← Chapters

အခန်း (၈၀၅-၈၀၈)

Vol. 51 Ch. 805-808

အခန်း (၈၀၅-၈၀၈)

Vol. 51 Ch. 805-808

အခန်း ၈၀၅ ပျားရည်ထောင်ချောက်

“မင်းရဲ့ ကြိုးစားအားထုတ်မှုအတွက် ကျေးဇူးတင်ပါတယ် နဂါးဖြူ” ခဏနားပြီးနောက် ကျီဟန့်ဝူက ပြုံးပြီး “မင်းကို အခုတော့ နဂါးနက်လို့ခေါ်သင့်ပြီ” ဟု ပြောလိုက်သည်။

“သခင် ကျွန်တော့်ကို ကြိုက်သလို ခေါ်နိုင်ပါတယ်... ဒါက ကျွန်တော့် မျိုးရိုး နာမည်တစ်မျိုးပဲ” ဟု နဂါးနက်က အသံတိုးတိုးလေးဖြင့် ပြောလိုက်သည်။

အနက်ရောင်အခိုးအငွေ့များသည် နဂါးနက် ပတ်ပတ်လည်တွင် ဝဲပျံနေသည်။ အနက်ရောင် မြူခိုးများက ပိုထူထပ်လာပြီး ပြတင်းပေါက် ကွက်လပ်များမှ ထွက်လာပြီး မိုးကြိုးတိမ်များ ဖြစ်ပေါ်လာသည်။ အဆောက်အဦးတစ်ခုလုံး၏ ထိပ်ပိုင်းသည် အနက်ရောင် မြူခိုးများဖြင့် ဖုံးလွှမ်းထားပြီး ညဘက်၌ တည်ရှိနေသော မှော်ဆန်သော ရဲတိုက်တစ်ခုလိုဖြစ်နေသည်။

“နတ်ဘုရားကို ဝါးမျိုးရတာ ဘယ်လိုခံစားရလဲ”

နဂါးနက်သည် မျက်လုံးများကို ကျဉ်းမြောင်းကာ နှုတ်ခမ်းနီရဲရဲကို လျှာဖြင့်သက်လိုက်ကာ “အရင်နဲ့ လုံးဝမတူဘူး” ဟု ပြောလိုက်သည်။

“အကျိုးကိုအတူခံစားကြရအောင် သူငယ်ချင်းဟောင်းကြီး” ကျီဟန့်ဝူက လက်ဖဝါးကို ပါးစပ်ပေါ်တင်ပြီး ချောင်းဆိုးလိုက်သည်။

“ငါတို့တွေ အကြာကြီး ဖုံးကွယ်ထားလို့ မရတော့ဘူးဆိုတဲ့ ခံစားချက်မျိုး ရှိ‌နေတယ်”

“ဒါဆိုလည်း အမှန်တရား အစစ်ကို လက်ခံပြီး ဘယ်သူက အားအသန်ဆုံးလဲဆိုတာ ကြည့်ကြတာ‌ပေါ့” နဂါးနက်က ၎င်း၏ ခေါင်းကို မြှောက်လိုက်သညါ။ ၎င်း၏ အသံသည် နက်နဲပြီး ကြောက်စရာကောင်းသည်။

…

ကောင်းဖန် နှာချေလိုက်သည်။

ကောင်းဖန်သည် မကြာသေးမီက အလွန်အလုပ်များနေပြီး အများအားဖြင့် စိတ်ပိုင်းဆိုင်ရာအရ ဖြစ်သည်။

သူနှင့်သားရဲများအားလုံးသည် အောင်မြင်မှုတစ်ခု၏ အရေးကြီးသောကာလတွင် ရှိနေကြသည်။ နတ်ဘုရားဖြစ်လာရန် သူတို့လိုအပ်သမျှသည် နတ်ဘုရားယဇ်ပလ္လင်ကို ဖန်တီးရန်ဖြစ်သည်။

နတ်ဘုရားယဇ်ပလ္လင်ကို ဖန်တီးရတာ မခက်ခဲပေ။ ကောင်းဖန်၏ သားရဲများအားလုံးသည် အလွန်မြင့်မားသော အဆင့်များရှိသောကြောင့် ၎င်းတို့အားလုံးသည် လိုအပ်ချက်များနှင့် ကိုက်ညီသည်။

သို့သော် ဒန်ဘီကိုစံနမူနာထားပြီး သူတို့အားလုံးသည် အကန့်အသတ်ကို ဖြတ်ကျော်ရန် မျှော်လင့်ထားကြသည်။ ထို့ကြောင့် ၎င်းတို့သည် နတ်ဘုရားဖြစ်မှု ဖွဲ့စည်းခြင်းအဆင့်တွင် ပိတ်မိနေပြီး နတ်ဘုရားယဇ်ပလ္လင်ကို ဖန်တီးရန် ဆန္ဒမရှိကြပေ။

ထို့အပြင် ကောင်းဖန်သည် ပင်လယ်ဝတုတ်အတွက် နတ်ဘုရားပြန်ဖြစ်လာစေရန်၊ ထာဝရအဆင့်သို့ ပြန်လည်ရောက်ရှိရန်နှင့် နတ်ဘုရားပစ္စည်းပြုလုပ်ရန် သားရဲများအတွက် အဖိုးတန်ပစ္စည်းများကို စုဆောင်းရမည်ဖြစ်သည်။

“ဒီမှာ လေပြင်သံကျောက်တုံးတွေ မရှိဘူး... နောက်တနေရာကို သွားရအောင်” ကောက်ရိုးဦးထုပ်ကိုဆောင်းထားသည့် ကောင်းဖန်သည် သူ့မျက်နှာပေါ်က ချွေးတွေကို သုတ်လိုက်ပြီး တိုက်တွန်းလိုက်သည်။

“စောင့်ဦး” ဂိုဒီသည် ကျောက်ဆောင်ကြီးတစ်ခုပေါ်တွင် တင်ပျဉ်ခွေထိုင်နေသည်။ နေရောင်အောက်မှာ သူ့ရဲ့ပြောင်နေတဲ့ ဦးခေါင်းက မီးသီးကြီးတစ်လုံးလင်းနေသလို တောက်ပနေသည်။

“မင်းဘာဖြစ်နေတာလဲ” ကောင်းဖန်သည် ထိုမြင်ကွင်းကို မြင်ပြီး ဆွံ့အသွားသည်။

“ငါစဉ်းစားနေတာ” ဂီုဒီက လေးနက်တဲ့ မျက်နှာနဲ့ပြန်ဖြေသည်။

“ဒါဆို မင်း စဉ်းစားပြီးပြီလား” ကောင်းဖန်က မေးလိုက်သည်။

“မပြီးသေးဘူး” ဂိုဒီက ပြုံးပြီး ပြောလိုက်သည်။ “ဒါပေမယ့် ငါကြိုးစားရမယ်.. မဟုတ်ရင် တစ်ခုခုကို တွေးနိုင်ကြောင်း ဘယ်လိုသိနိုင်မလဲ... ရှေးစကားတစ်ခွန်းရှိတယ်…” ဆိုပြီး စကားတစ်ခွန်းကို တစ်ဝက်တစ်ပျက်မှာ ဂိုဒီက အဲဒီစကားရဲ့ကျန်တာကို မေ့သွားသည်။

ထို့ကြောင့် ကျောက်တုံးပေါ်မှ ခုန်ဆင်းကာ ရှက်ရွံ့စွာဖြင့် ခေါင်းကို ပွတ်သပ်ကာ အကြောင်းအရာကို လျင်မြန်စွာ ပြောင်းလဲလိုက်သည် “ကောင်းဖန်.. သွားရအောင်”

နာရီအတော်ကြာအောင် လမ်းလျှောက်လာပြီးနောက် ဒန်ဘီက “သခင်... ရှေ့မှာ စွမ်းအားလှိုင်းတွေ ရှိတယ်” ဟု ပြောလိုက်သည်။

“ဘယ်အဆင့်လောက်ရှိလဲ”

“နတ်ဘုရားသခင်အဆင့်” ဒန်ဘီကပြောလိုက်သည်။

“ဒါဆို ကြည့်လိုက်ရအောင်”

…

ကန်နေရာတစ်ထောာင်အထက်တွင် အင်အားကြီး အဖွဲ့အစည်းနှစ်ခုသည် ရှေ့မတိုးသာနောက်မဆုတ်သာ ဖြစ်နေသည်။

ဘယ်ဘက်တွင် အပြာရောင် ခြင်္သေ့ပြာကြီး ရှိပြီးသူ့တွင် သန့်စင်သော မျက်လုံးတစ်စုံ ရှိသည်။ နတ်ဘုရားခြင်္သေ့၏ နောက်တွင် ကြီးမားကျယ်ပြန့်သော သမုဒ္ဒရာကြီးတစ်ခု ရှိသည်။

ညာဘက်တွင် အတောင်လေးခုရှိသော နတ်ဘုရားတောင်ကြားကင်းမြီးကောက်သည် ရွှေဝါရောင်ရှိသည်။ အတောင်လေးခု နတ်ဘုရားတောင်ကြားကင်းမြီးကောက်၏နောက်တွင် အကန့်အသတ်မဲ့ နေဝင်ချိန် သဲကန္တာရ အသွင်အပြင်ဖြစ်သည်။

လုံးဝဆန့်ကျင်ဘက် စည်းမျဉ်းနှစ်ခု တိုက်မိပြီး အနတ္တအာကာသကို ပျက်စီးထားသည်။

“ကန်နေရာတစ်ထောင်က အမြဲတမ်း ငါ့ နယ်မြေပဲ.. ကင်းမြီးကောက်အိုကြီး... မင်းစည်းကျော်နေပြီ” နတ်ဘုရား ခြင်္သေ့ပြာက ဟစ်အော်လိုက်သည်။

“မဟုတ်ဘူး... မဟုတ်ဘူး.. ဒီနေရာက သဲကန္တာရဖြစ်ခဲ့တာ ကြာပြီ... အဲဒီနောက်ပိုင်းမှာ ရေကန်ဖြစ်လာတယ်... ဒါကြောင့် ငါ ဒီရတနာကို တိုက်ဖို့ အရည်အချင်းပြည့်မီတယ်” ဟု တစ်ဖက်ခြမ်းရှိ အတောင်လေးခု ကင်းမြီးကောက်က ပျင်းရိစွာပြောလိုက်သည်။

၎င်း၏အသံတိတ်သွားသောအခါ မီတာတစ်သောင်းမြင့်သော လှိုင်းလုံးများသည် အတောင်လေခု တောင်ကြား ကင်းမြီးကောက်ကို ဖုံးအုပ်ထားသည့် သေခြင်းရေစီးကြောင်းများ ဖြစ်ပေါ်လာသည်။ ဤသည်မှာ စည်းမျဉ်းဆွဲခြင်း တစ်ခုဖြစ်ပြီး ကြီးမားသော စည်းမျဉ်းအစီအစဥ်သည် အတောင်လေးခုတောင်ကြားကင်းမြီးကောက်ကို လုံးလုံးလျားလျား လွှမ်းခြုံထားသည်။

တောင်တစ်တောင်က ဖုန်မှုန့်ဖြစ်သွားသည်။

“နောက်ထပ်ပြီး ခိုးကြောင်ခိုးဝှက် တိုက်ခိုက်တာလား... မင်းအမြဲတမ်း အရှက်ကင်းတဲ့ကောင်” သမုဒ္ဒရာစည်းမျဉ်းသည် တဖြည်းဖြည်း ခိုင်မာလာပြီး အဝါရောင် အညိုရင့်ရောင် ဖြစ်လာကာ နောက်ဆုံးတွင် လုံးဝ ပျောက်ကွယ်သွားသည်။ ထို့နောက် ကြောက်မက်ဖွယ်ကောင်းသော သဲကန္တာရထဲသို့ ပေါင်းစည်းသွားပြီး အစိတ်အပိုင်းတစ်ခုဖြစ်လာသည်။ “ငါ့ကို နှစ်အတော်ကြာ တိုက်ခိုက်ခဲ့ပြီးပြီ အခုလည်း မင်းအမြဲတမ်း ခိုးပြီးတိုက်ခိုက်တယ်”

“မင်းလို ယုတ်မာတဲ့ သတ္တဝါနဲ့တိုက်တာကို ငါဘာလို့ စည်းကမ်းလိုက်နာရမှာလဲ” နတ်ဘုရားခြင်္သေ့ပြာက လှောင်ပြောင်လိုက်သည်။

“အတော်အရှက်ကင်းတဲ့ကောင်ပဲ.. မင်းရဲ့ ဆွေမျိုးလား သူက” ဟု အဝေးမှ ကြည့်နေသော ဂီုဒီက တုန်လှုပ်ခြောက်ခြားစွာဖြင့် ခြင်္သေ့ဖြူ အား လှည့်၍ပြောလိုက်သည်။

ခြင်္သေ့ဖြူသည် မျက်နှာပျက်သွားသည်။ “မင်း ငါ့ကို စော်ကားနေတာ မဟုတ်လား... မင်းငါ့ကို စော်ကားနေတာပဲ”

တစ်ချိန်တည်းမှာပင် အဝေးမှ နတ်ဘုရားခြင်္သေ့ပြာသည် သူနှင့်အလွန်တူသောကြောင့် ခြင်္သေ့ဖြူလည်း ထိတ်လန့်သွားသည်။

အရောင်ကွာခြားမှုမှလွဲ၍ ၎င်း၏ အရပ်အမောင်းနှင့် အသွင်အပြင်သည် အလွန်တူညီသည်။ တစ်ခုတည်းသော ခြားနားချက်မှာ ၎င်းသည် အမ ဖြစ်ပြီး ခြင်္သေ့ဖြူသည် အထီးဖြစ်သည်။

[သားရဲ အမည်] - သမုဒ္ဒရာ သန့်ရှင်းသောခြင်္သေ့

[သားရဲ စွမ်းရည်ဆင့်] - ဒဏ္ဍာရီလာအဆင့်/ ဒဏ္ဍာရီလာအဆင့်

[သားရဲ အဆင့်] - အလယ်အလတ်အဆင့် နတ်ဘုရား

[သားရဲ အမျိုးအစား] - ရေ

[သားရဲ ဖော်ပြချက်] - သန့်ရှင်းသောခြင်္သေ့ခုနစ်ကောင်အနက်မှ သမုဒ္ဒရာသူတော်စင် ခြင်္သေ့ဖြစ်သည်။ ၎င်းသည် ခြင်္သေ့မျိုးနွယ်၏ သဘာဝအုပ်စိုးရှင်ဖြစ်ပြီး အလွန်ရှားပါးသည်။

“အဲဒါက သန့်ရှင်းသောခြင်္သေ့ခုနစ်ကောင်ထဲက သမုဒ္ဒရာ သန့်ရှင်းသောခြင်္သေ့ပဲ” ဟု ကောင်းဖန်က ပြောလိုက်သည်။

“ငါလည်း အနာဂတ်မှာ သေချာပေါက် သန်မာလာမှာပါ” ခြင်္သေ့ဖြူ၏ မျက်လုံးများ မှိန်ဖျော့သွားကာ သူသွားလိုသော ပန်းတိုင်ကို ရှာတွေ့သွားသည်။

၎င်းတို့နှစ်ဦးစလုံးသည် သန့်ရှင်းသောခြင်္သေ့ခုနစ်ကောင်အနက်မှ ခြင်္သေ့များဖြစ်ကြသောကြောင့် သီအိုရီအရ သူမ လုပ်နိုင်သလောက် အဆင့်ကို သူရောက်နိုင်သည်။

ကောင်းဖန်က သူတို့ကို အမှောင်ထဲမှာ ဆက်လက်စောင့်ကြည့်ပြီး တိတ်ဆိတ်နေဖို့ အချက်ပြလိုက်သည်။

လူတိုင်း၏ခြေထောက်အောက်တွင် သတ္တုဖြင့်ပြုလုပ်ထားသော မြေပြင်တစ်ခုရှိသည်။ ဤသည်မှာ စက်ရုပ်ဘုရင်၏ ရောင်ဝါကို ဖုံးကွယ်ရန် ဖန်တီးထားသည့် စက်ပြင်နယ်မြေဖြစ်သည်။

သမုဒ္ဒရာ သန့်ရှင်းသောခြင်္သေ့နှင့် အတောင်လေးခုနတ်ဘုရားတောင်ကြား ကင်းမီးကောက်တို့သည် တိုက်ပွဲတွင် ကွဲပြားသွားကြသည်။

နောက်ဆုံးတွင် သမုဒ္ဒရာ သန့်ရှင်းသောခြင်္သေ့သည် သူမ၏ မြင့်မားသောစွမ်းအင်ကြောင့် အနိုင်ရခဲ့ပြီး အတောင်လေးတောင်ခု နတ်ဘုရားတောင်ကြား ကင်းမီးကောက်သည် နောက်ပြန်ဆုတ်သွားခဲ့သည်။

ထိုဧရိယာတွင် ရေကန်များစွာရှိသောကြောင့် ရေဒြပ်စင်များ ပိုများလာပြီး ရေစည်းမျဉ်းသည် အခြားစည်းမျဉ်းများထက် ပိုမိုအားကောင်းလာခဲ့သည်။ ထို့ကြောင့် သမုဒ္ဒရာ သန့်ရှင်းသောခြင်္သေ့ က အနိုင်ရလိုက်သည်။

ကောင်းဖန်သည် ရေကန်ထဲမှ သန့်ရှင်းသောခြင်္သေ့ ထုတ်ယူသွားသော ရတနာကို မြင်သောအခါတွင် သူ ထွက်ခွာသွားဖို့ကို တုံ့ဆိုင်းသွားသည်။

အလယ်အလတ်အဆင့် နတ်ဘုရားများနှင့် အခြေခံအဆင့် နတ်ဘုရားများ၏ ခြားနားချက်များက ကိန်းဂဏန်းစာရင်းများတွင် ထင်ဟပ်ခြင်းမရှိသော်လည်း စည်းမျဉ်းများကြားတွင် ခြားနားချက်များရှိသည်။

၁၀ ရာခိုင်နှုန်း ကျော်သည့် စည်းမျဉ်းများသည် အရေးကြီးသော သတ်မှတ်ချက်တစ်ခုဖြစ်သည်။

ဒါပေမယ့် ကောင်းဖန်ကတော့ သူတို့တိုက်ခိုက်နေတဲ့ ရတနာက သမုဒ္ဒရာ၏ ပြန်လည်ရှင်သန်ခြင်း နှလုံးသား ဖြစ်မယ်လို့ မမျှော်လင့်ထားပေ။

၎င်းသည် ပင်လယ်ဝတုတ်ကို ထာဝရအဆင့်သို့ ပြန်လည်ရရှိရန်အတွက် နောက်ဆုံးပါဝင်ပစ္စည်းဖြစ်သည်။

သမုဒ္ဒရာ၏ ပြန်လည်ရှင်သန်ခြင်းနှလုံးသားသည် သာမန်ရေအမျိုးအစား သတ္တဝါများအတွက် ရတနာတစ်ခုဖြစ်သည်။ ၎င်းကို နတ်ဘုရားပစ္စည်း ပြုလုပ်ရန်အပြင် နတ်ဘုရားပစ္စည်းများကို ပြန်လည်ထူထောင်ရန်အတွက်လည်း အသုံးပြုနိုင်သည်။ အချိန်ကြာကြာ သယ်ဆောင်သွားပါက ရေအမျိုးအစား စည်းမျဉ်းများကို နားလည်နိုင်ပြီး အရှိန်ကိုလည်း တိုးမြင့်စေသည်။

သို့သော် ၎င်းတွင် လျှို့ဝှက်လုပ်ဆောင်မှုတစ်ခု ပါ၀င်သည်။ ၎င်းသည် သားရဲ၏ကျဆုံးသောအဆင့်ကို ပြန်လည်ရရှိစေသည်။

ကောင်းဖန်သည် အခြားသော သားရဲများ အားလုံးကို သားရဲ နေရာလွတ်ထဲသို့ ထည့်ထားလိုက်ကာ အပြင်တွင် ဒန်ဘီနှင့် စက်ရုပ်ဘုရင် တို့ကိုသာ ထားခဲ့လိုက်သည်။

ဒန်ဘီနှင့် စက်ရုပ်ဘုရင်သည် သမုဒ္ဒရာ သန့်ရှင်းသောခြင်္သေ့ကို ရှေ့နှင့်နောက်မှ ပိတ်ဆို့လိုက်သည်။

သမုဒ္ဒရာ သန့်ရှင်းသောခြင်္သေ့သည် ခေတ္တရပ်လိုက်ပြီး ဒန်ဘီနှင့် စက်ရုပ်ဘုရင်တို့သည် အခြေခံအဆင့် နတ်ဘုရားများဖြစ်ကြောင်း သိရှိပြီးနောက် “အမှောင်ထဲမှာ ပုန်းအောင်းနေတဲ့ ပိုးကောင်တွေကို ငါခံစားမိသားပဲ” ဟု ပြောလိုက်သည်။

ရုတ်တရက်... သမုဒ္ဒရာ သန့်ရှင်းသောခြင်္သေ့သည် ဒန်ဘီကို စိုက်ကြည့်လိုက်ပြီး သူမ၏ မျက်လုံးများတွင် ရှုပ်ထွေးနေသော အမူအရာများပေါ်လာသည်။ “မင်းမှာ တခြား သန့်ရှင်းသော ခြင်္သေ့ရဲ့ အငွေ့အသက် ရှိတယ်”

သူမ၏ အကြည့်များသည် ထူးဆန်းသော ရောင်ဝါကို ပေးစွမ်းပြီး စိတ်လှုပ်ရှားလာသည်။

“အထီးဟုတ်တယ်မလား”

သားရဲနေရာလွတ်တွင် ခြင်္သေ့ဖြူသည် နှာချေလိုက်သည်။

သမုဒ္ဒရာ သန့်ရှင်းသောခြင်္သေ့၏အမူအရာသည် တစ်စုံတစ်ခုကို သတိရသွားသလိုမျိုး ပြောင်းလဲသွားကာ “ဒီသမုဒ္ဒရာရဲ့ အသက်ပြန်ရှင်တဲ့နှလုံးသားကို လိုချင်လို့လား... ဒါမဖြစ်နိုင်ဘူး ဒါပေမယ့် မင်းငါ့ကို တခြား သန့်ရှင်းသောခြင်္သေ့ကို ရှာပေးရင်‌တော့ စဉ်းစားပေးမယ်” ဟု ပြောလိုက်သည်။

***

သားရဲလေ့ကျင့်သူ

အခန်း ၈၀၆ အောင်မြင်မှု

ကောင်းဖန်သည် သားရဲနေရာလွတ်အတွင်းရှိသားရဲများကို အပြင်ဘက်ရှိ အခြေအနေများအကြောင်း ပြောပြလိုက်သည်။

ဒန်ဘီသည် နတ်ဘုရားအဆင့်ကို ဖြတ်ကျော်ပြီးကတည်းက သားရဲနေရာလွတ်သည် ပြီးပြည့်စုံသော ဂေဟစနစ်ရှိသော ပတ်ဝန်းကျင်ငယ်လေး ဖြစ်လာခဲ့သည်။

၎င်းသည် သားရဲအားလုံးအတွက် သင့်လျော်ပြီး မတူညီသောပတ်ဝန်းကျင်များကို အလိုအလျောက် ပေးနိုင်သည်။

ကောင်းဖန်သည် သမုဒ္ဒရာသန့်ရှင်းသော ခြင်္သေ့၏အခြေအနေအကြောင်း ခြင်္သေ့ဖြူကိုပြောပြလိုက်သောအခါ ခြင်္သေ့ဖြူ၏ အမူအရာပြောင်းသွားသည်။

“သူက မင်းနဲ့အတူ ကလေးမွေးချင်နေတာဖြစ်နိုင်တယ်” ဂိုဒီက လေးလေးနက်နက်ပြောလိုက်သည်။

“ ညီးလေး... ငါ့ရဲ့ညီလေး ခြင်္သေ့” ပင်လယ်ဝတုတ်သည် ခြင်္သေ့ဖြူနားကပ်သွားပြိး ခြင်္သေ့ဖြူ၏ ရင်ဘက်ကို သူ့ခေါင်းနှင့်ပွတ်လိုက်သည်။

ပင်လယ်ဝတုတ်က ပြောလိုက်သည်။ “မင်းကို အနာဂတ်မှာ တိုက်ခိုက်ရေးလက်နက်အဖြစ် ဘယ်တော့မှ ဆက်ဆံမှာ မဟုတ်ဘူးလို့ ငါ ကတိပေးတယ်.. မင်းရဲ့အစ်ကိုကို ကူညီလိုက်ပါလို့... ကျေးဇူးပြုပြီး ငါ့ကို ကူညီပါလို့”

ခြင်္သေ့ဖြူ၏ မျက်လုံးများတွင် အေးစက်သော အလင်းတန်းတစ်ခု ဖျတ်ခနဲ လင်းလက်လာသည်။ “ဒီခြင်္သေ့မက ငါ့ကို သားစပ်တဲ့ခြင်္သေ့လို့ ထင်နေတာပဲ”

“သားစပ်တဲ့ ခြင်္သေ့တွေက ဘာဖြစ်လို့လဲ.. စဉ်းစားကြည့်.. သူက အလယ်အလတ်အဆင့် နတ်ဘုရား သမုဒ္ဒရာသန့်ရှင်းသော ခြင်္သေ့လေ.. သူနဲ့ ပေါင်းရင် နောင်မှာ အရင်းအမြစ်တွေ ပြတ်တော့မလား.. နတ်ဘုရားပစ္စည်းလုပ်တဲ့ အချိန် ရတနာတွေ လိုတော့မလား.. သူများတွေ မင်းကို အထင်သေးဦးမလား... မင်း ခြင်္သေ့တစ်ကောင်အနေနဲ့ မင်းဘဝရဲ့ အထွတ်အထိပ်မှာ ရှိနေလိမ့်မယ်... မင်းအောင်မြင်ပြီးရင် ဘယ်သူကို ဂရုစိုက်ရမှာလဲ” ပင်လယ်ဝတုတ်က သွေးဆောင်နေသည်။

ပင်လယ်ဝတုတ်၏ စကားများကို ကြားပြီးနောက် ခြင်္သေ့ဖြူ တုန်လှုပ်သွားသည်။

“ခြင်္သေ့တစ်ကောင် ငါ့ဘဝရဲ့ အထွတ်အထိပ်…” ခြင်္သေ့ဖြူက ထူးဆန်းသည့် အမူအရာနှင့်ပြောလိုက်သည်။

“အတိအကျပြောရရင် နောင်မှာ မင်းကို တိုက်ခိုက်ရေးသမားအဖြစ် ဆက်ဆံဖို့ ဘယ်သူက သတ္တိရှိတော့မလဲ... မင်းက အဖော်ရှိတဲ့သူတစ်ယောက်ဖြစ်ပြီး သူက အလယ်အလတ်အဆင့် နတ်ဘုရားလေ..သူက ရှူးဂါးမာမီပဲ” ဟု ပင်လယ်ဝတုတ်က လေးလေးနက်နက် ခံစားချက်ဖြင့် ပြောပြန်သည်။

“ဒီလို အပျော်မီးတွေ အကြောင်း ငါကြားဖူးတယ်... ဒီလိုဝါသနာမျိုးတွေ နတ်ဘုရားမှာ ရှိပါ့မလား” ခြင်္သေ့ဖြူက စိုးရိမ်နေသည်။

ပင်လယ်ဝတုတ်သည် တိတ်တိတ်လေး ပြန်ချေပဖို့ စဉ်းစားလိုက်သည်။

“ဒါဆို ငါ ဒါကို စဉ်းစားကြည့်လိုက်မယ်” ခြင်္သေ့ဖြူသည် ဒါကို လုပ်တော့ မလုပ်နိုင်သေးပေ။

ခြင်္သေ့ဖြူ၏အခြေအနေကို စောင့်ကြည့်နေသော ကောင်းဖန်သည် ခြင်္သေ့ဖြူ၏အခြေအနေမှာ [လျှိုဝှက်စွာ ပျော်ရွှင်သော] သို့ တိတ်တဆိတ် ပြောင်းသွားသည်ကို တွေ့ရှိလိုက်သည်။

ဘယ်လောက်တောင် မရိုးသားတဲ့ကောင်လဲ..

ကောင်းဖန်သည် ညာလက်ကို ဖြန့်လိုက်ရာ လက်ဖဝါး၌ အလင်းဘောလုံးတစ်ခု ပေါ်လာပြီး ခြင်္သေ့ဖြူကို ဆင့်ခေါ်လိုက်သည်။

ခြင်္သေ့ဖြူသည် သမုဒ္ဒရာသန့်ရှင်းသော ခြင်္သေ့ကို တိတ်တဆိတ် ကြည့်ရှုနေပြီး သူမ၏ အသွင်အပြင်ကို သဘောကျမိသွားသည်။ သူမသည် လှပ သန်မာလှသည်။

“ငါ အရမ်းကျေနပ်တယ်” ဟု ခြင်္သေ့ဖြူက ကောင်းဖန်ကို သွေးစာချုပ်မှတဆင့် ပြောလိုက်သည်။

“သူက တော်တော်ချောတာပဲ မဆိုးဘူး” သမုဒ္ဒရာသန့်ရှင်းသော ခြင်္သေ့က ကျေနပ်စွာ ခေါင်းညိတ်ပြသည်။

ဒါကိုကြားတဲ့အခါ ခြင်္သေ့ဖြူ က သူ့ခေါင်းကို မမော့ထားပဲ မနေနိုင်တော့ပေ။

ဟုတ်တယ်... ငါ့ရဲ့အသွင်အပြင်က ငြင်းလို့မရဘူး...

ငါ့ အမွေးတွေက ကုန်းပြင်မြင့်ပေါ်မှာရှိတဲ့ ခြင်္သေ့မတွေရဲ့ အိမ်မက်ပဲ...

ဒါပေမယ့် ငါ ဒီလူပျိုကြီး ကောင်းဖန်နောက်ကို လိုက်ခဲ့ရတာ အတော်ကြာသွားပြီး...

“သူ့ကို ငါ့ဆီ ပေးလိုက်ပါ... သမုဒ္ဒရာရဲ့ ရှင်သန်ခြင်းနှလုံးသားကို ငါပြန်ပေးလိုက်မယ်” ဟု သမုဒ္ဒရာသန့်ရှင်းသော ခြင်္သေ့ကဆိုလိုက်သည်။

“သူ့ကို မင်းဆီ ပေးလိုက်ရမယ်... ငါကတော့ မင်းအမှားလုပ်မိလိုက်ပြီထင်တယ်... သူ့ကို ဘာလို့ ငါက ပေးရမှာလဲ” ကောင်းဖန်က စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။

ခြင်္သေ့ဖြူကို သူငယ်ချင်းလုပ်တာ အထိက လက်ခံလို့ရသည်။ ဒါပေမယ့် ခြင်္သေ့ဖြူကို ပေးလိုက်ရမည်ဆိုတာက မဖြစ်နိုင်ပေ။

သမုဒ္ဒရာသန့်ရှင်းသော ခြင်္သေ့၏ မျက်လုံးများ မှိန်ဖျော့သွားသည်။ “ငါ အမှားလုပ်မိသွားတယ်.. ဒါဆို သူ့ကို ခဏလောက် ငှားလိုက်ပြီး နာရီအနည်းငယ်ကြာရင် ပြန်ပေးပါ့မယ်”

[သားရဲ အမည်] - သမုဒ္ဒရာ သန့်ရှင်းသောခြင်္သေ့

[သားရဲ အခြေအနေ] - ကျန်းမာ (စိတ်လှုပ်ရှား/ စိတ်လှုပ်ရှား/ မရိုးသား)

ကောင်းဖန် တွေးနေမိသည်။ ဒီခြင်္သေ့မက မရိုးသားဘူး... သူဘာထပ်မွှေချင်နေတာလဲ...

ဒါပေမယ့် သူက ပြုံးပြီး “အိုကေ... ကိစ္စမရှိပါဘူး...မင်းတို့မှာ တူညီနေတာရှိတာပဲ” ဟု ပြောလိုက်သည်။

ကောင်းဖန်သည် ခြင်္သေ့ဖြူကို ရှေ့သို့သယ်ဆောင်ရန် ဒန်ဘီ၏ ခန္ဓာကိုယ်ကိုထိန်းချုပ်လိုက်သည်။

“မင်းငါ့ကိုငွေပေး... ငါမင်းကို ပစ္စည်းပေးမယ်” ဒန်ဘီသည် ၎င်း၏ညာဘက်လက်ကို ဆန့်ထုတ်လိုက်သည်။

ခြင်္သေ့ဖြူသည် သူ့ကို ပစ္စည်းတစ်ခုလို့ ဆက်ဆံခံရခြင်းအတွက် အနည်းငယ် မပျော်သော်လည်း သူတွေ့ကြုံရမည့် ပျော်ရွှင်မှုအကြောင်း တွေးလိုက်သောအခါတွင် သူသည် ခေါင်းစဉ်ကို သိပ်ဂရုမစိုက်တော့ပေ။

သမုဒ္ဒရာသန့်ရှင်းသော ခြင်္သေ့သည် ဒန်ဘီ၏ ချဉ်းကပ်မှုကို သတိကြီးစွာစောင့်ကြည့်နေသည်။

“ဘာလို့အရမ်းစိတ်ပူနေတာလဲ... မင်းက အလယ်အလတ်အဆင့် နတ်ဘုရား.. ငါက အခြေခံအဆင့်နတ်ဘုရားပါ..” ဒန်ဘီက ရယ်လိုက်သည်။

“ဒီလိုစီးပွားရေးမျိုးလုပ်တာ ပထမဆုံးအကြိမ်ဆိုတော့ စိတ်ပူမိတာဖြစ်နိုင်ပါတယ်” သမုဒ္ဒရာသန့်ရှင်းသော ခြင်္သေ့၏ အမူအရာမှာ မပြောင်းလဲပေ။ သူမသည် အလယ်အလတ်အဆင့် နတ်ဘုရား ဖြစ်သောကြောင့် ဒန်ဘီကို မကြောက်ပေ။ ဒန်ဘီသည် ဓားစာခံကို သတ်ပစ်မည်ကိုသာ သူမစိုးရိမ်နေခြင်းဖြစ်သည်။

အမှန်တော့ သူမ၏အမြင်တွင် နတ်ဘုရားတစ်ပိုင်းသည် အလွန်တန်ဖိုးမရှိပေ။

သန့်ရှင်းသောခြင်္သေ့ခုနစ်ကောင်အနက်မှတစ်ခုဖြစ်သည့် ဆီးနှင်းခဲ သန့်စင်ခြ‌ေင်္သ့သည်သာ သူမအတွက် ကွဲပြားခြားနားသောအဓိပ္ပာယ်ရှိသည်။

အသက်ရှင်နေသော ဆီးနှင်းခဲ သန့်စင်ခြင်္သေ့ တစ်ကောင်သာ သူမအတွက် အသုံးဝင်မည်ဖြစ်သည်။

ဒန်ဘီသည် ပြန်လည်ရှင်သန်နိုင်သော သမုဒ္ဒရာ နှလုံးသားကို သိမ်းပိုက်လိုက်ပြီးနောက်တွင် ဆီးနှင်းခဲ သန့်စင်ခြင်္သေ့သည် အဖြူရောင်အလင်းဘောလုံးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး ဒန်ဘီ၏ ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်သွားသည်။

“စိတ်ဝိညာဉ်စည်းမျဉ်း - မျက်ရည်”

“မရဏစည်းမျဉ်း- အဆုံးသတ်လက်ညှိုး”

စည်းမျဉ်းနှစ်ခု၏ စွမ်းအားများသည် သမုဒ္ဒရာသန့်ရှင်းသော ခြင်္သေ့၏ ခန္ဓာကိုယ်ထဲသို့ တပြိုင်နက်တည်း ဝင်ရောက်သွားသည်။

မပြင်ဆင်ရသေးသော သမုဒ္ဒရာသန့်ရှင်းသော ခြင်္သေ့၏ဝိညာဉ်သည် ပြင်းထန်စွာ ဒဏ်ရာရသွားပြီး သူမ ချက်ချင်း နောက်ပြန်ပြေးသွားသည်။

ဒန်ဘီ လှုပ်ရှားသည့်အခိုက်အတန့်တွင် သူမတုံ့ပြန်ပြီး ရှောင်တိမ်းလိုက်သော်လည်း သူမ၏ ရင်ဘတ်ကို ထိမှန်သွားသည်။

သူမ၏ ရင်ဘတ်ပေါ်ရှိ အမွေးများသည် ဖြူဖျော့သွားသည်။ ဤနေရာကို ဖြတ်ကျော်လာသောအခါ သူမ၏ ခန္ဓာကိုယ်ရှိ ပညတ်သည် တုန်လှုပ်သွားသလို ခံစားလိုက်ရသည်။ မရဏစွမ်းအားသည် ဤနေရာကို ပိတ်ဆို့ထားသည်။

“မင်းရဲ့ကတိကို ဖျက်လိုက်တာပဲ” သမုဒ္ဒရာသန့်ရှင်းသော ခြင်္သေ့က ဒေါသထွက်သွားသည်။

ဒန်ဘီကို ပူးကပ်ထားသည့် ကောင်းဖန်က “မင်းလို မိစ္ဆာဒိဋ္ဌိကို ငါတို့က ဘာလို့ ကတိတည်ရမှာလဲ” ဟု မေးလိုက်သည်။

ကောင်းဖန်သည် အတောင်လေးဖက် တောင်ကြားကင်းမြှီးကောက်ကို သူမပြောခဲ့သည့်အတိုင်း ပြန်ပြောလိုက်သည်။

“မင်းမှာ မရဏစည်းမျဉ်းရှိနေမယ်လို့ ငါမထင်ထားဘူး.. မင်းကို ငါတကယ်လျှော့တွက်မိခဲ့တယ်” သမုဒ္ဒရာသန့်ရှင်းသော ခြင်္သေ့က ဒန်ဘီ

ကို မုန်းတီးစွာ စိုက်ကြည့်လိုက်သည်။

မရဏစည်းမျဉ်း၏ စွမ်းအားသည် သူမ၏ စွမ်းအားကို အဆက်မပြတ် ကုန်ဆုံးသွားစေသော ကပ်ပါးကောင်နှင့်တူသည်။

စက်ရုပ်ဘုရင်သည် ကောင်းဖန်က ဘာကြောင့် သမုဒ္ဒရာသန့်ရှင်းသော ခြင်္သေ့ကို ထိုကဲ့သို့ပြုမူသည်ကို မသိသော်လည်း ကောင်းဖန် နောက်တွင် ချက်ချင်းရပ်နေလိုက်သည်။

“ရေခဲငရဲအရိုးတစ်ထောင်ဂူ” ဒန်ဘီသည် ၎င်း၏လက်များကိုဖြန့်လိုက်သောအခါ အေးစက်သောအလင်းရောင်တစ်ခု ပေါက်ကွဲ ထွက်လာသည်။

မီးခိုးရောင်မြူခိုးတို့သည် ရေခဲပြမြူခိုးနှင့် ရောနှောနေသည်။ နေရာလွတ်သည် တုန်ခါသွားပြီး ကောင်းကင်သည် မည်းမှောင်သွားကာ အပြာရောင် ကြိုးထူကြီးတစ်ချောင်းက ကောင်းကင်မှ မြေကြီးပေါ်သို့ ပြုတ်ကျကာ ကျိုးသွားသည်။

နှင်းခဲဖြူအရိုးများဖြင့် ပြည့်နေသော ဧရာမသင်္ချိုင်းတစ်ခုသည် သမုဒ္ဒရာသန့်ရှင်းသော ခြင်္သေ့ဝန်းကျင်တွင် ပေါ်လာပြီး သူမကို ဝန်းရံထားလိုက်သည်။

သမုဒ္ဒရာသန့်ရှင်းသော ခြင်္သေ့၏စိတ်ထဲတွင် နှိုးဆော်သံများ ပြတ်တောက်သွားပြီး သမုဒ္ဒရာစည်းမျဉ်းသည် သူမကို ကာကွယ်ပေးသည့် ဧရာမရေပတ်လမ်းကြောင်းတစ်ခု ဖြစ်ပေါ်လာသည်။

ရေပတ်လမ်းကြောင်း တုန်ခါသွားကာ ၎င်း၏မျက်နှာပြင်သည် ဆီးနှင်းခဲ စည်းမျဉ်းကြောင့် အဆက်မပြတ် ယိုယွင်းသွားသည်။ ရေပတ်လမ်းသည် ရေခဲပတ်လမ်းကြောင်းအဖြစ်သို့ ပြောင်းလဲသွားသည့်ပုံပင်။

သမုဒ္ဒရာသန့်ရှင်းသောခြင်္သေ့ ဟိန်းဟောက်လိုက်ပြီးနောက် အဆုံးမဲ့အပြာရောင်အလင်းတန်းတစ်ခုသည် ကမ္ဘာကြီးကို သမုဒ္ဒရာတွင်းနက်ကြီးထဲ ထည့်ထားသလိုမျိုး ကောင်းကင်နှင့်မြေကြီးတစ်ခုလုံးကို လွှမ်းခြုံထားသည်။

ဒန်ဘီ ထိတ်လန့်သွားသည်။ သူသည် အရိုးဖြူ ပညတ်ဖြင့် သူနှင့် စက်ရုပ်ဘုရင်ကို ကာကွယ်ရန် အကာအကွယ်ကို ဖွဲ့စည်းလိုက်သည်။

စက်ရုပ်ဘုရင်၏ လက်များသည် အရိုးဖြူဒိုင်းအား ဖိလိုက်သောအခါ သတ္တုဒိုင်းသည် အရိုးဖြူဒိုင်းမျက်နှာပြင်ကို လျင်မြန်စွာ ဖုံးအုပ်သွားသည်။

ဒါပေမယ့် မျှော်လင့်ထားသည့် မုန်တိုင်းက ရောက်မလာပေ။

“အိုး... မဖြစ်ဘူး...” ဒန်ဘီက ဒိုင်းကို ဖယ်လိုက်သောအခါ ရေခဲငရဲအရိုးတစ်ထောင်ဂူသင်္ချိုင်းမှာ ဖောက်ထွင်းခံလိုက်ရသည်။ အထဲမှာ ဘာမှ မရှိတော့ပေ။

“သူမ လွတ်မြောက်သွားပြီ...” ကောင်းဖန်သည် သမုဒ္ဒရာသန့်ရှင်းသော ခြင်္သေ့ ထွက်ပြေးသွားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

ထို့နောက် ကောင်းဖန်နှင့် စက်ရုပ်ဘုရင်သည် အတားအဆီးထဲမှ ထွက်လာလိုက်သည်။ သမုဒ္ဒရာသန့်ရှင်းသော ခြင်္သေ့သည် နောက်မှ မလိုက်လာကြောင်း သေချာစေပြီးနောက်မှသာ ပေါင်းစည်းမှုကို ပြန်ဖျက်လိုက်ကြသည်။

အလင်းရောင်သုံးခုမှေးမှိန်သွားသောအခါ ကောင်းဖန် ဒန်ဘီ နှင့် ခြင်္သေ့ဖြူတို့သည် နေရာ၌ ပေါ်လာကြသည်။

***

သားရဲလေ့ကျင့်သူ

အခန်း ၈၀၇ ကမ္ဘာ့ပင်လယ် ရက်စက်ကြမ်းကြုပ်သောသားရဲ

သားရဲ နှစ်ကောင်ကို တစ်ပြိုက်နက်တည်း ပေါင်းစပ်ခြင်းသည် ဒန်ဘီသည် နတ်ဘုရားအဆင့်ကို ဖြတ်ကျော်ပြီးနောက် ကောင်းဖန် ရှာဖွေတွေ့ရှိခဲ့သည့် စွမ်းအင်အသစ်ဖြစ်သည်။

ဤစွမ်းအင်အသစ်သည် ကောင်းဖန်နှင့် သားရဲနှစ်ကောင်ကို တစ်ချိန်တည်းတွင် ပေါင်းစည်းနိုင်စေပြီး တစ်ခုမှာ အဓိကဖြစ်ပြီး ကျန်တစ်ကောင်မှာ ဒုတိယအဖြစ်ပေါင်းစပ်နိုင်သည်။

အခြားသော သားရဲများသည် နတ်ဘုရားဖြစ်မှုကို ဖွဲ့စည်းခြင်းမပြုမီ ကောင်းဖန်သည် ဤစွမ်းအင်ကို ကြိုးစားခဲ့သေးသည်။ သို့တိုင်အောင် ၎င်းသည် ထင်ရှားသော အကျိုးသက်ရောက်မှု မရှိဘဲ အဓိက သားရဲကို ဒြပ်စင်စွမ်းအာင် အနည်းငယ်တိုးလာစေရန်သာ ခွင့်ပြုထားသည်။ ဒန်ဘီသည် အဓိကသားရဲဖြစ်သောကြောင့် စွမ်းအင်တိုးလာမှုသည် အရေးမပါပေ။

သို့သော် အခြားသော သားရဲများနတ်ဘုရားဖြစ်မှုကို ဖွဲ့စည်းပြီးနောက် ကောင်းဖန်သည် ဤစွမ်းအင်ကို ထပ်မံကြိုးစားလိုက်သောအခါ ၎င်း၏ သက်ရောက်မှုများမှာ အလွန်ကပ်သီးကပ်သတ်နိုင်ကြောင်း တွေ့လိုက်ရသည်။

ဥပမာတစ်ခုအနေဖြင့် ကောင်းဖန်သည် ဒန်ဘီနှင့် ခြင်္သေ့ဖြူ နှစ်ကောင်လုံးကို ပေါင်းစပ်လိုက်သောအခါ အပို နတ်ဘုရားဖြစ်မှု နှစ်ခုသည် ဒန်ဘီ၏ နတ်ဘုရားပလ္လင်တွင် ရေခဲနတ်ဘုရားဖြစ်မှု နှင့် ဆီးနှင်းခဲနတ်ဘုရားဖြစ်မှုတို့ ယာယီပေါ်လာသည်။

ဒါတင်မကဘဲ ဒန်ဘီ၏ ခန္ဓာကိုယ်သည် ထိုနတ်ဘုရားဖြစ်မှုနှစ်ခု၏ စွမ်းအားကို အပြည့်အဝ အသုံးချနိုင်သွားသည်။

ခြင်္သေ့ဖြူတွင် နတ်ဘုရားယဇ်ပလ္လင်မရှိဘဲ နတ်ဘုရားဖြစ်မှု၏ စွမ်းအားကို မထုတ်နိုင်သော်လည်း ဒန်ဘီတွင် နတ်ဘုရား ယဇ်ပလ္လင်တစ်ခုရှိသည်။

တိုက်ချင်းပစ်ဒုံးကျည်ကဲ့သို့ပင်ဖြစ်သည်။ ပေါင်းစပ်မှသာ လက်နက်ကို အသုံးပြုနိုင်သည်။

ပေါင်းစည်းခြင်းမှ လွတ်မြောက်လာသော ခြင်္သေ့ဖြူသည် ကြမ်းပြင်ပေါ်တွင် ခိုကိုးရာမဲ့ ထိုင်နေကာ ခါးသီးသော မျက်လုံးများဖြင့် “သခင်...ငါ့မှာ အချစ်ရေးကံဇာတာ မရှိဘူး” ဟုပြောလိုက်သည်။

“အဲဒါက အချစ်ရေးကံကောင်းတာမဟုတ်ဘူး.. အဲဒါက အချစ်ရေးဘေးဒုက္ခပဲ” ကောင်းဖန်သည် ခြင်္သေ့ဖြူ၏ ခေါင်းကို ပွတ်သပ်လိုက်သည်။

ခြင်္သေ့ဖြူက ဆက်ပြီး ခါးသီးနေသည်။ ကောင်းဖန်သည် လည်ပြီး ဉာဏ်များသူဖြစ်သည်ကို လူတိုင်းသိသည်။ သူငါ့ကို ထပ်ပြီး လိမ်နေတာ ဖြစ်နိုင်တယ်..

ငါလို ရိုးသားပြီး လိမ္မာတဲ့ခြင်္သေ့ဖြူက နောက်ဆုံးတော့ အိမ်ထောင်ဖက်ကို ရှာတွေ့ဖို့ အခွင့်အရေး ရခဲ့ပေမယ့် အခွင့်အလမ်းက ငါ့ရှေ့မှာ လွဲချော်နေတာကို ကြည့်လိုက်ရတယ်...

“သမုဒ္ဒရာ သန့်ရှင်းသောခြင်္သေ့ရဲ့ မကောင်းတဲ့ ရည်ရွယ်ချက်တွေကို ငါခံစားလိုက်ရတယ်... သူက မင်းကို မကောင်းတာ လုပ်ချင်နေတာ.. မင်းသူ့လက်ထဲလက်ထဲမှာပဲ ကုန်ဆုံးသွားရင် ကောင်းတာ ဘာမှဖြစ်လာမှာမဟုတ်ဘူး” ဟု ကောင်းဖန်က ရှင်းပြလိုက်သည်။

ခြင်္သေ့ဖြူက တိတ်တဆိတ် ခေါင်းကို မော့လိုက်သည်။ ကောင်းဖန် မည်မျှလေးနက်သည်ကို မြင်လိုက်ရသည်နှင့် သူပြောသမျှကို တစ်ဝက်လောက်တော့ ယုံသွားသည်။

ကောင်းဖန်က အရမ်းလေးနက်တယ်... သူ လိမ်နေတာ မဟုတ်ဘူးပဲ..

ထို့နောက် ကောင်းဖန်သည် ပင်လယ်ဝတုတ်ကို ခေါ်လိုက်သည်။ အချိန်အကြာကြီးစောင့်ဆိုင်းနေသော ပင်လယ်ဝတုတ်သည် ကောင်းဖန်ကို မျှော်လင့်ချက်ဖြင့် စိုက်ကြည့်နေသည်။

ကောင်းဖန်သည် သမုဒ္ဒရာ၏ ရှင်သန်ခြင်းနှလုံးသားကို ပင်လယ်ဝတုတ်ကို ကျွေးလိုက်သည်။ အခြားသားရဲများ၏ စကားလှိုင်းများသည် စိတ်ပင်လယ်မှ ထွက်ပေါ်လာသည်။

ကောင်းဖန်က သူတို့ကို ဆင့်ခေါ်လိုက်သည်။

တာ့ဇီ၊ ဂိုဒီ၊ အလင်းလှိုင်း၊ နဂါးပုရွက်ဆိတ်တို့ အားလုံးသည် ၎င်းတို့၏ မျက်လုံးများကို မှိတ်ထားပြီး နတ်ဘုရား ယဇ်ပလ္လင်များကို ဖွဲ့စည်းရန်ပြင်ဆင်နေချိန်တွင့် ဆင့်ခေါ်ခံလိုက်ရသည်။

“မင်းတို့ဘာလို့အခု ချိုးဖြတ်ဖို့လုပ်နေတာလဲ... ပိုကောင်းတဲ့ အောင်မြင်မှုရအောင်လို့ စည်းမျဉ်းအသစ်တွေကို ဆက်ပြီး စုဆောင်းနေတာ မဟုတ်ဘူးလား” ကောင်းဖန်အံ့ဩသွားသည်။

လွန်ခဲ့သည့် နှစ်ရက်က သူတို့အားလုံးသည် မချိုးဖြတ်မီ နောက်ထပ် စည်းကမ်းအချို့ကို နားလည်ချင်ခဲ့ကြသည်။

အလင်းလှိုင်းသည် ၎င်းသည် နောက်ထပ်စည်းမျဉ်းတစ်ခုကို နားလည်လိုကြောင်း ပြောခဲ့သည်။ ဂိုဒီက နောက်ထပ် နှစ်ခုကို နားလည်ချင်တယ်ဟု ပြောသည်။ တာ့ဇီက နောက်ထပ် ၁၈ ခုလောက် လိုချင်တယ်ဟု ပြောသည်။

ဟုတ်တယ်... နောက်ထပ် စည်းမျဉ်း ၁၈ ခု...

ကောင်းဖန်သည် သူတို့၏ စိတ်အားထက်သန်မှုကို မထိခိုက်စေချင်သောကြောင့် ဘာမျှ မပြောတော့ပေ။

“ကောင်းဖန်.. သူတို့ စိတ်ထိခိုက်သွားတယ်.. ဘေးမှာ နေတဲ့သူ မဖြစ်ချင်ဘူးလို့ ပြောကြတယ်... သူတို့လည်း တိုက်ပွဲမှာ ပါဝင်ချင်ကြတယ်” ဟု ဆီလီက ပြေးသွားပြီး ကောင်းဖန်ရဲ့ နားထဲမှာ တိုးတိုးလေး ပြောလိုက်သည်။

“ဟုတ်လား” ကောင်းဖန်က နားလည်သွားပြီး ဆီလီကို နောက်လိုက်သည်။ “ဒါဆို မင်းက ဘာလို့ စိတ်မထိခိုက်ရတာလဲ “

“ငါက သူတို့လောက် မတုံးဘူး” ဆီလီက ဂုဏ်ယူစွာဖြင့် “ဒီနည်းနဲ့ ငါက နောက်ကွယ်မှာ ပုန်းနေနိုင်တယ်” ဟု ပြောလိုက်သည်။

“မင်း ပျင်းရိပြီး အားနဲတဲ့ အကောင်ပဲ” ဟုပြောရင်း ကောင်းဖန်က မရယ်ဘဲမနေနိုင်တော့ပေ။

စံနှုန်းများအတိုင်း ရောက်ရှိနေသမျှကာလပတ်လုံး နတ်ဘုရား ယဇ်ပလ္လင်ကို ဖွဲ့စည်းခြင်းက စိတ်ရှည်ရသောအလုပ်ဖြစ်သည်။

ရက်အနည်းငယ်ကြာပြီးနောက် တာ့ဇီ၊ ခြင်္သေ့ဖြူ နှင့် ကျန်သူများသည် နတ်ဘုရားယဇ်ပလ္လင်များကို ဖွဲ့စည်းပြီး နတ်ဘုရားအဆင့်ကို အောင်မြင်စွာ ဖြတ်ကျော်ခဲ့ကြသည်။

“ကောင်းဖန်... ပင်လယ်ဝတုတ် မထွက်လာသေးဘူးလား” တာ့ဇီသည် ကောင်းဖန်နောက်တွင် ရပ်ကာ တောင်ခြေရင်းရှိ ရေကန်ကို ငုံ့ကြည့်လိုက်သည်။

အနီးနားရှိ တောင်တွေက အလယ်မှ ရေကန်ကို ဝိုင်းထားသည်။ ရေကန်ပတ်လည်တွင် သစ်တောများထူထပ်ပြီး အဝါရောင်ကျူပင်များ ပေါက်ရောက်‌နေသည်။

“မကြာခင်ဖြစ်လာလိမ့်မယ်” ကောင်းဖန်သည် ပင်လယ်ဝတုတ် မည်သည့်အချိန်တွင် ထွက်လာမည်ကို မသေချာပေ။

ပင်လယ်ဝတုတ်သည် လွန်ခဲ့သည့် ရက်အနည်းငယ်တည်းက ရေအောက်တွင် ကျောက်ချနေခဲ့သည်။ ကောင်းဖန်သည် ပင်လယ်ဝတုတ်၏ အငွေ့အသက်သည် ထိုနေရာတွင် ရှိနေသည်ဟု ခံစားနိုင်ပြီး တဖြည်းဖြည်း ပိုအားကောင်းလာသည်ကို သိနေသည်။

ရုတ်တရက် ရေတွေတက်လာသည်။ ကြီးမားလှသော ရေအိတ်ကြီးသည် ရေကန်ထဲမှ ထွက်ပေါ်လာသည်။

ရေများ စီးဆင်းလာပြီး နေရောင်အောက်တွင် အနက်ရောင် အကြေးခွံများ တောက်ပနေသည်။

တောင်များနှင့် မြေပြင်တို့သည် ပြင်းထန်သောဟိန်းဟောက်သံနှင့်အတူ တုန်ခါသွားသည်။

ကြောက်မက်ဖွယ်ကောင်းသော ခန္ဓာကိုယ်သည် ရေကန်တစ်ခုလုံးကို ဖြတ်ကျော်သွားသည်။ အက်ကြောင်းတွေက အပြင်ကို ပြန့်နှံ့သွားပြီး တောင်ထိပ်တွေကို ရောက်သွားသည်။

ကောင်းဖန်ခြေထောက်အောက်ရှိ တောင်ကြီးသည် တုန်ခါနေသည်။ တောင်ပေါ်မှ ကျောက်တုံးကြီးများသည် ဝန်ထုပ်ဝန်ပိုးကို လွှတ်ချလိုက်သလို လှိမ့်ထွက်လာကြသည်။

“နောက်ဆုတ်” ကောင်းဖန်က အမြန်ပြောလိုက်သည်။

တာ့ဇီသည် ဂိုဒီနှင့် ကျန်သူများကို အမြီးပေါ်ကောက်ကောက်လိုက်ပြီး ကောင်းကင်သို့ ပျံထွက်သွားလိုက်သည်။

တာ့ဇီက ပျံပြီးပြီးချင်းမှာပဲ သူတို့နောက်က တောင်တွေ ပြိုကျသွားသည်။

အလွန်ပြင်းထန်သော ရောင်ဝါသည် လျင်မြန်စွာ ပျံ့နှံ့သွားသည်။

ထူထဲပြီး ရှည်လျားသော အမြီးသည် မြေပြင်ကို ဖြတ်သွားကာ ပတ်ဝန်းကျင်တောင်တန်းများသည် သစ်သားတုံးများကဲ့သို့ ပြန့်ကျဲနေသည်။ ကြီးမားသော ခြေသည်းများ မြေပြင်ကို ထိုးဖောက်သွားသည် ။ တခဏအတွင်းမှာ ပြင်းအား ၁၂ ရှိတဲ့ ငလျင်တစ်ခု လှုပ်သွားသကဲ့သိုပင်ဖြစ်သည်။

ကီလိုမီတာ တစ်ထောင် အချင်းဝက်အတွင်းမှ သားရဲများအားလုံး အပြင်သို့ ထွက်ပြေးလိုက်ကြသည်။

ဟိန်းဟောက်သံနှင့်အတူ အဆုံးမဲ့ လေကြမ်းများသည် ကောင်းကင်ယံ၌ စတင်တိုက်ခတ်နေသည်။

ကောင်းကင်တွင် ကြီးမားသော ခန္ဓာကိုယ်တစ်ခုက နေရောင်ခြည်ကို လုံး၀ ပိတ်ဆို့ထားသည်။

အရိပ်များသည် ကီလိုမီတာ တစ်ရာပတ်လည်ကို လွှမ်းခြုံထားပြီး အောက်ဘက်သို့ အရိပ်များ ကျရောက်နေသည်။

ကောင်းကင်တွင် ပင်လယ်ဝတုတ်သည် ၎င်း၏ ကြီးမားသော ပါးစပ်ကို ဖွင့်လိုက်ပြီး စူးရှစွာ အသက်ရှုရှိုက်လိုက်သည်။

ပညတ်သည် ပါးစပ်ထဲသို့ရောက်သွားပြီး အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။

၎င်း၏ပါးစပ်ရှိ နတ်ဘုရားဖြစ်မှု သုံးခုသည် လျင်မြန်စွာ ပုံသဏ္ဍာန်ဖြစ်ပေါ်လာသည်။

တစ်ချိန်တည်းမှာပင် ပင်လယ်ဝတုတ်၏ပါးစပ်ရှိ ရွှေသွားကြီးများ ရုတ်တရက် ပေါက်ထွက်ပြီး မထင်မရှား အနက်ရောင် စွမ်းအင်တစ်ခုသည် ပင်လယ်ဝတုတ်၏ပါးစပ်အတွင်းသို့ ပေါင်းစပ်သွားကာ နောက်ဆုံးတွင် ပိတုန်းရောင်နတ်ဘုရားဖြစ်မှု အဖြစ်သို့ ပေါင်းစပ်သွားသည်။

[ကပ်ဘေး နတ်ဘုရားဖြစ်မှု] [သမုဒ္ဒရာနတ်ဘုရားဖြစ်မှု] [မုန်တိုင်း နတ်ဘုရားဖြစ်မှု] [ဝါးမျိုခြင်းနတ်ဘုရားဖြစ်မှု]

နတ်ဘုရားဖြစ်မှု လေးခုလုံး တစ်ပြိုင်နက် ပေါင်းစည်းပြီးနောက် ပင်လယ်ဝတုတ်သည် ဆက်လက်လုပ်ဆောင်နေသည်။ ဝိညာဉ်ပင်လယ်ရှိ ဝိညာဉ်စွမ်းအားသည် အတွင်းပိုင်း ပြိုကျသွားသည်။

စုစည်းထားသော ဝိညာဉ်စွမ်းအားသည် ပိုမိုအားကောင်းလာပြီး နောက်ဆုံးတွင် တောက်ပသော ရွှေရောင်အလင်းတန်းကို ဖြာထွက်လာစေသည်။

ပင်လယ်ဝတုတ်၏ လက်ရှိ ဝိညာဉ်ပင်လယ်ထဲတွင် ရွှေယဇ်ပလ္လင်တစ်ခု မျှောနေသည်။ ရွှေယဇ်ပလ္လင်ပတ်လည်တွင် မရေမတွက်နိုင်သော လျှို့ဝှက်ဆန်းကြယ်သော အရုပ်များရှိသည်။

နတ်ဘုရားဖြစ်မှု လေးခုသည် ယဇ်ပလ္လင်ပေါ်သို့ ပြေးတက်သွားသည်။

ဝါးမျိုခြင်းနတ်ဘုရားဖြစ်မှုသည် ထိပ်ဆုံးတွင်ရှိပြီး အလင်းရောင်နှင့် မြင်နိုင်သမျှအားလုံးကို မျိုချကာ အနက်ရောင်တွင်းကြီး တစ်ခုကဲ့သို အမှောင်ထုကြီးတစ်ခုသာ ကျန်ရှိတော့သည်။

နောက်တစ်ခုကတော့ ကပ်ဘေး နတ်ဘုရားဖြစ်မှု ဖြစ်သည်။ ကပ်ဘေး နတ်ဘုရားဖြစ်မှု၏ မျက်နှာပြင်ပေါ်ရှိ စွမ်းအားသည် မသေချာမရေရာမှုများဖြစ်ပြီး ရှုပ်ထွေးသောပုံစံ ပြောင်းလဲနေကာ နိမိတ်မရှိသည့် ရောင်ဝါကို ပေးစွမ်းသည်။

အောက်ခြေတွင် [သမုဒ္ဒရာနတ်ဘုရားဖြစ်မှု] နှင့် [မုန်တိုင်း နတ်ဘုရားဖြစ်မှု] တို့ရှိသည်။

ဤနတ်ဘုရားဖြစ်မှု နှစ်ခုသည် ရေနတ်ဘုရားဖြစ်မှုနှင့် လေနတ်ဘုရားဖြစ်မှု၏ အခွဲများဖြစ်သည်။ သို့သော်တစ်ချိန်တည်းတွင် ၎င်းတို့သည် ကပ်ဘေး နတ်ဘုရားဖြစ်မှု နှင့် ထူးထူးခြားခြားဆက်စပ်နေသည်။

နတ်ဘုရားဖြစ်မှု လေးခုကို တစ်ပြိုင်နက် စုစည်းပြီး နတ်ဘုရားယဇ်ပလ္လင်ကို ဖွဲ့စည်းပြီးနောက်တွင် ပင်လယ်ဝတုတ်၏ ရောင်ဝါများ ပေါက်ကွဲသွားသည်။

“ဟားဟားဟား... ငါပြန်လာပြီ” ပင်လယ်ဝတုတ်သည် ခတ်ခတ်ထန်ထန် ရယ်မောလိုက်သည်။

ထို့နောက် ကောင်းကင်ကို ပိတ်ဆို့ထားသည့် သတ္တဝါကြီးသည် တိမ်များထက်တွင် ပျောက်ကွယ်သွားပြီး နေရောင်ခြည်သည် ကမ္ဘာမြေပေါ်သို့ တစ်ဖန်ပြန် ဖြာကျလာသည်။

နတ်ဘုရားဖြစ်သွားသော ပင်လယ်ဝတုတ်သည် ကောင်းဖန်ရှေ့တွင် ပေါ်လာသည်။

၎င်း၏အသွင်အပြင်သည် နတ်ဘုရားဖြစ်မလာမီနှင့် နှိုင်းယှဉ်ပါက သိသိသာသာ ပြောင်းလဲသွားသည်။

ပြောင်းလဲမှုသည် ထာဝရအဆင့်ကို ချိုးဖျက်ခြင်းကြောင့်လား သို့မဟုတ် နတ်ဘုရားဖြစ်လာခြင်းကြောင့်လား ဆိုတာတော့ မသေချာပေ။

ယခုအချိန်တွင် ပင်လယ်ဝတုတ်၏အသွင်အပြင်သည် ရိုးရှင်းသော ခေါင်းကြီးငါးကြင်းကဲ့သို့မဟုတ်တော့ပေ။

ထူထဲပြီး ခိုင်ခံ့သောအမြီးသည် ၎င်း၏နောက်တွင် ထွက်လားပြီး အဆုံးတွင် ကွဲထွက်နေကာ မီးခိုးရောင်ချိတ်များဖြင့် ဖုံးအုပ်ထားသည်။

ရှေ့မှ ဆူးတောင်များသည်မြေပြင်ပေါ်တွင် လေးလံသော လက်နှစ်ဖက်အဖြစ်ရှိသည်။ ဆူးတောင်များသည် အလွန်ကြီးမားသော လခြမ်းနှစ်စင်း ဖြစ်လာသည်။

၎င်း၏ အနက်ရောင်အကြေးခွံထူများသည် အရောင်မှိန်သွားကာ ၎င်း၏မျက်လုံးများသည် ယခင်ကထက် အနည်းငယ်ပိုကြီးလာသည်။ မပြောင်းလဲသော တစ်ခုတည်းသော အရာမှာ ပင်လယ်ဝတုတ်၏ ပါးစပ်သည် အလွန်ကြီးနေသေးပြီး နားရွက်များအထိ ပေါက်လုနီးပါး ဖြစ်နေခြင်း ဖြစ်သည်။

ပုံပန်းသဏ္ဍာန်ပြောင်းလဲမှုအရ ပင်လယ်ဝတုတ်၏ အနီးကပ်တိုက်ခိုက်ရေးနည်းလမ်းများကတော့ အများအပြားတိုးလာပုံရသည်။ ၎င်း၏သွားများနှင့် ကိုက်ဖြတ်ခြင်းအပြင် လက်တစ်စုံနှင့် သေစေသော ဧရာမအမြီးတစ်ခုပါရှိလာသည်။

[သားရဲအမည်] - ကမ္ဘာ့ပင်လယ် ရက်စက်ကြမ်းကြုပ်သော သားရဲ

[သားရဲ အဆင့်] - အခြေခံအဆင့်နတ်ဘုရား

[သားရဲ စွမ်းရည်ဆင့်] - ထာဝရအဆင့်

[စည်းမျဉ်းထိန်းချုပ်မှု] - ဝါးမျိုခြင်း စည်းမျဉ်း ၂.၁ ရာခိုင်နှုန်း၊ ကပ်ဘေးစည်းမျဉ်း ၁.၀ ရာခိုင်နှုန်း၊ သမုဒ္ဒရာစည်းမျဉ်း ၁.၀ ရာခိုင်နှုန်း၊ မုန်တိုင်းစည်းမျဉ်း ၁.၀ ရာခိုင်နှုန်း

***

သားရဲလေ့ကျင့်သူ

အခန်း ၈၀၈ ဂလက်စီ ဘုရင်ခြောက်ပါး

မရေမတွက်နိုင်သော ဂြိုလ်များတည်ရှိရာပင်လယ်၏ဗဟိုတွင် အဆုံးမရှိသော အနတ္တ လှိုင်းထန်မှုများရှိသည်။ ရှုပ်ထွေးနေသော မျက်နှာပြင်ပင်လယ် အနီးနှင့် ဂြိုလ်များ၏ ကွက်လပ်များကြားတွင်ရှိပြီး အနတ္တအာကာသဟု စုပေါင်းခေါ်ဝေါ်သော နေရာတစ်ခုဖြစ်သည်။

သဘာဝအတိုင်း စွမ်းအင်လှိုင်းများကို ထုတ်လွှတ်သည့် ဖရိုဖရဲ ရှုပ်ထွေးနေသော အနတ္တအာကာသအတွင်းမှ အစွမ်းထက်သော ထိပ်တန်းကြယ်များကြောင့် ဤဒေသရှိ လေစီးဆင်းမှုသည် သိသိသာသာ ပြင်းထန်သည်။ မတူညီသော ဂြိုလ်များ၏ စွမ်းအင်လှိုင်းများသည် ပြင်းထန်သော အနတ္တ လှိုင်းထန်မှုကို ဖြစ်ပေါ်စေသည်။

ဤအနတ္တ လှိုင်းထန်မှုများ ဝေးလေ လေထဲတွင် အတက်အကျ ချောမွေ့လေဖြစ်သည်။ သို့သော် အဝေးတွင်လည်း ပိုပို၍ အဆိပ်သင့်ပြီး ဖရိုဖရဲ ဓာတ်ငွေ့များ ပါလာတတ်သည်။

ဤဖရိုဖရဲဓာတ်ငွေ့များသည် ပို၍အဆိပ်သင့်သော်လည်း ၎င်းတို့သည် သားရဲများရှင်သန်မှုအတွက် အထောက်အကူ ဖြစ်စေသော မြေဆီလွှာကို ပေါက်ဖွားနိုင်ခြေပိုများသည်။

အနတ္တ လှိုင်းထန်မှုထက် ဖရိုဖရဲဖြစ်နေသည့် အနတ္တအာကာသထဲမှာ သားရဲတွေပိုများသည်။

နဝမမြောက်ကောင်းကင်ဘုံ ကဲ့သို့သော အလွန်ကြီးမားပြီး အရေးကြီးသောကမ္ဘာ့စနစ်အပြင် ပရမ်းပတာအခြေအနေတွင် အခြားဘုံ ပတ်ဝန်းကျင်တစ်ခုဖြစ်သည့် ကြယ်များရှိသည်။

အအေးဓာတ်နဲ့ ကြယ်သေများသည် ဖရိုဖရဲ အနတ္တ နေရာမှာ လွင့်မျောနေသည်။

သစ်ပင်အသေသည် ရေကန်၏ အောက်ခြေသို့ ပြုတ်ကျသွားလျှင် ဤပုပ်နေသောသစ်သားမှ သာယာဝပြောသော ဘဝသံသရာသည် မွေးဖွားလာပေလိမ့်မည်။ ကမ္ဘာမြေကြီးပေါ်တွင် ကြယ်သေများနည်းတူ ဖရိုဖရဲ သတ္တဝါ အမျိုးမျိုး နေထိုင်ကြပြီး အချိန်အတော်ကြာ ဆင့်ကဲပြောင်းလဲပြီးနောက် ဤသတ္တဝါများနှင့် ကြယ်သေတို့ကြားတွင် နှစ်ဦးနှစ်ဖက်အကြိုးရှိသော ဂေဟစနစ်စနစ်ကို ရရှိခဲ့ကြသည်။

ဤသည်မှာ ကြယ်စနစ်၏ မူလအစဖြစ်သည်။

အာဏာရှင်ဂလက်စီသည် ကြယ်သေများ အစုအဝေးဖြစ်ပြီး ၎င်း၏အထွတ်အထိပ်တွင် ကြယ်သေသန်းပေါင်းများစွာရှိသည်။

အချို့ကြယ်သေများ၏ အနားများသည် ပြာအရောင်ရှိပြီး အချို့ ကြယ်သေများသည် နီညိုရောင်ဖြစ်သည်။ ထိုနေရာတွင် ဖရိုဖရဲလေထုမရှိပေ။ ဂြိုလ်မျက်နှာပြင်တွင် အပေါက်များနှင့် ပြည့်နေပြီး ရံဖန်ရံခါတွင် ဤကြယ်များ၏ မျက်နှာပြင်ပေါ်တွင် ပျင်းရိစွာ တွားသွားနေသည့် ပုံပျက်နေသော သားရဲကြီးများကို မြင်တွေ့နိုင်သည်။ မရဏကြယ်အချို့သည် အကိုက်ခံရသော ပန်းသီးတစ်လုံးကဲ့သို့ ကွဲထွက်နေကြပြီး ဂြိုဟ်အတွင်းရှိ အနာပေါက်များကို ပေါ်လွင်စေသည်။

မြင်ကွင်းတစ်လျှောက် အတွင်းဘက်သို့ တိုးလာသည်နှင့်အမျှ ကြယ်သေ၏ ပြီးပြည့်စုံမှုအဆင့်သည် တိုးမြင့်လာသည်။

မြင်နေရသော ကြယ်များသည်လည်း တဖြည်းဖြည်း တောက်ပလာသည်။

ပုံပန်းသဏ္ဍာန်အရ ဤကြယ်များသည် အပြင်ဘက်ရှိသေဆုံးနေသောကြယ်များနှင့် သိပ်မကွာခြားသော်လည်း ၎င်းတို့သည် ပိုမိုပြည့်စုံပြီး ကြယ်များ၏မျက်နှာပြင်ကို လေထုကဲ့သို့ ငွေဖြူရောင်မျက်နှာဖုံးများဖြင့် ဖုံးအုပ်ထားသည်။ ဤငွေဖြူရောင်မျက်နှာဖုံး မှတဆင့် ကြယ်သေများရှိ အပြာရောင်အပေါက်များစွာကို မြင်နိုင်ပြီး အပေါက်များမှ အပြာရောင်သက်တံရောင်အလင်းတန်းများ ထွက်ပေါ် နေကြသည်။

ဤဂြိုလ်ပေါ်ရှိ အလင်းရောင်သည် အားနည်းရာမှ အားကြီးလာတတ်သည်။ အားနည်းသော သို့မဟုတ် သေနေသော အလင်းရောင်သည် အချိန်မရွေး ငြိမ်းသွားသည်ဟု ခံစားရစေသည်။

အားအနည်းဆုံးသော ကြယ်သေ၏မျက်နှာပြင်ပေါ်ရှိ အလင်းရောင်သည် တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး ကြယ်မျက်နှာပြင်ပေါ်ရှိ အပြာရောင်တွင်းမှ အလင်းရောင်သည် ဖြည်းညှင်းစွာ ပေါင်းစပ်ကာ နောက်ဆုံးတွင် လုံးဝငြိမ်းသွားသည်။

“ဖေဖေ.. နောက်ထပ် ကြယ်တစ်ပွင့် ထွက်သွားပြီ” စကားဝိုင်းတစ်ခုသည် အာဏာရှင်ဂလက်စီအတွင်းရှိ နက်ရှိုင်းသော နေရာတစ်ခုမှ ထွက်ပေါ်လာသည်။

“ငါ ခံစားရတယ်… ငါတို့မှာ အချိန်သိပ်မကျန်တော့ဘူး... ဝပ်စ်...ငါတို့ လက်တွဲပြီး တိုက်ကြရအောင်... ငါတို့ ဒီတိုက်ပွဲကို နိုင်ရမယ် ”

“ဝပ်စ်... နာခံပါမယ်.. “

အာဏာရှင် ဂလက်ဆီရဲ့ အနက်ပိုငထဲမှာ အဆုံးမဲ့ အဖြူရောင်အလင်းတန်းတွေ ရောယှက်နေသည်။ ထိုနေရာတွင် အဖြူရောင်အလင်းတန်းမှ စက်ဝိုင်းကြီးတစ်ခု ဖြစ်ပေါ်လာသည်။ စက်ဝိုင်းအလယ်တွင် ကြီးမားသော နှစ်ဘက်လှ လိပ်ပြာကြီးတစ်ကောင် ကောင်းကင်၌ ပေါ်လာသည်။

အရှေ့ဘက်က လိပ်ပြာတစ်ကောင် ဖြစ်ပေမယ့် နောက်ကျောမှာတော့ နို့ပိုးအိမ်လေးကို သယ်ဆောင်ထားသည်။ ၎င်း၏ ကြီးမားသော အတောင်ပံတစ်စုံသည် ၎င်း၏ခန္ဓာကိုယ်အနှံ့ ဖြန့်ကြက်ထားသည့် သန့်စင်သောကြယ်ရောင်များဖြင့် ဖွဲ့စည်းထားပုံရသည်။

…

ကြယ်စု၏ ကျူးကျော်မှုသည် ၎င်း၏ အပြင်းထန်ဆုံး အဆင့်တွင် ရှိနေသည်။ ကြယ်စုသည် မျက်နှာပြင်ပင်လယ်တွင် အခြေချနေထိုင်လိုသော်လည်း မျက်နှာပြင်ပင်လယ်သည် ၎င်း၏နယ်မြေကို စောင့်ရှောက်ရန် အသည်းအသန်ကြိုးစားနေသည်။ အကြောင်းမှာ နယ်မြေသည် အရွယ်အစား ကန့်သတ်ထားသောကြောင့်ဖြစ်သည်။

သို့သော် ကြယ်စု၏ ရည်မှန်းချက်သည် ဂြိုလ်တစ်ခု သို့မဟုတ် နှစ်ခုထက် ကျော်လွန်သွားသည်မှာ သိသာထင်ရှားသည်။

ပြဿနာတက်နေသော ဤရေပြင်တွင် ငါးဖမ်းနေသည့် ကောင်းဖန်သည်လည်း ဖိအားကို ခံစားနေရသည်။

ကံအားလျော်စွာ ခြင်္သေ့ဖြူသည် နတ်ဘုရားအဆင့်ကို ဖြတ်ကျော်ခဲ့ပြီး စက်ရုပ်ဘုရင်သည်လည်း သတ္တုဓာတ်အများအပြားကို စားသုံးပြီး ၇၀ ရာခိုင်နှုန်းကျော် ပြန်လည်ကောင်းမွန်လာပြီ ဖြစ်သောကြောင့် ကောင်းဖန်သည် ၎င်းနှင့်အတူ နတ်ဘုရားအဆင့် သားရဲ ရှစ်ကောင်ကို သယ်ဆောင်ထားသည်နှင့် ညီမျှ နေသည်။

ကောင်းဖန်သည် အဆင့်မြင့် နတ်ဘုရားသားရဲ တစ်ကောင်နှင့် မကြုံရသ၍ သူလွတ်မြောက်လိုလျှင် မည်သူမှ တားဆီးနိုင်မည် မဟုတ်ပေ။

သားရဲများအားလုံးတွင် အချို့က ဤဂြိုလ်မှ နောက်ဂြိုလ်သို့ ထွက်ပြေးကြပြီး အချို့သည် နောက်ဂြိုလ်မှ ဤဂြိုလ်သို့ ထွက်ပြေလာကြခြင်းဖြစ်သည်။

သို့သော် နတ်ဘုရားအဆင့်အောက် သားများစွာအတွက်တော့ ၎င်းတို့ မည်သည့်နေရာမှ ထွက်ပြေးပါစေ ၎င်းတို့သည် စစ်ပွဲ၏ အရိပ်အောက်တွင် အမြဲရှိနေကြပုံရသည်။

အချိန်ကြာလာသည်နှင့်အမျှ သားရဲများသေဆုံးပြီး ဒဏ်ရာများ ပိုများလာကညသည်။ နှစ်ဖက်စလုံးရဲ့ မုန်းတီးမှုကို တစ်ဖက်နဲ့တစ်ဖက် ခေါင်းဆောင်တွေက ထိန်းချုပ်လို့မရတော့ပေ။

အချိန်အတော်ကြာပြီးနောက် ကောင်းဖန်သည် လွတ်မြောက်လာသော သားရဲ တစ်ကောင်ထံမှ ထူးထူးခြားခြား သတင်းတစ်ပုဒ်ကို ကြားလိုက်ရသည်။ သဘာဝတရားစနစ်၏ခေါင်းဆောင်သည် တောပင်လယ်ဂြိုလ်တွင် ကြယ်ဘုရင်တစ်ပါးကို သတ်ပစ်လိုက်သည် ဟု ဆိုသည်။

ကြယ်စုတွင် ကြယ်ဘုရင်ခြောက်ပါး ရှိသည်။

ကောင်းဖန်သည် ကြယ်စုသားရဲများထံမှ ကြယ်ဘုရင်များ၏ အမည်ကို ကြားဖူးသည်။ ကြယ်စု၏ ဘုရင်များ အဆင့်အတန်းကို မည်သူမှ အပ်နှင်းခြင်းမဟုတ်ဘဲ အာဏာရှင် ဂလက်ဆီ တစ်ခုလုံးမှ အသိအမှတ်ပြုထားသော အသန်မာဆုံး သတ္တဝါ ခြောက်ကောင်ကို ရည်ညွှန်းထားခြင်း ဖြစ်သည်။

ကြယ်စုငွေရောင်ဖီးနစ်၊ ကြယ်လက်သီး၊ ကြယ် အနှမြူအလင်းနဂါး၊ သဗ္ဗညုတအရိပ်၊ တိုင်တန်အလင်းမျောက်ဝံ၊ မျက်နှာနှစ်ဖက် ကြယ်စားလိပ်ပြာ တို့ဖြစ်ကြသည်။

ဒီတစ်ကြိမ်တော့ တိုင်တန်အလင်း မျောက်ဝံကျသွားခဲ့သည်။

ကောင်းဖန်သည် တိုင်တန်အလင်းမျောက်ဝံကို မတွေ့ဖူးတာကြောင့် ၎င်း၏ အစွမ်းသတ္တိအတိအကျကို မသိပေ။

ဒါပေမယ့် သူထင်တာမမှားဘူးဆိုရင်တော့ ကြယ်စုငွေရောင်ဖီးနစ်ကိုတော့ သူတစ်ကြိမ်ထက်မနည်းတွေ့ဖူးသည်။

ထိပ်တန်းခြောက်ကောင်အနေဖြင့် တိုင်တန်အလင်း မျောက်ဝံသည် ကြယ်စုငွေရောင်ဖီးနစ်နှင့် အဆင့်တူဖြစ်သည်။

ဒီသတင်းကိုကြားပြီးနောက်မှာတောင် ကောင်းဖန်မှာ အကြံအစည်တွေ အများကြီးမရှိပေ။ ပြဿနာဖြစ်နေသည့် ရေထဲမှာ ငါးကို ဆက်ပြီးရှာလိုက်သည်။

အကွာအဝေးသည် အလွန်ဝေးကွာနေတာကြောင့် အနည်းဆုံးတော့ သူနဲ့ အဆင့်တူ မရှိပါ‌ပေ။

မြေပြင်ပေါ်တွင်ထိုင်နေသော ကောင်းဖန်သည် ထရပ်လိုက်သည်။ သူ့မျက်နှာ အနည်းငယ် ပြောင်းလဲသွားသည်။

သူသည် သားရဲအားလုံးကို သားရဲနေရာလွတ်တွင်ထည့်လိုက်သည်။ ထို့နောက် နဂါးပုရွတ်ဆိတ်နှင် တာ့ဇီတို့နှင့် ပေါင်းစည်းလိုက်သည်။ နဂါးပုရွက်ဆိတ်သည် မိုးကြိုးနတ်ဘုရားဖြစ်မှုအဖြစ်သို့ ပြောင်းလဲရန် သူ၏ ပြောင်းလဲခြင်းတစ်ထောင်နတ်ဘုရားဖြစ်မှုကို အသုံးပြုလိုက်သည်။ တာ့ဇီ၏ကိုယ်ခန္ဓာအတွင်းရှိ ယဇ်ပလ္လင်ပေါ်တွင် ခရမ်းရောင်နတ်ဘုရားဖြစ်မှု နှစ်ခု မျောပါနေသည်။

ဆင်တူသော မိုးကြိုးနတ်ဘုရားဖြစ်မှု နှစ်ခုသည် တစ်ပြိုင်နက် ခရမ်းရောင် တောက်ပနေကာ ချိန်းကြိုးစည်းမျဉ်းများပေါ်လာသည်။

တာ့ဇီသည် ခရမ်းရောင် တံလျှပ်ကဲ့သို့ ပြောင်းလဲကာ ကောင်းကင်သို့ လွင့်သွားသည်။

သူ့နောက်ကသူက တာ့ဇီထက် နှစ်ဆမမြန်ပေမယ့် သူ့ခြေရာခံနိုင်စွမ်းကတော့ မဆုတ်မနစ်ပင်။ ကောင်းဖန်သာ အနားယူလိုက်လျှင် ထိုတစ်စုံတစ်ရာသည် သူ့ကို အမှီလိုက်နိုင်လိမ့်မည်။

ကောင်းဖန်သည် အနက်ရောင်မြူခိုးကမ္ဘာသို့ ပြန်မပြေးဝံ့ဘဲ မျက်နှာပြင်ပင်လယ်၏ နက်ရှိုင်းသော အစိတ်အပိုင်းဆီသို့သာ ဆက်လက်ပျံသန်းနိုင်သည်။

ကောင်းဖန်ထွက်သွားပြီး တစ်မိနစ်အကြာတွင် ကောင်းကင်၌ တိမ်မည်းများ ပေါက်ကွဲသွားသည်။ အမှောင်ထဲတွင် နီမြန်းသော မျက်လုံးတစ်စုံ ပေါ်လာသည်။

တိမ်မည်းတွေ ဖြတ်သွားသည့်အခါ အနက်ရောင် ဓာတ်ငွေ့များ ကျန်ရစ်ခဲ့သည်။ ငှက်အချို့သည် ၎င်းနှင့် မတော်တဆ တိုက်မိသောအခါ ချက်ချင်းပင် တောထဲသို့ ကျသွားပြီး အဖြူရောင်အရိုးများအဖြစ် စုပုံသွားကြသည်။

“ကောင်းဖန် သူ ဘာလို့ငါတို့ကို ဆက်လိုက်နေတာလဲ” တာ့ဇီက မေးလိုက်သည်။

“ဒါက သူ့ရဲ့စွမ်းအင်ပဲ” ကောင်းဖန် ခေါင်းကိုက်နေသည်။ သူ့နောက်ကသူက ခြေရာခံသားရဲတစ်ကောင်ရဲ့ လက္ခဏာတွေ ရှိသည်။ ရန်သူများအားလုံးသည် ခြေရာများကို ချန်ထားခဲ့နိုင်လျှင် သူ့မျက်လုံးများက ထိုခြေရာများကို မြင်နိုင်သည်။

“အဲဒီအရာက အဆင့်မြင့်နတ်ဘုရားပဲ... သူ့ကို ပင်ပန်းစေချင်ရင် ဒါက လက်တွေ့မကျဘူး... သူ့ကိုသတ်ဖို့ နည်းလမ်းရှာရမယ်... ဒီလိုမှမဟုတ်ရင်... စစ်ပွဲပြီးဆုံးပြီးတဲ့နောက် ကြယ်စုထဲက တန်ခိုးကြီးတဲ့ တခြားသတ္တဝါတွေ လွတ်မြောက်လာတဲ့အခါ ပိုလို့တောင် ပြဿနာရှိလာလိမ့်မယ်” ကောင်းဖန်က သူ့နောက်ကသူကို ဘယ်လိုရင်ဆိုင်ရမလဲဆိုတာ စဉ်းစားနေမိသည်။

***

All Chapters