← Chapters

အခန်း (၇၄၅-၇၄၈)

Vol. 47 Ch. 745-748

အခန်း (၇၄၅-၇၄၈)

Vol. 47 Ch. 745-748

အခန်း ၇၄၅ နဂါးများကို ပြုစုပျိုးထောင်ခြင်း

ခြင်္သေ့ဖြူသည် လေထဲတွင် ဂုဏ်ယူစွာ ရပ်နေပြီး မျက်လုံးများကို အနည်းငယ်မှိတ်ထားသည်။ လေပြင်းထဲမှာ သူ့ရဲ့သားမွေးတွေက တဖျပ်ဖျပ်လွင့်နေသည်။ ထိုအချိန်သည် ကြီးစိုးသော တည်ရှိမှုနှင့် စွမ်းအားကြီးမားခြင်း၏ အခိုက်အတန့်ဖြစ်သည်။

ခြင်္သေ့ဖြူသည် သူ့ရှေ့တွင် ရေခဲမှန်တစ်ချပ်ကို စုပ်ယူလိုက်ပြီး မှန်ရှေ့တွင် ရပ်ကာ သူ့ပုံသဏ္ဍာန်ကို စိုက်ကြည့်နေသည်။ အချိန်အတော်ကြာပြီးနောက် ၎င်း၏လည်ပင်းကို ရှေ့သို့ဆန့်ထုတ်ကာ မျက်နှာကို မှန်နှင့်ထိထားရင်း ရေခဲပြာရောင် မျက်လုံးအိမ်များသည် ကြည်လင်ပြတ်သားစွာ ရောင်ပြန်ဟပ်လာသည်။

သူ့လျှာက ရေခဲမှန်ကိုလျက်လိုက်ပြီး ရှည်လျားသည့် အမှတ်အသားတစ်ခု ချန်ထားလိုက်သည်။

“ခြင်္သေ့ဖြူက သူ့ပုံကို သူနမ်းလိုက်တယ်... ရွံစရာကောင်းလိုက်တာ” တာ့ဇီသည် နှာခေါင်းကို အုပ်ကာ ရွံရှာနေသော မျက်နှာကို လုပ်လိုက်သည်။

နောက်ဆုံးတွင် ၎င်းတို့သည် ခြင်္သေ့ဖြူ၏ အဓိကလက္ခဏာကို ရှာဖွေတွေ့ရှိလိုက်ကြသည်။ ပထမဦးစွာတွေ့သောအခါ သူသည် မာနကြီးပြီး အေးစက်နေပုံရသော်လည်း အချိန်ကြာလာသည်နှင့်အမျှ ၎င်းသည် မာနကြီးခြင်း သို့မဟုတ် အေးစက်ခြင်းမဟုတ်ကြောင်း သိလာကြသည်။

အချိန်ပိုကြာလာသည်နှင့်အမျှ နည်းနည်းတော့ စွဲလန်းစေသည်။

ခြင်္သေ့ဖြူသည် အေးအေးဆေးဆေး ခြေသည်းများကို ရုတ်သိမ်းလိုက်ပြီး ရေခဲမှန်ကို ဖျက်ချကာ ၎င်း၏အသွင်အပြင်ကို တိတ်တဆိတ် စောင့်ကြည့်နေသည်။ ထို့နောက် သားမွေးများကို မကြာခဏ လျှာဖြင့်လျက်ကာ မြေကြီးပေါ်တွင် ထိုင်နေလေသည်။ ဆင့်ကဲဖြစ်စဉ်ပြီးနောက် ၎င်း၏အသွင်အပြင်ကို အလွန်ကျေနပ်နေပုံရသည်။

“ခြင်္သေ့က ညစ်ပတ်နေပြန်ပြီ” ဂိုဒီက သူ့ခေါင်းပြောင်ကို ပွတ်လိုက်သည်။

“ငါ့မှာ ဆံပင်ထူထူရှိတယ်” ခြင်္သေ့ဖြူသည် ခေါင်းကိုလှည့်ကာ ဆံပင်ကိုလှန်လိုက်သည်။

“ငါ့ဆံပင်က အရမ်းထူတယ်...အိုး... အရမ်းထူတယ်” ခြင်္သေ့ဖြူသည် လည်ပင်းမှ ဆံပင်များကို မှုတ်ထုတ်လိုက်ရာ ရေတံခွန်ကဲ့သို့ ပြုတ်ကျသွားသည်။

အလင်းလှိုင်းသည် လက်ရှိတွင် မော်ကွန်းတင် အဆင့်တွင် ရှိနေသည်။ ယခုအချိန်တွင် ၎င်းကို မော်ကွန်းတင်အဆင့်မှ ဒဏ္ဍာရီ အဆင့်အထိ.. ထို့နောက် ဒဏ္ဍာရီဆန် အဆင့်အထိ ဖြတ်ကျော်ရန် ကူညီပေးနိုင်သည့် ပစ္စည်းများ ရှိနေသည်။

ကောင်းဖန်အတွက် ဤပစ္စည်းများသည် ယခင်က ရှာဖွေရန် အလွန်ခက်ခဲခဲ့သော်လည်း ကောင်းဖန်၏ရာထူးအဆင့်မြှင့်တင်မှုတို့ကြောင့် အချို့သောပစ္စည်းများကို စုဆောင်းရခက်ခဲမှုသည် မျှော်လင့်ထားသလောက် မမြင့်မားတော့ပေ။

အလင်းလှိုင်းသည် လက်ရှိတွင် အနက်ရောင်သံချက်ကာ သွေးဓားသားရဲဖြစ်သည်။ တစ်နာရီကြာပြီးနောက် ၎င်းသည် အနက်ရောင် သံမဏိအရိပ်သားရဲအဖြစ်သို့ ရောက်ရှိသွားသည်။

ခြင်္သေ့ဖြူထံမှ သံမဏိအရိပ်သားရဲ၏ မူလအစကို ကောင်းဖန် ကြားဖူးခဲ့သည်။ ထိုအချိန်က ခြင်္သေ့ဖြူသည် သံမဏိအရိပ်သားရဲကို အဝေးမှမြင်ခဲ့ရပြီး ၎င်း၏စစ်မှန်သောတိုက်ခိုက်ရေးစွမ်းအားကို မသိခဲ့ပေ။

သူ့ရှေ့မှ ဖွင့်ထားသော နေရာလွတ်တွင့် သုံးပေမြင့်သော အနက်ရောင် အရိပ်တစ်ခု ရပ်နေသည်။ ထူထပ်နေသည့် အနက်ရောင် မြူတစ်ခုလိုပင်ဖြစ်သည်။ အနက်ရောင် မြူခိုးများက မကောင်းဆိုးဝါး အသွင်အပြင်ကို လွှမ်းခြုံထားသော်လည်း တစ်ချိန်တည်းမှာပင် မှောင်မိုက်သော ရွှေရောင် အလင်းတန်းများ အဆက်မပြတ် ထွက်လာသည်။

အလင်းလှိုင်း၏ဓါးသွားနှစ်ချောင်းသည် သန့်စင်သောအနက်ရောင်ဖြစ်လာပြီး ၎င်းတို့ကို ထူထပ်သော မြူခိုးများဖုံးလွှမ်းထားသည်။ အနက်ရောင် မြူခိုးထုတ်လွှတ်မှုနှင့်အတူ အလင်းလှိုင်း၏ ခန္ဓာကိုယ်တစ်ခုလုံးသည် အမှောင်ထဲတွင် နစ်မြုပ်သွားသည်။

ထူးခြားဆန်းပြားသည့် လက္ခဏာမှာ အလင်းလှိုင်းသည် သဘာဝအတိုင်း မှောင်မိုက်သောလေထုကို ထုတ်လွှတ်ပြီး ၎င်းတို့သည် မှင်ကဲ့သို့သော ပတ်ဝန်းကျင်အဖြစ်သို့ ပြောင်းလဲစေရန် အနီးနားရှိ နေရာများကို ကူးစက်စေခြင်း ဖြစ်သည်။ အလင်းလှိုင်းသည် ဤဧရိယာအတွင်း၌ ရှိနေသရွေ့ ၎င်းသည် အမှောင်ထုထဲနှင့် လုံးဝပေါင်းစပ်သွားမည် ဖြစ်သည်။

အလင်းလှိုင်းတွင် လက္ခဏာအသစ်တစ်ခုလည်းပါရှိလာသည်။

အမှောင်ထုပျော့ပြောင်းခြင်း (အမှောင်ထု၏ အစိတ်အပိုင်း၊ ၎င်း၏ ခန္ဓာကိုယ်သည် အဆိပ်ဟု ခေါ်သော အဆိပ်အတောက်များကို အဆက်မပြတ် ထုတ်လွှတ်သည်။)

အကျိုးသက်ရောက်မှု ၁ - ပစ်မှတ်သည် အချို့သောဧရိယာတွင် အချိန်အတိုင်းအတာတစ်ခုအထိ ရှိနေသရွေ့ ၎င်းသည် အနီးနားပတ်ဝန်းကျင်ကို အလိုအလျောက် ‘ညစ်ညမ်းစေခြင်း’ ဖြစ်စေကာ ညစ်ညမ်းသောပတ်ဝန်းကျင်သည် မှောင်မိုက်သော ပတ်ဝန်းကျင်အဖြစ်သို့ လုံးဝပြောင်းလဲသွားမည်ဖြစ်သည်။ ပတ်ဝန်းကျင်သည် အမှောင်ထုထဲသို့ ဝင်ရောက်လာသော အခြားအရာမှန်သမျှကို တိုက်စားစေပြီး အမှောင်ပုံစံအသစ်သို့ ပြောင်းလဲစေကာ အမှောင်ထုကို ထိခိုက်စေသည်။

အကျိုးသက်ရောက်မှု ၂ - ပစ်မှတ်သည် အမှောင်ပတ်ဝန်းကျင်တွင် ဖောက်ထွင်းခံရသောအခါ ၎င်းကို အမှောင်ပတ်ဝန်းကျင်တွင် အလိုအလျောက် ဝှက်ထားမည်ဖြစ်သည်။

ဤအခြေအနေတွင် အမှောင်ပတ်ဝန်းကျင်ရှိ ပစ်မှတ်သည် အာရုံခံနိုင်စွမ်းမရှိပေ။ တစ်ချိန်တည်းမှာပင် ၎င်းသည် နောက်ထပ်တိုက်ခိုက်မှုတွင် အမှောင်စွမ်းအား၏နောက်ထပ်အကျိုးသက်ရောက်မှုကို ယူဆောင်လာမည်ဖြစ်သည်။

ကောင်းဖန်သည် ဤစွမ်းရည်ကို ဂရုတစိုက်ခွဲခြမ်းစိတ်ဖြာရန် အချိန်အနည်းငယ်ယူခဲ့ရပြီး အလင်းလှိုင်း၏ တိုက်ခိုက်ရေးပုံစံနှင့် ၎င်း၏ တိုက်ခိုက်ရေးစွမ်းရည်နှင့်အတူ ဤစွမ်းရည်ကို လက္ခဏာအသစ်များစွာအဖြစ် တီထွင်နိုင်ခဲ့သည်။

အလင်းလှိုင်းသည် မူလက ပေါက်ကွဲစေတတ်သော လုပ်ကြံသတ်ဖြတ်သူနှင့်တူသော်လည်း ယခုအခါ ၎င်းသည် နင်ဂျာ လုပ်ကြံသတ်ဖြတ်သူနှင့် ပိုမိုတူလာသည်။ ထို့အပြင် အလင်းလှိုင်းတွင် မရဏသွေးမျိုးဆက်စည်းတံဆိပ်လည်း ပါ၀င်ပြီး ၎င်း၏သေခြင်းတရားကို ပိုမိုမြှင့်တင်ပေးနိုင်သည်။

ကောင်းဖန်သည် ဒဏ္ဍာရီဆန် အဆင့်အတွက် ပစ္စည်းများကို ထုတ်ယူလိုက်သည်။ ဤပစ္စည်းမှာ ဒုတိယမင်းသား ယူဆောင်လာသော အနက်ရောင်နတ်ဘုရားကျောက်တုံးဖြစ်သည်။ ၎င်းတွင် မျက်နှာနှစ်ဖက်ရှိပြီး အလင်းလှိုင်း၏ဆင့်ကဲဖြစ်စဉ်အတွက် လေးစတုရန်းပေခန့်သာ လိုအပ်သည်။

အနက်ရောင်နတ်ဘုရားကျောက်တုံး လေးပေပတ်လည်နှင့် ပစ္စည်းအမျိုးပေါင်း ၃၀ ကျော်ကို ခေါင်းတလားထဲတွင် ထည့်ထားလိုက်သည်။ အလင်းလှိုင်းကိုလည်း အတွင်းထဲကို ညှစ်ထည့်လိုက်သည်။ အနက်ရောင် ခေါင်းတလားသည် ကြီးလွန်းသည်မဟုတ်ပေ။ အလင်းလှိုင်း အတွက်သာ ကျယ်သည်။ ခေါင်းတလားကို အလုံပိတ်ပြီးနောက် ကောင်းဖန်သည် ရုပ်အလောင်းကို မြေကြီးထဲတွင် မြှုပ်နှံလိုက်သည်။

“တစ်လလောက်စောင့်ရအောင်” ကောင်းဖန်က ပြောလိုက်သည်။

“ကောင်းဖန်က ဒါကို စပျစ်နွယ်အဖြစ် ပြောင်းချင်နေတာငါ သိတယ်” ဂိုဒီက သူ့ကိုယ်သူ ရေရွတ်လိုက်သည။ “သူက အရမ်းကြောက်စရာကောင်းတယ်”

“လာ...လာ.... စက္ကူဖြူ” ကောင်းဖန်သည် နဂါးသတ်ခြင်းအခန်းသို့ ခေါ်လိုက်သည်။

ကောင်းဖန်သည် စပျစ်နွယ်ပင်နှင့် တွဲနေသေးသော အပင်တစ်ပင်ကို ထုတ်ယူလိုက်သည်။ စပျစ်နွယ်ပင်များသည် အရှည်ပေ ၃၀ ကျော်ရှိပြီး ရှည်လျားသော အစိတ်အပိုင်းများသည် မြေပြင်ပေါ်တွင်တွဲလောင်းကျနေသည်။ စပျစ်နွယ်ပင်၏ နံဘေးမှ အသီးရှစ်မျိုး ပေါက်ရောက်ကာ အသီးတစ်ခုစီတိုင်းသည် ရွှေအိုရောင်ဖြစ်ပြီး သပွတ်သီးအရွယ်အစားရှိပြီး လက်မောင်းလောက်တုတ်သည်။ သူတို့သည် မြေပြင်ပေါ်တွင် လဲလျောင်းနေသော ရွှေရောင်သလင်း နဂါးများကဲ့သို့ပင်ဖြစ်သည်။

နဂါးမောက်သီးသည် လဲကျနေသောနဂါးသားရဲ ရှိရာအရပ်တွင် ပေါက်နိုင်ဖွယ်ရှိသော အပင်တစ်ပင်ဖြစ်သည်။ ဒီအပင်ကို မွေးရတဲ့ အကြောင်းရင်းကိုတော့ ဘယ်သူမှ မသိခဲ့ကြပေ။

တကယ်တော့ နဂါးမောက်သီးက ရှားပါးပေမယ့် အဲဒီအချိန်အထိတော့ ဘယ်သူမှ အသုံးမချသေးပေ။ မဟုတ်ရင် အနက်ရောင်နတ်ဘုရားကျောက်တုံးလို နှစ်ပေါင်းများစွာ အသုံးမပြုတော့မှာမဟုတ်ပေ။ လူတွေက အဲဒါကို ရတနာတစ်ခုလို့ သိပေမယ့် ဘယ်လိုသုံးရမယ်ဆိုတာ မသိကြပေ။

ကောင်းဖန်သည် နဂါးမျိုးစေ့ကို စိုက်ကြည့်ပြီးနောက် ပုလဲဖြူသေးသေးလေးများကို ထုတ်ယူလိုက်သည်။ ဤအရာကို နဂါးမောက်သီးနှင့် အတူ မျိုမချခိုင်းနိုင်ပေ။ ၎င်းသည် နဂါးမောက်သီးများနှင့်အတူ ကြီးထွားလာနိုင်ပြီး အလွန်အဆိပ်သင့်သော အရာများပါရှိသည်။ ၎င်းကို အသီးအနှံနှင့် တွဲ၍ မျိုချပါက အသီးသည် ၎င်း၏ အဆိပ်ကို ခုခံနိုင်သော်လည်း နဂါးမောက်သီး၏ အစွမ်းထက် ၉၀ ရာခိုင်နှုန်း လျော့ကျသွားမည်ဖြစ်သည်။

တကယ်တော့ အသွင်ပြောင်းမျိုးနွယ်စုက ဒါကို မသိပေ။ ကောင်းဖန်သည် အချက်အလက်ဇယားကြောင့်သာ သိခြင်းဖြစ်သည်။

“ဒီအသီးရှစ်မျိုးလုံးကို မျိုချလိုက်ပါ” ဟု ကောင်းဖန်က စက္ကူဖြူကိုပြောလိုက်သည်။

စက္ကူဖြူသည် နှစ်စက္ကန့်မျှ တိတ်ဆိတ်သွားသည်။ “ကျွန်တော်က စာအုပ်တစ်အုပ်လေ..”

ကောင်းဖန်သည် သူ၏ မေးစေ့ကို ကိုင်လိုက်ပြီး ခဏကြာအောင် လေးလေးနက်နက် တွေးကာ အကြံတစ်ခု ရလိုက်သည်။ “သိပါတယ်.. ဒီနည်းအတိုင်းလုပ်ရအောင်”

စက္ကူဖြူကို မြေပြင်ပေါ်တွင် အလျားလိုက်ချထားလိုက်ပြီး ကျောက်စာများကို ဖွင့်ထားလိုက်သည်။ သလင်းကျောက်ရှစ်ခုသဏ္ဍာန် နဂါးစိုက်အသီးကို စာမျက်နှာပေါ်တွင် ထားရှိပြီးနောက် နောက်စာမျက်နှာနှင့်ဖိချလိုက်သည်။ နဂါးမောက်သီးကိုလည်း ရှစ်ပိုင်းခွဲ ခွဲထားသည်။ ဖျော်ရည်တွေက စာအုပ်ကို ပြုတ်ကျသွားသည်။

စာအုပ်၏ စာမျက်နှာများသည် တစ်ခုနှင့်တစ်ခု ပွတ်တိုက်နေပြီး နဂါးမောက်သီး၏ အသီးဖျော်ရည်နှင့် အသားများအားလုံးသည် ၎င်း၏ စာမျက်နှာများတွင် ပေါင်းစပ်သွားသည်။

ဖျော်ရည်အစွန်းအထင်းများ ခြောက်သွားသောအခါ စာအုပ်စာမျက်နှာများပေါ်တွင် လှပသောပုံတူများကို ရေးဆွဲထားသကဲ့သို့ နဂါးအခန်း၏ စာမျက်နှာများတွင် နဂါးပုံစံ ရှစ်ခု ပေါ်လာသည်။ ပန်းချီကားထဲက နဂါးတွေသည် အသက်၀င်ပြီး ပန်းချီကားထဲကနေ အတောင်ပံတွေ ဖြန့်ထွက်နေပုံရသည်။ ခဏအကြာတွင် ပန်းချီကားထဲမှ နဂါးများသည် စာမျက်နှာများဆီသို့ ဖြည်းညှင်းစွာ လှည့်လည်သွားကြသည်။

***

သားရဲလေ့ကျင့်သူ

အခန်း ၇၄၆ နဂါးပြုစုပျိုးထောင်ခြင်းစာအုပ်

“ဒါ…” ပင်လယ်ဝတုတ်သည် မျက်မှောင်ကြုတ်ကာ စက္ကူဖြူထံမှ ထုတ်မပြနိုင်သော လေထုကို ခံစားလိုက်ရသည်။ ဒီရောင်ဝါက အရမ်းထူးဆန်းတယ်လို့ သူခံစားမိသည်။

ပင်လယ်ဝတုတ်သည် ၎င်း၏ဦးခေါင်းကို ရှေ့သို့ကိုင်းကာ နှာခေါင်းဖြင့် အပေါ်မှအောက်သို့ ရှူလိုက်သည်။

“ငါတို့ သုံးရက်စောင့်ရမယ်” ဟု ကောင်းဖန်ကပြောလိုက်သည်။ ထို့နောက် စက္ကူဖြူပေါ်တွင် နောက်ထပ်ပစ္စည်းများကို ဖြန်းလိုက်သည်။ စာမျက်နှာပေါ်ရှိ နဂါးသည် ပို၍ လက်တွေ့ဆန်လာသည်။ စာအုပ်ထဲကနေ အချိန်မရွေး ပျံသန်းဖို့ အဆင်သင့် ဖြစ်နေပုံရသည်။

လေထဲတွင် ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။ နောက်အခိုက်အတန့်တွင် ကောင်းကင်သည် ရုတ်တရက် မှောင်သွားသည်။ ငွေရောင်လျှပ်စီးကြောင်းသည် မှောင်မိုက်သောတိမ်တိုက်မှ လင်းလက်လာပြီး ညကောင်းကင်တစ်ခုလုံး လင်းလက်တောက်ပလာသည်။

စာရွက်ဖြူတွင် လျှပ်စီးများ ဖုံးလွှမ်းသွားကာ စာအုပ်အတွင်းပိုင်းသည် လျှပ်စီးမီးကြောင့် ကြည်လင်ပြတ်သားစွာ လင်းထိန်သွားသည်။ ။

လေများတိုက်ခတ်နေပြီး ခဏအကြာတွင် ကြီးမားသော နဂါးကြီးသည် ကောင်းကင်သို့ ပျံတက်သွားသည်။ နဂါး၏ခန္ဓာကိုယ်သည် ဝိညာဉ်တစ်ခုကဲ့သို့ ဖောက်ထွင်းမြင်ရသော်လည်း အနည်းငယ်ကွဲပြားသည်။ နဂါးသည် နဂါးကြီးများရှိသည့် ရေကန်ကဲ့သို့ စာအုပ်ထဲမှ သီးခြားစာမျက်နှာထဲသို့ ဝင်သွားသည်။ ကောင်းကင်က ပြောင်းလဲသွားပြီး အခြားနဂါးကလည်း စာအုပ်ထဲကို ပြေးဝင်သွားသည်။

စစ်မြေပြင်၏အခြားတစ်ဖက်တွင် မြေပြင်ပေါ်တွင် အနီရောင်နဂါးကြီးတစ်ကောင်သည် လှဲနေရာမှ ခေါင်းငုံ့ကာ နှာခေါင်းပေါက်များမှ အသက်ပြင်းပြင်းရှူလိုက်သည်။ ၎င်း၏အသက်ရှုသံသည် မြေပြင်တစ်လျှောက် လွင့်စင်သွားကာ အနက်ရောင် လောင်စာအဖြစ်သို့ လောင်ကျွမ်းသွားသည်။

အနီရောင်နဂါး၏နှာခေါင်းများသည် မျက်လုံးများမဖွင့်မီ နှစ်ခါလှုပ်ယမ်းလိုက်သည်။ သူ၏ နက်ရှိုင်းသော မျက်လုံးများတွင် လှိုင်းလုံးများ ပေါ်လာသည်။ အဝေးရှိ ကောင်းကင်၌ နဂါးတစ်ကောင် ပျံသန်းနေပုံရသည်။ သူသည် မျက်တောင်ခတ်ပြီး မျက်လုံးကို ပြန်ဖွင့်လိုက်သည်။

ဒါဟာ ထင်ယောင်ထင်မှားဖြစ်နိုင်ပေမယ့် ဆယ်စက္ကန့်အကြာမှာတော့ အနီရောင်နဂါးသည် ရုတ်တရက် မျက်လုံးပွင့်လာပြန်သည်။ ဘာတွေ ပျံသန်းနေတာလဲ...

အနီရောင် နဂါးသည် လူသားတစ်ယောက်ကဲ့သို့ပင် သံသယအချို့ကို ဖော်ထုတ်လိုက်သည်။ သူသည် မတ်တပ်ရပ်လိုက်ပြီး ကိုယ်ကို သက်တောင့်သက်သာ ဆန့်ထုတ်လိုက်ကာ ဖြည်းဖြည်းချင်း လမ်းလျှောက်လိုက်သည်။

ဦးခေါင်းထက်မှာ တိမ်မည်းတွေ ရွေ့လျားလာပြီး မုန်တိုင်း တိမ်တိုက်များ စုရုံးလာသည်။ တိမ်များကြားတွင် နဂါး၏ အရိပ်အယောင် ပုံရိပ်သည် အနီရောင် နဂါးကြီးနှင့် တူသည်။ ထို့နောက် ဟိန်းဟောက်သံနှင့်အတူ တဟုန်ထိုး လိမ့်ဆင်းလာသည်။

ပြင်းထန်သောလေသည် အနီရောင် နဂါး၏ မျက်နှာအနှံ့ ရိုက်ခတ်သွားသည်။

အနီရောင်နဂါးသည် အံ့အားသင့်သွားသည်။ အဲဒါက ငါ့အစ်ကိုကြီးဖြစ်ပုံရတယ်... အစ်ကိုကြီးကို… လွန်ခဲ့တဲ့ သုံးနှစ်က စစ်မြေပြင်မှာ နတ်ဆိုးနတ်ဘုရားတစ်ပိုင်းက သတ်ခဲ့တာ မဟုတ်ဘူးလား…

အနီရောင်နဂါးသည် ပြေးသွားပြီး လမ်းတစ်ဝက်ရောက်သောအခါ မြေကြီးသည် ပြင်းထန်စွာ တုန်ခါသွားကာ မြေဆီလွှာမှ လေထုထဲသို့ မြင့်မားသော တံတိုင်းကြီးသည် မြင့်တက်လာသည်။ အနီရောင် နဂါးကြီးသည် တဟုန်ထိုးမြည်နေသော မြက်ရိတ်စက်ကဲ့သို့ နံရံကြီးနှင့်တိုက်မိသွားပြီး ပေ ၂၄၀ သို့မဟုတ် ၂၅၀ အကွာတွင် ပြုတ်ကျသွားသည်။

အိုး.. နဂါး၏အမြီးသည် လေထဲတွင် လှုပ်ယမ်းနေသည်။

“ဘာမှားလို့လဲ” ကောင်းဖန်သည် အစင်းလေးကို မော့ကြည့်လိုက်သည်။

“ပိုးကောင်ငယ်လေးတစ်ကောင်က ဖြတ်ပျံချင်နေတာ ငါတားလိုက်တာပါ” အစင်းလေးသည် အရုပ်အသစ်ရသည့် ကလေးတစ်ယောက်ကဲ့သို့ အလွန်စိတ်လှုပ်ရှားနေသည်။

“အဟင်း” ကောင်းဖန်က ခေါင်းညိတ်ပြီး ဆက်မေးရန် စိတ်မ၀င်စားတော့ပေ။

ဖွင့်ထားသောနေရာလွတ်၌ စက္ကူဖြူစာရွက်များ ခင်းထားသည်။ ကျောက်ဖြင့်ပြုလုပ်ထားသော်လည်း ရေလိုပင် ထင်ယောင်ထင်မှားဖြစ်စေသည်။ ကျောက်တုံးကြီး၏အောက်တွင် ကြီးကျယ်ခမ်းနားသည့် သမုဒ္ဒရာကြီးတစ်ခု ပေါ်လာသည်။ နဂါးခြောက်ကောင်သည် ပင်လယ်ထဲတွင် ကူးခတ်နေပြီး ကြီးမားသော အဆုံးမရှိသော လှိုင်းလုံးကြီးများကို ဖြစ်ပေါ်စေသည်။

ကောင်းဖန် စဉ်းစားနေမိသည်။ ထိုနေရာတွင် နဂါးခြောက်ကောင်ရှိသော်လည်း ယခုပုံစံက နဂါးရှစ်ကောင်ကို ပြသထားသောကြောင့် နဂါးနှစ်ကောင် ပျောက်ဆုံးနေသေးသည်ဟု ဆိုလိုသည်။

လေထုသည် တဆတ်ဆတ် တုန်ခါလာပြီး နဂါးရိပ်သည် လေဖိအားနည်းရပ်ဝန်းမှ တဖြည်းဖြည်း စိမ့်ဝင်သွားသည်။ အနီရောင်နဂါးသည် နောက်ဆုံးတွင် ကျောက်ဆောင်များကြားမှ ၎င်း၏ဦးခေါင်းကို ဆွဲထုတ်ကာ ကြည်လင်ပြတ်သားမှုကို ပြန်လည်ရရှိသွားသည်။ ထို့နောက် ကောင်းကင်မှ ဖွားမြင်သော နဂါးတစ်ကောင်ကို မျက်လုံးဖွင့်ကြည့်လိုက်သည်။

“အဖိုး..”

“အဖိုး.. ငါက မင်းရဲ့ တတိယမြေးပါ” အနီရောင်နဂါးက အော်ပြောလိုက်သည်။ သို့သော် ကောင်းကင်မှ ဖြာကျလာသော နဂါးပုံသဏ္ဍာန်သည် အနီရောင်နဂါးကို ဂရုမစိုက်ပေ။ အဲဒီအစား ရေထဲ ပြေးဝင်သွားသည်။

အနီရောင်နဂါး၏ နှလုံးသားသည် အေးခဲသွားသည်။ ဘာတွေဖြစ်နေတာလဲ...

ကောင်းကင်တွင် နောက်ထပ် နဂါးပုံသဏ္ဍာန် ထင်ယောင်ထင်မှား ပေါ်လာပြန်သည်။ ဤနဂါးတွင်တော့ အနက်ရောင်ကိုယ်ထည်ရှိပြီး ၎င်း၏ဦးခေါင်းမှ ကွေးနေသော ဦးချိုများက ဆိုးရွားသော နိမိတ်လက္ခဏာကို ကိုယ်စားပြုသည်။ နှစ်ပေါင်းများစွာ ကြာလာသည်နှင့်အမျှ မရေမတွက်နိုင်သောနဂါးများသည် ကမ္ဘာ့စက်၀န်းစစ်မြေပြင်တွင်သေဆုံးသွားခဲ့ဖူးသော်လည်း အနီရောင်နဂါးတောင်မှ ဒီနဂါးအချို့ကို မမြင်ဖူးပေ။

နဂါးရှစ်ကောင်၏ ဝိညာဉ်များကို စုဆောင်းပြီးနောက် စက္ကူဖြူ၏ ဆင့်ကဲဖြစ်စဉ်သည် ပြီးဆုံးသွားသည်။ စာအုပ်၏ စာမျက်နှာများသည် အဆက်မပြတ် လှန်နေသည်။

နေရာလွတ်ထဲတွင် လှိုင်းလုံးကြီးတစ်ခု ပေါ်လာပြီး စာအုပ်၏ စာမျက်နှာများ ပြန်ပိတ်သွားပြန်သည်။ စာမျက်နှာအားလုံးကို ပထမသို့ ပြန်လှန်လိုက်သောအခါတွင် စာမျက်နှာများပေါ်ရှိ အမှတ်အသားများသည် သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားသည်။

တစ်ချိန်တည်းမှာပင် စက္ကူဖြူ၏ဂုဏ်ရည်များသည် ကောင်းဖန်၏စိတ်အာရုံထဲတွင် ပြန်လည်ဆန်းသစ်လာသည်။

[သားရဲ အမည်] - နဂါးပြုစုပျိုးထောင်ရေးစာအုပ်

[သားရဲ အဆင့်] - အဆင့်၉၁ (နတ်ဘုရားတစ်ပိုင်းအဆင့်)

[သားရဲ အမျိုးအစား] - ကျောက်တုံး/ အသက်

[သားရဲ အခြေအနေ] - ကျန်းမာ (ရွှင်လန်း)

[သားရဲ စွမ်းရည်ဆင့်] - ဒဏ္ဍာရီလာ/ ဒဏ္ဍာရီလာ

[သားရဲ စွမ်းအင်] - နဂါးပြုစုပျိုးထောင်ခြင်း အဆင့် ၉၊ နဂါး မွေးမြူခြင်း အဆင့် ၉၊ နဂါး ထိန်းချုပ်မှု အဆင့် ၉၊ အလိုအလျောက် ကုသခြင်း အဆင့် ၈

[ထူးခြားသော လက္ခဏာများ] - နဂါးအမျိုးအစားအားလုံး၏အားနည်းချက် (နဂါးပြုစုပျိုးထောင်ရေးစာအုပ် ကိုရင်ဆိုင်ရသည့်အခါ နဂါးသားရဲများအားလုံး အားနည်းသွားသည်။ နဂါး၏အစွမ်းသတ္တိနှင့်ပစ်မှတ်ပြိုင်ဘက်တို့၏ အကန့်အသတ်မရှိ ဒြပ်စင်ထိန်းချုပ်မှု၊ သားရဲစွမ်းရည်၊ ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှု၊ တိကျသောဂုဏ်ရည်များပေါ်တွင်တော့ မူတည်သည်။)

အရိပ်အမြွက် - အားနည်းခြင်းသည် ယာယီသာဖြစ်ပြီး နဂါးပြုစုပျိုးထောင်ရေးစာအုပ်မှ ပစ်မှတ်သည် ဝေးကွာသွားသောအခါတွင် အားနည်းသွားနိုင်သည့်စွမ်းရည်သည် တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာမည်ဖြစ်သည်။

နဂါးပြုစုပျိုးထောင်ခြင်း (နဂါးပြုစုပျိုးထောင်ရေးစာအုပ်သည် နဂါးစွမ်းအင်ကို ကြွယ်ဝစေပြီး နဂါးကို တိုက်ခိုက်စေနိုင်သည်။)

အကျိုးသက်ရောက်မှု ၁ - သာမာန်အခြေအနေအရ ပြုစုပျိုးထောင်နေသည့်နဂါးများသည် စိတ်အာရုံအဆင့်တွင် ရှိနေသည်။ အသတ်ခံရပြီးနောက် ၎င်းတို့သည် နဂါးပြုစုပျိုးထောင်ရေးစာအုပ်တွင်အလိုအလျောက် ပြန်လည်ရှင်သန်လာမည်ဖြစ်သည်။ နဂါးရုပ်သည် ၎င်း၏ရုပ်ခန္ဓာ၏ စွမ်းအား ၇၀ ရာခိုင်နှုန်းရှိသည်။

အကျိုးသက်ရောက်မှု ၂ - နဂါးပြုစုပျိုးထောင်ရေးစာအုပ်သည် နဂါး၏ခန္ဓာကိုယ်ကို ခေါ်ဆိုနိုင်သော်လည်း ပြင်ပကမ္ဘာရှိသတ္တဝါများ ဖျက်ဆီးခံရပြီးနောက်တွင်တော့ ခန္ဓာကိုယ်ပြန်လည်ရှင်သန်လာမည်မဟုတ်ပေ။

အကြံပြုချက် - လက်ရှိနဂါးပြုစုပျိုးထောင်ရေးစာအုပ်တွင် နဂါးရှစ်ကောင်အထိ ပါဝင်နိုင်သည်။

နဂါးနဂါးပြုစုပျိုးထောင်ခြင်း (နဂါးပြုစုပျိုးထောင်ရေးစာအုပ်သည် နဂါး၏စိတ်ဝိညာဉ်ကို ပြုစုပျိုးထောင်ပေးပြီး ၎င်း၏အရိုးများနှင့် အသားများကို ကြီးထွားစေသည်။)

အကျိုးသက်ရောင်မှု ၁ - နဂါးပြုစုပျိုးထောင်ရေးစာအုပ်သည် စာအုပ်ထဲတွင်သိမ်းဆည်းထားသည့် နဂါးဝိညာဉ်များ၏ကိုယ်ခန္ဓာကို ပြန်လည် တည်ဆောက်ရန် ၎င်း၏ကိုယ်ပိုင်စွမ်းအားကို အသုံးပြုနိုင်သည်။ ၎င်း၏ခန္ဓာကိုယ်သည် နဂါးအသက်တာ အထွတ်အထိပ်၌ ရှိစဉ်နှင့် အတူတူပင်ဖြစ်လိမ့်မည်။ သို့သော် စိတ်ဝိညာဉ်သည် ပို၍အားကောင်းလေလေ စွမ်းအင်ပိုမိုသုံးစွဲလာလေ ဖြစ်သည်။

အကျိုးသက်ရောက်မှု ၂ - နဂါးပြုစုပျိုးထောင်ရေးစာအုပ်သည် နဂါးစိတ်ဝိဉာဉ် လေးကောင်အထိ တစ်ပြိုင်နက်တည်း ပြန်လည်ရရှိနိုင်သည်။ နဂါးတစ်ကောင်ကို ဝါးမျိုခြင်းက နဂါးပြုစုပျိုးထောင်ရေးစာအုပ်၏ တိုးတက်မှုကို အရှိန်မြှင့်ပေးနိုင်သည်။

[သားရဲဖော်ပြချက်] - လျှို့ဝှက်ဆန်းကြယ်သောကမ္ဘာ၏အစိတ်အပိုင်းတစ်ခုဖြစ်ခဲ့ပြီး မျိုးသုဉ်းသွားခဲ့သည့် သားရဲတစ်ကောင် ဖြစ်သည်။ ထိုကမ္ဘာကြီးတွင် နဂါးများသည် လူဆိုးများဖြစ်ပြီး လူသားများကို သတ်ဖြတ်ခဲ့ကြသည်။ အချိန်ကြာလာသည်နှင့်အမျှ ကောင်းကင်နှင့်မြေကြီး၏ စည်းမျဉ်းအောက်တွင် နဂါးမွေးသည့်အရေအတွက်သည် လျော့နည်းသွားပြီး နဂါးပြုစုပျိုးထောင်ရေးစာအုပ်သည် ထိုကမ္ဘာတွင် ပျောက်ကွယ်သွားခဲ့သည်။

နဂါးပြုစုပျိုးထောင်ရေးစာအုပ်... ကောင်းဖန် အတော်လေး အံ့သြသွားသည်။ နဂါးပြုစုပျိုးထောင်ရေးစာအုပ်တွင် ထူးကဲသောစွမ်းရည်များရှိကြောင်း သူသိခဲ့ပြီး နဂါးသက်ဖြတ်ခြင်းအခန်းကဲ့သို့သော စာအုပ်သည် ဘယ်လောက်ထိ ပိုမို တိုးတက် ကောင်းမွန်လာမည်ကို သိချင်နေသည်။

စာအုပ်သားရဲများသည် အလွန်ရှားပါးပြီး ၎င်းတို့၏ စွမ်းရည်များသည်လည်း အလွန်ထူးခြားလေ့ရှိသည်။ ယခုအခါတွင် နဂါးသတ်ဖြတ်ခြင်းအခန်းသည် နဂါးပြုစုပျိုးထောင်ရေးစာအုပ်အဖြစ်သို့ ပြောင်းလဲလာသောကြောင့် နဂါးသွေးမျိုးဆက်အပေါ် ချုပ်နှောင်ထားနိုင်မှုမှာလည်း ပိုမိုအားကောင်းလာမည် ဖြစ်သည်။

ဒါပေမယ့် နဂါးသတ်ဖြတ်ခြင်းအခန်း... မဟုတ်ဘူး... နဂါးပြုစုပျိုးထောင်ရေားစာအုပ်ရဲ့ စွမ်းရည်ကိုတော့ ထုတ်ဖော်လို့ မရပေ။ မဟုတ်ရင် နဂါးအားလုံးရဲ့ ရန်သူဖြစ်လာမှာကို ကြောက်မိသည်။ သို့သော် နဂါးပြုစုပျိုးထောင်ရေးစာအုပ်၏ နောက်ဆုံးရလဒ်သည် အလွန်စိတ်ဝင်စားစရာကောင်းသည်ဟုတော့ ကောင်းဖန်က တွေးလိုက်သည်။

တာ့ဇီနှင့် နဂါးပုရွက်ဆိတ်တို့သည် နဂါးသားရဲများ ဖြစ်သည်။ တာ့ဇီနှင့် နဂါးပုရွက်ဆိတ်တို့၏ ခန္ဓာကိုယ်သည် ပျက်စီးသွားခဲ့ပါက ၎င်းတို့၏ဒဏ်ရာများကို ပြန်လည်ကောင်းမွန်လာစေရန် နဂါးပြုစုပျိုးထောင်ရေးစာအုပ်၏ စွမ်းရည်ကို အားကိုးနိုင်မည်ဖြစ်သည်။

ဒီနဂါးပြုစုပျိုးထောင်ရေးစာအုပ်ကို သုံးတာက ပိုလို့တောင် ကောင်းသေးတယ်..

***

သားရဲလေ့ကျင့်သူ

အခန်း ၇၄၇ အမှောင်နတ်ဆိုးကို နစ်မြုပ်ခြင်း

“အဲဒါဘာလဲ… အဲဒီစာအုပ်က ငါ့အဖိုးနဲ့ အကိုကြီးရဲ့ ဝိညာဉ်တွေ စုပ်ယူသွားတာကို ငါတွေ့လိုက်ရတယ်..” အနီရောင်နဂါးသည် နဂါးပြုစုပျိုးထောင်ရေးစာအုပ်ကို ထိတ်လန့်တကြားစိုက်ကြည့်နေမိသည်။

မဟုတ်ဘူး... ဒီအကြောင်းကို မိသားစုက အကြီးအကဲတွေကို ပြောပြရမယ်... အဲဒီစာအုပ်က နဂါးတွေရဲ့ ဝိညာဉ်တွေကို ဝါးမျိုနိုင်ပြီး ပြဿနာတွေလည်း ရှိလိမ့်မယ်.. အနီရောင်နဂါးသည် မျက်လုံးများကို မှိတ်ထားရင်း ဖြည်းညှင်းစွာ နောက်ပြန်ဆုတ်သွားသည်။

“မြင်သွားတာလား” ကောင်းဖန်သည် ခေါင်းကို လှည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။

“သခင်... အဲဒါက အခုမှရောက်လာတာ.. အစင်းလေးက အစကတော့ တားခဲ့သေးတယ်… ဒါပေမယ့် အခုတော့ အရာအားလုံးကို မြင်သွားပြီ” ဟု ဒန်ဘီက စိတ်ခံစားမှုမဲ့စွာ ပြောလိုက်သည်။

ဤနဂါးသည် နဂါးသွေးမျိုးဆက်၏ အစိတ်အပိုင်းဖြစ်သည်။ ပြန်ထွက်သွားပြီး တစ်ခုခု ဖွလိုက်လျှင် ကြီးကြီးမားမား ဒုက္ခရောက်သွားနိုင်သည်။ နဂါးသွေးမျိူးဆက်သည် မိသားစုကြီးဖြစ်သည်။ နဂါးသွေးမျိုးဆက်အောက်တွင် နဂါးဝါ၊ နဂါးဖြူ၊ နဂါးနက်၊ နဂါးနီ၊ ငွေနဂါး၊ ယင်နဂါးနှင့် မြင်းနဂါးစသည့် နဂါးအုပ်စုများစွာရှိသည်။ ၎င်းတို့သည် ဒဏ္ဍာရီလာ တိရစ္ဆာန်အုပ်စုများဖြစ်သည်။

ကောင်းဖန်က သူ့နှုတ်ခမ်းတွေကို ကိုက်လိုက်သည်။ “သေချာဂရုစိုက်.. သက်သေမချန်ခဲ့နဲ့”

ဒန်ဘီခေါင်းညိတ်လိုက်သည်။ တစ်ချိန်တည်းမှာပင် ဒန်ဘီသာမက ဂိုဒီနှင့် နဂါးပုရွတ်ဆိတ်တို့လည်း ၎င်းတို့၏ မူလနေရာမှ ပျောက်ကွယ်သွားကြသည်။ နဂါးပြုစုပျိုးထောင်ရေးစာအုပ်မှာလည်း အနီရောင်နဂါးခေါင်းပေါ်၌ ပေါ်လာသည်။ စာအုပ်စာမျက်နှာများ ပွင့်လာပြီး ရွှေရောင်အလင်းတန်းများ ကျရောက်လာသည်။

အနီရောင်နဂါးသည် ၎င်း၏ နဂါး ထွက်သက်ကို အသုံးပြုတော့မည်ဖြစ်သော်လည်း ၎င်း၏ ခန္ဓာကိုယ်သည် ရုတ်တရက် အားနည်းသွားသည်ကို ခံစားလိုက်ရသည်။ ပါးစပ်က မီးတောက်တွေ ပေါက်ကွဲမယ့်အစား နှာချေနေမိသည်။

ဒန်ဘီသည် အနီရောင်နဂါး၏ နောက်ကျောဘက်သို့ တိတ်တဆိတ် ဆင်းသက်လာပြီး ၎င်း၏ ချွန်ထက်သောဓားသွား လက်ချောင်းငါးချောင်းသည် အနီရောင်နဂါး၏ နောက်ကျောရှိ အသားကို အလွယ်တကူ ထိုးဖောက်ဝင်ရောက်သွားသည်။

“တောင်းပန်ပါတယ်... ငါ့ကိုမသတ်ပါနဲ့” အနီရောင်နဂါးသည် မြေပေါ်သို့ လဲကျသွားပြီး အကြိမ်ကြိမ် ဦးညွှတ်လိုက်သည်။ သူ့အသံက နှိမ့်ချပြီး ဂုဏ်သိက္ခာအားလုံးကို ဖယ်ထားလိုက်ပုံရသည်။

အနီရောင်နဂါးက တိုက်ခိုက်ဖို့ မစဉ်းစားခဲ့တာတော့ မဟုတ်ပေ။ နဂါးပြုစုပျိုးထောင်ရေးစာအုပ်ကြောင့် သူ အားအလွန်နည်းသွားခြင်း ဖြစ်သည်။ တကယ်က ဂိုဒီတစ်ကောင်တည်းနှင့်တောင်လုံလောက်သည်။

နတ်ဘုရားတစ်ပိုင်းသုံးကောင် ဆိုရင်တော့ ပြောနေစရာတောင် မလိုတော့ပေ။

“ငါ မင်းနဲ့ သွေးစာချုပ် လက်မှတ်ထိုးလို့ရတယ်... မင်းရဲ့သားရဲဖြစ်ချင်တယ်” ဟု အနီရောင်နဂါးက မြန်မြန်ပြောလိုက်သည်။

ကောင်းဖန်က ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။ နဂါးပြုစုပျိုးထောင်ရေးစာအုပ်ရှိနေတာတောင် နဂါးသားရဲ တစ်ကောင်လို နေသေးမလား.. ကောင်းဖန်သည် အနီရောင်နဂါးကို နဂါးပြုစုပျိုးထောင်ရေးစာအုပ်တွင် သိမ်းဆည်းထားနိုင်သော်လည်း ၎င်းသည် အလွန်အားနည်းနေသေးသည်ကို တွေ့လိုက်ရသည်။

နဂါးပြုစုပျိုးထောင်ရေးစာအုပ်ရှိ နဂါးရှစ်ကောင်သည် စက္ကူဖြူမှ ဂရုတစိုက်ရွေးချယ်ထားသော နဂါးစိတ်ဝိညာဉ်ရှစ်ကောင်ဖြစ်ပြီး စစ်မြေပြင်နယ်မြေရှိ တန်ခိုးအကြီးဆုံးနဂါးများနှင့် သားရဲရှစ်ကောင်၏အကြွင်းအကျန်များဖြစ်သည်။

တစ်ခုချင်းစီ၏ အထွတ်အထိပ်ကာလသည် ဤ အဆင့် ၉၃ အနီရောင်နဂါးထက် ပိုမိုအားကောင်းသည်။

“အသက်ရှင်နေရတာပျင်းလို့လား.... မင်းဘာလို့ ဒီလောက် စပ်စုရတာလဲ” ကောင်းဖန်က သမ်းလိုက်သည်။ အခြားသော သားရဲများသည် ကြည့်ရုံသာကြည့်ပြီး ဘာမှမတားဆီးကြပေ။ ဤနေရာသည် ကောင်းဖန်၏ နယ်မြေဖြစ်သည်ကို အားလုံးသိကြပြီးဖြစ်သောကြောင့် မည်သည့်ကိစ္စမဆို မမြင်သင့်သောအရာကိုမြင်လျှင် မျက်ကွယ်ပြုထားပြီးဖြစ်သောကြောင့်ဖြစ်သည်။

“ကောင်းဖန်က တကယ့်ကို ရက်စက်တဲ့လူပဲ” တာ့ဇီက အနောက်ကနေ လျှို့ဝှက်စွာ ပြောလိုက်သည်။

နောက်ဆုံးတော့ အနီရောင်နဂါးကို သန့်ရှင်းစွာ ကိုင်တွယ်လိုက်ကြသည်။ အနီရောင်နဂါးကိုစားပြီးနောက် နဂါးပြုစုပျိုးထောင်ရေးစာအုပ်၏ အတွင်းပိုင်းနေရာများတွင် နဂါးများ၏အလောင်းများကို ပြန်လည်တည်ဆောက်ခြင်းတိုးတက်မှုသည် သိသိသာသာ အရှိန်မြှင့်လာသည်။

ဒန်ဘီက ကောင်းဖန်နားကိုရောက်လာသည်။ “သခင်... ကျွန်တော်တို့ သတ္တုရိုင်း သွေးကြောကို တွေ့ပြီထင်တယ်” ဖုတ်ကောင်များသည် ဒန်ဘီမှ ပြန်လည်အသက်သွင်းထာတာကြောင့် မည်သည့်တိုးတက်မှုကိုမဆို ပထမဆုံးသိရခြင်းဖြစ်သည်။

ကောင်းဖန်က အမြန်ပြေးသွားသည်။ ရှေ့တွင်ကျယ်ပြောလှသော တွင်းကြီးတစ်ခု တူးထားသည်။ မြေဆီလွှာသယ်ယူရာတွင် ပိုမိုအဆင်ပြေစေသကဲ့သို့ အပေါက်သည် အလွန်မနက်သောကြောင့် ဖုတ်ကောင်များ၏ တူးဖော်ခြင်းလုပ်ငန်းက ဖြန့်ကြက်ထားသည်။

အသစ်တူးဖော်ထားသောနေရာများတွင် အနက်ရောင်သတ္တုရိုင်းကို မြေဆီလွှာအလွှာမှတဆင့် မြင်တွေ့နိုင်သည်။ ဒန်ဘီသည် သတ္တုရိုင်းတစ်ပိုင်းကို ဦးစွာယူကာ အန္တရာယ်မရှိကြောင်း အတည်ပြုပြီး ကောင်းဖန်ကို လွှဲပြောင်းပေးလိုက်သည်။

သတ္တုရိုင်းကို ကောက်ယူပြီးနောက် ကောင်းဖန်သည် ၎င်းကို သူ၏လက်ဖဝါးတွင် ချိန်ဆကြည့်လိုက်သည်။ ဒီသတ္တုရိုင်းရဲ့ အလေးချိန်သည် ကောင်းဖန် စိတ်ကူးထားတာထက် အများကြီး ပေါ့ပါးသည်။ သံထည်နှင့် တူညီသည်။

သတ္တုရိုင်းသည် ကောင်းဖန် အလွန်ရင်းနှီးသော နူးညံသည့် ငါးအနံ့ကို ထုတ်နေသည်။ ၎င်းမှာ သွေးဖြစ်သည်။ အနီရင့်ရောင်သတ္တုရိုင်း သွေးထဲမှ ငါးနံထွက်နေပုံရသည်။

ဂိုဒီသည် နောက်ကွယ်မှ သတ္တုရိုင်းများကို တိတ်တဆိတ်ကြည့်ပြီးနောက် အရင်က သူလုပ်ခဲ့တာကို သတိရသွားပြီး အပြစ်ရှိသလို ခံစားရတာကြောင့် ကောင်းဖန်ဘေးကနေ ဖြတ်သွားလိုက်သည်။

“ဂိုဒီ” ကောင်းဖန်သည် နောက်မှ ခေါ်လိုက်သည်။

ဂိုဒီသည် တုန်လှုပ်သွားပြီး သူ့ခန္ဓာကိုယ်က ရုတ်တရက် တုန်သွားသည်။ “ဒီမှာရှိတယ်”

“ဒီသတ္တုရိုင်းက မင်းအရင်တွေ့ဖူးတဲ့ သတ္တုရိုင်းလား လာကြည့်စမ်း” ကောင်းဖန်သည် သူ့လက်ထဲက အနီရောင်သတ္တုရိုင်းကို ဂိုဒီထံ ပစ်ပေးလိုက်သည်။

ဂိုဒီသည် ကောင်းဖန်ကို ချောင်းကြည့်ရင်း သူကို စိတ်မဆိုးကြောင်း တွေ့လိုက်ရမှ စိတ်သက်သာရာ ရသွားသည်။ “ကောင်းပြီ”

ဂိုဒီသည် သတ္တုရိုင်းကို ပထမတစ်ချက်ကြည့်လိုက်ရုံနှင့် သူဆော့ခဲ့သည့် သတ္တုရိုင်း ဖြစ်ကြောင်းမှတ်မိနေသည်။ “ဟုတ်တယ်.. ဒါပဲ” ဂိုဒီသည် အဖိုးကြီးတစ်ယောက်လို ဖြည်းညှင်းစွာ ခေါင်းညိတ်လိုက်သည်။

“အဲဒါကောင်းတယ်” ကောင်းဖန် ခေါင်းညိတ်လိုက်သည်။

“ဒါရော သတ္တုရိုင်းပဲလား” ကောင်းဖန်သည် ကျင်းအစွန်းတွင် ရပ်ကာ အောက်ကိုငုံ့ကြည့်လိုက်သည်။ မြေဆီလွှာ၏အစွန်းတွင် ရွှံ့နွံများဖြင့် ဖုံးလွှမ်းနေသော သတ္တုရိုင်းတစ်ပိုင်းကို တူးဖော်ထားသည်။

“ဒါဟာ သွေးကြောတစ်ခု ဖြစ်မယ်ထင်တယ်” ဒန်ဘီသည် သိပ်တော့မသေချာပေ။

“သတ္တုရိုင်းတွေကို စုလိုက်... မပျက်ဆီးစေနဲ့” ကောင်းဖန်သည် ယခင်က သတ္တုရိုင်းများကို ဂိုဒီမည်ကဲ့သို့ ပျက်စီးခဲ့သည်ကို မှတ်မိသေးသည်။ ဒီသတ္တုရိုင်းတွေ ပျက်စီးသွားရင် အချည်းနှီးဖြစ်ရလိမ့်မည်။

ဤသတ္တုရိုင်းများသည် စက်ရုပ်ဘုရင် လိုအပ်သောသတ္တုများ ဟုတ်မဟုတ်ကိုတော့ ကောင်းဖန် မသိပေ။ သို့သော် အချိန်အတော်ကြာအောင် မြေကြီးကို တူးဖော်ပြီးနောက်တွင် ဤသတ္တုရိုင်း သွေးကြောမျှင်ကိုသာ တွေ့ရှိရခြင်း ဖြစ်သည်။ ကောင်းဖန်သည် ဒါက မှန်ကန်တယ်ဟု ခံစားနေရသည်။ ဤ စစ်မြေပြင်တွင် သတ္တုရိုင်းများ အလွန်နည်းပါးသည်။ စက်ရုပ်ဘုရင် အစတွင် ဖော်ပြခဲ့သည်နှင့် မတူပေ။

အမိန့်ပေးပြီးနောက် ကောင်းဖန်သည် ကုလားထိုင်ပေါ်တွင်ပြန်ထိုင်လိုက်သည်။

…

တစ်လကြာပြီးနောက် မြေကြီးထဲတွင် မြှုပ်ထားသော အနက်ရောင်အခေါင်းသည် တုန်ခါလာသည်။ ခေါင်းတလား၏အလယ်မှ မှင်နှင့်တူသော အမှောင်ထုသည် ပျံ့နှံ့သွားသည်။ ဖြူဖွေးနေသည့် ကျောက်တုံးကြီးသည် မြေဆီလွှာမှ ထွက်ပေါ်လာသည်။

ကောင်းဖန်သည် ၎င်းတို့ မြုပ်ထားသော ခေါင်းတလားသည် အနက်ရောင်ဖြစ်ကြောင်း သတိရမိသော်လည်း ယခုအခါ ၎င်း၏ အာဟာရကို လုံးလုံးလျားလျား စုပ်ယူထားသကဲ့သို့ မီးခိုးရောင်အဖြစ်သို့ ပြောင်းလဲသွားသည်။

အေးစက်သော အလင်းတန်းတစ်ခု လင်းလက်လာပြီး ခေါင်းတလား၏ ဘေးနှစ်ဖက်ကို ချွန်ထက်သော ဓားရှည်နှစ်စင်းက ထိုးဖောက်လိုက်သည်။ အလင်းတွန်းအားဖြင့် ခေါင်းတလားသည် အတွင်းပိုင်းမှ ကွဲထွက်သွားသည်။ အနက်ရောင် အရိပ်များ အလျင်အမြန် ကျယ်ပြန့်လာသည်။

မျက်စိတစ်မှိတ်အတွင်း ငါးပေနှင့် သုံးလက်မအထိ ကျယ်ပြန့်လာသည်။ ၎င်း၏ ခန္ဓာကိုယ်အောက်ပိုင်း၌ မြူခိုများထူထပ်နေပြီး ခြေထောက်များ မပါရှိပေ။ အပေါ်မှအောက်ခြေအထိ မြူမှုန်များသည် အနက်မှ မှိန်ဖျော့ဖျော့ဖျော့ဖြစ်သည်အထိ လေထဲသို့ လုံးဝ ပျံ့လွင့်သွားသည်။ ၎င်း၏ခန္ဓာကိုယ်အပေါ်ပိုင်းသည် အနက်ရောင်ချပ်ဝတ်တန်ဆာကို ၀တ်ဆင်ထားပြီး အနက်ရောင် မြူခိုးများက ချပ်ဝတ်တန်ဆာ၏ ကွက်လပ်များမှတဆင့် ထွက်လာသည်။ ရှေ့လက်နှစ်ဖက်၏ ဘယ်ညာတစ်ဝက်သည် ချွန်ထက်သော ဓားလက်များအဖြစ်သို့ ပြောင်းလဲသွားသည်။ မှိတ်တုတ်မှိတ်တုတ်နှင့် အေးစက်သောအလင်းရောင်အောက်တွင် လက်များသည် မြေပြင်နှင့်ထိလုနီးပါးဖြစ်ပြီး ၎င်းတို့၏အရှည်သည် သတ္တဝါ၏အမြင့်နှင့်တူညီသည်။

ဘာမှထူးခြားပုံမပေါ်သော်လည်း အလင်းလှိုင်းကို ကြည့်လျှင် ပထမဆုံးတွေ့ရမည့် အရာသည် ဓားလက်နှစ်ဖက်ဖြစ်သည်။ ဓားသွားများသည် ချွန်ထက်ပြီး ရှုပ်ထွေးသောပုံရိပ်များဖြင့် ဖုံးအုပ်ထားသည်။ မျဉ်းကြောင်းတွေကို ကြည့်ရုံနဲ့ပင် ခေါင်းမူးသွားနိုင်သည်။

ဓားသွားနှစ်ဖက်လုံးသည် အလွန်ထက်နေပြီး ဓားသွားအလယ်တွင် သွေးတံလျှပ်များရှိသည်။

“သခင်... ကျွန်တော် စိတ်မပျက်မိစေဖို့ မျှော်လင့်ပါတယ်” ဟု အလင်းလှိုင်းက လေးနက်သော အသံဖြင့် ပြောလိုက်သည်။ သူ့မျက်လုံးများက လှည့်ပတ်ကာ စိတ်လှုပ်ရှားစွာ ကြည့်နေသည်။

ဒဏ္ဍာရီလာ အရည်အသွေး - အမှောင်နတ်ဆိုးကို နစ်မြုပ်ခြင်း။

***

သားရဲလေ့ကျင့်သူ

အခန်း ၇၄၈ ဂိုဒီ၏ စိတ်ဒုက္ခ

ဒီတော့ ဒါက လမ်းကြောင်းပင်ဖြစ်သည်။ ကောင်းဖန်သည် အရိပ်ညသားရဲ ဖြစ်မည်ဟု အစပိုင်းတွင် ထင်ခဲ့မိသည်။

သို့သော် စုဆောင်းထားသောပစ္စည်းများတွင် အမှောင်နတ်ဆိုးကို နစ်မြုပ်ခြင်းကိုသာ ချန်ထားနိုင်ပြီး အရိပ်ညသားရဲတော့ မဖြစ်နိုင်ပေ။

အမှောင်နတ်ဆိုးကို နစ်မြုပ်ခြင်းသည် အရိပ်ညသားရဲလောက် မကောင်းသော်လည်း၊ ၎င်း၏ သာမာန်နာမည်မျှသာရှိသော်လည်း အလင်းလှိုင်းကိုတော့ အရပ်ပိုရှည်လာစေသည်။

ကောင်းဖန် အရမ်းကျေနပ်သွားသည်။

[သားရဲ အမည်] - အမှောင်နတ်ဆိုးကို နစ်မြုပ်ခြင်း

[သားရဲ စွမ်းရည်ဆင့်] - ဒဏ္ဍာရီလာ/ဒဏ္ဍာရီလာ

[သားရဲ အမျိုးအစား] - အမှောင်

[သားရဲ အဆင့်] - အဆင့် ၉၄ (နတ်ဘုရားတစ်ပိုင်း)

[သားရဲ စွမ်းအင်] - အမှောင်ထု အံဝင်ခွင်ကျဖြစ်ခြင်း အဆင့် ၉၊ အမှောင်ဒြပ်စင်ထိန်းချုပ်နိုင်မှု အဆင့် ၉ ၊သင်တုန်းဓားထက်မှု အဆင့် ၁၀

[သားရဲ အခြေအနေ] - ကျန်းမာ (ပျော်ရွှင်)

[အထူးသွင်ပြင်လက္ခဏာ] –

အရည်ပျော်အမှောင်ထု (ချန်ထား)

သွေးစွန်းသော နောက်ဆုံးရက် (ချန်ထား)

အမှောင်ထု နစ်မြုပ်ခြင်း (အမှောင်ထဲ နစ်မြုပ်ပြီး မှောင်ရိပ်ထဲ ကျသွားခြင်းဖြစ်သည်။)

အကျိုးသက်ရောက်မှု ၁ - နစ်မြုပ်နေသော အမှောင်နတ်ဆိုး၏ စွမ်းအားကို တိုးမြင့်စေပြီး ၎င်း၏ ရုပ်ပိုင်းဆိုင်ရာ ဂုဏ်ရည်များကို အတိုင်းအတာတစ်ခုအထိ မြှင့်တင်ပေးနိုင်သည်။

အကျိုးသက်ရောက်မှု ၂ - အမှောင်ထုနစ်မြုပ်ခြင်းသည် ပြိုင်ဘက်၏ချပ်ဝတ်တန်ဆာကို ဖြိုခွဲနိုင်သည်။ တိုက်ခိုက်မှုတစ်ခုစီသည် ပြိုင်ဘက်၏ခုခံအားကို အားနည်းစေပြီး ၎င်း၏အကျိုးသက်ရောက်မှုကို ကိုးကြိမ်အထိ ပေါင်းစပ်နိုင်သည်။

[သားရဲ ဖော်ပြချက်] - အမှောင်ထဲမှာနစ်မြုပ်ပြီး အမှောင်ထုကိုပျော်မွေ့နေသည့် အမဲလိုက်တွင်းနက်ကြီးထဲမှာ မွေးဖွားလာသော အဆုံးစွန်သော သားရဲဖြစ်သည်။ အမှောင်နတ်ဆိုးနစ်မြုပ်ခြင်း၏ လုံလောက်သော အရေအတွက်သည် နတ်ဘုရားကိုပင် သတ်နိုင်သည်။

အလင်းလှိုင်း၏ အသွင်အပြင်သည် ကောင်းဖန်ကို တစ်စုံတစ်ခုကို သတိရစေသည်။

အရင်က တစ်နေရာရာမှာ မြင်ဖူးသလိုပဲ...

တော်ပြီ မစဉ်းစားတော့ဘူး...

ကောင်းဖန် စိတ်ပြန်လည်တည်ငြိမ်သွားသည်။

“သခင်.. ကျွန်တော် တိုက်ခိုက်ချင်တယ်” အလင်းလှိုင်းသည် ပီတိဖြာနေပြီး တစ်စုံတစ်ခုကို တိုက်ခိုက်ရန် လက်များ ယားယံနေသည်။

“သွေးထွက်သံယိုစစ်ပွဲမစခင် နှစ်ရက်ကျန်သေးတယ်... လောလောဆယ်တော့ စစ်မြေပြင်မှာ လှည့်ပတ်နေတဲ့ နတ်ဆိုးအချို့ ရှိနိုင်သေးတယ်.. မင်းရဲ့ အရည်အချင်းအသစ်တွေကို လေ့ကျင့်ချင်ရင် သွားလိုက်ပါ.. နောက်သုံးလလောက်နေမှ ငါတို့ ဒီကနေ ထွက်သွားမှာပါ” ဟု ကောင်းဖန်က ပြောလိုက်သည်။

“ဘယ်သွားကြမှာလဲ” အလင်းလှိုင်းက မေးလိုက်သည်။

“ကျဆုံးနတ်ဘုရားနယ်မြေ”

“ဟိုမှာ နတ်ဘုရားနဲ့တွေ့မှာလား”

“မသိဘူး... ဖြစ်နိုင်တယ်”

“ဒါဆို ကျွန်တော်တို့က နတ်ဘုရားကို သတ်လို့ရလား”

ကောင်းဖန်သည် အလင်းလှိုင်ူ၏ ခေါင်းလေးကို ပွတ်သပ်လိုက်သည်။ ဒီကလေးက ငါ့ထက် ပိုမိုက်မဲတာပဲ..

ကောင်းဖန်၏ ကနဦးအစီအစဉ်မှာ စစ်မြေပြင်တွင် သူ့သားရဲများ နတ်ဘုရားဖြစ်လာစေရန်ဖြစ်သည်။

ယခုမူ စစ်မြေပြင်သည် ကောင်းဖန်အတွက် ဖိအားနည်းနေသည်။ ဒန်ဘီသည် သတ်ဖြတ်ခြင်းဇယားတွင် ထိပ်တန်း ၁၀ နေရာကိုပင်ရရှိနေသည်။

ပြီးခဲ့သောနှစ်အတွင်း သူ့ သားရဲများသည် များပြားလှသော နတ်ဆိုးများကို သတ်ဖြတ်ခဲ့ကြသည်။ အချိန်တိုင်း သူတို့သည် နတ်ဘုရားတစ်ပိုင်းအဆင့် နတ်ဆိုးအလောင်းကို စုဆောင်းခဲ့ကြသည်။

အကယ်၍ ဤနတ်ဆိုးအချို့ကို ဂိုဒီနှင့် အခြားသူများကသာ သတ်ခဲ့ခြင်းမဟုတ်ပါက ဒန်ဘီ၏အဆင့်သည် ပို၍ပင်မြင့်မားနိုင်သည်။

ကောင်းဖန်သည် ဤနေရာကို စွန့်လွှတ်မည်မဟုတ်ပေ။ သားရဲများအတွက် ဓားသွေးရန် နေရာကောင်းဖြစ်သည်။

ဒါပေမယ့် အခုအချိန်တွင် ကောင်းဖန်မှာ ပိုအရေးကြီးသည့် အလုပ်တစ်ခုရှိသေးသည်။

ဒုတိယမင်းသားက သူ့ကို မြေပုံတစ်ခုပေးသည်ဆိုခြင်းက ကျဆုံးနတ်ဘုရားနယ်မြေသို့သွားသည့် မြေပုံရှိသည့်သူမှာ တစ်ဦးတည်းမဟုတ်ဟု ဆိုလိုသည်။

နောက်ကျခဲ့ရင် တစ်ကိုက်စာတောင် ရမှာမဟုတ်ပေ။

အန္တရာယ်များအတွက်တော့ ကောင်းဖန် သိပ်စိတ်မပူပေ။ အန္တရာယ်များခြင်းသည် သူရနိုင်မည့် အကျိုးအမြတ်နှင့် အချိုးကျနေသည်။ အပြုသဘောဆောင်သောဆက်စပ်မှုဖြစ်သည်။

နောက်သုံးလတွင် ဖုတ်ကောင်များသည် သွေးကြောအသစ်ကို သန့်စင်အောင် တူးဖော်နိုင်ခဲ့ကြသည်။

သတ္တုရိုင်းများအားလုံးကို ဆီလီ၏နေရာလွတ်တွင်သိမ်းထားလိုက်သည်။

ဆီလီသည် ကောင်းဖန်က သူ့ခန္ဓာကိုယ်ထဲတွင် အရာအားလုံးကိုသိမ်းဆည်ထားခြင်းက ရူးကြောင်ကြောင် ဖြစ်နေသည်ဟု တွေးလိုက်မိသည်။ အဆင်မပြေဘူး... စိတ်တည်ငြိမ်အောင် ဖျော်ရည်နည်းနည်းသောက်ရမယ်...

မြေကြီးထဲမှာ တစ်နှစ်ပတ်လုံး နစ်မြုပ်နေတဲ့ ဖျော်ရည်ပုလင်းကို ဆီလီက တူးလိုက်သည်။

အရသာက သိပ်မသန့်ဘူးထင်ပြီး ဆီလီနမ်းကြည့်လိုက်သည်။

ပုလင်းတစ်ဝက်ကို သောက်လိုက်ပြီးနောက် ဆီလီ၏ မျက်ခုံးများသည် ပိုနီးကပ်လာသည်။

“ကောင်းဖန်”

“ဘာလဲ” ကောင်းဖန်က လှည့်ကြည့်လိုက်သည်။

ကောင်းဖန်သည် သူ လက်ဖဝါးနစ်သွားသည်ကို ခံစားလိုက်ရပြီး လက်ထဲတွင် ဖျော်ရည်ပုလင်းတစ်ဝက်ကို တွေ့လိုက်ရသည်။

“ဒါ….” ကောင်းဖန် အံ့သြသွားသည်။ ဆီလီ၏ လက်ကျန်ဖျော်ရည်... ဒါမျိုးက ရှားသည်။

ကောင်းဖန်၏ ခေါင်းကို ဆီလီက ပွတ်လိုက်သည်။ “မင်း အရမ်းကြိုးစားနေတော့ ဒါက မင်းအတွက်ပဲ” ဟု ပြောလိုက်သည်။

“ကျေးဇူပါ”

ကောင်းဖန်က အနံ့ခံလိုက်သောအခါ မယုံနိုင်လောက်အောင် ဆီချေးနံထွက်နေသည်။

ထို့နောက် ပုလင်းအပြင်ဘက်ရှိ အညစ်အကြေးများကို မြင်လိုက်ရသဖြင့် ဆီလီညှပ်ချတာကို သိလိုက်ရသည်။

ကောင်းဖန်သည် ဤစစ်မြေပြင်မှ ထွက်ခွာသွားချိန်တွင် စစ်မြေပြင်၏အစွန်းတွင် ကြီးမားသောတွင်းကြီးတစ်ခုကို တူးဖော်နိုင်ခဲ့သည်။

…

နတ်ဆိုးအလောင်းအားလုံး ပြိုကွဲသွားပြီးနောက် ကောင်းဖန်နှင့် သားရဲများအားလုံးသည် စွမ်းရည်အနှစ်သာရနှင့် အသားနှင့် ဝိညာဉ်အနှစ်သာရများစွာကို ရရှိခဲ့ကြသည်။

၎င်းတို့၏ မူလဂုဏ်ရည်များအပြင် ၎င်းတို့၏ အခြားဂုဏ်ရည်များလည်း တိုးတက်လာသည်။

၎င်းတို့သည် စစ်မြေပြင်သို့ ပထမဆုံးဝင်ရောက်ခဲ့ချိန်နှင့် နှိုင်းယှဉ်ပါက သားရဲတစ်ကောင်ချင်းစီသည် အဆင့် ၃-၅ သို့ မြှင့်တင်နိုင်လိုက်သည်။

တစ်နှစ်တာကာလအတွင်းမှာ သူတို့သည် ထူးထူးခြားခြား တိုးတက်မှုတွေ လုပ်နိုင်ခဲ့သည်။ သူတို့ရဲ့ တိုက်ခိုက်ရေးစွမ်းရည်သည် အနည်းဆုံး နှစ်ဆတိုးလာခဲ့သည်။

ကောင်းဖန်က ကျွီးယန်ကို နှုတ်ဆက်လိုက်သည်။ ဒီစစ်မြေပြင်မှာ ကောင်းဖန်ရင်းနှီးခဲ့တဲ့ တခြားသူတစ်ယောက်ကတော့ ဒုတိယမင်းသားဖြစ်သည်။

ဒုတိယမင်းသားကိုတော့ လက်ဝှေ့ယမ်းကာ နှုတ်ဆက်ထွက်လာခဲ့သည်။

သူ့ကို မနှုတ်ဆက်ခဲ့ရင်တောင် ဒီကောင်ကတော့ သူ့ကို အမြဲစောင့်ကြည့်နေမှာပင်။

စစ်မြေပြင်မှ ထွက်သွားတော့ သူတို့ရှေ့တွင် အပူလှိုင်းတစ်ခုနှင့် တိုးမိသည်။

အပူလှိုင်းသည် သူတို့မျက်နှာကို ရိုက်ခတ်သွားသည်။

လေထုသည် နီရဲလုနီးနီး ဖြစ်နေသည်။

ဤသည်မှာ မီးနတ်ဘုရားတောင်ကြားဖြစ်သည်။

ကောင်းဖန်သည် နေရာလွတ်ဥမင်မှ ထွက်သွားစဉ်တွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်ကို အစောင့်သားရဲများက သတင်းပို့ပြီး ဖြစ်သည်။ မကြာခင်မှာပဲ ပိဖန်သည် ချိုင့်ဝှမ်းထဲမှာပျံတက်သွားသည်။

ကောင်းဖန်သည် ပိဖန်ကို တွေ့ဖူးပြီး အရင်က သူ့ကိုငှက်မွေးပေးခဲ့သည့် ပိဖန်ပင်ဖြစ်သည်။

ဂိုဒီသည်မတ်ရပ်ကာ ပိဖန်အိုကြီး၏နောက်ကိုကြည့်ရန် ၎င်း၏လည်ပင်းကို ဆန့်တန်းထားသည်။

သူ့မျက်လုံးထဲတွင် စိတ်ပျက်မှုတွေပေါ်နေသည်။

သူမြင်ချင်နေတဲ့ ငှက်ကို မတွေ့ဘူး ဖြစ်နေသည်။

ဂိုဒီသည် နှုတ်ခမ်းကို ကိုက်လိုက်ပြီး လက်ကို နောက်ပြန်ဆွဲကာ မြေပြင်ပေါ်ရှိ ကျောက်တုံးများကို ကန်ထုတ်လိုက်သည်။

ကောင်းဖန်ကတော့ ဖလိန်မီ၏အခြေအနေကောင်းနေသည်ဟု ခံစားမိသည်။

“သခင်... ဖလိန်မီ အလုပ်များနေသေးလား” ကောင်းဖန်က မေးလိုက်သည်။

“မင်းသူ့အကြောင်းမေးမယ်ဆိုတာ ငါသိတယ်.. ငါနဲ့လိုက်ခဲ့” ပိဖန်သည် ကောင်းဖန်၏ နောက်ရှိသားရဲများကိုကြည့်ကာ သဘောကျနေသည်။ ၎င်းတို့ထဲမှ အချို့သည် ကြီးမားသော အပြောင်းအလဲများကို ဖြတ်သန်းခဲ့ကြသည်။

သို့သော် ပိဖန်သည် စူးစမ်းလိုသောငှက်မဟုတ်သောကြောင့် သံသယရှိသော်လည်း မည်သည့်မေးခွန်းမှ မမေးလိုက်ပေ။

တောင်တန်းနှစ်ခုကိုဖြတ်သွားသောအခါ ကောင်းဖန်သည် ဖလိန်မီကို ထပ်မံတွေ့လိုက်ရသည်။

ဖလိန်မီ၏ အရပ်အမောင်းနှင့် ခန္ဓာကိုယ်ပုံသဏ္ဍာန်သည် လွန်ခဲ့သော လအနည်းငယ်ကတည်းက သိသိသာသာ ပြောင်းလဲသွားခဲ့သည်။

“ဝါး” တာ့ဇီက မနေနိုင်ပဲ အံ့ဩသံထွက်သွားသည်။

ဆီလီ၏နှုတ်ခမ်းထောင့်မှ ဖျော်ရည်များသည် တဖြည်းဖြည်း ကျဆင်းလာသည်။

ဂိုဒီသည်လည်း အံသြသွားသည်။

ရှေ့မီတာ ၃၀၀ အကွာ မြေပြင်မှ အပေါက်များနှင့်ပြည့်နေသော ဧရာမကျောက်တုံးကြီးတစ်ခု ထွက်ပေါ်လာသည်။ ခရမ်းရောင် အနီရောင် မီးတောက်များသည် အပေါက်များမှ တောက်လောင်လာသည်။

ဤမီးတောက်များကို မမြင်နိုင်သော စွမ်းအားအချို့ဖြင့် ဆွဲထုတ်လိုက်သည်။ ထို့နောက် ငှက်ဝိုင်းတစ်ကောင်က မျိုချလိုက်သည်။

ဂိုဒီသည် ဤမြင်ကွင်းကြောင့် အလွန်အမင်းစိတ်မကောင်းဖြစ်သွားသည်။ “ဖလိန်မီက ငါ့ကိုမလိမ်ပါဘူး... သူမ တကယ်မလိမ်ဘူး… မီးစားရုံနဲ့တောင် ကိုယ်အလေးချိန်တက်လာနိုင်တယ်‌ဆိုတာ အမှန်ပဲ….”

*

All Chapters