အခန်း (၇၈၁-၇၈၄)
Vol. 49 Ch. 781-784
အခန်း ၇၈၁ ချမ်းသာသုခနှင့်ပြည့်စုံသောဗုဒ္ဓ
ပေါင်းပင်ရှည်များသည် ဗုဒ္ဓ၏ ခြေတော်ရင်းကို ဖုံးလွှမ်းထားသည်။ မည်သည့် အချိန်က နောက်ဆုံး သန့်ရှင်းရေး လုပ်ခဲ့သည်ကို မည်သူမျှ မသိနိုင်ပေ။
ခြေဖဝါးဘေးတွင် ကျောက်တုံးတချို့ ကပ်နေသည်။ ဤကျောက်တုံးများသည် ပတ်ဝန်းကျင်နှင့် ရောနှောကာ ၎င်းတို့အပေါ်တွင် ရေညှိများပေါက်နေသည်။
ဤကိုလာသောလမ်းတစ်လျှေက်တွင် ကောင်းဖန်သည် လူများစွာသည် ဗုဒ္ဓဘုရားကို ယုံကြည်ပြီး ဆုတောင်းနေကြသည်ကို တွေ့လိုက်ရသည်။
ဤစစ်မှန်သောဘုရားသည် တောင်များပေါ်တွင် လျောင်းတော်မူပြီး ရောင့်ရဲတင်းတိမ်ပုံပေါ်သည်။ မျက်လုံးတွေ မှိတ်ထားပေမယ့် သူ့ပျော်ရွှင်မှုကို မြင်နိုင်သည်။
“အဲဒီညက ချောင်းကြည့်နေတဲ့သူက ဗုဒ္ဓဖြစ်ဖို့ မမျှော်လင့်ထားမိခဲ့ဘူး” ဟု ကောင်းဖန်က ပြောလိုက်သည်။
ဗုဒ္ဓသည် ခေါင်းလောင်းသံကဲ့သို့ ရယ်မောလိုက်သည်။
“နှစ်တွေ အများကြီးကြာမှ နတ်ဘုရားအဆင့် သားရဲလေ့ကျင့်သူကို ပြန်တွေ့နိုင်တာ တကယ့်ကို ရှားရှားပါးပါး မြင်ကွင်းပါပဲ”
“ကျွန်တော်တို့ရဲ့ ဟွာရှားမျိုးနွယ်စုကက ဗုဒ္ဓကို ဆက်ကပ်ဖို့ ဖိတ်ခေါ်ချင်ပါတယ်” ဟု ကောင်းဖန်က ပြောလိုက်သည်။
“မင်းရဲ့ လေသံက ဟိုတုန်းကလူလိုပဲ စိတ်တိုချင်စရာကောင်းတယ်” ဟုဗုဒ္ဓကမိန့်လိုက်သည်။ “မင်းအနိုင်ရရင် ငါလက်ခံမယ်”
ကောင်းဖန်က ခေတ္တရပ်လိုက်သည်၊ ဤဗုဒ္ဓ၏ ဇယားသည် သူ့စိတ်ထဲတွင် ပေါ်လာသည်။
[သားရဲ အမည်] - ချမ်းသာသုခနှင့်ပြည့်စုံသော ဗုဒ္ဓ
[သားရဲ အဆင့်] - ရိုးစင်းသော ဗုဒ္ဓ
[သားရဲ စွမ်းရည်ဆင့်] - ဒဏ္ဍာရီလာ အဆင့်/ ဒဏ္ဍာရီလာ အဆင့်
[သားရဲ အမျိုးအစား]- သတ္တု/ ထူးခြားဆန်းကြယ်
[စည်းမျဥ်း ထိန်းချုပ်မှု] - ခွန်အားကောင်းခြင်း စည်းမျဉ်း ၉ ရာခိုင်နှုန်း၊ ရွှေရောင်အလင်းစည်းမျဉ်း ၉ ရာခိုင်နှုန်း၊
[အထူးသွင်ပြင်လက္ခဏာ] - ဗုဒ္ဓ၏ နယ်ပယ်
[အကျိုးသက်ရောက်မှု ၁] - ဗုဒ္ဓသည် စွမ်းအင်ကျု အသက်သွင်းပြီးနောက် ဗုဒ္ဓ၏နယ်ပယ် စက်ဝိုင်းကို ဖွဲ့စည်းလိမ့်မည်။ ဗုဒ္ဓကို ဝန်းရံထားသော ရန်သူများသည် ပြင်းထန်စွာ နှိပ်ကွပ်ခြင်းကို ရင်ဆိုင်ရလိမ့်မည်။ ထို့နောက် သူတို့ရဲ့ အုပ်ချုပ်မှုစွမ်းရည်ကို ထိခိုက်လိမ့်မည်။ ဗုဒ္ဓ၏ တည်ရှိမှုကို ထိန်းသိမ်းခြင်းသည် စွမ်းအင်ကို လျော့နည်းစေသည်။
ချမ်းသာသုခနှင့်ပြည့်စုံသော ဓမ္မပါလ (အသက်သွင်းပြီးနောက်ဗုဒ္ဓသည် ချမ်းသာသုခနှင့်ပြည့်စုံသောဓမ္မပါလ အဖြစ်သို့ ပြောင်းလဲသွားမည် ဖြစ်သည်။)
[အကျိုးသက်ရောက်မှု ၁] - ချမ်းသာသုခနှင့်ပြည့်စုံသောဓမ္မပါလသည် ပို၍ကြီးမြတ်သော တန်ခိုးရှိသည်။ ခံနိုင်ရည်အားလည်းကောင်းသည်။
[အကျိုးသက်ရောက်မှု ၂] - ချမ်းသာသုခနှင့်ပြည့်စုံသောဓမ္မပါလတွင် နောက်ထပ်စွမ်းအင်များရှိသည်။ ချမ်းသာသုခနှင့်ပြည့်စုံသောဓမ္မပါလဖြင့် အနိုင်ယူခဲ့သော ရန်သူအားလုံးသည် သူ့ကို အလွန်ရိုသေကြလိမ့်မည်။ လေးစားမှုသည် အတိုင်းအတာတစ်ခုသို့ ရောက်ပါက ဗုဒ္ဓသည် ကြည်ညိုလေးစားမှုကို ခံစားရမည်ဖြစ်သည်။
အရိပ်အမြွက် - ချမ်းသာသုခနှင့်ပြည့်စုံသောဓမ္မပါလကို နေရောင်ရှိသောနေရာများတွင်သာ ထိန်းသိမ်းထားနိုင်သည်။
ဗုဒ္ဓ၏ ဉာဏ်အလင်း (ဗုဒ္ဓ၏ ကိုယ်ခန္ဓာအစိတ်အပိုင်းတိုင်းသည် ဗုဒ္ဓကို လင်းစေနိုင်သည်။)
အကျိုးသက်ရောက်မှု ၁ - ဗုဒ္ဓ၏အလင်းရောင်သည် အနာကျက်စေသောအကျိုးသက်ရောက်မှုရှိသည်။ ဒဏ်ရာတွေကို သက်သာပျောက်ကင်းစေပြီး မကောင်းသည့်အခြေအနေတွေကို ဖယ်ရှားပေးနိုင်သည်။
အကျိုးသက်ရောက်မှု ၂ - ဗုဒ္ဓ၏အလင်းရောင်သည် ပုံသွင်းနိုင်သည်။ ကွဲပြားသော ပုံသဏ္ဍာန်များအဖြစ် ပေါင်းစပ်နိုင်သည်။
အကျိုးသက်ရောက်မှု ၃ - ဗုဒ္ဓ၏အလင်းသည် သေစေနိုင်သည်။ စိတ်ဝိညာဉ်အမျိုးအစား သားရဲများတွင် အသုံးပြုသောအခါ ၎င်း၏သေခြင်းတရား ပိုများစေသည်။
ယခုအချိန်သည် နေ့ခင်းအချိန်ဖြစ်၍ ချမ်းသာသုခနှင့်ပြည့်စုံသောဓမ္မပါလအဖြစ်သို့ ပြောင်းလဲနိုင်ပြီဖြစ်သည်။
ကောင်းဖန်အတွေးထဲ နစ်သွားသည်။
သူက ဒန်ဘီကိုအနိုင်ယူပြီး သူ့ကိုစိတ်ဒဏ်ရာဖြစ်စေချင်ခြင်း ဖြစ်သည်။
ဤဗုဒ္ဓ၏ အကြံအစည်သည် မစင်ကြယ်ပေ။
သို့သော် တစ်ခုတည်းသော ကောင်းမှုမှာ ဤဗုဒ္ဓ၏ စည်းမျဉ်းနှစ်ခုသည် အဆင့်မြင့်စည်းမျဉ်းများနှင့် မတူပေ။
“ကျွန်တော်တို့ငြင်းတယ်” ကောင်းဖန်ကပြောလိုက်သည်။
တိုက်ခိုက်တော့မည့် ဗုဒ္ဓက အေးခဲသွားသည်။
မင်းတို့ ဘာလို့ ဇာတ်ညွှန်းအတိုင်း မသွားတာလဲ...
ကောင်းဖန် ပြောတာကို သူ သဘောပေါက်သွားသည်။
“မင်း….”
“ကျွန်တော်တို့အဆင်သင့်မဖြစ်သေးဘူး... နောက်မှ ကျွန်တော်တို့ ပြန်လာပြီး တိုက်ကြမယ်” ကောင်းဖန်က စိတ်လှုပ်ရှားမှုမရှိဘဲ “ခရီးထွက်လာတာဗုဒ္ဓကို တွေ့ရတာနဲ့တန်ပါတယ်” ဟုသာ ပြောလိုက်သည်။
“???” မင်းငါ့ကိုချီးကျူးရုံနဲ့ ပြီးသွားပြီလို့ မဆိုလိုဘူးလေ..
ကောင်းဖန်က သမ်းဝေလိုက်ပြီး ဒန်ဘီကို အဝေးသို့ ပို့ဆောင်လိုက်သည်။
တိုက်ခိုက်ဖို့ ဘယ်လိုမှမဖြစ်နိုင်ပေ။ ဗုဒ္ဓ၏စွမ်းအင်များက အလွန်သန်မာသည်။ ငါတို့ တလွဲတချော်လုပ်မိသွားရင်ဘယ်လိုလုပ်မလဲ....
ကောင်းဖန် အများကြီး တွေးနေသော်လည်း ၎င်းတို့သည် သူ၏ကိုယ်ပိုင်တွက်ချက်မှုများသာဖြစ်သည်။ ကောင်းဖန်သည် ဤစည်းမျဉ်းများ မည်မျှကွာခြားသည်ကို မသိပေ။
ဗုဒ္ဓသည် တိတ်ဆိတ်စွာ ထိုင်နေသည်။
သူက ကောင်းဖန် ထွက်သွားတာကို တိတ်တဆိတ်ကြည့်နေသည်။
မြတ်စွာဘုရားရှင်သည် အကြိမ်ပေါင်းများစွာ မတ်တပ်ရပ်လိုက်ချင်သော်လည်း သိက္ခာက သူ့ကိုချုပ်နှောင်ထားသည်။
“ဒီဗုဒ္ဓက နတ်ဘုရားဖြစ်ဖို့ မမျှော်လင့်ထားဘူး” ဟု ကောင်းဖန်က ပြောလိုက်သည်။
ယွိကျိုးသို့ ပြန်ရောက်သောအခါ ဧည့်သည်တစ်စုသည် ဓာတ်ခွဲခန်းသို့ ရောက်လာသည်။
နဂါးဖြူမျိုးနွယ်စု၊ ဟွမ်းဟူမျိုးနွယ်စုနှင့် အစိမ်းရောင်နတ်ဘုရားမျိုးနွယ်စုတို့ အားလုံးသည် တစ်ပြိုင်နက်တည်း စေလွှတ်လိုက်ခြင်း ဖြစ်သည်။
“လူကြီးမင်းပိုင်... ကျွန်တော် ဘာကြိုတင်ပြင်ဆင်မှုတွေလုပ်ထားသင့်တယ်ဆိုတာ ပြောထားလိုက်ရမှ “ ဟု ကောင်းဖန်က လက်ဝှေ့ယမ်းကာ ပြုံးရင်းပြောလိုက်သည်။
“မနေ့က ငါတို့မျိုးနွယ်တွေရဲ့ သားရဲလေ့ကျင့်သူကပြောတာ မင်းရဲ့သားရဲက … တကယ်ပဲ နတ်ဘုရားဖြစ်သွားတာလား… “ ပိုင်ထုံးမင်းသည် တောက်ပသော မျက်လုံးများဖြင့် ကောင်းဖန်ကို စိုက်ကြည့်နေပြီး သူ့အသံမှာ အနည်းငယ်တုန်ယင်နေသည်။
“ဟုတ်တယ်” ကောင်းဖန်ရိုးသားစွာ ခေါင်းညိတ်လိုက်သည်။
တစ်စုံတစ်ယောက်သည် စိတ်လှုပ်ရှားစွာဖြင့် စားပွဲကို ကန်လိုက်သည်။
ကောင်းဖန်ကို စူးရှသော မျက်လုံးများဖြင့် လူအိုကြီးတစ်စုသည် ဝန်းရံထားသည်။
ပိုင်ထုံးမင်းက အရမ်းစိတ်လှုပ်ရှားသွားသည်။ သူ့ကိုယ်သူ တည်ငြိမ်စေရန် အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။
“ဒါက ဘာအဓိပ္ပာယ်လဲ သိလား” ပိုင်ထုံးမင်း၏ အမူအရာက ရှုပ်ထွေးနေသည်။
“ဘာကိုဆိုလိုတာလဲ” ကောင်းဖန်စိတ်ရှုပ်သွားသည်။
“… “
တည်ငြိမ်လွန်းသော ဤကောင်လေးကို မြင်လိုက်ရသောအခါ သူ့ကို ထိုးကြိတ်ချင်လာသည်။
ဒါပေမယ့် သူ့ကိုမလုပ်နိုင်ပေ......
“ဘိုးဘေးတွေ နောက်ဆုံးတော့ ကျွန်တော်တို့….” အကြီးအကဲတစ်ယောက်သည် မျက်ရည်ကျလာသည်။
ကောင်းဖန်က ခေါင်းကုတ်လိုက်ပြီး “နတ်ဘုရားဖြစ်ဖို့ ခက်သလား” ဟု မေးလိုက်သည်။
“…”
ဒီလူကြီးတွေရဲ့ ရှုပ်ထွေးတဲ့အမူအရာတွေကို ကြည့်လိုက်ပြီး ကောင်းဖန်က ရှက်ရွံ့စွာ ချောင်းဟန့်လိုက်သည်။
“မင်း ဘာပြောချင်လဲ ငါတို့သိတယ်... အဓိကကတော့ အရင်းအမြစ်မလောက်တဲ့ အကြောင်းရင်းကြောင့်ပဲ” ပိုင်ထုံးမင်းက သက်ပြင်းချလိုက်သည်။
“နှစ်ထပ်ကမ္ဘာရဲ့အရင်းအမြစ်တွေက ငါတို့ဖွံ့ဖြိုးတိုးတက်ဖို့ အတွက် မလုံလောက်ဘူး.. အရင်းအမြစ်တွေအားလုံးက ပံ့ပိုးပေးမယ်ဆိုရင်တောင် ငါတို့က နတ်ဘုရားတစ်ခုကိုပဲ ဖန်တီးနိုင်မယ်.. အဲဒါကလည်းနှစ်ထပ်ကမ္ဘာမှာ နဂါးဖြူမျိုးနွယ်စုတစ်ခုပဲ ရှိတယ်” ဟု ပိုင်ထုံးမင်းက ဝန်ခံလိုက်သည်။ ယင်းမှာ ရှက်စရာမဟုတ်ပေ။
“လူတိုင်းက နတ်ဘုရားဖြစ်ချင်ကြတယ်” ပိုင်ထုံးမင်းက ထပ်ပြီး သက်ပြင်းချရင်း ပြောလိုက်သည်။ “ဒါပေမယ့် နှစ်ထပ်ကမ္ဘာမှာ အရင်းအမြစ်နည်းနည်းပဲ ရှိသေးတယ်... သူတို့ရဲ့ မျိုးဆက်ဟောင်းတွေက လူငယ်တွေရဲ့ ကြီးထွားမှုကို အမှီလိုက်လို့မရဘူး.. ဒါကြောင့် နတ်ဘုရား ဖြစ်လာဖို့ စိတ်ကူးကို ငါတို့အားလုံး စွန့်လွှတ်ခဲ့ကြတာ”
တခြားသက်ကြီးရွယ်အိုများအားလုံး ဝမ်းနည်းစွာ သက်ပြင်းချလိုက်ကြသည်။
“ကောင်းဖန် လေထဲက ဒြပ်စင်စွမ်းအင်ကို စုပ်ယူလိုက်ရုံနဲ့ ဖြတ်ကျော်ဖို့က အရမ်းခက်ခဲတယ်ဆိုတာ အမှန်ပဲ...” ဟု ပင်လယ်ဝတုတ်က ကောာင်းဖန်ကို စာချုပ်မှတဆင့် ပြောလိုက်သည်။ “ငါတို့ မြန်မြန်ဖြတ်သန်းနိုင်ခဲ့တာ လူမည်းကလေးကြောင့်ပဲ”
“နတ်ဘုရားကို ငါတို့ကြည့်လို့ရမလား” လေးစားမှုအပြည့်နဲ့ လူကြီးတစ်ယောက်က မေးလိုက်သည်။
ကောင်းဖန်သည် သူတို့ရဲ့ လေးစားမှုဟာ သူ့အတွက်မဟုတ်ပေမယ့် ဒန်ဘီအတွက်ဆိုတာသူသိသည်။
ဒါပေမယ့် သူက ဒန်ဘီ၏ သားရဲလေ့ကျင့်သူဖြစ်လို့ ကြီးကြီးမားမား ကွာခြားမှုတော့ သိပ်မရှိပေ။
ကောင်းဖန် တစ်ချက်တွေးပြီး ခေါင်းညိတ်ပြလိုက်သည်။ “ဟုတ်ကဲ့”
ကောင်းဖန်က ဒန်ဘီကို ပြန်ခေါ်လိုက်သည်။ ဒန်ဘီသည် ယခုအချိန်တွင် နတ်ဘုရားဖြစ်သည်။
လှိုဏ်ခေါင်းထဲမှ ခြေသံများထွက်လာသည်။ သက်ကြီးရွယ်အိုများက ခေါင်းကို လှည့်ကြည့်လိုက်ကြသည်။
အနက်ရောင် ၀တ်စုံကို ၀တ်ဆင်ထားသည့် ဒန်ဘီသည် ပြေးလွှားနေသည်။ ဝတ်ရုံထဲမှာ ဖန်ခွက်လို ရွှေရောင်တောက်ပြောင်နေသည့် အရိုးစုကိုယ်ထည်ရှိသည်။
၎င်း၏ လုပ်ဆောင်ချက်တိုင်းသည် ကြီးမားသော အခွင့်အာဏာကို ယူဆောင်လာသလိုပင်။
“နှစ်ပေါင်းများစွာကြာပြီးနောက်မှာ ငါတို့လူသားမျိုးနွယ်စုက နောက်ဆုံးတော့ နတ်ဘုရား တစ်ဖန်ပြန်လည်ရရှိခဲ့ပြီ”
အစိမ်းရောင်နတ်ဘုရားမျိုးနွယ်စုအကြီးအကဲတစ်ယောက် မျက်ရည်ကျလာသည်။
***
သားရဲလေ့ကျင့်သူ
အခန်း ၇၈၂ ဧရာမ ဝိညာဉ်ဗိုလ်ချုပ်ကြီး
ကောင်းဖန်သည် အဘိုးအိုအား စိုးရိမ်သောကဖြင့် ကြည့်ကာ ငိုရင်း မောလာမည်ကို စိုးရိမ်နေမိသည်။
“စိတ်အေးအေးထားပါ” ကောင်းဖန်က တစ်စုံတစ်ယောက်အား ချက်ချင်း နှလုံးရောဂါ သက်သာဆေး တစ်ဗူး ယူလာရန် အမြန် ခေါ်လိုက်သည်။
အကြီးအကဲများသည် ဒန်ဘီကို လှည့်ပတ် ကြည့်ချင်နေကြသော်လည်း အရိုးစုသတ္တဝါ ဒေါသဖြစ်မှာလည်း ကြောက်နေကြသည်။ သူတို့ပုံစံမှာ သူတို့ ကြိုက်တဲ့ အရုပ်ကို မြင်လိုက်ရသည့် ကလေးငယ်များနှင့် တူသည်။
ကောင်းဖန်က အံ့အားသင့်နေသော်လည်း သူတို့ကို မနှောက်ယှက်ပေ။
သူ့ဘက်မှာတော့ သူ့ကိုယ်ပိုင် သားရဲတွေကို ဆက်ပြီး ဖန်တီးနေသည်။
ယခင်ကနူးညံသောပုဇွန်နှင့် ကဏန်းသတ်သမားတို့သည် စမ်းသပ်ကြိုးစားမှုသာဖြစ်သည်။ ဒီအချိန်မှာ ကောင်းဖန်လုပ်ချင်တဲ့ သတ္တဝါက သာမန်သားရဲ မဟုတ်ပေ။
အခန်းထဲတွင် အသားရောင် လက်လေးဖက်မျောက်ဝံတစ်ကောင် အော်ဟစ်နေသည်။
ခန္ဓာကိုယ်သည်လှုပ်ရမ်းနေပြီး သူ့လက်မောင်းပေါ်ရှိ ကြွက်သားများတွင် မရေမတွက်နိုင်သော ကြွက်သားလေးများပါရှိပြီး အဆက်မပြတ် ကျုံ့သွားပုံရသည်။
ထိုစဥ် ကြီးမားသော အရှိန်အဟုန်တစ်ခု ဖြစ်ပေါ်လာသည်။
ပြင်းထန်သောခြေလှမ်းများသည် ဒန်ဘီ၏ပတ်ဝန်းကျင်ရှိ အကြီးအကဲများကို ထိတ်လန့်စေသည်။
သူတို့ လှည့်ကြည့်တော့ တံခါးဝတွင် မမြင်ဖူးသည့် သားရဲတစ်ကောင်ကို တွေ့လိုက်ရသည်။
“ဒီသားရဲ…” ချင်းယွင်နန်းသည် လျှာခလုပ်တိုက်သွားသည်။ ဒီသားရဲက လူနဲ့တူတယ်...
အရပ် ၁၆ ပေ မြင့်ပြီး ၎င်း၏ အရေပြားမှာ အဖြူရောင် ချပ်ဝတ်တန်ဆာ အလွှာ နှင့် လက်လေးချောင်း ရှိသည်။
အထင်ရှားဆုံးအရာမှာ ၎င်း၏မျက်နှာသွင်ပြင် ဖြစ်သည်။ ၎င်းတို့သည် လူသားတစ်ဦးနီးပါးတူညီသည်။
သူ့မှာ လက်လေးချောင်းပါတာကြောင့်သာ ကွဲပြားခြင်း ဖြစ်သည်။ မဟုတ်ရင် ဒါကိုလူသားသားရဲမျိုးလို့ ထင်ကြလိမ့်မည် ဖြစ်သည်။
“တောင်ပိုင်းကောင်းကင်မှာ သားရဲ အသစ်ကို ရှာတွေ့ထားတာပဲ... အရင်က တစ်ခါမှ မမြင်ဖူးဘူး”
“ဒါကို အသစ်တွေ့ရှိထားတဲ့ သားရဲတစ်ကောင်လို့ ယူဆနိုင်ပါတယ်” ကောင်းဖန်က အသေးစိတ် မပြောလိုက်ပေ။
“သူ့နာမည်ကဘာလဲ” ချင်းယွင်နန်းက မေးသည်။
ကောင်းဖန်က “ဧရာမဝိညာဉ်ဗိုလ်ချုပ်” ဟုဆိုသည်။
သားရဲ၏ဇယားမှ နာမည်သည် ဧရာမဝိညာဉ်ဗိုလ်ချုပ် သို့ ပြောင်းလဲသွားသည်။
[သားရဲ အမည်] - ဧရာမ ဝိညာဉ်ဗိုလ်ချုပ်
[သားရဲ အဆင့်] - အဆင့် ၆၄ (ဧကရာဇ်အဆင့်)
[သားရဲ စွမ်းရည်ဆင့်] - ထူးချွန်/ ထူးချွန်
ဧရာမ ဝိညာဉ်ဗိုလ်ချုပ်သည် ပြုပြင်မွမ်းမံခြင်းမပြုမီ ၎င်းသည် လက်လေးဖက်မျောက်နတ်ဆိုး ဟုခေါ်သော သားရဲတစ်ကောင်သာဖြစ်သည်။ ၎င်း၏အသွင်ပြောင်းခြင်းတွင်ကောင်းဖန်သည် သံချပ်ကာနှင့်တူသော အဖြူရောင် အရိုးစုတစ်ခုကို ထည့်သွင်းထားသည်။
၎င်းသည် အရိုးစုဖြစ်သောကြောင့် သံချပ်ကာသည် ကျိုးသွားသည့်တိုင် ကုသနိုင်မည် ဖြစ်သည်။
ကောင်းဖန်အတွက် လက်လေးဖက် မျောက်နတ်ဆိုး နှင့် ဧရာမ ဝိညာဉ်ဗိုလ်ချုပ်တို့သည် အလွန် အားနည်းသောသားရဲများ ဖြစ်သော်လည်း လက်ရှိ ဟွာရှားမျိုးနွယ်စု အတွက်တော့ ဧကရာဇ် အဆင့် အဆင့်မြင့် သားရဲဖြစ်နေဆဲ ဖြစ်သည်။
ဟွားရှားမျိုးနွယ်စုရှိ သန်မာသော သတ္တဝါအများစုမှာ ဘုရင်အဆင့်သာဖြစ်ကြသည်။
ဧကရာဇ်အဆင့် သားရဲလေ့ကျင့်သူတိုင်းသည် လေးစားဖွယ်ဂုဏ်သတင်းရှိကြသည်။
နောက်ပိုင်းတွင်တော့ မျိုးနွယ်စုသုံးစုမှ ဘိုးဘေးများနှင့် အကြီးအကဲများသည် ၎င်းတို့၏ ကနဦးစိတ်လှုပ်ရှားမှုမှ ငြိမ်သက်သွားကြသည်။
သူတို့သည် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ပြီးနောက် ပိုင်ထုံးမင်းက ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ပြီး ကောင်းဖန်ကို ပြောလိုက်သည်။ “ငါတို့ လူအိုကြီးတွေ ဒီသတင်းကို အမှန်လို့ အတည်ပြုလိုက်ပြီ.. ယခုမှစ၍ ငါတို့မျိုးနွယ်စုကြီး သုံးခုက မင်းတို့ ဟွာရှားမျိုးနယ်စုကို ငါတို့ရဲ့ ခေါင်းဆောင်အဖြစ် ထားရှိမှာ ဖြစ်တယ်”
ကောင်းဖန် အနည်းငယ် ထိတ်လန့်သွားသည်။ အကြိမ်များစွာ အတည်ပြုပြီးနောက်မှသာ ၎င်းတို့သည် တမင်သက်သက်နှိမ့်ချခြင်း မဟုတ်ကြောင်း သူသဘောပေါက်သွားသည်။
“ဘာကြောင့်လဲ” ကောင်းဖန်သည် သာမန်မေးခွန်းတစ်ခုသာ မေးလိုက်သည်။
ပိုင်ထုံးမင်းက ခေါင်းငုံ့ကာ ရယ်မောလိုက်သည်။ “ဒီကမ္ဘာမှာ ပါရမီရှင်တွေ တကယ်ရှိတယ်.. ငါတို့လူအိုကြီးတွေက ငါတို့ မျိုးဆက်မှာ ပါရမီရှင်တွေ ဖြစ်ခဲ့ကြပေမဲ့ မင်းက ငါတို့ထက် ဉာဏ်ပိုရှိတယ်... မင်းက ငါတို့ကို ပိုဦးဆောင်နိုင်တယ်.. ငါတို့အားလုံးက လူသားတွေပဲ... လုံလောက်တဲ့ အကြောင်းပြချက် လိုသေးလား....
“စိတ်ချပါ ငါတို့က အသက်ကြီးနေပြီ... ဒါပေမယ့် ငါတို့စကားတွေက အရေးပါနေတုန်းပဲ... ငါတို့ပြောတာက ငါတို့လူမျိုးစုကို ကိုယ်စားပြုတယ်”
“လူသားတွေအတွက်…” ကောင်းဖန်က သူ့ကိုယ်သူ ရေရွတ်လိုက်သည်။
“အတိအကျကို လူသားတွေအတွက်ပေါ့” ပိုင်ထုံးမင်းက ပထမတော့ ရယ်နေပေမယ့် သူ့အသံက စူးစူးရဲရဲ တောက်လောင်နေသည်။ “ဒီလောက် မရေမတွက်နိုင်အောင် ကြီးကျယ်ခမ်းနားတဲ့ အရာတစ်ခုကြောင့်... ငါတို့လူတွေ တော်တော်များများက သေသွားခဲ့ကြပြီ.. ငါတို့ကတော့ ဘာမှ မလုပ်ပဲ မသေနိုင်ဘူး... တစ်နေ့ ငါတို့လက်စားချေရလိမ့်မယ်”
ကောင်းဖန်သည် မျိုးနွယ်စုတွင် ကြီးပြင်းလာခြင်းမရှိသောကြောင့် ဤအတွေးမျိုးကို သူနားမလည်နိုင်ပေ။
ဒါပေမဲ့ မျိုးနွယ်စုကြီး သုံးခုက အလျှော့အတင်းလုပ်မယ်ဆိုရင်တော့.. ကောင်းဖန်က အတွေးတစ်ခုရပြီး လက်ခံလိုက်သည်။
ကောင်းဖန်က သူတို့ကို အရင်ပြန်ခိုင်းလိုက်ပြီး သူတို့ရဲ့ မျိုးနွယ်စုထဲက တခြားလူတွေကို တစ်စုံတစ်ခုအား အကြောင်းကြားခိုင်းလိုက်သည်။
ကောင်းဖန်သည် ဤအကြီးအကဲများကြောင့် ယဉ်ကျေးပျူငှာမည်မဟုတ်ကြောင်းလည်း ရှင်းရှင်းလင်းလင်းပြောလိုက်သည်။
အပြန်လမ်းတွင် ဟွမ်းဟူမျိုးနွယ်စု၏ ဘိုးဘေး ယွိရှုက မျက်မှောင်ကြုတ်ကာ “နောက်ဆုံးစကားက ဘာကို ဆိုလိုတာလဲ” ဟု မေးလိုက်သည်။
“သူပြောလိုက်တဲ့အတိုင်း အတိအကျပဲပေါ့” ပိုင်ထုံးမင်းက သူ့သားရဲ နဂါးဖြူတစ်ကောင်ကိုဆင့်ခေါ်ပြီး နောက်ကျောပေါ်တက်လိုက်သည်။
မနေ့ညက စမ်းသပ်မှုအပြီးမှာ ကောင်းဖန်က သူ့လက်တွေကို သုတ်ပြီး ဓာတ်ခွဲခန်းထဲက ထွက်လာကာ ဧရာမဝိညဉ်ဗိုလ်ချုက်က သူ့နောက်ကို လိုက်သွားသည်။
ကောင်းဖန်က သူ့သားရဲအားလုံးကို လွတ်လွတ်လပ်လပ် သွားလာနိုင်ဖို့ ဆင့်ခေါ်လိုက်သည်။
မှော်ဦးနှောက်သည် လေထုအလယ်တွင် လွင့်မျောနေပြီး ၎င်း၏အသိစိတ်သည် အခြားသားရဲများနှင့် ချိတ်ဆက်ကာ အရှေ့ပင်လယ်တွင် ကစားရန် ဖိတ်ခေါ်ထားသည်။
“ အံ့သြစရာပဲ... မင်းမှာ ဒီလောက်ကြီးတဲ့ ငါးကန်ရှိတာလား” ဂိုဒီက အော်လိုက်သည်။
“မင်းကို ‘ဦးလေး’ လို့ခေါ်မယ်” ဟု မှော်ဦးနှောက်က ပြောလိုက်သည်။
ဂိုဒီက မျက်နှာပျက်သွားကာ ညာလက်က မှော်ဦးနှောက်ကို ဆုပ်ကိုင်ထားသည်။
“မင်းရဲ့ ငါးကန်…”
“အရှေ့ပင်လယ်”
“ကောင်းပြီ.. မှန်တယ် မင်းရဲ့ပင်လယ်ကန်…” ဂိုဒီအတွေးလွန်သွားသည်။ “ငါးတွေ အများကြီးရှိရမယ်” ဘဲခြေထောက်များသည် ကြမ်းပြင်ပေါ်တွင် စည်းချက်ညီညီ ပုတ်နေသည်။
“ဟုတ်တယ် ပင်လယ်ထဲမှာ ငါးတွေအများကြီးရှိတယ်”
“အိုး-” ဂိုဒီက တင်ပါးကို ကုတ်လိုက်ပြီး ရင်းနှီးနေတဲ့ ရနံ့ကို ရှူဖို့ လက်ကို နှာခေါင်းပေါ် တင်လိုက်သည်။
ဂိုဒီ၏ မျက်လုံးများ ကျဉ်းမြောင်းသွားကာ မူးဝေသော လေသံဖြင့် “သူငယ်ချင်း... ငါ့မှာ ကိစ္စကြီးတစ်ခုရှိတယ်... ဒီကိုလာခဲ့ ငါမင်းကိုအသေးစိတ်ပြောပြမယ်” ဟု ပြောလိုက်သည်။
“စောင့်ဦး” သူတို့ရှေ့မှာ လေထဲက အသံတစ်ခုထွက်လာသည်။
မှော်ဦးနှောက်၏ စိတ်ဝိဥာဉ်စွမ်းအားသည် နေရာလွတ်ကို ကြည့်လိုက်သော်လည်း ဘာမျှမရှိပေ။
သို့သော် ထိုနေရာမှ အသံထွက်လာသည်မှာ သေချာသည်..။
ဂိုဒီက စိတ်မရှည်စွာဖြင့် “သွား... သွား.. သွားစမ်းပါ.. သဘောတူချက်ကို မဖျက်နဲ့” ဟု ပြောလိုက်သည်။ ဂိုဒီက သူ့ဖင်ထဲက ဒေါ်လာတစ်ဒေါ်လာကို ထုတ်ယူပြီး မြေပြင်ပေါ် ပစ်ချလိုက်သည်။ “သွားဝယ်လိုက်”
တစ်စုံတစ်ခုသည် လေထဲတွင်ပျံ့နှံ့သွားပြီး ဂိုဒီ၏ရင်ဘတ်ရှေ့က ဖြတ်သွားပုံမှာ မမြင်နိုင်သောဓားတစ်ခုကဲ့သို့ပင်။
ဂိုဒီသည် ၎င်း၏ အရေပြားအောက်မှ ထူထပ်သော အပြာရောင် စာများကို မျက်မှောင်ကြုတ်ပြီးကြည့်လိုက်သည်။ ၎င်း၏ ပြင်းထန်သော တည်ရှိမှုသည် အခန်းတွင်းသို့ ပျံ့နှံ့သွားသည်။ “မင်း ငါနဲ့ တိုက်ချင်တာလား... မင်းကငါ့ကိုအနိုင်ယူနိုင်မှာလား”
“ကြိုးစားရင် ငါတို့သိမှာပါ... မင်းရဲ့ အကျိုးသက်ရောက်မှုက အရမ်းအားကောင်းမှန်း ငါသိပါတယ်... ဒါပေမယ့် မင်းငါ့ရှေ့မှာ မင်းရဲ့ အကျိုးသက်ရောက်မှု စွမ်းရည်ကို ပွားဖို့ အခွင့်အရေးရှိမှာ သေချာလား” အလင်းလှိုင်းသည် အသံနက်နှင့်ပြောလိုက်သည်။
“ဟုတ်တယ်...ဒီနေရာပဲ” မှော်ဦးနှောက်က တွေးလိုက်သည်။
သူ့ရှေ့က ဗလာဖြစ်နေသည့်နေရာကို ထပ်ကြည့်လိုက်သည်။
၎င်း၏ စိတ်ဝိဥာဉ်စွမ်းအားဖြင့် ထပ်ခါထပ်ခါ ကြည့်သော်လည်း ထိုနေရာတွင် ဘာမှမရှိပေ။
ဒါက ဘယ်လိုဖုံးကွယ်မှုနည်းပညာလဲ... အကယ်၍ ၎င်းသည် ဦးနှောက်၏ရန်သူဖြစ်ပါက ၎င်း၏ရှေ့တွင်ရပ်နေသည့်တိုင် ဦးနှောက်ကို ရှာမတွေ့ဟု ဆိုလိုခြင်း ဖြစ်နေသည်ပင်။
မှော်ဦးနှောက်သည် အလွန်ရှုပ်ထွေးသော ခံစားချက်များ ရှိလာသည်။
“သခင်က ဒီမှာရှိသေးတယ်... ငြိမ်ငြိမ်နေ” ဟု ဒန်ဘီက အော်ဟစ်လိုက်သည်။
ဂိုဒီနှင့် အလင်းလှိုင်းတို့သည် နောက်ထပ် သုံးစက္ကန့်ကြာအောင် ရှေ့မတိုးနောက်မဆုတ်သာ ဖြစ်နေပြီးနောက် ၎င်းတို့၏ တည်ရှိမှုကို တုန်လှုပ်ခြောက်ခြားစွာဖြင့် ရုပ်သိမ်းလိုက်သည်။
“ကိစ္စမရှိပါဘူး... ငါကလေးတစ်ယောက်နဲ့ ရန်ဖြစ်မှာမဟုတ်ဘူး” ဂိုဒီက သူ့လက်တွေကို ကျောနောက်မှာထားပြီး ခေါင်းညိတ်ပြရင်း ထွက်သွားလိုက်သည်။ “မင်းပြီးရင် ငါမင်းကို ဒေါ်လာ ၁၅ သန်းတန် သဘောတူညီချက်အကြောင်း ပြောမယ်”
နေရာလွတ်သည်ပုံပျက်သွားပြီး အလင်းလှိုင်း၏ ပုံသဏ္ဌာန်သည် မှော်ဦးနှောက်၏မြင်ကွင်းတွင် ပေါ်လာသည်။
“မင်းငါ့ကိုရှာနေတာလား” မှော်ဦးနှောက်သည် ဝိညာဉ်လှိုင်းများမှတစ်ဆင့် အလင်းလှိုင်းနှင့် ဆက်သွယ်ကာ ၎င်း၏ အတွေးများကို အလင်းလှိုင်း၏ စိတ်ထဲသို့ တိုက်ရိုက် ပြသလိုက်သည်။
အလင်းလှိုင်းက ခေါင်းညိတ်လိုက်သည်။ “မင်းမှာ သားရဲတွေရဲ့ အသွင်အပြင်ကို ပြောင်းလဲနိုင်စွမ်းရှိတယ်လို့ သူတို့ပြောနေတာကို ငါကြားလိုက်ရတယ်”
အလင်းလှိုင်းက ဒါကို ပြောတဲ့အခါ မှော်ဦးနှောက်က သူ့ရဲ့ မျက်လုံးတွေ တောက်ပနေတာကို သတိထားမိလိုက်သည်။ “ဟုတ်တယ်”
“အစ်ကိုကြီး.. မင်းရဲ့စွမ်းအင်က အရမ်းကောင်းတယ်... စည်းကမ်းတွေကို လိုက်နာပါ” အလင်းလှိုင်းက ပြောလိုက်သည်။
“စည်းကမ်းလိုက်နာတာလား”
“ဟုတ်တယ်... မင်းရဲ့ အသွင်အပြင်ကို ပြောင်းလဲနိုင်တဲ့ စွမ်းအင်က စည်းကမ်းတွေကို လိုက်နာတာ အရမ်းကောင်းတယ်” အလင်းလှိုင်းက လေးနက်သော မျက်နှာဖြင့် ပြောလိုက်သည်။
***
သားရဲလေ့ကျင့်သူ
အခန်း ၇၈၃ ထာဝရ အမြဲစိမ်းငှက်
မှောဦးနှောက်သည် ယခုကဲ့သို့ အခြားသူတစ်ဦးမှ ချီးကျူးခြင်းခံရသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။
သူသည် မြင့်မြတ်သောတာဝန်တစ်ခုထမ်းဆောင်ရန် ရှိသကဲ့သို့ ခံစားလိုက်ရသည်။ သူ့ကိုယ်သူတောင် ဒီလောက် သန်မာတဲ့ စွမ်းအင် ရှိဖို့ မမျှော်လင့်ထားပေ။
အလင်းလှိုင်းက ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
“အခု မင်းရဲ့ စွမ်းအင်က ဘယ်လိုလဲ” အလင်းလှိုင်းက တိတ်တိတ်လေး မေးလိုက်သည်။
မှော်ဦးနှောက်က ခဏလောက် စဉ်းစားလိုက်သည်။ “ငါက သားရဲတစ်ကောင်ရဲ့ အသွင်အပြင်နဲ့ ပုံသဏ္ဍာန်ကို ပြောင်းလဲနိုင်တယ်.. အခြေခံအားဖြင့်တော့ သူ့ရဲ့ အရင်အသွင်အပြင်ကို ဘယ်သူမှ မြင်နိုင်မှာ မဟုတ်ဘူး”
“အဲဒါက အရမ်း အစွမ်းထက်တယ်” အလင်းလှိုင်း၏ မျက်လုံးများ တောက်ပလာသည်။
“ကောင်းပြီ” မှော်ဦးနှောက်က ပိုပျော့ပျောင်းလာသည်။
“ဒါဆို... လက်မဝက်”
“ဘာ”
“ငါ့ရဲ့ အရပ်ကို လက်မဝက်လောက် ရှည်အောင်လုပ်ပေး” အလင်းလှိုင်းက ပြုံးလိုက်သည်။
မှော်ဦးနှောက်သည် ရုတ်တရက် နိုးထလာပြီး ၎င်း၏ သံသယများအားလုံးသည် ခဏအတွင်း ရှင်းလင်းသွားပြီဖြစ်သည်။ ထင်သားပဲ..
“ပြဿနာမရှိပါဘူး”
ခရမ်းရောင်လှိုင်းများသည် အလင်းလှိုင်းကို ဖုံးလွှမ်းသွာသည်။
လှိုင်းများသည် တဖြည်းဖြည်း ထူလာကာ အလင်းလှိုင်း၏ မျက်လုံးများကို ပိတ်သွားစေသည်။ အရေးကြီးသော အခမ်းအနားတစ်ခု အခိုက်အတန့်တစ်ခုလို ခံစားလိုက်ရသည်။
မျက်လုံးဖွင့်နိုင်တဲ့အချိန်ကို အရမ်းပျော်ပြီး စိတ်အားထက်သန်စွာ မျှော်လင့်နေသည်။
ထိုအခိုက်အတန့်သည် အံ့သြစရာအကောင်းဆုံးဖြစ်လိမ့်မည်။
“အလင်းလှိုင်း” ဂိုဒီ၏ အသံ ထွက်ပေါ်လာသည်။
အလင်းလှိုင်းက မျက်ခုံးမွှေးကို ပင့်တင်လိုက်သည်။ “ဘာလဲ”
“ကံကောင်းပါစေ” ဂိုဒီက ပြုံးပြီး တင်ပါးကို ကုတ်ကာ ပျော်ရွှင်စွာ ကြည့်နေလိုက်သည်။
အချိန်က စက္ကန့်နဲ့အမျှ ကုန်ဆုံးသွားသည်။
“ပြီးပြီလား” အလင်းလှိုင်းက မေးလိုက်သည်။
ဘယ်သူမှ မဖြေဘူး...
အလင်းလှိုင်း၏ နှလုံးသားသည် ရုတ်တရက် သံသယများ ရှိလာပြီး တစ်ချက်ခုန်သွားသည်။
ဆယ်မိနစ်လောက်ကြာတော့ သူက “ဘယ်လောက်ကြာဦးမှာလဲ” ဟု မေးလိုက်သည်။
“ငါမသိဘူး... ငါ့ရဲ့အသွင်ပြောင်းနိုင်စွမ်းက မင်းအတွက်ဘာလို့အလုပ်မဖြစ်လဲဆိုတာ ငါသေချာမသိဘူး” မှော်ဦးနှောက်၏ ပင်ပန်းနွမ်းနယ်သော အသံ ထွက်ပေါ်လာသည်။
အလင်းလှိုင်းက မျက်လုံးဖွင့်လိုက်သည်။
“မင်းက ငါ့ကို ကစားနေတာလား”
ဂိုဒီက ပြုံးစိစိနှင့် “ကောင်းပြီ အစ်ကို... အခု ငါ့အလှည့်ရောက်ပြီ” ဟု ပြောလိုက်သည်။
ကျယ်လောင်သောအသံနှင့်အတူ ဓားတစ်ချောင်းသည် ဂိုဒီ၏လည်ပင်းနားတွင် ထိုးရပ်သွားသည်။
နှစ်စက္ကန့်ကြာ တိတ်ဆိတ်သွားပြီးနောက် အလင်းလှိုင်းသည် ၎င်း၏ဓားလက်မောင်းကို ဆုတ်ခွာကာ အထီးကျန်စွာ ထွက်ခွာသွားသည်။
“ဘာလို့လဲ ငါသိတယ်” ဂိုဒီက ပြောလိုက်သည်။
အလင်းလှိုင်းသည် ရွေ့လျားမှုကို ရပ်လိုက်ပြီး ခေါင်းကို စောင်းလိုက်သည်။
“ဘာလို့လဲ”
“အကြောင်းပြချက်က ရိုးရှင်းပါတယ်.. မင်းက မှော်ဦးနှောက်ထက် ပိုသန်မာလို့ပဲ”
အလင်းလှိုင်းအံ့ဩသွားသည်။ ဒါက ဘယ်လို ရူးသွပ်တဲ့ အကြောင်းပြချက်လဲ....။
“မှော်ဦးနှောက်ရဲ့စွမ်းအင်က သူ့ထက် အားနည်းတဲ့ သတ္တဝါတွေ အတွက်ပဲ သုံးလို့ရတယ်... ဟုတ်တယ် မဟုတ်လား “
“မသိဘူး…” မှော်ဦးနှောက်က ခါးခါးသီးသီး ပြောလိုက်သည်။
အခုမှပဲ တိုးတက်လာတော့ သူသည် ဒီစွမ်းအင်ကို စူးစမ်းနေဆဲဖြစ်သည်။
၎င်းသည် မကြာသေးမီကမှ အခြားသော သားရဲကို အသွင်ပြောင်းနိုင်သည့် စွမ်းအင်ကို ရရှိထားသောကြောင့် ယခုအခါ စမ်းသပ်မှုနှင့် အမှားအယွင်းများကို စူးစမ်းရှာဖွေနေရသည်။
“ဒါဖြစ်သင့်တယ်.. အကန့်အသတ်မရှိသာ သုံးနိုင်ရင် မင်းဆန္ဒအတိုင်း နတ်ဘုရားတောင်မှ ပြောင်းလဲနိုင်မှာ မဟုတ်လား” ဂိုဒီက ပခုံးတွန့်လိုက်သည်။
“အကန့်အသတ်မရှိ ဒီလိုစွမ်းအင်မျိုး ဘယ်လိုရှိနိုင်မှာလဲ”
အလင်းလှိုင်းသည် ခဏမျှ တိတ်ဆိတ်သွားသည်။
မျက်လုံးများက နွေးထွေးမှုအပြည့်နှင့် ခေါင်းငုံ့ထားသည်။
ထိုအရာကို မျှော်လင့်ချက်ဟုလည်း ခေါ်သည်။
“မင်းပြီးတဲ့အခါ ပြော... ငါလုပ်မယ်” အလင်းလှိုင်းက လေးနက်စွာပြောလိုက်သည်။
ဂီုဒီသည် အဓိပ္ပါယ်ပြည့်ဝသောအပြုံးကို ပြုံးပြလိုက်သည်။
၎င်းသည် မှော်ဦးနှောက်ကို ပွေ့ချီကာ ထောင့်တစ်နေရာသို့ လျှောက်သွားလိုက်သည်။ “ငါမင်းကိုတစ်ခုမေးလို့ရမလား”
“ဘာလဲ...”
“ဒါက ၁၀ ဘီလီယံ ရင်းနှီးမြုပ်နှံမှု... မဟုတ်ဘူး ၁၀ဘီလီယံ ထပ်ပိုတယ်... ၁၀၀ ဘီလီယံ ...ထရီလျံထက်ပိုတဲ့ ရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်လို့ ငါ တကယ်ကို အလေးအနက်ပြောတာပါ”
မှော်ဦးနှောက်သည် ဆွံ့အနေသည်။
“အရှေ့တရုတ်ပင်လယ်က ရတဲ့ငါးတွေကို ရောင်းပေးမယ်... စျေးကွက်ကြီးတစ်ခုရှိတယ်” ဂိုဒီက မတော်တရော် ပြုံးလိုက်သည်။
“အဲဒီမှာ ငါးတစ်ကောင်ကို ဒေါ်လာတစ်ရာပေးလိမ့်မယ်” ဂိုဒီက လက်ညိုးကို ကိုက်လိုက်သည်။ “မဟုတ်ရင် ငါ့ငွေတွေ ဆုံးလိမ့်မယ်”
မှော်ဦးနှောက်က ဖြည်းညှင်းစွာ မေးခွန်းထုတ်လိုက်သည်။ “ ဒီလောက်အဝေးကြီးကို ငါဘယ်လိုပို့ပေးရမလဲ.. ငါလုပ်ရင်တောင် ပုပ်သွားလိမ့်မယ်”
“ငါတို့ သူတို့ကို အေးခဲထားလို့ရပါတယ်” ဂိုဒီက မြန်မြန်ပြောလိုက်သည်။
“ဒါဆို... စမ်းကြည့်ရအောင်” မှော်ဦးနှောက်သည် စိတ်ကူးဖြင့် အဆင်ပြေသည်ဟု တွေးလိုက်သည်။ အရှေ့တရုတ်ပင်လယ်တစ်ခုလုံးမှာ ငါးဘယ်နှစ်ကောင်ရှိနိုင်မလဲ...
အရေအတွက်များလွန်းသောကြောင့် ရေတွက်ရန် ပျင်းလွန်းလှသည်။
ငါးတစ်ကောင်က ဒေါ်လာ ၁၀၀ ကုန်ကျပြီး ၁၀ ဘီလီယံမှာ ငါးသန်း ၁၀၀ ရှိနိုင်သည်။
ဂိုဒီသည် အတွေးနှင့်ပင် ပျော်နေသည်။
ဂိုဒီသည် မှော်ဦးနှောက်၏သဘောတူညီချက်ကို လက်ခံရရှိပြီးနောက် ၎င်း၏ရင်းနှီးမြှုပ်နှံမှုကိုရယူရန် ကောင်းဖန်ထံပြေးသွားသည်။
မှော်ဦးနှောက်က ဖြတ်သွားသည့် အလင်းလှိုင်းကိုကြည့်ကာ ပင်ပန်းစွာ ပြုံးပြလိုက်သည်။
“ငါ့နောက်လိုက်ခဲ့ပါ” အလင်းလှိုင်းသည် မှော်ဦးနှောက်၏ နောက်ကျောပေါ်သို့ ခုန်တက်သွားသည်။
“ဘယ်သွားမလို့လဲ”
“မင်းကို ပိုသန်မာလာအောင် လုပ်ဖို့လေ”
“ဘာ...နေပါဦး...”
…
ရင်းနှီးမြှုပ်နှံမှုရှာနေတဲ့ ဂိုဒီကို လွှတ်လိုက်ပြီးနောက် ကောင်းဖန်က မျက်ခုံးမွှေးတွေကို ပွတ်သပ်လိုက်သည်။ ဂိုဒီနှင့် မှော်ဦးနှောက်တို့က ဖန်တီးထားတဲ့ ကုမ္ပဏီတစ်ခုမှာ သူ အခုလေးတင် ရင်းနှီးမြှုပ်နှံထားလိုက်ခြင်း ဖြစ်သည်။
ကုမ္ပဏီ၏လုပ်ငန်းသည် ပင်လယ်စာရောင်းဝယ်ရေး၊ ပစ္စည်းများရောင်းချခြင်း၊ ပရီမီယံငါးစည်သွတ်၊ အသားထုတ်လုပ်ခြင်းစသည့် ကဏ္ဍပေါင်းစုံတွင် ပါဝင်ပတ်သက်သည်။
ကောင်းဖန်၏ အရင်းအနှီးနှင့် နည်းပညာများက သူ့ကို ၈၀ ရာခိုင်နှုန်း ရှယ်ယာများရစေသည်။ မှော်ဦးနှောက်သည် ကုန်ကြမ်းများကို ထောက်ပံ့ပေးပြီး ဆယ်ရာခိုင်နှုန်းရမည်။ ဂိုဒီ၏ပုဂ္ဂလိကရှယ်ယာသည် ကျန်ဆယ်ရာခိုင်နှုန်းဖြစ်သည်။
ကောင်းဖန်သည် ထိုကဲ့သို့ အစုရှယ်ယာများ အများအပြား ပိုင်ဆိုင်ရခြင်း အကြောင်းရင်းမှာ စက်ရုံအလုပ်၊ လူအင်အားနှင့် ထောက်ပံ့ပို့ဆောင်ရေး အပါအဝင် စျေးကွက် လိုအပ်ချက်များကို ကိုင်တွယ်ဖြေရှင်းရခြင်းကြောင့် ဖြစ်သည်။
ကောင်းဖန်၏အသေးစိတ်ရှင်းပြချက်အပြီးတွင် ဂိုဒီသည် အရှေ့တရုတ်ပင်လယ်ရှိ ငါးများကို ဒီတိုင်းရောင်းလျှင် လူအများ နှစ်သက်လိမ့်မည် မဟုတ်ကြောင်း နောက်ဆုံးနားလည်သွားသည်။ စျေးကွက်ချဲ့ထွင်ခြင်းနှင့် အရင်းအနှီးထုပ်ပိုးခြင်းမရှိဘဲ လူအများက ထုတ်ကုန်များကို သတိပြုမိကြမည်မဟုတ်ပေ။
ထို့ကြောင့် ဂိုဒီသည် ကောင်းဖန်၏ကြိုးစားအားထုတ်မှုကို အလွန်တန်ဖိုးထားသည်။
“သခင်လေး...ဒီမှာ အနက်ရောင်မြူခိုးကမ္ဘာက လူတစ်စု ဒီရောက်နေတယ်.. သူတို့က သခင်လေးကို လာတွေ့တာ” ကောင်းဖန်သည် အဖွဲ့တွင်း အချက်အလက်ချန်နယ်မှတဆင့် မက်ဆေ့ချ်ကို လက်ခံရရှိလိုက်သည်။
ကောင်းဖန်မျက်မှောင်ကြုတ်လိုက်သည်။
သူသည် ပင်လယ်ဝတုတ်၊ ဒန်ဘီနှင့် ဆီလီကို ခေါ်ပြီး အနက်ရောင်မြူခိုးကမ္ဘာသို့ ပြန်သွားရန် ခဏလောက် စဉ်းစားလိုက်သည်။
နေရာလွတ်အက်ကွဲကြောင်းမှ ဆင်းလာစဉ် ကောင်းဖန်သည် အစိမ်းရောင် ဆေးဆိုးထားသလို ဖြစ်နေသည်။
သူတို့ခေါင်းပေါ်၌ ကောင်းကင်၌ အစိမ်းရောင်နေရောင်က ထွန်းလင်းနေသည်။
နေ၏ ပုံပန်းသဏ္ဍာန်အတွင်း ခြေသုံးချောင်းရှိသော ငှက်တစ်ကောင် လွင့်ပျံလာသည်။
ကောင်းကင်ကြီးသည် ကြောက်မက်ဖွယ်ကောင်းသော ရောင်ဝါများဖြင့် ဖုံးလွှမ်းနေပြီး ဟာရီကိန်းမုန်တိုင်းများက အနက်ရောင်မြူခိုး ကမ္ဘာတစ်ခုလုံးကို မှုတ်ထုတ်လိုက်သကဲ့သို့ အစိမ်းရောင်နေ၏ အပြင်ဘက်အဝိုင်းကို ဝန်းရံထားသည်။
[သားရဲ အမည်] - ထာဝရအမြဲစိမ်းငှက်
[သားရဲစွမ်းရည်ဆင့်] - ထာဝရ/ ထာဝရ
[သားရဲ အမျိုးအစား] - လေ
[ကျွမ်းကျင်သည့် အမျိုးအစား] - မုန်တိုင်းစည်းမျဉ်း ၇ ရာခိုင်နှုန်း၊ မီးလေစည်းမျဉ်း ၆ ရာခိုင်နှုန်း၊ မီးလေစည်းမျဉ်း ၅ ရာခိုင်နှုန်း
[အထူးသွင်ပြင်လက္ခဏာများ] - လွန်ကဲလေ
အကျိုးသက်ရောက်မှု ၁ - လေအမျိုးအသား စည်းမျဉ်းကို အသုံးပြုသည့်အခါတိုင်း လေအမျိုးအစားနှင့်သက်ဆိုင်သော စည်းမျဉ်းများပေါ်တွင် ၎င်း၏ကျွမ်းကျင်မှုကို ယာယီစုစည်းထားမည် ဖြစ်သည်။ ၎င်းသည် အချိန်အတိုင်းအတာတစ်ခုအထိ ကြာရှည်ပေါင်းစည်းနိုင်သည်။
အကျိုးသက်ရောက်မှု ၂ - သက်ဆိုင်ရာ လေအမျိုးအစား စည်းမျဉ်းကို အသုံးပြုခြင်းဖြင့် ၎င်း၏ ပျံသန်းမှုအမြန်နှုန်းကို တိုးမြှင့်ပေးမည်ဖြစ်သည်။
မျက်ရည် (အကျိုးသက်ရောက်မှု ၁ - ရန်သူကို ပျက်စီးစေသော အခါတိုင်း ရန်သူ၏ ဒဏ်ရာကို ကိုက်ဖြတ်ရန် အခွင့်အလမ်းရှိသည်။
အကျိုးသက်ရောက်မှု ၂ - ရန်သူသည် ကွဲသွားသောအခါ ပြင်းထန်သော လုပ်ဆောင်ချက်သည် ဒဏ်ရာမှ သွေးထွက်စေပြီး ၎င်း၏ လုပ်ဆောင်ချက်၏ တွန်းအားကို ထိခိုက်စေသည်။)
အကြံပြုချက်များ - ပြတ်ရှဒဏ်ရာသည် သဘာဝအတိုင်း မပျောက်နိုင်ပေ။
နေမုန်တိုင်း (အကျိုးသက်ရောက်မှု ၁ - ထာဝရအမြဲစိမ်းငှက်သည် မုန်တိုင်းများကို ဆင့်ခေါ်နိုင်သည်။ ၎င်း၏ခန္ဓာကိုယ်ကိုကျော်လွန်၍ မုန်တိုင်းဖွဲ့စည်းမှုများသည် နေမုန်တိုင်းများဖြစ်သည်။
အကျိုးသက်ရောက်မှု ၂ - နေမုန်တိုင်းတွင် ထာဝရအမြဲစိမ်းငှက်၏ ကျွမ်းကျင်မှုအဆင့်နှင့် တိုင်ဖွန်းမုန်တိုင်း၏ အုပ်ချုပ်မှုအဆင့်သည် နှစ်ရာခိုင်နှုန်း တိုးလာမည်ဖြစ်ပြီး ယင်းအဆင့်ထက် ကျော်လွန်သွားနိုင်သည်။)
[သားရဲဖော်ပြချက်] - မုန်တိုင်းတွင် မွေးဖွားခဲ့သော ထာဝရအမြဲစိမ်းငှက်သည် လျင်မြန်သော အရှိန်ရှိပြီး လေဒြပ်စင်ကိုလည်း နှစ်သက်သည်။ ဤထာဝရအမြဲစိမ်းငှက်သည် လေသိမ်းပိုက်ခြင်းအမျိုးအစားလမ်းစဉ်ပေါ်တွင် စတင်ခဲ့သည်။
***
သားရဲလေ့ကျင့်သူ
အခန်း ၇၈၄ ကိုယ်စားလှယ် နှစ်ယောက်
နတ်ဘုရားအဆင့်ရှိ ထာဝရအမြဲစိမ်းငှက်တစ်ကောင်သည် နေမုန်တိုင်းများကို စုစည်းကာ ကောင်းကင်တွင် ပျံသန်းနေသည်။
ကောင်းဖန်က တိတ်တဆိတ် ရယ်မောလိုက်သည်။ စစ်တိုက်ဖို့ လိုအပ်တဲ့အခါ သူသည် ဘယ်တော့မှ ပျော့ပျောင်းမသွားပေ။
ထာဝရအရည်အသွေးနှင့် ဒဏ္ဍာရီလာအရည်အသွေးတို့ကြား ခြားနားချက်မှာ သားရဲများ၏ဝိသေသလက္ခဏာများတွင် သိပ်မကွဲပေ။ ဒဏ္ဍာရီလာအရည်အသွေးနှင့် ထာဝရအရည်အသွေး နှစ်ခုစလုံးတွင် သားရဲသွင်ပြင်လက္ခဏာများသည် သုံးခုသာရှိသည်။
အခြားနယ်ပယ်များတွင်သာ ထာဝရအရည်အသွေးနှင့် ဒဏ္ဍာရီဆန်ဆန်အရည်အသွေးတို့ကြား ကွာခြားချက်ရှိသည်။
ဒန်ဘီက ဒါကို နားလည်ပြီး ခြေတစ်လှမ်း လှမ်းလိုက်သည်။ နောက်တစ်ကြိမ် ဒန်ဘီပေါ်လာသောအခါ သူသည် ကောင်းကင်၌ ရှိနေပြီဖြစ်သည်။
ညာလက်နှင့် လက်ခုပ်တီးလိုက်သောအခါ မရေမတွက်နိုင်သော အရိုးဆူးထူကြီးများသည် အနတ္တနေရာမှ ပေါက်လာသည်။
၎င်းသည် အလယ်မှာ ပေါက်ကွဲနေသည့် ဧရာမပင်လယ်သံပခြုပ်ကြီးကဲ့သို့ပင်ဖြစ်နေသည်။
ဓားကြောင့်အရိုးများ ကွဲအက်ကာ ပေါက်ထွက်သွားသည်။
အရိုးဖြူဘောလုံးသည် ပွင့်လာပြီး ကျိုးပဲ့နေသောအရိုးဖြူအပိုင်းအစများသည် တိမ်လွှာပွင့်သွားကာ အနီရောင်တိမ်တိုက်များ ထွက်လာသည်။
အစိတ်စိတ်အမွှာမွှာ ကွဲနေသော အရိုးဘောလုံး၏ အလယ်ဗဟိုတွင် ပြင်းထန်သော အပြာရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။
အရှိန်ပြင်းပြင်းနှင့်အပြာရောင်မုန်တိုင်းသည် ကောင်းကင်ကို လွှမ်းသွားသည်။
လေသည် တဝေါဝေါတိုက်နေသည်။
ထာဝရအမြဲစိမ်းငှက်သည် စူးရှစွာ အော်ဟစ်လိုက်သည်။
အတောင်ပံတွေ ခတ်လိုက်ပြီး ကောင်းကင်ကြီးက ပြိုကျနေသလိုပင်ဖြစ်နေသည်။
ကြယ်စုံသည့် ကောင်းကင်ကနေ
မုန်တိုင်းထူသည့်ကောင်းကင်တစ်ခု ထွက်ပေါ်လာသည်။
အပြာရောင်ရောင်စဉ်တွေ တဖြည်းဖြည်း ကျဆင်းလာသကဲသို့ပင်။
ဟာရီကိန်းစည်းမျဉ်း - အရိုးများပျက်စီးနေသော မုန်တိုင်းမြစ်။
ကောင်းကင်၌အပြာရောင်ရောင်စဉ်ထူများသည် မြို့ကို သော့ခတ်ထားသော ကောင်းကင်တံခါးတစ်ခုကဲ့သို့ ရှိနေသည်။
မြို့ထဲကလူတိုင်း ကြောက်လန့်နေကြပြီး တချို့လူတွေက အိမ်မှာ ပုန်းနေကြပြီး တချို့က မြို့ထဲက ထွက်ပြေးချင်နေကြသည်။
ခဏတာတော့ မြို့က ရှုပ်ထွေးနေသည်။
“တိတ်တိတ်ဆိတ်ဆိတ်နဲ့ အိမ်ထဲမှာနေ” လုံခြုံရေးဌာနက အချိန်မီ အမိန့်ပေးနိုင်လိုက်သည်။ “အပြင်မထွက်နဲ့.. အားလုံး အိမ်ထဲမှာပဲ နေပါ”
အစောင့်များသည် အလံများကို ကိုင်ဆောင်ကာ ဝှေ့ယမ်းလိုက်ကြသည်။ တံပိုးခရာသံများသည် လမ်းမပေါ်မှာ တောက်လောင်နေသည်။
ဥပဒေကို ဖောက်ဖျက်ပြီး အခွင့်အရေးယူချင်သူတွေကို လုံခြုံရေးဌာနက ဖမ်းဆီးထိန်းသိမ်းထားသည်။
ခေတ္တအနှောက်အယှက်ဖြစ်ပြီးနောက် ငြိမ်သက်သွားသည်။
ကောင်းဖန်သည် မျက်လုံးများကို မှိတ်ထားသည်။
ဒန်ဘီသည် လက်များကို ဆန့်တန်းထားပြီး သူ၏အနက်ရောင်ဝတ်ရုံကို လေနှင့်အတူ မြှောက်ထားကာ အလင်းပိတ် ကျောက်ကျောဖြင့် ပြုလုပ်ထားသည့် ကြီးမားသော အရိုးလက်သည်းကို ပစ်လွှတ်လိုက်သည်။
ကြီးမားသော အရိုးလက်သည်းသည် ဟာရီကိန်း၏စိုးမိုးမှုကို ထိုးဖောက်ဝင်ရောက်ပြီး ထာဝရအမြဲစိမ်းငှက်ပေါ်သို့ ကျရောက်သွားသည်။
“ဝိညာဥ်ပညတ်”
ထာဝရအမြဲစိမ်းငှက်၏အမူအရာသည် အနည်းငယ်ပြောင်းလဲသွားပြီး ၎င်းသည် ခက်ခဲသော ဝိညာဥ်စည်းမျဉ်း တစ်ခုနှင့် မမျှော်လင့်ဘဲတွေ့ဆုံလိုက်ရသည်။
စိတ်ဝိညာဉ် ပညတ်သည် စိတ်ဝိညာဉ်ကို တိုက်ရိုက်တိုက်ခိုက်သည်။ စိတ်ဝိညာဉ်ပညတ်ကို ရင်ဆိုင်သောအခါ ကာကွယ်ရေးများစွာသည် အသုံးမဝင်ပေ။
ထာဝရအမြဲစိမ်းငှက်သည် ၎င်း၏လှုပ်ရှားမှုကို မထိန်းချုပ်နိုင်တော့ပေ။ ဝိညာဉ်လက်သည်းကို ရှောင်ရှားရန် ၎င်း၏အတောင်ပံများကို နောက်ပြန်ဆုတ်လိုက်သည်။ ကောင်းကင်မှ မုန်တိုင်းသည် သခင်၏ ထိန်းချုပ်မှု ဆုံးရှုံးလိုက်ပြီး ပျောက်ကွယ်သွားသည်။
ထာဝရအမြဲစိမ်းငှက်သည် နောက်ပြန်ဆုတ်သွားသော်လည်း ၎င်း၏အရှိန်အဟုန်သည် ပို၍ကြောက်စရာကောင်းလာသည်။
ဝိုင်းရံနေသော မီးလုံးကဲ့သို့ အပြာရောင် နေသည် ကြည်လင်ပြတ်သားစွာ မမြင်နိုင်လောက်အောင် မှုန်ဝါးနေသည်။
ဒန်ဘီသည် ရှေ့သို့ ဆက်၍ ဖိကာ ညာလက်ကို မြှောက်လိုက်သောအခါ သူ၏ လက်ဖဝါးထဲတွင် ကြောက်မက်ဖွယ်ရာ အမှောင်ထုတစ်ခု ပေါ်လာသည်။
အနက်ရောင်အစက်သည် မျဉ်းဖြောင့်အတိုင်း လှည့်ပတ်ကာ ပြင်းထန်သော မရဏလေများ ထွက်လာသည်။
သေခြင်းစည်းမျဉ်း - သေခြင်း၏အသွင်အပြင်။
သေခြင်းစည်းမျဉ်းသည် ဒန်ဘီ၏လက်ချောင်းထိပ်မှချက်ချင်းပျောက်ကွယ်သွားသည်။
နောက်အခိုက်အတန့်တွင် ထာဝရစိမ်းလန်းသောငှက်၏ရင်ဘတ်ပေါ်သို့ ကျရောက်သွားသည်။
“အား” ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
ထာဝရအမြဲစိမ်းငှက်သည် တောက်ပနေပြီး မျက်စိတစ်မှိတ်အတွင်းမှာပဲ ကီလိုမီတာ ငါးသောင်းကျော် ပျံသန်းပြီး ကောင်းကင်ယံမှ ပျောက်ကွယ်သွားသည်။
ထို့နောက် နတ္ထိနေရာမှ မှုန်ဝါးသောရုပ်သဏ္ဍာန်တစ်ခု ပြန်ပေါ်လာသည်။ ထာဝရအမြဲစိမ်းငှက်၏ မူလအပြာရောင်ပါးပြင်သည် အပြာရောင်ဖြစ်လာသည်။ သူ့ရင်ဘတ်ကို ငုံ့ကြည့်လိုက်သည်။
ဒန်ဘီ၏တိုက်ခိုက်ခြင်းခံလိုက်ရသော ဧရိယာရှိ အမွေးများသည် အဖြူနှင့် မီးခိုးရောင်သို့ ပြောင်းလဲသွားကြောင်းတွေ့လိုက်ရသည်။
ထာဝရအမြဲစိမ်းငှက်၏မျက်နှာသည် အနည်းငယ်ပြောင်းလဲသွားသည်။ သူတို့မိသားစုတွင် သေလွန်သော ထာဝရအမြဲစိမ်းငှက်များ၏ အမွေးများသာ ဤအရောင်ရှိသည်။
တကယ်က သေမင်းရဲ့ စည်းမျဉ်းဖြစ်သည်။
ထာဝရအမြဲစိမ်းငှက်သည် အစပိုင်းတွင် သံသယအချို့ရှိခဲ့သည်။ အစက လိမ်လည်လှည့်စားခံရမှာကို စိတ်ပူသော်လည်း ယခုတော့ မရဏပညတ်ဆိုတာ လုံးဝသေချာနေပြီဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် နတ်ဘုရား ထိန်းချုပ်ထားသည့် အချို့သော ပညတ်များသည် လှည့်စားခြင်း သို့မဟုတ် မှော်ပညာကို အသုံးပြုခြင်း ပညတ်များဖြစ်သည်။ ၎င်းတို့သည် အခြားပညတ်များကို အတုယူရာတွင် အလွန်လက်တွေ့ကျသည်။
ထို့ကြောင့် ထိုနတ်ဘုရားများကို အခြားဘုရားများက အလွန်မုန်းတီးကြပြီး ၎င်းတို့ကို နတ်ဘုရားများ၏ အရှက်တရားဟုပင် ခေါ်ကြသည်။
ဒါက သေခြင်းတရား အစစ်အမှန်ဖြစ်လို့... ပြဿနာရှိသည်။ ငါဒီကောင်ကို မသတ်နိုင်ရင် ထွက်ပြေးရမယ်...
အားသာချက်များနှင့် အားနည်းချက်များကို ချိန်ဆပြီးနောက် နောက်ဆုံးတွင် ထာဝရအမြဲစိမ်းငှက်သည် ဒုတိယအစီအစဉ်ကို အသုံးပြုရန် ဆုံးဖြတ်လိုက်သည်။
ကောင်းဖန်သည် ဒန်ဘီကို ကောင်းကင်မြို့သို့ ခေါ်ဆောင်သွားလိုက်သည်။ ထာဝရအမြဲစိမ်းငှက်သည် ၎င်း၏အရှိန်အဟုန်ကို လွှတ်လိုက်သောအခါ ကုန်းမြေဧကရာဇ်လိပ်ကြီးသည် ကြောက်လန့်သွားသည်။ ကီလိုမီတာ ဆယ်နှင့်ချီ ဝေးကွာသွားပြီး ကောင်းဖန် အသံကို ကြားလိုက်ရမှ ရပ်သွားသည်။
“သခင်.. အဲဒီကောင် ပြန်လာနေပြီ” ဒန်ဘီကကောင်းဖန်ကို ကာကွယ်ဖို့ ရှေ့ကို တိုးလာသည်။
“မင်းလက်ထဲမှာရှိတဲ့ လေလှိုင်းလက်မှတ်ကို လိုချင်တယ်” ထာဝရအမြဲစိမ်းငှက်သည် လူသားဘာသာစကားဖြင့် ပြောဆိုလိုက်သည်။
ကောင်းဖန်က မအံ့သြပေ။ ဒီငှက်၏ကိုယ်ရေးအကျဉ်းကိုမြင်တော့ လေအမျိုးအစားသိမ်းပိုက်ခြင်းလမ်းစဉ် ကိုစတင်သည်ဟု ဆိုထားသည်။ ထို့ကြောင့် ၎င်းလာရခြင်း၏ ရည်ရွယ်ချက်မှာ မည်သည့်အရာဖြစ်သည်ကို သူသိသည်။
“ဘာနဲ့ လဲမှာလဲ” ကောင်းဖန်သည် ဤထာဝရအမြဲစိမ်းငှက်ကို စိတ်ဝင်တစားကြည့်လိုက်သည်။
ထာဝရအမြဲစိမ်းငှက်သည် ယခုအချိန်တွင် မည်သည့်လေအမျိုးအစားစည်းမျဉ်းကိုမျှ မထုတ်ပြဘဲ ၎င်း၏ရုပ်သဏ္ဍာန်ကို ထုတ်ဖော်ပြသလာသည်။
ကောင်းဖန်၏မျက်လုံးထဲတွင်ပင် ထာဝရအမြဲစိမ်းငှက်၏ချောမောသောအသွင်အပြင်အတွက် ချီးမွမ်းခံရသည်။
ကိုယ်လုံးကိုယ်ပေါက် အချိုးအစားကျနပြီး သွယ်လျလျနှင့် အစိမ်းရောင် အမွေးအမှင်များကို မှန်ကဲ့သို့ ဖန်တီးထားသည်။ အစိမ်းရင့်ရောင် မျက်လုံးများသည် ကြည်လင်ပြတ်သားပြီး ကြော့ကြော့မော့မော့ရှိကာ ခြေသုံးချောင်းအတွင်း၌ လှပသော အမွေးအတောင်များသည် နောက်သို့ ခေါက်ထားသည်။
လေပွေများဖြင့် ဝန်းရံထားပြီး ၎င်း၏ လှုပ်ရှားမှုတိုင်းသည် လေနှင့် လုံးဝထပ်တူကျနေသည်။
အကယ်၍ ဂိုဒီသာ ဤနေရာတွင် ရှိနေပါက “ဒီလို လှပတဲ့ ဆံပင်ကို မဖြောင့်နိုင်တာ သနားစရာပဲ” ဟု သေချာပေါက်ပြောလိမ့်မည်။
“ငါ ထုတ်ပြနိုင်တဲ့ ရတနာတွေ ရှိနေသရွေ့ ငါ လုပ်မှာပါ” ထာဝရအမြဲစိမ်း ငှက်ကလေးက တိုးညှင်းသော အသံဖြင့် ပြောလိုက်သည်။
“ငါ့လက်ထဲမှာ လေလှိုင်းလက်မှတ်နှစ်ခုရှိတယ်.. တစ်ခုက တစ်ကြိမ်ပေါင်းစပ်ပြီး လေလှိုင်းလက်မှတ်သုံးခုနဲ့ ညီမျှတယ်... ဒါကြောင့် မင်းမှာ ရှိတဲ့ နတ်ဘုရားပစ္စည်းတွေနဲ့ လဲလှယ်နိုင်တယ်... စည်းမျဉ်း အကြောင်းအရာ နိမ့်တာက ပြဿနာမဟုတ်ဘူး ”
ထာဝရအမြဲစိမ်းငှက်၏ မျက်လုံးများ ပြူးကျယ်သွားကာ “ငါမှာ နတ်ဘုရားပစ္စည်းအပို မရှိတော့ဘူး... ငါ့မှာ မူလရှေးနတ်ဘုရားပစ္စည်း တစ်ခုပဲ ရှိတယ်” ဟု ပြောလိုက်သည်။
“လေလှိုင်းလက်မှတ်သုံးခုက ရှေးဟောင်းပစ္စည်းတစ်ခုနဲ့ မထိုက်တန်ဘူး” ထာဝရအမြဲစိမ်းငှက်က ခေါင်းယမ်းလိုက်သည်။
“တကယ်မတန်ဘူးလား”
“မတန်ဘူး” ထာဝရအမြဲစိမ်းငှက်က အသေအချာပြောလိုက်သည်။
“ဒါဆို မီးဘောက်ချာသုံးခုဆိုရင်ရော လဲလှယ်လို့ရလား” ကောင်းဖန်က အကြောင်းအရာကို ပြောင်းလိုက်သည်။
“ငါ့မှာ အဲဒါလည်း မရှိဘူး... ငါက လေအမျိုးအစား.. မီးပစ္စည်းက ငါ့အတွက် အသုံးမ၀င်ဘူး” ဟုထာဝရအမြဲစိမ်းငှက်က ခေါင်းခါလိုက်သည်။
မီးလက်မှတ်တွေကို ဘယ်မှာရနိုင်မလဲ...
ရဖို့က အရမ်းလွယ်တယ်ဆိုရင်.... လေလှိုင်းလက်မှတ်သုံးခုတောင် မရနိုင်ဘူးလား... ငါ့မှာ တစ်ခုတောင် မရှိဘူးလေ..
ထာဝရအမြဲစိမ်းငှက်က စောဒကတက်လိုက်သည်။ သိမ်းပိုက်ခြင်းလမ်းကြောင်းသည် စည်းကမ်းဖြစ်သောကြောင့် စည်းကမ်းရှိရမည်။
စည်းမျဉ်းများထဲမှ တစ်ခုမှာ စစ်ပွဲများကြားတွင် ပြိုင်ဆိုင်မှုအား တူညီသောအဆင့်တွင် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး မတူညီသောအဆင့်ရှိ စစ်ပွဲများတွင် အချင်းချင်း သတ်ကြရင်တော့ အခြားသူတစ်ဦး၏ လက်မှတ်ကို ယူနိုင်မည် မဟုတ်ပေ။
ဆိုလိုတာက ကောင်းဖန်နဲ့ ရောင်းဝယ်ဖို့အတွက် ထာဝရအမြဲစိမ်းငှက်က မီးလက်မှတ်ကို ရယူချင်တယ်ဆိုရင် သူက နတ်ဘုရားအဆင့်မှာ ယှဉ်ပြိုင်ရမှာ ဖြစ်သည်။
သိမ်းပိုက်ခြင်းလမ်းစဉ်အတွက် အရည်အချင်းပြည့်မီသူတွေထဲမှာ မီးအမျိုးအစားသည် အကောင်းဆုံးတွေဖြစ်သည်။
ထာဝရအမြဲစိမ်းငှက်က ကောင်းဖန်ကို စိတ်ပျက်လက်ပျက် ကြည့်ပြီး ပြောလိုက်သည်။ “မင်း ငါ့ ခက်ခဲအောင်ကို လုပ်နေတာ.. မီးလက်မှတ်ကို ယူချင်ရင် နတ်ဘုရားကို သတ်ရမယ်... ဒါဆို နတ်ဘုရားတစ်ယောက်ထက်မက လိုလိမ်မယ်... ကျေးဇူးပြုပြီး အခြေအနေကို ပြောင်းပေးပါ...”
ကောင်းဖန်က သက်ပြင်းချရင်း ပြောလိုက်သည်။ “ဒါက အလုပ်မဖြစ်ဘူး... အလုပ်မဖြစ်ဘူး... မင်းက ငါ့အတွက် ခက်ခဲအောင် လုပ်နေတာပဲ...
“ငါက ထောက်လှမ်းရေးအဖွဲ့အစည်းတစ်ခု ထူထောင်ချင်တာ... မင်းငါ့နဲ့ပူးပေါင်းမယ်ဆိုရင်... မြန်မြန်မငြင်းနဲ့... ဒီထောက်လှမ်းရေးအဖွဲ့အစည်းက နတ်ဘုရားတွေရဲ ရှေးဟောင်းပစ္စည်းတွေ၊ နတ်ဘုရားများကြားစစ်ပွဲတွေနဲ့ သိမ်းပိုက်ခြင်း လမ်းစဉ်အတွက် ယှဉ်ပြိုင်နေတဲ့ သားရဲတွေအကြောင်း အချက်အလက်များအပါအဝင် အချက်အလက်အမျိုးမျိုးကို စုဆောင်းကြမှာ”
ထာဝရအမြဲစိမ်းငှက်သည် ခေါင်းညိတ်ကာ စဉ်းစားလိုက်သည်။
ကောင်းဖန်က နောက်ဆုံးအချက်မှာ “တစ်ခါတလေမှာ ငါတို့အဖွဲ့အစည်းက စာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းတွေမှာ ကူညီပေးနိုင်ပါတယ်” ဟု ထည့်ပြောလိုက်သည်။
ထာဝရအမြဲစိမ်းငှက်သည် စကားမပြောဘဲ ကောင်းကျိုးဆိုးကျိုးများကို တွေးတောနေသည်။
“မင်းပါမယ်ဆိုရင် မင်းက ပထမဆုံးအကြီးအကဲများထဲက တစ်ဦးဖြစ်လာလိမ့်မယ်.. ပထမအုပ်စုတွင်းက အကြီးအကဲတွေအတွက် ဦးစားပေး မူဝါဒများရှိပြီး နှစ် ၁၀၀ အချက်အလက်များကို အခမဲ့ခံစားနိုင်မှာဖြစ်တယ်.. နှစ်တစ်ရာအတွင်း သတင်းအချက်အလက်အားလုံးကိုမင်းကို အခမဲ့ ထုတ်ပြန်ပေးမှာ”
“ငါက ဘာတွေ ပေးရမှာလဲ” ထာဝရအမြဲစိမ်းငှက်က မေးလိုက်သည်။
“အသေးအဖွဲအချက်အလက်အချို့ပဲ.. လိုအပ်လာတဲ့အခါ မင်းက အကူအညီကို ပေးယုံပဲ”
ထာဝရအမြဲစိမ်းငှက်သည် ဤအရာသည် အနည်းငယ်ထူးဆန်းသည်ဟု ထင်မိသော်လည်း သူမည်သို့ပင်ကြည့်ကြည့် ဤလူသား၏ အခြေအနေများသည် ၎င်းအတွက် အကျိုးရှိပုံရသည်။
ထာဝရအမြဲစိမ်းငှက်သည် သွေးဆောင်ခံလိုက်ရသည်။
ကောင်းဖန်က အခွင့်ကောင်းယူပြီး “မင်းသဘောတူရင် ငါရဲ့ လေလှိုင်းလက်မှတ်သုံးခုကို အခုပဲ ပေးလို့ရတယ်” ဟု ပြောလိုက်သည်။
ထာဝရအမြဲစိမ်းငှက်သည် ကောင်းဖန်ကို လေးလေးနက်နက်ကြည့်နေသည်။ “ငါဒီတိုင်းယူသွားမှာ မကြောက်ဘူးလား”
“ငါမင်းကိုယုံတယ်” ကောင်းဖန်က သူ့မျက်လုံးတွေကို တည့်တည့်ကြည့်ရင်း တင်းမာစွာပြောလိုက်သည်။
တစ်ချိန်တည်းမှာပဲ ကောင်းဖန်က သူ့စိတ်ထဲမှာ တိတ်တိတ်လေး တွေးလိုက်သည်။ ပြေးဝံ့ရင် ပြေးလေ.. မင်းသေမှာ သေချာတယ်...