← Chapters

အခန်း (၇၆၅-၇၆၈)

Vol. 48 Ch. 765-768

အခန်း (၇၆၅-၇၆၈)

Vol. 48 Ch. 765-768

အခန်း ၇၆၅ နတ်ဘုရားဖြစ်မှု

ပညတ်များသည် နေရာအနှံ့တွင်ရှိ‌သည်။ ၎င်းတို့သည် လူတိုင်း၏ဘဝကဏ္ဍအားလုံးတွင် အရိုးစွဲနေသည်။

စည်းမျဥ်းကွင်းဆက်သည် ကမ္ဘာပေါ်ရှိ အရာအားလုံး၏ အရင်းအမြစ်ဖြစ်ကြောင်း သူတို့ပြောခဲ့သည်မှာ အံ့သြစရာမဟုတ်ပေ။

ဒန်ဘီ၏မျက်လုံးများတွင် နားလည်မှုအရိပ်အမြွက်ပေါ်လာသည်။

“အဲဒါဆိုရင် ငါ့ရဲ့ပညတ်က ဒါဖြစ်ကောင်းဖြစ်မယ်…”

အစောပိုင်းရက်အနည်းငယ်က ပင်လယ်ဝတုတ်ပေးခဲ့သည့် သတိပေးချက်ကို ဒန်ဘီသတိရမိလိုက်သည်။ “ ပေါ့ပေါ့ဆဆနဲ့ ပေါ့ပေါ့တန်တန် ပညတ်ကို မရွေးချယ်နဲ့... ပညတ်က မင်းကို ရွေးချယ်နိုင်သလို ပညတ်ကိုလည်း မင်းကရွေးချယ်နိုင်တယ်.. ပညတ်အမျိုးအစားနဲ့ မသင့်တော်ပေမယ့် အတင်းအကြပ် ပိုင်ချင်ရင်တော့... ခက်ခက်ခဲခဲ ကြုံရလိမ့်မယ်”

အချိန်အတော်ကြာအောင် ဒန်ဘီသည် ၎င်း၏လက်ချောင်းထိပ်ပေါ်ရှိ မီးခိုးရောင်အလင်းတန်းလေးများကို ကြည့်လိုက်သည်။ ပျက်ပြယ်သွားစေရန် ရည်ရွယ်၍ ဆွဲခြင်း၊ ဆုပ်ကိုင်ခြင်းများပြုလုပ်ကြည့်လိုက်သည်။

ဒန်ဘီနှင့် ပင်လယ်ဝတုတ်၏မျက်လုံးများတွင် ဒန်ဘီသည် မီးခိုးရောင်ဆွဲကြိုးကို ကိုင်ဆောင်ထားသည်။

ဤမီးခိုးရောင်ကြိုးသည် အရောင်အသွေး တောက်ပြောင်နေသည်။ ၎င်း၏မျက်နှာပြင်ပေါ်တွင် လျှို့ဝှက်ဆန်းကြယ်သော သင်္ကေတအမျိုးမျိုးကို ရေးထွင်းထားသည်။

ဤသည်မှာ စိတ်ဝိဥာဉ်ပညတ်ဖြစ်သည်။

ပင်လယ်ဝတုတ်သည် ဤပညတ်စည်းမျဥ်းကို အသိအမှတ်ပြုသည်။

ဒန်ဘီသည် ညာလက်ဖြင့် စိတ်ဝိညာဉ်ပညတ်ကို ဆုပ်ကိုင်ထားသည်။ မီးခိုးရောင်အလင်း၏ အမှုန်အမွှားလေးများသည် စိတ်ဝိညာဉ်ဆိုင်ရာ စည်းမျဥ်းကွင်းဆက်မှ “အာဟာရ” ကို အဆုံးမရှိစုပ်ယူနေသော ကပ်ပါးကောင်နှင့်တူသည်။

အလင်းတန်းများသည် အဆက်မပြတ် ကျယ်ပြန့်လာသည်။ အလင်းရောင် ပိုကြီးလာသည်နှင့်အမျှ ၎င်းသည် ဒန်ဘီ၏ ထိန်းချုပ်မှုမှ လွတ်မြောက်ရန်အတွက် ၎င်း၏ သဘောတူညီချက်ကို ထုတ်ပေးနေသည်။

ကံကောင်းထောက်မစွာ ဒန်ဘီ၏စိတ်ဝိညာဉ်၏စွမ်းအားနှင့်စပ်လျဉ်းသည့်အောင်မြင်မှုများသည် အလွန်နက်နဲသောကြောင့် ၎င်းသည် မီးခိုးရောင်အလင်းတန်းများကို ထိန်းချုပ်ထားဆဲဖြစ်သည်။

အချိန်ကြာလာသည်နှင့်အမျှ ဆန်တစ်စေ့အရွယ်မှ ပဲတောင့်ရှည်ကြီးအရွယ်၊ ထို့နောက် ငါးဆုပ်အရွယ်အထိ ကျယ်ပြန့်လာသည်။ နောက်ဆုံးတွင် အတွင်းတွင် စွပ်ပြုတ်ပါသော အမဲသားပေါင်း မုန့်လုံးကြီး၏ အရွယ်အစားအထိပင် ကြီးထွားလာသည်။

အမဲသားပေါင် အရွယ်ကြီးလာသောအခါ နောက်ဆုံးတွင် ကြီးထွားမှုရပ်တန့်သွားသည်။ ပတ်ပတ်လည်မှာ ချောမွေ့နေသည်။

၎င်း၏တောက်ပပြီး ချောမွေ့သောမျက်နှာပြင်ကို လျှို့ဝှက်ဆန်းကြယ်သော သွေးကြောပုံစံများဖြင့် ဖုံးအုပ်ထားသည်။

ဤသည်မှာ နတ်ဘုရားပညတ်တစ်ခုဖြစ်သည်။

ဂိုဒီသည် မျက်လုံးများ ပြူးလာသည်။ သူ့လက်ထဲကို လေမှုတ်ထုတ်ပြီး လက်ဖဝါးနှစ်ဖက်ကို နွေးနွေးထွေးထွေး ပွတ်သပ်ပေးနေသည်။

“မလုံလောက်သေးဘူး” ဒန်ဘီက သူ့ကိုယ်သူ ရေရွတ်သည်။

လေထဲ၌ ဆိုင်းငံ့ထားလိုက်သော စိတ်ဝိညာဉ်ပညတ်၏ ကွင်းဆက်သည် ယခုအခါ ၎င်း၏ကိုယ်ပိုင်ဘဝရှိသကဲ့သို့ သူ့အလိုလို ရွေ့လျားလာသည်။

ဤဝိညာဥ်ပညတ်၏ ကွင်းဆက်သည် မည်မျှကြာမည်ကို မည်သူမျှ မသိကြပေ။ အရှေ့ဘက်မှ အနောက်ဘက်သို့ ဆန့်တန်းထားသည်။ ကွင်းဆက်၏ သေးငယ်သော အစိတ်အပိုင်းကို အလယ်မှ ခွဲထုတ်လိုက်သောအခါ ဒန်ဘီ၏ လက်ဖဝါးရှိ မီးခိုးရောင်ဘောလုံးထဲသို့ ရောနှောသွားသည်။

ကွင်းဆက်၏ ဤသေးငယ်သော အစိတ်အပိုင်းသည် မီးခိုးရောင်ဘောလုံးလုံးဝိုင်းထဲသို့ လုံးလုံးပေါင်းစည်းသွားသောအခါတွင် နတ်ဘုရား၏အလင်းသည် ၎င်းမှ ထွက်ပေါ်လာသည်။

ကွင်းဆက်၏ ဤသေးငယ်သော အစိတ်အပိုင်းသည် မီးခိုးရောင်ဘောလုံးလုံးဝိုင်းထဲသို့ လုံးလုံးပေါင်းစည်းသွားသောအခါတွင် ဘုရားသခင်၏အလင်းသည် ၎င်းမှ ထွက်ပေါ်လာသည်။

၎င်းသည် ချက်ချင်းပင် တောက်ပြောင် တောက်ပလာသည်။ မီးခိုးရောင်ဘောလုံးအဝိုင်းအတွင်းတွင် ကွင်းဆက်တစ်ခုဖွဲ့စည်းကာ မီးခိုးရောင်ကွင်းဆက်၏ သေးငယ်သောအပိုင်းကို ပိတ်ပြီး ဘောလုံးဝိုင်း၏အလယ်ဗဟိုတွင် တင်ထားသည်။

အဲဒါက နတ်ဘုရားဖြစ်မှု၏ စိတ်ဝိညာဉ်ဖြစ်သည်။

သူ့လက်ဖဝါးထဲက သလင်းကျောက်ကို ကြည့်တဲ့အခါ ဒန်ဘီရုတ်တရက် သဘောပေါက်သွားသည်။

“နောက်ထပ်ရှိသေးတယ်” ဒန်ဘီသည် ၎င်း၏လက်ကို လေထဲ၌ ဝှေ့ယမ်းပြီး စိတ်ဝိဥာဉ်ပညတ်ကွင်းဆက် ၎င်း၏လက်မှ လွှတ်လိုက်သည်။

ဒန်ဘီသည် သူ့ဆီသို့ အခြားကွင်းဆက်ကို ဆွဲလိုက်သည်။

ဤကွင်းဆက်သည် လုံးဝအဖြူဖျော့ရောင်ဖြစ်သည်။ မျက်နှာပြင်လေးဘက်လုံးတွင် ချွန်ထက်သော ဆူးပင်များ ရှိသည်။

“အဖြူရောင်အရိုးစုပညတ်ရဲ့ ကွင်းဆက်” ပင်လယ်ဝတုတ်သည် မျက်မှောင်ကြုတ်လိုက်သည်။

ဒန်ဘီ၏လက်ဖဝါးတွင် ဆင်စွယ်ကဲ့သို့ အဖြူရောင်အရိုးအပိုင်းအစတစ်ခုရှိလာသည်။

ဆယ်မိနစ်အကြာတွင်အဖြူရောင်အရိုးစုနတ်ဘုရားဖြစ်မှုသည် ပေါင်းစည်းသွားသည်။

ဒန်ဘီ၏ ရှေ့တွင်နတ်ဘုရားဖြစ်မှု အပိုင်းနှစ်ပိုင်း မျှောနေသည်။

ပင်လယ်ဝတုတ်သည် အလွန်စိတ်လှုပ်ရှားစွာ ကြည့်နေသည်။ ဒန်ဘီသည် ၎င်း၏စွမ်းအားကို နတ်ဘုရားဖြစ်မှု အပိုင်းနှစ်ပိုင်းအဖြစ် တစ်ပြိုင်နက်တည်း ပေါင်းစည်းလိုက်သည်ကို သူမယုံနိုင်ပေ။ ဒါပေမယ့် ဒါက ဒန်ဘီ၏ ကန့်သတ်ချက်မဟုတ်မှန်း သိသည်။

သာမန်နတ်ဘုရားများတွင် ပညတ်တစ်မျိုးတည်းသာရှိသည်။ ဤသည်မှာ ပညတ်ခုတည်းကို ဆောက်တည်သူများက မကောင်းဟု မဆိုလိုပေ။

တစ်မျိုးတည်းကိုသာ ပြီးပြည့်စုံစေရန် အာရုံစိုက်သော နတ်ဘုရားများစွာ ရှိခဲ့ခြင်း ဖြစ်သည်။ ပညတ်အမျိုးအစားများစွာကို တစ်ပြိုင်နက်တည်း ကျင့်ခြင်းသည် အချိန်ပိုကုန်သော်လည်း ၎င်းတို့သည်လည်း လျင်မြန်စွာ တိုးတက်မှုရှိလာမည်ဖြစ်သည်။

ဒန်ဘီသည် ၎င်း၏ စွမ်းအားကိုနတ်ဘုရားဖြစ်မှုအဖြစ် ပေါင်းစည်းလိုက်သောအခါတွင် ၎င်း၏ ဒြပ်စင်တွင် သိသိသာသာ ပိုမိုပါဝင်လာသည်။

၎င်းသည် နေရာလွတ်သို့ ဦးတည်ကာ မဆိုင်းမတွ ဆွဲငင်ငင်ငင် ဆုတ်သွားသည်။

ဒန်ဘီသည် စည်းမျည်းကွင်းဆက် အများအပြားကြားမှာ ပိုမိုနက်နဲစွာ ဝှက်ထားသော ကွင်းဆက်ကို ဖမ်းဆုပ်လိုက်သည်။

၎င်းသည် မတူညီသောအရောင်များစွာဖြင့် ရောစပ်ထားသည့် ကွင်းဆက်တစ်ခုဖြစ်သည်။ အဖြူ၊ အစိမ်း နှင့် မီးခိုးရောင် နှင့် အနက်ရောင်များပင် ရှိသည်။

ဒန်ဘီ၏ လက်ဖဝါးတွင် အလင်းအမှုန်အမွှားများ စုစည်းလာသည်။

ပင်လယ်ဝတုတ်သည် ဒန်ဘီနှင့် အချိန်အတော်ကြာ ထိတွေ့နေခဲ့သောကြောင့် ဒန်ဘီ၏စွမ်းအားကို ကောင်းစွာနားလည်နိုင်ခဲ့သည်။ ဤကွင်းဆက်သည် ဖုန်ကောင်ပညတ်ကို ကိုယ်စားပြုနိုင်သည်။

ဖုတ်ကောင်ပညတ်သည် ရိုးရှင်းသော ပညတ်တစ်ခုမဟုတ်ပေ။ မြင့်မားသောအဆင့်တွင်ရှိသည့် ပညတ်တစ်ခုဖြစ်သည်။ မသေသူ သတ္တဝါတိုင်းတွင်တောင် ဖုတ်ကောင်ပညတ်ကို ထိန်းချုပ်ရန် လိုအပ်သောအရာများ မရှိပေ။

ဤ ဖုတ်ကောင်ပညတ်သည် မသေသူများကို ဖန်ဆင်းခြင်း၊ ၎င်းတို့ကို အသွင်ပြောင်းခြင်းနှင့် ပညတ်၏ဖန်တီးသူထက် အားနည်းသော လူသေများကို ထိန်းချုပ်ခြင်းတို့ ပါဝင်သည်။ ဤသည်မှာ အထူးအဆင့်မြင့်သော ပညတ်အမျိုးအစားဖြစ်သည်။

အဆုံးတွင် ဒန်ဘီသည် ၎င်း၏စွမ်းအားကို ဖုတ်ကောင်နတ်ဘုရားဖြစ်မှုသို့ ပေါင်းထည့်လိုက်သည်။

ပင်လယ်ဝတုတ်၏ မျက်နှာပေါ်ရှိ အမူအရာကို ဖတ်၍မရပေ။ နတ်ဘုရားဖြစ်မှုအပိုင်းသုံးပိုင်း..... နတ်ဘုရားများကြားတွင်ပင် ဤအရာသည် အလွန်ရှားပါးသည်။

ဒန်ဘီသည် ဤနတ်ဘုရားစွမ်းအား သုံးမျိုးကို ၎င်း၏ခန္ဓာကိုယ်ထဲသို့ မစုပ်ယူလိုက်ပေ။ ယင်းအစား ၎င်းသည် ကွက်လပ်ထဲသို့ ရည်မှန်းပြီး နောက်တစ်ကြိမ် ထပ်ဖမ်းလိုက်သည်။

“ထပ်ပြီးတော့လား..” ပင်လယ်ဝတုတ်သည် တုန်လှုပ်သွားသည်။

ဒန်ဘီမှာ စွမ်းအားကို ပေါင်းစပ်နိုင်တဲ့ တခြားဘယ် ပညတ်များ ရှိနေလဲ..

အမှောင်မီးလျှံ....

စိတ်ဝိညာဉ်များကို မီးလောင်စေနိုင်သည့် အမှောင်မီးလျှံသည် အမှန်တကယ်ပင် အလွန်အစွမ်းထက်သော်လည်း ၎င်းသည် မပြီးမြောက်သေးပေ။

အမှောင်မီးလျှံ ပြီးသွားပါက စွမ်းအားအချို့ကို ပညတ်အဖြစ် ပေါင်းစည်းနိုင်မည်ဖြစ်သည်။ ဒန်ဘီထိန်းချုပ်ထားတဲ့ အမှောင်မီးလျှံသည် ပြီးပြည့်စုံတယ်လို့ မယူဆနိုင်သည့်အတွက် နှမြောစရာပင်။

ဒန်ဘိသည် သူ့လက်မောင်းကို တတ်နိုင်သမျှ နက်နဲအောင် ဆုပ်ကိုင်လိုက်သည်။ တိကျစွာဖြင့် ၎င်းသည် မရေမတွက်နိုင်သော အခြားအရာများကြားတွင် အဆိုပါ သီးခြားကွင်းဆက်ကို ဖမ်းဆုပ်လိုက်သည်။

အဲဒါ...

ပင်လယ်ဝတုတ်သည် မျက်လုံးများ ပြူးကျယ်သွားသည်။

ဒန်ဘီ၏ ရည်မှန်းချက်သည် မမျှော်လင့်ဘဲ ကြီးမားသည်။

အဲဒါ ဘယ်လိုဖြစ်နိုင်မလဲ...အဲဒါကို တကယ်ရွေးခဲ့တာလား...

မှင်ကဲ့သို့ အနက်ရောင် ကွင်းဆက်တစ်ခုသည် လေထဲ၌ ငြိမ်သက်စွာ လွင့်မျောနေသည်။ တစ်ချက်ကြည့်လိုက်လျှင်ပင် အလိုလို ကြောက်ရွံ့မှုကို လှုံ့ဆော်ပေးသည့် ကွင်းဆက်တစ်ခုဖြစ်သည်။

၎င်းနှင့် ၎င်း၏အနီးတစ်ဝိုက်ရှိ အခြားကွင်းဆက်များကြားရှိ နေရာလွတ်သည် ပိုကြီးပြီး ၎င်း၏ထူးခြားသော အခြေအနေကို ပြသနေသည်။

မရဏ စည်းမျည်းကွင်းဆက်....

ဒီကွင်းဆက်ကို လက်ထဲမှာ ကိုင်ထားလိုက်သောအခါ ကမ္ဘာကြီးက တိတ်ဆိတ်သွားသလိုပင်။

မရဏ၏မသန့်ရှင်းမှုများကြောင့် ဒန်ဘီ၏လက်မောင်းအရောင်သည် မွဲခြောက်သွားသည်။

ကွင်းဆက်သည် အနည်းငယ် တုန်သွားသည်။

ပင်လယ်ဝတုတ်၏ နှလုံးသည်လည်း လည်ချောင်းဆီသို့ပင် တိုးလာသလို ဖြစ်နေသည်။

ပညတ်ကို အသိအမှတ်မပြုရင် ပညတ်နဲ့ လျော်ညီတဲ့ စွမ်းအား ပမာဏ ရှိရမယ် ဆိုတာ အရင်ကတည်းက ပြောထားပြီးသားပင်။

သက်ဆိုင်ရာ ပညတ်ချက်ကို အတင်းအကျပ် ချုပ်ချယ်ချင်သောအခါ ထိုအစား ပညတ်ဖြင့် တိုက်ခိုက်ခြင်းကို ခံရမည်ဖြစ်သည်။

ထွက်သက် တစ်ချက်... ထွက်သက်နှစ်ချက်... ထွက်သက်သုံးချက်...

အချိန်သည် မိနစ်နှင့် စက္ကန့်အတွင်း ကုန်သွားသည်။ မရဏ၏ ကွင်းဆက်မှ နောက်ထပ် လှုပ်ရှားမှု မရှိပေ။

ပင်လယ်ဝတုတ်သည် စိတ်သက်သာရာရသွားသည်။

ငြင်းပယ်ခြင်းမပြုခြင်းသည် အကောင်းဆုံးအစဖြစ်သည်။

ရည်းစားထားရသလိုမျိုးပင်။ ကောင်လေးတစ်ယောက်က ကောင်မလေးတစ်ယောက်ကို လက်အတင်းဆွဲထားချိန်တွင် ကောင်မလေးက ငြင်းပယ်ပြီး ပါးချတာကို ခံရမည်ဆိုလျှင် မကောင်းပေ။

အခုလည်း ငြင်းပယ်ခံရမည်ဆိုလျှင် သားရဲများကို ဤပညတ်သည် နာမည်ပျက်စာရင်းသွင်းထားတော့မည် ဖြစ်သည်။ အနာဂတ်မှာ ထပ်လုပ်ချင်ရင်တောင် ဒီပညတ်ကို ထိန်းဖို့က ပိုခက်လိမ့်မည်။ ထို့ပြင် သူတို့သည် ပညတ်၏ လက်တုံ့ပြန်ခြင်းကိုပင် ခံရပေလိမ့်မည်။

သို့သော် ကောင်မလေးသည် ကောင်လေး၏လက်များကို ချုပ်နှောင်ကာ ဘာမှပြန်မပြောဘဲ အေးစက်စွာ စိုက်ကြည့်နေမည်ဆိုရင်တော့ အနည်းဆုံး မိန်းကလေးက ကောင်လေးကို အလွန်မုန်းတီးခြင်းတော့ မရှိဟု ဆိုလိုခြင်းဖြစ်နိုင်သည်။

ဒီလိုအခြေအနေမျိုးမှာ ဘယ်အချိန်မှာ ရပ်ရမယ်ဆိုတာ သိထားရမည်။ အချို့သော ကဏ္ဍများတွင် ဒန်ဘီသည် ဤပညတ်၏ အသိအမှတ်ပြုမှုကို ရရှိထားသော်လည်း ၎င်းသည် အနည်းငယ် ချို့တဲ့ပြီး အရည်အချင်းမပြည့်မီသေးပေ။ ဆိုလိုတာက ကြိုးကြိုးစားစား ဆက်လုပ်နေသရွေ့ ဒီပညတ်မျိုးကို ထိန်းဖို့ မျှော်လင့်ချက်ရှိသေးသည်။

သို့သော် ဤသည်မှာ အခြားမဟုတ် မရဏပညတ်... ထိပ်တန်းပညတ်တစ်ခုဖြစ်သည်။ သေခြင်းတရားကို ထိန်းချုပ်နိုင်သူတိုင်းသည် ဤပညတ်တစ်မျိုးကိုသာ အာရုံစိုက်ကြသော်လည်း အဆုံးမရှိသော အလားအလာရှိကြသည်။

သေခြင်းတရားမှာ အထူးဆန်းဆုံးစွမ်းအားရှိသောကြောင့် မရဏပညတ်ကို ထိန်းချုပ်သောနတ်ဘုရားများသည် အခြားဘုရားများ၏ ကြောက်လန့်မှုကို အမြဲလှုံ့ဆော်ပေးသည်။ ဤသည်မှာ သေခြင်းတရားမှ ပေးစွမ်းနိုင်သော စွမ်းအားဖြစ်သည်။

သို့သော်လည်း ဤစွမ်းအားကို အသုံးပြုခြင်းသည် ကန့်သတ်ချက်အမျိုးမျိုးရှိသည်။

ပညတ်၏ရင်းမြစ်သည် ရန်သူကို တိုက်ရိုက်သတ်နိုင်သည်။

မရဏပညတ်သည် သေခြင်းကို ပေးစွမ်းနိုင်သည်။

ရုတ်တရက် အနက်ရောင် အမှုန်အမွှားလေးများသည် မရဏပညတ်ကွင်းဆက်၏ မျက်နှာပြင်ကနေ ကွဲထွက်သွားသည်။

ဒန်ဘီ၏ လက်ဖဝါးတွင် အလင်းအမှုန်အမွှားများ စုဝေးပြီး နောက်ဆုံးတွင် ငုံးကဲ့သို့ ကြီးမားသော ပုံဆောင်ခဲအဖြစ် ပြောင်းလဲသွားသည်။ သလင်းကျောက်အတွင်းတွင် အိတ်ဆောင်အရွယ် အနက်ရောင်လက်စွပ်တစ်ကွင်းပါရှိသည်။

၎င်းသည် ရုပ်ပိုင်းအားဖြင့် အခြားနတ်ဘုရားဖြစ်မှုထက် ထက်ဝက်အရွယ်အစား သို့မဟုတ် သေးငယ်သော်လည်း ၎င်းမှထွက်ရှိသော ရောင်ဝါသည် အခြားနတ်ဘုရားဖြစ်မှု သုံးခုလုံးကို ဖိနှိပ်ထားသည်။

သေးငယ်သည့်မရဏပညတ်သည် ထိပ်ကို ပျံတက်သွားသည်။ ၎င်း၏ ရပ်တည်ချက်မှာ ဘုရင်တစ်ပါး၏ နိုင်ငံသားများကို ရှုမြင်ခြင်းလို ဖြစ်သည်။

ဖုတ်ကောင်ပညတ်နှင့် စိတ်ဝိညာဉ်ပညတ်သည် ၎င်းအောက်ရှိ အဆင့်ကို မျှဝေထားပြီး အဖြူရောင်အရိုးစု နတ်ဘုရားဖြစ်မှုသည် အောက်ခြေညာဘက်တွင် ကျန်ရစ်နေသည်။

***

သားရဲလေ့ကျင့်သူ

အခန်း ၇၆၆ သေဖို့ စိတ်ဝင်စားစရာကောင်းတဲ့နည်း

နတ်ဘုရားဖြစ်မှုသို့စွမ်းအားပေါင်းစည်းပြီး နောက်တစ်ဆင့်မှာ နတ်ဘုရားယဇ်ပလ္လင်ကို သွန်းလုပ်ရန်နှင့် စိတ်ဝိညာဉ်ကို လှုံ့ဆော်ရန် နတ်ဘုရားဖြစ်မှုကို အသုံးပြုလိုက်ခြင်း ဖြစ်သည်။

ဒန်ဘီသည် စိတ်ဝိညာဉ်စိုးမိုးသူကို နေရာကိုရယူထားသောကြောင့် နတ်ဘုရားယဇ်ပလ္လင်ကို သွန်းလုပ်ရန် စံနှုန်းကို ကျော်ဖြတ်သွားနိုင်ခဲ့သည်။ ဒန်ဘီသည် နတ်ဘုရားယဇ်ပလ္လင်ကို သွန်းလုပ်ရန် စီစဉ်နေချိန်၌ ပင်လယ်ဝတုတ်က ရုတ်တရက် သတိပေးလိုက်သည်။ "မင်းရဲ့ မရဏနတ်ဘုရားဖြစ်မှုကို ပြီးပြည့်စုံအောင် မလုပ်ရသေးဘူး... နတ်ဘုရား ယဇ်ပလ္လင်ကို မသွန်းလုပ်ခင် မင်းရဲ့ မရဏနတ်ဘုရားဖြစ်မှုကို ပြီးပြည့်စုံဖို့ စောင့်နေတာ အကောင်းဆုံးပဲ”

ဒန်ဘီသည် ခဏမျှ တုံ့ဆိုင်းသွားပြီး ခေါင်းကို ငုံ့ကာ မြေပြင်ပေါ်တွင် မတ်တပ်ရပ်နေသည်။

ကောင်းဖန်၏မျက်လုံးများတွင် ဒန်ဘီ၏အခြေအနေ ဇယား၌ နံပါတ်အသစ်တန်းတစ်ခုပေါ်လာသည်။

[စည်းမျည်းများ ထိန်းချုပ်နိုင်မှု] - မရဏပညတ် ၀.၁ ရာခိုင်နှုန်း၊ စိတ်ဝိညာဉ် ပညတ် ၀.၁ ရာခိုင်နှုန်း၊ ဖုတ်ကောင် ပညတ် ၁ ရာခိုင်နှုန်း၊ အရိုးဖြူ ပညတ် ၁ ရာခိုင်နှုန်း

မရဏပညတ်၏ အချိုးအစားမှာ ၀.၁ ရာခိုင်နှုန်းသာရှိသည်။ ၎င်းသည် သိသိသာသာ အားနည်းနေသေးသည်ဟု ထင်ရပြီး ၎င်းသည် တစ်ရာခိုင်နှုန်း အမှတ်အသားပြုမှသာ ပြီးပြည့်စုံနိုင်မည်ဖြစ်သည်။

“မရဏပညတ်ကို နားလည်ဖို့တော့ ကိုယ့်ကိုကိုယ် အားကိုးရလိမ့်မယ်.. ငါကိုယ်တိုင်လည်း အဲဒါကို မပိုင်ဆိုင်ဖူးဘူး”

“မရဏပညတ်ကို နားလည်ဖို့ တစ်ခုတည်းသောနည်းလမ်းက သေခြင်းတရားကို ကိုယ်တိုင်ကိုယ်ကျ သက်သေခံဖို့ပဲ ” ဟု ဒန်ဘီက တိုးတိုးလေးပြောလိုက်သည်။

ဂိုဒီက သူ့ခေါင်းကို ပုတ်လိုက်သည်။ "ဘယ်သူသေမယ်ဆိုတာ မင်းဘယ်လိုသိနိုင််မလဲ.. ဖြစ်နိုင်လို့လား” ထို့နောက် ဂိုဒီ၏ မျက်လုံးများ တောက်ပလာကာ လက်သီးနှစ်ဖက်ကို ရိုက်လိုက်သည်။ "ငါနားလည်ပြီ”

“အခုအချိန်က မင်းသေရမယ်အချိန်လို့ ပြောချင်တာလား... မင်းမသေရင် ငါက မင်းကို သတ်ပေးရမယ်... ဟုတ်လား” ဂိုဒီသည် ၎င်း၏ဉာဏ်ရည်ဉာဏ်သွေးနှင့် ဉာဏ်ပညာအတွက် ဂုဏ်ယူမိပြီး ပြောလိုက်သည်

ကောင်းဖန်သည် အခြေအနေကို မည်သို့တုံ့ပြန်ရမည်ကို မသိတော့ပေ။

တာ့ဇီလည်း တိတ်ဆိတ်သွားသည်။

“သေခြင်းရဲ့ အနံ့ကို ငါခံစားနိုင်တယ်” ဒန်ဘီသည် အရှေ့ အောက်ဘက်သို့ စူးစမ်းလေ့လာနေသည်။ “ဟိုမှာ… သေမင်းရဲ့ အနံ့”

ဒန်ဘီသည် ခြေတစ်လှမ်း လှမ်းပြီး လေနှင့် လျှပ်စီးကဲ့သို့ လျင်မြန်စွာ ခရီးဆက်သွားလိုက်သည်။ ၎င်း၏အမြန်နှုန်းသည် နတ်ဘုရားဖြစ်မှုသို့ ၎င်း၏စွမ်းအားများကို ပေါင်းစည်းခြင်းမပြုမီ ၎င်း၏အမြန်နှုန်းထက် နှစ်ဆပိုမြန်လာသည်။

တောင်ကုန်းပေါ်တွင် အမဲလိုက်သတ်ဖြတ်ခံထားရသည့် သားရဲတစ်ကောင်သည် အသက်ရှူမဝဘဲ သွေးအိုင်ထဲတွင် လဲကျနေသည်။

အနီးနားရှိ သားရဲလေ့ကျင့်သူသည် ခေါင်းလှည့်ကြည်လိုက်သောအခါ ကောင်းဖန်၏ရုပ်သွင်ကို မြင်လိုက်ရပြီး အလိုလို ထိတ်လန့်သွားသည်။ သူသည် ဘုရင်ကို နှုတ်ဆက်ဖို့ အလျင်စလို ထွက်လာသည်။

"အရှင်မင်းကြီး.. ဒါက အရှင့်ကို ဆက်သဖို့ သတ်ထားတာပါ" လီမျိုးနွယ်စုမှ သားရဲလေ့ကျင့်သူသည် လတ်လတ်ဆတ်ဆတ် သေဆုံးသွားသော မီးလျှံကျောက်တောဆိတ်ကို ဂုဏ်ပြုသည့်အနေဖြင့် မြေကြီးပေါ်တွင် ချထားလိုက်သည်။

ကောင်းဖန်က သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ "မလိုပါဘူး.. ဒါက မင်းရဲ့ သတ်ဖြတ်ခြင်းပဲ... ကိုယ့်အတွက် သိမ်းထားလိုက်ပါ"

ဒန်ဘီသည် သွေးအိုင်ထဲတွင် ချထားသည့် မီးလျှံကျောက်တောဆိတ်အနီးသို့ ချဉ်းကပ်လာပြီး ၎င်းရှေ့တွင် ထိုင်ချလိုက်သည်။

သွေးများဖြင့် ဖုံးလွှမ်းနေသည့် မီးလျှံကျောက်တောဆိတ်၏ မျက်လုံးများသည် ဒန်ဘီကို မယိမ်းယိုင်စိုက်ကြည့်ရင်း အမုန်းတရားများဖြင့် ပြည့်နှက်နေသည်။

ခေတ္တခဏမျှ တိတ်ဆိတ်သွားသည်။

ဒန်ဘီသည် ၎င်း၏ လက်ဖဝါးကို ဆန့်ထုတ်ကာ မီးလျှံကျောက်တောဆိတ်၏ မျက်လုံးနှင့် မျက်နှာပေါ်တွင် ညင်သာစွာ ပွတ်သပ်ပေးလိုက်သည်။ သူ့မျက်နှာ၏ဘေးက အမွေးတွေက သွေးတွေ ရွှဲနစ်သွားသည်။

နောက်ဆုံးထွက်သက်ကို ရှူပြီးနောက် မီးလျှံကျောက်တောဆိတ်၏ ခန္ဓာကိုယ်အတွင်းမှ ထူထပ်သော မရဏလေထု ထွက်ပေါ်လာသည်။ ဒန်ဘီသည် ခေါင်းကို မော့လိုက်ပြီး မရဏလေထု လေထဲသို့ လွင့်စင်သွားသည်ကို ကြည့်လိုက်သည်။

အလောင်းသည် ၎င်း၏နောက်ဆုံးအသက်တာ ဆုံးရှုံးပြီးနောက် အေးခဲလာသည်။

သူ့ခန္ဓာကိုယ်ထဲမှာ ကျန်ခဲ့တဲ့ အပူတွေက လေထဲကို တဖြည်းဖြည်း ပြန့်ကျဲသွားသည်။

“အဲဒီတော့ သားရဲတချို့ကို သွားရှာပြီး သူတို့ကို အသေသတ်ပစ်လိုက်ကြစို့... ဒါမှ ဒန်ဘီ နတ်ဘုရားဖြစ်ဖို့ ပိုမြန်နိုင်လိမ့်မယ်” ဂိုဒီက ဘေးမှ စိတ်လှုပ်ရှားစွာပြောလိုက်သည်။

“ငါတို့ ကြိုးစားလို့ရနိုင်ပါတယ်” ကောင်းဖန်ခေါင်းညိတ်လိုက်သည်။ ဒီတစ်ကြိမ်မှာတော့ ဂိုဒီ၏အကြံဥာဏ်ကို သူ မငြင်းဆန်လိုက်ပေ။

ဘေးမှာရပ်နေသည့် သားရဲလေ့ကျင့်သူသည် ဉာဏ်မမှီသောကြောင့် ကြောက်လန့်နေသည်။

သူတို့ ဘာလို့ကြောက်စရာကောင်းတဲ့အကြောင်းတွေပြောနေကြတာလဲ...

"မင်းအရင်ပြန်သွားလို့ရတယ်.. မင်း ဒီအလောင်းကို မင်းနဲ့အတူ ယူသွားလိုက်”

ဟုကောင်းဖန်က မြေပြင်ပေါ်က အလောင်းကို ညွှန်ပြရင်း ပြောလိုက်သည်။

"ကောင်းပါပြီ" သားရဲလေ့ကျင့်သူသည် မီးလျှံကျောက်တောဆိတ်၏အလောင်းကို ကတိုက်ကရိုက် ဆွဲခေါ်သွားသည်။

ဂိုဒီသည် တောထဲမှ ကြောက်စရာကောင်းသော သားရဲတစ်ကောင်ကို ဖမ်းမိရန် သိပ်ပြီး အချိန်မယူလိုက်ရပေ။ ဒန်ဘီ၏ရှေ့မှ သားရဲကို တစ်ချက်တည်းနှင့် ချေမှုန်းပစ်လိုက်သည်။

သားရဲ၏ ခေါင်းသည် အောက်သို့ ကျဆင်းသွားသည်။

သားရဲ၏အလောင်းကိုဒန်ဘီတစ်ဦးတည်းသာ မြင်နိုင်သည့် မြင့်တက်လာသော မရဏလေထုက ဖုံးလွှမ်းထားသည်။

“…မဟုတ်ဘူး” ဒန်ဘီက ရုတ်တရက် ခေါင်းခါလိုက်သည်

“အရင်ကလို သက်ရောက်မှုမျိုး မရှိတော့ဘူး"

“အာ” ဂိုဒီက ခေါင်းကုတ်လိုက်သည်။ ဘာကြောင့် ကွာခြားသွားတာလဲ.. ဒီသားရဲက နည်းနည်း ပျော့သွားတာ ဖြစ်နိုင်သလား..

“ဒါက ခွန်အားနဲ့ မဆိုင်ဘူး” ဟု ဒန်ဘီက ဆိုသည်။

ဂိုဒီက ဒန်ဘီကို မယုံပေ။ ယခင်အတိုင်း သားရဲနှစ်ကောင်ကို ထပ်မံဖမ်းမိသွားပြန်သည်။

"အကျိုးသက်ရောက်မှုက အရမ်းအားနည်းတယ်..." ဒန်ဘီသည် အလောင်းများရှေ့တွင် အပြန်ပြန်အလှန်လှန် လျှောက်သွားလိုက်သည်။ သူသည်

သားရဲအုပ်ကြီးကြားမှာ ရှုပ်ထွေးနေသည်။

"ထပ်ကြိုးစားကြည့်ရင် ပိုသိလာလိမ့်မယ်" ကောင်းဖန်က ပြောလိုက်သည်။ “သေဆုံးမှုတွေကို ပိုလေ့လာကြည့်ရင် မင်း အကြောင်းရင်းကို သိနိုင်လာလိမ့်မယ်... ရလဒ်တွေကို တွက်ချက်ဖို့အတွက် သိပ္ပံနည်းကျ ရေတွက်နည်းကို အသုံးပြုရမှာ”

"ဘာတွေလဲ" ဂိုဒီသည် ကောင်းဖန်၏ စကားများကို ရုတ်တရတ် လိုက်မမှီတော့ပေ။

တာ့ဇီက ဂိုဒီကို "နားမလည်တော့ဘူးမလား" ဟု စနောက်လိုက်သည်။

ဂီုဒီသည် ဒေါသထွက်ကာ တုန်လှုပ်သွားသည်။ "အလယ်တန်းဒုတိယနှစ်အတွက် သင်ရိုးညွှန်းတမ်းကိုတောင် ငါအားလုံး သင်ယူပြီးပြီ.. အနည်းဆုံးတော့ ငါ့မှာ အလယ်တန်းကျောင်း အောင်လက်မှတ်ရှိတယ်... မင်းကသာ ငါ့ကို လှောင်ပြောင်ဖို့ အခြေခံဘယ်လောက်ရှိလို့လဲ"

“မင်းကသာ အလယ်တန်းကျောင်းပြီးရင် အလယ်တန်း အောင်လက်မှတ်ရပြီလို့ပဲ စဉ်းစားနေတာ.. တကယ်တော့ အကောင်းဆုံးက မင်းကို မူလတန်းကျောင်းမှာ ပညာသင်ကြားဖို့ပဲ စဉ်းစားနိုင်တာမို့ မင်းကမူလတန်းကျောင်းသားပဲ” တာ့ဇီက ပြက်ရယ်ပြုလိုက်သည်။ အစင်းလေးသည် အရင်က တာ့ဇီကို လှောင်ပြောင်ဖို့ ဒီဝါကျကိုပဲ သုံးခဲ့တာကိုတော့ ဘယ်သူ့ကိုမှ မပြောနိုင်ပေ။

“မင်းတို့ ငါပေးထားတဲ့ နတ်ဘုရားအနှစ်သာရကို မြန်မြန် စုပ်ယူသင့်တယ်... အခုအချိန်မှာ ဒန်ဘီက နတ်ဘုရားတစ်ပိုင်း ကြီးကျယ် ပြည့်စုံခြင်းကို ဖြတ်ကျော်ပြီး နတ်ဘုရားဖြစ်မှု အဆင့်ကိုတောင်ရောက်နေပြီ… နတ်ဘုရားဖြစ်ဖို့ တစ်ခုတည်းသော လိုအပ်ချက်က နတ်ဘုရား ယဇ်ပလ္လင်ကို သွန်းလုပ်ဖို့ပဲ ကျန်တော့တယ်... မင်းတို့တွေ အရှိန်မြှင့်ရမယ်” ဟု ကောင်းဖန်က သူ့သားရဲအားလုံးကို ပြောလိုက်သည်။

သားရဲ တစ်ကောင်ကို နတ်ဘုရားအနှစ်သာရအားလုံးကို ပေးအပ်ခဲ့မည်ဆိုလျှင် ယင်းသားရဲကို နတ်ဘုရားတစ်ပိုင်း ကြီးကျယ်ပြည့်စုံခြင်းအဆင့်သို့ တွန်းပို့နိုင်မည်ဖြစ်သည်။ ကံမကောင်းစွာ ကောင်းဖန်မှာ သားရဲများက များလွန်သည်။

ဒန်ဘီ စုပ်ယူခဲ့သော အရာမှာ ဤသားရဲများနှင့် မတူသော နတ်ဘုရားစိတ်ဝိညာဉ်အနှစ်သာရဖြစ်သည်။

...

တောနက်ထဲမှ သစ်ပင်များ၏ အမြစ်တွေက ထူထဲပြီး ခိုင်မာလှသည်။ အကိုင်းအခက် အရွက်များ ပွင့်လန်းနေကြပြီး ကိုက်တစ်ရာကျော် အမြင့်ရှိသည့် သစ်ပင်များသည် နေရာတိုင်းတွင် ရှိနေသည်။

သစ်ပင်ပင်စည်များသည် လူခုနစ်ဦး သို့မဟုတ် ရှစ်ဦးဖက်ခန့် ရှိပြီး သစ်ပင်အခေါက်များတွင် မှိုများစွာ ရှိကြသည်။

လျှာတစ်လစ်တစ်လစ် လုပ်နေသော စပါးကြီးမြွေစိမ်းကြီးသည် ၎င်း၏ပတ်ဝန်းကျင်နှင့် ရောနှောနေပြီး အခြားသက်ရှိသတ္တဝါများ သတိပြုမိရန် ခက်ခဲလှသည်။

ဤသည်မှာ ဖုံးကွယ်ခြင်း၏ အခြေခံနည်းလမ်းဖြစ်သည်။ အဆင့်နိမ့်သားရဲများသာ ထိုကဲ့သို့သော ရုပ်ပိုင်းဆိုင်ရာ ဖုံးကွယ်ခြင်း နည်းလမ်းကို အသုံးပြုကြသည်။

ဤစပါးကြီးမြွေစိမ်းသည် သူ့ကိုယ်သူ ပုန်းအောင်းရန် အလွန်သတိထားသည်။ ၎င်းသည် အမျိုးအစားအများစုထက် ရုပ်ပိုင်းဆိုင်ရာအရ ပိုမိုသေးငယ်သည်။ ထို့ကြောင့် ပိုကောင်းမွန်သော အကောင်များကို ဖမ်းယူစားသုံးရန် နောက်ကျကျန်တတ်သည်။

ဒီနေ့သည် ပျော်ရွှင်စရာကောင်းသော နေ့တစ်နေ့ဖြစ်သည်။ တိမ်မည်းတွေက ကောင်းကင်ကို ဖုံးလွှမ်းနေကြသည်။ ဤသို့သော တိမ်ထူသောရာသီဥတုသည် စပါကြီးမြွေအတွက် အကြိုက်ဆုံးဖြစ်သည်။ “မိုးဖွဲဖွဲလေးကျရင်တော့ အကောင်းဆုံးဖြစ်မှာပါ” ဟု အစိမ်းရောင်တောစပါးကြီးမြွေက ဝမ်းသာအားရ တွေးလိုက်သည်။

သူသည် လျှာကို ထုတ်ပြီး လေထဲမှာ အနံ့မျိုးစုံကို ခွဲခြားလိုက်သည်။

အရှေ့ဘက်မှာ သူမုန်းတီးတဲ့ အနံ့တစ်ခုရှိနေသည်။ ၎င်းသည် ဆူးသံကျောဝက်ဝံဖြစ်ပုံရသည်။ ဒီမိုက်မဲပြီး သန်မာတဲ့ကောင်တွေက အရသာလုံးဝမရှိဘူး... ကျောပေါ်ရှိ သံဆူးများသည် ဗိုက်ကို ဖောက်သွားနိုင်သည်။

၎င်း၏မိခင်သည် ဆူးသံကျောဝက်ဝံအလောင်းကို စားသုံးပြီးနောက် ၎င်း၏ဗိုက်ကို အပေါက်ဖောက်ကာ သွေးအလွန်အကျွံထွက်ပြီး သေဆုံးသွားခဲ့သည်။

အနောက်ဘက်မှာတော့ ရွှေဖားပြုတ် ရေတစ္ဆေတွေ ရှိပုံရသည်။ သူတို့က လူစုလူဝေးနဲ့ သွားလာရတာကို နှစ်သက်ပြီး စက်ဆုပ်ရွံရှာစရာ အကောင်းဆုံးပင်။

"အိုး... ဒါတွေက ရွှေမီးအိမ် လင်းယုန်ဥတွေ ဖြစ်ပုံရတယ်” ရုတ်တရက် အနံ့အသက်တစ်ခုကြောင့် မျက်လုံးများ လင်းလက်သွားသည်။

ရွှေမီးအိမ် လင်းယုန်သည် ၎င်း၏ သဘာဝရန်သူ ဖြစ်သော်လည်း တစ်ချိန်တည်းတွင် ရွှေမီးအိမ် လင်းယုန်ဥများသည် ၎င်း၏ အကြိုက်ဆုံး အစားအစာများထဲမှ တစ်ခု ဖြစ်သည်။

သူသည် သစ်ပင်ပေါ်ကို တိတ်တဆိတ် တက်သွားလိုက်ပြီး အနီးနားရှိ သစ်ပင်ပေါ်သို့ အရှိန်အဟုန်ဖြင့် တက်လာလိုက်သည်။ ၎င်းသည် အနီးနားရှိ ငှက်သိုက်ကို လျှို့ဝှက်စွာ ကြည့်လိုက်သည်။ အသိုက်ထဲတွင် အရွယ်ရောက်ပြီးသော ရွှေမီးအိမ် လင်းယုန်မရှိကြောင်း အတည်ပြုသောအခါ အစိမ်းရောင်တောစပါးကြီးသည် ပို၍ပင် ပျော်ရွှင်သွားသည်။ အဲဒီနေ့က တကယ့်ကို ကံကောင်းတဲ့ နေ့တစ်နေပဲ...။ ဥနှစ်လုံးစားပြီး ဒါကို ဂုဏ်ပြုရမယ်...

သူသည် ကပ်လျက် သစ်ပင်နှစ်ပင်၏ အကိုင်းအခက်များတစ်လျှောက် တွားသွားလိုက်ကာ အသိုက်ဆီသို့ သွားလိုက်သည်။ ထို့နောက် တဖြည်းဖြည်း အရှိန်မြှင့်လာသည်။

ငှက်သိုက်ထဲမှာ ဥ ခုနစ်လုံးရှိသည်။

အစိမ်းရောင်တောစပါးကြီး၏ မျက်လုံးများတွင် ပြင်းထန်သော လောဘ အာရုံကို မြင်နေရသည်။

အနက်ရောင် အရိပ်တစ်ခုသည် အစိမ်းရောင်တောစပါးကြီး၏အပေါ်တွင် ပေါ်လာသည်။

အစိမ်းရောင်တောစပါးကြီးမြွေသည် ခေါင်းကို မြှောက်လိုက်သည်။ ပေ ၂၀ ကျော် အတောင်ပံရှိသော ကြီးမားလှသော လင်းယုန်သည် ၎င်း၏သားကောင်ကို စောင့်ကြည့်နေသည့် ကျားတစ်ကောင်ကဲ့သို့ သူ့ကို စိုက်ကြည့်နေသည်။ ရှည်လျားပြီး ပါးလွှာသော ကြိုးတစ်ချောင်းသည် ၎င်း၏ ဦးခေါင်းထိပ်မှ ပြုတ်ကျသွားသည်။

ကြိုးတစ်ဖက်စွန်းတွင် ရွှေမီးပုံးတစ်ခု ချိတ်ဆွဲထားသည်။

ဘယ်လိုများ ဒီလောက်မြန်ရတာလဲ...

“ပျံသွားရင်တော့ အတောင်ပံခတ်သံကို ငါကြားရမှာပါ” ဟု မြွေကြီးက တွေးလိုက်သည်။

အစိမ်းရောင်တောစပါးကြီးသည် အတွေးထဲနစ်သွားသည်။

"ကြည့်ရတာ ဒါကထောင်ချောက်တစ်ခုအနေနဲ့သုံးတာများလား" သူစဉ်းစားလိုက်သည်။

ထိုအခိုက်တွင် လင်းယုန်၏ချွန်ထက်သောနှုတ်သီးသည် ၎င်း၏ဦးခေါင်းခွံမှတဆင့် အပေါက်တစ်ခုကို ထိုးဖောက်လိုက်သည်။ မြွေကြီး၏ ခန္ဓာကိုယ်သည် တုန်ခါသွားကာ သေခြင်း၏ အငွေ့အသက်သည် နေရာတိုင်းသို့ ပျံ့နှံ့သွားသည်။

ဒန်ဘီသည် သစ်ပင်သစ်ကိုင်းပေါ်တွင် ဝပ်နေကာ ၎င်း၏မျက်လုံးများတွင် မီးတောက်များ တောက်လောင်နေသည်။ “ထောင်ချောက်မိတာက သေဖို့ အရမ်းစိတ်ဝင်စားစရာ ကောင်းတဲ့နည်းပဲ.. ငါအခုနားလည်ပြီ..."

***

သားရဲလေ့ကျင့်သူ

အခန်း ၇၆၇ တောင်အောင်နိုင်သူမြက်

တစ်နည်းနည်းနဲ့ ဒန်ဘီရဲ့ သတင်းက သားရဲအဖွဲ့တွေဆီ ရောက်သွားသည်။

သူတို့သည် အဝေးမှ ဝပ်တွားနေသော ဘုရင်၏ အရိုးစုသားရဲကို မကြာခဏ မြင်တွေ့ရတတ်ပြီး သေဆုံးခါနီး သို့မဟုတ် နောက်ဆုံးထွက်သက်ဝင်သက်ဝင်သက်ရှိသတ္တဝါများကိုလည်း မကြာခဏ မြင်တွေ့မိကြသည်။

ဒီအပြုအမူက သူတို့ကို ထိတ်လန့်စေသည်။

၎င်းတို့သည် ၎င်းကို ရွံရှာကြောင်း ဒန်ဘီ၏ရှေ့မှောက်တွင် မည်သူမျှ မပြောဝံ့ကြသော်လည်း ဒန်ဘီသည် ကံဆိုးခြင်းကို ဆွဲဆောင်နိုင်သည်ဟု ခံစားမိကြရသည်။

၎င်းသည် တစ္ဆေကျီးကန် ကဲ့သို့ သေခြင်းတရား၏ ရှေ့ပြေးနိမိတ်နှင့်တူသည်။

ဒန်ဘီသည် သေခြင်းတရားကို သတိပြုမိသည်နှင့်အမျှ သေခြင်းတရားကို နားလည်ခြင်း အရှိန်အဟုန်ဖြင့် လမ်းကြောင်းမှန်ပေါ်ရောက်လာသည်။

အခြေခံအားဖြင့် မရဏပညတ်များကို နားလည်သဘောပေါက်မှုသည် နေ့စဉ် ၀.၀၁ ရာခိုင်နှုန်း တိုးလာမည်ဖြစ်သည်။

တစ်ရာခိုင်နှုန်းတက်ရန် ၉၉ ရက်သာလိုသည်။

မရဏနတ်ဘုရားဖြစ်မှုကို လုံးလုံးလျားလျားဖွဲ့စည်းပြီးနောက်တွင် ၎င်းသည် နတ်ဘုရားယဇ်ပလ္လင်ကို သွန်းလောင်းပြီး နတ်ဘုရားဖြစ်ရန် အထွတ်အထိပ်သို့ ရောက်ရှိနိုင်မည်ဖြစ်သည်။

ဒန်ဘီသည် ဘုရားသခင်ဖြစ်လာခြင်းအတွက် ရေတွက်မှုကိုစတင်နေပြီဖြစ်သည်။

ဒန်ဘီမှလွဲ၍ ထိုအချိန်တွင် နတ်ဘုရားတစ်ပိုင်းကြီးကျယ်ပြည့်စုံခြင်းကို ရရှိသည် အခြားသားရဲများ မရှိသည့်အတွက် နှမြောစရာတော့ ကောင်းသည်။

တာ့ဇီသည် ဒန်ဘီပြီးနောက် အဆင့်အမြင့်ဆုံးဖြစ်လာသော်လည်း အဆင့် ၉၉ ၌သာရှိသေးသည်။

တစ်ချိန်တည်းမှာပင် ကောင်းဖန်သည် ထူးချွန်ထက်မြက်ပြီး အရည်အချင်းရှိသော လီမျိုးနွယ်စု၏ အကြီးအကဲများနှင့် ငယ်ရွယ်သူ အချို့ကို ဆုကြေးအဖြစ် ဝေငှပေးရန် လက်ကျန် အသားအနှစ်သာရ အစိတ်အပိုင်းတစ်ခုကို ထုတ်ယူရန် ဆုံးဖြတ်လိုက်သည်။

ဤအသားအနှစ်သာရအကျွင်းအကျန်အများစုကို သူတော်စင်အဆင့် သို့မဟုတ် အောက်အဆင့်ရှိ သားရဲများ၏ သွေးနှင့် အသားတို့မှ ပြုလုပ်ထားသည်။

၎င်းတို့သည် ကောင်းဖန်၏သားရဲများအတွက် အသုံးမဝင်တော့ပေ။

နတ်ဘုရားတစ်ပိုင်းအဆင့် သို့မဟုတ် ပိုမိုမြင့်မားသောအဆင့်ရှိ အသားအနှစ်သာရသည်သာ ၎င်းတို့အပေါ် သက်ရောက်မှုရှိနိုင်သည်။ ထို့ကြောင့် ဤအသားအနှစ်သာရသည် မျိုးဆက်သစ်လူငယ်များကို ပြုစုပျိုးထောင်ရန်အတွက် ပြီးပြည့်စုံသည်။

မျိုးနွယ်စု၏ခန်းမထဲတွင် ကောင်းဖန်သည် မျိုးဆက်သစ်လူငယ်တွေကို ဂုဏ်ယူဝံ့ကြွားစွာ ကြိုဆိုလိုက်သည်။ ငယ်ရွယ်ပြီး တက်ကြွနေသည့် ယောက်ျားလေးများနှင့် မိန်းကလေးများကို ကြည့်လိုက်သောအခါ ကောင်းဖန်သည် အချိန်တွေကုန်ဆုံးသွားတာကို ခံစားမိလိုက်ရသည်။ ငါတကယ်အသက်ကြီးသွားပြီ..

အတိအကျ ရေတွက်ကြည့်တော့ သူ့အသက်က သုံးဆယ်ကျော်နေပြီပင်။ ဒီခေတ်က ကမ္ဘာမြေကြယ်မှာ သူ့ကို 'ဦးလေး' လို့ ခေါ်ကြတဲ့ခေတ်ဖြစ်သည်။

တစ်ချိန်က သူလည်း သူတို့လို ငယ်ရွယ်ခဲ့သည်။

ကောင်းဖန်သက်ပြင်းချလိုက်သည်။

ဒီလူငယ်တွေက ဘုရင် ဘာကြောင့် သက်ပြင်းချမှန်းမသိကြပေ။ သူတို့ကို မကျေနပ်တာကြောင့် ဖြစ်နိုင်တယ်လို့တောင် သူတို့က ထင်နေကြသည်။ ထို့ကြောင့် တစ်ယောက်ချင်းစီတိုင်း ထိတ်လန့်တုန်လှုပ်သွားကြသည်။

"မင်းတို့ရဲ့ သားရဲတွေအားလုံကို ငါနဲ့လာတွေ့ဖို့ ခေါ်လိုက်ပါ"

"အရှင်မင်းကြီး... ကျွန်တော်တို့ရဲ့ သားရဲတွေအားလုံး အပြင်မှာရှိပါတယ်"

“သူတို့က အရွယ်အစား အရမ်းကြီးပါတယ်.. သူတို့ကို နန်းတော်ထဲ သွင်းလို့မရပါဘူး"

ဘုရင်သည် သူတို့စိတ်ကူးထားသည့်အတိုင်း ပေါင်းသင်းရန် ခက်ခဲပုံမပေါ်သည်ကို သူတို့ မြင်လိုက်ရသည်။ ထိုလူငယ်များသည် အလိုလို ရဲရင့်လာကာ ကောင်းဖန်နှင့် စကားပြောရဲသည့်အထိ သတ္တိရှိလာကြသည်။

"သူတို့က ဘယ်လောက်ကြီးလို့လဲ"ကောင်းဖန်က ပြုံးလိုက်သည်။

သားရဲများအကြောင်းပြောသောအခါ အစင်းလေးကို ချက်ခြင်းပင် သူ့စိတ်ထဲ၌ပေါ်လာမိလိုက်သည်။

"အရှင်မင်းကြီး ယန်ဝူရဲ့သားရဲက ကျွန်တော်တို့မျိုးနွယ်စုထဲမှာ အကြီးဆုံးသားရဲပါ"

ခန်းမအပြင်ဘက်သို့ ကောင်းဖန် လှမ်းကြည့်လိုက်သောအခါ သူတို့ပြောနေသည့် လီမျိုးနွယ်စု၏ အကြီးဆုံးသားရဲကို တွေ့လိုက်ရသည်။

ဤသားရဲသည် မျိုးနွယ်စုနောက်ရှိ တောင်တန်းများတွင် နေသည်ကို သိမြင်လိုက်ရသည်။ အနောက်ဘက်ရှိ တောင်တန်းများတွင် သားရဲများစွာ နေထိုင်ကြသည်။ ထိုနေရာသည် ကျောက်တုံးကျောက်တုံးများဖြင့် ပြည့်နှက်နေသောကြောင့် များသောအားဖြင့် ထိုနေရာသို့ လူအနည်းငယ်သာ သွားလေ့ရှိသည်။

ကျောဘက်ရှိ တောင်တန်းများ၏ အလယ်ဗဟိုတွင် တောင်ထိပ်များနှင့် အမြင့်နီးပါးရှိသည့် ဧရာမသတ္တဝါကြီးတစ်ကောင်သည် ချောက်ကမ်းပါးကို မှီနေသည်။ သူက ကောင်းဖန်နှင့် ကျန်လူများကို ငေးကြည့်ရန် ခေါင်းလှည့်လိုက်သည်။

ဤသားရဲသည် အရွယ်အစားကြီးမားသော ဂျင်ဆင်းအမြစ်နှင့် အနည်းငယ်တူသည်။

အောက်ခြေ၌ ကျဉ်းမြောင်းနေပြီး ထိပ်တွင် ကျယ်သည်။ မရေမတွက်နိုင်သည့် အမြစ်တွေ ခြေထောက်တွေနှင့် ပြုလုပ်ထားသည်။ အမြစ်များကြားတွင်

သစ်သားခြေတံရှည်များကဲ့သို့ သေးသွယ်ပြီး ရှည်လျားသော ခြေသုံးချောင်းရှိသည်။

ဦးခေါင်း၏ရှေ့တွင် သစ်သားဖြင့်ပြုလုပ်ထားသော လူတစ်ဦးဦးခေါင်းရှိသည်။

လစ်လပ်နေသော မျက်လုံးများ၏ နှုတ်ခမ်းများသည် ခံစားချက်များ ဝင်လာသည်။ ရုတ်တရက် ဝိုင်းအုံလာသော လူအုပ်ကို သူက လွတ်လပ်စွာ ကြည့်နေပြီး အနည်းငယ် ထိတ်လန့်ကာ အနည်းငယ် ဝမ်းသာသွားသည်။

"သခင်... ငါ့ကိုတွေ့ဖို့လာတာလား..."

တောင်ထိပ်ကဲ့သို့ မြင့်မားသော ဧရာမသတ္တဝါကြီးတွင် အပြစ်ကင်းစင်သော အပြုံးတစ်ခု ပေါ်လာပြီး ကလေးတစ်ယောက်လို တောင်ပေါ်သို့ တက်လာသည်။

“ဒါက ငါတို့မျိုးနွယ်စုရဲ့ ဘုရင်ပဲ... မင်းရဲ့လှုပ်ရှားမှုကို သေးငယ်အောင်လုပ်လိုက်... ဘုရင်ကို မကြောက်နဲ့" ဤသတ္တဝါကြီး၏ အရှင်သခင်သည် သူ၏သားရဲကို ၎င်းတို့၏သွေးစာချုပ်မှတဆင့် အလျင်အမြန် ဆုံးမလိုက်သည်။

“ကောင်းပြီ…”

ဧရာမသားရဲကြီးသည် အနည်းငယ် စိတ်တိုမိလိုက်သော်လည်း အလွန်နာခံကာ အားတက်သရော ခေါင်းညိတ်လိုက်သည်။ သူသည် မြေပြင်ပေါ်တွင် ခြေပြစ်လက်ပြစ်ထိုက်ချလိုက်ပြီး လုံးဝမလှုပ်တော့ပေ။ သူ့မျက်လုံးများကသာ စိတ်ဂနာမညိမ်မှုကြောင့် တဖျပ်ဖျပ်ဖျပ်ဖျပ်ခပ်နေသည်။

ဤသတ္တဝါကြီးသည် အစင်းလေးလောက် ရုပ်ပိုင်းဆိုင်ရာ ကြီးမားခြင်းမရှိသော်လည်း သာမန်သားရဲများအတွက် အလွန်ကြီးမားသော သားရဲဖြစ်သည်။

ပြီးတော့ တောင်ထိပ်တစ်ခုလောက်အထိကြီးသော သားရဲလည်း များစွာမရှိပေ။

သားရဲများအားလုံးသည် ၎င်းတို့၏ အဆင့်တိုးလာပြီးနောက် အများအားဖြင့် ရုပ်ပိုင်းဆိုင်ရာ ကြီးမားလာမည်မဟုတ်ပေ။ အများအားဖြင့် သားရဲများ အားလုံးသည် အမြင့်ပေ ၃၀၀ အောက်သာရှိကြသည်။

ကောင်းဖန်သည် ဤသားရဲကြီး၏ အမျိုးအစားကို ဆန်းစစ်ကြည့်လိုက်သည်။

[သားရဲ အမည်] - တောင်အောင်နိုင်သူမြက် (ကြီးမားသောပုံစံ)

[သားရဲ အဆင့်] - အဆင့် ၇၅ (အရှင်သခင်အဆင့်)

[သားရဲ အမျိုးအစား] - သစ်/ မြေ

[သားရဲ စွမ်းရည်ဆင့်] - ပြီးပြည့်စုံ/ ပြီးပြည့်စုံစွမ်းရည်ဆင့်

[သားရဲ စွမ်းအင်] - သဟဇီဝကြီးထွားမှု အဆင့် ၇၊ စွမ်းအင်ထုတ်လွှတ်ရန် ဒြပ်ပြုခြင်း အဆင့် ၅၊ ထူးခြားသော ပြန်လည်ရှင်သန်ခြင်း အဆင့် ၆

[သားရဲ အခြေအနေ] - ကျန်းမာသော (အာရုံကြော)

[သားရဲ အားနည်းချက်] - မီး

[သားရဲ ဖော်ပြချက်]- ရှားပါးသော ဇီဝကမ္မဖြစ်စဉ်တစ်ခုဖြစ်ပြီး

၎င်းအမျိုးအစားအများစုထက် အဆတစ်ရာပိုကြီးသည်။ ရှက်တတ်သည့် စရိုက်ရှိပြီး ကြယ်တွေကို ရေတွက်ရတာကို နှစ်သက်သည်။ အကြိုက်ဆုံးအစားအာမှာ အဝါရောင်သဲဖြစ်ပြီး ကြွယ်ဝသည့် အနက်ရောင်မြေဆီနံ့ကို မုန်းသည်။

"မင်းအတွက် အဖော်ရှာပေးမယ် ဟုတ်ပြီလား" ကောင်းဖန်က တောင်အောင်နိုင်သူမြက်ကို ပြောလိုက်သည်။

တောင်အောင်နိုင်သူမြက်သည် ခေါင်းကို ငုံ့ထားပြီး မျက်လုံးများကို မှိတ်တုတ်မှိတ်တုတ်လုပ်နေသည်။

"မင်းတို့ သူငယ်ချင်းတွေဖြစ်နိုင်မယ်" ကောင်းဖန်သည် သူ၏ ညာလက်ကို ဆန့်ထုတ်လိုက်သောအခါ တောင်အောင်နိုင်သူမြက် ဘေးရှိလေထုသည် ပုံပျက်သွားသည်။

ထို့နောက်တွင် ကြီးမားထင်ရှားသောအရာကြီးသည် ကောင်းကင်မှ ဆင်းသက်လာသည်။

အရှိန်ကပြင်းသောကြောင့် မြေပြင်သည် တုန်ခါသွားသည်။

အခိုးအငွေ့များနှင့် ဖုန်မှုန့်များထပြီး ကောင်းကင်သို့ လွင့်ပျံလာသည်။

ပျံ့နှံ့နေသော အခိုးအငွေ့များနှင့် ဖုန်မှုန့်များကြားမှ မည်းမှောင်နေသော မျက်နှာကို မသိမသာ ခွဲခြားသိမြင်လာသည်။

"ကောင်းဖန်... ငါ့ကို သတိရပြီလား" အစင်းလေး၏ မှိန်ဖျော့ဖျော့အသံကို ကြားလိုက်ရသည်။

ကောင်းဖန်သည် အစင်းလေးကို ညင်သာစွာပြန်ဖြေလိုက်သောအခါ ၎င်း၏မျက်လုံးများသည် လခြမ်းများအဖြစ်သို့ ကွေးသွားသည်။ “မင်းမှန်ပါတယ်.. ငါတို့ အစင်းလေးလေးကို ငါသိပ်လွမ်းတယ်"

“ငါက အစင်းလေးငယ်လေးတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး... ငါက အစင်းလေးကြီးပဲ" မိုးမျှော်တိုက်တွေထက် ပိုကြီးပြီး ပိုကြီးကျယ်ခမ်းနားသည့် ပင့်ကူလက်ကြီးသည် အရှေ့ဖက်ကို အနည်းငယ်ရွေ့သွားတာကြောင့် တောင်တွေတုန်ခါပြီး မြေပြင်လည်း လှုပ်ရမ်းသွားသည်။

ကျန်သည့် သားရဲများသည် နောက်ကွယ်မှာ ပုန်းအောင်းနေလိုက်ကြသည်။ နောက်ဆက်တွဲ အကျိုးဆက်ကြောင့် မတော်တဆ ထိခိုက်မိမှာကို စိုးရိမ်နေကြသည်။

မတော်တဆနင်းမိလျှင် မည်သူက ခံနိုင်ရည်ရှိမည်နည်း။

"အစင်းလေး…မင်းပိုမြင့်လာတယ်" တာ့ဇီက အစင်းလေး၏ပခုံးဆီသို့ ပျံသန်းသွားသည်။

“အာ...ဘယ်လိုလုပ် ငါက ထပ်ပြီး မြင့်လာရတာလဲ" အစင်းလေးသည် အလွန်အမင်း စိတ်တိုသွားသည်။ "အမြင့်ဆိုတာ ငါ ထိန်းချုပ်နိုင်တဲ့ အရာမဟုတ်ဘူး.. ငါက အခုတောင် အရပ်ရှည်နေပြီ... ငါပိုမြင့်လာရင် ငုံ့ကြည့်ရင်တောင်မှ ကောင်းဖန်ကို မြင်နိုင်မှာမဟုတ်တော့ဘူး”

အလင်းလှိုင်းသည် သူ့ခေါင်းကို ဂရုမစိုက်ဟန်နှင့် မြှောက်လိုက်သည်။ ဒီနှစ်ကောင်ကတော့....

"အစင်းလေး... မင်းကို အဖော်တစ်ယောက်နဲ့ မိတ်ဆက်ပေးမယ်.. သူ့နာမည်က တောင်အောင်နိုင်သူမြက်တဲ့... မင်းလောက် အရပ်မရှည်ပေမယ့် မင်းထက် သူငယ်ချင်းလုပ်နိုင်တဲ့သူနည်းတယ်"

"သူ့မှာ ငါ့ထက် သူငယ်ချင်းနည်းတယ်" အစင်းလေးအံ့အားသင့်သွားသည်။ သူသည် သူ့ဘေးက တောင်အောင်နိုင်မြက်ကို စာနာစိတ်နဲ့ စိုက်ကြည့်လိုက်သည်။ ထိုသို့ဆိုလျှင် သတ္တဝါသည် အမှန်တကယ် သနားစရာကောင်းလွန်းလှသည်။

"စိတ်မပူပါနဲ့... အနာဂတ်မှာ ငါက မင်းရဲ့ အကိုကြီး ဖြစ်လာလိမ့်မယ်...

ရေးတတ်ဖတ်တတ်အောင် သင်ပေးမယ်... ငါက ငါတို့ရွာမှာ ယဉ်ကျေးမှုအရှိဆုံး ပင့်ကူပဲ” ဟု အစင်းလေးက တောင်အောင်နိုင်သူမြက်ကိုလေးလေးနက်နက် ကတိပေးလိုက်သည်။

"အစ်ကိုကြီး...” တောင်အောင်နိုင်သူမြက်သည် ပြောစရာ စကားလုံးမရှိတော့ပေ။

"ဟုတ်တယ်... အစ်ကိုကြီး” အစင်းလေးက ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

၎င်းတို့နှစ်ဦးသည် ရုပ်ပိုင်းဆိုင်ရာ အရွယ်အစားအရ များစွာတူညီသောကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။ အစင်းလေးသည် လီမျိုးနွယ်စုတွင် နောက်ထပ်လက်ပါးစေတစ်ကောင်ကို ရလိုက်သည်။

တောင်အောင်နိုင်သူ၏ သားရဲလေ့ကျင့်သူအနေနှင့် သူသည် ဒီအဖြစ်အပျက်ကို အလွန်သဘောတူလိုက်သည်။ ဤတောင်အောင်နိုင်သူမြက်သည် သူ၏တစ်ကောင်တည်းသော သားရဲမဟုတ်ပေ။ ဘုရင်၏မျက်နှာသာရရှိရန် တောင်အောင်နိုင်မြက်ကို အသုံးပြုနိုင်ခဲ့ခြင်းသည် ထိုက်တန်သွားခဲ့သည်။

***

သားရဲလေ့ကျင့်သူ

အခန်း ၇၆၈ ဘယ်သူငါ့ကိုလာသတ်မလဲ

ဤတစ်ကြိမ်တွင် ကောင်းဖန်သည် အစင်းလေးကို ဆင့်ခေါ်ပြီးနောက် သားရဲနေရာလွတ်သို့ ပြန်ပို့ရန် အစီအစဉ်မရှိတော့ပေ။

၎င်း၏သခင်အနေဖြင့် ကောင်းဖန်သည် တစ်ကိုယ်ကောင်းဆန်လွန်းသူ မဖြစ်ချင်ပေ။ သတ္တဝါတိုင်းသည် လွတ်လပ်မှုရှိသင့်သည်။ သားရဲများသည်လည်း အတူတူပင်။ နေ့အလင်းရောင်မရှိဘဲ ကြောင်တက်တက်ဖြင့် မှောင်မိုက်သောနေရာ၌ ပိတ်လှောင်ခံရမည့်အစား လွတ်လပ်မှုကိုလည်း ခံစားသင့်သည်။

"ကောင်းဖန်... ငါမပြန်ရတော့ဘူးလား" အစင်းလေးက သတိကြီးကြီးနဲ့ မေးလိုက်သည်။

"မင်းမပြန်ရပါဘူး" ကောင်းဖန်က အစင်းလေး၏ ခေါင်းကို ပုတ်လိုက်သည်။

အစင်းလေးက စိတ်အားထက်သန်စွာ အော်ဟစ်လိုက်သည်။

"ငါကျုံ့နိုင်ဖို့ ကြိုးစားပါ့မယ်.. ဒါဆို ငါနင့်ကို မထိခိုက်စေနိုင်တော့ဘူး" အစင်းလေးသည် ကောင်းဖန်ကို လေးလေးနက်နက် ကတိပေးလိုက်သည်။

"အကောင်းဆုံးကြိုးစားပါ" ကောင်းဖန်က ပြန်ပြောလိုက်သည်။

"အကောင်းဆုံးကြိုးစားမယ်” အစင်းလေးက သဘောတူလိုက်သည်။

"အစင်းလေး… မင်းက အကောင်းဆုံးပဲ"

"ဒန်ဘီက နတ်ဘုရားဖြစ်ဖို့ခြေလှမ်းတစ်ဝက်လှမ်းပြီးပြီ" စက်ရုပ်ဘုရင်သည် ဒန်ဘီအတွက် ချီးမွမ်းမှုအပြည့်ရှိကာ လေးလေးစားစားနှင့်‌ ပြောလိုက်သည်။

ထိုစဉ် မီးခိုးရောင်ပုံသဏ္ဍာန်ခြေရာများ နီးကပ်လာသည်။

“အရှင်မင်းကြီး.. ကမ္ဘာမြေကြယ်က အရေးတကြီး သတင်းပို့ပါတယ်... အင်အားကြီးတဲ့ ရန်သူက ကျူးကျော်လာတယ်လို့ ပြောပါတယ်”

ဖြတ်သန်းတောင်လင်းတတစ်ကောင်ကျောပေါ်မှ သားရဲလေ့ကျင့်သူတစ်ဦး ခုန်ဆင်းပြီးလာနောက် ဒူးထောက်ကာ ပြောလိုက်သည်။

ဖြတ်သန်းတောင်လင်းတသည် မြေပြင်ပေါ်တွင် အကြိမ်များစွာ လှိမ့်သွားသည်။ အဆုံးတွင် အပေါ်ဘက်သို့ မျက်နှာမူကာ မြေပြင်ပေါ်တွင် လှဲချလိုက်သည်။

သူ့ရင်ဘတ်က အလွန်မြန်မြန်ခုန်နေသည်။ ပါးစပ်ကို ကျယ်ကျယ်ဖွင့်ပြီး အမောတကော အသက်ရှုနေသည်။ ပါးစပ်ထောင့်မှ မသိမသာ အဖြူရောင် အငွေ့များ ထွက်လာသည်။

လင်းတသည် တောင်များပေါ်မှ ပျံတက်ကာ လျှိုမြောင်များကို ဖြတ်ကျော်နိုင်သော နတ်ဘုရားသိမ်းငှက်တစ်မျိုးဖြစ်သည်။ ထူးခြားသော သက်လုံနှင့် အရှိန်အဟုန် ကြီးမားပြီး တစ်နေ့လျှင် မိုင်ပေါင်း တစ်သိန်း သွားလာနိုင်ပြီး ဆယ့်နှစ်ရက် ဆက်တိုက် ခရီးနှင်နိုင်သည်။

ထိုကဲ့သို့ ခံနိုင်ရည်ရှိသော သားရဲပင်လျှင် ယခုအလွန် ပင်ပန်းနွမ်းနယ်နေသည်။

"ငြိမ်းချမ်းစွာအိပ်စက်နိုင်စေသော်" ဂိုဒီသည် ဒူးတစ်ဖက်နှင့် မြေပြင်ပေါ်တွင် ဒူးထောက်ကာ လင်းတ၏ မျက်လုံးများကို ပိတ်လိုက်သည်။

သို့သော် ၎င်း၏မျက်လုံးများကို လက်ဖဝါးဖြင့် ပွတ်သပ်ပြီးသောအခါ လင်းတသည် မျက်လုံးများကို ပြန်ဖွင့်လိုက်သည်။

"မင်းမှာ သေခါနီး ဆန္ဒတွေ ရှိနေတုန်းပဲလား.. အဲဒါက ဘာလဲဆိုတာ ပြောပြရင် ငါဖြည့်ဆည်းပေးမယ်" ဂီုဒီက ပြောလိုက်သည်။

လင်းတသည် အခက်အခဲများစွာဖြင့် ၎င်း၏လည်ချောင်းကို ဖွင့်လိုက်သည်။ “ငါမသေသေးပါဘူး…”

“အိုး... ဒါပေမယ့် မကြာခင် မင်းသေတော့မှာ မဟုတ်လား"

"မကြာခင်… ဘုရားရေ...” လင်းတသည် ရုတ်တရက် အသံထွက်လာပြီး ရင်ဘတ်တွင် စူးရှသော နာကျင်မှုကို ခံစားလိုက်ရသည်။

ဒီဘဲစုတ်ကတော့... “ငါက ပင်ပန်းနေရုံတင်ပါဟ... အနားယူဖို့ပဲ လိုတာ.. ငါ့ကို စကားလာမပြောနဲ့"

လင်းတ၏ကိုယ်ပေါ်တွင် အဖြူရောင်အလင်းတန်းများ ထွန်းလင်းတောက်ပနေချိန်တွင် ရှောင်ကော၏ ဦးခေါင်းပေါ်ရှိ သစ်ရွက်များသည် ဖြည်းညှင်းစွာ ယိမ်းနွဲ့နေသည်။

တကိုယ်လုံး နာကျင်ကိုက်ခဲမှု မှန်သမျှသည် လဆုတ်ဒီရေကဲ့သို့ ပျောက်ကွယ်သွားသည်။

"အသွင်ပြောင်းမျိုးနွယ်စုက မင်းကို ရှာတွေ့သွားတာလား " ကောင်းဖန်သည် မျက်မှောင်ကျုံ့ထားသည်။ ဤ သားရဲလေ့ကျင့်သူသည် လီမျိုးနွယ်စုမှ သူတော်စင်အဆင့် သားရဲလေ့ကျင့်သူဖြစ်သည်။ သူသည် ကောင်းဖန်၏ ညွှန်ကြားချက်အတိုင်း ကမ္ဘာမြေကြယ်တွင် စခန်းချနေခဲ့သည်။ သူသည် ကမ္ဘာမြေကြယ်တွင် တပ်စွဲထားသည့် လီမျိုးနွယ်စု၏ သံရုံးအကြီးအကဲနှင့်တူသည်။

“အဲဒါက အသွင်ပြောင်းမျိုးနွယ်စုက မဟုတ်ဘူး... သူတို့က အခြားလူသားအုပ်စုပဲ... သူတို့က ပင်လယ်မျက်နှာပြင်ကနေ လာကြတာ"

"သူတို့က ဘယ်လောက် အစွမ်းထက်လဲ"

“ကျွန်တော်တို့မြင်ခဲ့ရတာတော့ နတ်ဘုရားတစ်ပိုင်းသားရဲလေ့ကျင့်သူတွေရှိတယ်… လောလောဆယ်မှာတော့ နတ်ဘုရားအဆင့် သားရဲလေ့ကျင့်သူကို မတွေ့သေးပေမယ့် သူတိုမှာ လျှို့ဝှက်ထားတဲ့ နတ်ဘုရားအဆင့် သားရဲလေ့ကျင့်သူ ရှိမရှိဆိုတာ ကျွန်တော်တို့ မသိဘူး"

"ဒန်ဘီ...မင်း နတ်ဘုရားမဖြစ်မချင်းဒီမှာနေခဲ့ပြီးမှ ငါ့တို့ကို လာကူညီမလား... ဒါမှမဟုတ် ငါတို့နဲ့ တစ်ခါထဲပြန်လိုက်ခဲ့မလား”

ပင်လယ်မျက်နှာပြင်မှ လူသားများ ရှိနေသောကြောင့် ကမ္ဘာမြေကြယ်၏ အခြေအနေမှာ မကောင်းပေ။ လီမျိုးနွယ်စုကတော့ ဒန်ဘီကို ဖွံ့ဖြိုးတိုးတက်ရန် တည်ငြိမ်သောနေရာတစ်ခု ပေးစွမ်းနိုင်မည် ဖြစ်သည်။ ၎င်းတို့၏နိုင်ငံရှိ အခြေအနေနှင့် မတူနိုင်ပေ။

ဒန်ဘီ၏ မရဏပညတ်ကို ရှုမှတ်သည့် အရှိန်သည် နှောင့်နှေးသွားနိုင်သည်။

"သခင်... စစ်ပွဲတစ်ခုက မရဏပညတ်ကို ရှာဖွေဖို့ အကောင်းဆုံးအခွင့်အရေးပါ" ဒန်ဘီသည် ၎င်း၏ ညာလက်ကို ဘယ်ဘက်ပခုံးပေါ်တွင် တင်ကာ သူရဲကောင်းလေးတစ်ဦးကဲ့သို့ အရိုအသေ ပေးလိုက်သည်။

"ကောင်းပြီ.. ဒီလိုဆိုရင် ငါနဲ့လိုက်ခဲ့”

အချိန်ဖြုန်းနေဖို့ အချိန်မရှိပေ။ ကောင်းဖန်သည် ချက်ချင်း ထွက်ခွာရန် စီစဉ်လိုက်သည်။

"အစင်းလေး… မင်းက လီမျိုးနွယ်စုမှာနေပြီး ငါပြန်လာတာကို စောင့်" ကောင်းဖန်က အစင်းလေး၏ ခေါင်းကို ပုတ်လိုက်သည်။

အစင်းလေးသည် သူနှင့်ခွဲရန် တွန့်ဆုတ်နေသော်လည်း နာခံမှုရှိသည်။ "ဒါဆို ငါ့ကိုခေါ်ဖို့ မင်း အမြန်ပြန်လာရမယ် ကောင်းဖန်"

“စိတ်မပူပါနဲ့”

...

အနက်ရောင်မြူခိုးကမ္ဘာတွင် မျှော်လင့်ခြင်းမြို့ကို ကြီးမားသော တံတိုင်းကြီးများက ဝန်းရံထားသည်။

မြို့ထဲမှာ အိမ်ကြီးတစ်လုံးရှိသည်။ ထိုအချိန်တွင် ဟွာရှားအခြေစိုက်စခန်းတွင် မျိုးနွယ်စု၏အဆင့်မြင့်အမှုဆောင် သုံးဦးရှိသေးသည်။ သူတို့အားလုံးသည် စံအိမ်ကြီးအတွင်း၌ လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များအကြောင်းကို လေးလေးနက်နက် ဆွေးနွေးနေကြသည်။

“သခင်... ဒီကောင်တွေက စစ်ပွဲပြန်စဖို့ အော်ဟစ်ပြီး အပြင်မှာ ရှိနေကြတယ်”

"ဒါက အရမ်းဝေးလွန်းပါတယ်"

"ဘယ်သူမှ သူတို့ကို မနှိမ်နင်းနိုင်ဘူလို့ တကယ်ထင်နေတာလား"

“စိတ်လိုက်မာန်ပါမလုပ်နဲ့” ကျီဟန့်ဝူက ခေါင်းယမ်းလိုက်သည်။ “သူ့တို့ရဲ့စွမ်းအင်က အရမ်းထူးဆန်းတယ်.. သူ့ရဲ့ စွမ်းအားတွေကို အပြည့်အ၀နားမလည်ခင် တိုက်ပွဲမှာ ပေါ့ပေါ့တန်တန် မတွေးသင့်ဘူး”

ကျီဟန့်ဝူ၏ စကားများကို ကြားလိုက်ရသည်နှင့် လူအုပ်ကြီးသည် တိတ်ဆိတ်သွားပြီး သူပြောသမျှကို နားထောင်လိုက်ကြသည်။

“မနေ့က ငါ့သားရဲက သူတို့ရဲ့ ထောင်ချောက်ထဲ ကျသွားခဲ့တယ်..

ငါ့သားရဲအတွက်တောင် မတိုက်ခိုက်ရဘူးလား” ဟု ခေါင်းသေးသေး မျက်လုံးကြီးကြီးနှင့် အဘိုးကြီးတစ်ယောက်က ပြင်းထန်တဲ့လေသံနှင့်ပြောလိုက်သည်။ သူ့မျက်နှာက အလွန်နီရဲနေသည်။

“ဟား...ယွိဟွမ်းနင်..မင်းက အသက်ကြီးနေပြီ...မင်းက မင်းရဲ့အမှားကို ဝန်မခံရဲတဲ့ ခေါင်းမာတဲ့ ဖားတစ်ကောင်လိုပဲ” ကျီဟန့်ဝူက ချေပလိုက်သည်။

ယွိဟွမ်းနင်က သူ့ကို ပြင်းပြင်းထန်ထန် စိုက်ကြည့်နေသည်။ သူ့ဘယ်ဘက်မှာ ယွိဟွမ်းမင်း ထိုင်နေသည်။

“အမှိုက်ထုပ်... ငါ့အမှားကို ဝန်ခံဖို့ ငါတွန့်ဆုတ်မနေပါဘူး... မြေးလေး... မင်းပြောလိုက်... မနေ့က မင်းအဘိုး ဂရုမစိုက်တာလားဆိုတာ"

မုတ်ဆိတ်မွှေးရှည်ကြီးနှင့် ယွိဟွမ်းမင်းသည် နက်နက်ရှိုင်းရှိုင်း ခါးသီးစွာ ခံစားလိုက်ရသည်။ “ချစ်လှစွာသော အဖိုး.. ကျွန်တော် အသက်တစ်ရာကျော်နေပါပြီ ဒါပေမဲ့ ကျွန်တော့်ကို ကလေးလေးတစ်ယောက်လို ဆက်ဆံနေတုန်းပဲလား”

“ကျွန်တော့် သားရဲက သေတော့မယ်... အခုပဲ တိုက်ခိုက်နေကြတာ" ပိုင်မျိုးနွယ်စုမှ နတ်ဘုရားတစ်ပိုင်း သားရဲလေ့ကျင့်သူ တစ်ဦး၏ မျက်နှာအမူအရာမှာ အနည်းငယ် ပြောင်းလဲသွားသည်။

လူအုပ်ကြီးသည် တစ်ယောက်ကို တစ်ယောက် စိုက်ကြည့်နေမိကြသည်။

မျှော်လင့်ခြင်းမြို့တော်၏ မြို့အစွန်းတလျှောက်နယ်နိမိတ် လေထုသည် အလွန်ဆိုးရွားနေသည်။

လေထုသည် သိမ်မွေ့ပြီး တိတ်ဆိတ်သော ရောင်ဝါဖြင့် ပြည့်နေသည်။

မြို့အပြင်ဘက်တွင် ကြီးမားသော အရိပ်တစ်ခု ကျရောက်လာသည်။

တောင်ထက်တောင် ပိုကြီးသည့် နတ်လိပ်တစ်ကောင်က ကောင်းကင်မှာ ပျံနေသည်။

ဧရာမလိပ်ကြီး၏ နောက်ကျောသည် ကျွန်းတစ်ကျွန်းနှင့် ညီမျှသည်။

ကျွန်းပေါ်တွင် တောင်ကုန်းနှင့် ချောင်းများ၊ ရေတံခွန်များပင် ရှိသည်။

အဲဒီပေါ်မှာ ဧရာမမြို့ကြီးကို ဆောက်ထားသည်။

ထိုအချိန်တွင် ဧရာမလိပ်ကြီး၏ ရှေ့တွင် ရွှေရောင်အလင်းတန်းကြီးတစ်ခု ပေါ်လာသည်။ ရွှေရောင် ကြယ်လေသည် အကွေ့အကောက်ပုံစံဖြင့် အပြင်သို့ ပျံ့နှံ့သွားသည်။

ကြယ်လေတိုက်ခတ်မှု၏ အလယ်ဗဟိုတွင် လေထဲတွင် လှည့်ပတ်နေသည့် ပိုးတောင်မာနှင့် ဓားခုတ်ကောင်တို့ မျိုးဆက်ထားသကဲ့သို့ အနည်းငယ်တူပြီး ထူးခြားသောအသွင်အပြင်ရှိသော သားရဲတစ်ကောင်ရှိသည်။

"အသုံးမကျတဲ့လူတစ်စု... ငါနဲ့ တိုက်မယ့်သူတောင် မရှိဘူးလား.. ဒီလိုဆိုရင်လည်း မင်း ငါတို့ကို ဘာလို့ အရှုံးမပေးလဲ”

၎င်း၏ မာနကြီးသော အသံသည် ကောင်းကင်ယံ၌ ပျံ့လွင့်သွားသည်။

"ကျွန်တော် ဖြေရှင်းပါ့မယ်" ယွိဟွမ်းမင်း၏ အမူအရာ တင်းမာလာသည်။

"မင်း အဲဒါကို တိုက်ဖို့ ဘာကိုသုံးမှာလဲ... မင်းရဲ့လက်တစ်ထောင်မျက်နှာမဲ့ ဗုဒ္ဓက အဲဒါနဲ့ တိုက်နိုင်လို့လား"

"ငါဘယ်လိုလုပ်သိမှာလဲ" ယွိဟွမ်းမင်းက မျက်နှာငယ်ဖြင့် ပြောလိုက်သည်။

“အော်နေရတာ လည်ချောင်းတောင် နာနေပြီ.. ဒီလောက်ကြီးတဲ့ မြို့ကြီးမှာ ငါနဲ့တိုက်ရဲတဲ့သူမရှိဘူးလား.. ငါ့အပိုင်းကို ငါပြောပြီးပြီ.. မင်းတို့ထဲက ဘယ်သူက ငါ့ကိုလာသတ်မှာလဲ... ဘယ်သူက ငါ့ကို လာသတ်မှာလဲ"

လှုပ်လှုပ်ရွရွနှင့် ကြီးမားသော လှိုင်းလုံးကြီးများသည် ကောင်းကင်ကို ရုတ်တရက် ကွဲသွားစေသည်။ လေထုထဲတွင် အဆုံးမရှိ တုန်ခါမှုများနှင့် လှိုင်းလုံးများသည် အပြင်သို့ ထပ်ခါထပ်ခါ ပျံ့နှံ့သွားသည်။ လေးလံသောလက်သီးသည် ကောင်းကင်နှင့်မြေကြီးကို ဇောက်ထိုးလှန်လိုက်သလိုမျိုးပင်။

အဝေးမှ ကောင်းကင်သည် အလွန်လျင်မြန်သော အရှိန်ဖြင့် ကွဲသွားသည်။ ဓားတစ်ချောင်းက ကောင်းကင်ကိုဖြတ်ပြီး ဒဏ်ရာရသွားစေသလိုပင်။

မျက်စိတစ်မှိတ်အတွင်းမှာပင် သားရဲအများအပြားသည် လေထုထဲတွင် ရောနှောနေသော နေကဲ့သို့ အလွန်ကြောက်စရာကောင်းသော ဒြပ်စင်လှိုင်းကို ခံစားလိုက်ရသည်။

ရုတ်တရက် ပေါက်ကွဲသံကြီး ထွက်လာသည်။

တခဏချင်းမှာပဲ ဆန့်ကျင်ဘက်နှစ်ဘက်ရှေ့မှာ အော်ဟစ်နေသည့် သားရဲတစ်ကောင်ကို ကြောက်စရာကောင်းလောက်အောင် ပြင်းထန်သည့် အင်အားတစ်ခုက သူ့ရဲ့ဦးခေါင်းကို လိမ်ပြီး ဆွဲထုတ်ပစ်လိုက်သည်။

သားရဲ၏လည်ပင်း ကျိုးသွားကာ ၎င်း၏ဦးခေါင်းသည် ရက်ရက်စက်စက် စုတ်ပြဲသွားသည်။ အဖြူရောင်အရွတ်နှင့် အရိုးဖြူဖျော့ဖျော့ အကြွင်းအကျန်များ ထွက်လာသည်။

ကြယ်လေ၏ ဝဲဂယက် လှိုင်းလုံးများသည် ဖေဖေါ်ဝါရီလတွင် တိုက်ခက်သည့် နွေဦးလေညင်းကဲ့သို့ ၎င်း၏ ခိုင်ခံ့သော ရင်ဘတ်ကို ဖြတ်တိုက်သွားသည်။

ကောင်းကင်ယံတွင် ဂိုဒီသည် ပတ်ဝန်းကျင်ကို ထုတ်ဖော်မပြဘဲ ကြည့်နေသည်။ သူ့မျက်နှာတွင် ရက်စက်သော အပြုံးတစ်ခု ရှိနေသည်။ "ဒါက ထူးဆန်းတဲ့ တောင်းဆိုမှုတစ်ခုကို ပထမဆုံးကြားလိုက်ရတာပဲ"

***

All Chapters