အခန်း (၇၅၇-၇၆၀)
Vol. 48 Ch. 757-760
အခန်း ၇၅၇ နတ်ဘုရားပစ္စည်း၏ အခြားတစ်ဝက်
ဂိုဒီ၏ ကိုယ်ခန္ဓာရဲ့ အစိတ်အပိုင်းတိုင်းရဲ့ ခုခံစွမ်းအားက ညီမျှသည့်အတွက် သူ့ရဲ့ ဦးခေါင်းနဲ့ ခြေလက်တွေရဲ့ ခုခံနိုင်စွမ်းသည် အတူတူပင်ဖြစ်သည်။ ဒါပေမယ့် ဂိုဒီ၏ ဦးခေါင်းကတော့ ဝိုင်းနေပြီး ဒဏ္ဍာရီလာ အစိတ်အပိုင်းကလည်း ဦးခေါင်းပဲဖြစ်သည်။ မီးလုံးကြီးတစ်လုံးကဲ့သို့ ပြောင်သောခေါင်းဝိုင်းသည် အင်အားကို ခံနိုင်ရည်မရှိသောကြောင့် ဂိုဒီ၏ခေါင်းပေါ်တွင် အမြီးကမကပ်နိုင်ပေ။
“ထိပ်ပြောင်တဲ့ ဦးခေါင်းကို ဒီရည်ရွယ်ချက်အတွက် သုံးလို့ရတယ်” တာ့ဇီ၏ မျက်လုံးများသည် ဂုဏ်ယူစွာဖြင့် တောက်ပနေသည်။
“ခရမ်းရောင်အရိပ်.. ဝိညာဉ်တွေ ကွဲနေတယ်” ဟု ကျိန်စာနတ်ဘုရားက အေးဆေးစွာပြောလိုက်သည်။ အမြီးလေးခုရှိပေမယ့် ဒီရွေ့လျားမှုလုပ်ဖို့ အမြီးသုံးချောင်းပဲ လိုသည်။ အပိုအမြီးတစ်ခုစီ၏ တိုက်ခိုက်မှုသည် သေဆုံးမှုကိုသာ တိုးစေမည်ဖြစ်သည်။
ရှည်လျားသော အမြီးလေးခုသည် မနှစ်မြို့ဖွယ် အော်ဟစ်သံကို ထုတ်လွှတ်ကာ ပြင်းထန်စွာ လှုပ်ခါနေပြီး ကောင်းကင်၌ ၎င်း၏ အရိပ်များ ကျန်ရစ်သွားသည်။ ဂိုဒီကလည်း ကျယ်လောင်စွာ အော်လိုက်သည် ။
ကျိန်စာနတ်ဘုရား၏ခြေလက်အင်္ဂါများကြား အူတိုင်အလယ်တွင် သေးငယ်သောအက်ကွဲမှုတစ်ခုရှိနေကာ အပြင်သို့ဆက်လက်ထွက်နေသည်။ သို့သော် ဂိုဒီ၏ စိတ်အားထက်သန်မှု တိုးလာခြင်းကြောင့် ဂိုဒီ၏ ဇွဲလုံ့လလည်း တိုးလာသည်။
ဂိုဒီသည် အော်ဟစ်လိုက်ပြီး သွေးကြောတွေ ကျယ်လာကာ ပွင့်ထွက်လာသည်။ သူ့ခြေထောက်တွေထဲကို ထိုးဖောက်နေတဲ့ အမြီးနှစ်ချောင်းကို ဖမ်းဖို့ သူ့လက်တွေက အောက်ကို ချထားလိုက်သည်။ သွေးများက မညှာမတာ စီးကျလာသည်။ ဂိုဒီ၏ လက်ဖဝါးသည် အမြီးရှည်ပေါ်ရှိ ချွန်ထက်သောဆူးများကြောင့် သွေးထွက်နေပြီဖြစ်သည်။
ဂိုဒီက ကောင်းကင်ကို မော့ကြည့်လိုက်သည်။ “ကြွစမ်း”
ကျိန်စာနတ်ဘုရားသည် နစ်မြုပ်သွားကာ ၎င်း၏ချွန်ထက်သောခြေထောက်ခြောက်ချောင်းသည် မြေကြီးထဲသို့ ထိုးဖောက်ဝင်ရောက်သွားပြီး မမြင်နိုင်သောလေထုသည် ပကတိမျက်စိဖြင့်မြင်နိုင်သည့် ဖုန်မှုန့်ကွင်းတစ်ခုကို ဖယ်ရှားလိုက်သည်။
အမြီးရှည်က တင်းကျပ်နေပြီး အမြီးနှစ်ချောင်းက ဂိုဒီ၏ လက်မောင်းကို ဝိုင်းထားသည်။ တစ်ချိန်တည်းမှာပင် ဂိုဒီသည် ၎င်း၏ခြေထောက်မှ အမြီးနှစ်ချောင်းကို ဆုပ်ကိုင်ထားသည်။ ကျန်အမြီးအရှည်သည် လေထဲတွင် အရူးအမူး တွန့်လိမ်နေချိန်တွင် မှောင်မိုက်နေသော ရဲတိုက်ထဲတွင် လေတိုက်သံများ တဆတ်ဆတ် တုန်ခါနေသည်။
ဒန်ဘီသည် ယင်စိတ်ဝိညာဉ်စိုးမိုးသူ ပုံစံသို့ပြောင်းလိုက်ပြီး လက်နှစ်ဖက်ကိုဆန့်ကာ ကောင်းကင်သို့တက်သွားသည်။ ဒန်ဘီ၏ ဦးခေါင်းထက်တွင် လှည့်ပတ်နေသော ဝိညာဉ်ဝဲကန်တော့သည် ခန်းမတစ်ခုလုံးကို မီးခိုးရောင်မှိန်သွားစေသည်။
အလင်းလျှပ်စီးကြောင်းများဖျပ်ဖျပ်တောက်ပြီး စိတ်ဝိညာဉ်လှိုင်းလုံးသည် ရဲတိုက်တစ်ခုလုံးကို ဖြတ်ကျော်သွားသည်။ ဂိုဒီ၏ ခန္ဓာကိုယ်ကို ဖြတ်သွားသော လှိုင်းလုံးများသည် ၎င်းကို မထိခိုက်စေဘဲ စိတ်ဝိညာဉ်လှိုင်းလုံးများက ကျိန်စာနတ်ဘုရား၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သောအခါတွင် လေးလံသောတူဖြင့် ၎င်း၏ဦးခေါင်းကို ပြင်းထန်စွာ ရိုက်ခတ်လိုက်သလိုပင်။
ကျိန်စာနတ်ဘုရားသည် အပြင်းအထန်ရုန်းကန်နေရသည်။ မူလက ဂိုဒီကို ၎င်း၏အမြီးဖြင့် ထောင်ချောက်ဆင်ချင်ခဲ့သော်လည်း ယခုအချိန်တွင် ၎င်းက ပိတ်မိနေလေသည်။ ကျိန်စာနတ်ဘုရားသည် ၎င်း၏နှာခေါင်း၊ နားနှင့် မျက်လုံးများမှ အစိမ်းရောင်သွေးများ ထွက်လာသည်။
တာ့ဇီသည် သူ၏ကိုယ်ထည်ကို ဘောလုံးတစ်ခုအဖြစ် ဖိသိပ်ထားပြီး ၎င်း၏ကိုယ်ထည်ကို အတောင် ၄၈ စုံဖြင့် ဖုံးအုပ်ထားသည်။ ကြီးကျယ်သောမိုးကြိုး တိုက်တန်ကင်းခြေများသည် အနှင့်သာရကင်းမဲ့သောနေရာကို အနှောင့်အယှက်ပေးထားသည်။
မိုးကြိုးတိုက်တန်ကင်းခြေများသည် ကမ္ဘာပေါ်တွင် ရန်အလိုဆုံးသော ဒြပ်စင်များထဲမှ တစ်ခုကို အသုံးပြုလိုက်သည်။ တာ့ဇီသည် ဒဏ္ဍာရီဆန်သော အရည်အသွေးကို နောက်ဆုံးတွင် ထုတ်ဖော်လိုက်သည်။
မှောင်မိုက်သော မိုးကြိုး တိုက်တန်ကင်းခြေများသည် ကောင်းကင်မှ ချွန်ထက်သော လှံတစ်စင်းအဖြစ်သို့ ပြောင်းလဲသွားသဖြင့် နဂါးများ၏ ဟိန်းဟောက်သံများ ရဲတိုက်တစ်ခုလုံး မြည်လာသည်။ နံရံတွင် သွေးနီရောင်အလင်းတန်းများက လင်းထိန်နေသည်။ လေးကြိမ်ဆက်တိုက် တာ့ဇီသည် ကျိန်စာနတ်ဘုရား၏ နောက်ကျောအခွံကို နှစ်ပိုင်းခွဲရန် အရှိန်မြှင့်လိုက်သည်။ မရေမတွက်နိုင်သော လှံများသည် ၎င်း၏အသားကို ထိုးဖောက်သွားသလိုပင်။ လျှပ်စီးလက်သွားသောအခါတွင် လေထဲတွင် လောင်ကျွမ်းနေသော ရနံ့တစ်ခု ထွက်ပေါ်လာသည်။
“ဒီလှုပ်ရှားမှုကို ကမ္ဘာတစ်ထောင်အလင်းကန်ချက်လို့ခေါ်တယ်” ဟု တာ့ဇီက မှုန်ဝါးဝါးပြောလိုက်သည်။
“ဒီတစ်ခါ မင်းရဲ့အဆင့်တွေ ဘာလို့ဒီလောက်တိုးလာတာလဲ” ကောင်းဖန်က တအံ့တသြ မေးလိုက်သည်။
တာ့ဇီသည် များသောအားဖြင့် နောက်တွင် ပုန်းအောင်းပြီး ရန်ပွဲများအတွင်း သတိရှိရှိဖြင့် ဖြတ်ကျော်ရန် ကြိုးစားတတ်သည်။ ယခုတော့ ဤတိုက်ခိုက်မှုသည် ကျိန်စာနတ်ဘုရားအတွက် ကြီးမားသော ထိခိုက်မှုဖြစ်သွားစေသည်။ ကောင်းဖန်သည် ၎င်း၏အခြေအနေသည် အတန်အသင့် ဒဏ်ရာရခြင်းမှ ပြင်းထန်စွာ ဒဏ်ရာရသွားသည်ကို မြင်တွေ့လိုက်ရသည်။
“ဒါက လျှို့ဝှက်ချက်လေ” တာ့ဇီက ဂုဏ်ယူစွာ ခေါင်းကို မော့လိုက်သည်။ “ဒီနေ့ကစပြီး ငါ လျှောက်မဖြုန်းတော့ဘူး”
ကျိန်စာနတ်ဘုရားသည် စွမ်းအားကြီးသော်လည်း ၎င်း၏ဦးခေါင်းကို ဂိုဒီက ရိုက်ခွဲလိုက်ပြီး တာ့ဇီ၏ လျှပ်စီးကြောင်းကြောင့် ၎င်း၏နောက်ကျောက ပူလောင်သွားသည်။ ခန္ဓာကိုယ်ပေါ်ရှိ အက်ကွဲကြောင်းများမှ မြင်နိုင်သော အဖြူရောင်အသားသည် ပူလောင်နေပြီး သွေးများပင် လုံးဝအငွေ့ပျံသွားသည်။
ကောင်းဖန်က ကျိန်စာနတ်ဘုရား အလောင်းကို စုဆောင်းလိုက်သည်။ “ဒီရဲတိုက်ရဲ့ သူဌေးတွေရဲ့ ပထမအဆင့်ကတောင် ကိုင်တွယ်ရ အရမ်းခက်ရင် နောက်ကွယ်မှာ ပိုကြီးတဲ့ နတ်ဆိုးတစ်ကောင် ရှိမှာလား”
“ရဲတိုက်ထဲမှာ အသူရာချောက်နတ်ဆိုးတွေ မရှိဘူး…” စက်ရုပ်ဘုရင်က ပြောလိုက်သည်။ “ကျိန်စာနတ်ဘုရားက ရဲတိုက်ရဲ့သခင်ပဲ”
“ကျိန်စာနတ်ဘုရားက တကယ်ပဲ ရဲတိုက်ရဲ့ သခင်လား” ကောင်းဖန် အံ့အားသင့်သွားသည်။ ဝင်ပေါက်နဲ့ အနီးဆုံး ခန်းမက ရဲတိုက်ရဲ့ သခင် နေထိုင်တဲ့ နေရာလား..နှစ်ဖက်စလုံးက စက်လှေကားတွေတက်တဲ့ အထပ်နှစ်ထပ်သုံးထပ်ကကော...ဘာလို့ အပေါ်ထပ်မှာ အခန်းတွေ ဒီလောက်များနေတာလဲ...
စက်ရုပ်ဘုရင်သည် လှေကားထစ်ကို ကြည့်ကာ ခေါင်းယမ်းလိုက်သည်။ “ကျိန်စာနတ်ဘုရားရဲ့အတွေးက ပုံမှန်မဟုတ်ဘူး.... သူက တစ်ခြား ဘယ်သူ့ကိုမှ ခေါင်းငုံပြီး လက်အောက်ခံအနေနဲ့ နေမှာမဟုတ်ဘူး... ဒီကျိန်စာနတ်ဘုရားက ရဲတိုက်မှာ နေတာကိုက ငါမျှော်လင့်ထားတာထက် ပိုနေပြီ... ပုံမှန်ဆိုရင် ကျိန်စာနတ်ဘုရားတွေက တောထဲမှာဘဲနေတာ”
“အပေါ်ထပ်က သူတွေက သူ့ကျွန်တွေပဲ ဖြစ်ရမယ်” စက်ရုပ်ဘုရင်သည် ချီတုံချတုံ ဖြစ်နေသည်။
ကောင်းဖန်သည် ပြောစရာ စကားမရှိတော့ပေ။ သခင်က ဧည့်ခန်းမှာနေပေမယ့် ကျွန်တွေက အခန်းထဲမှာ ရှိနေကြတာလား...ဤသည်မှာ ထူးဆန်းသော အတွေးဖြစ်စဉ်တစ်ခုဖြစ်သည်။
ပင်လယ်ဝတုတ်သည် စက်ရုပ်ဘုရင်ကို ငုံ့ကြည့်ပြီးနောက် ၎င်း၏အကြည့်ကို အမြန်ရုတ်သိမ်းလိုက်ပြီး ကောင်းဖန်ကို ၎င်းတို့၏ စာချုပ်မှ လျှို့ဝှက်ဆက်သွယ်လိုက်သည်။ “ကောင်းဖန်... အောက်မှာ နတ်ဘုရားပစ္စည်းတွေ ရှိတယ်... ငါတို့အောက်မှာ မြေအောက်ခန်းရှိတယ်”
ကောင်းဖန်က စက်ရုပ်ဘုရင်ဘက်ကို လှည့်ပြီး “မြေအောက်ခန်းကို သွားဖွင့်ရအောင်” ဟုပြောလိုက်သည်။
“ဟေး ဟေး ဟေး…” ပင်လယ်ဝတုတ်သည် ကောင်းဖန်ကို ၎င်းတို့၏ သွေးစာချုပ်မှတဆင့် ခေါ်လိုက်သည်။ “မင်း ရူးနေတာပဲ.. ဘာလို့ပြောတာလဲ.. တိုက်ရိုက်ယူလိုက်ရင် ပိုမကောင်းဘူးလား.. ကောင်းဖန်... ဒီကောင်က ရိုးရိုးရှင်းရှင်း မဟုတ်ဘူး.. ငါ့ရဲ့ အထွတ်အထိပ်ကာလမှာတောင် ငါက အဲဒါနဲ့ ပြိုင်ဘက် မဟုတ်ဘူး”
“မင်းရဲ့ အထွတ်အထိပ်ကာလမှာလည်း သူ့အထွတ်အထိပ်ကာလနဲ့ မယှဉ်နိုင်ပါဘူး” ဟု ကောင်းဖန်က စာချုပ်မှတစ်ဆင့် ပြောလိုက်သည်။
“အဲဒါ ဘယ်လိုဖြစ်နိုင်မလဲ... အနည်းဆုံးတော့ တန်းတူတိုက်ပွဲဖြစ်မှာပါ”
စက်ရုပ်ဘုရင်သည် ခေါင်းညိတ်ပြကာ အောက်သို့ငုံ့ကာ ၎င်း၏ညာလက်ကို ဖွင့်လိုက်သည်။ ထိုအခါ ရဲတိုက်ကြီး ရုတ်တရက် နစ်မြုပ်သွားသည်။ အလယ်ဗဟိုတွင် စက်ရုပ်ဘုရင်နှင့်အတူ အင်အားအချို့ကြောင့် အစိတ်အပိုင်းများသည် မရေတွက်နိုင်လောက်အောင် ဖြတ်တောက်ခံရသကဲ့သို့ ဧရိယာသည် သပ်ရပ်စွာ ပြိုပျက်သွားပြီး အုတ်ချပ်များသည် မမြင်နိုင်သော စွမ်းအားတစ်ခုဖြင့် လေထဲတွင် လွင့်မျောနေသည်။
စက်ရုပ်ဘုရင်သည် ၎င်း၏ညာလက်ကို ဝှေ့ယမ်းလိုက်သောအခါ အုတ်များအားလုံးသည် ပြာဖြစ်သွားသည်။ ခန်းမနှင့် အရွယ်အစားတူညီသော မြေအောက်ခန်းသည် လူတိုင်း၏မျက်စိရှေ့တွင် ပေါ်လာသည်။ အထဲမှာ အမှိုက်တွေ အများကြီး ရှိနေသည်။
“အဖိုးတန်သတ္တုတွေ အများကြီးရှိတယ်... ဘယ်တစ်ခုကို ငါပြန်ကောင်းဖို့ သုံးလို့ရမလဲ” စက်ရုပ်ဘုရင်က မေးလိုက်သည်။
“သူတို့အားလုံးက မင်းအပိုင်ပဲ” ကောင်းဖန်က ရက်ရက်ရောရော လက်ပြလိုက်သည်။ အမှန်မှာ ဤသတ္တုများသည် ကောင်းဖန်အတွက် အနည်းငယ်သာ အသုံးတည့်သည်။
အမှိုက်အများစုသည် သတ္တု အပိုင်းအစများသာ ဖြစ်သော်လည်း သတ္တုရိုင်းများအပြင် အဆင့်အတန်းကောင်းမွန်သော ပစ္စည်းများလည်း ရှိသေးသည်။
ပစ္စည်းအားလုံးကို ရှင်းပြီးသောအခါ မြေအောက်ခန်းထောင့်တွင် ပစ္စည်းတစ်ခုသာ ကျန်တော့သည်။ ဤအရာသည် ကောင်းဖန်၏ခရီးစဉ်အတွက် ရည်ရွယ်ချက်လည်းဖြစ်သည့် နတ်ဘုရားအမှောင်တွင်းနက်၏ အခြားတစ်ဝက်လည်းဖြစ်သည်။
ဤအပိုင်းအစသည် ပင်လယ်ဝတုတ်တွင် ရှိသော နတ်ဘုရားအမှောင်တွင်းနက်၏အပိုင်းအစနှင့် အတိအကျတူသည်။
***
သားရဲလေ့ကျင့်သူ
အခန်း ၇၅၈ ဧရာမ ပုဆိန်
နတ်ဘုရားပစ္စည်းနှစ်ခုကြားက တစ်ခုတည်းသော ခြားနားချက်မှာ ရေတွင်းနားရှိ သစ်ရွက်များ၏ လမ်းညွှန်ချက် ကွဲပြားနေခြင်းဖြစ်သည်။ တစ်ခုက ဘယ်ကို ညွှန်ပြီး တစ်ခုက ညာဘက်ကို ညွှန်ပြသည်။ နှစ်ပေါင်းများစွာ ခွဲခွာပြီးနောက် တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်ထားသလိုမျိုး တစ်ခုနှင့် တစ်ခု အတားအဆီးမရှိ ဆုံတွေ့ကြသည့် အခိုက်အတန့်မှာ နတ်ဘုရားများ၏တောက်ပသော ငွေရောင်အလင်းတန်းတွေ ဖြာထွက်နေသည်။
ကောင်းဖန်သည် မျက်လုံးများကို မှိတ်ထားသည်။ ငွေရောင်အလင်းတန်းများကြားတွင် နတ်ဘုရား အစိတ်အပိုင်းနှစ်ခု ပေါင်းစည်းသွားသည်။ ငွေရောင်အလင်းတန်းသည် ခန်းမတစ်ခုလုံးကို ငွေရောင်နှင့် အဖြူရောင်ကို ဖြစ်နေစေသည်။
ပင်လယ်ဝတုတ်သည် စက်ရုပ်ဘုရင်ကို လျှို့ဝှက်စွာ စောင့်ကြည့်နေပြီး ၎င်း၏နတ်ဘုရားပစ္စည်းများကို ခိုးယူသွားနိုင်မည်ကို စိုးရိမ်နေသော်လည်း စက်ရုပ်ဘုရင်သည် ငြိမ်သက်နေပြီး ဘေးမှသာ တိတ်တဆိတ် စောင့်ကြည့်နေသည်။
[နတ်ဘုရား ပစ္စည်းအမည်] - နတ်ဘုရားအမှောင်တွင်းနက်
[ပညတ်ချက်ပါဝင်မှု] - ရေစည်းမျည်း ၁၁.၄ ရာခိုင်နှုန်း၊ ယင်စည်းမျည်း ၁၀.၉ ရာခိုင်နှုန်း
ရေနှင့် ယင်ပညတ်ချက် နှစ်ခုလုံးသည် ဆယ်ရာခိုင်နှုန်းထက် ပိုများသည်။ ပင်လယ်ဝတုတ်သည် နတ်ဘုရားအမှောင်တွင်းနက်ကို ပွေ့ဖက်လိုက်ပြီး ၎င်း၏လျှာသည် ရေတွင်းဘေးရှိ သစ်ပင်ကို အငမ်းမရ လျှာဖြင့်လျက်သောအခါ ပုံဆောင်ခဲတံတွေးများ ထွက်လာသည်။ ကောင်းဖန်သည် ထိုမြင်ကွင်းကြောင့် ခေါင်းကိုက်လာသည်။ ဤငါးကြင်းကြီးသည် နတ်ဘုရားအမှောင်တွင်းနက်ကို ညစ်ညမ်းအောင်ပြုလုပ်လိုက်သောကြောင့် အခြားသူများက ရယူရန် ကြိုးစားတော့မည်မဟုတ်ပေ။
တကယ်တော့ ပင်လယ်ဝတုတ်၏ ဘေးမှာရပ်နေသည့် စက်ရုပ်ဘုရင်က နတ်ဘုရားအမှောင်တွင်းနက်ကို လုံးဝစိတ်မဝင်စားပေ။ အကယ်၍ ၎င်းတွင် သတ္တုအမျိုးအစား သို့မဟုတ် မြန်နှုန်း သို့မဟုတ် စွမ်းအားအမျိုးအစား ပညတ်ချက်ရှိရင်တော့ စက်ရုပ်ဘုရင်ကို ဆွဲဆောင်နိုင်သော်လည်း ရေနှင့် ယင်စည်းမျဉ်းများကတော့ စက်ရုပ်ဘုရင်အတွက် အသုံးမဝင်ပေ။ လိုက်ဖက်ညီသော အရည်အချင်းများနှင့် တစ်ခုတည်းသော အခြားသူကတော့ ခြင်္သေ့ဖြူဖြစ်သည်။ သို့သော် ခြင်္သေ့ဖြူသည် တစ်စုံတစ်ခုအတွက်ကြောင့် ဤအာဏာရှင်ငါးနှင့် တိုက်ခိုက်ဖို့ စိတ်ကူးမရှိချေ။
ပင်လယ်ဝတုတ်သည် ၎င်း၏ စည်းမျည်း စွမ်းအားကို နတ်ဘုရားအမှောင်တွင်းနက်၌ နှစ်ဆနီးပါး ခံစားလိုက်ရသည်။ သူ့ ရဲ့ အပြုံးက ကျယ်လွန်းလို့ နားရွက်၏ နောက်ဖက်ကိုပင် ရောက်သွားသည်။ ရွှေသွားတန်းများသည် လေထဲတွင် ပေါ်လွင်နေသည်။ သူသည် ချမ်းသာသော အိမ်ရှင်တစ်ယောက်နှင့်တူသည်။
ပင်လယ်ဝတုတ်သည် အဆက်မပြတ် ခေါင်းညိတ်နေသည်။ ကောင်းဖန်ပြောသမျှကိုလည်း ခေါင်းညိတ်နေသည်။
နတ်ဘုရားပစ္စည်းကို စိုက်ကြည့်နေစဉ် ပင်လယ်ဝတုတ်သည် ကြည်နူးနေသည်။ ဤနတ်ဘုရားပစ္စည်း၏ ပညတ် သိပ်သည်းဆသည် ၎င်း၏အထွတ်အထိပ်သို့ ရောက်ဖူးသည်ထက် ပိုများသည်။ စင်စစ်တွင် ၎င်းသည် သာမန်နတ်ဘုရားများ အားလုံးထက် သန်မာသည်။
“ကောင်းဖန်... ဒီနတ်ဘုရားပစ္စည်းနဲ့ သိပ်မကြာခင်မှာဘဲ ငါ နတ်ဘုရားသခင်အဆင့်ကို ဖြတ်တော့မှာသိလား” ပင်လယ်ဝတုတ်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
“ဘယ်လောက်ကြာမှာလဲ” ကောင်းဖန်က မေးခွန်းထုတ်လိုက်သည်။
ပင်လယ်ဝတုတ်သည် “လေးငါးနှစ်... ခုနစ်နှစ်... ရှစ်နှစ်... ကိုးနှစ်.. ဆယ်နှစ်” ဟု ယောင်ဝါးဝါးဖြင့် ပြောလိုက်သည်။
နတ်ဘုရားပစ္စည်းကို ရရှိခဲ့သည်မှာ အံ့သြစရာပင်။ အမှန်တကယ်တွင် ဤပြောင်းပြန်ကမ္ဘာဂြိုလ်သည် တကယ်ကို အံ့သြစရာကောင်းသည်။ စက်ရုပ်ဘုရင်၏ အဆိုအရ ပုံမှန်ကမ္ဘာတွင် မမြင်နိုင်ဘဲ ပြောင်းပြန်ကမ္ဘာတွင်သာ တွေ့ကြုံနိုင်သည့် သားရဲအချို့ရှိသည်ဟု ဆိုသည်။ အမှန်အားဖြင့် သားရဲများစွာအတွက်လည်း ပြောင်းပြန်ကမ္ဘာသည် ထူးခြားသည်။
သူတို့သည် နတ်ဘုရား၏ရုပ်ကြွင်းများ၊ ကျိန်စာနတ်ဘုရား၏အလောင်းနှင့် ပြီးပြည့်စုံသော နတ်ဘုရားပစ္စည်းအဖြစ် ပေါင်းစပ်ဖွဲ့စည်းထားသည့် နတ်ဘုရား၏ အပိုင်းအစများကို တွေ့ရှိခဲ့ကြသည်။ ဒါတွေအားလုံးက ကောင်းဖန်အတွက် အမြတ်တွေပင်။
မြေအောက်ထပ်မှ ထွက်လာပြီး ကောင်းဖန်သည် လှေကားထစ်ဆီသို့ လှမ်းကြည့်ရန် ခေါင်းမော့လိုက်သည်။ ထိုစဉ် တိတ်တိတ်ဆိတ်ဆိတ် ရုတ်ချည်း ပြုတ်ထွက်သွားသော ဦးခေါင်းနှစ်ခုသည် လှေကားထစ်ပေါ်မှ ခြေသံများ တဟုန်ထိုး ခုန်ထွက်လာသည်။
ဤသားရဲများသည် ခြေဗလာနှင့်ဖြစ်သည်။ သစ်သားကြမ်းပြင်ပေါ် ခြေဗလာနှင့် နင်းသည့်အသံမျိုးဖြစ်သည်။
“သွားကြရအောင်” ကောင်းဖန်သည် မော့ကြည့်လိုက်ပြီးနောက် ရဲတိုက်အပြင်ဘက်သို့ လှည့်လိုက်သည်။
သားရဲများအားလုံး နန်းတော်မှ ဆက်တိုက်ထွက်လာကြသည်။ ရဲတိုက်ထဲမှာ သားရဲများအားလုံး ထွက်သွားပြီးနောက် ခြင်္သေ့ဖြူသည် လှည့်ပြီး ပါးစပ်ကို အကျယ်ကြီး ဖွင့်လိုက်သည်။ မိုင်တစ်ထောင် နှင်းခဲ... ရှုပ်ပွနေသော အနှစ်သာရကင်းမဲ့သောနေရာ၌ ရေခဲအလုံပိတ် ရဲတိုက်တစ်ခုသာ ကျန်တော့သည်။
“ကောင်းပြီ.. လူမည်းကလေး.. မင်း ဆီလီရဲ့ သိုလှောင်ခန်းထဲက အလောင်းတွေ ပြိုကွဲသွားနိုင်မလားဆိုတာ ကြည့်လိုက်စမ်းပါ” ကောင်းဖန်က ရုတ်တရက် တစ်ခုခုကို တွေးမိသည်။ ဒီအလောင်းတွေကို သိုလှောင်ခန်းထဲမှာပဲ ဝှက်ထားရင်တော့ အမှိုက်ဖြစ်သွားလိမ့်မည်။
အရင်တုန်းကတော့ ဆီလီ၏သိုလှောင်ခန်းသည် ပြိုကွဲပျက်စီးဖို့ သေချာပေါက် အသုံးမချနိုင်ခဲ့ပေမယ့် ဆီလီ၏ အဆင့်မြင့်လာမှုနှင့်အတူ သိုလှောင်ခန်းသည် ချဲ့ထွင်ပြီး တိုးတက်လာခဲ့သည်။ ကြိုးစားရကျိုးနပ်ခဲ့သည်။
“အဆင်ပြေတယ်” မကြာခင်မှာပဲ လူမည်းကလေးက သတင်းကောင်းကို ကြေညာလိုက်သည်။
“ပြီးရင် ပါ့ရှယ်ရဲ့အကြွင်းအကျန်တွေနဲ့ ကျိန်စာနတ်ဘုရားရဲ့ အလောင်းကိုပါ ချေဖျက်လိုက် “ ကောင်းဖန်က တိတ်တဆိတ် အမိန့်ပေးလိုက်သည်။ စက်ရုပ်ဘုရင်အား လူမည်းကလေး၏တည်ရှိမှုကို ထုတ်ဖော်ပြောဆိုနိုင်ခြင်းမရှိသေးပေ။ ကောင်းဖန်က သူ့ကို လုံး၀ မယုံသေးပေ။
“ငါးရက်လောက်တော့ ကြာမယ်” ဟု လူမည်းလေးက ဆိုသည်။
“ကောင်းပြီ... ဆီလီရဲ့ သိုလှောင်ခန်းထဲမှာ ပြိုကွဲသွားတဲ့ အရာတွေကို ထားထားလိုက်”
“ကောင်းဖန်.. ငါတို့ ဒီပြောင်းပြန်ကမ္ဘာကြီးကို ဆက်လေ့လာမှာလား ဒါမှမဟုတ် ထွက်သွားမှာလား” တာ့ဇီက စိတ်ဝင်တစားမေးလိုက်သည်။ အမှန်အတိုင်းပြောရရင် ဒီပြောင်းပြန်ကမ္ဘာကြီးက တော်တော်ပျင်းစရာကောင်းသည်။ ၎င်းတွင် သားရဲအနည်းငယ်သာ ရှိသည်။ တခါတရံမှာ အကြာကြီးပျံသန်းပြီးနောက်မှာတောင် သားရဲတစ်ကောင်ကိုမှ မတွေ့မြင်နိုင်ပေ။ အာကသက မီးခိုးရောင်ဖြစ်ပြီး အရာအားလုံးကလည်း ငြီးငွေ့စရာကောင်းသည်။
“ငါတို့ လာခဲ့တဲ့လမ်းကို ပြန်ကြရအောင်” ဟု ကောင်းဖန်က ပြောလိုက်သည်။ “ပြောင်းပြန်ကမ္ဘာကြီးက ကြီးလွန်းတယ်.. ငါတို့ ဒီအတိုင်း လျှောက်သွားနေရင်တော့ အဆုံးရှိမှာမဟုတ်တော့ဘူး...” ကောင်းဖန်လည်း အိမ်ပြန်ချင်နေသည်။
ကောင်းဖန်နှင့် ကျန်တဲ့သူတွေက သူတို့လာရာလမ်းအတိုင်း ပြန်သွားကြလ်ိုက်သည်။ နာရီအနည်းငယ်ကြာအောင် ပျံသန်းပြီးနောက် အဝေးမှ လှိုင်းလုံးများကို မြင်တွေ့လိုက်ကြသည်။ ဒြပ်စင်များ တစ်ခုနှင့်တစ်ခု တိုက်မိသောအခါ လှိုင်းဂယက်များဖန်တီးရန် ဖြစ်ပေါ်လာသော စွမ်းအင်လှိုင်းတစ်ခုဖြစ်သည်။ အများအားဖြင့် ကမ္ဘာပေါ်ရှိ ဒြပ်စင်များသည် ပင်လယ်ထဲတွင် လှိုင်းလုံးများကဲ့သို့ စနစ်တကျ ရွေ့လျားနေကြသည်။ ဒီရေတက်လာပြီး ကျသွားပေမယ့် ဒီဒြပ်စင်တွေက တစ်ခုလုံးရဲ့ အစိတ်အပိုင်းတွေပင်။ သူတို့က ဒီရေနဲ့အတူ တက်သည် ကျသည်။
ကောင်းဖန်ကတော့ ဘာမှ မပြောလိုပေ။ သားရဲများအားလုံးက တစ်ယောက်ကို တစ်ယောက်ကြည့်ကာ စကားမပြောဘဲ နားလည်လိုက်ကြသည်။
…
မရေမတွက်နိုင်သော ကြယ်ဖြူအစက်အပြောက်များရှိသည့် ကြီးမားပြီး အပြာရောင် သမင်ချိုလေးခုရှိသော သမင်တစ်ကောင်သည် အံကြိတ်ကာ ပြောလိုက်သည်။ “ဒီနတ်ဘုရားပစ္စည်းက သူ့ကိုယ်ပိုင်အသိဉာဏ်ရှိတယ်... ငါ့ကို အချိန်ခဏပေး.. ငါကန့်သတ်လိုက်မယ်”
“ငါ အစွမ်းကုန် ကြိုးစားပါ့မယ်” ဟု ရွှေသားမွေးနှင့် နီရဲနေသော မျက်လုံးများဖြင့် လက်လေးဖက်မျောက်ဝံက ပြောလိုက်သည်။
“အကောင်းဆုံးမဟုတ်ဘူး... မင်းထိန်းထားနိုင်ရမယ်.. မင်းဒါကို ဖျက်ဆီးလိုက်ရင် မင်းသားက မင်းကိုလွှတ်ပေးမှာ မဟုတ်ဘူး” ဟု ဝတုတ်နေပြီး ကြက်ဟင်းခါးသီးနှင့်တူသည့် ဝမ်းဗိုက်ဝိုင်းနှင့် အသွင်ပြောင်းမျိုးနွယ်စုလူမှ တိုးညှင်းသော အသံဖြင့် ပြောလိုက်သည်။ “မမေ့နဲ့.. အရှင့်သားက မင်းရဲ့အသက်ကို ကယ်ခဲ့တာ...အဲဒီတုန်းက သူ့ကို ဘာကတိပေးခဲ့တာလဲ”
လက်လေးဖက်မျောက်ဝံသည် ၎င်း၏မျက်ခုံးကိုကျုံ့ထားသည်။ “ငါ ကတိပေးထားတာကို ငါသိတယ်..ဒါကြောင့် ငါသေချာပေါက်လုပ်မယ်”
ရက်စက်ကြမ်းကြုတ်သော ဧရာမ ကြေးနီပုဆိန်ကြီးသည် လေထဲတွင် ပျံဝဲနေသည်။ ကြက်သွေးရောင် ဆည်းဆာသည် ပုဆိန်မှ ထွက်လာသည်။ ဧရာမပုဆိန်ထိပ်မှာ စုပြုံနေသည့် အလင်းတန်းတွေက အသက်ဝင်တဲ့ ခြင်္သေ့ခေါင်းကို ဖြစ်ပေါ်စေသည်။ ခြင်္သေ့ခေါင်းသည် ပြင်းထန်သောအမူအရာကို ဖော်ပြထားပြီး ၎င်း၏လည်ဆံကို ဖြန့်ထားသည်။
ကျယ်လောင်သောဟိန်းဟောက်သံနှင့်အတူ ဧရာမပုဆိန်သည် ရူးသွပ်စွာခုတ်ထစ်လိုက်ပြီး မှုန်ဝါးသောပြောင်းပြန်ကမ္ဘာကြီးတွင် နီရဲနေသော အသွင်အပြင်ကို ဖန်တီးထားသည်။
လက်လေးဖက်မျောက်ဝံ၏ မျက်လုံးများမှ ရွှေရောင်အလင်းတန်းနှစ်ခု ထွက်ပေါ်လာသည်။ မျောက်ဝံသည် ရှေ့သို့ ခြေတစ်လှမ်းတိုးကာ အဆပေါင်း ရာနှင့်ချီ အရွယ်အစား ကြီးထွားလာပြီး ၎င်း၏ ကြွက်သားများ ကျယ်လာကာ ချက်ချင်းပင် ရှေးခေတ် နတ်ဆိုးမျောက်ဝံ ဖြစ်လာသည်။
အရှိန်ပြင်းပြင်းဖြင့် မျောက်ဝံကြီး၏ လက်နှစ်ဖက်ကို ချက်ခြင်းဖြတ်ပစ်လိုက်သည်။ အောက်က လက်မောင်းတွေကလည်း အရိုးတွေ ပေါ်နေသည်။ သွေးများအဆက်မပျက်ထွက်ကျလာသည်။ အရိုးဖြူများသည် မမှန်မကန် ဖြတ်တောက်ခံထားရသည်။ ဘေးနားက သမင်ချိုလေးခုကို အဆင်သင့်ပြင်ထားပြီး သမင်ချိုတွေက ငွေရောင်တောက်တောက် တောက်ပြောင်နေသည်။ ဧရာမပုဆိန်ဆီသို့ ဦးတည်နေသော အဋ္ဌဂံကြယ်စုဖြစ်သည်။
ပုဆိန်ကြီးသည် လှည့်ပတ်ကာ ကြယ်စုကို မညှာတာဘဲ ခုတ်လိုက်သည်။ ကြယ်စုကို အစိတ်စိတ်အမွှာမွှာ ဖြတ်တောက်လိုက်သောအခါ ကြယ်အလင်းတန်းများ ကျဆင်းလာသည်။ အလင်းတစ်ခုစီသည် ငွေဖြူကြိုးများဖြင့် အခြားအဆစ်များနှင့် ချိတ်ဆက်ထားသော အဆစ်တစ်ခုဖြစ်ပြီး နောက်ဆုံးတွင် အလယ်တွင် ပုဆိန်ကြီးကို ပိတ်ထားသော ပိုက်ကွန်တစ်ခု ဖြစ်လာသည်။
ဧရာမပုဆိန်ထိပ်ရှိ ခြင်္သေ့ကြီးသည် စိတ်ဆိုးသွားသည်။ ပုဆိန်ကို မမြင်နိုင်သော ဧရာမကြီးတစ်ခုက လွှဲခုတ်လိုက်တစ်ကဲ့သို့ ၎င်းကိုချုပ်ထားသည့် ပိုက်ကွန်ကို ပြင်းထန်စွာ ထိမှန်ပြီး မီးတောက်တစ်ခုစီ ထွက်ပေါ်လာသည်။
“ဒီဒေါသက…” ဂိုဒီသည် ဘေးမှကြည့်နေစဉ် လေးလေးနက်နက် တုန်လှုပ်သွားသည်။ ဤပုဆိန်၏အမည်သည် ရွှေဟူသော စကားလုံးဖြင့် အစပြုရမည်ဟု သူတွေးလိုက်သည်။
***
သားရဲလေ့ကျင့်သူ
အခန်း ၇၅၉ ဧရာမအကြမ်းဖက်ဖျက်ဆီးခြင်း ပုဆိန်
ဂိုဒီသည် ခြေဖဝါးပေါ်တွင် လက်နှစ်ဖက်ကို အဆက်မပြတ် ပွတ်တိုက်နေသည်။
အသားကြိတ်စက်နဲ့တူသည့် ပုဆိန်သည် သူ့ကိုယ်သူ ဖျက်ဆီးလုနီးပါး ဖြစ်သွားတာကို မြင်နိုင်သည်။ ၎င်းသည် လှည့်ပတ်နေလျှင် တစ်ကြိမ်.. နှစ်.. သုံးကြိမ်မြောက်တွင်.. ၎င်း၏လမ်းကြောင်းရှိ သားရဲများအားလုံး ကွဲကြေသွားမည် ဖြစ်သည်။
ဒီအတွေးကြောင့် ဂိုဒီတုန်လှုပ်ခြောက်ခြားသွားသည်။
နတ်ဘုရားပုဆိန်သည် ကြမ်းတမ်းသော်လည်း သခင်၏လက်တွင်းမှာမှ ၎င်း၏ခွန်အားကို ထုတ်လွှတ်နိုင်သည်။
သခင်မရှိသော နတ်ဘုရားပစ္စည်းသည် ၎င်း၏ စွမ်းအားပြည့်၏ ဆယ်ရာခိုင်နှုန်းသာ ထုတ်လွှတ်နိုင်သည်။
လှောင်အိမ်သည် ပိုမိုတင်းကျပ်လာသည်နှင့်အမျှ နတ်ဘုရားပုဆိန်သည် လှည့်ပတ်ရန် နေရာကျဉ်းလာသည်။ ၎င်း၏ဖြတ်တောက်မှု၏ စွမ်းအားမှာလည်း အားနည်းလာပြီး အားပျော့လာသည်။
ဧရာမပုဆိန်ကြီး အချုပ်အနှောင်ခံရလုနီးနီးဖြစ်နေသည်ကို တွေ့လိုက်ရသောအခါ ဘေးမှ ဂုဏ်သိက္ခာရှိသော အသံတစ်ခု ထွက်လာသည်။ “ရပ်လိုက်ပါ... နေ့ခင်းကြောင်တောင် ဒီပုဆိန်လေးကို ဘာလုပ်နေတာလဲ”
ထိုစကားကိုကြားပြီးနောက် အသွင်ပြောင်းမျိုးနွယ်စုများသည် လှည့်ကြည့်လိုက်ကြပြီး ပိတ်မိနေသော ပုဆိန်ပင် အေးခဲသွားသည်။
လူတိုင်း၏အကြည့်များအောက်တွင် မျက်လုံးကြီးကြီးနှင့် မျက်ခုံးမွှေးထူထူကြီးနှင့် ဘဲတစ်ကောင်သည် ဘယ်ဘက်မှ ပြေးဝင်လာသည်။
ဘဲသည် အရပ် ၁၄ ပေရှိပြီး ထွားသောအရပ်ရှိသည်။ သူသည် ငါးထပ်မျှော်စင်ကဲ့သို့ ထိုနေရာတွင် ရပ်နေသည်။
“မင်းတို့ဘာလုပ်နေတာလဲ” ဂိုဒီက အော်လိုက်သည်။ “မစ္စတာ ပုဆိန်ကို လွှတ်လိုက်ပါ”
ခေတ္တတိတ်ဆိတ်သွားပြီးနောက် ကြက်ဟင်းခါးသီးပုံသဏ္ဍာန်နှင့် အသွင်ပြောင်းလူသည် လှည့်ကြည့်လိုက်သည်။ “အဲဒါက ဘဲတစ်ကောင်လား အရူးလား”
ဂိုဒီ၏ နားများသည် အလွန်အကဲဆတ်သည်။ သူတို့ကို စိုက်ကြည့်လိုက်သည်။ “မင်းရဲ့ သောက်ပါးစပ်ကိုပိတ်လိုက်”
ဝတုတ်သည် စိတ်မပူပေ။ ၎င်းသည် ရယ်မောလိုက်ပြီး အကြိမ်ပေါင်း ထောင်နှင့်ချီ၍ ကြီးထားသည့် ပင်လယ်ရေကန်ကြီးကဲ့သို့ ကြီးမားသော သတ္တဝါကြီးတစ်ကောင်ကို ဆင့်ခေါ်လိုက်သည်။ “ငါ့သားရဲရဲ့ ကာကွယ်ရေးစွမ်းအင်—”အရှိန်အဟုန်သည် ရပ်တန့်သွားသည်။
တခဏအတွင်းမှာပင် ဧရာမသံပခြုပ်သည် ပျော့ဖတ်လေးဖြစ်သွားသည်။
ကြီးမားသော လက်သီးတစ်ချက်သည် အာကာသထဲသို့ ဖြတ်သွားသည်။ တုန်လှုပ်နေသောလေများကျန်ခဲ့ပြီး အဝါရောင် အလင်းတန်းများက ဝတုတ်၏ ဦးခေါင်းကို ဖြတ်သွားသည်။
ဝတုတ်၏ကိုယ်ခန္ဓာသည် ဗုံးများဖြင့် ကျဲလိုက်သကဲ့သို့ပင် ၎င်း၏ခန္ဓာကိုယ်အပေါ်ပိုင်းသည် သဲလွန်စမကျန်ခဲ့ပေ။ တစ်ဖက်က သမင်ချိုလေးခုနှင့် သားရဲ၏ အပေါ်ပိုင်းသည်လည်း တစ်ချိန်တည်းမှာပဲ ပေါက်ကွဲသွားသည်။
ဂိုဒီသည် အနောက်မှပေါ်လာသောအခါ ၎င်းသည် ပေ တစ်ထောင် အကွာတွင်ရှိပြီး ဂုဏ်ယူစရာကောင်းသော အထီးကျန် ပုံသဏ္ဌန် တစ်ခုသာ ကျန်တော့သည်။ ၎င်း၏ ညာလက်ရုံးသည် သွေးများဖြင့် ရွှဲနေပြီး ၎င်း၏ ညာလက်မောင်းသည် တွဲလောင်းဖြစ်နေသည်။
လေကငြိမ်နေပုံရသည်။
လက်လေးဖက်မျောက်ဝံသည် မျက်တောင်ခတ်လိုက်သည်။ ဝတုတ်နေသည့် အမျိုးသား၏ ညာဘက်တွင် ထိုင်နေသော နှုတ်ခမ်းမွေးနှင့် အမျိုးသားသည် သူ့တင်ပါးကို မကျေမနပ် တွန့်လိမ်နေသည်။ “စကားပြောရအောင်...”
“ငါ့ကို အဘိုး ဟွမ်းလို့ခေါ်”
“ကောင်းပါပြီ.. အဘိုးဟွမ်း…ကျေးဇူးပြုပြီး ကိုယ့်ကိုကိုယ် ထိန်းချုပ်ထားပေးပါ”
“မင်းက အရှင်လို့ပြောလိုက်တာလား...အဲဒါဘာလဲ” ဂိုဒီက အောက်ကိုငုံ့ကြည့်ရင်း အသံခပ်တိုးတိုးနဲ့ပြောလိုက်သည်။
“အိုး... ဒါကို မင်း မသိဘူးလား...ဒါပေမယ့် အရှင်က ငါတို့ရဲ့ စိတ်ဝိညာဉ် အေးချမ်းမှုနန်းတော်ရဲ့ အရှင်သခင်ပါ.. ငါတို့က သူ့ကို အရှင်သခင်လို့ ခေါ်လေ့ရှိပါတယ်”
“ငါက အရူးတစ်ယောက်လို့ မင်းထင်တာလား” ဂိုဒီက သူ့တို့ကို စိတ်မရှည်စွာ ပြောလိုက်သည်။
“လူကြီးမင်း.. ဒီပုဆိန်က အခုခင်ဗျားရဲ့ဟာပါ... ဒါကို တစ်ချိန်က တဟုန်းဟုန်းတောက်နေသော မီးလျှံခြင်္သေ့နတ်ဘုရားရဲ့ နတ်ဘုရားလက်နက်ပါ.. တဟုန်းဟုန်းတောက်နေတဲ့ မီးလျှံခြင်္သေ့နတ်ဘုရားက လွန်ခဲ့တဲ့ ဆယ်နှစ်ခန့်က ကျဆုံးသွားခဲ့ပါတယ်... ဒါကြောင့် အခု ဒီနတ်ဘုရားပစ္စည်းက လက်ရှိမှာ သခင်မရှိပါဘူး... “ နှုတ်ခမ်းမွေးနှင့် အမျိုးသားက ဂိုဒီကို မျက်နှာချိုသွေးလိုက်သည်။
“ဟမ်” ဂိုဒီက ညည်းညူရင်း ပုဆိန်ဆီသို့ လျှောက်သွားလိုက်သည်။
သမင်ချိုလေးခုသားရဲ သေပြီးနောက် နတ်ပုဆိန်ကို ဖမ်းမိသော ထောင်သည် ပျောက်ကွယ်သွားသည်။ အကြောင်းတစ်ခုခုကြောင့် နတ်ပုဆိန်သည် နေရာ၌ ကျန်ရစ်နေပြီး မပျံတက်သွားခဲ့ပေ။
“ငါက မင်းရဲ့သခင်အသစ်ပဲ” ဂိုဒီသည် ပုဆိန်ကို လှမ်းယူလိုက်သည်။
နတ်ပုဆိန်သည် မရုန်းကန်ဘဲ ဂိုဒီကို ထူထဲသော လက်ကိုင်အား ဆုပ်ကိုင်ခွင့်ပေးလိုက်သည်။ ဂိုဒီ၏ ဘယ်လက်သည် လက်ကိုင်ကို ကိုင်လိုက်သည့်အခိုက်တွင် နတ်ပုဆိန်မှ ပြင်းထန်သော မီးတောက်တစ်ခု ထွက်လာသည်။
ပေါက်ကွဲပြီး မီးတွေ ပြန့်သွားသည်။ လက်လေးဖက်မျောက်ဝံ၊ နှုတ်ခမ်းမွေးနဲ့အမျိုးသား၊ ဂိုဒီ အားလုံးကို လွှမ်းမိုးသွားသည်။
ခဏအကြာတွင် မီးတောက်မီးလျှံများကြားမှ လွတ်မြောက်သွားသော်လည်း မီးတောက်ပြီးချိန်တွင် မီးနှင့်ပြုလုပ်ထားသော လက်ကြီးတစ်ခုက ၎င်းကို ပြန်ဆွဲထုတ်လိုက်သည်။
ညကောင်းကင်ယံ၌ အော်ဟစ်သံများ ပဲ့တင်ထပ်သွားသည်။
“ဂိုဒီ… အဆင်ပြေလား” တာ့ဇီ စိတ်ပူသွားသည်။
“အဲဒါ ကောင်းတဲ့ကိစ္စပဲ” ပင်လယ်ဝတုတ်သည် မျက်လုံးများကို မှေးကျဉ်းထားလိုက်သည်။
မီးတောက်များသည် ဝဲများ ဖြစ်ပေါ်လာပြီး နောက်ဆုံးတွင် ဂိုဒီ၏လည်ပင်းကို ပတ်ထားသော ကြေးနီရောင်ဝတ်ရုံရှည် အဖြစ်သို့ ပြောင်းလဲသွားသည်။
လေထဲ၌ သဏ္ဌာန်တစ်ခုသည် ဦးခေါင်းကို မြင့်မြင့်ထားပြီး လက်တစ်ဖက်က ပုဆိန်ရှည်ကို ဇောက်ထိုးကိုင်ဆောင်ကာ နောက်မှ လေထဲတွင် ကြေးနီရောင်ဝတ်ရုံကြီးတစ်ခု ပျံသန်းနေသည်။
[နတ်ဘုရား ပစ္စည်းအမည်] - ဧရာမအကြမ်းဖက်ဖျက်ဆီးခြင်းပုဆိန်
[ပညတ်ချက်ပါဝင်မှု] - မီးလျှံစည်းမျည်း ၉.၇ ရာခိုင်နှုန်း၊ ဖျက်ဆီးခြင်းစည်းမျည်း ၂ ရာခိုင်နှုန်း
ပုဆိန်ကြီးသည် အစောပိုင်းက ၎င်း၏ ရက်စက်ကြမ်းကြုတ်မှုများကို သဲလွန်စမကျန် ဂိုဒီ၏ လက်ဖဝါးသို့ အပ်နှံလိုက်သည်။
“ဂိုဒီရဲ့ကိုယ်ရည်ကိုယ်သွေးကသာ ဒီနတ်ဘုရားပစ္စည်းကို ချုပ်ကိုင်ထားနိုင်မှာပါ” ဟု ကောင်းဖန်က ပြုံးလျက်ပြောလိုက်သည်။
ကောင်းဖန်၏ စကားကို ကြားလိုက်ရသောအခါ ကြမ်းတမ်းသော ဖျက်ဆီးခြင်းပုဆိန်ကြီးသည် အနည်းငယ် တုန်ခါသွားကာ ရှင်းလင်းသော လက်စွပ်ကို ထုတ်လွှတ်လိုက်သည်။
ဂိုဒီသည် နတ်ပုဆိန်တစ်ဖက်ကို ကန်ပစ်လိုက်သည်။ “ပါးစပ်ပိတ်ထား... ဒါက မင်းရဲ့အဘိုးသခင်ပဲ.. မင်းငါ့ကို အဖိုးသခင်လို့ခေါ်တာ ကြားချင်တယ်”
နတ်ပုဆိန်သည် တိတ်ဆိတ်နေသည်။
မီးငြှိမ်းသတ်ပြီးနောက် ကျန်ရှိသော သားရဲများနှင့် အသွင်ပြောင်းမျိုးနွယ်စုများအားလုံး မီးလောင်ပြာကျသွားသည်။
“ကောင်းဖန်... ငါ့လက်နက်အသစ်ကို ကြည့်..မမိုက်ဘူးလား” ဂိုဒီသည် အရုပ်အသစ်ရသည့် ကလေးကဲ့သို့ ကောင်းဖန်အား ၎င်း၏လက်နက်အသစ်ကို ပြသနေသည်။
“မိုက်တယ်နော်” ကောင်းဖန်က ပြုံးလိုက်သည်။
သူတို့သည် ဤနေရာမှ ထွက်ခွာပြီး အပြင်လောကသို့ ပြန်လာခဲ့ကြသည်။ ကောင်းဖန်သည် နတ်ဘုရားများကျဆုံးနယ်မြေကို ဆက်လက်ရှာဖွေခဲ့သော်လည်း အခြားမည်သည့်အရာကိုမျှ ရှာမတွေ့တော့ပေ။
ထိုနေရာကို တခြားသူတွေက စူးစမ်းထားသလို ရှင်းလင်းနေသည်။
ပြောင်းပြန်ကမ္ဘာသည် ကောင်းဖန်၏ အကြီးမားဆုံး ရလဒ်များဖြစ်သည်။ သူသည် ပုံမှန်ကမ္ဘာမှ ပါ့ရှယ်၏အကြွင်းအကျန်များကိုလည်း သူရှာတွေ့ခဲ့သည်။
နတ်ဆိုးပင့်ကူတွေကို အမဲလိုက်သည့် သားရဲလေ့ကျင့်သူသည် ကောင်းဖန်ကို တွေ့ရှိပြီးနောက် ဒုတိယမင်းသားဆီက သတင်းစကား ပေးပို့လိုက်သည်။
ကောင်းဖန်ကို တိုက်ခိုက်ခဲ့သူများသည် အမှန်တကယ်ပင် ဒုတိယမင်းသား၏ လက်အောက်ခံများဖြစ်သော်လည်း ကောင်းဖန်ကို သတ်ရန် အမိန့်ပေးခဲ့သူကတော့ သူမဟုတ်ပေ။ ဒုတိယမင်းသားသည် စုံစမ်းစစ်ဆေးပြီးနောက် သစ္စာဖောက်၏ အထောက်အထားကို တွေ့ရှိခဲ့သည်။ ဒါက ကောင်းဖန်အတွက် သူ့သတင်းစကားပင်။
ကောင်းဖန်ကတော့ ယုံသည်၊ မယုံသည်ကို မဖော်ပြဘဲ ခေါင်းညိတ်ကာ နားလည်သည်ဟုသာ ပြောလိုက်သည်။
ထို့နောက် အက်ကွဲကြောင်းမှထွက်ပြီး မြောက်ကန္တာရသို့ ပြန်သွားလိုက်ကြသည်။ သဲထဲတွင် တပ်ဆင်ထားသည့် မရေမတွက်နိုင်သော ဧရာမဓားရှည်များကို ကြည့်လိုက်ပြီး ကောင်းဖန်သည် ထိုနေရာတွင် အခြားအရာတစ်ခု ရှိသင့်သည်ဟု ခံစားမိသော်လည်း ကြွက်ကို ခေါ်လိုက်သည့်တိုင် ဘာမှ မတွေ့ပေ။
“သွားကြရအောင်” ကောင်းဖန်မှာ နောင်တရစရာ မရှိပေ။ ဒီခရီးစဉ်ကနေ လုံလောက်တဲ့ အမြတ်အစွန်း ရပြီးသားဖြစ်သည်။
နတ်ဘုရားပစ္စည်းနှစ်ခုအပြင် ရုပ်အလောင်းများ ပြိုကွဲသွားသည်နှင့်အမျှ တန်ဖိုးရှိလာမည်ဖြစ်သည်။ အကယ်၍ သူသည် နဂါးသဏ္ဍာန်ကျောက်မျက်ရတနာများကို ထုတ်ယူနိုင်လျှင်တော့ ပိုကောင်းမည်ဖြစ်သည်။
နတ်ဘုရားပုဆိန်နှင့်ပတ်သက်ပြီး တိုက်ခိုက်နေကြသူများမှာ မည်သူဖြစ်သည်ကိုတော့ မသေချာပေ။ သူတို့သည် ၎င်းတို့၏ စစ်သူကြီးအား “အရှင်” ဟု ခေါ်ဆိုကြပြီး ဆိုလိုသည်မှာ သူသည် နိုင်ငံတစ်ခု၏ ထီးနန်းအတွက် ကိုယ်စားလှယ်လောင်းတစ်ဦးဖြစ်နိုင်လိမ့်မည်။
လူအနည်းငယ်ကသာ “အရှင်” ဟု ရည်ညွှန်းနိုင်သည်။ ထို့ကြောင့် ကောင်းဖန်သည် ဒုတိယမင်းသားကို သံသယရှိနေခြင်း ဖြစ်သည်။
သို့သော် သေချာစဉ်းစားပြီးနောက် ကောင်းဖန်သည် သူလုပ်တာမဟုတ်ဟု ကောက်ချက်ချမိလိုက်ပြန်သည်။ ကောင်းဖန်က သူ့ကျင့်ဝတ်ကို ယုံကြည်တာမျိုးတော့ မဟုတ်ပေ။ သို့သော် ဒုတိယမင်းသားက သူ့အား ရတနာမြေပုံပေးပြီးပြီးချင်း ရတနာကိုယူရန် လူများကို ချက်ချင်းစေလွတ်လိုက်သည့် မိုက်မဲမှုများကို လုပ်မည်မဟုတ်ပေ။
အဲဒီလူက လေးနက်တဲ့ အတွေးတွေ ရှိသည်။ ကောင်းဖန်ကိုသတ်ချင်ရင်တောင် ဒီလောက်ရိုင်းစိုင်းတဲ့ လုပ်ရပ်မျိုး လုပ်မှာမဟုတ်ပေ။
သွေးစွန်းနေသည့် သဲကန္တာရမှ ထွက်ခွာလာပြီးနောက် သဲသောင်ခုံများနှင့် အဝေးသို့ ရောက်လာကြသည်။
ကောင်းဖန်သည် သူ့ခြေလှမ်းများကို ရပ်လိုက်သဖြင့် သားရဲများအားလုံးလည်း ခေတ္တရပ်သွားသည်။
ကောင်းဖန်၏နှုတ်ခမ်းထောင့်တွင်အပြုံးတစ်ခုပေါ်လာသည်။ “ကိုယ့်ကိုယ်ကို ဖော်ပြပါ”
ခဏအကြာတွင် အဝေးမှ လေပြင်းတိုက်ပြီး သဲခုံပေါ်မှ သဲများကို မှုတ်ထုတ်လိုက်သည်။ သဲသောင်ခုံများအားလုံးသည် ရေတံခွန်များကဲ့သို့ သဲများစီးကျလာသဖြင့် အဆက်မပြတ်မြင့်တက်လာသည်။ ကြက်သွေးရောင်မျက်လုံးများသည် သဲပြင်များကြားတွင် မှိတ်တုတ်မှိတ်တုတ်ဖြစ်နေသည်။
ကောင်းဖန်၏လည်ပင်းကို ဆီလီက ပွေ့ဖက်လိုက်သည်။ “ကောင်းဖန်... ဒါဘာတွေလဲ”
ကောင်းဖန်က “ခြောက်သွေ့မှုတစ်ရာ” ဆိုသည့် စကားနှစ်လုံးကို ပြောလိုက်သည်။
***
သားရဲလေ့ကျင့်သူ
အခန်း ၇၆၀ အထူးသွင်ပြင်လက္ခဏာအသစ်
မြည်သံများနှင့်အတူ သဲရေတံခွန်များသည် မြေပြင်ပေါ်တွင် သဲခုံများအဖြစ် စုပုံလာသည်။
“မင်းရလာတာတွေကို ငါတို့ကိုပေးရင် မင်းအသက်ကိုချမ်းသာပေးမယ်” စိတ်လှုပ်ရှားမှုမရှိဘဲ အနီးစပ်ဆုံး ခြောက်သွေ့မှုတစ်ရာက ပြောလိုက်သည်။
“ဘယ်လို...စိတ်ဒုက္ခလဲ” ကောင်းဖန်မျက်မှောင်ကြုတ်လိုက်သည်။ ဤသည်မှာ ခြောက်သွေ့မှုတစ်ရာ၏နယ်မြေဖြစ်သောကြောင့် သူအကြာကြီးမနေနိုင်ပေ။
ခြောက်သွေ့မှု တစ်ရာ နှစ်ဆယ်သည် သူတို့ကို အရပ်ရပ်မှ ဝိုင်းရံထားသည်။ တားမြစ်ချက်အချို့ကြောင့် သူတို့သည် အနီရောင် သဲကန္တာရထဲသို့ မဝင်ကြပုံရသည်။
“ဒါက ငါ့လက်ထဲမှာပဲလေ မင်းလိုချင်ရင် ဒီမှာ ယူလိုက်” ဂိုဒီသည် ၎င်း၏ပုဆိန်ကြီးကို သဲထဲသို့ ထိုးသွင်းပြီး ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ကာ ဟိတ်ဟန်နှင့်ပြောလိုက်သည်။
ဂိုဒီသည် ပြောင်မြောက်သောအသွင်အပြင်ရှိသော်လည်း ဤ ခြောက်သွေ့မှုတစ်ရာသည် မကြောက်ပေ။
အဲဒီအစား ခြောက်သွေ့မှုတစ်ရာ ခုနစ်ခုက ရှေ့ကို တိုးလာသည်။
မနှောင့်နှေးဘဲ ဂိုဒီက အော်ဟစ်ပြီး သူ့လက်ထဲက နတ်ပုဆိန်ကို ကိုင်လိုက်သည်။
နတ်ပုဆိန်၏ ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရားစွမ်းအားသည် လေထဲတွင် ဖြာထွက်နေသည်။ အလင်းကွင်းအလွှာများသည် အလွှာလိုက် အပြင်ဘက်သို့ ပျံ့နှံ့သွားသည်။
မီးလျှံများသည် ဂိုဒီကို ဖုံးလွှမ်းသွားသည်။ ဤအခိုက်အတန့်တွင် ဂိုဒီသည် မီးထဲမှ ထွက်ခွာသွားသော စစ်သည်တော် နတ်ဘုရားနှင့်တူနေသည်။
ပုဆိန်ဖြင့်ပြုလုပ်ထားသော အရိပ်များပေါ်တွင် ကြောက်မက်ဖွယ်ရာ မီးတောက်များ ဖြာကျနေသည်။
ခြောက်သွေ့မှုတစ်ရာ၏ခြယ်လှယ်မှုအောက်တွင် သဲကန္တာရထဲမှ သဲများထလာပြီး အတားအဆီးများ ဖြစ်ပေါ်လာသည်။ သတ္တဝါ ခုနစ်ကောင်သည် တစ်ချိန်တည်းတွင် အတားအဆီး ၂၀ ဖွဲ့စည်းထားပြီး တစ်ချိန်တည်းတွင် ထွက်ခွာမသွားသေးသည့် ကျန် ၁၃ ခုက တိုက်ခိုက်နေကြသည်။
ကန္တာရအတားအဆီးများသည် ဥခွံတစ်ဝက်ကဲ့သို့ ဂိုဒီအပေါ် ပိတ်ထားသည်။ နတ်ပုဆိန်က အခွံကိုခုတ်ထစ်ပြီး လျှပ်တပြက် ထွက်လာသည်။
သဲကန္တာရ အတားအဆီးအားလုံး တုန်လှုပ်သွားသည်။ နတ်ပုဆိန်သည် အလွှာ ၁၆ လွှာ ကွဲသွားသော်လည်း လေးလွှာ ကျန်ခဲ့သည်။ သို့သော် မှိတ်တုတ်မှိတ်တုတ်ဖြင့် အလွှာ ၁၆ လွှာ အားလုံးကို ပြုပြင်ပြောင်းလဲလိုက်သည်။
ပြင်းပြင်းထန်ထန် ပေါက်ကွဲသံနှင့်အတူ ဂိုဒီ၏နောက်တွင် တောက်ပသော အပြာရောင်အလင်းတန်းတစ်ခု ပေါက်ကွဲသွားပြီး သဲကန္တာရတစ်ခုလုံးကို အေးစိမ့်စိမ့်တိုက်ခတ်သွားသည်။
ကွဲအက်သံများနှင့်အတူ သဲကန္တာရ ဧရိယာကြီးသည် အေးခဲသွားသည်။ တစ်ချိန်တည်းမှာပင် မီးတောက်လောင်နေသော နတ်ပုဆိန်သည် အတားအဆီး ၂၀ ကိုဖြတ်ကာ အနီးကပ်ဆုံး ခြောက်သွေ့မှုတစ်ရာ ခုနစ်ကောင်ကို ရည်ရွယ်သည့် အနီရောင် မျဉ်းကွေးတစ်ခုကို ဖန်တီးလိုက်သည်။
နေရာအနှံ့ သွေးများပက်ဖျန်သွားသည်။ ခြောက်သွေ့မှုတစ်ရာခုနှစ်ကောင်လုံး ချက်ချင်းပင် ဒဏ်ရာပြင်းထန်စွာရကာ သဲကန္တာရထဲသို့ ထွက်ပြေးပြီး ပြန်မလာနိုင်ကြတော့ပေ။
“ဒီသားရဲတွေလောက်ကိုတော့ ကိုယ်ကျင့်တရားနဲ့ တရားမျှတမှုကို ပြောနေဖို့ မလိုတော့ပါဘူး.. ငါ့နောက်ကို လိုက်ကြ” ဂိုဒီသည် ပုခုံးပေါ်တွင် ပုဆိန်ကိုတင်ရင်း ဖြောင့်မတ်စွာ ပြောလိုက်သည်။
တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ကျန်ရှိသော ခြောက်သွေ့မှုတစ်ရာတို့သည် နောက်ပြန်ဆုတ်သွားကာ သူတို့နိုးလာချိန်တွင် ရှင်းလင်းသော ဧရိယာကျယ်ကြီးပဲ ရှိတော့သည်။
“သူတို့က အလျှော့ပေးလိုက်ပြီး... ငါတို့ကို ထွက်သွားခွင့်ပေးလိုက်ပြီ” ဟု စက်ရုပ်ဘုရင်က ပြောလိုက်သည်။
ကောင်းဖန်သည် သဲကန္တာရ၏ အနက်ရှိုင်းတွင် ဝှက်ထားသော ရတနာများ ရှိမရှိကို မသိပေ။ အကယ်၍ ဤခြောက်သွေ့မှု တစ်ရာများသာ အရှုံးပေးလိုက်ပြီ ဆိုပါက ကောင်းဖန်သည် ၎င်းတို့နောက်သို့ လိုက်တော့မည်မဟုတ်ပေ။ သူသည် သားရဲများကို မြောက်ပိုင်းကန္တာရမှ ထွက်ခွာရန် အချက်ပြလိုက်သည်။
ဂိုဒီ၏တိုက်ခိုက်မှုသည် ခြောက်သွေ့မှုတစ်ရာတို့ကို ပြင်းထန်စွာ ထိတ်လန့်စေခဲ့သည်။
ဒဏ္ဍာရီလာ အဆင့်ရှိသော နတ်ဘုရားတစ်ပိုင်း၏ ခွန်အားတစ်ခုအပြင် နတ်ဘုရားပစ္စည်းလက်နက်အမျိုးအစားပါရှိသောကြောင့် အထူးအမျိုးအစားနှင့် အဆင့်မြင့်ဝိသေသလက္ခဏာများ မရှိသော နတ်ဘုရားတစ်ပိုင်းသည် ဂိုဒီကို ရင်ဆိုင်သောအခါတွင် ကြေမွသွားမည်ဖြစ်သည်။
“သခင်... ဒီအလောင်းနှစ်လောင်း ပြိုကွဲသွားပြီ” လူမည်းကလေး၏ အသံသည် ထိန်းမနိုင်သိမ်းမရ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နေသည်။
ကောင်းဖန်၏ အမူအရာ ပြောင်းသွားသည်။ ကောင်းတဲ့အရာတစ်ခုခုကို ပြိုကွဲစေလိုက်သလား..
အများအားဖြင့် လူမည်းကလေးဆီမှ ကောင်းမွန်သောအရာတစ်ခုကို ပြိုကွဲသွားသောအခါတွင်သာ ဤအသံကို ကြားရလေ့ရှိသည်။
လူမည်းကလေးသည် သူ့အနောက်မှ အပြာရောင်ပယင်းကို ထုတ်ယူလိုက်သည်။ ပယင်းထဲတွင် ခိုင်မာသော အပြာရောင် ဆူးချွန် တစ်ခုရှိသည်။
[ပစ္စည်းအမည်] - နတ်ဆိုးဆူးမုန်တိုင်းအူတိုင်
[ပစ္စည်း သက်ရောက်မှု] - သားရဲတစ်ကောင်က ၎င်းကိုစားပြီးနောက် ၎င်းသည် အထူးဝိသေသအသစ်ဖြစ်သည့် နတ်ဆိုးဆူးမုန်တိုင်းကို ရရှိရန် အခွင့်အလမ်းရှိနိုင်သည်။
နတ်ဆိုးဆူးမုန်တိုင်းအူတိုင်... ကောင်းဖန်သည် ဖြူကောင်ကဲ့သို့ အချွန်အတက်များဖြင့် ပြည့်နေသော ကျိန်စာနတ်ဘုရားကို ပြန်သတိရမိလိုက်သည်။ ကင်းမြီးကောက်ကဲ့သို့ အမြီးငါးခုလည်း ပါရှိသည်။
ဤလက္ခဏာသည် ပြင်းထန်သော အကျိုးသက်ရောက်မှုကို ဖြစ်ပေါ်စေနိုင်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် တိုက်ခိုက်မှုနှင့် ခုခံကာကွယ်မှု နောက်ထပ်နည်းလမ်းနှစ်ခုရှိခြင်းနှင့် ညီမျှနေသောကြောင့် ဖြစ်သည်။ နတ်ဆိုးဆူးမုန်တိုင်းသည် ပြိုင်ဘက်၏ခန္ဓာကိုယ်ကို ထိုးဖောက်ဝင်ရောက်သောအခါ ၎င်းသည် ယာယီချုပ်နှောင်မှုအကျိုးသက်ရောက်မှုရှိသည်။
သုံးစွဲသူ၏ အသွင်အပြင်က သိသိသာသာ ပြောင်းလဲသွားသည့်အတွက် အားနည်းချက်တွေလည်း ပါရှိနိုင်သည်။
“နောက်ထပ်ရှိသေးတယ်” လူမည်းကလေးသည် နတ်ဆိုးဆူးမုန်တိုင်းအူတိုင်ကို ဘေးဖယ်ထားပြီးနောက် နောက်ထပ် ပုံစံတူ ကျောက်မျက်ရတနာတစ်ခုကို ထုတ်ယူလိုက်ပြန်သည်။
[ပစ္စည်းအမည်] - အနတ္တမျက်လုံး
[ပစ္စည်း သက်ရောက်မှု] - သားရဲတစ်ကောင်သည် ၎င်းကိုစားပြီးနောက်တွင် အထူးဝိသေသအသစ်ဖြစ်သည့် အနတ္တမျက်လုံးကို ရရှိရန် အခွင့်အရေးရှိသည်။ (အနတ္တမျက်လုံးသက်ရောက်မှုသည် တိုက်ပွဲအတွင်း ပြိုင်ဘက်၏တိုက်ခိုက်မှုကို ခန့်မှန်းနိုင်ခြေရှိသည်။)
စက်ရုပ်ဘုရင်သည် လှည့်ကြည့်ကာ ကောင်းဖန်၏ အသက်ရှုသံ မြန်လာသည်ကို ခံစားလိုက်ရသည်။
ကောင်းဖန်က လှည့်ပြီး ပြောလိုက်သည်။ “ငါတို့ အိမ်ရောက်ခါနီးပြီ.. ငါနည်းနည်းစိတ်လှုပ်ရှားနေလို့ပါ..”
စက်ရုပ်ဘုရင်က ခေါင်းညိတ်ပြပြီး သူ့အကြည့်ကို ရုပ်သိမ်းလိုက်သည်။
အနတ္တမျက်လုံးသည် တကယ့် သခင်အဆင့် စွမ်းအင်တစ်ခုဖြစ်သည်။ သာမာန်သားရဲလေ့ကျင့်သူများအတွက် အထူးဝိသေသလက္ခဏာများသည် ရိုးရှင်းသောသွင်ပြင်လက္ခဏာများဖြစ်နိုင်သောကြောင့် မည်သည့်အရာမဆို ကောင်းမွန်သည်။ သို့သော် ကောင်းဖန်အတွက်တော့ အထူးဝိသေသလက္ခဏာများမှာလည်း အဆင့်များရှိသည်။
သားရဲတစ်ကောင်၏ တိုက်ခိုက်ရေးစွမ်းရည်တွင် လက္ခဏာများအားလုံးက ထပ်တူထပ်မျှမကျပေ။ အချို့က သားရဲ၏ ခွန်အားကို များစွာမြှင့်တင်ပေးသည်။ အချို့က နည်းသည်။ မတူညီသော အထူးဝိသေသလက္ခဏာများ ပေါင်းစပ်နိုင်သည်။ ၎င်းတို့သည် ကြောက်စရာကောင်းသော အကျိုးသက်ရောက်မှုကိုပင် ရရှိနိုင်သည်။
ဥပမာအားဖြင့် အချို့သော သားရဲတစ်ကောင်၏ ပထမဆုံး ထူးခြားချက်မှာ သွေးချောင်းစီးလူသတ်မှုပြန်လည်မွေးဖွားခြင်း ဖြစ်ပါက ၎င်းသေဆုံးပြီး ပြန်လည်ရှင်သန်လာတိုင်း ၎င်းသည် သားရဲ၏လက်ရှိအရည်အသွေးအားလုံးကို အမြဲတမ်း နှစ်ဆတိုးစေမှာဖြစ်သည်။
ဤစွမ်းအင်သည် အလွန်တော့ အသုံးမကျပေ။ သို့သော် ပြန်လည်အားကောင်းခြင်းအမျိုးအစား စွမ်းအင်များသည် အလွန်ရှားပါးသောကြောင့် ဤစွမ်းရည်ကို တစ်သက်တွင် တစ်ကြိမ်မျှပင် အစမပျိုးနိုင်ရင်တောင် ဤသားရဲ၏ ဒုတိယထူးခြားသောလက္ခဏာမှာ သန့်စင်သော အသရေဖြစ်လာနိုင်ပြီး ၎င်းသေဆုံးပြီး တစ်လအတွင်း အကျိုးသက်ရောက်မှုကြောင့် သားရဲသည် တူညီသောနေရာ၌ ပြန်လည် ရှင်သန်လာမည်ဖြစ်သည်။ သို့သော် ဤစွမ်းအင်ကို မပွားနိုင်ပေ။ သားရဲသေဆုံးပြီး ပြန်လည်ရှင်သန်လာမှသာလျှင် နောက်တစ်ကြိမ် လန်းဆန်းလာမည်ဖြစ်သည်။
ဤအင်္ဂါရပ်နှစ်ခုကို ပေါင်းစပ်လိုက်သောအခါ သားရဲသည်အဆုံးမရှိ ဖြစ်နိုင်ချေရှိသွားသည်။ ၎င်းသည် ဒဏ္ဍာရီအဆင့်သာရှိသော်လည်း အချို့သောနည်းလမ်းများတွင် ၎င်းသည် ဒဏ္ဍာရီလာ သို့မဟုတ် ထာဝရအဆင့်ကိုပင် ကျော်လွန်သွားနိုင်သည်။
ဤ အနတ္တမျက်လုံးသည် အဆင့်အတန်းမြင့်သော အထူးဝိသေသတစ်ခုဖြစ်သည်။
ကျိန်စာနတ်ဘုရား၏ယခင်က ခဏတာအထွတ်အထိပ်သို့ရောက်နေသည့် နတ်ဘုရားတစ်ပိုင်းငါးကောင်နှင့် ဆန့်ကျင်တိုက်ခိုက်စဉ်တွင်ပင် ဒါကအားနည်းချက်မဟုတ်ကြောင်း ပြောပြနိုင်သည်။
ဒါပေမယ့် ဒါကို ဘယ်သူ့ကို ပေးရမှာလဲ... ကောင်းဖန်သည် ဂိုဒီကို ပထမဆုံးစဉ်းစားမိလိုက်သည်။
ဤစွမ်းအင်အမျိုးအစားသည် တိုက်ပွဲအာရုံခံခြင်းနှင့် ဆင်တူပြီး အများနှင့်တိုက်ခိုက်သည့် အနီးကပ်တိုက်ခိုက်သူအတွက် အသင့်တော်ဆုံးဖြစ်သည်။ သူသည် ရှေ့တန်းတွင် တိုက်ခိုက်မှုအများစုကို ရင်ဆိုင်ရနိုင်သည်။ သို့သော် ဂိုဒီ၏ တိုက်ခိုက်ရေးပုံစံက အကြမ်းဖက်သည့် ရိုက်နှက်မှုတွေကို ခံနိုင်ရည်ရှိဖို့ လိုအပ်သည်။ သို့သော် တိုက်ခိုက်မှုအားလုံးကို ရှောင်ဖယ်ထားမယ်ဆိုရင် သူ့ရဲ့ အကျိုးသက်ရောက်မှုတွေကို ဘယ်လိုမှ အသုံးချနိုင်မှာမဟုတ်ချေ။ ဂိုဒီမှလွဲရင်လည်း အခြားသားရဲတစ်ကောင်သည် ဤလက္ခဏာအတွက် အထူးလိုအပ်ပုံမပေါ်ပေ။
ကောင်းဖန်က သူ့နဖူးကို ပွတ်သပ်လိုက်သည်။ အလျင်စလိုမလိုအပ်ပေ။ သူက အဲဒါကို ပိုစဉ်းစားမည်ဖြစ်သည်။ သူပြန်သွားပြီး အဘိုးကို အကြံဉာဏ်ပေးလို့ ရမလားဆိုတာ မေးကြည့်နိုင်သည်။ “နောက်ထပ် ထူးခြားတဲ့ လက္ခဏာတွေ ရှိလား”
လူမည်းကလေးက စိတ်မကောင်းစွာဖြင့် ခေါင်းခါလိုက်သည်။ “မရှိဘူး.. ဒါပေမယ့် ဒါရှိသေးတယ်” လူမည်းကလေးသည် အနောက်မှ ကြီးမားသော ရွှေရောင်အလင်းတန်းတစ်ခုကို ထုတ်ယူလိုက်သည်။
တောက်ပသောနတ်ဘုရားအနှစ်သာရသည် ကောင်းဖန်ကိုမျက်စိကွယ်လုနီးပါးပင် ဖြစ်သွားစေသည်။ ယင်းသည် နတ်ဘုရားအနှစ်သာရဖြစ်ပြီး နတ်ဘုရားတစ်ပိုင်းအဆင့် သားရဲများကို လျင်မြန်စွာ မြှင့်တင်နိုင်စေနိုင်သည်။
ကောင်းဖန်သည် စိတ်လှုပ်ရှားနေသည်။ ဒါကို သားရဲများကိုပေးလိုက်လျှင် ထိုသားရဲသည် နတ်ဘုရားအဆင့်သို့ ရောက်နိုင်ပေလိမ့်မည်။
“ပြီးတော့ နတ်ဘုရား ဝိညာဉ်အနှစ်သာရ” လူမည်းကလေးသည် ဘော်လီဘောအရွယ် နတ်ဘုရားဝိညာဉ်အနှစ်သာရ ဘောလုံးကို ထုတ်ယူလိုက်သည်။ “နတ်ဘုရားအဆင့် အသားအနှစ်သာရ၊ ပရမ်းပတာနတ်ဘုရားစွမ်းအားအနှစ်သာရ”
လူမည်းကလေးသည် ပစ္စည်းများကို ရှေ့တွင် အတန်းလိုက်ဖြန့်လိုက်သည်။