← Chapters

အခန်း (၇၄၉-၇၅၂)

Vol. 47 Ch. 749-752

အခန်း (၇၄၉-၇၅၂)

Vol. 47 Ch. 749-752

အခန်း ၇၄၉ မြောက်ပိုင်း သဲကန္တာရ

မီးစားနေသော ဖလိန်မီသည် ကောင်းဖန်နှင့် ဂိုဒီတို့ကို မျက်လုံးထောင့်မှ မြင်လိုက်ရသောအခါ နင်လုနီးပါပင်ဖြစ်သွားသည်။

သူမသည် မီးတောက်များ ပေါက်ကွဲပြီး ချောင်းဆိုးသွားသည်။

“အဲဒီ ကောင်ကြီးရဲ့အမူအရာကဘာလဲ” ဖလိန်မီ စိတ်ဆိုးသွားသည်။

နောက်ဆုံးတွင် သူမသည် အသက်ပြင်းပြင်းရှူကာ တောင်ပေါ်ရှိ ကျန်မီးတောက်များကို ဝါးမြိုပစ်လိုက်သည်။ ထို့နောက် မီးတောက်တွေ တလှုပ်လှုပ်နဲ့ ဂိုဒီကို ငုံကြည့်လိုက်သည်။

ဂိုဒီကလည်း ဖလိန်မီကိုကြည့်ရန် ခေါင်းကို မော့ထားသည်။

ဤနေရာ၌ ကောင်းဖန်နှင့် အခြားသားရဲများကို သူမတွေ့မြင်ရပြီးနောက် ဖလိန်မီဝမ်းသာသွားတာတော့ အမှန်ပင်။ သူမသည် လှိုဏ်ဂူတစ်ခုထဲသို့ လှမ်းဝင်ကာ မီးသလင်းကျောက်ပိုးကောင်များကို ကောက်ယူကာ ၎င်းတို့ထံ ပေးအပ်လိုက်သည်။

“ဒါက အရသာရှိတယ်”

ဖလိန်မီသည် ဂိုဒီ၏ ခေါင်းပြောင်ကို ထိုးကြိတ်ရန် အောက်သို့ ငုံ့သွားသည်။ နာကျင်မှုကြောင့်ဂိုဒီသည် ၎င်း၏အတွေးများကို မေ့သွားသည်။

“ငါ အခု နင်နဲ့ မလိုက်နိုင်ဘူး” ဖလိန်မီက ပြောလိုက်သည်။

“မကြာသေးမီက ငါ အစီအစဉ်တစ်ခုကို လုပ်နေခဲ့တယ်...ပြီးတာနဲ့ နင့်ရဲ့အနားမှာ ငါတိုက်နိုင်ပါတယ်” ဖလိန်မီသည် စိတ်အားထက်သန်စွာပြောလိုက်သည်။

သူမသည် သူမ၏ အထူးနည်းပညာကို ဆယ်စုနှစ်များစွာ လေ့ကျင့်ပြီး သူ့ကိုယ်သူ နာမည်ရစေရမည်ဟု သံဓိဌာန်ချထားသည်။

တစ်နေ့တော့ ပိဖန်နတ်ဘုရားမရဲ့ နာမည်ကို တစ်ကမ္ဘာလုံး သိကြလိမ့်မယ်...

ကောင်းဖန်သည် ဖလိန်မီနှင့် သဘောတူလိုက်သည်။ သူက သူမဗိုက်ကို ပွတ်သပ်လိုက်သည်။

ဖလိန်မီသည် သူမ၏လည်ပင်းကို မြှောက်ကာ ကုပ်နေသည်။

“ကောင်းဖန်... ငါတို့ မျိုးနွယ်စုအကြီးအကဲက အစီအစဉ်ကို ပြီးမြောက်ပြီဆို ဒဏ္ဍာရီဆန် အဆင့်အထိ ဖြတ်သွားနိုင်တယ်လို့ ပြောတယ်... အဲဒီအခါကျရင် ငါက ထိပ်ပြောင်ဂိုဒီနဲ့ တစ်တန်းထဲရပ်နိုင်ပြီသိလား”

“…”ကောင်းဖန်သည် ခဏမျှ တိတ်ဆိတ်သွားပြီး ဖလိန်မီကို အမှန်အတိုင်း မပြောရန် ဆုံးဖြတ်လိုက်သည်။

အိပ်မက်တွေ မျှော်လင့်ချက်တွေရှိခြင်းသည် အားပေးမှုနဲ့ ထိုက်တန်သည်။

ဥပမာအားဖြင့် ခြင်္သေ့ဖြူ၊ အလင်းလှိုင်းနှင့် စက္ကူဖြူတို့၏ အဆင့်များအားလုံးသည် ဒဏ္ဍာရီဆန်အဆင့်ကို ကျော်ဖြတ်သွားပြီ ဖြစ်သည်။

ခြင်္သေ့ဖြူက ဖလိန်မီကို ခေါင်းညိတ်ပြလိုက်သည်။

ဖလိန်မီသည် ခြင်္သေ့ဖြူကို သံသယဖြင့် ကြည့်လိုက်သည်။ အမွေးတွေ ဘယ်လောက်တောင် ရှည်လာတာလဲ..

သူ့အသွင်အပြင်လည်း ပြောင်းလဲသွားပုံရသည်။

“ငါတို့ရဲ့ အစားအသောက်တွေက ကောင်းဖန်နဲ့အတူ ပိုကောင်းလာတယ်.. ဒါကြောင့် ငါ့သားမွေးတွေက အခု ပိုရှည်လာတာပါ” ဟု ခြင်္သ့ဖြူက ရှင်းပြလိုက်သည်။

“ဒါဆို...အလင်းလှိုင်းကရော” ဖလိန်မီသည် အလွန်ခြားနားပုံပေါ်သွားသော အလင်းလှိုင်းကို စိုက်ကြည့်နေသည်။

“ကျွန်တော် .... လို့ထင်ပါတယ်” အလင်းလှိုင်းက ခေါင်းညိတ်လိုက်ပြီး မသေချာမရေရာ ပြန်ဖြေလိုက်သည်။

“… “

“မင်းကဘာကိုဆိုလိုတာလဲ”

စက္ကူဖြူ၏ အသွင်အပြင်ကတော့ များစွာ ပြောင်းလဲခြင်းမရှိပေ။ ၎င်းသည် ကျောက်စာစာအုပ်ဖြစ်နေဆဲဖြစ်ပြီး အချို့သော အသေးစိတ်အချက်များသာ ကွဲပြားသည်။

ဖလိန်မီသည် အဆင့်ကိန်းဂဏန်းများကို မမြင်နိုင်သောကြောင့် သူမ ဘယ်အဆင့်တွင်ရှိနေပြီး ခြင်္သေ့ဖြူနှင့် အခြားသူများ မည်သည့်အဆင့်တွင် ရှိနေသည်ကို မသိနိုင်ပေ။

နောက်တော့ ဖလိန်မီကို နှုတ်ဆက်လိုက်ကြပြီး ကောင်းဖန်တို့ ပြန်ထွက်သွားလိုက်ကြသည်။

မီးနတ်ဘုရားချိုင့်ဝှမ်းမှ ထွက်ခွာသွားသောအခါ သူတို့၏ခြေအောက်ရှိ မြေပြင်သည် အက်ကွဲသွားသည်။ ငွေရောင် တောက်ပနေသော လူသားဆန်သည့် သဏ္ဌန်သည် မြေကြီးထဲမှ တွန့်လိမ်သွားသည်။

စက်ရုပ်ဘုရင်သည် မီးနတ်ဘုရားတောင်ကြားတွင် ကောင်းဖန်ကို တစ်ချိန်လုံး စောင့်ဆိုင်းနေခြင်းဖြစ်သည်။

“မင်းက ထင်ထားတာထက်စောပြီး ထွက်လာတာပဲ” ဟု စက်ရုပ်ဘုရင်၏ စူးစူးရှရှ အသံဖြင့် ပြောလ်ိုက်သည်။

ထိုသို့ပြောပြီးနောက် စက်ရုပ်ဘုရင်က ကောင်းဖန်ကို ကြည့်လိုက်သည်။

ထုတ်ဖော်ပြောဆိုခြင်းမရှိသော်လည်း အနည်းငယ် ချစ်စဖွယ်ကောင်းနေပုံရသည်။

“ဘာလို့ငါ့ကိုကြည့်နေတာလဲ” ကောင်းဖန်က အံ့သြစွာမေးလိုက်သည်။

“သတ္တုရိုင်း” စက်ရုပ်ဘုရင်က ဖြည်းညှင်းစွာပြောလိုက်သည်။

“ဒါက မင်းလိုအပ်တဲ့ သတ္တုရိုင်းလား” ကောင်းဖန်သည် ဆီလီ၏ နေရာလွတ်ထဲမှ သွေးနီရိုင်းတွေကို ထုတ်ယူဖို့ အမိန့်ပေးလိုက်သည်။

စက်ရုပ်ဘုရင်၏ မျက်လုံးများသည် တောက်ပနေပြီး ၎င်း၏မရှိသောနှာခေါင်းအစိတ်အပိုင်းနှင့် အနံ့ခံရန် သတ္တုရိုင်းကို သိမ်းပိုက်လိုက်သည်။

ထို့နောက် လျှာနှင့် ယက်ကြည့်သည်။ နမ်းကြည့်သည်။

ချဉ်ပြီး ချိုသည် သွေးအရသာမျိုးပင်။

စက်ရုပ်ဘုရင်၏ ပါးစပ်မှတဆင့် ပူနွေးသောရေစီးကြောင်း စီးဆင်းသွားသည်။

စက်ရုပ်ဘုရင်က ဖြည်းညှင်းစွာ ခေါင်းညိတ်လိုက်ပြီး “ဒါက ငါလိုအပ်တာပဲ” ဟု ပြောလိုက်သည်။

“ကောင်းပြီ” ကောင်းဖန်က ဆီလီကို သတ္တုရိုင်းတစ်ဝက်ကို ထုတ်ယူခိုင်းလိုက်သည်။

ဆီလီ၏ရှေ့တွင် အက်ကွဲကြောင်းတစ်ခုပေါ်လာပြီး အက်ကွဲကြောင်းသည် ကျယ်ပြန့်လာပြီးနောက် နောက်ဆုံးတွင် ဧရာမဘဲဥပုံနက်ပေါက်ကြီးတစ်ခု ဖြစ်လာသည်။

အက်ကွဲကြောင်းမှ သတ္တုရိုင်းများကို မြေကြီးပေါ်သို့ သွန်ချလိုက်သောအခါ တောင်ငယ်လေးတစ်ခုကဲ့သို့ လျင်မြန်စွာ စုပုံလာသည်။

“မင်းအကူအညီလိုဦးမလား” ကောင်းဖန်က ကျယ်လောင်စွာ မေးလိုက်သည်။

စက်ရုပ်ဘုရင်က အဖြေမပေးပေ။ ၎င်းသည် အကူအညီမလိုအပ်ကြောင်း အချက်ပြသော ဝိညာဉ်ရေးလှိုင်းတစ်ခုသာ စေလွှတ်လိုက်သည်။

သတ္တုရိုင်းတောင်ပေါ်မှာတော့ အသားကြိတ်စက်ကြီး လည်ပတ်နေသလိုမျိုး ရှိနေသည်။

သတ္တုရိုင်းတောင်၏ အမြင့်သည် လျင်မြန်စွာ လျော့နည်းသွားသည်။

သတ္တုရိုင်းတောင်၏ရောင်ဝါသည်လည်း တဖြည်းဖြည်း အားကောင်းလာသည်။

နောက်ဆုံးတော့ အထွတ်အထိပ်ရောက်သွားသည်။

အနီရောင်အလင်းတန်းတစ်ခုသည် သတ္တုရိုင်းတောင်တစ်ခုလုံးကို လွှမ်းခြုံထားသည်။ ကျန်သတ္တုရိုင်းများကိုလည်း ကုန်အောင်အသုံးပြုလိုက်သည်။

နောက်ဆုံးတော့ စက်ရုပ်ဘုရင်တစ်ပါးတည်းသာ ကျန်ရစ်ခဲ့သည်။

စက်ရုပ်ဘုရင်၏ ရောင်ဝါသည် ယခင်ကထက် ပိုမိုများပြားလာသည်။

[သားရဲအခြေအနေ] - အပြင်းအထန်ထိခိုက် (အရေးတကြီးမလိုအပ်သော အရင်းအမြစ်များ၊ အူတိုင်အင်ဂျင် ဆိုးဆိုးရွားရွား ဒဏ်ရာရခြင်း၊ အဆစ်များ ပျက်စီးခြင်း)

သားရဲ အခြေအနေတွင် တစ်ခုတည်းသောပြောင်းလဲမှုမှာ အရင်းအမြစ်များသည် အရေးပေါ်လိုအပ်မှုမှ အရေးပေါ် မလိုအပ်မှုသို့ ပြောင်းလဲသွားခြင်းသာဖြစ်သည်။

သတ္တုရိုင်းတစ်ဝက်လောက်က မလုံလောက်ဘူးလို့ ထင်ရသည်။ ဒါတွေအားလုံးကတောင် အများကြီး အထောက်အကူ မဖြစ်နိုင်ပေ။

ကောင်းဖန်အနည်းငယ် စိတ်မကောင်းဖြစ်မိသည်။

ထို့ကြောင့် ကျန်သတ္တုရိုင်းများကို ထုတ်ယူရန် ဆီလီကို အမိန့်ပေးလိုက်သည်။

စက်ရုပ်ဘုရင်က ဘာမှပြန်မပြောဘဲ သတ္တုရိုင်းများကို တိတ်တဆိတ်စုပ်ယူလိုက်သည်။

သတ္တုရိုင်းများအားလုံးကို စုပ်ယူပြီးနောက် ၎င်း၏အခြေအနေသည် “အရင်းအမြစ်များ အနည်းငယ်ချို့တဲ့ခြင်း” သို့ ဖြစ်လာသည်။

စက်ရုပ်ဘုရင်သည် ၎င်း၏ဒဏ်ရာမှ ပြန်လည်ကောင်းမွန်လာစေရန် မျက်လုံးမှိတ်ထားသည်။

ဂီယာသံသည် ၎င်း၏ကိုယ်ထည်မှ ထွက်ပေါ်လာသော်လည်း ဂီယာများသည် ကပ်နေသကဲ့သို့ ကွဲအက်သံများသာ ထွက်ပေါ်နေသည်။

ဆိုးရွားတဲ့ အသံတစ်ခု ဖြစ်သည်။

သို့သော် အချိန်ကြာလာသည်နှင့်အမျှ ဂီယာသံသည် အနည်းငယ် ချောမွေ့ကာ ယခင်ထက် များစွာ ကောင်းမွန်လာသည်။

[သားရဲ အခြေအနေ] - ပြင်းထန်ထိခိုက် (အရေးပေါ်လိုအပ်နေသောအရင်းအမြစ်များ၊ အူတိုင်အင်ဂျင်ဒဏ်ရာရခြင်း၊ အဆစ်များပျက်စီးခြင်း)

သတ္တုရိုင်းတွေ အများကြီးလိုဦးမည့်ပုံရသည်။ လုပ်စရာတွေ အများကြီး ကျန်နေသေးသည်။

အခု အူတိုင်အင်ဂျင်က ထိခိုက်မှုရှိနေသေးသော်လည်း အနည်းဆုံးတော့ ဒဏ်ရာမပြင်းထန်တော့ပေ။

သို့သော် သူထွက်မလာခင်မှာ ကောင်းဖန်သည် သူ့အတွက် ဒုတိယမင်းသားကို မိုင်းဆက်တူးဖို့ အပ်ထားခဲ့ပြီး ဒန်ဘီကလည်း ဖုတ်ကောင်တွေကို ဒုတိယမင်းသားကို ပေးခဲ့သည်။

ကျဆုံးနတ်ဘုရားနယ်မြေသည် မြောက်ပိုင်းကန္တာရတွင် တည်ရှိသည်။ မြောက်ပိုင်းကန္တာရသည် ကောင်းကင်ဘုံပြည်မကြီး၏ မြောက်ဘက်ဖြစ်သည်။

ထိုနေရာသည် ဝိညာဉ်မျိုးနွယ်၏ လွှမ်းမိုးမှုပြင်ပ ရှန်းထော်အင်ပါယာ၏ မြောက်ဘက်နယ်စပ်ထက်ဝေးသည်။

မြောက်ပိုင်းသဲကန္တာရတွင် ခြောက်သွေ့မှု တစ်ရာ ဟုခေါ်သော ဒဏ္ဍာရီဆန်သားရဲများနေထိုင်သည်။

မြောက်ပိုင်းကန္တာရတစ်ခုလုံးသည် ရာနှင့်ချီသော မျိုးနွယ်စု၏ နယ်မြေဖြစ်သည်။

“စက်ရုပ်ဘုရင်... မင်း ခြောက်သွေ့မှု တစ်ရာကို မြင်ဖူးလား”

“ခြောက်သွေ့မှု တစ်ရာ …” စက်ရုပ်ဘုရင်က တိတ်တိတ်ဆိတ်ဆိတ် ဖြစ်နေသည် “သူတို့အကြောင်း ငါကြားဖူးပေမယ့် မတွေ့ဖူးဘူး”

“မင်း ကောင်းကင်ဘုံမှာ နေနေတာကြာပြီပဲ... ဒါတောင် ဒဏ္ဍာရီဆန်အဆင့်သားရဲကို မတွေ့ဖူးဘူးလား”

“ခြောက်သွေ့မှု တစ်ရာက မြောက်ပိုင်းကန္တာရမှာ မွေးဖွားတာ.. ဆိတ်ငြိမ်ခြင်းကို နှစ်သက်ကြပြီး သဲစားရတာကို နှစ်သက်ကြတယ်.. သူတို့မွေးကတည်းက မြောက်ပိုင်းကန္တာရကနေ ဘယ်တော့မှမထွက်သွားဖူးခဲ့ဘူး”

“အိုး” ကောင်းဖန်သည် ခြောက်သွေ့မှု တစ်ရာ အကြောင်းကို ပို၍ပင် သိချင်လာသည်။

နဂါးပုရွက်ဆိတ်သည် နေ့ရောညပါ ခရီးထွက်ကြပြီး ညီအကို ခုနစ်ကောင်က ခန္ဓာကိုယ်ကို အလှည့်ကျ ထိန်းချုပ်ကြသည်။ လအနည်းငယ်ကြာပြီးနောက် နောက်ဆုံးတွင် မြောက်ပိုင်းကန္တာရသို့ ရောက်ရှိသွားသည်။

လေကြမ်းများတိုက်ခတ်နေပြီး ကြီးမားကျယ်ပြန့်သော ရွှေရောင်သဲကန္တာရသည် အဆုံးကို မမြင်နိုင်အောင် ရှိနေသည်

ခြောက်သွေ့သောလေသည် သူတို့မျက်နှာပေါ်သို့ တိုက်ခတ်လာကာ သဲများ မျက်လုံးထဲသို့ တိုးဝင်လာသည်။

ကောင်းဖန် အကြာကြီး အသက်ရှုထုတ်လိုက်ရသည်။ သူ့ပါးစပ်က သဲတွေနဲ့ ပြည့်နေသည်။

“လွင်တီးခေါင်တောင်ကုန်းတွေနဲ့ လှိုင်းထန်တဲ့မြစ်တွေက ရက်စက်တဲ့နိုင်ငံသားတွေကို မွေးထုတ်ပေးတယ်” ဂိုဒီသည် မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ “ဒီမှာနေထိုင်တဲ့ ဒဏ္ဍာရီဆန် သားရဲတွေက ကြောက်စရာကောင်းတဲ့ ကိုယ်ရည်ကိုယ်သွေးတွေ ရှိရမယ်”

အရှေ့ဘက်စွန်းမှ ခေါင်းလောင်းတီးသံများ ထွက်ပေါ်လာသည်။

မှောင်မိုက်သော ဆိုင်ကလုန်းမုန်တိုင်းကြီးသည် လှည့်ပတ်၍ အော်ဟစ်နေသည်။ အလယ်ဗဟိုတွင် ဧရာမသတ္တဝါကြီးတစ်ကောင် ရပ်နေသည်။

မီးပုံးလို အဖြူရောင်မီးလုံးနှစ်လုံးက ဆိုင်ကလုန်းကို ဖောက်ဝင်သွားသည်။

ဧရာမသားရဲကြီးသည် ဆိုင်ကလုန်း၏ဗဟိုတွင် ပုန်းအောင်းနေသည်။

***

သားရဲလေ့ကျင့်သူ

အခန်း ၇၅၀ ဆိုင်ကလုန်း ကုလားအုတ်အလောင်း

“ဒါက….”

ကောင်းဖန်သည် ဆိုင်ကလုန်းမုန်တိုင်းမှ ထွက်လာသည့် ပြင်းထန်သော မရဏလေကို ခံစားလိုက်ရသည်။

မရဏလေသည် သူ့မျက်နှာကို မှုတ်ထုတ်လိုက်ကာ ခြောက်သွေ့အေးစက်နေသည်။

ဧရာမသားရဲကြီး၏ စူးစူးဝါးဝါးအော်သံသည် သဲကန္တာရအထက် ကောင်းကင်တွင် ပဲ့တင်ထပ်နေသည်။

[သားရဲ အမည်] - ဆိုင်ကလုံးကုလာအုတ် အလောင်း (ဖုတ်ကောင်)

[သားရဲ အဆင့်] - အဆင့် ၉၆ (နတ်ဘုရားတစ်ပိုင်းအဆင့်)

[သားရဲ စွမ်းရည်ဆင့်] - မော်ကွန်းတင်/ မော်ကွန်းတင်

[သားရဲ အမျိုးအစား] - သဲ/ ယင်

[သားရဲ စွမ်းအင်] - ကန္တာရဝါးမျိုခြင်း အဆင့် ၈၊ သဲကုသခြင်း အဆင့် ၉၊ ထူးကဲသောခံနိုင်ရည် အဆင့် ၉၊ မရဏလပို့ကုလာအုတ် အဆင့် ၈

[သားရဲ အားနည်းချက်] - အသက်/ ဘဝ

[သားရဲ အခြေအနေ] - ကျန်းမာ (စိတ်ရှုပ်ထွေး)

[အထူးသွင်ပြင်လက္ခဏာ]

အစွမ်းကုန်ယင် လပို့ (မူလက သေပြီးနောက် လေထဲတွင် ကူးစက်ကာ အသက်နှင့်ပြည့်နေသော လပို့ဖြစ်သည်။

အကျိုးသက်ရောက်မှု ၁ - မရဏကြောင်းမှ ကူးစက်သော လပို့များသည် ဖုတ်ကောင်များကို ပေါက်ဖွားနိုင်သည်။ ဖုတ်ကောင် ဝိုင်းရံလာသောအခါတွင် ၎င်းတို့သည် သန်မာလာပြီး မွေးဖွားလာမည်ဖြစ်သည်။

အကျိုးသက်ရောက်မှု ၂ - အမြင့်ဆုံး ယင်လပို့သည် ယင်စွမ်းအင်ကို လေထဲတွင် စုပ်ယူသိမ်းဆည်းနိုင်သည်။

[သားရဲ ဖော်ပြချက်] - မြောက်ပိုင်းကန္တာရတွင် သေဆုံးသွားသော ဆိုင်ကလုန်းကုလားအုတ်တစ်ကောင်ဖြစ်သည်။ ယင်စွမ်းအင်ကြောင့် ပျက်စီးသွားပြီး နတ်ဆိုးအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ သူသည် သဲကန္တာရထဲမှာ ပန်းတိုင်မရှိ လျှောက်သွားနေခဲ့သည်။ ၎င်း၏ခရီးသည် အစ အဆုံး မရှိပေ။ သူ့ဘဝရဲ့ အဓိပ္ပါယ်ကို ရှာနေသည်။

“ဒါက အရိုင်းဆန်တဲ့သားရဲကောင်ဖြစ်လိမ့်မယ်” ကောင်းဖန်က သူ့မေးစေ့ကို လှမ်းကိုင်ရင်း တွေးလိုက်သည်။

စက်ရုပ်ဘုရင်၏ မျက်လုံးများ တောက်ပလာသည်။ ညာလက်ကို မြှောက်လိုက်ရာ လက်ဖဝါးမှ မီးပွားများ လွင့်ပျံလာသည်။

ဒါကို ကောင်းဖန်က မြင်လိုက်တာနဲ့ ဂိုဒီ၊ ဒန်ဘီနှင့် ကျန်တဲ့သူတွေကို ရပ်ခိုင်းလိုက်သည်။ စက်ရုပ်ဘုရင်ကိုယ်တိုင်က သက်သေပြချင်နေပေလိမ့်မည်။

အဘယ်ကြောင့်ဆိုသော် ကောင်းဖန်သည် ၎င်း၏ဒဏ်ရာများကို ကုသရန် သတ္တုရိုင်းများစွာကို ပေးခဲ့သော်လည်း ၎င်း၏ ကြံ့ခိုင်မှုကို သက်သေမပြနိုင်သေးသောကြောင့် ဖြစ်သည်။

ကောင်းဖန်ကလည်း စက်ရုပ်ဘုရင် အမှန်တကယ် ဘယ်လောက် သန်မာလဲဆိုတာကို သိချင်နေသည်။

စက်ရုပ်ဘုရင်သည် ၎င်း၏ကိုယ်ခန္ဓာမှ နယ်မြေတစ်ခုကို လွတ်မြောက်စေပြီး ဆိုင်ကလုန်းကုလားအုတ်ကို ဖုံးအုပ်ထားလိုက်သည်။

နယ်မြေသည် အရောင်အသွေး ဖြာထွက်နေသည်။ အဲဒီအထဲမှာ စက်ရုပ်တွေက အမိုက်စားတွေပင်။ ဧရာမ သံမဏိ ဂီယာများကို နယ်မြေထဲသို့ ပစ်ချလိုက်သည်။ ထိုအခါ ဖြည်းညှင်းစွာ လှည့်လာကြသည်။

သံမဏိတွေ တုန်ယင်နေသည့်အသံသည် ဂီယာတွေရဲ့ နှလုံးသားထဲက ထွက်လာသည်။ ရှည်လျားပြီး အဖြူရောင် ကန့်လန့်ကာကို ကိုင်ဆောင်ထားသည့် ရေနွေးငွေ့သံနှင့်အတူ ကြေးနီရောင် သံမဏိလက်သီးတစ်လုံး ကောင်းကင်မှ ပြုတ်ကျလာသည်။

ဝုန်း….

မြေကြီးသည် မိုးခြိမ်းပြီး ပြင်းထန်စွာ လှုပ်ခတ်သွားသည်။ မြေပြင်မှ မှိုတိမ်တိုက်တစ်ခု ပေါ်လာသည်။

ပေါက်ကွဲမှုမှ ကြေးနီရောင် ရိုက်ခတ်မှု လှိုင်းကွင်းများ အပြင်သို့ ပျံသန်းသွားသည်။

မျက်စိမှိတ်စေလောက်အောင် ကျိန်းသော အလင်းရောင်သည် လူတိုင်းကို မျက်မှောင်ကြုတ်သွားစေသည်။

ရိုက်ခတ်လာသော လှိုင်းလုံးကြီးများ ပျောက်ကွယ်သွားပြီးနောက် မြေကြီးထဲတွင် တွင်းကြီးတစ်ခု ကျန်ရစ်သွားသည်။ ပင့်ကူအိမ်ကဲ့သို့ အက်ကွဲကြောင်းများသည် တွင်းအစွန်းမှ အပြင်သို့ ပျံ့နှံ့သွားသည်။

ဆိုင်ကလုန်း ကုလားအုတ် ပျောက်ကွယ်သွားသည်။ တွင်းထဲတွင် အနက်ရောင်နှင့် အနီရောင် ကျောက်မီးသွေးများသာ ကျန်ရစ်ခဲ့သည်။

ပူလောင်သော အပူလှိုင်းများ မြင့်တက်လာသည်။

သို့သော် တစ်ချက်တည်းနှင့် ပစ်သတ်လိုက်သည်။

“ကျွန်တော်ဆိုရင် မလုပ်နိုင်ဘူး” ဒန်ဘီက လေးနက်စွာ ခေါင်းယမ်းလိုက်သည်။

သူ အားကုန်တိုက်ရင်တောင်မှ အဲဒီအရာကို တစ်ချက်တည်းနဲ့ သတ်နိုင်မှာမဟုတ်ပေ။

ထိုသားရဲသည် နတ်ဘုရားတစ်ပိုင်းများကြားတွင်ပင် အားကောင်းလှသည်။

အဲဒါက နယ်မြေတစ်ခုလား...

ကောင်းဖန်သည် ယခင်က ကြီးမားသော နယ်မြေကို ပြန်သတိရမိလိုက်သည်။ ၎င်းသည် ဒန်ဘီ၏ နယ်မြေများနှင့် အခြား သားရဲများနှင့် ခပ်ဆင်ဆင်တူသော်လည်း ကွဲပြားသည်။

“အဲဒါက နတ်ဘုရားရဲ့ ပိုင်နက်နယ်မြေပဲ” ပင်လယ်ဝတုတ်က “နတ်ဘုရားနဲ့အထက် ပိုင်ဆိုင်သော စွမ်းအားပဲ” ဟု နက်နဲသော အသံဖြင့် ပြောလိုက်သည်။

“ဒါဟာ သာမန်နယ်မြေတစ်ခုရဲ့ ဆင့်ကဲဖြစ်စဉ်တစ်ခုပဲ” ဟု စက်ရုပ်ဘုရင်က ထပ်ပြောလိုက်သည်။

“နတ်ဘုရားတစ်ပိုင်းနဲ့ သူတော်စင်အဆင့်တွေရဲ့ နယ်မြေတွေက တော်တော်ကြမ်းတမ်းနေတုန်းပဲ... သူတို့ကို နတ်ဘုရားအဆင့်ကို မြှင့်တင်လိုက်ရင်တော့ ပြီးပြည့်စုံသွားလိမ့်မယ်” စက်ရုပ်ဘုရင်က “ဒါမှသာလျှင် တကယ့်နယ်မြေပဲ” ဟု ရှင်းပြလိုက်သည်။

စက်ရုပ်ဘုရင်သည် ၎င်း၏ ညာလက်ရုံးကို မြှောက်လိုက်သည်။ ဧရာမကြေးနီစက်လက်သည် လေထဲတွင် ပေါ်လာပြီး စက်ရုပ်ဘုရင်၏ ခန္ဓာကိုယ်ထဲသို့ အရည်ပျော်သွားသည်။

ဒဏ်ရာအပြင်းအထန်ရခဲ့တာတောင် စက်ရုပ်ဘုရင်၏ ခွန်အားသည် ကောင်းဖန်၏ စိတ်ကူးထက်ပင် ကျော်လွန်နေသေးသည်။

“မင်းအတွက်” စက်ရုပ်ဘုရင်သည် တွင်းထဲရှိ ခွဲခြား၍မရသော အလောင်းကို ညွှန်ပြလိုက်သည်။

ကောင်းဖန်က အဲဒါကို တစ်ချက်ကြည့်လိုက်သည်။ “မင်း မလိုချင်ဘူးလား”

“အသုံးမဝင်ပါဘူး” စက်ရုပ်ဘုရင်က ခေါင်းယမ်းလိုက်သည်။

ကောင်းဖန်က ဆီလီကို ယူသွားစေလိုက်သည်။ သူသည် လူမည်းကလေးကို မဖော်ထုတ်ချင်သေးပေ။ ကောင်းဖန်သည် စက်ရုပ်ဘုရင်၏ ဘုရင်ကို အပြည့်အဝ မယုံကြည်သေးပေ။

သဲကန္တာရရဲ့ အနက်ရှိုင်းဆုံးမှ သဲတွေက သဲကန္တာရ တောင်ကုန်းပေါ်ကနေ လျှောကျသွားသည်။

ကောင်းဖန်နှင့် သားရဲများကို သဲခုံ၏နောက်ကွယ်တွင်ဝှက်ထားသည့် စုံတွဲမျက်လုံးများကကြည့်နေသည်။

“ကောင်းဖန်.. အပျက်အစီးတွေ ဘယ်မှာရှိလဲ မင်းသိလား” ဂိုဒီက စိတ်ဝင်တစား မေးလိုက်သည်။

“အင်း... မြေပုံပေါ်မှာ အမှတ်အသားပြုထားတယ်.. အဲဒါက မြောက်ဘက်မှာ”

“အိုး” ဂိုဒီသည် ခေါင်းငုံ့ကာ သဲပြင်ပေါ် ခြေချလိုက်သည်။

“ဂိုဒီ…ဂိုဒီ… ကြည့်စမ်း.. ငါ မင်းရဲ့ ပခုံးလောက် ရှိနေပြီမလား” လေထဲတွင် လွင့်မျောနေသော အလင်းလှိုင်းသည် ဂိုဒီ၏ ပခုံးနှင့်ညီနေသည်။

“ဟုတ်တယ်….” ဂိုဒီက တိုးညှင်းစွာ ဖြေလိုက်သည်။

ဒီသဲကန္တာရမြောက်ပိုင်းက အရမ်းခြောက်သွေ့ပြီး လေကလည်း ခြောက်သွေ့သည်။ အပေါ်မှ နေကလည်း တရှဲရှဲနှင့် ဖြစ်သည်။

“ခြင်္သေ့ဖြူ... ငါ့ကိုအေးတာလေး တစ်ခုခုပေးစမ်းပါ” ဂိုဒီသည် ၎င်း၏ ဘယ်ဘက်လက်ကို ဆန့်ထုတ်လိုက်သည်။

ခြင်္သေ့ဖြူသည် လေထဲတွင် နှင်းခဲပန်းပွင့်များကို စုစည်းလိုက်ပြီး မျက်လုံးကို မော့ကြည့်ကာ ဂိုဒီ၏ မျက်နှာ၊ လက်မောင်း၊ နောက်ကျောနှင့် ရင်ဘတ်တို့သည် မျက်နှာဖုံးတစ်ခုကဲ့သို့ ကပ်ပေးလိုက်သည်။

နှင်းခဲပန်းများသည် အပူအောက်တွင် အရည်ပျော်သွားသော်လည်း အပူများစွာကိုလျော့သွားစေသည်။

ဤကဲ့သို့ ခြောက်သွေ့သောပတ်ဝန်းကျင်မျိုးသည် သာမန်ရေခဲသားရဲများကို ထိခိုက်စေသည်။ သို့သော် ခြင်္သေ့ဖြူ၏အဆင့်တွင်တော့ သာမန် ပတ်ဝန်းကျင်များသည် သက်ရောက်မှုအားနည်းသည်။

ခြင်္သ့ဖြူ၏ ခန္ဓာကိုယ်ကို နှင်းထူထပ်သော အလွှာတစ်ခုက ဖုံးအုပ်ထားသည်။

အပူလှိုင်းများကို ပိတ်ဆို့ခြင်း...

“ဘာဖြစ်နေတာလဲ ကောင်းဖန်” ကောင်းဖန်သည် သူ့ခြေလှမ်းတွေကို ခေတ္တရပ်နေတာတွေ့တော့ ဂိုဒီက စိတ်ရှုပ်စွာမေးလိုက်သည်။

ကောင်းဖန်သည် ဘယ်ဘက်သို့ လှမ်းကြည့်လိုက်သည်။ ကျယ်ပြောလှသော သဲကန္တာရကြီးဖြစ်ပြီး အချို့သော သဲခုံများသာ နေရာယူထားသည်။

သို့သော် သဲသောင်ပြင်၌ တစ်ခုခုဖြစ်နေသည်။

ကောင်းဖန်သည် သူ့အကြည့်ကို လွှဲလိုက်သည်။

“ဘာမှမဟုတ်ပါဘူး”

ကောင်းဖန်နှင့် သားရဲများအဝေးသို့ ထွက်ခွာသွားပြီးနောက် ...

သဲခုံ၏မျက်နှာပြင်ပေါ်ရှိ သဲများသည် ဖြည်းညှင်းစွာ လျှောဆင်းသွားကာ မီးခိုးရောင်ကိုယ်ထည်များကို ပေါ်လွင်လာစေသည်။

ရှားစောင်းပင်နှင့် သစ်ပင်တစ်ပင်၏ မျိုးစပ်ကဲ့သို့ပင် ၎င်းတို့၏ ခန္ဓာကိုယ်ကြီးသည် ဆူးပင်များနှင့် ပြည့်နေသည်။

၎င်းတို့၏ ပင်စည်များနှင့် အကိုင်းအခက်များပေါ်တွင် ကြီးမားသော မျက်လုံးများရှိသည်။

မျက်လုံးများကို ကာကီရောင်နှင့် မီးခိုးငွေ့များဖြင့် ဖုံးလွှမ်းထားသည်။

သားရဲများသည် သဲထဲသို့ ဖြည်းညှင်းစွာ နစ်မြုပ်သွားကာ ၎င်းတို့၏ ရှိနေသည့် ခြေရာများအားလုံးကို ဖျက်ပစ်လိုက်သည်။

ကောင်းဖန်က လမ်းလျှောက်တာကို ရပ်လိုက်သည်။

“မရဏလေထု” လို့ စက်ရုပ်ဘုရင်က လေးနက်စွာ ပြောလိုက်သည်။

ရှေ့ကကန္တာရသည် သူတို့ခြေထောက်အောက်က သဲကန္တာရကို ဓားဖြင့် ထက်ဝက်ခုတ်သကဲ့သို့ပင်ရှင်းရှင်းလင်းလင်း ပိုင်းခြားထားသည်။

ကောင်းဖန်၏ ခြေထောက်အောက်ရှိ သဲကန္တာရသည် အဝါဖျော့ဖျော့ရောင်ဖြစ်သော်လည်း ရှေ့ရှိသဲကန္တာရသည် သွေးနီရောင်ဖြစ်နေသည်။

အနက်ရောင်လက်နက်များသည် သဲကန္တာရထဲမှ ထွက်ပေါ်နေသည်။

ယင်းလက်နက်များတွင် ဓား၊ သေနတ်၊ ဓားနှင့် လှံများ ပါဝင်သည်။ ၎င်းတို့အားလုံးသည် ပုံစံခွက်တူများဖြင့် ပြုလုပ်ထားသကဲ့သို့ ထူးခြားသောအသွင်အပြင်များရှိသည်။

၎င်းတို့ကို ဒေါင်လိုက် သို့မဟုတ် ထောင့်ဖြတ်ပုံစံနှင့် သဲကန္တာရထဲတွင် တပ်ဆင်ထားသည်။ အချို့သော လက်နက်ကြီးများသည် မီတာ ၁၀၀ ရှိသော အဆောက်အဦးတစ်ခု၏ အရွယ်အစား နီးပါးမြင့်သည်။ အသေးဆုံးများပင် ပုံစံငယ်များကဲ့သို မီတာဝက်ထက်ပိုရှည်သည်။

ဒန်ဘီသည် နှစ်မီတာရှည်သော လက်နက်ကို ဆွဲထုတ်လိုက်သည်။ လက်နက်မှာ အေးစက်တဲ့ အလင်းတန်းတွေရှိပြီး အလွန်ထက်မြက်သည်။ ဒန်ဘီသည် သူ့လက်မောင်းကို ခုတ်ထစ်ရန် ကြိုးစားလိုက်သည်။ အနက်ရောင်ဓားသည် တစ်ဝက်တစ်ပျက် ဖြတ်သွားသည်။

“တော်တော် ပြတ်သားတယ်” ဒန်ဘီက အော်လိုက်သည်။

“ပြည့်လျှံနေတဲ့နတ်ဘုရားစွမ်းအား အနံကို ငါရနေတယ်...” စက်ရုပ်ဘုရင်က ဒူးထောက်ထိုင်လိုက်ပြီး လက်တစ်ဆုပ်စာ သဲတွေကို ကိုင်လိုက်သည်။ လက်ချောင်းများကြားမှ သဲနီများ ထွက်ကျသွားသည်။

“ဒီသဲကန္တာရက နတ်ဘုရားစွမ်းအားကြောင့် ညစ်ညမ်းနေပြီ... မင်းရှာနေတဲ့အရာက အထဲမှာရှိရမယ်”

***

သားရဲလေ့ကျင့်သူ

အခန်း ၇၅၁ ထောင်ချောက်

ပတ်ဝန်းကျင်တစ်ခုလုံး နတ်ဘုရားစွမ်းအားဖြစ်သည့် မရဏလေထုနှင့်ပြည့်နှက်နေပြီး သဲကန္တာရတစ်ခုလုံး အသက်မဲ့သွားသည်။

လေထုထဲတွင် ဘာမှမကျန်တော့ဘဲ ရေများအားလုံးကို ကမ္ဘာမှ စုပ်ထုတ်လိုက်သကဲ့သို့ ခြောက်သွေ့ အေးခဲနေသည်။

ကောင်းဖန်နှာတစ်ချက်ချေလိုက်သည်။

ကောင်းကင်သည် မှောင်သွားသည်။

ဂိုဒီနှင့် အခြားသူများ မီးမထွန်းမိလိုက်အောင်သူတားလိုက်သည်။

အမှောင်ထဲတွင် အလင်းရောင်သည် လမ်းပြ ဖြစ်နေလိမ့်မည်။

ဒီလိုအချိန်တွင် အမှောင်ထဲ၌ ခပ်မှိန်မှိန်နေခြင်း သို့မဟုတ် အမှောင်ထုနှင့် တသားထဲနေခြင်းသည် အကောင်းဆုံးဖြစ်သည်။

မြေပြင်၌ ကပ်နေသော လက်နက်များသည် အလောင်းများနှင့်တူသည်။

သူတို့သည် နှုတ်ဆိတ်နေပြီး ဖိတ်ကြားထားသော ဧည့်သည်များကို မျက်လုံးဖွင့်ကာ စိုက်ကြည့်နေကြသလိုပင်။

“တခြားသူတွေလည်း ရှိနိုင်တယ်” ကောင်းဖန် မျက်မှောင်ကြုတ်လိုက်သည်။

“မြောက်ပိုင်းကန္တာရမှာ ခြောက်သွေ့မှုတစ်ရာမျိုးနွယ်စု ရှိတယ်.. ဒါပေမယ့်..သခင်.. ခြောက်သွေ့မှုတစ်ရာ မျိုးနွယ်စုက ဒေသခံ ဒဏ္ဍာရီလာသားရဲတွေလေ... သူတို့က ဒီနေရာကို စိတ်မဝင်စားကြဘူး ဆိုတာ ဖြစ်နိုင်လား” ခြင်္သေ့ဖြူက စိတ်ဝင်တစား မေးလိုက်သည်။

“ဒါက နတ်ဘုရားရဲ့ အမွေအနှစ်ပဲ ဘာလို့ စိတ်မဝင်စားကြတာလဲ” ကောင်းဖန်က တိုးတိုးလေးပြောလိုက်သည်။

ကောင်းဖန်သည် ကောက်ချက်ချနေရင်း ခြေလှမ်းတွေကို ရပ်လိုက်သည်။ သူအရင်က တွေ့ခဲ့ရတဲ့ စူးစူးရဲရဲ အကြည့်တွေက ဘာလဲ.. ခြောက်သွေ့မှုတစ်ရာမျိုးနွယ်စုကလား....

ကောင်းဖန်သည် အုံ့မှိုင်းနေသောအမူအရာဖြင့် သူ့အနောက်ကို တစ်ချက်ကြည့်လိုက်သည်။

“သတိထား.. ငါတို့အပြင် ဒီမှာ တခြားသူတွေ ရှိနိုင်တယ်” ကောင်းဖန်က သူ့အသံကို လျှော့လိုက်သည်။

“ဟုတ်ကဲ့” ဒန်ဘီသည် ခေါင်းညိတ်လိုက်ပြီး သူ၏ စိတ်ဝိဉာဉ်လှိုင်းသည် လျင်မြန်စွာ ပျံ့နှံ့သွားကာ ၁၀ ကီလိုမီတာ အချင်းဝက်ကို ဖုံးအုပ်ထားလိုက်သည်။ ၁၀ ကီလိုမီတာ အချင်းဝက်အတွင်း အရာအားလုံးသည် ဒန်ဘီ၏စိတ်ဝိဉာဉ်လှိုင်းမှ မလွတ်မြောက်နိုင်ပေ။

သို့သော် အနီးနားရှိ စိတ်ဝိညာဉ်လှိုင်းများမှလွဲ၍ ဒန်ဘီ၏စိတ်ဝိညာဉ်သည် တစ်စုံတစ်ခုက ပိတ်ဆို့နေသကဲ့သို့ မြေအောက် ၅ ကီလိုမီတာအကွာသို့ပင် မထိုးဖောက်နိုင်ပေ။

“သခင်... တစ်ခုခုက ကျွန်တော်တို့ရှေ့ကို ချဉ်းကပ်နေတယ်” ဒန်ဘီသည် ရှေ့ကို လေးနက်စွာ ကြည့်ကာ ခံစစ်ကို ပြင်ထားသည်။

“ဝူး” ဧရာမအတောင်ပံများ ပျံတက်သွားသည်။ ပတ်ထရိုဆော ဒိုင်နိုဆောကဲ့သို့ ကြီးမားသည့် သားရဲတစ်ကောင်သည် အရှိန်ပြင်းပြင်းဖြင့် ချဉ်းကပ်လာကာ ပြင်းထန်သောလေများ တိုက်ခတ်လာသည်။

[သားရဲ အမည်] - တောင်ကျောက်ပတ်ထရိုဆော

[သားရဲ စွမ်းရည်ဆင့်] - အလွန်ကောင်းစွမ်းရည်/အလွန်ကောင်း

[သားရဲ အဆင့်] - အဆင့် ၇၇ (အရှင်သခင်)

[သားရဲ အမျိုးအစား] - မြေ/ ကျောက်

[သားရဲ အခြေအနေ] - ဒဏ်ရာအပျော့စားရှိ (သွေးရောင်ရမ်းခြင်း၊ သွေးကြောအချို့ကွဲထွက်နေ)

[သားရဲ ဖော်ပြချက်] - မိုင်းတွင်းများနှင့် ကျောက်ဆောင်ကုန်းမြင့်များတွင် နေထိုင်နှစ်သက်သော သားရဲဖြစ်သည်။ မက်မွန်သီးနှင့် အခြားသော လတ်ဆတ်သော အသီးအနှံများကို ကြိုက်သည်။ ငါးပုပ်ကို မကြိုက်ပေ။

ဖော်ပြချက်ကိုမြင်ပြီးနောက် ကောင်းဖန် သံသယဖြစ်သွားသည်။ ဤနေရာက တောင်ကျောက် ပတ်ထရိုဆောများ၏ သဘာဝ နေထိုင်ရာ မဟုတ်ပေ။

ဒါက သားရဲ ဖြစ်နိုင်လား....

အရှင်အခင်အဆင့် သားရဲတစ်ကောင်က ၎င်း၏သခင်နှင့် ပေါင်းစည်းနေတာ ဖြစ်နိုင်သည်။

ဤနေရာက သဲကန္တာရဖြစ်ပြီး ကျောက်တုံးများစွာရှိပုံမရပေ။

ဒေါသတကြီးဟိန်းဟောက်သံနှင့်အတူ တောင်ကျောက်ပတ်ထရိုဆောသည် ကောင်းကင်မှ ဆင်းသက်လာသည်။

“မင်းကဘယ်သူလဲ... ဒီနေရာက ရှန်းထော်အင်ပါယာ မင်းသားရဲ့ အပိုင်ပဲ” ဟု တောင်ကျောက်ပတ်ထရိုဆောမှ အေးစက်စွာ ပြောလိုက်သည်။ “မသက်ဆိုင်တဲ့သူတွေ မလာသင့်ဘူး ”

“ဘယ်ကမင်းသားလဲ” ကောင်းဖန်က သံသယဝင်နေသည်။ ဒုတိယမင်းသားက ငါ့ကိုလိမ်နေတာလား...

တခြားဘယ်သူမှ မသိဘူးနိုင်ဘူးဆိုပြီး စိတ်ချယုံကြည်စွာ ပြောခဲ့တာလား... သူကလည်းမင်းသားတစ်ပါးလို့ ပြောနေတာပဲ..

“ဟုတ်တယ်... ဒါက ရှန်းထော်အင်ပါယာရဲ့ ကြီးမြတ်တဲ့ ဒုတိယမင်းသားပဲ” ဟု တောင်ကျောက်ပတ်ထရိုဆောက ဂုဏ်ယူစွာ ပြောလိုက်သည်။

ဟမ်..

ကောင်းဖန်သည် မျက်လုံးများကို မှိတ်ထားလိုက်သည်။

သူက တခြားမင်းသားတစ်ပါးရဲ့ သားရဲဖြစ်လိမ့်မည်။

ပန်းရောင်အလင်းတန်းတစ်ခုသည် အဝေးမှ သူတို့ဆီသို့ လွင့်ပျံလာသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ကောင်းဖန်ရှေ့ကို အလင်းတန်းတွေ ပေါ်လာသည်။ ပန်းနုရောင် အခိုးအငွေ့တွေက တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။

အနီဖျော့ဖျော့နှင့် အတောင်ခြောက်ခုပါသော ထူးဆန်းသည့် အင်းဆက်ပိုးကောင်သည် အထဲမှ ထွက်လာသည်။

ပိုးကောင်သည် တောင်ကျောက်ပတ်ထရိုဆော၏ ဦးခေါင်းကို ၎င်း၏ ဦးမှင်ဖြင့်ထိလိုက်သည်။

တောင်ကျောက်ပတ်ထရိုဆော၏ မျက်နှာသည် အလွန်တုန်လှုပ်ပြီး မယုံနိုင်လောက်အောင် လူသားဆန်သော အသွင်အပြင်ကို ဆောင်သွားသည်။

“ဘာလို့ အရှင့်သားက...”

ကောင်းဖန်ကို စူးစူးရဲရဲကြည့်ရင်း တောင်ကျောင်ပတ်ထရိုဆောက ပြောလိုက်သည်။ “လာပါ.. ချစ်ဧည့်သည်ကြီး”

နက်နက်ရှိုင်းရှိုင်းကို သွားလေလေ လက်နက်ကြီးတွေက ပိုကြီးလေလေ ဖြစ်သည်။

အမြင့်ပေထောင်ချီမြင့်သည့် လက်နက်ကြီးတွေက တောင်ထိပ်တွေလို တိမ်တိုက်တွေကို ဖြတ်ထိုးဖောက်ဝင်နေသည်။

“ဒါက ဘာနတ်ဘုရားလဲ” ကောင်းဖန်သည် သူ့စိတ်ထဲမှ ပင်လယ်ဝတုတ်ကို မေးလိုက်သည်။

ပင်လယ်ဝတုတ်သည် ထိတ်လန့်တုန်လှုပ်သွားသည်။ ဤမျှထူးဆန်းသောနတ်ဘုရားကို ၎င်း၏တစ်သက်တာတွင် တစ်ခါမျှမတွေ့ဖူးပေ။

“သူ့မှာ သွေး ဒါမှမဟုတ် သတ်ဖြတ်ခြင်းလို စည်းမျဉ်းတစ်ခုတော့ ရှိတယ်” ပင်လယ်ဝတုတ်သည် သူတို့ရဲ့ ခြေအောက်မှ ကြက်သွေးရောင် သဲတွေကို ကြည့်ပြီး ကောင်းဖန်ကို စာချုပ်မှတစ်ဆင့် ပြောလိုက်သည်။

ငါလည်းသိပါတယ်ဟ....

ကောင်းဖန်သည် ပျော့ပျောင်းသော သဲသောင်ပြင်ပေါ်တွင် ရပ်နေပြီး ဆွံ့အသွားသည်။

ဤကဲ့သို့ သိသာထင်ရှားသော ပတ်ဝန်းကျင်အပြောင်းအလဲမျိုးကို ဒြပ်စင်ဆိုင်ရာ ဗဟုသုတ ရှိသူတိုင်း သိပေလိမ့်မည်။

ရှေ့ကကောင်းကင်တွင် အနီရောင်ဧရာမ အက်ကွဲကြောင်းတစ်ခုသည် သဲကန္တာရအထက်ကောင်းကင်၌ ပေါ်လာသည်။

သဲကန္တာရတစ်ခုလုံးကို ငုံ့ကြည့်နေသည့် သွေးနီရောင် မျက်လုံးကြီးတစ်ခုကဲ့သိုပင်။

ကြက်သွေးရောင် အလင်းတန်းတစ်ခုသည် အက်ကွဲကြောင်းထဲသို့ စီးဝင်သွားသည်။

ဆည်းဆာသည် သွေးနီရောင်ကဲ့သို့ဖျာထွက်နေပြီး ဒဏ်ရာတစ်ခုကဲ့သို့ ကောင်းကင်မှ စီးကျလာသည်။

အက်ကွဲကြောင်းမှ ရူးသွပ်နေသည့်သွေးဆာသံတွေထွက်လာသည်။

“အဲဒါက အထဲမှာပဲ” ဟု တောင်ကျောက်ပတ်ထရိုဆောက ပြောလိုက်သည်။

“လူကြီးမင်း... ဒုတိယမင်းသားက ကျွန်တော်တို့ကို အမိန့်ပေးထားတယ်... ကျွန်တော် လူကြီးမင်းကို အထဲကို ခေါ်သွားပါ့မယ်” ဟု အတောင်ခြောက်ဖက်တော်ဝင်ချည်ပိုးကောင်က ဆိုလိုက်သည်။

ကောင်းဖန်သည် ပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်သည်။ အချိန်အတော်ကြာပြီးနောက် သူသည် အတောင်ခြောက်ဖက် တော်ဝင်ချည်ပိုးကောင်ကို အဓိပ္ပါယ်ပါသည့် အကြည့်တစ်ချက်နှင့် ကြည့်လိုက်သည်။

“ကောင်းပြီ... လမ်းညွှန်ပါ”

ကောင်းဖန်သည် သံချေးတက်နေသော အနီရောင်သတ္တုပြား ခုနစ်ပြားကို သိုလှောင်လက်စွပ်ထဲမှ ထုတ်ယူလိုက်သည်။

အတောင်ခြောက်ဖက်တော်ဝင်ချည်ပိုးကောင်သည် ကောင်းဖန်၏လက်ထဲမှ သတ္တုပြားများကို မြင်လိုက်ရသော်အခါ အနည်းငယ် ထိတ်လန့်သွားပြီး သိမ်မွေ့သောအမူအရာကို ပြောင်းလိုက်သည်။ “လူကြီးမင်း... ဒုတိယမင်းသားက လူကြီးမင်းကို တကယ် တန်ဖိုးထားပုံရပါတယ်”

“ငါလည်းထင်ပါတယ်” ကောင်းဖန်က အေးအေးဆေးဆေးပြောလိုက်သည်။

အက်ကွဲကြောင်းကို ဖြတ်ကျော်ပြီးနောက် ပြင်းထန်သည့် သွေးနံ့သည် မျက်နှာများကို ရိုက်ခတ်သွားသည်။ ဆိုင်ကလုန်းမှ ဖြစ်ပေါ်လာသည့် ရူးသွပ်သွေးဆာခြင်းသည် အစွမ်းများနှင့် အနီရောင် နတ်ဆိုးကိုဖြစ်ပေါ်လာစေပြီး ကောင်းဖန်နားတွင်ပေါ်လာသည်။

ဂိုဒီသည် စူးစူးရဲရဲ စိုက်ကြည့်ပြီးတစ်ချက် ထိုးလိုက်သည်။

ဒိုင်း....

သွေးတရဲရဲနှင့် နတ်ဆိုးသည် ဘီစကစ်တစ်ခုလို အထိုးခံလိုက်ရပြီး ဖုန်မှုန့်အဖြစ်ပြောင်းသွားသည်။

ငတုံး... မင်းဘိုးအေ ဂိုဒီကို တိုက်ခိုက်ဖို့အထိ မင်းကရဲရင့်နေပြီလား... မင်းက နတ်ဘုရားဆိုရင်တောင် ငါမင်းကို သတ်နိုင်တယ်....

ဂိုဒီသည် မြေပြင်ပေါ်သို့ တံတွေးထွေးလိုက်သည်။

နောက်မှလိုက်လာသော အတောင်ခြောက်ဖက်တော်ဝင်ချည်ပိုးကောင်သည် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ သူ့နှလုံးသားက အေးစက်လာသည်။ ဒါတွေက ဘယ်လိုသတ္တဝါတွေလဲ...

ဂိုဒီသည် သူ့ခေါင်းပြောင်ကို ပွတ်လိုက်ပြီး မျက်လုံးများကို မှိတ်ထားသည်။

ထို့နောက် အတောင်ခြောက်ဖက်တော်ဝင်ချည်ပိုးကောင်ကို ခေါင်းစခြေဆုံး လှမ်းကြည့်လိုက်သည်။ အတောင်ခြောက်ဖက် တော်ဝင်ချည်ပိုးကောင်သည် ကြက်သီးများထလာသည်။

“ဘာလို့ ကျွန်တော့်ကိုဒီလိုကြည့်နေတာလဲ”

အတောင်ခြောက်ဖက်တော်ဝင်ချည်ပိုးကောင်က တိတ်တဆိတ် မေးလိုက်သည်။

“မင်းကြည့်ရတာ နှစ်သက်စရာကိုမရှိဘူး” ဂိုဒီက လှောင်ပြောင်လိုက်သည်။

အတောင်ခြောက်ဖက်တော်ဝင်ချည်ပိုးကောင်သည် တုန်လှုပ်သွားသည်။

ကောင်းဖန်သည် သူ့မျက်လုံးများကို မှိတ်ထားလိုက်သည်။ အတောင်ခြောက်ဖက်တော်ဝင်ချည်ပိုးကောင်၏ အခြေအနေသည် “အပြစ်မကင်းစိတ်” ဆိုပြီး ဖြစ်လာသည်။

သူတို့နောက်ကွယ်က အက်ကွဲကြောင်းကို လျှို့ဝှက်ဆန်းကြယ်သည့် စွမ်းအားတစ်ခုက ရုတ်တရက် ချိတ်ပိတ်လိုက်လိုက်သည်။

အတောင်ခြောက်ဖက်က်တော်ဝင်ချည်ပိုးကောင်သည် ကောင်းဖန်၏အနားမှ လွတ်မြောက်လိုသော အလင်းရောင်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။

ဒါပေမယ့် လက်ကြီးတစ်ချောင်းက သူ့ရဲ့လှုပ်ရှားမှုကို ခန့်မှန်းမိပြီး အပေါ်ကနေ ဖုံးအုပ်လိုက်သည်။

အတောင်ခြောက်ဖက်တော်ဝင်ချည်ပိုးကောင်သည် ဂိုဒီ၏လက်ဖဝါးတွင် ဘယ်ညာ လူးလွန့်နေသော်လည်း မလွတ်မြောက်နိုင်တော့ပေ။

“ငါပြောပါတယ်.. မင်းက နှစ်သက်စရာမကောင်းဘူးလို့” ဂိုဒီ၏လွှမ်းမိုးချုပ်ကိုင်ထားသောအသံသည် တော်ဝင်ချည်ပိုးကောင်၏ နားထဲတွင် ပဲ့တင်ထပ်သွားသည်။ အပြင်းအထန် ဆုပ်ကိုင်လိုက်သောကြောင့် အတောင်ခြောက်ဖက်တော်ဝင်ချည်ပိုးကောင်သည် မြေသားဘောလုံးတစ်လုံးအဖြစ်သို့ ပြောင်းလဲသွားသည်။

“မင်းငါ့ကိုသတ်ချင်ရင် ငါသတ်တာကိုခံဖို့ကိုလည်းပြင်ထားရမယ်” ကောင်းဖန်သည် ရယ်မောလိုက်သည်။

ကောင်းဖန်၏ ရှေ့၊ နောက်၊ ဘယ်ညာ၊ အထက်နဲ့အောက်တွင် အနည်းဆုံး သားရဲ ၁၅ ကောင်ရှိနေသည်။

သားရဲများသည် ကောင်းဖန်ကို ဗဟိုပြုကာ ဝန်းရံထားပြီး လေလုံထောင်ချောက်တစ်ခုကို ဖန်တီးလိုက်သည်။

***

သားရဲလေ့ကျင့်သူ

အခန်း ၇၅၂ အဝါရောင် လျှပ်စီးကြောင်း

စကားလုံးများမလိုအပ်ပဲ အဖွဲ့သည် ချက်ချင်း ဖွဲ့စည်းလိုက်ပြီး သားရဲများသည် တပြိုင်နက်တည်း တိုက်ခိုက်လိုက်သည်။

ဒြပ်စင်များ ချက်ချင်းဆူပွတ်သွားသည်။

ကောင်းကင်တွင် မီးတောက်များသည် ဝိုင်းစက်နေပြီး ကြီးမားလှသော မီးတောက်များသည် ရေဝဲများကြားတွင် ကခုန်နေကြသည်။

ကောင်းဖန်၊ ဂိုဒီနှင့်အဝေးတွင် တိုက်ခိုက်နေသော အခြားသူများ ကြားသို့ မီးနဂါးကြီးသည် ရေဝဲမှ ခုန်ဆင်းလာသည်။

အနောက်မှ နှင်းခဲများသည် အေးစက်သောလေထဲတွင် ဖြစ်ပေါ်လာသည်။ အာတိတ်ရေခဲပြင်များသည် ကျယ်ပြန့်လာပြီး အဝေးမှ ၎င်းတို့ထံသို့ ပျံ့နှံ့သွားသည်။

ကျန်နှစ်ဘက်ရှိ သားရဲသူများသည် မလှုပ်ကြသော်လည်း အားလုံးက အသင့်ပြင်ထားကြသည်။ ဒြပ်စင်စွမ်းအားများ အများအပြား ပေါင်းစပ်ခြင်းသည် ၎င်းတို့၏ စွမ်းအားကို အမှန်တကယ် အကျိုးသက်ရောက်စေသည်။

သူတို့သည် တစ်ဦးချင်း တိုက်ခိုက်တာမဟုတ်ဘဲ အသင်းလိုက်အဖြစ်နဲ့ ယှဉ်ပြိုင်နေကြခြင်း ဖြစ်သည်။

ခြင်္သေ့ဖြူက မျက်လုံးကို မှေးထားလိုက်ပြီး “ရေခဲအမျိုးအစားတွေကို ငါ့အတွက်ထားလိုက်” ဟု ပြောလိုက်သည်။ ထို့နောက် ၎င်း၏ခြင်္သေ့ပါးစပ်ဖြင့် ရေခဲအမျိုးအစားများကို တိုက်ခိုက်ရန် လှည့်သွားသည်။

မြေပြင်ပေါ်ရှိ ရေခဲတုံးများနှင့် လေထဲရှိ ရေခဲဒြပ်စင်များအားလုံးကို ခြင်္သေ့ဖြူက လွမ်းမိုးလိုက်သည်။

ပိတ်ထားသော ပါးစပ်ထဲတွင် လေအေးများ စုစည်းလာသည်။ နှင်းမှုန်များသည် ၎င်း၏နှာခေါင်းများမှ လွင့်ထွက်သွားသော နှင်းခဲအမှုန်များအဖြစ်သို့ ပေါင်းစည်းသွားသည်။

ရေခဲကျောက်စက်များသည် ၎င်း၏မေးစေ့ပေါ်တွင် ချိတ်ဆွဲထားသည်။ ခြင်္သေ့ဖြူ၏ခြေသည်းများကို မြေကြီးထဲတွင် တင်းတင်းကျပ်ကျပ်ဆွဲကုပ်ထားသည်။

“ဘာလဲ” ရေခဲအမျိုးအစားသားရဲများသည် ထိတ်လန့်သွားသည်။ ရေခဲအမျိုးအစားသားရဲတွေ အားလုံးဆီက စုဆောင်းထားတဲ့ စွမ်းအင်ကို မျိုချလိုက်တာလား...

ဘယ်လိုဖြစ်နိုင်မှာလဲ....

ခြင်္သေ့ဖြူက ပြုံးလိုက်ပြီး သူ့ခန္ဓာကိုယ်ထဲက ရေခဲဓာတ်တွေကို ရွှေ့ပစ်လိုက်သည်။

၎င်းတို့ကို ၎င်း၏ပါးစပ်ရှိ ရေခဲဒြပ်စင်များနှင့် ပေါင်းစပ်ထားသည်။

ပြည့်လျှံနေသော နှင်းထု၏ စွမ်းအားသည် ခြင်္သေ့ဖြူ၏ ခြေဖဝါးအောက် မြေပြင်ကို အေးခဲစေသည်။

ဝုန်း…

အပြာရောင်နှင့် အဖြူရောင် အေးခဲနေသည့် ရေခဲတိုင်ကြီးသည် မြေပြင်ကို ဖြတ်ကျော်သွားကာ အရာအားလုံးကို ဖျက်ဆီးပစ်လိုက်သည်။

ရေခဲအမျိုးအစားသားရဲများစွာသည် ချက်ချင်း အေးခဲသွားသည်။ ရေခဲအမျိုးအစားများပင်လျှင် ဤရေခဲတိုက်ခိုက်မှုကို မခုခံနိုင်ပေ။

အပြာရောင်မီးတိုင်မှေးမှိန်သွားသောအခါ ရေခဲတောင်တစ်ခုသာကျန်တော့သည်။

သားရဲ တစ်ဆယ့်တစ်ကောင်ကို ကြည်လင်နေသည့် ရေခဲတောင်ထဲတွင် ချိတ်ပိတ်ထားသည်။

“လာ ငါ့ဆီလာ”

ဂိုဒီသည် မီးတောက်ထဲသို့ အားသွင်းနေသည့် သားရဲတစ်ကောင်လို ပြင်းပြင်းထန်ထန် ပေါက်ကွဲသွားသည်။

မီးတောက်များသည် ဂိုဒီပေါ်သို့ မိုးရေစက်များကဲ့သို့ ကျလာပြီး ခရမ်းရောင်တောက်နေကာ အဆက်မပြတ် တောက်လောင်နေသည်။

ဂိုဒီ၏ လက်နှစ်ဖက်နှင့် တံတောင်ဆစ်ကြားမှ မီးတောက်များသည် အနောက်သို့ ပြန့်ကျဲသွားသည်။

သူ့အသက်ရှုသံက တဖြည်းဖြည်း ပြင်းထန်လာသည်။

ဂိုဒီသည် ထိုသားရဲကို စိတ်လှုပ်ရှားနေသော အကြည့်ဖြင့်ကြည့်လိုက်သည်။

“မင်း ငါ့ကို နာကျင်အောင် လုပ်လိုက်တာ အရမ်းကောင်းတယ်”

ဂိုဒီ၏ ခန္ဓာကိုယ်သည် ယိမ်းနွဲ့ကာ အရိပ်တစ်ခုသာ ကျန်ရစ်ခဲ့သည်။

ဒိုင်း...

ဦးခေါင်းခွံသည် ချက်ခြင်းပေါက်ကွဲသွားသဖြင့် သားရဲ တစ်ကောင်မျှပင် မတုံ့ပြန်နိုင်လိုက်ပေ။

နေရာအနှံ့ သွေးများ ပက်ဖျန်းသွားသည်။ ပန်းကန်လုံးနှင့်တူသော လက်သီးများသည် သံမဏိဖြင့် ဖုံးအုပ်ထားကာ သတ္တုတောက်ပမှုကို ပေးစွမ်းသည်။

ဝက်ဝံနှင့်တူသော အရပ်ရှည်သည့် ဧရာမသားရဲကြီးသည် ၎င်း၏ တိုင်ကဲ့သို့ လက်များကို မြှောက်ကာ အပေါ်မှ ထိုးချလိုက်သည်။

တောင်ကုန်းကိုတောင် ချေမှုန်းနိုင်သည့် တိုက်ခိုက်မှုကို ကြီးမားပြီး လုံးပြောင်နေသည့် ဦးခေါင်းကတော့ ခံနိုင်ရည်ရှိနေသည်။

“ဆက်တိုက်... ဆက်တိုက်ခိုက်...”

ဂိုဒီ၏ ညာဘက်လက်သီးမှ ရွှေရောင်အရိပ်တစ်ခုကို ဆွဲထုတ်လိုက်သည်။

ကျယ်လောင်သော ဟိန်းဟောက်သံနှင့်အတူ ပေါက်ကွဲတိမ်တိုက်များ ပျောက်ကွယ်သွားသည်။ တုန်ယင်နေသောလှိုင်းများသည် လေထဲတွင် ပေါ်လာသည်။

လက်သီးက လွှဲလိုက်တိုင်း အသားနဲ့ထိတွေ့သည်။

ဝက်ဝံသားရဲကြီး၏ ရင်ဘတ်သည် တုန်ခါကာ ဗိုက်ထဲတွင် နစ်မြုပ်သွားသည်။

မြင်ကွင်းတစ်ခုလုံးက အနှေးပြကွက်တစ်ခုကဲ့သို့ပင်။

အဆီကွင်းများသည် ခုန်ပေါက်ကာ လက်သီးကို ဝိုင်းပတ်ထားသည်။

အဆီထူများသည် မရေမတွက်နိုင်သော သားရဲများ၏ တိုက်ခိုက်မှုများကို ခံနိုင်ရည်ရှိအောင် ကူညီပေးခဲ့ဖူးသည်။

၎င်းသည် အန္တရာယ်ရှိသော အခြေအနေများမှ အကြိမ်ကြိမ်လွတ်မြောက်ရန် ကူညီပေးနိုင်ခဲ့သည်။

ဒါပေမယ့် ဒီတစ်ခါတော့ ကန့်သတ်ချက် ပြည့်သွားပြီဖြစ်သည်။

အဆီလွှာသည် ကိုယ်တွင်းအင်္ဂါများကို ကာကွယ်ရန် ခက်ခက်ခဲခဲ ကြိုးစားနေသော်လည်း ဂိုဒီ၏ ချွန်ထက်သော လက်သီးကတော့ ဓားဖြင့်ထိုးသကဲ့သို့ခံစားလိုက်ရသည်။

အဝါရောင်အဆီများ ပေါက်ကွဲထွက်သွားသည်။

သွေးနှင့်ရေများရောပြီး အဆီများကို ဖျန်းလိုက်သည်။

အိုး.....

ရှိုက်ကြီးတငင် ငိုကြွေးလိုက်ပြီး သားရဲကြီးသည် မြေပြင်ပေါ်သို့ လဲကျသွားသည်။

ဂိုဒီသည် အဝါရောင်လျှပ်စီးကြောင်း တစ်ခုလို ဖြစ်သွားပြီး သားရဲများကို ဖြတ်သွားသည်။

သားရဲများသည် ဘေးဘယ်ညာ လဲကျကုန်သည်။

သားရဲအားလုံးသည် ၎င်းတို့၏နှလုံးသား သို့မဟုတ် ဦးခေါင်းတွင် အပေါက်အပြဲများနှင့်ဖြစ်သွားကြသည်။

အဝေးမှ ဒေါသတကြီး အသံထွက်လာသည်။ ဂိုဒီ၏ လုပ်ရပ်များသည် အချို့ကို ဒေါသထွက်သွားစေသည်။

ဒိုင်း!!!

“မင်းတို့ နောက်ပြန်ဆုတ်... ငါ့ကို ထားခဲ့”

အသံဆုံးသွားသောအခါ ဂိုဒီသည် ၎င်း၏ပခုံးနာကျင်သွားသည်။နောက်အခိုက်အတန့်မှာတော့ မီတာဆယ်ဂဏန်းအထိ လွင့်သွားပြီး မြေပေါ်တွင်ချိုင့်ကြီးတစ်ခုဖြစ်သွားသည်။

အဝေးရှိ တောင်ကုန်းတစ်ခုပေါ်တွင် လေးမီတာမြင့်သော အတောင်ရှစ်ခုပါသည့် လူသားနှင့်တူသည့် သားရဲတစ်ကောင်သည် အဖြူရောင် ပတ်တီးများဖြင့် ပတ်ထားသည့် ဦးခေါင်းကို လေထဲတွင် မြှောက်ထားသည်။

“မင်းတို့ တခြား သားရဲတွေကို ထိန်းထား… အသန်ဆုံး နှစ်ကောင်ကို ငါ့အတွက်ထားလိုက်”

ဂိုဒီနှင့် ခြင်္သေ့ဖြူတို့သည် ကောင်းဖန်၏ အသန်မာဆုံး သားရဲအဖြစ် ထင်ရှားကြသည်။

ဘယ်ဘက်လက်ကို မြှောက်လိုက်သည်နှင့် ၎င်း၏လက်ဖဝါးတွင် အဖြူရောင်အလင်းတန်းတစ်ခု ပေါ်လာသည်။

ဝုန်း....

ဒီအချိန်မှာ ပြင်ဆင်ထားသည့် ခြင်္သေ့ဖြူက ဘယ်ဘက်ကို လှည့်သွာသည်။

အဖြူရောင်အလင်းက တိုက်ရိုက်ထိမှန်သွားသည်။

အလင်း၏အမြန်နှုန်းသည် ခြင်္သေ့ဖြူ၏တုံ့ပြန်မှုကန့်သတ်ချက်ထက် ကျော်လွန်သွားသည်။

ခြင်္သေ့ဖြူ၏နောက်ကျောသည်မီးလောင်သွားသည်။ လှပပြီး ရှည်လျားပြီး အဖြူရောင် အမွေးများ မီးလောင်ပျက်စီးကာ ကျောပြင်မှ အသားစများ စုတ်ပြဲသွားသည်။ အပူဒဏ်ကြောင့် ဒဏ်ရာ၏ အစွန်းများ စွန်းထင်းသွားသည်။

သူသည် မီးလောင်နေသော အနံ့ကို ရှူရှိုက်ရင်း မျက်နှာပျက်သွားသည်။

ငါ့ရဲ့ အလှဆုံး အဖြူရောင်သားမွေးတွေ ညစ်ပတ်သွားပြီ..

“ခြင်္သေ့ဖြူ... နောက်ပြန်ဆုတ်... ငါ တိုက်မယ်” ဂိုဒီ၏ ရူးသွပ်သော အသံသည် အနောက်မှ ထွက်ပေါ်လာသည်။

ခြင်္သေ့ဖြူ၏ အမူအရာ ပြောင်းသွားသည်။ ထို့နောက် ဘေးဘက်သို့ လျှောက်သွားသည်။

“ဒါဆို မင်းမြန်မြန်လုပ်ရင်ကောင်းမယ်... အရမ်းကြာရင် ငါ ထိန်းနိုင်မှာ မဟုတ်ဘူး...”

“စိတ်မပူပါနဲ့...”

ဂိုဒီက စိတ်ချလက်ချ ပြောလိုက်သည်။

“ငါ.. အဝါရောင်လျှပ်စီးကြောင်း နီကိုလပ်ဂိုဒီက...ဘယ်တုန်းကမှ အထိုးမခံရဖူးဘူး”

“အဝါရောင်လျှပ်စီးကြောင်းက ဘာလဲ….” ခြင်္သေ့ဖြူသည် ဆွံ့အသွားသည်။

“ဟာ” ဂိုဒီသည် ပြုံးပြလိုက်ပြီး ရှင်းပြရဖို့ပြင်လိုက်သည်။

ငါကဘာလို့လဲ… ဂိုဒီက ဘယ်သူ့ကိုမှ မရှင်းပြနိုင်ဘူး…

[သားရဲ အမည်] - သန့်စင်သောအတောင်ရှစ်ခုဖျက်ဆီးသူ (အသွင်ပြောင်း)

[သားရဲ အဆင့် ] - အဆင့် ၉၈ (နတ်ဘုရားတစ်ပိုင်း)

[သားရဲ စွမ်းရည်ဆင့်] - ဒဏ္ဍာရီလာ/ဒဏ္ဍာရီလာ

[သားရဲ အမျိုးအစား] - အလင်း

[သားရဲ စွမ်းအင်] - အလင်းဒြပ်စင်ထိန်းချုပ်မှု အဆင့် ၁၀၊ အလင်းအလျင် အဆင့် ၈

[အထူးသွင်ပြင်လက္ခဏာ] - ချေမှုန်းခြင်းအလင်း (သန်စင်သောအတောင်ရှစ်ခုဖျက်ဆီးသူ၏ အလင်းစွမ်းအားသည် ဆင့်ကဲပြောင်းလဲပြီး၊ ဖျက်ဆီးခြင်းအလင်းကို အသုံးပြုနိုင်သည်။)

အကျိုးသက်ရောက်မှု ၁ - အလင်းကို ချေမှုန်းခြင်းသည် ခန္ဓာကိုယ်ကို ပိုသေဆုံးစေနိုင်သည်။

အကျိုးသက်ရောက်မှု ၂ - ဖျက်ဆီးခြင်းအလင်းသည် အလွန်ပြင်းထန်သော ထိုးဖောက်ဝင်ရောက်နိုင်စွမ်းရှိသည်။

တွေ့ဆုံခြင်းအလင်း (အလင်းဒြပ်စင်တိုက်ခိုက်မှုကို ပြုလုပ်တိုင်း နောက်ထပ် အလင်းဒြပ်စင်တိုက်ခိုက်မှုကို ဖန်တီးပေးသည့် ဒြပ်စင်ဆူပွတ်ခြင်း ဖြစ်နိုင်ခြေ ရှိသည်။)

အကျိုးသက်ရောက်မှု ၁ - အလင်းဒြပ်စင်တိုက်ခိုက်မှုသည် ယခင်တိုက်ခိုက်မှုနှင့် တူညီသောနေရာတွင် ကျရောက်သည်။

[သားရဲ ဖော်ပြချက်] - သန့်စင်သောမျိုးနွယ်စု၏ အသွင်ပြောင်း မူကွဲဖြစ်သည်။ သာမာန်သန့်စင်သောမျိုးနွယ်စုအဖွဲ့ဝင်များသည် အတောင်ခြောက်ခုရှိသော်လည်း ၎င်းသည် ၎င်း၏မျိုးနွယ်စု၏အခြားသူများထက် စွမ်းအားကြီးမားသော အတောင်ရှစ်တောင်ရှိသော ထိပ်တန်း ဗီဇပြောင်းမျိုးကွဲတစ်မျိုးဖြစ်သည်။

“သေစမ်း” သန့်ရှင်းသော အတောင်ရှစ်ခု ဖျက်ဆီးသူသည် စကားလုံးတစ်လုံးတည်း ရေရွတ်လိုက်သည်။

ထို့နောက် ကောင်းကင်ကို ပွေ့ဖက်ထားသလိုမျိုး အတောင်ပံတွေဖြန့်လိုက်သည်။

၎င်း၏ အတောင်ရှစ်ခုကို အမြင့်ဆုံးအထိ လွှတ်ပေးလိုက်သည်။

ဝုန်း…ဝုန်း…ဝုန်း… ဝုန်း….

ထူထပ်သော အလင်းတိုင်များ အတောမသတ် ပြုတ်ကျလာသည်။

ဂိုဒီသည် ချက်ချင်းပင် နစ်မြုပ်သွားသည်။

လျှံနေသော အလင်းဒြပ်စင်များသည် ပတ်ဝန်းကျင် မြေဆီလွှာ အားလုံးကို အငွေ့ပျံသွားစေသည်။

အလင်းဒြပ်စင်များ အရှိန်အဟုန်ဖြင့် အရှိန်တက်လာပြီး နောက်ဆုံးတွင် အလင်းပတ်လမ်းကြောင်းတစ်ခု ဖြစ်ပေါ်လာသည်။

ဂိုဒီကို မည်သည့်နေရာမှ ရှာမတွေ့တော့ပေ။

နောက်တစ်စက္ကန့်တွင် အလင်းတိုင်မှ ပြင်းထန်သော သဏ္ဌန်တစ်ခု ထွက်ပေါ်လာသည်။

သန့်စင်သော အတောင်ရှစ်ခု ဖျက်ဆီးသူသည် ဂိုဒီ၏ ပြူးကျယ်သော မျက်လုံးများကို မြင်ရန် ခေါင်းကို မော့ထားလိုက်သည်။

၎င်း၏ ဘယ်ဘက်လက်ကို ဆွဲထုတ်လိုက်ရာ တစ်ဖက်စွန်းမှ တွန်းလှန်နိုင်သော စွမ်းအားတစ်ခု ထွက်ပေါ်လာသည်။ ၎င်း၏ လေးမီတာရှည်သော ခန္ဓာကိုယ်သည် ကြိုးတစ်ချောင်းမှ စွန်တစ်ကောင်နှင့်တူပြီး ဂိုဒီ၏ မျက်နှာဆီသို့ ညာဘက်သို့ ဆွဲဆန့်ထားသည်။

ဂိုဒီသည် ၎င်း၏ လက်သီးများကို ဆုပ်ကိုင်လိုက်ပြီး ၎င်းဆီသို့ ဦးတည်ပျံသန်းနေသော သန့်စင်သောအတောင်ရှစ်ခု ဖျက်ဆီးသူကို သံလက်သီးဖြင့် ပြင်းပြင်းထန်ထန် လွှဲရိုက်လိုက်သည်။

ဝုန်း…..

ရိုက်ခတ်သံသည် အရိုးများ ကွဲအက်ခြင်းနှင့် ရောထွေးကာ ဆိုးရွားလှသည်။

သန့်စင်သော အတောင်ရှစ်ခု ဖျက်ဆီးသူ၏ မျက်နှာသည် လျင်မြန်စွာ ပုံပျက်နေပြီး နောက်ဆုံးတွင် ပေါက်ကွဲသွားသည်။

၎င်းသည် ပစ်လွှတ်သော အမြောက်တစ်စင်းကဲ့သို့ ရောက်လာသည်ထက် ပိုပြင်းသော အရှိန်အဟုန်ဖြင့် အနောက်သို့ ပျံသန်းသွားသည်။

ဝုန်း….

ကျယ်လောင်သော လေသံနှင့်အတူ မြေပြင်သည် တုန်လှုပ်သွားသည်။ အမှုန်အမွှားတွေက မြေပြင်ကနေ မီတာတစ်ရာအထိ ပျံတက်သွားသည်။

မီးခိုးများ လွင့်စင်သွားပြီးနောက် အလွန်ကြီးမားသော ချိုင့်ကြီးတစ်ခုသည် ၎င်းပြုတ်ကျသွားသည့်နေရာတွင် ဖြစ်သွားသည်။

ပင့်ကူအိမ်ကဲ့သို့ အက်ကွဲကြောင်းများ ထူထပ်စွာ ဖုံးအုပ်ထားသလိုပင်။

သန့်စင်သော အတောင်ရှစ်ခု ဖျက်ဆီးသူသည် ကျိုးပဲ့နေသော အရုပ်ကဲ့သို့ အလယ်ဗဟိုတွင် လဲလျောင်းနေသည်။

ရင်ဘတ် နဖူးနဲ့ ပခုံးတွေမှာ စုတ်ပြဲဒဏ်ရာတွေနဲ့ ဖုံးလွှမ်းထားသည့် ဂိုဒီက ပြောလိုက်သည်။ “မဆိုးပါဘူး.. ငါ ဂိုဒီက မင်းကို အလင်းနတ်ဘုရားတစ်ပိုင်း ရဲ့ အပြင်းထန်ဆုံး ဖျက်ဆီးသူလို့ ခေါ်ပေးမယ်”

***

All Chapters