← Chapters

အခန်း (၇၂၉-၇၃၂)

Vol. 46 Ch. 729-732

အခန်း (၇၂၉-၇၃၂)

Vol. 46 Ch. 729-732

အခန်း ၇၂၉ ပို့ဆောင်မှု.... လွဲချော်ခြင်း

“ဒီအာကာသနယ်မြေ အားကောင်းလာတယ်.. ဒါ သာမန်မျက်နှာပြင်နေရာတွေထက် ပိုတည်ငြိမ်တယ်” ပင်လယ်ဝတုတ်သည် ကောင်းဖန်တို့အုပ်စုကို ယုံကြည်ချက်ပေးသော ပါမောက္ခတစ်ဦး၏ပုံစံရှိသည်။

“ဒါဆို နဝမမြောက်ကောင်းကင်ဘုံမှာဆိုရင် ဆီလီက အာကာသကို ချိုးဖျက်နိုင်တယ်‌ပေါ့” ဂိုဒီက ပြောလိုက်သည်။ “အားကောင်းတဲ့ အာကာသ ချိုးဖောက်သူပဲ… ဆီလီက ငါ့တို့ကိုဦးဆောင်လိမ့်မယ်”

အမှန်တွင် ဆီလီသည် အာကာသချိုးဖောက်ခြင်းကို မသိသောကြောင့် ဂိုဒီက သူကို ချီးကျူးနေမှန်း သိခြင်းကသာ လုံလောက်သည်။

သူသည် အရမ်းပျော်သွားပြီး လှည့်ပတ်ကြည့်ကာ အရမ်းကျေနပ်နေသည်။

“ဆီလီ အခု မင်း တခြားလူတွေကို နေရာလွတ်ရွေ့ပြောင်းပေးလို့ရတယ်” ကောင်းဖန်က ဆီလီကို ခေါ်လိုက်သည်။ ဆီလီသည် ကောင်းဖန်ရှေ့တွင် လွင့်မျောနေသည်။ ကောင်းဖန်သည် ဂျယ်လီ အပိုင်းအစကို ကိုက်လိုက်သကဲ့သို့ ဆီလီ၏ ပျော့ပျောင်းသော ထီးပုံစံ ခေါင်းကို ကိုက်လိုက်သည်။ အရမ်းကောင်းတယ်....

“ဟုတ်” ဆီလီသည် ၎င်း၏လက်တံများကို လေထဲမှာ မြှောက်လိုက်သည်။ ၎င်းသည် ယခုအခါ အလွန်အားကောင်းကြောင်း ပြသနေသည်။

“အမှားမလုပ်နဲ့နော်” ကောင်းဖန်က သတိကြီးစွာနဲ့ပြောလိုက်သည်။ ၎င်းသည် နေရာတိုင်းတွင် မြင့်မားသော အရည်အချင်းတစ်ခုအဖြစ် မှတ်ယူထားသည့် အာကာသစွမ်းအားဖြစ်သည်။ စည်းမျဥ်းများအတွင်း၌ပင် နေရာလွတ်စည်းမျဉ်းသည် ရှားပါးသော စည်းမျဉ်းတစ်ခုဖြစ်သည်။

ရှားပါးခြင်းတိုင်းသည် သန်မာသည်ဟုတော့ မဆိုလိုပေ။ သို့သော် ရှားပါးသည်။

ကောင်းဖန်သည် ၎င်း၏ အရည်အချင်းကို သံသယဝင်နေပုံသောကြောင့် ဆီလီသည်မပျော်မရွှင်ဖြစ်နေသည်။

ကောင်းဖန်သည် တိတ်ဆိတ်စွာ တွေးတောနေမိသည်။ သူသည်ဆီလီ၏ မှိုခေါင်းကြီးကို ပွတ်သပ်ရင်း ပြောလိုက်သည် “မင်းက အားနည်းနေခဲ့တာကြောင့် အရင်တုန်းက တိုက်ပွဲမှာ ပါဝင်ခွင့် မပြုခဲ့ရဘူး... အသက်နဲ့ အာကာသလို ရှားပါးတဲ့ အရည်အချင်းတွေက အစောပိုင်းအဆင့်တွေမှာ တိုက်ခိုက်ရေး ထိရောက်မှု မရှိပေမယ့် အခုတော့ မင်းကိုမင်း ကာကွယ်နိုင်ပြီ...”

ဆီလီသည် ကန့်ကွက်လိုက်သည်။ ငါက ပျော့ညံ့ခဲ့တယ်ဆိုတာ ဘာကိုဆိုလိုတာလဲ.. ငါက လုံးဝ အကာအမှီအခိုမဲ့တယ်... ငါ့ရဲ့ မာနကို မင်း ညစ်နွမ်းစေလို့ မရဘူး...

“ကောင်းပြီ... ဒါဆို လေ့ကျင့်ရေး စကြရအောင်” ကောင်းဖန်က ပြောလိုက်သည်။ “မင်းအရင်က တိုက်ပွဲမှာ တစ်ခါမှ မပါဝင်ခဲ့ဖူးဘူး... ဒါကြောင့် နောက်နှစ်ရက်လောက်မှာ မင်းရဲ့ အဖွဲလိုက်အရည်အချင်းကို ပြုစုပျိုးထောင်ပေးမယ်... မင်းက လာမယ့် ‌အသူရာချောက်ထိုးဖောက်မှုမှာလဲ ပါရမယ်... နောက်နှစ်ရက်လောက်မှာ တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးလာအောင်လုပ်ကြမယ်”

…

မီးနတ်ဘုရားတောင်ကြား….

မီးနတ်ဘုရားတောင်ကြားအပြင်ဘက်တွင် အပင်များ ပေါက်နေသော်လည်း တောင်ကြား၏အလယ်တွင် ကြီးမားပြီး အသက်ဝင်နေသည့် မီးတောင်တစ်ခုရှိသည်။

အနက်ရောင် မီးတောင်ကျောက်များသည် မြေပြင်ကို ဖုံးလွှမ်းထားသောကြောင့် အပင်များ ရှင်သန်ရန် ခက်ခဲစေသည်။ အပူရှိန်ကြောင့်မဟုတ်ဘဲ မီးတောင်ပေါက်ကွဲသည့်အခါတိုင်း ချော်ရည်များ ထွက်လာပြီး မီးတောင်ကျောက်အသစ်များအဖြစ် ခိုင်မာလာသောကြောင့် ဖြစ်သည်။

“မင်းလုပ်ရမှာက မီးတောင်ထဲကို ခုန်ချဖို့ပဲ” ဟု ပိဖန်က ကြင်နာသောအမူအရာဖြင့် ပြောလိုက်သည်။

ဖလိန်မီသည် မီးတောင်ဝ၏အစွန်းတွင်ရပ်နေသည်။ မီးတောင်မှထွက်သောလေထုသည် ပူလောင်သော မီးတိုင်တစ်ခုလိုဖြစ်ပြီး လေအပူချိန်သည် တစ်ထောင်ဒီဂရီစင်တီဂရိတ်ကျော်ရှိသည်။ ဖလိန်မီ၏အမူအရာ ပြောင်းလဲသွားသည်။ အစက သာမာန်မီးတောင်တစ်ခုဟု သူမထင်ခဲ့သည်။ ၎င်းသည် သာမန်မီးတောင် တစ်ခုမဟုတ်ပေ။

“ငါခုန်ရမှာသေချာလား” ဖလိန်မီသည် သူမ၏ ထွားကျိုင်းသော မျက်နှာကို တွန့်ထားသည်။

“လွန်ခဲ့တဲ့ နှစ်ရက်လောက်က မင်း ဝါးမြိုဖို့အတွက် တခြား မီးအမျိုးအစားသားရဲတွေရဲ့ မီးတောက်တွေအပြင် မတူကွဲပြားတဲ့ သားရဲကောင်တစ်ရာရဲ့ မီးတောက်တွေကို ငါစုဆောင်းခဲ့တယ်” ဟု ပိဖန်က ဖြည်းညှင်းစွာပြောလိုက်သည်။ “အခု မင်းက မီးဒ‌ဏ္ဍာရီသားရဲ မီးတောက်တွေရဲ့ အထွတ်အထိပ်ကို ရောက်နေပြီ”

“ဒါကြောင့် မင်း ဒီထက်ပိုပြီး တိုးတက်ချင်ရင် ကောင်းကင်နဲ့ ကမ္ဘာမြေကြီးရဲ့ မီးကို စားသုံးရမယ်”

ဖလိန်မီသည် တစ်ခဏမျှ တိတ်ဆိတ်သွားပြီး သူမ၏ ကျောပေါ်ရှိ မထင်ရှားသော အမွေးအမှင်ကို နှုတ်လိုက်ကာ မီးတောင်ပေါက်ထဲသို့ တိတ်တဆိတ် ပစ်ချလိုက်သည်။

အပူလှိုင်းက အမွေးအတောင်တွေကို မှုတ်ထုတ်လိုက်သည်။

နူးညံ့သိမ်မွေ့ပြီး အသက်ကြီးသည့် ပိဖန်သည် အမွေးအတောင်ကို အပြုံးဖြင့် ကြည်နေသည်။ ဖလိန်မီ၏ ပါးပြင်များ ပူလောင်နေသည်။

ဖလိန်မီသည် သူမ၏အမူအရာကိုတော့ မပြောင်းလဲပေ။

သူမသည် မကျေနပ်သေးဘဲ အမွေး ၃ လုံးကို တစ်ပြိုင်နက် နှုတ်ပြီး ဘောလုံးတစ်လုံးအဖြစ်သို့ ကြိတ်ချေပစ်လိုက်ကာ မီးတောင်ထဲသို့ ပစ်ချလိုက်သည်။

ခဏအကြာတွင် အမွေးအမှင်များသည် ချော်ရည်များပေါ်မှ တက်လာပြီး မျက်နှာပြင်ပေါ်တွင် မျောပါလာသည်။

ဖလိန်မီက သက်ပြင်းတစ်ချက်ချလိုက်သည်။ အပူချိန်ကို ခံနိုင်ရည်ရှိနေတုန်းပဲ..

ဒီအတွေးနဲ့ ဖလိန်မီက ခေါင်းကိုမော့လိုက်သည်။ “ငါခုန်မယ် ဒါပေမယ့် ငါထွက်လာတာနဲ့ မင်းငါ့ကို မီးသလင်းကျောက်ပိုး ၁၀ တန်ကျွေးရမယ်”

မီးသလင်းကျောက်ပိုးများသည် ပိဖန်မျိုးနွယ်စုတွင်ပေါက်ဖွားသည့် အသွင်ပြောင်းသားရဲတစ်မျိုးဖြစ်သည်။ သူတို့ရဲ့အသားက နူးညံ့ပြီး မီးဒြပ်စင်နှင့် ဗီတာမင်အမျိုးမျိုးနဲ့ ပြည့်စုံသည်။ တစ်သမတ်တည်း စားသုံးခြင်းသည် ခန္ဓာကိုယ်အတွက် ကောင်းမွန်သည်။ အမွေးအတောင်များကို ပို၍ တောက်ပြောင်စေနိုင်သည်။ အရေးအကြီးဆုံးကတော့ သူတို့က အရမ်းအရသာရှိသည်။

ဖလိန်မီသည် သူမရဲ့ လေ့ကျင့်ရေး အတွက် ကောင်းတာကြောင့်စားချင်နေသည်။

“ကောင်းပြီလေ အဲဒီပမာဏက ကြီးကြီးမားမားတော့ မဟုတ်ပါဘူး” ဟု ပိဖန်က ချက်ချင်း သဘောတူလိုက်သည်။

ဖလိန်မီ၏ မျက်လုံးများ တောက်ပလာသည်။ တန်ချိန်နည်းနည်းလောက် ထပ်တောင်းလိုက်ရမှာ.. ဖလိန်မီက သူ့ဗိုက်ကို ပွတ်သပ်ပြီး နောင်တနဲ့တွေးလိုက်သည်။

ဖလိန်မီသည် သူမ၏တောင်ပံများကိုဖြန့်ကာ မီးတောင်ဝမှ ပြေပြစ်စွာ လျှောဆင်းသွားသည်။

ဆယ်မီတာရှိသည့် ချော်ရည်တွေက မျက်နှာပြင်ကနေ ထွက်လာသည်။

ပိဖန်သည် မီးတောင်ဝကို ငေးကြည့်ရင်း အတိတ်ကို သတိရမိလိုက်သည်။ “အောင်မြင်မယ်လို့ မျှော်လင့်ပါတယ်....”

နောက်နှစ်ရက်လောက်ကြာတွင် အခြားအသူရာချောက် စိမ့်ဝင်သွားသည်။

ကောင်းကင်တွင် ခါတိုင်းလို အက်ကွဲကြောင်းပွင့်လာပြီး နတ်ဆိုးအမြောက်အမြား ထွက်သွားကြသည်။ စစ်မြေပြင်တဝိုက်တွင် ပြန့်ကျဲနေသော သတ္တဝါအချို့သည်လည်း အထက်သို့ ပျံတက်ကာ အက်ကွဲကြောင်းထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားကြသည်။

စစ်မြေပြင်သည် နှစ်ဖက်စလုံးအတွက် ၎င်းတို့၏ အပြင်းထန်ဆုံးသော စစ်သည်များကို ရွေးချယ်ရန် နေရာဖြစ်သည်။ ၎င်းသည်

နဝမမြောက်ကောင်းကင်ဘုံ၏နေအိမ်တရားရုံးဖြစ်သည်။ သို့သော်၎င်း၏ချိန်ခွင်လျှာသည် နှစ်ဖက်စလုံး၏ ပူးပေါင်းဆောင်ရွက်မှုကို လိုအပ်သည်။

စိမ့်ဝင်နေသော တွင်းဝဘက်ခြမ်းသည် သုံးရက်တိုင်းတွင် နတ်ဆိုးများစွာကို စေလွှတ်သည်။ တစ်ချိန်တည်းမှာပင် စစ်မြေပြင်တွင် အသက်ရှင်ကျန်ခဲ့သော နတ်ဆိုးများသည် အကွဲအပြဲမှတဆင့် အသူရာချောက်ကမ္ဘာသို့ ပြန်သွားနိုင်သည်။

တိုက်ပွဲတစ်လျှောက်တွင် အသူရာချောက်ကမ္ဘာတွင်ကျန်ရှိနေသော နတ်ဆိုးများအားလုံးသည် ထိပ်တန်းဖြစ်သည်။

၎င်းတို့ကို ရက်စက်ကြမ်းကြုတ်သောတိုက်ပွဲများဖြင့် ရွေးချယ်ခံရပြီး အထက်တန်းစားများဖြစ်လျှင် အသက်ရှင်ကျန်ရစ်သည်။ ဤနတ်ဆိုးများသည် ကန့်လန့်ကာနောက်ကွယ်ရှိ အရာအတွက် ပို၍တန်ဖိုးရှိသည်။

ဆီလီသည် အသက်ပြင်းပြင်းရှူကာ ကောင်းကင်မှ မရေမတွက်နိုင်သော နတ်ဆိုးများ ပျံတက်သွားသည်ကို မလှုပ်မယှက် ကြည့်နေသည်။

ဆီလီသည် နှုတ်ခမ်းထောင့်မှ ပူဖောင်းလေးတွေ မှုတ်ထုတ်လိုက်သည်။ ၎င်း၏လက်တံများသည် ခေါက်ဆွဲ အဖြစ်သို့ ပြောင်းလဲသွားသည်။

“ကောင်းပြီ...မကြောက်နဲ့.. မင်းက နတ်ဘုရားတစ်ပိုင်းပဲ... နတ်ဆိုးတွေကသာ မင်းကို ကြောက်သင့်တယ်” ကောင်းဖန်သည် ဆီလီ၏ ခေါင်းကို ပုတ်လိုက်သည်။

“မကြောက်ပါဘူး” ဆီလီက ခေါင်းကို ဇွတ်မော့ပြီး ကျယ်လောင်သော အသံဖြင့် ကြေညာလိုက်သည်။

“ဒါဆို ရှေ့ဆက်သွား”

“ဆီလီ... သွေးပူလေ့ကျင့်ခန်းလုပ်ရအောင်... အဲဒီနတ်ဆိုးတွေအပေါ်ကို ငါ့ကို ပို့ပေးလိုက် သူတို့ကို အထင်ကြီးစရာ တစ်ခုခု ပြပေးလိုက်မယ်” တာ့ဇီသည် စမ်းကြည့်ဖို့ ရွစိရွစိဖြစ်နေသည်။

သူသည် နဂါးခြေသည်းလေးတွေကို ပွတ်လိုက်သည်။ ဆီလီက ခေါင်းညိတ်ရင်း တင်းတင်းကျပ်ကျပ် ဖက်ထားလိုက်သည်။ တာ့ဇီ ပတ်လည်ရှိနေရာသည် တုန်ခါသွားသည်။ နောက်အခိုက်အတန့်မှာတော့ ပျောက်သွားသည်။

သို့သော် နောက်အခိုက်အတန့်တွင် တာ့ဇီ မျက်လုံးဖွင့်လိုက်သောအခါ အသူရာချောက်မီးလျှံနတ်ဆိုးနှင့် မျက်နှာချင်းဆိုင်ဖြစ်နေသည်။

အသူရာချောက်မီးလျှံနတ်ဆိုးက အံ့အားသင့်သွားသည်။ ဒီအရာက ဘယ်လိုပေါ်လာတာလဲ...

ကောင်းဖန်၏အမူအရာပြောင်းလဲသွားသည်။ တာ့ဇီကို နတ်ဆိုးတပ်အလယ်ဗဟိုသို့ ပို့ဆောင်လိုက်မိခြင်း ဖြစ်သည်။ ဆီလီကတော့ ဒုက္ခရောက်နေမှန်း သိပုံရပြီး မျက်နှာပျက်သွားသည်။

ဟင့်အင်း...

မိုးခြိမ်းသံသည် လေထဲတွင် ကျယ်ပြောလာသည်။ လျှပ်စီးကြောင်းသည် ပတ်လမ်းကြောင်း၏ မျက်နှာပြင်ကို ဖုံးအုပ်ထားသည့် ကြိုးများဖွဲ့စည်းထားသည်။

မရေမတွက်နိုင်သော အော်ဟစ်ဆဲဆိုနေသော နတ်ဆိုးများကို မိုးကြိုးပစ်၍ သတ်ပစ်လိုက်သည်။

ကောင်းကင်၌ နတ်ဆိုးအတန်းတစ်တန်းသည် အက်ကွဲကြောင်းမှ တန်းစီကာ ပျံထွက်သွားသည်။ တန်းအဆုံးတွင် အရပ်ရှည်ရှည် အနက်ရောင် ချိုခြောက်ချောင်းရှိသည့် နတ်ဆိုးတစ်ကောင်ရှိသည်။ ၎င်း၏လက်များကို ပတ်တီးများဖြင့် ပတ်ထားသည်။ ၎င်းသည် ၎င်း၏လက်ထဲတွင် လခြမ်းပုံသွန်းလောက်ထားသည့် စိတ်ဝိဉာဉ်ချိတ်တစ်စုံကို ကိုင်ဆောင်ထားသည်။

အဝေးမှ ကျယ်လောင်လာသော မိုးခြိမ်းသံကို သတိပြုမိလိုက်ရာ နတ်ဆိုး၏မျက်နှာသည် ပျက်သွားသည်။ “ဒီသားရဲတွေက ဘယ်လောက်တောင် မာနကြီးသွားတာလဲ”

***

သားရဲလေ့ကျင့်သူ

အခန်း ၇၃၀ သန်မာသောရန်သူကို ဖယ်ရှားခြင်း

နေရာလွတ်အက်ကွဲကြောင်း၏နောက်တွင် အသူရာချောက်ကမ္ဘာရှိသည်။ ထိုနေရာက အမြဲတစေ တခြားကမ္ဘာတွေ စိမ့်ဝင်နေသည် အသူရာချောက်ကမ္ဘာပင်ဖြစ်သည်။ တခြားကမ္ဘာတွင် ဒီလိုမျိုး တစ်ခါမှ မဖြစ်ဖူးပေ။

ပတ်ဝန်းကျင်ရှိ နတ်ဆိုးများကလည်း မည်သို့တုံ့ပြန်ရမည်ကို မသိပေ။

ငါတို့က နတ်ဆိုးတွေ... နတ်ဆိုးတွေ..

ငါတို့ရဲ့နာမည်ကိုပြောလိုက်ရင် ငိုနေတဲ့ကလေးတွေတောင် တိတ်သွားလိမ့်မယ်....

ချိုခြောက်ချောင်းရှိသည့် နတ်ဘုရားတစ်ပိုင်းနတ်ဆိုးသည် ၎င်း၏လက်များကို လှည့်ပတ်ကာ လခြမ်းစိတ်ဝိညာဉ်ကို ချိတ်ဆွဲကာ ကြီးမားသောလေးတစ်ချောင်းကို ချက်ခြင်း ပေါင်းစပ်လိုက်သည်။

လေးစွန်းများသည် အလွန်စူးရှသည်။ လေးဆိုတာထက် ဓါးနှစ်လက်နဲ့ ပိုတူသည်။ သွေးနီရောင် ပိုးချည်လေးတစ်ချောင်း၏ အဆုံးမှ ထွက်လာပြီး ကြိုးတစ်ချောင်း ဖွဲ့ထားသည်။

“ငါမှတ်မိသေးတယ်.. ဒါက ၆၅ ခုမြောက် ထောင်ထဲက လရှာသူ ဂူတယ်လာလို့ ငါထင်တယ်” ဟု နတ်ဆိုးတစ်ကောင်က တုန်လှုပ်စွာ အော်ဟစ်လိုက်သည်။

နတ်ဆိုးတစ်ကောင်က သူ့နာမည်ကိုပြောနေတာကိုကြားတော့ ဂူတယ်လာက ပြုံးစိစိဖြစ်နေသည်။ ဒါပေမယ့် မကြာခင်မှာပဲ ထုံးစံအတိုင်း အအေးမျက်နှာဖုံးအောက်မှာ ဝှက်ထားလိုက်သည်။

အအေးဓာတ်နှင့် ရက်စက်ကြမ်းကြုတ်သော နတ်ဆိုးများသာလျှင် အခြားနတ်ဆိုးများ၏ လေးစားမှုကို ရရှိနိုင်သည်။

လေးကိုဆွဲရင်း ဂူတယ်လာ၏မျက်လုံးများ ရုတ်တရက် လှိမ့်သွားကာ ၎င်း၏မျက်လုံးနှစ်လုံးသည် လေးပိုင်းကွဲသွားသည်။

မျက်လုံးလေးလုံးသည် ထောင့်အမျိုးမျိုးမှ တာ့ဇီကို စိုက်ကြည့်နေသည်။

မင်းမှာပြေးစရာနေရာမရှိဘူး.... ငါ့လက်က ဘယ်သူမှ မလွတ်ဘူး...

မျက်လုံးလေးလုံးတွင် မှော်အစွမ်းတစ်မျိုးရှိပုံရသည်။ တာ့ဇီ၏ စိတ်ထဲတွင်အချက်ပေးသံများထွက်လာသည်။ မရေမတွက်နိုင်သော နတ်ဆိုးများကြားတွင် ချိုခြောက်ချောင်းရှိသော ဂူတယ်လာသည် မျက်လုံးကို မှိတ်ထားကာ လက်ထဲတွင် ဆွဲထားသော လေးကို တွေ့လိုက်ရသည်။

“သေစမ်း”

မြှားသည် ကောင်းကင်တွင် ရှည်လျားသော အနီရောင်မျဉ်းကို ခြေရာခံရင်း လေးမှထွက်လာသည်။

တာ့ဇီနှင့်ဂူတယ်လာကြားမှ နတ်ဆိုးများက နာကျင်စွာ အော်ဟစ်ငိုကြွေးလိုက်ကြသည်။ ၎င်းတို့၏ ခန္ဓာကိုယ်များသည် ပုံပျက်ပန်းပျက် ဖြစ်သွားပြီး ချွန်ထက်သောအရိုးများ ၎င်းတို့၏အရေပြားမှ ထွက်လာသည်။

ကျယ်လောင်သော အော်ဟစ်သံများကြားတွင် အရိုးများသည် ရူးသွပ်စွာ ကြီးထွားလာပြီး သံဆူးပင်များသည် မြှားကိုပိတ်ဆို့သည့် အကာအရံတစ်ခုအဖြစ် ဆူးပင်များ အရူးအမူးပေါက်ထွက်လာသည်။

၎င်းတို့နှစ်ဦးသည် ပြင်းထန်သော ပေါက်ကွဲသံကို ဖြစ်ပေါ်စေလိုက်သည်။

အရိုးဆူးပင်ခံတပ်ကို ဆုတ်ဖြဲပစ်လိုက်သည်။ ကောင်းကင်တွင် အနီရောင် လှိုင်းလုံးကြီးတစ်ခု တည်ရှိနေသည်။

သို့သော် ၎င်း၏လက်ကျန်အရှိန်အဟုန်သည် ဒဏ္ဍာရီလာအဆင့်နတ်ဘုရားတစ်ပိုင်း၏ ကာကွယ်မှု အတားအဆီးကို ထိုးဖောက်ရန် မလုံလောက်ပေ။

“အဲဒါ… အရိုးရဲ့ စွမ်းအားလား” ဂူတယ်လာ အံ့ဩသွားသည်။ ပြိုင်ဘက်သည် အရိုး၏စွမ်းအားကို ကျွမ်းကျင်စွာ ထိန်းချုပ်နိုင်သူ ဖြစ်သည်။

၎င်းသည် အချိန်တိုအတွင်း အတားအဆီးတစ်ခုအဖြစ် ၎င်းတို့၏အတွင်းပိုင်းကို ပြောင်းလဲကာ အခြားသက်ရှိများ၏ ကျောရိုးများကို ထိန်းချုပ်နိုင်သည့်အဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။

ဒီလိုရက်စက်မှုမျိုးက...

ဂူတယ်လာသည် နှုတ်ခမ်းများကို သပ်လိုက်သည်။ စိတ်ဝင်စားဖို့ကောင်းတဲ့ ပြိုင်ဘက်ပဲ..

ကောင်းဖန်၏နောက်တွင် ရပ်နေသော ဒန်ဘီသည် ခေါင်းထောင်ကြည့်လိုက်သည်။ ဝိညာဉ်မီးလျှံသည် ၎င်း၏မျက်လုံးများတွင် ငြိမ်သက်စွာ လောင်ကျွမ်းသွားသည်။

“မင်းသွားချင်ရင်သွားလိုက်” ကောင်းဖန်က ပြုံးပြီးပြောလိုက်သည်။

ဒန်ဘီသည် တိတ်ဆိတ်နေပြီး ၎င်း၏ ခန္ဓာကိုယ်အပေါ်ပိုင်းကို ရှေ့သို့ အနည်းငယ် ထောက်ကာ ညာလက်ကို ပခုံးပေါ်တွင် တင်ထားသည်။

မမြင်နိုင်သော မီးတောက်တစ်ခု လောင်ကျွမ်းသွားသည်။ ဒန်ဘီ၏ ခန္ဓာကိုယ်ပေါ်ရှိ အနက်ရောင် ၀တ်ရုံသည် လေမတိုက်ဘဲ လွင့်နေသည်။ ဒန်ဘီသည် မီးခိုးတိမ်ဖြစ်လာပြီး လေဖိအားနည်းရပ်ဝန်းတွင် ပျောက်ကွယ်သွားသည်။

“သေခြင်းနီးလာတဲ့အခါ ငါ့ခြေသံကို မင်းကြားလိမ့်မယ်”

ဒန်ဘီ၏ အသံနက်ကြီးသည် လေထဲတွင် ပဲ့တင်ထပ်သွားသည်။

စစ်မြေပြင်တွင် သေဆုံးသွားသော နတ်ဆိုးများ၏ ဝိညာဉ်များသည် ကောင်းကင်သို့ ပျံ့လွင့်သွားကာ နောက်ဆုံးတွင် အမိုးခုံးတစ်ခုတွင် ဆုံစည်းသွားကြသည်။

အစတွင် မည်သူမျှ သတိမထားမိသော်လည်း ဖုတ်ကောင်များ အရေအတွက် တိုးလာသည်နှင့်အမျှ မီးခိုးရောင် လှိုင်းလုံးကြီး ကောင်းကင်တွင် ဖြစ်ပေါ်လာခဲ့သည်။

စစ်မြေပြင်အစွန်းမှ ကောင်းဖန်၏ နောက်လိုက်များကို လျှို့ဝှက်စောင့်ကြည့်နေသော ပီရှူသည် အံဩနေသည်။ ဖီရှူးသည် ဂိုဒီ၏ ရိုက်နှက်ခြင်းကို ခံရပြီးကတည်းက ၎င်း၏ နာကျင်မှုကို ခံစားနေခဲ့ရပြီး ကောင်းဖန်တို့ အဖွဲ့သားများနောက်သို့ လိုက်ရန် ဆုံးဖြတ်ခဲ့သည်။ ဒီလူတွေရဲ့လျှို့ဝှက်ချက်ကို သူ့ဘာသာသူရှာဖွေဖို့ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

ဖီရှူးသည် တာ့ဇီ၊ အလင်းလှိုင်းနှင့်နှင့် ခြင်္သေ့ဖြူတို့ကို တိုက်ခိုက်နေသည့် ထိုအရိုးစုကို တိတ်တဆိတ်ကြည့်ရှုနေသည်။ ဖီရှူးသည် အရိုးစုမှ သေစေနိုင်သည့် ခြိမ်းခြောက်မှုကိုပင် ခံစားရပြီး ၎င်းသည် ဘဲတစ်ကောင်ထက်လည်း အားမနည်းသော သတ္တဝါဖြစ်သည်။

“သိပြီးရင်းကို သိချင်နေတယ်….” ဖီရှူးက ကောင်းဖန်ကို တိတ်တဆိတ် ကြည့်နေသည်။

ကောင်းကင်ဘုံမှသူများသည် ကောင်းကင်တွင် လျှို့ဝှက်ဆန်းကြယ်သော စိတ်ဝိညာဉ်များကို စားသုံးနေသော အရာများကိုလည်း သတိပြုမိကြသည်။ သို့သော် ၎င်းသည် နတ်ဆိုးဝိညာဉ်များကိုသာ စားသုံးနေသောကြောင့် ၎င်းကို ရပ်တန့်ရန် သူတို့ဘာမျှ မလုပ်ကြပေ။

ဒဏ္ဍာရီလာသားရဲများနှင့် ကောင်းကင်ဘုံသားရဲများ၏ ဝိညာဉ်များကို စားသုံးခြင်းသည် မတူညီသောကြောင့် ဖြစ်သည်။

“သေစမ်း”

အဖြူရောင်လက်ကြီးတစ်ချောင်းက မီးခိုးရောင်ရေဝဲကနေ ထွက်လာသည်။

ကြီးမားသောလက်သည် ကောင်းကင်ပြင်ကို ပိတ်ဆို့ထားသည်။ ၎င်းသည် ရုပ်ပိုင်းဆိုင်ရာအသွင်သဏ္ဍာန်မရှိသကဲ့သို့ ကြည်လင်နေပြီး ဤနတ်ဆိုးများမှတစ်ဆင့် ချက်ချင်းဖြတ်သန်းသွားသည်။

ထိုးဖောက်ဝင်ရောက်လာခြင်းကြောင့် နတ်ဆိုးများသည် သူတို့၏ဝိညာဉ်များ ဆုံးရှုံးသွားပုံရသည်။ သူတို့၏ ခန္ဓာကိုယ်များသည် ဖက်ထုပ်ကဲ့သို့ ကောင်းကင်မှ ပြုတ်ကျသွားကြသည်။

“သေခြင်း...ဖျက်ဆီးခြင်းလက်”

ဧရာမလက်ကြီးသည်ဆောင့်ချလိုက်သည်။ ၎င်း၏ပစ်မှတ်မှာ ဂူတယ်လာဖြစ်သည်။ ဂူတယ်လာသည် အန္တရာယ်ကို ခံစားမိလိုက်သည်။ အကယ်၍ ၎င်းကို ဤလက်ဖြင့် ထိပါက သေချာပေါက် ကောင်းမွန်သော အဆုံးသတ်မရှိနိုင်ပေ။

သူသည် ခန္ဓာကိုယ်ကို ရွှေ့ပြီး အလင်းတန်းတစ်ခုလို အကွာအဝေးတစ်ခုသို့ ပြေးသွားသည်။

ကောင်းကင်မှ လက်ကြီသည် နောက်မှ လိုက်လာသည်။

အဘယ်ကြောင့်ဆိုသော် ဂူတယ်လာသည် နတ်ဆိုးစစ်တပ်အလယ်တွင် ရှိနေပြီး နတ်ဆိုးများနှင့် ပြည့်နှက်နေသောကြောင့်ဖြစ်သည်။ ၎င်း၏လမ်းတစ်လျှောက် အပြစ်မဲ့နတ်ဆိုးများ ဖျက်ဆီးခြင်းခံလိုက်ရသည်။

ဂူတယ်လာသည် အရှိန်မလျှော့ဘဲ အံကြိတ်ကာ လေးတစ်ချောင်းကိုဆွဲပြီး မြှားကိုးချောင်းကို တစ်ခုပြီးတစ်ခု ပစ်လိုက်သည်။

အနီရောင် အလင်းတန်းများ လက်ကြီးထဲသို့ ၀င်ရောက် ပျောက်ကွယ်သွားကာ ချက်ချင်းပင် လက်သီးအရွယ် အပေါက်တစ်ခု ဖန်တီးသွားကြသည်။ ဒါပေမယ့် လက်တစ်ခုလုံးရဲ့ အရွယ်အစားနဲ့ ယှဉ်ရင် ဒီဒဏ်ရာတွေက အရေးမပါပေ။

ဒီအတိုင်းသာ ဆက်သွားနေမယ်ဆိုရင်ဘယ်တော့မှ ဆုံးမှာမဟုတ်တော့ဘူး... ဂူတယ်လာရဲ့ မျက်နှာပျက်သွားသည်။

၎င်း၏လမ်းတစ်လျှောက်ရှိ နတ်ဆိုးများ၏ဝိညာဉ်များကို သိမ်းပိုက်လိုက်သောအခါ လက်ကြီးပေါ်ရှိဒဏ်ရာများသည် အလိုလို ပျောက်ကင်းသွားကြသည်။

ဂူတယ်လာ၏ နဖူးတွင် ချွေးများဖြင့် စိုရွှဲနေပြီး ရုတ်တရက် ပြောလိုက်သည်။ “မင်းက ငါ့ကို အဲဒီမှာတော့ လိုက်ဝံ့မှာမဟုတ်ဘူး” ဂူတယ်လာသည် ၎င်း၏ ဦးတည်ရာကို ပြောင်းကာ ကောင်းကင်ဘုံစစ်တပ်၏ ဇာတိတပ်စခန်းဆီသို့ ပျံသန်းသွားသည်။

“ဒီကောင်က သူ့ကို ပျက်စီးစေချင်တာ”

“ဒီလက်ကြီးက ကောင်းကင်ဘုံက သန်မာတဲ့သူတစ်ယောက်ဆိုရင်တော့ ရပ်သွားနိုင်တယ်”

“ဒီစစ်မြေပြင်မှာ ရှိတဲ့သူတွေက အသူရာချောက်ကမ္ဘာက မဟုတ်ရင် ကောင်းကင်ဘုံကသူတွေပဲ... အသူရာနတ်ဘုရားတစ်ပိုင်းရဲ့ နောက်ကို လိုက်နေတယ်ဆိုရင်တော့ ကောင်းကင်ဘုံက သေချာတယ်” ကျွီးယန်က ဆွေးနွေးမှုကို ပြတ်ပြတ်သားသား တုံ့ပြန်လိုက်သည်။

တစ်ချိန်တည်းမှာပင် ကျွီးယန်သည် ချဉ်းကပ်လာသော ဂူတယ်လာကို စောင့်ကြည့်နေသည်။ မျက်လုံးထဲတွင် မီးတောက်များ တောက်လောင်နေသည်။ “ဒါကိုတော့ အဘိုးကျွီးဆီက ယူလိုက်”

ဟိန်းဟောက်သံနှင့်အတူ ကျွီးယန်၏ ခန္ဓာကိုယ် အရွယ်အစားသည် ဆယ်ဆမကကြီးလာသည်။

နတ်ဆိုးမီးတောက်များက အနီးတစ်ဝိုက်တွင် တောက်လောင်နေကာ ၎င်း၏မျက်လုံးများတွင် သွေးဆာနေပုံပေါ်လွင်နေသည်။ ၎င်း၏အစွယ်များကလည်း တလိပ်လိပ်ထွက်ကာ ရူးသွပ်စွာဟိန်းဟောက်နေသည်။

၎င်းသည် ၎င်း၏ ညာခြေကို နင်းကာ သတ်ရန် ရည်ရွယ်ချက်ဖြင့် ဂူတယ်လာဆီသို့ ပြင်းထန်သော လက်သီးဖြင့် တွန်းလိုက်သည်။

ဂူတယ်လာကလည်း ဟိန်းဟောက်ပြီး လက်သီးထိုးဖို့ ရွေးချယ်လိုက်သည်။

“သတ်”

“သတ်”

ဂူတယ်လာသည် ဘေ့စ်ဘောကဲ့သို့ ပျံတက်သွားသည်။ ဒဏ်ရာဒဏ်ချက်တွေနဲ့ သွေးတွေက သူ့ခန္ဓာကိုယ်ကိုပေါ်ကနေ စီးဆင်းသွားသည်။

ထိုအခါ ဧရာမလက်ကြီးသည် ဂူတယ်လာကိုဖမ်းဆုပ်ကာ တိုက်ခိုက်လိုက်သည်။ လက်ဖဝါးပေါ်ရှိ မရေမတွက်နိုင်သော ချွန်ထက်သော သွားများသည် ၎င်း၏ဝိညာဉ်ကို စုတ်ပြဲသွားသည်။

***

သားရဲလေ့ကျင့်သူ

အခန်း ၇၃၁ တိုက်ခိုက်ရေးအဖွဲ့

ကျွီးယန်သည် လက်မောင်းကို လှုပ်လိုက်ပြီး မီးခိုးရောင် ရေဝဲဘက်သို့ လက်မထောင်လိုက်သည်။

“အဖွဲ့လိုက်လုပ်ဆောင်ချက် ကောင်းတယ်”

ဒီ ဂူတယ်လာက ပုံမှန် နတ်ဘုရားတစ်ပိုင်းနတ်ဆိုးအဆင့်မှာ မဟုတ်ဘဲ အရမ်းသန်မာသည်။ အသူရာချောက်မှာ နာမည်ရှိသည့် နတ်ဘုရားတစ်ပိုင်း မှန်သမျှက ဖျက်ဆီးခြင်းအဆင့်မှာ ထူးထူးခြားခြားရှိကြသည်။ ဤ ဂူတယ်လာသည်လည်း တာဝေးဖောက်ခွဲတိုက်ခိုက်မှုများတွင် ထူးချွန်သောကြောင့် တိုက်ခိုက်ရေးစွမ်းအား ၁.၂ အဖျက်စွမ်းအားရှိသည်။

ဒန်ဘီသည် ဝိညာဉ်ကို ဝါးမျိုပြီးနောက် သေမင်းလက်ကြီးသည် နောက်သို့ဆုတ်သွားပြီး နတ်ဘုရားတစ်ပိုင်းနတ်ဆိုး၏ခန္ဓာကိုယ်ကို ချန်ထားလိုက်သည်။

ကျွီးယန်သည် တုံ့ဆိုင်းမနေဘဲ အလောင်းကို ကောက်ယူရန် လမ်းလျှောက်လာလိုက်သည်။ နတ်ဘုရားတစ်ပိုင်းနတ်ဆိုး၏အလောင်းသည် အလွန်တန်ဖိုးရှိသည်။

ယင်စိတ်ဝိဉာဉ်ထိန်းချုပ်သူအခြေအနေသို့ ပြောင်းသွားသော ဒန်ဘီသည် ရုတ်တရက် တစ်စုံတစ်ခုကို သတိပြုမိပြီး စစ်မြေပြင်၏ အလယ်ဗဟိုအောက်ဘက်သို့ လှည့်ကြည့်လိုက်သည်။

ထူထပ်သော သွေးစောင်တစ်ထည်သည် ထိုနေရာကို ဖုံးလွှမ်းသွားပြီး အလောင်းများသည် တောင်များကဲ့သို့ စုပုံလာသည်။

ခဏအကြာတွင် ဒန်ဘီသည် ၎င်း၏အကြည့်ကို ရုပ်သိမ်းလိုက်သည်။ ငါ အမြင်မှားသွားတာလား..

တစ်ရက်ခွဲကြာတော့ တိုက်ပွဲက နောက်ဆုံးအဆင့်ကို ရောက်နေပြီဖြစ်သည်။

စစ်မြေပြင်ရှိ ပင်မနတ်ဆိုးတပ်ကိုတော့ ချေမှုန်းပြီးသွားပြီဖြစ်သည်။ ကျန်လူအချို့သာ စစ်မြေပြင်၏ထောင့်များတွင် ပြန့်ကျဲနေသည်။

ဒဏ္ဍာရီလာအဆင့်သားရဲများနှင့် စစ်ပွဲတွင် ပျော်မွေ့ခြင်းမရှိသော သားရဲလေ့ကျင့်သူများသည် နတ်ဆိုးစစ်တပ်၏ အကြွင်းအကျန်များကို ဆက်လက်လိုက်ဖမ်းရန် ရွေးချယ်လိုက်သည်။ သို့သော် သားရဲအများစုသည် အနားယူရန် သို့မဟုတ် ၎င်းတို့၏ဒဏ်ရာများကို ကုသရန်သာ ရွေးချယ်ကြသည်။

နောက်ထပ် အောင်ပွဲပဲ..

ကောင်းဖန် သက်ပြင်းတစ်ချက်ချလိုက်သည်။ တကယ်တော့ ကမ္ဘာ့စက်၀န်းစစ်မြေပြင် တည်ထောင်ပြီးကတည်းက တိုက်ပွဲတွေရဲ့ ၉၉ ရာခိုင်နှုန်းတွင် နဝမမြောက်ကောင်းကင်ဘုံသည် အောင်ပွဲနဲ့ အဆုံးသတ်ခဲ့သည်။

အသူရာချောက်ကမ္ဘာနိုင်ခဲ့သည့် အကြိမ်အရေအတွက်ကိုတော့ လက်တစ်ဖက်တည်းနှင့်ပင် ရေတွက်နိုင်သည်။ ဒါက ပုံမှန်ပါပင် ဘာကြောင့်လဲ ဆိုတော့ ကမ္ဘာ့စက်၀န်းစစ်မြေပြင်သည် ကမ္ဘာနှစ်ခုရဲ့ အင်အားစုတွေ တွေ့ဆုံတဲ့ စစ်မြေပြင်ဖြစ်ပေမယ့် ကောင်းကင်ဘုံ၏ မွေးရပ်မြေဖြစ်နေဆဲပင်။

အကယ်၍ ကမ္ဘာစစ်မြေပြင်ကျဆုံးသွားပါက ၎င်းနောက်တွင် နဝမမြောက်ကောင်းကင်ဘုံ၏ အခြေစိုက်စခန်းသာ ကျန်မည်ဖြစ်သည်။

တစ်ဖက်က အစမ်းသဘောသာ တိုက်ခိုက်နေပြီး ကျန်တစ်ဖက်ကတော့ သူ့အိမ်ကို ကာကွယ်ဖို့ အားလုံးကို လုပ်နေခြင်းပင်။

ဤနေရာ၌ ကျဆုံးခြင်းသည် ယန်စစ်မြေပြင်ကိုရည်ညွှန်းသည်။ ဆိုလိုသည်မှာ နတ်ဘုရားစစ်မြေပြင်၏ကျဆုံးခြင်းဖြစ်သည်။ နတ်ဘုရားအဆင့် အောက်ရှိ သားရဲများ၏ ယင်စစ်မြေပြင်မဟုတ်ပေ။

ယင်စစ်မြေပြင် ပြိုကျသွားပြီး ယန်စစ်မြေပြင်ကို ဦးတည်သွားရင်တောင် နတ်ဘုရားအဆင့်အောက်ရှိ ဤနတ်ဆိုးများသည် နတ်ဘုရားအဆင့် သားရဲများကို ခြိမ်းခြောက်နိုင်ခြင်း မရှိပေ။

နဝမမြောက်ကောင်းကင်ဘုံ၏ မုဒ်ဝအစစ်သည် ယင်စစ်မြေပြင်တွင် တည်ရှိသည်။ ထို့ကြောင့် စက်ရုပ်ဘုရင်က ယင်စစ်မြေပြင်သည် နဝမမြောက်ကောင်းကင်ဘုံ၏လေ့ကျင့်ရေးကွင်းဖြစ်သည်ဟု ဆိုခြင်းဖြစ်သည်။

ထိုနေရာတွင် တကယ့်စစ်မြေပြင်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ ရှိသည်။ ဒါပေမယ့် ရန်သူကို သိမ်းပိုက်မယ့် ခြိမ်းခြောက်မှုတော့ မဟုတ်ပေ။

“ဆီလီ... မင်းကအရူးပဲ.. မင်းငါ့ကို ဒီနတ်ဆိုးလူအုပ်ထဲကို ဘာလို့ ပစ်ချလိုက်တာလဲဆိုတာ ကောင်းကောင်းဆွေးနွေးဖို့ လိုပြီထင်တယ်” တာ့ဇီက ပြောလိုက်သည်။

တာ့ဇီ၏အမူအရာကိုမြင်ပြီး ဆီလီ မှားသွားမှန်းသိလိုက်သည်။ ၎င်း၏ သတ္တိသည် ၇၀ရာခိုင်နှုန်း ကျဆင်းသွားသည်။

“ငါ ချော်သွားတာပါ” သို့သော် ရုတ်တရက် တစ်ခုခုကို သတိရသွားသလိုမျိုး ဆီလီသည် ဖြောင့်မှန်စွာပြောလိုက်သည်။ “မင်းငါ့ကို ဘာလို့အော်တာလဲ.. မင်းကိုတိုက်ခိုက်ခဲ့တာ ငါမဟုတ်ဘူး အဲဒီနတ်ဆိုးတွေလေ” ငါလည်း မင်းကို အဲဒီကို မပို့ချင်ပါဘူး... ဒီနတ်ဆိုးတွေကို မင်းဘာလို့ သွားမပြောတာလဲ”

ဆီလီပြောတာကို ရှောင်ကောက ကျိုးကြောင်းဆီလျော်တယ်လို့ တွေးလိုက်သည်။

“အဲဒါကို ငါ တူးလိုက်တယ်” နတ်ဆိုးတစ်ကောင်က အော်လိုက်သည်။

“ဘယ်မှာလဲ”

“ဘာဖြစ်တာလဲ ကြည့်ရအောင်” နတ်ဆိုးများ စုရုံးလာသည်။

ဂိုဒီသည် အပြင်သို့ပြေးလာပြီး ၎င်းတို့နောက်ကို ကန်လိုက်သည်။ “ဘာကြည့်နေတာလဲ မင်းကိုယ်တိုင်လုပ်လေ” ဂိုဒီက သူ့ဆံပင်တွေကို ပွတ်သပ်လိုက်သည်။ “အပျင်းထူနေတယ်”

ထို့နောက် ဂိုဒီသည် တွင်းကြီးထဲသို့ ခုန်ဆင်းကာ အောက်ခြေရှိ သတ္တုရိုင်းတစ်ခုကို ကောက်ယူလိုက်သည်။ သတ္တုရိုင်းသည် ခရမ်းရောင်ဖြစ်ပြီး တောက်ပြောင်နေသည်။

ထူထဲသော သွေးနံ့လည်း ရသည်။ ဂိုဒီက အနံ့ခံပြီး လက်ညှိုးနှင့် ညင်ညင်သာသာ ထိုးလိုက်သည်။ သတ္တုရိုင်းပေါ်တွင် မုန်လာဥနီအရွယ် အပေါက်တစ်ခုဖြစ်သွားသည်။

ဂိုဒီအံ့သြသွားပြီး ဒီလောက်ထိ နူးညံမယ်လို့ မမျှော်လင့်ထားခဲ့ပေ။ ကျောက်တုံးပေါ်ရှိ အပေါက်ထဲမှ အနီရောင်အရည်များ ထွက်လာသည်။ အရည်များ ပိုထွက်လာသည်နှင့်အမျှ သတ္တုရိုင်းသည် သေးငယ်သွားကာ နောက်ဆုံးတွင် ဂိုဒီ၏ လက်ဖဝါးထဲတွင် ပျောက်ကွယ်သွားသည်။

(⊙o⊙)…

သွားပြီ….

ဂိုဒီသည် အပြစ်ရှိသလိုခံစားလိုက်ရပြီး ကောင်းဖန်ကို ဘယ်လိုပြန်ပြောရမလဲမသိတော့ပေ။ ငါ့တာဝန်ကို ငါမကျေခဲ့ဘူး... ငါတော့ အထင်သေးခံရတော့မယ်..

တုန်လှုပ်ချောက်ချားသွားသော ဂိုဒီသည် ကောင်းဖန်က လက်နှစ်ဖက်ကိုနောက်ပစ်ပြီး ကျောခိုင်းထားသည်ကို မြင်လိုက်ရသလို ခံစားလိုက်ရကာ သနားစရာကောင်းတဲ့မျက်နှာဖြင့် ပြောနေသလို မြင်ယောင်မိလိုက်သည်။ “ဂိုဒီ မင်းက ငါ့အကြိုက်ဆုံးဖြစ်ခဲ့ဖူးတယ်….တာ့ဇီတောင်မှ မနှိုင်းယှဥ်နိုင်ခဲ့ဘူး... ဒါပေမယ့် မင်းဒီလို အဆင့်နိမ့်အမှားမျိုး လုပ်ခဲ့တာ ငါမယုံနိုင်ဘူး... ငါ မင်းကို ဘယ်လိုယုံကြည်ရမှာလဲ... မင်းကို အရေးကြီးတဲ့ အလုပ်တွေကို ငါဘယ်လိုလုပ်ဆက်လုပ်ခိုင်းရမလဲ”

ဂိုဒီတုန်လှုပ်သွားသည်။

သူသည် မျက်လုံးပြူးပြီး အကြံတစ်ခုရလိုက်သည်။ ဂိုဒီသည် သူ့ဘေးနားက နတ်ဆိုးတစ်ကောင်ကို ကောက်ကိုင်လိုက်ပြီး သူ့ရဲ့သွားတွေကို ကျွတ်သွားအောင်လုပ်လိုက်သည်။

“ကောင်းဖန်.... ဒီနတ်ဆိုးက သတ္တုရိုင်းကို တူးဖော်ပြီး ဖုံးကွယ်ဖို့ ကြိုးစားနေတာတွေ့လိုက်တယ်.. သတ္တုရိုင်းကို ငါယူလိုက်ပေမဲ့ ဒီနတ်ဆိုးက

အပေါက်ဖောက်လိုက်လို့ အဲဒီသတ္တုရိုင်းက အဆက်မပြတ် သွေးထွက်ပြီး ပျောက်သွားတယ်” ဂိုဒီက စွပ်စွဲလိုက်သည်။

နတ်ဆိုးက တုန်တုန်ယင်ယင်နဲ့ ရှင်းပြဖို့ ကြိုးစားပေမယ့် သွားတွေအကုန်လုံး ကျွတ်ထွက်သွားတဲ့အတွက် ပါးစပ်က ညည်းတွားသံတွေသာ ထွက်နိုင်တော့သည်။

ကောင်းဖန်သည် သွားမရှိသည့် နတ်ဆိုးကို တစ်ချက်ကြည့်လိုက်သည်။ ဂိုဒီက ပြောလိုက်သည်။ “ကောင်းဖန်... ဒီလူကို ဒီနေ့ အပြစ်ပေးတော့မယ် “

သူ တိတ်တိတ်ဆိတ်ဆိတ် သက်ပြင်းချလိုက်သည်။ ဒီငတုံးကတော့ ... နတ်ဆိုးရဲ့ သွားတွေကိုလည်း ကြည့်ဦး...ဘယ်လိုတောင် လိမ်ညာနေတာလဲ...

“ခဏနေဦး” ကောင်းဖန်က အေးဆေးစွာပြောလိုက်သည်။

ဂိုဒီသည် ကောင်းဖန်၏လေသံတွင် တစ်ခုခုကို ခံစားလိုက်ရသည်။ ကောင်းဖန်သိသွားပြီလား...

“ပြော.. သွားတွေဘာလို့ ဒီလိုဖြစ်နေတာလဲ”

“ဒီကောင်က သတ္တုရိုင်းကို ငါ့ကို မပေးဘူး... ဒါကြောင့် အတင်းဆွဲယူပြီး မတော်တဆ သွားတွေနဲ့ထိမိသွားတာ” ဟု ဂိုဒီက အချိန်အတော်ကြာ စဉ်းစားထားသော ဆင်ခြေကို ပေးလိုက်သည်။

ဂိုဒီက သူ့ကိုယ်သူ ဂုဏ်ယူနေသည်။ ဒီအကြောင်းပြချက်ကိုရဖို့ သုံးမိနစ်ပဲကြာတယ်.....

“လိမ်တာကို ငါမကြိုက်ဘူး... မင်းလိမ်တိုင်း ငါပြောနိုင်တယ်ဆိုတာ မင်းသိပါတယ်” ဟု ကောင်းဖန်က အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်။

“…….”

“ငါ့ကို အမှန်အတိုင်းပြော မဟုတ်ရင် အပြစ်က နှစ်ဆဖြစ်သွားလိမ့်မယ်”

ဂိုဒီသည် စိတ်ပျက်သွားပြီး ဖြစ်ပျက်သမျှအားလုံးကို ကောင်းဖန်ကို ပြောပြလိုက်သည်။

“ဘာလို့ ငါစိတ်ဆိုးနေလဲ သိလား” ကောင်းဖန်က မေးလိုက်သည်။

“သတ္တုရိုင်းကို ဖျက်ဆီးမိလို့” ဂိုဒီ အရမ်းစိတ်ဓာတ်ကျသွားသည်။

“မဟုတ်ဘူး၊ အဲဒါက သတ္တုရိုင်းတစ်ခုပဲ... မင်းက နတ်ဘုရားရုပ်တုကို ချိုးဖျက်မယ်ဆိုရင်တောင် မင်းကို အပြစ်မတင်ပါဘူး” ဟု ကောင်းဖန်က ဆိုလိုက်သည်။

“တကယ်လား” ဂိုဒီ၏မျက်နှာ နီရဲသွားသည်။

“တကယ် မတော်တဆဖြစ်ရင်ပေါ့... မင်းက နတ်ဘုရားရုပ်တုကို ရည်ရွယ်ချက်ရှိရှိ ချိုးဖျက်ရင်တော့ မင်း ဖလိန်မီကို ၁၀ နှစ်လောက် မတွေ့အောင် ငါတားလိုက်မှာ” ဟုကောင်းဖန်က ပြတ်ပြတ်သားသား ပြောလိုက်သည်။ “မင်း လိမ်တတ်လာလို့ ငါစိတ်ဆိုးတာ... မင်းက ရိုးသားတဲ့ ဘဲတစ်ကောင်ဖြစ်ခဲ့ဖူးတယ်.. အခု မင်းဘယ်လိုဖြစ်လာတာလဲ”

ဂိုဒီကမတ်တပ်ရပ်လိုက်သည်။ ထို့‌နောက် ချုပ်နှောင်ခံထားရတဲ့ ကလေးတစ်ယောက်လို သူ့ရဲ့လက်ချောင်းတွေကို ကိုက်လိုက်သည်။ အဲဒီနောက် ကောင်းဖန်က နတ်ဆိုးကို ကုသပေးဖို့ ရှောင်ကောကို ခေါ်လိုက်သည်။

“အလုပ်ပြန်လုပ်.. ငါကတိတည်မယ်... မင်းတစ်နှစ်ပတ်လုံး ငါအတွက် အလုပ်လုပ်ပေးနေသရွေ့ မင်းကို အိမ်ပြန်ခွင့်ပြုမယ်” ဟု ကောင်းဖန်က နတ်ဆိုးကို ပြောလိုက်သည်။

နတ်ဆိုးသည် ရွှင်မြူးစွာ လွတ်မြောက်သွားသည်။ ဒီလူက ဒီလောက် ယုံကြည်ဖို့ မမျှော်လင့်ထားခဲ့ပေ။

နတ်ဆိုးပြန်လာပြီးနောက် ကောင်းဖန်က သူ့နောက်ကျောကို ညွှန်ပြလိုက်သည်။ “ဒီနတ်ဆိုးတွေက သူတို့ပြန်လာပြီးရင် ပိုကြိုးစားကြလိမ့်မယ်.. ဘာဖြစ်လို့လဲဆိုတော့ အခုသူတို့မှာ မျှော်လင့်ချက်ရှိသွားလို့ပဲ”

ဂိုဒီ၏ အတွေးထဲတွင် ကောင်းဖန်ထံမှ သင်ယူစရာတွေ အများကြီးရှိနေပုံရသည်။

***

သားရဲလေ့ကျင့်သူ

အခန်း ၇၃၂ စာခြောက်ရုပ်

အသူရာချောက်ကမ္ဘာ...

ပရမ်းပတာများ၏အလယ်တွင် ကြက်သွေးရောင်၊ အနက်ရောင်၊ ခရမ်းရောင်နှင့်အစိမ်းရင့်ရောင်ရှိသော ဧရာမကမ္ဘာကြီးတစ်ခု တည်ရှိသည်။

အပြင်ဘက်မှ ဤကမ္ဘာကြီးကို ခရုပတ်လှေကားကဲ့သို့ တည်ဆောက်ထားပြီး အောက်ခြေတွင် ပရမ်းပတာ ရှုပ်ထွေးနေသော နှလုံးသားတစ်ခုကို ဖြစ်ပေါ်စေသည်။

ဤကမ္ဘာကို အသူရာချောက်ကမ္ဘာ ဟုခေါ်သည်။ အသူရာချောက်ကမ္ဘာသည် ပရမ်းပတာများအတွင်း အခြားကမ္ဘာများနှင့် ယှဉ်လျှင်ပင် ကြီးမားသည်။

ဒီလိုကြိးမားသည်က ရှားပါးလွန်းလှသည်။

၎င်း၏ အရွယ်အစားကြောင့် ၎င်း၏ ဒဏ္ဍာရီကို အပြိုင် စကြဝဠာများနှင့် ဂြိုလ်များစွာတွင် ကြားသိခဲ့ရသည်။

တွင်းနက်ကြီးထဲသို့ ပိုနက်လေလေ နတ်ဆိုးသခင်သည် ပိုအားကောင်းလေလေဟု ဒဏ္ဍာရီများစွာရှိ‌ေသာ်လည်း အဲဒါတွေက အဖြစ်မှန်မဟုတ်ပေ။

“အချက်အလက်များအရ မှန်ပေမယ့် လူသားတွေမှာ အဖြစ်အပျက်များစွာရှိလို့ နတ်ဆိုးသခင်များမှာလည်း အထူးကိစ္စရပ်တွေရှိတယ်... ဥပမာအားဖြင့် ခုနှစ်ခုမြောက် အကျဉ်းစခန်း နတ်ဆိုးသခင်က လူသိများတဲ့ ခြွင်းချက်ပဲ” ဟု ကျွီးယန်က တောင်ပေါ်ရှိ ကောင်းဖန်တို့ အုပ်စုကို ပြောပြလိုက်သည်။

“အဲဒီသခင်ရဲ့နာမည်ကဘာလဲ”

“ဘယ်လောက် သန်မာလဲ”

ဂိုဒီက စိတ်မရှည်စွာမေးလိုက်သည်။

ကျွီးယန်က သူ့ရဲ့လည်ချောင်းကို ရှင်းလိုက်သည်။ ”ခုနှစ်ခုမြောက် အကျဉ်းစခန်း နတ်ဆိုးသခင်ကို မရဏလေဆင်နှမောင်း အမှောင်ကျီးကန်းလို့ခေါ်တယ်... ဒီအမည်ကို အသူရာချောက်မှာ ဘယ်သူမှ တိုက်ရိုက်မခေါ်ရဲဘူး…. မသတိပြုမိသွားမှာစိုးလို့ပဲ… ဒါပေမယ့်အခုတော့ ငါတို့က ကောင်းကင်ဘုံမှာဆိုတော့ပြောလို့ရတယ်”

“သူက ဘယ်လောက်တောင် သန်မာသလဲဆိုရင် သူတော်စင်လိပ်နက်လေးကောင်ကိုတောင် တပြိုင်ထဲ တိုက်ခိုက်ပြီး ဒဏ်ရာကင်းကင်းနဲ့ ထွက်ခွာသွားခဲ့တယ်”

ဂိုဒီက နှုတ်ခမ်းကို ဖွဖွလေး ကိုက်လိုက်သည်။ ဒါက ကြီးကြီးမားမားလို့ ထင်ရပေမယ့် ဒဏ်ရာမရှိပဲ တိုက်ပွဲကနေ ဆုတ်ခွာသွားခဲ့တာက ဘာမှမဟုတ်ပါဘူး...

“တကယ်တော့ လိပ်နက်‌ေတွကို တိုက်ခိုက်ပြီး ဒဏ်ရာကင်းစွာ ထွက်ခွာသွားတာက အရမ်းပြင်းထန်တဲ့ ခွန်အားပဲ.... ဘာလို့လဲဆိုတော့ လိပ်နက်တစ်ကောင်ကတောင် အားစိုက်ထုတ်စရာမလိုဘဲ ၅၅ ခုမြောက် အကျဉ်းစခန်း နတ်ဆိုးသခင်ကိုသတ်ခဲ့ဖူးလို့ပဲ”

“၅၅ ခုမြောက် အကျဉ်းစခန်း နတ်ဆိုးသခင် ရဲ့ နာမည်ကရော ဘာလဲ” ဂိုဒီက စိတ်မရှည်စွာ မေးလိုက်သည်။

“အိုး....” ကျွီးယန်က လွတ်ထွက်သွားသည်။ ငါမသိဘူး... ပိုင်ကျဲ့က ဒီအကြောင်းကို မပြောဖူးဘူး....

ဘယ်လိုဖြေရမလဲ....

တစ်... နှစ်... သုံးစက္ကန့် ကုန်သွားသည်။

“အိမ်မှာ တစ်ခုခုဖြစ်နေပြီ... မနက်ဖြန်မှ ထပ်တွေ့မယ်” ကျွီးယန်က ချက်ချင်းထထွက်သွားသည်။

ဂိုဒီ၊ တာ့ဇီနှင့် အခြားသော သားရဲများသည် ကျွီးယန် အဘယ်ကြောင့် ရုတ်တရက် ထွက်ခွာသွားသည်ကို စိတ်ရှုပ်နေကြဆဲဖြစ်သော်လည်း ပင်လယ်ဝတုတ် နှင့် ကောင်းဖန်တို့ကတော့ အကြောင်းပြချက်ကို ခန့်မှန်းမိကာ တစ်ယောက်ကိုတစ်ယောက် ပြုံးပြလိုက်သညိ။

ညဘက်တွင် နတ်ဆိုးများကို လိုက်ဖမ်းသော သားရဲများသည် အနားယူရန် စခန်းသို့ ပြန်သွားလိုက်ကြသည်။

နတ်ဆိုးအနည်းငယ်မျှသာ တောထဲတွင် ရုန်းကန်နေရသည်။

စစ်မြေပြင်တွင် လလည်းရှိပြီး နဝမြောက်ကောင်းကင်ဘုံမှ လကို ပုံဖော်ထားသည်။

တောက်ပသော လသည် မှောင်မိုက်သော မြေပြင်ကို တောက်ပစေသည်။

ပင်မစစ်မြေပြင်ရှိ အဖိုးတန်အလောင်းအများစုကို သယ်ဆောင်သွားခဲ့ပြီ ဖြစ်သောကြောင့် အဆင့်နိမ့် ကိုယ်ထည်အစိတ်အပိုင်းအချို့သာ စစ်မြေပြင်တွင် ကျန်ခဲ့သည်။

မှောင်မိုက်နေသော စစ်မြေပြင်သည် အတန်ငယ် ကြောက်စရာကောင်းလှသည်။

စစ်မြေပြင်ရဲ့ ထောင့်တစ်နေရာမှာ အရိပ်တစ်ခု ပေါ်လာသည်။

အရိပ်ထဲတွင် အရပ်တစ်မီတာပင်မရှိသော အနက်ရောင် နတ်ဆိုးတစ်ကောင်ရှိသည်။ ၎င်းကို နတ်ဆိုးဂိုဏ်းများကြားတွင်တော့ အလယ်အလတ်အဖြစ် သတ်မှတ်ခံရမည်ဖြစ်သည်။

အနက်ရောင် နတ်ဆိုးလေးတွင် ပြတ်သားသော ရည်မှန်းချက်တစ်ခုရှိသည်။ ပထမတော့ သူ့ပတ်ဝန်းကျင်ကို ဂရုတစိုက်ကြည့်လိုက်သည်။ အမှောင်ထဲမှာ ဘယ်သူမှ ပုန်းအောင်းမနေဘူးဆိုတာ သေချာပြီးနောက်မှာတော့ အရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး စစ်မြေပြင်ရဲ့ အလယ်ဗဟိုကို ရွေ့လျားသွားသည်။

၎င်း၏ လှုပ်ရှားမှုများသည် ခြေရာပင် မကျန်ရစ်ပေ။ မှောင်ရိပ်ထဲမှာ ကူးခတ်နေတဲ့ ငါးတစ်ကောင်လိုပင်။

နောက်ဆုံးတော့ ရပ်တန့်သွားသည်။ အနက်ရောင် နတ်ဆိုးလေးသည် ခေါင်းကို မော့လိုက်သည်။ မျက်ခုံးကြားတွင် အဖြူရောင်အမှတ်အသားတစ်ခုရှိသည်။

နတ်ဆိုးသည် ယဇ်ပူဇော်ရန်အတွက် အနီးနားရှိ အလောင်းများပေါ်ရှိ သွေးခြောက်များကို အသုံးပြုကာ ဒူးထောက်ထိုင်ချလိုက်သည်။

အနီရောင် အခိုးအငွေ့တစ်ခုက အဆောက်အအုံရဲ့ အထက်မှာ ပျံဝဲနေသည်။ နတ်ဆိုးလေးသည် တုန်လှုပ်သွားပြီး မြေပြင်ပေါ်တွင် သတိလစ်သွားသည်။

ခဏအကြာတွင် နတ်ဆိုးလေးသည် မျက်လုံးပွင့်လာပြီး မြေပြင်မှ ဖြည်းညှင်းစွာ ထလာသည်။

သူ့မျက်လုံးများမှ ကြောက်စရာကောင်းသော အနီရောင် အလင်းတန်းတစ်ခု တောက်ပလာသည်။

“ကမ္ဘာ့စက်၀န်းစစ်မြေပြင်သားရဲ” နတ်ဆိုးငယ်လေး၏ လည်ချောင်းမှ စူးရှသော အသံတစ်ခု ထွက်ပေါ်လာသည်။ “ဟို... ငါမင်းကို လက်ဆောင်အကြီးကြီး ပေးပါရစေ”

နတ်ဆိုး၏ ခန္ဓာကိုယ်သည် အရည်ကျိုထားသော ဖယောင်းတိုင်ကဲ့သို့ ကွဲထွက်သွားသည်။ ၎င်း၏မျက်လုံးများ၊ အတောင်ပံများနှင့် ခန္ဓာကိုယ်တစ်ခုလုံးသည် မြေကြီးထဲသို့ စိမ့်ဝင်နေသော အနက်ရောင်အရည်အဖြစ် အရည်ပျော်သွားသည်။

မြေအောက်မီတာ တစ်ထောင်...

ကြက်သွေးရောင် ကတ္တီပါဖြင့် ပြုလုပ်ထားသည့် ပိုးအိမ်သည် မြေအောက်၌ ရှိနေသည်။ မရေမတွက်နိုင်သော ကြက်သွေးရောင် ပိုးချည်မျှင်ထူများသည် မြေကြီးတစ်ခုလုံးပေါ်တွင် တွားနေသော အပင်၏ အမြစ်များကဲ့သို့ ပိုးအိမ်၏ မျက်နှာပြင်မှ ကျယ်ပြန့်လာသည်။

သေမင်းလေထုနှင့် သွေးများကို စစ်မြေပြင်တစ်ခုလုံးမှ စုပ်ယူနေသည်။

အနက်ရောင်အရည်များသည် ပိုးအိမ်ထဲသို့ စိမ့်ဝင်သွားသည်။

တစ်နာရီကြာပြီးနောက် ပိုးအိမ်ပြောင်းလဲသွားသည်။

၎င်းသည် ကျုံ့သွားပြီးနောက် ညှစ်ထုတ်နေသည့် နှလုံးကဲ့သို့ တဖြည်းဖြည်း ကျယ်ပြန့်လာသည်။

…

“ဒီကောင်တွေကို ရှင်းရအောင်” အသက် ၃၀ ဝန်းကျင်ရှိ အသွင်ပြောင်း မျိုးနွယ်စု သားရဲလေ့ကျင့်သူသည် ရှေ့သို့ လျှောက်သွားသည်။ သူ့သားရဲဖြစ်သည့် အနက်ရောင်နှင့် အဖြူရောင် အမြီးရှည်မျောက်ဝံသည် သူ့နောက်သို့ လိုက်သွားသည်။ အချည်းနှီးသော စစ်မြေပြင်ကို ကြည့်လိုက်တော့ အသွင်‌ေပြာင်းမျိုးနွယ်စု၏ သားရဲလေ့ကျင့်သူက ပြုံးလိုက်သည်။ ငါ ဒီနေ့ စောနေပုံရတယ်... ဒီမှာ ဘယ်သူမှ မရှိသေးဘူး...

အနက်ရောင်နှင့် အဖြူ‌‌ေရာင်အမြီးရှည်မျောက်ဝံသည် လျင်မြန်စွာ ရွေ့လျားသွားသည်။

ထို့နောက် အလောင်းနှစ်လောင်းကို ပခုံးပေါ်တင်၍ မလိုက်သည်။

အသွင်ပြောင်းမျိုးနွယ်စု၏ သားရဲလေ့ကျင့်သူသည် တန်ဖိုးအရှိဆုံး အလောင်းများကို ရွေးထုတ်ရန် အလောင်းများ စုပုံထားသော အလောင်းများကို ကြိုးစာစဖော်ထုတ်လိုက်သည်။

ဒီခရီးစဉ်ကို လုပ်ဖို့က တော်တော်ခက်ခဲတာမို့ သူ့အတွက်အမြတ်အစွန်းကို ရအောင်ယူရမှာ ဖြစ်သည်။

ထိုစဉ် သူ့သားရဲ၏ စိတ်မသက်မသာ အော်ဟစ်သံကို ကြားလိုက်ရသည်။

သားရဲလေ့ကျင့်သူ၏ မျက်နှာပျက်သွားကာ အလောင်းများကို မကောက်ယူတော့ဘဲ ချက်ချင်းထွက်ခွာရန် အသင့်ပြင်လိုက်သည်။

သူလှည့်ကြည့်လိုက်တော့ အနက်ရောင်အရိပ်တစ်ခုက သူနဲ့ခေါင်းချင်းဆိုင်နီးနီးဖြစ်သွားသည်။

သားရဲလေ့ကျင့်သူ အံ့သြသွားပြီး နောက်ပြန်လဲကျသွားသည်။

ထိုအချိန်တွင် သူသည် သွေးစွန်းနေသော စာခြောက်ရုပ်၏ အရိပ်မည်းကြီး၏ ပုံစံအမှန်ကို မြင်လိုက်ရသည်။

စာခြောက်ရုပ်၏ မျက်လုံးနှစ်လုံးတွင် မျက်လုံးတစ်ဒါဇင်လောက် ချိတ်ဆွဲထားသည်။ အစိမ်းရောင်သွေးပြန်ကြောများနှင့် မျက်လုံးများ၏အရွယ်အစားတို့ကြောင့် သားရဲလေ့ကျင့်သူ၏စိတ်ထဲတွင် ကြောက်စရာကောင်းသော ထင်ကြေးများထွက်လာစေသည်။

စာခြောက်ရုပ်သည် အသွင်ပြောင်းမျိုးနွယ်စု သားလေ့ကျင့်သူ၏ တိုက်ခိုက်ရေးဝတ်စုံကို ၀တ်ဆင်ထားသည်။ ၎င်း၏ ရင်ဘတ်တွင် သွေးစွန်းနေသော အမှတ်အသား တံဆိပ်တစ်ခု ရှိနေသေးသည်။

“မင်း…” အသွင်ပြောင်း မျိုးနွယ်စု သားရဲလေ့ကျင့်သူက မြေပြင်ပေါ်သို့ လဲကျကာ နောက်သို့ ဆုတ်သွားသည်။

စာခြောက်ရုပ်က တခြားဘာမှ မလုပ်တာတွေ့ရတော့ တိတ်တိတ်ဆိတ်ဆိတ်ပဲ ရပ်နေလိုက်သည်။

ထို့နောက် အသွင်ပြောင်းသားရဲလေ့ကျင့်သူက ထပြီး နောက်ပြန်ပြေးလိုက်သည်။

ဝုန်း.....

သူတစ်ခုခုကို ထိမိသွားပုံရသည်။

လှည့်ကြည့်လိုက်တော့ ခေါက်နေတဲ့ စာခြောက်ရုပ်ကို တွေ့လိုက်ရသည်။

စာခြောက်ရုပ်၏မျက်နှာပေါ်ရှိ မြက်ပင်သည် ကွဲထွက်သွားပြီး အတွင်းတွင် တွင်းနက်တစ်ခုကို ပြသနေသည်။

“မင်းငါ့ကိုထိလိုက်တာပဲ...ဂိမ်းဆော့ရအောင်” ဟု သူက တုန်လှုပ်ချောက်ချားစွာပြောလိုက်သည် ။

အသွင်‌ေပြာင်းသားရဲ‌ေလ့ကျင့်သူက မကြားယောင်ဟန်ဆောင်ပြီး ပြန်ဆုတ်သွားသည်။ အနက်ရောင်နှင့် အဖြူအမြီးရှည်မျောက်ဝံသည် သူ့နောက်တွင် ရှိနေသည်။ သူ့သားရဲက ဘေးမှာရပ်နေတာကြောင့် အသွင်းပြောင်းမျိုးနွယ်စုသားရဲ့လေ့ကျင့်သူ အနည်းငယ်စိတ်သက်သာသွားသည်။

“သတ်ပစ်” အကြိမ်ပြောင်းမျိုးနွယ်စု သားရဲလေ့ကျင့်သူက ရက်ရက်စက်စက် အမိန့်ပေးလိုက်သည်။

ဂိမ်း…. ငါဘာလို့ မင်းနဲ့ ဂိမ်းဆော့ရမှာလဲ....

စာခြောက်ရုပ်သည် မည်သည့်အမူရာမှ မဖော်ပြပေ။ ညာလက်ကိုသာ မြှောက်လိုက်ပြီး အပေါ်ကို ပေါ့ပေါ့ပါးပါး ထောင်လိုက်သည်။

စာခြောက်ရုပ်ထဲမှ သံချေးတက်နေသော ချိတ်တစ်ခုသည် အနက်ရောင်နှင့် အဖြူအမြီးရှည်မျောက်ဝံထဲသို့ နစ်မြုပ်သွားသည်။

ထို့နောက် အနက်ရောင်နှင့် အဖြူရောင် အမြီးရှည်မျောက်ဝံ၏ ဝိညာဉ်ကို ချိတ်ဖြင့် ဆွဲထားပြီး ဖြစ်သွားသည်။

အသွင်ပြောင်းမျိုးနွယ်စု သားရဲ‌ေလ့ကျင့်သူ၏လည်ပင်း တောင့်တင်းသွားပြီး တအံ့တသြဖြစ်သွားသည်။

အနက်ရောင်နှင့် အဖြူအမြီးရှည်မျောက်ဝံကြီးသည် ပေါက်ကွဲသံနှင့်အတူ ပြုတ်ကျသွားသည်။

သားရဲသေဆုံးမှုက သွေးစာချုပ်ကိုထိခိုက်စေသည်။ သားရဲလေ့ကျင့်သူက သွေးတွေ ထွက်လာသည်။ သုံးရက်ဆက်တိုက် မအိပ်ထားရသလို ခြောက်သွေ့သွားသလို ခံစား‌ေနရသည်။ သူရုတ်တရက် မောဟိုက်လာသည်။

“အခု ငါတို့ကို အနှောင့်အယှက်ပေးမယ့်သူမရှိဘူးဆိုတော့... ဂိမ်းကစားရအောင်” စာခြောက်ရုပ်၏ အသံသည် သူ့နားထဲတွင် ပဲ့တင်ထပ်နေသည်။

All Chapters