အခန်း (၈၀၉-၈၁၂)
Vol. 51 Ch. 809-812
အခန်း ၈၀၉ ငါ့ကို မျက်နှာသာပေးပါ
မိမိထက် အားကောင်းသော ရန်သူကို ကိုင်တွယ်ဖြေရှင်းရန် နည်းလမ်းသုံးမျိုးသာ ရှိပေသည်။
မိမိကိုယ်မိမိ သန်မာစေခြင်း၊ ရန်သူကို အားပျော့စေခြင်း သို့မဟုတ် ပြင်ပအကူအညီကို ရယူခြင်း တို့ဖြစ်သည်။
သားရဲများသည် ခွန်အားတိုးရန် မခက်ခဲသော်လည်း အချိန်တော့ယူရပေလိမ့်မည်။ အချိန်မည်မျှကြာမည်ကို ပြောရခက်သည်။
ဒုတိယအချက်က ရန်သူကို အားပျော့စေခြင်း ဖြစ်သည်။ အလယ်အလတ်အဆင့် နတ်ဘုရားထံမှာ နောက်ကွယ်ကလူရဲ့ ခွန်အားကို အားနည်းအောင် ထိန်းထားနိုင်သရွေ့တော့ ဒါကို ကိုင်တွယ်နိုင်သည်။
ဒါပေမယ့် သူ့နောက်က အပေါင်းအသင်းတွေကို အားနည်းသွားစေမယ့် နည်းလမ်းကို ဘယ်လိုရှာရမလဲ... ကောင်းဖန်သည် ခေါင်းကိုက်နေသည်။ သူ့နောက်ကလူရဲ့ အားနည်းချက်ကတော့ အလင်းအမျိုးအစား တိုက်ခိုက်မှုတွေက သူ့အပေါ် ပိုသက်ရောက်မှု ရှိစေသည်။ သူ့တွင်ရှိသော တစ်ခုတည်းသော အလင်းအမျိုးအစားမှာ ရှောင်ကောဖြစ်သည်။
ရှောင်ကောသည် နတ်ဘုရားဖြစ်မလာသေးပေ။ နတ်ဘုရားဖြစ်လာလျှင်ပင် ၎င်းသည် ကြီးမားသောအခန်းကဏ္ဍမှ ပါဝင်ရန် ခက်ခဲသည်။
ဒီတော့ ပြင်ပအကူအညီတွေ ရှာရမည်။
ကောင်းဖန်သည် အခြားရွေးချယ်စရာများကို ဆက်တွေးပြီး နောက်ဆုံးတွင် ဆုံးဖြတ်ချက်တစ်ခုချလိုက်သည်။
“ဦးတည်ချက်ပြောင်းပြီး မသေသောနတ်ဘုရားစနစ်ကိုသွားကြရအောင်” ဟု ကောင်းဖန်က သွေးစာချုပ်ကနေတဆင့် ပြောလိုက်သည်။
ကောင်းဖန်က ဦးတည်ရာကို ညွှန်ပြပြီးနောက် တာ့ဇီက လှည့်ကြည့်လိုက်သည်။
သုံးရက်ကြာ ပျံသန်းပြီးနောက် ကောင်းဖန်သည် အာကာသအက်ကွဲကြောင်းမှတဆင့် အခြားနေရာသို့ ရောက်လာသည်။
ဤကမ္ဘာကြီး၏ အနတ္တနေရာသည် သေခြင်းနှင့်တူသော ငြိမ်သက်ခြင်းများဖြင့် ပြည့်နေသည်။ ခြေဖဝါးအောက်ရှိ မြေပြင်သည် အလွန်မှောင်မိုက်နေသည်။ အဝေးရှိ မြေပြင်သည် ပေါင်းပင်နက်များ၊ အေးစက်သော ကျောက်တုံးများဖြင့် ပြည့်နေသည်။
မြေပြင်ပေါ်တွင် သေခြင်းဝိဉာဉ်များ ပြန့်ကျဲနေသည်။ ဤသားရဲများသည် အသက်မဲ့သော ရောင်ဝါကို ထုတ်လွှတ်နေသည်။ ပုပ်နေသော သားမွေးများအောက်တွင် သူတို့၏အဖြူရောင်အရိုးများကို မြင်နိုင်သည်။ နီရဲနေသော မျက်လုံးများသည် ကောင်းကင်တွင် တာ့ဇီ ခြေသုတ်တင်ဖြတ်သွားသည်ကို သတိရှိရှိ ကြည့်နေသည်။
လေထဲတွင် ပြင်းထန်သော သေခြင်းတရား၏ အနံ့အသက်ကို ရှုရှိုက်ရင်း တာ့ဇီက ပြုံးပြလိုက်သည်။
ဒန်ဘီသည် ဖုတ်ကောင်တစ်ကောင်ပင်ဖြစ်သော်ငြားလည်း သူနှင့် အဆက်အသွယ်ရသည်မှာ ကြာမြင့်နေပြီဖြစ်ပြီး ဒန်ဘီသည် သူ့ကိုယ်သူ သန့်ရှင်းစေရန် သူ့ခန္ဓာကိုယ်ကို မကြာခဏ သုတ်ပေးသောကြောင့် သူ့တွင် ကြောက်မက်ဖွယ်ကောင်းသော သေမင်း၏ အနံ့အသက်မရှိပေ။
တိုင်တန်အလင်းမျောက်ဝံကိုသာ သတ်နိုင်ရင် စွမ်းအားအဆင့်က အဆင့်မြင့်နတ်ဘုရားအဆင့်ထက်ပိုမှာ သေချာသည်။
မသေသောနတ်ဘုရားစနစ်သည် အားနည်းသော်လည်း ၎င်းကို အခြားသော နတ်ဘုရား စနစ်နှစ်ခုမှ မဖယ်ရှားနိုင်ခြင်း ဟူသောအချက်မှာ မသေသောနတ်ဘုရားစနစ်တွင် စွမ်းအား အချို့ရှိသည်ဟု ဆိုလိုသည်။
ကောင်းဖန်သည် တိတ်ဆိတ်စွာ တွေးနေမိသည်။ အနည်းဆုံးတော့ အဆင့်မြင်နတ်ဘုရား တည်ရှိနေလိမ့်မည်။
မသေသောနတ်ဘုရားစနစ်သည် နှစ်ပေါင်းများစွာ ဖိနှိပ်ခံခဲ့ရသည်။ အထဲမှာ သူတို့ အတော်လေး ဆက်စပ်နေလိမ့်မည်။
ဒန်ဘီသည် မရဏသခင်ဖြစ်သည်။ သူသည် အသေကောင်များကို သဘာဝအတိုင်း ထိန်းချုပ်နိုင်ပြီး သူ့စွမ်းရည်ဆင့်သည် မြင့်မားသောကြောင့် သူသည် အဆင့်နိမ့်မနေသင့်ပေ။
အနောက်ကသူတွေက သူတို့ကို မဖမ်းမိသေးပေ။ ကောင်းဖန်သည် နဂါးပုရွတ်ဆိတ်နှင့် တာ့ဇီတို့ကို ပေါင်းစည်းပြီးနောက် ကောင်းဖန်သည် တာ့ဇီကို သားရဲနေရာလွတ်သို့ထည့်လိုက်ကာ ဒန်ဘီကို နဂါးပုရွတ်ဆိတ်နှင့် ပေါင်းစည်းလိုက်သည်။
ထို့နောက် နဂါးပုရွတ်ဆိတ်သည် ဒန်ဘီ၏ သေမင်းနတ်ဘုရားကို အတုခိုးရန် ပြောင်လဲခြင်းတစ်ထောင်နတ်ဘုရားဖြစ်မှုကို အသုံးပြုလိုက်သည်။
မရဏစည်းမျဉ်းနှစ်ခုကို လက်ထဲတွင် ကိုင်ဆောင်ထားသဖြင့် ဒန်ဘီ၏ခန္ဓာကိုယ်ပေါ်ရှိ ရောင်ဝါသည် ရုတ်တရက် ခုန်တက်သွားပြီး စည်းချက်မညီတော့ပေ။
မသေသူဂြိုလ်ထဲမှ ကြီးမားသော ဖုတ်ကောင်အရိုးတွင်းနက်အတွင်းတွင် အိပ်နေသော ဖုတ်ကောင်အရိုးနဂါးသည် မျက်လုံးများကို ဖွင့်လိုက်သည်။
“ငါ သေခြင်းတရားရဲ့ အနံ့ရတယ်…” ဖုတ်ကောင်အရိုးနဂါးသည် သူ့မျက်လုံးထဲမှာ ပူလောင်နေတဲ့အကြည့်ဖြင့် “ဒါက သန့်စင်တဲ့သေခြင်းပဲ” ဟု ပြောလိုက်သည်။
ဖုတ်ကောင်အရိုးနဂါးသည် မြေပြင်ပေါ်သို့ တက်လာသည်။ မည်မျှကြာအောင် ငြိမ်သက်နေလဲ မသိပေ။ ဖုတ်ကောင်အရိုးနဂါးကြီး ထလာသောအခါ သူ့ခန္ဓာကိုယ်ပေါ်ရှိ ဖုန်မှုန့်များသည် လေထဲသို့ တက်လာသည်။
ဖုတ်ကောင်အရိုးနဂါး နိုးထလာသောအခါတွင် တိကျသော အချက်ပြသံကို ကြားလိုက်ပုံရသည်။ အဆုံးမရှိသော သင်္ချိုင်းကြီး၏ နောက်ကွယ်တွင် မီးတောက်မီးလျှံများ စတင်တောက်လာသည်။
ခိုင်ခံ့သောချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသော သေမင်းတမန်သည် အဖြူရောင်အရိုးလှံတစ်ချောင်းကို ကိုင်ဆောင်ကာ အလားတူ လေးလံသော ချပ်ဝတ်တန်ဆာဖြင့် အလှဆင်ထားသော အိပ်မက်ဆိုး ဝိဉာဉ်မြင်းတစ်ကောင်ကို စီးထားသည်။ ချပ်ဝတ်တန်ဆာ နှစ်ဖက်ကြား ပွတ်တိုက်မှုကြောင့် ကျယ်လောင်သော အသံများ ထွက်ပေါ် လာကာ ဖုတ်ကောင်များသည် အုတ်ဂူ ပေါ်သို့ တက်ကာ မီးခိုးများ ပေါ်တက်ကာ ဘုရင်ကို မျှော်ကြည့်လိုက်ကြသည်။
နောက်ကျောတွင် သင်္ချိုင်းတွင်းမှ အဆုံးမဲ့ မသေသောရေစီးကြောင်းတစ်ခု ပေါ်လာပြီး မသေနိုင်သောပင်လယ်ကြီးကို ဖန်တီးလိုက်သည်။
“မင်း ဆက်အိပ်နေဦး.... ငါ အပြင်ခဏသွားလိုက်ဦးမယ်” မီတာတစ်သောင်းနီးပါးရှည်သည့် ဖုတ်ကောင် အရိုးနဂါးကြီးက အမိန့်ပေးပြီးတော့ အတောင်ပံတွေဖြန့်ပြီး အရိုးတွင်းထဲက ပြေးထွက်လာသည်။
“သခင်... သတိထားပါ” ဒန်ဘီသည် ဤစကားများကို ပြောရန်အချိန်သာရှိသေးသည်။ သူ့ရှေ့က အနတ္တ အာကာသထဲတွင် အလွန်လျင်မြန်သော အရိပ်တစ်ခုက သူ့အနီးသို့ လျင်မြန်စွာ နီးကပ်လာသည်။ ကြီးမားသောအရိုးအတောင်ပံများသည် စုတ်ပြဲနေသောအလံကဲ့သို့ တောင်ပံအမြှေးပါးအလွှာဖြင့် ဖုံးအုပ်ထားသည်။
[သားရဲ အမည်] - သေခြင်းနဂါးအာဏာရှင်
[သားရဲ အဆင့်] - အလတ်အလတ်အဆင့် နတ်ဘုရား
[သားရဲ စွမ်းရည်ဆင့်] - ဒဏ္ဍာရီလာအဆင့် / ဒဏ္ဍာရီလာ စွမ်းရည်ဆင့်
[အထူးလက္ခဏာများ] - ဖုတ်ကောင်
[ထိန်းချုပ်မှု] - အရိုးဖြူစည်းမျဉ်း ၁၆ ရာခိုင်နှုန်း၊ နာကျင်မှုစည်းမျဉ်း ၁၂ ရာခိုင်နှုန်း
[သားရဲ ဖော်ပြချက်] - စွမ်းအားကြီးသော နတ်ဘုရားအဆင့် နဂါးကြီး ကျဆုံးသွားပြီးနောက် ၎င်းသည် ဖုတ်ကောင်နဂါးအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ မသေသူအဖြစ်သို့ ပြောင်းလဲပြီးနောက် ၎င်းသည် နဂါးမိသားစု၏ ကြံ့ခိုင်သော ကိုယ်လုံးကိုယ်ပေါက်သာမက နဂါးမိသားစု၏ နွေးထွေးသောသွေးကိုလည်း ဆုံးရှုံးခဲ့ရသည်။ ယခုအခါ ၎င်းသည် သည်းမခံနိုင်ဘဲ အေးစက် ရက်စက်ကြမ်းကြုတ်လာခဲ့သည်။ ၎င်း၏ ရည်မှန်းချက်များ အောင်မြင်ရန် မည်သည့်အရာကိုမဆို လုပ်ဆောင်နိုင်သည်။
သေခြင်းနဂါးအာဏာရှင်သည် ဒန်ဘီ နှင့် စက်ရုပ်ဘုရင်ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။ စက်ရုပ်ဘဝနှင့် မသေသူများ မည်သို့ရောနှောသွားသနည်း။
ဒါပေမယ့် ဒါတွေက အရေးမကြီးပေ။ သေခြင်းနဂါးအာဏာရှင်သည် ဒန်ဘီကို တခါမှ မမြင်ဖူးပေ။ သူသည် ပြင်ပကမ္ဘာမှ လာတာဖြစ်လိမ့်မည်ဟု တွေးလိုက်သည်။
တစ်ချိန်တည်းမှာပင် သေခြင်းနဂါးအာဏာရှင်သည် ဒန်ဘီ၏ သန့်စင်သော သေမင်းရောင်ဝါကြောင့် အံ့အားသင့်သွားသည်။
သူသည် သတ္တဝါတစ်ဦးထံမှသာ သန့်စင်သော သေခြင်းရောင်ဝါကို ခံစားခဲ့ရဖူးပြီး ထိုအရာသည် လက်ရှိအဆင့်တွင်ပင် သူ့အတွက် မဖြစ်နိုင်သော ရုပ်ပုံတစ်ခုဖြစ်သည်။
အကယ်၍ သူသာ ငါတို့ရဲ့ မသေနိုင်သော နတ်ဘုရားစနစ်တွင် ပါဝင်နိုင်လျှင်....
သေမင်းနဂါး အာဏာရှင်၏ အသက်ရှုသံသည် ပိုမိုပြင်းထန်လာသည်။ ငါတို့ နှစ်ပေါင်းများစွာ စောင့်စရာ မလိုတော့ဘူး...
“သူငယ်ချင်းအသစ်လေး.. ငါ့နာမည်က သေခြင်းနဂါးအာဏာရှင်ဖြစ်ပြီး.. ငါက ဒီဂြိုလ်ပေါ်က မသေသော နတ်ဘုရားစနတ်ကို အုပ်စိုးသူပါ”
သေခြင်းနဂါးအာဏာရှင်သည် ကောင်းဖန်ကို ကြည့်နေစဉ် ကောင်းဖန်သည် သေခြင်းနဂါးအာဏာရှင်ကို တိတ်တဆိတ် စောင့်ကြည့်နေသည်။
ဆိုးရွားသော ရည်ရွယ်ချက်မရှိဟု ညွှန်ပြသောကြောင့် ၎င်းသည် မတိုက်ခိုက်ပေ။ သူ ဒန်ဘီ၏ ဖုတ်ကောင်အထောက်အထားကို အသုံးချလိုက်တာ မှန်သွားသည်။
ကောင်းဖန်စိတ်သက်သာရာ ရသွားသည်။ ပထမ စာမေးပွဲပြီးသွားပြီ...
ကံမကောင်းစွာ ဤမရဏနဂါးအာဏာရှင်သည် အလယ်အလတ်အဆင့် နတ်ဘုရားသာဖြစ်သောကြောင့် ၎င်းသည် နောက်က လူအတွက် ပြိုင်ဘက်မဟုတ်ဟု ထင်ရသည်။ သူသည် ခဏမျှ တုံ့ဆိုင်းသွားကာ ကောင်းဖန်သည် ဒန်ဘီ၏ခန္ဓာကိုယ်ဖြင့် ပြောလိုက်သည်။ “ငါလည်း ဝမ်းသာပါတယ်.. မင်းနဲ့တွေ့ရတာ.. မင်းက ဂြိုလ်ပေါ်မှာ ငါမြင်ဖူးတဲ့ ပထမဆုံး မသေတဲ့နတ်ဘုရားပဲ.. ဂြိုလ်ပင်လယ်ထဲမှာ မသေသေးတဲ့ နတ်ဘုရားတွေ များများစားစား မရှိဘူးထင်တယ်... နောက်တစ်ခါမှ စကားစမြည်ပြောရအောင်... ငါအခု အမဲလိုက်ခံနေရလို့ ထွက်သွားရမှာ”
ဒန်ဘီသည် သေခြင်းနဂါးအာဏာရှင်ကို လက်မထောင်ပြပြီး ရယ်သံနှင့်အတူ သူ၏ အရိုးများကလည်း အက်ကွဲနေပြီး စက်ရုပ်ဘုရင်နှင့်အတူ ချက်ခြင်း ထွက်ပြေးသွားလိုက်သည်။
ကြက်သေ သေနေသော သေခြင်းနဂါးအာဏာရှင်ကိုတော့ နောက်တွင်ချန်ထားခဲ့လိုက်သည်။
သူဘာလို့ ဒီအတိုင်း ထွက်သွားနိုင်ရတာလဲ...
“ခဏစောင့်ဦး” သေခြင်းနဂါးအာဏာရှင်က ဒန်ဘီကို ကျော်ပြီး သူတို့ကို ရပ်တန့်စေလိုက်သည်။ “မသေသောနတ်ဘုရားတွေမှာ စွမ်းအင်တချို့တော့ ရှိပါသေးတယ်... ငါ မင်းကို ကူညီနိုင်မှာပါ”
“ဒါက ငါ့ကို လိုက်ဖမ်းနေတာက အဆင့်မြင့်နတ်ဘုရားပဲ” ဟု ဒန်ဘီက ဆိုလိုက်သည်။
သေခြင်းနဂါးအာဏာရှင်သည် တွေးတောဆင်ခြင်မိလိုက်သည်။ အဆင့်မြင်နတ်ဘုရားဖြစ်ခဲ့ရင်တော့ တကယ်ကို အနိုင်ယူလို့မရနိုင်ပေ။
တကယ်တော့ ပြဿနာက သိပ်ကြီးကြီးမားမားမဟုတ်ပေ။ အဆင်မြင့်နတ်ဘုရားဖြစ်ရင်တောင် တခြားနေရာမှာ ကြောက်ဖို့ကောင်းပေမယ့် သူတို့က ယခု မသေသော နတ်ဘုရားစနစ်၏ ဂြိုလ်ပေါ်တွင် ရှိနေကြခြင်း ဖြစ်သည်။
“အဆင့်မြင့်နတ်ဘုရားက ကြီးကျယ်တဲ့ ပြဿနာမဟုတ်ပါဘူး... ငါတို့ မသေသော နတ်ဘုရားစနစ်မှာ အားလုံက အရမ်းစည်းလုံးကြတယ်... အဆင့်မြင့် နတ်ဘုရားတောင်မှ ငါတို့ကို မျက်နှာသာပေးရတယ်... “ ဟု သေခြင်းနဂါးအာဏာရှင် က ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။ “ဒီမှာနေပြီး စောင့်ကြည့်... ကါ နောက်ဆုတ်ဖို့ ပြောလိုက်မယ်”
ဒန်ဘီသည် အနည်းငယ် စိတ်ပူသွားသည်။ သူက ကောင်းဖန်ကို သွေးစာချုပ်မှ တဆင့်ပြောလိုက်သည်။ “သခင်... ကျွန်တော် သူ့ကို တစ်ခါမှမတွေ့ဖူးဘူး... သူဘာလို့ ကျွန်တော်တို့ကို ကူညီမှာလဲ”
ကောင်းဖန်သည် ဒန်ဘီ အနည်းငယ် စိတ်မသက်မသာ ဖြစ်နေကြောင်း ပြောနိုင်သည်။ သူ့ကို သတ်ခိုင်းရင်တောင် တွန့်ဆုတ်နေမှာ မဟုတ်ပေ။ ဒန်ဘီ က သူများကို မလိမ်ညာဖူးတဲ့ ကလေးတစ်ယောက်လိုဖြစ်ပြီး အခု ရုတ်တရက် တခြားသူကို လိမ်ညာမိတဲ့ ကလေးလို ဖြစ်နေသည်။
“အချစ်ကြောင့်ဖြစ်မှာပေါ့”
“…”
“ဟားဟားဟား.. စတာပါ...” ကောင်းဖန်က အော်ရယ်လိုက်သည်။ “အချစ်က နောက်မှ ရောက်လာလိမ့်မယ်.. အခုတော့ သူက ငါတို့ကို အရင်ကူညီတဲ့အတွက် နောင်မှာလည်း စေတနာကောင်းကို ပြန်ဆပ်ဖို့ အခွင့်အရေးရလာမှာပါ”
သခင်ပြောသည်ကိုကြားပြီးနောက် ဒန်ဘီ အနည်းငယ်သက်သာရာရသွားသော်လည်း စိတ်မသက်မသာခံစား နေရဆဲ ဖြစ်သည်။
သုံးနာရီအကြာတွင် အနက်ရောင် တိမ်တိုက်တစ်ခု ကောင်းကင်ပြင်မှ ပျံသန်းလာသည်။ တိမ်တိုက်တွင် သေးငယ်သော အက်ကွဲကြောင်းများစွာရှိကာ အက်ကွဲကြောင်းများမှတဆင့် နီညိုရောင်မျက်လုံးတစ်စုံသည် ဒန်ဘီကို စိုက်ကြည့်နေသည်။
မျက်လုံးများမှ မှော်အလင်းတန်းများ ထွက်ပေါ်လာပြီး နီညိုရောင် မျက်လုံးများက သွေးယိုနိုင်သလို ကြည့်နေရသည်။
“ခဏစောင့်ပါ” သေခြင်းနဂါးအာဏာရှင်က ရုတ်တရက် ပြောလိုက်သည်။ “ဆရာ... စိတ်အေးအေးထားပါ.. အလျင်စလိုမလုပ်ပါနဲ့.. ငါက မသေသော နတ်ဘုရားစနစ်ရဲ့ ခေါင်းဆောင်ဖြစ်တဲ့ မရဏနဂါး အာဏာရှင်ပါ... တိုက်ခိုက် သတ်ဖြတ်တာတွေက ဘယ်ပြဿနာကိုမှ ဖြေရှင်းနိုင်မှာ မဟုတ်ဘူး... မင်းငါ့ကို မျက်နှာသာပေးလို့ရမလား... ထိုင်ပြီး ဖြည်းဖြည်းချင်း ပြောကြရအောင်”
“ငါ့ရှေ့က ထွက်သွား”
***
သားရဲလေ့ကျင့်သူ
အခန်း ၈၁၀ သေမင်းသခင်
သေခြင်းနဂါးအာဏာရှင်သည် မည်သည့်အမူအရာမှ မပြောင်းလဲပေ။ သူသည် ကြိမ်းမောင်းခြင်းကိုတော့ ခံလိုက်ရပုံရသည်။
“ငါ မင်းကို ကောင်းကောင်းပြောနေတာပါ.. မင်းမှာငါ့ကို ဆူပူကြိမ်းမောင်းပြီး ထွက်သွားဖို့ ပြောခွင့်မရှိဘူး... ဒီကမ္ဘာကြီးမှာ ပြဿနာတွေကို ဖြေရှင်းဖို့ တစ်ခုတည်းသော နည်းလမ်းက အချင်းချင်း သတ်ဖြတ်နေတာလား... မင်းရဲ့သားကို ငါသတ်ရင် မင်းရဲ့သားအတွက် လက်စားချေဖို့ မင်းက ငါ့နောက်လိုက်လာမယ်... မင်းက ငါ့ကိုသတ်ခဲ့ရင် ငါ့မျိုးနွယ်က မင်းကို လက်စားချေမယ်.. ပြီးတော့ မင်းရဲ့သားစဉ်မြေးဆက်ကလည်း ပြန်ပြီးလက်စားချေမယ်.. အပြစ်ဒဏ်က ဘယ်တော့အဆုံးသတ်မှာလဲ” သေခြင်းနဂါးအာဏာရှင်သည် တစ်ဆက်တည်းပြောချလိုက်သည်။
“ဘာပဲဖြစ်ဖြစ်ပါ.. ဒါက ငါတို့မသေသော နတ်ဘုရားစနစ်ရဲ့ နေရာဆိုတာကို မင်းမသိဘူးလား.. မင်း ငါတို့ကို သတ်ရင်တောင် မင်းမလွတ်နိုင်ဘူး” သေခြင်းနဂါးအာဏာရှင်က သက်ပြင်းချလိုက်သည်။ “ဒါကြောင့် ပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းရှာရအောင်…”
စူးရှသောရောင်ခြည်များသည် သေခြင်းနဂါးအာဏာရှင်နှင့် ဒန်ဘီတို့ကို လွှမ်းခြုံထားသည်။
“သခင်… အဲဒါ…” ဒန်ဘီက သူ့လက်ကို ဆန့်လိုက်ပြီး အရိုးဒိုင်အတားအဆီကို သူ့ရှေ့ကို ဆင့်ခေါ်လိုက်သည်။
ဒီလိုစကားပြောတတ်တဲ့ သားရဲတစ်ကောင်ကို ပထမဆုံးတွေ့ဖူးတာပဲ... ပြီးတော့ ဒါက အလယ်အလတ်အဆင့် နတ်ဘုရားဖြစ်နေတယ်..
“ဒါက သူ့ရဲ့စွမ်းအင်ပဲ” ကောင်းဖန်က ယန်လင်းနဂါးကျိန်စာက ရန်သူရှေ့မှာ ဆက်ပြောနေသရွေ့ သူ့ရဲ့ စွမ်းအင်ကို အဆက်မပြတ် တိုးလာနိုင်တယ်ဟု ဆိုလိုက်သည်။ ယန်လင်းနဂါးကျိန်စာမှ ယူဆောင်လာသော မြှင့်တင်မှုကိုလည်း ၅၀ ရာခိုင်နှုန်းအထိ ပေါင်းထည့်နိုင်သည်။
သေခြင်းနဂါးအာဏာရှင်သည် အရိုးဖြူဒိုင်းအတားအဆီးကို ဆင့်ခေါ်ရန် အရိုးစည်းမျဉ်းကို အသုံးပြုလိုက်သည်။ ၎င်းကို ဒိုင်းဟု ခေါ်သော်လည်း ၎င်းသည် တံတိုင်းနှင့် ပိုနီးစပ်သည်။ ဆယ်မီတာကျော် အထူရှိသော ဧရာမတံတိုင်းကြီးဖြစ်သည်။
ကြီးမားသော အဖြူရောင်အရိုးနံရံကို ရောင်ခြည်များက ထိုးဖောက်ဝင်ရောက်လာသည်။ ရောင်ခြည်အချို့သည် သေခြင်းနဂါးအာဏာရှင်ထံ ကျရောက်သွားပြီး တွင်းပေါက်ငယ် ဒဏ်ရာများ ကျန်ရစ်သွားသည်။ ဒဏ်ရာများသည် နက်ရှိုင်းခြင်းမရှိသော်လည်း အလွန်သိပ်သည်းပြီး စုတ်ပြဲနေသော ဒဏ်ရာများသည် အလိုအလျောက် ပျောက်မသွားပေ။ ကံကောင်းထောက်မစွာနဲ့ပဲ သေခြင်းနဂါးအာဏာရှင်ရဲ့ခန္ဓာကိုယ်သည် သေဆုံးသွားပြီးဖြစ်သောကြောင့် သွေးမထွက်တော့ပေ။ မဟုတ်ရင် သွေးထွက်တာတစ်ခုတည်းကြောင့်လည်း နာကျင်နိုင်သည်။
“မင်းငါ့ကိုမျက်နှာသာမပေးတာ ပထမဆုံးမဟုတ်ဘူးပဲ” သေခြင်းနဂါးအာဏာရှင်၏အမူအရာက အကျည်းတန်သွားသည်။
သေခြင်းနဂါးအာဏာရှင်၏မျက်နှာသည် မည်းမှောင်သွားပြီး “ဒါပေမယ့် မင်းရဲ့အဆုံးကတော့ ကျန်တဲ့သူတွေနဲ့တူလိမ့်မယ်” ဟု ပြောလိုက်သည်။
အသံများ တိတ်သွားသည်။
ဘယ်ဘက်ရှိ နေရာလွတ်သည် ရုတ်တရက် ပွင့်ထွက်သွားသည်။
တောင့်တင်းသောလက်မောင်းသည် အာကာသထဲသို့ ညှစ်ထားသည်။
အနက်ရောင်တိမ်တိုက်ကြီးသည် ခြင်တစ်ကောင်ကို လက်ဖြင့်ရိုက်လိုက်သကဲ့သို့ ပေါက်ကွဲသွားသည်။
ကြီးမားသောလက်ဖြင့် ဆုပ်ကိုင်ထားသော တိမ်မည်းကြီးသည် တိုက်ရိုက်ကြေမွသွားသည်။
ကျိုးပဲ့နေသော အနက်ရောင်တိမ်တိုက်သည် ဧရာမလက်များကြားမှ ရုန်းထွက်ချင်လာသည်။
ယခုတစ်ကြိမ် တိုက်ခိုက်သည်မှာ ဧရာမလက်ပိုင်ရှင်မဟုတ်သော်လည်း ကြီးမားသောအနီရောင်ဓားကြီးသည် ကောင်းကင်မှ ပြုတ်ကျသွားသည်။
ဖြတ်သန်းတိုက်ခတ်လာသော လေသည် တိမ်မည်းများကို မျိုချလိုက်ပြီး အေးစက် ပြီးကြောက်စရာကောင်းသော အလင်းရောင် ပေါ်လာသည်။
ရိုက်ချက်နှစ်ချက်အောက်မှာ သွေးမျက်လုံးတိမ်တိုက်ဘုရင် လုံးဝပြုတ်ကျသွားသည်။
“ဒါက ငါ့ကို မျက်နှာမပေးတဲ့ အကျိုးဆက်ပဲ “ သေခြင်းနဂါးအာဏာရှင်သည် အေးစက်စွာ ခေါင်းယမ်းပြီးနောက် ကောင်းကင်သို့ လှည့်ကာ “ကံကောင်းထောက်မစွာနဲ့ သေမင်းသခင် အချိန်မီ ရောက်လာပါတယ်” ဟု ပြောလိုက်သည်။
“ငါ မင်းကို မိတ်ဆက်ပေးပါရစေ... ဒါက ငါ့ရဲ့ သူငယ်ချင်းအသစ်ဖြစ်ပြီး.. သူက ငါတို့ရဲ့ ဖုတ်ကောင်မျိုးနွယ်ရဲ့ နတ်ဘုရားလည်း ဖြစ်ပါတယ်.. ရိုးရိုးသားသားပြောရရင် သူ့ကို ပထမဆုံးမြင်ဖူးတယ်လို့တောင် စဉ်းစားမိတယ်…” သေခြင်းနဂါးအာဏာရှင်က ပြောလိုက်သည်။
အနတ္တအာကာသထဲတွင် အက်ကွဲနေပြီး အနတ္တအာကာသကို အေးစက်သောလက်တစ်စုံက စုတ်ပြဲသွားပုံရသည်။
အမှောင်အာကာသ ကွာဟချက်သည် ပတ်ဝန်းကျင်ရှိ အလင်းအားလုံးကို စုပ်ယူပြီး နောက်ဆုံးတွင် ပေါ်လာသည်။
၎င်းကိုမြင်လိုက်သည့်အခိုက်တွင် ဒန်ဘီသည် သူ့စိတ်ထဲတွင် ထူးဆန်းသောခံစားချက်တစ်ခုရှိနေပြီး ဒန်ဘီနှင့် ပေါင်းစည်းထားသော ကောင်းဖန်သည်လည်း ဤထူးဆန်းသောခံစားချက်ကို ခံစားလိုက်ရသည်။
ဒါက...
သူတို့၏ မျက်လုံးများရှေ့တွင် ရှိနေသော အရာသည် အလင်းရောင်ကို စုပ်ယူနိုင်ခြင်းမရှိတော့ဘဲ သူ့အရိုးများ အောက်ခြေတွင် ရွှေများကို ပေါ်လွင်စေသည်။
အရမ်းမကြီးသော သူ့မျက်လုံးများသည် အနီရောင် မီးတောက်များ တောက်လောင်နေသည်။
၎င်း၏ ခန္ဓာကိုယ်ပေါ်တွင် နီညိုရောင် ချပ်ဝတ်တန်ဆာတစ်ခု ရှိနေသည်။ ချပ်ဝတ်တန်ဆာ၏ မျက်နှာပြင်သည် အက်ကွဲကြောင်းများနှင့် အမာရွတ်များဖြင့် ဖုံးလွှမ်းနေပြီး အလွန်ရက်စက်ကြမ်းကြုတ်သောစစ်ပွဲကို ကြုံတွေ့ခဲ့ရကြောင်း ဖော်ပြလျက်ရှိသည်။ အထူးသဖြင့် ထွားတာမဟုတ်ပေမယ့် သူ့ခန္ဓာကိုယ်က တစ်ကမ္ဘာလုံးကို လွှမ်းခြုံနိုင်တဲ့ ခံစားချက်ကိုပေးသည်။
ဒါပေမယ့် ဒါတွေက သာမညပါပင်။ အရေးအကြီးဆုံးကတော့ သူ့ကိုကြည့်ရတာ မှန်ထဲမှာ ဒန်ဘီကိုကြည့်နေသလိုပါပဲ။
သူက ဒန်ဘီနှင့် အာလုံးနီးပါးတူပြီး ပုံပန်းသဏ္ဍာန် ကွာခြားမှု သိပ်မရှိပေ။
သေခြင်းနဂါးအာဏာရှင်က ငါတို့ကို ကူညီဖို့ ဆန္ဒရှိနေခဲ့တာ အံ့သြစရာတော့ မဟုတ်ဘူး... ကောင်းဖန်အံ့သြသွားသည်။
“ဒါက ကံတရားပဲ” သက်ပြင်းတိုတိုဖြင့် အနတ္တအာကာသကို ဖြိုခွင်းလိုက်သော သူသည် ဒန်ဘီရှေ့သို့ လျှောက်လာပြီး ဒန်ဘီ၏ မျက်နှာကို နက်နက်နဲနဲ စိုက်ကြည့်နေသည်။ သူသည် အရိုးစုဖြစ်သောကြောင့် သူ၏အမူအရာကိုတော့ မမြင်နိုင်ပေ။ သို့သော် အခင်းဖြစ်ရာနေရာရှိလူတိုင်းသည် လွမ်းဆွတ်သောခံစားချက်ကို ခံစားလိုက်ရသည်။
“မင်းက အရည်အချင်းပြည့်မီတဲ့ အမွေဆက်ခံသူဖြစ်နိုင်တယ်” ဟု သေမင်းသခင်က ဆိုလိုက်သည်။
ကောင်းဖန်သည် မယုံနိုင်စရာပဲဟု တွေးလိုက်သည်။ ၎င်းသည် နှစ်ပေါင်းများစွာအတွင်း သူသားရဲနှင့် မျိုးနွယ်တူ သားရဲတစ်ကောင်ကို ပထမဆုံးတွေ့မြင်ခဲ့ရခြင်းဖြစ်သည်။
အနည်းငယ် အံ့သြသွားသော်လည်း လက်မခံနိုင်စရာတော့ မရှိပေ။
အကြောင်းမှာ သူသားရဲများကို မိတ်ဆက်ရာတွင် ၎င်းတို့သည် ထူးခြားသည်ဟု ဘယ်သောအခါမှ မပြောခဲ့ဘဲ ၎င်းတို့ကို အုပ်စုလိုက် ဖြစ်နိုင်ကြောင်း သက်သေပြခဲ့သည်မှာ ကြာပြီဖြစ်သည်။
“ဒီလောက်ကြီးလေးတဲ့တာဝန်ကို ကျွန်တော်မထမ်းဆောင်နိုင်ဘူးလို့ထင်တယ်” ဟု ဒန်ဘီက သေမင်းသခင်၏ကြင်နာမှုကို ငြင်းဆိုလိုက်သည်။
သေမင်းသခင်သည် မိုးကြိုးမုန်တိုင်းမတိုက်မီ မုန်တိုင်းကဲ့သို့ တိတ်ဆိတ်သွားသည်။ လေထုသည် အထူးတင်းမာနေသည်။
“မင်းက သေမင်းသခင်... သေမင်း သဘာဝရဲ့ ပိုင်ရှင်ပဲ.. ဒီလမ်းကို မင်းမရွေးချယ်ရင်တောင် ကံကြမ္မာက မင်းကို ဒီလမ်းကို ပို့ဆောင်ပေးလိမ့်မယ်.. အဲဒီတုန်းက ငါလုပ်ခဲ့တဲ့အတိုင်းပါပဲ” သေမင်းသခင်က ဖြည်းညှင်းစွာပြောလိုက်သည်။
“ကိုယ့်ကို ကြင်နာတတ်တဲ့ စီနီယာတွေနဲ့ တွေ့ဖို့ မင်းကံကောင်းသလိုမျိုး ငါကံမကောင်းခဲ့တာတော့ သနားစရာပဲ”
ကိုယ့်ကိုကိုယ် ကြွားလုံးထုတ်နေတာလား... ဝင့်ကြွားပြတာက အရမ်းသိမ်မွေ့သည်။
သေမင်းသခင်က ဒန်ဘီကို လေးလေးနက်နက် ကြည့်လိုက်သည်။ “မင်းမှာ သားရဲလေ့ကျင့်သူ ရှိလား... ငါတို့ရဲ့ မသေသောဘုရားသခင့်စနစ်မှာ ဒီလိုသေးအမွှားကိစ္စများအတွက် စိတ်အနှောင့်အယှက်မဖြစ်တာကြောင့် စိတ်ချပါ.. မင်းမသေသောနတ်ဘုရားတွေရဲ့ အမွေဆက်ခံသူသာ ဖြစ်လာရင် မင်းရဲ့သားရဲလေ့ကျင့်သူကို ပိုပြီး ကာကွယ်နိုင်တယ်”
ခဏရပ်ပြီးနောက် ဒန်ဘီက “မင်းဘယ်လိုသိတာလဲ” ဟု မေးလိုက်သည်။
“ငါ့မှာ ဝိညာဉ်နတ်ဘုရားဖြစ်မှုလည်းရှိတယ်လေ.. “ သေမင်းသခင်က ရယ်မောလိုက်သည်။ “မင်းတို့ရဲ့စိတ်ဝိညာဉ်တွေကို အရမ်းနီနီးကပ်ကပ် ချည်ထားပေမယ့် သဲလွန်စလေးတွေတော့ ငါမြင်နိုင်ပါသေးတယ်... အရင်က သားရဲလေ့ကျင့်သူ တစ်ယောက်နဲ့ ငါ တွေ့ဖူးတယ်.. လောလောဆယ်တော့ ဒီလောက်ပါပဲ.. အဲဒါကို စဉ်းစားပါ”
“နောက်ဆုံး ငါမင်းကို ခင်မင်ရင်းနှီးလို့ အကြံဉာဏ်တစ်ခု ပေးချင်တယ်.. အဲဒီနှစ်မှာ ငါနတ်ဘုရားတွေ အများကြီးကို သတ်ခဲ့တယ်.. ဒါကြောင့် အခု ငါက သူတို့ ဖြစ်ချင်တဲ့အတိုင်း ဖြစ်သွားခဲ့ပြီ... ဒါပေမယ့် မင်း သတိရရမှာက... မင်းက ငါ့လို သေမင်းသခင်ပဲ.. သေမင်းခင်အသစ် ပေါ်လာတဲ့ ခြိမ်းခြောက်မှုကိုတော့ ဘယ်တော့မှ ခွင့်ပြုမှာ မဟုတ်ဘူး ..
“မင်း အခုချိန်ထိ အားနည်းနေတုန်းပဲ...မင်းက သေမင်းသခင်ဆိုတဲ့ နာမည်နဲ့ မထိုက်တန်သေးဘူး... ဆက်ကြိုးစားပါ”
သေမင်းသခင်သည် စကားပြောပြီးသောအခါ သူ့လက်ကိုဝှေ့ယမ်းကာ လှည့်ထွက်သွားပြီး မှိန်ဖျော့သောအသံတစ်ခုသာ ကျန်ရှိတော့သည် “မင်းစဉ်းစားကြည့်ပါ.. မင်းဆုံးဖြတ်ပြီးရင် သေခြင်းနဂါးအာဏာရှင်ကို ပြောလိုက်... ရာထူးကို လက်မခံချင်ဘူး ဆိုရင်တော့ အရေးမကြီးပါဘူး... ငါဘယ်သူ့ကိုမှ အတင်းအကြပ်မလုပ်ဘူး”
သေခြင်းနဂါးအာဏာရှင်သည် ဒန်ဘီကို လေးလေးနက်နက် စေ့စေ့ကြည့်ကာ ပြောလိုက်သည်။ “ခေါင်းကိုင်ဖခင်က မင်းကို အရမ်းတန်ဖိုးထားမယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး... ငါတို့ရဲ့ မသေသော နတ်ဘုရားစနစ်ရဲ့ အရှင်အသစ်ဖြစ်လာအောင် လေ့ကျင့်ပေးချင်ခဲ့တာ.. ဒါပေမယ့် ဒီလမ်းက သိပ်မရိုးရှင်းပါဘူး... မင်း ငြင်းပိုင်ခွင့် ရှိကောင်းရှိနိုင်ပါတယ်”
***
သားရဲလေ့ကျင့်သူ
အခန်း ၈၁၁ အဝေးမှ နဂါး
သေခြင်းနဂါးအာဏာရှင် လှည့်ထွက်ပြီး နောက်မှာတော့ ကောင်းဖန်၊ ဒန်ဘီနှင့် နဂါးပုရွတ်ဆိတ်တို့ ပေါင်းစည်းလိုက်သည်။
မြေပြင်ပေါ်ထိုင်ရင်း ကောင်းဖန်က "ဒန်ဘီ.. မင်းဘယ်လိုထင်လဲ" ဟု မေးလိုက်သည်။
ဒန်ဘီသည် ခဏမျှ တိတ်ဆိတ်သွားပြီးနောက် အသံတိုးတိုးဖြင့် "သခင်... ကျွန်တော် ကြိုးစားကြည့်ချင်ပါတယ်" ဟု ပြောလိုက်သည်။
ကောင်းဖန်က နှုတ်ဆိတ်နေသည်။ ပထမဦးဆုံးအကြိမ် သူသည် ဒန်ဘီကို အလေးအနက်မြင်မိလိုက်သည်။ သူသည် သူ့သားသမီးတွေ ကြီးပြင်းလာသည့် ခံစားချက်မျိုးခံစားနေရသည်။
“သူက အရမ်းဆွဲဆောင်မှုရှိတယ်လို့ ပြောလို့ရပေမယ့် ဒီလောက်ရိုးရှင်းမှာ မဟုတ်ဘူး.. မင်း ပိုသန်မာလာမယ်လို့ ငါမျှော်လင့်ပါတယ်.. ဒါပေမယ့် မင်းကို ဆိုးကျိုး မဖြစ်စေချင်ဘူး" ဟု ကောင်းဖန်က လေးနက်သော အသံဖြင့် ပြောလိုက်သည်။
"စိတ်ချပါ သခင်.. ကျွန်တော် တတ်နိုင်တာထက် ကျော်လွန်အောင် ကိုယ့်ကိုကိုယ် တွန်းအားပေးမှာ မဟုတ်ပါဘူး" ဒန်ဘီသည် ကောင်းဖန်၏ မျက်လုံးများကို စိုက်ကြည့်နေသည်။
ကောင်းဖန်သည် အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် သက်ပြင်းချလိုက်သည်။
“မင်းမှာ အကြံရှိတာပဲ… ဒါကောင်းပါတယ်..ရှေ့ဆက်သွားနိုင်ဖို့ မင်းရဲ့နောက်မှာ ငါအမြဲရှိနေမှာပါ"
...
ခိုးကြောင်ခိုးဝှက် လှည့်ပတ်ကြည့်လိုက်ပြီးနောက် အဲဒီ ဆိုးရွားလှတဲ့ သားရဲကောင်တွေကို မတွေ့တော့တာကြောင့် ကမ္ဘာ့နောက်ဆုံးနေ့ မီးတောင်နဂါးသည် သက်သာရာရသွားသည်။
ဒါဖြစ်သင့်တယ်..
ကမ္ဘာ့နောက်ဆုံးနေ့ မီးတောင်နဂါးသည် ဟိန်းဟောက်သံရှည်ကြီးကို ပြုလုပ်လိုက်သည်။ သူ၏ နဂါးကြီး၏ စွမ်းပကား အသံသည် ကျယ်ပြောလှသည်။
အကြာကြီးဟိန်းဟောက်ပြီးနောက် ကမ္ဘာ့နောက်ဆုံးနေ့ မီးတောင်နဂါးသည် လျှို့ဝှက်စွာ ပုန်းလျှိုးကွယ်လျှိုးနှင့် ပတ်ဝန်းကျင်ကို စောင့်ကြည့်လေ့လာလိုက်ပြီး နတ်ဘုရားအဆင့် သားရဲတစ်ကောင် ရောက်လာသည်ကို သိလိုက်သည်။
ရှည်လျားလှသော ဟိန်းဟောက်သံတွင် ဒေါသနှင့် ရန်လိုသည့် အသံများ ပါဝင်လာသည်။
ဒီဂြိုလ်ငယ်မှာ နတ်ဘုရားရှိနေတယ်ဆိုရင် သူ့အသံကိုသေချာပေါက်ကြားလိမ့်မည်။
ကမ္ဘာ့နောက်ဆုံးနေ့ မီးတောင်နဂါးသည် အချိန်မရွေး လွတ်မြောက်ရန် အသင့်ဖြစ်နေပြီဖြစ်သည်။
သူ့နောက်ခြေထောက်နှစ်ချောင်းက မြေပြင်မှာ ပိနေပြီး သူ့အတောင်ပံနှစ်ဖက်က အောက်ကို ဖိလိုက်သောအခါ သူ့ကိုယ်လုံးက တင်းမာလာသည်။
တစ်နာရီကျော်သွားသည်... ခြောက်နာရီကြာသွားသည်။
နေဝင်သည်နှင့် လလည်း ထွက်လာသည်။
ကမ္ဘာ့နောက်ဆုံးနေ့ မီးတောင်နဂါးသည် ပို၍ စိတ်လှုပ်ရှားလာပြီး နတ်ဘုရားမရှိဟု တွေးလိုက်သည်။
ယခုအချိန်ကစပြီး ဒီကမ္ဘာကို ငါပိုင်တယ် .. ငါဆိုတဲ့ ကမ္ဘာ့နောက်ဆုံးနေ့ မီးတောင်နဂါး...
တစ်ဖက်တွင် ဟွာရှားမျိုးနွယ်စုထံ စည်းရုံးရေးသတိပေးချက်တစ်ခု ရောက်ရှိသွားသည်။
လွန်ခဲ့သည့်တစ်ရက်ခွဲခန့်က
နဂါးဟိန်းဟောက်သံသည်အနက်ရောင်မြူခိုးကမ္ဘာတစ်ခုလုံး ပျံ့နှံ့သွားပြီး လူတိုင်းကို ထိတ်လန့်စေခဲ့သည်။ အရေးတကြီး ခွဲခြမ်းစိတ်ဖြာပြီးနောက် ၎င်းကို နတ်ဘုရားအဆင့်အထက်ရှိသော သားရဲတစ်ကောင်ဟု သတ်မှတ်လိုက်သည်။
ထို့ကြောင့် ဟွာရှားမျိုးနွယ်စုသည် စစ်သတိပေးချက်ပုံစံသို့ ပြောင်းသွားသည်။
တစ်ချိန်တည်းမှာပင် အခြားလူတစ်စုသည် ထာဝရအမြဲစိမ်းငှက်ထံ လာရောက်လည်ပတ်နေကြသည်။
အခန်းထဲမှာ ထိုင်နေသည့် ထာဝရအမြဲစိမ်းငှက်က ဖန်သားပြင်ကို စိုက်ကြည့်နေသည်။
ဟွာရှား၏အဆင့်မြင့်အမှုဆောင်အရာရှိများသည် ဟွာရှားမျိုးနွယ်စုအတွင်း ဒေသခံကွန်ရက်တစ်ခုကိုတည်ဆောက်ခဲ့ပြီး ထာဝရအမြဲစိမ်းငှက်ကစားသမားဖြစ်ခဲ့သည့် ဤဧရိယာသည် စနစ်၏တစ်ခုတည်းသောဆာဗာလည်းဖြစ်သည်။ လိုက်ပါကစားသည့် ကစားသမားတွေအပြင် စစ်မှန်သည့် ကစားသမားတချို့လည်း ရှိသည်။
“အကြီးအကဲ” ခုနက ရောက်လာသည့် ဟွာရှားမျိုးနွယ်စု အတိုင်ပင်ခံက ပြောလိုက်သည်။
နောက်ပြန်လှည့်ကာ ထာဝရအမြဲစိမ်းငှက်က ပျင်းရိစွာပြောလိုက်သည်။ "မင်းပြောချင်တာကို ငါသိပါတယ်.. ဒီငတုံးနဂါး လာရဲတယ်ဆိုရင် ငါတိုက်ခိုက်ပေးမယ်"
"ကျေးဇူးအများကြီးတင်ပါတယ်.. အကြီးအကဲ" ကောင်စီဝင်များ စိတ်သက်သာရာ ရသွားသည်။
“ဒါပေမယ့် သူက ငါတို့ကို တိုက်ခိုက်လာမှပါ” ဟု ထာဝရစိမ်းလန်းသောငှက်က ပြောလိုက်သည်။ “မင်းကို အရင်တိုက်ခိုက်တာကိုတော့ ငါကူညီပေးမှာ မဟုတ်ဘူး” သူက ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။
“ဒါတောင် ကျေးဇူးအများကြီးတင်ပါတယ် အကြီးအကဲ”
အမြဲတမ်း လောဘကြီးနေလို့ မရပေ။ ထာဝရအမြဲစိမ်းငှက်သည် ၎င်းတို့အား အမြဲကူညီရန် တာဝန်မရှိပေ။ ဂိမ်းများကြောင့် အမည်မသိ နတ်ဘုရားအဆင့်ရှိ ဤအန္တရာယ်ကို သုတ်သင်ရှင်းလင်းရန် အကူအညီဖြစ်စေသရွေ့ လုံလောက်နေပြီဖြစ်သည်။
ကမ္ဘာ့နောက်ဆုံးနေ့ မီးတောင်နဂါးသည် အနက်ရောင်မြူခိုးကမ္ဘာထဲသို့ လုံးလုံးလျားလျားဝင်ရောက်လာပြီး ၎င်း၏နယ်မြေသစ်ကို လှည့်လည်ကြည့်ရန် ကောင်းကင်တခွင်သို့ ပျံသွားကာ အတောင်ပံများဖြန့်ကြက်ထားသည်။
အနောက်ဘက်တွင် အနက်ရောင် မြူခိုးများ အများအပြား ရှိနေသည်။
ကမ္ဘာ့နောက်ဆုံးနေ့ မီးတောင်နဂါးသည် အနက်ရောင် မြူခိုးများထဲသို့ ထိုးဆင်းသွားပြီး ဘာကိုမှ မမြင်ဘဲ အကြိမ်ပေါင်းများစွာ ပျံသန်းနေလိုက်သည်။ ၎င်းသည် သူ၏ထင်ယောင်ထင်မှားမျှသာ ဟုတ်မဟုတ်ကို သူသေချာမသိနိုင်သော်လည်း လေထုထဲတွင် အနက်ရောင် မြူခိုးများ လျော့ပါးသွားသည်ဟု ခံစားလိုက်ရသည်။
ကမ္ဘာ့နောက်ဆုံးနေ့ မီးတောင်နဂါးက သူ့ခေါင်းကို ခါယမ်းကာ အာရုံစိုက်လိုက်သည်။
မည်သို့ပင်ဖြစ်စေ နတ်ဘုရားအတွက် အဖိုးတန်ဆုံးအရာသည် အသက်တာဖြစ်သည်။
အနောက်ဘက်မှ တောင်ဘက်သို့ ပျံသန်းသွားသောအခါ တောင်ဘက်တွင် ပြိုကျနေသော ဝင်္ကပါများစွာကို မြင်တွေ့လိုက်ရသည်။ ဤဝင်္ကပါများသည် တစ်ချိန်က ခမ်းနားပြီး အနည်းငယ် ဆင်တူသော်လည်း ယခုအခါ ပျောက်ကွယ်လုနီးပါး ဖြစ်နေပြီဖြစ်သည်။
“ငါ စည်းမျဉ်းရဲ့ စွမ်းအားကို အနံ့ရလိုက်တယ်…” ကမ္ဘာ့နောက်ဆုံးနေ့ မီးတောင်နဂါးက သူ့ကိုယ်သူ ရေရွတ်လိုက်သည်။
သို့သော် ကံမကောင်းစွာဖြင့် ဤဝင်္ကပါများသည် ယခုတွင် စည်းမျဉ်းများမရှိတော့ပေ။
ကမ္ဘာ့နောက်ဆုံးနေ့ မီးတောင်နဂါး၏ ကြီးမားသော ခန္ဓာကိုယ်သည် ကောင်းကင်တွင် ပျံသန်းနေသော တောင်ကြီးတစ်ခုလိုဖြစ်နေပြီး သူဖြတ်သန်းသွားသမျှ အရာအားလုံးသည် တိတ်ဆိတ်နေသည်။
တောင်ဘက်လှည့်ပြီးနောက် ကမ္ဘာ့နောက်ဆုံးနေ့ မီးတောင်နဂါးသည် မြောက်ဘက်သို့ ပျံသန်းပြန်သည်။
“အိုး အဲဒါ ဘာလဲ...”
အဝေးမှ ကမ္ဘာ့နောက်ဆုံးနေ့ မီးတောင်နဂါးသည် မြေပြင်ပေါ်ရှိ ပုရွက်ဆိတ်များကဲ့သို့ သေးငယ်သော အရာများစွာကို တွေ့လိုက်ရသည်။ မြေပြင်ပေါ်တွင် အနုစိတ် အဆောက်အအုံများစွာ ပြန့်ကျဲနေသည်။
လူသားတွေ...
ကမ္ဘာ့နောက်ဆုံးနေ့ မီးတောင်နဂါးသည် လမ်းလျှောက်နေသော တပ်သားအား ရုတ်တရက် တွေးလိုက်မိသည်။
သူ့အဝတ်အစားက သူ့ခြေထောက်အောက်က လူတွေနဲ့ ဆင်တူပုံရသည်။
ကမ္ဘာ့နောက်ဆုံးနေ့ မီးတောင်နဂါး၏မျက်လုံးထဲတွင် သံသယအချို့ ပေါ်လာသည်။
ယခင်က အခြားလူသားများကို မြင်တွေ့ခဲ့ရပြီး ကမ္ဘာအမျိုးမျိုးရှိ လူသားများသည် အလွန်ကွဲပြားစွာ ၀တ်ဆင်ထားသည်ကို တွေ့ရှိလိုက်ရသည်။
သင်းကွဲကြေးစားက ဒီမျိုးနွယ်စုက ဖြစ်နိုင်လောက်မလား...
ကမ္ဘာ့နောက်ဆုံးနေ့ မီးတောင်နဂါးသည် အတွေးထဲတွင် နက်နက်ရှိုင်းရှိုင်းရှိနေဆဲဖြစ်သော်လည်း ၎င်း၏ခန္ဓာကိုယ်သည် ကီလိုမီတာရာနှင့်ချီ၍ ရှေ့သို့ ဆက်လက်ပျံသန်းနေသည်။
သူ့ခြေထောက်အောက်က လူတွေရဲ့ အဆောက်အဦတွေက ပိုပို တိုးလာနေသည်။ ကမ္ဘာ့နောက်ဆုံးနေ့ မီးတောင်နဂါးသည် ရုတ်တရက် ရပ်တန့်သွားပြီး လူ့အဆောက်အအုံများကို အံ့အားသင့်စွာ နက်နက်ရှိုင်းရှိုင်း ကြည့်လိုက်သည်။ နတ်ဘုရား၏ ရောင်ဝါကို ခံစားလိုက်ရသလိုပင်။
ကမ္ဘာ့နောက်ဆုံးနေ့ မီးတောင်နဂါး၏ မျက်လုံးအိမ်များသည် အနည်းငယ် ကျုံ့သွားကာ ရှေ့ကို စိုက်ကြည့်နေသည်။
အာရုံခံစားမှုအရ ကမ္ဘာပေါ်ရှိအရာအားလုံးသည် မီးခိုးရောင်ဖြစ်လာပြီး အရောင်ပျက်ပြယ်သွားသည်။ ယင်းသည် လေထဲတွင် ပျံဝဲနေသော ရောင်စုံဒြပ်စင်များဖြစ်ပြီး ကမ္ဘာတစ်ခုလုံးကို ပြည့်စေသော ကွင်းဆက်စည်းမျဉ်းဖြစ်သည်။
သူ့ရှေ့က လူ့အဆောက် အအုံတစ်နေရာမှာ အပြာရောင် အလင်းတန်းတစ်ခု ရှိနေသည်။ အဲဒီအထဲမှာ လေပြင်းတိုက်သံ ကြားရသည်။
သူ့နားထဲတွင် စူးရှသော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။
ကမ္ဘာ့နောက်ဆုံးနေ့ မီးတောင်နဂါးသည် မျက်လုံးများကို ဖွင့်လိုက်သည်။
ယခုတွင် နတ်ဘုရား အဆင့်ရှိသော သတ္တဝါတစ်ကောင် ရှိရမည်ဟု ယုံကြည်လာသည်။
သို့သော် ရန်လိုလွန်းပုံမပေါ်ပေ။ ကမ္ဘာ့နောက်ဆုံးနေ့ မီးတောင်နဂါးသည် မထွက်ခွာမီ မျှော်လင့်ခြင်းမြို့ကို နှစ်ကြိမ် လှည့်ပတ်ပျံသန်းလိုက်ပြီး ကောင်းကင်မြို့ကို ရုတ်တရက် သတိပြုမိသွားသည်။
ဧကရာဇ်လိပ်ကြီးသည် ကမ္ဘာ့နောက်ဆုံးနေ့ မီးတောင်နဂါးထက် ပိုကြီးသည်။ အကယ်၍ ကမ္ဘာ့နောက်ဆုံးနေ့ မီးတောင်နဂါးသည် ဧရာမတောင်ကြီးဖြစ်ခဲ့လျှင် ဧကရာဇ်လိပ်ကြီးသည် ကျွန်းတစ်ကျွန်းဖြစ်သည်။ တစ်ချိန်တည်းမှာပင် ဧကရာဇ်လိပ်၏နောက်ကျောတွင် နတ်ဘုရားတစ်ပိုင်းအဆင့်ရှိ ပင့်ကူနှင့် နတ်ဘုရားတစ်ပိုင်းဖြစ်သော ငရဲသစ်ပင်တစ်ပင်ကို သူတွေ့လိုက်ရသည်။
သူ့မျက်လုံးထဲမှာတော့ ဒီသားရဲလေးတွေက ဖော်ပြဖို့မထိုက်တန်ပေ။
သန်းဝေလိုက်ပြီးနောက် ကမ္ဘာ့နောက်ဆုံးနေ့ မီးတောင်နဂါးသည် ဖြည်းညှင်းစွာ ပျံထွက်သွားသည်။
.....
နဝမမြောက်ကောင်းကင်ဘုံ၊ မင်းယုနိုင်ငံ။
"သူတို့ တကယ်ပျောက်နေတာ သေချာရဲ့လား" အိမ်ကြီးအတွင်းရှိ လေထုသည် အလွန်တင်းမာနေသည်။
သူ့ပခုံးနှစ်ဖက်ပေါ်မှာ ကျစ်ထားတဲ့ ကျစ်ဆံမြီး တစ်ဒါဇင်ကျော် ပြန့်ကျဲနေပြီး သူ့ရဲ့ကျဉ်းမြောင်းတဲ့ မေးစေ့မှာ မုတ်ဆိတ်မွှေးတွေရှိသည်။ သူ့ရှည်မျောမျော မျက်လုံးတွေက အေးစက်တဲ့ အကြည့်တွေနဲ့ ကြည့်နေသည်။ "လူသုံးယောက် ဘယ်လိုတောင် ပျောက်ကွယ်သွားတာနိုင်တာလဲ.. ရမ်လီ.. ပြင်ပရေးရာ အုပ်ချုပ်ရေးမှူးတစ်ယောက်အနေနဲ့ မင်းရဲ့အလုပ်ကို ဘယ်လို လုပ်နေတာလဲ... မဖြေရှင်းနိုင်ရင် ရာထူးပြန်ပေး.. အစိုးရထဲက လူတော်တော်များများက မင်းနေရာကို လိုချင်နေကြတာ”
သူ့အောက်တွင် ဦးခေါင်းပြောင်နှင့် နဖူးမှ ချွေးများ စီးကျနေသော အမျိုးသားတစ်ဦး ရှိနေသည်။ "လူမျိုးစုခေါင်းဆောင်... ကျွန်တော် စုံစမ်းနေတာ ကြာပါပြီ... သူတို့သုံးယောက်က သူခိုးနောက်ကိုလိုက်ရင်း တောင်ဘက်က ကုယွမ်ကို လိုက်သွားပြီး တောထဲကို ဝင်သွားကြတာပါ... ပျောက်သွားရင်တောင် တောထဲမှာပဲ ဖြစ်သင့်ပါတယ်... ”
ရမ်ဆန်းက ရမ်လီကို အေးစက်စွာ ကြည့်နေသည်။ "သူတို့က တောထဲမှာရှိတယ်ဆိုတာ မင်းသိရင် မင်းဝင်ပြီး မြေကို တူးသင့်တယ်.. သုံးပေနက်အောင် တူးရမယ်ဆိုရင်တောင် သူတို့ကို တွေ့အောင်ရှာရမယ်.. သေသေ... ရှင်ရှင်"
"မျိုးနွယ်ခေါင်းဆောင် ကျွန်တော် ယွိကျင်း ရဲ့အိမ်မှာသွားပြီး ရနံ့တစ်ထောင်ရှာပျားကို ငှားထားပေမယ့် မတွေ့ပါဘူး"
"အိုး" ရမ်ဆန်း မျက်မှောင်ကြုတ်လိုက်သည်။
ရမ်လီဟာ နည်းနည်းတော့အသုံးမဝင်ပေမယ့် အမြဲကြိုးစားနေသည် မဟုတ်ပါလား။
***
သားရဲလေ့ကျင့်သူ
အခန်း ၈၁၂ ထွက်သွားခြင်း
ယွိကျင်းမိသားစုမှ ကျော်ကြားသော ရနံ့တစ်ထောင်ရနံ့ရှာပျားကို သူကြားဖူးသည်။ ဤပျားများသည် ထူးခြားပြီး သားရဲများကို ခြေရာခံနိုင်စွမ်းရှိသည်။
လွန်ခဲ့သည့်လက မိုးသည်းထန်စွာရွာခဲ့သော်ငြားလည်း သူသည် လမ်းများကို ခြေရာခံနိုင်သည်။
ရမ်ဆန်းက မျက်မှောင်ကြုတ်ကာ မတ်တပ်ရပ်လိုက်သည်။ အခြားသူများအတွက်မူ အဆိုပါ သားရဲသည် သာမန်ဒဏ္ဍာရီအဆင့် သားရဲတစ်ကောင် ဖြစ်နိုင်သော်လည်း သူ့တွင် အတွင်းသတင်းအချို့ရှိသည်။ ၎င်းသည် ပျမ်းမျှဒဏ္ဍာရီအဆင့် သားရဲမဟုတ်ပေ။
သူက သူ့ညာဘက်လက်မနဲ့ သူ့လက်ချောင်းထိပ်တစ်ဖက်ကို ညင်သာစွာ ပွတ်သပ်နေသည်။
"ကျွန်တော် အရှင်တိကို မေးကြည့်လိုက်မယ်" ရမ်ဆန်း မတ်တပ်ရပ်လိုက်သည်။ “ရမ်မိသားစုကို စော်ကားတဲ့သူ ဘယ်သူမဆို စာရင်းရှင်းရမယ်.. ဒါကို ပေါ့ပေါ့တန်တန် ထားလို့မရဘူး”
ရမ်ဆန်းသည် ထလိုက်ပြီး အဆင့်မြင့် ရမ်မိသားစုတစ်စုကို မြို့ပြင်သို့ ရဲရဲဝံ့ဝံ့ ခေါ်သွားသည်။
မြို့မှ ကီလိုမီတာငါးဆယ်အကွာရှိ ဘူးတောင်တန်း၏ တောင်စောင်းတွင် ဆက်သွယ်ထားသော ဂူနှစ်ခုရှိသည်။ ဂူများသည် တစ်ခုနှင့်တစ်ခုထိပ်တွင်ရှိကြပြီး အထက်ဂူသည် အောက်ဂူများထက် အနည်းငယ်သေးငယ်ပြီး အဝေးမှကြည့်လျှင် တောင်ပေါ်မှ ဘူးသီးနက်ပုံသဏ္ဍာန်ရှိသည်။ ထိုကြောင့်ပင် ဒီနာမည်မျိုးရလာခြင်းဖြစ်သည်။
ရမ်ဆန်းသည် ဂူအပြင်ဘက်တွင် စောင့်ဆိုင်းရန် အဆင့်မြင့် စီမံခန့်ခွဲရေး ဝန်ထမ်းများကို တောင်းဆိုလိုက်ပြီး ဂူထဲသို့ ဝင်ရန် သူ့သားရဲ စွမ်းအားထက်သည့် တစ္တေဘုရင်ကို ဆင့်ခေါ်လိုက်သည်။
ဂူထဲမှကာ ထင်ထားတာထက် ပိုသည်။ ဂူအတွင်းပိုင်းသည် ဗလာဖြစ်နေပြီး ခြောက်သွေ့ကာ အလယ်ဗဟိုတွင် ကျောက်စင်တစ်ခုရှိသည်။
ကျောက်စင်ပေါ်တွင် သံကြိုးသုံးချောင်းရှိပြီး ၎င်းတို့သည် ဂူ၏ထိပ်သို့ ရောက်သွားပြီး ၎င်းတို့ကို တောင်ထဲသို့ တိုက်ရိုက်ထည့်ထားသည်။
ကျောက်စင်ပေါ်တွင်လည်း ကျောက်ရုပ်ထု ရှိသည်။ ကျောက်ရုပ်ထုသည် မီးခိုးရောင်ဖြစ်ပြီး ၎င်း၏ကောက်ကြောင်းသည် ကျောက်စင်မြင့်ပေါ်တွင် ပြန့်ကျဲနေသော နဂါးရုပ်ဖြစ်သည်။
"အရှင်တိ"
ရမ်ဆန်းက လေးလေးစားစားပြောလိုက်ပြီး သူ့လက်ထဲက နှင်းဖြူဆံပင်တွေကို ဆွဲထုတ်လိုက်သည်။ လေနဲ့ထိလိုက်တာနဲ့ ဆံပင်တွေက မြန်မြန်လောင်ကျွမ်းသွားသည်။
ခဏအကြာတွင် ကျောက်တုံးကြီးသည် ရွေ့သွားပြီး ကျောက်ရုပ်ထု၏ မျက်နှာပြင်ပေါ်တွင် အက်ကြောင်းများစွာ ပေါ်လာသည်။
ပြန့်ကျဲနေသော အက်ကွဲသံများနှင့်အတူ ကျောက်ဆင်းတုတော်သည် အပိုင်းပိုင်းကွဲသွားသည်။
ချိုတစ်ခု၊ ခွေးနားရွက်၊ နဂါးတစ်ကိုယ်လုံး၊ ကျားခေါင်း၊ ခြင်္သေ့အမြီးနှင့် ယူနီကွန်မြင်းခြေထောက်တို့ရှိသော အဖြူရောင် သားရဲတစ်ကောင်သည် ကျောက်စင်ပေါ်တွင် ရပ်နေသည်။ အေးစက်သောမျက်လုံးများက ပတ်ပတ်လည်ကို တစ်ချက်ကြည့်လိုက်ပြီး နောက်ဆုံးတွင် မျက်လုံးများက ရမ်ဆန်းကို စိုက်ကြည့်နေသည်။
"မင်းပဲ..."
“အရှင်တိ” ရမ်ဆန်းက လေးလေးစားစား ခေါင်းညိတ်လိုက်သည်။
“မင်းဘာလိုချင်လဲ ငါသိတယ်..
“အဲဒီတုန်းက မင်းငါ့ကို ကူညီခဲ့တယ်.. မင်းကို ငါးခါ ကူညီမယ်လို့ ကတိပေးခဲ့တယ်.. ပြီးခဲ့တဲ့နှစ်တွေမှာ မင်းအခွင့်အရေးလေးခုကိုသုံးခဲ့ပြီးပြီ...
အခုအခွင့်အရေးတစ်ခုပဲကျန်တော့တယ်.. ဒီတစ်ခါပြီးရင် ငါတို့နဲ့ဘာမှမဆိုင်တော့ဘူး"
“နားလည်ပါတယ်” ဟု ရမ်ဆန်းက အခိုင်အမာ ပြောလိုက်သည်။
သူသည် ဤနောက်ဆုံးအခွင့်အရေးကို လွယ်လွယ်ကူကူ မသုံးချင်သော်လည်း ထိုသားရဲသည် သိသာထင်ရှားသော အဓိပ္ပါယ်ရှိသည်။ သူ ဒီသားရဲကိုသာ အမြဲ ရရင် သူ့ရမ်မိသားစုက မျိုးဆက်တွေအထိ ဝှက်ဖဲတစ်ခု ရှိနေလိမ့်မည်။
ရမ်မျိုးနွယ်တစ်ခုလုံးအတွက် ရှားပါးမြင့်မြတ်သောမိသားစုဖြစ်လာရန် ပုံမှန်ဆိုလျှင် မဖြစ်နိုင်ပေ။
တိထင်းသည် နားထောင်ပြီး ရမ်ဆန်းကို လေးလေးနက်နက်ကြည့်ပြီးနောက် "မင်းဘာတွက်ချက်ချင်တာလဲ" ဟု ဖြည်းညှင်းစွာပြောလိုက်သည်။
ရမ်ဆန်း အနည်းငယ် အံ့အားသင့်သွားသည်။ ယခင်က တွက်ချက်သောအခါတွင် အရှင်တိသည် ၎င်းတို့အား တစ်ခါမျှမမေးဘဲ သူလိုချင်သောအရာကို တိုက်ရိုက်သိနိုင်ပြီး သူသိချင်သောအရာကို ပြောပြနိုင်သည်။ ဤတစ်ကြိမ်တွင် ဟောပြောရမည့်အရာကို အဘယ်ကြောင့်မေးရသနည်းဟု သူ သံသယဖြစ်သွားသည်။
ဒါပေမယ်... ရမ်ဆန်း ဒါကို စွန့်လွှတ်လိုက်ရရင် သူ ဘယ်တော့မှ ကျေနပ်နိုင်မှာ မဟုတ်ပေ။ အရှင်တိက တစ်ကြိမ်ပဲ တွက်ချက်မယ်လို့ ပြောလိုက်တဲ့အတွက် ရမ်ဆန်အတွက် အကျပ်ရိုက်နေပြီး တစ်ဖက်မှာ သူ့မိသားစုရဲ့ အနေအထားကို မြှင့်တင်ဖို့ မျှော်လင့်နေပြီး တစ်ဖက်မှာတော့ ဒါက အမည်မသိ ခြိမ်းခြောက်မှုတစ်ခုဖြစ်သည်။
ရမ်ဆန်းက မျက်လုံးမှိတ်ပြီး တုံ့ဆိုင်းသွားသည်။
နောက်ဆုံးတွင် ရမ်ဆန်းသည် မျက်လုံးကိုဖွင့်၍ မျက်လုံးများ နီရဲနေကာ “အရင်တိ.. ကျွန်တော့်မိသားစုကို ဘေးဒုက္ခဖြစ်စေမယ့် အန္တရာယ်က ဘယ်ကလာမလဲ သိချင်တယ်” ဟု ခက်ခက်ခဲခဲနဲ့ ပြောလိုက်သည်။
အရှင်တိသည် ရမ်ဆန်းကို အချိန်အကြာကြီး စိုက်ကြည့်ပြီးနောက် နေရာတစ်ခု၏ အသေးစိတ်အမည်ကို ဖြည်းညှင်းစွာ ပြောလိုက်သည်။
ရမ်ဆန်းသည် သူ့မူလနေရာ၌ ရပ်နေပြီး သူ့နှလုံးသားသည် လှိုင်းလုံးများဖြင့် ပြည့်နေသည်။ရမ်မိသားစုကို သုတ်သင်ရှင်းလင်းစေနိုင်တဲ့ ဘေးအန္တရာယ်တစ်ခုပါပင်..
"ဟုတ်လား... သိပါပြီ.. ကျေးဇူးတင်ပါတယ် အရှင်တိ" ရမ်ဆန်း လှည့်ထွက်သွားသည်။
ယခုထွက်ခွာသွားသော ရမ်ဆန်၏ နောက်ဘက်မြင်ကွင်းကိုကြည့်ရင်း အရှင်တိ၏အကြည့်များသည် ဂူပေါက်ဝမှ ကောင်းကင်အစွန်းသို့ ရွေ့သွားသည်။
တကယ်တော့ တိထင်းသည် သူ့စိတ်မကျေမနပ်ဖြစ်ရတဲ့ အရင်းအမြစ်က ဘယ်ကလာတယ်ဆိုတာ မပြောနိုင်သလို လွန်ခဲ့တဲ့ နာရီပိုင်းလောက်ကတည်းက သူ စိတ်မသက်မသာ ဖြစ်နေခဲ့သည်။
ရမ်ဆန်းရောက်လာသည့်တိုင်အောင် သူ၏စိုးရိမ်စိတ်သည် အဆပေါင်းများစွာပိုနေခဲ့သည်။
ရမ်ဆန်းတွင် ပြင်းထန်သော သေခြင်းရောင်ဝါကို သူတွေ့လိုက်ရသည်။ ရမ်ဆန်း၏ ဦးခေါင်းထိပ်တွင် သေမင်းတိမ်မည်းကြီးတစ်ခု ရှိနေသည်။ မှောင်မိုက်အုံ့မှိုင်းသော အရိပ်သည် ရမ်မိသားစုတို့ကိုလည်း ဖုံးလွှမ်းနေသည်။
တိထင်းက သူ့ကို အရိပ်အမြွက်ပေးပြီး သူ့ကို အခွင့်အရေးပေးဖို့ ကြိုးစားပေမယ့် ကံမကောင်းစွာပဲ အခွင့်မရလိုက်ချေ။
"သူတို့က ဘယ်လိုလူမျိုးတွေကို ရန်စခဲ့တာလဲ... ဘာလို့ ငါ့မှာ ဆိုးဝါးတဲ့ ခံစားချက်တွေ ရှိနေရတာလဲ” တိသည် တစ်ကိုယ်တည်းတွေးလိုက်မိသည်။
"မေ့လိုက်တော့.. ထွက်သွားပါစေတော့.."တိက သက်ပြင်းချလိုက်သည်။
ပိုင်ကျဲ့မိသားစုနှင့်အတူ ဤမိသားစု၏ ကံကြမ္မာက သိပ်မကောင်းလှပေ။
၎င်းတို့သည် မျိုးသုဉ်းသွားပေလိမ့်မည်။
သူတို့ရဲ့ မျိုးနွယ်စုရဲ့ စွမ်းအင်ကြောင့် သူတို့နဲ့ သက်ဆိုင်တဲ့ အရာတွေကို ဖော်ထုတ်ဖို့ ကြိုးစားတဲ့အခါ နားမလည်နိုင်တဲ့ ကိစ္စတွေ ဖြစ်လာတတ်သည်။
တိထင်းသည် သူ့နားကို မော့လိုက်သောအခါ ကျို့ချီဘီးဝိုင်းသည် ဦးခေါင်းနောက်ဘက်တွင် ပေါ်လာသည်၊၊ ဘီးဝိုင်းသည် လည်နေပြီး ၎င်းတွင် ချည်ထားသော သံကြိုးသည် ပြတ်တောက်သွားသည်။
သံကြိုးကို တီးလိုက်သည်နှင့် ခွေးဟောင်သံကဲ့သို့ အသံတိုးတိုးသည် သူ့ပါးစပ်ထဲမှ ထွက်လာသည်။ ရွှေရောင်အလင်းတန်းတစ်ခု သူ့ခန္ဓာကိုယ်ကို ဖြတ်သွားသည်နှင့် သူ့ခွန်အားများ ရုတ်တရက် တိုးလာသည်။ ခြေနှစ်ဘက်ဖြင့် နင်းလိုက်ရာ တောင်တစ်ခုလုံး ပြိုကျသွားသည်။
သူ့နောက်က တောင်ပြိုကျသံကိုကြားတော့ ရမ်ဆန်းက လှည့်ကြည့်လိုက်တော့ ဘူးသီးတောင်သည် အပိုင်းပိုင်း မြောက်မြားစွာ အက်ကွဲသွားတာကို တွေ့လိုက်ပြီးနောက် ပြိုကျပျက်စီးသွားသလို သူ့ခြေဖဝါးအောက်က မြေပြင်တွေကလည်း တုန်ခါမှုကို ခံစားလိုက်ရသည်။
အရှင်တိ ထွက်သွားပြီ... ရမ်ဆန်းသည် ရုတ်တရက် ဆုံးရှုံးသွားသလို ခံစားလိုက်ရသည်။
ခဏကြာတော့ သူ့ခံစားချက်တွေ ပြန်ရလာပြီး သူ့မျက်လုံးတွေက တင်းမာလာပြန်သည်။
ငါ့လက်နဲ့ ရမ် မိသားစုကို ပိုသန်မာအောင်လုပ်ရမယ်...
ရမ်အိမ်တော်သို့ပြန်လာသောအခါ ရမ်ဆန်သည်အမိန့်ပေးလိုက်သည်။
မင်းယုတိုင်းပြည်၏တောင်ဘက်သခင်အား ပွဲကိုဖိတ်ခေါပြီး မင်းယုနိုင်ငံရှိ ထိပ်တန်းမိသားစုများကို ဆက်သွယ်ရန် တစ်စုံတစ်ဦးကို စေလွှတ်ကာ တစ်ချိန်တည်းတွင် တခြားထိပ်တန်းမျိုးနွယ်ဝင်များနှင့် ယှဉ်ပြိုင်နိုင်သည့် အရင်းအမြစ်များကို လိုက်လျောမှုအချို့ပြုလုပ်လိုက်သည်။ သူတို့နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိပြီး ပံ့ပိုးကူညီမှုအချို့ကို ရယူနိုင်ရန်ဖြစ်သည်။
နောက်ပိုင်းတွင် ရမ်ဆန်းသည် အတွင်းသတင်းများမရှိသော မျိုးနွယ်စုဝင်များကို အရှင်တိပြောခဲ့သည့်နေရာကို စေလွှတ်လိုက်သည်။ ဒီလူတွေမှာ ဇာတ်လမ်းတွေ မရှိခဲ့သလို သူတို့မှာ မှတ်ဉာဏ်တွေလည်း မရှိတာကြောင့် စိတ်ညှို့တာ ဒါမှမဟုတ် သူတို့ရဲ့ မှတ်ဉာဏ်တွေကို ရှာဖွေမယ်ဆိုရင်တောင် သူ့ရဲ့ အစီအစဉ်တွေကို ထိခိုက်မှာ မဟုတ်ပေ။
ရမ်ဆန်း အမိန့်ပေးပြီးနောက် လူတိုင်းကို ပြန်သွားရန် လက်ပြလိုက်ပြီး ရှေ့တည့်တည့်ကို ကြည့်လိုက်သည်။
လူက အဆိုပြုပြီး နတ်ဘုရားက ဆုံးဖြတ်ပေးတယ်...
ငါ တတ်နိုင်သမျှ လုပ်ခဲ့ပြီးပြီ... အခု ဟိုမှာ ဖုံးကွယ်ထားတဲ့ အရာတွေကို မြင်ပါရစေ...
**