အခန်း (၇၆၁-၇၆၄)
Vol. 48 Ch. 761-764
အခန်း ၇၆၁ မျိုးနွယ်စုသို့ ပြန်ခြင်း
“အဖေ.. တခြားနေရာကလာတဲ့ ဒီလူတွေက ပိုပိုပြီး အဓိပ္ပါယ်မဲ့လာတယ်... ကျွန်တော်တို့ ဟော့လင်းလေဟုန်တောင်ပေါ်က တိုင်ဖွန်းသစ်ပင်ကို ကြည့်ရှုလာတာ အနှစ် ၃၀ ရှိပြီ... အခု လွန်ခဲ့တဲ့ နှစ်ရက်လောက်က အသီးတွေ သီးနေတာကို အဲဒီလူတွေက တစ်ဝက်လောက်ကို ခိုးသွားတာတွေ့လိုက်တယ်” အဖြူရောင် ခေါင်းစွတ်ဝတ်ထားသည့်လူကို လူငယ်တစ်ဦးက လှုံ့ဆော်ပြောဆိုလိုက်သည်။
“အင်း” အဖြူရောင် ခေါင်းစွတ်ဝတ်ထားသည့် အမျိုးသားသည် မျက်လုံးများကို မှိတ်ထားကာ တိတ်ဆိတ်သွားသည်။ သူ့ရဲ့ သန်မာတဲ့ အရပ်အမောင်းက သူ့ကို ကျားသစ်လို အသွင်အပြင် ဖြစ်စေသည်။
“အဖေ... ကျွန်တော်တို့ သွားတော့မှာလား”
ကုကျားသည် သူ့သား၏နှုတ်ခမ်းဆီသို့ လက်ညိုးထိုးကာ ခေါင်းကို အနည်းငယ်ခါယမ်းလိုက်သည်။ “သတိထားပြီးပြော... သတိထားပြီးလုပ်”
“အဖေ... မျိုးနွယ်စုက ဦးလေးတွေက အဖေ့စကားကိုပဲ နားထောင်တာ...ဘုရင်အသစ်က သူ့မျိုးနွယ်စုတွေ ဖွံ့ဖြိုးတိုးတက်ဖို့ မျှော့တွေလို ကျွန်တော်တို့မျိုးနွယ်ရဲ့ အရင်းအမြစ်တွေကို အသုံးချနေတာ သိရဲ့လား”
“ကုတျို.. မင်း ဒေါသကို ထိန်းရမယ်” ကုကျားသည် ပြတင်းပေါက်ကို လှမ်းကြည့်ရင်း ငြိမ်ကျသွားသည်။
“အဖေ…” ကုတို့သည် သူ့အဖေကို စိတ်ပျက်လက်ပျက် ကြည့်နေမိသည်။ ဘာကြောင့်လဲဆိုတာ သူနားမလည်နိုင်ပေ။
သူ့အဖေက စကားမပြောရဲပေ။ သူ့အဖေက မဦးဆောင်နိုင်ပေ။ မျိုးနွယ်စုထဲက လူတော်တော်များများက ဒါကို ညည်းညူတတ်ကြသည်။
“ငါတို့အားလုံးက လူသားမျိုးနွယ်တွေပဲ...သူတို့ကို ကူညီတာ ဘာဆုံးရှုံးလို့လဲ” ကုကျားက ခေါင်းယမ်းလိုက်သည်။ မျိုးနွယ်စုတွင် အမြင်ကျဉ်းသူ အလွန်များသည်။
သူတို့အားလုံး မွေးကတည်းက အလယ်အလတ်အဆင့်နှင့် နေထိုင်ခဲ့ကြသည့်အတွက် ဒါက သူတို့အမှားမဟုတ်ပေ။ ဒါကြောင့် သူတို့ရှေ့မှာ ဘာရှိလဲဆိုတာသာ မြင်ဖို့ပဲလိုသည်။
“ဒါပေမယ့်... အဲဒီလူသစ်တွေက မျိုးနွယ်စုကို ဖျက်ဆီးပစ်လိုက်လို့ မရပါဘူး” ကုကျားက တိတ်တိတ်ဆိတ်ဆိတ် တွေးလိုက်သည်။ မကြာသေးမီက ဖြစ်ပျက်ခဲ့သည်များကို သူမြင်ခဲ့ရသော်လည်း လူသားမျိုးနွယ်ကို ပြန်လည်ဆန်းသစ်ရေးဆီသို့ ဦးတည်လိုသော သူတစ်ဦးအနေဖြင့် ဤဖွံ့ဖြိုးတိုးတက်မှုသည် အားသာချက်များထက် အားနည်းချက်များစွာရှိကြောင်း သူသိသည်။
လောလောဆယ်တွင် လီမျိုးနွယ်စုသည် ငြိမ်သက်နေသော ရေကန်တစ်ခုလိုဖြစ်နေသည်။
အလယ်အလတ်ထိန်းချုပ်ထားသော ပြိုင်ဆိုင်မှုမှတဆင့်သာ ဤထိုင်းမှိုင်းနေသောရေကန်သည် ပြန်လည်ရွေ့လျားနိုင်မည်ဖြစ်သည်။ သို့မှသာ လူသားမျိုးနွယ်များသည် တက်ကြွမှုအသစ်ကို ဖော်ထုတ်နိုင်မည်ဖြစ်သည်။
“ဘုရင် ပြန်လာပြီ” အပြင်ဘက် ကောင်းကင်ယံတွင် သားပိုက်ကောင်နှင့်တူသော အိတ်ကပ်ပါသော အပြာရောင် အတောင်ပံ ငှက်ကြီးတစ်ကောင်သည် ၎င်း၏ပါးစပ်မှ ကျယ်လောင်သော လူ့စကားသံများ ထွက်ပေါ်လာသည်။ “ဘုရင်ကြီး ပြန်လာပြီ”
“သူပြန်လာပြီ” ကုတျို အံ့သြသွားသည်။
ကုကျားသည် ကုတျိုကို ပုခုံးပေါ် ပုတ်လိုက်စဉ် ကုကျား၏ မျက်လုံးများ မှိတ်ထားလိုက်သည်။ “ဘုရင်ကြီးဆီ သွားကြည့်ရအောင်”
“ဒါပေမယ့်…”
“သူက အခုငါတို့ရဲ လီမျိုးနွယ်စုရဲ့ ဘုရင်ဖြစ်ပြီး သူတော်စင်အဆင့် အကြီးအကဲများအားလုံး တညီတညွတ်တည်း မဲပေးထားတဲ့ ဘုရင်ဘဲ” ကုကျားက ဂုဏ်သိက္ခာရှိစွာပြောလိုက်သည်။
“ကောင်းပြီ… နားလည်ပါပြီ”
သတင်းကြားပြီးနောက် မျိုးနွယ်စု အရာရှိများစွာ စုရုံးပြီး မျိုးနွယ်စု၏ အလယ်ဗဟိုရှိ နန်းတော်သို့ ရောက်ရှိလာကြသည်။
“လူကြီးမင်း ကုကျားလာပါပြီ”
“ဘုရင်ကြီး ပြန်လာတယ်လို့ ကြားတယ်”
“ဘုရင်ကြီး ပြန်လာပြီ... ဟားဟား”
နန်းတော်ထဲမှာ အပြင်မှာ စကားပြောနေတာကို နားထောင်ရင်း ကောင်းဖန်လှည့်ကြည့်လိုက်သည်။ ဒုတိယထပ် ပြတင်းပေါက်မှနေ၍ အောက်ခြေလူအုပ်ထဲတွင် သန်မာသော လူတစ်ယောက်ကို တွေ့လိုက်ရသည်။
ကုကျား….
ကုကျား၏ ခွန်အားသည် လီမျိုးနွယ်စု၏ အကြီးအကဲအားလုံး၏ ထိပ်တန်းငါးဦးတွင် ဖြစ်သောကြောင့် ကောင်းဖန်ကို အထင်ကြီးသွားစေသည်။ သူက အသက်ကြီးသည်။ စွမ်းအားကြီးသည်။ ကျော်ကြားသည်။ သူ့မှာ ရှေ့ဖြစ်ဟောနိုင်သည့် သားရဲရှိသည်။ တစ်စုံတစ်ခုသည် ကံကောင်းခြင်းဟုတ်၊ မဟုတ်၊ အလွန်ရှားပါးခြင်း ရှိမရှိကို ၎င်းမှပြောနိုင်သည်။ သူသည် မျိုးနွယ်စု၏ အကြီးအကဲ ဆယ့်နှစ်ပါးထဲမှ တစ်ဦးဖြစ်သည်။
ခဏအကြာတွင် နန်းတော်ရှေ့တံခါးပွင့်လာသည်။ အကြီးအကဲများသည် ဝိုင်းအုံနေကြသည်။
နန်းတော်၏ ဧည့်ခန်းတွင် ကောင်းဖန်သည် ကုလားထိုင်ပေါ်တွင် ထိုင်နေသည်။ အရပ် ၁၆ ပေ မြင့်သော ခေါင်းသုံးလုံးငရဲခွေးတစ်ကောင် သူ့ရှေ့တွင် ချထားသည်။
ခေါင်းသုံးလုံးငရဲခွေး၏ မျက်လုံးများ ပြူးကျယ်နေကြကာ ကောင်းဖန်အား မှုန်ဝါးဝါး အကြည့်များဖြင့် ကြည့်နေကြသည်။ သူတို့လျှာများ ထွက်လာသောအခါ ခံတွင်းထဲမှ ပြင်းထန်သော ဆာလဖာရနံ့ ထွက်လာပြီး နန်းတော်အတွင်း လေကို ပြည့်စေသည်။
ကုကျားသည် ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။ “အရှင်မင်းကြီး... ကျွန်တော် သတင်းပေးစရာတစ်ခုရှိပါတယ်” ဟု တိုးတိုးလေးပြောလိုက်သည်။
“ဆက်ပြောပါ” သူ့လက်ထဲက အသားကို ခေါင်းသုံးလုံး ခွေးက နမ်းလိုက်သည်။ ကောင်းဖန်က ခေါင်းကို လှည့်လိုက်သည်။
“လွန်ခဲ့တဲ့တစ်နှစ်တုန်းက ဟွာရှားမျိုးနွယ်စု၊ နဂါးဖြူမျိုးနွယ်စု၊ အစိမ်းရောင်နတ်ဘုရားမျိုးနွယ်စု နဲ့ ယုကျိုးမျိုးနွယ်စုအားလုံးက ဒီကို ပြောင်းရွှေ့လာခဲ့ကြပါတယ်.. ယခုနှစ်အတွင်း ရွှေ့ပြောင်းနေထိုင်သူဦးရေ တိုးလာတာကြောင့် ပဋိပက္ခအများကြီး ဖြစ်ခဲ့ပါတယ်... တချို့လူတွေက မျိုးနွယ်စုရဲ့ အများပိုင်အရင်းအမြစ်တွေကို ဘုရင့်နာမည်နဲ့တောင် သုံးနေကြပါတယ်”
အခြားလူကြီးများ အားလုံးက သူ့ကို ထိတ်လန့်စွာ စိုက်ကြည့်နေကြသည်။ ကုကျားသည် ဘုရင်မင်းမြတ်ရှေ့တွင် ဤအရာများကို ပြောပြီး ဒေါသဖြစ်မည်ကို မကြောက်ဘဲ ထိုကဲ့သို့ တိုက်ရိုက်ပြောချလိုက် လိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ကြပေ။
ခဏတာတိတ်ဆိတ်သွားပြီးနောက် ကောင်းဖန်က ပြောလိုက်သည်။ “ဒါဆို မင်းလုပ်စရာရှိတာလုပ်ပါ... မင်း ငါ့ခံစားချက်တွေကို ထည့်စဉ်းစားနေစရာမလိုပါဘူး”
“နားလည်ပါပြီ” ကုကျားသည် သူ့လက်တွေကို ခေါက်ပြီး ဦးညွှတ်လိုက်သည်။
ကျန်တဲ့ အကြီးအကဲတွေနဲ့ တခြားအကြောင်းအရာတွေ ဆွေးနွေးပြီးနောက် အကြီးအကဲတွေက တဖြည်းဖြည်း ထွက်ခွာသွားကြသည်။ နောက်ဆုံး အကြီးအကဲ နန်းတော်မှ ထွက်သွားသောအခါ ကောင်းဖန်သည် အသက်ရှူသွင်းလိုက်သည်။
တစ်နှစ်တာအတွင်း အရာများစွာ ဖြစ်ပျက်ခဲ့သည်။
အထင်ရှားဆုံးသော ပြောင်းလဲမှုမှာ လီမျိုးနွယ်စုလေးခုမှ မိုင်ပေါင်းများစွာ ဝေးကွာသော နေရာတွင် မျိုးနွယ်စုလေးခုကို တည်ထောင်ထားခြင်းဖြစ်သည်။ ၎င်းတို့သည် ဟွာရှားမျိုးနွယ်စု၊ နဂါးဖြူမျိုးနွယ်စု၊ ယုကျိုးမျိုးနွယ်နှင့် အစိမ်းရောင်နတ်ဘုရား မျိုးနွယ်စုတို့၏ အပိုင်းများဖြစ်သည်။ ကောင်းဖန်သည် အခြားမျိုးနွယ်စုလေးခုကို ကြည့်ရှုရန် လီမျိုးနွယ်စု အရာရှိများအား ယခင်က ပြောခဲ့ဖူးသော်လည်း အချိန်ကြာလာသည်နှင့်အမျှ ဤအမိန့်သည် ပုံပျက်သွားခဲ့သည်။
နောက်ပိုင်း ဒါက ကောင်းဖန်၏ နာမည်ကို အသုံးပြုပြီး မျိုးနွယ်စုလေးစု၏ဂုဏ်သိက္ခာကို ထိခိုက်စေသော အရာများ ပြုလုပ်ရန် နည်းလမ်းတစ်ခု ဖြစ်လာခဲ့သည်။ ငါ ဒါကို သေချာဂရုစိုက်ရမှာ...
“နားထောင်.. ငါက ကောင်းဖန်ရဲ့ ဝမ်းကွဲပဲ... ဒီအလောင်းတစ်ခုလုံးကို ငါတို့မလိုချင်ဘူး... ငါတို့ကို သားရဲအူတိုင်သလင်းပေးရုံပဲ” မာနကြီးသောအသံသည် တောင်တစ်ခွင်လုံး ပျံ့သွားသည်။
“ငါတို့ရဲ့ ဘုရင်မှာမင်းလို အရှက်မဲ့တဲ့ ဆွေမျိုးရှိမှာ မဟုတ်ဘူး” အံကြိတ်နေသော နံဘေးမှ လူငယ်တစ်ဦးက ပြောလိုက်သည်။
“ဘာလို့မဖြစ်ရမှာလဲ... ကြည့်.. ဒါက မင်းတို့ဘုရင်နဲ့ ငါ့ရဲ့ပုံ.. ဒါက သူ ရှစ်နှစ်တုန်းက... ဟိုတုန်းက သူက ဆိုးပေလေး.. အဲဒါ သူ့ကိုအင်တာနက်ကဖေးကို ခေါ်သွားခိုင်းတုန်းကပုံ” ကျိဖန်က လှောင်ပြောင်ပြီး သူ့အိတ်ကပ်ထဲက ဓာတ်ပုံတစ်ပုံကို ယူကာဝှေ့ယမ်းပြလိုက်သည်။
ဤဓာတ်ပုံသည် အလွန်အသုံးဝင်ကြောင်း သူတွေ့ရှိခဲ့သည်။ ၎င်းသည် အလွန်အသုံးဝင်သော သူ၏ဝမ်းကွဲ ကောင်းဖန်၏ ဂုဏ်သတင်းဖြစ်သည်။
ထိုအရာဖြင့်အားစိုက်ထုတ်စရာမလိုဘဲ ရတနာများစွာ စုဆောင်းနိုင်ခဲ့သည်။
“မင်းဘာကိုပြောနေတာလဲ” အပေါ်စီးမှ အေးစက်သော အသံတစ်ခု ထွက်ပေါ်လာသည်။
ကျိဖန် ခေါင်းကို မော့လိုက်သည်။ နေရောင်က တဖျပ်ဖျပ်ဖျပ်လတ်နေတော့ အနက်ရောင် အရိပ်ကြီးကို မြင်နိုင်သည်။
အနက်ရောင် အရိပ်နောက်မှာ လူတစ်ယောက် ထိုင်နေသည်။ ကျိဖန်က အနည်းငယ် အံ့သြသွားသည်။
အေးစက်စက် ကဲ့ရဲ့ရှုတ်ချမှုတစ်ခုက သူ့အတွေးတွေကို တိမ်မြုပ်သွားတဲ့အခါ သူဘာမှ ပြောခွင့်မရလိုက်တော့ပေ။ “သူတို့ကို ခေါ်သွား”
လွန်ခဲ့သည့်လအနည်းငယ်အတွင်း ကျိဖန်၏အတွေ့အကြုံများက သူ့ကို အနည်းငယ်မာနထောင်လွှားစေခဲ့သော်လည်း သူသည် မမိုက်မဲပေ။ သူ ကောင်းဖန်ရဲ့ အသံကို ကောင်းကောင မှတ်မိသည်။ အခု သူ့မှာရှိသမျှသည် သူ့ဝမ်းကွဲရဲ့ နာမည်ဂုဏ်သတင်းနှင့် သူရထားခဲ့ခြင်းဖြစ်သည်။
နောက်ရက်အနည်းငယ်အတွင်းမှာ ကောင်းဖန်၏တင်းကျပ်ပြီး ထိရောက်တဲ့ ကွပ်မျက်မှုတွေက လူတိုင်းကို အံ့သြစေခဲ့သည်။
ကောင်းဖန်၏အမည်ကိုအသုံးပြု၍ အကျိုးအမြတ်ရရှိသူတိုင်းသည် ၎င်းတို့လိမ်လည်ခဲ့သောပစ္စည်းများအားလုံးကို မူလပိုင်ရှင်ထံ ပြန်လည်ပေးအပ်ရမည်ဖြစ်သည်။ မတတ်နိုင်ပါက တန်းတူတန်ဖိုးရှိသော ပစ္စည်းများကို အသုံးပြု၍ ပြန်ဆပ်ရမည် သို့မဟုတ် အတိုးမြင့်သော ငွေချေးစာချုပ်တစ်စောင်ကို ရေးရမည်ဖြစ်သည်။ ၎င်းသည် လိုအပ်ချက်၏ အခြေခံအကျဆုံးသာဖြစ်သည်။
ထို့အပြင် ကောင်းဖန်သည် ၎င်းတို့နှင့် ဆက်ဆံရေး မည်သို့ပင်ရှိစေကာမူ သားရဲလေ့ကျင့်သူများစွာကို အပြစ်ပေးခဲ့သည်။ အမှားလုပ်မိရင် အပြစ်ပေးခံရမည်ပင်။
တစ်ချိန်လုံးတွင် ကောင်းဖန်သည် သားရဲလေ့ကျင့်သူတိုင်းကို အလွယ်တကူ နှိမ်နင်းနိုင်သော ဆီလီကိုသာ စေလွှတ်သည်။ နေရာလွတ်အမျိုးအစား နတ်ဘုရားတစ်ပိုင်းသားရဲရှေ့တွင် မည်သည့်လှည့်ကွက်ကိုမျှ မလုပ်ရဲကြပေ။
ဆီလီသည် အလွန်ချစ်စရာကောင်းသော်လည်း ၎င်းသည် စစ်မှန်သော နေရာလွတ်နတ်ဘုရားတစ်ပိုင်းသားရဲဖြစ်သည်။
တစ်ရက်တွင် နန်းတော်၌ ကောင်းဖန်က အံ့အားသင့်စွာဖြင့် မေးလိုက်သည်။ “မင်းတို့နှစ်ကောင်က ဒီ နတ်ဆိုးဆူးမုန်တိုင်း လက္ခဏာကို မလိုချင်ကြဘူးလား”
ဂိုဒီ က အရူးအမူး ခေါင်းယမ်းလိုက်သည်။ ၎င်း၏နောက်ကျောဆွက် အမြီးငါးခုပါသည့် အပေါက်များနှင့် မည်သို့မည်ပုံဖြစ်မည်ကို သူသည် စိတ်ကူးပင်မယဉ်နိုင်ပေ။ အိပ်မက်ဆိုးတစ်ခုလိုပင်။
“ရုပ်ဆိုးတယ်” တာ့ဇီကလည်း စိတ်ပျက်လက်ပျက်ဖြင့် နှာခေါင်းရှုံ့လိုက်သည်။ ခွန်အားသည် ယာယီမျှသာဖြစ်သော်လည်း အလှတရားသည် အမြဲတမ်းဖြစ်သည်။
“ကျွန်တော်နဲ့ မသင့်တော်ဘူး” ဒန်ဘီကလည်းခေါင်းယမ်းသည်။ သူ့မှာ အနတ္တမျက်လုံး လက္ခဏာရှိပြီးသားမို့ ဒါကို အထူးစိတ်မဝင်စားပေ။
“ဒီထူးခြားတဲ့ လက္ခဏာအတွက် တခြားလူတွေက တိုက်ခိုက်နေကြပေမယ့် မင်းတို့ကတော့ အဲဒါကို မထီမဲ့မြင်ပြုကြတယ်” ကောင်းဖန်သည် ခေါင်းကိုက်လာသည်။ ရုတ်တရက် ထောင့်မှာ ခေါင်းသုံးလုံးခွေးတစ်ကောင် လဲလျောင်းနေတာကို သူတွေ့လိုက်သည်။
ကောင်းဖန်၏ အမူအရာ ပြောင်းသွားသည်။
ထောင့်မှာ လဲလျောင်းနေတဲ့ ဆာဟာရက ဘာမှ သတိမထားမိပေ။ လျှာများ တွဲလောင်းကျနေပြီး ပတ်ဝန်းကျင်ကို စိတ်လှုပ်ရှားစွာ ကြည့်နေသည်။
***
သားရဲလေ့ကျင့်သူ
အခန်း ၇၆၂ ဂိတ်စောင့်
ခွေးတွေက အဆုံးမှာ ဘာမှ မရဘူးဆိုသည့် ရှေးဆိုရိုးစကားရှိသည်။ သို့သော် တစ်ချိန်တည်းတွင် ဆန့်ကျင်ဘက် ရှေးစကားတစ်ခုလည်း ရှိသည်။ ခွေးများသည် အဆုံးတွင် အရာအားလုံးကို လက်ခံရရှိကြသည်ဟူ၍ ဖြစ်သည်။
လီမျိုးနွယ်စုအကြီးအကဲများသည် ခွေးကြီး မြက်ခင်းပြင်တစ်လျှောက် အမူးအရူး စွာပြေးနေသည်ကို အံ့အားသင့်စွာ ကြည့်နေကြသည်။
လွန်ခဲ့သောရက်အနည်းငယ်က ၎င်းသည် အလွန်ပုံမှန်ရှိသည့် ခေါင်းသုံးလုံးငရဲခွေးဖြစ်ခဲ့သော်လည်း ဒီနေ့တွင် ၎င်းသည် ဖြူကောင်နှင့် ခေါင်းသုံးလုံးခွေးတို့၏ ထက်မြက်သော ဘီလူးမျိုးစပ်ဖြစ်လာသည်။
“ဝုတ်... ဝုတ်... ဝုတ်”
လွန်ခဲ့သောနှစ်က ဆာဟာရသည် အများကြီးစားခဲ့ပြီး ခွန်အားများစွာရခဲ့သည်။ သူတို့ ပထမဆုံးတွေ့ချိန်တွင် ၎င်းသည် အဆင့် ၇၁ သာရှိပြီး အရှင်သခင်အဆင့်မှာသာ ရှိခဲ့သည်။
အခုအခါ အဆင့် ၈၆ မှာရှိနေပြီဖြစ်သည်။ ၎င်းသည် မော်ကွန်းတင်စွမ်းရည်ဆင့်သာဖြစ်သေးသော်လည်း ထူးခြားသော လက္ခဏာနှစ်ရပ်ရှိသည်။
သို့သော် ဆာဟာရအတွက် ပထမဆုံးစွမ်းအင်က အသုံးမ၀င်ပေ။ အဲဒါကို ဂိတ်စောင့်ဟုခေါ်သည်။ လုပ်သမျှကတော့ ခွန်အားနဲ့ အရှိန်ကို တိုးစေသည်။ ခွန်အားနှင့် အရှိန်တိုးခြင်းသည် ဘယ်သောအခါမှ မဆိုးပေ။ အချိန်အခါ၊ ခွန်အားနှင့် အရှိန်သည် တိုက်ပွဲတွင် အရေးအကြီးဆုံး ပိုင်ဆိုင်မှုဖြစ်သည်။ ၎င်းတို့သည် အဓိကအချက်များ အုတ်မြစ်များ ဖြစ်ခဲ့သည်။
သားရဲ၏အဆင့် တိုးလာသောအခါ ခွန်အားနှင့် အမြန်နှုန်းတို့သည် အချိုးကျ တိုးလာသော်လည်း နတ်ဆိုးဆူးမုန်တိုင်းကဲ့သို့ ၎င်းတို့၏
ဆင့်တိုးလာသောအခါတွက်တော့ အချို့သော အထူးစွမ်းရည်များသည် တိုးလာမည်မဟုတ်ပေ။
“ဒါက ဘုရင်ကြီးရဲ့ သားရဲလား “ လူကြီးတစ်ယောက်က မေးလိုက်သည်။
“မဟုတ်ဘူး” ကောင်းဖန်ကခေါင်းခါလိုက်သည်။ “သူက ငါ့သားရဲရဲ့ အိမ်မွေးတိရစ္ဆာန်ပဲ”
အကြီးအကဲသည် သူတော်စင်အဆင့် ရောင်ဝါထွက်နေသည့် မြက်ခင်းပြင်ပေါ်ရှိ ဆာဟာရကိုကြည့်ရှုပြီး ဆင်ခြင်အောက်မေ့လိုက်သည်။
ဂိုဒီက သူတို့ပြောနေတာကို ကြားပြီး “ငါ့အိမ်မွေးတိရစ္ဆာန်.. ငါ့အိမ်မွေးတိရစ္ဆာန်ကို မင်းဘယ်လိုထင်လဲ” ဟု မေးလိုက်သည်။
“အိုး…” လူကြီးက အံ့သြသွားသည်။ ဘုရင်က နောက်တာပါလို့ သူထင်ခဲ့တာ ဖြစ်သည်။
ဒီ သူတော်စင်အဆင့် ခွေးကြီးက တကယ်ကို သူ့သားရဲရဲ့ အိမ်မွေးတိရစ္ဆာန်ပဲလား...လူကြီးက သူ့ကမ္ဘာ ပြောင်းပြန်လှန်သွားသလို ခံစားလိုက်ရသည်။
သူတင်မကဘဲ တစ်ဖက်မှ အကြီအကဲများကလည်း အံ့သြနေကြသည်။ သူတို့မှာ ဖော်မပြနိုင်တဲ့ ထူးဆန်းတဲ့ ခံစားချက်တွေ ရှိသွားကြသည်။
“မနေ့ကလိုမဟုတ်ဘူး...”
“ဟုတ်တယ်.. ဖြူကောင်အဖြစ်ပြောင်းသွားတဲ့ ခေါင်းသုံးလုံးခွေးကို ပထမဆုံးမြင်ရတာ ငါ့ရဲ့ပထမဆုံးအကြိမ်ပဲ”
“သူ့အဖေက ငရဲပြည်က ဖြူကောင်ဖြစ်နိုင်မလား”
ကောင်းဖန်ဘာမှ ပြန်မပြောနိုင်ပေ။ ခဏအကြာတွင် အမြီးငါးခုလည်း ပေါက်လာဦးမည်ဟု သူပြောရမည်လား ချိန်ဆနေသည်။ ဒီခေါင်းသုံးလုံးငရဲခွေးရဲ့ အဘိုးက တကယ်တော့ ငရဲကင်းမြီးကောက်ဆိုတာရော ဘယ်သူထင်ကြမလဲ...
“သူ့ရဲ့ အရည်အချင်းတွေကို မြှင့်တင်လိုက်တာပါ.. အခုက တိုးတက်လာပါပြီ” ဟု ကောင်းဖန်က ရှင်းပြလိုက်သည်။
ဒါကိုကြားတဲ့အခါ တခြားလူကြီးတွေရဲ့ အမူအရာတွေ ပြောင်းသွားသည်
“ဆင့်ကဲဖြစ်စဉ်က အချိန်နဲ့ ပြင်ပလှုံ့ဆော်မှု လိုအပ်တယ်၊.. အဲဒါကို တိုက်ခိုက်ချင်တယ်ဆိုက်ု မင်းတို့ရဲ့ သားရဲတွေကို ပို့နိုင်တယ်” ဟု ကောင်းဖန်က ပြောလိုက်သည်။
အကြီးအကဲများသည် ချီတုံချတုံ ဖြစ်နေကြသည်။ သူတို့သည် ငတုံးများမဟုတ်ပေ။ ကောင်းဖန်၏ လုပ်ရပ်များမှ အရာများကို သတိပြုမိကြသည်။ လွန်ခဲ့သည့်နှစ်တွင် လီမျိုးနွယ်စုနှင့် မျိုးနွယ်စုကြီးလေးခုသည် ပဋိပက္ခအချို့ရှိခဲ့သည်။ မျိုးနွယ်ကြီးလေးခုတို့သည် ဘုရင်၏ ပြင်းထန်စွာ ပြစ်ဒဏ်ခတ်ခြင်းကို ခံခဲ့ရပြီး ယခုအခါ ဘုရင်မင်းမြတ်သည် နူးညံ့သိမ်မွေ့သော နည်းလမ်းကို အသုံးပြုနေပြီ ဖြစ်သည်။ ယခုအခါ သူတို့အလှည့်ဖြစ်သည်။
ဤသည်မှာ ဘုရင်မင်းမြတ် သားရဲ၏ အိမ်မွေးတိရစ္ဆာန်မျှသာဖြစ်သည်။ အနိုင်ရခဲ့ရင်တောင် ဘုရင့်ဂုဏ်သိက္ခာကို ထိခိုက်မှာတော့ မဟုတ်ပါပေ။ ဒါပေမယ့် ရှုံးရင်တော့ ရှက်စရာကြီးပင်။
“ဟားဟား...အဆင်ပြေပါတယ်..ဘုရင်မင်းမြတ်က သားရဲတွေကို ဘယ်လို ပြုစုပျိုးထောင်ပေးလဲဆိုတာကို ကြည့်ရဖို့ ကျွန်တော့် အခွင့်အရေးပဲ” ကုကျားက စိုးရိမ်တကြီး မရှိဘဲ ရယ်မောလိုက်သည်။
ကောင်းဖန်သည် ကုလားထိုင်ပေါ်တွင် ထိုင်ကာ လူတိုင်းကို ကျောခိုင်းပြီး ပြုံးနေလိုက်သည်။
“ဒါပေမယ့်... မဘုရင်မင်းမြတ် သတိထားရမယ်.. ကျွန်တော့်ရဲ့သားရဲက သူတော်စင်အဆင့်အထွတ်အထိပ်ရောက်နေပြီနော်”
“ရပါတယ်... မင်းသတ်နိုင်ရင် ငါ အိမ်မွေးတိရစ္ဆာန်အသစ်ရတာပေါ့”
“ဝူး…” ဆာဟာရက ကောင်းဖန်ကို ခါးခါးသီးသီး ကြည့်ပြီး လှည့်လိုက်သည်။
ကုကျားသည် သူ၏ ညာလက်ကို ဆန့်ထုတ်လိုက်ပြီး လေကို အသွင်ပြောင်းလိုက်သည်။ ကောင်းကင်မှ ဆင်းသက်လာသော ဧရာမ သားရဲကြီးတစ်ကောင်ကြောင့် ပြိုးပြိုးပြက်ပြက်ပြက် ခရမ်းရောင်အလင်းတန်းသည် ဧရိယာတစ်ခုလုံးကို လွှမ်းခြုံသသွားသည်။
အဲဒါက အရှည် ၆၅ ပေကျော်ရှိသော ကင်းခြေများဖြစ်သည်။ ၎င်း၏ ခန္ဓာကိုယ်အပေါ်ပိုင်းသည် လွင်ပြင်ပေါ်တွင် ချည်နှောင်ထားသော ဧရာမမြွေကြီးကဲ့သို့ မြင့်မားသည်။ ၎င်း၏ခန္ဓာကိုယ်တွင် စုစုပေါင်းအပိုင်း ၆၇ ပိုင်းရှိသည်။ အပိုင်းတစ်ခုစီ၏ ကျောဘက်တွင် သေးငယ်သော၊ ချွန်ထက်သော ပန်းရောင်ဖျော့ဖျော့ အတောင်ပံတစ်စုံရှိသည်။
ဧရာမကင်းခြေများသည် ၎င်း၏စိမ်းညိုရောင် လျှာကို လှန်လိုက်ရာ အတွင်းမှ ပြင်းထန်သော ရောင်ဝါတစ်ခု ထွက်ပေါ်လာသည်။
[သားရဲ အမည်] - ဧရာမနတ်ဆိုးကင်းခြေများခေါင်းဆောင် (အသွင်ပြောင်း)
[သားရဲ အဆင့်] - အဆင့် ၉၀ ( သူတော်စင်အဆင့်)
[သားရဲ စွမ်းရည်ဆင့်] - ဒဏ္ဍာရီ/ ဒဏ္ဍာရီ
[သားရဲ အမျိုးအစား] - အဆိပ်
[သားရဲ စွမ်းအင်] - နတ်ဘုရားစွမ်းအားအဆင့် ၈ ၊ ကြက်သွေးရောင်အဆိပ် အဆင့် ၈၊ အမဲလိုက်စွမ်းရည်အဆင့် ၈။
[ထူးခြားသော သွင်ပြင်လက္ခဏာ] - ဧရာမသားရဲ အကျိုးသက်ရောက်မှု ၁ - သေးငယ်သော ပြိုင်ဘက်များဆီသို့ ဖိနှိပ်ချုပ်ချယ်သော ရောင်ဝါရှိသည်။
အကျိုးသက်ရောက်မှု ၂ - အသက်သွင်းပြီးနောက် ဧရာမနတ်ဆိုးကင်ခြေများသည် ၎င်း၏အဆိပ်မှ တက်ကြွမှုကို ခိုးယူနိုင်သည်။ ဒီအကျိုးသက်ရောက်မှုက ခဏတာသာကြာသည်။
ပုံပျက်နေသောနှလုံး (ပုံပျက်နေသောနှလုံးတွင် လေဝင်ပေါက် ၁၂ ပေါက်ရှိပြီး သာမာန်သတ္တဝါများထက် ပေါက်ကွဲနိုင်သော စွမ်းအားပိုကြီးသည်။
အကျိုးသက်ရောက်မှု ၁ - ကိုယ်ခံစွမ်းအားကို တိုးစေသည်။
အကျိုးသက်ရောက်မှု ၂ - ၎င်း၏ အကြီးမားဆုံး စွမ်းအားကို ပေါက်ကွဲသောအခါ ၎င်း၏ ပုံမှန်တိုက်ခိုက်မှု အမြန်နှုန်း သုံးဆရှိနိုင်သည်။
[သားရဲ အားနည်းချက်] - မီး
[သားရဲ ဖော်ပြချက်] - စိမ့်မြေများတွင်နေထိုင်သော
ရက်စက်ကြမ်းကြုတ်သောကင်းခြေများ ဖြစ်သည်။ ၎င်းသည် ကြီးမားအရပ်မြင့်ပြီး ရန်လိုရက်စက်တတ်သည်။ တစ်ခါတရံ အစားအစာ နည်းပါးတဲ့အခါ သူ့အမျိုးသူ စားတတ်ကြသည်။ ဤဧရာမနတ်ဆိုး ကင်းခြေများသည် ရှားပါးမျိုးကွဲတစ်မျိုးဖြစ်သည်။ သူ့နှလုံးသားက တခြားသူတွေထက် ပိုသန်မာသည်။
ဧရာမနတ်ဆိုးကင်းခြေများ၏ ဧရာမအမြီးသည် မြေပြင်ပေါ်တွင် လွင့်ပျံသွားသည်။ တစ်ချိန်တည်းမှာပင် ၎င်း၏ပါးစပ်မှ ကြက်သွေးရောင် မြူခိုးများ ထွက်လာသည်။ မြေဆီလွှာနှင့် အပင်များ ချက်ခြင်း ပုပ်ပွသွားသည်။
ကြက်သွေးရောင်မြူ၏ ဧရိယာသည် ကန့်သတ်ဇုန်ဖြစ်လာသည်။ ဆာဟာရ၏ အဖြူနှင့်အမည်း အလယ်ခေါင်းမှ မျက်မှောင်ကြုတ်လိုက်သည်။ ထူထပ်သော မြူခိုးများကို ရှောင်လွှဲရန် လူနှင့်တူသည့် ၎င်း၏ မျက်လုံးကြီးကြီး နှစ်လုံးက ထိတ်လန့်သည့် အမူအရာကို ပြသနေသည်။
၎င်းနောက်တွင် ဧရာမမိစ္ဆာကင်းခြေများသည် ကြမ်းတမ်းစွာ လိုက်လာပြီး ၎င်း၏လမ်းကြောင်းတွင် အပျက်အစီးများ ကျန်ရစ်သည်။
ဆာဟာရတောင်မှ ဒီကင်းခြေကြီးက ရှေ့မတိုးဝံ့ပေ။ ၎င်းသည် ၎င်း၏တိုက်ခိုက်မှုများကို ရှောင်ရှားရန်အတွက်သာ ပြေးနိုင်ပြီး ပြန်လည်တိုက်ခိုက်ရန် အခွင့်အရေးကို ရှာဖွေနေသည်။
တခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ဂိုဒီသည် ဆာဟာရကို ကြည့်ရန် ခေါင်းကိုမော့လိုက်ပြီး ပြောလိုက်သည်။ “ဟေ့... ငတုံး.. အခုကစပြီး တိုက်ပွဲပြီးတဲ့အထိ မင်းက ဒီတံခါးရဲ့ တံခါးစောင့်ပဲ”
ထိုသို့ပြောပြီးနောက် ဂိုဒီသည် မြေပြင်ပေါ်တင်ရန် လက်ဖဝါးအရွယ်အစားရှိ သစ်သားတံခါးငယ်တစ်ခုကို ထုတ်ယူလိုက်သည်။ တံခါးထက် ကလေးကစားစရာနဲ့တော့ ပိုတူသည်။
ကောင်းဖန်က သူ့ခေါင်းကို လှည့်ကြည့်လိုက်တော့ လေးလက်မတောင်မမြင့်တဲ့ သစ်သားတံခါးကို တွေ့လိုက်သည်။ ထိုတံခါးက ခြေတစ်လှမ်းနှင့်ပင် ချိုးလိုက်လို့ရသည်။ ဂိုဒီ၏ လုပ်ရပ်ကြောင့် သူ အံ့ဩသွားသည်။
အခြားတစ်ဖက်တွင်မူ ဆာဟာရသည် ဧရာမနတ်ဆိုးကင်းခြေများ၏တိုက်ခိုက်မှုမှ လွတ်မြောက်ခဲ့ပြီး မြေပြင်ပေါ်တွင် လဲကျသွားသည်။ မျက်လုံးခြောက်လုံးက မြေပြင်ပေါ်ရှိ တံခါးကို တစ်ပြိုင်နက် မြင်လိုက်ရသည်။
တံခါး... ခွေး၏မျက်လုံးခြောက်လုံးသည် ကျဉ်းမြောင်းသွားကာ ၎င်းတို့၏ အကြည့်များသည် ချက်ချင်း ထိုးဖောက်ဝင်ရောက်လာသည်။
***
သားရဲလေ့ကျင့်သူ
အခန်း ၇၆၃ စိန်ခေါ်ခြင်း
စက္ကန့်ပိုင်းလေးအတွင်းမှာ ခေါင်းသုံးလုံးခွေးပတ်ဝန်းကျင်လေထုထဲမှာ နားမလည်နိုင်တဲ့ ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာသည်။
၎င်းကို ဖော်ပြရမည်ဆိုလျှင် အပြောင်းအလဲသည် ၎င်း၏ ရောင်ဝါ ပြင်းထန်လာခြင်းကြောင့် ဖြစ်သည်။
ကောင်းဖန်သည် ၎င်းက ဂိတ်စောင့်အင်္ဂါရပ်၏ အကျိုးသက်ရောက်မှု ဖြစ်နိုင်သည်ဟု တွေးလိုက်သည်။
ခေါင်းသုံးလုံးငရဲခွေးသည် နောက်ပြန်မရွေ့တော့ပေ။ ပထမဆုံးအကြိမ် ၎င်းသည် ခေါင်းကိုလှည့်ကာ ဧရာမနတ်ဆိုးကင်းခြေများထံ တည့်တည့်ကြည့်ကာ ရက်စက်စွာစိုက်ကြည့်နေသည်။
ဧရာမနတ်ဆိုးကင်းခြေများသည် ၎င်းအား သနားခြင်းမရှိဘဲ ၎င်း၏ကြီးမားလှသော ခန္ဓာကိုယ်ကို ခေါင်းသုံးလုံး ခွေးထံသို့ ပစ်ချလိုက်သည်။ မှုန်ဝါးဝါးနှင့် ပုံပျက်နေသော ပုံကိုသာ မြင်နိုင်သည်အထိ ၎င်း၏ အရှိန်သည် သိသိသာသာ တိုးလာသည်။
အသံအကျယ်ကြီး မြည်သွားသည်။
ဆာဟာရသည် ၎င်း၏ပခုံးကို ကျော်ဖြတ်သွားသည့် ဧရာမမိစ္ဆာကင်းခြေများ၏ ချွန်ထက်သောခြေသည်းများကို ကျဉ်းမြောင်းစွာ ရှောင်တိမ်းလိုက်သည်။
၎င်း၏ဘယ်ဘက်စွန်းမှ အော်သံနှင့်အတူ ၎င်းသည် ဧရာမမိစ္ဆာကင်းခြေများ၏ ပခုံးပေါ်ကို ကိုက်လိုက်သည်။
နှစ်ကောင်သားတစ်ကောင်ကိုတစ်ကောင် ဖြတ်ကျော်သွားကြသည်။
ဆာဟာရသည် ရပ်တန့်မသွားမီ ပေရာနှင့်ချီ၍ မြေပြင်ပေါ်သို့ လဲကျသွားသည်။
ဧရာမ နတ်ဆိုးကင်းခြေများက လှည့်ကြည့်လိုက်သည်။ ၎င်း၏ခန္ဓာကိုယ်ဖွဲ့စည်းပုံကြောင့် ၎င်း၏လှည့်ပတ်လှုပ်ရှားမှုသည် ပိုမိုနှေးကွေးလာသည်။
ဆာဟာရ စောစောက အကိုက်ခံရတဲ့ သူ့ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းမှာ အဖြူရောင် အမှတ်အသားတစ်ခု ရှိသည်။
ကုကျား၏ နက်နက်ရှိုင်းရှိုင်းခံစားရတဲ့ စိုးရိမ်ပူပန်မှုတွေက လျော့ကျသွားသည်။
ဘုရင့်သားရဲ၏အိမ်မွေးတိရစ္ဆာန်တစ်ကောင်ကိုပင် အနိုင်မယူနိုင်ခဲ့ပါက လုံးဝအရှက်ရသွားနိုင်မည်ဖြစ်သည်။
ယခုတော့ ခွေး၏ တိုက်ခိုက်နိုင်စွမ်းသည် ဧရာမ နတ်ဆိုးကင်းခြေများ၏ အကာအကွယ်အပြင်ဘက်ခွံကိုပင် မချိုးဖျက်နိုင်ပုံရသည်။ ခွေးသည် ၎င်း၏ ခုခံအားကိုပင် မချိုးဖျက်နိုင်သောကြောင့် အလွန်စိုးရိမ်နေရန် မလိုအပ်ဟု ထင်ရသည်။
၎င်း၏ဂိတ်စောင့်လက္ခဏာကို စတင်ပြီးနောက် ဆာဟာရသည် ၎င်း၏အစောပိုင်း ရှောင်ရှားမှုပုံစံကို ချက်ချင်းပြောင်းလဲလိုက်သည်။ ၎င်းသည် ပြောင်ပြောင်တင်းတင်း လှည့်လည်ကာ ဧရာမနတ်ဆိုးကင်းခြေများအား ခိုးကြောင်ခိုးဝှက် တိုက်ခိုက်မှုများ အကြိမ်ကြိမ် ပြုလုပ်လိုက်သည်။
တစ်ခုတည်းသောပြဿနာမှာ ၎င်းသည် သက်ရောက်မှုများစွာမရှိနေခြင်းပင်။ ဆယ်မိနစ်ကြာပြီးနောက်တွင်တောင် ဧရာမ နတ်ဆိုးကင်းခြေများသည် နောက်ထပ်သေးငယ်ပြီး အကျိုးဆက်မဟုတ်သော ဒဏ်ရာအနည်းငယ်သာ ရရှိထားသည်။
အခြားတစ်ဖက်တွင် ဆာဟာရသည် ၎င်း၏စွမ်းအင်ကို ထိန်းသိမ်းထားသော်လည်း အပြင်းအထန် လေ့ကျင့်ခန်းလုပ်ထားသောကြောင့် ၎င်း၏ ခံနိုင်ရည်ကို များစွာအသုံးပြုခဲ့ကြောင်း ထင်ရှားသည်။
အခြားလျှပ်စီးကြောင်းတစ်ခုက ၎င်းကိုတိုက်ခိုက်လာသောအခါ ဧရာမနတ်ဆိုးကင်းခြေများမျက်လုံးများတွင် အထင်အမြင်သေးမှု အရိပ်အမြွက်ပေါ်လာသည်။
သူ့ခြေသည်းတွေကို မြှောက်လိုက်ပြီး ပေါက်ကွဲသံနှစ်ခုနဲ့ လျှပ်စီးကြောင်းတွေကို ရိုက်ပစ်လိုက်သည်။
သို့သော် သူ့လက်သည်းတွေက ရုတ်တရက် နာကျင်သွားသည်။ ဧရာမ နတ်ဆိုးကင်းခြေများသည် ခေါင်းငုံ့ကြည့်လိုက်သောအါ ရင်ဘတ်တွင်လည ထိုးဖောက်ခံထားရပြီး အပေါက်ငယ်များစွာ ရှိနေသည်ကို တွေ့လိုက်ရသည်။
တုန်လှုပ်ခြောက်ခြားဖွယ်အသံများ လွင်တီးခေါင်နှင့် ကောင်းကင်ယံတစ်လျှောက် ပဲ့တင်ထပ်သွားသည်။
ဧရာမ နတ်ဆိုးကင်းခြေများသည် ၎င်းသည် ပေါ့ပေါ့ပါးပါး ကစားနိုင်သည့် ဂိမ်းတစ်ခုသာဟု အစပိုင်းတွင် ထင်ထားခဲ့သည်။ ဒဏ်ရာရလိမ့်မယ်လို့ မထင်ထားခဲ့ပေ။
နောက်ထပ် အရှိန်မြှင့်ပြီးနောက် ကြောက်စရာကောင်းသည့် စွမ်းအားနှင့် ဖိအားများသည်ကင်းခြေများ၏ ခန္ဓာကိုယ်အတွင်းကနေ ထွက်လာသည်။
တစ်ချိန်တည်းမှာပင် ပန်းရောင်နယ်မြေတစ်ခုသည် ၎င်း၏ခန္ဓာကိုယ်မှ လွတ်မြောက်သွားသည်။ နယ်မြေတွင်းရှိ အရာအားလုံးသည် အဆက်မပြတ် ပျက်စီးနေသည်။ ပန်းရောင်ချောင်းများသည် အရှိန်ပြင်းပြင်းဖြင့် လှည့်ပတ်နေသော နယ်မြေကို ဖြတ်ကျော်သွားသည်။
ဤရနံ့နှင့် ထိတွေ့လိုက်သည့်အခိုက်တွင် ဆာဟာရသည် ငြိမ်သက်သွားသည်။
သူ့မျက်နှာ သုံးခုစလုံးတွင် အသိစိတ်များ ပျောက်ကွယ်သွားပြီး သူ့အမူအရာများ လုံးဝ ငြိမ်သက်သွားသည်။
အလယ်ရှိ အဖြူအမည်း ခွေးခေါင်းအတွက် ဤအချက်သည် အထူးသဖြင့် မှန်နေသည်။ သူ့မျက်ခုံးသည် ပြေလျော့သွားပြီး လွတ်နေသော မျက်လုံးများဖြင့်သာ ရှေ့ကို စိုက်ကြည့်နေသည်။
ကြည့်ရတာ ငြိမ်နေပေမယ့် ဝမ်းနည်းနေပုံပေါ်သည်။
ကောင်းဖန်က ဘေးကနေ ထိုင်ပြီးကြည့်နေသည်။ ဤသည်မှာ ဧရာမ နတ်ဆိုးကင်းခြေများ ခေါင်းဆောင်၏ အထူးဝိသေသလက္ခဏာများ ဖော်ပြချက်တွင် ဖော်ပြထားသော ဖိနှိပ်မှု ဖြစ်သည်။ ၎င်း၏ အကျိုးသက်ရောက်မှုသည် ၎င်းထက် သေးငယ်သော မည်သည့်အရာကိုမဆို ဖိနှိပ်ရန်ဖြစ်သည်။
ဆာဟာရသည် ဧရာမ နတ်ဆိုးကင်းခြေများနှင့် နှိုင်းယှဉ်ပါက ရုပ်ပိုင်းဆိုင်ရာအရ သေးငယ်သည်။ ယခုအချိန်တွင် ၎င်း၏ ရောင်ဝါ မည်မျှ ဖိနှိပ်ခံနေရသည်ကို မည်သူမျှ မသိနိုင်ပေ။
ဤတစ်ကြိမ်တွင် ဧရာမ နတ်ဆိုးကင်းခြေများသည် နောက်ပြန်မဆုတ်တော့ပေ။ ၎င်း၏ အရှိန်သည် ယခင်အရှိန်ထက် နှစ်ဆနီးပါး တိုးလာသည်။
ဧရာမ နတ်ဆိုးကင်းခြေများကိုအသုံးပြုနေသော နှိမ်နင်းမှုနှင့်အတူ ဆာဟာရ၏ဂိတ်စောင့် လက္ခဏာရပ်များက ပိုမိုပြင်းထန်လာနေသော အမြန်နှုန်းကို တန်ပြန်လိုက်သည်။
၎င်း၏ကြီးမားသောအမြီးသည် ဆာဟာရဘက်သို့ လှည့်ပတ်သွားကာ ၎င်း၏ရှေ့ ၎င်း၏အထက်နှင့် ၎င်း၏ဘယ်ညာ ပြေးလမ်းများကို ပိတ်ထားလိုက်သည်။ ကြီးမားသော အမြီးသည် နီမြန်းသော ရောင်ခြည်များဖြင့် တောက်ပနေသည်။
ချက်ခြင်းပင် ဆာဟာရသည် ၎င်း၏ခြေလက်လေးချောင်းကို အတွင်းဘက်သို့ ကွေးကွေးကာ ၎င်း၏ခေါင်းကို ရင်ဘတ်တွင် မြှုပ်နှံထားလိုက်ပြီး ၎င်း၏နောက်ကျောတွင် စူးရှသောဆူးများသာ ကျန်ရှိနေကာ ဧရာမနတ်ဆိုးကင်းခြေမျာ၏ ဦးခေါင်းဆီသို့ ဦးတည်သွားလိုက်သည်။
တစ်စုံတစ်ရာင ဘေ့စ်ဘောရိုက်တံက ဘေ့စ်ဘောနဲ့ ထိသလိုမျိုး ဆာဟာရကို ပျံသန်းပြီး ရိုက်ပေးလိုက်သည်။
၎င်း၏ သင်တုန်းဓားထက် ထက်မြက်ပြီး ရှည်လျားသောဆူးများသည် ဧရာမမိစ္ဆာကင်းခြေများ၏အပြင်ဘက်အခွံကို ချိုးဖျက်ကာ ၎င်း၏အပြင်ဘက်အခွံကို ကွဲအက်သွားသည်။
ပျံသန်းလိုက်ပြီးနောက် ဆာဟာရသည် မြေကြီးပေါ်သို့ ထိုးကျကာ နာကျင်စွာ အော်ဟစ်နေသည်
အသာစီးရပြီးနောက် ဧရာမမိစ္ဆာကင်းခြေများသည် ကရုဏာကိုမပြတော့ပေ။ ဆာဟာရ ခိုနေတဲ့ တွင်းထဲကို အဆိပ်ပြင်းတဲ့ အမှုန်အမွှားတွေ ဖြန်းပစ်လိုက်သည်။ ဆာဟာရကို အဆိပ်ရှိသော မြူခိုးများဖြင့် ဖုံးလွှမ်းထားသည်။
အော်သံသည် အလွန်ကြောက်စရာကောင်းသည်။
၎င်း၏တင်ပါးများ ဓာတ်လိုက်သွားသကဲ့သို့ ဆာဟာရသည် စက္ကန့်ပိုင်းအတွင်း တွင်းထဲမှ ပေါက်ထွက်သွားသည်။ ဆာဟာရ၏ မျက်နှာ၊ နောက်ကျောနှင့် ရင်ဘတ်ရှိ အမွေးတစ်စိတ်တစ်ပိုင်းသည် ပူလောင်နေသည်။ သူသည် မြေပြင်ပေါ်သို့ လျင်မြန်စွာ ပြေးလွှားသွားသည်။
ဆာဟာရ၏ အူသံနှင့် နာကျင်ငိုကြွေးသံများကြားတွင် အမြီးငါးခုသည် ၎င်း၏ခန္ဓာကိုယ်နောက်တွင် ပေါက်လာသည်။
ဒီမြင်ကွင်းကြောင့် ကြည့်ရှုသူပရိသတ်တွေ အံ့အားသင့်သွားကြသည်။
ဒီခေါင်းသုံးလုံးခွေးက ကင်းမြီးကောက်အမြီးကို ဘယ်လိုလုပ်မွေးလိုက်တာလဲ... နောက်တစ်ချက်မှာ အမြီးကလည်း ငါးချောင်းဖြစ်သည်။
ဆာဟာရသည် ကြီးထွားလာသော ၎င်း၏အမြီးများကို လွယ်ကူစွာ မထိန်းချုပ်နိုင်သေးပေ။ သို့သော် ဧရာမနတ်ဆိုးကင်းခြေများနှင့် တိုက်ခိုက်ရာတွင်တော့ အမြီးငါးခုအပေါ် ၎င်း၏ ထိန်းချုပ်မှုသည် အဆမတန် တိုးမြင့်လာသည်။
ဆာဟာရ၏နယ်ပယ်သည် ငရဲချော်ရည်နယ်ပယ်ဖြစ်သည်။ ဤနယ်ပယ်အတွင်းတွင် အပူချိန်များ မြင့်မားလာပြီး လေထုကို တုန်လှုပ်စေသည်။ ပူပြင်းသောလေသည် မြေမျက်နှာပြင်ကို လောင်ကျွမ်းစေကာ ချော်ရည်ကန်များ ဖန်တီးသည်။ အနီရောင် ချော်ရည်များ ပွက်ပွက်ဆူလာသည်။
မျှော်လင့်ထားသည့်အတိုင်း အတွေ့အကြုံသည် အကောင်းဆုံးဆရာဖြစ်သည်။
မကြာခင်မှာပဲ အမြီးငါးချောင်းသည် တကယ့်တိုက်ပွဲမှာ ပါဝင်နိုင်လာသည်။
နတ်ဆိုးဆူးမုန်တိုင်းသည် ၎င်း၏ဒုတိယအဆင့်ကိုစတင်ပြီးနောက် ဆာဟာရနှင့် ဧရာမနတ်ဆိုးကင်းခြေများတို့ကြားတိုက်ပွဲသည် တဖြည်းဖြည်းပို၍စိတ်လှုပ်ရှားစရာကောင်းလာသည်။
ကောင်းဖန်အတွက်တော့ ဘယ်သူနိုင်လဲရှုံးလဲ ဆိုတာ အရေးမကြီးပေ။
အဓိကကတော့ ကောင်းဖန်သည်အနည်းငယ် ပင်ပန်းနေတာကြောင့်ပင်။
“သူတို့ တိုက်ပွဲပြီးတဲ့အခါ ငါ့ကို ပြောပြ” ဟု ကောင်းဖန်က ဂိုဒီကို ပြောလိုက်သည်။
ဂိုဒီက ခေါင်းငြိမ့်ပြလိုက်ပြီး တိုက်ပွဲကို စိုးရိမ်တကြီးနဲ့ ဆက်ကြည့်နေသည်။
ကောင်းဖန်သည် အော်သံကြောင့် နိုးလာသည်။ သူဘယ်လောက်ကြာကြာ အိပ်ပျော်သွားသည်မသိပေ။
မျက်လုံးဖွင့်ကြည့်လိုက်တော့ ကောင်းကင်ကြီးက မည်းမှောင်နေပြီဖြစ်သည်။
သူ သမ်းလိုက်သည်။ “ပြီးကြပြီလား… ဘယ်သူအနိုင်ရလဲ”
“ငါတို့ရှုံးခဲ့တယ်” ဂိုဒီကဝမ်းနည်းစွာပြောလိုက်သည်။
ကောင်းဖန် အံ့အားသင့်သွားသည်။ ရှုံးခဲ့ကြသလား...
အဲဒါ ဘယ်လိုဖြစ်နိုင်မလဲ... ဆာဟာရအနိုင်ရမည်ဟု သူထင်ခဲ့တာဖြစါ်သည်။
ဂိုဒီသည် ဆာဟာရကိုပြန်သယ်သွားသည်။ ယခုအခါ ဆာဟာရသည် ၎င်း၏ ပါးစပ်ထောင့်မှ လျှာကို တွဲလောင်းဖြင့် မြေကြီးပေါ်တွင် လှဲနေသည်။ တစ်ကိုယ်လုံးမှာ ဒဏ်ရာတွေ အများကြီးရှိနေသည်။ ၎င်း၏အမြီးသည် လေဖိအားနည်းရပ်ဝန်းသို့ ပျောက်ကွယ်သွားကာ ရှည်လျားသွယ်လျသော အမြီးငါးခုသည် တစ်ချိန်က ၎င်း၏အမြီးဖြစ်ခဲ့သည့်နေရာ၌ ပေါ်လာသည်။
ဤအမြီးငါးခုသည် အပြာရောင်ရှိသည်။ ၎င်းတို့သည် ချိတ်ဆက်ထားသော ကွင်းဆက်များ၏ ချိတ်များကဲ့သို့ ထင်ရသော်လည်း ချိတ်များ၏ အလယ်ဗဟိုသည် ရိုးရှင်းစွာ လွတ်နေသည်မဟုတ်ပေ။
ကုကျားက သူတို့ဆီလာပြီး ပြောလိုက်သည်။ “အရှင်မင်းကြီး... ကျွန်တော် ငယ်ငယ်လေးကတည်းက ဧရာမ ကင်းခြေများကို လေ့ကျင့်ပေးခဲ့တာပါ.. အနီးကပ်ပစ်နိုင်တဲ့ ဖောက်ခွဲရေးစွမ်းအားကို အလွန်လျင်မြန်တဲ့အဆင့်အထိ လေ့ကျင့်ထားပါတယ်”
ဂိုဒီက လှောင်ပြောင်လိုက်သည်။ “ငါ့ခွေးကို ငါလေ့ကျင့်ပေးရင် တချိန် အောင်နိုင်လိမ့်မယ်”
“ဟုတ်ပါတယ်” ကုကျားက ခပ်ဖျော့ဖျော့ပြုံးကာ ဂိုဒီ၏စကားကို သဘောတူလိုက်သည်။
ဆာဟာရရှုံးခဲ့ရသော်လည်း သူ၏စွမ်းရည်ကို အကြီးအကဲများအားလုံးက အသိအမှတ်ပြုကြသည်။
ကုကျား၏ ဧရာမ နတ်ဆိုးကင်းခြေများ ခေါင်းဆောင်သည် ဤနေရာရှိလူတိုင်း၏ ထိပ်တန်းငါးဦးတွင် အဆင့်သစ် သတ်မှတ်ခံရနိုင်သည်။
ထိပ်ဆုံးငါးဦးတွင် အဆင့်သတ်မှတ်ခြင်းသည် ကုကျားသည် ပဉ္စမနေရာတွင်ရှိသည်ဟု မဆိုလိုပေ။ အရည်အချင်းများ၏ အပြန်အလှန် ဖိနှိပ်မှုကြောင့် သူနှင့်သားရဲ၏ အဆင့်အတန်းကို အတိအကျ မသတ်မှတ်နိုင်ပေ။ သို့သော် ၎င်း၏စွမ်းအင်ကိုတော့ ၎င်းအား အစွမ်းအထက်ဆုံးအသုတ်တွင် သေချာပေါက်ထည့်ထားသည်။
မျိုးနွယ်စုတစ်ခုလုံးတွင် အနည်းငယ်သာ ကုကျားနှင့် ကင်းခြေများထက် သာလွန်သည်။
သို့သော်လည်း အခုတော့ သူသည် တော်ဝင်မိသားစုမှ ပေါ့ပေါ့ဆဆ မွေးမြူထားသည့် အရေးမပါသော အိမ်မွေးတိရိစ္ဆာန်တစ်ကောင်ကို ရင်ဆိုင်နိုင်ရုံမျှသာဖြစ်သည်။
ဘုရင်ကြီး၏ တန်ခိုးအာဏာသည် အမှန်တကယ်ပင် နားမလည်နိုင်အောင် ဖြစ်သည်။
လူတိုင်းနောက်ဆုတ်ရန် လက်ဟန်ပြလိုက်ပြီးနောက် ကောင်းဖန်သည် တစ်ဖန်ပြန်ထိုင်ကာ ခဏမျှအနားယူလိုက်သည်။ ထို့နောက် ဖြည်းဖြည်းနှင့် ပေါ့ပေါ့ပါးပါး မတ်တတ်ထရပ်ကာ သူ့နန်းတော်သို့ ပြန်သွားသည်။
နန်းတော်၏ အနက်ရှိုင်း တစ်နေရာတွင် အုံ့မှိုင်းအေးစက်သော သေမင်း၏ အရိပ်အယောင်သည် အဆက်မပြတ် ပျံ့နှံ့နေသည်။
ရောင်ဝါသည် တဖြည်းဖြည်း မြင့်တက်လာပြီး နောက်ဆုံး အထွတ်အထိပ်သို့ ရောက်မှသာ ရပ်တန့်သွားသည်။
ဒန်ဘီသည် စင်္ကြံ၏ အနက်ရှိုင်းဆုံးနေရာမှ ဖြည်းညှင်းစွာ ထွက်လာခဲ့ပြီး မှောင်မဲနေသည်။
ကောင်းဖန်၏ အမြင်တွင် ဂဏန်းတန်းများ ထွက်ပေါ်လာသည်။
[သားရဲ အဆင့်] - အဆင့် ၁၀၀
***
သားရဲလေ့ကျင့်သူ
အခန်း ၇၆၄ စည်းမျည်း ကွင်းဆက်
နတ်ဘုရားစိတ်ဝိညဉ်အနှစ်သာရအားလုံးကို မျိုချလိုက်ပြီး ဒန်ဘီသည် နောက်ဆုံးတွင် အဆင့် ၁၀၀၏ အဆုံးစွန်သော ကန့်သတ်ချက်သို့ ရောက်ရှိသွားခဲ့သည်။
သို့သော် အဆင့် ၁၀၀ ကိုရောက်ပြီးနောက် ဒန်ဘီသည် တစ်ဆို့ခြင်းသို့ရောက်ရှိလာသည်။ လောလောဆယ်မှာတော့ တိုးတက်မှုတွေကို ဆက်လက်မလုပ်ဆောင်နိုင်သေးပေ။
“သခင်… တစ်ခုခုတော့ လွဲနေသလို ခံစားရတယ်” ဒန်ဘီသည် ၎င်း၏ လက်ငါးချောင်းကို ဖြန့်လိုက်သည်။
“နတ်ဘုရားဖြစ်ချင်ရင် ဖြည့်ဆည်းပေးရမယ့် လိုအပ်ချက်သုံးခုရှိတယ်...သူတို့အားလုံးကို ပြီးမြောက်ပြီးနောက်မှာ မင်းက နတ်ဘုရားအဆင့်ကို ဖြတ်ကျော်နိုင်လိမ့်မယ်... ပထမလိုအပ်ချက်က မင်းရဲ့ခန္ဓာကိုယ်တစ်ခုလုံး သန့်စင်ခြင်းလုပ်ငန်းစဉ်ကို ပြီးမြောက်တဲ့အချိန်မှာ နတ်ဘုရားရေးရာခန္ဓာဖြစ်ရလိမ့်မယ်... မင်းတစ်ကိုယ်လုံးသန့်စင်ခြင်းလုပ်ငန်းစဉ်ကိုတော့ အခု ပြီးစီးနေပြီ ဖြစ်တာကြောင့် ဒီလိုအပ်ချက်ကို ဖြည့်ဆည်းပြီးပြီ”
“ဒုတိယလိုအပ်ချက်က မင်းပိုင်ဆိုင်ထားတဲ့ စွမ်းအင်တွေအားလုံးကို ပညတ်ချက်များအဖြစ် စုစည်းပြီး မင်းရဲ့စိတ်ပင်လယ်ထဲကို နတ်ဘုရားအဖြစ်သို့ သွန်းလောင်းရမှာ... နတ်ဘုရားအောက်က ဒြပ်စင်တွေကို ချုပ်ကိုင်ပြီး ဘုရားအထက်က ပညတ်ချက်တွေကို ချုပ်ကိုင်ရမယ်.. ပညတ်ရဲ့အစွမ်းကို နတ်ဘုရားစွမ်းအားလို့လည်းခေါ်တယ်... ဒါက နတ်ဘုရားသာလျှင် ထိန်းချုပ်နိုင်တဲ့ တန်ခိုးဖြစ်တယ်”
“နောက်ဆုံးလိုအပ်ချက်က မင်းစိတ်ဝိညာဉ်ကို နတ်ဘုရားရဲ့ ဝိညာဉ်အဖြစ် လုံးလုံးလျားလျားပြောင်းလဲပြီး စိတ်ဝိညာဉ်ရဲ့ နက်ရှိုင်းတဲ့ နေရာမှာ နတ်ဘုရားယဇ်ပလ္လင်ကို ပြုလုပ်ဖို့ဖြစ်တယ်”
“နတ်ဘုရားရဲ့ ယဇ်ပလ္လင်ပေါ်မှာ နတ်ဘုရားဖြစ်ဖို့ လိုအပ်ချက်သုံးခုစလုံး ကျေနပ်သွားတဲ့အခါ မင်းက စစ်မှန်တဲ့နတ်ဘုရားသခင် ဖြစ်လာလိမ့်မယ်”
ထိုအချိန်တွင် ဒန်ဘီသည် ၎င်း၏ တစ်ကိုယ်လုံး သန့်စင်ခြင်း လုပ်ငန်းစဉ်ကို ပြီးမြောက်ထားသည်။ နတ်ဘုရားဖြစ်ခြင်းနှင့် နတ်ဘုရား၏ယဇ်ပလ္လင်ကို မရသေးပေ။
ပုံမှန် နတ်ဘုရားတစ်ပိုင်းသည် တူညီသောအဆင့်တွင်ပင် အချိန်အကြာကြီးရှိနေနိုင်သည်။
ဒါပေမယ့်ဒန်ဘီအတွက် အရင်ကလောက် မခက်ခဲပေ။ ဘာလို့လဲဆိုတော့ သူ့ဘေးမှာ အရေးပါသော နှစ်ယောက်ရှိလို့ဖြစ်သည်။
စက်ရုပ်ဘုရင်သည် မျိုးနွယ်အပြင်ဘက်ရှိ သတ္တုရိုင်းသွေးကြောတစ်ခုတွင် ပြန်လည်ကျန်းမာလာခဲ့သည်။ ပင်လယ်ဝတုတ်သည်လည်း ယခုအချိန်တွင် ၎င်းနှင့်အတူရှိနေသည်။
“ပညတ်တွေထဲမှာ ကွဲပြားတဲ့ ပညတ်ဆိုတာ သီးသန့်ရှိတယ်.. မင်းမှာ ပညတ်တွေ များလေလေ မင်းရဲ့ နတ်ဘုရားဖြစ်မှုကလည်း ပိုကြီးလေလေ” ဟု ပင်လယ်ဝတုတ်က ဆိုသည်။
“နတ်ဘုရားမှာ ဘုရားဖြစ်မှုတွေ အများကြီးရှိနိုင်သလား” ကောင်းဖန်က တအံ့တသြ မေးလိုက်သည်။
“ဟုတ်ပါတယ်” ပင်လယ်ဝတုတ်က အခိုင်အမာဖြေလိုက်သည်။ “ရိုးရိုးသားသား ပြောရရင် နတ်ဘုရားတွေက ဒီလိုမျိုးလားဆိုတာ ငါမသိပေမယ့် ပင်လယ်ရေမျက်နှာပြင်ရဲ့ နတ်ဘုရားကိုယ်ထည်မှာ ဘုရားဖြစ်မှုအနည်းငယ်ပါတဲ့ ပညတ်အမျိုးအစားအချို့ပါရှိတယ်ဆိုတာတော့ သိတယ်”
“နတ်ဘုရားဖြစ်မှုက နတ်ဘုရားယဇ်ပလ္လင်ထိပ်မှာ ရှိတယ်... နတ်ဘုရားဖြစ်မှုမှာ ပညတ်ချက်တွေပါ၀င်ပြီး နတ်ဘုရား ယဇ်ပလ္လင်က ဒီပညတ်ချက်တွေ ဒါမှမဟုတ် စည်းမျဉ်းတွေရဲ့ စွမ်းအားကို အပြည့်အဝမြှင့်တင်ပေးတဲ့အရာဖြစ်တယ်”
“နတ်ဘုရား ယဇ်ပလ္လင်ကို ဘယ်လိုရနိုင်မလဲ” ဒန်ဘီက မေးလိုက်သည်။
“မင်းရဲ့စိတ်ဝိညာဉ်ကို လှုံ့ဆော်ဖို့ နတ်ဘုရားဖြစ်မှုမှာ ပညတ်တွေကို သုံးပါ.. မင်းရဲ့စိတ်ဝိညာဉ်စွမ်းအားက လုံလောက်တဲ့ အတိုင်းအတာအထိ ရောက်ရှိနေသမျှကာလပတ်လုံး မင်းရဲ့စိတ်ဝိညာဉ်အတွင်းမှာ နတ်ဘုရားယဇ်ပလ္လင်ကို ထုတ်ပေးနိုင်တယ်.... နတ်ဘုရား ယဇ်ပလ္လင်မရှိဘဲ.. နတ်ဘုရားဖြစ်မှုကို ထောက်ပံဖို့ နည်းလမ်းမရှိဘူး”
“ကောင်းပြီ” ဒန်ဘီသည် အစီအစဥ်ကို လိုက်နာပြီး အဆင့်ဆင့် ပြီးအောင်လုပ်ရမည်ဟု တွေးလိုက်သည်။ ဦးစွာ ၎င်းသည် ၎င်း၏စွမ်းအားကို နတ်ဘုရားအဖြစ်သို့ ပေါင်းစည်းရန် လိုအပ်သည်။
“ဒီအတွက် စံနှုန်းကို လိုက်နာရမယ်..မင်းရဲ့စွမ်းအားကို နတ်ဘုရားအဖြစ် ပေါင်းစည်းဖို့ လိုအပ်တဲ့အချက်က မင်းရဲ့ခန္ဓာကိုယ် တစ်ခုလုံးကို ပထမဆုံး သန့်စင်စေတာပဲ.... မဟုတ်ရင် နတ်ဘုရားဖြစ်မှုက မင်းဆိမှာရှိရင်တောင် လျှံကျနေတဲ့စွမ်းအားတွေကြောင့် မင်းရဲ့ခန္ဓာကိုယ်ကို အပိုင်းပိုင်းပြိုကွဲသွားစေလိမ့်မယ်... သစ်သားအမျိုးအစား နတ်ဘုရားတစ်ပိုင်းဆိုရင် တစ်ခုတည်းသော မသန့်စင်တဲ့ လက်ချောင်းတစ်ချောင်းကြောင့် နောက်ဆုံးမှာ ထင်းတုံးတစ်တုံးအဖြစ် ပြောင်းလဲသွားတာကို ငါကိုယ်တိုင် မြင်ဖူးတယ်... သူက သူနောက်ကနေလိုက်နေတဲ့ ရန်သူတွေကို ဖြေရှင်းဖို့ သူ့စွမ်းအားတွေကို နတ်ဘုရားဖြစ်မှုထဲကို အတင်းအကျပ် ပေါင်းထည့်ခဲ့တာ”
“ဒီလိုနဲ့ သူ့ခန္ဓာကိုယ်အတွင်းက ဟန်ချက်ပျက်သွားပြီး... တစ်ကိုယ်လုံး မီးပုံးပျံတစ်ခုလို ပေါက်ကွဲသွားခဲ့တယ်” ပင်လယ်ဝတုတ်သည် သက်ပြင်းတစ်ချက်ချလိုက်သည်။
“မင်းသိပြီလား”
“မင်းရဲ့ စွမ်းအားကို နတ်ဘုရားဖြစ်မှုအတွက် ဘယ်လို ပေါင်းစည်းရမလဲဆိုတာ ပြောပြမယ်” ပင်လယ်ဝတုတ်က ၎င်းသည် ၎င်း၏စွမ်းအားကို နတ်ဘုရားဖြစ်မှုသို့ ၎င်းကိုယ်တိုင်ပေါင်းစည်းထားပုံကို ဒန်ဘီအားပြောပြလိုက်သည်။
အကြီးတန်းတစ်ဦးသည် ပင်လယ်ဝတုတ်ကို နတ်ဘုရားဖြစ်မှုသို့ ပေါင်းစည်းခြင်းနည်းလမ်းအကြောင်း ပြောပြခဲ့သည်။ ထိုအကြီးတန်းသည် ယခင်က ပင်လယ်ဝတုတ်ကို လမ်းညွှန်ခဲ့ဖူးပြီး ၎င်းအတွက် ကျေးဇူးရှင်ဖြစ်ခဲ့သူဖြစ်သည်။
အမှန်ကတော့ နတ်ဘုရားဖြစ်မှုအတွက် စွမ်းအားများကို ပေါင်းစည်းသည့် နည်းလမ်းအားလုံးသည် လုံးဝနီးပါး တူညီသည်။ သူတို့၏ တိကျသောရည်ရွယ်ချက်မှာ ခန္ဓာကိုယ်၏ စွမ်းအားကို ပညတ်ချက်အဖြစ်သို့ ပြောင်းလဲရန်ဖြစ်သည်။ ပညတ်ချက်သည် ကမ္ဘာမြေပေါ်ရှိ သက်ရှိအားလုံးအတွက် အခြေခံအုတ်မြစ်ဖြစ်သည်။ ၎င်းတို့သည် ကမ္ဘာကို တည်ဆောက်ထားသည့် မူဘောင်နှင့်တူသည်။ ဤကဲ့သို့ဖော်ပြချက်သည် သာမာန်စွမ်းအားနှင့် ယှဉ်ရင် စွမ်းအားကြီးသည့် အဆင့်ပိုမြင့်တာတော့ သေချာသည်။
“ငါ စူးစမ်းလေ့လာခဲ့တဲ့နည်းလမ်းကို ငွေ့ရည်ဖွဲ့နည်းနည်းလမ်းလို့ ခေါ်တယ်” ဟု ပင်လယ်ဝတုတ်က ဖြည်းညှင်းစွာပြောလိုက်သည်။
ကောင်းဖန်သည် ပင်လယ်ဝတုတ်၏ ပြင်းထန်လေးနက်သော ပုံရိပ်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်ဖြစ်သည်။
ဂိုဒီအံ့အားသင့်စွာဖြင့် ပါးစပ်ကို ဖွင့်လိုက်သည်။ သူသည် ခွေးခြေလေးတစ်လုံးနှင့် အလျင်အမြန်ပြေးကာ ဆရာဝတုတ်၏ ဟောပြောချက်ကို နားထောင်ရန် ထိုင်နေသည်။
ပင်လယ်ဝတုတ်သည် ငွေ့ရည်ဖွဲ့ခြင်းနည်းလမ်းကို အသေးစိတ်ရှင်းပြပြီး မမောမပန်းပြောလိုက်သည်။
၎င်း၏အမည်မှာ အဓိပ္ပာယ်ဖွင့်ဆိုထားသည့်အတိုင်း ငွေ့ရည်ဖွဲ့ခြင်းနည်းလမ်းသည် စောင့်ကြည့်မှု ပုံစံတစ်ခုပါဝင်သည့် နည်းလမ်းတစ်ခုဖြစ်သည်။
ဤနေရာတွင် ရှုမှတ်ခြင်း၏ အဓိပ္ပါယ်သည် ပညတ်များကိုကြည့်ခြင်းကို ရည်ညွှန်းခြင်းမဟုတ်ဘဲ ချောင်းကြည့်ခြင်းဟု ခေါ်သည်။
ပင်လယ်ဝတုတ် ရည်ညွှန်းနေသော စူးစမ်းလေ့လာရေးနည်းလမ်းမှာ စိတ်၏ဗလာဖြစ်စဥ်ဖြစ်ပြီး စိတ်အေးလက်အေး အေးဆေးနေရန် လိုအပ်သည်။ ထိုသို့သောအခြေအနေမျိုးတွင် ကမ္ဘာပေါ်ရှိ အရာအားလုံးကို ရှုမြင်ရာတွင် အာရုံခံစားမှုများသည် ပိုမိုပြင်းထန်လာမည်ဖြစ်သည်။ အခြေအနေတစ်ခုသို့ ဝင်ရောက်ရာမှာလည်း ပိုမိုလွယ်ကူလာမည်ဖြစ်သည်။
ထိုသို့သောနည်းလမ်းသည် လေ့လာသူများကိုယ်တိုင်၏ ပင်ကိုယ်စွမ်းရည်ကို ပိုမိုမြင့်မားလာစေရန်အတွက် လိုအပ်သည်။ ထို့အပြင် လေ့လာသူသည် စိတ်အေးချမ်းသာစွာ နေတတ်ရန် လိုအပ်သည်။ မငြိမ်မသက်ဖြစ်နေသော အခြေအနေတွင် အဆက်မပြတ်ရှိနေပါက ၎င်းတို့၏ စူးစမ်းမှုကို မလုပ်ဆောင်နိုင်ပေ။
အရေးကြီးဆုံးအချက်မှာ ဒန်ဘီ၏ အဆင့် ၁၀၀ သို့ရောက်ခြင်း သို့မဟုတ် တစ်နည်းအားဖြင့် နတ်ဘုရားတစ်ပိုင်းအတွက် ကြီးမြတ်ပြီးပြည့်စုံမှုဖြစ်သည်။ ငွေ့ရည်ဖွဲ့ခြင်းနည်းလမ်းကို အသုံးမပြုမီ ၎င်း၏ခန္ဓာကိုယ်ကို ဦးခေါင်းမှ ခြေဖျားအထိ လုံးလုံးလျားလျား သန့်စင်ထားရမည်ဖြစ်သည်။
ကောင်းဖန်အတွက် ၎င်းသည် တာအိုဘာသာတွင် တရားထိုင်ခြင်းနှင့် ဗုဒ္ဓဘာသာတွင် စိတ်ပိုင်းဆိုင်ရာ လေ့ကျင့်ပေးခြင်းနှင့် ခပ်ဆင်ဆင်တူသည်။
…
“ကောင်းဖန်.. ဒန်ဘီလုံးဝ မလှုပ်မယှက်ဘဲ ထိုင်နေတာ သုံးရက်ရှိပြီ.. အဆင်ပြေရဲ့လား” တာ့ဇီက စိုးရိမ်တကြီးမေးလိုက်သည်။
နန်းတော်ရဲ့အဝေးဆုံးမှာတည်ရှိတဲ့ တိတ်ဆိတ်ငြိမ်သက်တဲ့ အခန်းတစ်ခန်းရဲ့ လေးထောင့်မှာ အစိမ်းရောင်မီးလုံးတွေက အေးချမ်းစွာ လောင်ကျွမ်းနေသည်။
ရွှေရောင်မှိန်ဖျော့ဖျော့ အရိုးစုတစ်ခုသည် အခန်း၏အလယ်ဗဟိုရှိ နက်ပြာရောင်ဆုတောင်းဖျာပေါ်တွင် ထိုင်နေသည်။
ဤမြင်ကွင်းသည် အလွန်ထူးဆန်းပြီး ကြောက်မက်ဖွယ်ကောင်းလှသည်။
ထိုနေ့တွင် ဒန်ဘီသည် ပင်လယ်ဝတုတ်၏ စကားများကို ကြားပြီးကတည်းက ဤအခန်းထဲ၌ စဉ်ဆက်မပြတ် တရားထိုင်နေခဲ့သည်။
ပင်လယ်ဝတုတ် ဖော်ပြထားသည့်အတိုင်း မျက်စိမှိတ်ပြီး တရားတော်များကို ဆင်ခြင်သုံးသပ်လျက်ရှိသည်။
မျက်လုံးမှိတ်ထားသော အရိုးစုသည် မြေပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်နေသည်။
သူ့စိတ်သည် ပြီးပြည့်စုံစွာ ပြေလျော့ထားသည်။ သူ့မျက်လုံးထဲက မီးတောက်တွေက လောင်ကျွမ်းနေသည့် အရိပ်အယောင်တောင် မရှိသလောက်ပင်။
“အဲဒီတုန်းက စောင့်ကြည့်လေ့လာရေးနည်းလမ်းကို ဘယ်လောက်ကြာကြာ သုံးခဲ့တာလဲ” ကောင်းဖန်သည် လှည့်ကြည့်ကာ ပင်လယ်ဝတုတ်ကို မေးလိုက်သည်။
“ငါက ထူးထူးခြားခြား ပါရမီရှင်ဆိုတော့ ပညတ်ကို အောင်မြင်အောင် ကျင့်ဖို့ တစ်လပဲလိုခဲ့တယ်” ဟု ပင်လယ်ဝတုတ်က ဂုဏ်ယူစွာပြောလိုက်သည်။
သူ့စကား ပြီးတာနဲ့ အခန်းထဲက အသံတွေ ထွက်လာသည်။
ဒန်ဘီ၏ မျက်လုံးမှ မီးတောက်များသည် ပိုမိုပြင်းထန်ပြီး ပြင်းထန်စွာ လောင်ကျွမ်းသွားသည်။ ရုတ်တရက် ဒန်ဘီ၏ ပါးစပ်မှ စူးရှသော အသံ ထွက်ပေါ်လာသည်။
“ငါမြင်တယ်... ဒီမှာပဲ ပေါ်လာတယ်”
ညာလက်ကို မြှောက်လိုက်ပြီး လက်ညိုးကို လေထဲသို့ ထိုးလိုက်သည်။
သူ့ရှေ့တွင် ဘာတစ်ခုမှ ရှင်းရှင်းလင်းလင်းမရှိသော်လည်း ၎င်း၏အနှိုင်းမဲ့ တည်ငြိမ်သောလက်ချောင်းသည် မမြင်နိုင်သော အရာတစ်ခုကို ဖောက်ဝင်သွားပုံရသည်။
လက်ညိုးထိုးရပ်သည့်နေရာမှ လှိုင်းအနည်းငယ်သည် အပြင်သို့ ပျံ့နှံ့သွားသည်။
လှိုင်းတံပိုးတွေက ပိုကြီးလာသည်။ နောက်ဆုံးတွင် ပေါက်ကွဲသွားသော ဆည်တစ်ခုကဲ့သို့ ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။
မီးခိုးမြူများသည် ခြံဝင်းတစ်ခုလုံးကို ချက်ချင်း ဖုံးလွှမ်းသွားသည်။ တိမ်တိုက်ထဲမှာ ရှိနေသလိုမျိုးပင်။
မီးခိုးမြူများက ကောင်းဖန်၏ခန္ဓာကိုယ်ကို စိမ့်ဝင်သွားကာ တုန်လှုပ်ခြောက်ခြားသွားစေသည်။ ကောင်းဖန်သည် ရုတ်တရက် အလွန်အေးစက်လာသည်။
ဒန်ဘီသည် ၎င်း၏လက်ညိုးကို ညွှန်ပြပြီးနောက် ၎င်းကို ပြန်ရုတ်သိမ်းလိုက်သည်။ မီးခိုးမြူများသည်ဒန်ဘီ၏လက်ညိုးထိပ်ရှိ ဆန်စေ့တစ်စေ့ကဲ့သို့ ကြီးမားသော မီးခိုးရောင်အလင်းတန်းတစ်ခုအဖြစ်သို့ လျင်မြန်စွာစုစည်းပြီး စုစည်းသွားသည်။
ပင်လယ်ဝတုတ်၏ မျက်နှာပေါ်ရှိ ဂုဏ်ယူသောအမူအရာသည် ချက်ချင်း အေးခဲသွားသည်။
ဒန်ဘီက ဘယ်လိုလုပ် ဒီလောက်မြန်ရတာလဲ...
“ဒါဆို ဒါက ပညတ်တွေပဲ” ဒန်ဘီ၏ မျက်လုံးများ ပိုတောက်ပလာသည်။ ၎င်း၏အမြင်တွင် ကမ္ဘာပေါ်ရှိ အရာအားလုံးသည် ဒေါင်လိုက်နှင့် အလျားလိုက် ရောယှက်နေသော ကွင်းဆက်များစွာ ဖြစ်လာပြီး ကမ္ဘာကြီးတစ်ခုလုံးကို ပြည့်လျက်ရှိသည်။
ဤကွင်းဆက်များသည် အရောင်အမျိုးမျိုးရှိသည်။ အချို့မှာ သွေးကဲ့သို့ အနီရောင်ဖြစ်ပြီး အချို့မှာ အပြာရောင်ဖြစ်သည်။ သက်ရှိအားလုံးရဲ့ အလေးချိန်ကို ထမ်းထားတဲ့ ထူထဲတဲ့ မြေဆီလွှာနဲ့တူသည့် သံကြိုးပေါင်းများစွာလည်း ရှိသည်။
ပြတင်းပေါက်အပြင်ဘက်တွင် ဝါးပင်အနည်းငယ်သည် လေတိုက်ခတ်မှုကြောင့် အသံများ ထွက်ပေါ်လာသည်။
ဒန်ဘီ၏ မျက်လုံးများတွင် ဝါးပင်တစ်ပင်စီ၏ အလယ်ဗဟိုကို ကြိုးကဲ့သို့ ကောင်းမွန်သော ကျောက်စိမ်းရောင် ကြိုးတစ်ချောင်းဖြင့် သိမ်းပိုက်ထားသည်။
စက္ကန့်ပိုင်းလေးအတွင်းမှာ ဒန်ဘီသည် ရုတ်တရက် သိမြင်မှု အလင်းတန်းတစ်ခု ပေါ်လာသည်။ ဒါတွေက စည်းမျဥ်းကွင်းဆက် ဖြစ်ရမည်။
ဤသည်မှာ သူတို့ပြောခဲ့သော ပညတ်များကို ပြသရန် အသုံးပြုသည့် ရုပ်ပုံသဏ္ဍာန် အတိအကျပင် ဖြစ်သည်။