← Chapters

အခန်း (၇၂၅-၇၂၈)

Vol. 46 Ch. 725-728

အခန်း (၇၂၅-၇၂၈)

Vol. 46 Ch. 725-728

အခန်း ၇၂၅ ဖီရှူး

တာ့ဇီက သူ့ခေါင်းကို လှည့်လိုက်ပြီး ကောင်းဖန်ကို တစ်ရက်လောက် လျစ်လျူရှုဖို့ ဆုံးဖြတ်လိုက်သည်။

ထိုစဉ် အဝေးက မိုးကုတ်စက်ဝိုင်းမှ မြေကြီး တုန်ခါလာပြီး အနက်ရောင်မျဉ်းတစ်ကြောင်း ချဉ်းကပ်လာသည်။

ကောင်းဖန်သည် မျက်မှောင်ကျုံ့ထားပြီး မတ်တပ်ရပ်လိုက်သည်။ နောက်ဆုံးတော့ သည်းမခံနိုင်တဲ့ ဘီလူးတစ်ကောင် ရောက်လာတာ ဖြစ်သည်။

အရှေ့ဘက်တွင် နဂါးခေါင်း၊ မြင်းကိုယ်ထည်နှင့် သမင်ခြေများရှိသည်။ ရွှေနှင့်ကျောက်စိမ်းအမွေးများပါရှိသောခြင်္သေ့နှင့်လည်း တူသည်။ အတောင်များသည် အလွန်တိုပြီး ၎င်း၏အမြီးသည် ကွေးကောက်နေသည်။ ၎င်း၏ဦးခေါင်းထိပ်တွင် ဦးချိုတစ်ခုတည်းရှိပြီး ၎င်း၏လည်ပင်းတစ်ဝိုက်တွင် လည်ဆံမွေးရှိသည်။

ကောင်းဖန်သည် မြင်မြင်ချင်းပင် ထိုနတ်ဆိုးကြီးကို ချက်ချင်းမှတ်မိလိုကါသည်။ အမှန်တကယ်ပင် ၎င်းသည် လူသတ်စာရင်းတွင် စတုတ္ထအဆင့်ရှိသော လောဘကြီးသူဖြစ်သည့် ဖီရှူးဖြစ်သည်။

လျှို့ဝှက်ဆန်းကြယ်သော ဖီရှူးသည် ၎င်း၏ဦးခေါင်းနှင့် ရင်ဘတ်ကို မြင့်မြင့်ထားကာ တောင်ထိပ်ပေါ်တွင် ရပ်နေသည်။ သူ့နောက်က နတ်ဆိုးတွေအားလုံး ခြေတစ်လှမ်း ဆုတ်ထားပြီး ကြောက်လန့်သွားကြသည်။

မျက်လုံးကြီးတွေက ကြေးခေါင်းလောင်းကြီးလို စိုက်ကြည့်နေသည်။ ထို့နောက် လည်ပင်းကို ဆန့်တန်းပြီး ဘယ်ညာကြည့်လိုက်သည်။ နှာခေါင်းကြီးကြီးဖြင့် ရှူရှိုက်ရင်း လေထဲတွင် အနံ့ကို ဖော်ထုတ်ရန် ကြိုးစားနေသည်။

အချိန်အတော်ကြာ ရှူရှိုက်ပြီးနောက် ဘာမှ မပြောနိုင်တော့ပေ။ လေထုထဲတွင် သွေးနံ့သာ ရှိသည်မဟုတ်ပါလား။

“မင်းဘာလုပ်နေတာလဲ” မိုးခြိမ်းသံကဲ့သို့ ပဲ့တင်ထပ်သော ဖီရှူးအသံသည် နားစည်ကွဲလောက်အောင်ကျယ်လောင်သည့် အသံဖြင့် ဧရိယာအနှံ့ ပျံ့နှံ့သွားသည်။

အဲဒါကို ကြည့်ပြီးနောက် ကောင်းဖန်သည် ခေါင်းပြန်ငုံ့ကြည့်ရင်း လျစ်လျူရှုထားလိုက်သည်။

ဂိုဒီသည် မထီမဲ့မြင် အော်ဟစ်လိုက်သည်။ သူ၏အရှက်ကွဲမှုက သူ့မျက်နှာတွင် ရှင်းရှင်းလင်းလင်းပြသနေသည်။ တာ့ဇီကလည်း ယခုအချိန်တွင် ကောင်းဖန်ကို ဒေါသထွက်နေသည်။ ထို့ကြောင့် သူ့မေးခွန်းကို ဘယ်သူမှ မဖြေနိုင်ပေ။

ပင်လယ်ဝတုတ်သည် ၎င်း၏အမြီးကို စိမ်ပြေနပြေ လှန်နေလိုက်သည်။

အလင်းလှိုင်းသည် ခြင်္သေ့ဖြူ၏ လက်သည်းများကို ဖြတ်တောက်ရန် ကူညီပေးနေသည်။ ဆီလီနှင့် ကြွက်တို့က ရတနာသိုလှောင်မှု အခွင့်အရေးအတွက် ငြင်းခုံနေကြသည်။

ဒန်ဘီက တောင်ကုန်းပေါ်တွင် ဆေးလိပ်သောက်ရင်း ထိုင်နေသည်။ ဆေးလိပ်သောက်သူများသည် ယေဘူယျအားဖြင့် စကားအများကြီး မပြောတတ်ကြပေ။ လေထုသည် စက္ကန့်အနည်းငယ်ကြာတွင် အေးစက်လာသည်။ ဖီရှူးသည် သူ့ကို လျစ်လျူရှုထားကြမည်ဟု မမျှော်လင့်ထားပေ။ ရုတ်တရက် ရက်စက်ကြမ်းကြုတ်သည့် အရိပ်အယောင်များ သူ့မျက်နှာပေါ်တွင် ပေါ်လာသည်။

ဖီရှူးသည် အခြားသော ဒဏ္ဍာရီလာ တိရစ္ဆာန် ဖြစ်သည့် ပိုင်ကျဲနှင့် မတူဘဲ ကောင်းမွန်သော တိရစ္ဆာန် အမျိုးအစားဖြစ်သော်လည်း ၎င်းသည် ရက်စက်ကြမ်းကြုတ်ပြီး နတ်ဆိုးဝိဉာဉ်များကို တွန်းလှန်နိုင်ကာ နတ်ဆိုးများကို တိုက်ခိုက်နိုင်သည်။

“မင်း ငါ့ကို မပြောဘူးလား...” ဖီရှူး၏မျက်လုံးများသည် ရန်လိုနေသည်။ “ဒါဆို ငါတို့ကိုယ်တိုင်တူးမယ်... သွားကြ... ရတနာကို ရှာတွေ့ တဲ့သူက ပိုင်တယ်..”

ဖီရှူး၏ အမိန့်ကြောင့် သူ့နောက်မှ နတ်ဆိုးများနှင့် သားရဲများသည် ရှေ့သို့ ပြေးသွားကြသည်။ ချက်ချင်းဆိုသလိုပဲ သူတို့ရဲ့ မှော်အစွမ်းတွေနှင့် တောင်တွေကို ရွှေ့၊ မြေကြီးကို တူးဖော်ပြီး တချို့က ဒါဇင်နဲ့ချီတဲ့ လက်တွေနဲ့ လှုပ်ရှားတူးဖော်ကြသည်။ အရာအားလုံးက မီးခိုးတွေထပြီး ရှုပ်ပွသွားသည်။

နတ်ဆိုးများသည် ထိုမြင်ကွင်းကို ထိတ်လန့်စွာ စိုက်ကြည့်ကာ သူတို့အလုပ်များကိုပင် ရပ်တန့်လိုက်ကြသည်။

ဒီသားရဲတွေက ငါတို့နဲ့ အလုပ်ပြိုင်လုပ်နေကြတာလား.....

စွမ်းအားဘုရင်ကင်းကောင်မျောက်ဝံသည် ဖင်နှင့်တိုက်ကာ နတ်ဆိုးတစ်ကောင်ကို ဖယ်လိုက်သည်။ ထို့နောက် နတ်ဆိုးတူးနေသည့်နေရာကို ငုတ်တုတ်ထိုင်ချကာ မြေကြီးများကို တူးထုတ်ပစ်လိုက်ပြီးနောက် ညည်းတွားကာ မြေဆီလွှာများကို မြှောက်ကြည့်လိုက်သည်။

မြေဆီလွှာများများရှာတာကလွဲလို့ မြေကြီးအောက်မှာ ဘာမှမရှိပေ။

စွမ်းအားဘုရင်ကင်းကောင်မျောက်ဝံသည် စိတ်ဓာတ်မကျပေ။ သူသည် မြေကြီးကို ဘေးသို့ ပစ်ချလိုက်ပြီး ဆက်၍ အရူးအမူး တူးနေသည်။

ပင်လယ်ဝတုတ်သည် သူ့အမြီးကို လှုပ်ခါကာ ပါးဟက်ကိုလည်း လှုပ်နေသည်။

“မင်းတို့ တခြားနေရာကို သွားတူးကြ” ဂိုဒီက နတ်ဆိုးတွေကို တည်နေရာပြောင်းဖို့ ညွှန်ကြားပြီး သူတို့ကိုတော့ ဒီဧရိယာမှာ ထားလိုက်သည်။

နတ်ဆိုးများ နေရာပြောင်းနေတာကို မြင်လိုက်ရသဖြင့် သားရဲများသည် တွေဝေသွားကြသည်။ ငါတို့ နေရာ မှားတူးနေကြတာလား....

“လူတွေက အကြံအရမ်းကြီးတာပဲ” သစ်ကုလားအုတ်နှင့်ကုလားအုတ်တို့ ပေါင်းစပ်ထားသည့်သားရဲတစ်ကောင်က တိုးတိုးလေး ပြောလိုက်သည်။

“ထောင်ချောက်ရှိနိုင်လား”

“ဒါဆို...ငါတို့လည်းလိုက်မယ်”

သားရဲတစ်အုပ်သည် ဂိုဒီထံသို့ ပြေးလာပြီး ခေါင်းကိုမြှောက်ကာ သူ့ကို နှစ်စက္ကန့်ကြာ ကြည့်လိုက်ကြသည်။ ထို့နောက် နတ်ဆိုးများကို အလျင်အမြန် တွန်းထုတ်ပြီး မြေပြင်ကို စိတ်အားထက်သန်စွာ တူးဖော်ကြပြန်သည်။

နတ်ဆိုးတွေက ဂိုဒီကို မျက်ရည်စတွေနဲ့ ကြည့်လိုက်သည်။

“ဆရာ.... ငါတို့ကို ဒီအတွက် အပြစ်တင်လို့မရဘူးနော်”

ဂိုဒီက သားရဲတွေဘက်လှည့်ပြီး ပြောလိုက်သည်။ “မင်းတို့က ဟိုနေရာကို သိမ်းပိုက်ချင်တော့ ငါ မင်းတို့ကို အပ်လိုက်ပြီးပြီ.. အခု မင်းတို့က ဒီကို ပြေးလာကြတယ်... မင်းတို့က ငါ့ကို မှိုနဲ့လုပ်ထားတာလို့ ထင်နေကြတာလား”

ဂိုဒီကို ဘယ်သူမှ ပြန်မဖြေကြပေ။ သားရဲများသည် နေရာတွင်သာ ဆက်ရှိနေကြပြီး ရတနာများကို ဆက်လက်ရှာဖွေနေကြသည်။ ၎င်းတို့က အများကြီးရှိသောကြောင့် ဘဲတစ်ကောင်လောက်တော့ ဘာမှ ရှင်းပြစရာမလိုဟု ခံစားနေကြပုံရသည်။

ဖီရှူးကတော့ ဘာမှမလုပ်နေပေ။ ၎င်းသည် ကြီးကျယ်ခမ်းနားသော နတ်ဘုရားတစ်ပိုင်းဖြစ်သောကြောင့် ၎င်းကိုယ်တိုင်လုပ်ဆောင်ရန် မလိုအပ်ပေ။

ဤသားရဲများသည် သူ့နောက်လိုက်များဖြစ်သည်။ တကယ်တော့ သူတို့လို အလွန်ထူးချွန်တဲ့ ဒဏ္ဍာရီလာ သတ္တဝါတွေအတွက် နောက်လိုက်တွေက ဘယ်တော့မှ ကုန်မည်မဟုတ်ပေ။ သူတို့သည် နတ်ဘုရားဖြစ်လာသောအခါ ဤနောက်လိုက်များသည် ၎င်းတို့၏နယ်မြေတွင် နေထိုင်ကြပြီး ၎င်းတို့၏ကျွန် သို့မဟုတ် လက်အောက်ငယ်သားများ ဖြစ်လာကြသည်။

သူတို့က တိုက်ပွဲတွေဖြစ်တဲ့အခါ ပံ့ပိုးကူညီကြလိမ့်မည်။ အလားတူပင် ဖီရှူးသည်လည်း သူတို့ကို ကာကွယ်ပေးရန်လိုအပ်သည်။

ဂိုဒီသည် တောင်စောင်းမှ ခုန်ဆင်းကာ မြေပြင်ပေါ်သို့ လှဲချလိုက်သည်။

သူ့ဦးချိုများ၏ အစွန်းများသည် အလွန်ထူးခြားပြီး သူ၏ရွှေရောင်ကိုယ်ထည်သည် နေရောင်အောက်တွင် အလင်းရောင်ဖျော့ဖျော့ ထင်ဟပ်နေသည်။

“မင်းတို့... ယဉ်ကျေးမှုကို မရှိဘူး” ဂိုဒီက တမင်တကာပြောလိုက်သည်။ ဂိုဒီပြောလိုက်သောအခါ ကီလိုမီတာတစ်ရာအတွင်းမှ သားရဲများ အားလုံး လှည့်ကြည့်လိုက်ကြသည်။

သူတို့ မျက်လုံးများသည် ထိတ်လန့်မှုနှင့် ပြည့်နှက်နေသည်။

“ဒါက ငါတို့ကို နှောင့်ယှက်နေတာလား”

“ဟားဟားဟားဟား” မီတာတစ်ရာနီးပါးရှည်သော သွေးနီရောင်မိကျောင်းသည် ခေါင်းကို မြှောက်ကာ ရယ်မောလိုက်သည်။

“အိုးဟိုးအိုး”

သားရဲအုပ်စုတစ်စုက ရယ်မောလိုက်ကြသည်။

ဂိုဒီမျက်နှာသည် မည်းမှောင်သွားသည်။

“မင်းတို့ရယ်တာ မှားတယ်ဆိုတာ ကောင်းကောင်းသိစေရမယ်”

ရှေးခတ်ငှက်မွေးဘဲတစ်ကောင်၏ ရယ်သံသည် ရုတ်ခြည်းရပ်တန့်သွားကာ ရှေ့တွင်ရပ်နေသော ဂိုဒီကို အထင်သေးစွာ ကြည့်လိုက်သည်။

“ဂါဂါ ဂါဂါ”

ရှေးခေတ် ငှက်မွေးဘဲသည် အတောင်များကို မြှောက်ကာ သူ့ကိုယ်သူ ညွှန်ပြလိုက်သည်။ ငါရယ်တာ မှားနေတာလား... ဘဲတွေအကုန်လုံး ဒီလိုအသံမျိုးမဟုတ်ဘူးလား...

“ဒီလိုဖြစ်သင့်တယ်.... ငါမင်းကိုပြမယ်... မင်းလုပ်နိုင်ပါတယ်” ဂိုဒီက အေးဆေးတည်ငြိမ်စွာပြန်ပြောလိုက်သည်။ ထို့နောက် ဂိုဒီက အသက်ပြင်းပြင်း ရှူလိုက်သည်။

“ဂွါး”

ရှေးခေတ် ငှက်မွေးဘဲ၏မျက်လုံးသည် ကြေးခေါင်းလောင်းအရွယ်လောက် ကျယ်သွားသည်။ ဒါဘဲ.. ဘဲတွေ အော်သံလား....

“ဂါ”

“မှားတယ်....ဂွါး”

“ဂါ”

“ဂွါး”

ဂိုဒီက ဘာအမူအရာမှ မပြတော့ပဲ ရှေးခေတ်ဘဲ၏ ခြေထောက်နှင့် အတောင်နှစ်ဘက်ကို ဆွဲကိုင်ကာ ဘေးသို့ ပစ်ချလိုက်သည်။ သက်ရောက်မှုက ကြီးမားလွန်းသောကြောင့် ဘဲခေါင်းမှာ သွေးထွက်သွားသည်။

ဧရာမ သားရဲအုပ်ကြီးသည် ၎င်းတို့၏ လှုပ်ရှားမှုများကို ရပ်လိုက်ပြီး ဂိုဒီကို စိုက်ကြည့်လိုက်ကြသည်။

ဂိုဒီသည်မဲ့ပြုံးပြုံးလိုက်ပြီး ညာလက်မကို ခါရမ်းလိုက်သည်။ “အားလုံးလာတိုက်ကြ... မတိုက်ရဲရင် အရှုံးသမားပဲ”

ထိုအခါ ဂိုဒီကိုသတ်ရန် သားရဲအုပ်ကြီးသည် ဒေါသတကြီး အော်ဟစ်ပြီး ရှေ့တိုးလာကြတော့သည်။

…

ဖီရှူးသည် တောင်ထိပ်တွင် ထိုင်ကာ တိုက်ပွဲကို ငြိမ်သက်စွာ ကြည့်နေသည်။ ဂိုဒီသည် ခွန်အားများ တိုးမြင့်လာကာ ပိုမို တောက်ပလာသည်ကို သူမြင်နေရသည်။

နောက်ဆုံးသားရဲသည် ဂိုဒီ၏ထိုးနှက်ခြင်းကိုခံလိုက်ရသောအခါ ဖီရှူးသည် သည်းမခံနိုင်တော့ဘဲ ထရပ်လိုက်သည်။

သားရဲ အမည် - သွေးသန့် ဖီရှူး

သားရဲ အဆင့် - ၉၇

သားရဲ စွမ်းရည်ဆင့် - ဒဏ္ဍာရီလာ အဆင့်/ ဒဏ္ဍာရီလာ

သားရဲ အမျိုးအစား - လေ/ ဆန်းကျယ်

ကိုးကွယ်သည့် အပိုင်း - ဦးချိုတစ်ခု၊ မျက်လုံး၊ ပါးစပ်၊ ခန္ဓာကိုယ်နှင့် ခြေလက်များ။

သားရဲ နယ်နိမိတ် - မကောင်းဆိုးဝါးနှင်ထုတ်ခြင်းနယ်ပယ်။

သားရဲ စွမ်းအင် - လျှိုဝှက်ဆန်းကြယ်သောလေ အဆင့် ၁၀၊ ဒဏ္ဍာရီဆန် အကြေးခွံ သံချပ်ကာ အဆင့် ၁၀၊ မကောင်းဆိုးဝါးနှင်ခြင်း အဆင့် ၁၀

အထူးသွင်ပြင်လက္ခဏာ - မကောင်းဆိုးဝါးများကို တွန်းလှန်ခြင်း။

(မကောင်းဆိုးဝါးများကို နှိမ်နင်းပြီး မကောင်းဆိုးဝါးဝိဉာဉ်များကို မောင်းထုတ်သည့် ရှေးခေတ် ဆန်းကြယ်သော သားရဲ)

အကျိုးသက်ရောက်မှု ၁ - မီးမြှိုက်နိုင်စွမ်းရှိ၍ နတ်ဆိုးများနှင့် သားရဲများကို ထိခိုက်မှုတိုးစေသည်။

အကျိုးသက်ရောက်မှု ၂ - ၎င်းသည် စိတ်ဝိညာဉ်၊ အမှောင်၊ မှော်ပညာနှင့် ယင်အမျိုးအစားသားရဲများအပေါ် အဟန့်အတားဖြစ်စေပြီး ၎င်းတို့ကြောင့် ပျက်စီးမှုများကို လျှော့ချပေးနိုင်သည်။

လျှို့ဝှက်ဆန်းကြယ်သော သတ္တဝါ (စည်းစိမ်ချမ်းသာ၊ ကံကောင်းခြင်းတို့ကို ယူဆောင်လာပြီး အိမ်ထောင်ရေးကောင်းကို တည်ဆောက်သည်။

အကျိုးသက်ရောက်မှု (၁) - မိမိကိုယ်ကို အလားအလာ တိုးတက်စေခြင်း။

အကျိုးသက်ရောက်မှု (၂) - ဖီရှူးသည် အပျက်သဘောဆောင်သော အခြေအနေအားလုံးကို ခုခံကာကွယ်ပေးသည်။

စည်းစိမ်ဥစ္စာကို ယူဆောင်လာနိုင်စွမ်းရှိသည်။ ပါးစပ်ရှိသော်လည်း စအိုမပါသောကြောင့် အရာခပ်သိမ်းကို မျိုချနိုင်ပြီး မည်သည့်အရာကိုမှ လွှတ်လိုက်ခြင်းမရှိ၊ အထွက်မရှိသောကြောင့် စည်းစိမ်ဥစ္စာကို ဆွဲဆောင်နိုင်ပြီး ရတနာများကို စုဆောင်းကာ ဓန၏ သင်္ကေတအဖြစ် လူသိများသည်။

အကျိုးသက်ရောက်မှု (၁) - ဖီရှူးသည် ရွှေ၊ ငွေနှင့် ရတနာမျိုးစုံကို ဝါးမြိုခြင်းဖြင့် ၎င်း၏ ခွန်အားကို မြှင့်တင်နိုင်သည်။

အကျိုးသက်ရောက်မှု (၂) - အသုံးပြုပြီးနောက် ဖီရှူးသည် အနီးနားရှိ ရတနာများ (ရှေးဟောင်းပစ္စည်းများ) အားလုံးကို အချိန် အတိုင်းအတာ တစ်ခုအထိ စည်းတံဆိပ်ခတ်ရန် ၎င်း၏ပါးစပ်ကိုဖွင့်ထားပြီး တံဆိပ်ခတ်သည့်ကာလသည် ၎င်း၏စွမ်းအားကို ထိန်းချုပ်နိုင်စွမ်းအပေါ် မူတည်သည်။

သားရဲ ဖော်ပြချက် - ဒဏ္ဍာရီအရ ၎င်းသည် နဂါး၏သားတော်ကိုးကောင်အနက်မှ တစ်ကောင်ဖြစ်ပြီး ဆန်းကြယ်သော သတ္တဝါ ဖြစ်သည်။ နတ်ဆိုးများကို သုတ်သင်နိုင်ပြီး စည်းစိမ်ဥစ္စာကို ဆွဲငင်ကာ ကံကြမ္မာကို ပြောင်းလဲနိုင်သည်။

ဂိုဒီသည် ဖီရှူးကို စိုက်ကြည့်ရင်း နဖူးကိုရိုက်လိုက်သည်။ “အခုမှ သတိရတယ်.. မင်းက ဖီရှူးလို့ စာအုပ်ထဲမှာ ဖတ်ဖူးတယ်”

ဖီရှူး၏ မျက်နှာပေါ်တွင် ကျေနပ်မှု အရိပ်အယောင် ပေါ်လာသည်။ ငါတို့အမျိုးတွေရဲ့ ကျော်ကြားမှုက ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့သွားပုံပဲ....

ဂိုဒီက အံ့အားသင့်စွာ ကောင်းဖန် ဆီကို အော်လိုက်သည်။ “ကောင်းဖန်... ဖီရှူးအားလုံးမှာ ပါးစပ်ရှိပေမယ့် စအိုမပါဘူးလို့ ငါကြားဖူးတယ်.. ဒီကောင်မှာ ဖင်ပေါက်မရှိဘူးပေါ့”

**အပေါက်မရှိဘူး....

**အပေါက်မရှိဘူး...

ဂိုဒီ၏ အော်သံကျယ်ကြီးသည် အဝေးသို့ ပျံ့လွင့်သွားသည်။

***

သားရဲလေ့ကျင့်သူ

အခန်း ၇၂၆ သွေးထွက်သံယိုဖြစ်ပွားခြင်း

ဖီရှူးသည် လုံးဝ ကြက်သေသေသွားသည်။ မျက်နှာကလည်း လုံးဝ တောင့်တင်းသွားသည်။ မဟုတ်ဘူး... **အပေါက်မရှိဘူး....

ဖီရှူးသည် တုန်ခါနေပြီး ဒေါသတကြီး တောက်လောင်နေကာ သူ့နှာခေါင်းထဲမှ လေဆင်နှာမောင်းကို မှုတ်ထုတ်လိုက်သည်။ သူ ဒေါသအရမ်းထွက်နေသောကြောင့် တစ်ကိုယ်လုံး တောက်လောင်သွားသည်။

ဖီရှူးမှာ ရိုင်းစိုင်းတဲ့ စကားလုံးပေါင်း တစ်သောင်းလောက်ရှိပေမယ့် ဒါက အလွန်တရာ ယုတ်ညံ့လွန်းသည်။ ငါတို့ ဆန်းကြယ်တဲ့ သတ္တဝါမိသားစုရဲ့ ထူးခြားတဲ့ သင်္ကေတက ဒီရွံရှာဖွယ် ထိပ်ပြောင်ဘဲတစ်ကောင်ရဲ့ ပါးစပ်ထဲမှာ ရိုင်းစိုင်းတဲ့ စကားအဖြစ် ပြောင်းလဲသွားပြီ....

ကောင်းဖန်သည် ကူရာကယ်ရာမဲ့နေသည်။ ဂိုဒီသည် အမြဲတမ်းရန်ငြိုးဖွဲ့နေသောကြောင့် ဖြစ်သည်။

ဂိုဒီသည် မထီမဲ့မြင်ပြုကာ ရယ်နေသော်လည်း ဖီရှူးကိုတော့ မျက်ခြေမပြတ်ချေ။ ဖီရှူး တစ်စုံတစ်ရာ လှုပ်ရှားမှုရှိလျှင် သူ ချက်ချင်း တုံ့ပြန်မည်ဖြစ်သည်။

ရန်သူရဲ့ နည်းဗျူဟာကို လှောင်ပြောင်နိုင်ပေမဲ့ ရန်သူရဲ့ နည်းစနစ်ကို ဘယ်တော့မှ လျှော့မတွက်ရဘူး လို့ ကောင်းဖန် တစ်ခါက ပြောဖူးသည်။

ဖီရှူးသည် ပါးစပ်ကြီးကို ဖွင့်လိုက်သောအခါ ၎င်း၏ ပါးစပ်သည် အောက်ခြေမရှိသော တွင်းနက်ကြီးတစ်ခုလို ဖြစ်နေသည်။ နက်မှောင်နေသော ပါးစပ်သည် လျှို့ဝှက်ဆန်းကြယ်မှုများဖြင့် ပြည့်နှက်နေသည်။

သူသည် အသက်ပြင်းပြင်းရှူပြီး လေကို မျိုချလိုက်သည်။

ပြင်းထန်သောလေကို ဆုတ်ယူသွားပြီးနောက် အဝတ်စုတ်ပြတ်သွားသလိုမျိုး အသံထွက်လာသည်။ ထိုအသံက အပြင်ကို အဆက်မပြတ် ထွက်လာသည်။

လေထုထဲတွင် ဖြူစင်သောလေစီးကြောင်းသည် သက်တံကဲ့သို့ စီးဆင်းသွားသည်။

ဟူး...ဟူး... ဟူး...

အဖြူရောင်လေထုသည် လေထဲသို့ ထိုးဖောက်ဝင်ရောက်သွားပြီး ဖီရှူး၏ပါးစပ်သည် ကြီးမားသော လေဝင်ပေါက်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။

“သေစမ်း.... သေစမ်း...” ဖီရှူး၏မျက်လုံးသည် သွေးသံတရဲရဲဖြစ်နေသည်။

၎င်း၏ဝမ်းဗိုက်သည် ချဲ့ထွင်လာကာ ဝမ်းဗိုက်ဝိုင်းပေါ်ရှိ ရွှေရောင်အကြေးခွံများ မီးလောင်ကျွမ်းသွားသည်။

ဝင်လေထွက်လေသည် အလွန်ကျစ်ကျစ်လစ်လစ်ဖြစ်လာပြီး တစ်ချက်တည်း လွှတ်တင်လိုက်သည်။

ဖီရှူးရှေ့ရှိ လေသည် ပြင်းပြင်းထန်ထန် လှုပ်ခတ်သွားသည်။

ကြီးမားသော ဘဲဥပုံ အကွေ့အကောက်ကြီးတစ်ခုသည် အဝေးသို့ လွင့်ပျံသွားသည်။

မမြင်နိုင်သော လက်ဖဝါးကြီးဖြင့် ချိုးလိုက်သကဲ့သို့ မြေပြင်သည် လှိုင်းလုံးကြီးများထသွားသည်။

ဂိုဒီအနီးပတ်ဝန်းကျင်ရှိ သတိလစ်နေသော သို့မဟုတ် ပြင်းထန်သော ဒဏ်ရာများဖြင့် လဲလျောင်းနေသောသားရဲများသည် လေလှိုင်းဖြင့် တိုက်မိပြီး အပိုင်းပိုင်းပြတ်တောက်သွားကြသည်။

သွေး၊ အသား၊ အရေနှင့် အရိုးတို့ကို လွှနှင့်တူသော လေက တစစီစုတ်ဖြဲသွားသည်။

လှိုင်းလုံးတွေ လွှမ်းသွားပြီး မျက်စိတစ်မှိတ်အတွင်း ဂိုဒီကို လုံးဝကို မျိုချလိုက်သည်။

ကျန်လှိုင်းလုံးများသည် ကောင်းဖန်နှင့် နောက်တွင်ရပ်နေသော ကျန်သူများကိုဖုံးအုပ်ရန် ဂိုဒီကို ကျော်ဖြတ်လိုက်သည်။

ကောင်းဖန်၏ မျက်နှာသည် မပြောင်းလဲပေ။

အခြားတောင်ကုန်းတစ်ခု၏ထိပ်တွင် ရပ်နေသော အလင်းလှိူင်းသည် ပေါ့ပါးစွာ ခုန်ဆင်းလာသည်။ သူ့လက်မောင်းကို အစိမ်းရောင်ဖလင်အလွှာဖြင့် ဖုံးအုပ်ထားပြီး ချွန်ထက်နေသည့်လက်မောင်းသည် ထောင့်ပေါင်းစုံမှ လှုပ်ရှားကာ အဝေးသို့ ပို့ဆောင်ရန် လှိုင်းပေါင်း သုံးသောင်းကျော်ကို ချက်ချင်းထုတ်လွှတ်လိုက်သည်။

အဝေးတွင် နှစ်ယောက်သည် ယှဉ်တွဲရပ်ပြီး ဒီတိုက်ပွဲကို ကြည့်နေကြသည်။

“ဖီရှူးက သူ့နောက်လိုက်တွေကိုတောင်

သတ်ပစ်လိုက်တယ်ဆိုတော့ အရမ်းဒေါသထွက်နေတာပဲ”

“မိုက်မဲတဲ့ လုပ်ရပ်ပဲ... ဘယ်သူမှ သူ့နောက်လိုက် လုပ်ချင်စိတ်ရှိတော့မှာ မဟုတ်ဘူး”

“လမ်းဘေးကနောက်လိုက်တွေလည်း သေလိမ့်မယ်”

“ငါကတော့ မင်းနဲ့ သဘောထားခြင်းမတူဘူး...”

“အိုး”

သူတို့ပြောနေကြသည့်အတိုင်း စစ်ပွဲအခြေအနေသည် ပြောင်းလဲသွားသည်။

ခရမ်းရောင်တောက်ပနေသည့် လက်ကြီးတစ်ခုသည် အားကြီးသည့် အဖြူရောင်လေပြင်းများကို ဖြတ်ကျော်သွားသည်။

သံမဏိဓားကဲ့သို့ တောင့်တင်းခိုင်မာသော ကြွက်သားများသည် အလွတ်မပေးဘဲ ရှေ့သို့ ပြေးသွားသည်။

ဓားနဲ့ခုတ်သလိုပင်.... ဆွဲထုတ်လိုက်... ဆုတ်ဖြဲပစ်လိုက်တော့မည့် ပုံဖြစ်နေသည်။

အဝါရောင်နှင့် ခရမ်းရောင် မှုန်ဝါးနေသော ခန္ဓာကိုယ်တစ်ခုသည် မြေကြီးပေါ်တွင် နစ်မြုပ်သွားကာ မြေငလျင်တစ်ခု လှုပ်သွားသည်။

ထို့နောက် ကြောက်မက်ဖွယ် ဖိနှိပ်မှု အသွင်အပြင်တစ်ခု ထွက်ပေါ်လာသည်။

ဖီရှူး၏ မျက်လုံးများ ချက်ချင်း ပြူးသွားသည်။ မြန်လိုက်တာ...

ဖီရှူး၏ နှလုံးခုန်သံသည် ပြင်းထန်စွာ နှစ်ခါခုန်သွားသည်။ တစ်ကိုယ်လုံးရှိ ကြွက်သားများ တင်းမာနေပြီး နှာခေါင်းကို ညှစ်ထုတ်လိုက်သည်။

နားထဲတွင် လေတိုးသံကိုကြားနေရပြီး ကောင်းကင်၌ တိမ်တိုက်များပင် ငြိမ်နေကာ ထိုအချိန်တွင်အားလုံးက တိတ်ဆိတ်နေသည်။

အရာအားလုံး နှေးကွေးသွားသည်။

ဖီရှူး၏ ဆန်းကြယ်သောလေ ကျွမ်းကျင်မှုမှာ နှေးကွေးခြင်းမဟုတ်ကြောင်း ရှင်းရှင်းလင်းလင်းသိထားသော်လည်း အရေးအကြီးဆုံး အချက်မှာ ၎င်းသည် လေထက်မြန်ရုံသာမက မြင့်မားသောအရှိန်နှင့် လိုက်ဖက်သော ရုပ်ပိုင်းဆိုင်ရာ အမြင်အာရုံလည်း ရှိသည်။

ငါမင်းကိုမြင်ရတယ်....

မင်းက ဒီမှာပဲ...

ဖီရှူး၏အမြီးသည် ရုတ်တရက် နောက်ပြန်ဆုတ်သွားကာ တောင်ကုန်းသည် အက်ကွဲသွားပြီး မြေပြင်သည် ပြောင်းလဲသွားသည်။ အရှိန်ကို အသုံးပြု၍ ဖီရှူး၏ ညာဖက်ခြမ်းသည် ပခုံးများကို စောင်းကာ ရှေ့သို့ တိုးလိုက်သည်။ ၎င်း၏ခန္ဓာကိုယ်သည် ရှေ့သို့ခုန်ပြီး ၉၀ ဒီဂရီလှည့်လိုက်သည်။ ခေါင်းကို ငုံ့ထားပြီး ဦးခေါင်းပေါ်ရှိ ချိုတစ်ချောင်းသည် ဂိုဒီကို ညွန်နေသော ဓာထက်ထက်တစ်လက်နှင့် တူနေသည်။

ဂိုဒီက ရယ်မောပြီး မရှောင်လိုက်ပေ။ လက်သီးများကိုတော့ ဆူးများအဖြစ်ပြောင်းလိုက်ပြီး ကျောက်တုံးကြီးတစ်လုံးကဲ့သို့ ဖီရှူး၏ခေါင်းကို ထိတွေ့လိုက်သည်။

ဖီရှူးဦးခေါင်းမှ ချွန်ထက်သောထောင့်များသည် ဂိုဒီ၏ ရင်ဘက်ကိုထိသွားသည်။ ဂိုဒီ ယခင်က အလွန်ဂုဏ်ယူခဲ့သော ခံစစ်စွမ်းရည်သည် အားပျော့ကာ ရင်ဘတ်ကြွက်သားများကို စာရွက်ပါးပါးလေးတစ်ရွက်ကဲ့သို့ အလွယ်တကူ ထိုးဖောက်သွားသည်။

နာကျင်မှုက ဂိုဒီကို မကြောက်စေဘဲ သူ့မျက်လုံးတွေကတော့ စိတ်လှုပ်ရှားမှုကို ပြနေသည်။

“တကယ်...လန်းဆန်းစေတယ်....”

ဒဏ်ရာရသောနေရာတဝိုက်တွင် ပြင်းထန်သော ခရမ်းရောင်အလင်းတန်းသည် ပျံ့နှံ့သွားပြီးး ဂိုဒီ၏ ခန္ဓာကိုယ် ကြံ့ခိုင်မှု အနည်းငယ် တိုးလာသည်။ ဖီရှူး ဦးချိုများပတ်ပတ်လည်ရှိ ဖောက်ထားသောကြွက်သားများသည် သံမဏိကြိုးကဲ့သို့ စူးဝင်နေသည်။

ဂိုဒီသည် ခြေထောက်ကို ကွေးပြီးထလိုက်သည်။ သူ၏ သန်မာသောလက်များကို ဖီရှူး၏လည်ပင်းကို ခိုင်မာစွာညှစ်ထားသည်။ ဖီရှူးသည် ထိတ်လန့်တုန်လှုပ်သွားသည်။ သူ့ကိုယ်သူ မြင့်တက်သလို ခံစားလိုက်ရပြီး ခြေလက်တွေ မြေပေါ်ကနေ ပြုတ်ကျသွားသည်။ သူသည် စွမ်အားထိန်းချုပ်နိုင်စွမ်းကိုဆုံးရှုံးသွားပြီး ခြေထောက်လေးချောင်းကို လေထဲတွင်သာ လှုပ်ရမ်းနေရသည်။ တစ်ချိန်တည်းမှာပင် သူသည် ဂိုဒီ၏ အင်္ဂါအစိတ်အပိုင်းများကို အပိုင်းပိုင်း ပြတ်သွားစေရန် သူ့လည်ပင်းကို အတင်းအကျပ် လှန်ပစ်ချင်နေသည်။

သို့သော် ထိုအချိန်တွင့် သူ့လည်ပင်းကို မလှုပ်ရှားနိုင်တော့တာကို တွေ့လိုက်ရသည်။ ထိပ်ပြောင်ဘဲတစ်ကောင်ရဲ့ အစွမ်းက ဘာကြောင့် ဒီလောက် အထိနာရတာလဲ...

ဂိုဒီသည်အားပြင်းလွန်သည်။ ညာခြေဖနောင့်သည် မြေပြင်ကို ရုတ်တရက် ဆောင့်နင်းလိုက်သောကြောင့် ဧရိယာကျယ်ကြီး ပြိုကျသွားသည်။ ဂိုဒီသည် မတည်မငြိမ်ဖြစ်ပြီးလှုပ်သွားသောကြောင့် ပိတ်မိနေသည့် ဖီရှူးသည်လည်း အခွင့်အရေးကို ရယူလိုက်သည်။

၎င်းသည် ဂိုဒီ၏ဝမ်းဗိုက်ပေါ်သို့ အောက်ခြေနှစ်ဖက်လုံးဖြင့် ကန်ထုတ်လိုက်သောကြောင့် ခရမ်းရောင်အလင်းအလွှာတစ်ခု ထွက်လာသည်။

ဖီရှူး၏ကန်ချက်ကြောင့် ဂိုဒီ ပျံထွက်သွားပြီး မြေပြင်ပေါ်မှာ အကြိမ်ပေါင်းများစွာ လှိမ့်နေတာကြောင့် ဂိုဒီ၏ ချုပ်ကိုင်မှုမှ လွတ်မြောက်ရန် အခွင့်အရေးကို ရသွားသည်။

ဂိုဒီ မတ်တပ်မရပ်နိုင်ခင်မှာ လေတိုက်သလို မှုန်ဝါးသည့်အရိပ်တစ်ခု သူ့မျက်လုံးရှေ့ကို ပြေးလာနေသည်။ ထို့နောက် နောက်ထပ် ပြင်းပြင်းထန်ထန် ကန်သွင်းလိုက်သည်။ ဂိုဒီ၏ပုခုံးများ ကွဲထွက်သွားကာ သူ့ခန္ဓာကိုယ်သည် မီတာဆယ်ဂဏန်းအကွာသို့ ပြုတ်ကျသွားသည်။

“ဖီရှူး” ဖီရှူးသည် စိတ်လှုပ်ရှားစွာ ဟိန်းဟောက်လိုက်ပြီး သူ့အတွက်ပိုကောင်းတဲ့ ပုံစံကိုယူလိုက်သည်။ သူ့ခန္ဓာကိုယ်သည် ဂိုဒီအထက်မှာ ပျံဝဲနေသည်။ သူသည် ခေါင်းကို ငုံ့လိုက်ပြီး တောက်ပအေးစိမ့်နေသော ဦးချိုကို ဂိုဒီထံသို့ သေနတ်ကဲ့သို့ ဦးတည်လိုက်သည်။ သူ့ခန္ဓာကိုယ်က တောက်ပနေပြီး လေရိုင်းကိုထိန်းချုပ်ထားသည်။

ဝုန်း…

အခိုးအငွေ့များ၊ ဖုန်မှုန့်များနှင့် ဆူညံသံများသည် လေထဲတွင် ပြည့်လျှံနေသည်။

တာ့ဇီ၊ ဒန်ဘီနှင့် ခြင်္သေ့ဖြူတို့သည် တိတ်တဆိတ် မတ်တပ်ရပ်လိုက်ပြီး အရေးယူနိုင်ရန် အသင့်ပြင်လိုက်သည်။

“ကောင်းဖန်... အဆင်ပြေပါတယ်... ဒီဟာကို ငါကိုယ်တိုင်ဖြေရှင်းပေးချင်တယ်...”

သွေးစာချုပ်မှတဆင့် ဂိုဒီ၏ အသံကို ပြတ်တောင်း ပြတ်တောင်း ကြားလိုက်ရသည်။ သူ့အသံက နောက်ပိုင်းကြားရတာ စိတ်လှုပ်ရှားနေပုံပင်။

“ကြောင်ပေါက်လေး... ငါမင်းကို ဂျုံလိုနယ်ပစ်မယ်”

***

သားရဲလေ့ကျင့်သူ

အခန်း ၇၂၇ ကျွီးယန်နှင့် ပိုင်ကျဲ့

“အင်း... ဘဲက အဆင်ပြေပါတယ်” ခြင်္သေ့ဖြူသည် ငြီးငွေ့သောမျက်နှာဖြင့်လှဲချလိုက်သည်။

“ဂိုဒီနောက်က မြေပြိုကျသွားတာ ထူးဆန်းလိုက်တာ” ပင်လယ်ဝတုတ်က သူ့မျက်လုံးတွေကို စွေကြည့်လိုက်သည်။

“ဂိုဒီ အားအရမ်းသုံးလိုက်လို့ မဟုတ်လား” တာ့ဇီ၏ မျက်နှာသည် နုံအခြင်းများဖြင့် ပြည့်နှက်နေသည်။

“ဒီလို အဆင့်နိမ့်တဲ့အမှားမျိုးတော့ လုပ်မလား” ပင်လယ်ဝတုတ်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

“ဟိုမှာ တခြားသားရဲတွေ ရှိနေလို့လား” တာ့ဇီက မျက်မှောင်ကြုတ်လိုက်သည်။

“ငါ တခြားသားရဲတွေကို အာရုံခံလို့မရဘူး” ပင်လယ်ဝတုတ်က ခေါင်းခါလိုက်သည်။

“ရှေးခေတ် ဟွာရှားဒဏ္ဍာရီမှာ ဖီရှူးက ကောင်းမွန်တဲ့ သားရဲတစ်ကောင်ကို ကိုယ်စားပြုပြီး ကံဆိုးခြင်းကနေ ကံကောင်းခြင်းကို ပြောင်းလဲနိုင်စွမ်းရှိတယ်”

“အမှန်ပဲ... ဒါပဲဖြစ်ရမယ်” ပင်လယ်ဝတုတ်က ခေါင်းညိတ်လိုက်သည်။ “ဒါက ဒီစွမ်းအင်ပဲ”

“ဒီစွမ်းအင်က စိတ်ပိုင်းဆိုင်ရာပဲ” ဟု ရတနာအနံခံကြွက်က မနာလိုစွာပြောလိုက်သည်။

“ဘယ်သူနဲ့ ရန်ဖြစ်ပါစေ... ကုသိုလ်ကောင်းမှု မျိုးစုံက ပံ့ပိုးပေးလိမ့်မယ်... ဘယ်သူက အဲဒါကို အနိုင်ယူနိုင်မှာလဲ”

“မယုံကြည်နိုင်တဲ့ အစွမ်းမရှိရင် မင်းဘယ်လောက်ပဲကံကောင်းပါစေ မင်းရဲ့ခွန်အားကို မတိုးနိုင်ဘူး.. ကံတရားက တစ်ကြိမ် ကယ်နိုင်ပေမဲ့ အကြိမ်တစ်ရာ မကယ်တင်နိုင်ဘူးလေ”

ကြွက်က ခေါင်းညိတ်ပြီး ရုတ်တရက် မေးလိုက်သည်။ “ကံကောင်းလို့ အကြိမ်တစ်ရာ ကယ်နိုင်ရင်ရော ဘာဖြစ်မလဲ”

“…”

“ဒီကိုလာ” ပင်လယ်ဝတုတ်က ရုတ်တရက်‌ပြောလိုက်သည်။

“မင်းဘာလုပ်ချင်လို့လဲ” ကြွက်က သတိအနေအထားသို့ ရောက်သွားသည်။

“ငါ မင်းကို သေအောင် ကိုက်ပစ်ချင်တယ်” ပင်လယ်ဝတုတ်သည် သူ့အမြီးကို လှန်လိုက်ကာ ခုန်ပေါက်လိုက်ပြီး ကြွက်ကို အရူးအမူး ကိုက်လိုက်သည်။

ထိုစဉ် မြေကြီးထဲမှ လက်သီးထိုးသံများ ကြားနေရသည်။

ရုတ်တရက် ပိုကျယ်လောင်နေတဲ့ အသံတစ်ခုကို ကောင်းဖန် ကြားလိုက်ရသည်။

နောက်ဆုံးတွင် ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး ဖုန်မှုန့်များ ရုတ်တရက် တုန်ခါသွားသည်။ နောက်အခိုက်အတန့်တွင် အတွင်းမှ အလင်းတန်းနှစ်စင်း ထွက်ပေါ်လာသည်။

ရှေ့မှထွက်ပြေးသူမှာ ဖီရှူးဖြစ်ပြီး လိုက်ဖမ်းသူမှာ ဂိုဒီဖြစ်သည်။

ဂိုဒီကိုကြည့်ရတာ ကြောက်စရာကောင်းနေသည်။ သူ့ရင်ဘတ်တွင် သွေးထွက်ဒဏ်ရာနှစ်ချက်ရှိပြီး တစ်ခုကကြီးကာ တစ်ခုက အနည်းငယ်သေးသည်။ အဲဒါတွေအပြင် သူ့ခန္ဓာကိုယ်မှာ ဒဏ်ရာတွေ အများကြီးရှိနေသည်။

ဖီရှူး၏ ခန္ဓာကိုယ်တွင် ဒဏ်ရာများစွာမရှိသော်လည်း ထင်ရှားသော တစ်ခုတည်းသော ဒဏ်ရာမှာ ဘယ်ဘက်ပါးပြင် အနည်းငယ် ရောင်ရမ်းနေပြီး နီရဲသော လက်သီးချက်ရာသာ ဖြစ်သည်။

ဂိုဒီသည် မြေပြင်ပေါ်သို့ တစ်ဖန်ပြန်နင်းလာပြီး သူအရှိန်မှာ တစ်စက္ကန့်စာမျှ နှေးကွေးသွားသည်။ ဒီအခိုက်အတန့်တွင် ဖီရှူးသည် ဂိုဒီနှင့် အကွာအဝေးတိုးရန် အခွင့်အရေးကို ယူလိုက်သည်။

“ရပ်စမ်း” ဂိုဒီက ဟိန်းဟောက်လိုက်သည်။

“မင်းတတ်နိုင်ရင် ငါ့ကိုဖမ်းလေး” ဖီရှူးက ရိုင်းရိုင်းစိုင်းစိုင်း ပြန်ဖြေလိုက်သည်။

ထွက်ပြေးသွားသောအခါတွင် ဖီရှူးသည် ဂိုဒီ၏သူငယ်ချင်းများကို လျှို့ဝှက်စွာ တစ်ချက်ကြည့်လိုက်ပြီး သူတို့ဝင်မပါကြောင်း သတိပြုမိလိုက်သည်။ သူစိတ်သက်သာရာရမိလိုက်သော်လည်း သူ့နှလုံးသားသည် အလွန်လေးလံနေသည်။ ဘဲတစ်ကောင်ရဲ့ ခွန်အားက ထင်ထားတာထက် အများကြီး ပိုသန်မာနေသည

်။

မဟုတ်ဘူး... ပိုသန်မာရုံတင်မကဘူး... ပိုလည်းအားကောင်းတယ်.....

ဤစွမ်းအားသည် သတ်ဖြတ်ခြင်းဇယား၏ ထိပ်တန်းဆယ်ခုတွင်တောင် ပါ၀င်နိုင်သည်။

အဓိကအကြောင်းရင်းမှာ ပတ်ဝန်းကျင်မှာရှိတဲ့ လေထုထဲက ဒြပ်စင်တွေကို မသိလိုက်ဘဲ ငြင်းပယ်နေခြင်းကြောင့်ပင်။ ဘဲတစ်ကောင်က မှော်ဆန့်ကျင်နယ်ပယ်နဲ့တူတဲ့ စွမ်းရည်ရှိတယ်ဆိုတာ သူချက်ချင်းသိလိုက်ရသည်။

ဖီရှူးသည် ဘဲတစ်ကောင်ကို မည်သို့ကိုင်တွယ်ရမည်ကို အချိန်အတော်ကြာစဉ်းစားခဲ့ပြီးတာတောင် ယုံကြည်စိတ်ချရသောနည်းလမ်းကို မတွေ့နိုင်ပေ။

ဒီဘဲလေးက ခံစစ်အားကောင်းတယ်... လက်နဲ့တိုက်ခိုက်ရာမှာ အဆင်မပြေတဲ့ တခြားနတ်ဆိုးတွေအတွက် နတ်ဘုရားတစ်ပိုင်း ဖြစ်နေရင်တောင် သူ့ရဲ့ဦးချိုနဲ့ အကြိမ်ကြိမ်ထိုးမိရင် ဒဏ်ရာအပြင်းအထန်ရနိုင်သေးသည်။ ဒါပေမယ့် ဒီဘဲက နာကျင်မှုကို မခံစားရဘဲ ဒဏ်ရာရတိုင်း အားပိုကောင်းလာခဲ့သည်။

နောက်တစ်ချက်က ဘဲတစ်ကောင်ရဲ့ အစွမ်းက မယုံနိုင်လောက်အောင် ပြင်းထန်ခြင်း ဖြစ်သည်။ အနီးကပ်ဖမ်းမိတဲ့အခါလည်း လှုပ်ဖို့ခက်သည်။ အကြိမ်ပေါင်းများစွား ၎င်းကိုလွတ်မြောက်ရန် ကူညီပေးခဲ့သည်မှာ သဘာဝရဲ့လက်ဆောင်များဖြစ်သည်။

ပီရှူသည် ကူကယ်ရာမဲ့ဖြစ်နေပြီး အနီးကပ်တိုက်ပွဲတွင် မတွန်းလှန်နိုင်ဘဲ ၎င်း၏ စွမ်းအားသည် မှော်ဆန့်ကျင်စွမ်းအင်ကြောင့် ဆုတ်ယုတ်သွားခဲ့သည်။

“ငါ ဒီနေ့ ရုပ်ပျက်သွားတယ်... မင်း စောင့်နေ.. နောက်တစ်ကြိမ် မင်းကို သင်ခန်းစာပေးမယ်” သူသည် လေကြီးလေကျယ် အော်လိုက်သည်။

ဂိုဒီကတော့ ဖီရှူးကို ဂျုံလိုနယ်ချင်သည်ဟု ပြောထားသည့်အတွက် လက်မလျှော့ပဲ နောက်ကလိုက်နေသည်။

“လိုက်ကြရအောင်” ကောင်းဖန် စိတ်ပျက်သွားသည်။ ဂိုဒီဦးနှောက်က ကြွက်သားများနဲ့ပဲ ပြည့်နေလား.... ဖီရှူးက ချုံခိုတိုက်ခိုက်မှာကို သူ မကြောက်ဘူးလား...

ခပ်လှမ်းလှမ်းတောင်ထိပ်တွင် နားရွက်ရှည်ရှည် ဆံပင်ဖြူနှင့် ဆင်တူသည့် ခွေးယုန်တစ်ကောင်က အံ့အားသင့်သွားသည်။ “ဖီရှူးက တကယ်လွတ်မြောက်သွားပြီ”

“စစ်မြေပြင်မှာ တခြားပြိုင်ဖက်တစ်ယောက်ရှိပုံရတယ်” ဟု အနက်ရောင်ကိုယ်ထည်နှင့်ဂျိုမရှိသည့် ခြေတစ်ချောင်းနွား သားရဲတစ်ကောင်က ပြောလိုက်သည်။

ဖီရှူးကို အဝါရောင်ဘဲတစ်ကောင်က လိုက်ဖမ်းတယ်ဆိုသည့် သတင်းသည် မကြာခင်မှာပဲ စစ်မြေပြင်တစ်ခုလုံးကို ပျံ့နှံ့သွားသည်။

ထိုသို့ဖြင့် ဤတိုက်ပွဲအပြီးတွင် ဂိုဒီနှင့် ကောင်းဖန်တို့အဖွဲ့သည် ကျော်ကြားမှုများစွာရရှိလိုက်သည်။

ဖီရှူးသည် စစ်မြေပြင်တွင် စတုတ္ထနေရာရရှိထားသော်လည်း ၎င်း၏အင်အားမှာ စတုတ္ထနေရာဖြစ်သည်ဟု မဆိုလိုပေ။ ဒါပေမယ့် ဒီအဆင့်က သူ့ရဲ့ အရည်အချင်းအမှန်နဲ့ သိပ်မကွာခြားပေ။

ဖီရှူးကို အနိုင်ယူရန်၊ မိုင်ပေါင်း ရာနှင့်ချီ၍ လိုက်ရန် မည်သူတစ်ဦးတစ်ယောက်မှလည်း မစွမ်းဆောင်နိုင်ခဲ့ပေ။

မျက်မြင်သက်သေများ၏ အဆိုအရ ဖီရှူးကရှေ့က ပြေးပြီး ဘဲတစ်ကောင်က သူ့နောက်ကို လိုက်သွားခဲ့သည်ဟု ဆိုသည်။ ဖီရှူးကတော့ သူထွက်ပြေးသွားခဲ့တယ်ဆိုတာ ဘယ်တုန်းကမှ ဝန်မခံခဲ့ပေ။ ဖီရှူးထွက်ပြေးသွားကြောင်း လူသိရှင်ကြားပြောသည့် သားရဲနှစ်ကောင်ကို မျိုချလိုက်ပြီနောက်တွင်လည်း သူ့ရှေ့မှာ ဒီကိစ္စကို ဘယ်သူမှ မပြောကြတော့ပေ။

စစ်မြေပြင်ရှိ ဝေးလံခေါင်သီသောချိုင့်ဝှမ်းတစ်ခုတွင် ခေါင်းဖြူမျောက်ဝံတစ်ကောင်သည် တောင်ကြားထဲသို့ လျှောက်သွားကာ နောက်ပြန်လှဲလိုက်ပြီး မြေပြင်ပေါ်တွင် ထိုင်လိုက်သည်။ သူ့နောက်မှ တောင်ထွတ်သည် အနည်းငယ်လှုပ်သွားသည်။ မျောက်ဝံတွေ မှီနေသည့် နံရံသည် မြက်ပင်တွေ ကင်းစင်ပြီး ချောမွေ့ သန့်ရှင်းနေသည်။ “ငါ အရမ်းဒေါသထွက်နေတယ်”

“ဘာဖြစ်တာလဲ” တောင်ကြားမှ နူးညံ့သိမ်မွေ့သော အမျိုးသမီးအသံ တစ်ခု ထွက်လာသည်။ “ငါတို့ မျောက်ကြီးကို ဘယ်သူက ထပ်ပြီး ဒေါသထွက်အောင် လုပ်လိုက်တာလဲ”

စိမ်းလန်းစိုပြေသော တောင်ကြားထဲမှ ခြင်္သေ့ကိုယ်သိုးဦးချိုပါသည့် ထူးဆန်းသည့် တိရစ္ဆာန်တစ်ကောင်သည် ဖြည်းညှင်းစွာ ထွက်လာသည်။ ၎င်း၏အဖြူရောင်အမွေးများသည် ရေတံခွန်ကဲ့သို့ ခန္ဓာကိုယ်ဆီသို့ ဖြည်းညှင်းစွာကျနေပြီး မျက်လုံးများသည် သတိရှိသည်။

“ဘာမှမဟုတ်ပါဘူး.. မကြာသေးခင်က နာမည်ကြီးနေတဲ့ ဘဲတစ်ကောင်က သူက ငါတို့ ကျွီးယန်မျိုနွယ်စုရဲ့ သွေးသားလို့ ပြောနေလို့... ငါတို့ ကျွီးယန်မျိုးနွယ်စုမှာ ဘဲတွေ ဘယ်လိုရှိနိုင်မှာလဲ..အဲဒါကြောင့် အဲဒီ လျှောက်ပြောနေတဲ့ သားရဲကို ငါရိုက်ခဲ့သေးတယ်”

“မင်း အခုထိ ရက်စက်တုန်းပဲ” ပိုင်ကျဲ့က ရယ်မောရင်း ပြောလိုက်သည်။

“နှစ်တွေကြာတာတောင် မင်းမပြောင်းလဲသေးဘူး.. သူတို့ဘာမှ မဟုတ်တာကို ပြောနေတာပဲ.. အတင်းအဖျင်းပြောတဲ့အတွက် သူတို့ကို လမ်းပေးလိုက်ပါ”

“ငါ မင်းပြောတာကို နားထောင်ပါမယ်” ကျွီးယန်က သူ့ဖင်ကို ကုတ်လိုက်ပြီး သူမ ရှေ့မှာ ဒီလိုအရာတွေလုပ်ရတာ မသင့်တော်ဘူးလို့ ခံစားလိုက်ရတဲ့အတွက် သူ့လက်ကို နှာခေါင်းပေါ်တင်ပြီး အနံ့ခံလိုက်သည်။

“ရွံစရာပဲ...” ပိုင်ကျဲ့က မျက်လုံးပြူးသွားသည်

“ဟဲ ဟဲ” ကျွီးယန်က ကလေးတယောက်လို အော်ဟစ်ရယ်မောလိုက်သည်။

“အဲဒီ ဘဲရဲ့ နောက်ခံက ဘာလဲ” ကျွီးယန်က စိတ်ဝင်တစား မေးလိုက်သည်။

ပိုင်ကျဲ့က မျက်လုံးတွေကို မှိတ်ထားပြီး ဆံပင်တွေက လေတိုက်လို့ လှုပ်ခါသွားကာ အချိန်အတော်ကြာပြီးနောက် မျက်လုံးကို ဖွင့်လိုက်သည်။

“ဖီရှူးကိုအနိုင်ယူခဲ့တဲ့ သားရဲရဲ့သွေးက အရမ်းထူးခြားတယ်... နဝမမြောက်ကောင်းကင်ဘုံက မဟုတ်ဘူး... ပိုင်ကျဲ့က စိတ်ရှုပ်စွာနဲ့ပြောလိုက်သည်။

***

သားရဲလေ့ကျင့်သူ

အခန်း ၇၂၈ ဆီလီ၏ ထိုးဖောက်ကျော်ဖြတ်ခြင်း

“ဘာလဲ... ကောင်းကင်ဘုံက မဟုတ်ဘူးလား.. ဒါဆိုဆက်မတွေးနေနဲ့... မင်း ပင်ပန်းလိမ့်မယ်” သို့သော် ကျွီးယန်သည် အံ့အားသင့်သွားပြီး ခေါင်းကုတ်လိုက်သည်။ “အဲဒါဆို အဓိပ္ပာယ်ရှိတာပေါ့... ဒီကောင်က ဘာလို့ ဒီလောက်တောင် သန်မာနေတာလဲလို့ တွေးနေမိတာ”

“ဟုတ်လား” ပိုင်ကျဲ့က ခေါင်းညိတ်ပြလိုက်သည်။ “မင်းသူနဲ့ ထိပ်တိုက်တွေ့လာတာလား”

“မဟုတ်ဘူး မဟုတ်ဘူး...ငါက သူ့ကို ပြိုင်ဆိုင်ဖို့ ခွန်အား ရှိပါတယ်” ကျွီးယန်က သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

သူ့အစွမ်းအစကို ထုတ်ပြပြီးနေပြီဖြစ်သောကြောင့် ကောင်းဖန်သည် လျှို့ဝှက်ထားရန် မလိုအပ်တော့ပေ။ မြေကြီးများကို တူးဖော်ခြင်းသည် အကျိုးရှိသော်လည်း နတ်ဘုရားတစ်ပိုင်းနှင့် သူတောာ်စင်အဆင့် သားရဲရုပ်အလောင်းများသည်ပို၍တန်ဖိုးရှိသည်။

စက်ရုပ်ဘုရင်နှင့် ပိဖန်တို့၏ အဆိုအရ အသူရာချောက်ကမ္ဘာကို တိုက်ခိုက်ခြင်းသည် နိုင်ငံရေးအရ မှန်ကန်သည်။ အကယ်၍ ဤနေရာ၌ ကြီးမားသော ပံ့ပိုးကူညီမှုတစ်ခု ပြုလုပ်ပြီး ချောက်ထဲမှ သားရဲများကို သတ်ပါက သူဌေးများက တန်ဖိုးထားခြင်းကို ခံရလိမ့်မည် ဖြစ်သည်။

နဝမမြောက်ကောင်းကင်ဘုံ၏ သူဌေးအစစ်သည် အသွင်ပြောင်းမျိုးနွယ်စု သို့မဟုတ် လူသားများမဟုတ်ခဲ့ပဲ နဝမမြောက် ကောင်းကင်ဘုံကို ရာစုနှစ်များစွာကြာအောင်အုပ်ချုပ်ခဲ့သော ဒဏ္ဍာရီဆန်သားရဲများ၊ နမိတ်ဆိုးသားရဲများနှင့် အသွင်ပြောင်း သားရဲများဖြစ်သည်။

၎င်းတို့တွင် လူသားအားလုံးနှင့် အသွင်ပြောင်းမျိုးနွယ်စုများထက် ရှည်လျားသော သမိုင်းများရှိသည်။ ၎င်းတို့သည် တကယ့်ရှေးဟောင်းပစ္စည်းများဖြစ်သည်။

၎င်းတို့၏တည်ရှိမှုကလည်း အသူရာချောက်က နဝမမြောက်ကောင်းကင်ဘုံကို မစိမ့်ဝင်နိုင်သည့် အကြောင်းရင်း ဖြစ်သည်။

တိုက်ပွဲများတွင် အလင်းလှိုင်း၊ တာ့ဇီနှင့် ခြင်္သေ့ဖြူတို့သည် အင်အားအလုံးအရင်းဖြင့် တိုက်ခိုက်ခဲ့ကြပြီး ၎င်းတို့အတွက် နာမည်ကောင်းရခဲ့သည်။

ဂိုဒီအပါအဝင် ၎င်းတို့ လေးကောင်သည် နတ်ဘုရားတစ်ပိုင်းများဖြစ်ကြသည်။ သားရဲလေ့ကျင့်သူအနေနှင့် ကောင်းဖန်အတွက် နတ်ဘုရားတစ်ပိုင်းသားရဲ လေးကောင်ရှိခြင်းသည် အခြားအင်းအားစုအချို့၏ အာရုံကို ဆွဲဆောင်နိုင်ခဲ့သည်။

“မင်း အတည်ပြုပြီးပြီလား… တကယ် မင်ယုနိုင်ငံကလား” နန်းတော်ထဲမှာ လူတစ်ဒါဇင်လောက် ထိုင်နေကြပြီး ရွှေဝါရောင် ၀တ်စုံကို ဝတ်ဆင်ထားတဲ့ မြင့်မြတ်သူ တယောက်သည် အမြင့်ဆုံး ကုလားထိုင်တွင်ထိုင်နေသည်။

“အရှင်.. အဲဒီလူတွေက အကြောင်းမပြန်သေးပါဘူး... သူတို့ပြန်လာဖို့ နောက်ထပ် ၂ ပတ်လောက် အချိန်ယူရပါလိမ့်မယ်”

“သူတကယ် မင်ယုနိုင်ငံကလို့ထင်လား”

“ဒီလို ဝေးလံခေါင်သီတဲ့ နိုင်ငံငယ်လေးမှာ ဒီလိုမျိုး ပါရမီရှင် ဘယ်လိုရှိနိုင်မှာလဲ”

“နတ်ဘုရားတစ်ပိုင်းလေးကောင်လား...သူ့ကို ဘယ်နေရာမှာပဲဖြစ်ဖြစ် ထိပ်တန်း ပါရမီရှင်အဖြစ် သတ်မှတ်ခံရမှာပဲ”

“အရေးကြီးဆုံးကတော့ ငါတို့က သူ့အကြောင်းကို တစ်ခါမှ မကြားဖူးတာပဲ”

“အဲဒါက ထူးဆန်းတယ်”

လူအုပ်ကြီးက စိတ်လှုပ်ရှားစွာ ဆွေးနွေးနေသည်။

“ကောင်းပြီ” ဘုရင်မသည် ပင်မထိုင်ခုံမှ အသံတိုးတိုးဖြင့်ပြောလိုက်သည်။ “သူနဲ့ ဆက်သွယ်ဖို့ တစ်ယောက်ယောက်ကို ပို့လိုက်.. ငါတို့ သူ့ကို အနိုင်ယူနိုင်မလား သိချင်တယ်... မတတ်နိုင်ရင်တော့ အခြေအနေကောင်းအောင် ကြိုးစားရမယ်”

“အမိန့်နာခံလျက်ပါ”

အားလုံး အခန်းထဲက ထွက်သွားတာနဲ့ ဘုရင်မကြီးက မျက်လုံးတွေကို ဖြည်းညှင်းစွာမှိတ်လိုက်သည်။ “နတ်ဘုရားတစ်ပိုင်းသားရဲ လေးကောင်နဲ့ စာချုပ်ချုပ်နိုင်ရင် သူ့မှာ တကယ် လက်ဆောင်တစ်ခုခုရှိလိမ့်မယ်... သူတို့က နတ်ဘုရားတစ်ပိုင်းအဆင့်ကို ကျော်ပြီး နတ်ဘုရားအဆင့် ဖြစ်လာရင် ရာဇပလ္လင်ကို အမွေဆက်ခံဖို့ အခွင့်အလမ်း ပိုရှိမယ်”

သူသည် ကောင်းဖန်ကိုသတ်ဖို့ တစ်စုံတစ်ဦးကို စေလွှတ်ရန် သို့မဟုတ် ရန်သူဖြစ်စေရန် မစဉ်းစားပေ။ ကောင်းဖန်၏လက်ဆောင်ကို သူ မနာလိုပေမယ့် တခြားသူရဲ့လက်ဆောင်ကို အတင်းယူလို့မရဘူးဆိုတာကို သူသိသည်။ ပုန်ကန်ခြင်းထက် အမြတ်အစွန်းကို မြှင့်တင်ခြင်းက ပိုကောင်းသည်။ ဆိုလိုသည်မှာ လက်ဆောင်ရှိသူ၏ သူငယ်ချင်းဖြစ်လာခြင်း ဖြစ်သည်။

…

“ကောင်းဖန်... ငါတို့ အမဲလိုက်ပြီးလို့ ပြန်လာပြီ” တာ့ဇီသည် ၎င်း၏အတောင်ပံများကို လှုပ်ယမ်းကာ ဆင်းသက်လိုက်သည်။ ၎င်း၏ခြေသည်းများတွင် အလောင်းနှစ်လောင်းရှိကာ အလောင်းတစ်လောင်းသည် နတ်ဘုရားတစ်ပိုင်း၏ အငွေ့အသက်ကို ထုတ်နေသည်။

သူတို့ရဲ့ အစားအသောက်တွေကို မြင်တော့ အနီးနားက သားရဲတွေ ဝိုင်းအုံလာကြသည်။

တာ့ဇီက အဘိုးကြီးတစ်ယောက်လို သက်ပြင်းချလိုက်သည်။ သူသည် သားပေါက်များကို မွေးမြူထားသည့် ဖခင်အိုကြီးတစ်ယောက်လို စိတ်ပူနေပုံရသည်။

“အသားတွေကို ခွဲပေးပါ... အသားတွေကို ခွဲပေးပါ” ဆီလီသည် စိတ်လှုပ်ရှားစွာ လွင့်ပျံလာကာ ကောင်းဖန်၏ ခေါင်းပေါ်သို့ တက်ပြီး တာ့ဇီကို စိတ်အားထက်သန်သော မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။

တာ့ဇီက ဂုဏ်ယူစွာနဲ့ ခေါင်းကို မြှောက်လိုက်သည်။ ခြင်္သေ့ဖြူနှင့် အလင်းလှိုင်းတို့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဤနတ်ဘုရားတစ်ပိုင်းကိုသတ်ခဲ့ရသည်ကို သူမေ့သွားပုံရသည်။

နတ်ဘုရားတစ်ပိုင်းအလောင်းကို ယဇ်ပလ္လင်ပေါ်တွင် တင်ထားလိုက်သောအခါ ယဇ်ပလ္လင်အထက်တွင် လွင့်မျောနေသော အနှစ်သာရတစ်ခုအဖြစ်သို့ လျင်မြန်စွာ ပြိုကွဲသွားသည်။

“ဒီအနှစ်သာရကို ဆီလီကို ပေးလိုက်... ဆီလီက နတ်ဘုရားတစ်ပိုင်းအဆင့်ကို ဖြတ်ကျော်တော့မယ်” ဟုကောင်းဖန်က ပြောလိုက်သည်။

သားရဲများသည် တိတ်ဆိတ်နေသည်။ ကောင်းဖန်က အဲဒီလိုပြောရင်တော့ သူတို့ ကန့်ကွက်မှာမဟုတ်ပေ။

ခွဲပေးဖို့တော့ ကောင်းဖန် တာဝန်ထားလိုက်ပါ....

ဆီလီသည် အသားအနှစ်သာရကိုမျိုချလိုက်ပြီး စူးစူးဝါးဝါး အော်လိုက်သည်။ ထို့နောက် ငွေရေခူမှ ပန်းရောင် ရေခူအဖြစ်သို့ ပြောင်းလဲသွားသည်။

“ဝါး....ဝါး”

သန်မာသောနေရာလွတ်လှိုင်းလုံးသည် ဆီလီ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။ အနတ္တပုံရိပ်ရောင် နေရာလွတ်သည် စာရွက်တစ်ရွက်ကဲ့သို့ အတွင်းပိုင်းကို ခေါက်ထားသည်။ ဆီလီ၏ ခန္ဓာကိုယ်သည် တဖျပ်ဖျပ်တောက်ကာ ပျောက်ကွယ်သွားပြီး ဘယ်ဘက် ၁၀ မီတာအကွာတွင် ပေါ်လာသည်။

“ပင်လယ်ဝတုတ်... သူ့ရောင်ဝါကို ဖုံးကွယ်ထား” ကောင်းဖန်သည် ဆီလီ၏အောင်မြင်မှုများအကြောင်းကို အခြားသူများကို မသိစေချင်ပေ။ သူသည် ကောင်းကင်ဘုံသားရဲကိုတော့ သေချာမလှည့်စားနိုင်သော်လည်း သိသူနည်းလေ ပိုကောင်းလေဖြစ်သည်။

ပင်လယ်ဝတုတ်သည် ခေါင်းညိတ်ကာ ပင်လယ်ဧကရာဇ်၏ ဖျက်ဆီးဝါးမျိုသော သွားများကို ထုတ်ယူလိုက်သည်။ ဂိုဒီသည် ၎င်းကို မြေကြီးတူးရန် မကြာသေးမီက အသုံးပြုခဲ့သေးသဖြင့် ပင်လယ်ဝတုတ်သည် ၎င်းကို ရေဖြင့် ဆေးရန် ၎င်း၏ ခန္ဓာကိုယ်ပေါ်တွင် ထားလိုက်ရသည်။

ပင်လယ်ဧကရာဇ်၏ဖျက်ဆီးဝါးမျိုသော သွားများသည် ကောင်းကင်တွင် လွင့်ပျံနေပြီး ၎င်း၏စွမ်းအားသည် ပတ်ဝန်းကျင်ရှိ အလင်းများနှင့် လှိုင်းလုံးများကို မျိုချလိုက်သော တွင်းနက်ကြီးတစ်ခုကို ဖန်တီးလိုက်သည်။

အဝေးမှ တောင်ကြားတွင် ပိုင်ကျဲ့သည်သူမခေါင်းကိုမော့လိုက်သည်။ ပြင်းထန်သော စွမ်းအားတစ်ခုကို သူမ ခံစားလိုက်ရသည်။

“ထောင်ထိုင်းလား”

ဒါပေမယ့် မကြာခင်မှာပဲ သူမက ဒီထင်ကြေးကို စွန့်လွှတ်လိုက်သည်။ ဒီမျိုးဆက်ရဲ့ ထောင်ထိုင်းက မမွေးသေးတာ ဖြစ်နိုင်သည်။

ဆီလီ၏ခန္ဓာကိုယ်ရှိ ရောင်ဝါသည် ပိုမိုအားကောင်းလာပြီးနောက် တစ်ဆို့သွားသည်။

အလယ်ဗဟိုရှိ ဆီလီနှင့်အတူ ကီလိုမီတာတစ်ထောင် အချင်းဝက်အတွင်း နေရာလွတ်တစ်ခုသည် ဖရိုဖရဲဖြစ်သွားသည်။ နောက်အခိုက်အတန့်တွင် ဘယ်ဘက် မီတာတစ်ရာ အကွာတွင် ပေါ်လာသည်။

တာ့ဇီ၏ မျက်လုံးများသည် တောက်ပနေပြီး ရှေ့တွင် စုဝေးနေသည့် အာကာသဝဲကို သတိထားမိလိုက်သည်။ သူသည် ၎င်းဆီသို့ ပြေးသွားကာ ၃၀၀ မီတာ အကွာအဝေးကို အာကာသ စွမ်းအားဖြင့် သယ်ဆောင်သွားသည်။

“ဒါက ပျော်စရာပဲ”

ဂိုဒီသည်မျက်လုံးများ မှိတ်ထားလိုက်သည်။ ပတ်ဝန်းကျင်ရှိ အာကာသစွမ်းအားသည် ကျောက်တုံးကြီးပေါ်သို့ လှိုင်းလုံးများကဲ့သို့ ရိုက်ခတ်သွားသည်။

“ကောင်းပြီ... ရပ်လိုက်တော့.. အရင်ဆုံးထွက်ကြရအောင်” ကောင်းဖန်သည် ဒီမှာဆက်နေရင် ဆီလီ၏ဆင့်ကဲဖြစ်စဉ်ကို ဘယ်သူနှောင့်ယှက်မလဲ မသိနိုင်ပေ။

တာ့ဇီသည် သည်းမခံနိုင်စွာ ပြေးထွက်သွားသည်။

ကောင်းဖန်သည် ထိုမြင်ကွင်းကို မြင်သောအခါ တစ်ခုခုကို သတိရသွားသည်။ ဆီလီ၏စွမ်းအားများသည် အားကောင်းလာသည်။ ယခုအခါ ၎င်းသည် သူကိုယ်တိုင်သာမက အခြားသော အာကာသစွမ်းအားဖြင့် သားရဲများကိုလည်း ပို့ဆောင်နိုင်ပြီဖြစ်သည်။

လက်တွေ့တွင် ဆီလီ၏စွမ်းရည်သည် တိုက်ခိုက်ရေးတွင် အသုံးဝင်မည်ဖြစ်သည်။ ၎င်းသည် အခြား သားရဲများထံ တယ်လီပို့ စွမ်းရည်ကို ရရှိစေမည်ဖြစ်သည်။

ကောင်းဖန်အတွေးထဲ ရောက်သွားသည်။

ဆီလီက သူ့နောက်ကျောကို ဆန့်ထုတ်လိုက်သည်။ လှိုင်းလုံးကြီးတွေက သူ့ပတ်ဝန်းကျင်မှာ ပြန့်ကျဲနေသည်။

နောက်ဆုံးတွင် ၎င်း၏ ခန္ဓာကိုယ်ရှိ သံကြိုးများ ကွဲကြေသွားသည်။ ဆီလီ၏ရောင်ဝါသည် တိုးမြင့်လာသည်။

ဆီလီဆီမရောက်မှီ ဆယ်မီတာရှိသော နေရာလွတ်သည် ကြီးမား၍ မမြင်နိုင်သော လက်ဖြင့် ဆုပ်ကိုင်ထားသကဲ့သို့ တဖြည်းဖြည်း ကွဲလွဲသွားသည်။

ခပ်ဝေးဝေးတွင်ရပ်နေသောကောင်းဖန်သည် ကွဲလွဲနေသောနေရာနောက်ကွယ်ရှိ တောင်ကုန်းများ အလင်းယိုင်ပြီး လှည့်ပတ်နေသည်ကိုတွေ့လိုက်ရသည်။ တင်းကျပ်နေသည့် ကြိုးတစ်ချောင်းကဲ့သို့ ၁၈၀ ဒီဂရီရောက်သည်နှင့် ကန့်သတ်ချက်အချို့ကို ထိလိုက်သလို လိမ်၍မရတော့ပေ။ အဲဒီကန့်သတ်ချက် ပျက်သွားရင် မှန်ကွဲသလိုပဲ နေရာလွတ်ကလည်း ကွဲသွားလိမ့်မည်။

All Chapters