက်ပြီး ကောင်းကင်မှ အလင်းပေါက်နေသော စိတ်ဝိဉာဉ်ချည်မျှင်များ ပြုတ်ကျလာသည်။
“တော်တော်စိတ်ကြီးဝင်နေတာပဲ” ကောင်းဖန်က အော်ပြောလိုက်သည်။ သူ့စကားဆုံးသွားသောအခါ ကြီးမားသော လက်သီးကြီးက ကောင်းကင်မှ ကောင်းဖန်ဘေးသို့ ပြုတ်ကျလာသည်။ ထိုထိုးချက်သည် ပြင်းထန်လှသောကြောင့် လေထုထဲတွင်ပင် ပွတ်အားများဖြစ်ကာ မီးများပွင့်ထွက်သွားသည်။
“ရုပ်ဆိုးကောင်ကြီး.. မင်းရဲ့ ပုံစံအစစ်အမှန်ကို မင်းဘိုးအေကြီး ဂိုဒီကို ထွက်ပြစမ်းပါ” ဂိုဒီက အော်ပြောလိုက်သည်။ သူ့ရွှေရောင် လက်သီး ၂ ခုဆီမှ ရွှေရောင်အလင်းတန်းတစ်ခု ထွက်နေပြီး အမည်းရောင်တိမ်တိုက်များဆီ ထိုးလိုက်သည်။
အမည်းရောင်တိမ်များသည် ဖြာကွဲသွားသည်။ တိမ်မည်းများ၏ နောက်တွင် တစ်၀က်သာ ပေါ်နေသော ကိုက်ရာချီရှည်သည့် အရိပ်တစ်ခုသည် ခပ်ကုန်းကုန်းအနေအထားဖြင့် ဂိုဒီကို စိုက်ကြည့်နေသည်။
သူ၏ လက် ၆ ချောင်းသည် ပိန်သွယ်ပြီး ဖြူဆွတ်နေသည်။ သူ့မျက်နှာကို မျက်နှာဖုံးလို အရာတစ်ခုနှင့် ဖုံးအုပ်ထားပြီး ကြီးမားသော အ၀တ်စကြီးနှင့် ကာထားသလိုဖြစ်နေသည်။ သူ့အမြီးရိုးအနောက်တွင် ကတော့ပုံဖြစ်နေသော မီးခိုးရောင် မြူခိုးများ ရှိနေသည်။ သူ့လက်ချောင်းတစ်ချောင်းစီတွင် မရေတွက်နိုင်အောင် များပြားသော စိတ်ဝိဉာဉ် ပိုးချည်မျှင်များတွဲလောင်းကျနေသည်။
***