← Chapters

အခန်း (၇၆၉-၇၇၂)

Vol. 49 Ch. 769-772

အခန်း (၇၆၉-၇၇၂)

Vol. 49 Ch. 769-772

အခန်း ၇၆၉ ရွှေချထားသည့် ကောင်းကင်ဘုံ ပိုးတောင်မာ

[သားရဲ အမည်] - ရွှေချထားသည့် ကောင်းကင်ဘုံ ပိုးတောင်မာ

[သားရဲ အဆင့်] - အဆင့် ၉၇ (နတ်ဘုရားတစ်ပိုင်း)

[သားရဲ စွမ်းရည်ဆင့်] - ဒဏ္ဍာရီ/ ဒဏ္ဍာရီ

[သားရဲ အမျိုးအစား] - သတ္တု/ လေ

[သားရဲ အခြေအနေ] - ပြင်းထန်စွာ ဒဏ်ရာရရှိ (ဦးခေါင်းနှင့် ခန္ဓာကိုယ်ပိုင်းတွင် သွေးဆုံးရှုံးမှု)

[သားရဲ စွမ်းအင်] - နတ်ဘုရားငှက်ကြီး ရွှေလေ အဆင့် ၉၊ နတ်ဘုရားရွှေချပ်ဝတ်အဆင့် ၉၊ ထူးခြားသော တက်ကြွမှု အဆင့် ၉၊ ထက်ရှသောသွက်လက်မှု အဆင့် ၉

[ထူးခြားသော လက္ခဏာများ] - ရွှေချထားသည့် ကောင်းကင်ဘုံ ပိုးတောင်မာ၏ နတ်ဘုရားငှက်ကြီး ရွှေလေတွင် ထူးခြားသော အဖျက်စွမ်းအားရှိသည်။

[အကျိုးသက်ရောက်မှု ၁ ] - နတ်ဘုရားငှက်ကြီး ရွှေလေသည် ရန်သူကို ဒဏ်ရာရစေသောအခါ ၎င်းသည် ရန်သူ၏ ခန္ဓာကိုယ်ကို ထိခိုက်လွယ်စေသည်။

နတ်ဘုရားငှက်ကြီး ရွှေလေတွင် ထူးထူးခြားခြား ပြင်းထန်သော အဖျက်စွမ်းအားပါရှိသောကြောင့် ရန်သူ၏ ခန္ဓာကိုယ်သည် နတ်ဘုရားငှက်ကြီး ရွှေလေကြောင့် ပျက်စီးသွားပြီးနောက် ရန်သူ၏ ခန္ဓာကိုယ် ပျက်စီးယိုယွင်းသွားမည်ဖြစ်သည်။ ၎င်းသည် ရန်သူ၏ ခုခံကာကွယ်နိုင်စွမ်းအပြင် ၎င်း၏ အင်အားနှင့် အရှိန်အဟုန်၏ ပေါက်ကွဲစွမ်းအားကို လျော့ကျစေမည်ဖြစ်သည်။

[အကျိုးသက်ရောက်မှု ၁ ] - ရွှေချထားသည့် ကောင်းကင်ဘုံပိုတောင်မာသည် ဖျက်စီးဖို့ရန်အတွက် ပစ်မှတ်ထားသောနေရာကို တိုက်ခိုက်သောအခါ ၎င်းသည် ပျက်စီးသွားပြီးနောက် ရန်သူကိုယ်ထည်၏ ပစ်မှတ်ဧရိယာအပေါ် 'လေဖြတ်ခြင်း' အကျိုးသက်ရောက်မှုကို ဖြစ်ပေါ်စေလိမ့်မည်။ အချိန်တိုအတွင်း သက်သာပျောက်ကင်းနိုင်မည်မဟုတ်ပေ။

[အကျိုးသက်ရောက်မှု ၁] - ရွှေချထားသည့် ကောင်းကင်ဘုံပိုးတောင်မာသည် ရန်သူ၏ကိုယ်ခန္ဓာ၏ သီးခြားဧရိယာတစ်ခုပေါ်တွင် ချုပ်နှောင်ထားနိုင်ပြီး ၎င်းအား ဖျက်ဆီးပစ်မည့်ဧရိယာအဖြစ် သတ်မှတ်နိုင်သည်။ တစ်ချိန်တည်းတွင် တူညီသောကိုယ်ထည်ပေါ်တွင် ဖျက်ဆီးမှုအတွက် အများဆုံးပစ်မှတ်နေရာတစ်ခုသာ သတ်မှတ်နိုင်သည်။

[သတ်မှတ်ထားသော ဖျက်ဆီးခြင်း] - ရွှေချထားသည့် ကောင်းကင်ဘုံပိုးတောင်မာသည် အလွန်အစွမ်းထက်သော ထိုးစစ်ဆင်နိုင်စွမ်း ရှိသည့် သားရဲ တစ်ကောင်ဖြစ်သည်။ ၎င်း၏ ခြေသည်းများသည် ရန်သူ၏ အကာအကွယ် ချပ်ဝတ်တန်ဆာနှင့် ခုခံမှုမှတဆင့် ထိုးဖောက်ဝင်ရောက်နိုင်သည်။

[သားရဲ ဖော်ပြချက်] - တိုက်ပွဲထဲသို့ ဝင်လာသော ရွှေချထားသည့် ကောင်းကင်ဘုံပိုးတောင်မာသည် ခံစစ်သားရဲ၏ အဆိုးရွားဆုံး အိပ်မက်ဆိုးတစ်ခုဖြစ်သည်။

သို့သော် ဤအိပ်မက်ဆိုးက အဲဒီအချိန်မှာ သေတာထက်ပိုသည့် ရှင်သန်သည့် အိပ်မက်ဆိုးတစ်ခု ဖြစ်လာသည်။

ထူထပ်သော အဝါရောင် တိမ်တိုက်များသည် ကောင်းကင် အရှေ့ဘက်ခြမ်းမှ ရုတ်တရက် ချဉ်းကပ်လာသည်။ နီးကပ်လာပြီးနောက်တွင် ဤအရာသည် အဝါရောင်တိမ်တိုက်မဟုတ်ကြောင်း လူတိုင်း ရှင်းရှင်းလင်းလင်း သိမြင်လာသည်။ အဝါရောင်သဲမုန်တိုင်းဖြစ်တယ်ဆိုတာ ထင်ရှားလှသည်။

အဝါရောင်သဲမုန်တိုင်းသည် ကောင်းကင်ကို ဖုံးကွယ်ပြီး ကမ္ဘာမြေကို ဖုံးလွှမ်းသွားသည်။ မျှော်လင့်ခြင်းမြို့ အစောင့်မျှော်စင်ရှိ လူအုပ်ကြီးသည် ဘာမှ မမြင်ရပေ။ သဲမုန်တိုင်းကြောင့် သူတို့၏ အမြင်အာရုံကို လုံးလုံးလျားလျား ဖုံးလွှမ်းသွားသည်။

“ဟား..ဟား..... ကျေးဇူးအများကြီးတင်ပါတယ်”

သဲမုန်တိုင်းအလယ်မှ အထက်စီးဆန်သည့်အသံသည် အဝေးသို့ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။

ဂိုဒီသည် ၎င်း၏ရှေ့ရှိ ရွှေချထားသည့် ကောင်းကင်ဘုံပိုးတောင်မာအလောင်းမှာလည်း သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားကြောင်း တွေ့ရှိလိုက်ရသည်။

“ငါ့ရဲ့ လုပ်အားခ အကျိုးအမြတ်ကို ခိုးယူသွားတာလား” ဂိုဒီတွေးမိလိုက်သည်။

ဂိုဒီသည် ရေထဲတွင် ကျောက်တုံး နစ်မြုပ်သွားသကဲ့သို့ပင်ဖြစ်နေသည်။

သဲမုန်တိုင်းသည် လျင်မြန်စွာရောက်လာပြီး လျင်မြန်စွာ ထွက်ခွာသွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာပဲ မိုးကုပ်စက်ဝိုင်းမှ ပျောက်ကွယ်သွားသည်။

အလွန်လျင်မြန်လွန်းသဖြင့် ဂိုဒီသည် ကျန်ရစ်ခဲ့သော ဖုန်မှုန့်များကိုသာ မြင်နိုင်သည်။

ဧရာမလိပ်ကြီး၏ နောက်ကျောတွင် ဂနာမငြိမ်မှုများပေါ်ပေါက်လာသည်။ လှုပ်ရှားမှုများဖြင့် စည်ကားနေသည်ကို မြင်လိုက်ရသဖြင့် သဲမုန်တိုင်း၏ အရှင်သခင်သည် မည်သူဖြစ်သည်ကို သိပုံရသည်။

"ကောင်းဖန်.. တစ်ယောက်ယောက်က ငါ့ရဲ့ အကျိုးအမြတ်တွေကို ခိုးယူသွားတယ်" ဂိုဒီက ခေါင်းမော့ပြီး ကောင်းကင်ကို မော့ကြည့်လိုက်သည်။

“မြင်တယ်”

"ဒေါသမထွက်ဘူးလား"

"ဘာလို့ စိတ်ဆိုးရမှာလဲ… ငါက အခိုးခံလိုက်ရတဲ့သူမှ မဟုတ်တာ”

ဂိုဒီ တိတ်ဆိတ်နေသည်။ သူပြောတာ အဓိပ္ပါယ်ရှိတယ်...

မျှော်လင့်ခြင်းမြို့တော်အပြင်ဘက် ကောင်းကင်ယံတွင် လွင့်မျောနေသည့် ဧရာမလိပ်ကျွန်းကြီးကို ငေးကြည့်ရင်း ကောင်းဖန်၏မျက်နှာပေါ်က အပြုံးမှာ ထိန်းမရတော့ပေ။

၎င်းသည် အဆင့် ၉၉ မော်ကွန်းတင် ဧရာမလိပ်ကြီးဖြစ်သည်။ ၎င်းတွင် ခွန်အားများစွာမရှိဘဲ ၎င်း၏တစ်ခုတည်းသောအားသာချက်မှာ ရုပ်ပိုင်းဆိုင်ရာ ကြီးမားခြင်းပင်ဖြစ်သည်။ ထူးထူးခြားခြား သက်လုံကောင်းပြီး ကောင်းကင်မှာ ပျံဝဲနိုင်သည်။

မြို့ရိုးပေါ်တွင် ရှိနေသူများက စောစောကတော့ ဘယ်သူ့ကို စစ်တိုက်ဖို့ လွှတ်မလဲဆိုတကို စိုးရိမ်နေခဲ့ကြသည်။ အခုတော့ အခြေအနေတွေ ကောင်းလာပြီ ဖြစ်သည်။ အရှိန်အဝါကြီးသော သတ္တဝါ၏လည်ပင်းကိုပင် ဖြတ်ထားပြီးဖြစ်သောကြောင့် ဤကိစ္စကို မစဉ်းစားလိုတော့ပေ။

"သူပြန်လာပြီ.."

“အဲဒီလူ…”

"သူ့ရဲ့သားရဲတွေကို ဘယ်လိုလေ့ကျင့်ခဲ့တာလဲ...

ဒီလောက်သန်မာနေပြီဆိုတာမယုံနိုင်စရာပဲ... ဒါက နတ်ဘုရားတစ်ပိုင်းဆင့်ရဲ့ အကောင်းဆုံးအဆင့်လောက်အထိ အစွမ်းထက်တယ်"

ဂိုဒီသည် မြို့ရိုးပေါ်သို့ ဆင်းသက်လာပြီး ၎င်း၏ ရင်ဘတ်ပေါ်မှ လူတစ်ယောက် ထွက်လာသည်။

"အဘိုး... လူကြီးမင်းပိုင်၊ လူကြီးမင်း မင်း၊ အကြီးအကဲတို့ မတွေ့ရတာ ကြာပြီ" ကောင်းဖန်က ပြုံးပြီး ပြောလိုက်သည်။

"မတွေ့တာကြာပြီ... မင်း ပိုသန်မာလာတယ်" အကြီးအကဲအုပ်စုသည် သူတို့၏မျက်နှာပေါ်တွင် ဖတ်၍မရသော အမူအရာများ ရှိနေသည်။

"ဟားဟား... ဝေးနေတာကြာလှပြီမို့ နောက်ဆုံးတော့ အောင်မြင်မှုနည်းနည်းရလာပြီပေါ့" ကောင်းဖန်သည် အလွန် ကျိုးနွံသည်။

အောင်မြင်မှုနည်းနည်း...

သူပြောတဲ့ နည်းနည်းက နေမင်းကြီးလောက်တောင် ကြီးမားနေနိုင်သည်။

“ဒီကောင်တွေကို ပြေလည်အောင်ဖြေရှင်းပြီးမှ အတိတ်ကို စားမြုံ့ပြန်ကြတာပေါ့..” ကောင်းဖန်၏အမူအရာသည် ငြိမ်သက်သွားပြန်သည်။

သူသည်မြို့ပြင်က လိပ်ကြီးကို ကြည့်ဖို့ ခေါင်းကိုလှည့်လိုက်သည်။

ဤအချိန်သည် စားမြုံ့ပြန်ရန် အချိန်ကောင်းမဟုတ်ကြောင်း သူတို့သိကြသည်။ ကောင်းဖန် ပြောတာကို သူတို့က သဘောတူလိုက်ကြသည်။

စက္ကန့်ပိုင်းလေးအတွင်းမှာပဲ ကောင်းကင်မှာ လွင့်မျောနေသည့် ဧရာမလိပ်ကြီးရဲ့ နှာခေါင်းထဲက အဖြူရောင်လေထုက ထွက်လာသည်။ အဝေးက ကြည့်ရလျှင် အငွေ့ပျံနေသည့် ရေတံခွန်နှစ်ခုရှိနေသလိုပင်။

ဧရာမလိပ်ကြီး၏ ကြီးမားသော ခန္ဓာကိုယ်သည် ဖြည်းညှင်းစွာ လှည့်သွားပြီးနောက် ၎င်း၏ ခန္ဓာကိုယ် လမ်းကြောင်းကို ပြောင်းကာ ပျံသန်းသွားသည်။

လူတိုင်း အံ့ဩသွားကြသည်။

"ထွက်ပြေးသွားပြီ"

တကယ်ပဲ ထွက်ပြေးသွားပုံရသည်။

လူတိုင်းသည် အတွေးထဲတွင် နစ်မြုပ်သွားကြသည်။

"လိပ်ကြီးရဲ့နောက်ကျောမှာ နတ်ဘုရားတစ်ပိုင်းတစ်ကောင်တည်းမဟုတ်ဘူးဆိုတာ ငါမှတ်မိတယ်"

“ဒီ နတ်ဘုရားတစ်ပိုင်းထက်တောင် ပိုအစွမ်းထက်တဲ့ သားရဲ ၁၀ ကောင်ထက် မနည်းရှိလို့ ဖြစ်မယ်...”

လူအုပ်ကြီးသည် တက်တက်ကြွကြွဆွေးနွေးနေကြသည်။

သူတို့၏ ဆွေးနွေးမှုကို နားထောင်နေစဉ်တွင် ကောင်းဖန်သည် အကြောင်းအရာအချို့ကို ကြားလိုက်ရသည်။

"ဒီနတ်ဘုရားတစ်ပိုင်းထက် ပိုသန်မာတဲ့ သားရဲ ၁၀ကောင်ထက်မနည်း ရှိတယ်လို့ မင်းပြောလိုက်တာလား"

"ဟုတ်တယ်"

"သူတို့ကို မင်းမျက်စိနဲ့မြင်ဖူးလား"

“သူတို့ကို ငါအရင်က တွေ့ဖူးတယ်... သူတို့က အရမ်းအားကောင်းတဲ့ တည်ရှိမှုပဲ.. ငါတို့က နတ်ဘုရားကိုတောင် မြင်ရပြီထင်နေတာ...” ဤတစ်ကြိမ်တွင် လူအများ၏အော်ဟစ်သံသည် သတ္တုများကိုပင် အရည်ပျော်သွားနိုင်သည်။ လူတော်တော်များများက အဲဒါကို ကိုယ်တွေ့မြင်ဖူးကြောင်း ပြောနေကြသည်။

"သူတို့ကို ဂိုဒီနဲ့ ယှဉ်ခိုင်းရင်ဘယ်လိုလဲ" ကောင်းဖန်သည် သူ့ဘေးနားတွင် ခေါင်းမော့ရင်ကော့ကာ ရပ်နေသည့် ဂိုဒီကို လက်ညှိုးထိုးပြရင်း မေးလိုက်သည်။

ဂိုဒီသည် ခေါင်းကုတ်လိုက်သည်။ "ကောင်းဖန်... ခြင်္သေ့ဖြူက တိုက်ခိုက်ရေးသမားလေ... ဘာလို့ ငါဖြစ်သွားရတာလဲ”

ခြင်္သေ့ဖြူက ဘာကြီးတုန်း ဟု မေးလိုက်သည်။

“တိုက်ပွဲမှာ ခြင်္သေ့ဖြူကို သူတို့ တစ်ခါမှ မတွေ့ဖူးကြသေးဘူး... ဂိုဒီ အခုတော့ မင်းပဲလုပ်လိုက်တော့” ကောင်းဖန်က ဂိုဒီကို ပြေရာပြေကြောင်း ပြောလိုက်သည်။

"သူတို့က နည်းနည်း အားကောင်းတဲ့ အနေအထားရှိတယ်..." ကျီဟန့်ဝူ က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

"ဘာ” ကောင်းဖန် အံ့သြသွားသည်။ နားကြားမှားတာဟုတောင် သူထင်လိုက်သည်။

ဂိုဒီကတော့ ဒေါသကြောင့် ဝုန်းဒိုင်းကြဲနေတော့သည်။ သို့သော် ၎င်းသည် ကောင်းဖန်၏အဘိုးဖြစ်ကြောင်းကို သူမြင်သောအခါတွင် သူသည် ချက်ချင်းပင် လေသံပြောင်းကာ "အဘိုး... မှားမြင်တာနေမှာပါ" ဟု ပြောလိုက်သည်။

ဂိုဒီသည် ကာယဗလာမောင် ကိုယ်ဟန်ကို လုပ်လိုက်သောအခါ သူ့ကြွက်သားများ ကြီးမားစွာ ထွက်လာသည်။

"အဘိုး... အခု ဂိုဒီ ဘယ်အဆင့်ရောက်နေပြီလဲ အဖိုးအသိသေးဘူး... ဂိုဒီထက် ပိုအစွမ်းထက်တဲ့ သားရဲဆယ်ကောင်ဆိုရင် သူတို့က ဒီလောက်ထိ အကြာကြီး အချိန်ဆွဲနေမှာ မဟုတ်ဘူး." ကောင်းဖန်သည် သူ့လက်မနဲ့ လက်ခလယ်ကို ဆန့်ထုတ်လိုက်ပြီး သူ့နားထင်တွေကို နှိပ်နယ်လိုက်သည်။ အဖိုးနှင့် ကျန်သူများ အလိမ်ခံရကြောင်း ၈၀ ရာခိုင်နှုန်း သေချာနေပြီဟု သူသိနေသည်။

တခြားသူတွေရဲ့ မျက်နှာပေါ်က အမူအရာတွေက နည်းနည်းတော့ အဆင်မပြေဖြစ်နေသည်။ မင်းရဲ့ သားရဲက အားကောင်းတယ်ဆိုတာ ငါတို့သိတယ်... မင်းရဲ့ သားရဲက ငါတို့ထက် ပိုအစွမ်းထက်တယ်ဆိုတာလည်း ငါတို့သိတယ်....

ဒါပေမယ့် ဒီမှာလည်း နတ်ဘုရားတစ်ပိုင်းတွေ အများကြီးရှိတယ်... တည့်တိုးကြီးပြောလိုက်တာက နည်းနည်း လက်ခံဖို့ခက်စေတယ်.. ပြီးတော့..

ငါတို့အပေါ် အရိုအသေမဲ့လွန်းတယ်....

“သူတို့မှာ လှည့်စားမှုအမျိုးအစား ဒါမှမဟုတ် စိတ်ပိုင်းဆိုင်ရာ သားရဲတွေ ရှိနိုင်တယ်... သူတို့က နတ်ဘုရားတစ်ပိုင်းအဆင့်မှာလည်း ဖြစ်နိုင်တယ်” ဟု ပင်လယ်ဝတုတ်က တိုးတိုးလေးပြောလိုက်သည်။

"စက်ရုပ်ဘုရင်... ရန်သူက ငါတို့နယ်မြေကနေ ဝေးရာကို မဆွဲဆောင်ဖို့ ခဏလောက် ဒီနေရာကိုကာကွယ်ဖို့ မင်းကို ဒုက္ခပေးရတော့မှာပဲ..." လို့ ကောင်းဖန်က စက်ရုပ်ဘုရင်ကို တောင်းဆိုလိုက်သည်။

စက်ရုပ်ဘုရင်က ခေါင်းညိတ်လိုက်သည် "ကောင်းပါပြီ"

ထိုမှပင် ကောင်းဖန်သည် သက်တောင့်သက်သာဖြစ်သွားသည်။ လိပ်ကြီးသည် လူသတ်လိုသည့် အမူအရာဖြင့် လွတ်မြောက်သွားသည့် လမ်းကြောင်းကို သူကြည့်လိုက်သည်။ “သူတို့က ငါတို့ကို ဘယ်လိုတောင် ကျူးကျော်ဝံ့တာလဲ... ငါတို့ သူတို့ကို အလွတ်မပေးဘူး”

အသံမထွက်ဘဲ ကောင်းဖန်၏ဘယ်ဘက်တွင် ဒန်ဘီဆင်းသက်လာသည်။ သူ့လက်တွေက သူ့နောက်မှာရှိနေသည်။ “သေခြင်းတရားရဲ့ မွှေးရနံ့ကို ငါရနေတယ်”

***

သားရဲလေ့ကျင့်သူ

အခန်း ၇၇၀ အိပ်မက်ဘုရင်

"ငါတို့ မြန်မြန်ထွက်လာတာ ကံကောင်းသွားတယ်.. “

"သူတို့မှာ ဒီလိုအဆင့်နဲ့ဝှက်ထားတဲ့ အစွမ်းထက်တဲ့ သားရဲတွေ ရှိနေမယ်လို့ ငါ မမျှော်လင့်ထားဘူး"

“ရွှေချထားသည့် ကောင်းကင်ဘုံပိုးတောင်မာရဲ့ လည်ပင်ကို ခဏလေးနဲ့လိမ်ချိုးသွားတာ ကြောက်စရာကောင်းလွန်းတယ်... ဒီလို ကမ္ဘာငယ်လေးမှာ အဆင့်မြင့် နတ်ဘုရားတစ်ပိုင်း ရှိတယ်ဆိုတာ ငါ မယုံနိုင်ဘူး.. သူက နတ်ဘုရားတစ်ပိုင်းတွေကြားမှာ အကောင်းဆုံးစံနှုန်းဖြစ်မှာ သေချာတယ်"

“ရွှေချထားတဲ့ ကောင်းကင်ဘုံပိုးတောင်မာကတောင် နတ်ဘုရားတစ်ပိုင်းတွေကြားထဲမှာ အရမ်းကို အစွမ်းထက်နေပြီ... ဒီထက် ပိုသန်မာတဲ့ကောင်နဲ့ တွေ့ဖို့ တကယ် မမျှော်လင့်ထားမိဘူး..."

ဧရာမ လိပ်ကျွန်းပေါ်ရှိ မြို့တော်တွင် လူတစ်စုသည် စိတ်အားထက်သန်စွာ ဆွေးနွေးနေကြသည်။

"သူတို့ ငါတို့ကို အမှီလိုက်လာနိုင်မှာ မဟုတ်ဘူးလား" တစ်ယောက်ယောက်က မေးလိုက်သည်။

“စိတ်မပူပါနဲ့.... ကုန်းမြေဧကရာဇ်လိပ်က မနှေးပါဘူး”

ပတ်ဝန်းကျင်ရှိ တိမ်တိုက်များသည် ကုန်းမြေ ဧကရာဇ် လိပ်၏ တစ်ဖက်တစ်ချက်စီတွင် လျင်မြန်စွာ ဖြတ်သန်းသွားသည်။

ထိုနေရာမှ ဝေးကွာသွားပြီးနောက် လုံခြုံမှုကို ခံစားလိုက်ရသည်။

"သေခြင်းတရားတွေကြားလား" ခေါင်မိုးပေါ်မှ ရုတ်တရက် အသံထွက်လာသည်။

"အဲဒီမှာဘယ်သူလဲ"

ဝုန်း…

မျက်နှာဖုံးစွပ်ထားသည့် သားရဲတစ်ကောင်သည် တစ်အိမ်လုံးပြိုကျသွားသောကြောင့် ၎င်း၏လက်မှ သံကြိုးများကို အသုံးပြု၍ ခေါင်မိုးကို ဖောက်လိုက်သည်။

သို့သော် ခေါင်မိုးများပျက်စီးသွားသောအခါ အပေါ်တွင်ဘာမှ မရှိတော့ပေ။

ထိုအစား ဒါပေမယ့် တစ်စုံတစ်ယောက်၏ တံခါးခေါက်သံသည် အပြင်ဘက်မှ ဝင်လာသည်။

အိမ်ထဲရှိလူတိုင်း သွေးအေးသွားသလို ခံစားလိုက်ရသည်။

သူတို့သည် အပေါက်ဝဆီသို့ စူးစူးရဲရဲစိုက်ကြည့်နေကြသည်။

နောက်အခိုက်အတန့်တွင် အသံကျယ်လောင်စွာ ထွက်ပေါ်လာသည်။

အိမ်တံခါးက ဖြည်းညှင်းစွာပွင့်လာသည်။

တံခါးပွင့်သွားသောအခါ မီးအမျိုးအစားသားရဲ၏ တိုက်ခိုက်မှုကို ခံလိုက်ရသည်။

အချိန်အတော်ကြာပြီးနောက် မီးတောက်များ ပျောက်သွားသည်။

အပူချိန်မြင့်မားမှုကြောင့် အိမ်တံခါးနှင့် နံရံများ မီးလောင်ကာ ကြီးမားသော အပေါက်တစ်ခု ဖြစ်သွားသည်။

အပူလှိုင်းများ ဆက်လက် မြင့်တက်လာသည်။

“အဲဒါ… အဲဒီအခန်း” တစ်စုံတစ်ယောက်သည် မီးတောက်များဖုံးလွှမ်းနေသည့်နေရာကို အံ့အားသင့်စွာ ညွန်ပြလိုက်သည်။

ထိုနေရာ၏ အလယ်ဗဟိုတွင် အရိုးစုတစ်ခုသည် မြေပြင်ပေါ်တွင် တိတ်တဆိတ် အမြစ်တွယ်နေသည်။

သူ့ခန္ဓာကိုယ်ပေါ်မှာ ၀တ်ထားသည့် အနက်ရောင် ၀တ်ရုံက မီးတောက်များတောက်လောင်နေသည်။ သို့သော် ခန္ဓာကိုယ်တစ်ခုလုံးကို ပေါင်းစပ်ဖွဲ့စည်းထားသည့် အရိုးများသည် မီးလောင်ပြီးနောက်မှာ အစားပြန်ပေါက်လာသည်။

သူက ၎င်း၏ ဘယ်လက်ညိုးကို အသုံးပြု၍ စောစောက မီးမှုတ်ထုတ်လိုက်သည့် သားရဲကို ညွှန်ပြနေသည်။

အရိုးဖြူပညတ်… အရိုးပရမ်းပတာ..

ရုတ်တရက်ဆိုသလိုပင် ချွန်ထက်သောအရိုးတစ်ချောင်းသည် ၎င်း၏ခန္ဓာကိုယ်အတွင်းမှ မီးများထွက်နေသည့် သားရဲ၏နောက်ကျောကိုဖောက်ကာ သွေးများစီးကျလာသည်။ ဒဏ်ရာမှ သွေးများ တဟုန်ထိုး စီးကျလာသည်။

ဒါက အစပဲရှိသေးသည်။

ဤသားရဲကိုယ်ခန္ဓာ၏ အစိတ်အပိုင်းအမျိုးမျိုးမှ ထက်ရှသောဆူးများ ပေါက်လာသည်။

တခဏချင်းမှာပင် ဖြူကောင်အဖြစ် ပြောင်းလဲသွားသည်။

ဒဏ်ရာများမှ သွေးများတစ်စက်ပြီးတစ်စက်ကျနေသည်။

အိမ်ထဲရှိလူတိုင်း အံသြသွားကြသည်။

ဒီလိုနဲ့ပဲ... ကြေကွဲအိပ်မက် မီးနတ်ဆိုးက တစ်ချက်တည်းနဲ့ ချက်ချင်း သေဆုံးသွားတာလား....

ဒန်ဘီသည် သူ့လက်ညိုးကို ဆွဲထုတ်ပြီး သူ့နှုတ်ခမ်းပေါ်ဖိထားလိုက်သည်။ “နားထောင်.. ငါ့ကောင်တွေ”

အခြားသူများ၏ တုံ့ပြန်မှုကို မစောင့်ဘဲ ဒန်ဘီသည် "မသေခင်မှာ သူ့ရဲ့ နာကျင်စွာ ငိုကြွေးသံက ဝေါ့ဇ် အကကခုန်နေသလို အရမ်းလှတယ်" ဟု ပြောလိုက်သည်။

ဒီလူတွေက ဝေါ့ဇ်အကအကြောင်း တစ်ခါမှ မကြားဖူးသလို ဒန်ဘီပြောတာကိုလည်း နားမလည်ပေ။ ဒန်ဘီသည် ယခုအခိုက်အတန့်တွင် အရူးတစ်ယောက်လိုပင်။

သားရဲလေ့ကျင့်သူ တစ်ယောက်က ဖြည်းညှင်းစွာ နောက်ပြန်ဆုတ်သွားပြီး စားပွဲတစ်ခုရဲ့ ထောင့်ကို မတော်တဆ ဝင်တိုက်မိသွားသည်။ အရိုးစု၏ အာရုံသည် သူ့ဘက်သို့ လှည့်သွားသည်ကို တွေ့လိုက်ရသောအခါ ဖြူဖျော့သွားလေသည်။

"ခြေထောက်နည်းနည်း ချော်သွားတာပါ"

"ငါသိတယ်..." ဒန်ဘီ၏နောက်ကနေ အသံတစ်ခု ထွက်လာသည်။ အားလုံးက ထိုဘက်သို့ လှမ်းကြည့်လိုက်ရာ အရပ်မြင့်မြင့် လူသားအသွင်ဖြင့် သူတစ်ယောက်က သူတို့ဆီသို့ လျှောက်လာနေသည့်လူကို တွေ့လိုက်ရသည်။

အရပ်ရှည်ပြီး သန်မာသောလူသည် အိမ်ထဲရှိလူအားလုံးကို လှည့်ပတ်ကြည့်လိုက်သည်။ “အခုကစပြီး ငါမေးခွန်းတစ်ခုမေးမယ်... မင်းတို့ဖြေရမယ်.. ငါ့ကို လိမ်တဲ့လူ ဒါမဟုတ် ပြန်မဖြေတဲ့သူ သေရလိမ့်မယ်”

သူ့အသံက ရေခဲကဲ့သို့ အေးစက်နေပြီး စိတ်ခံစားမှု အရိပ်အယောင်ကို ဖုံးကွယ်ထားသည်။

“လူကြီးမင်း... ကြိုက်တာမေးပါ... ကျွန်တော်သိတာမှန်သမျှကို ဖုံးကွယ်ထားမှာမဟုတ်ပါဘူး” ဟု သူတို့ကြားထဲက အဝဆုံးဖတ်တီးက ဆွဲဆောင်မှုရှိတဲ့ အပြုံးလေးနဲ့ ပြောလိုက်သည်။

"စောစောကသတ်လိုက်တဲ့ ရွှေရောင်ပိုးကောင်က ဘယ်သူ့သားရဲလဲ"

“ဒါက ဆာလုရဲ့သားရဲပါ… သူ့ရဲ့ ရွှေချထားတဲ့ ကောင်းကင်ဘုံပိုးတောင်မာက ကျွန်တော်တို့ထဲက အစွမ်းအထက်ဆုံး သားရဲ သုံးကောင်ထဲက တစ်ကောင်ပါ” ဟု ဖက်တီးက အလျင်စလိုပြောလိုက်သည်။

"နောက်နှစ်ကောင်က ဘယ်သူတွေလဲ"

လေထုသည် အဆင်မပြေဖြစ်သွားသည်။ ဖက်တီးသည် မြေပြင်ပေါ်တွင် လဲလျောင်းနေသော ကြေကြွအိပ်မက်မီးနတ်ဆိုး၏ အလောင်းကို ညွှန်ပြလိုက်သည်။ ထို့နောက် လူအုပ်၏နောက်ဘက်က မထင်မှတ်ထားသော အခန်းငယ်တစ်ခုကို ထပ်မံညွှန်ပြလိုက်သည်။

လူ့ခြေထောက်လောက်တောင် အရပ်မရှည်တဲ့ ထူးဆန်းတဲ့ပုံစံနဲ့ သားရဲဖြစ်သည်။

မျက်နှာပေါ်တွင် ထူးဆန်းပြီး ထူထဲသော မိတ်ကပ်များနှင့် အရုပ်လေးတစ်ရုပ်လို မြင်ရသည်။

[သားရဲ အမည်] - အိပ်မက်ဘုရင်

[သားရဲ အဆင့်] - အဆင့် ၉၇ (နတ်ဘုရားတစ်ပိုင်း)

[သားရဲ စွမ်းရည်ဆင့်] - မော်ကွန်းတင်/ မော်ကွန်းတင်

[သားရဲ အမျိုးအစား] - ထင်ယောင်ထင်မှား

[သားရဲ စွမ်းအင်] - ဝိညာဉ်ပိုင်းဆိုင်ရာပုံရိပ်ရောင် အဆင့် ၉၊ ပတ်ဝန်းကျင်ဖန်တီးမှု အဆင့် ၉၊ နက်ရှိုင်းသောအိပ်မက်ဆိုး အဆင့်၈

[ထူးခြားသော လက္ခဏာများ] - ကြောက်မက်ဖွယ်မှတ်စုစာအုပ်

အကျိုးသက်ရောက်မှု ၁ - အိပ်မက်ဘုရင်သည် မြင်ဖူးသမျှ သားရဲများနှင့် မြင်ကွင်းအားလုံးကို မှတ်စုစာအုပ်တွင် မှတ်တမ်းတင်ထားသည်။

အကျိုးသက်ရောက်မှု ၂ - အိပ်မက်ဘုရင် မှတ်စုစာအုပ်တွင်မှတ်တမ်းတင်ထားသော သားရဲများ သို့မဟုတ် မြင်ကွင်းအားလုံးကို စုံလင်စွာပြသနိုင်သည်။ ၎င်းသည် ၎င်း၏ အသက်ရှူမှုနှင့် လေထုကိုပင် ကူးယူနိုင်သည်။

အကျိုးသက်ရောက်မှု ၃ - အိပ်မက်ဘုရင်မှ ဖန်တီးထားသော စိတ်ကူးယဉ်မှုသည် ပစ်မှတ်ကို ခြိမ်းခြောက်နိုင်သည် သို့မဟုတ် ပစ်မှတ်က ယုံကြည်သည့်အခါတိုင်း အိပ်မက်ဘုရင်၏ နောက်ထပ်စကားလုံးကို ဆန့်ကျင်နိုင်မှု ခုခံနိုင်စွမ်းသည် လျော့ကျသွားမည်ဖြစ်သည်။

[သားရဲ ဖော်ပြချက်] - အမှောင်တောနက်အတွင်းနေထိုင်သော ရှားပါးသတ္တဝါဖြစ်သည်။ ၎င်းတို့၏ရန်သူများကို ပတ်ဝန်းကျင်တွင် ကြောက်လန့်မှုဖြင့် သေဆုံးစေရန် စိတ်ကူးယဉ်မှုများ ဖန်တီးခြင်းကို နှစ်သက်ကြသည်။ သို့သော် ၎င်းတို့၏ အနီးကပ် တိုက်ခိုက်ရေး စွမ်းရည်မှာ အလွန်အားနည်းပြီး ရန်သူ၏တိုက်ရိုက်တိုက်ခိုက်မှုများကို ခုခံကာကွယ်နိုင်စွမ်းမရှိပေ။

"ဒါဆို မင်းပေါ့ သူငယ်ချင်းလေး..." ကောင်းဖန်သည် ရှေ့သို့ လျှောက်သွားပြီး အိပ်မက်ဘုရင်ကို မ,လိုက်သည်။

အရုပ်သဏ္ဌာန်ရှိသည် အိပ်မက်ဘုရင်သည် အမူအရာများ မဖော်ပြချေ။ ခလုတ်နှစ်ခုဖြင့် ပြုလုပ်ထားသည့် ၎င်း၏မျက်လုံးများသည် အရောင်တောက်တောက်နှင့် တောက်ပနေသည်။

အိပ်မက်ဘုရင်၏ သခင်သည် အရုပ်တစ်ရုပ်လို မြှောက်တင်ထားသည်ကို မြင်လိုက်ရသဖြင့် ထိတ်လန့်သွားသည်။ သူသည် အိပ်မက်ဘုရင်၏ရှေ့မှောက်တွင် သခင်တစ်ဦးအဖြစ် ဂုဏ်သိက္ခာများစွာမရှိပေ။ ပုံမှန်အားဖြင့် အိပ်မက်ဘုရင်သည် လမ်းလျှောက်သောအခါတွင် သူ့ပခုံးပေါ်တွင် ထိုင်နေလေ့ရှိသည်။

ဘယ်တုန်းကသူ့သားရဲက အမှန်တကယ် နာခံသွားတာလဲ....

အိပ်မက်ဘုရင်သည် ဆယ်မိုင်ကျော်အကွာမှပင် ၎င်းပေါ်တွင် ကပ်နေသော မကောင်းဆိုးဝါး ရောင်ဝါကို ခံစားလိုက်ရသည်။

ကောင်းဖန်သည် အိပ်မက်ဘုရင်၏ မျက်နှာကို ဖိလိုက်သည်။ "ဒီမျက်နှာနီက တော်တော်ထူးခြားတယ်.. မင်းကို အရုပ်ဆိုးအောင် ဘယ်သူဆွဲထားတာလဲ"

"..."

"မင်းတို့ဘယ်ကလာတာလဲ" ကောင်းဖန်က ၎င်းကို သယ်လာစဉ် အရုပ်ကို မေးလိုက်သည်။

"ကျွန်တော်တို့က ဝိညာဉ်နက်ကမ္ဘာကပါ... " ဖက်တီးက ကြောက်လန့်တကြားဖြေလိုက်သည်။

"တခြားလူတွေရော ဆွံ့အနေတာလား" ကောင်းဖန်သည် သူ့နောက်မှ လူအုပ်ကို ကျော်ကြည့်လိုက်သည် ။ "မင်းတို့တွေ ဆွံ့အနေတယ် ဆိုရင်လည်း တစ်သက်လုံး ဆွံ့အနေလိုက်ကြတော့"

အရှက်နှင့် ဒေါသတို့သည် အားလုံး၏ မျက်နှာပေါ်တွင် ပေါ်လွင်နေသည်။

ကောင်းဖန်က လှောင်ပြောင်ရင်း ပြောလိုက်သည်။ “မင်းတို့ ငါ့ကို သတ်ချင်ပေမယ့် သေရမှာ ကြောက်သလို ပြုမူနေတာကိုမြင်ရတာ ငါသဘောကျတယ်... ဒန်ဘီ.. ဂိုဒီ... ဒီလူတွေကို နှစ်ပိုင်းခွဲပြီး အောက်ကိုခေါ်သွား... သူတို့ဆီကနေ သူတို့သိတဲ့ သတင်း အချက်အလက်အားလုံးကို ယူလိုက်.. သူတို့အဖြေတွေက ခိုင်လုံမှုမရှိရင် မှားဖြေတဲ့တစ်အုပ်စုလုံးကို မြေမြှုပ်လိုက်”

ဤလူများသည် ကျူးကျော်သူများဖြစ်သောကြောင့် ဤလူများနှင့်ဆက်ဆံရာတွင် ကောင်းဖန်သည် အဆိုးဆုံးနည်းလမ်းများကိုသာ အသုံးချလိုက်သည်။

ဓားပြလုပ်တဲ့သူတွေကို ဒီလိုပဲဆက်ဆံရမယ်...

ဟွာရှားဘိုးဘေးများထံမှ အမွေဆက်ခံရရှိခဲ့သော ရာဇဝတ်ကောင်များနှင့် အပေါင်းအပါများကို အပြစ်ပေးခြင်းစနစ်သည် အမှန်တကယ် အသုံးဝင်သည်ဟု ဆိုရမည်ဖြစ်သည်။ ကောင်းဖန်သည် လိမ်ညာကြမှာကို မစိုးရိမ်ပေ။ လူတစ်ဦး၏ လိမ်လည်မှုသည် အခြားလူတိုင်းကို ထိခိုက်စေပြီး ၎င်းတို့၏ သေဆုံးမှုကို ဖြစ်စေသောကြောင့် ဖြစ်သည်။

ဂိုဒီနှင့်ဒန်ဘီတို့သည် အုပ်စုနှစ်စု ခွဲပြီး စစ်ဆေးမေးမြန်းရန် သီးခြားစီခေါ်ဆောင်သွားပြီးနောက် ကောင်းဖန်သည် အိပ်မက်ဘုရင်ကို အပြင်ဘက်ရှိ နေရာလွတ်သို့ သယ်ဆောင်သွားလိုက်သည်။ အတိအကျပြောရလျှင် ၎င်းသည် ကုန်းမြေဧကရာဇ်လိပ်၏ နောက်ကျော ဖြစ်သည်။

ကမ္ဘာကြီးက ဘယ်လောက်ကြီးလဲဆိုရင် ထူးထူးခြားခြားအရာတွေနဲ့ ပြည့်နေသည်။ ကောင်းဖန်သည် အစင်းလေးက အလွန်ကြီးမားသည်ဟု တွေးထင်ခဲ့သော်လည်း အစင်းလေးထက်ကြီးသော သားရဲတစ်ကောင်ရှိမည်ဟု မထင်ထားမိခဲ့ပေ။

သူ့ခြေအောက်က ဧကရာဇ်လိပ်ကြီးသည် ကျွန်းတစ်ကျွန်းလောက်ကြီးသည်။

သူသည် ဤကုန်းမြေဧကရာဇ်လိပ်ကို ထိန်းချုပ်ပြီး လေထဲတွင် မြို့တစ်မြို့ကို ဆောက်လုပ်နိုင်လောက်မလား...

သူသည်တောင်ပိုင်းကောင်းကင်အဖွဲ့အစည်းတစ်ခုလုံးကို ထိုနေရာသို့ ရွှေ့ပြီး တောင်ပိုင်းကောင်းကင်ဂိတ်တံခါးဟုခေါ်သည့် အခြား အကြီးစားမြို့တံခါးကို ဆောက်မည်ဟုပင် တွေးလိုက်မိသည်။

***

သားရဲလေ့ကျင့်သူ

အခန်း ၇၇၁ ထိန်းချုပ်ခြင်း

တစ်နာရီကြာပြီးနောက် ကောင်းဖန်သည် ၎င်းတို့အား မေးခွန်းများမေးပြီး သူသိချင်သည့် အချက်အလက်အားလုံးကို ရရှိလိုက်သည်။

ဒီလူတွေက အမှောင်ကမ္ဘာမှ လာသူတွေဖြစ်သည်။

အနက်ရောင်မြူခိုးကမ္ဘာ ထက်တောင် ပိုဝေးတဲ့ ကမ္ဘာ...

၎င်းတို့သည် အနက်ရောင်မြူခိုးကမ္ဘာသို့ မလှည့်စားမီ ရန်သူများကို ရှောင်ရန် ကမ္ဘာပေါင်းများစွာကို ဖြတ်ကျော်သွားခဲ့ကြသည်။ အနက်ရောင်မြူခိုးကမ္ဘာကို ရောက်မလာမီက လူသားမျိုးနွယ်များ ဒီကမ္ဘာမှာ ရှိတယ်ဆိုတာ သူတို့ မသိခဲ့ကြပေ။

အစကတည်းက ၎င်းတို့၏ရည်ရွယ်ချက်ပန်းတိုင်သည် နဝမမြောက်ကောင်းကင်ဘုံဖြစ်သည်။ အနက်ရောင်မြူခိုးကမ္ဘာသည် သူတို့ဖြတ်သွားသည့် လမ်းခုလတ်တွင် ခဏ ရပ်တန့်ခြင်းဖြစ်သည်။

ကုန်းမြေဧကရာဇ်လိပ်ကြီး၏ အလွန်ကြီးမားသော အရွယ်အစားကြောင့် ၎င်းသည် ပုံမှန်လမ်းကြောင်းများကို မဖြတ်သန်းနိုင်ပေ။

အထူးသဖြင့် အနက်ရောင်မြူခိုးကမ္ဘာတွင် ထူးထူးခြားခြား ကြီးမားသော ဥမင်လိုဏ်ခေါင်းတစ်ခု ရှိနေကြောင်း ကြားသိရသောကြောင့် ၎င်းတို့သည် ဤနေရာသို့ ဦးတည်လာခဲ့ခြင်းဖြစ်သည်။

၎င်းတို့ကို လိုက်လံဖမ်းဆီးရသည့် အကြောင်းရင်းမှာ အလွန်ရိုးရှင်းသည်။ အဘယ်ကြောင့်ဆိုသော် ရွှေချထားသည့် ကောင်းကင်ဘုံပိုးတောင်မာသည် လေပညတ်ကို သိမ်းပိုက်ခြင်းလမ်းစဉ်ကို စတင်ခဲ့ခြင်းကြောင့်ဖြစ်သည်။

သိမ်းပိုက်ခြင်းလမ်းကြောင်းပေါ်ရှိ ပြိုင်ဆိုင်မှုမှာ သေချာပေါက် ရက်စက်သည်။

သိမ်းပိုက်ခြင်းလမ်းစဉ်ကို စတင်လုပ်ဆောင်သည့် ရွှေချထားသည့်ကောင်းကင်ဘုံပိုးတောင်မာ၏သတင်းများ မည်သို့ ပေါက်ကြားလာသည်ကိုတော့ ၎င်းတို့ မသိကြပေ။ အဲဒီနောက်မှာတော့ ရွှေချထားသည့် ကောင်းကင်ဘုံပိုးတောင်မာသည် ဒေါသတကြီး စိန်ခေါ်ပြီး လိုက်လာခဲ့သည်။

အဲဒီညမှာပဲ သားရဲတစ်ကောင်က စိန်ခေါ်ဖို့ ရောက်လာခဲ့သည်။ ထိုသားရဲသည် တိုက်ခိုက်ခံရပြီးနောက် ဆုတ်ခွာသွားသော်လည်း ဒဏ်ရာအပြင်းအထန်ရရှိသွားခဲ့သည်။

ထို့နောက် တယောက်ပြီး တယောက် စစ်တိုက်ဖို့ရောက်လာကြသည်။

ဤဖြစ်စဉ်တွင် စွမ်းအားကြီးသော သားရဲများစွာကိုလည်း တွေ့ခဲ့ရသည်။

အိပ်မက်ဘုရင်၏ ပုံရိပ်ဆယ်ခုအနက်မှ နှစ်ခုမှာ စွမ်းအားကြီးသောသားရဲများမှ ဆင်းသက်လာခြင်းဖြစ်သည်။ ကျန်ရှစ်ခုသည် နတ်ဘုရားများဖြစ်သည်။

အိပ်မက်ဘုရင်သည် နတ်ဘုရားအဆင့် ထင်ယောင်ထင်မှားဖန်တီးရန် ကိုယ်ပိုင် လုံလောက်သော စွမ်းအားမရှိသဖြင့် ကျီဟန့်ဝူအား ပြခဲ့သည့် ပုံရိပ်ယောင်မှာ အလွန်အစွမ်းထက်သော နတ်ဘုရားတစ်ပိုင်းရှစ်ခုဖြစ်သည်။

"သိမ်းပိုက်မှုလမ်းကြောင်းက အရမ်းပြင်းထန်သလား"

ဖလိန်မီသည် ဤထူးဆန်းသောအရာကို စတင်လုပ်ဆောင်ခဲ့သည်ကို သူသတိရမိလိုက်သည်။ သူမသည် အခြားမီးတောက်များကို ဝါးမျိုနိုင်စွမ်းရှိပြီး သူမ၏မူလမီးကို အားကောင်းစေသည်။

ဖလိန်မီစတင်ခဲ့သောလမ်းသည် မီးအမျိုးအစားသိမ်းပိုက်ခြင်းလမ်းစဉ် ဖြစ်သည်။ ရွှေချထားသည့် ကောင်းကင်ဘုံပိုတောင်မာ အတွက်တော့ လေအမျိုးအစားသိမ်းပိုက်ခြင်းလမ်းစဉ်ကို စတင်ခဲ့ပေမယ့် ဒါက မတူညီတဲ့ လမ်းကြောင်းတစ်ခုဖြစ်သည်။

သို့သော် လေအမျိုးအစားသိမ်းပိုက်ခြင်းလမ်းစဉ်သည်ပင် ဤမျှ ရက်စက်နေပြီဖြစ်သောကြောင့် မီးအမျိုးအစားသိမ်းပိုက်ခြင်းလမ်းစဉ် သည်လည်း လုံခြုံသည်ဟု အကြောင်းပြချက်မရှိပေ။

သီအိုရီအရ ဤကမ္ဘာရှိ မီးအမျိုးအစားသားရဲ အရေအတွက်သည် လေအမျိုးအစား သားရဲ အရေအတွက်ထက် များသည်။

ထို့ကြောင့် ဖလိန်မီတွင် ပြိုင်ဖက်များ ပိုများလာမည်ဖြစ်သည်။

ကောင်းဖန်သည် ပိဖန်မျိုးနွယ်စု၏ ခေတ်မမီသော ရှေးဟောင်းပစ္စည်းများကို တွေ့ဖူးသည့် မြင်ကွင်းကို ပြန်အမှတ်ရမိလိုက်သည်။ အခုတော့ ကောင်းဖန်၏ နှလုံးသားထဲမှာ နက်နဲသည့် ရှုပ်ထွေးမှုတွေ ပြေလည်သွားပြီဖြစ်သည်။

တော်တော်များများက ဖလိန်မီကို အလွန်အရေးကြီးတယ်ဟု ထင်မြင်ကြပြီး သူ့ကို ပြုစုပျိုးထောင်ဖို့ အာရုံစိုက်ချင်ကြတာ အံ့သြစရာတော့ မဟုတ်တော့ပေ။

ပိဖန်မျိုးနွယ်စုတွင် ပိဖန် များစွာရှိသည်။ ငယ်စဉ်ကတည်းက တောရိုင်းထဲတွင် နေထိုင်ခဲ့သော ပိဖန်အနေဖြင့် ဖလိန်မီကို အကြောင်းပြချက်မရှိဘဲ နှစ်သက်ဖွယ်ကြည့်ရှုရန် အကြောင်းပြချက်မရှိနိုင်ပေ။ဖလိန်မီသည် မီးအမျိုးအစားသိမ်းပိုက်ခြင်းလမ်းစဉ်ကိုစတင်ခဲ့ခြင်းကြောင့်ဖြစ်နိုင်သည်ဟုထင်ရသည်။

နဝမမြောက်ကောင်းကင်ဘုံမှာ ခြေချခဲ့ပြီးကတည်းက ကောင်းဖန်သည် လူများစွာနဲ့ မထိတွေ့ခဲ့သလို ပိဖန်မျိုးနွယ်စုကို မရောက်ခင်မှာ သားရဲများစွာနှင့်လည်း မတွေ့ခဲ့ရပေ။

အဲဒီနောက်မှာတော့ ဖလိန်မီကို ပိဖန်မျိုးနွယ်စုက ဝှက်ထားလိုက်သည်။

ဤသည်မှာ ဖလိန်မီသည် မီးအမျိုးအစားသိမ်းပိုက်ခြင်းလမ်းစဉ်တွင် ၎င်းအား စိန်ခေါ်နေသည့် အခြားပြိုင်ဘက်များနှင့် မကြုံတွေ့ခဲ့ရခြင်း အကြောင်းဖြစ်နိုင်သည်။

ဒန်ဘီ၏ ပါးစပ်ထောင့်မှ စီးကရက်တစ်လိပ် ထွက်လာသည်။ ဂိုဒီကတော့ ဆေးလိပ်သောက်နည်းကို မသိသောကြောင့် အိတ်ကပ်ထဲမှ ငါးခြောက်အပိုင်းအစကို ထုတ်ကာ ပါးစပ်ဖြင့် ကိုက်လိုက်သည်။

“ငါ့မိန်းမမှာ ပြိုင်ဘက်တွေ အများကြီးရှိတယ်ဆိုတာ မယုံနိုင်ဘူး” ဂိုဒီ၏ အမူအရာသည် ရေ၏အလေးချိန်ကဲ့သို့ နစ်မြုပ်သွားသည်။ သူသည် ငါးခြောက်ကို အတုံးလိုက် အတုံးလိုက် ကိုက်ပြီး ဗိုက်ထဲကို မျိုချလိုက်သည်။

ဂိုဒီသည် မကြာမီ ကျရောက်တော့မည့် အန္တရာယ်ကို ခံစားလိုက်ရသည်။ ဖလိန်မီသည် သိမ်းပိုက်ခြင်းလမ်းစဉ်ကို စတင်မည်ဆိုပါက သိသိသာသာ ပြိုင်ဘက်အရေအတွက်အများကြီး ရှိလာမည်ဖြစ်သည်။

ငါဖလိန်မီရဲ့ ကာကွယ်သူ ဖြစ်ချင်တယ်....

သူ့ပြိုင်ဘက်အားလုံးကိုသာ အနိုင်ယူလိုက်ရင် ဖလိန်မီအတွက် အဲဒီအခါမှာ အန္တရာယ်ရှိတော့မှာ မဟုတ်ပေ။

ကုန်းမြေဧကရာဇ် လိပ်နောက်ဘက်ရှိ မြို့သည် ယခုအခါ လူဦးရေ တစ်သိန်းအောက်သာ ကျန်ရှိတော့သည် ။

ကုန်းမြေ ဧကရာဇ် လိပ်နောက်ဘက်ရှိ မြို့ကြီးသည် အပြင်လူများ ပထမဆုံး မြင်ဖူးသလောက် မထွန်းကားပေ။ တစ်ချိန်က စည်ကားပြီး သာယာဝပြောသော မြင်ကွင်းတစ်ခု ဖြစ်ခဲ့သော်လည်း ယခုတော့ အိပ်မက်ဘုရင်သည် ၎င်းကို ဖုံးကွယ်ရန် ထင်ယောင်ထင်မှားကို အသုံးပြုထားသောကြောင့် ၎င်းသည် လှည့်စားမှုတွင် ပြန့်ကျဲနေသော အပျက်အစီးများဖြစ်သွားပုံရသည်။ ယခင်က လူတစ်သန်းကျော်ရှိခဲ့သည့် ကျွန်းသည် ယခုအခါ ထိုအရေအတွက်၏ ဆယ်ပုံတစ်ပုံအောက်သာ ရှိတော့ပြီး လူအများအပြား ဒဏ်ရာရပြီး သေဆုံးခဲ့ရသည်။

မျှော်လင့်ခြင်းမြို့တော်ကို ကျူးကျော်ဝင်ရောက်သိမ်းပိုက်ရန် အတွေးသည် လူသားများ ကျဆင်းသွားသည့်အချက်ကို ထည့်သွင်းစဉ်းစားမိသောကြောင့်သာ ဖြစ်သည်

အိပ်မက်ဘုရင် ဖန်တီးထားသည့် ပတ်ဝန်းကျင်နှင့် ရွှေချထားသည့် ကောင်းကင်ဘုံပိုးတောင်မာ၏ တိုက်ခိုက်ရေးစွမ်းအားကို အသုံးပြုပြီး ကြီးမားသည့် လိမ်ညာမှုတစ်ခုကို ဖန်တီးနိုင်ဖို့ သူတို့ မျှော်လင့်ခဲ့ကြသည်။

လူဦးရေ တစ်သိန်းအောက်သာ ကျန်ရှိသည့် မျိုးနွယ်စုနှင့် နှိုင်းယှဉ်ပါက ကောင်းဖန်သည် ဝိညာဉ်နက်ကမ္ဘာ ကိုတော့ ပိုစိတ်ဝင်စားသည်။

သို့သော် ဝိညာဉ်နက်ကမ္ဘာသည် ဤနေရာနှင့် အလှမ်းဝေးသည်။

သာမာန်အခြေအနေအရ ကုန်းကြောင်းနှင့် ရေကြောင်းခရီးရှည်ကြီးကို မည်သူမျှ ခရီးမထွက်ကြပေ။

ကောင်းဖန်ခေါင်းခါလိုက်သည်။ "သူတို့က အစာကွင်းဆက်ထဲမှာ အားအနည်းဆုံး လူတွေဖြစ်မယ်ထင်တယ်”

ဝိညာဉ်နက်ကမ္ဘာ၏စံနှုန်းသည် နဝမမြောက်ကောင်းကင်ဘုံတစ်ခုလုံးနှင့် အလွန်ကွာခြားသည်။ သို့သော် မျှော်လင့်ခြင်းမြို့တော်အတွက် ဝိညာဉ်နက်ကမ္ဘာသည် ဧရာမ သားရဲကြီးဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် နတ်ဘုရားအဆင့်ရှိ သားရဲလေ့ကျင့်သူများ ဝိညာဉ်နက်ကမ္ဘာတွင် ရှိနေသောကြောင့်ဖြစ်သည်။ ပြီးတော့ တစ်ယောက်တည်းလည်းမဟုတ်ပေ...

သူ့ရှေ့က သူတွေရဲ့ နှစ်ရှည်လများ မြတ်နိုးခဲ့ရသည့် ဆန္ဒတွေကို ဖြည့်ဆည်းပေးဖို့ နဝမမြောက်ကောင်းကင်ဘုံကိုပင် လက်တုံ့ပြန်ပြီး မတိုက်ခိုက်နိုင်သေးပေ။ ယခုတော့ ဤဝိညာဉ်နက်ကမ္ဘာသည် သူ့နောက်ကွယ်မှ ရုတ်တရက် ပေါ်ပေါက်လာပြန်သည်။

“သခင်..ငါတို့ ဝိညာဉ်နက်ကမ္ဘာကို သိမ်းပိုက်ပြီးရင် လက်တုံ့ပြန်နိုင်မှာပါ” ဒန်ဘီက အသံပြာပြာဖြင့် ပြောလိုက်သည်။

"မှန်တယ်.. ဒီနတ်ဘုရားတွေက လုံးဝ မသန်မာဘူး...သူတို့အားလုံးက အားနည်းတဲ့ နတ်ဘုရားတွေပဲ” ဟု ဂိုဒီက ပြောလိုက်သည်။

ကောင်းဖန်ခေါင်းခါလိုက်သည်။ သူတို့ပြောတဲ့အတိုင်း ရိုးရိုးရှင်းရှင်းဖြစ်နိုင်မလား..

ဒါပေမယ့် သူတို့ရဲ့စကားတွေက ကောင်းဖန်ကို အကြံဉာဏ်တစ်ချို့ပေးလိုက်သည်။

နဝမြောက်ကောင်းကင်ဘုံ၏ သဘာဝနှင့် နှိုင်းယှဉ်ပါက မျက်နှာပြင်ပင်လယ်သည် မျက်နှာပြင်များစွာဖြင့် ဖွဲ့စည်းထားသည်။ ဒီမျက်နှာပြင်တွေမှာလည်း နတ်ဘုရားအနည်းငယ်ရှိနေသည်။

ကောင်းဖန်က သူ့မေးစေ့ကို ပွတ်လိုက်သည်။

“အနာဂတ်မှာ ဒါတွေကို ငါတို့ ဆွေးနွေးကြမယ်... ရွှေချထားတဲ့ ကောင်းကင်ဘုံပိုတောင်မာရဲ့ အကြွင်းအကျန်ကို ဘယ်သူက ခိုးသွားလဲဆိုတာ မင်းရှာပြီးပြီလား"

“သခင်... ကျွန်တော် ရှာတွေ့ထားပါတယ်... အဲဒီကို သဲကြမ်းရဲ့တောင်ပံလို့ခေါ်ပါတယ်... သူက လေအမျိုးအစား သိမ်းပိုက်ခြင်းလမ်းစဉ်ကို စတင်ခဲ့တဲ့ နတ်ဘုရားတစ်ပိုင်းတွေထဲက တစ်ကောင်လည်း ဖြစ်ပါတယ်... သူတို့နောက်ကို အချိန်အတော်ကြာအောင် လိုက်နေပြီး အရမ်းလျင်မြန်တဲ့ အရှိန်နဲ့ ရွေ့လျားနေတယ်.. ဒါပေမဲ့ ကုန်းမြေဧကရာဇ်လိပ်မှာ နတ်ဘုရားတစ်ပိုင်းအများကြီး ရှိတာကြောင့် သူက သူတို့ကို တိုက်ရိုက်ရင်မဆိုင်ဝံ့ခဲ့ဘူး.. လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း ဒီကျွန်းကို ရောက်လာတဲ့ လူထက်ဝက်နီးပါး သေဆုံးမှုကလည်း သူ့ကြောင့်ပဲ”

“စကားမစပ် သခင်... စပါးကျီထဲမှာ သဲကြမ်းတောင်ပံရဲ့ အသားတစ်ပိုင်းရှိတယ်.. အဲဒါက သူတို့ကို တိုက်ခိုက်တဲ့အခါ ဖြတ်တောက်ထားတဲ့ သဲကြမ်းတောင်ပံရဲ့ အစိတ်အပိုင်းတစ်ခုပဲ”

"ငါသိပြီ" ကောင်းဖန်သည် သူ၏လက်ချောင်းများကို ချိုးလိုက်ပြီး ကြွက်နှင့် အလင်းလှိုင်းတို့ကို ဆင့်ခေါ်ကာ ကုန်မြေဧကရာဇ်လိပ်ပေါ်ရှိ သဲကြမ်းတောင်ပံမှ အသားတုံးများကို ယူဆောင်လာစေလိုက်သည်။

“မင်းတို့သွားပြီးတော့ အဲဒီအပိုင်းကို ပြန်ယူခဲ့.. တတ်နိုင်ရင် သူ့ကို အရှင်ခေါ်ခဲ့.. မင်းမလုပ်နိုင်ရင် သူ့အလောင်းကို ပြန်ယူခဲ့”

ကြွက်သည် သူ၏အမြီးကို ခါယမ်းကာ စုတ်ပြတ်နေသော သဲကြမ်းတောင်ပံနှစ်ချောင်းကို ပြင်းပြင်းထန်ထန် ရှူသွင်းလိုက်သည်။ ထို့နောက် အော်ဟစ်ငေါက်ငမ်းရင်း အခြားဘက်သို့ ခေါင်းကိုလှည့်ကာ အရူးအမူးဝါးနေသည်။

အလင်းလှိုင်းနှင့်ကြွက်တို့သည် ကောင်းကင်သို့ ပျံသန်းသွားကြသည်။

ကောင်းဖန်က ဂိုဒီကို ဒီလူအုပ်ကို ဖမ်းဖို့ ညွှန်ကြားထားလိုက်ပြီး ဒန်ဘီကို တောင်ပေါ်တက်ခိုင်းလိုက်သည်။

ဒန်ဘီက သခင်ကို ဘာလုပ်မလို့လဲဟု မမေးပေ။ မည်သို့ပင်ဆိုစေကာမူ သူသည် သူ့သခင်သွားလေရာနောက်သို့ လိုက်သွားမည် ဖြစ်သည်။

တောင်ကုန်းနှစ်ခုကို ဖြတ်ကျော်ပြီး ကျွန်းအစွန်းကို ရောက်တဲ့အခါ သူတို့ရှေ့တွင် လျှောစောက်တစ်ခုရှိနေသည်။

ကောင်းဖန်သည် တောင်ထိပ်သို့ လျှောက်သွားပြီး ထိုင်လိုက်သည်။

ထို့နောက် သူ့ဘေးနားက မြေကြီးကို ပုတ်လိုက်သည်။ "ဟေး... ငါပြောတာကြားလား"

“...”

“မင်းနိုးနေပြီဆိုတာ ငါသိတယ်.. မင်းဆက်ပြီး နှုတ်ဆိတ်နေရင် မင်းခေါင်းကို ငါဖြတ်လိုက်မယ်" ဟုကောင်းဖန်က ကလန်ကဆန်နဲ့ ပြောလိုက်သည်။

“မလုပ်ပါနဲ့…” သူ့ခြေထောက်အောက်မှ ပျော့ညံ့သော အသံတစ်ခု ထွက်ပေါ်လာသည်။

“စောစောက ကျွန်းပေါ်မှာ ဖြစ်ပျက်ခဲ့တာကို မင်းမြင်တယ်မလား.. မင်းတို့က ငါတို့ကို ဒုက္ခရောက်အောင် လုပ်ခဲ့တာ... အခု မင်းတို့က ငါ့လက်ထဲ ရောက်သွားတော့ ငါတို့ ဘာလုပ်သင့်တယ် ထင်လဲ... မင်းက အရမ်းကြီးတာပဲ... မင်းကို အသားခြောက်လုပ်လိုက်ရင်တော့ ငါတို့မျိုးနွယ်ထဲက လူတိုင်းကို အနှစ်တစ်ရာလောက် စားဖို့ လုံလောက်လိမ့်မယ်"

"... ငါ့အသားက ချဉ်တယ်... ငါ့အသားက အရသာမကောင်းဘူး"

"မင်းမှာ သားရဲလေ့ကျင့်သူရှိလား" ကောင်းဖန်က မေးလိုက်သည်။

“သူသေသွားပြီ” ဟု ကုန်းမြေဧကရာဇ်လိပ်က ဝမ်းနည်းစွာပြောလိုက်သည်။

သေပြီလား...

သေသွားတာက ပိုကောင်းတယ်.... ဒီလိုဆို ဒုက္ခနည်းသွားမယ်...

"ဒါဆို မင်းက သခင်မရှိတဲ့ သားရဲပဲ... မင်း ငါနဲ့ လိုက်မယ် ဆိုရင် အနာဂတ်မှာ မင်း ခြေဦးတည့်ရာလျှောက်သွားစရာ မလိုတော့ဘူး"

ဆယ်စက္ကန့်လောက် ငြိမ်သွားသည်။ "ငါ့သခင်အတွက် လက်စားချေပေးရင် မင်းရဲ့စကားကို ငါတစ်သက်လုံး နားထောင်မယ်" ကုန်းမြေ ဧကရာဇ် လိပ်သည် အလွန် ပြတ်သားသော လေသံဖြင့် ပြောလိုက်သည်။

ဘယ်လောက်ဒုက္ခများလိုက်သလဲ... သူသားရဲတွေကို မထိန်းချုပ်ခင်ဘာလို့ မစ်ရှင်တစ်ခုပြီးအောင် လုပ်နေရတာလဲ..

ဒါပေမယ့် ကောင်းဖန်က ဒီကုန်းမြေဧကရာဇ်လိပ်ကို သူ့ရဲ့ အခြေစိုက်စခန်းအသစ်ဖြစ်လာမယ်လို့ စိတ်ကူးထားသည်။

“ကောင်းပြီ ဒါဆို... ငါက ကြင်နာတတ်တဲ့သူမို့လို့ သဘောတူတယ်” ဟု ကောင်းဖန်က သဘောကောင်းစွာ ပြောလိုက်သည်။

***

သားရဲလေ့ကျင့်သူ

အခန်း ၇၇၂ လုပ်ကြံခြင်း

ဆောင်းဦးလေညင်းတွေ ကြမ်းလာပြီး ကောင်းကင်တွင် တိမ်ကင်းစင်နေသည်။

ယခင်အဖြစ်အပျက်ကို ကြုံတွေ့ပြီးနောက် မျှော်လင့်ခြင်းမြို့မှလူများသည် ယာယီထိတ်လန့်မှုကြုံတွေ့ခဲ့ရပြီး အခုတော့ အဆင်ပြေသွားကြသည်။ ထုံးစံအတိုင်း သူတို့သည် ကောင်းကင်မှာ လွင့်မျောနေသည့် ဧရာမ ကျွန်းကြီးကိုလည်း သိလာကြသည်။

မျှော်လင့်ခြင်းမြို့တော်နှင့် ကျွန်းအကြား ဒေါင်လိုက်အကွာအဝေးသည် အလွန်ကြီးမားသည်။ ဧရာမကျွန်းကြီးသည် အလင်းရောင်များကို ပိတ်ဆို့ထားပြီး ၎င်းအောက်ရှိ လွင်ပြင်များကို ဖုံးအုပ်ထားသည့် အမှောင်ထုကြီးဖြစ်လာခဲ့သည်။

မျှော်လင့်ခြင်းမြို့တော်မမှလူများသည် ၎င်းတို့အထက်ရှိကျွန်းကြီးကို 'ကောင်းကင်ပေါ်ရှိရဲတိုက်' ဟုခေါ်ကြပြီး ကောင်းကင်တွင် တည်ထားသောမြို့တစ်မြို့အဖြစ်တင်စားကြသည်။

"အစ်ကိုလီ မင်းတို့ရဲ့ တောင်ပိုင်းကောင်းကင်အဖွဲ့အစည်းတစ်ခုလုံးကို အဲဒီကို တကယ်ရွှေ့မှာလား" မျှော်လင့်ခြင်းမြို့ရှိ တောင်ပိုင်းကောင်းကင်၏ဇုန်သည် လှုပ်ရှား စည်ကားနေသည်။ စကားစမြည်ပြောရန် အလုပ်သမားအချို့ စုဝေးနေကြသည်။

“ဟုတ်တယ်.. သခင်လေးက အဲလိုပြောတာ ဆိုတော့ ငါတို့လည်း အဲဒီကို သွားကြတာပေါ့” ဟု ရိုးရိုးရှင်းရှင်းနှင့် ကြင်နာပြီး ရိုးသားတဲ့ပုံပေါက်သည့် လူတစ်ယောက်က ပြုံးပြီး ပြောလိုက်သည်။

" ငါမင်းကို အရမ်းမနာလိုတာပဲ"

“ငါလည်းတောင်ပိုင်းကောင်းကင်အဖွဲ့အစည်းမှာ အလုပ်လုပ်ချင်တယ်... အလုပ်သမား ခေါ်ယူမှုအတွက် တင်းကျပ်တဲ့ လိုအပ်ချက်တွေ ရှိနေတာ နှမြောစရာပဲ” ဟု အခြားသူတစ်ဦးက မနာလိုစွာပြောလိုက်သည်။

အားလုံးက အနီးနားက စက်ရုံမှ အလုပ်သမားများဖြစ်ကြသည်။ သို့သော် အစ်ကိုလီသည် တောင်ပိုင်းကောင်းကင်အဖွဲ့အစည်းပိုင်သည့် စက်ရုံတွင် အလုပ်လုပ်သော တစ်ဦးတည်းသောသူဖြစ်သည်။

"နောက်တစ်ခါမှ ထပ်ပြောရအောင်... လောလောဆယ်တော့ စက်ရုံက အရမ်းအလုပ်ရှုပ်နေလိမ့်မယ်.. ငါလည်း စက်ကိရိယာကို ဖြိုဖျက်ရာမှာ ကူညီရဦးမယ်”

အစ်ကိုလီသည် အမှိုက်ပုံးထဲသို့ စီးကရက်ဘူးကို ပစ်ချပြီး နောက်ကျောကို လက်ဖြင့်ပုတ်ကာ စက်ရုံဘက်သို့ ထွက်သွားသည်။

ဖွင့်ထားတဲ့ စက်ရုံကိုဖွင့်လိုက်သောအခါ အသံတွေ ထွက်လာသည်။

စက်ရုံထိပ်ရှိ မီးခိုးခေါင်းတိုင်မှ ထူထဲသည့် အနက်ရောင် မီးခိုးတွေ ထွက်လာသည်။ ထူထပ်သော မီးခိုးငွေ့များအောက်တွင် တောင်ပိုင်း ကောင်းကင်အဖွဲ့အစည်းမှ အလုပ်သမား အများအပြားနှင့် ဝန်ထမ်းများသည် ၎င်းတို့၏ သားရဲများပေါ်တွင်ထိုင်ကာ သို့မဟုတ် လေယာဉ်များကို စီးနင်းကာ ၎င်းတို့အပေါ်ရှိ တောင်ပိုင်းကောင်းကင်အဖွဲ့အစည်းသို့ စနစ်တကျ ပျံသန်းသွားကြသည်။

၎င်းတို့အထက်တွင် အလုပ်သမားအများအပြားသည် ကုန်းမြေဧကရာဇ်လိပ်၏ကျောတွင် ကြီးမားသော ဆောက်လုပ်ရေးလုပ်ငန်းများကို လုပ်ဆောင်နေကြသည်။

အဆောက်အဦး ဆောက်ပြီးသည်နှင့် မီးခိုးမြူမှုန်များနှင့် ဆူညံသံများ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။

မျက်စိအဖမ်းစားဆုံးအရာမှာ လိပ်အမြီး ဧရိယာတွင် တည်ဆောက်ထားသည့် တံခါးဖြစ်သည်။

တံခါးဟု ခေါ်ဝေါ်ကြသော်လည်း လက်တွေ့တွင်မူ ၎င်းသည် ကျောက်တုံးကြီးတစ်ခုသာဖြစ်သည်။

အထိမ်းအမှတ်ကျောက်တိုင်သည် အမြင့် မီတာငါးဆယ်နှင့် အနံမီတာ နှစ်ရာရှိသည်။

အလွန်ခမ်းနားသော မြင်ကွင်းဖြစ်သည်။

အထိမ်းအမှတ်ကျောက်တိုင်၏ ဘောင်နှင့်ဖွဲ့စည်းပုံသည် ရှုပ်ထွေးခြင်းမရှိပေ။ ဒါဟာ ပထမဆုံး ဆောက်သည့် အရာဖြစ်သည်။

တံခါးဝတွင် ထူးဆန်းသောခွေးတစ်ကောင်သည် ဝပ်နေသည်။

ဒီခွေးကိုတွေ့ပြီးနောက် ဖြတ်လျှောက်သွားသူတိုင်း လှည့်မကြည့်ပဲ မနေနိုင်ပေ။

ခေါင်းသုံးလုံး၊ ကင်းမြီးကောက်အမြီးနဲ့တူတဲ့ အမြီးငါးခု၊ နောက်ကျောမှာ ဖြူကောင်နဲ့သော အချွန်အတက်တွေနဲ့ ပြည့်နေသော..

ကမ္ဘာပေါ်မှာ ထူးဆန်းတဲ့ သတ္တဝါတွေ အများအပြားရှိပေမဲ့ ဒီလိုထူးဆန်းတဲ့ အသွင်အပြင်မျိုးကို တွေ့ရဖို့က အလွန်ရှားသည်။

ထို့အပြင် ဤထူးဆန်းသောသတ္တဝါ ရှူထုတ်လိုက်သောလေသည် လူတို့ကို ကြောက်ရွံ့စေသည်။ မြေပြင်ပေါ်တွင် လှဲနေသဖြင့် ၎င်း တည်ရှိနေခြင်းသည် သားရဲများ သွားလာရန်ပင် မဝံ့မရဲ ဖြစ်လောက်အောင်ပင် အထိတ်တလန့် ဖြစ်စေသည်။

"ဒါဘယ်သူ့ခွေးလဲ" ဂိတ်ဝကို ဖြတ်လျှောက်ပြီးနောက် ကျီဟန့်ဝူသည် ခေတ္တ တုံ့ဆိုင်းသွားသည်။ ဒီခွေးကို တစ်ခါမှ မမြင်ဖူးဘူး... ဘာလို့ တံခါးဝမှာ လာအိပ်နေတာလဲ...

“ဒါက သခင်လေးက ဒီကို ခေါ်လာတဲ့ သားရဲပါ” ရှူဟဲ့တီက ပြောလိုက်သည်။ “ဒါကို ခေါင်းသုံးလုံး ငရဲခွေးလို့ ခေါ်မယ်ထင်တယ်”

"ခေါင်းသုံးလုံးငရဲခွေး" ကျီဟန့်ဝူမှာ လုံး၀ ရှုပ်ယှက်ခတ်နေသည့် အရိပ်အယောင်တွေ ရှိနေသည်။

နှစ်တွေကြာလာတော့ လိုက်မမီနိုင်တော့ဘူး..

သူ့သခင်ရဲ့အဖိုးက သူ့သခင်အကြောင်းပြောနေတာကို ဆာဟာရကြားတဲ့အခါ ချက်ချင်းပဲ ခေါင်းကိုမော့ပြီး ရင်ဘတ်ကိုထုတ်ကာ ကျယ်လောင်စွာဟောင်လိုက်သည်။

ဘယ်ဘက်ရှိ ခွေးနက်ခေါင်းသည် ၎င်း၏မျက်နှာတွင် ဉာဏ်ပညာရှိပြီး ဉာဏ်ရည်ထက်မြက်သော အမူအရာရှိသည်။

ဒါက သခင်ရဲ့ အဘိုးပဲ သခင်က ငါ့ကို မလိုချင်ပေမဲ့ ငါက သခင်အဘိုးရဲ့ သားရဲဖြစ်သွားနိုင်တယ်...

“အာဝူး…” ခွေးနက်ခေါင်းက ညာဘက်ဆုံးက ခွေးခေါင်းကို လှမ်းအော်လိုက်သည်။

ခွေးဖြူခေါင်းက တိတ်တဆိတ် နားလည်လိုက်သည်။ သူ့မျက်လုံးတွေ ပြူးသွားသည်။

အလယ်မှာ အဖြူအမည်း ခွေးခေါင်းက ရှုပ်နေသည်။ မင်းတို့နှစ်ကောင် ဘာအကြောင်းပြောနေတာလဲ... ငါဘာလို့ လုံးလုံးနားမလည်နိုင်ရတာလဲ... ငါ့နောက်ကွယ်မှာ မင်းတို့ငါ့အကြောင်းကို တိတ်တိတ်လေးပြောနေတာလား…

အဖြူအမည်း ခွေးခေါင်းသည် ဘယ်ညာရှိ ခွေးခေါင်းနှစ်လုံးကို အရူးအမူး ဟောင်လိုက်သည်။

မြန်မြန်ပြောစမ်း... ငါ့နောက်ကွယ်မှာ မင်းတို့ မကောင်းကြောင်းတွေ တိတ်တိတ်လေးပြောနေကြတာလား...

ခွေးဖြူခေါင်းနှင့် ခွေးနက်ခေါင်းက ရှေ့တည့်တည့်ကို ကြည့်လိုက်ကြသည်။ ဒီလူမိုက်ကို တုံ့ပြန်ဖို့ သူတို့ စိတ်မ၀င်စားကြပေ။ ဒီကောင်က မျှော်လင့်ထားသော အရာများကိုသာ ပျက်စီးစေမည်ဖြစ်သည်။ သူ့ကို မပြောတာက ပိုကောင်းသည်။

အဖြူအမည်း ခွေးခေါင်းသည် အလွန်ဒေါသထွက်သွားသည်။ သူ့မာနကို တိုက်ခိုက်ခံရတယ်လို့ ခံစားလိုက်ရသည်။ သူ့ပါးစပ်ကိုဖွင့်ပြီး ဘယ်ဘက်ရှိ ခွေးနက်ခေါင်းကို ကြုံရာကိုက်တော့သည်။

ခွေးနက်ခေါင်းက သည်းခံ၊ သည်းခံပြီး ဆက်သည်းခံနေလိုက်သည်။

နောက်ဆုံးတော့ သူ သည်းမခံနိုင်တော့ပေ။

"အင်း.. ဒီသားရဲနဲ့တော့ သိပ်အဆင်ပြေမှာ မဟုတ်ဘူး.." ကျီဟန့်ဝူက ခေါင်းယမ်းပြီး တိတ်တိတ်လေး ထွက်သွားလိုက်သည်။

သူ့အနားတွင် ရှူဟဲ့တီနှင့် ဟဲမင်း နှစ်ဦးစလုံးသည်လည်း ၎င်းတို့၏သဘောတူကြောင်းကို ဖော်ပြကြပြီး ခေါင်းကို အထပ်ထပ်အခါခါ ခေါင်းညိတ်ပြလိုက်ကြသည်။

...

အနက်ရောင်မြူခိုးကမ္ဘာ၏ အနောက်ဘက်ခြမ်းတွင် ထူးဆန်းသောပုံစံ ကျောက်တုံးများဖြင့် ပြုလုပ်ထားသည့် တောအုပ်တစ်ခုအတွင်း အလယ်ဗဟိုရှိ အထူဆုံးကျောက်စာတိုင်ပေါ်တွင် ရပ်နေသော ဖီးနစ်တစ်ကောင်သည် ၎င်း၏ကျောပေါ်ရှိအက်ကွဲကြောင်းများမှ ပြာမှုန်မှင်ပိုးကောင်ငယ်များကို ကိုက်ချီထားသည်။

ကျောက်ဖီးနစ်အောက် ကျောက်စာတိုင်နဲ့ မနီးမဝေးမှာ ရွှေချထားသည့် ကောင်းကင်ဘုံပိုတောင်မာ၏အလောင်းကို ချထားသည်။

ဦးခေါင်းမှ ခြေဖျားအထိ ဖီးနစ်ကို ပြာ-မီးခိုးရောင် ကျောက်သားဖြင့် ပြုလုပ်ထားသည်။

ဖီးနစ်၏ တစ်ခုတည်းသော တောက်ပသော အစိတ်အပိုင်းများမှာ ၎င်း၏ မျက်လုံးနှစ်လုံးဖြစ်သည်။

စိမ်းပြာရောင် မျက်လုံးများသည် အဖိုးတန် တောက်ပနေသော ကျောက်မျက်နှစ်လုံးကဲ့သို့ တောက်ပနေသည်။

ဒါပဲလား…

အမှောင်ထဲမှာ ပုန်းနေသည့် အလင်းလှိုင်းက ကြွက်ကို အဓိပ္ပါယ်ရှိသည့် အကြည့်ဖြင့်ကြည့်လိုက်သည်။

ကြွက်သည် တိတ်တဆိတ် နားလည်မှုဖြင့် အကြည့်ကို ပြန်ကြည့်လိုက်သည်။

သားရဲငယ်နှစ်ကောင်တို့သည် အပြန်အလှန်နားလည်မှုပုံစံဖြင့် ရောက်ရှိလာကြသည်။

အလင်းလှိုင်းသည် မှောင်ရိပ်ထဲတွင် ပုန်းနေပြီး ကျောက်ဖီးနစ်ဆီသို့ ဖြည်းညှင်းစွာ ချဉ်းကပ်လာသည်။

၎င်း၏အသွင်အပြင်ကို အရိပ်များတွင် မမြင်နိုင်ပေ။ မှိန်ဖျော့ဖျော့ဖျော့လေးသာ ရှိသေးသည်။

အလင်းလှိုင်း၏ ရူပါရုံမှ အခါအားလျော်စွာ ထွက်ပေါ်လာတက်သည့် အနီရောင်တောက်တောက် အလင်းတန်းများသည် ကျောက်ဖီးနစ်၏ လည်ပင်းဧရိယာတွင် တဖြည်းဖြည်း စုပုံလာသည်။

သူသည် လူသတ်လိုသည့်အသွင်အပြင်ကို အပြည့်အ၀ ဖုံးကွယ်ထားသည်။

မျဉ်းတစ်ကြောင်း၊ နှစ်ကြောင်း၊ သုံးကြောင်း... ကျောက်ဖီးနစ်ကျောက်တုံး၏ ရင်ဘတ်နှင့် အမြီးတွင် အနီရောင်မျဉ်းကြောင်းများ ပိုများလာသည်။

အမွေးအမှင်တွေကို ယက်နေသည့် ကျောက်ဖီးနစ်က ဒါကို လုံးဝသတိမထားပေ။

အရိပ်တစ်ခုသည် လျှပ်စီးတစ်ခုအသွင် ဖြတ်သွားသည်။ ကျောက်ဖီးနစ်က ခေါင်းကို ဆတ်ခနဲ မော့လိုက်ပြီး မျက်လုံးတွေက အစိမ်းရောင်အလင်းတန်းတွေနှင့် တောက်ပနေသည်။ သို့သော် အလွန်နှေးနေသေးသည်။

ဦးခေါင်းကို မော့လိုက်သောအခါ အလင်းလှိုင်းသည် မီတာတစ်ထောင်အကွာမှ ပေါ်လာသည်။

ကျောက်ဖီးနစ်က ခေါင်းကို ခက်ခက်ခဲခဲ လှည့်ကြည့်လိုက်သည်။ လည်ပင်းတွင် အနက်ရောင်လိုင်းတစ်ခုက ပွင့်ထွက်သွားသည်။

ကျောက်ဖီးနစ်၏ဦးခေါင်းသည် ၎င်း၏ကိုယ်ထည်နှင့် ကွဲထွက်သွားသည်။ အသံနှင့်အတူ ၎င်း၏ခေါင်းသည် မြေပြင်ပေါ်သို့ ကျသွားကာ နှစ်ကြိမ် လိမ့်သွားသည်။

ကျောက်ဖီးနစ်၏ကိုယ်ထည်မျက်နှာပြင်ပေါ်တွင် ထူးဆန်းသောအနက်ရောင်အလင်းတန်းတစ်ခုလည်း လင်းလက်လာသည်။

ဤသည်မှာ အလင်းလှိုင်း၏ အမှောင်ထု၌နစ်မြုပ်ခြင်း၏ သက်ရောက်မှုဖြစ်သည်။ ၎င်းသည် ရန်သူ၏အကာအကွယ် ချပ်ဝတ်တန်ဆာကို အားနည်းသွားစေနိုင်ပြီး ၎င်း၏အကျိုးသက်ရောက်မှုကို အများဆုံးကိုးကြိမ်အထိ တိုးမြှင့်နိုင်သည်။

ထူးဆန်းသည်မှာ ခေါင်းပြတ်သွားသည့် လည်ပင်းသည် ရေဖြင့်ဆေးကြောလိုက်သကဲ့သို့ ချောမွေ့သန့်ရှင်းနေခြင်းဖြစ်သည်။ အလယ်မှ ရိုက်ချက်သည် အလွန်သေးငယ်သော အနီရောင်စက်ဝိုင်းတစ်ခုသာဖြစ်နေသည်။

အနီရောင်စက်ဝိုင်းငယ်သည် ကျောက်ဖီးနစ်၏ကျောရိုးဖြစ်ကောင်းဖြစ်နိုင်သည်။

ခေါင်းဖြတ်ခံထားရသော ကျောရိုးဧရိယာသည် ပူပြင်းသောအငွေ့ကို ထုတ်ပေးနေသည်။

အလင်းလှိုင်း၏ ခန္ဓာကိုယ်သည် လျှပ်တစ်ပြက်အတွင်း တစ်ဖန် ပျံတက်သွားသည်။

ကျောက်ဖီးနစ်သည် အပိုင်းပိုင်းကျိုးသွားသည်။ ၎င်း၏ အတောင်များ၊ အမြီးနှင့် ခြေထောက်များ အားလုံးသည် ၎င်း၏ ခန္ဓာကိုယ်မှ ကွဲထွက်သွားသည်။

တခဏအတွင်းမှာပဲ အပိုင်းတွေ ပြတ်တောက်သွားသည်။

အလင်းလှိုင်းသည် အဝေးမှသစ်ပင်၏ အကိုင်းအခက်ပေါ်တွင် ပေါ်လာသည်။ သူသည် အဝေးကနေ ကျောက်ဖီးနစ်ကို ငေးကြည့်ရင်း သူ့ဓါးကို လျက်လိုက်သည်။

သူသည် ရန်သူကို နည်းဗျူဟာများ ရေးဆွဲရန် သို့မဟုတ် ပြင်ဆင်ရန် အခွင့်အရေး မပေးပေ။ သူ၏ နိယာမမှာ ရန်သူများအားလုံးဆီသို့ တစ်ချက်တည်းဖြင့် ပြင်းထန်သော ထိုးနှက်ချက်အားဖြင့် အမြဲကိုင်တွယ်ဖြေရှင်းရန်ဖြစ်သည်။ အဲဒီနောက်မှာ သူက ထပ်ခါထပ်ခါ တိုက်ခိုက်တတ်သည်။

မြေပြင်ပေါ်ကျနေသည့် ကျောက်ဖီးနစ်ခေါင်းပြတ်၏ မျက်လုံးများသည် ဒေါသအရိပ်အယောင်အချို့ကို ပြသနေသည်။ ငါရဲ့စွမ်းအားကိုတောင် မပြင်ဆင်ရသေးဘူးလေ... မင်းဘယ်လိုလုပ်လိုက်တာလဲ...

အိုး...

ဓားသွားပေါ်မှ အလင်းတန်းများ ရောင်ပြန်ဟပ်သွားသည်။

ထို့နောက် ကျောက်ဖီးနစ်၏ဦးခေါင်းကို နှစ်ပိုင်းခွဲလိုက်သည်။

အလင်းလှိုင်းသည် သူ့ဓားသွားမျက်နှာပြင်ကို တည်ငြိမ်စွာ လျက်လိုက်သည်။

"မင်းအဲလို လျက်နေတာ တော်တော်စက်ဆုပ်စရာကောင်းတယ်...

မင်းသတ်လိုက်တဲ့ကောင်ရဲ့ သွေးနဲ့ ဦးနှောက်အရည်တွေအားလုံးကို လျက်ပစ်နေတာလား" ကြွက်သည် ခြေဖျားများပေါ်တွင် မတ်တပ်ရပ်ကာ သူ့ဆီသို့ ခုန်တက်သွားသည်။ သူသည် ကျောက်ဖီးနစ်၏ အလောင်းများနှင့် မြေပြင်ပေါ်တွင် ချထားသော ရွှေချထားသည့် ကောင်းကင်ဘုံပိုးကောင်များကို သူ၏ ရတနာခန်းတွင် သိမ်းဆည်းလိုက်သည်။

“လုပ်ကြံသူအားလုံးက ဒါကို လျက်ကြတယ်” အလင်းလှိုင်း၏ အမူအရာသည် လေးနက်လာသည်။

All Chapters