← Chapters

အခန်း (၇၉၃-၇၉၆)

Vol. 50 Ch. 793-796

အခန်း (၇၉၃-၇၉၆)

Vol. 50 Ch. 793-796

အခန်း ၇၉၃ အာဏာရှင်ဂလက်စီ

ရွှံ့စေးလူသားသည် အေးခဲသွားပြီး ခြောက်သွေ့နေသော ခန္ဓာကိုယ်ပေါ်တွင် အက်ကွဲအက်ကြောင်းများ ပွင့်လာသည်။

ထို့နောက် မြေကြီးပေါ်တွင် အစိတ်စိတ်အမြွှာမြွှာ ကွဲသွားလေသည်။

မြေကြီးလှုပ်ခါသွားပြီးနောက် မြေဧရိယာ ကွဲသွားသည်။

အစိမ်းရောင် နတ်သစ်ပင်တစ်ပင်သည် ကောင်းကင်သို့ တက်လာသည်။

သစ်ပင်ကြီး၏ ထိပ်မှာ အရွက် ရှစ်ရွက်ခန့်က ယိမ်းထိုးကာ ရွှေရောင်တောက်နေသည်။ ထို့နောက် အကိုင်းအခက်များပေါ်တွင် ရွှေအရွက်များ ပေါက်လာသည်။

လေတိုက်၍ သစ်ရွက်များ ကြွေကျလာသည်။

နတ်သစ်ပင်အောက်ရှိ အမြစ်များသည် အခေါင်းပေါက်ထဲသို့ ထိုးကျသွားသည်။

မြေဆီလွှာဘောလုံးကြီးသည် အလွန်ကြီးမားသည်။ နတ်သစ်ပင်၏ပင်စည်ထက် အဆများစွာကြီးမားသည်။

သစ်ပင်၏ ပင်စည် အလယ်ဗဟိုသည် ရုတ်တရက် ပွင့်ထွက်သွားပြီး သစ်ပင်ပေါ်မှ မျက်လုံးဖွင့်လိုက်သကဲ့သို့ အတွင်းမှ အစိမ်းရောင် အလင်းတန်းများ ဖြာထွက်လာသည်။

ဒါက မဖြစ်နိုင်လောက်အောင်ထူးဆန်းသည်။

သစ်ပင်၏ကြားများမှ ကောင်းကင်သို့ အစိမ်းရောင် အလင်းတန်း ထွက်လာပြီး ၎င်း၏ လမ်းကြောင်းရှိ လေထု အားလုံးကို ကူးစက်ကာ လင်းထိန်သွားသည်။

အစိမ်းရောင် နွယ်ပင်များက ရောထွေးနေသည်။

အစိမ်းရောင်အလင်းရောင်ကြောင့် ပလက်တီနမ်ဓားခြေထောက်တစ်ခုကို ထိမှန်သွားပြီး ဒဏ်ရာအပြင်ဘက်တွင် အစိမ်းရောင်သစ်မျက်ဖြင့် ဖွဲ့စည်းလိုက်သည်။

ထောင်ပေါင်းများစွာသော စပျစ်နွယ်ပင်များမှ မီတာရာပေါင်းများစွာ ရှည်ထွက်လာပြီး ဓားခြေထောက်ကို ရစ်ပတ်ထားသည်။

သစ်သားစည်းမျဉ်း - အရွက်များကို ပြန်လည်အသက်သွင်းခြင်း။

ကပ်ပါးပေါက်များ၏ သစ်မျက်ဖြစ်လာသည်နှင့် အမျှင်နွယ်ပင်များသည် အပေါက်မှ အဆက်မပြတ်ပေါက်ထွက်ကာ မြွေတစ်ကောင်လို ညှစ်ထားမည် ဖြစ်သည်။ စပျစ်နွယ်ပင်ကြီးထွားမှုအတွက် စွမ်းအင်သည် ပိုင်ရှင်ကိုယ်တိုင်မှ လာသည်။

ရောဂါပိုးကူးစက်ခံရတာ ကြာလေလေ အခြေအနေ ပိုဆိုးလေဖြစ်သည်။

ပလက်တီနမ်ခြေဖဝါးသည် တုန်ခါသွားကာ ခံစစ်ရောင်ဝါက ၎င်းကို လှည့်ပတ်လိုက်သည်။ ငွေဖြူ ဓားမီးရောင်များက လေထဲတွင် ပျံ့လွင့်နေသည်။

နွယ်ပင်များသည် စက်ဝိုင်းပုံ ကွဲထွက်သွားသည်။

လေသည် ရုတ်တရက် တုန်ခါသွားကာ အခြားဒေသ၏ အာကာသသည် သိသိသာသာ ကွဲအက်လာသည်။

ပြီးတော့ ပျက်ယွင်းသွားသည်။

အာကာသထဲတွင် ပလက်တီနမ်အလင်းရောင်ဖြင့် ဖုံးလွှမ်းထားသော ချွန်ထက်သော ခြေဖဝါးနောက်တစ်ခု ထွက်ပေါ်လာသည်။

ကောင်းကင်ဘုံမှ နတ်ဓားကဲ့သို့ ခုတ်လှဲလိုက်သည်။

သစ်ပင်လူသားက ဒါကို ကြိုမြင်နေပုံရသည်။ နတ်ဘုရားဓားကို တားဆီးရန် နံဘေးမှ သစ်ပင်တစ်ပင်သည် ပြေးဝင်လာသည်။

သစ်သားကို ဓားမနဲ့ ခုတ်လိုက်သလိုပင်။

သစ်သားက နှစ်ခြမ်းကွဲသွားသည်။

ဒါပေမယ့် တိုက်ခိုက်မှု ခွန်အားအများစုကို ယူလိုက်သည်။ စပျစ်နွယ်ပင်ကွန်ယက်သည် ပလက်တီနမ်နတ်ဓားကို ရပ်တန့် စေနိုင်လိုက်သည်။

၎င်း၏ တိုက်ခိုက်မှုများကို နှစ်ကြိမ်ဆက်တိုက် ကြားဖြတ်တိုက်ခိုက်လိုက်သည်။

တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ကမ္ဘာ့အပြင်ဘက်ရှိ အရာဝတ္ထုသည် ၎င်း၏ခြေနှစ်ချောင်းကို ဆုတ်ခွာသွားကာ ကောင်းကင်၌ ကွက်လပ်နှစ်ခုကို ချန်ထားလိုက်သည်။

အပေါက်တွေက အဆက်မပြတ်ကျလာသည်။

ကမ္ဘာကြီး၏ စွမ်းအားများသည် ဂြိုလ်သားအဖျက်စွမ်းအားဖြင့် ဖန်တီးထားသော အာကာသအက်ကွဲကြောင်းများကို အလိုအလျောက် ဖြည့်ဆည်းပေးသည်။

သစ်ပင်ကြီးက ခဏလောက်စောင့်လိုက်သည်။ ကမ္ဘာပြင်ပမှ လှုပ်ရှားမှုများ ထွက်ပေါ်လာခြင်း မရှိတော့ပေ။

တကယ်လက်လျှော့လိုက်ပုံရသည်။

သစ်ပင်ကြီးသည် သက်ပြင်းတစ်ချက်ချလိုက်သည်။ နောက်ဆုံးတော့ အချိန်အတိုင်းအတာတစ်ခုအထိ ဆွဲထုတ်နိုင်သွားပြီဖြစ်သည်။

ဒါ ဒီကမ္ဘာကြီးအတွက် လုပ်နိုင်တဲ့အရာပဲ....

ထိုစဉ် ပလက်တီနမ်ဓားတစ်ချောင်းသည် ၎င်း၏မျက်ခုံးကြားရှိနေရာကို ထိုးဖောက်ဝင်ရောက်သွားသည်။

အချိန်က ရပ်တန့်သွားသည်။

သစ်ပင်ကြီးသည် တစ်စုံတစ်ခုပြောရန် ပါးစပ်ကိုဖွင့်လိုက်သည်။ သို့သော် ခန္ဓာကိုယ်အနှံ့ အပေါက်များပွင့်သွားပြီး ပလက်တီနမ်အလင်းတန်းများသည် ပါးစပ်နှင့် ထိုတွင်းပေါက်များမှ ထွက်လာသည်။

သစ်ပင်ပေါ်မှ မထင်မရှား အသံတစ်ခု ထွက်ပေါ်လာသည်။

သစ်ပင်ကြီးသည် ဟိန်းဟောက်လိုက်သည်။ တုန်လှုပ်သွားပြီး နောက်ဆုံးတော့ သူ့ခန္ဓာကိုယ် ကျိုးကျသွားသည်။

ဤကမ္ဘာ၏အစွန်းတွင် ရွှံ့စေးလူသားနှင့် ငါးတစ်ကောင်သည် တစ်စုံတစ်ခုကို ခံစားလိုက်ရသည်။ ထို့နောက် သစ်ပင်ကြီး၏ ဦးတည်ရာဆီသို့ လှည့်ကြည့်လိုက်ကြသည်။

ထို့နောက် တစ်ယောက်ကိုတစ်ယောက် စူးစိုက်ကြည့်ကာ သက်ပြင်းချလိုက်ကြသည်။

သူတို့ မိတ်ဆွေ ဆုံးရှုံးသွားလို့ ဝမ်းနည်းသွားကြသည်။

သူတို့သည် နှစ်ပေါင်းထောင်ချီကြာအောင် သူငယ်ချင်းဖြစ်ခဲ့ကြသည်။

ဒါတောင် ရုတ်တရက် သေဆုံးသွားခဲ့သည်။

သူတို့မျက်စိရှေ့တွင် အလင်းရောင်တစ်ခု လင်းလက်လာပြီး အနတ္တဥမင်ကို ဖြတ်လျှောက်လာကြသည်။

သို့သော် အနတ္တဥမင်သည် ကြောက်စရာကောင်းသော ပလက်တီနမ်ဓားနှစ်စင်းဖြင့် ဖျက်ဆီးခံလိုက်ရသည်။

သူတို့ရှေ့က အနတ္တအာကာသထဲမှာ ဧရာမ သားရဲကြီး ဖြည်းဖြည်းချင်း ပေါ်လာသည်။

၎င်း၏ ခန္ဓာကိုယ်သည် အကန့်အသတ်မဲ့ အစပေါင်းများစွာ ချဲ့ထွင်ထားသော ပိုးကောင်ကဲ့သို့ တိုက်ကြီးတစ်ခု အရွယ်အစားနီးပါး ရှိသည်။

ဒါပေမယ့် သူ့မှာ လက်ရှစ်ချောင်းပါပြီး လက်တစ်ဖက်စီရဲ့ ရှေ့ပိုင်းကတော့ ပလက်တီနမ်ဓားတစ်လက်စီ ရှိသည်။

၎င်း၏နောက်ကျောတွင် မရေမတွက်နိုင်သော ထူထပ်သော အနက်ရောင် မီးခိုးခေါင်းတိုင်ပေါက်များ ပါရှိပြီး ပလက်တီနမ် မြူခိုးများကို လေထဲသို့ ဖြာထွက်စေသည်။ ပလက်တီနမ် မြူခိုးများသည် သားရဲ၏ ဦးခေါင်းထိပ်ကို ဖုံးအုပ်ထားသည်။

“ပလက်တီနမ်ဓါး... အယ်ဒိုလတ်စ်” ရွှံ့နွံလူသားသည် နာကျင်သောအမူအရာဖြင့် ပြောလိုက်သည်။ “ငါတို့ မင်းကို မတားသလို... မင်းကိုလည်း မဆန့်ကျင်ဘူး.. မင်းရဲ့ ကြယ်စုလုပ်ချင်တာ ငါတို့နဲ့ဘာမှမဆိုင်ဘူး”

“အလျှော့ပေးမလား သေမလား”

ကြောက်စရာကောင်းသည့် ဝိညာဉ်လှိုင်းလုံးကြီးက ဖရိုဖရဲဖြစ်နေတဲ့ အနတ္တနေရာတစ်ခုလုံးကို ဖြတ်ကျော်သွားသည်။

…

တစ်ဖက်တွင် ကောင်းဖန်သည် အချိန်အတန်ကြာ ထွက်ခွာသွားခဲ့သည်။

သူ့နောက်မှာ ကြောက်စရာကောင်းတဲ့ အရိပ်အယောင်ကို ခံစားလိုက်ရသည်။

ပိဖန်က “ငါတို့နောက်မှာ ကြောက်စရာကောင်းတဲ့ အရာကြီးတစ်ခုပေါ်လာတယ်” ဟု အသံတိုးတိုးလေးနဲ့ ပြောလိုက်သည်။

“ဘယ်လောက်ကြောက်စရာကောင်းလဲ” ကောင်းဖန်က မေးလိုက်သည်။

ပိဖန်သည် အနည်းငယ်စဉ်းစားပြီး နားလည်လွယ်သော နှိုင်းယှဉ်ချက်တစ်ခုကိုပေးလိုက်သည်။ “ဟိုနေ့က ငါတို့မြင်ခဲ့တဲ့ ငွေရောင်ဖီးနစ်လိုပဲ ”

ကောင်းဖန်က ငွေဖီးနစ်ကို ပြန်သတိရမိလိုက်သည်။ ၎င်းသည် လျှိုဝှက်အဆင့် တစ်ခု ဖြစ်သည်။

ယခုအချိန်တွင်ကောင်းဖန်၏မြင်နိုင်သည့် အမြင့်ဆုံး တည်ရှိမှုအဆင့်သည် အဆင့်မြင့်နတ်ဘုရားဖြစ်သည်။

ကောင်းဖန်၏မျက်လုံးများတွင် အဆင့်မြင့်နတ်ဘုရားထက်မြင့်သော သားရဲများသည် လျှိုဝှက်စာဖြင့် ပေါ်လာသည်။

ကောင်းဖန်၏ စိတ်ဝိညဥ်ခွန်အားသည် ထိုသားရဲအဆင့်နှင့် အလွန်ကွာခြားသောကြောင့်ဖြစ်နိုင်သည်။

ပိဖန်အိုကြီးကိုတော့ အဆင့်မြင့်နတ်ဘုရားဖြစ်ကြောင်း ဖော်ပြထားသည်။

ပိဖန်မျိုးနွယ်စုရှိ အခြားနတ်ဘုရားများသည် အလယ်အလတ်နတ်ဘုရားများဖြစ်သည်။

“ငါတို့ မြန်မြန်သွားတာ ကောင်းမယ်.. မဟုတ်ရင် ငါတို့ကို ဖမ်းမိလိမ့်မယ်” ပိဖန်က နောက်ကြောင်းပြန်ကြည့်ပြီး ပြောလိုက်သည်။

အတော်ဝေးမှသာ အားလုံးသည် စိတ်ကို လျှော့ချလိုက်ကြသည်။ ကံကောင်းထောက်မစွာ ၎င်းတို့ကို ထိုအရာကြီးက သတိမပြုမိခဲ့ပေ။

“သခင်.. နက္ခတ်တာရာတွေကို ကြားဖူးလား” ပလက်တီနမ်ဓားသွားသည် ကြယ်စင်စုမှ ဆင်းသက်လာသည်ဟု ဆိုခဲ့သော ဖရိုဖရဲ အနတ္တနေရာမှ ရွှံ့လူသားတစ်ယောက်၏ အသံကို ကောင်းဖန်သတိရမိပြီး မေးလိုက်သည်။

“ကြယ်စင်… မဟုတ်ဘူး.. ကြယ်ပဋိညာဉ်အကြောင်းတော့ ငါကြားဖူးတယ်” ဟု ပိဖန်က ခေါင်းခါလိုက်သည်။

ကြယ်စုနှင့် ကြယ်ပဋိညာဉ်၊ ကောင်းဖန်က ဤအုပ်စုနှစ်စုသည် ၎င်းတို့၏အမည်များကို ကြည့်ရုံဖြင့် ဆက်စပ်နေသည်ဟု သံသယရှိမိသည်။

“ကြယ်ပဋိညာဉ်ဆိုတာ ဘာအဖွဲ့အစည်းလဲ...”

“ကြယ်ပဋိညာဉ်ဆိုတာ အဖွဲ့အစည်းတစ်ခုမဟုတ်ဘူး...သူက အာဏာရှင်ဂလတ်စီမှာ ရှိတဲ မဟာမိတ်အဖွဲ့” ဟု ပိဖန်က ရှင်းပြလိုက်သည်။

“ကြယ်စင်ပဋိညာဉ်မှာ ရှည်လျားတဲ့သမိုင်းကြောင်းရှိတယ်..သူက နှစ်သန်းပေါင်းများစွာ တည်ရှိတဲ့ အလွန်ရှေးကျတဲ့ မဟာမိတ်အဖွဲ့ပဲ... အစပိုင်းမှာတော့ ကြယ်ပဋိညာဉ်မှာ ကြယ်အမျိုးအစား သားရဲ တချို့ပဲရှိတယ်.. နောက်တော့ မျက်နှာပြင်ပင်လယ်မှာ ပြည်တွင်းစစ် တစ်ခုဖြစ်ပြီးနောက်မှာတော့ သားရဲတချို့က အာဏာရှင်ဂလတ်စီကို ထွက်ပြေးသွားကြတယ်.. ရာဇ၀တ်မှုကျူးလွန်ထားတာ ဒါမှမဟုတ် ပြည်နှင်ဒဏ်ခံရတဲ့ သားရဲတချို့ကိုလည်း အာဏာရှင်ဂလတ်စီကို ပို့ခဲ့တယ်”

“အဲဒီတုန်းက ကြယ်ပဋိညာဉ်ကို ဘယ်သူမှ ဂရုမစိုက်ခဲ့ဘူး.. နာမည်လည်းမရှိဘူး.. ကြယ်ပဋိညာဉ်ကို နာမည်ကြီးစေခဲ့တဲ့အရာက စစ်ပွဲပါပဲ”

“လွန်ခဲ့တဲ့နှစ်ပေါင်း ငါးရာက ကြယ်ပဋိညာဉ်က စကြာဝဠာတစ်ခုလုံးကို အာဏာရှင်ဂလတ်စီဆီက စိမ့်ဝင်မှုတစ်ခု ဖြစ်အောက် ပြုလုပ်ခဲ့တယ်”

ကောင်းဖန်က အံ့ဩတုန်လှုပ်သွားသည်။

ပိဖန်က ဆက်ပြောလိုက်သည်။ “အဲဒီတုန်းက ဒီစိမ့်ဝင်မှုက ကြီးကျယ်လာခဲ့ပေမယ့် ညံ့ဖျင်းစွာ အဆုံးသတ်သွားခဲ့တယ်.. ကြယ်ပဋိညာဉ်ရဲ့ ပြင်းထန်တဲ့ ထိုးဖောက်ဝင်ရောက်မှုက မဟာမိတ်တပ်တွေ မဖြုတ်ချခင်အထိ ငါးနှစ်ပဲကြာခဲ့တယ်... ကြယ်ပဋိညာဉ်ခေါင်းဆောင် နဲ့ ဒုခေါင်းဆောင်နှစ်ဦးစလုံးအသတ်ခံလိုက်ရပြီး သူတို့အလောင်းများကိုအနှစ် ၃၀၀ ပြသခဲ့တယ်”

“ကြယ်ပဋိညာဉ်က အာဏာရှင်ဂလတ်စီထဲမှာ ထပ်မံပါဝင်ခဲ့ပြီး နောက်မှာသူတို့အကြောင်း မကြားရတော့ဘူး.. အဲဒါပြီးတော့ ဘာဖြစ်သွားလဲတော့ ငါလည်းမသိဘူး”

မင်းကို ဂရိတ်မာစတာတစ်ယောက်လို့ ထင်ခဲ့ပေမဲ့ မင်းက ပလက်တီနမ်အဆင့်ပဲ..

“ဒါဆို ပလက်တီနတ်ဓားသွားဆိုတာကို ကြားဖူးလား” ကောင်းဖန်က မေးလိုက်သည်။

“မကြားဖူးဘူး” ပိဖန်သည် ပလက်တီနမ်ဓားသွားကို တစ်ခါမျှ မကြားဖူးသည်မှာ သေချာသည်။

အပြန်လမ်းတွင် ကောင်းဖန်နှင့် ကျန်သူများသည် ဂြိုလ်ပေါင်းများစွာ စိမ့်ဝင်နေကြောင်း သတိပြုမိလိုက်သည်။

ထိုးဖောက်ဝင်ရောက်သူများကြားတွင် ပလက်တီနမ်ဓားသွားအဆင့်နှင့် ညီသော မည်သည့်အရာများမျှ မရှိသော်လည်း ၎င်းတို့သည် တူညီသောစွမ်းအားဖြင့် ပတ်သက်နေပေမည်။

ကံကောင်းစွာဖြင့် အနက်ရောင်မြူခိုးကမ္ဘာသည် မျက်နှာပြင်ပင်လယ်နှင့် နဝမမြောက်ကောင်းကင်ဘုံ၏ နယ်နိမိတ်တွင် တည်ရှိသောကြောင့် အနက်ရောင်မြူခိုးကမ္ဘာနှင့် အခြားသော အနီးနားရှိ ကမ္ဘာများသည် စိမ့်ဝင်မှုလက္ခဏာများ မဖြစ်လာနိုင်ပေ။

***

သားရဲလေ့ကျင့်သူ

အခန်း ၇၉၄ ထွက်ခွာခြင်း

အနက်ရောင်မြူခိုးကမ္ဘာသို့ပြန်ရောက်သောအခါ ကောင်းဖန်သည် အနက်ရောင်မြူခိုးကမ္ဘာ တစ်ဝိုက်ရှိ နေရာလွတ် အက်ကွဲကြောင်းများတွင် စောင့်ကြပ်ရန် လူများကို စေလွှတ်လိုက်သည်။ ရွှေ့ပြောင်းနေထိုင်မှုအတွက်လည်း လျှို့ဝှက်ပြင်ဆင်မှုများ ပြုလုပ်လိုက်သည်။

မည်မျှပင် အလုပ်ရှုပ်ပါစေ ကံဆိုးမှု တစ်ခုခုကြောင့် ပြန်ပြေးရပေတော့မည်။

ကောင်းဖန်သည် တိမ်ပေါ်တွင်ရပ်နေသကဲ့သို့ သူ့ခြေဖဝါးအောက် မီတာထောင်ပေါင်းများစွာ အကွာရှိ ဧကရာဇ်လိပ်ကြီး၏ အစွန်းတွင် ထိုင်နေသည်။

ကောင်းဖန် သက်ပြင်းချလိုက်သည်။

ပျော့ညံ့နေရင် မင်း ဘယ်သူ့ကိုမှ မတိုက်ခိုက်နိုင်ဘူး...

ဒါပေမယ့်လည်း အခုကိစ္စက မဖြစ်နိုင်ပေ။ ရည်မှန်းချက်တစ်ခုတည်းနဲ့ စကြဝဠာငယ်လေးကို ဖွင့်လို့မရပေ။

ဒါက သေးငယ်တဲ့ ခြားနားချက်တစ်ခုမျှသာ မဟုတ်ပေ။

ကွာခြားချက်က အရမ်းကြီးတဲ့အခါ ထွက်ပြေးတာက ပိုကောင်းသည်။

“ငါတို့ပြန်တော့မယ်” ပိဖန်က ကောင်းဖန်ကိုနှုတ်ဆက်လိုက်လိုက်သည်။ ပိဖန်များသည် မီးနတ်ဘုရားတောင်ကြားမှ ထွက်ခွာခဲ့သည်မှာ ကြာမြင့်ပြီဖြစ်ပြီး ၎င်းတို့သည် မျိုးနွယ်စု၏ အင်အား၏ အစိတ်အပိုင်းများစွာကို သိမ်းယူသွားခဲ့ကြသည်။ ရေတိုမှာ အဆင်ပြေပေမယ့် ရေရှည်မှာတော့ မဟုတ်ပေ။

ကောင်းဖန် လှည့်ကြည့်လိုက်သည်။ ပိဖန်၏ ဆုံးဖြတ်ချက်ကို သူနားလည်သည်။ “ကောင်းပါပြီ.. ဖလိန်မီကို မင်းတို့နဲ့အတူ ခေါ်သွားပါ”

ပိဖန်သည် တစ်စက္ကန့်လောက် လန့်သွားသည်။ ကောင်းဖန်သည် သူမကို ဆက်နေရန် ကြိုးစားမည်ဟု သူမထင်ထားခဲ့သည်။

“ကောင်းပြီ” ပိဖန်က ခေါင်းညိတ်လိုက်သည်။ သူသည်ဖလိန်မီကို အစတည်းက ရယူလိုပြီး ကောင်းဖန်နှင့် စကားမပြောမီကတည်းက အကြောင်းပြချက်များစွာကို ပြင်ဆင်ထားခဲ့သည်။ ယခုတော့ မလိုအပ်တော့ပုံရသည်။

တခဏမျှ တုံ့ဆိုင်းသွားပြီးနောက် သူက ဆက်ပြောလိုက်သည်။ “မင်း အခုထွက်သွားတော့မှာ မဟုတ်သေးဘူးဆိုတာ ငါသိပါတယ်.. ဒါပေမယ့် မင်းတကယ်လို့ အဲဒီကို ဆင်းလာနိုင်ခဲ့ရင် ငါတို့ရဲ့ မီးနတ်ဘုရားတောင်ကြားမှာ လူပေါင်း ထောင်ဂဏန်းလောက် တည်းခိုနိုင်ပါတယ်” ဟု ပြောလိုက်သည်။

ဒါက ပိဖန်၏ ကတိဖြစ်သည်။

ကောင်းဖန်က ပြုံးပြီး ခေါင်းညိတ်ပြလိုက်ကာ “ကျေးဇူးတင်ပါတယ်” ဟု ပြောလိုက်သည်။

“ကံကောင်းပါစေ” ပိဖန်က သက်ပြင်းချလိုက်သည်။ “မနက်ဖြန်ထွက်တော့မယ်”

ပိဖန်အိုကြီး ထွက်သွားပြီးနောက် ဂိုဒီသည် နီရဲသော မျက်လုံးများဖြင့် “ကောင်းဖန်... ဖလိန်မီ ထပ်ထွက်သွားမှာလား” ဟု မေးလိုက်သည်။

“ဟုတ်တယ်” ကောင်းဖန်သည် နာကျင်နေသော ကလေးအား နှစ်သိမ့်ပေးနေသည့် မိဘကဲ့သို့ ဂိုဒီ၏ အတင်းအကြပ် တည်ငြိမ်အောင် လုပ်နေသော အမူအရာကို ကြည့်လိုက်သည်။ ဂိုဒီက ကောင်းဖန်၏ညာဘက်မှာထိုင်နေသည်။

“မီးနတ်ဘုရားတောင်ကြားက ဖလိန်မီရဲ့ စွမ်းအင်ကြီးထွားမှုအတွက်ပိုမိုကောင်းမွန်တယ်.. အဲဒီမှာ သင်ပေးမယ့်လူရှိတယ်... နောက်ပြီး… အဲဒါက ပိုလုံခြုံတယ်” ဟု ကောင်းဖန် က အဝေးက ရှုခင်းတွေကို လှမ်းကြည့်ရင်း တည်ငြိမ်စွာ ပြောလိုက်သည်။

အဲဒီနေရာက ပိုလုံခြုံတယ်ဟု ကြားလိုက်သောအခါ ဂိုဒီသည် စကားဆက်မပြောတော့ပေ။

ဂိုဒီသည် တစ်ခါတစ်ရံတွင် အမြီးအမောက်မတည့်သောထင်ရသော်လည်း အခြေခံကြသော ကိစ္စရပ်များတွင် အမှားအမှန်ကို သိရှိသည်။

ဂိုဒီက နှုတ်ခမ်းစူပြီး အသံတိတ် ဘူးသီးလို နေရာမှာ ထိုင်နေသည်။

ကောင်းကင်မြို့ပေါ်တွင် အမည်မသိ ရောင်ဝါတစ်ခု ချိတ်ဆွဲထားသည်။

ကောင်းကင်မြို့တွင် နေထိုင်သူ အများအပြားသည် အံ့အားသင့်နေကြသော်လည်း ဘာမှမသိကြပေ။ ကောင်းကင်မြို့တော်မှ တာဝန်ရှိသူများကသာ ကြယ်စု စိမ့်ဝင်မှုအကြောင်းကို သိကြသည်။

သတင်းအချက်အလတ်များကို ထိန်းချုပ်ထားပြီး ၎င်းသည် ရုန်းရင်းဆန်ခတ်ဖြစ်စေနိုင်သောကြောင့် အခြားသူများကို ထုတ်ပြန်ခြင်းမပြုပေ။

စပ်စလူး တာ့ဇီတောင်မှ ဒီနေ့ မကစားဘဲ လေ့ကျင့်ရေးကွင်းမှာ ရှိနေသည်။

ညဘက်တွင် ကောင်းဖန်သည် သူနှင့် သွေးစာချုပ်ချုပ်ဆိုထားသည့် သားရဲအားလုံးကို ခေါ်လိုက်သည်။

သူ့သားရဲတွေကို လှည့်ပတ်ကြည့်ရင်း ကောင်းဖန်က မှုန်ကုပ်ကုပ်အသံနဲ့ပြောလိုက်သည်။ “ကြယ်စုတွေ စိမ့်ဝင်မှုအကြောင်း မင်းတို့ ကောင်းကောင်း သိကြမှာပါ.. အနက်ရောင်မြူခိုးကမ္ဘာက ထိုးဖောက်ဝင်ရောက်မှုအပိုင်းမှာ မပါသေးပေမယ့် စစ်ပွဲဆက်ဖြစ်ရင် ‌ နောက်ဆုံးမှာတော့ ဒီနေရာလည်း ပျံ့နှံသွားမှာ ”

“မင်းတို့အားလုံးက ငါ့ရဲ့အဖော်တွေပဲ.. ငါ မင်းတို့နဲ့ သွေးစာချုပ်ကို ချုပ်ခဲ့တယ်.. ဒါပေမယ့် မင်းတို့ကို အိမ်မွေးတိရစ္ဆာန်တွေလို ငါဘယ်တုန်းကမှ မဆက်ဆံခဲ့ဘူး... ဒီနေ့ထိလည်း ဒီလိုပါပဲ”

တာ့ဇီက သူ့ကိုယ်သူ တိတ်တဆိတ် ကုတ်ခြစ်လိုက်သည်။ ကောင်းဖန်က ဒီနေ့ အရမ်းလေးနက်နေပုံရသည်။

“မနက်ဖြန် ပိဖန်မျိုးနွယ်စုက ထွက်သွားလိမ့်မယ်.. ဖလိန်မီကြောင့် ငါတို့နဲ့ ပိဖန်မျိုးနွယ်စုကြားမှာ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိခဲ့တယ်.. ဒါကြောင့် မနက်ဖြန်ကျရင် မင်းတို့လည်း ဖလိန်မီနဲ့အတူ ထွက်ခွာပြီး မီးနတ်ဘုရားတောင်ကြားမှာ လေ့ကျင့်နိုင်တယ်.. အဲဒီမှာ မင်းတို့ရဲ့ အင်အားတွေ သိသိသာသာ တိုးလာပြီးနောက် မင်းတို့ပြန်လာနိုင်တယ်” ဟု ကောင်းဖန်က ပြောလိုက်သည်။

“ကောင်းဖန်... ငါမသွားဘူး...” မီးလုံးကြီးတစ်လုံး ကောင်းကင်မှ ပြုတ်ကျလာသည်။

ဖလိန်မီ ပြေးထွက်လာသည်။

သူမသည် ကောင်းဖန်၏ညာဘက်တွင်ထိုင်ကာ ကောင်းဖန်ကိုလှည့်ကြည့်လိုက်သည်။

“ငါမသွားဘူး” ဖလိန်မီက ပြင်းပြင်းထန်ထန် ပြောလိုက်သည်။

“နင်တို့အားလုံးဒီမှာနေတော့ ငါဘယ်လိုထွက်နိုင်မှာလဲ ငါစစ်ပြေး မဖြစ်ချင်ဘူး” ဖလိန်မီဒေါသထွက်နေသည်။

“မင်းက စစ်ပြေးမဟုတ်ပါဘူး” ကောင်းဖန်က ဖလိန်မီရဲ့ ဗိုက်ကို ပုတ်လိုက်သည်။ နွေးထွေးတဲ့ အမွေးလေးတွေက နူးညံ့ချောမွေ့နေသည်။

“ငါ့ရဲ့ စကားကို နားထောင်ပါ.. ပိဖန်မျိုးနွယ်စုနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးကို ထူထောင်ပါ... ဒါဆို ငါတို့ အန္တရာယ်ကြုံလာတဲ့အခါ မင်းကို အကူအညီတောင်းလို့ရတယ်မဟုတ်လား” ကောင်းဖန်က ဖလိန်မီကို ရှင်းပြလိုက်သည်။

“ကောင်းဖန်က လှည့်စားတတ်မှန်း ငါသိပါတယ်.. ဒါကြောင့် နင့်ရဲ့ ရှင်းပြချက်ကို ငါနားမထောင်ချင်ဘူး” ဖလိန်မီက လည်ပင်းကို မြင့်တင်ကာ ဖင်ချထိုင်လိုက်သည်။

“ဒါက အမိန့်တစ်ခုပဲ” ကောင်းဖန် မျက်မှောင်ကျုတ်လိုက်သည်။ “ကောင်းပြီ.. မနက်ဖြန် ငါတို့ထွက်သွားကြမယ်.. ဂိုဒီနဲ့ ဖလိန်မီ လမ်းလျှောက်သွားလိုက်ဦး....”

ဂိုဒီက တခစ်ခစ်ရယ်ပြီး ဖလိန်မီကို သူ့လက်နှစ်ဖက်နဲ့ ဆွဲပြေးသွားသည်။

ဖလိန်မီသည် သက်ရောက်မှုမရှိအောင် ရုန်းကန်နေရသည်။

“ငါ့ကို လွှတ်….” ဖလိန်မီ၏ အသံသည် နိမ့်ဆင်းသွားသည်။

“ကောင်းပြီ... ငါပြောဖို့ ကျန်နေတဲ့ဟာကို ဆက်သွားရအောင်” ကောင်းဖန်က သူ့လည်ချောင်းကို ရှင်းပစ်လိုက်သည်။

“ငါမသွားဘူး... နင်သွားလေရာကို ငါလိုက်မှာ“ တာ့ဇီသည် စိတ်မရှည်ဘဲ ကောင်းဖန်ကို ခွေးတစ်ကောင်လို ခုန်အုပ်လိုက်သည်။

ဆီလီသည် ၎င်း၏နေရာလွတ်မှ နောက်ဆုံးပေါ် ခြင်္သေ့အရသာဖျော်ရည်ပုလင်းကို ဖြည်းညှင်းစွာ ထုတ်ယူလိုက်သည်။ ထို့‌နောက် ပုလင်းထဲမှာ ပိုက်ကို နှစ်လိုက်သည်။

ပုလင်းထဲက ဖျော်ရည်တွေက ဖိအားကြောင့် ပိုက်ထဲကနေထွက်လာသည်။

“ကောင်းဖန်နဲ့ အတူသောက်ဖို့ ဖျော်ရည်ရှိတယ်” ဆီလီသည် ၎င်း၏ထင်မြင်ချက်ကို ‌သူအကြိုက်ဆုံး ဖျော်ရည်ကို အကြောင်းပြုပြီး ဒုတိယဖော်ထုတ်သူဖြစ်သည်။

ဒန်ဘီသည် ၎င်း၏လက်များကိုပိုက်ကာ သစ်ပင်တစ်ပင်ကို မှီပြီး “သခင်ကို ကာကွယ်မှာပါ” ဟု ရွဲ့စောင်းသော အသံဖြင့် ပြောလိုက်သည်။

အလင်းလှိုင်းသည် ၎င်း၏ ဓါးကို လျက်လိုက်ပြီး ၎င်း၏ လေးနက်သောအမူအရာဖြင့် “ မှော်ဦးနှောက်ကို တိုးတက်အောင် ကူညီပေးရဦးမယ်” ဟု ပြောလိုက်သည်။

မှော်ဦးနှောက်သည် တကယ်တော့ ယခု ဤနေရာတွင် မရှိပေ။ လွန်ခဲ့သည့် နှစ်ရက်ကပင် အရှေ့ပင်လယ်ကို သိမ်းပိုက်ခြင်း ပြီးဆုံးသွားခဲ့သည်။ လက်ရှိတွင် ၎င်းသည် ပင်လယ်ဝါ၊ ဘိုပင်လယ်ကို သိမ်းပိုက်ပြီး ပစိဖိတ်သမုဒ္ဒရာကို ဆက်လက် သိမ်းပိုက်ရန် လုပ်ဆောင်နေသည်။

နဂါးပြုစုပျိုးထောင်ရေးစာအုပ်၏ စာမျက်နှာများပြောင်းသွားသည်။

ခြင်္သေ့ဖြူကလည်း ချောင်းတစ်ချက်ဟန့်ကာ ၎င်း၏သခင်ကို စောင့်ရှောက်ပေးမည်ဟု ကတိပေးလိုက်သည်။

နဂါးပုရွက်ဆိတ်သည် မြေပြင်ပေါ်တွင် ဝပ်တွားကာ မြေပြင်ပေါ်ရှိ ဖုန်မှုတ်လက်တစ်ဆုပ်စာကို ကိုင်ထားပြီး ၎င်း၏မျက်လုံးများသည် ထိမ်းမနိုင်သိမ်းမရဖြစ်ကာ ကောင်းဖန်ကို မေးလိုက်သည်။ “ သခင်... ငါတို့ တိုက်ခိုက်ကြမှာမလား”

ကောင်းဖန် ခေါင်းညိတ်လိုက်သည်။ သူသည် ငြိမ်ခံနေမည့် အစားမဟုတ်ပေ။

စစ်ပွဲတွင်ပါဝင်နေသည့် ကြီးမားသော အင်အားစုနှစ်ခုသည် ဘေးအန္တရာယ်တစ်ခုသာမက အခွင့်အရေးတစ်ခုလည်းဖြစ်သည်။

ဒီလိုကြီးမားတဲ့ ကပ်ဘေးကြီးမှာ သူ့အတွက် မရေမတွက်နိုင်တဲ့ အလောင်းတွေ ရှိလာနိုင်သည်။

နဂါးပုရွက်ဆိတ်၏အမူအရာသည် ပြောင်းလဲသွားပြီး “နဂါးအသားစားတာက ငါ့ကို ပိုသန်မာလာစေမှာပါ” ဟု ပြောလိုက်သည်။

သားရဲများသည် ဤမြင်ကွင်းကို ရင်းနှီးကြသည်။

နဂါးပုရွက်ဆိတ်၏ ခန္ဓာကိုယ်တွင် မကြာခဏ ပြောင်းလဲတတ်သော အသိစိတ် ခုနစ်ခုရှိသည်။ တစ်မိနစ်မှာ ပထမကလေးက စကားပြောနေပြီး နောက်တစ်မိနစ်မှာ တတိယကလေးဖြစ်သွားနိုင်သည်။

ကောင်းဖန်သည် ခြောက်သွေ့သော နှုတ်ခမ်းများကို သပ်လိုက်ပြီး နှလုံးသားထဲတွင် နွေးထွေးသော ခံစားချက်ကို ရရှိသွားသည်။

နောက်တစ်နေ့မနက်တွင် ဖလိန်မီသည် ကြောင်တက်တက်ဖြင့် ဂိုဒီနှင့် လမ်းလျှောက်နေသည်။ ကောင်းဖန်က သူတို့ရှေ့မှာ ရပ်နေသည်။

ကောင်းဖန်ကိုပြန်တွေ့တော့ ဂိုဒီက သူမကို ဘယ်လိုပြောလိုက်လဲမသိပေမဲ့ ဖလိန်မီက သူမ နေမည့်အကြောင်းကို ဆက်မပြောတော့ဘဲ ကောင်းဖန်ကို ခါးသီးတဲ့မျက်လုံးတွေနဲ့သာ စိုက်ကြည့်နေသည်။

“မင်းအတွက်ပဲ.. စားလိုက်... ပိဖန်မျိုးနွယ်က အခြားသူတွေ မမြင်စေနဲ့” ကောင်းဖန်က ဖလိန်မီကို အနီရောင်လင်းကျောက်ကို ပေးလိုက်သည်။

သူတို့ပြန်ယူလာတဲ့ နတ်ဘုရားတစ်ပိုင်းအလောင်း ၃ လောင်းသည် ညတွင်းချင်းပဲ ပြိုကွဲသွားခဲ့သည်။ ငရဲမီးအာဏာရှင်၏အလောင်းမှ မီးအထူးသလင်းကျောက်ကို ရရှိလိုက်သည်။

ဖလိန်မီ၏ မျက်လုံးများ နီရဲလာသည်။

“ငါတို့က ထာဝရ လမ်းခွဲရတာ မဟုတ်ပါဘူး.. မင်း ခဏလောက်ပဲ လေ့ကျင့်ရမှာပါ” ဟု ကောင်းဖန်က အေးဆေးစွာပြောလိုက်သည်။

နံနက်ကိုးနာရီခွဲတွင် ပိဖန်မျိုးနွယ်စုများ ထွက်သွားသည်။ အနီရောင် တိမ်တွေက ကောင်းကင်ရဲ့ ကီလိုမီတာ ၃၀၀၀ ကို ဖုံးလွှမ်းသွားသည်။

***

သားရဲလေ့ကျင့်သူ

အခန်း ၇၉၅ ငါကလှည့်လည်သွားနေတဲ့ ကြေးစား

သူ့ပစ္စည်းတွေကို ထုပ်ပိုးပြီး ကောင်းဖန်က လိုအပ်တဲ့ အမိန့်ကို ထုတ်လိုက်သည်။

ပုံသဏ္ဍာန်မဲ့ ငရဲသစ်ပင်၏နောက်တွင် ဒန်ဘီက ကျန်ရစ်သည်။

ပုံသဏ္ဍာန်မဲ့ ငရဲသစ်ပင်ကို တောင်ပေါ်တွင် စိုက်ထားသည်။

စိုက်ပျိုးပြီးနောက် ပုံသဏ္ဍာန်မဲ့ ငရဲသစ်ပင်သည်အညှောက်ပေါက်လာခဲ့သည်။ ဆယ်ကီလိုမီတာ အချင်းဝက်အတွင်း အရာအားလုံးသည် တစ္ဆေဒေသဖြစ်လာသည်။

ထူထပ်သော မိုးကြိုးတိမ်တိုက်များက ပုံသဏ္ဍာန်မဲ့ ငရဲသစ်ပင်ထက်က ကောင်းကင်ကို ဖုံးလွှမ်းသွားသည်။ အနက်ရောင် မိုးကြိုးတိမ်တိုက်များ အောက်တွင် အရိုးများ အဆက်မပြတ် ချဲ့ထွင်ကာ ဖြူဖွေးနေသော ပုံသဏ္ဍာန်မဲ့ ငရဲသစ်ပင်ဖြစ်လာသည်။

ဒန်ဘီသည် နတ်ဘုရားသခင်အဆင့်ကို ဖြတ်ကျော်ပြီးကတည်းက ပုံသဏ္ဍာန်မဲ့ ငရဲသစ်ပင်၏ အဆင့်ကို နတ်ဘုရားတစ်ပိုင်းအဆင့်သို့ မြှင့်တင်နိုင်ခဲ့သည်။

၎င်းသည် ဒန်ဘီ၏အရိပ်တွင်သာ ရှိနေသောကြောင့် ပုံသဏ္ဍာန်မဲ့ ငရဲသစ်ပင်၏တည်ရှိမှုသည် မည်သည့်အခါမျှ အရေးပါခြင်းမရှိခဲ့ပေ။

ဒန်ဘီထွက်သွားပြီးနောက်တွင်တော့ ပုံသဏ္ဍာန်မဲ့ ငရဲသစ်ပင်သည် ၎င်း၏ခမ်းနားမှုကို ပြသနိုင်တော့မည်ဖြစ်သည်။

ပြတင်းပေါက်တွင် ကျီဟန့်ဝူသည် တောင်ပေါ်တွင်ပေါက်နေသော ပုံသဏ္ဍာန်မဲ့ ငရဲသစ်ပင်ကို စိုက်ကြည့်နေသည်။

ဘယ်အချိန်ကစပြီး သူ့မြေးဖြစ်သူက အကာအကွယ် ပေးထားခဲ့တယ်ဆိုတာ သူမသိတော့ပေ။

ဒီခံစားချက်က...သူ့ရဲ့အတ္တကို အနည်းနဲ့အများ ရှုံးနိမ့်စေသည်။

နဂါးဖြူသည် သာမာန်စပါးအုံးမြွေတစ်ကောင်၏ အရွယ်အစားအထိ သေးငယ်သွားခဲ့ပြီး အခန်းထဲတွင် ရစ်ပတ်ကာ ကျီဟန့်ဝူ၏ ပခုံးနှင့် ခေါင်းကို ပွတ်တိုက်လိုက်သည်။

ကျီဟန့်ဝူက ဆုံးဖြတ်ချက်တစ်ခုချလိုက်ပြီး နဂါးဖြူ၏ခေါင်းကို ညင်သာစွာ ပွတ်သပ်လိုက်သည်။

နှစ်သိမ့်နေသော နဂါးဖြူ၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။

“ထွက်သွားတော့မှာပဲ” အနတ္တအာကာသထဲမှာ မမြင်ရတဲ့ ပိုက်ကွန်တစ်ခု ပေါ်လာသည်။ ပိုက်ကွန်နက်အတွင်းမှ ဧရာမသတ္တဝါကြီးတစ်ကောင်သည် တွားသွားကာ ၎င်း၏မျက်လုံးရှစ်လုံးသည် ငါးသေကဲ့သို့ မြေပြင်ပေါ်တွင် လဲလျောင်းနေသော ပင်လယ်ဝတုတ်ကို စိုက်ကြည့်နေသည်။

“ဟုတ်တယ် ဒီခရီးစဉ်က နည်းနည်းကြာမယ်”

“...ဘယ်အချိန်ပြန်လာမှာလဲ”

“ဘယ်သူသိနိုင်မလဲ” ပင်လယ်ဝတုတ်က အေးစက်စွာပြောသည် “ကံကောင်းရင် နှစ်လလောက်ပေါ့.. မဟုတ်လည်း မင်းက ငါ့ကို မကြိုက်တော့ ငါ့ရဲ့စိတ်ညစ်စရာမျက်နှာကို မင်းဘယ်တော့မှ မမြင်ရတော့ဘူးပေါ့”

လေပြင်းမုန်တိုင်း ရေမှော်ပင့်ကူ၏ အလင်းရောင်သည် အေးစက်လာသည်။

“ဒါဆိုလည်း အပြင်မှာ သွားသေ”

ဂယက်များသည် အနတ္တအာကာသထဲတွင် တလက်လက်တောက်ပနေသည်။ထို့နောက်‌ လေမုန်တိုင်းရေမှော်ပင့်ကူသည် လေထဲသို့ပျောက်ကွယ်သွားသည်။

ပင်လယ်ဝတုတ်သည် မြေပြင်ပေါ်တွင် လှဲနေပြီး ၎င်း၏အမြီးသည် မြေပြင်ကို အဆက်မပြတ် ပုတ်နေသည်။

အချိန်အတော်ကြာပြီးနောက် ခါးသီးသော အပြုံးသည် ပင်လယ်ဝတုတ်၏ မျက်နှာပေါ်သို့ ရောက်ရှိလာသည်။

ငါ့ကိုမေ့လိုက်တာပိုကောင်းပါတယ်...

ငါက ဖခင်ကောင်းတစ်ယောက်မဟုတ်ဘူးလေ..

အရှေ့ပင်လယ်အထက် ကောင်းကင်ယံတွင် အနီရောင်နှင့် အဖြူရောင် ပင်လယ်ဇင်‌ရော်ငှက်ကြီးတစ်ကောင်သည် ၎င်း၏ခြေသည်းများတွင် အထုပ်တစ်ထုပ်ကို သယ်ဆောင်ကာ လေထဲသို့ လှည့်ပတ်နေသည်။

သုံးကြိမ်လှည့်ပတ်ပြီးနောက် အထုပ်ကို ပင်လယ်ထဲသို့ ပစ်ချလိုက်သည်။

အထုပ်ကြီးက ပင်လယ်ထဲ ရောက်သွားတာနဲ့ ဖမ်းဖို့ လက်ကြီးတစ်ချောင်းက ရေထဲက ထွက်လာသည်။

ရေလူသားတစ်ယောက်က ပင်လယ်ကနေ မတ်တပ်ရပ်လိုက်သည်။

အထုပ်နဲ့ စာအိတ်ကို ဖွင့်လိုက်သည်။

မှော်ဦးနှောက်၏ ရေရုပ်သေးသည် စာကို မြန်မြန်ဖတ်လိုက်သည်။

ထို့နောက် အသံတိုးတိုးလေးဖြင့် သူ့ကိုယ်သူ တိုးတိုးလေးပြောလိုက်သည်။

“စိတ်ချပါ သခင်.. အမိန့်ကို သေချာဆောင်ရွက်ပေးပါ့မယ်”

…

ကောင်းကင်မြို့တော်မှာ ကောင်းဖန်က သူ့ပစ္စည်းတွေ ထုပ်ပိုးပြီးသွားသည်။ အခန်းသည် ချန်အန်းရှိ ကောင်းဖန်၏အခန်းနှင့် တူညီသည်။

ဤနေရာ၌ ပရိဘောဂတစ်ခုစီကို ချန်အန်းရှိ အိမ်ဟောင်းမှ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။

အိပ်ခန်းတံခါးကို တွန်းဖွင့်လိုက်ပြီးနောက် ကောင်းဖန်သည် သူ့မိဘများ၏ ဓာတ်ပုံဘောင်ဆီသို့ လျှောက်သွားပြီးနောက် အကြာကြီး ငြိမ်သက်သွားသည်။

“သွားတော့မယ်...”

အပြင်ဘက်မှ တံခါးခေါက်သံတစ်ခုထွက်လာသည်။

ကောင်းဖန်လှည့်ကြည့်လိုက်သည်။

သူနေထိုင်သည့်အခန်းက လုံးချင်းအိမ်ကြီးတွင် ဖြစ်သည်။ လူအနည်းစုသာ ဝင်ခွင့်ရသည်။ ခေါက်သူတိုင်းသည် ရင်းနှီးပြီးသား ဖြစ်ကောင်းဖြစ်မည်။

အိမ်ရှေ့တံခါးကိုဖွင့်လိုက်တော့ အပြင်ဘက်မှာ မထင်မှတ်ထားတဲ့ လူတစ်ယောက် ရပ်နေသည်။

ကောင်းဖန် ခဏလောက် ကြောင်သွားပြီး “မင်းက ဘာဖြစ်လို့လဲ” လို့ မေးလိုက်သည်။

“ငါကို မကြိုဆိုဘူးလား” ခိုင်ရန်ချန်းက မျက်လုံးပြူးသွားသည်။

“အဖိုးလေးက.. ဒီတစ်ခါ ထွက်သွားရင်ကြာမှာလို့ ပြောသံကြားလို့ လာတွေ့တာ”

“မင်းက အမြဲတမ်း အပြီးတိုင် လမ်းခွဲလိုက်သလိုပဲ လုပ်နေတာပဲ” ကောင်းဖန်က ရယ်မောလိုက်သည်။

“ပြန်မလာမှာကို ကြောက်တယ်” ခိုင်ရန်ချန်းက မျက်လုံးများကိုလှန်လိုက်သည်။

“မင်းရဲ့ အစ်ကိုကြီးကို ဘယ်လိုပြောနေတာလဲ... ဆိုးပေလေးက ကောင်းကင်အဆင့်မိခင်ဘွဲ့ကိုရပြီး မာန်တက်နေတာလား” ကောင်းဖန်က ရယ်မောလိုက်သည်။

“ဘာ” ကရင်ချန်က ဒေါသထွက်သွားသည်။

“ကောင်းပြီ... ငါသွားတော့မယ်... မင်းက အခု မိန်းကလေးတစ်ယောက်ဖြစ်နေပြီ.. မကြာခင်လက်ထပ်ပြီး ထွားကြိုင်းတဲ့ ရင်သွေးလေးမွေးရမယ်”

ကောင်းဖန်သည် သူ၏ခရီးစဉ်အတွက် အားလုံးအဆင်သင့်ဖြစ်နေပြီဖြစ်သည်။

ကောင်းကင်မြို့တော်၏ဘေးကင်းရေးကို လေမုန်တိုင်းရေမှော်ပင့်ကူ၊ ပုံသဏ္ဍာန်မဲ့ငရဲသစ်ပင်နှင့် ထာဝရ အမြဲစိမ်းငှက်တို့က အာမခံထားသည်။ အရေးအကြီးဆုံးကတော့ ထာဝရ အမြဲစိမ်းငှက်ဖြစ်သည်။

၎င်း၏ဘေးကင်းလုံခြုံမှုကို အာမခံသည်။

…

မျက်နှာပြင်ပင်လယ်၏ အရှေ့ဘက်ဒေသတွင် ကြယ်စု၏ စိမ့်ဝင်မှုသည် အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်သည်။

ကြယ်စုများသာမက အနီးနားရှိ တပ်ဖွဲ့ဝင်အများအပြားသည်လည်း ကြယ်စုတန်း၏ မျက်နှာပြင်ပင်လယ် အတွင်းသို့ စိမ့်ဝင်သွားသည်ကို သိရှိခဲ့ကြသည်။

အချိန်တိုအတွင်းမှာပဲ နတ်ဘုရားသုံးပါး ကျဆုံးသွားခဲ့သည်။

ဤနတ်ဘုရားသုံးပါးသည် တူညီသောကမ္ဘာမှ ဆင်းသက်လာခဲ့ခြင်းဖြစ်သည်။

အာကာသအက်ကွဲကြောင်းမှ ရုန်းထွက်လိုက်ရာ တောက်လောင်နေသော မီးလုံးကြီးသည် ၎င်းတို့ကို ဖြတ်ကျော်သွားသည်။

ကောင်းဖန်က ဘာမှလုပ်စရာမလိုပေ။ ပြင်းထန်သော လက်သီးတစ်ချက်က မီးဘောလုံးကို ရိုက်ချိုးလိုက်သည်။

အနက်ရောင်နှင့် အနီရောင် ချော်ရည်နဂါးတစ်ကောင်သည် ကောင်းဖန်ကို ကြောက်လန့်တကြား ငုံ့ကြည့်ပြီးနောက် လှည့်ကာ ဖြည်းညှင်းစွာ နောက်ပြန်ဆုတ်ကာ အဝေးသို့ ပြေးသွားသည်။

“ဖမ်းလိုက်”

ဂိုဒီက အားထည့်ပြီး ချော်ရည်နဂါးကို ဖမ်းကိုင်လိုက်ကာ အမြီးကနေ ပြန်ဆွဲလိုက်သည်။

ချော်ရည်နဂါးသည် မြေပြင်ပေါ်သို့ ကျသွားသည်။

“ငါ့မှာ ရန်ငြိုးမရှိဘူး.. ငါက လူဆိုးမဟုတ်ဘူး.. နားလည်လား” ကောင်းဖန်က ပြောလိုက်သည်။

ချော်ရည်နဂါးသည် ၎င်း၏အမြီးကို လှည့်ကြည့်ကာ တိတ်တဆိတ် ခေါင်းညိတ်ပြလိုက်သည်။

ကျွန်တော်နားလည်ပါတယ်....

“ဒီကမ္ဘာက အာဏာပိုင်အဖွဲ့အစည်းတစ်ခုကို ငါရှာနေတာ.. ငါက လှည့်လည်သွားနေတဲ့ ကြေးစားပါ မင်းကို ကူညီဖို့ ငါရောက်လာတာပဲ” ဟု ကောင်းဖန်က ပြောလိုက်သည်။

လှည့်လည်သွားနေတဲ့ ကြေးစား...

ချော်ရည်နဂါးအံ့သြသွားသည်။ အဲဒါ ဘာလဲ...

“လှည့်လည်သွားနေတဲ့ ကြေးစား” မီတာတစ်ထောင်မြင့်သော တောင်ထွတ်အရွယ်အစားရှိ ကမ္ဘာ့နောက်ဆုံးနေ့ မီးတောင်နဂါးသည် လည်ပင်းကိုကွေးပြီး “လူသား... ငါမသိဘူး... မင်းရဲ့ ရည်ရွယ်ချက်ကိုပဲ ပြောပြပါ” ဟုပြောလိုက်သည်။.

ကြေးစားဆိုတာ ဘာလဲ မသိဘူးလား... အဲဒါမှ ဒုက္ခပဲ... မျက်နှာပြင်ပင်လယ်တွင် ကြေးစားစစ်သားများ မရှိကြပုံရသည်။

“ကြေးစားဆိုတာက ငါတို့အသက်တွေကိုရင်းပြီး အခကြေးငွေယူပြီးအလုပ်လုပ်တဲ့ အလုပ်သမားပဲ... ” ဟု ကောင်းဖန်က ပြောလိုက်သည်။

ကမ္ဘာ့နောက်ဆုံးနေ့ မီးတောင်နဂါးသည် “ဒါ တရားမျှတတယ်” လို့ တစ်စက္ကန့်လောက် တွေးလိုက်သည်။

“ဒါဆို မင်းဘာလိုတာလဲ” ကမ္ဘာ့နောက်ဆုံးနေ့ မီးတောင်နဂါးက မေးလိုက်သည်။

ကမ္ဘာ့နောက်ဆုံးနေ့ မီးတောင်နဂါး၏နောက်ကျောပေါ်မှ မီးတောင်ကြီးတစ်ခုသည်ပင်ပန်းနွမ်းနယ်နေပုံပေါက်ကာ မီးတောင်မှထွက်သော မီးတောင်ပြာများသည် ကောင်းကင်ယံ၌ မိုးကြိုးတိမ်များအဖြစ်သို့ စုပုံလာသည်။

ကောင်းဖန်သည် အနီးနားရှိ နဂါးမျိုးနွယ်စုများကို လှည့်ပတ်ကြည့်ရှုလိုက်သည်။ ဒီဂြိုလ်ပေါ်မှာ နဂါးမျိုးရိုး သားရဲတွေ အများကြီးရှိသည်။ “မင်းရဲ့ နဂါးမျိုးနွယ်တွေရဲ့ အသား.. အလေးချိန် လုံလောက်တဲ့ အသားကို ငါလိုတယ်”

ကောင်းဖန်သည် မဖော်ရွေသည့်အကြည့်စူးစူးကို ရလိုက်သည်။

ကောင်းဖန်သည် ဤတောင်းဆိုမှုကို ပြုလုပ်ဖို့ ပြင်ဆင်မှုများလုပ်ခဲ့ပြီး ဤနဂါးမျိုးနွယ်စုများသည် အဆုံးတွင် ကျိန်းသေသဘောတူလိမ့်မည်ဟု ယုံကြည်ထားခဲ့သည်။

ဤနဂါးမျိုးရိုးများသည် သဘာဝအားဖြင့် လောဘကြီးကြသည်။ ရတနာတွေ တောင်းရင် သူတို့လက်ကနေ အဆင့်အတန်းမြင့်တဲ့ ရတနာတွေ ရဖို့ ခက်သည်။

သို့သော် ကောင်းကောင်းအနားယူရင်တော့ အသားက ပြန်ပြည့်နိုင်သည်။

အသားအနည်းငယ်သည် အလွန်ကြီးမားသောသတ္တဝါများအတွက် ဘာမှမဖြစ်နိုင်ပေ။

“မင်းက ငါတို့ အသားကိုလိုချင်တာလား” ကမ္ဘာ့နောက်ဆုံးနေ့ မီးတောင်နဂါးသည် ဒေါသထွက်သွားသည်။

ဤလူသားသည် ဤမျှဆိုးရွားသော တောင်းဆိုမှုကို လုပ်ရဲသည်။

“လုပ်ပါ.. ဒီမှာ နဂါးနည်းနည်းဘဲရှိတယ်.. နဂါးတစ်ကောင်စီက အသားနည်းနည်းပဲ ယူမယ်” ဟု ကောင်းဖန်က ပြုံးပြီးပြောလိုက်သည်။

ဒန်ဘီသည် ၎င်း၏ နတ်ဘုရားအဆင့်ရောင်ဝါကို အချိန်မီ ထုတ်လွှတ်ပေးလိုက်သည်။

နဂါးများ တုန်လှုပ်သွားကြသည်။

***

သားရဲလေ့ကျင့်သူ

အခန်း ၇၉၆ ဂလတ်စီလှံတံ

နဂါးသား ၁၉ မျိုးကို ဖယ်ထုတ်ပြီးနောက် ကောင်းဖန်သည် နဂါးပုရွက်ဆိတ်ကို ဆင့်ခေါ်လိုက်သည်။

ပထမဦးစွာ သူသည် မြေဆီလွှာခရီးသွားခြင်း ရွှံ့နဂါး၏အသားကို နဂါးပုရွက်ဆိတ်ထံ ပေးလိုက်သည်။ မြေဆီလွှာခရီးသွားခြင်း ရွှံ့နဂါး၏အသားသည် ရွှံ့နွံများကဲ့သို့ အဝါရောင်ရှိသည်။

ရွှံ့နွံထဲမှာ နီရဲနေသည့် သန်ကောင်တွေလို သွေးနီဥလေးတွေတောင် ရှိသေးသည်။

ပုံပန်းသဏ္ဌာန်အားဖြင့် မြေဆီလွှာခရီးသွားခြင်း ရွှံ့နဂါးအသားသည် အလွန်ထူးဆန်းသည်။

နဂါးပုရွက်ဆိတ်၏ ဦးခေါင်းသည် အသားထဲ မြုပ်နေပြီး အချိန်ကောင်းကို ပိုင်ဆိုင်နေသည်။

ဆယ်မိနစ်ကြာပြီးနောက်.... နာရီဝက်ကြာပြီးနောက်အထိ နဂါးပုရွတ်ဆိတ်မှာ ဘာအပြောင်းအလဲမှ မရှိပေ။

ဗိုက်ကိုပွတ်သပ်ရင်း နဂါးပုရွက်ဆိတ်က ကောင်းဖန်ကို ခိုးကြည့်လိုက်ကာ အပြစ်ရှိသလိုခံစားလိုက်ရတာကြောင့် ခေါင်းငုံ့လိုက်သည်။

“အဆင်ပြေပါတယ်... နောက်အသားတစ်မျိုးကို စမ်းကြည့်ရအောင်” ဟု ကောင်းဖန်က နဂါးပုရွက်ဆိတ်ကို နှစ်သိမ့်ပေးလိုက်သည်။

နဂါးပုရွက်ဆိတ်၏ ဝိသေသလက္ခဏာများကို နဂါးသားစားခြင်းမှ အမွေဆက်ခံနိုင်စွမ်းသည် ပထမဆုံးအချိန်၌ ၁၀၀ ရာခိုင်နှုန်း အလုပ်မဖြစ်ပေ။

ထိုသို့ပထမဆုံးအကြိမ် အလုပ်မဖြစ်တာက ပုံမှန်ပင်။

ဒုတိယ နဂါးအသားအမျိုးအစား.. တတိယ နဂါးအသား အမျိုးအစား...

နဂါးပုရွက်ဆိတ်သည် နဂါးအသားကို တစ်မျိုးပြီးတစ်မျိုး မျိုချနေသည်။

နဂါးပုရွတ်ဆိတ်၏ အကျိုးသက်ရောက်မှုသည် မည်သည့်အခါမှ စတင်လာခြင်းမရှိသေးပေ။ ဆိုလိုသည်မှာ ၎င်းသည် အမျိုးအစား အသစ်ကို မရရှိလာသေးပေ။ ဒါက ပမာဏနဲ့လည်း ဆိုင်နိုင်သည်။ ဒီမှကာနဂါးအသားတွေ များများစားစားမရှိပေ။

သတ္တမမြောက် နဂါးအသားကို မျိုချပြီးနောက်မှာတော့ နဂါးပုရွက်ဆိတ်သည် ရုတ်တရက် တုန်လှုပ်သွားပြီး မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားသည်။

နဂါးပုရွက်ဆိတ်၏နောက်ကျောရှိ အတောင်များသည် ဖြန့်ထွက်လာကာ ၎င်း၏မျက်လုံးများသည် နီရဲတောက်လာသည်။

အလုပ်ဖြစ်ပြီလား...

ကောင်းဖန်အံ့သြသွားသည်။ သူကျွေးလိုက်သည့် နဂါးအသားသည် မော်ကွန်းတင်စွမ်းရည်ဆင့်နဂါးမျိုးရိုးဖြစ်သည့် သုန်မှိုင်းဦးချိုနဂါး နဂါးအသားဖြစ်သည်။

နဂါးပုရွက်ဆိတ်၏ ဦးခေါင်းသည် ဖြည်းညှင်းစွာ အက်ကွဲသွားပြီး ဦးခေါင်းခွံမှ အနက်ရောင် ချိုနှစ်ချောင်း ထွက်လာသည်။

ကောင်းဖန်၏ မျက်လုံးများတွင် ကိန်းဂဏန်း အချက်အလက် အတန်းလိုက် ပေါ်လာသည်။

နဂါးပုရွတ်ဆိတ်၏ အသစ်ရရှိသော ထူးခြားချက်မှာ-

[သုန်မှုန်ဦးချို] - နဂါးပုရွက်ဆိတ်သည် သုန်မှုန်ဦးချိုနဂါး အနေဖြင့်ရှိသောအခါ သုန်မှုန်ဦးချိုသည် ၎င်း၏နဖူးမှ ထွက်လာမည် ဖြစ်သည်။ ၎င်းသည် ပုရွက်ဆိတ်နဂါး၏ နောက်ထပ် အမှောင်ဒြပ်စင် ခုခံအားကို ရရှိစေသည့်အပြင် အမှောင်ပတ်ဝန်းကျင်တွင် နဂါးပုရွက်ဆိတ်၏ အရှိန်ကို တိုးစေသည်။

နဂါးအသား ၁၉ မျိုးကိုစားပြီးနောက် နဂါးပုရွတ်ဆိတ်သည် နဂါးမျိုးရိုးအခြေအနေ ၃ ခုကို ရရှိလိုက်သည်။

ကျန်နှစ်ကောင်မှာ သွေးမျက်ရည်နဂါးနှင့် ဗုဒ္ဓဧကရာဇ်နဂါးတို့ ဖြစ်သည်။

သွေးမျက်ရည်နဂါးတွင် ထူးခြားသော ဝိသေသတစ်ခုရှိပြီး ဗုဒ္ဓဧကရာဇ်နဂါးတွင် ထူးခြားသောလက္ခဏာနှစ်ခုရှိသည်။

သွေးမျက်ရည်နဂါး၏ အထူးအင်္ဂါရပ်မှာ သွေးသောက်ခြင်းဖြစ်ပြီး ၎င်းသည် သွေးသောက်ခြင်းဖြင့် ၎င်း၏ဒဏ်ရာများကို သက်သာပျောက်ကင်းစေသည်။

ဗုဒ္ဓဧကရာဇ်နဂါး၏ ထူးခြားသောဝိသေသများမှာ ဖိနှိပ်ခြင်းထောင်နှင့် သံကြိုးများဖြစ်သည်။

[ဖိနှိပ်ခြင်းထောင်] - ဗုဒ္ဓဧကရာဇ်နဂါးသည် အမှောင်အမျိုးအစား သားရဲများကို ပျက်စီးစေမည်ဖြစ်သည်။ အမှောင်သားရဲ၏ ရွေ့လျားနိုင်မှုကို ထိခိုက်စေမည်ဖြစ်သည်။

[သံကြိုး] - ဗုဒ္ဓဧကရာဇ်နဂါး ဒဏ်ရာရပြီးနောက် ၎င်းသည် ၎င်း၏ ကာကွယ်ရေးကို တိုးမြှင့်မည်ဖြစ်သည်။ ကာကွယ်ရေးသည် စိတ်ဝိညာဉ်ကာကွယ်ရေးမပါဝင်ဘဲ ရုပ်ပိုင်းဆိုင်ရာနှင့် ဒြပ်စင်ကာကွယ်ရေးအတွက် ကန့်သတ်ထားသည်။ ဤစွမ်းအင်ကို အများဆုံး ကိုးကြိမ်အထိ စုစည်းနိုင်သည်။

ဤနဂါးမျိုးရိုးသုံးမျိုး၏ စွမ်းအင်များသည် မပြင်းထန်သောကြောင့် ထိပ်တန်းများအဖြစ် အသုံးမပြုနိုင်ပေ။ ၎င်းတို့သည် သီးခြားအခြေအနေများတွင် အရန်အစီအစဉ်များသာ ဖြစ်နိုင်သည်။

ဒီကမ္ဘာပေါ်က ဒေသခံတွေဆီက လျော်ကြေးတောင်းတာက ကောင်းဖန်၏ အစီအစဉ် တစ်စိတ်တစ်ပိုင်းဖြစ်သည်။

၎င်းသည် “တရားဝင်” အထောက်အထားတစ်ခုရရှိရန်လည်းဖြစ်သည်။

အနည်းဆုံးတော့ ဤအထောက်အထားဖြင့် ကောင်းဖန်သည် စစ်မြေပြင်တွင် နှစ်ဖက်စလုံးမှ တိုက်ခိုက်ခြင်းကို ခံရတော့မည်မဟုတ်ပေ။

နှစ်ဘက်လုံး တိုက်ပွဲဝင်ရန် စောင့်ဆိုင်းပြီးနောက်မှ လှုပ်ရှားခြင်းက သီအိုရီအရ ဖြစ်နိုင်သည်။

ဒါပေမယ့် ဒီနည်းလမ်းက ကြီးမားသည့် ခွန်အားကို လိုအပ်သည်။ အင်အားက နှစ်ဖက်စလုံးထိပ်မှာရှိမှ စစ်မြေပြင်ထဲဝင်ပြီး လွတ်မြောက်နိုင်မှာဖြစ်သည်။

အခြားသားရဲများသည် အရူးများမဟုတ်ပေ။ စစ်မြေပြင်တွင် တတိယမြောက်လူရန်သူ ပေါ်လာသောအခါ ၎င်းတို့၏ ရည်ရွယ်ချက်ကို မသိသည့် တတိယရန်သူကို တိုက်ခိုက်ရန် ၎င်းတို့၏ ပထမဆုံးတုံ့ပြန်မှုမှာ ပူပေါင်းခြင်း ဖြစ်ပေမည်။

ခေါင်းဆောင်အဖြစ် စစ်မြေပြင်သို့ဝင်ရောက်ခြင်းဖြင့်သာ ကောင်းဖန်သည် လျှို့ဝှက်ဆန်းကြယ်သော ကြယ်စုကို တိုက်ရိုက်ကြည့်ရှုနိုင်မည်ဖြစ်သည်။

ကောင်းဖန်သည် ကြယ်စုရှိ သားရဲများ အားလုံးတွင် ကြယ် သို့မဟုတ် ယင် အမျိုးအစားများ ပါရှိသည်ကို တွေ့ရသည်။ ခြွင်းချက်များရှိသော်လည်း ၎င်းတို့သည် အလွန်ရှားပါသည်။

“ဘယ်တော့ဆောင်ရွက်မှာလဲ မင်း တစ်နေကုန် စောင့်ပဲကြည့်နေတာပဲ” အဆပေါင်းများစွာကျုံ့သွားသည့် ကမ္ဘာနောက်ဆုံးနေ မီးတောင်နဂါးသည် ကောင်းဖန်၏ဘေးတွင် ရပ်နေပြီး ဒေါသတကြီးပြောလိုက်သည်။

“အလျင်စလိုမလုပ်ဘူးလေ... ငါအခုချက်ချင်းလုပ်ရင် ငါးသေးသေးလေးပဲ ဖမ်းနိုင်မှာပေါ့... အကြီးကြီးကို မဖမ်းချင်ဘူးလား” ကောင်းဖန်က ပြုံးပြုံးလေး ပြောလိုက်သည်။

ကမ္ဘာနောက်ဆုံးနေ မီးတောင်နဂါးက “ဒါဆို ပိုကောင်းတာပေါ့” ဟု ပြောလိုက်သည်။

“သူတို့ရဲ့နတ်ဘုရားတွေ မပေါ်သေးဘူးလား” ကောင်းဖန်ကမေးလိုက်သည်။ “သူတို့ တစ်ခုခု ကြံစည်နေတာ မဖြစ်နိုင်ဘူးလား”

ရှေ့စစ်မြေပြင်တွင် မရေမတွက်နိုင်သော သားရဲများသည် ကောင်းကင်ယံအက်ကွဲကြောင်း မှ ပျံထွက်လာကြသည်။

ရှေ့တွင် နေရာယူထားသည့်အရာမှာ ရေမြွေတစ်ကောင်နှင့်တူပြီး အတောင်ပံတစ်စုံပါသော ငွေရောင်သားရဲ တစ်ကောင်ဖြစ်သည်။

ဤသားရဲများသည် အရေအတွက်အားဖြင့် အများဆုံးဖြစ်ပြီး ကြယ်စု အင်အား၏ ၅၀ ရာခိုင်နှုန်း နီးပါးရှိသည်။ သူတို့၏အဆင့်များသည် ခေါင်းဆောင်အဆင့်မှ အရှင်သခင်အဆင့်အထိ ကွဲပြားသည်။

[သားရဲ အမည်] - ကြယ်အမှောင်မြွေ

[သားရဲ အဆင့်] - အဆင့် ၂၁-၈၀

[သားရဲ စွမ်းရည်ဆင့်] - ပုံမှန်စွမ်းရည်ဆင့် ( အကောင်းဆုံးစွမ်းရည်ဆင့်) (ပြီးပြည့်စုံစွမ်းရည်ဆင့်) (မော်ကွန်းတင်အဆင့်)

[သားရဲ အမျိုးအစား] - ကြယ်

[သားရဲ စွမ်းအင်] - ကြယ်စွမ်းအင်သိုလှောင်ခြင်း၊ ကြယ်စွမ်းအင် ထိန်းချုပ်ခြင်း။

[အထူးသွင်ပြင်လက္ခဏာ] - ဂလတ်ဆီဒီရေ (ကြယ်အမှောင်မြွေများသည် တူညီသောဒေသတွင် လုံလောက်စွာတည်ရှိသောအခါ ၎င်းသည် ဂလတ်ဆီဒီရေ အတက်အကျကို လှုံ့ဆော်ပေးသည်။

အကျိုးသက်ရောက်မှု ၁ - ဂလတ်ဆီဒီရေသည် အလယ်ဗဟိုရှိ ကြယ်အမှောင်မြွေအဖွဲ့နှင့်အတူ ပျံ့နှံ့သွားမည်ဖြစ်ပြီး ပတ်ဝန်းကျင်ကို ပြောင်းလဲစေမည်ဖြစ်သည်။

အကျိုးသက်ရောက်မှု ၂ - ကြယ်အမျိုးအစား သားရဲများသည် ဂလတ်ဆီဒီရေတွင် စွမ်းအင်မြှင့်တင်မှုကို လက်ခံရရှိမည်ဖြစ်ပြီး ကြယ်မဟုတ်သော သတ္တဝါများကို ဂလတ်ဆီဒီရေမှ နှိမ်နင်းမည်ဖြစ်သည်။

[သားရဲ အားနည်းချက်] - ကြယ်အမှောင်မြွေတွင် အဖြူရောင်အကြေးခွံများ ရှိပြီး မေးရိုးအောက် သုံးလက်မတွင်ရှိသည်။ ဤနေရာမှ အကြေးခွံများကို တိုက်ခိုက်ခြင်းသည် ကြယ်အမှောင်မြွေ၏ ရွေ့လျားနိုင်မှုကို ဆုံးရှုံးစေသည်။

[သားရဲ ဖော်ပြချက်] - အာဏာရှင်ဂလက်ဆီတွင်ရှိသော သားရဲ အမျိုးအစားဖြစ်သည်။ ဗီဇအတိုင်း ပြုမူရတာ ကြိုက်ပြီး၊ ကြယ်စွမ်းအား သိပ်သည်းသည့် နေရာတွေမှာ နေချင်သည်။ အပူကို မကြိုက်ပေ။

ထူးခြားသောဝိသေသလက္ခဏာများ ဖော်ပြချက်ကို ဖတ်ပြီးနောက် ကောင်းဖန်သည် လေထဲတွင် ပြန့်ကျဲနေသော ငွေဖြူရောင်လှိုင်းအလွှာကို ဂရုတစိုက်သတိပြုလိုက်သည်။ အဲဒါက ဂလတ်ဆီဒီရေ ဖြစ်ရမယ်...

ကောင်းဖန်တွေးနေရင်းနှင့် အက်ကွဲကြောင်းနောက်မှ ပြင်းထန်သည့် ရောင်ဝါတစ်ခု ရုတ်တရက် ပေါ်လာသည်။

ထို့နောက် ကောင်းဖန်သည် အနတ္တအာကာသကို ထိုးဖောက်သွားသော ထက်မြက်သည့်လှံတစ်ချောင်းကို တွေ့လိုက်ရသည်။

ဂလက်ဆီသည် နောက်ပြန်လှည့်နေသကဲ့သို့ ပြိုးပြိုးပြက်ပြက်ပြက်ဖြစ်နေသော ငွေဖြူရောင် ဂလက်ဆီသည် စစ်မြေပြင်အတွင်းသို့ ထိုးဖောက်ဝင်ရောက်လာသည်။

၎င်း၏ ကြောက်မက်ဖွယ်ကောင်းသော တန်ပြန်သက်ရောက်မှုများသည် ပတ်၀န်းကျင်ရှိ မရေမတွက်နိုင်သော သားရဲကောင်များကို ခွဲထုတ်ကာ ကြီးမားသော ဧရိယာကို ရှင်းထုတ်ပစ်လိုက်သည်။

အဲဒါက ဒီမှာပဲ...

ကောင်းဖန်သည် မျက်လုံးများကို မှိတ်ထားလိုက်သည်။

“မဟာ ဂလတ်ဆီလှံတံက ဒီမှာပဲ” ဖုန်မှုန့်တွေ တိမ်တိုက်တွေဆီကနေ ကျယ်လောင်သည့် အသံတစ်ခု ထွက်ပေါ်လာသည်။

ကြယ်စုဘက်ခြမ်းရှိ သားရဲများသည် အားရစွာ ဟိန်းဟောက်လိုက်ကြသည်။

ဖုန်မှုန့်များအားလုံး ရှင်းသွားသောအခါ အမြင့် ၁.၅ မီတာရှိ လူပုံစံ သားရဲကြီးသည် မြေပြင်ပေါ်တွင် ဝပ်နေကာ ၎င်း၏နောက်ကျာ်သည် မြေပြင်ပေါ်တွင် မှီနေပြီး ၎င်းရှေ့ရှိနေရာကို အေးစက်သောအကြည့်ဖြင့် ကြည့်လိုက်သည်။

သူ့အကြည့်က ဓားသွားကဲ့သို့ စူးရှသည်။

မျက်နှာတစ်ဝက်ကျော်ကို ဖုံးအုပ်ထားသော ဦးထုပ်ကိုဆောင်းထားပြီး ငွေရောင်မျက်လုံးအိမ်များသည် မျက်နှာဖုံးအောက်တွင် ရွှန်းလဲ့နေသည်။

အာရုံဦးနှင့်ပြုလုပ်ထားပုံရသော လှံရှည်နှစ်ချောင်းသည် သူ့နောက်ကျောမှာ ကပ်နေသည်။

ငွေဖြူရောင် ကြက်တူရွေးတစ်ကောင်သည် ဤသားရဲ၏ ပခုံးပေါ်တွင် ရပ်နေသည်။

ကြက်တူရွေးက အသက်ပြင်းပြင်းရှူလိုက်ပြီး “မဟာဂလက်ဆီလှံတံကြီး လာပါပြီ” ဟု ကျယ်လောင်စွာ အော်လိုက်သည်။

လူပုံဆန် သားရဲသည် မတ်တပ်ထရပ်ကာ လက်နှစ်ဖက်ကို ဖြန့်ပြီး မေးစေ့ကို မော့ကာ ရှေ့ကိုကြည့်လိုက်သည်။

“အလင်းလှိုင်း... ဒါက မင်းအစ်ကိုလား” ဂိုဒီက မေးလိုက်သည်။

အလင်းလှိုင်း၏ မျက်နှာပျက်သွားသည်။

“ဒီအမြင့်၊ ဒီခန္ဓာကိုယ်အရွယ်အစား၊ ဒီအကြည့် ... ဘယ်လိုလဲ” ဂိုဒီ က စလိုက်သည်။

“လွန်ခဲ့တဲ့ ခုနစ်ရက်က စစ်မြေပြင်မှာ တစ္ဆေမီးအိမ်ငါးကို ဒဏ်ရာအပြင်းအထန် ရစေခဲ့တဲ့သူပဲ” ဟု ကမ္ဘာနောက်ဆုံးနေ မီးတောင်နဂါး၏ရုပ်သေးက အသံတိုးတိုးဖြင့်ပြောလိုက်သည်။

အကယ်၍ တစ္ဆေမီးအိမ်ငါးကို ကယ်တင်ရန် အတတ်နိုင်ဆုံး ကြိုးစားနေသော အခြားဘုရားနှစ်ပါးကြောင့် မဟုတ်ပါက ဤအရာသည် ၎င်း၏ ပထမဆုံး နတ်ဘုရားသတ်ပွဲ ဖြစ်လိမ့်သည်။

ထိုနေ့မှ တိုက်ပွဲကို ပြန်သတိရသောအခါ ကမ္ဘာနောက်ဆုံးနေ မီးတောင်နဂါး၏ မျက်လုံးများတွင် ကြောက်ရွံ့မှုအရိပ်အမြွက် ထွက်ပေါ်လာသည်။

“မင်းတို့အရင်သွားကြ.. သိပ်စိတ်မလှုပ်ရှားနဲ့.. ထွက်သွားမလား ဒါမှမဟုတ် ဆက်နေမလား... မင်းဆက်နေချင်ရင် မင်းငါ့စကားကို နားထောင်ရမယ်” ကောင်းဖန်က ပြောလိုက်သည်။ “မင်းရဲ့အစွမ်းအစတွေကိုသိတယ် .. ဒါကြောင့် ငါတို့က တစ်ချက်တည်းသတ်ပစ်ရမယ်”

ဒန်ဘီသည် ကမ္ဘာနောက်ဆုံးနေ မီးတောင်နဂါး၏ ရုပ်သေး၏ပခုံးကို ထိလိုက်သည်။

ကမ္ဘာနောက်ဆုံးနေ မီးတောင်နဂါးသည် အနည်းငယ်စဉ်းစားပြီးနောက် ခေါင်းညိတ်ပြလိုက်သည်။

“မင်းငါ့ကို မလိမ်ဖို့ ငါမျှော်လင့်တယ်.. မဟုတ်ရင် နဂါးတစ်ကောင်ကို ဘယ်လောက်တောင် လုပ်နိုင်လဲဆိုတာ မင်းကို ငါပြရလိမ့်မယ် “

All Chapters