အခန်း (၇၀၅-၇၀၈)
Vol. 45 Ch. 705-708
အခန်း ၇၀၅ ဓားသွားတစ္ဆေ
“အာဃာတကျိန်စာ” အထီးကျန်အာဃာတတရား သားရဲသည် ထိုသို့ရေရွတ်လိုက်သောအခါ လေများသည် ချက်ချင်း ပြင်းထန်လာသည်။ ကြီးမားသော စိတ်ဝိဉာဉ်မုန်တိုင်းကြီးက ဂိုဒီကို တိုက်ချလိုက်သည်။ မုန်တိုင်းကြီး၏ အလယ်တွင် များပြားလှသော လက်တံများ ရှိနေသည်။
ထိုလက်တံနများသည် ဂိုဒီ၏ မျက်လုံးများ၊ နားရွက်များ၊ နှာခေါင်းများ၊ ရင်ဘတ်များ၊ ချိုင်းများကို ကလိနေသော်လည်း ဂိုဒီသည် တုပ်တုပ်ပင် မလှုပ်ပေ။
ထိုအစား ထိုတိုက်ခိုက်မှုအောက်တွင် ဂိုဒီ၏ ကိုယ်တွင် ခရမ်းရောင်အလင်းတန်းက တောက်လျှောက်ဖြာထွက်နေသည်။ သူ့နဖူးတွင်လည်း တောက်ပစွာ ဖြာထွက်နေသည်။
ထိုအလင်းတန်းသည် အလွန်တောက်ပသောကြောင့် အထီးကျန်အာဃာတသားရဲသည် မျက်လုံးများ ကျိန်းစပ်သွားသည်။ ဂိုဒီကလည်း ထိုသို့ဖြစ်လေ ပို၍ ပြင်းထန်သော ထိုးနှက်ချက်များဖြင့် တိုက်ခိုက်နေသည်။
အထီးကျန်အာဃာတသားရဲသည် တိုက်ခိုက်မှုကို ခံစားလိုက်ရသောအခါ မျက်လုံးများ ပြူးကျယ်သွားသည်။ သူသည် ဟိန်းဟောက်လိုက်ပြီး သူ့ခန္ဓာကိုယ်သည် တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။
တစ်ချိန်တည်းမှာပင် ကြီးမားသော ထိုးနှက်ချက်ကြီး တစ်ခုသည် ကောင်းကင်မှနေ၍ လေဆင်နှာမောင်းကြီးလို စိုက်ကျလာသည်။ တိမ်မည်းများသည် ထိုလေထဲတွင် လိုက်ပြီး လှည့်ပတ်နေကြသည်။
လက်သီးကြီးကျပြီးသည့်နောက် အတော်ကြာသည်ထိအောင် ကောင်းကင်တွင် နောက်ဆက်တွဲလေသံကြီးက ထွက်ပေါ်နေသေးသည်။
“သူ့ကိုယ်က ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုတွေကို ခံနိုင်ရည်ရှိတယ်” ကောင်းဖန်က ပြောလိုက်သည်။ ဖလိန်မီကတော့ ဂိုဒီ ထိခိုက်မည်စိုး၍ စိတ်ပူနေသည်။ ကောင်းဖန်က နှစ်သိမ့်လိုက်သည်။ “စိတ်မပူပါနဲ့.. ဂိုဒီ မထိခိုက်ပါဘူး.. အဲဒီဘဲစုတ်က အသက်ရှည်တယ်”
ထိုအချိန်တွင် အာဃာတသားရဲက ဂိုဒီ၏ နောက်မှ ထပ်မံထွက်ပေါ်လာသည်။ သူ့မျက်လုံးများသည် တောက်ပနေပြီး သူ့လက်ကြီး ၆ ခုက လေထဲတွင် မြှောက်လိုက်ပြီး ပြန်ရိုက်ချလိုက်သည်။ သူသည် ဘဲဝါကြီးကို သူ့ရုပ်သေးရုပ် ဖြစ်လာဖို့ ကြိုးစားချင်ပုံရသည်။
ဂိုဒီက သူ့ခေါင်းကို လှည့်လိုက်သည်။ သူသည် လှောင်ပြောင်သော အကြည့်ဖြင့် ခပ်ထေ့ထေ့ကြည့်လိုက်သည်။
ထို့နောက် အာဃာတသားရဲ၏ ဘယ်ဘက်လက်မောင်း တစ်ခုသည် ပြင်းထန်စွာ ရိုက်ခံလိုက်ရပြီး စူးရှပြင်းထန်သော နာကျင်မှုက တစ်ကိုယ်လုံး ပျံ့နှံ့သွားသည်။ သူ့ဘယ်လက်မောင်း တစ်ခုသည် ခန္ဓာကိုယ်မှ စုတ်ပြတ်သတ် ပြတ်ထွက်သွားပြီ ဖြစ်သည်။ သူခေါင်းကို လှည့်လိုက်သောအခါ သူ့ရှေ့မှ ဘဲသည် အရိပ်တစ်ခုလို မှေးမှိန်ပျောက်ကွယ်သွားသည်။
ဒီကောင် ဘာလို့ ဒီလောက် မြန်တာလဲ.. အာဃာတသားရဲ အတွေးပွားသွားသည်။ သူ့ခန္ဓာကိုယ်သည် ဒြပ်စင်တစ်ခုအဖြစ် ပြောင်းလဲလိုက်ပြီး မီးခိုးရောင် မြူခိုးတစ်ခုအဖြစ် အစဖျောက် ထွက်ပြေးဖို့ ကြိုးစားလိုက်သည်။
“နည်းနည်းနှေးသေးတယ်” ဘဲတစ်ကောင်၏ အသံအက်အက်က သူ့နားတွင်းမှ ထွက်ပေါ်လာသည်။ အာဃာတသားရဲသည် ထိတ်ခနဲ ဖြစ်သွားသည်။
အောက်မှကြည့်နေသော သူများသည် အာဃာတသားရဲ၏ ဘယ်ဘက်ခြမ်း ခေါင်းပိုင်းဆီမှ အဖြူရောင်ပန်းကြီး ပွင့်သွားသည်ကို မြင်လိုက်ရသည်။
အာဃာတသားရဲသည် သူ၏ ကွဲနေသောခေါင်းကို ပိတ်ထားပြီး မီးခိုးရောင် မြူခိုးအဖြစ် အမြန်ပြောင်းလိုက်ကာ ထိုနေရာမှ ပျောက်ကွယ်သွားသည်။
“သူမသေသေးဘူး” နဂါးပုရွက်ဆိတ်၏ မျက်လုံးများသည် တောက်ပနေပြီး လိုက်လံရှာဖွေနေရင်း ကောင်းဖန်ကို ပြောလိုက်သည်။
ကောင်းဖန်က ခေါင်းညိတ်လိုက်ပြီး နဂါးပုရွက်ဆိတ်ကို တိုက်ပွဲ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ပါ၀င်ခွင့် ပေးလိုက်သည်။
သခင်၏ အမိန့်ကို ရသောအခါ နဂါးပုရွက်ဆိတ်သည် သူ့ခေါင်းကို လှည့်လိုက်ပြီး သူ့မျက်လုံး သူငယ်အိမ်များသည် အဖြူရောင် ရောင်ပြေးလေးများ ပြည့်လာသည်။ ထိုရောင်ပြေးလေးများသည် ၉ ကြိမ်တိုင် လှည့်ပတ်လိုက်ပြီးနောက် ပေါက်ကွဲထွက်သွားသည်။
တောက်ပသော အဖြူရောင်အလင်းတန်းကြီး ပွင့်ထွက်သွားပြီးနောက် အဝေးတစ်နေရာမှ အော်သံကြီးတစ်ခု ထွက်ပေါ်လာသည်။ အာဃာတသားရဲ၏ အရိပ်သည် အဝေးတစ်နေရာတွင် ရှိနေပြီး သူငယ်အိမ်အလင်းလက်ချက်ဖြင့် လောင်ကျွမ်းနေသည်။
ဂိုဒီက သူ့လက်သီးကို ငုံ့ကြည့်လိုက်သည်။ သူ့လက်သီးက သေအောင်မသတ်နိုင်လိုက်သည်ကို အံ့ဩနေခြင်း ဖြစ်သည်။ သေစမ်း.. ဖလိန်မီရှေ့မှ အစွမ်းကို သေချာလည်း မပြလိုက်ရဘူး..
“ဘယ်သွားမလို့လဲ” အာဃာတသားရဲသည် အသံတစ်ခုကို ကြားလိုက်ရပြီး အပေါ်ကို မော့ကြည့်လိုက်သော်လည်း ဘာမှရှာမတွေ့ချေ။
“.. ငါဒီမှာလေ” ထိုသို့ထပ်ပြောသည့် အချိန်မှာတောင် အာဃာတသားရဲသည် သူ့ရှေ့တွင် စကားပြောနေသည့် အလင်းလှိုင်းလေးကို မမြင်သေးချေ။ ထိုအခြင်းအရာကို မြင်ပြီး အလင်းလှိုင်းလေး ဒေါသထွက်သွားသည်။ “မင်းတော့သေပြီ”
အလင်းလှိုင်း၏ မျက်လုံးထဲတွင် အာဃာတသားရဲကို မြူခိုးစုတစ်ခုလိုသာ မြင်ရသည်။ သို့သော် ထိုမြူခိုးများကြားတွင် အနီရောင်မျဉ်းလေးတစ်ခုကိုလည်း သူမြင်နေရသည်။
ထိုမျဉ်းလေးသည် တောက်လျှောက် ပုံစံပြောင်းပြီး နေရာရွေ့နေသောကြောင့် အာဃာတသားရဲသည် တောက်လျှောက် လှုပ်ရှားနေကြောင်း သိသာသည်။
အာဃာတသားရဲသည် ထူးဆန်းသော ဘဲကသူ့နောက်လိုက်လာမှာ သေချာသောကြောင့် ထွက်ပြေးရမည်ဆိုသော အတွေးက ကြီးစိုးနေသည်။ ထိုဘဲသည် အလွန်ထူးဆန်းပြီး သူ့လက်တံတွေကလည်း ဘဲအပေါ် သက်ရောက်မှု မရှိချေ။ ထို့အပြင် သူလိုက်မမှီနိုင်လောက်အောင် အလွန်လည်း မြန်ဆန်လွန်းလှသည်။
“ထွက်သွားစမ်း” အာဃာတသားရဲသည် အလင်းလှိုင်းလေးကို ခပ်ကြမ်းကြမ်း တွန်းထုတ်လိုက်သည်။
အလင်းလှိုင်းသည် အနီရောင်မျဉ်းလေး လှုပ်ရှားသွားတာကို ထပ်မြင်လိုက်ရသည်။ ထိုအခါ သူ့အနောက်က တောင်ပံပွင့်လာပြီး အလင်း၏ အလျင်ဖြင့် အာဃာတသားရဲ၏ ပုခုံးပေါ်ကို ပျံသွားသည်။
အာဃာတသားရဲသည် ဒဏ်ရာရထားသော်လည်း သတိအလွန်ကြီးသူ ဖြစ်သည်။ ငါ့ကို ဒီလောက်လွယ်မယ် ထင်နေတာလား..
အာဃာတသားရဲ၏ မျက်လုံးထဲတွင် ရေဝဲ ၂ ခုလို မြူခိုးများ လှည့်ပတ်လာသည်။
ထို့နောက် ကြီးမားပြင်းထန်သော စုပ်ယူမှုကြီး ထွက်ပေါ်လာသည်။
အလင်းလှိုင်းသည် အချိန်မီ မရှောင်လိုက်နိုင်ပဲ စုပ်ယူခံလိုက်ရသည်။ ထိုတိုက်ခိုက်မှုသည် တစ်ခုတည်းကို ပစ်မှတ်ထားတာ မဟုတ်ပဲ တိုက်ခိုက်မှု စက်ကွင်းထဲမှာ ရှိသမျှ အရာအားလုံးအပေါ် သက်ရောက်ခြင်း ဖြစ်သည်။
အလင်းလှိုင်း၏ ကိုယ်သည် ယိမ်းထိုးနေသည်။ သူသည် ဟန်ချက်ပျက်သွားပြီး ပြုတ်ကျလုနီးပါးဖြစ်သွားသော်လည်း သူဒီလိုဖြစ်နေချိန်တွင် တခြားသားရဲများအတွက် အချိန်ရသွားသည်။ သူ့အနောက်မှ ကိုယ်ပိုင်သားရဲများသည် စုဝေးလိုက်ကြကာ သးတို့ စွမ်းအင် အငွေ့အသက်များကို ထုတ်လွှတ်လိုက်ကြပြီး အာဃာတသားရဲကို အဌဂံပုံ ဝိုင်းထားလိုက်ကြသည်။
အာဃာတသားရဲ၏ ရင်ဘတ်သည် အက်ကွဲရာ တစ်ခု ဖြစ်ပေါ်လာသည်။ သူသည် မြူခိုးအဖြစ် ရှိနေသော်လည်း သူ့ရင်ဘတ်သည် ဖြတ်တောက်ခံလိုက်ရပြီး ပွင့်ဟသွားသည်။ ဓားသွား၏ တိုက်ခိုက်မှုသည် ပြန်လည်ကုစားလို့ မရတော့လောက်သော ဒဏ်ရာကြီးကို ပြုလုပ်လိုက်သည်။
“ဒီဒဏ်ရာက..” အာဃာတသားရဲသည် ဒဏ်ရာကို ငုံ့ကြည့်လိုက်ပြီး မယုံနိုင် ဖြစ်သွားသည်။ “ဒဏ်ရာက မကျက်ဘူးလား..”
အာဃာတသားရဲသည် ဟိန်းဟောက်လိုက်ပြီး ရှည်လျားသော အဖြူရောင် ဒဏ်ရာအဟကြီးသည် ရင်ဘတ်ဆီမှ တဆင့် ဘယ်ညာ နံရိုးများထိ ဖြတ်တောက်လိုက်သည်။ အဖြူရောင် အလင်းတန်းဖြင့် ပြုလုပ်ထားသော ဓားသွားသည် သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ဖြတ်လိုက်ပြီး ပို၍ပင် တောက်ပလာသည်။ သူသည် အာဃာတသားရဲကို အပိုင်းပိုင်းဖြတ်နေသည်။
ရုတ်တရတ်ကြည့်လျှင် ရှည်လျားသော ဓားတစ်လက်ကို ကိုင်ထားသည့် လူတစ်ယောက်အရွယ် သဏ္ဍာန်ကို တွေ့နိုင်သည်။ သူသည် အရပ်နည်းနည်းတော့ ပုပုံရပြီး အနက်ရောင်သံချပ်ကာကို ၀တ်ဆင်ထားသည်။ သူသည် မီးကုန်ယမ်းကုန် ဓားကို လွှဲ၍ တိုက်ခိုက်နေသည်။
“ဒါက အလင်းလှိုင်းရဲ့ စွမ်းအင်သစ်များလား” ကောင်းဖန်က အံ့ဩသွားသည်။ ဒီစွမ်းအင်ကို မိတ်ဆက်စာတောင် မဖတ်လိုက်ရဘူး..
အလင်းလှိုင်းကလည်း နားမလည်နိုင်ဖြစ်နေသည်။ ငါအနီရောင်မျဉ်းလေးအတိုင်းပဲ လိုက်လှီးလိုက်တာပါ.. ဒီလောက်တောင် အကျိုးသက်ရောက်တယ်တဲ့လား.. ငါ့စွမ်းအင်တွေ ပိုတက်လာတာလား.. သူလည်း သူ့ဟာသူ မသေချာဖြစ်နေသည်။
“ဓားသွားတစ္ဆေ” ပင်လယ်၀တုတ်က မျက်လုံးများကို မှေးကျဉ်းရင်း ပြောလိုက်သည်။
ကောင်းဖန်က နားကြားမှားတယ် အထင်နှင့် ရယ်မောလိုက်သည်။ “ဓားသွားတစ္ဆေလား.. ဓားသွားဝိဉာဉ်လို့ပဲ ပြောလိုက်ပါတော့လား”
“ငါမင်းကို နောက်မှ ရှင်းပြမယ်.. အဲဒီဓားသွားတစ္ဆေက အရင်က အာဃာတသားရဲနဲ့ တိုက်ခိုက်ခဲ့ဖူးတဲ့ သားရဲတစ်ကောင်ကောင်ရဲ့ ကိုယ်ထဲမှာ ရှိနေခဲ့ပြီး ထွက်သွားခဲ့တာဖြစ်မယ်.. အဲဒီသားရဲလည်း သေလောက်ပြီ” ပင်လယ်၀တုတ်၏ မျက်လုံးများသည် တောက်ပနေသည်။ “အလင်းလှိုင်းကို ဆက်သတ်ခိုင်းလိုက်ပါ.. အသုံး၀င်အောင်တော့ ကောင်းကောင်း အသုံးချရမှာပဲ”
***
သားရဲလေ့ကျင့်သူ
အခန်း ၇၀၆ ခေါင်းကိုးလုံးဟေးဒီစ်
အာဃာတသားရဲသည် သူ့ပတ်ဝန်းကျင်ကို စစ်ဆေးလိုက်သည်။ တစ်၊ နှစ်၊ သုံး၊ လေး၊ ငါး၊ ခြောက်၊ ခုနစ်၊ ရှစ်၊ ကိုး.. နတ်ဘုရားတစ်ပိုင်း ကိုးပါးက တစ်နေ့တည်းနဲ့ အနိုင်ယူတာကို ခံရလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ထားခဲ့ပေ။
ဒီလိုအခွင့်ထူးရထားတဲ့ နတ်ဘုရားတစ်ပိုင်းက ဘယ်သူရှိဦးမလဲ.. အာဃာတ သားရဲသည် လေးလေးနက်နက် ဆင်ခြင်မိလိုက်သည်။ သူ့ကံကြမ္မာက သနားစရာကောင်းတယ်လို့လည်းရုတ်တရက် ခံစားလိုက်ရသည်။
“ဒါက မတရားတဲ့ သေဆုံးမှု မဟုတ်ဘူး” အာဃာတသားရဲသည် ခေါင်းကို မြှောက်လိုက်ပြီး မျက်လုံးတွေက နားမလည်နိုင်လောက်အောင် ဆွဲဆောင်မှုရှိတဲ့ အရိပ်အယောင်ကို ပေါ်လွင်သွားသည်။ “ငါက မွေးပြီးကတည်းက သေဖို့ အဆင်သင့်ဖြစ်နေပြီ.. တကယ်တော့ သေခြင်းတရားက ငါ့အတွက် သက်သာရာရမှုတစ်မျိုးပဲ”
သူ့အသံက မှိန်သွားသည်။ သူ၏ကိုယ်ခန္ဓာသည် တုန်ယင်လာသည်နှင့်အမျှ ပြိုလဲပျက်စီးသွားသည်။ ၎င်းစိတ်ဝိညာဉ်၏ အနက်ရှိုင်းဆုံးတွင် ဖုံးကွယ်ထားသော အပိုင်းအစများနှင့် ၎င်း၏ မှတ်ဉာဏ်အပိုင်းအစများ အပိုင်းအစများသည် ကွဲသွားပြီး ကောင်းကင်၌ အလင်းအစက်အပြောက်လေးများအဖြစ် ပျံ့လွင့်သွားသည်။ အနက်ရှိုင်းဆုံးတွင် ဖုံးကွယ်ထားသော နူညံ့မှုသည် လေထုနှင့် တွေ့သွားသည်။
ငါက ဂလိုရီယာ.. ငါက ရုပ်သေးဆရာ....ငါတို့မြို့ကနေ နှင်းတွေကျတဲ့နေ့မှာ ငါ့ကိုလာခေါ်တာလို့ ငါ့ဆရာက ပြောခဲ့တယ်.. ဂလိုရီယာက ဆောင်းရာသီကို ဆိုလိုတယ်.. ငါ့ရဲ့သခင်က တစ်မြို့လုံးမှာ အကျော်ကြားဆုံး ရုပ်သေးဆရာပဲ.. သူက တကယ့်လူအစစ်တွေလို လှပပြီး လက်ရာမြောက်တဲ့ ရုပ်သေးရုပ်တွေကို ဖန်တီးခဲ့တယ်... သူတို့ရဲ့ ရုပ်သေးရုပ်တွေကို စိတ်ကြိုက်ဖန်တီးဖို့ သူ့ကို ရှာကြသူတွေက အဆုံးမရှိခဲ့ဘူး.. အဲဒီပတ်ဝန်းကျင်မှာ ငါကလည်း ရုပ်သေးလုပ်နည်းကို စလေ့လာခဲ့တယ်...
ငါ ၁၃ နှစ်ကြာအောင် သင်ယူခဲ့ပေမယ့် ဆရာကတော့ ငါ့ရုပ်သေးရုပ်တွေက ဝိညာဉ်တွေ မရှိဘူးလို့ အမြဲတမ်း မှတ်ချက်ပေးခဲ့တယ်... နောက်တော့ ငါတို့မြို့က ကောင်လေးတစ်ယောက်ကို ငါချစ်မိသွားတယ်...
သူက အရမ်းတက်ကြွတယ်...နွေးထွေးတယ် ကောင်းကင်ပေါ်က နေလိုပဲ.. ငါတို့တစ်ကြိမ် တိတ်တဆိတ် ဆုံတွေ့ခဲ့ကြပြီး.... နောက်တစ်ကြိမ်.. တတိယအကြိမ် ချိန်းတွေ့ခဲ့ကြတယ်... နောက်ဆုံး လျှို့ဝှက်ချိန်းတွေ့နေချိန်မှာ ငါ့ဆရာက ငါတို့ကိုမိသွားတယ်.. ဆရာက ဒေါသတကြီးနဲ့ တကယ်လို့ သူ ငါ့ကို ထပ်ပြီး နှောင့်ယှက်ဖို့ ကြိုးစားရင် တခြားသူတွေကို သူ့ ခြေထောက်ကို ချိုးပြီး ထောင်ထဲ ထည့်ခိုင်းမယ်လို့ပြောတယ်...
သူ နောက်ဖေးတံခါးကနေ ကြောက်လန့်တကြား ပြေးထွက်သွားပြီး နောက်ဘယ်တော့မှ ပြန်မပေါ်လာတော့ဘူး....
အဲဒီအချိန်ကစပြီး ဆရာ့ ငါ့အပေါ်ထားတဲ့ သဘောထားတွေ ပြောင်းလဲလာတယ်..အဲဒီညမှာ ဆရာက အရက်မူးပြီး ငါ့အခန်းထဲကို ဝင်လာတယ်… နောက်တစ်နေ့မှာတော့ ဆရာက ငါ့ကို ကောင်းကောင်း အနားယူဖို့ သုံးရက်လောက် နားခိုင်းတယ်.. ငါ့အိတ်တွေကို ထုပ်ပိုးပြီး အဲဒီနေ့ညက မြို့ထဲကနေ ထွက်သွားဖို့ ဆုံးဖြတ်လိုက်တယ်.. ဘယ်ကိုသွားရမှန်း မသိပေမယ့် တခြားမြို့တွေကို ကူးတို့နဲ့ လိုက်သွားခဲ့တယ်...
ငါ့မှာ တခြားအရည်အချင်းတွေ မရှိဘူး.. ရုပ်သေးဖန်တီးနည်းကိုပဲ သိတာကြောင့် ဆိုင်သေးသေးလေးဖွင့်တယ်.... နေ့ရက်တွေက ရိုးရှင်းပါတယ်.. အဲဒီအဖြစ်အပျက်အပြီးမှာ ငါ ရုပ်သေးရုပ်လုပ်နည်းကို အာရုံစိုက်ခဲ့တယ်... အဲဒီနေ့ကစပြီး ငါ့ရုပ်သေးတွေက ခါတိုင်းနဲ့ မတူတာကို သိလာရတယ်... ငါလုပ်ခဲ့တဲ့ ရုပ်သေးတိုင်းက အရင်ကနဲ့ အတူတူပါပဲ.. ဒါပေမယ့် သူတို့ရဲ့ မျက်လုံးတွေက ပိုတောက်ပလာတယ်…
တစ်ညမှာ ငါ အိပ်ရာထ အိမ်သာတက်တော့ အောက်ထပ်က ဆိုင်မှာ တခြားတစ်ခုခုက ရွှေ့နေတာကို တွေ့လိုက်ရတယ်.. သူခိုးလား... စားပွဲပေါ်က ကတ်ကြေးကို ကောက်ကိုင်လိုက်ပြီး အောက်ထပ်ကို ငုံ့ကြည့်လိုက်တော့ ပြတင်းပေါက် အပြင်ဘက် လရောင်ကြောင့် ကြမ်းပြင်ပေါ်မှာ ထိုင်နေတဲ့ လူတစ်ယောက်ကို တွေ့လိုက်ရတယ်... သူက ငါ့ကို ကျောပေးပြီးငိုနေတယ်...
အဲဒီအဝတ်အစားတွေက ရင်းနှီးပြီးသားပဲ.. သူတို့ကို တစ်နေရာရာမှာ သေချာမြင်ဖူးတယ်… ရုတ်တရက် သဘောပေါက်သွားပြီး လက်ထဲက ကတ်ကြေး မြေပြင်ပေါ် ပြုတ်ကျသွားတယ်... အဲဒီအခါ ငိုသံက ရပ်သွားပြီး ပခုံးတွေ လှုပ်ခါသွားတယ်...
နောက်တော့ မတ်တပ်ရပ် နံရံပေါ် ပြေးတက်ပြီး သူ့ကိုယ်သူ ချိတ်လိုက်တာကို မြင်လိုက်ရတယ်.. ပြတင်းပေါက်များကတဆင့် လေတိုက်နေတာကြောင့် နံရံပေါ်က ရုပ်သေးရုပ်တွေက လေနဲ့အတူ ယိမ်းနွဲ့နေခဲ့တယ်... နောက်တစ်နေ့ရောက်တော့ ဆိုင်မှာရှိတဲ့ ရုပ်သေးရုပ်အားလုံးကို ဆင်ခြေဖုံးကိုယူသွားပြီး မီးရှို့ပစ်လိုက်တယ်....
အရုပ်တွေကိုလောင်နေတဲ့ လိမ္မော်ရောင်မီးတောက်တွေက ငါ့ပါးပြင်မှာ ရောင်ပြန်ဟပ်နေတယ်... အောဟစ်ငိုယိုနေတဲ့ မီးတောက်ထဲက အရုပ်တွေကို ကြည့်ရင်း ထူးထူးခြားခြား ကြည်နူးမှုကို ခံစားလိုက်ရတယ်... အဲဒီရုပ်သေးတွေမှာ ဝိညာဉ်တွေရှိတယ်ဆိုတာ သိလာရတယ်… သူတို့အားလုံးမှာ ဝိညာဉ်တွေရှိသလား... နာကျင်ရသလား...
အဲဒီနေ့ကစပြီး ရုပ်သေးရုပ်တွေကို နေ့တိုင်းလုပ်ပြီး မီးရှို့ခဲ့တယ်... သူတို့ရဲ့ တိတ်တိတ်ဆိတ်ဆိတ် ငိုကြွေးသံတွေနဲ့ ပြင်းထန်တဲ့ ငိုကြွေးသံတွေကို နားထောင်ပြီး အမြဲတမ်း အရမ်းပျော်နေခဲ့ရတယ်... ဒါပေမယ့်တဖြည်းဖြည်းနဲ့ သစ်သားနဲ့လုပ်ထားတဲ့ ရိုးရှင်းတဲ့ရုပ်သေးရုပ်က ငါ့ကို ပိုပြီးကျေနပ်အားရမှုရအောင် မစွမ်းဆောင်နိုင်တော့ဘူး...
ငါလေလွင့်တိရစ္ဆာန်တွေကို မြင်ဖူးတယ်... ဒါကြောင့် တိရိစ္ဆာန်တွေကို သတ်ပြီး သူတို့ကို နမူနာအနေနဲ့ အရုပ်လှလှလေးတွေလို အသက်ရှင်သန်ခွင့် ပေးခဲ့တယ်... ပြီးတော့ သူတို့ကို သတ်ပစ်ခဲ့လိုက်တယ်... ဒါဆိုရင် တိရိစ္ဆာန်တွေကို သက်ရှိအရုပ်တွေ ဖန်တီးနိုင်တာကြောင့် လူသား ယောက်ျား တစ်ယောက်ဆိုရင်ရော ဘယ်လိုလဲ....
ဒါကြောင့် တစ်နှစ်ခွဲလောက် ပြင်ဆင်မှုတွေ လုပ်ပြီးတော့ တစ်ပတ်လောက် အလုပ်လုပ်ခဲ့တယ်...နောက်ဆုံးကြိုးက ငါ့အဆစ်တွေကို ဖောက်လိုက်တာနဲ့ နောက်နေ့ကျရင် ငါ ရုပ်သေးရုပ်ဖြစ်သွားမယ်ထင်တယ်...
ထိုအရာများသည် သူ့အတွက် ချိုမြိန်ပြီး ခါးသီးရသော အမှတ်တရများပင်.. တောင့်တမှု၊ ဝမ်းနည်းမှု၊ ရူးသွပ်မှုများ ဖြစ်သည်။ ထို့နောက် အမှတ်တရတွေ ပျောက်ကွယ်သွားသည်။ သူတို့သည် ကမ္ဘာသို့ လွင့်စင်သွားသော မီးခိုးရောင် တိမ်တိုက်တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။
အာဃာတသုတ်သင်ခြင်းတွေ ပျောက်ကွယ်သွားချိန်မှာတော့ သူနဲ့ ချိတ်ဆက်ထားတဲ့ စိတ်ဝဉာဉ်ပိုးချည်မျှင်တွေ ပြတ်တောက်သွားသည်။
မျိုးနွယ်စုသားရဲများနှင့် စိတ်ဝိဉာဉ်ပိုးချည်မျှင်များနှင့် ချိတ်ဆက်နေသူများ ဖြတ်တောက်ခံလိုက်ရသည်။ ကျယ်လောင်သော အသံ နှင့်အတူ လူတိုင်း မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ ဘယ်သူက အသက်ရှင်နေလဲ ဘယ်သူသေလဲ မသိပေမယ့် အသက် ရှင်နိုင်ချေတွေ မွေးဖွားလာပြီးနောက် သူတို့ရဲ့ ခန္ဓာကိုယ်ကနေ ပေါင်းစည်းသွားသည်။
“အသက်ပြန်ရှင်လာကြတယ်” ဖလိန်မီသည် ထိုမြင်ကွင်းကို ဖော်မပြနိုင်သော ခံစားချက်ဖြင့် ကြည့်နေသည်။
အနောက်မှ လေတိုက်သံ ထွက်ပေါ်လာသည်။ ခရမ်းရောင်ကြယ်သည် တိမ်တိုက်အိပ်မက်စိမ့်တောနောက်မှ ဆင်းသက်လာသည်။ ကောင်းဖန်သည် သူ့နောက်မှ လှုပ်ရှားမှုကို သတိပြုမိပြီး ခရမ်းရောင်ကြယ်ပွင့်သည် လဲကျသွားသည့်လူများနှင့် လီမျိုးနွယ်စုမှ သားရဲတစ်စုကို စောင့်ကြည့်နေပြီး မျိုးနွယ်အပြင်ဘက်တွင် မလှုပ်မယှက် ရပ်နေသည်ကို တွေ့လိုက်ရသည်။
ခရမ်းရောင်ကြယ်သည် တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် သူ့ကိုငုံ့ကြည့်ရင်း အရပ်ရှည်သော ကောင်းဖန်ဆီ လျှောက်သွားသည်။ သူသည် ခဏရပ် ဝပ်တွားပြီး “ကျေးဇူးတင်ပါတယ်” ဟုဆိုလိုက်သည်။
ထိုသို့ပြောပြီးနောက် ခရမ်းရောင်ကြယ်၏ မျက်ခုံးကြားတွင် ခရမ်းရောင် တောက်ပလာသည်။ လူတစ်ယောက်၏ အရိပ်သည် ၎င်း၏မျက်ခုံးမှ တဖြည်းဖြည်း လွင့်ထွက်လာပြီး နောက်ဆုံးတွင် မြေပြင်ပေါ်သို့ မှန်မှန် ဆင်းသက်လာသည်။ ခါးကုန်းကြီးနှင့် ချွန်ထက်သော သွားများရှိသည့် ဆံပင်ဖြူ အဘိုးအိုက “ဒီ အဘိုးကြီးက မင်းကို အရမ်း ကျေးဇူးတင်ပါတယ်.. ငါလုပ်ရမှာ ကြောက်နေတဲ့ ငါတို့မျိုးနွယ်စုအတွက် လက်စားချေပေးတာကို တကယ်ကို ကျေးဇူးတင်ပါတယ်” ဟု ပြောလိုက်သည် အဘိုးအိုသည် ညာလက်ဖြင့် ပါးစပ်ကို အုပ်ကာ ချောင်းဆိုးလိုက်သည်။
အဘိုးအို၏ ညာလက်သည် အဖြူရောင် အရိုးများအဖြစ်သို့ ပြောင်းလဲသွားသည်ကို တွေ့ရတော့ ကောင်းဖန်အနည်းငယ် အံ့သြသွားသည်။ အလွန်ကြောက်စရာကောင်းသည်။
အဘိုးအိုသည် ကောင်းဖန်၏မျက်လုံးထဲမှ အကြည့်ကိုမြင်လိုက်သောအခါတွင် သူ၏ညာဘက်လက်အိပ်ကို မလိုက်ပြီး သူ့လက်ကောက်ဝတ်ရှိ အရိုးများသာရှိပြီး ကြွက်သားအစအနပင်မရှိသည့် လက်ကို ပြသလိုက်သည်။ “ငါ အသက်နည်းနည်းရှည်ဖို့ ကြိုးစားနေတာပါ” ဟု အဘိုးအိုက တည်ငြိမ်စွာပြောလိုက်သည်။ “လူက အသက်ပိုရှည်လေ သေခြင်းကို ပိုကြောက်လေလေပဲ”
“အသွင်ပြောင်းမျိုးနွယ်စုနဲ့ တိုက်ခိုက်နေတဲ့ အမျိုးသားတစ်ဦးကို ငါတွေ့ခဲ့တယ်... သေလွန်သူများရဲ့ ကောင်းကင်နိုင်ငံတော်လို့ ခေါ်တဲ့ အသွင်ပြောင်မျိုးနွယ်စုက သူပဲ...”
“သေလွန်သူများ၏ ကောင်းကင်နိုင်ငံတော်” ကောင်းဖန်က ထပ်ခါတလဲလဲပြောပြီး ပင်လယ်ဝတုတ်ကို အဲဒီနာမည်ကြားဖူးသလားဟု မေးလိုက်သည်။
သို့သော် ပင်လယ်ဝတုတ်သည် ၎င်းအကြောင်းကို မကြားဖူးပေ။ “ငါသေပြီးတော့မှ သူ့ကိုမွေးတာဖြစ်မယ်”
“တစ်နေ့ မင်း သူ့ဆီ ရောက်သွားရင် သူ့သားရဲကို သတိထားပါ.. သူ့သားရဲအားလုံးက ဖုတ်ကောင် အမျိုးအစားတွေ ဖြစ်ပြီး... ဖုတ်ကောင် အမျိုးအစားထဲမှာ ကြောက်စရာအကောင်းဆုံးက ခေါင်းကိုးလုံးဟေးဒီစ်ပဲ.... အရမ်း အစွမ်းထက်တဲ့ အသွင်ပြောင်းအမျိုးအစား သားရဲပဲ....” ဟု အဘိုးအိုက ပြန်လည်အမှတ်ရနေပုံဖြင့် ပြောလိုက်သည်။ ထို့နောက် သူ သက်ပြင်းချလိုက်သည်။ “အဲဒီနှစ်မှာ တိုက်ပွဲတွေ ထပ်ဖြစ်လာခဲ့ရင်တောင် အနိုင်ယူဖို့ ယုံကြည်မှု မရှိဘူး..“
“နှစ်တွေကြာလာတာနဲ့အမျှ တိုးတက်ပြောင်းလဲနေမယ့်အစား ငါက စွမ်းအားတွေ ဆုံးရှုံးခဲ့ရပြီး အခုအချိန်မှာ သူက ပိုတောင် အားကောင်းလာတယ်”
ကောင်းဖန်က ချောင်းဆိုးလိုက်သည်။ “ခေါင်းကိုလုံးဟေးဒီစ်ရဲ့ စွမ်းအင်က ဘာလဲ”
“သေခြင်းနဲ့ ရှင်ခြင်းကို ပြောင်းပြန်လှန်ပြီး လူသေတွေကို အုပ်ချုပ်နိုင်တယ်” အဘိုးအိုသည် သူ့အဝတ်အစားများကို မြှောက်လိုက်ပြီး ကောင်းဖန်သည် အောက်မှအရာများကို မြင်လိုက်ရသောအခါ မယုံကြည်နိုင်လောက်အောင်ပင် ပင့်သက်ရှိုက်မိသွားသည်။ ဒါက ကြောက်စရာပဲ!
အချိုးကျသောနံရိုးခြောက်ခုကို ဘေးချင်းယှဉ်မြင်နေရပြီး ၎င်းတို့နောက်ကျောရိုးကို နံရိုးကြားရှိ ကွက်လပ်များမှ တစ်ဆင့် မြင်တွေ့နိုင်သည်။ ကောင်းဖန်သည် ဤထက်ပို၍ ရွံရှာဖွယ်ကောင်းသော သားရဲများကို မြင်ဖူးသော်လည်း ဤကဲ့သို့သော လူသားကိုတော့ ပထမဆုံးအကြိမ် တွေ့ဖူးခြင်းပင်ဖြစ်သည်။
“ဒါက သက်ရှိပုံစံအားလုံးကို မသေတဲ့ကောင်တွေအဖြစ် ပြောင်းလဲပေးတယ်.. ငါတိုက်ခိုက်ခံရတဲ့အချိန်က ငါ့သားရဲက ငါ့ကိုယ်စား တိုက်ခိုက်ခံလိုက်တယ်..ဒါ့ကြောင့် ငါတို့နှစ်ယောက်စလုံး အခုပုံစံအတိုင်းဖြစ်လာတယ်” ဟု အဘိုးအိုက တည်ငြိမ်စွာပြောလိုက်သည်။
အဘိုးအို၏နောက်တွင် ရပ်နေသော ခရမ်းရောင်ကြယ်သည် အဖိုးအို၏ပခုံးပေါ်မှ လက်ကို တိတ်တဆိတ် ဆုပ်ကိုင်ထားပြီး အဘိုးအိုအား နှစ်သိမ့်ရန် ဇီးကွက်နှင့်တူသော ဦးခေါင်းက ညည်းတွားနေသည်။
သူသည် နှစ်အတော်ကြာအောင် မသက်သာသေးခြင်း ဖြစ်သည်။
အဘိုးကြီးနောက်တွင် ရပ်နေသော ခရမ်းရောင်ကြယ်သည် အလွန်အားနည်းနေသော်လည်း အန္တရာယ် မရှိပုံရသည်။ သို့ရာတွင် ကုလားအုတ်ပိန်သည် မြင်းထက်တော့ သန်မာသေးသည်။ ၎င်း၏ အထွတ်အထိပ်တွင် ၎င်းသည် စွမ်းအားကြီးသော နတ်ဘုရားအဆင့် သားရဲ ဖြစ်နိုင်သည်။ အကယ်၍ ၎င်းသည် တိုက်ပွဲတွင် ၎င်း၏အသက်ကို စွန့်စားပါက နတ်ဘုရား၏ တန်ခိုးသည် ကမ္ဘာမြေကို တုန်လှုပ်စေမည့် တိုက်ခိုက်မှုကို အသေအချာ ပြုလုပ်နိုင်မည်ဖြစ်သည်။
တစ်နည်းဆိုရသော် ခေါင်းကိုးလုံးဟေးဒီစ် စွမ်းအားကိုတော့ စိတ်ကူးတောင်မကြည့်နိုင်ပေ။ ၎င်းသည် ထိုသို့သော စွမ်းအားကြီးသည့် နတ်ဘုရား အဆင့် သားရဲကိုပင် နှစ်ထောင်ပေါင်းများစွာ မသေသေးသော လက်ရှိသတ္တဝါအဖြစ်သို့ ပြောင်းလဲခဲ့သောကြောင့် ဖြစ်သည်။
“ဒန်ဘီ... ခေါင်းကိုးလုံးဟေးဒီစ်က မင်းရဲ့ဖုတ်ကောင်အမျိုးအစားရှိတယ်တဲ့” ဂိုဒီသည် ဒန်ဘီကို ပုခုံးများဖြင့် တိုက်လိုက်ကာ မျက်ခုံးများကို ကျံ့ထားလိုက်သည်။ “မင်းရဲ့အတွေးကဘာလဲ”
ဒန်ဘီက အနက်ရောင်ဝတ်ရုံ နှစ်ဖက်ရှိ အိတ်ကပ်ထဲသို့ လက်ထည့်ထားပြီး ရွှေအိုရောင်မေးစေ့က ဦးထုပ်အောက်မှ ပေါ်လွင်နေသည်။ သူသည် နှစ်စက္ကန့်လောက် တိတ်ဆိတ်သွားသည်။
“သခင့်အတွေးက ကျွန်တော့်အတွေးပါ”
***
သားရဲလေ့ကျင့်သူ
အခန်း ၇၀၇ ဘုရင်အသစ်
ဂိုဒီက နှုတ်ခမ်းစူလိုက်သည်။ ဒါဘာလဲ… ဒီအဖြေက ယောက်ျားပီသတာ မဟုတ်ဘူး.. ပျော်စရာလည်း မကောင်းဘူး...
“ဂိုဒီ… ဘာလုပ်နေတာလဲ” ဖလိန်မီ၏ ချွန်ထက်သောနှုတ်သီးသည် ဂိုဒီ၏လည်ပင်းသို့ ကိုက်လိုက်သည်။
“သေလွန်သူများ၏ ကောင်းကင်နိုင်ငံတော်နဲ့ ခေါင်းကိုးလုံးဟေးဒီစ်” ကောင်းဖန်သည် ထိုနာမည်များကို ထပ်ခါတလဲလဲ ရွတ်နေသည်။
“ဟုတ်ပါတယ်.. မင်း အနိုင်ယူနိုင်ရင်တော့ အကောင်းဆုံးဖြစ်မှာပါ” အဖိုးအိုက ကြင်နာစွာ ပြုံးပြလိုက်သည်။ သူပြောလိုက်ပြီးနောက် ကောင်းဖန်နောက်တွင်ရပ်နေသော ဒန်ဘီအား ကြည့်ကာ ပြောလိုက်သည်။ “ဒီဖုတ်ကောင်အမျိုးအစားသားရဲကို ခေါင်းကိုးလုံးဟေးဒီစ်က ချုပ်နှောင်ထားနိုင်တယ်.. သူက အဆင့်နိမ့်ဖုတ်ကောင်တွေကိုထိန်းချုပ်နိုင်တာကြောင့် တိုက်ပွဲအတွင်းမှာ ဖုတ်ကောင်အမျိုုးအစားသားရဲကို မသုံးနဲ့.. မဟုတ်ရင် မင်းရဲ့သားရဲက မင်းကို ဆန့်ကျင်လိမ့်မယ်”
ဒန်ဘီသည်လည်းဖုတ်ကောင်များကို ထိန်းချုပ်နိုင်စွမ်းရှိသောကြောင့် ကောင်းဖန်သည် သူ့ကို လုံးဝမယုံပေ။ အကယ်၍ ဒန်ဘီသည် နတ်ဘုရားအဆင့်သို့ တက်သွားပါက အရိုးစုစိုးမိုးထိန်းချုပ်သူ သို့မဟုတ် ခေါင်းကိုးလုံးဟေးဒီစ်ဖြစ်ပါစေ ဖုတ်ကောင်ကို သူ့ထက်တော့ မည်သူက ပိုမိုကောင်းမွန်စွာ ထိန်းချုပ်နိုင်မည်နည်း။ ကောင်းဖန်သည် ရလဒ်ကို မျှော်လင့်နေသည်။
“အာဃာတ သုတ်သင်ခြင်းသားရဲက ဒီလူတွေနဲ့ သားရဲတွေကို ရုပ်သေးရုပ်များအဖြစ် ပြောင်းလဲပေးထားရုံပဲ.. သူတို့ရဲ့ ဝိညာဉ်တွေကို မဆုံးရှုံးလိုက်ရဘူး သူတို့ရဲ့ ဝိညာဉ်တွေကို သူတို့ရဲ့ ခန္ဓာကိုယ်ထဲမှာပဲ တံဆိပ်ခတ်ထားတယ်” ဟု ပင်လယ်ဝတုတ်က ကောင်းဖန်ကို သူ့စိတ်ထဲကနေ ပြောလိုက်သည်။
“အာဃာတ သုတ်သင်ခြင်းသားရဲက သူတို့ရဲ့ ဝိညာဉ်တွေကို မဝါးမျိုလိုက်ဘူးလို့ ငါမထင်ထားခဲ့ဘူး” အဘိုးကြီးသည် အလွန် စိတ်လှုပ်ရှားသွားသည်။
“ဒါဆို စောစောက ဘာလို့ မပြောတာလဲ” ကောင်းဖန်က သူ့စိတ်ထဲတွင် ပင်လယ်ဝတုတ်ကို ပြန်ပြောလိုက်သည်။ မင်းရဲ့အကြံက နောက်ကျနေတယ်..
“အရင်က ငါမသိခဲ့ဘူး” ပင်လယ်ဝတုတ်က အလွန်ရိုးသားစွာ ပြန်ဖြေလိုက်သည်။ “ရလဒ်တွေမြင်ပြီးမှ လုပ်ငန်းစဉ်ကို ငါသိလိုက်တာ”
ကောင်းဖန်သည် လီမျိုးနွယ်ရှိ ရုပ်သေးရုပ်အားလုံးကို မသုတ်သင်ဖြစ်ခဲ့သည့်အတွက် ဝမ်းသာအားရ ခေါင်းညိတ်လိုက်သည်။ မဟုတ်ပါက အမှန်တရားကို သိရှိပြီးနောက် အလွန်တရာ အပြစ်ရှိသလို စိတ်မကောင်း ဖြစ်မိလိမ့်မည်။
“မင်းဘာဆက်လုပ်မှာလဲ” အဖိုးအိုက ကောင်းဖန်ကို မေးလိုက်သည်။
ကောင်းဖန်က ခေါင်းကုတ်လိုက်သည်။ ဒါက ငါနဲ့ ဘာဆိုင်လဲ... “ဒါတွေက အဖိုးမျိုးနွယ်ဟောင်းရဲ့ မျိုးနွယ်စုတွေပဲ.. သေချာတာကတော့ သူတို့အတွက် လုံခြုံတာကောင်းပါတယ်...”
“မဟုတ်ဘူး.. ငါဘာမှမလုပ်နိုင်ခဲ့ဘူး... ငါက မျိုးနွယ်စုက ထွက်လာပြီး အရေးကြီးဆုံး အချိန်မှာ သူတို့ကို ခုခံကာကွယ်ဖို့ အသေခံ မတိုက်ခိုက်နိုင်ခဲ့ဘူး... သူတို့ ငါ့ကို ခွင့်လွှတ်ရင်တောင် ငါ့ကိုယ်ငါ ခွင့်မလွှတ်ဘူး” အဖိုးအိုက သူ့နောက်က တိမ်တိုက်အိပ်မက် ရွှံ့ညွန်စိမ့်တောကို ပြန်ကြည့်လိုက်သည်။ ၎င်းကို တိမ်ထဲတွင် ဖုံးအုပ်ထားပြီး အဖိုးအို၏ နောက်တွင် ရပ်နေသော ခရမ်းရောင်ကြယ်ပွင့်သည် ငုတ်တုတ်ထိုင်နေပြီး၎င်း၏တောင့်တင်းသော အရိုးများနှင့် လက်များသည် အဖိုးအိုကို ညင်သာစွာ ပွေ့ဖက်ထားသည့် နံရံနှစ်ခုကဲ့သို့ ဖြစ်နေသည်။
၎င်း၏ လုပ်ဆောင်ချက်များသည် အလွန်သတိထားပြီး သိမ်မွေ့သည်။ ထိုမြင်ကွင်းသည် အဖိုးအိုနှင့် ပထမဆုံးတွေ့ဆုံခြင်းကဲ့သို့ပင်။ “ဒါပေမယ့် ငါရင်ဆိုင်ရမယ့် အရာတွေတော့ ရှိတယ်...ဒါကြောင့် ရှောင်နေတာ မမှန်ဘူး.. ငါသူတို့ကို ဆက်ပြီးကာကွယ်ပါ့မယ်...
ဒါပေမယ့် သူတို့ရှေ့မှတော့ာ ငါဘယ်တော့မှ ပေါ်လာမှာ မဟုတ်ဘူး” ဟု နောင်တနှင့် ခါးသီးမှုမရှိသော အဘိုးအိုက ပြောလိုက်သည်။
“မင်းကသာ လီမျိုးနွယ်စုရဲ့ ဘုရင်ဖြစ်နိုင်တယ်” အဖိုးအိုသည် ခေါင်းကိုလှည့်ကာ ကောင်းဖန်၏မျက်လုံးများကို တိုက်ရိုက်ကြည့်လိုက်သည်။
“ကျွန်တော်လား” ကောင်းဖန်က အနည်းငယ် အံ့သြသွားသည်။ ဒီတာဝန်က ကြီးလွန်းတော့ တာဝန်တွေကို မလုပ်နိုင်မှာကြောက်မိသည်။ “မေ့လိုက်ပါ.. ကျွန်တော်က ဘုရင်ဖြစ်ဖို့ မသင့်တော်ဘူး..ကျွန်တော်က...”
“ငါးဆားနယ်ပါ” တာ့ဇီက သူ့စကားအဆုံးသတ်လိုက်ပေးလိုက်သည်။
“အထီးကျန်ခရီးသွားပါ” ကောင်းဖန်က ပြုံးပြီးပြောလိုက်သည်။
“မင်းက တခြားလူငယ်တွေနဲ့ မတူဘူးလို့ ခံစားရတယ်.. ရဲရင့်ပြီး ဉာဏ်ပညာနဲ့ ပြည့်စုံတယ်.. ဒါက မင်းရဲ့ထူးခြားတဲ့ အားသာချက် တစ်ခုဘဲ... မင်းကဘုရင်အသစ်ဖြစ်ဖို့ အလားအလာလည်း ရှိတယ်… မင်းက မျိုးနွယ်စုကို ဦးစီးဦးဆောင်နိုင်ပြီး သူတို့ကို တောက်ပဖို့ အတွက် ဆောင်ကျဉ်းပေးနိုင်တယ်”
“အဖိုးက မျိုးနွယ်စုရဲ့ ဘုရင်အသစ်လို့ တွေ့တဲ့သူတိုင်းကို ပြောတတ်တဲ့ ပညာရှင်လူလိမ်တစ်ယောက်လား” ကောင်းဖန်က ရယ်မောလိုက်သည်။
အဘိုးအို၏ အမူအရာသည် မပြောင်းလဲသွားပေ။ “အင်း.. မင်းက အသန်မာဆုံးမို့လို့လေ... အရင်တိုက်ပွဲတွေမှာ အသက်ရှင်ကျန်ရစ်ခဲ့တဲ့ မျိုးနွယ်စုရဲ့ နတ်ဘုရားတစ်ပိုင်းသားရဲတွေက အသတ်ခံခဲ့ရပြီး သက်ကြီးရွယ်အိုတွေ၊ နေမကောင်းတဲ့သူတွေနဲ့ မသန်စွမ်းတွေပဲ ကျန်ရစ်ခဲ့တယ်”
သက်ကြီးရွယ်အိုတွေ၊ နေမကောင်းတဲ့သူတွေနဲ့ မသန်စွမ်းတွေလား.. ကောင်းဖန်သည် မျိုးနွယ်စုအတွင်း သူတော်စင်အဆင့် သားရဲ ဆယ်ဦးကျော် ရှိနေသည်ကို သတိပြုမိသည်။ နဂါးဖြူမျိုးနွယ်စုမှ သူတော်စင်အဆင့် သားရဲများသည် ဒီနေရာတွင်ရှိသော သူတော်စင် အဆင့် သားရဲများလောက် မများကြပေ။ အကယ်၍ ဒီဟာတွေက သက်ကြီးရွယ်အိုတွေ၊ နေမကောင်းတဲ့သူတွေနဲ့ မသန်စွမ်းတွေ ဖြစ်လျှင် နဂါးဖြူမျိုးနွယ်စုသည် သေလုဆဲဆဲအဖွဲ့ဖြစ်မလား..
ကောင်းဖန်က သူတို့ကို အားနည်သူများဟုထင်သည်ဟု အဖိုးအိုက ထင်နေသည်။ “ဒါပေမယ့် သူတို့အားလုံးက စိတ်အားထက်သန်တဲ့ လူကောင်းတွေပါ.. မဟုတ်ရင် သူတို့ သတ်ခံရမှာ မဟုတ်ဘူး... အဲဒီထဲက နည်းနည်းပဲ ကျန်တော့မှာလည်း မဟုတ်ဘူး” ဟု အဘိုးအိုက အာမခံလိုက်သည်။ “သူတို့ကို အချိန်ပေးလိုက်ရင် မင်းကို အံ့သြသွားစေမှာပါ”
“ကျွန်တော်စဉ်းစားပါရစေဦး” ကောင်းဖန်က ချက်ချင်းသဘောမတူသေးပေ။
လေးနာရီကြာပြီးနောက် တစ်စုံတစ်ယောက်သည် သတိပြန်လည်လာသည်။ သတိပြန်ရလာတဲ့ ပထမအသုတ်မှာ အကောင်းဆုံး ကိုယ်လုံးကိုယ်ပေါက်ရှိသူတွေရှိပြီး သူတို့က အဆင့်အမြင့်ဆုံး သားရဲရှိသည့် သားရဲလေ့ကျင်သူတွေလည်း ဖြစ်သည်။
“ငါအရင်သွားတော့မယ်” အဘိုးအိုသည် လက်ကိုဝှေ့ယမ်းပြီးလှည့်ကာ တိမ်တိုက်အိပ်မက် ရွှံ့ညွန်စိမ့်တောထဲ ပုန်းနေလိုက်သည်။
သူတို့နောက်မှာ ခြေသံတွေ ထွက်လာသည်။
“အစ်ကိုကြီး... ငါတို့ကို ကယ်တင်ပေးလို့ ကျေးဇူးတင်ပါတယ်”
“ကျွန်တော်တို့ကို ကယ်တင်ပေးလို့ ကျေးဇူးတင်ပါတယ်”
အိပ်ယာမှထလာသောသူများသည် အလွန်ဖြူဖျော့နေကြသောကြောင့် ကောင်းဖန်က အလျင်အမြန် အနားယူရန် တိုက်တွန်းလိုက်သည်။ သို့သော် သူတို့က ခေါင်းယမ်းလိုက်ကြပြီး ကောင်းဖန်၏ပတ်လည်ဝိုင်းကာ သူ့ကို ကျေးဇူးတင်ကြောင်း အဆက်မပြတ်ပြောနေပြီး သူတို့ရဲ့ အသံတွေကလည်း ရိုးသားကြသည်။ ကောင်းဖန်သည် အချက်အလက်များကို ကြည့်လိုက်သောအခါ လူ ၇၀ ရာခိုင်းနှုန်းက သူ့အတွက် စိတ်ရင်းမှန်ဖြင့် ကျေးဇူးတင်ကြတာဖြစ်ပြီး ကျန် ၃၀ ရာခိုင်နှုန်းမှာလည်း ဆိုးရွားသောခံစားချက်များ မရှိကြပေ။
…
စိမ့်တောနက်ထဲတွင် အဘိုးအိုသည် ခရမ်းရောင်ကြယ်ပွင့်နှင့် ပေါင်းစပ်ကာ ရွှံ့နွံအတွင်း လမ်းလျှောက်သွားနေသည်။ လမ်းတစ်လျှောက်တွင် အချို့သော သားရဲများသည် ၎င်းတို့ကို အနံ့ခံ၍ ထိတ်လန့်ကာ ရွှံ့ထဲတွင် ပုန်းနေကြသည်။
“သခင်... တိုက်ပွဲမြေပြင်ရဲ့ အပျက်အစီးတွေရဲ့ တည်နေရာကို ဘာကြောင်ပြောပြလိုက်ပြီး သခင့်ရဲ့ ရတနာတွေဖြစ်တဲ့ နတ်ဘုရားပစ္စည်းတွေကို ပေးလိုက်ရတာလဲ” ခရမ်းရောင်ကြယ်သည် အနည်းငယ် အံသြသွားသည်။
အဘိုးအိုက ခေါင်းယမ်းပြီး ပြုံးလိုက်သည်။ “မင်း ဒါကို မသိနိုင်ရင် မင်းက ငါ့သားရဲ ဖြစ်မှာမဟုတ်ဘူး”
“ဟီးဟီး” ခရမ်းရောင်ကြယ်သည် တခစ်ခစ်ရယ်လိုက်သည်။
“တိုက်ပွဲမြေပြင်ရဲ့ အပျက်အစီးတွေအကြောင်း သူ့ကို မပြောဘဲ အာဃာတသုတ်သင်ခြင်းကို သူဘယ်လိုရှင်းနိုင်မှာလဲ...ဒါပေမယ့် ဒီလူငယ်လေးရဲ့ ကံက အရမ်းကောင်းတယ်... သူအခုရောက်နေတဲ့နေရာကို ဖြတ်ကျော်ဖို့ အချိန်တိုတိုလေးပဲ ယူခဲ့တယ်... သူက ငါမျှော်လင့်ထားတာထက် တကယ်ကို ကျော်လွန်နေပေမယ့် အဲဒါလည်းကောင်းပါတယ်... တကယ်လို့သူက ငါတို့ လီမျိုးနွယ်စုရဲ့ ဘုရင်ဖြစ်လာရင် ငါ့တို့မျိုးနွယ်စုအတွက် ဖြည့်ဆီးဖို့ အခွင့်အရေးရလိမ့်မယ်” အဖိုးအိုသည် စိတ်သက်သာရာ ရသွားသည်။ “ငါတို့ဒီကိုရောက်တာ ဆယ်နှစ်ရှိခဲ့ပြီ...ငါတို့လမ်းကို ဆက်လျှောက်ကြရအောင်”
“ဟုတ်”
…
“အရှင်... ကျေးဇူးပြုပြီး ကျွန်တော်တို့မျိုးနွယ်စုရဲ ဘုရင်ဖြစ်ပေးပါ”
“ကျေးဇူးပြုပြီး ကျွန်တော်တို့မျိုးနွယ်စုရဲ ဘုရင်ဖြစ်ပေးပါ “
ကျောက်ဖြူအိမ်လေးထဲမှာ လီမျိုးနွယ်စု၏ သူတော်စင်အဆင့် သားရဲလေ့ကျင့်သူတွေအားလုံး ရပ်နေပြီး အားလုံးက ကောင်းဖန်ကို စိတ်အားထက်သန်စွာ ကြည့်နေကြသည်။
“ကျွန်တော်တို့ ကျဆုံးခါနီးမှာ ကျွန်တော်တို့ကို ကယ်တင်နိုင်တဲ့ ဘယ်သူမဆို သူက ကျွန်တော်တို့ရဲ့ နောက်လိုက်ဖြစ်နေရင်တောင် ကျွန်တော်တို့ရဲ့ ဘုရင်အဖြစ်မှတ်ယူမယ်လို့ ကျွန်တော်တို့ ကျိန်ဆိုခဲ့ကြပါတယ်”
“သခင်.. ကျေးဇူးပြုပြီး ကျွန်တော်တို့ကို မငြင်းပါနဲ့.. ဒါက ကျွန်တော်တို့ မျိုးနွယ်စုတစ်ခုလုံးရဲ့ သဘောထားပါ” ဟု တစ်စုံတစ်ယောက်က စိတ်အားထက်သန်စွာ ပြောလိုက်သည်။
ကောင်းဖန်က ခုံမှာထိုင်နေပြီး ဒီလူတွေရဲ့အမူအရာတွေကို စောင့်ကြည့်နေသည်။ တကယ်လို့ သူခေါင်းညိမ့်ပြလိုက်တာနဲ့ ထိပ်တန်းသုံးမျိုးနွယ်ထက် မပျော့ညံ့တဲ့ ထိပ်တန်းမျိုးနွယ်စုကို သူရနိုင်သည်။
အသွင်ပြောင်းမျိုးနွယ်စုနှင့် မယှဉ်နိုင်ပေမယ့် ဒီမျိုးနွယ်စုရဲ့ အလားအလာသည် အလွန်သန်မာသည်။ မကြာသေးမီက အစီရင်ခံ တင်ပြချက်များအရ ၎င်းတို့တွင် နတ်ဘုရားတစ်ပိုင်းထိပ်ဆုံးအဆင့် ငါးယောက်နှင့် သူတော်စင်အဆင့် သားရဲလေ့ကျင့်သူ တစ်ရာကျော်ရှိသည်။
ခရမ်းရောင်ကြယ်ကို ပံ့ပိုးကူညီမှုနှင့်ဆိုလျှင် ၎င်းတို့အားလုံးပေါ်ထွက်လာခြင်းက နိုင်ငံငယ်တစ်ခုကိုပင် ခြိမ်းခြောက်နိုင်သည်။ ၎င်းတို့၏ ပထဝီအနေအထားအရလည်း သီးသန့်ဖြစ်နေပြီး အသွင်ပြောင်းမျိုးနွယ်စုများနှင့် တိုက်ခိုက်နေခြင်းကြောင့် ၎င်းတို့သည် တောင်ပိုင်းသဲကန္တာရတွင် ဆက်လက်ရပ်တည်နိုင်သည်။
“နတ်ဘုရားတစ်ပိုင်း ငါးပါးက အာဃတသုတ်သင်ခြင်းတစ်ပါးတည်းကို ရှံးသွားခဲ့တာလား” ကောင်းဖန်သည် မယုံနိုင်ပေ။
“မဟုတ်ဘူး.. အဲဒါက ကြိုတင်ပြင်ဆင်ထားတဲ့ ဝိုင်းရံလုပ်ကြံမှုပဲ.. လွန်ခဲ့တဲ့ ဆယ်နှစ်က နတ်ဘုရားတစ်ပိုင်း ၈ ပါးက ကျွန်တော်တို့ကို ရုတ်တရက် တိုက်ခိုက်ခဲ့ပြီး ကျွန်တော်တို့ရဲ့အရှင်သခင် ငါးပါးက နတ်ဘုရားတစ်ပိုင်း ၇ ပါးနဲ့ သေတဲ့အထိတိုက်ခိုက်ခဲ့ ကြတယ်.. နောက်ဆုံးတော့ အာဃတသုတ်သင်ခြင်း တစ်ပါးပဲကျန်တော့တယ်...ဒါပေမယ့် သူတော်စင်အဆင့် သားရဲလေ့ကျင့်သူတွေက အနိုင်မယူနိုင်ခဲ့ဘူး…” သူတော်စင်အဆင့် သားရဲလေ့ကျင့်သူက ခေါင်းငုံ့ကာ ရှက်သွားသည်။
“သခင်ခရမ်းရောင်ကြယ်ကတော့ လွတ်မြောက်သွားတယ်.. တကယ်လို့ သူသာတိုက်ခိုက်ခဲ့မယ်ဆိုရင် ဒီလိုဖြစ်လာမှာမဟုတ်ဘူး” ဟု အခြား သားရဲလေ့ကျင့်သူက ချက်ချင်းပြောလိုက်သည်။
“သခင်က ဒီလိုလူမဟုတ်ပါဘူး.. သူ့မှာ အကြောင်းပြချက်တစ်ခု ရှိကောင်းရှိနိုင်ပါတယ်” ဟု လူတစ်ယောက်က ပြန်ပြောလိုက်သည်။
“အဲဒီသစ္စာဖောက်အကြောင်း ဘာပြောစရာရှိလို့လဲ”
“ပါးစပ်ပိတ်ထား” တစ်ယောက်ယောက်က ဟစ်အော်လိုက်သည်။
ရှေ့တွင်ရပ်နေသူမှာ လူစုလူဝေးကြားတွင် ရာထူးအမြင့်ဆုံးဖြစ်ပြီး ကောင်းဖန်နှင့် ဆက်သွယ်ရန် အဓိကတာဝန်ရှိသူဖြစ်သည်။ သူက ခေါင်းကို လှည့်ပြီး “သခင် ဘာပဲလုပ်လုပ် လီမျိုးနွယ်ကို နှစ်ထောင်ချီပြီး ကာကွယ်ထားတယ်ဆိုတာ ငြင်းလို့မရပါဘူး.. ငါတို့က သူ့ကို တရားစီရင်ပိုင်ခွင့် မရှိဘူး” သူ့စကားအဆုံးတွင် အခန်းသည် တိတ်ဆိတ်သွားသည်။
***
သားရဲလေ့ကျင့်သူ
အခန်း ၇၀၈ ပြောင်းလဲလွယ်သည့် လူ့သဘာဝ
ဒီစကားကြားတော့ လူတိုင်းက တစ်ယောက်ကို တစ်ယောက်ကြည့်ရင်း ပြောစရာစကားတွေ ပျောက်ကုန်ကာ တိတ်ဆိတ်သွားကြသည်။ တချို့က ဝန်မခံချင်ပေမယ့် သူမှန်တယ် ဆိုတာတော့ ဝန်ခံရလိမ့်မည်။
“ကျုပ်က မင်းတို့မျိုးနွယ်စုထဲကလူမဟုတ်ဘူး... မျိုးနွယ်စုကို စီမံခန့်ခွဲဖို့ သေချာပေါက် သင့်တော်တဲ့လူမဟုတ်ဘူး.. မင်းတို့မျိုးနွယ်စုရဲ့ စီမံခန့်ခွဲမှုမှာ အပြင်လူ ပါနေတာက မကောင်းပါဘူး” ဟု ကောင်းဖန်က သူ့လက်ကို ဝှေ့ယမ်းပြီး ငြင်းဆိုလိုက်သည်။
လီမျိုးနွယ်စု၏ သူတော်စင်အဆင့်သားရဲလေ့ကျင့်သူတွေက ပြောလိုက်သည်။ “သခင်.. လီမျိုးနွယ်အပေါ် သခင်ဘယ်လိုထင်နေတာလဲ.. ကျွန်တော်တို့ရဲ့ ကတိသစ္စာကို ဆန့်ကျင်ဖို့ ဒါမှမဟုတ် ကရုဏာဖြင့် ကြင်နာမှုပြန်ပြဖို့ ကျွန်တော်တို့ မလုပ်ဘဲ ဘယ်လိုနေနိုင်မှယလဲ....အဲဒီလို အကြင်နာကင်းမဲ့သူရှိရင်တော့ ကျွန်တော်တို့က သူ့ကို သေချာဆုံးမကြမှာ”
“ကျုပ်မှာ အရည်အချင်းမရှိဘူး... ကျုပ်ဒီမျိုးနွယ်ရဲ့ ဘုရင်ဖြစ်ခဲ့ရင် ဒီသန်းချီတဲ့ လူတွေရဲ့ အနာဂတ်က ငါ့လက်ထဲမှာ ရှိနေတဲ့အတွက် ကျုပ် ထိတ်လန့် တုန်လှုပ်နေရလိမ့်မယ်” ကောင်းဖန်သက်ပြင်းချလိုက်သည်။ “မေ့လိုက်ပါ.. မင်းတို့အားလုံးအတွက် စွမ်းအင်ရှိပြီး အရည်အချင်းရှိတဲ့ ဘုရင်တစ်ပါးကို ရှာတာ ပိုကောင်းပါတယ်”
တုံ့ဆိုင်းနေပြီး ငြိမ်သက်စွာ ဆွေးနွေးပြီးနောက် တစ်စုံတစ်ယောက်သည် မတ်တပ်ရပ်ကာကောင်းဖန်ကို ပြောလိုက်သည်။ “ခေါင်းဆောင်တစ်ယောက်ရဲ့ အောက်မှာ ကျွန်တော်တို့ရဲ့ အကြီးအကဲများကောင်စီကို ပြန်လည်တည်ထောင်ခဲ့ပြီး ကောင်စီရဲ့ အကြီးအကဲများအားလုံးရဲ့ ခေါင်းဆောင် ဖြစ်လာခဲ့ကြပါတယ်”
“မျိုးနွယ်စုကို စီမံခန့်ခွဲခြင်းက အကြီးအကဲများကောင်စီရဲ့ တာဝန်ဖြစ်ပါတယ်… ဒါက လွန်ခဲ့တဲ့နှစ်ပေါင်းသုံးထောင်ထည်းက မျိုးနွယ်စုရဲ့ ရှေးရိုးအစဉ်အလာဖြစ်ပါတယ်....ဘိုးဘွားစဉ်ဆက် ကျင့်သုံးခဲ့တဲ့ စနစ်ပါ”
“ကောင်းပြီ.. မင်းတို့အားလုံးမှာလည်း အကြောင်းပြချက်ရှိတယ်... ဒါပေမယ့် ကျုပ်က အားနည်းလွန်းသေးတယ်လို့ ထင်တယ်” ကောင်းဖန်က ခေါင်းခါလိုက်သည်။ “ကျုပ်မှာ နတ်ဘုရားတစ်ပိုင်းအဆင့် သားရဲနည်းနည်းပဲရှိတယ်.. ပြီးတော့ ကျုပ်က နတ်ဘုရားတစ်ပိုင်းအဆင့် သားရဲ လေ့ကျင့်သူလည်းမဟုတ်တဲ့အတွက်ကြောင့် လူအများအတွက်အလုပ်လုပ်ပေးဖို့လဲ ခွန်အားမရှိသေးပါဘူး”
လူတိုင်းသည် တစ်ယောက်ကိုတစ်ယောက် ပြောစရာ စကားများမရှိဖြစ်ကာ ကြည့်နေကြသည်။ ဟန်ဆောင်တတ်တာက သူ၏ အကြီးမားဆုံးသော စွမ်းအားများထဲမှ တစ်ခုဖြစ်ကြောင်း ရုတ်တရက် သိရှိသွားကြသည်။
“တကယ်တော့ သခင်.. ကျွန်တော်တို့ နတ်ဘုရားတစ်ပိုင်းသားရဲ လေ့ကျင့်သူတိုင်းက နတ်ဘုရားတစ်ပိုင်းသားရဲ နှစ်ကောင်ထက်တောင် ပိုမရှိပါဘူး.. သခင်ကတော်တော်တောင် သန်မာနေပါပြီ”
“အိုး” ကောင်းဖန်သည် အေးဆေးတည်ငြိမ်မှု ထိန်းထားသော်လည်း သူ၏ နှေးကွေးသော အသက်ရှုသံများက ထင်ဟပ်နေသေးသည်။ “ဒါဆိုရင် မင်းတို့ရဲ့ ကြင်နာတဲ့ ကမ်းလှမ်းမှုကို ကျုပ်လက်ခံလိုက်ပါမယ်” ကောင်းဖန်က သက်ပြင်းချလိုက်ပြီး ခေါင်းကိုလှည့် လက်သီးဆုပ်ကာ အလေးပြုလိုက်သည်။
လူတိုင်း မှင်သက်သွားကြသည်။
…
သူသည် ကလေးခြောက်ယောက်ကိုလည်း ကယ်တင်နိုင်ခဲ့သည်။ ယခင်က ၎င်းတို့ကို စိတ်ဝိဉာဉ်ပိုးချည်မျှင် ပျက်သုန်းခြင်းမှ ရုပ်သေးရုပ်များအဖြစ် ပြောင်းလဲခဲ့သော်လည်း ယခုအခါ ၎င်းတို့ ထိန်းချုပ်မှုမှ လွတ်မြောက်လာပြီဖြစ်သည်။ ကလေး ခြောက်ယောက်က ဝမ်းသာနေကြသည်။
ထိုအတောအတွင်း ကလေးခြောက်ယောက်သည် မျိုးနွယ်စုတွင်နေထိုင်ပြီး ကောင်းဖန်နှင့် နေ့တိုင်းအတူတကွလုပ်ဆောင်ကြသော်လည်း ကောင်းဖန် နေထိုင်သည့်နေရာကို အစောင့်အကြပ်ကြီးစွာထားရှိကြောင်းကို တွေ့လိုက်ရသည်။ ဝင်ထွက်တိုင်းကို ကြိုတင်အသိပေးရန်လိုအပ်ပြီး ကောင်းဖန်ကိုမတွေ့မီ ကာကွယ်ရေးအလွှာများစွာကိုဖြတ်သန်းရမည်ဖြစ်သည်။
ကောင်းဖန်ကို မျိုးနွယ်စု၏ နေအိမ်အကျယ်ချုပ်ကျခံနေရသည်ဟုပင် သူတို့ထင်ခဲ့ကြပြီး သူတို့ အတူတူ ထွက်ပြေးလွတ်မြောက်ဖို့ လိုအပ်သလားဟုပင် ကောင်းဖန်နှင့်တိုးတိုးတိတ်တိတ် ဆွေးနွေးခဲ့ကြသည်။ ကလေးခြောက်ယောက် ဘယ်လောက်ရိုးသားလဲဆိုတာကို ကောင်းဖန်မြင်ပြီးနောက်မှာတော့ အမှန်အတိုင်းမပြောပဲ မနေနိုင်တော့ချေ။
ခြောက်ယောက်ထဲက ပိုင်ဟိုင်ရှန်း၊ ယွိဇီကျင်း နှင့်ချင်းချင်းတို့သည် သူတို့ကြားသမျှကို မယုံနိုင်ခဲ့ပေ။ ၎င်းတို့သည် ထိပ်တန်းမျိုးနွယ်စု သုံးခုမှ ဆင်းသက်လာကာ ၎င်းတို့အား မျိုးနွယ်စုများတွင် အရည်အချင်းရှိသူများအဖြစ် တန်ဖိုးထားခံရခြင်းကြောင့် အချို့သော ကိစ္စရပ်များကို ပြင်ပလူများထက် သာလွန်စွာ သိရှိထားခဲ့ကြသည်။ လီမျိုးနွယ်စု၏ အရွယ်အစားနှင့် အထက်တန်းအဆင့်ရှိသော မျိုးနွယ်စုတစ်ခု ပိုင်ဆိုင်ရခြင်း၏ အဓိပ္ပါယ်ကိုလည်း ၎င်းတို့ကောင်းကောင်းသိကြသည်။
ကောင်းဖန်၏ လက်ရှိ စွမ်းအားနှင့်ဆိုလျှင် လီမျိုးနွယ်၏ အင်အားသည် ထိပ်တန်း မျိုးနွယ်စု သုံးခုထက် မနည်းတော့ကြောင်း ပြောလျှင်တောင် ချဲ့ကားပြောဆိုခြင်း မဟုတ်ပေ။ အမှန်မှာ ၎င်းတို့သည် အနည်းငယ်ပင် ပို၍သန်မာကြသည်။ ၎င်းတို့၏ “သန့်ရှင်းသော” အထောက်အထားများကြောင့် ၎င်းတို့သည် ထိုနေရာတွင် ကိုးရက်ကြာ နေထိုင်နိုင်ခဲ့သည်။ သူတို့သည် ကျက်တီးမြေနှစ်ထပ်ကမ္ဘာ နှင့် မယှဉ်နိုင်သော ပတ်ဝန်းကျင်တွင် နေထိုင်ခဲ့ကြသည်။
“မင်း…သခင်…” ပိုင်ဟိုင်ရှန်းက ကောင်းဖန်ကိုပြောသည့်ပုံစံကို ပြောင်းလိုက်သဖြင့် စကားထစ်သွားသည်။
“မင်းတို့အားလုံး လက်ခံဖို့ ခက်ခဲနိုင်တယ်ဆိုတာ ငါသိပါတယ်.. ဒါကြောင့် မင်းတို့ကို ငါမပြောခဲ့တာ” ဟု ကောင်းဖန်ကပြောလိုက်သည်။
ထိုအဖြစ်အပျက်ပြီးနောက် ကောင်းဖန်အပေါ် ကလေးခြောက်ယောက်၏ သဘောထား ပြောင်းလဲသွားခဲ့သည်။ သူတို့က ပိုရိုသေလာပုံရပြီး အရင်ကလို ရင်းရင်းနှီးနှီးလည်း မနေတာ့ပေ။ ကောင်းဖန်သည် သူ့မျက်လုံးထဲတွင် ပြောင်းလဲမှုအားလုံးကို ဖမ်းစားနိုင်ပြီး ထိုအခြေအနေကို ပြောင်းလဲပစ်ရန် ကြံရွယ်ထားသော်လည်း ရလဒ်မှာ ဆန့်ကျင်ဘက်ဖြစ်နေသောကြောင့် အချိန်အတော်ကြာပြီးနောက်တွင်တော့ ကောင်းဖန်က ၎င်းတို့အား အတင်းအကြပ်မလုပ်ချင်တော့ပေ။
အကြီးအကဲများကောင်စီမှ အကြီးအကဲများကို ကောင်းဖန်က ရာထူးတိုးပေးပြီး သူနှင့် အရင်းနှီးဆုံးသူများကို ရွေးချယ်လိုက်သည်။ သူတော်စင်အဆင့် သားရဲလေ့ကျင့်သူ စုစုပေါင်း ၇၆ ယောက်ရှိသော်လည်း အကြီးအကဲနေရာမှာ ဆယ်ခုသာ ရှိသည်။
ကောင်းဖန်သည် ပြုပြင်ပြောင်းလဲရေးသမားများ မလိုအပ်ပေ။ အလုပ်ပြီးမြောက်အောင် လုပ်နိုင်တဲ့ သူများကိုသာ လိုအပ်သည်။ ကောင်းဖန်သည် ဦးဆောင်ခြင်းမပြုသော်လည်း သူ့မိသားစု၏ တောင်ပိုင်းကောင်းကင်အဖွဲ့အစည်းသည် လူထောင်ပေါင်းများစွာကို စီမံခန့်ခွဲနိုင်သည့် အလွန်ကြီးမားသောကော်ပိုရေးရှင်းတစ်ခုလည်းဖြစ်သည်။ သူက ဘယ်သူ့ကိုမှ တိုက်ရိုက်မဦးဆောင်ဖူးပေမဲ့ တခြားသူတွေက ဦးဆောင်တာကို မြင်ဖူးတဲ့အတွက် ကောင်းဖန်အတွက် အုပ်စုတစ်ခုကို စီမံခန့်ခွဲဖို့ အခြေခံအရည်အသွေးနဲ့ အခြေအနေတွေကို သိရှိနေသည်။
မျိုးနွယ်စုလမ်းကြောင်းပေါ်ရောက်သွား ပြီးနောက် ကောင်းဖန်သည် သူထွက်ခွာဖို့အတွက် စဉ်းစားလိုက်သည်။
လူ့သဘာဝသည် အရှုပ်ထွေးဆုံးဖြစ်သည်။ မျိုးနွယ်စုတစ်ခု၏ ရေရှည်သာယာဝပြောမှုနှင့် ခေါင်းဆောင်၏ တည်ငြိမ်သော အနေအထားသည် အသက်ကယ်တင်ခြင်းကျေးဇူးတော်အပေါ် မမူတည်ပေ။ အဲဒါနဲ့ ဝေးကွာသည်။
တစ်ရက်၊ တစ်လ၊ တစ်နှစ်က ပြဿနာမဟုတ်ပေမယ့် ဆယ်နှစ်၊ နှစ်တစ်ရာကြာရင်တော့ ကွဲပြားမှုတစ်ခု ရှိနေမှာပင်။ ကောင်းဖန်ကို အကြီးအကဲအဖြစ် ကိုယ်တိုင်ကိုယ်ကျ ခန့်အပ်ထားသူများပင်လျှင် ယဉ်ကျေးသိမ်မွေ့မှုမှ ဖော်ရွေမှုနည်းသော သဘောထားသို့ ပြောင်းလဲသွားလိမ့်မည်။ ၎င်းသည် လူ့သဘာဝ၏ ယုတ်ညံ့မှုဖြစ်သည်။
ကောင်းဖန်သည် လူတိုင်း၏လူ့သဘောသဘာဝကိုဖော်ပြရန် ယေဘုယျပြောဆိုချက်ကိုအသုံးပြုခြင်းသည် ရယ်စရာကောင်းသည်ဟု အမြဲယုံကြည်မိသည်။ ကျောက်တုံးပေါင်တစ်ထောင်တောင်မှ ကွဲပြားလျှင် လူသားတစ်ထောင်သည် ပြောစရာမလိုအောင် ကွဲပြားပေလိမ့်မည်။ လူတွေက အကောင်းနှင့်အဆိုး ကွဲပြားသည်။ ကောင်းဖန်သည် လက်ရှိလူများ၏ ရိုးသားမှုကို မြင်နိုင်သော်လည်း လူတစ်ဦး၏ အတွင်းစိတ်ကိုတော့ မမြင်နိုင်ပေ။
သုံးလအကြာတွင်တော့ လီမျိုးနွယ်စုသည် လမ်းကြောင်းမှန်ပေါ်ရောက်လာသည်။
“အလင်းလှိုင်း... ဒီဓားသွားတစ္ဆေကို မင်း ဘယ်လိုနားလည်ထားလဲ” ကောင်းဖန်က သူ့လက်ထဲက ခွက်ကို ချလိုက်ပြီး ခြံအပြင်ကနေ ဝင်လာတဲ့ အလင်းလှိုင်းကို မေးလိုက်သည်။
အလင်းလှိုင်းက သူ့လက်နှစ်ဖက်ကို ခန္ဓာကိုယ်နှစ်ဖက်ပေါ်တင်ပြီး “တိုက်ခိုက်ဖို့ အဆင်သင့်ဖြစ်ပြီ” ဟု အေးစက်စွာ ပြန်ဖြေလိုက်သည်။
ဂိုဒီက သူ့ပုံစံကိုလှောင်ပြောင်လိုက်သည်။ ဂိုဒီ၏စကားအရ ၎င်းသည် လူကြီးအဝတ်အစားများဝတ်ဆင်ထားသည့် ကလေးတစ်ယောက်နှင့်တူသည်ဟု ဆိုသည်။ ဒီစကားမှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ... ဂိုဒီသည် ၎င်း၏မှတ်ချက်ကြောင့် မိုင်ပေါင်း နှစ်ထောင်ကျော်ပတ်ပြေးလိုက်ရသည်။
အလင်းလှိုင်းသည် ၎င်း၏ လက်နှစ်ဖက်လုံးကို မြှောက်လိုက်ပြီး အဖြူရောင် ရောင်ခြည်နှစ်ခုသည် ၎င်း၏ ခန္ဓာကိုယ်၏ ဘယ်ဘက်နှင့် ညာဖက်ခြမ်းတွင် စီးဆင်းနေသည်။ ၎င်းသည် ဓါးပုံသဏ္ဍာန်အဖြစ်သို့ ပြောင်းလဲသွားသည်။ ၎င်းမှာ အလင်းလှိုင်း အသစ်ရရှိထားသော စွမ်းရည်ဖြစ်သည့် ဓားသွားဝိဉာဉ်အဆင့် ၈ ဖြစ်သည်။ ရန်သူကို ၎င်း၏ဓါးလက်ဖြင့် တိုက်ခိုက်သည့်အခါတိုင်း ဓါးသွားနောက်ဆက်တွဲ ထိခိုက်မှုစွမ်းအားကို ပေါင်းထည့်နိုင်သည်။
ဓားသွားဝိဉာဉ်သည် စိတ်ဆန္ဒနှင့် အမျိုးအမည်မသိသော ဒြပ်စင်များပေါင်းစပ်မှုမှ ဖြစ်ပေါ်လာသော အထူးစွမ်းအင်တစ်ခုဖြစ်သည်။ ရန်သူကို တိုက်ခိုက်ရာတွင် သို့မဟုတ် တူညီသောဒြပ်စင်၏ ရန်သူကို တိုက်ခိုက်သောအခါတွင် ကြီးမားသော စွမ်းအားရှိပြီး ပြင်းထန်သော သက်ရောက်မှုများရှိသည်။ စမ်းသပ်ပြီးနောက်တွင် ရန်သူ၏စိတ်ပိုင်းဆိုင်ရာ ပျက်စီးမှုသည် ပို၍ထင်ရှားပုံပေါ်သည်၊၊ ဆန္ဒသည် ဓါး၏ဖွဲ့စည်းမှုဖြစ်သောကြောင့် ဖြစ်နိုင်သည်။
“မင်းတို့အားလုံး ကျိုးထယ်စန်နဲ့ ပြန်သွားရမယ်.. မင်းတို့အားလုံးမှာ မြေပုံတွေရှိပြီး မင်းတို့ရဲ့ခွန်အားကြောင့် နတ်ဘုရားတစ်ပိုင်းအထက် သတ္တဝါတစ်ကောင်နဲ့ မကြုံသရွေ့ အန္တရာယ်ရှိမှာမဟုတ်ဘူး... ပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေကိုငါပြောပြပြီးပြီ” ထိုသို့ပြောပြီးနောက် ကောင်းဖန်၏ ညာလက်မသည် နှင်းဖြူရောင် စပါးစေ့များကို ညှစ်ထုတ်လိုက်သည်။ ဂုံးဖြူလေးသည် အဲဒါကို မစောင့်နိုင်ဘဲ မျိုချလိုက်ပြီး ၎င်း၏ ပန်းရောင်လျှာသည် အခွံမှ ထွက်ကာ ကောင်းဖန်၏ လက်မကို နမ်းလိုက်သည်။