← Chapters

အခန်း (၇၄၁-၇၄၄)

Vol. 47 Ch. 741-744

အခန်း (၇၄၁-၇၄၄)

Vol. 47 Ch. 741-744

အခန်း ၇၄၁ ဖော်ပြထားသော

“အရှင်မင်းကြီး... ဒါတွေအားလုံးက ကောင်းဖန်ရဲ့ ပစ္စည်းတွေပါ” သားရဲ‌လေ့ကျင့်သူက စာရွက်တစ်ရွက် ကိုပေးလိုက်သည်။

ကျယ်ဝန်းသော ကုလားထိုင်ပေါ်တွင် ထိုင်နေသည့် ဘုရင်ကြီးသည် စာရွက်ကို ဖွင့်ကြည့်လိုက်သည်။

ဘုရင်မင်းမြတ်၏ မျက်လုံးများတွင် စိတ်လှုပ်ရှားမှုနှင့် အံ့ဩခြင်းတို့သည် ပိုပို၍ ထူထဲလာသည်။

“ကောင်းဖန်... ဘယ်လောက်တောင် အံ့သြစရာကောင်းတဲ့လူလဲ”

ထိုအကြောင်းအရာသည်

သူထင်ရှားခဲ့သည့်နေရာများ၊ ကောင်းဖန်နှင့်ပတ်သက်သည့်အရာအားလုံးကို မှတ်တမ်းတင်ထားသည်။

မှတ်တမ်းများသည် အလွန်ပြည့်စုံသည်။

သို့သော် အစီရင်ခံစာတွင် မင်ယုနိုင်ငံ၌ ကောင်းဖန် ပေါ်လာသည့် မှတ်တမ်းများသာ ရှိသည်။ ထိုမှလွဲ၍ ဤလူသည် လေဖိအားနည်းရပ်ဝန်းမှ ထွက်လာသကဲ့သို့ အခြားအချက်အလက်များ မရှိပေ။

“လျှို့ဝှက်ဂိုဏ်းမှ ကျင့်ကြံသူဟု သံသယရှိသူ သို့မဟုတ် ... သွေးနီယောင်ဆောင်ခြင်း”

ဘုရင်ကြိး၏အပြုံများသည် တောက်ပနေသည်။

“ဘယ်လောက်စိတ်ဝင်စားဖို့ကောင်းတဲ့ သွေးနီလဲ… အမှုထမ်းတွေအားလုံးကိုခေါ်လိုက်… သူတို့ ဘယ်လို ကောက်ချက်ချသွားလဲ သိချင်တယ်”

“အရှင်မင်းကြီး” ခဏအကြာတွင် အမှုထမ်းတစ်ဒါဇင် အခန်းထဲသို့ ဝင်လာသည်။

ရာဇပလ္လင်အတွက် သြဇာကြီးသောသူရှေ့တွင် ရပ်လျက် အားလုံးက အရိုအသေပြုကာ ခေါင်းငုံ့ထားကြသည်။

“သွေးနီအကြောင်း အပိုင်းကို ဘယ်သူရေးထားတာလဲ” ဘုရင်ကြီးက ရွှင်မြူးစွာ မေးလိုက်သည်။

“အရှင်မင်းကြီး… ကျွန်တော်ပါ” အင်္ဂလိပ်နှုတ်ခမ်းမွေးနှင့် တောင့်တင်းသော အမျိုးသားတစ်ဦးက ခေါင်းကို မြှောက်လိုက်သည်။

“အိုး.. မင်းပဲ… မင်းနာမည်က ရှင်ရှင်းဟုတ်တယ်မလာ”

သူ့နာမည်ခေါ်သံကိုကြားတော့ ရှင်ရှင်းက ဝမ်းသာသွားသည်။

“မင်းနေခဲ့ပြီးကျန်တဲ့သူတွေ ထွက်သွားတော့” အခြားအမှုထမ်းများသည် ရှင်ရှင်းကို တစ်ချက် စိုက်ကြည့်ပြီးနောက် ခေါင်းငုံ့ကာ အခန်းထဲက လှည့်ထွက်သွားကြသည်။

“မင်းက ဘာလို့ ဒီလိုထင်ရတာလဲ” ဘုရင်ကြီးသည် မျက်လုံးများ မှိတ်ထားကာ တွေးတွေးဆဆ မေးလိုက်သည်။

ရှင်ရှင်းသည် ဘုရင်ကြိး၏‌လေသံကို သတိမထားမိဘဲ ပြောလိုက်သည်။ “ အရှင်မင်းမြတ်... ရှန်ထော်အင်ပါယာရဲ့ ထောက်လှမ်းရေး အဖွဲ့အစည်းက အရမ်းအစွမ်းထက်ပါတယ်... နတ်ဘုရားနဲ့ပတ်သက်တဲ့ အချက်အလက်တွေကိုတောင် ကျွန်တော်တို့ ရှာတွေ့နိုင်ပါတယ်... နတ်ဘုရားတစ်ပိုင်းဆိုရရင် ပြောမနေပါနဲ့တော့.... ဒါပေမဲ့ အကြောင်းတစ်ခုခုကြောင့် ဒီနတ်ဘုရားတစ်ပိုင်းနဲ့ ပတ်သတ်တာကို ဘာမှ ရှာမတွေ့ခဲ့ပါဘူး... သူက ဂိုဏ်းတစ်ခုကနေ ဆင်းသက်လာတယ်ဆိုတာနဲ့ပတ်သက်ပြီး အခြားသူတွေရဲ့ ပြောဆိုချက်များကိုတော့ ကျွန်‌တော် မယုံကြည်ပါဘူး.... ကောင်းကောင်းလျှိုဝှက်ထားတဲ့ဂိုဏ်းတွေတောင် ကျွန်တော်တို့ ခြေရာခံနိုင်ပါတယ်... ဒါကြောင့် သူ လိမ်နေတာလို့ ထင်တာပါ”

“ပြီးတော့ရော…”

ရှင်းရှင်းသည် လည်ချောင်းတချက် ရှင်းလိုက်သည်။

“ဘာကြောင့် သူလိမ်ရတာလဲ... တစ်ခုခုမှားနေတာတော့ သေချာပါတယ်.. သူရဲ့အထောက်အထားက ထုတ်ဖော်ပြသနိုင်စွမ်းမရှိတာကြောင့် ဆိုတာကတော့ ပိုဖြစ်နိုင်ပါတယ်... သူက အလိုရှိတဲ့ ရာဇ၀တ်ကောင်ဖြစ်နိုင်သလို သူတပါးမသိစေချင်တဲ့ အရာတစ်ခုကို ပြုလုပ်ခဲ့တာလဲ ဖြစ်နိုင်ပါတယ်... ဒါပေမယ့် သူက အလိုရှိတဲ့ ရာဇတတ်သားဆိုရင်တောင် ကျွန်တော်တို့မှာ အချက်အလက်တွေရှိသင့်ပါတယ်... ဒါပေမယ့် သူနဲ့ သူ့သားရဲတွေကို ရာဇ၀တ်ကောင်တွေနဲ့ယှဉ်ကြည့်တာ ဆင်တူတဲ့သူ တစ်ယောက်မှ မတွေ့ရပါဘူး” ရှင်ရှင်း၏ မျက်လုံးများတွင် အလင်းတန်းတစ်ခု လင်းလက်လာသည်။ “အရေးကြီးဆုံးကတော့ သူက သွေးနီအုပ်စုတစ်စုကို ကယ်တင်ခဲ့ပါတယ်...ဒါကြောင့် ကျွန်တော်ရဲ့ အရင်က ယူဆချက်တွေနဲ့ ပေါင်းစပ်ပြီး သူက သွေးနီဖြစ်ရမယ်လို့ ကောက်ချက်ချခဲ့တာပါ”

ဘုရင်ကြီးက ဖြည်းညှင်းစွာ ခေါင်းညိတ်လိုက်သည်။ “ဒါပဲလား... မင်းတကယ် လိမ္မာပါးနပ်တာပဲ.. ဒီအလုပ်က မင်းရဲ့ အရည်အချင်းတွေနဲ့ ထိုက်တန်တယ်ထင်တယ်”

“မခံယူဝံပါဘူး... ကျွန်တော်က မထိုက်တန်သေးပါဘူး” ရှင်ရှင်းသည် သူ့စကားကို နှိမ့်ချနေသော်လည်း သူ၏နှုတ်ခမ်းမွေးများသည် ဂုဏ်ယူစွာဖြင့် ပျံသန်းလုနီးပါး ဖြစ်နေသည်။

“မင်းရဲ့ သုံးသပ်ချက်ကို မှန်တယ်လို့ ကတိပေးနိုင်မလား” ဘုရင်ကြီးက ရုတ်တရက် မေးလိုက်သည်။

ထို့နောက် ဘုရင်ကြီး၏နှတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာသည်။ သူက နှုတ်ခမ်းကို လက်ညိုးထိုးပြပြီး ရှိုက်သံတချက်နဲ့ ပြောလိုက်သည်။ “မြန်မြန်မဖြေနဲ့... မမှန်မကန်ဖြေရင်တော့ ခေါင်းပျောက်သွားလိမ့်မယ်”

ရှင်ရှင်းသည် အထိတ်တလန့်နှင့် သူ့မျက်လုံးများထဲတွင် ကြောက်ရွံ့မှုများ တောက်လောင်လာသည်။ သူသည် တုန်တုန်ယင်ယင် ဒူးထောက်ထိုင်ချလိုက်သည်။ “အရှင်မင်းကြီး... ကျွန်တော်မျိုး ကတိမပေးဝံပါဘူး... ၂၀ -၃၀ ရာခိုင်နှုန်းပဲ သေချာပါတယ်”

“ဒါဆို မင်းငါ့ကိုလိမ်နေတာလား” ဘုရင်ကြီးက ကျောကိုဆန့်လိုက်သည်။

“မဟုတ်ဘူး ကျွန်တော်မဝံ့ရဲပါဘူး....”

ဘုရင်ကြီးက သူ့ကို ခဏလောက် စိုက်ကြည့်ပြီး ရယ်မောလိုက်သည်။ “မင်း ငါ့ကို အရမ်းကြောက်နေပုံရတယ်... ကြောက်စရာမလိုဘူး.. ကိုက်မစားပါဘူး”

“ဒီကိုလာ..” ဘုရင်မင်းမြတ်သည် ညာတံတောင်ဆစ်ကို ပေါင်ပေါ်တင်ထားကာ မေးစေ့အောက် လက်ဖဝါးပေါ်တွင် တင်ထားပြီး ရှင်ရှင်းအား လက်ညိုးဖြင့် အမူအရာပြလိုက်သည်။

ရှင်ရှင်းက သတိကြီးကြီးနဲ့ အနားကပ်လာသည်။ “အရှင်မင်းမြတ်”

အမှောင်ထုကြီးက သူ့ခေါင်းပေါ်ကို လွှမ်းသွားပြီး အရိပ်ကြီးတစ်ခု ဖုံးလွှမ်းသွားသည်။ ကော်ဇောနီပေါ်က အရိပ်ကို မြင်လိုက်ရတော့ ရှင်ရှင်း၏ နဖူးမှာ ချွေးတွေ စိုရွှဲနေသည်။ ခေါင်းမထောင်ဝံ့တော့ပေ။

“စိတ်မပူပါနဲ့ မင်းမိန်းမနဲ့သမီးကို ငါကောင်းကောင်းဂရုစိုက်ပါမယ်... သူတို့ရဲ့ ခင်ပွန်းနဲ့ အဖေက သူရဲကောင်းပါ”

“ကျေးဇူးတင်ပါတယ်... အရှင်မင်းမြတ်”

အနက်ရောင်နှင့် ရွှေရောင်အစင်းကြောင်း စပါးအုံးမြွေတစ်ကောင် လဲကျသွားသည်။ မြွေကြီးက ကြီးမားသော ပါးစပ်ကိုဖွင့်၍ လျှာကို ပွတ်တိုက်နေသည်။

နန်းတော်ကော်ဇောပေါ်တွင် တံတွေးအိုင်များ စုပုံသွားသည်။

ဘုရင်မင်းမြတ်သည် မျက်လုံးများကို ကျဉ်းမြောင်းပြီး ပြတင်းပေါက်မှ လှမ်းကြည့်ရာ သူ၏ နက်နဲသော မြမျက်လုံးများသည် ဒေါင်လိုက် ရှိနေပုံရသည်။

…

“ကောင်းဖန်.. ဒီစိတ်အနှောက်အယှက်ဖြစ်တဲ့ကောင်က ဒီကိုပြန်ရောက်လာပြန်ပြီ” တာ့ဇီသည် ကောင်းဖန်ဘက်သို့ ပြေးသွားပြီး အပြင်သို့ညွှန်ပြလိုက်သည်။

ကောင်းဖန်သည် အဝေးကို လှမ်းကြည့်လိုက်သည်။ ရွှေရောင်ဝတ်ရုံဝတ် လူငယ်တစ်ဦးသည် ရွှင်ပြသောအမူအရာဖြင့် မတ်တပ်ရပ်ကာ ပတ်ပတ်လည်ကို ကြည့်နေသည်။ သူက ခေါင်းကို မြှောက်လိုက်ပြီး လက်ကို ဝှေ့ယမ်းရင်း ကောင်းဖန်၏ အကြည့်ကို သတိပြုမိသွားပုံရသည်။

ဒါ မိုက်မဲတဲ့ ရှန်းထော်အင်ပါယာရဲ့ ဒုတိယမင်းသားပဲမလား... လူတွေက “ဒုတိယ” လို့ ပြောတဲ့အခါမှာတော့ ဒီကောင်က မကြိုက်ပုံရတယ်..

ကောင်းဖန်မျက်မှောင်ကြုတ်လိုက်သည်။ လွန်ခဲ့တဲ့ နှစ်ဝက်လောက်က ဒီကောင်လေးက သူ့ဆီကို တစ်ပတ်တစ်ခါ လာလည်ခဲ့သည်။ အရင်တုန်းကတော့ သူအနားမှာမရှိတော့ နေမကောင်းဘူးလို့ ငြင်းခဲ့သည်။ ဒီတစ်ခါတော့...

ကောင်းပြီ... မြင်ပြီးပြီဆိုတော့ ငါလည်း နှုတ်ဆက်နိုင်ပါတယ်..

ဒီမင်းသားက သူ့ကို ဘာလို့ရှာနေတာလဲ ကောင်းဖန်သိသည်။

ဒီတစ်ယောက်က အန္တရာယ်ရှိမည့်ပုံပေါ်သည်။

ကောင်းဖန်သည် လူသားတစ်ဦးဖြစ်သောကြောင့် မပါဝင်ချင်ပေ။ သူ၏သွေးပြန်ကြောများတွင် အနီရောင်သွေးများ စီးဆင်းနေသည်။ သူက သူတို့နဲ့ လူမျိုးချင်းမတူပေ။

မတူညီသောလူမျိုးမှမည်သူမဆို ယုံကြည်လို့ရမည်မဟုတ်ပေ။

သူ့သရုပ်မှန် ထင်ရှားလာပါက သူသည် ပထမဆုံး ယဇ်ပူဇော်ခံရသူ ဖြစ်လာနိုင်သည်။

ကောင်းဖန်ကိုမြင်လိုက်သည့်အခိုက်တွင် ဒုတိယမင်းသား၏ခြေရာများ လျင်မြန်လာကာ ကောင်းဖန်ကို ပွေ့ဖက်ရန် ကြိုးပမ်းရင်း သူ့လက်များကို ဆန့်ထုတ်လိုက်သည်။

ကောင်းဖန်သည် ခြေတစ်လှမ်းမှ နောက်ပြန်ဆုတ်သွားပြီးနောက် ဂိုဒီကို ကန်ထုတ်လိုက်သည်။ ဒုတိယမင်းသားသည် ဂိုဒီ၏ တင်ပါးကြွက်သားကို ပွေ့ဖက်ထားသည်။

ဂိုဒီက ခေါင်းငုံ့ပြီး ဒုတိယမင်းသားက ခေါင်းကိုမော်လိုက်သောအခါ သူတို့ မျက်လုံးချင်းဆုံမိလိုက်ကြသည်။

ဒုတိယမင်းသားက ညာခြေဖြင့် နောက်သို့ ခြေတစ်လှမ်းဆုတ်ကာ ယဉ်ယဉ်ကျေးကျေးနှင့် ပြုံးပြလိုက်သည်။

“တကယ်တော့ မင်းရဲ့အရည်အချင်းကို ငါအမြဲတမ်းလေးစားနေခဲ့တာပါ... ငါ့မျက်လုံးထဲမှာတော့ ကြွားလုံးထုတ်နေကြတဲ့ ထိပ်တန်းဂုဏ်ထူးဆောင်တွေက မင်းနဲ့တောင် မနှိုင်းယှဉ်နိုင်ပါဘူး... မင်းက ဘယ်လိုလူမျိုးပဲဖြစ်ဖြစ် မင်းရဲ့သူငယ်ချင်းဖြစ်ချင်ပါတယ်” ဟု ဒုတိယမင်းသားက လေးလေးစားစား ဦးညွှတ်ကာ တိုးတိုးလေးပြောလိုက်သည်။

ကောင်းဖန်၏ မျက်လုံးများ ကျဉ်းသွားသည်။ “ဂိုဒီ”

ကောင်းဖန်ဘာကိုဆိုလိုသည်ကို ဂိုဒီသိသည်။ ရှေ့ကိုလှမ်းကြည့်လိုက်တော့ နှုတ်ခမ်းစပ်ထောင့်မှာ လှောင်ရယ်သံတစ်ခု ပေါ်လာသည်။

သူသည် လက်သီးကို ထိုးချလိုက်သည်။

ဝုန်း…

အနက်ရောင်နှင့် ရွှေလက်စွပ်သည် လေထဲတွင် ပျံဝဲနေပြီး ဂိုဒီ၏ ထိုးနှက်မှုကို တားဆီးထားသည်။

လက်သီး၏ အစွမ်းသည် မြေကြီးကို ပေါက်ပြဲသွားစေသည်။ မြေပြင်မှ ဖုန်မှုန့်များ လွင့်ပျံလာသည်။

ဂိုဒီသည် အံ့အားသင့်သွားသည်။ ၎င်း၏လက်ကို ပိတ်ဆို့ရန် မမျှော်လင့်ထားပေ။

“စိတ်ရှုပ်မခံပါနဲ့.. ငါ့မှာ ရန်လိုတဲ့ ရည်ရွယ်ချက် မရှိပါဘူး.. မဟုတ်ရင် ငါတစ်ယောက်တည်းတောင် လာမှာ မဟုတ်ဘူး” ဟု ဒုတိယမင်းသားက ကူကယ်ရာမဲ့စွာပြောလိုက်သည်။ ဒီကောင်က တကယ်ကို ဒေါသကြီးတယ်ဟ..

***

သားရဲလေ့ကျင့်သူ

အခန်း ၇၄၂ ဘီလီ

“ဂိုဒီ... ရပ်လိုက်” ကောင်းဖန်သည် ရုတ်တရက် တစ်ခုခုကို တွေးမိလိုက်သည်။

ကောင်းဖန်သည် ဒုတိယမင်းသားကို စိစစ်ကြည့်လိုက်သည်။

“ထိုင်ပါ... ဆီလီ.. သူ့အတွက် ကုလားထိုင်တစ်လုံး ယူလာပါ” ဟု ကောင်းဖန်က ဆီလီကို ပြောလိုက်သည်။

ဆီလီသည် သူ့မျက်လုံးများဘက်သို့ ပျံဝဲလာသည်။ သူသည် ကောင်းဖန်အတွက် နောက်မှီကုလားထိုင်တစ်လုံး ယူလာကာ ဒုတိယမင်းသားထံ သစ်သားခွေးခြေထိုင်ခုံကို ပစ်ချပြီးနောက် မောက်မာစွာထွက်သွားသည်။

ဒုတိယမင်းသားက စိတ်မဆိုးပေ။ သူသည် ထိုင်ခုံကို တည်ငြိမ်စေရန် မြေကြီးထဲတွင် ထားလိုက်ပြီး သူ့ရှေ့တွင် ထိုင်နေသော ကောင်းဖန်ကို ကြည့်ရန် ခေါင်းကို မော့လိုက်သည်။

ကောင်းဖန်သည် ၎င်း၏ အထောက်အထားကို အလွန်ဂရုစိုက် ဖုံးကွယ်ထားသည်ဟု ထင်ခဲ့မိသော်လည်း မည်သို့ပင်ဖြစ်စေ ပေါ်သွားခဲ့သည်ပင်။

ဒုတိယမင်းသားက ပြုံးပြီး ရှင်ရှင်းပြောတဲ့အတိုင်း ကောင်းဖန်ကို အတိအကျပြောပြလိုက်သည်။

ကောင်းဖန်သည် သက်ပြင်းချလိုက်ပြီး ဒီကမ္ဘာမှာ တကယ်ကို ထက်မြက်တဲ့သူတွေ အများကြီးရှိသည်ဟု တွေးလိုက်မိသည်။

“ဒါဆို မင်းငါ့ကိုဘာလို့မသတ်တာလဲ... ငါတို့ လူမျိုးတွေက ရန်သူတွေ မဟုတ်ဘူးလား” ကောင်းဖန်က ရွှင်မြူးစွာဖြင့် မေးလိုက်သည်။

“ကျွန်တော်တို့ ဘိုးဘေးတွေက ရန်သူတွေပေမဲ့ ကျွန်တော်တို့က မဟုတ်ဘူးလေ” ဟု ဒုတိယမင်းသားက ဆိုသည်။ “တကယ်တော့ မင်းရဲ့ယဉ်ကျေးမှုကို ငါတကယ်လေးစားပါတယ်.. အဲဒီတုန်းက ငါတို့လူမျိုးတွေက အချင်းချင်း ထိမ်းမြားလက်ထပ်တာ အပါအဝင် အချင်းချင်းရဲ့ ယဉ်ကျေးမှူတွေကို သင်ယူခဲ့ကြတယ်... ငါတို့လူမျိုးတွေက မင်းတို့ရဲ့ ယဉ်ကျေးမှုအချို့ကို ဆက်လက်ထိန်းသိမ်းထားဆဲပါပဲ”

ကောင်းဖန်သည် ဤဒုတိယမင်းသား၏ တွေးခေါ်မှုဖြစ်စဉ်သည် မျိုးနွယ်တစ်ခုနှင့်တူသည်ဟု ရုတ်တရက် တွေးမိလိုက်သည်။

“မင်းရဲ့ အတွေးတွေက အဲဒီ ကွဲပြားတဲ့ မျိုးနွယ်တွေနဲ့ မတူဘဲ စိတ်ဝင်စားစရာကောင်းပါတယ်” ဟု ကောင်းဖန်က ကုလားထိုင်ပေါ်မှ အပြုံးနဲ့ပြောလိုက်သည်။

ကောင်းဖန်၏ အညိုရောင် အင်္ကျီ၏ ကော်လာသည် သူ့မေးရိုးကို ဖုံးအုပ်ထားသည်။

ဒုတိယမင်းသားသည် ကောင်းဖန်၏မျက်လုံးများကိုကြည့်ကာ ပြောလိုက်သည်။

“ငါမေးခွန်းတစ်ခုစဉ်းစားနေတာကြာပြီ... ငါတို့ဝိညာဉ်မျိုးနွယ်စုက ဘာလို့လူသားမျိုးနွယ်နဲ့ ရန်သူတွေဖြစ်လာခဲ့တာလဲ.. ကောင်းကင်ဘုံက အရမ်းကြီးလွန်းပါတယ်... ကျွန်တော်တို့ အတူတကွ ယှဉ်တွဲနေထိုင်နိုင်တယ်လေ..

“အခုအချိန်မှာ ငါတို့ရဲ့ ဝိဉာဉ်မျိုးနွယ်စုက နဝမမြောက်ကောင်းကင်ဘုံဧရိယာရဲ့ သုံးပုံတစ်ပုံကိုတောင် မလွှမ်းခြုံထားဘူး.. အဲဒါက နယ်မြေတွေကြောင့်တော့ မဟုတ်နိုင်ဘူးထင်ပါတယ်”

ဒုတိယမင်းသားက ရှည်ရှည်ဝေးဝေးပြောလိုက်သည်။

ကောင်းဖန်သည် ခေါင်းကိုက်လာသည်။

ငါက ယဉ်ကျေးမှုအရပြောနေတာလေ... မင်းကဘာလို့ဆက်ဆွေးနွေးနေတာလဲ...

ငါလုံးဝစိတ်မဝင်စားဘူးလို့...

ကောင်းဖန်၏ မျက်လုံးများက လွတ်ထွက်သွားပြီး ရှေ့ကို စိုက်ကြည့်နေသည်။ ဒါသည် သူမကြိုက်သောအရာကို နားထောင်တိုင်း သူပြသည့်အမူအရာ ဖြစ်သည်။

ဒါပေမယ့် ဒုတိယမင်းသားရဲ့မျက်လုံးထဲမှာတော့ ကောင်းဖန်သည် တစ်ယောက်တည်းနေပြီး မာနကြီးသည့် ပါရမီရှင်တစ်ယောက်လို အေးစက်ပြီး ချဉ်းကပ်လို့မရတဲ့ပုံပေါက်နေသည်။

ဒါက သူ ကောင်းဖန်ကို ပိုပြီးလေးစားလာရသည့် အကြောင်းအရင်းဖြစ်သည်။

ဉာဏ်ကြီးရှင်တွေအတွက် ထူးဆန်းတဲ့ အမူအကျင့်တွေ ရှိဖို့က ပုံမှန်ပဲလို့ သူခံယူထားသည်။

ကောင်းဖန်သည် ဒုတိယမင်းသားပြောသည့်စကားကို လုံးဝနားမထောင်မိပေ။ သူကတော့ စကားလုံးပေါင်း သောင်းနှင့်ချီ၍ ပြောနေသည်။ စကားလုံးတိုင်းမှ ကောင်းဖန်သည် “မဟာမိတ်” ကိုတော့ ကြားလိုက်ရသည်။

“အကယ်၍ ကျွန်တော်က ရှန်းထော်အင်ပါယာရဲ့ ဘုရင်ဖြစ်လာရင် သင်နဲ့ မဟာမိတ်ဖွဲ့ပြီး ကျွန်တော်တို့ဟာ ၂ ဦး ၂ ဖက် အနိုင်ရတဲ့ အခြေအနေတစ်ရပ်ကို ပိုင်ဆိုင်နိုင်မှာဖြစ်တယ်”

ဒုတိယမင်းသား၏ လည်ချောင်းသည် ခြောက်သွေ့သွားသည်။ သူ၏ စိတ်ခံစားမှု ဇာတ်ကြောင်းကို ကောင်းဖန်ယုံလားတော့ မသိပေ။

ကောင်းဖန်သည် လူသားဆန်သော လူမျိုးများနှင့် ကိုက်ညီသော စံနှုန်းသတ်မှတ်ချက်ကို ပြန်လည်ပြောပြလိုက်သည်။

“မင်းက ငါ့ကို မင်းဘုရင်ဖြစ်အောင် ကူညီပေးစေချင်တာလား”

ခဏတာ ထိတ်လန့်သွားပြီးနောက် ဒုတိယမင်းသားက ပြုံးပြီး ခေါင်းညိတ်လိုက်သည်။

“မင်း ဒီလို ဒဲ့ပြောလိုက်လို့ရပါတယ်”

စာကြောင်းတစ်ကြောင်းနှင့် ပြောနိုင်သည့်အရာများကို တစ်နာရီကြာရှင်းပြခြင်းသည် ၎င်းတို့၏ ကျွမ်းကျင်မှုတစ်ခုဖြစ်သည်။

“ကိစ္စမရှိပါဘူး” ကောင်းဖန်က ခေါင်းညိတ်ကာ အေးစက်စွာဖြေလိုက်သည်။ “ဒါပေမယ့် မင်း တန်ဖိုးတစ်ခုပေးရမယ်”

“ဘာတန်ဖိုးလဲ” ဒုတိယမင်းသားက တိတ်တဆိတ် သက်ပြင်းချလိုက်သည်။

“တန်ဖိုးက အားလုံးပါ” ဂိုဒီ၏ နက်နဲသော သံလိုက်အသံသည် ဒုတိယမင်းသား၏ နားထဲတွင် ပဲ့တင်ထပ်နေသည်။

“ဟင်” ဒုတိယမင်းသားခေါင်းထဲတွင် ဗလာဖြစ်သွားသည်။

ကောင်းဖန်သည် ဂိုဒီနောက်ဘက်ကို ကန်လိုက်ပြီး ဖြူဖွေးသော သွားရှစ်ချောင်းနှင့် ပြုံးပြလိုက်သည်။

တစ်နာရီအကြာတွင် ဒုတိယမင်းသားသည် မျက်နှာသေဖြင့် ထွက်ခွာသွားသည်။

နန်းတော်သို့သွားရာလမ်းတစ်လျှောက်လုံးတွင် သူ့မျက်နှာသည် ထိုအတိုင်းဖြစ်နေသည်။

“သခင်... ဒီလို အလွန်အကျွံ တောင်းဆိုတာကို သဘောတူပါသလား”

အနက်ရောင်နှင့် ရွှေစပါးအုံးမြွေကြီးသည် S ပုံသဏ္ဍာန်ခွေနေပြီး ၎င်း၏လျှာကို ပွတ်တိုက်လိုက်သည်။

“အလွန်အကျွံ..” ဒုတိယမင်းသားလေး၏ မျက်လုံးများက ကျဉ်းမြောင်းသွားကာ သူ၏ မိန်းမဆန်သော မျက်နှာသည် သွေးအေးခြင်း၏ အရိပ်အမြွက်ကို ပြသလိုက်သည်။ “ငါ ဒီနေရာကို တတ်နိုင်သရွေ့ ဒီတောင်းဆိုချက်တွေက ဘာမှမဟုတ်ပါဘူး”

“ငါမတတ်နိုင်ရင်လည်း ငါသူ့ကိုဆွဲချသွားလိုက်မယ်”

…

“ကောင်းဖန်က အရမ်းတော်တယ်... တကယ်ကို ဒဏ္ဍာရီလာဈေးညှိသူပဲ”

ဂိုဒီသည် အလဲအလှယ်လုပ်ခြင်းကို သူ့မျက်လုံးများဖြင့် မြင်ခဲ့ပြီး ကောင်းဖန်ကို သဘောကျမှုသည် အဆုံးမရှိ လှိုင်းစီးနေသည့် မြစ်ကဲ့သို့ပင်ဖြစ်နေသည်။

“ကောင်းဖန် မင်းရဲ့ကြွက်သားတွေ အရမ်းသန်မာတာပဲ”

“ကောင်းဖန် မင်းရဲ့ဖင်က အရမ်းဝိုင်းတယ်”

“ကောင်းဖန် မင်းရဲ့အသံက အရမ်းတက်ကြွတယ်”

“ကောင်းဖန် မင်းဆံပင်က ဒီလောက်မပြောင်ပါဘူး”

တစ်စုံတစ်ဦးကို ချီးမွမ်းခြင်းသည် ဤသံမဏိရိုးဖြောင့်ဘဲအတွက် အလွန်ကောင်းမွန်သော အလုပ်ဖြစ်သည်။

“ကောင်းဖန်... မင်းငါ့ကို မင်းရဲ့ နှုတ်ရေးကို သင်ပေးရမယ်” ဂိုဒီသည် ကောင်းဖန်၏ အံ့သြဖွယ်စွမ်းရည်ကို သင်ယူရမည်ဟု ဆုံးဖြတ်လိုက်သည်။ ၎င်းသည် အနာဂတ်တွင် လူများကို လှည့်စားနိုင်သည်ဟု သူခံယူထားသည်။

ရွှေတူးသမား ဘဲလေးက စိတ်လှုပ်ရှားနေသည်။

ကောင်းဖန်က သည်းမခံနိုင်တော့ပေ။

“မင်း သင်ယူလို့ မရဘူး...”

“ဘာလို့ မလေ့လာနိုင်ရမှာလဲ... အဲဒါ မဖြစ်နိုင်ဘူး.. ဝတ္ထုတွေ အများကြီးဖတ်ပြီး ရုပ်ရှင်တွေ အများကြီးကြည့်ထားတယ်လေ... ငါက ငါတို့ရွာမှာ အမွေးအများဆုံးဘဲ” ဂိုဒီသည် ကောင်းဖန်၏ခြေထောက်ကို အရှက်မဲ့စွာ ဆုပ်ကိုင်ထားသည်။

ကောင်းဖန်သည် ၎င်း၏ ချုပ်နှောင်မှုမှ မရုန်းထွက်နိုင်ပေ။

မင်းက ယဉ်ကျေးမှုအရှိဆုံး ဘဲဟုတ်လား... တကယ်က အရှက်မရှိဆုံး ဘဲတစ်ကောင်နဲ့ ပိုတူတယ်... မင်းက ငါ့သားရဲတွေထဲမှာ အရှက်မရှိဆုံးပဲ... ဒုတိယက တာ့ဇီပဲ

မင်းတို့ နှစ်ယောက်ပေါင်းရင် တကယ်ကို အရှက်ကင်းမဲ့ပြီး မင်းတို့ကို ဘယ်သူမှ အနိုင်ယူလို့မရနိုင်ဘူးသိလား..

“ဝါး... အားလုံးလာကြည့်ကြ... ဂိုဒီက ကောင်းဖန်ကို တွန်းအားပေးနေတယ်”

“ကောင်းဖန်ကို ချုပ်ထားတယ်”

ထိုစဉ် ပစ်လွှတ်လိုက်သော ကျောက်တုံးကြီးတစ်ခုသည် လှိုင်းအလုံးတစ်ထောင်ကို ထွက်ပေါ်လာသည်။

အိပ်ပျော်နေသော အစင်းလေးပင် မျက်လုံးဖွင့်လိုက်သည်။

“ဂိုဒီ…ငါတို့ကို ယောက်ျားပီသတယ်ဆိုတာ ပြပါ” တာ့ဇီသည် တစ်ဖက်မှ လှောင်ရယ်လိုက်သည်။ ဒီကောင်က မီးလောင်ရာ လေပင့်ရတာကို ကြိုက်သည်။

ကောင်းဖန်ကို နောက်ပြောင်တဲ့ အခါမှာ အပျော်ဆုံးပဲ ဖြစ်သည်။ တစ်ခါတလေ တခြားသူတွေက ကောင်းဖန်ကို နောက်ပြောင်ဖို့တောင် ကူညီပေးတက်သည်။

ပြန်လာသော ဒုတိယမင်းသားသည် နေရာတွင် ရပ်နေသည်။

ဒီလူက ဒီလိုဝါသနာပါမယ်လို့ သူ မမျှော်လင့်ထားပေ။

ဒုတိယမင်းသားက သူ့အနောက်ကို လှမ်းကြည့်လိုက်သည်။

“ချီထိုက်ယန်… မင်းရဲ့သားရဲကို သခင်နဲ့ ကစားဖို့ဆင့်ခေါ်လိုက်”

ချီထိုက်ယန်သည် ခေါင်းညိတ်လိုက်ပြီး သူ့ညာလက်ကို ဖြန့်လိုက်သည်။ ထူထဲသော ပန်းရောင် မြူခိုးများ ဖြည်းညှင်းစွာ ပြန့်ကျဲသွားသည်။

အရပ်ငါးမီတာရှည်သော စုတ်ပြဲပြီး ထူးဆန်းသည့် ကိုယ်လုံးတီးမျောက်ဝံပုံစံ သားရဲ့တစ်ကောင်သည် မြူခိုးထဲမှ ထွက်လာသည်။

[သားရဲ အမည်] - ဘီလီသားရဲ

[သားရဲ အဆင့်] - ၇၄ (အရှင်သခင်အဆင့်)

[သားရဲ အမျိုးအစား] - အဆိပ်

[သားရဲ စွမ်းရည်ဆင့်] - ပြီးပြည့်စုံသောအဆင့်/ပြီးပြည့်စုံသောအဆင့်

[သားရဲ စွမ်းအင်] - စွဲဆောင်မှုရှိသော အဆိပ် အဆင့် ၅၊ ပြင်းထန်သောကြွက်သားများ အဆင့်၅၊ ဘီလီ၏ခွန်အား အဆင့် ၅၊ အားနည်းသူကို အနိုင်ကျင့်ခြင်း အဆင့် ၅

[သားရဲ အားနည်းချက်] - သူသည် ပိုမိုအားကောင်းသောအဖွဲ့အစည်းတစ်ခုရှေ့တွင် ၎င်း၏စွမ်းရည်များက အားနည်းသွားမည်ဖြစ်ပြီး ပြိုင်ဘက်ကို တိုက်ရိုက် ရင်မဆိုင်နိုင်ပေ။

[သားရဲ ဖော်ပြချက်] - ကြောက်မက်ဖွယ်ကောင်းသော သားရဲကောင်။

***

သားရဲလေ့ကျင့်သူ

အခန်း ၇၄၃ လေရှည်တဲ့ အစင်းလေး

ဘီလီသားရဲလား... ကောင်းဖန်၏ မျက်နှာ မည်းမှောင်သွားသည်။

ဆင့်ခေါ်ခံရသော ဘီလီသားရဲသည် ဂိုဒီကိုမြင်သောအခါ ၎င်း၏မျက်လုံးများ ချက်ချင်းပြူးကျယ်သွားသည်။ သူသည် ဂိုဒီကို စွဲလမ်းစွာ စိုက်ကြည့်နေသည်။ သူ၏လည်ချောင်းမှ နားမလည်နိုင်သော ဟိန်းဟောက်သံတစ်ခု ထွက်လာသည်။ ဘီလီသားရဲ၏ ညာခြေထောက်သည် ရှေ့သို့ ခြေလှမ်း တစ်ဝက် ရွေ့သွားသည်။

၎င်း၏ခန္ဓာကိုယ်အပေါ်ပိုင်းသည် အနည်းငယ်ကွေးနေပြီး ခန္ဓာကိုယ်တည်ဆောက်ပုံကြောင့် ၎င်း၏လက်များက ကွေးနေသည်။ ခန္ဓာကိုယ်တည်ဆောက်မှုပုံစံတွင် ၎င်း၏ကြွက်သားများအားလုံးကိုချဲ့ထွင်ထားသည်။ သို့သော် ၎င်းသည် ဂိုဒီ၏ရုပ်ပုံနှင့်ကွဲပြားသည်။ ဂိုဒီသည် ကြွက်သားများ ရှိသော်လည်း အပြူးလိုက်ထွက်နေသော ကြွက်သားများမရှိပေ။ ချောမွေ့ပြီး ရွှေရောင် အချိုးကျသော ပုံသဏ္ဍာန်ရှိသည်။

“ဝူး.. ဟူး” ဘီလီသားရဲသည် ဂိုဒီ၏အာရုံကိုဖမ်းစားရန် စိတ်လှုပ်ရှားစွာ ဟိန်းဟောက်လိုက်သည်။

ဂိုဒီသည် ခေါင်းပြောင်ကို ပွတ်လိုက်သည်။ ဒီကောင်က အရမ်းကြောက်ဖို့ကောင်းမယ်လို့ ထင်ခဲ့တာ...

“ဒါက မင်းအကြိုက်ဆုံးပဲ မဟုတ်လား” တာ့ဇီက နှုတ်ခမ်းကို ကော့လိုက်သည်။

ဂိုဒီ အံ့သြသွားသည်။ လူတိုင်းက ငါ့အပေါ် ဒီလိုထင်နေကြတာလား.. ဂိုဒီသည် တိတ်တိတ်ဆိတ်ဆိတ်နေပြီး ပြောင်နေသောခေါင်းကို ပွတ်သပ်လိုက်သည်။

“ပစ္စည်းတွေ ဒီကို ယူလာလား” ကောင်းဖန်က ဒုတိယမင်းသားကို ပြောလိုက်သည်။

ဒုတိယမင်းသားက ခေါင်းညိတ်လိုက်သည်။ “ဟုတ်ကဲ့”

ဒုတိယမင်းသားသည် အနီရောင်သလင်းကျောက်ဆလင်ဒါကို သူ့လက်မောင်းမှ ထုတ်ယူလိုက်သည်။ သူသည် ဆလင်ဒါကို ဆွဲထုတ်လိုက်သောအခါ ဘေးဘက်မှ အနီရောင် နက်မှောင်သော ပါးလွှာသော သလင်းကျောက်တစ်ပိုင်း ထွက်လာသည်။ ဖလင်နှင့်တူသော သလင်းကျောက်မျက်နှာပြင်ပေါ်တွင် အဝါရောင်ဖျော့ဖျော့ သင်္ကေတများရှိသည်။ မြေပုံတစ်ခုလိုပင်။

“ငါ့ရဲ့ ရိုးသားမှုကို ဖော်ပြဖို့ ငါမင်းကို ကတိပေးခဲ့တဲ့ ပထမဆုံးအချက်ပဲ” ဒုတိယမင်းသားက ပစ္စည်းကို လွှဲပေးလိုက်သည်။

ကောင်းဖန်သည် မြေပုံကို ကြည့်လိုက်သည်။ ၎င်းပေါ်ရှိစာကြောင်းများသည် အနည်းငယ်ရှုပ်ထွေးသောကြောင့် ၎င်းကိုခဏကြည့်ပြီးနောက် ကောင်းဖန်၏ဦးနှောက်သည် နာကျင်လာသည်။ “ဒါဘာလဲ”

“နတ်ဘုရား ကျဆုံးတဲ့ နေရာ မြေပုံ”

ကောင်းဖန်၏ မျက်လုံးများ တောက်ပလာသည်။ နတ်ဘုရားဘယ်မှာရှိတာလဲ.. သူ့လက်ငါးချောင်းသည် အနီရောင်သလင်းကျောက် ဆလင်ဒါကို ကျွမ်းကျင်စွာ လှည့်ပတ်လိုက်သည်။

“နတ်ဘုရားတွေ ကျဆုံးတဲ့နေရာကို ဘာလို့ ဘယ်သူကမှ မစူးစမ်းခဲ့တာလဲ” ကောင်းဖန်သည် ထိုကဲ့သို့ ရှာဖွေတွေ့ရှိရန် မမျှော်လင့်ထားခဲ့ပေ။

“လွန်ခဲ့တဲ့ ငါးနှစ်ထဲက ရှာဖွေနေကြတာ.. အရမ်းအန္တရာယ်များလွန်းတယ်... မင်းသွားဖို့ ကျွန်တော်အကြံမပေးချင်ဘူး..” ဒုတိယမင်းသားက ကောင်းဖန်ကို အပြင်းအထန်ကြည့်လိုက်သည်။ “ဒါပေမယ့် ကျွန်တော်ပြောတာတွေက မင်းကို သက်ရောက်မှုရှိမယ်တော့ မထင်ပါဘူး ဒါကြောင့် မင်းသွားချင်သွားပါ”

ထို့နောက် ဒုတိယမင်းသားသည် ကောင်းဖန်ကို အဖြူရောင်လက်စွပ်တစ်ကွင်း ပေးလိုက်သည်။ လက်စွပ်သည် ငွေရောင်၊ သလင်းကျောက် သို့မဟုတ် ပလက်တီနမ် ပစ္စည်းတစ်မျိုးမျိုးဖြင့် ပြုလုပ်ထားပြီး ၎င်းသည် ကျောက်စိမ်း သို့မဟုတ် ရွှေကဲ့သို့ ခံစားရသည်။ “ဒါက နေရာလွတ် ပုန်းအောင်းနိုင်တဲ့ လက်စွပ်တစ်ခုပါ... အလွန်ရှားပါးတဲ့ သတ္တုနဲ့ ပြုလုပ်ထားပြီး ပုံသေနေရာနဲ့ ချိတ်ဆက်ထားတယ်..” ဒုတိယမင်းသားသည် ကောင်းဖန်ကို လက်စွပ်ပေးလိုက်သည်။

ကောင်းဖန် ယူလိုက်သောအခါ လက်စွပ်သည် အေးစက်ပြီး ရှုပ်ထွေးမှုကို ခံစားရသည်။ ဤသည်မှာ ဒဏ္ဍာရီလာ နေရာလွတ် လက်စွပ်ဖြစ်သည်။ ကောင်းဖန်သည် အချိန်အတော်ကြာ ကိုင်ထားသော်လည်း သူ့တွင် ဒြပ်စင်စွမ်းအားမရှိသောကြောင့် ဤလက်စွပ်ကို အသုံးပြုလိုပါက သူ့သားရဲများ၏အကူအညီကို လိုအပ်မည်ဖြစ်သည်။

“ကျန်တဲ့ပစ္စည်းတွေကို အဆင်သင့်ပြင်ထားဖို့ ကျွန်တော့် လူတွေကို ပြေားထားတယ်.. သုံးလအတွင်း ပစ္စည်းအားလုံးကို ပို့ပေးမယ်” ဟု ဒုတိယမင်းသားက ဆက်ပြောလိုက်သည်။

ကောင်းဖန်ခေါင်းညိတ်လိုက်သည်။ “အလျင်မလိုပါဘူး... ဒီအတောအတွင်းမှာ ကျွန်တော် စစ်မြေပြင်မှာရှိနေမယ်” စကားပြောပြီးနောက် ကောင်းဖန်ပြုံးလိုက်သည်။ “မင်းနဲ့ လက်တွဲရဖို့ ငါမျှော်လင့်ပါတယ်”

“ကျွန်တော်လည်းအတူတူပါပဲ… စကားမစပ်... နတ်ဘုရားပြိုလဲတဲ့နေရာက နည်းနည်းအန္တရာယ်များတယ်... လက်စွပ်ထဲက အရာတွေက မင်းကို ကူညီပေးနိုင်ပါတယ်... ဒါပေမယ့် ကျွန်တော် မင်းကို မြန်မြန်မသေစေချင်ဘူး... မဟုတ်ရင် ကျွန်တော့အတွက်လည်း အကျိုးမရှိဘူး”

“ဟားဟား... စိတ်မပူပါနဲ့.. မင်းသေပြီးရင်တောင်ငါမနိုင်ပါဘူး” ကောင်းဖန်က ရယ်မောလိုက်သည်။

“ခဏစောင့်... ခဏစောင့်” ဂိုဒီသည် ရုတ်တရက် ထွက်ခွာသွားသော ဒုတိယမင်းသားနောက်သို့ လိုက်သွားသည်။ ထို့‌နောက် ခါးကိုကွေးပြီး ဒုတိယမင်းသားလေးရဲ့နားထဲကို တစ်ခုခုကို တိုးတိုးတိတ်တိတ်ပြောလိုက်သည်။ ဒုတိယမင်းသားက ပြုံးပြီး ခေါင်းညိတ်လိုက်သည်။

အားလုံးထွက်သွားတော့ တာ့ဇီက ပြေးလာသည်။ “ဂိုဒီ... မင်းအခု ဘာပြောလိုက်တာလဲ”

ဂိုဒီသည်ချောင်းဟန့်ပြီး ခေါင်းယမ်းလိုက်သည်။ “ဘာမှမဟုတ်ပါဘူး...”

တာ့ဇီသည် ဂိုဒီကိုစိတ်ဝင်စားမှု မရှိတော့ဘဲ နောက်လှည့်၍ နတ်ဆိုးများနှင့် ကစားရန်ထွက်သွားသည်။

တစ်ပတ်အကြာတွင် ဒုတိယမင်းသားသည် အပိုလက်ဆောင်များစွာဖြင့် ပစ္စည်းအချို့ကို ပေးပို့လိုက်သည်။ ဤပစ္စည်းများသည် သားရဲများ၏ ဆင့်ကဲဖြစ်စဉ်အတွက် လိုအပ်သော်လည်း ၎င်းတို့သည် အလွန်ရှားပါးသောကြောင့် ဆင့်ကဲဖြစ်စဉ်ပစ္စည်းတစ်ခုစီတွင် တစ်မျိုး သို့မဟုတ် နှစ်မျိုးသာရှိသည်။ ဤသည်မှာ သားရဲတစ်ဦး၏ ဆင့်ကဲဖြစ်စဉ်အတွက် လိုအပ်သော ပစ္စည်းများစာရင်း အပြည့်အစုံတော့ မဟုတ်ပေ။

ကောင်းဖန်သည် ထိုပစ္စည်းများထဲမှ ထူးဆန်းသော ပစ္စည်းအချို့မှလွဲ၍ အများစုကို ကြွက်၏ ရတနာနေရာလွတ်တွင် ထားလိုက်သည်။

“ဂိုဒီ… မင်းဘာလို့ ဘဲတွေလိုတာလဲ” သူ့ရှေ့က ကြမ်းပြင်မှာ အရပ်ခြောက်ပေမြင့်တဲ့ အဖြူ၊ အဝါရောင်နဲ့ အနက်ရောင် ဘဲမွေးနှင့် ဘဲများ လှည့်ပတ်သွားလာနေကြသည်။ ဤဘဲများသည် အဆင့် ၃၀ ထက်သာလွန်သောအဆင့်ပင် မဟုတ်ပေ။ ဤဝဲကမ္ဘာစစ်မြေပြင်တွင် ၎င်းတို့ကို အမြောက်စာအဖြစ်အသုံးပြုနိုင်ရန်ပင် အားနည်းလွန်းလှသည်။

“ငါတို့ရဲ့... အစားရွေးချယ်စရာတိုးလာဖို့ပါ” တာ့ဇီ၏ မျက်လုံးများ တောက်ပလာသည်။

ဂိုဒီက ပြောလိုက်သည်။ “မဟုတ်ပါဘူး... သူတို့အားလုံးက ငါ့ညီလေးတွေပါ.. ငါ့အတွက်.. သူတို့က တာ့ဇီလိုပဲ အရေးကြီးတယ်”

တာ့ဇီမှာ ပြောစရာစကားမရှိတော့ပေ။ ငါက မင်းအတွက် ညီငယ်တစ်ယောက်ပါ။ တာ့ဇီ မျက်လုံးတွေကိုလှန်လိုက်သည်။ “ဂိုဒီ… မင်းက ဒီဘဲတွေကို ကြွက်သားနဲ့ဘဲတွေဖြစ်အောင် လေ့ကျင့်ပေးမှာလား... ဒါဆို ပိုအရသာ ကောင်းလာမှာလား”

“ပါးစပ်ပိတ်ထား” ဂိုဒီက အေးစက်စွာ ပြန်ပြောလိုက်သည်။ “လွန်ခဲ့တဲ့ တစ်ပတ်လောက်ကတည်းက ကြွက်သားတွေကို ငါမကြိုက်တော့ဘူး.. အရမ်း မသတီစရာကောင်းတယ်”

တာ့ဇီ မျက်လုံးပြူးသွားသည်။

လာမည့်ရက်အနည်းငယ်တွင် ၎င်း၏ပုံမှန်လေ့ကျင့်မှုနှင့် နတ်ဆိုးများကို သတ်ဖြတ်ခြင်းမှလွဲ၍ ဂိုဒီသည် ဘဲသုံးကောင်ကိုလည်း လေ့ကျင့်ပေးခဲ့သည်။ ဤကြိုးစားအားထုတ်မှုအား မည်သည့်အချိန်မှ ငြီးငွေ့လာမည်ကိုတော့ မည်သူမျှ မသိကြပေ။

အစင်းလေးသည် အပြင်မထွက်ဘဲ အလွန်ရှည်လျားစွာ တောင့်ခံနေရသည်။ အစပိုင်းတွင် အခြားသောသားရဲများသည် အစင်းလေးနှင့် စကားပြောခြင်းကို နှစ်သက်ခဲ့ကြသော်လည်း အချိန်ကြာလာသည်နှင့်အမျှ ၎င်းတို့သည် ထိုသို့ပြုရန် ဆန္ဒမရှိတော့ပေ။

ဆာဟာရကသာ အစင်းလေးပေါ်တွင် ရပ်နေပြီး ကောင်းကင်ဆီသို့ ဟောင်နေသည်။

ဆာဟာရဟောင်နေတုန်း အစင်းလေးက တစ်ဖက်မှာ စကားပြောနေသည်။ “ရုပ်ရှင်သွားကြည့်ရတာ ကြိုက်တယ်သိလား.. ဒါပေမယ့် တီဗီက သေးလွန်းတဲ့အတွက် ကြီးလာတော့ ဘာမှ မမြင်ရတော့ဘူး... စာအုပ်တွေတောင် စကားလုံးတွေက သေးလွန်းတယ်.. ငါ့အတွက် စာဖတ်ဖို့ အရမ်းခက်တယ်သိလား.... အိုး... ငါလျှာရှည်တယ်ဆိုတာ ငါသိပ်တယ်... ဒါကြောင့် ငါစကားပြောဖို့ တာ့ဇီကိုမရှာတာ.. ငါက အရမ်း လေရှည်လို့ ငါနဲ့စကားပြောရတာ မကြိုက်မှာကို ငါစိုးရိမ်တယ်…”

“ဝုတ်...ဝုတ်”

“ဟမ်... ငါမှန်တယ်ထင်လား”

“ဝုတ်....ဝုတ်...”

“မင်းက ငါ့ပြောတာကို နားထောင်ရတာ ကြိုက်တယ်ဆိုတာ ငါအမြဲသိတယ်... နောက်ထပ်ပြောပြပါရစေ.. ငါက တကယ်ကို အစွမ်းထက်ခဲ့ဖူးပြီး ကောင်းဖန်လက်ထက်မှာ ယဉ်ကျေးမှုအရှိဆုံး သတ္တဝါတွေထဲက တစ်ကောင်ပါ... ဂန္တဝင် အက္ခရာသုံးလုံးနဲ့ သရုပ်ဖော်တွေကိုလည်း ငါ ရွတ်ဆိုနိုင်တယ်..မင်းအတွက် ငါ ပြောပါရစေ”

***

သားရဲလေ့ကျင့်သူ

အခန်း ၇၄၄ ဒဏ္ဍာရီလာစွမ်းရည်ဆင့် သူတော်စင် ဆီးနှင်းခဲ ခြင်္သေ့

“လူတွေက မွေးကတည်းကတော့ သဘာဝအတိုင်း ကောင်းကြပါတယ်.. သူတို့ရဲ့ သဘောသဘာဝက တူပေမယ့် အကျင့်ကတော့ မတူကြဘူး…”

“ဝုတ်..ဝုတ်...”

ပင့်ကူကြီးတစ်ကောင်နှင့် ခေါင်းသုံးလုံးခွေးငယ်လေး...တစ်ကောင်က သင်ပေးပြီး နောက်တစ်ကောင်က သင်ယူသည်။

အစင်းလေးသည် သူ့ကိုယ်သူ တိုးတက်စေရန် တိုက်ပွဲအပေါ် အားကိုးရန် မလိုအပ်ပေ။ နောက်ပြီး အလားတူ ကိုယ်လုံးကိုယ်ပေါက်ရှိသည့် ပြိုင်ဘက်များကို ရှာဖွေရန်ကလည်း ခက်ခဲသည်။ ရန်သူကို ချေမှုန်းရန် ကြောက်မက်ဖွယ်ကောင်းသော အင်အားနှင့် ထုထည်သာ ရိုးရှင်းစွာ လိုအပ်သည်။

“ဒါပဲ... ညာဘက်၊ ဘယ်ဝိုက်၊ ညာချိတ်၊ အပေါ်ပိုင်း၊ တူလက်သီး၊ ၃၆၀ ဒီဂရီ လွှဲ...” တောင်စောင်းတွင် ဂိုဒီ၏သင်ကြားသံက ပဲ့တင်ထပ်နေသည်။ ဂိုဒီသည် ရဲရင့်သော ဘဲလေ ၃ကောင်ဖြစ်သည့် ... အနက်ရောင်တစ်ကောင်၊ အဖြူတစ်ကောင်နှင့် အဝါရောင်တစ်ကောင်တို့ကို လက်ဝှေ့လေ့ကျင့်ပေးနေသည်။

“ကောင်းတယ် လှုပ်ရှားထား...”

“ကောင်းပြီ..

“အဲဒါအရမ်းကောင်းတယ်..

“မင်းက သခင်ထောင်ရဲ့ ဘဲတစ်ကောင်ဖြစ်ထိုက်တယ်... ဒီလှုပ်ရှားမှုတွေနဲ့ တိုက်ရင် အရှိန်ရလိမ့်မယ်”

နံဘေးမှာ တူးနေတဲ့ ကောင်တွေက သူတို့ရဲ့ အလုပ်တွေကို ရပ်တန့်ပစ်လိုက်သည်။ အားလုံးက မတ်တပ်ထရပ်ပြီး လက်ခုပ်တီးကာ မရပ်မနား အားရပါးရ ရွှင်မြူးနေကြသည်။ တာ့ဇီသည် တောင်စောင်းတွင် တိတ်တဆိတ်အိပ်နေသောကြောင့် တောင်ခြေရင်းရှိ လေ့ကျင့်ရေးကွင်းကို ကြည့်ရှုပြီး “အရမ်းပျော်ဖို့ကောင်းတာပဲ” ဟု မအော်နိုင်အားသေးပေ။

ငါရော ကောင်းဖန်ကို ကူညီဖို့ ကင်းခြေလေးတွေကိုဖမ်းပြီး လေ့ကျင့်ပေးသင့်သလား.... တာ့ဇီက သူ့ဘာသာ တွေးနေမိသည်။

ဘဲသုံးကောင်သည် ဂိုဒီ၏လေ့ကျင့်မှုအောက်တွင် အတော်လေး အဆင့်ခုန်တက်ခဲ့ပြီး ယခုအခါ ဘုရင်အဆင့်သို့တောငမ ရောက်ရှိသွားကြပြီဖြစ်သည်။ ထိုအဆင့်သည် ဂိုဒီနှင့် ကောင်းဖန်အတွက်တော့ ကြီးမားသောကိစ္စမဟုတ်ပေ။ အစင်းလေးဆိုရင် နှာချေခြင်းဖြင့်ပင် လူတစ်ဦးကို သေစေနိုင်သည်။

ဂိုဒီသည် ဤအရာများကို လုပ်ဆောင်နေပြီဖြစ်ကြောင်း ကောင်းဖန်သိသော်လည်း ပျော်စရာကောင်းသည်ဟု ထင်သောကြောင့် မိုင်းတူးမှုများ၏တိုးတက်မှုကို မနှောင့်နှေးသရွေ့ သူ့ကို ကစားခွင့်ပေးထားမည်ဖြစ်သည်။

“အရှင့်သား... ဘုရင်မက မကြာသေးမီက အရှင့်သား ထုတ်ယူထားတဲ့ ပစ္စည်းစာရင်းများနဲ့ပတ်သက်ပြီး ထင်မြင်ချက်အချို့ရှိနေပါတယ်...”

“ဪ ... သိပါပြီ.. ကျေးဇူးတင်ပါတယ် မစ္စတာလီ...” ထိုလူထွက်သွားသောအခါ ဒုတိယမင်းသားက ပစ္စည်းများကို ကောက်ယူလိုက်သည်။ ဤပစ္စည်းများကို သူကိုယ်တိုင် ပေးပို့ရန် လိုအပ်သည်။

“တက်နေတဲ့ကြိမ်ပင်မရှိဘူး.. ဒါပေမယ့် အနက်ရောင်နတ်ဘုရားကျောက်တုံးတော့ လက်ကျန်ရှိတယ်” ဒုတိယမင်းသားက ပစ္စည်းတွေကို ကောင်းဖန်ကို ပေးလိုက်သည်။

ကောင်းဖန်က ခေါင်းညိတ်လိုက်ပြီး သက်ပြင်းရှည်ကြီးချလိုက်သည်။ ဒုတိယမင်းသား အဝေးရောက်တဲ့အခါမှ ကောင်းဖန်သည် ပစ္စည်းတွေကို စစ်ဆေးဖို့ ဖွင့်ကြည့်လိုက်သည်။

ပစ္စည်းအားလုံးသည် အလင်းလှိုင်း၊ စက္ကူဖြူနှင့် ခြင်္သေ့ဖြူတို့ကို ဒဏ္ဍာရီဆန်အဆင့်သို့ တိုးမြှင့်နိုင်သည်။

ဂိုဒီသည် ဒဏ္ဍာရီဆန် အဆင့်ဖြစ်နေပြီဖြစ်ပြီး ထာဝရအဆင့်သို့ ဖြတ်ကျော်ရန် လိုအပ်သောပစ္စည်းများမှာ ရူးချင်စရာပင်ဖြစ်သည်။

ဒဏ္ဍာရီဆန်အဆင့်အထိတက်ရန် ကြွက်အတွက် ပစ္စည်းများသည်လည်း အလွန်ရှားပါးသောကြောင့် ၎င်းတို့ကို စုဆောင်းရန် မဖြစ်နိုင်သလောက်ပင်။

အခြားသားရဲများအတွက် ပစ္စည်းများမှာလည်း အနည်းငယ် လိုအပ်နေဆဲဖြစ်သည်။

“အဆင်သင့်ဖြစ်ပြီလား” ကောင်းဖန်က မေးလိုက်သည်။

“ဟုတ်ကဲ့ အဆင်သင့်ပါ” ခြင်္သေ့ဖြူသည် ကြိုးစားရန် စိတ်အားထက်သန်နေသည်။ ဘယ်သူမဆို သူ့မျက်လုံးထဲမှ ဆန္ဒကို မြင်နိုင်သည်။ နောက်ဆုံး... ငါ့အလှည့်ရောက်ပြီ...

အလင်းလှိုင်းသည် ထုတ်ဖော်ပြောဆိုခြင်းမရှိသော်လည်း ၎င်း၏လက်နှစ်ချောင်းသည် မသိစိတ်ဖြင့် ၎င်း၏ခန္ဓာကိုယ်တစ်ဝိုက်တွင် စက်ဝိုင်းများပြုလုပ်နေသည်။

စက္ကူဖြူသည် စာအုပ်တစ်အုပ်မျှသာဖြစ်သောကြောင့် စိတ်ကို ဖြေလျှော့ရန် တစ်ခုတည်းသောနည်းလမ်းမှာ ၎င်း၏စာမျက်နှာများကို လှန်နေခြင်းဖြစ်သည်။

ကောင်းဖန်သည် အဖြူရောင် ပွင့်ချပ်များစွာကို ထုတ်ယူလိုက်သည်။ ပန်းပွင့်များကို လေနှင့် ထိတွေ့သောအခါ မျက်နှာပြင်ပေါ်တွင် အဖြူရောင် နှင်းခဲများ အများအပြား စုပုံလာသည်။ နှင်းခဲများသည် အပြင်သို့ ပျံ့နှံ့လာသည်။

ခြင်္သေ့ဖြူသည် အံ့အားသင့်နေသည်။ အဲဒါတွေက ဘယ်လိုပန်းပွင့်တွေလဲ...

သူတို့သည် ထူးဆန်းသော စွမ်းအားများနှင့် ပြည့်နေပြီး နှင်းခဲဒြပ်စင်များ ကြွယ်ဝသည်။ နှင်းခဲဒြပ်စင်အလွန်များသောကြောင့် ၎င်းသည် သဘာဝအတိုင်း လေထဲတွင် ရေ၏အပူကို စုပ်ယူပြီး မျက်နှာပြင်ပေါ်သို့ ပြန်လည်ရောက်ရှိကာ ပွင့်ချပ်များပေါ်တွင် နှင်းခဲအလွှာ တစ်ခုအဖြစ် ဖြစ်ပေါ်လာသည်။

ကောင်းဖန်သည် အခြားပစ္စည်းများကို ထုတ်ယူလိုက်သည်။ “ကြွက်... ငါ့ကို အနီရောင် မြက်ပင် ၁၇ ပေါင် ပေး” ကောင်းဖန်သည် လှည့်မကြည့်ဘဲ ပြောလိုက်သည်။

ကြွက်၏အမြီးသည် ယိမ်းနွဲ့သွားပြီး ကောင်းဖန်လိုအပ်သောအလေးချိန်ကို တိကျစွာဖြတ်တောက်လိုက်သည်။ ၎င်းသည် ရတနာများအတွက် အလွန်အကဲဆတ်ပြီး အာရုံခံနိုင်စွမ်းကလည်း အလေးချိန်နှင့် ပတ်သက်၍ အလွန်တိကျမှုရှိသည်။ ထို့ကြောင့် ကြွက်သည် ကောင်းဖန်အတွက် အကောင်းဆုံးလက်ထောက်ဖြစ်လာခဲ့သည်။

“ကြွက်... ရွှေနီ ၅.၁၄၅ ပမာဏ” ကောင်းဖန်က ပြောလိုက်သည်။

ကြွက်ကလည်း တိကျသော ပမာဏကို ဖြတ်တောက်ပြီး လျင်မြန်စွာပစ်ပေးလိုက်သည်။ ကောင်းဖန်ကို ပစ္စည်း ဖမ်းယူရန်လည်း လှမ်းပြောလိုက်သည်။ ထို့နောက် အနီရောင်မီးတောက်များ ထွက်ပေါ်လာသည့် သစ်သားဖျော်ရည်တစ်ခုထဲတွင် ထည့်လိုက်သည်။ မီးတောက်တွေက ပုလင်းကို ဝိုင်းထားပေမယ့် ဆယ်စက္ကန့်ကြာတော့ တဖြည်းဖြည်း ငြိမ်းသွားသည်။

နာရီဝက်လောက်ကြာတော့ ပစ္စည်းတွေအကုန် ပြီးသွားသည်။ စားပွဲပေါ်ရှိ ဖန်ပုလင်းများသည် ဖန်ပုလင်းတစ်ခုလုံး အေးခဲသွားသကဲ့သို့ အပြာရောင်သန့်သန့် ဖြစ်နေသည်။ အဖြူရောင် နှင်းခဲများက အဆက်မပြတ် ပြန့်ကျဲနေသည်။ လေထုထဲတွင် အပူချိန်များပင် ကျဆင်းလာသည်။

“ ခြင်္သေ့ဖြူ...လာ ဒီပုလင်းကို သောက်လိုက်”

စိတ်ရှုပ်ထွေးနေသော ခြင်္သေ့ဖြူသည် ပါးစပ်ကိုဖွင့်ကာ ပုလင်းကိုမျိုချလိုက်သည်။ သူ့ပါးစပ်မှ စူးရှသော အသံတစ်ခု ထွက်ပေါ်လာသည်။ ဖန်ပုလင်းကို စားပြီးနောက် အထူးသဖြင့် အေးခဲထားသော ဖန်ပုလင်းသည် အလွန်အရသာရှိကြောင်း ရုတ်တရက် သိလိုက်ရသည်။

ခြင်္သေ့ဖြူက သူ့နှုတ်ခမ်းကိုသပ်ပြီးနောက် မေ့လဲသွားသည်။ အိပ်ပျော်နေစဉ် ခြင်္သ့ဖြူ၏ ခန္ဓာကိုယ်သည် အဆက်မပြတ် ပြောင်းလဲနေသည်။ ကော်ဇောထူကဲ့သို့ အမွေးများ ဖြူလာသည်။ တစ်ကောင်တည်းသောခြင်္သေ့၏ အသက်ရှူသံသည် တဖြည်းဖြည်း တည်ငြိမ်လာသည်။

ခြင်္သေ့ဖြူ၏ပြောင်းလဲမှုသည် နှေးကွေးပြီး တည်ငြိမ်နေသည်။ ဆယ်မိနစ်တိုင်း တစ်ဖန်ပြန်ကြည့်လျှင် ခြင်္သေ့ဖြူတွင် အပြောင်းအလဲများသည် နှေးကွေးစွာ ဖြစ်ပေါ်နေခြင်းမဟုတ်ကြောင်း တွေ့ရှိရမည်ဖြစ်သည်။

ခြင်္သေ့ခြေလက်တွေရဲ့ အရိုးတွေက တဖြည်းဖြည်း ပိုကြီးလာပြီး ပိုထူလာသည်။ သူ့ရဲ့ချွန်ထက်တဲ့ လက်သည်းတွေက အပြင်ကို ထွက်လာပြီး မီးခိုးရောင်ခြေသည်းတွေက နူးညံ့လာသည်။

အချိန်အတိုင်းအတာတစ်ခုကြာပြီးနောက် ခြင်္သ့ဖြူသည် နောက်ဆုံးတွင် မျက်လုံးပွင့်လာသည်။ သူသည် မြေပြင်မှ ဖြည်းညှင်းစွာ မတ်တတ်ရပ်လိုက်ရာ ရေတံခွန်လို ဖြူစင်သော အမွေးများ လှုပ်ခါသွားသည်။

ခြင်္သေ့ဖြူ၏ အမွေးအရှည်သည် ယခင်ကထက် နှစ်ဆပိုရှည်သွားပြီး မြေနှင့်ထိနေသည်။ ၎င်း၏ သန်မာသော ခြေလက်များသည် မြေပြင်ပေါ်သို့ ခိုင်မြဲစွာ ဆုပ်ကိုင်ထားသည်။ သူ့နှာခေါင်းထဲမှ အေးစက်သော အဖြူရောင် မြူခိုးများ ထွက်လာသည်။ နှာချေလိုက် သောအခါ ဆံပင်တွေ လှုပ်ခါသွားပြီး ဆီးနှင့်များသည် ပတ်ပတ်လည်တွင် ပေါ်လာသည်။ ခြင်္သေ့ဖြူသည် ပါးစပ်ဖွင့်ပြီး ဟိန်းဟောက်လိုက်သောအခါ လေသံသည် ကောင်းကင်ယံ၌ ပဲ့တင်ထပ်သွားသည်။

[သားရဲ အမည်] - ဆီးနှင်းခဲ သူတော်စင်ခြင်္သေ့

[သားရဲ အဆင့်] - အဆင့် ၉၄

[သားရဲ စွမ်းရည်ဆင့်] - ဒဏ္ဍာရီလာ/ ဒဏ္ဍာရီလ။

[သားရဲ အမျိုးအစား] - ရေခဲ

[ကိုးကွယ်သည့် အပိုင်း] - ခြေသည်း၊ ခေါင်း၊ အမြီး

[သားရဲ နယ်ပယ်] - အသရေတင့်သောဆီးနှင်းခဲကွင်းပြင်

[အထူးလက္ခဏာများ] - အထီးကျန်ထာဝရဆီးနှင်းခဲ

ရေခဲဝါးမျိုခြင်း

မြင့်မြတ်သောအသံ (ဆီးနှင်းခဲသူတော်စင်ခြင်္သေ့သည် ဆီးနှင်းခဲခြင်္သေ့မိသားစု၏ အမြင့်မြတ်ဆုံးသောသွေးဖြစ်သည်။ ဆီနှင်းခဲခြင်္သေ့မိသားစုအပေါ် ၎င်း၏သြဇာလွှမ်းမိုးမှုသည် အထူးပြင်းထန်သည်။)

အကျိုးသက်ရောက်မှု ၁ - ဆီးနှင်းခဲသူတော်စင်ခြင်္သေ့သည် မြင့်မြတ်သောအသံကို ထုတ်လွှတ်နိုင်သည်။ မြင့်မြတ်သောအသံကိုကြားပြီးနောက် ရေခဲသားရဲများအားလုံးသည် ဆီးနှင်းခဲသူတော်စင်ခြင်္သေ့ကိုကိုးကွယ်ကြပြီး ၎င်းကို ပို၍နှစ်သက်ကြမည်ဖြစ်သည်။ ဒီအကျိုးသက်ရောက်မှုက ထိရောက်စွာ လွှမ်းမိုးနိုင်သည်။

အကျိုးသက်ရောက်မှု ၂ - ဆီးနှင်းခဲသူတော်စင်ခြင်္သေ့မှပြုလုပ်သော နတ်ဘုရား၏အသံကို နားထောင်သည့် သားရဲများအားလုံးသည် အချိန်တိုအတွင်း ၎င်းတို့၏ခွန်အားများ တိုးတက်လာပြီး စိတ်လှုပ်ရှားဖွယ်ဖြစ်လာနိုင်ခြေအချို့ရှိသည်။

[သားရဲ ဖော်ပြချက်] - သန့်စင်သောခြင်္သေ့ခုနစ်ကောင်မှ တစ်ကောင်ဖြစ်သည်။ ဆီးနှင်းခဲသူတော်စင်ခြင်္သေ့သည် ခြင်္သေ့မိသားစု၏ သဘာဝဘုရင်ဖြစ်သည်။

All Chapters