← Chapters

အခန်း (၇၂၁-၇၂၄)

Vol. 46 Ch. 721-724

အခန်း (၇၂၁-၇၂၄)

Vol. 46 Ch. 721-724

အခန်း ၇၂၁ သူ့ပခုံးပေါ်က နေနှင့်လ

ကောင်းဖန် ပြုံးနေမိသည်။

မရေမတွက်နိုင်သော သားရဲအလောင်းများပေါ် ထိုကဲ့သို့ သေခြင်းတရားလေထုနှင့် သွေးစားခြင်းများကို တည်ဆောက်ထားခြင်း ဖြစ်သည်။ ထိုနေရာသည် လူသတ်ကွင်းတစ်ခုဖြစ်သည်။ ထို့‌ကြောင့် သားရဲအလောင်းတွေများလာလေလေ အသားအနှစ်ကို ထုတ်ယူနိုင်လေလေဖြစ်သည်။ သေမင်းလေထုက ပိုသိပ်သည်းလေလေ ဒန်ဘီက အဆင့်တက်တာ ပိုမြန်လေပင်။ ဤကဲ့သို့ စစ်မြေပြင်ကျယ်မျိုးသည် ဒန်ဘီ၏ နိဗ္ဗာန်ဘုံဖြစ်သည်။

ရင်ပြင်အပြင်ဘက်တွင် ရပ်ကွက်တစ်ခုရှိသည်။ ထိုအပန်းဖြေစခန်းတွင် အမိုးပွင့် အိမ်ကြီးများရှိသည်။ အိမ်တွေက အရမ်းကြီးပေမယ့် ဒီသားရဲ အရွယ်အစားများနှင့်ယှဉ်ရင် သူတို့က နည်းနည်းကျဉ်းနေလိမ့်မည်။ သူတို့ အိပ်ရန်အတွက်သာလုံလောက်သည်။

လမ်းတစ်လျှောက်တွင် ကောင်းဖန်သည် သားရဲနှင့် သားရဲလေ့ကျင့်သူအနည်းငယ်နှင့် တွေ့ဆုံခဲ့သည်။ ဒဏ္ဍာရီဆန်အဆင့် သားရဲ အချို့ကိုပင် သူမြင်ခဲ့သည်။

“ကောင်းဖန်... ဒီခွေးက ငါ့ရဲ့ ဟက်စကီးအမျိုးအစားနဲ့တူတယ်... အဲဒီမျက်ခုံးတွေ၊ နှာခေါင်းနဲ့ အဲဒီမျက်လုံးတွေကို ကြည့်လိုက်ဦး...အဲဒါက ရန်လိုနေတဲ့ပုံပဲ...” ဂိုဒီသည် ကလေးငယ်လေးတစ်ယောက်က အသစ်အဆန်းကို ပထမဆုံးမြင်ရသကဲ့သို့ ပြောပြနေသည်။ ခပ်လှမ်းလှမ်းတွင် ရေတံခွန်ကဲ့သို့ ရှည်လျားစွာ ကျဆင်းနေသော အမွှေးများနှင့် နီရဲနေသည့် ခေါင်းသုံးလုံးရှိ ခွေးတစ်ကောင်သည် ဂိုဒီကို ကြည့်ပြီး နောက်ဆုတ်သွားသည်။ ကောင်းဖန်သည် ဂိုဒီ ညွှန်ပြသည့် သားရဲကို တွေ့လိုက်သည်။ ၎င်းသည် အဆင့် ၉၄ ခေါင်းသုံးလုံးငရဲခွေး (မူကွဲ) ဖြစ်သည်။

ထိုနေရာရှိ သားရဲအများစုသည် အရှင်သခင်အဆင့်နှင့် အထက်အဆင့်များဖြစ်သည်။ အနည်းဆုံး အရှင်သခင်အဆင့် မဟုတ်လျှင်လည်း ၎င်းတို့သည် အမြောက်စာအဖြစ်သာ ရှိဖို့သာ ရှိတော့သည်။ အသူရာချောက်ကမ္ဘာမှ ထွက်လာသော သားရဲများသည် အနည်းဆုံး ဧကရာဇ်အဆင့်ဖြစ်သည်။

အကယ်၍ ဧကရာဇ်အဆင့်မဟုတ်လျှင်တော့့ အမြောက်စာအဖြစ်ရှိရန်ပင် အရည်အချင်းမပြည့်မီပေ။ အရှင်သခင်အဆင့်နှင့် အထက်ရှိသူသာလျှင် ဤစစ်မြေပြင်တွင် ရှင်သန်နိုင်သည်။

“ဒါက ပိဖန်အိုကြီးပြောတဲ့ သတ်ဖြတ်ခြင်းဇယား ဖြစ်ရမယ်..” ကောင်းဖန်သည် သူ့ခြေလှမ်းများကို ရပ်လိုက်သည်။ ဤဒေသရှိ ကောင်းကင်ယံတွင် ကြီးမားသော အဆင့်သတ်မှတ်ချက်ဇယားတစ်ခု ပျံဝဲနေသည်။ ဇယားတွင် သားရဲများ၏ မဆင်မခြင် အော်ဟစ်နေကြသည့် ပုံများရှိသည်။ ပုံတစ်ခုစီကို ”နတ်ဘုရားတစ်ပိုင်း အဆင့် သတ်ဖြတ်ခြင်း - ၁၅၆၊ သူတော်စင်အဆင့် သတ်ဖြတ်ခြင်း -၂၅၈၇” စသည်ဖြင့် ကိန်းဂဏန်းများအလိုက်လုပ်ထားသည်။

“အဲဒါက ထိပ်ဆုံးပဲလား” ကောင်းဖန်က ရေရွတ်လိုက်သည်။ ဤအရာများသည် ထိပ်တန်းအဆင့်ရှိ သားရဲများ၏ ကိန်းဂဏန်းများဖြစ်သည်။ လက်ရှိ ပထမနေရာသည် မယုံနိုင်လောက်အောင် ချောမောလှပသည့် အနက်ရောင် တာ့ဖန်ဖြစ်ပြီး အမွေးများသည် ရွှေအိုရောင်ဖြင့်တောက်ပြောင်နေသည်။

တာ့ဖန်၏နောက်ကျောတွင် အနက်ရောင်နေနှင့် အနက်ရောင်လကို ၎င်းပခုံးပေါ်တင်ထားသည်။

[သားရဲ အမည်] - ထာဝရညလင်းတ

[သားရဲ စွမ်းရည်ဆင့်] - ထာဝရ/ ထာဝရ

[သားရဲ အဆင့်] - အဆင့် ၉၉

[သားရဲ အမျိုးအစား] - အမှောင်

[ကိုးကွယ်သည့် အပိုင်း] - မျက်လုံးများ၊ အတောင်များ၊ ခြေသည်းများ၊ နှုတ်သီး၊ အမွေးများ၊ အူများ

[သားရဲ နယ်နိမိတ်] - ညနယ်ပယ်

[သားရဲ စွမ်းအင်] - အလင်းအလျှင် အဆင့် ၁၀၊ နတ်ဘုရားစွမ်းအားအဆင့် ၁၀၊ အမှောင်ထိန်းချုပ်ခြင်းအဆင့် ၁၀၊ အလင်းဒြပ်စင် ခုခံနိုင်ခြင်း

[သားရဲ လက္ခဏာများ] - အမှောင်ရောင် နေနှင့်လ (နေ၊ လနှင့် အမှောင် စွမ်းအားတို့၏ အနှစ်သာရမှ ပေါင်းစပ်ထားသော ၎င်းပခုံးပေါ်တွင် ပေါက်နေသည့် အမှောင် နေနှင့် လ ဖြစ်သည်။

အကျိုးသက်ရောက်မှု ၁ - အမှောင်နေနှင့်လသည် ပျက်စီးသွားသောအခါ သို့မဟုတ် ပျော်ဝင်သောအခါ ၎င်းတို့သည် နေ၊ လ၏ အနှစ်သာရကို စုပ်ယူပြီး အမှောင်ထု၏ စွမ်းအားကို သက်တမ်းတိုးနိုင်သည်။

အကျိုးသက်ရောက်မှု ၂ - ထာဝရည လင်းတသည် အမှောင် နေနှင့် လတို့ကို ၎င်း၏တိုက်ခိုက်မှုများတွင် ပေါင်းစပ်နိုင်သည်။ ၎င်းတို့တွင် အလွန်အမင်းပြင်ထန်သော အပူနှင့် အအေးဓာတ် နှစ်မျိုးလုံးရှိသည်။ ၎င်းတို့ကို ထာဝရညလင်းတ၏ အပြင်ဘက် အင်္ဂါများအဖြစ် ရှုမြင်နိုင်သော်လည်း ၎င်းအား အပျက်သဘောဆောင်သော သက်ရောက်မှု မရှိပေ။

ညတစ္ဆေ (ထာဝရညလင်းတသည် ညအချိန်တွင် သို့မဟုတ် မှောင်မိုက်သောပတ်ဝန်းကျင်တွင် ရွေ့လျားနေသောအခါ ၎င်း၏လုပ်ဆောင်ချက်များသည် တစ္ဆေကဲ့သို့ တိတ်ဆိတ်နေနိုင်သည်။)

အကျိုးသက်ရောက်မှု ၁ - ၎င်း၏အမြန်နှုန်းသည် ညအချိန်တွင် သို့မဟုတ် မှောင်သောပတ်ဝန်းကျင်တွင် တိုးလာသည်။

အကျိုးသက်ရောက်မှု ၂ - ရွေ့လျားသွားသည့်အခါ ဖြစ်ပေါ်လာသော ဆူညံသံများကို အမှောင်ပတ်ဝန်းကျင်တွင် စုပ်ယူသည်။

အရိပ်အမြွက် - တိုက်ခိုက်မှုများကြောင့် ပေါ်လာသော ရုန်းရင်းဆန်ခတ်မှုကို စုပ်ယူမည်မဟုတ်ပေ။

ညအချိန် (ထာဝရညလင်းတ၏ အမှောင်ထုကို ကျွမ်းကျင်ပိုင်နိုင်သည့် သဘာဝလက်ဆောင်က ၎င်းအား ညအချိန်ကို ဆင့်ခေါ်စေသည်။)

အကျိုးသက်ရောက်မှု ၁ - အသက်သွင်းပြီးသည်နှင့် ထာဝရညလင်းတသည် ညအချိန်ကို ဆင့်ခေါ်မည်ဖြစ်သည်။ ၎င်းရောက်သည့် အချင်းဝက်အတွင်း ပတ်ဝန်းကျင်သည် မှောင်မိုက်နေလိမ့်မည်။ ထိခိုက်ခံရသောဧရိယာ၏အရွယ်အစားသည် ထာဝရညလင်းတ၏ ခွန်အားပေါ်တွင်မူတည်သည်။

အကျိုးသက်ရောက်မှု ၂ - ထာဝရညလင်းတမှ ဆင့်ခေါ်ထားသော ညအချိန်ကို ဒြပ်သက်သက်အဖြစ် သဘောထားနိုင်သော်လည်း ၎င်းသည် အသိတရားကင်းမဲ့သည်။

အကျိုးသက်ရောက်မှု ၃ - ညအခါတွင် ပြိုင်ဘက်၏ အမြင်နှင့် အခြားအာရုံများ အလွန်အားနည်းသွားလိမ့်မည်။ ၎င်းတို့သည် ထာဝရညလင်းတနှင့် ခွန်အားကွာခြားလွန်းပါက ၎င်းတို့၏ အာရုံခြောက်ပါးကို လုံးဝပိတ်ဆို့သွားမည်ဖြစ်သည်။

[သားရဲ ဖော်ပြချက်] - ထာဝရစွမ်းရည်ဆင့်ရှိသော သားရဲ တစ်ကောင်သည် အလွန်ကောင်းသော လက်ဆောင်မွန်ဖြစ်သည်။ အဆင့်မြှင့်တင်ခြင်းသည် စွမ်းရည်ဆင့်ကိုကျဆင်းစေမည်မဟုတ်ပေ။ ထာဝရစွမ်းရည်ဆင့်ဖြင့်န ထာဝရညလင်းတ၏ တိုက်ခိုက်နိုင်စွမ်းကို ပညတ်တစ်ခုထက်နည်းသော မည်သည့်တိုက်ခိုက်မှုကမှ လျှော့ချနိုင်မည်မဟုတ်ပေ။ ဒဏ်ရာများသည် ၎င်း၏ တိုက်ခိုက်ရေးစွမ်းရည်ကို မထိခိုက်စေနိုင်ပေ။

ကောင်းဖန်သည် ဖော်ပြချက်အသစ်ကို မရှာဖွေမီ ဤဖော်ပြချက်ကို လေ့လာရန် အချိန်အတော်ကြာခဲ့သည်။ ဤထာဝရအဆင့်သည် ဂိမ်းများမှ “ဟီးရိုးပုံစံ” နှင့် ခပ်ဆင်ဆင်တူသည်။ စည်းမျဥ်းအောက်ရှိ အပျက်သဘောဆောင်သည့် အခြေအနေများအားလုံး ၎င်းကို မထိခိုက်စေနိုင်ပေ။

ညအချိန်ကြောင့် အမြင်အာရုံ ပျက်စီးခြင်း နှင့် ညတစ္ဆေ၏ အကျိုးသက်ရောက်မှုများ ကြောင့် ထာဝရညလင်းတသည် ရေထဲမှ ငါးနှင့်တူသည်။ ထို့ကြောင့် အမှောင်နေနှင့်လသည် ၎င်း၏စွမ်းအားကို တိုးမြင့်လာစေသဖြင့် သတ်ဖြတ်ခြင်းဇယားတွင် ပထမအဆင့်ရရှိသည်မှာ အံ့သြစရာမဟုတ်ပေ။

နောက်ပြီး ထာဝရစွမ်းရည်ဆင့်၏ ပုံမှန်မဟုတ်ဆုံးအရာသည် မတုန်လှုပ်ခြင်းဖြစ်သည်။ ပညတ်ချက်များသည် နတ်ဘုရားအဆင့် သားရဲများ၏ သီးသန့်စွမ်းရည်တစ်ခုဖြစ်သောကြောင့် နတ်ဘုရားအဆင့်အောက် ပြိုင်ဘက်များနှင့် ရင်ဆိုင်ရသည့်အခါ ထာဝရစွမ်းရည်ဆင့်သည် အမြဲတမ်း အမြင့်ဆုံးစွမ်းရည်ဖြစ်သည်။

ပိဖန်၏ အဆိုအရ ဤသတ်ဖြတ်မှုဇယားကို နတ်ဘုရားအဆင့် ကောင်းကင်ဘုံဂူသားရဲမှ ရေးသားခဲ့ခြင်းဖြစ်သည်။

ကောင်းကင်ဘုံဂူသားရဲ၏ ခန္ဓာကိုယ်သည် အာကာသထဲတွင် လွင့်မျောနေသော မျက်လုံးကြီးတစ်ခုဖြစ်ပြီး အခြားသော မျက်လုံးသားရဲများနှင့် မတူဘဲ ကောင်းကင်ဘုံဂူသားရဲတွင် အခွံနှင့်တူသော အပြင်ပိုင်းရှိသည်။ အန္တရာယ်ရှိသော အခြေအနေများတွင် အတွင်းပိုင်းကို နူးညံ့သော ခန္ဓာကိုယ်ကို ကာကွယ်ရန် အပြင်ပိုင်းကို ပိတ်ထားသည်။

ကောင်းကင်ဘုံဂူသားရဲတိုင်းတွင် တူညီသောစိတ်ဝင်စားမှုမှာ ပြင်းပြင်းထန်ထန် သိချင်စိတ်ရှိကြခြင်း ဖြစ်သည်။

သူတို့၏ စူးစမ်းချင်စိတ်က သူတို့ကို သေစေတတ်သည်။ နတ်ဘုရားအဆင့်သို့ ရောက်အောင် ဆောင်ရွက်နိုင်သည့် ကောင်းကင်ဘုံဂူသားရဲသည် အမှန်တကယ် ကံကောင်းသူ အနည်းငယ်ထဲမှ တစ်ကောင်ဖြစ်သည်။

ပိဖန်၏ အဆိုအရ မျက်လုံးသုံးလုံးမြွေဟုခေါ်သည့် သားရဲတစ်ကောင်သည် ကောင်းကင်ဘုံဂူသားရဲများကို အစာအတွက် လိုက်လံရှာဖွေခဲ့ဖူးသည်။ ကောင်းကင်ဘုံဂူသားရဲများသည် အန္တရာယ်ကို သတိပြုမိသောအခါ ၎င်းတို့၏ အခွံများထဲသို့ ဆုတ်ခွာသွားခဲ့သည်။ ၎င်းတို့၏အခွံများသည် အလွန်တောင့်တင်းပြီး အကျိုးသက်ရောက်မှုရှိသည်။ မျက်လုံးသုံးလုံးမြွေများသည် ၎င်း၏အကာကို မဖြတ်ကျော်နိုင်ပေ။

လက်တွေ့တွင်တော့ မျက်လုံးသုံးလုံးမြွေတွေသည် အခွံတွေကို ချိုးဖျက်ဖို့ မလိုအပ်ပေ။ သူတို့၏ ကြာရှည်သော အမဲလိုက်ခြင်း အတွေ့အကြုံကြောင့် သူတို့သည် သွေးဆောင်မှုနှင့် စိတ်ကူးစိတ်သန်းအပြည့်ရှိသော အသံများကို တုပနိုင်သည့် ချော့မော့သည့်စွမ်းရည်ကို သင်ယူခဲ့ကြသည်။ ကောင်းကင်ဘုံဂူသားရဲတစ်ကောင်သည် ထိုအသံကိုကြားသောအခါ အသံ၏အရင်းအမြစ်ကိုရှာဖွေရန် ၎င်း၏အခွံကိုဖွင့်လာတတ်ကြသည်။

ထို့အခါ မျက်လုံးသုံးလုံးမြွေသည် ကောင်းကင်ဘုံဂူသားရဲ၏ အခွံထဲသို့ ဝင်ကာ တစ်ခါတည်းကိုက်သတ်ပစ်လိုက်တော့သည်။

ကောင်းကင်ဘုံဂူသားရဲများသည် အလွန်ထက်မြတ်ခြင်းမရှိသော်လည်း ထူးခြားသောမှတ်ဉာဏ်တစ်ခုအပြင် အမြင်အာရုံနှင့် အသိဉာဏ်ပါရှိသည်။

“ဒီအကောင်သာ ပါပါရာဇီဖြစ်ရင် မယုံနိုင်စရာပဲ”

***

သားရဲလေ့ကျင့်သူ

အခန်း ၇၂၂ အညစ်အကြေးများကို စားသုံးခြင်း

ထာဝရစွမ်းရည်ဆင့်၊ အဆင့် ၉၉..

ကောင်းဖန်တိတ်တိတ်ဆိတ်ဆိတ် အကဲဖြတ်ကြည့်လိုက်သောအခါ သူ့သားရဲများသည် နတ်ဘုရားပစ္စည်းများကို အသုံးမပြုပါက ၎င်းကို ဆန့်ကျင်ရန် အခွင့်အရေး မရနိုင်ပေ။

သူတို့ရဲ့စွမ်းရည်ဆင့်တွေက အရမ်းနိမ့်သောကြောင့် ဖြစ်သည်။

ဂိုဒီနှင့်ဒန်ဘီက အဲဒီစွမ်းရည်ဆင့်ရောက်ရင်တော့ တိုက်နိုင်ကြမှာ ဖြစ်သည်။

ဒါပေမယ့် အဲဒါကို သတ်ဖို့တော့ ခက်လိမ့်မည်။ ညအချိန်ကို သုံးရင် သူတို့ နောက်ကို လိုက်နိုင်မှာ မဟုတ်ပေ။

သတ်ဖြတ်ခြင်းဇယားမှ ၎င်းနောက်တွင်ရှိသော သားရဲလေးကောင်သည် ဒဏ္ဍာရီဆန်စွမ်းရည်ဆင့်ဖြစ်သည်။ ၎င်းတို့၏အဆင့်များသည် နတ်ဘုရားတစ်ပိုင်း အထွတ်အထိပ်အဆင့်တွင်ရှိသည်။

တစ်ကောင်ချင်းစီတွင် အထင်ကြီးလောက်စရာ မှတ်တမ်းတွေ ရှိသည်။ အနိမ့်ဆုံးသည်ပင် နတ်ဘုရားတစ်ပိုင်းအဆင့် သားရဲ တစ်ဒါဇင်ထက်မနည်း ကို သတ်ထားသည်။

ကမ္ဘာ့စက်၀န်း စစ်မြေပြင်ကို စစ်မြေပြင်ဟု ခေါ်တွင်သော်လည်း လက်တွေ့တွင် ၎င်းသည် ပြန့်ပြူးသော မြေပြင်ပေါ်တွင်ရှိသော ကမ္ဘာငယ်လေးဖြစ်သည်။ ၎င်း၏အကျယ်ကတော့ မသေးငယ်ပေ။

တိုက်ပွဲကာလကြာသောကြောင့် ဤဒေသရှိမြေဆီလွှားသည် အနီရောင်ဖြစ်နေသည်။ တစ်လက်မချင်းစီမှာတောင် သွေးတွေရွှဲနေပုံပင်။

သုံးရက်တိုင်းတွင် အသူရာချောက်သားရဲများတိုက်ခိုက်လေ့ရှိကြသည်။ ရက်ပေါင်း ၃၀ တိုင်းတွင် သွေးထွက်သံယို တိုက်ပွဲတစ်ခု ဖြစ်ပွားလျက်ရှိသည်။

နောက်ဆုံး သွေးထွက်သံယို တိုက်ပွဲသည် လွန်ခဲ့သော နှစ်ရက်က ပြီးဆုံးသွားခဲ့သည်။

ကြေးချွတ်သန့်စင်ဘုံကိုဖွင့်ပြီးကတည်းက နဝမမြောက်ကောင်းကင်ဘုံသည် ဤနေရာကို စစ်ရေးပြကွင်းအဖြစ်သက်မှတ်ခဲ့သည်။ အသူရာချောက်ကမ္ဘာသည်လည်း ၎င်း၏ အသန်မာဆုံး နတ်ဆိုးများကို ရွေးချယ်ရန် ဤစစ်မြေပြင်ကို အသုံးပြုခဲ့သည်။

သူတို့နှစ်ဦးကြားတွင် ထူးဆန်းသော သဘောတူညီချက်တစ်ခု ပေါ်ပေါက်လာခဲ့သည်။

နဝမမြောက်ကောင်းကင်ဘုံတွင်သာမက အသူရာချောက်ကမ္ဘာတွင်လည်း အသူရာချောက်ထဲမှ နတ်ဆိုးများ များလာသည်။

သွေးထွက်သံယိုတိုက်ပွဲတွင် နတ်ဆိုးများစွာပါဝင်ခဲ့သဖြင့် အချို့သော နတ်ဆိုးများသည် စစ်မြေပြင်သို့ ဆက်လက်လှည့်လည်သွားခဲ့ကြသည်။

ထိုနတ်ဆိုးများသည် အဆင့်မမြင့်ကြပေ။ ဂိုဒီသည်ပင် ၎င်းတို့အများစုကို တစ်ချက်တည်းဖြင့် အပြီးသတ်နိုင်သည်။

“ဟမ်... ဒါတွေက အသူရာချောက်က နတ်ဆိုးတွေလား” ကောင်းဖန်သည်လမ်းလျှောက်နေရာမှ ရပ်လိုက်သည်။

“ဒီနတ်ဆိုးတွေကို ပူးကပ်ထားတာ... သူတို့ကို ထိန်းချုပ်ထားတဲ့ ပြင်းထန်တဲ့ စိတ်စွမ်းအားတွေ ရှိတယ်..” ဟု ပင်လယ်ဝတုတ်က လေးလေးနက်နက် ပြောလိုက်သည်။

အဝေးတွင် လွင့်မျောနေသော ပန်းရောင်ဖျော့ဖျော့ မျက်လုံးတစ်လုံးရှိနေသည်။ မျက်လုံးအောက်တွင် လက်တံများကို ဖြန့်ထားသည်။ ၎င်းကို စောင့်ကြည့်ရုပ်ဆိုးမျက်လုံးဟုခေါ်သည်။ ၎င်းသည်လှည့်စားနိုင်စွမ်းရှိသည်။

၎င်းကို အသူရာချောက် နတ်ဆိုးများက ဝိုင်းရံထားသည်။

ဤနတ်ဆိုးများ၏အသွင်အပြင်သည် ကောင်းဖန်အထင်အမြင်နှင့် များစွာကွာခြားခြင်းမရှိပေ။

အနီရောင်အရေပြား၊ ဦးချိုချွန်များနှင့် ၎င်းတို့ကျောတွင် အတောင်ပံများရှိကာ လူသားပုံစံဖြစ်သည်။

၎င်းတို့သည် အတွေ့များသော နတ်ဆိုးများဖြစ်သည်။ ကောင်းဖန်မြင်ရသော ဖော်ပြချက်များအရ သူတို့ကို “နတ်ဆိုးကြီး” ဟု ခေါ်သည်။

နတ်ဆိုးကြီး၏အဓိကစွမ်းရည်များမှာ ခွန်အားချဲ့ထွင်ခြင်းနှင့် ကိုယ်လုံးကိုယ်ပေါက်ချဲ့ထွင်ခြင်း တို့ဖြစ်သည်။ သူတို့သည် အသူရာချောက် နတ်ဆိုးရောင်ဝါ အခြေခံ ကျွမ်းကျင်မှုလည်း ရှိသည်။

အသူရာချောက်နတ်ဆိုးရောင်ဝါသည် အသူရာချောက်မှ ထုတ်လွှတ်သော ရောင်ဝါဖြစ်သည်။ ပတ်ဝန်းကျင်ကို ညစ်ညမ်းစေသည်။

ကောင်းဖန်၏အကြည့်ကို သတိပြုမိသကဲ့သို့ စောင့်ကြည့်ရုပ်ဆိုးမျက်လုံးသည် ကောင်းဖန်ကို လှည့်ကြည့်လိုက်သည်။ ထို့နောက် တစ်ချက် လှိမ့်လိုက်သည်။ ထိုအခါ ကောင်းဖန်နားကို လက်တံကဲ့သို့ စိတ်စွမ်းအားလှိုင်းများ ရောက်လာသည်။

သို့သော် အဖြူရောင်လက်ချောင်းတစ်ချောင်းသည် ဝင်လာသည့်စိတ်စွမ်းအားကို ဓားနဲ့ထိုးလိုက်ကာ ချက်ခြင်း ကွဲအက်သွားသည်။

သူ့လက်ချောင်းတွေကို ဖွင့်ပြီး ဆုပ်ကိုင်လိုက်တော့ စောင့်ကြည့်ရုပ်ဆိုးမျက်လုံး၏ ခန္ဓာကိုယ်သည် တုန်လှုပ်သွားပြီး အော်ဟစ်သံနဲ့အတူ မီးခိုးတိမ်တိုက်ထဲထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားသည်။

စောင့်ကြည့်ရုပ်ဆိုးမျက်လုံးသေဆုံးပြီးနောက် နတ်ဆိုးကြီးများသည် ၎င်းတို့၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ပြန်လည်ရရှိသွားသည်။

သို့သော် သူတို့ ပြန်လွတ်လာချိန်တွင် ပါးစပ်ကြီးက သူတို့၏ အမြင်အာရုံကို ဖုံးသွားသည်။

“အစ်” ပင်လယ်ဝတုတ်သည် တစ်ချက် လေတက်လိုက်သည်။

“ဒီနတ်ဆိုးတွေအားလုံးက အသူရာချောက်လိုပဲ အရသာရှိလိုက်တာ.. အဲဒါက ငါ့ခေါင်းထဲကို ရောက်နေပြီ” ပင်လယ်ဝတုတ်က ပြောလိုက်သည်။

“အလောင်းကို ချန်ထားဖို့ မင်းကို ငါမပြောမိဘူးလား” ကောင်းဖန်က မနှစ်သက်စွာ ပြောလိုက်သည်။

“အိုး... ခဏနေဦး..” ပင်လယ်ဝတုတ်က သူ့ပါးတွေကို ပွတ်ဆွဲလိုက်သည်။

စက္ကန့်အနည်းငယ်ကြာပြီးနောက် ပျို့တက်လာသည်။

ကောင်းဖန်သည် နှာခေါင်းကို ကိုင်ကာ နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်သည်။ အနံ့က အနည်းငယ်ပြင်းသည်။

“လူမည်းလေး.. ဒီနတ်ဆိုးကနေ မင်းဘာတွေ ဖြိုခွဲနိုင်လဲ ကြည့်လိုက်”

ကောင်းဖန်သည် လူမည်းကလေးကို ဆင့်ခေါ်လိုက်သည်။ သူ၏ ယဇ်ပလ္လင်သည် ၄၀ ရာခိုင်နှုန်းသို့ ပြန်လည် ရောက်ရှိသွားခဲ့ပြီး ၎င်း၏ အထင်ရှားဆုံးပြောင်းလဲမှုမှာ အလောင်းများကို ပိုမိုထိရောက်စွာ ချေမှုန်းနိုင်ခြင်းဖြစ်လာသည်။ ယခင်က အသားအနှစ်ကို ၁၀ ယူနစ်သာ ထုတ်ယူနိုင်သော်လည်း ယခုအခါ တူညီသော အလောင်းမှ အသားအနှစ် ၁၂ ယူနစ်ကို ထုတ်ယူနိုင်ပြီဖြစ်သည်။

သူသည် အလောင်းပေါ်ရှိ အမည်မသိ အကျိအချွဲများကို စိတ်မ၀င်စားပေ။ သူသည် ပြိုကွဲစေရန်အတွက် ယဇ်ပလ္လင်ပေါ်တွင် တင်ထားလိုက်သည်။

ဆယ်စက္ကန့်ကြာသော်အခါ ယဇ်ပလ္လင်ပေါ်၌ အရာဝတ္ထုသုံးခု လွင့်ပျံလာသည်။

[အသူရာချောက် သလင်းကျောက်]၊ [အသား သလင်းကျောက်]၊ [တံတွေးအငံ သလင်းကျောက်]

“ဟေး ဒါနောက်ဆုံးကဘာလဲ”

“ချီးပဲ ပင်လယ်ဝတုတ်.. ရွံစရာကြီး” ကောင်းဖန်က ကျိန်ဆဲလိုက်သည်။

ဂိုဒိသည် [တံတွေးအငံ သလင်းကျောက်] ကို ကောက်ယူပြီး အနံခံလိုက်သည်။

သူက ကောင်းဖန်ကို ခိုးကြည့်လိုက်သည်။ ငါ အရသာခံကြည့်ရင် ကောင်းမလား...

ကောင်းဖန်က သူ့မျက်လုံးတွေကိုမှိတ်လိုက်သည်။ “ ဘဲတစ်ကောင်ကို သင်ခန်းစာပေးဖို့ အချိန်ရောက်ပြီ”

“သခင်... ဒီမြေဆီလွှာကို ဖြိုခွဲလိုက်ဦးမယ်” လူမည်းလေးသည် မြေကြီးပေါ်တွင် ဝပ်နေပြီး ဦးခေါင်းကို မြေကြီးထဲတွင် မြှုပ်ထားသည်။ ထို့နောက် မုန်လာဥနီလို ခေါင်းကို ဆွဲထုတ်ဖို့ မြေကြီးကို တွန်းထုတ်လိုက်သည်။

ကောင်းဖန်က ဂိုဒီ၏နောက်ကနေ ကန်လိုက်သည်။ “စားမနေနဲ့... မြေသာသွားတူးစမ်းပါ”

ဂိုဒီက ဒေါ်သထွက်သွားပြီး သူ့ဖင်ကြီးကို ပွတ်နေသည်။ တစ်ကိုက်လောက် ကိုက်ရုံပဲကို... ဒီလောက် ယုတ်မာနေဖို့ မလိုပါဘူး...

“ကောင်းဖန်...နားထောင်”

“ဘာလဲ”

“မင်းငါ့ကိုမကန်ရင်တောင် ငါတူးပေးမှာပါ” ဂိုဒီက ပြောလိုက်သည်။

ထို့နောက် ဖုန်မှုတ်တစ်တန်ကို ယဇ်ပလ္လင်ပေါ်တွင် တင်လိုက်ပြီး ဖွင့်လိုက်သည်။

နီညိုရောင်မြေကြီးသည် သေးငယ်လာပြီး နောက်ဆုံးတွင် ပဲစေ့အရွယ်အစား အနီရောင်ဖျော့ဖျော့သလင်းကျောက်အဖြစ် ပေါင်းစည်းသွားသည်။

ကောင်းဖန်သည် သလင်းကျောက်ကို ကောက်ယူလိုက်ရာ သူ့အမြင်အာရုံတွင် တောက်ပနေသော ကိန်းဂဏန်းများပေါ်လာသည်။

[အသားအရည် သလင်းကျောက်]

“ဒီမြေဆီလွှာသာ ဆယ်ဆရရင် အသားတစ်ခုလုံး သလင်းကျောက်ဖြစ်အောင် လုပ်လို့ရတယ်...” လူမည်းလေးသည် ယဇ်ပလ္လင်အစွန်းတွင် ထိုင်ကာ ခြေထောက်ကို လွှဲနေသည်။

မြေဆီလွှာတစ်ကုဗမီတာတွင် သုံးတန်ခန့်ရှိသည်။ ဆိုလိုသည်မှာ မြေဆီလွှာ သုံးကုဗမီတာကျော်သည့် အသားပုံသဏ္ဍန်သည် ပြီးပြည့်စုံသော အသားသလင်းကျောက်တစ်ခု ဖြစ်လာနိုင်သည်ဟု ဆိုလိုသည်။

ကောင်းဖန်သည် သူ့ခြေဖဝါးအောက်ရှိ မြေပြင်ကျယ်ကြီးကို ငေးကြည့်ရင်း တွေးတောလိုက်သည်။

….

နောက်တစ်နေ့တွင် သုံးရက်တစ်ကြိမ် ဖြစ်သော အသူရာချောက်ထဲတွင် နောက်ထပ်တိုက်ခိုက်မှုတစ်ခု ဖြစ်သည်။

မီးခိုးရောင်အမိုးခုံးပေါ်တွင် ခရမ်းရောင်အက်ကွဲကြောင်းတစ်ခု ကွဲသွားသည်။

ကောင်းကင်မှာ အခေါင်းပေါက်မျက်လုံးကို ဖွင့်လိုက်သလိုပင်။

မရေမတွက်နိုင်သော ပုရွက်ဆိတ်အရွယ် အစက်အပြောက်များသည် ကောင်းကင်ကို ဖုံးလွှမ်းကာ နေရောင်ကို ဖုံးသွားသည်။ အတောင်ပံတွေ တဖျပ်ဖျပ်ခတ်သံက ကောင်းကင်မှာ ပဲ့တင်ထပ်နေသည်။

တိမင်သည် သန်မာသော နတ်ဆိုးအာဏာရှင်ဖြစ်သည်။ တကယ်တော့ သူသည် သွေးမြစ်ထဲတွင် အသန်မာဆုံး လောက်နတ်ဆိုး တစ်ကောင်ဖြစ်သည်။

မြစ်ထဲတွင်အသန်မာဆုံးနတ်ဆိုးအနေဖြင့် တိမင်သည် စိတ်ပျက်ခြင်းမရှိပေ။ ၎င်းသည် နတ်ဆိုးငယ်လေးမှ မီးနတ်ဆိုး၊ နတ်ဆိုးကြီး၊ နတ်ဆိုးသတ်ဖြတ်သူအထိ၊ နောက်ဆုံးတွင် နတ်ဆိုးအာဏာရှင်တစ်ဦးအထိ ဖွံ့ဖြိုးတိုးတက်လာခဲ့သည်။

“ငါက အသန်မာဆုံးပဲ” တိမင်က သူ့ကိုယ်သူပြောလိုက်သည်။ “အသန်မာဆုံးနတ်ဆိုးက နောက်ဆုံးမှာ စစ်မြေပြင်ကို သိမ်းပိုက်ရမယ်”

တိမင်သည် လွင့်နေသော မီးခိုးရောင်တိမ်တိုက်များဆီသို့ စီးဝင်သွားသည်။

သို့သော် ရုတ်တရက် သူ့ခြေထောက်အောက်က အရာတစ်ခုက သူ့အာရုံကို ဖမ်းစားလိုက်သည်။

“ကောင်းဖန်...မင်းက လူလိမ်ပဲ.. ငါတို့ကို ပြောတော့ ဒီမှာ တိုက်ဖို့ လာတာလို့ပြောတယ်....ဒါပေမယ့် အခု မင်းက ငါ့တိုကို မြေကြီးပဲတူးခိုင်းနေတယ်”

တောင်ခြေရင်းမှာ ဘဲတစ်ကောင်က ရွှေဂေါ်ပြားကြီးကို ကိုင်ထားသည်။ သူသည် မြေကြီးကိုတူးထုတ်ကာ အနက်ရောင် ယဇ်ပလ္လင် အပေါ်ဘက်ခြမ်းတွင် စုပုံထားသည်။

ဒီဘဲရဲ့ဘေးမှာ တခြားသားရဲတွေနဲ့ စုဝေးထိုင်နေတဲ့ လူသားတစ်ယောက်လည်းရှိသည်။

လူသားလား...

တိမင်သည် လွန်ခဲ့သော ခုနစ်နှစ်က လူသားတစ်ဦးကို စားသောက်ဖူးခဲ့ကြောင်း သတိရမိလိုက်သည်။ သူ့အရသာကို လွမ်းတယ်...

သူသည် သူ့ဗိုက်ကို ပွတ်သပ်ရင်း ဦးတည်ချက်ပြောင်းကာ အောက်ကို ဆင်းသွားသည်။

သို့သော် ညာလက်ရုံးတစ်ခုသည် ပင်လယ်ဧကရာဇ်၏ ကိုက်စားဝါးမျိုတက်သောသွားများကို ကိုင်ဆောင်ကာ ဘယ်လက်သည် မဆိုင်းမတွ အထက်သို့ လွင့်နေသော လက်သီးကို ဖန်ဆင်းလိုက်သည်။

ဒိုင်း...

တိမင်၏ ခေါင်း ပေါက်ကွဲသွားသည်။

ဂိုဒီသည် ခန္ဓာကိုယ်အား ဆုပ်ကိုင်လိုက်ပြီး ယဇ်ပလ္လင်ပေါ်သို့ ပြုတ်ကျသွားသည်။

***

သားရဲလေ့ကျင့်သူ

အခန်း ၇၂၃ အလုပ်သမားခေါင်းဆောင် ဂိုဒီ

“အလုပ်လုပ်နေတဲ့ ဂိုဒီက လောကကြီးမှာ အလှဆုံးလို့ထင်တယ်” တာ့ဇီသည် ငါးဆားနယ်ကဲ့သို့ လှဲလျောင်းနေသည်။

“ဂိုဒီကို လျှော့မတွက်နဲ့...သူက ငါတို့ရွာမှာ အကောင်းဆုံးဘဲပဲ” ခြင်္သေ့ဖြူက မှတ်ချက်ပေးလိုက်သည်။

အဝေးတွင် စစ်ပွဲ၏အော်သံများ ပိုမိုကျယ်လောင်လာသည်။ ဤနေရာကတော့ စစ်နှင့်ဝေးရာ နိဗ္ဗာန်ဘုံတစ်ခုလိုပင်။

ဂိုဒီသည် သူ့နဖူးမှာ မရှိသော ချွေးများကို သုတ်လိုက်ပြီး “သခင်.. အစင်းလေးကို ခေါ်တာ ပိုကောင်းမယ်ထင်တယ်.. အစင်းလေးရဲ့ မြေကြီးကို ထိန်းချုပ်နိုင်စွမ်းနဲ့ဆို မြေဆီလွှာကို သယ်ရတာ ပိုမြန်မှာမဟုတ်ဘူးဘား”

“ပိုမြန်ဖို့လား” ကောင်းဖန်က မေးခွန်းထုတ်လိုက်သည်။

“သေချာပါတယ်” ဂိုဒီသည် ခဏလောက် အေးခဲသွားပြီးနောက် ခိုင်မာစွာ ခေါင်းညိတ်လိုက်သည်။

“ငါ့မှာ အစင်းလေးကို မခေါ်ရတဲ့ ကိုယ်ပိုင်အကြောင်းပြချက်တွေရှိတယ်...” ကောင်းဖန်က တိုးတိုးလေးပြောလိုက်သည်။

“ဘာအကြောင်းကြောင့်လဲ”

“ကိုယ့်ဘာသာကိုယ်စဉ်းစား” ကောင်းဖန်က ပြောပြီးသည်နှင့် နောက်ပြန်လှည့်လိုက်သည်။

ဂိုဒီသည် မြေကြီးကို တူးဖော်ရင်း စဉ်ဆက်မပြတ် တွေးတောနေသည်။

အစင်းလေးက အရမ်းကြီးပြီး တခြားသူတွေရဲ့ အာရုံစိုက်မှုကို ခံရလို့လား....

ဒါဖြစ်နိုင်တယ်... အဲဒါဖြစ်ရမယ်...

စစ်ပွဲကာလ ရှည်လျားလာသည်နှင့်အမျှ စစ်မြေပြင်ဧရိယာသည်လည်း ကျယ်ပြန့်လာခဲ့သည်။

အစပိုင်းတွင် နတ်ဆိုးများ ကြိုကြားကြိုကြား အရေအတွက်မျှသာ နှောင့်ယှက်ခဲ့ကြပြီး အဆုံးတွင်တော့ နတ်ဆိုးများ ပိုများလာသည်။

အဲဒီမှာ နတ်ဆိုးငယ်လေးများထောင်နဲ့ချီပြီးတိုက်ခိုက်နေကြသည်။

တာ့ဇီသည် အသက်ပြင်းပြင်းရှူလိုက်သောအခါ သူ၏ ပြင်းထန်ပြီး စူးရှသော အလင်းရောင်အောက်တွင် အေးစက်နေသော ရွှေမျက်လုံးများ မှေးမှိန်သွားသည်။

တာ့ဇီ၏ ခန္ဓာကိုယ်အတွင်းမှ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာသည်။

ရှုပ်ထွေးပွေလီသောလျှပ်စစ်ကြိုးသည် သူ့ခန္ဓာကိုယ်တစ်ဝိုက်ရှိ လျှပ်စစ်စက်ကွင်းတစ်ခုအဖြစ်သို့ တိုးဝင်လာသည်။

လျှပ်စစ်ဓာတ်က လေထုတွင်ပေါ်ပေါက်သွားသည်။

ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။

တာ့ဇီသည် သူ၏ထွားကျိုင်းသော ခြေသည်းများကို မြှောက်ထားလိုက်သည်။

တာ့ဇီ၏ရှေ့ကနေရာတွင် မိုးကြိုးသံများအဆုံးမသတ်နိုင်အောင် ရှိနေသည်။

တာ့ဇီသည် သူအရင်ကမြင်ဖူးသည့် စိတ်ကူးယဉ်ဝတ္ထုထဲက မြင်ကွင်းတစ်ခုကို တွေးလိုက်မိသည်။ စွမ်းအားကြီးသော သူများသည် ရန်သူများကို လက်တစ်ဖက်တည်းဖြင့် နှိမ်နှင်းနိုင်သည့် မြင်ကွင်းဖြစ်သည်။

မိုးခြိမ်းသံတစ်ခုသည် လေထဲတွင် ပေါ်လာသည်။

ဧရာမလက်သည်းကြီးသည် လေထဲတွင်ပေါ်လာကာ ခပ်လှမ်းလှမ်းမှ နတ်ဆိုးအုပ်ကြီးကို လျှပ်စီးလက်တိုက်ခိုက်၍ ထိုဧရိယာကို မိုးကြိုးမုန်တိုင်းငရဲ အဖြစ်သို့ ပြောင်းလဲသွားစေလိုက်သည်။

နတ်ဆိုးများရှိရာတွင် လျှပ်စီးလက်ခြင်းများ ပျောက်ကွယ်သွားသောအခါ ပြာများ ပြန့်ကျဲသွားကာ မီးလောင်နေသောအနံ့နှင့် အပေါက်ကြီးတစ်ခုသာ ကျန်တော့သည်။

တာ့ဇီ မတ်တပ်ထရပ်လိုက်ပြီး သူ့နောက်မှာ သူ့ခြေသည်းနှစ်ချောင်းကို ချထားကာ မာနအပြည့်နဲ့ ပြောလိုက်သည်။ “ငါ့ကို နောင်ဆို ဧကရာဇ်ဇီ လိုခေါ်ကြ”

သို့သော် အတန်ကြာရပ်ပြီးနောက်တွင် မည်သူကမျှ သူ့ကိုမြှောင်ပင့်ခြင်းမရှိသည်ကို တွေ့လိုက်ရပြီးနောက် ရုတ်တရက် အနည်းငယ် ရှက်ရွံ့သွားသည်။ “မင်းတို့ရဲ့ ထိတ်လန့်မှုကို ဖော်ပြတာကို လက်ခံပါတယ်”

နှစ်စက္ကန့်လောက် ငြိမ်သက်သွားပြီးနောက် ဆီလီက သူ့လက်နှစ်ဖက်ကို မြှောက်ပြီး လက်ခုပ်တီးကာ ပြောလိုက်သည်။ “ကျေးဇူးပြုပြီး နားထောင်ပါ.. တာ့ဇီက အရမ်းကို ကြောက်စရာကောင်းပါတယ်...တာ့ဇီက ကြောက်စရာကောင်းတယ်လို့ ပြောပါတယ်”

တစ်ဖက်တွင် နတ်ဆိုးမီးတောက်များ ပတ်လည်ဝိုင်းနေပြီး အသူရာချောက်မှ နတ်ဆိုးနဂါးသည် လှုပ်ရှားမှုအချို့ကို ခံစားလိုက်ရကာ အတောင်ပံများကိုဖြန့်ကာ အပေါ်သို့တက်သွားကြသည်။

ဒီအချိန်မှာ အားလုံးက သတ်ဖြတ်ဖို့ပဲ တွေးနေကြသည်။ ဘယ်သူမှ လေးလေးနက်နက် မတွေးကြပေ။ ရန်သူများရှိရာသို့သာ ပြေးသွားကြသည်။

အထူးသဖြင့် အသူရာချောက်ထဲတွင် ပရမ်းပတာညှဉ်းပန်းမှုတွေနဲ့ ပြည့်နှက်နေသည်။

ဒန်ဘီသည် သူ့ဘေးနားရှိ အဖြူရောင်သားရေစာအုပ်ကို ယူပြီး အသူရာချောက်နက်နဂါးပေါ်သို့ ပစ်ချလိုက်သည်။

ထူးဆန်းသောလှိုင်းလုံးသည် အဖြူရောင်သားရေစာအုပ်ကိုဖြတ်သွားပြီးနောက် အသူရာချောက်နက်နဂါးသည် အတွင်းပိုင်းစွမ်းအားမှာ အင်အားအချို့ ပိတ်မိသွားသည်ကို ရုတ်တရက် ခံစားလိုက်ရသည်။

ထို့နောက် အမြင်အာရုံတွေ မှောင်မိုက်သွားပြီး စာအုပ်တစ်အုပ်က သူ့မျက်နှာကို ရိုက်လိုက်သည်။

၎င်း၏နှာခေါင်းအက်ကွဲသွားပြီး နှာခေါင်းထဲမှာ သွေးထွက်လာသည်။ ဒီစာအုပ်သည် သံမဏိပြားထက် ပိုမာသည်။

နဂါးသည် အလွန်ထိတ်လန့်သွားပြီး ၎င်း၏ အင်အား ၅၀ ရာခိုင်နှုန်းခန့် ကျဆင်းသွားသည်ကို သိရှိလိုက်ရသည်။

ဂိုဒီက ပြောလိုက်သည်။ “မင်း ဒီကိုလာ”

…

“ဒီကမ္ဘာက ဘာလဲ... ငါက နဂါးတစ်ကောင်.. အသူရာချောက်နက် နဂါးလေ..မိုင်းတွင်းအလုပ်သမားမဟုတ်ဘူး” ဟု အသူရာချောက်နက် နဂါးက နှာရည်ယိုပြီး မျက်ရည်ဝဲနေတဲ့ မျက်လုံးတွေနဲ့ ပြောလိုက်သည်။

ဂိုဒီသည် လက်ထဲတွင် ရွှေကြာပွတ်ကို ကိုင်လျက် တောင်စောင်းပေါ်တွင် ရပ်နေပြီး နဂါး၏ နောက်ကျောကို ရိုက်လိုက်သည်။

နဂါးသည် နာကျင်စွာ ငိုကြွေးကာ ပြင်းထန်သော ဒဏ်ရာနှင့် မီးခိုးများ ရိုက်ခတ်ခံရသည့် နေရာတွင် ရှိနေသည်။

“မင်း... မင်း...ဘာရယ်တာလဲ” ဂိုဒီသည် သူ့နံဘေးမှ နတ်ဆိုးအာဏာရှင်တစ်ကောင်၏မျက်နှာကို ရိုက်လိုက်သည်။ နတ်ဆိုးအာဏာရှင်က အော်ဟစ်လိုက်ပြီး သူ့မျက်လုံးထဲမှာ ပြင်းထန်တဲ့ အလင်းတန်းတစ်ခု လင်းလက်သွားသည်။ သူက ခေါင်းကို မြှောက်လိုက်ပြီး ဂိုဒီ၏ မျက်လုံးတွေကို တစ်စက္ကန့်လောက် စိုက်ကြည့်လိုက်ပြီး ခေါင်းကို ပြန်ငုံ့လိုက်သည်။

“သတိထား ဂိုဒီအရမ်းဒေါသထွက်နေပြီ... ဂိုဒီအရမ်းဒေါသထွက်နေပြီ” ဆီလီက လက်ခုပ်တီးပြီး အော်လိုက်သည်။

ထို့နောက် စကားပြောရတာ ငြီးငွေ့လာပုံဖြင့် သူ့နေရာလွတ်က သစ်သီးဖျော်ရည်တစ်ပုလင်းကို ထုတ်ပြီး နှစ်ငုံလောက် သောက်လိုက်သည်။

ကောင်းဖန်က ခေါင်းကုတ်လိုက်သည်။ ဒီငတုံးက ဒါတွေကို ဘယ်သူ့ဆီကနေ သင်ထားတာလဲ....

တစ်ချိန်တည်းမှာပင် အချို့သော သားရဲများနှင့် လူသားများသည် စစ်မြေပြင်နယ်နိမိတ်ရှိ လူနေရပ်ကွက်တွင် စကားပြောရန် စုရုံးနေကြသည်။ ဤသည်မှာ စစ်ပွဲတိုင်းအပြီးတိုင်းတွင် ၎င်းတို့၏ ကန့်သတ်ဖျော်ဖြေမှုတစ်ခုဖြစ်သည်။

“ကျွန်တော်မြင်ခဲ့ရတာကို ခန့်မှန်းကြည့်.... ကြွက်သားတွေနဲ့ ဘဲတစ်ကောင်က နတ်ဆိုးတွေကို တောင်စောင်းမှာ အလုပ်လုပ်ခိုင်းနေတယ်..”

“ဟာဟားဟား... ကျွဲခေါင်းချိန်းခေါင်းဆောင်… မင်းအမှတ်မှားနေတာဖြစ်လိမ့်မယ်... အဲဒီနတ်ဆိုးတွေက အရမ်းတုံးပြီး ဘာလုပ်နိုင်မှာလဲ... မြေကြီးတူးတာကိုလား” သူ့ဘေးမှ ပုတ်သင်ညိုခေါင်းသားရဲ တစ်ကောင်က ရယ်မောလိုက်သည်။

“မင်းက ငါ့ကို မေးခွန်းထုတ်နေတာလား” တောင်ကုန်းအရွယ်ရှိသည့် ကျွဲခေါင်းချိန်းခေါင်းဆောင်သည် စူးစူးဝါးဝါး ပြောလိုက်သည်။

“ငါမဟုတ်ပါဘူး” ပုတ်သင်ညိုခေါင်းသားရဲ၏ရယ်သံ ရုတ်တရက်ရပ်သွားသည်။

ခေါင်းဆောင်က ရက်စက်သည်။ စစ်မြေပြင်မှာ နတ်ဆိုးတစ်စုကို အမဲလိုက်နေတာကိုတောင် သူမြင်ဖူးသည်။

“အင်း.. မင်း ဘာမှ ပြောစရာ မလိုဘူး... ငါသိတယ်.. မင်းကပြဿနာရှာနေတာကြာပြီ မဟုတ်လား... ထောင့်မှာ စကားပြောရအောင်” ဟု ကျွဲခေါင်းချိန်းခေါင်းဆောင်က ညစ်ကျယ်ကျယ် ပြုံးပြီး ပြောလိုက်သည်။

“မဟုတ်ဘူး ငါမင်းကိုယုံပါတယ်...”

သို့သော် တဖြည်းဖြည်း စစ်မြေပြင်ထောင့်တွင် အံ့သြဖွယ်မြင်ကွင်းတစ်ခုပေါ်လာသည်။

တောင်နောက်ဘက်တွင် မရေမတွက်နိုင်သော စွမ်းအားအမျိုးမျိုးရှိသည့် နတ်ဆိုးများရပ်နေပြီး ၎င်းတို့အားလုံးတွင် တူညီသောအရာတစ်ခုရှိသည်။ ၎င်းတို့သည် အလုပ်လုပ်နေကြခြင်း ဖြစ်သည်။

သူတို့က တစ်ခုတည်းကိုပဲ ထပ်ခါထပ်ခါ လုပ်နေပြီး တူးနေကြတာဖြစ်သည်။

အနီးနားရှိ တောင်ကုန်းများတွင် မြေဆီလွှာအများအပြား စုပုံထားပြီး တောင်၏အရွယ်အစားမှာ ဘယ်သောအခါမှ တိုးမလာတော့ပေ။

ကြိမ်ဖန်များစွာ ယဇ်ပလ္လင်ကိုမြေကြီးများနှင့် မြှုပ်နှံထားပြီး မြေအားလုံးကို ယဇ်ပလ္လင်ပေါ်တွင် တင်ထားသည်။

နတ်ဆိုးများ တူးဖော်နေသည့် အလုပ်နှင့် မျှတအောင် ချိန်ညှိကာ ပြီးပြည့်စုံသော နှုန်းထားဖြင့် ယဇ်ပလ္လင်ဖြတ်စက်တွင် အဆက်မပြတ် ပြောင်းလဲနေသည်။

“မြန်မြန်လုပ်”

“မြန်မြန်လုပ်”

“မင်းတို့ရဲ့ စွမ်းဆောင်ရည်က မင်းတို့ရဲ့အလုပ်သမားအုပ်စုနဲ့ ဆက်စပ်နေတယ်... ရှုံးတဲ့အုပ်စုထဲက နောက်ဆုံးလူကို ငါစားပစ်မှာ‌နော်” ဂိုဒီသည် ကြောက်စရာကောင်းသည့် အလုပ်သမားခေါင်းဆောင်အဖြစ် ကျယ်လောင်စွာ အော်ပြောလိုက်သည်။

နောက်ဆုံးတွင် နတ်ဆိုးတစ်ကောင်သည် ကြောက်မက်ဖွယ်ကောင်းသောအလုပ်သမားခေါင်းဆောင်၏ ညှင်းပန်းနှိပ်စက်မှုကို သည်းမခံနိုင်တော့ပဲ ပြောလိုက်သည်။ “ငါတို့တွေက အများကြီးပဲလေ.. ငါတို့က ဘဲတစ်ကောင် အနိုင်ကျင့်တာကို ဘာလို့ခံနေရမှာလဲ... ငါနဲ့အတူတူ သူ့ကို သတ်လိုက်ရအောင်... သူ့စိတ်ဝိညာဉ်ကို ပိုင်းဖြတ်ပြီး ငါ့တို့ဗိုက်ထဲမှာနောင်တတွေနဲ့ နေပစေ”

သို့သော် နောက်ဆုံးတွင် သူတစ်ယောက်တည်း မတ်တပ်ရပ်နေမှန်း သိလိုက်ရပြီး အခြားနတ်ဆိုးသမားများက သူ့ကို အရူးတစ်ယောက်လို ကြည့်နေတာကို သိလိုက်ရသည်။

ငါတို့သာ ခုခံနိုင်မယ်ဆိုရင် အခုအချိန်အထိ စောင့်နေတော့မလား..

***

သားရဲလေ့ကျင့်သူ

အခန်း ၇၂၄ ငါမင်းကို သုံးကွက်အကျောပေးရင် ဘယ်လိုလဲ

“သူပုန်.. သူပုန်…” ရဲရင့်သောနတ်ဆိုးတစ်ကောင်သည် သူ့ ညာလက်ကို မြှောက်ကာ နှစ်ကြိမ်ဆက်တိုက် အော်ဟစ်လိုက်သည်။

သူ့အသံသည် လေထဲတွင် ပဲ့တင်ထပ်နေသည်။

အသူရာချောက်နက်နဂါးသည် ခေါင်မော့ကြည့်လိုက်ပြီး ခေါင်းပြန်ငုံ့ကာ မြေကြီးဆက်လက် တူးနေလေသည်။

အိုး... ကျေးဇူးတင်ပါတယ်... ငါ့ကို သန်မာတဲ့ ခန္ဓာကိုယ်ကို ပေးခဲ့တဲ့အတွက်.. ငါက တခြားနတ်ဆိုးတွေထက် သုံးဆပိုမြန်အောင် တူးနိုင်တယ်.. အနည်းဆုံးတော့ ဒုက္ခကနေ လွတ်မြောက်စေတာပဲ... ငါသာ အသက်ရှင်ပြီး ချောက်ထဲပြန်ဝင်နိုင်ရင် အသူရာချောက်နဂါးနတ်ဆိုးကို အကောင်းဆုံး ယဇ်ပူဇော်ပစ်မယ်..

ထိုအချိန်တွင် အရိပ်တစ်ခုက နတ်ဆိုးအပေါ်ကို လွှမ်းသွားသည်။ နတ်ဆိုးက သူ့ခေါင်းကို မော့ပြီး ဂိုဒီကို နှစ်စက္ကန့်ကြာအောင်ကြည့်လိုက်သည်။

“မင်းကို ငါ သုံးခါ ထိုးခွင့်ပေးမယ်... မင်းငါ့ကို လဲအောင်လုပ်နိုင်ရင် မင်းကို ဒီကနေ လွှတ်လိုက်မယ်” ဂိုဒီက တည်ငြိမ်စွာပြောလိုက်သည်။

“တကယ်လား” နတ်ဆိုးသည် အနည်းငယ် အံ့သြသွားသည်။

ဂိုဒီက “ငါ မလိမ်ဘူး” ဟု ပြောလိုက်သည်။

နတ်ဆိုးသည် အလွန်ပျော်သွားသဖြင့် ဆုကြီးပေါက်သွားသလို ခံစားလိုက်ရသည်။

ဒါပေမယ့် သူ့မှာ စိုးရိမ်မှုတချို့ရှိနေသည်။ “မင်းကို ငါနာကျင်စေတယ်ဆိုရင် မင်းကလက်တုံ့ပြန်မှာလား”

“အခု လုပ်လိုက်တော့...မင်းငါ့ကိုမထိရင် မင်းလက်လျှော့လိုက်တယ်လို့ ငါယူဆလိုက်မှာ” ဂိုဒီက စိုက်ကြည့်နေလိုက်သည်။

နတ်ဆိုး၏မျက်လုံးများသည် ရက်စက်ကြမ်းကြုတ်မှုဖြင့် တောက်ပနေသည်။

သူသည် ကံကြမ္မာကို ဆုံးဖြတ်သည့်အခါတွင် သတ္တိမကြောင်ပေ။

နတ်ဆိုးသည် အော်ဟစ်လိုက်ပြီး သူ့နောက်မှ အသားအတောင်ပံများ ဖြန့်ကျက်သွားကာ အနက်ရောင်နှင့် ခရမ်းရောင်မီးတောက်များ သူ့ပတ်ဝန်းကျင်တွင် ကြီးထွားလာသည်။ သူ့ခန္ဓာကိုယ်တွင်းရှိ စွမ်းအားများလည်း ဆက်လက်မြင့်တက်နေသည်။

ထို့နောက် သူ့လက်သီးကို အလျင်အမြန် ထိုးနှက်လိုက်ရာ ဂိုဒီ၏ ဝမ်းဗိုက်ပေါ်သို့ တိကျသော လက်သီးတစ်ချက် ကျရောက်သွားသည်။

သူ့လက်သီးကို ထိုးလိုက်တာနဲ့ နတ်ဆိုးရဲ့ မျက်နှာက သိသိသာသာ ပြောင်းလဲသွားသည်။ ခက်ထန်သော ကြယ်သံကို ခေါက်လိုက်ရသလိုပင်။ ပြင်းထန်သော ပြန်တွန်းအားကြောင့် လွင့်ထွက်လုနီးပါးပင် ဖြစ်သွားသည်။

“နောက်တကြိမ်” ဂိုဒီက ဖြေးဖြေးလေးပြောလိုက်သည်။

နတ်ဆိုးက သူ့လက်ကို ခါယမ်းပြီး စိတ်ရောဂါသည်တစ်ယောက်ကို မြင်နေရသလိုမျိုး ဂိုဒီကို ကြည့်လိုက်သည်။

အခုထိရိုက်လိုက်တဲ့နေရာက အနီရောင်လေးတောင် ပေါ်မလာဘူး... သူက စိတ်ရောဂါသည်လား..

မင်းရဲ့ အစိတ်အပိုင်းတိုင်းက ဒီလောက်ထိ ခုခံနိုင်တယ်လို့ ငါမယုံနိုင်ဘူး...

ထို့နောက် နောက်သို့ ခြေတစ်လှမ်းဆုတ်ပြီး သူ့အတောင်ပံများကို သိမ်းလိုက်ကာ သူ့မျက်လုံးထဲတွင် အေးစက်သော အရိပ်တစ်ခု ပေါ်လာသည်။

မင်းငါ့ကို ဖိအားပေးတယ်ပေါ့..

နတ်ဆိုး၏ ကိုယ်တွင်းရှိ သွေးများ အရှိန်မြင့်လာကာ လက်သီးဆုပ်များကို ညှစ်ထုတ်လိုက်ချိန်တွင် သူ့ခန္ဓာကိုယ်ရှိ စွမ်းအားများ တိုးလာကာ ကြောက်မက်ဖွယ်လေများ အပြင်ဘက်သို့ ထွက်လာသည်။

“နတ်ဆိုးက သတ္တိရှိတယ်”

“သူ အကောင်းဆုံး လုပ်နိုင်တယ်”

“ဒီဘဲကို နာကျင်အောင် လုပ်နိုင်မလား မသိနိုင်ဘူး”

တစ်ဖက်မှာ အလုပ်လုပ်နေတဲ့ တခြားနတ်ဆိုးတွေက သူတို့ရဲ့အလုပ်ကို ရပ်လိုက်ပြီး သူတို့ရဲ့မျက်လုံးထဲမှာ မျှော်လင့်ချက်တွေနဲ့ လှည့်ကြည့်လိုက်ကြသည်။

“ဘာကြည့်နေတာလဲ... ဆက်တူး” ဂိုဒီကခေါင်းကို လှည့်ကာ နတ်ဆိုးများကို ပြင်းပြင်းထန်ထန် ကြိမ်းမောင်းလိုက်သည်။

ဂိုဒီရှေ့မှ နတ်ဆိုးသည်ဒေါသတကြီးဖြင့် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

“သေစမ်း”

နတ်ဆိုး၏ခန္ဓာကိုယ်သည် နတ်ဆိုးအငွေ့အသက်များဖြင့် ပြည့်နှက်နေပြီး သူ၏လက်များကို မြှောက်လိုက်ပြီး ၎င်း၏ချွန်ထက်နေသော လက်သည်းများဆီက ခရမ်းရောင်တောက်တောက်ကို ထုတ်လွှတ်လိုက်သည်။

ဝုန်း….

မီးတောက်များထလာသည်။

လျှပ်စီးလက်သကဲ့သို့ လျင်မြန်သော အားကောင်းသော လက်သည်းသည် ဂိုဒီ၏ မျက်လုံးများကို ထိုးဖောက်သွားသည်။

ခြေသည်းသည် သူတော်စင်အဆင့်ကိုကျော်လွန်ပြီး နတ်တစ်ပိုင်းဘုရားအဆင့်သို့ ရောက်ရှိသွားသည်။

“ဒါက အကောင်းဆုံးပဲ” ဟု အခြားနတ်ဆိုးက တိုးတိုးလေးပြောလိုက်သည်။

နတ်ဆိုးလောကတွင် အားကြီးသောသူသည် အကြည်ညိုခံရဆုံးဖြစ်ပြီး ရှင်သန်ရေးစည်းမျဉ်းများဖြစ်နိုင်သည်။

ဒါက ဂိုဒီ နဲ့ ဒီနတ်ဆိုးတွေရဲ့ သရုပ်မှန်ပင်။

ဂိုဒီ လှည့်ကြည့်လိုက်တော့ လက်သည်းက အပေါ်ကို ရောက်သွားတာကိုသာ တွေ့လိုက်ရပြီး ဂိုဒီ မျက်လုံးသည် မှိတ်ပင် မမှိတ်သွားပေ။

နတ်ဆိုးသည် သူ့ခေါင်းထဲမှာတော့ လက်သည်းက ခေါင်းကိုဖောက်ကာ မိုက်မဲတဲ့ ဦးနှောက်ကိုဖြတ်ပြီး အံသွားအထိ ကြိတ်ပစ်မယ်လို့ မျှော်မှန်းထားခဲ့သည်။

မင်းကနတ်ဘုရားတစ်ပိုင်းဖြစ်ရင်ရောဘာဖြစ်လဲ...

မျက်လုံးသည် သားရဲအများစု၏ အထိအခိုက်မခံနိုင်ဆုံး အစိတ်အပိုင်းဖြစ်သည်။ ငါကမင်းထက်အဆင့်နိမ့်ပေမဲ့... ငါ့ရဲ့အပြင်းထန်ဆုံး ပစ်လွှတ်မှုက မင်းရဲ့ခံနိုင်ရည်အရှိဆုံးအပိုင်းကိုရောက်သွားရင်တော့ မင်းသေရမှာပဲ..

ငါသည် အသန်မာဆုံးနတ်ဆိုးဖြစ်လာလိမ့်မည်.. အသူရာချောက်ထဲတွင် နှစ်ပေါင်း ၃၀၀၀ အတွင်း နတ်ဘုရားအဆင့်ရှိသားရဲတစ်ကောင်ကို သတ်ပစ်ခဲ့သည့် သူတော်စင်အင့် သားရဲ ဖြစ်လာလိမ့်မည်..

ငါက အဆုံးမဲ့ဂုဏ်အသရေနဲ့ သရဖူဆောင်းခံရပြီး နတ်ဆိုး၏ ဆုလာဘ်ကို ထပ်တိုးပေးခံရလိမ့်မည်..

ငါက အသူရာချောက်ရဲ့ အကျိုးကို ခံစားရတဲ့ အလွန်ကျော်ကြားတဲ့ နတ်တစ်ပိုင်း သို့မဟုတ် နတ်ဆိုးပင် ဖြစ်လာနိုင်သည်။

ဒန်....

ထိုအချိန်တွင် ပြတ်သားသောအသံနှင့် မာကျောသော အသွင်အပြင်က နတ်ဆိုး၏ထင်ယောင်ထင်မှားမှုမှ နှိုးဆွလိုက်သည်။

လက်သည်းများသည် ပြင်းထန်စွာ နာကျင်နေပုံရသည်။

အသူရာနတ်ဆိုးက သူ့ပါးစပ်ကို ကျယ်ကျယ်ဖွင့်ကာ ငြိမ်သက်နေသော ဘဲတစ်ကောင်ကို ထိတ်လန့်စွာ ကြည့်လိုက်သည်။

“မင်းမှာ နောက်ဆုံးအခွင့်အရေးတစ်ခုရှိသေးတယ်” ဂိုဒီက ပျင်းရိစွာပြောလိုက်သည်။

“ဒီဘဲက နတ်ဆိုးလေးတွေကို ထပ်ပြီး အနိုင်ကျင့်နေတယ်” တာ့ဇီ က ငြီးငွေ့လာပြီး ကြည့်နေရင်း မြေပြင်ပေါ်မှာ လဲလျောင်းနေသည်။

ဂိုဒီ၏ခန္ဓာကိုယ်တစ်ခုလုံးမှာ တူညီတဲ့ ခုခံစွမ်းအားရှိတယ်ဆိုတာ အားလုံးသိကြသည်။

လက်သီးဖြစ်ဖြစ် မျက်လုံးပဲဖြစ်ဖြစ်၊ သူ့ခန္ဓာကိုယ်ရဲ့ တစ်လက်မတိုင်းမှာရှိတဲ့ ဂိုဒီ၏ ခုခံစွမ်းအားက အတူတူပင်ဖြစ်သည်။

ဤဘဲတစ်ကောင်ကိုအနိုင်ယူရန်နည်းလမ်းမှာ ၎င်း၏ခုခံအားထက်ကျော်လွန်သောတိုက်ခိုက်မှုဖြင့် တိုက်ရိုက်သတ်ပစ်ခြင်းသာ ဖြစ်သည်။

မဟုတ်ရင် ဒီကောင်ရဲ့ ကိုယ်ရည်ကိုယ်သွေးက ပိုသန်မာလာမှာပင်။ အဆုံးတွင် သူသည် အစွမ်းထက်သော စတီးရွိုက်ဆေးများကို သောက်ထားသကဲ့သို့ ဖြစ်သွားလိမ့်မည်။

ဂိုဒီနှင့် အကြိမ်ကြိမ် တိုက်ခိုက်ခဲ့သော သားရဲများအားလုံးသည် ဒုတိယ အကြိမ် ဆက်တိုက်ရန် ဆန္ဒမရှိကြပေ။

ဘဲရဲ့ စွမ်းရည်က ရိုးရိုးရှင်းရှင်းလေးပင်ဖြစ်သည်။

လောလောဆယ်တွင် ၎င်းကို ထိန်းထားနိုင်သည့် တစ်ခုတည်းသော အရာမှာ စိတ်ဝိညာဉ်အမျိုးအစား သားရဲဖြစ်သည်။ ဒန်ဘီသည် ယင်စိတ်ဝိဉာဉ်ထိန်းချုပ်နိုင်သည့် အခြေအနေသို့ အပြည့်အ၀ပြောင်းသောအခါမှ ဂိုဒီကို အနိုင်ယူနိုင်မည် ဖြစ်သည်။

“မင်းမျက်လုံးက ဘယ်လိုလုပ်အဆင်ပြေနိုင်တာလဲ” နတ်ဆိုးက တုန်လှုပ်စွာပြောလိုက်သည်။

“မင်းရဲ့အားနည်းချက်က မင်းမျက်လုံးမဟုတ်ဘူးလား” နတ်ဆိုးသည် လျှို့ဝှက်ချက်အချို့ကို ရှာဖွေတွေ့ရှိသွားသည်။

“ကောင်းပြီ... နောက်ဆုံး တစ်ချက်ကျန်သေးတယ်... မင်းရဲ့ခန္ဓာကိုယ်မှာ အားနည်းချက် မရှိဘူးဆိုတာကို ငါမယုံဘူး...” နတ်ဆိုးက အံကြိတ်ပြီး ပြောလိုက်သည်။

ထို့နောက် သူ့လက်သီးနှစ်ဖက်ကို ဆုပ်ထားလိုက်သည်။ သူ့အတောင်ပံများသည် မြင့်မားလာကာ ပြင်းထန်သော ခရမ်းရောင်အလင်းတန်းများက သူ့ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာသည်။

တောင်ထိပ်များ တုန်ခါခြင်း၊ မြေပြိုခြင်းတို့ဖြင့် လေထဲတွင် ဖုန်မှုန့်များ ပြည့်နှက်နေပြီး နတ်ဆိုး၏ ခန္ဓာကိုယ်မှ စွမ်းအင်လှိုင်းများ ထွက်လာသည်။

“သေစမ်း”

ကျယ်လောင်သောဟိန်းဟောက်သံနှင့်အတူ နတ်ဆိုးသည် အလင်းထဲသို့ ကူးပြောင်းသွားပြီး အဝေးသို့ လွတ်မြောက်သွားသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် နတ်ဆိုးသည် မိုးကုပ်စက်ဝိုင်းထဲမှာ ပျောက်သွားသည်။

“ဟမ်” ဂိုဒီက အေးစက်စွာ ဟစ်အော်လိုက်သည်။ ထို့နောက် နတ်ဆိုးများကို မကြည့်ဘဲ လှည့်ထွက်သွားတော့သည်။

ထိုအချိန်တွင် တောင်ထိပ်တွင် ပျင်းရိနေသော အလင်းလှိုင်းသည် မတ်တတ်ထပြီး တစ်ချက်ထလိုက်ရုံဖြင့် နေရာမှ ပျောက်ကွယ်သွာသည်။

ခဏအကြာတွင် အလင်းလှိုင်းသည် တစ်နေရာတည်းတွင် ပြန်ပေါ်လာပြီး ၎င်း၏တံစဉ်နှင့်တူသော လက်မောင်းပေါ်တွင် နတ်ဆိုး၏ဦးခေါင်းကို ဆွဲထားကာ ၎င်း၏မျက်နှာပေါ်တွင် ကျေနပ်သောအမူအရာပေါ်နေသည်။

သူ့ တစ်ကိုယ်လုံးတွင် ပျော်ရွှင်ခြင်းနှင့် သေခြင်း၏ ဆန့်ကျင်ဘက်အမျိုးအစားနှစ်ခုလုံးကို မြင်လိုက်ရသောအခါ အနီးနားရှိ နတ်ဆိုးများ လန့်သွားသည်။

“ဆက်တူး” ဂိုဒီသည် သူ့ခေါင်းပြောင်ကို ပွတ်သပ်ကာ အလုပ်သမားခေါင်းဆောင်အဖြစ် ဆက်လက်လုပ်ဆောင်နေသည်။

“ကောင်းဖန်... ဖလိန်မီ မရှိတော့ကတည်းက ဒီဘဲလေးက စွမ်းအင်ပမာဏ ပိုလျှံနေပြီး အဆုံးမရှိတဲ့ စွမ်းအင်တွေဖြစ်နေတာ သတိထားမိလား” တာ့ဇီက ကောင်းဖန်၏နားထဲတွင် တိတ်တခိုးပြောလိုက်သည်။

“မင်းလိုပဲ အခိုးခံရတာကို ငါသိတယ်” ကောင်းဖန်က ပြောလိုက်သည်။

“ငါ နင့်ကို စကားမပြောချင်တော့ဘူး... ကောင်းဖန်.. နင်က အရမ်းစိတ်ညစ်စရာကောင်းနေပြီ”

All Chapters