← Chapters

အခန်း (၈၀၁-၈၀၄)

Vol. 51 Ch. 801-804

အခန်း (၈၀၁-၈၀၄)

Vol. 51 Ch. 801-804

အခန်း ၈၀၁ နတ်ဘုရားဖြစ်မှုကိုစုစည်းခြင်း

ပင်လယ်မုန်တိုင်း ဧကရာဇ်သည် သူ့နောက်မှ အသံကိုကြားသောအခါ ခေါင်းကို အမြန်လှည့်လိုက်သည်။ သူ့လက်ထဲက ခရင်းခွသည် နောက်ပြန်ပေါက်ကွဲပြီး ပင်လယ်ပြာရောင်အလင်းတန်းတစ်ခုကို ဆွဲထုတ်လိုက်သည်။

ဒါပေမယ့် ဘာမှ မရှိနေပေ။ သူ့ခေါင်းကို လှည့်ကြည့်လိုက်တော့ ကြယ်တွေချည်းပြည့်နေသည့် ကောင်းကင်ပြင်ကို မြင်လိုက်ရသည်။

ဘာလဲဟ..

ပင်လယ်မုန်တိုင်း ဧကရာဇ်မင်း၏မျက်နှာသည် ရုတ်တရက် အတွင်းထဲသို့ နစ်မြုပ်သွားပြီး နက်ရှိုင်းသောတွင်းတစ်ခု ထွက်ပေါ်လာသည်။

တစ်ချိန်တည်းမှာပင် ပင်လယ်မုန်တိုင်းဧကရာဇ်၏ရင်ဘတ်သည် ပေါက်ကွဲလုနီးပါးဖြစ်သွားသည်။

ထိတ်လန့်တုန်လှုပ်မှုတစ်ခုသည် ကြယ်ရောင်ကောင်းကင်ကို ဖြိုခွဲလိုက်ပြီး နေရာလွတ်အက်ကွဲကြောင်းတွေက နောက်ပြန်ပြန့်ကျဲသွားသည်။

“အော်ရူး အသန်မာဆုံးပဲ” ကြယ်ရောင်စုံသော ကောင်းကင်တွင် နူးညံ့သိမ်မွေ့သော ကလေးလို အသံတစ်သံက တဟုန်ထိုး ပျံ့လွင့်နေသည်။ ဤအသံသည် သတ္တဝါအားလုံး၏ စိတ်တွင် တိုက်ရိုက် ထွက်ပေါ်လာသည်။

ဧကရာဇ်လှည့်ကြည့်လိုက်သောအခါ အနီရှိ ဥက္ကာခဲပေါ်တွင် ထိုင်နေသော သားရဲတစ်ကောင်ကို တွေ့လိုက်သည်။ သားရဲ့၏ဦးခေါင်းသည် ဝံပုလွေတစ်ကောင်နှင့် ဆင်တူသည်။

ဒါပေမယ့် သူ့ပခုံးပေါ်မှာ အပြာရောင် စက်ဝိုင်းနှစ်ခု ရှိသည်။ လက်များကို အနက်ရောင် အရိုးအလွှာတစ်ခုဖြင့် ဖုံးအုပ်ထားသည်။ သူ့လက်တွေက သန့်စင်ပြီး ဖြူဖွေးနေသည်။

သူ့ရဲ့ ကိုယ်လုံးကိုယ်ပေါက်က မကြီးပေ။ တစ်မီတာထက် အနည်းငယ်သာပိုသည်။ ပင်လယ်မုန်တိုင်းဧကရာဇ်အတွက်တော့ သေးငယ်တဲ့ အရာတစ်ခုသာဖြစ်သည်။

“အာကာသ.. အချိန်...” ပင်လယ်မုန်တိုင်းဧကရာဇ်၏မျက်လုံးအိမ်များ ကျုံ့သွားသည်။ လေထဲတွင် စွမ်းအားများ လုံးလုံးလျားလျား မပျံ့လွင့်သွားသည်ကို သူခံစားလိုက်ရသည်။

လေထဲတွင် ကျန်နေသည့် ဒြပ်စင်များ၏ အတက်အကျကို သူ အာရုံခံနိုင်သည်။ ထိပ်တန်းစည်းမျဉ်းနှစ်ခု၊ အာကာသနှင့် အချိန်တို့ကို တစ်ချိန်တည်းတွင် ထိန်းချုပ်နိုင်သည့် သားရဲတစ်ကောင် မည်သို့ရှိနိုင်မည်နည်း။ သူလုံး၀ တွန်းလှန်နိုင်မည် မဟုတ်ပေ။

“အော်ရူး.. သတ်လိုက်ပါ” ငွေရောင်ဖီးနစ်က ပြောလိုက်သည်။

“ဘယ်သူမှ အော်ရူးကို အမိန့်မပေးဘူး” ဥက္ကာခဲကို နားမလည်နိုင်သော စွမ်းအားတစ်ခုက ထိန်းချုပ်ထားပြီး ထိုနေရာတွင် ရှိနေသည်။ အော်ရူးက မတ်တပ်ထရပ်ပြီး ငွေရောင်ဖီးနစ်ကို ခေါင်းစောင်းပြီး ကြည့်လိုက်သည်။

ထို့နောက် ရုတ်တရက် နှာချေပြီး နှာခေါင်းကို ပွတ်သပ်ဖို့ လက်ဖဝါးကို အသုံးပြုလိုက်သည်။ ထို့နောက် နောက်ထက်မရွေ့လျားတော့ပေ။

ပင်လယ်မုန်တိုင်းဧကရာဇာစ်က စဉ်းစားနေသည်။ ဒီထူးဆန်းတဲ့ကောင်က သိပ်နာခံပုံမပေါ်ပေ။ ဒါက အကောင်းဆုံးပဲ.. လွတ်မြောက်ဖို့ အခွင့်အလမ်းကို ရှာတွေ့နိုင်တယ်...

အကြံအစည်ပေါ်လာသည်နှင့်တပြိုင်နက် ပင်လယ်မုန်တိုင်းဧကရာဇ်သည် အခွင့်အလမ်းများကို စတင်ရှာဖွေလိုက်သည်။

ရုတ်တရက် ပေါက်ကွဲသံနှင့်အတူ ပင်လယ်မုန်တိုင်းဧကရာဇ်၏ ခန္ဓာကိုယ်သည် ပြန့်ကျဲသွားကာ မရေမတွက်နိုင်သော ရေစက်များအဖြစ် နေရာအနှံ့ ပေါက်ကွဲသွားသည်။

ရေစက်တိုင်းမှာ ပင်လယ်မုန်တိုင်းဧကရာဇ်ရဲ့ အသိစိတ်တွေ ပါရှိသည်။ ရေတစ်စက် လွတ်မြောက်နိုင်သရွေ့ သူပြန်လည်မွေးဖွားနိုင်သည်။

၎င်းသည် ဒီစွမ်းအင်နှင့်အတူ သမုဒ္ဒရာထဲမှာ ရှိနေရင် သတ်ပစ်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပင်။ သို့သော် ဒါကကြယ်ရောင်စုံတဲ့ ကောင်းကင်ကြီးဖြစ်သည်။

ကောင်းကင်မှာ ရေတွေရှိနိုင်ပေမယ့် အနီးနားပတ်ဝန်းကျင်တော့ ဥက္ကာခဲတွေကလွဲလို့ ဘာမှမရှိဘူးဆိုတာ သိသာသည်။

ငွေရောင်ဖီးနစ်၏ အတောင်ပံများ ဖြန်လိုက်သောအခါကြောက်မက်ဖွယ်ရာ ငွေရောင်အလင်းတန်းများသည် ကောင်းကင်မှ ထွက်ပေါ်လာသည်။ ငွေရောင် ရောင်လျှံစက်ဝန်းသည် ပြန့်ကျဲသွားပြီး ငွေရောင် ရောင်လျှံစက်ဝန်းအတွင်းကျရောက်သွားသော ရေစက်တိုင်းသည် အငွေ့ပျံသွားသည်။

သို့သော် အဝေးကိုထွက်ပြေးသွားသည့် ရေစက်လေးတွေလည်း ရှိနေသေးသည်။

“အော်ရူး သူကို လွှတ်ပေးလိုက်ရင် မင်းအဖေ အရမ်းဒေါသထွက်သွားလိမ့်မယ်” ငွေရောင်ဖီးနစ်က ဒေါသတကြီးပြောလိုက်သည်။

“မင်းဘာလို့ ဒီလောက်တောင် စိတ်ပျက်စရာကောင်းရတာလဲ စာကလေး” အော်ရူး၏မျက်နှာသည် မည်းမှောင်သွားပြီး မတ်တပ်ရပ်လိုက်ကာ ညာဘက်လက်က သူ့လက်ချောင်းများကို လေထဲတွင် ဖြန့်ကားလိုက်သည်။

ထို့နောက် လက်ငါးချောင်းသည် အလယ်မှတ်အဖြစ် အလွန်တောက်ပသော မီးခိုးဖြူရောင် ကွင်းပြင်တစ်ခု ပွင့်လာသည်။

ကွင်းပြင်ရှိ အရာအားလုံးသည် အလွန်နှေးကွေးသွားသည်။

ငွေရောင် ဖီးနစ် အပါအဝင် ၎င်း၏ အတောင်ပံများမှ ဖြည်းဖြည်းချင်း ဖြန့်ထွက်နေသည့် အလင်းရောင်ကိုပင် မြင်နိုင်သည်။

အော်ရူးက ခုန်ပြီးထိုးလိုက်သည်။

အဝေးရှိ ရေစက်များသည် ထိုးချက်အရိပ်၏ ဖုံးလွှမ်းခြင်းကိုခံလိုက်ရပြီး လုံးဝပျောက်ကွယ်သွားသည်။

ထိုအခါမှသာ အော်ရူးသည် ၎င်း၏နယ်ပယ်ကို ရုပ်သိမ်းလိုက်သည်။

လေသည် ပုံမှန်စီးဆင်းမှုအတိုင်း ပြန်ဖြစ်သွာားသည်။

မီးခိုးဖြူရောင် ကွင်းပြင်သည် အော်ရူး၏ ညာဖက်လက်ဖဝါးထဲသို့ ပြန်ဝင်လာသည်။ အော်ရူးသည် လက်ပိုက်ထားလိုက်ပြီး ငွေရောင်ဖီးနစ်ကို အေးစက်စွာ ကြည့်နေသည်။

ထပ်ခါတလဲလဲ စစ်ဆေးပြီးနောက် ငွေဖီးနစ်သည် ပင်လယ်မုန်တိုင်းဧကရာဇ် အမှန်တကယ် ကျဆုံးသွားပြီဖြစ်ကြောင်း အတည်ပြုလိုက်သည်။ သူ စိတ်သက်သာရာရသွားပြီး “ငါတို့တာဝန်ပြီးသွားပြီ... ပြန်ကြရအောင်” ဟု ပြောလိုက်သည်။

“အော်ရူး မပြန်ဘူး... အော်ရူးက အချိန်ကြာကြာ ကစားချင်သေးတယ်...” အော်ရူးသည် ငွေရောင်ဖီးနစ်ကို စိုက်ကြည့်ကာ သူမရှေ့မှ ပြေးထွက်သွားသည်။

တစ်ချိန်တည်းမှာပင် စာကလေးအိုကြီးက သူ့ကို တားဆီလျှင် သူမကို ရိုက်နှက်မည်ဟု စိတ်ထဲတွင် တွေးထားလိုက်သည်။

ငွေရောင်ဖီးနစ်က မျက်မှောင်ကြုတ်လိုက်သည်။ အော်ရူးသည် အလွန်အစွမ်းထက်သော်လည်း အမိန့်နာခံရန် ငြင်းဆန်နေပြီး သူမသည် သူ့ကို မတားဆီးနိုင်ပေ။

ဘာပဲဖြစ်ဖြစ် အလုပ်ပြီးသွားပြီဖြစ်တာကြောင့် ကစားချင်ရင် သွားကစားလိုက်ပါစေ..

ငွေရောင်ဖီးနစ်က သူ့ကို မတားတော့တာကို မြင်လိုက်ရတော့ အော်ရူး၏ မျက်လုံးတွေက နောင်တရနေသည့် အရိပ်အယောင်တွေ ပြနေသည်။

တစ်ဖက်တွင် ကောင်းဖန်သည် ပင်လယ်မုန်တိုင်းဧကရာဇ်ကို အာကာသထိန်းချုပ်မှုနည်းလမ်းဖြင့် ဖယ်ရှားထားသည်ကို တွေ့လိုက်ရသောကြောင့် ခေါင်းကိုက်နေသည်။

ကောင်းဖန်သည် ဧကရာဇ်၏ သီးခြားအမျိုးအစားကို မမြင်နိုင်သော်လည်း သူ၏အမည်ကိုတော့ မြင်နိုင်သည်။

၎င်းသည် နက်ရှိင်းသမုဒ္ဒရာနတ်ဘုရားစနစ်၏ ခေါင်းဆောင်ကြီး သုံးဦးအနက်မှ တစ်ဦး ဖြစ်သည့် ပင်လယ်မုန်တိုင်းဧကရာဇ်ဖြစ်သည်။

နောက်ရက်အနည်းငယ်တွင် ထိုဒေသရှိ နက်ရှိုင်းသမုဒ္ဒရာနတ်ဘုရားစနစ်သည် သွေးရူးသွေးတန်း ဖြစ်သွားသည်။

မေးမြန်းပြီးနောက် ကောင်းဖန်သည် ပင်လယ်မုန်တိုင်း ဧကရာဇ် ကျဆုံးခြင်းကို သိလိုက်ရသည်။

အဲဒီနေ့မြင်ကွင်းကို ပြန်ကြည့်ရင်း ကောင်းဖန်သည် သူက သမိုင်း၏ မျက်မြင်သက်သေဖြစ်သွားခဲ့တာကို သိလိုက်ရသည်။

နက်ရှိုင်းသမုဒ္ဒရာ နတ်ဘုရားစနစ်သည် သွေးရူးသွေးတန်းဖြစ်နေတာကြောင့် ကောင်းဖန်သည် ခက်ခဲသောရေပြင်တွင် ငါးဖမ်းရန် ကြိုးစားမှုမှာ ပိုမိုအဆင်ပြေလာသည်။

ကောင်းဖန်သည် တခါတရံတွင် သူသည် ကြေးစားစစ်သားအဖြစ် နက်ရှိုင်းသမုဒ္ဒရာ နတ်ဘုရားစနစ်ကို ကူညီပြီး တိုက်ပွဲ၀င်တတ်ပြီး ပစ္စည်းအချို့ရပြီးနောက် ထွက်ခွာသွားတတ်သည်။ စစ်မြေပြင်တစ်နေရာထဲမှာ သူ ဘယ်တုန်းကမှ မနေပေ။

ထို့ကြောင့် ကြယ်စုမှ တစ်စုံတစ်ယောက်က လက်စားချေလိုလျှင်တောင် ဘယ်သူမှ ရှာမတွေ့နိုင်ပေ။

ကောင်းဖန်သည် နတ်ဘုရားတစ်ပိုင်းအဆင့်ကိုသာသတ်ဖြတ်ပြီး နတ်ဘုရားနှင့် အထက်ရှိသော သားရဲများကို မသတ်ပေ။

နတ်ဘုရားတစ်ပိုင်း အနည်းငယ်ကျဆုံးသွားခြင်းသည် အာရုံစူးစိုက်မှုကို ဆွဲဆောင်နိုင်မည်မဟုတ်ပေ။

တစ်လအတွင်း ကောင်းဖန်သည် နတ်ဘုရားတစ်ပိုင်းအလောင်း ၃၀ ကျော်ကို ရခဲ့သည်။

ထိုသို့ဖြင့် သူ၏ကွပ်ကဲမှုအောက်ရှိ အဓိကသားရဲများအားလုံးကို အဆင့် ၁၀၀ သို့ မြှင့်တင်နိုင်ခဲ့သည်။

နတ်ဘုရားဖြစ်ဖို့ ဘုရားရုပ်တုနဲ့ ယဇ်ပလ္လင်တစ်ခုဆောက်ဖို့ပဲသာ လိုတော့သည်။

ကောင်းဖန်သည် ဂိုဒီနှင့် ကျန်သူများကို အလျှင်အမြန် နတ်ဘုရားဖြစ်လာစေရန် ခွင့်မပြုထားသော်လည်း ၎င်းတို့ နတ်ဘုရားဖြစ်မလာမီ ၎င်းတို့၏ အလားအလာကို အပြည့်အ၀ အသုံးချကာ ဥပဒေများကို ပိုမိုနားလည်ရန် ကြိုးစားစေသည်။

နတ်ဘုရားသည် တစ်ယောက်ဖြစ်ပြီးနောက် နောက်ထက်နတ်ဘုရားအသစ်များ ပေါင်းစည်းရန် အလွန်ခက်ခဲသောကြောင့်ဖြစ်သည်။

ဒါက အရည်အချင်းပေါ်မူတည်နေသည်။

အရည်အချင်းမပြည့်မီပါက အချိန်ဖြုန်းခြင်းသည် အကျိုးမရှိပေ။

တာ့ဇီသည် မိုးကြိုးစည်းမျဉ်းတစ်ခုထဲကိုသာ ဖွဲ့သည်။

ဒါက တာ့ဇီ၏ အရည်အချင်းနဲ့လည်း ဆက်စပ်နေသည်။ လက်ရှိတွင် တာ့ဇီတွင် အတောင်ခုနစ်ဆယ့်နှစ်ခုရှိပြီး မတူညီသော မိုးခြိမ်းသံပေါင်း သုံးဆယ့်ခြောက်ခုကို သိမ်းဆည်းထားနိုင်သည်။

အမှန်မှာသားရဲများစွားသည် နတ်ဘုရားဖြစ်မှုအတွက် သွေးမိုးကြိုးစည်းမျဉ်း၊ လေမိုးကြိုးစည်းမျဉ်း၊ ယင်မိုးကြိုးစည်းကမ်းစသည်ဖြင့် မိုးခြိမ်းသံတစ်မျိုးကိုသာ ဖော်ထုတ်ရန် လိုအပ်သည်။

တာ့ဇီ၏ မိုးကြိုးသုံးဆယ့်ခြောက်ခုသည် သဘာဝအတိုင်း သုံးဆယ့်ခြောက်ခုလုံးကို နတ်ဘုရားဖြစ်မှုကို မဖွဲ့စည်းနိုင်ပေ။

အဘယ်ကြောင့်ဆိုသော် အချို့သောမိုးကြိုးများသည် ကွဲပြားသော်လည်း ပင်စည်ပေါ်တွင် အကိုင်းအခက်များစွာရှိသကဲ့သို့ ၎င်းတို့သည် စည်းမျဉ်းတစ်ခုစီနှင့် အမှန်တကယ်သက်ဆိုင်သောကြောင့်ဖြစ်သည်။

ယခု တာ့ဇီသည် မိုးကြိုးစည်းမျဉ်းကို ဖွဲ့စည်းသည်။ ထိုအခါ အခြားစည်းမျဉ်းများသည် မိုးကြိုးအုပ်ချုပ်မှုအောက်တွင် “အကိုင်းအခက်များ” ဖြစ်လာသည်။

“ကောင်းဖန်... ငါက အသုံးမကျဘူး” တာ့ဇီက အော်ဟစ်ပြီး သူ့ခြေသည်းနှစ်ချောင်းက ကောင်းဖန်ကို တွယ်ကပ်ထားသည်။

“ဘာဖြစ်လို့လဲ…” ကောင်းဖန်က သံသယစိတ်ဖြင့် မေးသည်။

“ဂိုဒီ... ကြောက်စရာကောင်းတဲ့ ဂိုဒီက နတ်ဘုရားဖြစ်မှု သုံးခုကို ဖွဲ့စည်းထားတယ်... ငါ့မှာ တစ်ခုပဲရှိတယ်” ဟု မျက်လုံးနီနီနဲ့ တာ့ဇီက ဝမ်းနည်းစွာ ပြောလိုက်သည်။

“ဂိုဒီမှာ သုံးခုတောင်ရှိတာလား” ကောင်းဖန်သည် တကယ်မသိခဲ့ပေ။ ဂိုဒီသည် လွန်ခဲ့သည့် တစ်ပတ်က သူ၏ ဒုတိယနတ်ဘုရားဖြစ်မှုကို ဖွဲ့စည်းခဲ့သည်ကို သူမှတ်မိသည်။ ယခု သူသည် တတိယမြောက်ဖြစ်နေပြီလား..

“အရေးမကြီးပါဘူး... များလေလေ အားကောင်းလေလေလို့ မဆိုလိုပါဘူး... စည်းလုံးညီညွတ်တဲ့ သီးခြား စည်းမျဉ်းတွေပေါ်မှာပဲ မူတည်တယပါ” ဟု ကောင်းဖန်က နှစ်သိမ့်လိုက်သည်။

“တကယ်လား” တာ့ဇီသည် ငိုတာကို ရပ်လိုက်ပြီး ကောင်းဖန်ကို သံသယနဲ့ ကြည့်လိုက်သည်။ သူငါ့ကိုလိမ်နေတာမလား..

ငါက ရိုးရိုးရှင်းရှင်းနဲ့ ချစ်ဖို့ကောင်းတယ်ဆို‌တော့ ငါလိမ်ခံရရင် ဘယ်လိုလုပ်မလဲ...

“ငါ မင်းကို လိမ်နေတာမဟုတ်ဘူး” ကောင်းဖန်က ပြုံးပြီး တာ့ဇီ၏ခြေသည်းတွေကို လက်ဖဝါးနဲ့ ပုတ်လိုက်သည်။ “မင်း ငါ့ကို ဘာလို့ အရင်မလွှတ်တာလဲ...”

***

သားရဲလေ့ကျင့်သူ

အခန်း ၈၀၂ နတ်ဘုရားဖြစ်မှု

“ဟားဟားဟား” အနတ္တနေရာမှ ခေါင်းလောင်းလို တေးသီသံများ ထွက်ပေါ်လာသည်။

တာ့ဇီ လွှတ်တော့မယ့် ခြေသည်းများက ပြန်လည် တင်းကျပ်သွားသည်။ ကောင်းဖန်သည် သက်ပြင်းချလိုက်သည်။

“တာ့ဇီ... လိမ္မာတယ်.. လွှတ်လိုက်နော်”

တာ့ဇီ၏ပါးစပ်က တတွတ်တွတ် ရွတ်နေသည်။ ကောင်းဖန် နင်က ငါ့ကို တကယ်လှည့်စားနေတာ...

နင့်ကို သုံးနာရီကြာအောင် တစ်ယောက်တည်းထားဖို့ ဆုံးဖြတ်လိုက်ပြီ... မဟုတ်ဘူး နှစ်နာရီ.. နင့်အနေနံ့ ချစ်ရတဲ့သူကို ဆုံးရှုံးလိုက်ရတဲ့ ဝေဒနာကို ခံစားစေချင်တယ်...

ထိုသို့သော အတွေးဖြင့် တာ့ဇီသည် ဂုဏ်ယူစွာဖြင့် လက်သည်းများကို လွှတ်လိုက်ပြီး နောက်ပြန်လှည့်ကာ ထွက်သွားလေသည်။

ခဏအကြာတွင် တာ့ဇီသည် တောင်စောင်းနောက်တွင် ပုန်းနေပြီး ကောင်းဖန်၏ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်ရန် သူ့ခေါင်းကို ငုံ့ကြည့်လိုက်သည်။

ကောင်းဖန်သည် အသံ၏ အရင်းအမြစ်ကို ရှာဖွေလိုက်သည်။ ပထမတော့ ကောင်းဖန်သည် ဒါက ဆီလီ ရယ်နေတာလို့ ထင်လိုက်သည်။

အဘယ်ကြောင့်ဆိုသော် အသံသည် ကလေးတစ်ယောက်လို ဆီလီနှင့် ဆင်တူသောကြောင့်ဖြစ်သည်။

ဒါပေမယ့် အဝေးက နေရောင်ထဲမှာ ဆီလီ လွင့်မျောနေတာကို ကောင်းဖန်သတိထားမိလိုက်သည်။

အဆင့် ၁၀၀ ကိုရောက်တာတောင် ဒီကောင်က ပျင်းနေတုန်းပင်။ ယခုအချိန်အထိ ၎င်းသည် မည်သည့် အာကာသနတ်ဘုရားဖြစ်မှုကိုမျှ ဖွဲ့စည်းခြင်းမရှိသေးပေ။ တာ့ဇီပင်လျှင် နတ်ဘုရားဖြစ်မှုကို ဖွဲ့စည်းခဲ့ပြီး ဖြစ်သည်။

ရယ်မောသံများက သူ့နားထဲတွင် ရစ်ဝဲလာသည်။ကောင်းဖန်သည် ထိုသားရဲမှာ သူ့နှင့် မဝေးလှကြောင်း ခံစားနိုင်သည်။ တကယ်ဆို အနီးအနားမှာ ရှိသင့်ပေမယ့် မမြင်နိုင်ပေ။

ကောင်းဖန်မျက်မှောင်ကြုတ်လိုက်သည်။ ဒါက နေရာလွတ် စွမ်းအားဖြစ်ရမယ်...

၎င်းသည် နေရာလွတ် အမျိုးအစား၏ စွမ်းအင်ဖြစ်ပါက ဆီလီသည်လည်း ထိုသို့ လုပ်ဆောင်ရမည့်သူဖြစ်သည်။

ကောင်းဖန်သည် ဆီလီကို ခေါ်လိုက်ပြီး ဆီလီနှင့် အမြင်ကို မျှဝေလိုက်သည်။

ထို့နောက် ကောင်းဖန်သည် ရယ်မောကာ ခြေထောက်တိုတိုများကို ကောင်းကင်သို့ ကန်ထုတ်နေ့သည့် နေရာလွတ်ကွာဟချက်တွင် ပုန်းအောင်းနေသော သားရဲငယ်လေးကို တွေ့လိုက်ရသည်။

ဤသားရဲလေး၏ အသိဥာဏ်သည် အလွန်မြင့်မားသည်။ ဆီလီကို တွေ့လိုက်သောအခါတွင် သူက ဆီလီကို ကိုကြည့်ရန် ခေါင်းကို တစ်ပြိုင်နက် လှည့်လိုက်သည်။

သားရဲတစ်ကောင်ကို မြင်လိုက်ရသလိုပဲ ကောင်းဖန်၏ တစ်ကိုယ်လုံး ယားယံသွားသည်။

“ဟမ်... ဒါက ပျော်စရာလည်း မကောင်းဘူး” ဟု နှုတ်ခမ်းစူရင်း သားရဲငယ်လေးက ခုန်ပြီး လေထဲမှာ ပျောက်သွားသည်။

ယားကျိကျိ ခံစားချက်ကို ကျော်ဖြတ်ဖို့ အချိန်အတော်ကြာယူလိုက်ရသည်။

ကောင်းဖန်သည် ထိုနေရာတွင် စိတ်သက်သာရာရသည်အထိ အကြာကြီးရပ်နေရသည်။

သားရဲလေးက သူ့ကို အလွန်အန္တရာယ်များသည့် ခံစားချက်ကိုပေးသည်။

ကံကောင်းထောက်မစွာ ရန်ပြုလိုခြင်းတော့ မရှိပေ။

ဒါက ကောင်းဖန်အတွက်သာမက ဆီလီလည်းခံစားလိုက်ရသည်။ ယင်းနောက်တွင် ဆီလီသည် သူ၏ ကိုယ်ပိုင် နတ်ဘုရားဖြစ်မှုကို ဖွဲ့စည်းရန် အပြင်းအထန်လေ့ကျင့်ရန် စလုပ်တော့သည်။

ဆီလီသည် ယခင်က လေ့ကျင့်ဖူးသော်လည်း ရက်အနည်းငယ်ကြာတိုင်း ယခင်လို ပြန်လည် ပျင်းရိသွားတက်သည်။

ဆိုရိုးစကားအတိုင်း “ဖားတစ်ကောင် တစ်ကြိမ်ခုန်ဖို့ တစ်ခါတို့ပေးရမယ်” ဆိုတာလို ဖြစ်နေသည်။

ဂိုဒီရော သူ့ရဲ့ တတိယ နတ်ဘုရားဖြစ်မှုကို ဖွဲ့စည်းပြီးပြီလား...

ကောင်းဖန်သည် ဂိုဒီကို ခေါ်လိုက်သည်။ “မင်းရဲ့ အသစ်ဖွဲ့စည်းထားတဲ့ နတ်ဘုရားဖြစ်မှုက ဘယ်လို ပညတ်လဲဆိုတာ ကြည့်ရအောင်”

ဂိုဒီ၏ ပထမနတ်ဘုရားဖြစ်မှု နှစ်ခုမှာ ဇွဲလုံ့လနတ်ဘုရားဖြစ်မှုနှင့် ဘာဂျာရာနတ်ဘုရားဖြစ်မှုတို့ဖြစ်သည်။ သူတို့က တင်းကျပ်သော်လည်း အဆင့်အတန်းမြင့်သည့် စည်းမျဉ်းများတော့ မဟုတ်ပေ။

“ဒီမှာ” ဂိုဒီသည် သူ့လက်ဖဝါးကိုဖြန့်လိုက်ပြီး သန့်စင်ပြီး ကြည်လင်သော အရောင်မဲ့ နတ်ဘုရားဖြစ်မှုကို ဖွဲ့စည်းလိုက်သည်။

ဤနတ်ဘုရားဖြစ်မှု ပေါ်ထွန်းလာသောအခါ အနီးနားရှိ ဒြပ်စင်အားလုံးသည် မမြင်နိုင်သော စွမ်းအားဖြင့် တွန်းလှန်လာသည်။

“ဒါက တားမြစ်နတ်ဆိုးနတ်ဘုရားဖြစ်မှုလား” နတ်ဆိုးတွေကို တားမြစ်နိုင်စွမ်းကိုလည်း စည်းမျဉ်းအဖြစ် ဖွဲ့စည်းနိုင်တဲ့အတွက် ကောင်းဖန် အံ့သြသွားသည်။

ဤစည်းမျဉ်းက ယေဘုယျ စည်းမျဉ်း၊ အဆင့်မြင့် စည်းမျဉ်း သို့မဟုတ် ထိပ်တန်း စည်းမျဉ်းတစ်ခု ဖြစ်သလား။

ကောင်းဖန်သည် တိကျသော အဆုံးအဖြတ်ကို မပေးနိုင်ပေ။

အချို့သောအခြေအနေများတွင် တားမြစ်နတ်ဆိုးနတ်ဘုရားဖြစ်မှုသည် ခိုင်မာသောအခန်းကဏ္ဍမှ ပါဝင်နိုင်သော်လည်း တစ်ခါတစ်ရံတွင် အသုံးမဝင်နိုင်ဟုသာ ပြောနိုင်သည်။

၎င်းသည် အသွင်ပြောင်းဓားစည်းမျဉ်းနှင့် သက်ဆိုင်သည်။

ကောင်းဖန်သည် ဤစည်းမျဉ်းကို ရှားပါးသည်ဟုခွဲခြားထားသည်။

ဤအရာ၏ စွမ်းအားသည် ဆုံးဖြတ်ရန် ခက်ခဲပြီး အမှန်တကယ် ရှားပါးသည်။

“ကောင်းပြီ.... မင်းရဲ့ နတ်ဘုရားဖြစ်မှုတွေကို ဆက်ပြီး ဖွဲ့စည်းနိုင်လား” ကောင်းဖန်က မေးလိုက်သည်။

ဂိုဒီက သူ့ခေါင်းပြောင်ကို ကိုင်လိုက်ပြီး “ကြည့်ရတာ ငါ မလုပ်နိုင်တော့ဘူး... ငါအားလုံးကို ညှစ်ထုတ်ခဲ့လိုက်ရပြီးပြီ” ဟု‌ေပြာလိုက်သည်။

ဂိုဒီသည် ဘောလုံးကို ကိုင်ထားသလိုမျိုး လက်နှစ်ဘက်ဖြင့် အမူအရာလုပ်လိုက်သည်။

ဒါပေမယ့် အဲဒီအမူအရာက မသင့်လျော်ဘူးလို့ ခံစားမိတဲ့အတွက် အလယ်မှာ နေရာအနည်းငယ်ချန်ထားပြီး လက်မနဲ့ လက်ညှိုးကိုသာ တင်းတင်းကျပ်ကျပ် ညှစ်လိုက်သည်။

ကောင်းဖန် ခေါင်းညိတ်လိုက်သည်။ နတ်ဘုရားဖြစ်မှုဖွဲ့စည်းခြင်းသည် အမှန်စင်စစ်အားဖြင့် ခန္ဓာကိုယ်အတွင်းရှိ ခွန်အားများကို သန့်စင်ပြီး စုဆောင်းရန်ဖြစ်ပြီး ၎င်းကို အခြားပုံစံဖြင့် ပေါင်းစပ်ခြင်းဖြစ်သည်။

နတ်ဘုရားတစ်ပိုင်း အဆင့်ကို ပြီးပြည့်စုံအောင်ပြုလုပ်ထားမှသာလျှင် စည်းမျဉ်းကို လုံး၀သန့်စင်နိုင်မည်ဖြစ်သည်။ ဒါက နတ်ဘုရားတစ်ပိုင်းအဆင့်အတွင်း အနိမ့်ဆုံးစံစည်းမျဉ်းကို ပြန်လည်ပြင်ဆင်ခြင်းဖြစ်သည်။

“တခြား သားရဲတွေရော ဘယ်လောက်တိုးတက်နေပြီလဲ ကြည့်ရအောင်” ကောင်းဖန်တွေးပြီး ဂိုဒီနှင့်အတူ လျှောက်သွားလိုက်သည်။

တာ့ဇီသည် သူ၏ ခေါင်းတစ်ဝက်ကိုသာ မြင်သာအောင်ပြထားပြီး ကောင်းဖန်၏ နောက်ကျောကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေသည်။

ကောင်းဖန်သည် သူ့လက်အောက်ရှိ သားရဲများအနက်မှ နဂါးပုရွက်ဆိတ်ကို အမျှော်လင့်ဆုံးဖြစ်မည်ကို သံသယဖြစ်စရာမလိုပေ။

၎င်း၏ အထူးစွမ်းအင်များကြောင့် နဂါးပုရွက်ဆိတ်သည် သားရဲများ၏ အမျိုးအစားအများစုကို ထိန်းချုပ်နိုင်သည်။

အင်္ဂါရပ်အသစ်တိုင်းသည် စွမ်းအားအသစ်များကို ယူဆောင်လာနိုင်သည်။

နဂါးပုရွက်ဆိတ်ကို နှစ်ပတ်ကြာ ထိန်းချုပ်ထားသည်။ ကောင်းဖန်သည် နဂါးပုရွက်ဆိတ် တံခါးပိတ်လျက် ရှိနေသည်ကို စစ်ဆေးရန် သွားလိုက်သည်။ နဂါးပုရွက်ဆိတ်ကို ဆက်လက်ကာကွယ်ရန်လည်း ဂိုဒီကို အမိန့်ပေးလိုက်သည်။

သို့သော်

အလင်းလှိုင်းသာ ထွက်လာသည်။

၎င်းသည် “နတ်ဘုရားဖြစ်မှုမျက်ရည်နှင့် နတ်ဘုရားဖြစ်မှုအရိပ်” ကို ဖွဲ့စည်းထားသည်။

သူက ခေါင်းကိုမော့ ရင်ကိုကော့ထားပြီး စစ်သူကြီးတစ်ယောက်လို ဂုဏ်ယူနေသည်။

ငါ့ရဲ့ နတ်ဘုရားဖြစ်မှုကို ပြဖို့ လုပ်ဖော်ကိုင်ဖက်ကို ငါရှာရမယ်...

ဂိုဒီက သူ့နှာခေါင်းပေါက်ကို နှိုက်နေသည်။ သူ့ဘယ်ဘက်လက်မှာက တက်ဘလက်တစ်လုံးရှိနေပြီး ရုပ်ရှင်ကြည့်နေသည်။ အလင်းလှိုင်းသည် ပါးစပ်ကိုဖွင့်လိုက်သော်လည်း နောက်ပြန်လှည့်သွားသည်။

အလင်းလှိုင်းသည် သူပြောချင်သမျှကို ရပ်တန့်လိုက်သည်။

အထဲကို ကြည့်လိုက်သောအခါ နဂါးပုရွက်ဆိတ်သည် လေ့ကျင့်နေဆဲဖြစ်သည်။

လက်ကြီးတစ်ချောင်းက ကောင်းကင်မှ ဆင်းသက်လာပြီး အလင်းလှိုင်း၏ ခေါင်းကို ဖုံးအုပ်လိုက်သည်။

“ကလေးတို့ .. ဘေးဖယ်ထား.. သခင်ကပြောတယ် သူ့ကို မနှောင့်ယှက်နဲ့”

အလင်းလှိုင်းသည် ဂုဏ်ယူစွာဖြင့် ထွက်ခွာသွားသည်။ ခပ်လှမ်းလှမ်းအထိ လမ်းလျှောက်ပြီးနောက် တာ့ဇီသည် တောင်စောင်း နောက်ဘက်တွင် မသိမသာ တွားသွားသည်ကို မြင်လိုက်ရသဖြင့် ပျော်ရွှင်စွာ ပျံတက်သွားပြီး တာ့ဇီအနားတွင် “တာ့ဇီ...” ဟု အော်ခေါ်လိုက်သည်။

တာ့ဇီသည် ခေါင်းကို ဖြည်းညှင်းစွာ ခါလိုက်ပြီး အလင်းလှိုင်းကို စကားမပြောစေရန် အမူအရာပြလိုက်သည်။

အလင်းလှိုင်းသည် တာ့ဇီ၏ ကြည့်နေသည့်မြင်ကွင်းကိုကြည့်လိုက်သောအခါ ကောင်းဖန်သည် ပင်လယ်ဝတုတ်နှင့် ခြင်္သေ့ဖြူတို့နှင့်အတူ စကားပြောနေပြီး ရယ်မောနေသည်ကို ‌ေတွ့လိုက်ရသည်။

ခြင်္သေ့ဖြူတွင် နတ်ဘုရားဖြစ်မှုနှစ်ခုရှိသည်။ တစ်ခုမှာ အေးခဲနတ်ဘုရားဖြစ်မှုနှင့် နှင်းခဲနတ်ဘုရားဖြစ်မှု တို့ဖြစ်သည်။

ပင်လယ်ဝတုတ်ကတော့ နတ်ဘုရာဖြစ်မှုကို စုဆောင်းရန် အလျင်မလိုပေ။ သူသည် သူ၏ထာဝရအဆင့်ကို ပြန်လည်ရရှိပြီးနောက်မှသာ နတ်ဘုရားဖြစ်မှုကို စုဆောင်းရန် မျှော်လင့်ထားသည်။

“ပြန်ရဖို့ အခွင့်အရေးရဖို့ဆိုတာလည်း မလွယ်ပါဘူး..အဲဒါကို ကောင်းကောင်း စီမံခန့်ခွဲရဦးမယ်” ဟု ပင်လယ်ဝတုတ်က အလေးအနက် ပြောလိုက်သည်။

သူသည် နောက်ထပ်တိုးတက်မှုရှိမှသာ နတ်ဘုရားဖြစ်မှုကို လုပ်ဆောင်ရန် ဆုံးဖြတ်ထားသည်။

ကောင်းဖန်က “ဒီနည်းက မင်းရဲ့ ခွန်အားကို အချိန်အကြာကြီး ပိတ်ဆို့နေလိမ့်မယ်” ဟု ပြောလိုက်သည်။

“အရေးမကြီးပါဘူး.. အပျော်လင်ငယ်လေးဖြစ်ရတာ ကိစ္စကြီးကြီးမားမားတော့ မဟုတ်ပါဘူး” ပင်လယ်ဝတုတ်က ဂရုမစိုက်ပေ။

“မင်းက အပျော်လင်ငယ်လေးတော့ မဟုတ်ဘူး... ဒါပေမယ့် မင်းက အပျော်လင်ဝတုတ်တော့ ဖြစ်နိုင်တယ်”

“ဒါဆို ငါက အဝဆုံးလင်ငယ်ဖြစ်လောက်တယ်..” ပင်လယ်ဝတုတ်သည် မြေပြင်ပေါ်တွင် သက်တောင့်သက်သာ လှဲလျောင်းနေသည်။ သူ့မျက်လုံးများက ကျဉ်းမြောင်းသွားသည်။

“... မင်းမှာ ကြီးမားတဲ့ ရည်မှန်းချက် ရှိတယ်ဆို” ကောင်းဖန် စိတ်လေသွားသည်။

“ဟားဟား ငါက ကာကွယ်ပေးနေခဲ့တာကြာပြီ... ကာကွယ်ခံရတယ်ဆိုတဲ့ ခံစားချက်ကိုလည်း ခံစားချင်တယ်လေ”

“ကောင်းပြီ... နောက်ဆို မင်းကို ငါကာကွယ်မယ်” ဟု ခြင်္သေ့ဖြူ က ကတိပြုလိုက်သည်။

“…”

“ဟေး... အဲဒါ ဘယ်လိုပုံစံဖြစ်နေတာလဲ” ခြင်္သေ့ဖြူက သူ့ကို စော်ကားသလို ခံစားလိုက်ရသည်။

ပင်လယ်ဝတုတ်သည် သူ့ကိုယ်သူ နေပူလှန်းရန် တစ်ဖက်သို့ လှန်လိုက်သည်။

၎င်းတို့အပြင် နဂါးပြုစုပျိုးထောင်ရေးစာအုပ်သည် အဆင့် ၉၉ တွင် ပိတ်မိနေသောကြောင့် စည်းမျဉ်းများကို ယာယီတော့ နားမလည်နိုင်သေးပေ။

တစ်ချိန်တည်းမှာပင် ဂုံးဖြူလေး၏အဆင့်ကိုလည်း ၈၄ သို့မြှင့်တင်ခဲ့ပြီး ငပျင်းအဖွဲ့၏ ဒုတိယအုပ်စုနှင့် အမီလိုက်ရန် ကြိုးစားနေကာ တဖြည်းဖြည်းတိုးတက်နေသည်။

***

သားရဲလေ့ကျင့်သူ

အခန်း ၈၀၃ နတ်ဘုရားပစ္စည်း - မရဏ စိတ်ဝိဉာဉ် ကောက်ရိတ်ဓား

သုံးရက်အကြာတွင် နဂါးပုရွက်ဆိတ်၏အသိုက်မှ စည်းမျဉ်းလှိုင်းများထွက်ပေါ်လာသည်။

သားရဲများအားလုံး ဂူအပြင်ဘက်တွင် စုရုံးကာ နဂါးပုရွက်ဆိတ် ထွက်လာသည်ကို စောင့်ဆိုင်းနေကြသည်။

ခဏအကြာတွင် နဂါးပုရွက်ဆိတ်သည် နောက်ပြန်ဆုတ်ကာ ဂူထဲမှ ထွက်လာသည်။

“သခင်” နဂါးပုရွက်ဆိတ်က ကောင်းဖန်ကို နှုတ်ဆက်လိုက်သည်။

“မင်းကြည့်ရတာ ရလဒ်ကောင်းတွေ ရလာပုံပဲ...”

“သခင့်ရဲ့ လေ့ကျင့်ပေးမှုကို ကျေးဇူးတင်ပါတယ်” ဟု နဂါးပုရွက်ဆိတ်က ပြောလိုက်သည်။ နဂါးပုရွက်ဆိတ်က စကားပြောလိုက်သောအခါ သူ့ပါးစပ်ထဲက အသံခုနစ်သံထွက်လာသည်။

အချို့က မြင့်၍ အချို့က နိမ့်သည်။ အချို့က ခိုင်မာပြီး အချို့က ထက်မြက်ကြသည်။

မတူကွဲပြားသော အသံများ ရောနှောကာ နဂါးပုရွက်ဆိတ်၏ ပါးစပ်မှ ထွက်ကျလာသဖြင့် အလွန်ကြောက်စရာကောင်းနေသည်။

ကောင်းဖန်က “ရပါတယ်” ဟု အေးအေးဆေးဆေး ပြောပြီး “ဒါက မင်းရဲ့ ကြိုးစားမှုရဲ့ ရလဒ်ပဲ... ငါ မင်းကို အခွင့်အရေးတစ်ခု ပေးရုံပဲ... မင်းကသာ ဒီလောက်ထိအောင်နိုင်သူပါ” ဟုပြောလိုက်သည်။

“သခင်... ငါနတ်ဘုရားဖြစ်မှု တစ်ခုကို ဖွဲ့စည်းထားတယ်...” နဂါးပုရွက်ဆိတ်က သူ့ရဲ့ညာဘက်လက်ကို ဖြန်လိုက်သည်။ ထူးခြားသော နတ်ဘုရားဖြစ်မှုသည် ၎င်း၏လက်ဖဝါးတွင် တဖြည်းဖြည်း ပေါ်လာသည်။ ဤနတ်ဘုရားဖြစ်မှုတွင် ပုံသေအရောင်မရှိပေ။ ၎င်း၏အရောင်သည် အဆက်မပြတ်ပြောင်းလဲနေသည်။

အနီမှအဝါသို့တဖြည်းဖြည်းပြောင်းသွားပြီး အဝါမှတဖြည်းဖြည်းအဖြူသို့....

၎င်းတွင် ပုံသေပုံသဏ္ဍာန် ပုံသေအရောင်မရှိပေ။

ဤသည်မှာ [ပြောင်းလဲခြင်း အသင်္ချေ နတ်ဘုရားဖြစ်မှု] ဖြစ်သည်။

“ငါက တုပနိုင်တဲ့ ဘယ်စည်းမျဉ်းကိုမဆို ပြောင်းလဲနိုင်တယ်... ဒီစည်းမျဉ်းရဲ့သဘောသဘာဝကို ငါခွဲခြမ်းစိတ်ဖြာရဦးမယ်” ဟု နဂါးပုရွက်ဆိတ်က ဖြည်းညှင်းစွာပြောလိုက်သည်။

“ဒါဆို မင်းက ဒီစည်းမျဥ်းတွေကို ထိန်းချုပ်မှာလား” ခြင်္သေ့ဖြူသည် အလွန်အံသြသွားသည်။ ဘယ်လောက်တောင်မိုက်တဲ့စည်းမျဉ်းလဲ...

“မထိန်းချုပ်ပါဘူး... ခွဲခြမ်းစိတ်ဖြာရုံပါပဲ” ဟု နဂါးပုရွက်ဆိတ်က တွေးတောပြီး ပြောလိုက်သည်။

“ဒါဆိုရင် မီးလျှံစည်းမျဉ်းကိုခွဲခြမ်းစိတ်ဖြာပြီးရင် မင်းရဲ့ နတ်ဘုရားဖြစ်မှုက မီးလျှံစည်းမျဉ်းအဖြစ် ပြောင်းလဲသွားပြီး မီးလျှံစည်းမျဉ်း ရဲ့ စွမ်းအား အားလုံးကို မင်းရမှာလား...” ကောင်းဖန် ကမေးလိုက်သည်။

“ပြောင်းလဲပြီးရင် အနည်းငယ်တော့ အားပျော့သွားမှာပါ” ဟု နဂါးပုရွက်ဆိတ်က ပြန်ဖြေလိုက်သည်။

ကောင်းဖန်က “ဒါက အံ့သြစရာပဲ” ဟု ပြောလိုက်သည်။ တကယ်လို့ သူတို့သာ ပြောင်းလဲခြင်း အသင်္ချေ နတ်ဘုရားဖြစ်မှုကို မြှင့်တင်နိုင်လျှင် နဂါးပုရွက်ဆိတ် သည် အရည်အချင်းအားလုံးကို ရရှိလာမည်ဖြစ်သည်။ ပြောင်းလဲခြင်းစည်းမျဉ်းသည် လက်ရှိ ပြောင်းလဲခြင်း အသင်္ချေ နတ်ဘုရားဖြစ်မှုထက် အနည်းငယ်အားနည်းနေသော်လည်း ကမ္ဘာပေါ်တွင် ပြီးပြည့်စုံသောစည်းမျဉ်းမရှိသောကြောင့် အချို့သော အားနည်းခြင်းသည် ပုံမှန်ဖြစ်သည်။

“သခင်.. ငါစည်းမျဉ်းကို အပြည့်အဝ ခွဲခြမ်းစိတ်ဖြာရမယ်... ငါ အခုထိ စည်းမျဥ်းတွေကို မခွဲခြမ်းစိတ်ဖြာရသေးဘူး... ဒါကြောင့် တခြားစည်းမျဉ်းတွေကို တုပလို့ မရသေးဘူး...” နဂါးပုရွက်ဆိတ်က အသံတိုးတိုးဖြင့် ပြောလိုက်သည်။ အိုးတစ်လုံးရှိသော်လည်း ပါဝင်ပစ္စည်းများ မရှိသေးသလို ဖြစ်နေသည်။

“ရပါတယ်... မင်းမှာ မောင်နှမတွေ အများကြီးရှိတာပဲ” ကောင်းဖန်က တာ့ဇီနှင့်ကျန်သူများကို ထောက်ပြလိုက်သည်။

တာ့ဇီက ဂုဏ်ယူစွာ မေးစေ့ကို မော့လိုက်ပြီး ဂိုဒီက ခေါင်းကုတ်ပြီး ရယ်မောလိုက်သည်။

ပင်လယ်ဝတုတ်သည် အမြီးဖြင့်ကြမ်းပြင်ကိုထိလိုက်ကာ “ငါ့ကိုမကြည့်နဲ့... ငါနတ်ဘုရားဖြစ်မှုကို ဖွဲ့စည်းရအုံးမယ်... အဲဒါတွေဖြစ်လာတဲ့အခါ မင်းအရင်ဆုံးလုပ်ရမယ့်အရာက သူတို့ကို ခွဲခြမ်းစိတ်ဖြာကြည့်ဖို့ပဲ” ဟု ပြောလိုက်သည်။

“ဒန်ဘီဘယ်မှာလဲ” တာ့ဇီက ပတ်ပတ်လည်ကို လှမ်းကြည့်သော်လည်း ဒန်ဘီကို မတွေ့ပေ။

ဒန်ဘီသည် ၎င်း၏နတ်ဘုရားပစ္စည်းကို ဖန်တီးနေဆဲဖြစ်သည်။

ကောင်းဖန်သည် မြေအောက် ယင်လေတိုက်ခတ်နေသော ဂူပေါက်ဒေသကို ဝင်ပေါက်အဖြစ် ရွေးချယ်ခဲ့သည်။

ယင်လေဂူများသည် သဘာဝပထဝီဝင်ပုံစံများဖြစ်သည်။ ယင်လေသည် ယင်လေဂူထဲတွင် များပြားလှသည်။ ဤထူးခြားသော နယ်မြေများသည် နတ်ဘုရား ပစ္စည်းများကို ပြုလုပ်ရန် သင့်လျော်သည်။

ကြမ်းပြင်ပေါ်တွင် အပေါက်တစ်ခု ပွင့်သွားပြီး ပုံသဏ္ဌာန်တစ်ခု ခုန်ထွက်လာသည်။

ညာဘက်လက်တွင် ကောက်ရိတ်ဓားရှည်တစ်ချောင်းကို ကိုင်ထားသည်။ ဓားသည် အနက်ရောင်ဖြစ်ပြီး ရွှေရောင်နဂါးပုံစံများဖြင့် ဖုံးအုပ်ထားသည်။

ဓားမြှောင်သည် အေးစက်သော ရောင်ဝါရှိသည်။

[နတ်ဘုရား ပစ္စည်းအမည်] - မရဏစိတ်ဝိဉာဉ် ကောက်ရိတ်ဓား

[ပညတ် အကြောင်းအရာ] - ယင်လေစည်းမျဉ်း ၁.၃ ရာခိုင်နှုန်း

ဒန်ဘီသည် နတ်ဘုရားပစ္စည်းများစွာကို ပိုင်ဆိုင်ထားပြီးဖြစ်သော်လည်း ဤမရဏစိတ်ဝိဉာဉ် ကောက်ရိတ်ဓား သည် သူကိုယ်တိုင် ဖန်တီးခဲ့သော ပထမဆုံး နတ်ဘုရားပစ္စည်းဖြစ်သည်။

မရဏစိတ်ဝိဉာဉ် ကောက်ရိတ်ဓား၏ ပညတ်တရားသည် အလွန်အားနည်းနေသေးသည်။ ၎င်းတွင်ပါရှိသော စည်းမျဥ်းစွမ်းအားကို မြှင့်တင်ရန် ဒန်ဘီသည် ကြီးပွားတိုးတက်စေမည့် မရဏစိတ်ဝိဉာဉ် ကောက်ရိတ်ဓားနှင့် ပေါင်းစည်းရန် သက်ဆိုင်ရာ အမျိုးအစားများနှင့်အတူ ရတနာများကို စဉ်ဆက်မပြတ်စုဆောင်းရန် လိုအပ်သည်။

သို့သော် ဤသို့ အဆင့်မြင့်ခြင်းမျိုးတွင် အကြီးမားဆုံး ကန့်သတ်ချက်တစ်ခု ရှိသည်။ နတ်ဘုရားပစ္စည်ကို ဖန်တီးသည့် မူလပိုင်ရှင်မှသာလျှင် နတ်ဘုရားပစ္စည်းကို စဉ်ဆက်မပြတ် မြှင့်တင်နိုင်မည် ဖြစ်သည်။

သူတို့၏သခင်ကျဆုံးပြီးနောက်တွင်တေည့ ယူဆောင်သွားသော နတ်ဘုရားပစ္စည်းအားလုံးသည် ဆက်လက်ကြီးထွားနိုင်ခြေ ဆုံးရှုံးသွားနိုင်သည်။

“ငါလည်း နတ်ဘုရားပစ္စည်းလုပ်ချင်တယ်” တာ့ဇီသည် ဒန်ဘီ၏လက်ရှိ နတ်ဘုရားပစ္စည်းကို တကယ် သဘောကျသည်။

“ဒန်ဘီမှာ ပျော်စရာကောင်းတဲ့ အရုပ်ရှိတယ်။ ငါလည်း လိုချင်တယ်။

“မင်းနတ်ဘုရားဖြစ်ပြီးနောက်မှ မင်းကိုယ်တိုက်လုပ်” ကောင်းဖန်က တာ့ဇီကို စိုက်ကြည့်လိုက်သည်။

“ပစ္စည်းတွေ စုဆောင်းပေးမှာလား” တာ့ဇီက ခေါင်းညိတ်လိုက်သည်။

“ငါ့စိတ်ခံစားချက်ပေါ် မူတည်တယ်”

“အိုး”

တာ့ဇီသည် ၎င်း၏ ခြေထောက်နှစ်ချောင်းကို ဖတ်ထားပြီး ကောင်းဖန်၏လည်ပင်းကို စိုက်ကြည့်ကာ အနာဂတ်တွင် ပြုလုပ်မည့် နတ်ဘုရားပစ္စည်းအကြောင်း လေးလေးနက်နက် စဉ်းစားနေသည်။

၎င်းကို ကောင်းဖန်ကြိုးဟု အမည်ပေးမည်ဖြစ်သည်။

၎င်းကို ကောင်းဖန်၏လည်ပင်းတွင် ချည်နှောင်ထားပြီး ၎င်းကို လူသားအိမ်မွေးတိရစ္ဆာန်အဖြစ် သတ်မှတ်မည်ဖြစ်သည်။

အနာဂတ်မှာ ငါ ကောင်းဖန်ကို လမ်းလျှောက်ဖို့ခေါ်သွားမယ်..

ဒါကိုတွေးရင်းနဲ့ တာ့ဇီသည် စိတ်လှုပ်ရှားစွာနဲ့ သူ့ရဲ့ခြေသည်းလေးတွေကို ပွတ်သပ်နေပြီး မစဉ်းစားပဲမနေနိုင်တော့ပေ။

ကောင်းဖန်သည် ရုတ်တရက် နှာချေလိုက်ပြီး နှာခေါင်းကို ပွတ်လိုက်သည်။

…

နဝမမြောက် ကောင်းကင်ဘုံ၊ မင်းယုနိုင်ငံနယ်မြေ။

“ရပ်စမ်း... သားရဲတစ်ကောင်ကို ခိုးပြီးမှ ထွက်ပြေးဖို့ ကြိုးစားနေတာလား”

“သားရဲကို ထားခဲ့လိုက် မင်းကို အသက်ချမ်းသာပေးလိုက်မယ်”

အလွန်လျင်မြန်သော အသွင်သဏ္ဌာန်များစွာသည် တောအုပ်အတွင်း ဖြတ်ပြေးသွားသည်။

ရှေ့တွင် ဆံပင်ဖြူနှင့်တြိဂံမျက်လုံးကောင်လေးတစ်ယောက်ရှိပြီး လေပြင်းခေါင်းဖြူသိန်းငှက်၏ အမွေးအတောင်များကို တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်သည်။

လေပြင်းတိုက်ခတ်မှုကြောင့် သူ၏ဆံပင်များ လွင့်ပါးသွားသည်။ သူ့အနောက်ကို ခဏခဏ လှည့်ကြည့်လိုက်သည်။

သားရဲကို ထားခဲ့ရမယ်… အဲဒါ မဖြစ်နိုင်ပေ။ ချမ်းသာသော ကုန်သည်တစ်ဦးသည် ဤသားရဲ အမျိုးအစားအတွက် မြင့်မားသောစျေးနှုန်းကို ကမ်းလှမ်းခဲ့သည်။ ဒီသဘောတူညီချက် ရပြီးလျှင်သူ့ညီမငယ်အတွက် သင့်တော်သည့် သားရဲတစ်ကောင် ဝယ်ဖို့အတွက် ငွေအလုံအလောက်ရှိလာလိမ့်မည်။

သူ့နောက်တွင် ဂရစ်ဖင်းပုံသဏ္ဌာန်ရှိသော သားရဲ သုံးကောင်ရှိသည်။ ဂရစ်ဖင်း၏ နောက်ကျောတွင် အနက်ရောင် ယူနီဖောင်းဝတ်ထားသော လူများ ထိုင်နေကြသည်။

တြိဂံမျက်လုံး ကောင်လေးက သူတို့ရှေ့မှာ ရုတ်တရက် ပျောက်သွားသည်။

အနောက်မှ လူသုံးယောက်က တုန်လှုပ်ခြောက်ခြားစွာဖြင့် “ငါတို့ သူ့ကို ဘယ်လိုလုပ် လွတ်သွားတာလဲ” ဟု ပြောလိုက်ကြသည်။

“ဒါဟာ လှည့်စားမှုတစ်ခုလား”

“ဒါက ထင်ယောင်ထင်မှားဖြစ်ပုံမပေါ်ပါဘူး... ဒြပ်စင်လှိုင်းတွေလည်း မရှိဘူး”

မကြာခင်မှာ သူတို့ဘာကြောင့်လဲဆိုတာ သိလိုက်ရသည်။

ကောင်လေးနောက်ကို လိုက်လာပြီးနောက် ပတ်ဝန်းကျင်ရှုခင်းက ရုတ်တရက် ပြောင်းလဲသွားသည်ကို တွေ့လိုက်ရသည်။

တောင်တန်းတွေက ရုတ်တရက် အဆုံးမရှိတဲ့ လွင်ပြင်ကြီး ဖြစ်သွားသည်။

သူတို့လိုက်ဖမ်းနေတဲ့ သူခိုးလေးက လေပြင်းခေါင်းဖြူသိန်းငှက်၏ကျောပေါ်ကနေ တောနက်ထဲကို ပျံသွားသည်။

“လျှို့ဝှက်နယ်စပ်” သုံးယောက်သား တစ်စက္ကန့်မျှ ကြောင်သွားသည်။

ဤသည်မှာ လူလုပ်ထင်ယောင်ထင်မှားများဖြင့် ဖုံးကွယ်ထားသော လျှို့ဝှက်နယ်စပ်ဖြစ်သည်။

“ငါတို့ ဆက်လိုက်သင့်လား”

“မလိုက်ဘူး... အရင်ဆုံးဒီထဲက ထွက်ပြီး ဒီမှာ ဖြစ်ပျက်ခဲ့တာတွေကို သခင်ကို တင်ပြရမယ်.. မင်းတို့နှစ်ယောက် အပြင်မှာစောင့်ပြီး ဒီသူခိုးလေးကို မလွတ်စေနဲ့ ငါပြန်သွားပြီး သခင့်ကို သတင်းပို့မယ်”

အလယ်လူက အမြင့်ဆုံးအဆင့်ရှိသည်။ ကျန်နှစ်ယောက်က သူ့အမိန့်ကို နာခံလိုက်သည်။

လျှို့ဝှက်နယ်စပ်များသည် များသောအားဖြင့် ထွက်ပေါက်တစ်ခုသာရှိသည်။ ဤထွက်ပေါက်ကို စောင့်ထိန်းခြင်းသည် အိုးထဲတွင် လိပ်ကို ဖမ်းနိုင်မည်ဟု ဆိုလိုသည်။ ထိုသူခိုးလေးသည် သူတို့၏လက်ဖဝါးမှ မလွတ်နိုင်ပေ။

ထို့အပြင် လျှို့ဝှက်နယ်စပ်တန်ဖိုးနှင့် နှိုင်းယှဉ်ပါက သားရဲတစ်ကောင်သည် ဘာမှ မဟုတ်ပေ။

ဤလျှို့ဝှက်နယ်စပ်ကို ရှာဖွေတွေ့ရှိသည့်အတွက် သူတို့၏သခင်မှ ဆုချီးမြှင့်ခံရဖွယ်ရှိသည်။

သုံးယောက်သား လျှို့ဝှက်နယ်စပ်မှ တိတ်တဆိတ် ကျောခိုင်းလိုက်သည်။ လူနှစ်ဦးသည် အနီးနားရှိ တောအုပ်ထဲတွင် ပုန်းအောင်းနေပြီး နောက်ဆုံးလူမှာ မင်ယုနိုင်ငံသို့ ပြန်သွားသည်။

တစ်ဖက်တွင် ချင်းထျန်းကုန်းပြင်မြင့်တွင် ဆံပင်ဖြူ ကောင်လေးက သူ့နောက်မှ လူသုံးဦးကို လျှို့ဝှက်နယ်စပ်အ၀မှာ တွေ့လိုက်ရသည်။

ဤနေရာကို လျှို့ဝှက်နယ်စပ်မှန်းသိလိုက်ရသည်။ အကယ်၍ အစက သူတို့သုံးယောက် ဆက်လက် လိုက်ဖမ်းနေပါက သူသည် လှည့်ပတ်ကာ လျှို့ဝှက်နယ်စပ်ထွက်ပေါက်မှ လျှို့ဝှက်စွာ ထွက်ပြေးရန် စီစဉ်ထားခဲ့သည်။ အခုတော့ သူ ဒီမှာ ပိတ်မိနေပြီဖြစ်သည်။ သူတို့ သုံးဦးသည် လျှို့ဝှက်နယ်စပ် အပြင်ဘက်တွင် စောင့်ကြပ်နေကြသည်။

ဤလျှို့ဝှက်နယ်စပ်တွင် အန္တရာယ်များ ရှိမရှိကို သူမသိပေ။ ဆံပင်ဖြူ ကောင်လေးသည် အံကြိတ်ထားလိုက်သည်။ အခုထွက်လမ်းမရှိတော့ပေ။ ပိုနက်ရှိုင်းအောင်သာ သွားရတော့မည်။

***

သားရဲလေ့ကျင့်သူ

အခန်း ၈၀၄ အာရုံလွှဲခြင်း

“လူကြီးမင်း အပြင်ကနေ လူတစ်ယောက်ကို ဖမ်းမိထားတယ်.. ပြင်ပကမ္ဘာကနေ ဝင်လာတာတဲ့” ကန့်လန့်ကာကိုမလိုက်ပြီး လူပေါင်းများစွာ မြန်မြန်ဆန်ဆန် ဝင်လာကြသည်။

“လာ... ကိုယ့်ကိုယ်ကို လာပြော”

ဆံပင်ဖြူ ကောင်လေးကို လက်နှစ်ဖက်နဲ့ ချည်နှောင်ပြီး တဲထဲကို တွန်းချလိုက်သည်။

ကောင်လေးက မြေပြင်ပေါ် ဒူးထောက်လိုက်သည်။

တစ်ယောက်ယောက်က

သူ့ဆံပင်တွေကို ဆွဲကိုင်လိုက်ပြီး တဲအလယ်ခေါင်မှာ ထိုင်နေတဲ့ လူကြီးကို ကြည့်ဖို့ ခေါင်းကို မော့ထားလိုက်သည်။

အနီရောင်ဝတ်ရုံရှည်ကိုဝတ်ထားသည့် လူကြီးက လက်ဖက်ရည်အိုးထဲမှ လက်ဖက်ရည်ကို သူ့ခွက်ထဲသို့ လောင်းထည့်လိုက်သည်။ လက်ဖက်ရည်၏ရနံ့သည် ချက်ချင်းပင် တဲထဲသို့ ပြန့်နှံ့သွားသည်။

“မင်းအပြင် ငါတို့ရဲ့လျှို့ဝှက်နယ်နိမိတ်ကို တခြားတစ်ယောက်ယောက်သိထားလား” လူကြီးက ဖြည်းညှင်းစွာမေးလိုက်သည်။

အကြီးအကဲ၏စကားသည် နားလည်ရခက်သည်။ ဆံပင်ဖြူ ကောင်လေးအတွက် ဒေသိယစကား တစ်မျိုးမျိုး ကြားနေရသော်လည်း သူနားလည်နိုင်သည်။

“ရှိတယ်... သူတို့က ကျွန်တော့်နောက်ကို လိုက်လာလို့ ကျွန်တော်ဒီကိုပြေးလာတာ... သူတို့က ကျွန်တော့်နောက်ဆက်မလိုက်ကြဘူး လျှို့ဝှက်နယ်စပ်အပြင်မှာ ပုန်းနေကြတယ်” ဟု ဆံပင်ဖြူကောင်လေးက အလျင်စလိုပြောလိုက်သည်။

တစ်ချိန်တည်းမှာပင် ဆံပင်ဖြူ ကောင်လေးက တုန်လှုပ်သွားသည်။ ဤလူများသည် အသွင်ပြောင်းသော လူများကဲ့သို့ပင်။

သူတို့တွင် ယခင်က မမြင်ဖူးသော အသားရောင်များရှိသည်။

သူ့နောက်က လိုက်လာတဲ့ လူတွေကြောင့်သာ မဟုတ်ရင် သူဒီအခြေအနေကို မရောက်နိုင်ပေ။ ဆံပင်ဖြူ ကောင်လေးက ခါးသီးပြီး သူ့ကို လိုက်နေတဲ့သူတွေကို ဒေါသထွက်သွားသည်။

ဆံပင်ဖြူကောင်လေးက တဲထဲက လေထုကို ရုတ်တရက် ခံစားလိုက်ရသည်။

“ယဇ်ပလ္လင်ကို ထုတ်ပြီး ပင်လယ်နတ်ဘုရားကို ဖိတ်ခေါ်လိုက်.. ဒီကိစ္စကို ငါတို့ မဆုံးဖြတ်နိုင်ဘူး”

ဘယ်ပင်လယ်နတ်ဘုရားကို ဖိတ်ခေါ်မလို့လဲ... ဆံပင်ဖြူကောင်လေးရဲ့ဝမ်းဗိုက်ထဲမှာ မသက်မသာခံစားချက်က ပိုပြင်းထန်လာသည်။

“ကျွန်တော်... ကျွန်တော် ခင်ဗျားတို့နဲ့ လက်တွဲဖို့ ဆန္ဒရှိပါတယ်” ဆံပင်ဖြူ ကောင်လေးက ပြောလိုက်သည်။ “ခင်ဗျားတို့ပြောသမျှကို ကျွန်တော်နားထောင်ပါ့မယ်.. ခင်ဗျားတို့ သိချင်တာမှန်သမျှကို ကျွန်တော်ပြောပြပါ့မယ်”

သို့သော် မည်သူကမျှ သူ့ကို စိတ်ထဲမထားကြပေ။

တဲအပြင်ဘက် ချောင်းအစွန်းတွင် ယဇ်ပလ္လင်တစ်ခု တည်ထားသည်။ လျှို့ဝှက်ဆန်းကြယ်သော ထုံးတမ်းစဉ်လာတစ်ခုလုပ်ပြီးနောက် ချောင်းအတွင်းမှရေသည် ရုတ်တရက် ရပ်တန့်သွားပြီး ရေဖြင့်ပြုလုပ်ထားသော ရေလူသားသည် ချောင်း၏မျက်နှာပြင်မှ လွင့်မျောလာသည်။

“ပင်လယ်နတ်ဘုရား... ဒီလူက ပြင်ပကမ္ဘာကလာတဲ့ အသွင်ပြောင်းလူပဲ….”

မှော်ဦးနှောက်သည် ဆံပင်ဖြူ ကောင်လေးကို စိုက်ကြည့်ရန် ခေါင်းကို လှည့်လိုက်သည်။

၎င်း၏ စူးဝင်နေသော မျက်လုံးများသည် တွင်းနက်နှစ်ပေါက်ကဲ့သို့ နက်မှောင်နေသည်။

ဆံပင်ဖြူ ကောင်လေးရဲ့ အကြည့်တွေက တဖြည်းဖြည်း မှုန်ဝါးလာသည်။ သူ့ဦးနှောက်ထဲက မှတ်ဉာဏ်တွေကို မှော်ဦးနှောက်က အတင်းဖတ်နေသည်။

ခဏအကြာတွင် သူသည် မြေပြင်ပေါ်သို့ လဲကျသွားပြီး ကောင်းကင်ကြီးကို ငေးမောကာ ရှုပ်ထွေးသွားသည်။

“အပြင်မှာ တခြားသူတွေ ရှိတယ်” ဟု မှော်ဦးနှောက်က ပြောပြီးနောက် နေရာမှ ပျောက်ကွယ်သွားသည်။

နောက်အခိုက်အတန့်တွင် တိမ်များသည် ချင်းထျန်းကုန်းပြင်မြင့်၏ ကောင်းကင်ထက်တွင် စုရုံးလာသည်။ မြေအောက်ရေ အမြောက်အမြားပနေ မြေကြီးထဲမှ စိမ့်ထွက်လာသော ရေဘီလူးကြီးတစ်ခု ဖြစ်လာသည်။

ရေဘီလူးကြီးသည် အာကသဥမင်မှ ထွက်သွားပြီးနောက် လူနှစ်ဦးနှင့်အတူ ပြန်လာသည်။

“လူကြီးမင်း” လူကြီးက သတိကြီးကြီးနဲ့ မေးလိုက်သည်။

“ငါတို့ကို ဖော်ထုတ်လိုက်ပြီ” ဟု မှော်ဦးနှောက်က အသံနိမ့်နှင့်ပြောလိုက်သည်။

သူ့စကားက မိုးခြိမ်းသံလိုဖြစ်သွားသည်။

တိမ်တွေ တရွေ့ရွေ့နဲ့ လွင့်စင်သွားသလို အပြာရောင်နဂါးလက်သည်းက ကောင်းကင်ကနေ ဆင်းသက်လာသည်။ လက်သည်းက မေ့လဲသွားသော လူတစ်ဦးကို ထိန်းထားသည်။

ဤအသွင်ပြောင်းလူများအားလုံးကို အရှင်လတ်လတ်ဖမ်းမိပြီး သတင်းပေါက်ကြားထားခြင်းမရှိသော်လည်း မင်းယုနိုင်ငံရှိ တော်ဝင်မိသားစုများမှ ကျောထောက်နောက်ခံပြုထားသည့် အဆင့်မြင့်သားရဲများ ပျောက်ဆုံးသွားပြီးနောက် ကမ္ဘာမြေကြယ်သည် အန္တရာယ်နှင့် ရင်ဆိုင်ရနေပြီဖြစ်သည်။

“ဒါကို ဖြေရှင်းဖို့ ငါတို့မှာ နည်းလမ်းမရှိတာတော့ မဟုတ်ပါဘူး” ကျီဟန့်ဝူက မီးခိုးငွေ့တွေကို ရှူရှိုက်ရင်း ဖြည်းညှင်းစွာ ပြောလိုက်သည်။

လူမျိုးစုအကြီးအကဲများ အားလုံးက ကျီဟန့်ဝူကို စိုက်ကြည့်နေကြသည်။

ကျီဟန့်ဝူက သူတို့ကို အချိန်မဆွဲတော့ပဲ ပြောလိုက်သည်။ “သူတို့က အစေခံတစ်ချို့ပျောက်ဆုံးနေပြီး အဆင့်မြင့်သားရဲကိုလည်း ဆုံးရှုံးထားတယ်.. တော်ဝင်မိသားစုတွေက သေချာပေါက် စုံစမ်းမှာဘဲ ဒါပေမယ့် ငါတို့က သူတို့ရဲ့ အာရုံကို လွဲအောင်လုပ်လိုက်လို့ရတယ်”

“ငါတို့ လမ်းကြောင်းနှစ်ခုကနေ ဆောင်ရွက်မယ်... ပထမကအချက်က ငါတို့ စုဆောင်းရရှိတဲ့ အချက်အလက်များအရ ဒီတော်ဝင်မိသားစုက မင်းယုနိုင်ငံမှာ ရန်သူတွေရှိတယ်.. ငါတို့က သူတို့ရဲ့ ရန်သူမိသားစုနဲ့ ပူးပေါင်းပြီး သူတို့လုပ်ငန်းတွေကို ဖျက်စီးလိုက်ပြီး အလုပ်ရှုပ်သွားအောင်လုပ်လို့ရတယ်... အဆင့်မြင့် သားရဲက အရမ်းတန်ဖိုးရှိပေမယ့် တော်၀င်မိသားစုကတော့ ဘယ် အင်အားစု အတွက်မဆို အရေးကြီးဆုံးအရာပဲ ”

“မသင့်တော်ဘူးလို့ ထင်တယ်... တပ်ဖွဲ့ဝင်များကြား ပူးပေါင်းဆောင်ရွက်မှုလုပ်တာက ငါတို့ကို ဖော်ထုတ်မိနိုင်ချေပိုများတယ်” ဟု ယုဟွမ်းမင်က လေးလေးနက်နက်ပြောလိုက်သည်။

“ဒါဆို လွယ်လွယ်လေး လုပ်လိုက်ရအောင်... နေရာတိုင်းမှာရှိတဲ့ သူတို့ရဲ့ လုပ်ငန်းတွေကို တိုက်ခိုက်ဖို့ လူတွေကို စေလွှတ်လိုက်.. သူတို့ရဲ့ အထက်တန်းစားအမျိုးသားတွေကို လုပ်ကြံသတ်ဖြတ်လိုက်” ဟု ကျီဟန့်ဝူက အေးဆေးတည်ငြိမ်စွာပြောလိုက်သည်။ “ငါတို့က အမှောင်ထဲမှာ.. သူတို့က အလင်းထဲမှာပဲ ရှိနေတယ်”

“ဒီနည်းလမ်းက ရိုးရှင်းတယ်.. ကျွန်တော်ကြိုက်တယ်... မှန်တယ်.. သူတို့ကို သတ်လိုက်ရုံပဲ” နတ်ဘုရားဝက်ဝံမျိုးနွယ်စု၏ ဘိုးဘေးပိဟူက ရယ်မောလိုက်သည်။

ဤဘိုးဘေးများသည် မတုံးအကြပေ။ ကျီဟန့်ဝူ၏ အကြံပြုချက်ကို အားလုံး နားလည်ကြသည်။

လူတိုင်းသည် ကျီဟန့်ဝူ၏ အစီအစဉ်အောက်တွင် မတူညီသော နည်းလမ်းများနှင့် ယူဆချက်များကို အဆိုပြုပြောဆိုလိုက်ကြသည်။

ကျီဟန့်ဝူက ချောင်းဟန့်လိုက်သည်။ “ငါ မပြီးသေးဘူး.. ဒုတိယအနေနဲ့ သားရဲကိုခိုးတဲ့ကောင်လေးအဖြစ် အသွင်ပြောင်းဖို့ တစ်ယောက်ယောက်ကို လွှတ်လိုက်.. ဒီနေရာနဲ့ ဝေးတဲ့ နေရာမှာ သူ့မျက်နှာကိုပြပြီး သူတို့ အာရုံကို ဆွဲဆောင်လိုက်.. ဒီသားရဲက သူတို့အတွက် အရမ်းအရေးကြီးတယ်ဆိုရင် ငါတို့ ဒေသနဲ့ဝေးတဲ့ နေရာကို မျှားခေါ်နိုင်ပြီး ငါတို့နဲ့ ထိတွေ့နိုင်ခြေကို လျှော့ချပေးနိုင်တယ်”

“ဘာလို့ ဒီကလေးခိုးလာတဲ့ သားရဲကို သူတို့ရဲ့ ရန်သူမိသားစုဆီမပို့တာလဲ... ဒါက သူတို့ကို တိုက်ပွဲဝင်စေပြီး သူတို့ရဲ့ အင်အားကိုတောင် ဖြိုခွဲပစ်နိုင်တယ်”

“မဟုတ်ဘူး... ဒီသားရဲက ငါတို့ရဲ့ လျှို့ဝှက်နယ်စပ်ရှိကြောင်းကိုလည်း သိတယ်... ငါတို့သတင်းတွေ ပေါက်ကြားသွားရင် ဘယ်လိုလုပ်မလဲ”

“ကျွန်တော် သူ့ရဲ့မှတ်ဉာဏ်တွေကို ရှင်းထုတ်ပေးနိုင်တယ်”

“သူတို့မှာ ပြန်ကုသဖို့ နည်းလမ်းရှိရင် ဘယ်လိုလုပ်မလဲ”

နောက်ဆုံးတွင် သူတို့သည် နဝမမြောက်ကောင်းကင်ဘုံတွင် ဖျက်ဆီးခြင်းအစီအစဥ်ကို လျှို့ဝှက်လုပ်ဆောင်ရန် ထူးချွန်သော ဟွမ်းဟူ မျိုးနွယ်စုမှ နတ်ဘုရားတစ်ပိုင်း အကြီးအကဲတစ်ဦးကို စေလွှတ်ရန် ဆုံးဖြတ်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူတို့သည် သားရဲအဖြစ်အသွင်ပြောင်းကာ ထိုမိသားစု၏အာရုံစိုက်မှုကို ဆွဲဆောင်ရန် အစိမ်းရောင်မျိုးနွယ်စုမှ နတ်ဘုရားတစ်ပိုင်းကို ခြောက်သွေ့တိုင်းပြည်ကို စေလွှတ်လိုက်သည်။

အစည်းအဝေးပြီးသွားတော့ လက်အောက်ငယ်သားတစ်ယောက်က လိမ္မော်ရောင်သားရဲကို ကိုင်ဆောင်ပြီး အခန်းထဲကို လျှောက်လာသည်။ “ဥက္ကဌကျီ... အကြီးအကဲတွေက ကျွန်တော့်ကို လူကြီးမင်းဆီ ယူသွားပေးဖို့ ပြောထားပါတယ်.. သူတို့က ဒီသားရဲကို လူကြီးမင်းရဲ့ ပြုစုစောင့်ရှောက်ထားစေချင်တယ်လို့ ပြောပါတယ်”

ကုလားထိုင်ပေါ်တွင် လဲလျောင်းနေသော ကျီဟန့်ဝူသည် မျက်လုံးများကို ဖွင့်လိုက်သည်။ သူက ပြုံးပြီး ခေါင်းယမ်းလိုက်သည်။

ဘာလို့ ငါ့လို အဘိုးကြီးကို ပေးတာလဲ...

သူတို့က ကောင်းဖန်ကို ကျေနပ်ဖို့ ကြိုးစားနေကြတာပဲ..

ငါ့မြေးကို အားကိုးရတဲ့ နေ့တစ်နေ့ရှိလာမယ် မထင်ထားခဲ့ဘူး...

ဒါပေမယ့် ဒါက တော်တော်ခံစားရတယ်...

“မြောင်” လိမ္မော်ရောင်ကျားငယ်လေးက ညင်သာစွာ အော်ဟစ်လိုက်သည်။

ကျီဟန့်ဝူက ၎င်းကို ကိုင်လိုက်ပြီး ကျားခေါင်းကို ပွတ်ကာ သူ့လက်နှစ်ဖက်ကို ကိုင်လိုက်သည်။

“လေးလံတဲ့ကောင်လေးပဲ... မင်းက လိမ္မော်ရောင်ဖြစ်ပြီး ကြောင်နဲ့ ခပ်ဆင်ဆင်ဆိုတော့ မင်းကို လိမ္မော်ရောင်လို့ ခေါ်မယ်”

“မြောင်” ကျားလေးသည် အဖြူရောင်လက်အိတ်စွတ်ထားသည့် ပုံနှင့်တူသော လက်နှစ်ဖက်နှင့် ကျီဟန့်ဝူ၏ ပါးနှစ်ဖက်ကို ရိုက်လိုက်သည်။ နာမည်ကို ကြိုက်လား မကြိုက်လား မပြောနိုင်ပေ။

ကောင်းကင်သည် ရုတ်တရက် မှောင်သွားသည်။ မိုးခြိမ်းသံများ တိမ်တိုက်များ စုဝေးကာ လျှပ်စီးလက်ကာ မိုးခြိမ်းသံ တဟုန်ထိုး မြည်လာသည်။

ကျီဟန့်ဝူသည် ပြတင်းပေါက်ရှေ့တွင်ရပ်ကာ ကောင်းကင်ကို မော့ကြည့်လိုက်သည်။ လျှပ်စီးကြောင်းမှ အလင်းရောင်သည် သူ၏ မရေမတွက်နိုင်သော အရိပ်အယောင်ကို တောက်ပစေသည်။

ရာသီဥတုပြောင်းလဲမှုသည် နှစ်နာရီအကြာတွင် ပြီးဆုံးသွားသည်။။

ကောင်းကင်က ကြည်လင်လာပြီး နေရောင်ခြည်က ကမ္ဘာမြေကို ဖြာကျလာပြန်သည်။

“သခင်.. ကျွန်တော် အောင်မြင်ပါပြီ” အခန်းထဲ၌ ရီဝေသော အသံတစ်ခု ထွက်ပေါ်လာသည်။

ကျီဟန့်ဝူ၏ နောက်ကွယ်တွင် အနက်ရောင် မြူခိုးများနှင့် အနက်ရောင် နဂါးကြီးသည် ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်။

နီညိုရောင်မျက်လုံးများသည် ပြင်းထန်သော ကြက်သွေးရောင် တောက်ပနေသည်။

All Chapters