← Chapters

အခန်း (၇၇၃-၇၇၆)

Vol. 49 Ch. 773-776

အခန်း (၇၇၃-၇၇၆)

Vol. 49 Ch. 773-776

အခန်း ၇၇၃ လေလှိုင်းလက်မှတ်

အလင်းလှိုင်းနှင့် ကြွက်တို့သည် ကောင်းကင်ဘုံပိုးတောင်မာနှင့် ကျောက်ဖီးနစ်တို့၏အလောင်းများကို သယ်ပြီးပြန်လာကြသည်။

"ကုန်မြေဧကရာဇ် လိပ်ရဲ့ နောက်ကျောကို သုံ့ပန်းတွေကို ခေါ်ဆောင်ဖို့ အမိန့်ပေးလိုက်.. ဒါက သဲကြမ်းတောင်ပံလား" ကောင်းဖန်သည် ကျောက်ဖီးနစ် အလောင်းကို ညွှန်ပြရင်း မေးလိုက်သည်။

“ဟုတ်ကဲ့” လူများကမြေပြင်ပေါ်က အလောင်းကိုတွေ့တော့ အံ့သြသွားကြသည်။

ကောင်းဖန်သည် သဲကြမ်းတောင်ပံအား သတ်နိုင်သည်ဆိုသောအချက်ကို ၎င်းတို့သည် အံ့ဩခြင်းမရှိပေ။ သဲကြမ်းတောင်ပံသည် ၎င်း၏အမြန်နှုန်းနှင့် ကာကွယ်ရေးစွမ်းအင်များကို အားကိုးပြီး အချိန်တိုင်း ရှင်သန်နိုင်ခဲ့သည်။

သို့သော် သဲတောင်ပံသည် လျင်မြန်စွာ အသတ်ခံရခြင်းအတွက် အမှန်တကယ်ပင် တုန်လှုပ်သွားကြသည်။

ခဏလေးပဲ ရှိသေးတယ်...

သဲကြမ်းကို ခြေရာခံခြင်း၊ ထွက်ပြေးခြင်းနှင့် သတ်ဖြတ်ခြင်းမှ တားဆီးခြင်း၊ ဤအရာများအားလုံးသည် ကောင်းဖန်၏ စစ်မှန်သော ခွန်အား၏ လက္ခဏာများဖြစ်သည်။

"မင်းအတွက် သဲကြမ်းတောင်ပံကို ငါသတ်လိုက်ပြီ... မင်းအတွက် လက်စားချေပေးတယ်လို့ စဉ်းစားလို့ပြီမလား... အခုငါ့ရဲ့ အကြံပြုချက်တွေကို မင်းစဉ်းစားပြီးပြီလား...” ကောင်းဖန်က အပြုံးရိပ်ဖြင့် မေးလိုက်သည်။

ခေတ္တတိတ်ဆိတ်နေသည်။

ခဏအကြာတွင် ကောင်းဖန်နှင့် စကားပြောနေသော ဖက်တီးက ရှုပ်ထွေးသောအမူအရာဖြင့် ဝေဝေဝါးဝါး ပြောလိုက်သည်။ “ကျွန်တော်တို့ဆိုရင်….”

"မင်က အခြေအနေတွေကို ဆုံးဖြတ်ဖို့ အရည်အချင်းမရှိဘူး.. မင်းကို ငါက အသက်ရှင်ခွင့်ပေးထားရုံတင်ပဲ” ဟု ကောင်းဖန်က လေသံဖြင့် ပြောလိုက်သည်။

“...”

“ကောင်းပါပြီ... သူတို့ကိုယ်စား ကျွန်တော်ကို ခွင့်ပြုပါ” ဟု လူအုပ်ထဲမှ အသက်အကြီးဆုံးလူက ပြောလာသည်။

"မင်း သူတို့ကို ကိုယ်စားပြုနိုင်မလား" ကောင်းဖန်၏ မျက်လုံးများ တောက်ပလာသည်။

ဒီလူကြီးက တစ်ချိန်လုံးရှိနေပေမယ့် စကားမပြောဖူးပေ။ ကောင်းဖန်က သူသည် သာမန်အရာရှိတစ်ဦးမျှသာဟု ထင်ခဲ့ပြီး သူ့ကိုယ်သူ ကောင်းစွာ ဖုံးကွယ်ထားတာ ဖြစ်နိုင်သည်။

“ကျွန်တော်က မျိုးနွယ်စုရဲ့ ဘုန်းတော်ကြီးဆိုတော့ အရည်အချင်းပြည့်မီတယ်လို့ ယူဆလို့ရပါတယ်” ဟု အဘိုးအိုက ချောင်းဟန့်ရင်း ပြေညလိုက်သည်။

"လူကြီးမင်း.. ကျွန်တော် လူကြီးမင်းကို ပြောစရာရှိတယ်... အဲဒါက လေအမျိုးအစားသိမ်းပိုက်ခြင်းလမ်းစဉ် အကြောင်းပါ”

"အိုး” ကောင်းဖန်က မျက်နှာကို ပြုံးပြလိုက်သည်။ ဒီဘာသာရပ်တွေကို သူစိတ်ဝင်စားသည်။

သူက ကျန်တဲ့လူတွေကို အနားယူဖို့ပြောလိုက်သည်။ ကောင်းဖန်သည် လက်ဖက်ရည်နှစ်ခွက်ကို ထည့်လိုက်သည်။ ဘုန်းတော်ကြီးက သူ့ထိုင်ခုံမှာ ထိုင်နေရင်း သူ့မျက်နှာမှာ ရှုပ်ထွေးတဲ့ အမူအရာ ပေါ်လာသည်။

"လူကြီးမင်း ကျွန်တော်တို့မျိုးနွယ်စုကို လူကြီးမင်းတို့က အပြည့်အဝလက်ခံမှာလား”

“ဟုတ်တယ် လုံးဝကို လက်ခံမှာပါ” ဟု ကောင်းဖန်က အခိုင်အမာ ပြောလိုက်သည်။

မျိုးနွယ်စု၏သွေးများသည် ၎င်းတို့၏သွေးကြောများထဲတွင် ထာဝရလည်ပတ်နေရမည်ဖြစ်သည်။ ၎င်းတို့ကို ဟွာရှားမျိုးနွယ်စုအဖြစ် ပေါင်းစည်းထားမှသာလျှင် နောင်ဆက်များတွင် ဟွာရှား၏ တစ်စိတ်တစ်ပိုင်းဖြစ်လာမည်ဖြစ်သည်။

“ကောင်းပါပြီ” အကြီးအကဲက သက်ပြင်းချကာ ဆက်ပြောလိုက်သည်။ “သဲကြမ်းတောင်ပံက ကျွန်တော်တို့ ရဲ့ ကောင်းကင်ဘုံပိုတောင်မာနဲ့ ဆက်နွယ်နေတယ်ဆိုတာ လူကြီးမင်း သိမယ်ထင်တယ်”

"ကျွန်တော်သိတယ်" ကောင်းဖန်က ခေါင်းညိတ်လိုက်သည်။

“တကယ်တော့ သဲကြမ်းတောင်ပံက ရွှေချထားတဲ့ ကောင်းကင်ဘုံပိုးတောင်မာကို သတ်ချင်ရုံတင်မက ကောင်းကင်ဘုံပိုးတောင်မာကလည်း သဲကြမ်းတောင်ပံကို သတ်ချင်နေပါတယ်... သူတို့နှစ်ကောင်လုံးက လေအမျိုးအစားပြိုင်ဆိုင်ခြင်းလမ်းစဉ်ရဲ့ ပြိုင်ဘက်တွေ ဖြစ်နေလို့ပါ... သူတို့ခန္ဓာကိုယ်ထဲမှာ လေလှိုင်းလက်မှတ်လို့ ခေါ်တဲ့ အရာတစ်ခုရှိတယ်.. ဒါကိုသူတို့ အလောင်းတွေဆီက ရနိုင်တယ်” လူကြီးက မျက်လုံးမှိတ်ထားလိုက်သည်။

"လေလှိုင်းလက်မှတ်” ကောင်းဖန်သည် အလောင်းနှစ်လောင်းကို လှည့်ကြည့်လိုက်သော်လည်း စစ်ဆေးပြီးနောက် လေလှိုင်းလက်မှတ်ကို မတွေ့ရပေ။

"ဒါက အသုံးမဝင်ပါဘူး.. လေအမျိုးအစားပြိုင်ဆိုင်ခြင်းလမ်းစဉ်ရှိတဲ့ ပြိုင်ဘက်တွေကပဲ သိမ်းယူဖို့ နည်းလမ်းရှိပါတယ်"

ဘယ်လိုတောင်လဲ... လေအမျိုးအစားသားရဲ ကို ငါဘယ်လိုသွားရှာရမလဲ...

အလင်းလှိုင်းသည် အမှောင်အမျိုးအစားသို့ လုံးလုံးလျားလျား ပြောင်းလဲသွားပြီး ၎င်းသည် လေအမျိုးအစားနှင့် မသက်ဆိုင်တော့ပေ။

ကောင်းဖန်ဆွံ့အသွားသည်။ မည်သို့ပင်ဆိုစေကာမူ ၎င်းကို ပြိုကွဲစေရန် လူမည်းကလေးကို ပေးမည်ဖြစ်သည်။

လူမည်းကလေးသည် အလောင်းများကို ပြိုကွဲစေရန် ဆယ်မိနစ် လိုအပ်သည်။ ဆယ်မိနစ်လောက်ကြာတော့ ကျွန်းသည် တိတ်ဆိတ်ငြိမ်သက်သွားသည်။

“သခင်..ကျွန်တော် ဖြိုခွဲပြီသွားပြီ” လူမည်းကလေးက တိတ်တဆိတ်ပြောလိုက်သည်။

ကောင်းဖန်သည် မည်သည့်အမူအရာမှအဖော်ပြပေ။ အပြာရောင်နှင့် အဖြူရောင် အမှတ်သင်္ကေတကို လူမည်းကလေးက သူ့ထံ လွှဲပေးလိုက်သည်။

ကောင်းဖန်လက်ထဲသို့ အပြာရောင်နဲ့ အဖြူရောင် အမှတ်သင်္ကေတ ပေါ်လာသောအခါ လေထဲရှိသားရဲများ ကမောက်ကမ ဖြစ်သွားသည်။

"လေအမျိုးအစားသားရဲ အားလုံးကို ဆွဲဆောင်တယ်" ကောင်းဖန်သည် သူ့လက်ဖဝါးပေါ်ရှိ အပြာနှင့် အဖြူ အမှတ်သင်္ကေတကို ကြည့်ပြီး အတွေးများသွားသည်။ ဒီလောက် ဆွဲဆောင်မှု အားကောင်းတာလား..

တကယ်လို့ ‌ဒီလေလှိုင်လက်မှတ်ကို သာမာန်သားရဲတစ်ကောင်ကို ပေးမယ်ဆိုရင် အဲဒီသားရဲက လေအမျိုးအစား ပြိုင်ဘက်အသစ် ဖြစ်လာနိုင်မလား....

ကောင်းဖန်သည် အကြံဥာဏ်ရလာချိန်တွင် ၎င်းကို စမ်းကြည့်ချင်သွားသည်။

သူသည် အဆင့်နိမ့် လေအမျိုးအစား သားရဲတစ်ကောင်အား အပြာရောင်နှင့် အဖြူရောင် အမှတ်သင်္ကေတကို ပေးလိုက်သည်။

ဒါပေမယ့် ဒီလေအမျိုးအစားသားရဲတွင် အပြောင်းအလဲ တစ်စုံတစ်ရာ မတွေ့ရဘဲ အရူးတစ်ယောက်လိုသာ ရူးသွပ်စွာ အော်ဟစ်နေသည်။

ကောင်းဖန်သည် ၎င်းကို ခွဲစိပ်ပြီး လေလှိုင်းလက်မှတ်ကို ၎င်း၏ဗိုက်ထဲမှ ထုတ်ယူလိုက်သည်။

အစာအိမ်ကိုဖြတ်သွားသော်လည်း လေလှိုင်းလက်မှတ်တွင် ပြောင်းလဲမှုတစ်စုံတစ်ရာမရှိပေ။

လေလှိုင်းလက်မှတ်ရှိလျှင် မီးလက်မှတ်လည်းရှိရမည်။ အနာဂတ်တွင် အခြားသူများနှင့် ကုန်သွယ်မှုပြုလုပ်ရန် ဤလေလှိုင်းလက်မှတ်ကို အသုံးပြုနိုင်သည်။

ကောင်းဖန်သည် ယခုတော့ ဆီလီ၏သိုလှောင်ခန်းထဲထည့်ထားရန်ဆုံးဖြတ်လိုက်သည်။

အခုတော့ အသုံးမဝင်ရင် ဖယ်ထားလိုက်မယ်... နောင်အနာဂတ်မှာ အသုံးဝင်လာနိုင်သည်။

နောက်ပြီး သူ့မှာ လေလှိုင်းလက်မှတ်နှစ်ခုအပြင် အခြားအရာများလည်းရှိသေးသည်။

နတ်ဘုရားတစ်ပိုင်းအသားအနှစ်သာရအချို့ဖြစ်သည်။

ကောင်းဖန်သည် အဆိုပါ အသားများကို ဂိုဒီ၊ အလင်းလှိုင်းနှင့်ကြွက်တို့ကို ခွဲဝေပေးလိုက်သည်။

ထိုသို့ဖြင့် ကြွက်သည် အဆင့်နှစ်ဆင့်တက်ပြီး ဂိုဒီနှင့် အလင်းလှိုင်းတို့သည် တစ်ဆင့်စီတိုးလာကြသည်။ လက်ရှိတွင် သူတို့အားလုံးသည် အဆင့် ၉၉ ဖြစ်သည်။

ကောင်းဖန်သည် မကြာခင် သူ့သားရဲများ၏ စွမ်းအားများပေါက်ကွဲလာတော့မည့်ဟု ခံစားနေရသည်။

....

ကုန်းမြေဧကရာဇ်လိပ်ကျောပေါ်ရှိမျိုးနွယ်စုများသည် ဟွာရှားမျိုးနွယ်စုထဲသို့ ရောနှောသွားသည်။ ယဉ်ကျေးမှုနှစ်ခုသည် တိုက်ဆိုင်တူညီမှုများရှိပြီး တောက်ပသောမီးတောက်များကို ဖန်တီးသည်။

၎င်းတို့မျိုးနွယ်စု၏ လျှို့ဝှက်ဆေးသည် ဟွာရှားမျိုးနွယ်စု၏ သားရဲဓာတ်ပစ္စည်းနှင့် ဆင်တူသည်။

၎င်းတို့၏ မျိုးနွယ်စုရှိ လျှို့ဝှက်ဆေးဝါးများသည် ထူးခြားပြီး ၎င်းတို့၏ ယဉ်ကျေးမှုများသည် နှစ်ပေါင်းများစွာမှ အမွေအနှစ်များကို အမွေဆက်ခံထားခြင်းဖြစ်သည်။

သားရဲတော်တော်များများသည် ၎င်းတို့၏ကမ္ဘာနှင့်မတူညီအတွက် သူတို့ရဲ့ တကယ့်တန်ဖိုးတွေက ထင်သလောက်မမြင့်မားပေ။ ယင်းအစား ၎င်းတို့သည် သုတေသနတန်ဖိုး ပိုများသည်။

"ဝမ်းကွဲအစ်ကို... ကျွန်မသားရဲ တစ်ခုခု မှားနေလား ကြည့်ပေးနိုင်မလား"

ခိုင်ရန်ချန်းသည် ကောင်းဖန်၏ ခြံဝင်းထဲသို့ ဝင်လာသည်။

ကောင်းဖန်၏လက်များသည် တည်ငြိမ်နေသည်။ သူသည် နောက်ဆုံးအရည်ကို ပေါင်းစပ်ပြီး စားပွဲပေါ်ရှိ ဘူးထည့်စင်ပေါ်တွင် တင်လိုက်သည်။

"မင်းအသက်ဘယ်လောက်ရှိနေပြီလဲ... မင်းဒီအတိုင်းသာဆက်ပြီး ဂရုမစိုက်ဖြစ်နေရင် မင်းဘယ်တော့မှလက်ထပ်ဖြစ်မှာမဟုတ်ဘူး"

"ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ... အစ်ကိုကြီးကို ဝမ်းကွဲတော်ထားရတာနဲ့တင် ကျွန်မကို လက်ထက်ချင်တဲ့သူတွေကို တောင်ပိုင်း ကောင်းကင်ဘုံတံခါးကနေ မျှော်လင့်ခြင်းမြို့တော်အထိ တန်းစီထားလို့ရတယ်” ကရင်ချန်းသည် သူမ၏ နဖူးကို ကုပ်ပြီး ပြောလိုက်သည်။

"..." ငါ မင်းကို ချီးမွမ်းရမှာလား ဒါမှမဟုတ် မင်းငါ့ကို ချီးမွမ်းနေတာလား..

"အကိုဝမ်းကွဲ... အစ်ကိုက ကျွန်မကို ဒီသားရဲ ပေးခဲ့တာ... သူအခုသေတော့မှာလား"

သူမက သူမ၏သားရဲကို ဆင့်ခေါ်လိုက်သည်။

ပေတစ်ဒါဇင်ရှည်သည့်စပါးအုံးမြွေကြီးသည် မြေပြင်ပေါ်တွင် ညှိုးနွမ်းသည့်အဝါရောင်အရွက်များ ဖုံးအုပ်ထားသည်။

ဒါက ... ရေဆိုးမြောင်းထဲက အနက်ရောင်နွယ်ပင်နှင့် တူသည်။

နှစ်အနည်းငယ်ကြာပြီဖြစ်သည်။ ကောင်းဖန်သည် သူ့ဝမ်းကွဲညီမအား ပေးလိုက်ပြီးနောက်သိပ်မစဉ်းစားဖြစ်ခဲ့ပေ။

အနက်ရောင်နွယ်ပင်သည် ရေမြောင်းထဲမှဖမ်းမိခဲ့သော 'တရားခံ’ ကောင်းဖန်ကို မှတ်မိပုံရသည်။ ကောင်းဖန်ကို နှုတ်ဆက်ရန်အတွက် ၎င်း၏အကိုင်းအခက်များနှင့် အရွက်များသည် အားလျော့စွာ ကွေးကောက်သွားသည်။

"သူ့ကို ဘာကျွေးလိုက်တာလဲ"

"အင်း... သားရဲအူတိုင်သလင်းကျောက်တချို့ပဲ"

“အခုချက်ချင်း ကျွေးတာကို ရပ်လိုက်တော့... အရမ်းပြည့်အင့်နေတယ်.. သူကဆင့်ကဲပြောင်းလဲလာနေပေမဲ့ သူ့ကို ဆက်ကျွေးနေတာကြောင့် သူရဲ့ ဆင့်ကဲပြောင်းလဲဖြစ်စဉ်ကို ရပ်လိုက်သလိုဖြစ်သွားတာ... သူက အာဟာရတွေကို ချေဖျက်နိုင်တယ်... ဒါပေမယ့် ကြာလာတော့ ဒီနွယ်ပင်က စိတ်ဓာတ်ကျလာတာ”

***

သားရဲလေ့ကျင့်သူ

အခန်း ၇၇၄ ရတနာသိုလှောင်ခန်း

ခိုင်ရန်ချန်းသည် သူမအမှားကို ပြန်တွေးကာ နှုတ်ဆိတ်သွားသည်။ ဒါပေမယ့် သူမတကယ်ဘာမှ မလုပ်ခဲ့ပေ။ နည်းနည်းပဲ ကျွေးတာကို ဘာလို့စိတ်ဓာတ်ကျနေတာလဲ...

“ကြည့်စမ်း.. အရွက်တွေကလည်း ကြီးပြီး ဝနေတယ်..” ကောင်းဖန်သည် အမှောင်နွယ်၏ အရွက်များကို သူ့လက်ချောင်းများတွင် ဆုပ်ကိုင်ထားလိုက်သည်။ "ဒီအရွက်တွေက စွမ်းအင်ပြည့်နေပေမဲ့ ဆင့်ကဲဖြစ်စဉ်တစ်ဝက်တစ်ပျက်ရောက်တိုင်း ပြတ်တောက်သွားကြတတ်တယ်"

“အချိန်ကြာလာတာနဲ့အမျှ အဝလွန်လာပြီး ပိုပိုပြီး ရုပ်ဆိုးလာတတ်တယ်... သူက အသွင်အပြင် အပြောင်းအလဲတွေကြောင့် သိမ်ငယ်လာတာ.. တခြားနွယ်ပင်အမတွေနဲ့ စကားပြောရမှာကို ကြောက်ရွံ့လာပြီး နောက်ဆုံးမှာတော့ စိတ်ဓာတ်ကျလာတာ”

“???”

“ကဲ.. ပြန်သွားပြီး ပဲစိမ်ထားတဲ့ရေကို ပေးလိုက်ရင် သူ့ခန္ဓာကိုယ်ထဲက အပိုစွမ်းအင်တွေကို ချေဖျက်နိုင်မှာပါ... ခဏကြာရင် သူ့အလိုလို တိုးတက်လာလိမ့်မယ်... အဲဒီနောက်မှာတော့ သူ့ကို အချိန်ပိုပေးလိုက်... စိတ်ဓာတ်ကျတာ ပိုကောင်းလာလိမ့်မယ်”

ဤကိစ္စများကို ကိုင်တွယ်ပြီးနောက် ကောင်းဖန်သည် တောာင်ပိုင်းကောင်းကင်အဖွဲ့အစည်းကို ထပ်မံစစ်ဆေးလိုက်သည်။

တောင်ပိုင်းကောင်းကင်ဌာနချုပ်အသစ်ကို ကုန်းမြေဧကရာဇ်လိပ်၏နောက်ကျောတွင်တည်ဆောက်ထားသည်။

မူလအပျက်အစီးများ၏ အုတ်မြစ်ပေါ်မှာ တည်ဆောက်ထားခြင်းဖြစ်ပြီး ဌာနချုပ်အသစ်ကို တည်ဆောက်ဖို့ ဆယ်ရက်သာ အချိန်ယူခဲ့ရသည်။

ဌာနချုပ်အသစ်၏ ဧရိယာသည် မူလထက် နှစ်ဆပိုကျယ်သည်။

စက်ရုံ၏ အစိတ်အပိုင်းကိုတော့ အနည်းငယ်မျှသာ ထိန်းသိမ်းထားသည်။ ကုန်းမြေဧကရာဇ်လိပ်၏ နောက်ကျောပေါ်တွင် ရေကန်ငယ်အတု တစ်ခုကိုလည်း တူးဖော်ထားသည်။

တောင်ပိုင်းကောင်းကင်အဖွဲ့အစည်း ကောင်းကင်သို့ ပြောင်းရွှေ့သွားခဲ့သည်ကို နဂါးဖြူကဲ့သို့သော ထိပ်တန်းမျိုးနွယ်စုများအပါအဝင် အခြားလူတိုင်းက မနာလိုဖြစ်မိကြသည်။

ဤဌာနချုပ်အမျိုးအစားသည် ရွေ့လျားသွားလာနိုင်ပြီး ကောင်းကင်တွင် ပျံသန်းနိုင်သည်။ ၎င်း၏ ဘေးကင်းမှုနှင့် လိုက်လျောညီထွေရှိမှုတို့သည် ပုံမှန်ထက် များစွာသာလွန်သည်။

ကျီဟန့်ဝူသည် အခြားမျိုးနွယ်စု ဘိုးဘေးများနှင့် အကြီးအကဲများကို ကုန်းမြေဧကရာဇ်လိပ်၏ကျောဘက်ရှိ ကျွန်းသစ်သို့ အလည်အပတ်ခေါ်သွားလိုက်သည်။

ကောင်းဖန်သည် ဟွမ်းဟူမျိုးနွယ်စုမှ ယွိဟွမ်းမင်းကို မှတ်မိလိုက်သည်။

လက်ပေါင်းတစ်ထောင်မျက်နှာမဲ့ ဗုဒ္ဓ...

လွန်ခဲ့သောနှစ်အနည်းငယ်က လက်ပေါင်းတစ်ထောင်မျက်နှာမဲ့ဗုဒ္ဓသည် ကောင်းဖန်၏သားရဲများနှင့် ပြိုင်ဆိုင်နိုင်ခဲ့သော်လည်း ယခုအခါတွင် ၎င်းသည် နောက်ကျကျန်ခဲ့ပြီဖြစ်သည်။

လက်ပေါင်းတစ်ထောင်မျက်နှာမဲ့ ဗုဒ္ဓ၏ သခင်ဖြစ်သူ ယွိဟွမ်းမင်းသည် ကောင်းဖန်ကို ထပ်မံတွေ့သောအခါတွင် အလွန်ရှုပ်ထွေးသော စိတ်ခံစားမှုများ ရှိနေသည်။

ကောင်းဖန်က သူ့ကို အပြုံးလေးနဲ့ နှုတ်ဆက်လိုက်သည်။

ယွိဟွမ်းမင်း အနည်းငယ် တုံ့ဆိုင်းသွားသော်လည်း ပြုံးကာ ခေါင်းညိတ်ပြလိုက်သည်။

ထွက်သွားသော ကောင်းဖန်၏ကျောကိုကြည့်ရင်း ယွိဟွမ်းမင်းသည် လေးလေးနက်နက်ရှိုက်ပြီး နောက်ဆုံးတွင် သက်ပြင်းချလိုက်သည်။

....

"ဟုတ်တယ် ဒီသစ်ပင်ကို ဒီမှာစိုက်ရမှာ မကောက်စေနဲ့" အထက်စီးဆန်ပြီး ဒေါသတကြီး အသံတစ်ခုထွက်လာသည်။

တောင်ထိပ်ကို လှည့်ကြည့်လိုက်တော့ ကောင်းဖန်သည် ကောင်းကင်မှာ ပျံဝဲနေသည့် သေးငယ်ပြီး ဗိုလ်ကျသည့်လူတစ်ယောက်ပုံစံတစ်ခုက ခါးထောက်ထားသည်ကို တွေ့လိုက်ရသည်။

“ဒီရေနဂါးမြက်ကို ရေ ၆.၇၄ မီတာ နက်တဲ့ နေရာမှာ စိုက်ပြီး အရွက်က ရေစီးကြောင်းရဲ့ အလယ်ကို မျက်နှာမူရမယ်”

“ပြီးတော့ ဒီကန်းနဂါးစပျစ်ပင်ရဲ့ သုံးပုံတစ်ပုံကို မြေမှာစိုက်ပြီး ကျန်တဲ့သုံးပုံနှစ်ပုံက… ငတုံး မင်းဘာလို့ မိုးပြာနဂါးပန်းနဲ့ ကပ်ထားရတာလဲ... ငါ့ရဲ့ အကြိုက်ဆုံး ပန်းလေးကို ဖျက်ချင်နေတာလား”

နဂါးနတ်သူငယ်ဘုရင်သည် ဒေါသအမျက်ထွက်နေသည်။ ဂိုဒီ၏ လက်ဖဝါးအရွယ်အစားသာရှိသော ဤနတ်သူငယ်ဘုရင်သည် ၎င်း၏ခန္ဓာကိုယ်အရွယ်အစားနှင့် လုံးဝအချိုးမညီသော ဒေါသကို ပိုင်ဆိုင်ထားသည်။

"မင်းသူတို့ကို ကောင်းကောင်းမွန်မွန် ပြုစုစောင့်ရှောက်ထားပုံပဲ"ကောင်းဖန်က နဂါးမျိုးစိတ်အပင်များ၏ ဖွံ့ဖြိုးတိုးတက်မှုအခြေအနေများကို ပတ်ကြည့်ကာနတ်သူငယ်လေးကို ချီးကျူးလိုက်သည်။

နဂါးနတ်သူငယ်ဘုရင်သည် အနည်းငယ် မယုံကြည်သော်လည်း ကောင်းဖန်၏ချီးကျူးသံကို ကြားပြီးနောက်တွင် မာနအပြည့်ဖြင့် ၎င်း၏ ရင်ဘတ်ကို ကော့ထားလိုက်သည်။

"ဟုတ်တယ် မင်းက ဒီအရာတွေကို ငါ့ဆီ ထားခဲ့တာက ထက်မြက်တဲ့ ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်တာပဲ"

“ကြွက်, ဆီလီ” ကောင်းဖန်က ရတနာလေးနှစ်ကောင်ကို ခေါ်ပြီး နဂါးအမျိုးအစား အပင်တစ်မျိုးကို နဂါးနတ်သူငယ်ဘုရင်အတွက် ထုတ်ပေးရန် အမိန့်ပေးလိုက်သည်။

ဆီလီသည် သူ့ဖျော်ရည်ကို မထိသရွေ့တော့ ဘာမဆို အဆင်ပြေသည်။

သို့သော်ကြွက်ကတော့ တုန်လှုပ်သွားပြီး ကောင်းဖန်အပေါ် သစ္စာစောင့်သိမှုကြောင့်သာ ပစ္စည်းတွေကို နာခံမှုရှိရှိ လွှဲပြောင်းပေးလိုက်သည်။

နဂါးအမျိုးအစားအသစ်တစ်ခုစီသည် နဂါးနတ်သူငယ်ဘုရင်အတွက် စွမ်းအားအသစ်များ သယ်ဆောင်လာနိုင်သည်။ အပြန်အလှန်အားဖြင့် ၎င်းသည် နဂါးအမျိုးအစားအပင်များကို ရှင်သန်ကြီးထွားစေရန် ကူညီပေးနိုင်သည်။ ဒါက နှစ်ဦးနှစ်ဖက် အကျိုးရှိစေသည့် အခြေအနေဖြစ်သည်။

ကြွက်သည် ၎င်း၏ဘယ်ဘက်လက်တွင် အပင်များကို ဆုပ်ကိုင်ထားသည်။

နဂါးနတ်သူငယ်ဘုရင်သည် ပထမအကြိမ် ကြိုးစားကြည့်ရာ မဖမ်းနိုင်လိုက်ပေ။

သူသည် တစ်စက္ကန့်လောက် ကြောင်သွားသည်။

နဂါးနတ်သူငယ်ဘုရင်က အင်အားပိုသုံးလိုက်သည်။

ကြွက်သည် နောက်ဆုံးတော့ နှုတ်ခမ်းကိုကိုက်ကာ လက်သည်းများကို ဖြေလျော့လိုက်သည်။ နဂါးနတ်သူငယ်ဘုရင်သည် အရှိန်ဖြင့် သစ်ပင်ပေါ်သို့ လဲကျသွားသည်။

ကြွက်သည် အာရုံများ ပျောက်ကွယ်သွားဟန်တူသည်။

၎င်း၏ ရတနာများကို ယူသွားပြီးနောက် ကြွက်၏ ခြေလှမ်းများသည် အားနည်းသွားသည်။ လေလွင့်သွားသလိုမျိုး လမ်းလျှောက်သွားသည်။

၎င်းသည် ၎င်း၏နောက်ခြေထောက်များပေါ်တွင် မတ်တပ်ရပ်ပြီး ၎င်း၏ရှေ့လက်များကို ခါးပေါ်တင်ကာ ၎င်း၏နှုတ်ခမ်းမွေးများ တုန်ယင်နေသည်။

"မင်းဘာလုပ်နေတာလဲ” ကောင်းဖန်သည် ပြောစရာစကားမဲ့သွားသည်။

"ငါမှာဘာမှ မရှိတော့ဘူး" ကြွက်၏ မျက်လုံးများသည် မျက်ရည်များဖြင့် ပြည့်နေသည်။

"..." မင်းကဘာလို့ အရမ်းဒရာမာချိုးနေရတာလဲ...

"မင်းဗလာဖြစ်သွားရင် အာဟာရတွေနဲ့ ဗိုက်ဖြည့်လိုက်လေ"

"ဘာနဲ့လဲ"

ကြွက်သည် မြေပြင်ပေါ်ရှိ ကျောက်တုံးတစ်တုံးကို ကောက်ယူပြီး ၎င်း၏သိုလှောင်ခန်းသို့ထည့်လိုက်သည်။ ထို့နောက် ရှေ့နှစ်လှမ်းတိုးပြီး ဖုန်တွေပြည့်နေသည့် မြက်ပင်တစ်ပင်ကို ဆွဲထုတ်လိုက်သည်။

“ရွှံ၊ မြက်နဲ့ စီးကရက်ဘူးတွေ... ဖုန်၊ သဲနဲ့ အမှိုက်တွေ.... နင်မလိုချင်ရင် ငါ့ကိုပေး..."

နောက်ထပ်ခြေလှမ်းနှစ်လှမ်းအကြာတွင် ကြွက်သည် ကောင်းဖန်ကို ၎င်း၏မျက်လုံးထောင့်မှနေ၍ လျှို့ဝှက်စွာစောင့်ကြည့်လိုက်သည်။ ကောင်းဖန်က လုံးဝမတုံ့ပြန်တာကို မြင်လိုက်ရတော့ ဝမ်းနည်းစွာနှင့် ဆက်လျှောက်သွားလိုက်သည်။

ကြွက်သည် မြင်မြင်သမျှအရာအားလုံး ကျောက်တုံး သို့မဟုတ် ရွှံ့မြက်ပင်ဖြစ်စေ သိုလှောင်ခန်းထဲသို့ထည့်ထားလ်ိုက်သည်။ သိပ်မကြာခင်မှာပဲ မြေကြီးပေါ်မှာပါ တွင်းကြီးကို တူးလိုက်သည်။

“မတူးနဲ့တော့ ဆက်တူးနေရင် ကုန်းမြေဧကရာဇ်လိပ်ကြီးကို ထိုးဖောက်ဝင်ရောက်သွားတော့မယ်” ကောင်းဖန်၏ မျက်လုံးထောင့်တွင် အနက်ရောင်လိုင်းများ ပေါ်လာသည်။

ဆက်သွားနေမယ်ဆိုရင် သိပ်မကြာခင်မှာပဲ ကုန်းမြေဧကရာဇ်လိပ်ကြီး နောက်ကျောမှာရှိတဲ့ တောင်ထိပ်တွေကို ဖောက်ထွင်းဝင်ရောက်တော့မည်ဖြစ်သည်။

ကြွက်၏ရတနာသိုလှောင်ခန်းသည် အလွန်ထူးခြားသော အရာဖြစ်သည်။ ပထမတော့ ကောင်းဖန်က ကန့်သတ်သိုလှောင်ခန်းဟု ထင်ခဲ့သည်။

သို့သော် နောက်ဆုံးတော့ ကြွက်၏ ရတနာသိုလှောင်ခန်းသည် အရွယ်အစား ကန့်သတ်ချက်များ မရှိကြောင်း သူသဘောပေါက်လာသည်။

တစ်နည်းအားဖြင့် ၎င်း၏ရတနာသိုလှောင်ခန်းသည် အဆမတန်ကြီးမားသည်။

ဒါကအနည်းငယ်တော့ ဘက်လိုက်သည်။

ကြွက်၏ရတနာသိုလှောင်ခန်းက “ရတနာရောင်ဝါ” ဟုခေါ်သော စွမ်းအင်တစ်မျိုးကို အသုံးပြုသည်။

ရတနာတစ်ခုခုကို ကြွက်၏သိုလှောင်ခန်းထဲတွင် သိမ်းဆည်းသောအခါ ၎င်း၏ အဖိုးတန်မှု၊ ရှားပါးမှုနှင့် တန်ဖိုးများကို တွက်ချက်ပြီးနောက် ရတနာရောင်ဝါ ဟုခေါ်သော စွမ်းအင်ကို ဖန်တီးသည်။ ရတနာရောင်ဝါ ၏ထုထည်နှင့်အတူ ကြွက်၏ သိုလှောင်ခန်းသည် အဆက်မပြတ်ကြီးလာသည်။ ရတနာရောင်ဝါမများကြီနှင့်အတူ ၎င်းသည် မူလ အရွယ်အစားထက် အဆ ထောင်ပေါင်းများစွာနှင့် သောင်းနှင့်ချီ၍ သိုလှောင်ခန်းကို ဖွင့်နိုင်သည်။

မြက်တပင်ဖြစ်စေ သဲတစ်ပွင့်ဖြစ်စေ အရာအားလုံးမှာ ရတနာရောင်ဝါရှိသည်။

၎င်းတို့၏ ရတနာရောင်ဝါသည့် ၎င်းတို့ကို ထိန်းထားနိုင်သည့် သိုလှောင်ခန်းကိုတောင် မဖွင့်နိုင်လောက်အောင် အားနည်းသည်။

"နတ်သူငယ်ဘုရင်… မင်းပြုစုတဲ့အပင်တွေအားလုံးကို ငါ့အဘိုးရဲ့အုပ်စုကို ခွဲဝေပေးပြီး ကျန်တာအားလုံကို ကြွက်ကို ပေးလိုက်” ဟု ကောင်းဖန်က ပြောလိုက်သည်။

နဂါးနတ်သူငယ်ဘုရင်က ကောင်းပါပြီဟု သဘောတူလိုက်သည်။ ၎င်း၏ တစ်ခုတည်းသော ဝါသနာမှာ နဂါးမောက်ပင်များ စိုက်ပျိုးခြင်းနှင့် နဂါးမောက်ပင်များကို ပြုစုစောင့်ရှောက်ခြင်းသာ ဖြစ်သည်။ အသီးကို ဘယ်သူကိုပေးလိုက်ပေးလိုက် ဂရုမစိုက်ပေ။

ကြွက်၏ မျက်လုံးများသည် တောက်ပလာသည်။

အဝါရောင်ငှက်ကလေးတစ်ကောင်သည် အဝေးမှပျံသန်းလာပြီး ကောင်းကင်တွင် လှည့်ပတ်နေသည်။ "တစ်ယောက်ယောက်က မင်းကိုရှာနေတယ်... တစ်ယောက်ယောက်က မင်းကိုရှာနေတယ်"

***

သားရဲလေ့ကျင့်သူ

အခန်း ၇၇၅ နတ်ဘုရားဥ

"ကောင်းပြီ ငါသိပြီ" ကောင်းဖန်က သူ့လက်ကို ဝှေ့ယမ်းလိုက်သောအခါ ကောင်းကင်မှာ အဝါရောင်ငှက်ကလေးက အော်ဟစ်ပြီး ပျံထွက်သွားသည်။

၎င်းတို့သည် ကောင်းဖန်မရှိတော့သည့်အချိန်မှ အဖွဲ့မှ သုတေသီများ မွေးမြူထားသော သားရဲအသစ်များဖြစ်သည်။ သူတို့ကို လူ့စကားငှက်ဟုခေါ်သည်။

လူ့စကားငှက်များသည် လူ့လျှာဖြင့် ပြောဆိုနိုင်ပြီး ၎င်းတို့၏ အသိညဏ်သည် ၁၀ နှစ်အရွယ် လူသားများထက် မနိမ့်ကျပေ။

ကောင်းဖန်က သူ့အိတ်ကပ်ထဲက နဂါးအူတိုင် သလင်းကျောက်ကို ထုတ်လိုက်သည်။ တောက်ပနေသော အဝါရောင် အူတိုင်သလင်းကျောက်သည် စိန်ထက် ပို၍တောက်ပသည်။

လမ်းတစ်ဝက်ရောက်နေသော လူ့စကားငှက်သည် ၎င်း၏ခန္ဓာကိုယ်ကို ၁၈၀ ဒီဂရီလှည့်ကာ ကောင်းဖန်၏ခြေရင်းသို့ ဆင်းသက်လာသည်။

သူသည် အတောင်နှစ်ဘက်ကို စုပြီး အဆက်မပြတ် ဦးညွှတ်နေသည်။

"နှစ်သစ်မှာ ပျော်ရွင်ပါစေ... သူဌေးဖြစ်ပါစေ... နှစ်သစ်မှာ ဇနီး (၁၀၀) နဲ့ ထိမ်းမြားလက်ထပ်နိုင်ပါစေ”

ဒီအရာတွေကို သူ့ကို ဘယ်သူသင်ပေးထားတာလဲ...

“နှစ်သစ်မှာ ပျော်ရွှင်ပါစေကို အချိန်တိုင်းမပြောရဘူး ”ကောင်းဖန်သည် လူ့စကားငှက်၏ ဦးခေါင်းလေးကို ပွတ်သပ်ကာ ဒူးထောက်ထိုင် လိုက်ပြီး အူတိုင်သလင်းကျောက်ကိုပေးလိုက်သည်။

လူ့စကားငှက်သည် အလွန်ပျော်ရွှင်နေသဖြင့် ၎င်း၏မျက်လုံးများကို ပါးစပ်မှိတ်ပြီး ပြုံးနေကာ ပါးစပ်က နီရဲနေသည်။

"တစ်ရာလား... ငါက ငါးရာနဲ့လက်ထပ်မှာ" ကောင်းဖန်သည် အဝါရောင်ငှက်ငယ်ကို ပြုံးကာ စလိုက်သည်။

ကောင်းဖန်ပြောတာကြားတော့ အဝါရောင်ငှက်ကလေးက အံ့သြသွားသည်။ “ မကောင်းတဲ့သူပဲ”

”...”

ဒါဘယ်သူ့ငှက်ကလေးလဲ... ဘာကြောင့် ဒီလောက်တောင် မနိုင်စိန်လေးဖြစ်နေတာလဲ..

“ဂိုဒီ” ကောင်းဖန်က ဂိုဒီကို ကြည့်လိုက်သည်။

ဂိုဒီက သဘောပေါက်သွားသည်။

ရှေ့တစ်လှမ်းတိုးလိုက်ပြီး ၎င်း၏အရိပ်သည် လူ့စကားငှက်ပေါ်တွင် ပျံဝဲနေသည်။

လူ့စကားငှက်သည် ခေါင်းကို မော့လိုက်သောအခါ နေရောင်ခြည်က ပိတ်ဆို့နေပြီး ဧရာမကြီးတစ်ကောင်က ငုံ့ကြည့်နေသည်။

၎င်းသည်တုန်လှုပ်သွားသည်။

တိုင်ကြီးကဲ့သို့ လက်ချောင်းဖြင့်ထိုးခံလိုက်သောအခါ လူ့စကားငှက်သည် ၎င်း၏အတောင်ပံများကိုဖြန့်ကာ ပြေးရန်အသင့် ဖြစ်နေပြီဖြစ်သည်။

လူ့စကားငှက်၏ဦးခေါင်းသည် ယိမ်းထိုးသွားကာ အတောင်ပံများဖြန့်လျှက် မြေပြင်ပေါ်သို့ လဲကျသွားသည်။

ဂိုဒီသည် ၎င်း၏ မုန်လာဥနီအရွယ် လက်ချောင်းကို နောက်ဆုတ်လိုက်ပြီး ၎င်း၏ပါးစပ်မှ လှောင်ပြောင်ရယ်မောသံ ထွက်လာသည်။

သခင်နှင့် လက်အောက်ငယ်သားတို့သည် အကြင်နာကင်းမဲ့သော အာဏာရှင်နှစ်ယောက်ကဲ့သို့ ရယ်မောကာ ကြည့်နေကြသည်။

"အဘိုး... ကျွန်တော့်ကို ရှာနေတာလား” ကောင်းဖန်သည် တောင်ပိုင်းကောင်းကင်ပလာဇာသို့ လျှောက်သွားလိုက်သည်။

"ဟုတ်တယ်.. တချို့ကိစ္စတွေရှိလို့ပါ.. ဒါပေမယ့် အဲဒါတွေက အရေးတကြီးမဟုတ်ပါဘူး.. လက်ဖက်ရည် အရင်သောက်ဦး” ကျီဟန့်ဝူက ကောင်းဖန်အတွက် လက်ဖက်ရည်ထည့်ပေးပြီး ထိုင်ဖို့ လက်ဟန်ပြလိုက်သည်။

ကောင်းဖန်က အံ့အားသင့်စွာ ထိုင်လိုက်သည်။ ထို့နောက် လက်ဖက်ရည်ကို တစ်ကျိုက်တည်း သောက်လိုက်သည်။

"ဘာဖြစ်တာလဲ အဘိုး"

"တော်တော်များများပဲ..ငါမင်းကို မရှာရင် မင်းက မကြာခင်ထွက်ပြေးသွားတော့မှာစိုးလို့“ကျီဟန့်ဝူက ခေါင်းယမ်းလိုက်သည်။

ကောင်းဖန် က သူ့အကြံအစည်ကိုဖော်ထုတ်ခံလိုက်ရသောကြောင့် ပြုံးရုံသာပြုံးနိုင်တော့သည်။

"ပထမတစ်ချက်က ငါတို့မြို့ကိုတည်ဆောက်တုန်းက ကုန်းမြေဧကရာဇ်လိပ်ကျွန်းပေါ်မှာ နေသင့်တယ်လို့ မင်းပြောချိန်တုန်းက ရှိခဲ့တဲ့ ဒီလူမျိုးခြားတွေနဲ့ ပဋိပက္ခတွေဖြစ်ခဲ့တယ်... ဒါပေမယ့် ဒီလူမျိုးခြားတွေကို မင်းကထိန်းချုပ်ထားတာကြောင့်ဖြစ်မယ်.. ဒါကြောင့် သူတို့နဲ့ စကားပြောရတာ တော်တော်လွယ်ခဲ့ပါတယ်”

“သူတို့ မျိုးနွယ်စုက အကြီးအကဲ နှစ်ယောက်လာပြီး ငါနဲ့ဆွေးနွေးကြတယ်.. အဲဲဒါကြောင့် သူတို့မျိုးနွယ်စုထဲက လူငယ်အများစုကို တောင်ပိုင်းကောင်းကင်အဖွဲ့အစည်းထဲကို ခေါ်ဖို့ ငါဆုံးဖြတ်လိုက်တယ်... မင်းဘယ်လိုထင်လဲ"

ကောင်းဖန်ခဏကြောင်သွားသည်။ အဖိုးငါ့ကို ပြောချင်တာက ဒါလား...

ခဏငြိမ်သက်ပြီးနောက် ကောင်းဖန်က ခေါင်းညိတ်ပြလိုက်သည် "အဖိုးပြောတဲ့အတိုင်း လုပ်ကြရအောင်.. ဒါပေမယ့် သူတို့က လူမျိုးခြားတွေဆိုတော့ လုံးလုံးယုံကြည်လို့တော့ မရသေးဘူး...သူတို့ကို အရံအလုပ်တွေအရင်ပေးလိုက်ပါလား.. မျိုးဆက်နှစ်ဆက် ဒါမှမဟုတ် စမ်းသပ်မှုတွေလုပ်အပြီးမှာ သူတို့ကို အလယ်ဗဟိုကို ပေါင်းထည့်တာ အကောင်းဆုံးပဲ "

"စိတ်ချထားလိုက်"

“နောက်တစ်ခုကတော့ မင်းရဲ့ဦးလေး လျူရဲ့သားရဲက အနက်ရောင်မြူခိုးကမ္ဘာရဲ့ တောနက်ထဲက ပြန်လာခဲါတယ်.. အဲဒီမှာ ထူးဆန်းတဲ့ ပစ္စည်းတစ်ခုကိုလည်း ပြန်ယူလာတယ်တဲ့.... အားရင် သွားကြည့်လိုက်ဦး"

"ဒါဆို အခုသွားကြရအောင်" ကောင်းဖန်က ထလိုက်သည်။

ဦးလေးလျူသည် တောင်ပေါ်ရှိ ဝင်းငယ်တစ်ခုတွင် အခြေချနေထိုင်သည်။ ခြံသည် တောင်ပေါ်ရှိ ရှင်းလင်းသည့်နေရာတွင် တည်ရှိသည်။ ခြံအပြင်ဘက်တွင် ခြံစည်းရိုးတစ်ခုရှိပြီး ရေကန်ငယ်တစ်ခုကို ပတ်ထားသည်။

ပေါ့ပေါ့ပါးပါးနှင့် ထူးခြားလှပသည့် မြင်ကွင်းတစ်ခုဖြစ်သည်။

ခြံတံခါးသည် အန်ကယ်လျူ၏ပုံစံနှင့် လိုက်ဖက်သော ကျယ်ဝန်းသော တံခါးကိုပုံစံဖြစ်သည်။

"ကောင်းဖန်... အဲဒီမှာ နတ်ဘုရားသခင်ရောင်ဝါ ရှိတယ်” ပင်လယ်ဝတုတ်သည် မျက်မှောင်ကြုတ်ကာ အသံတိုးတိုးဖြင့် ပြောလိုက်သည်။

"နတ်ဘုရားသခင်.."

ကောင်းဖန်သည် အမူအရာ ပြောင်းလဲခြင်းမရှိပဲ ခေါင်းညိတ်လိုက်သည်။

"မင်းတို့ရောက်ပြီလား.. ကောင်းကလေးနဲ့ ကျီအိုကြီး... ငါ ထမင်းဟင်းချက်ထားသေးတယ် ငါနဲ့အတူလာစားကြ" ဦးလေးလျူသည် ပန်းကန်လုံးတစ်လုံးနှင့် အိမ်မှထွက်လာပြီး ခြံဝင်းရှိ သစ်သားစားပွဲပေါ်တွင် တင်ကာ ကောင်းဖန်ကို လာရန် လက်ဟန်ပြလိုက်သည်။ "မင်းပြန်လာပြီလို့ ကျီအိုကြီး ပြောတာကို ငါကြားတယ်.. ဒါကြောင့် နဂါးအသားဝယ်တချို့ ဝယ်ထားတယ်... "

ကောင်းဖန်က ခေါင်းညိတ်ပြလိုက်ပြီး ဦးလေးလျူ၏ မျက်လုံးများထဲကြည့်ကာ စူးစမ်းလိုစိတ်အရိပ်အမြွက်ပြလိုက်သည်။

"မင်းသဘောပေါက်တာပဲ...အဲဒါ ငါ့အိမ်နောက်ဖေးမှာ ရှိတယ်... ငါ့လင်းတက အဲဒါကို မကြာသေးခင်က ပြန်ယူလာတာ”

“သွေးမျက်လုံး မုတ်ဆိတ်မွေးလင်းတ ဘယ်မှာလဲ” ကောင်းဖန်သည် သွေးမျက်လုံးမုတ်ဆိတ်မွေး လင်းတကို ရှာမတွေ့ပေ။

၎င်း၏ခန္ဓာကိုယ်အရွယ်အစားသည် ဖုံးကွယ်ရန်ခက်ခဲသည်။

"ထွက်သွားပြီထင်တယ်... ဒီတောင်ကုန်းနောက်မှာ ဖြစ်နိုင်တယ်" ဦးလေး လျူသည် ဟိုးအဝေးက တောင်တန်းတစ်ခုဆီသို့ ထောက်တုတ်ဖြင့် ညွှန်လိုက်သည်။

ညစာစားပြီးနောက် ဦးလေးလျူသည် ကောင်းဖန်နှင့် ကျီဟန့်ဝူကို ၎င်း၏ အိမ်နောက်ဖေးသို့ ခေါ်ဆောင်သွားသည်။

အိမ်နောက်ဖေးက ကောင်းဖန်စိတ်ကူးထားတာထက် အများကြီး ပိုကျယ်သည်။ ကျယ်ဝန်းတဲ့ အိမ်နောက်ဖေးမှာ အလွန်ကြီးသည့် အနက်ရောင်ဥကြီးတစ်ခုရှိသည်။

အနက်ရောင်ဥသည် အမြင့်ငါးမီတာရှိသည်။ ၎င်း၏ပုံသဏ္ဌာန်သည် ငန်းဥနှင့်တူသည်။

ခရမ်းရင့်ရောင် တိမ်တိုက်နှင့်တူသော ပုံစံများစွာသည် အနက်ရောင်ဥ၏ မျက်နှာပြင်ပေါ်တွင် ရှိနေသည်။ မျက်နှာပြင်မှာလည်း အနက်ရောင် အလွှာ နှစ်လွှာပါသည်။

သူ့ရဲ့ အသွင်အပြင်ကနေကြည့်ရင် ဒီဥက ထူးထူးခြားခြား ကြီးမားတယ်လို့ ပြောနိုင်သည်။

[ပစ္စည်းအမည်] - မွေးရာပါအနက်ရောင်မြူခိုးနတ်ဘုရားဥ (ဥ)

[အကြောင်းအရာ ဖော်ပြချက်] - မြူခိုးနတ်ဘုရားသည် စစ်မြေပြင်တွင် ကျဆုံးခဲ့ပြီး နှစ်ပေါင်းကြာပြီးနောက် ဥအဖြစ်ပြောင်းလဲသွားခဲ့သည်။ နိဗ္ဗာနဖြစ်စဉ်တွင် အမှောင်စွမ်းအားများစွာကို စုပ်ယူကာ ဗီဇပြောင်းမှုအချို့ကို ဖြစ်ပေါ်စေသည်။

နတ်ဘုရားဥလား...

ကောင်းဖန်က ဘာပြောရမှန်းမသိတော့ပေ။ ဦးလေးလျူက ဒဏ္ဍာရီဆန်ဆန် ရွေးချယ်ခံရသည့် သားရဲဖြစ်နိုင်သည်။

သူ့အသက်အရွယ်အရ "ရွေးချယ်သောသား" ကတော့ မသင့်လျော်ပေ။ သူသည် ဒဏ္ဍာရီလာ "ရွေးချယ်ထားသော ဦးလေး" ဖြစ်နိုင်သည်။

“ပင်လယ်ဝတုတ်.. ကျဆုံးနတ်ဘုရာက ဥတစ်လုံးထဲကို ပေါင်းထည့်ရင် မွေးပြီးပြီးချင်း အတိတ်ကို အမှတ်ရနေဦးမှာလား”

"ပုံမှန်တော့ မဖြစ်နိုင်ဘူး" ပင်လယ်ဝတုတ် အံ့ဩသွားသည်။ "ကောင်းဖန်... မင်းပြောနေတာက ဒါက မွေးရာပါနတ်ဘုရားလား... ငါက နတ်ဘုရားမျိုးဆက် ဒါမှမဟုတ် နတ်ဘုရားရဲ့ ကျိန်စာဥ လို့ထင်တာ”

"ဒါက မင်းအရင်ပြောခဲ့တဲ့ မြူခိုးနတ်ဘုရားလား... လူအများကြီးကို တိုက်ခဲ့တဲ့နတ်ဘုရားလေ

"ဟုတ်တယ်” ပင်လယ်ဝတုတ်သည် ဥကို စိတ်ရှုပ်စွာကြည့်နေသည်။ "ဒါက အမှောင်အမျိုးအစား မဟုတ်ဘူးဆိုတာတော့ ငါမှတ်မိတယ်... အခု ဒီဥက ဘယ်လောက်မည်းနေလဲ ကြည့်ကြည့်လိုက်... အဲဒါက အနှစ်တစ်ထောင်နီးပါးရှိတဲ့ ဥတွေ ဖြစ်သွားပြီ”

ပင်လယ်ဝတုတ်သည် ၎င်း၏လည်ချောင်းကိုရှင်းထုတ်လိုက်သည်။ "နတ်ဘုရားတွေ ကျဆုံးပြီးနောက်မှာ မှတ်သားရမှာက သူတို့က ပြင်းပြင်းထန်ထန် ဒဏ်ရာရပြီး အိပ်ပျော်သွားတာ မဟုတ်ဘဲ တကယ် ကျဆုံးသွားတာဆိုတာပဲ...

ကျဆုံးသွားပြီးနောက်မှာ သူတို့က ပြင်ဆင်မှုတွေ မလုပ်ထားရင် သူတို့ရဲ့ မှတ်ဉာဏ်တွေက ပျောက်ကွယ်သွားတတ်တယ်”

ဘေးနားက နားထောင်နေတဲ့ ဦးလေးလျူက အချိန်အတော်ကြာ တွန့်ဆုတ်တုံ့ဆိုင်းနေသည်။ "ကောင်းဖန်.. ဒီဥထဲမှာ နတ်ဘုရားရှိတယ်လို့ ပြောတာလား”

“ဟုတ်တယ်”

"ဒါဆို မင်းယူလိုက်" ဦးလေးလျူက ရယ်မောလိုက်သည်။

ကောင်းဖန်က ဦးလေးလျူကို ထိတ်လန့်စွာ ကြည့်လိုက်သည်။

ဦးလေးလျူက ခေါင်းခါလိုက်သည်။ “ငါက အသက်ကြီးနေပြီ.. ဒါက လူငယ်တွေအတွက် ပိုအထောက်အကူဖြစ်နိုင်တယ်”

"အဆင်ပြေပါတယ်... ဦးလေးပဲ ဂရုစိုက်လိုက်ပါ.. နောက်ပြီး တစ်ခြား မျိုးနွယ်စုကလူတွေကို ပေးမသိပါနဲ့ဦး” ဟုကောင်းဖန်က အလေးအနက်ပြောလိုက်သည်။

“ ကျွန်တော်တို့က အခု ပူပေါင်းနေတယ်ဆိုပေမဲ့ ဒီဥအကြောင်းကို သိသွားရင် တခြားမျိုးနွယ်စုတွေမှာ လူအများကြီးရှိတော့ မလိုအပ်တဲ့ ရန်ပွဲတွေ ဖြစ်လာနိုင်တယ်”

"မင်းတကယ်မလိုချင်ဘူးလား" ဦးလေးလျူက အားကိုးရာမဲ့ဖြစ်သွားသည်။ “ဒါက ဦးလေးရဲ့ နှစ်သစ်လက်ဆောင်ပါ.. ကြည့်ပါဦး.. နှစ်သစ်ရောက်ခါနီးပြီ... ဦးလေးမှာ မင်းအတွက် ကောင်းတာတစ်ခုမှ မရှိဘူး"

ကောင်းဖန်ကတော့ ငိုရမလား ရယ်ရမလား မသိတော့ပေ။ သူ့တွင် နတ်ဘုရားဖြစ်လာမည့် သားရဲများရှိနေပြီး ဖြစ်ပြီး ဤဥကလည်း မည်သည့်အချိန်တွင် ပေါက်မည်ကို မသိပေ။ အချိန်တန်ရင်လည်း သူ့အတွက် အဓိပ္ပါယ်မရှိနိုင်တော့ပေ။

ပြီးတော့ဒန်ဘီသည်လည်း အလွန်ဆုံး နှစ်လအတွင်း နတ်ဘုရားအဆင့်ကို ကျော်ဖြတ်သွားတော့မည်ဖြစ်သည်။

“ကျွန်တော်က ခရီးသွားရတာ ကြိုက်တယ်.. ဒီဥကို အိမ်မှာထားခဲ့တာ ပိုလုံခြုံပါတယ်"

"မင်းနဲ့အတူ ပြန်လာတဲ့ သတ္တုလူသားက နတ်ဘုရားလား" ကျီဟန့်ဝူ အံ့ဩသွားသည်။ သူကကောင်းဖန်၏ သူငယ်ချင်းလို့ ထင်ထားခဲ့ခြင်းဖြစ်သည်။ သူသောက်ဖို့ သတ္တုရေပုံးတစ်ပုံးလုပ်ဖို့ လူတစ်ယောက်ကိုတောင် တောင်းဆိုခဲ့သေးသည်။

***

သားရဲလေ့ကျင့်သူ

အခန်း ၇၇၆ မှော်သလင်းကိုယ်ပျောက်ဝတ်ရုံ

“ဒါနဲ့ ဒါကို ဥနဲ့အတူ ယူခဲ့တာ... ကြည့်ရတာ လှတယ်... ဒါတော့ မင်းလက်ခံရမယ်" ဦးလေးလျူသည် အိမ်သို့ပြန်သွားကာ အကြည်ရောင် ဝတ်ရုံကို ထုတ်ပေးပြန်သည်။

၎င်းကို ဖန်နှင့်ဆင်တူပြီး ဖောက်ထွင်းမြင်ရသည့် ပစ္စည်းအချို့ဖြင့် ပြုလုပ်ထားသော်လည်း ဖန်ထက် များစွာ နူးညံ့သည်။

၎င်း၏ကြမ်းတမ်းသောပုံသဏ္ဌာန်ကို သင်မြင်နိုင်သော်လည်း သတိထားမကြည့်ပါက အမြင်မှ အလွယ်တကူပျောက်ဆုံးသွားနိုင်သည်။

[နတ်ဘုရားပစ္စည်း အမည်] - မှော်သလင်းကိုယ်ပျောက်ဝတ်ရုံ(နတ်ဘုရားပစ္စည်း)

[ပညတ် အကြောင်းအရာ] - မမြင်နိုင်မှုပညတ် ၄.၂ ရာခိုင်နှုန်း

ကောင်းဖန်က နှုတ်ဆိတ်နေသည်။ ထို့နောက် ဦးလေးလျူနှင့် မျက်လုံးချင်းဆုံရန် ခေါင်းမော့လိုက်သည်။ အန်ကယ်လျူ၏ ခေါင်းထိပ်တွင် ကြီးမားသော ရွှေရောင်စကားလုံးကြီးတစ်ခု ပေါ်လာသည်... ကံကောင်းခြင်း....

"ဦးလေး.. ဒါလည်း ကောက်ရတာလား"

"ဟုတ်တယ်...ဥနဲ့ သိပ်မဝေးဘူး"

ဒီလိုဆိုရင် ဒီဝတ်ရုံက မြူခိုးနတ်ဘုရားပစ္စည်းဖြစ်နိုင်သည်။

အံ့သြစရာကောင်းလိုက်တာ...

ကောင်းဖန်က လက်မခံနိုင်ကြောင်း လက်ပြလိုက်သည်။ ဦးလေး ကောက်ရတာ ဦးလေးပိုင်သည် မဟုတ်ပါလား။

သို့သော် နှစ်သစ်တွင် မိသားစုရှိ ဆွေမျိုးအကြီးအကဲများက အနီရောင်စာအိတ်များကို လက်ထဲသို့ အတင်းအကျပ် ထည့်ပေးသကဲ့သို့ နောက်ဆုံးတွင် ကောင်းဖန်က သက်ပြင်းချကာ ကူကယ်ရာမဲ့စွာ သိမ်းလိုက်ရသည်။

"ကောင်းပြီ... ဒါဆို ဒီဥထဲက ကောင်ငယ်လေးကိုတော့ ငါစောင့်ရှောက်ထားလိုက်မယ်...ကြီးလာရင် ငါပြန်ပေးမယ်"

“ဟုတ်တယ်.. ဒါကောင်းတယ်” ဂိုဒီက ဝင်ပြောလိုက်သည်။

ဂိုဒီသည် ၎င်း၏လက်ဖဝါးများကို ပွတ်သပ်လိုက်သည်။

သူ့မျက်လုံးများသည် မျှော်လင့်ချက်များဖြင့် ပြည့်နေသည်။

" ငါ့ကို ဘာလို့ ဒီလိုကြည့်နေတာလဲ..”

ဂိုဒီသည် ကောင်းဖန်၊ ကျီဟန့်ဝူနှင့် ကျန်အားလုံးက သူ့ကို ကြည့်နေကြသည်ကို မြင်လိုက်ရပြီး ရုတ်တရက် အနည်းငယ် ရှက်သွားသည်။

ငါ့ရဲ့အလှကို မနာလိုဖြစ်နေကြတာလား...

ငါ ရုပ်ချောမှန်း ငါသိတယ်... နောက်ဆုံးတော့ ကောင်းဖန်ရဲ့ အချစ်ဆုံးသားရဲပဲ.. ငါသာ ရုပ်မချောရင် သူ ငါ့ကို ဘယ်လောက် ချစ်နိုင်မှာလဲ... ဒါပေမယ့်... ဒါပေမယ့် ငါက ဘဲတစ်ကောင်... မင်းတို့တွေက လူသားတွေလေ...

ငါ့မှာဖလိန်မီရှိပြီးသား... သူတစ်ယောက်သာ ငါ့ရဲ့အနာဂတ်အိမ်ထောင်ဖက် ငှက်မတစ်ကောင်ဖြစ်ရမယ်...

ဒါကိုတွေးပြီး ဂိုဒီ၏မျက်နှာပေါ်တွင် ရှက်ကိုးရှက်ကန်းတွေ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး ကပ်သီးကပ်သက်နိုင်သော အမူအရာတွေ ပေါ်လာတော့သည်။

"ဒါကို မင်းကို ငါမပေးနိုင်ဘူး" ကောင်းဖန်က သူ့လက်ညိုးကို မြှောက်ပြီး ဝှေ့ယမ်းလိုက်သည်။

"ဘာလို့မဖြစ်နိုင်ရတာလဲ” ဂိုဒီသည် အံကြိတ်လိုက်သည်။

"မင်းမှာ နတ်ဘုရားပစ္စည်း တစ်ခုရှိနေပြီးပြီ.. ဒီနတ်ဘုရားပစ္စည်းရဲ့ အကျိုးသက်ရောက်မှုက မမြင်နိုင်မှုပဲ... မင်းက မမြင်နိုင်စရာ မလိုဘူး. မင်းက ရိုက်နှက်တက်ဖို့ပဲလိုတာ... " ကောင်းဖန်ခေါင်းခါလိုက်သည်။

"???"

“မင်းကို မမြင်နိုင်ရင် ရန်သူက ဘယ်လို ဝင်တိုက်မှာလဲ.. မင်းက အသက်ကြီးတဲ့၊ အားနည်းတဲ့၊ မကျန်းမမာနဲ့ မသန်မစွမ်းဖြစ်နေတဲ့ ငါတို့ကိုပဲ တိုက်ခိုက်မှုတွေကို ရင်ဆိုင်ခွင့်ပြုတော့မှာလား" ကောင်းဖန်က ဝမ်းနည်းပူဆွေးစွာဖြင့် ပြောလိုက်သည်။

ဂိုဒီ စိတ်ရှုပ်သွားသည်။ ကောင်းဖန်၊ တာ့ဇီ ၊ အလင်းလှိုင်း၊ ခြင်္သေ့ဖြူ၊ ကြွက်၊ ဆီလီ၊ နဂါးပုရွက်ဆိတ်၊ ဂုံးဖြူလေးနှင့် နဂါးပြုစုပျိုးထောင်ခြင်း စာအုပ်တို့ အားလုံးက နောက်မှ အသည်းအသန် ခေါင်းညိတ်ကြလိုက်သည်။

ကျီဟန့်ဝူနှင့် ဦးလေးလျူတို့သည် ဂိုဒီ၏နောက်ကျောတွင် ချည်ထားသော ဧရာမပုဆိန်နီနီကြီးကို ကြည့်လိုက်ကြသည်။ အဲဒါက နတ်ဘုရားပစ္စည်း တစ်ခုဖြစ်တာကို သူတို့က သာမန်လက်နက်တစ်ခုလို့ ထင်ခဲ့ကြတာ ဖြစ်သည်။

“ဒါဆို ဒီဘုရားပစ္စည်းကို ဘယ်သူကိုပေးမှာလဲ” ဂိုဒီက စမေးလိုက်သည်။

အခြားသော သားရဲမျာား အားလုံး အာရုံပြောင်းသွားကြသည်။

တစ်ချို့က ခေါင်းညိတ်ပြီး ချစ်ဖို့ကောင်းအောင်လုပ်သည်။ တစ်ချို့က မျက်လုံးကို မှိတ်တုတ်မှိတ်တုတ်လုပ်ပြသည်။

အမှန်တကယ်တော့ သူတို့မှာ နတ်ဘုရားပစ္စည်းအတွက် မလျော်ကန်သည့်လိုအပ်ချက် မရှိပေ။ သူတို့သည် ကောင်းဖန်၏ သားရဲအဖြစ် အနည်းငယ် လျှို့ဝှက်စွာ ယှဉ်ပြိုင်ကြခြင်းသာ ဖြစ်သည်။

ကောင်းဖန်အနားတွင်မရှိသောအခါ ဤသားရဲလေးများသည် ကောင်းဖန်၏မျက်နှာသာအတွက် အချင်းချင်း လျှို့ဝှက်ပြိုင်ဆိုင်ကြလေ့ရှိသည်။

ဥပမာအားဖြင့် ဤနတ်ဘုရားပစ္စည်းကို ကောင်းဖန်၏မျက်နှာသာပေးမှုနှင့် နှစ်သက်လက်ခံမှု၏ လက္ခဏာတစ်ခုအဖြစ် သူတို့မြင်ကြသည်။

“နောင်အနာဂတ်မှာ မင်းတို့အားလုံးအတွက် နတ်ဘုရားပစ္စည်းတွေ ရှိလာလိမ့်မယ်.. အမျိုးအစားနဲ့ စွမ်းအင်ပေါ်မူတည်ပြီး နတ်ဘုရား ပစ္စည်းတွေကို ခွဲပေးမှာပါ” ကောင်းဖန်က အသံတိုးတိုးဖြင့် ပြောလိုက်သည်။

ကောင်းဖန်က ရှင်းသည်။ ထုံးစံအတိုင်း ဤနတ်ဘုရားပစ္စည်းကို မည်သူဖြစ်မည်ကို သူတို့သိလိုက်ကြသည်။

အလင်းလှိုင်းသည် ၂၀၀၀ ခုနှစ်အတွင်း အရပ် ၁.၆ မီတာရှည်သော မူလတန်းကျောင်းသားတစ်ဦးလို အောင်ပွဲရသည့်ဗိုလ်ချုပ်ကြီးတစ်ယောက်လို ကောင်းဖန်ရှေ့တွင် ရပ်နေသည်။

ကောင်းဖန်သည် ဤဗိုလ်ချုပ်ငယ်ပေါ် ဝတ်ရုံကို တင်လိုက်ပြီး ခေါင်းကို ပွတ်လိုက်သည်။

ဗိုလ်ချုပ်က အရမ်းပျော်သွားသည်။

ဝတ်ရုံကိုဝတ်ပြီးနောက် အလင်းလှိုင်းသည် လှည့်ပတ်ကာ နေရာမှ ပျောက်ကွယ်သွားသည်။

သူသည် အမြင်အာရုံ၊ အကြားအာရုံနှင့် အနံ့အရသာတို့မှ ပျောက်ကွယ်သွားသည်။

ကောင်းဖန်သည် အလင်းလှိုင်းနှင့် သွေးစာချုပ်ကြောင့်သာ သူ့ရှေ့တွင် ရပ်နေနေသည်ဟု ခံစားနိုင်သော်လည်း သူ့ရှေ့တွင် ဘာကိုမှ မတွေ့ရပေ။

ဒီလို လုပ်ကြံသတ်ဖြတ်မှုမျိုးသည် သတိအထားရဆုံး အမျိုးအစားဖြစ်သည်။

"ကောင်းဖန်... ကောင်းဖန်.. ငါကြည့်ကောင်းလား" အလင်းလှိုင်း၏ အသံသည် လေထဲမှ ထွက်လာသည်။

အလင်းလှိုင်းကို မမြင်နိုင်သော သားရဲ အားလုံးက ခေါင်းညိတ်လိုက်ကြသည်။ “ကောင်းလိုက်တာ” “အရမ်း ချောမောတယ်” “ကြည့်ကောင်းလိုက်တာ…”

“ဟားဟားဟား…” အလင်းလှိုင်း၏ ထိန်းမနိုင်သိမ်းမရ ရယ်မောသံသည် လေထဲမှ ထွက်ပေါ်လာသည်။

ကောင်းဖန်က သူ့နဖူးပေါ် လက်ကို တင်လိုက်သည်။ အလင်းလှိုင်းသည် အရင်က မည်မျှပင်အရပ်ပုပါစေ မြင်နိုင်သေးသည်။ သို့သော် ယခုတော့ လုံးဝ ပျောက်သွားပြီ ဖြစ်သည်။

ဆိုတော့ ဒါက ကောင်းသလား မကောင်းဘူးလားဆိုတာ သူ မပြောနိုင်တော့ပေ။

အလင်းလှိုင်းသည် အခြားသားရဲနောက်မှ ဖြတ်သွားသောအခါ ၎င်း၏နောက်ကျောမှ ဝတ်ရုံသည် လှုပ်ယမ်းသွားသည်။

သို့သော် အလင်းလှိုင်းကို မမြင်နိုင်ကြသောကြောင့် သူတို့အလုပ်သူတို့ ဆက်လုပ်နေကြသည်။

အလင်းလှိုင်းသည် ၎င်း၏လည်ချောင်းကို ရှင်းပြီး ချောင်းဟန့်လိုက်သည်။

ထိုအခါ သားရဲများ ရုတ်တရက် ထကြွလာပြီး "အလင်းလှိုင်းက ဒီနေ့ အရမ်းချစ်စရာကောင်းတယ်""မှန်တယ်" ဆိုပြီး ပုံကြီးချဲ့ထားသည့်အသုံးအနှုန်းအမျိုးမျိုးထုတ်ပြောကြပြန်သည်။

“...”

ကုန်းမြေဧကရာဇ်လိပ်ကြီး၏နောက်ကျောမှဆင်းလာသော ကောင်းဖန်သည် အထီးကျန်ဝင်္ကပါရှိ အက်ကွဲကြောင်းများကိုဖြတ်၍ ကမ္ဘာမြေကြယ်သို့ရောက်လာသည်။

အထီးကျန်ဝင်္ကပါရှိ အက်ကွဲကြောင်းသည် အနည်းဆုံး ဆယ်ဆ တိုးလာသည်။

အက်ကွဲကြောင်းကို တိုက်ရိုက်ဖြတ်ကျော်နိုင်သော အမြင့်ဆုံးသားရဲသည်လည်း အရှင်သခင်အဆင့်သို့ ပြောင်းလဲသွားသည်။

သားရဲလေ့ကျင့်သူတော်တော်များများသည် ဧကရာဇ်အဆင့်ကိုရောက်ပြီး သူတို့ သားရဲ၏ နေရာလွန်စွမ်းအင်ကို နိုးထစေသောကြောင့် အာကာသအက်ကွဲကြောင်း၏ အဆင့်ကန့်သတ်ချက်သည် အဓိပ္ပါယ်မရှိတော့ပေ။ ကမ္ဘာမြေကြယ်သည် ယခုတွင် နဝမမြောက်ကောင်းကင်ဘုံနှင့် ချိတ်ဆက်ထားသောကြောင့် ကမ္ဘာမြေကြယ်၏ အဆင့်ကန့်သတ်ချက်မှာလည်း ပျောက်ကွယ်သွားပြီဖြစ်သည်။

ယွိကျိုးကိုလည်း ဖြိုချခြင်းမရှိခဲ့ပေ။ မူလယွိကျိုးသည် ကြီးမားကျယ်ပြန့်လာခဲ့ပြီးယွိကျိုး၏ အခြေခံမြို့သည် အာရှ၏ ဗဟိုမြို့ ဖြစ်လာသည်။

ယွိကျိုးတွင်ရှိသည့် အနက်ရောင်မြူခိုးကမ္ဘာသို့ဦးတည်သွားသော အက်ကွဲကြောင်းကြောင့် ၎င်းသည် အာရှ၏ ဗဟိုမြို့ ဖြစ်လာရခြင်းဖြစ်သည်။

ယန်စီမြစ်သည် တောင်အောက်၌ စီးဆင်းနေသည်။ ယွိကျိုး၏မြစ်ကမ်းနှစ်ခုကို နဂါးရုပ်ပုံသဏ္ဍာန်ရှိသော တံတားဆယ်စင်းက ဆက်သွယ်ထားသည်။

လှိုင်းလေထန်နေသော မြစ်ရေမျက်နှာပြင်အောက်မှ အမှောင်ရေစီးကြောင်းများ စီးဆင်းသွားသည်။

ဧရာမသတ္တဝါကြီးသည် အကြေးခွံ သို့မဟုတ် ခြေသည်းများကို ရေပေါ်တွင် မကြာခဏ ထုတ်ဖော်ပြသနေသည်။

ဤမြစ်၏ ဧရာမသတ္တဝါကြီးများသည် သစ်သားတုံးများကဲ့သို့ တံတားများကို ချိုးဖျက်ရန်အတွက် မြစ်မျက်နှာပြင်ပေါ် တစ်ကြိမ်သာ လှိမ့်ရန် လိုအပ်သည်။

ယွိကျိုးရှိ "အရှိန်လျှော့ခြင်းမျဉ်း" ကိုဖြတ်ကျော်ပြီးနောက် မြစ်အတွင်းရှိ ဧရာမသတ္တဝါကြီးများသည် မြစ်ထဲသို့တစ်ဖန် ပျော်မြူးစွာ လှုပ်ရှားလာကြသည်။

ယန်ဇီမြစ်၏ ပါးစပ်- အရှေ့ပင်လယ်..

ပင်လယ်ရေမျက်နှာပြင်ပေါ် မီတာတစ်ထောင် လှိုင်းလုံးကြီးများ၊ မိုးခြိမ်းတိမ်တိုက်များ ခေါင်းပေါ်သို့ စုရုံးလာကာ မိုးသွန်ချလာပြီး မှင်ရောင်ပင်လယ်ကြီးသည် ပင်လယ်ပြင်မှ ဖွားမြင်တော့မည့် ကြီးမားလှသော ဧရာမသတ္တဝါကြီးများသည် မှင်ရောင်ပင်လယ်ကြီးကဲ့သို့ မြင့်တက်လာသည်။

လျှပ်စီးလက်၍ မှေးမှိန်နေသောကမ္ဘာက လင်းထိန်သွားသည်။

ပင်လယ်ပြင်တွင် မီတာတစ်သောင်းမြင့်သော ဧရာမသတ္တဝါကြီးများသည် လှိုင်းလုံးကြီးပေါ်မှ ခုန်ဆင်းလာသည်။ ၎င်း၏ ဦးတည်ရာမှာ အနောက်ဘက်ဖြစ်သည်။

All Chapters