← Chapters

အခန်း (၈၁၃-၈၁၆)

Vol. 51 Ch. 813-816

အခန်း (၈၁၃-၈၁၆)

Vol. 51 Ch. 813-816

အခန်း ၈၁၃ စက်ရုပ်ဘုရင်… အုပ်စိုးရှင်

"မင်းကို ဖုတ်ကောင်နတ်ဘုရားစနစ်ကနေ ငါတို့ကြိုဆိုပါတယ်... မင်း ဒီလိုဆုံးဖြတ်တဲ့အတွက် သေချာပေါက် နောင်တရမှာမဟုတ်ဘူး.. “ ဟု သေခြင်းနဂါးအာဏာရှင်က ပြောလိုက်သည်။

“ဒါက ဒီတစ်သက်မှာ မင်းလုပ်တဲ့ အမှန်ကန်ဆုံး ဆုံးဖြတ်ချက်ပဲ”

သေခြင်းနဂါးအာဏာရှင်သည် စကားစပြောထဲက မရပ်တော့ပေ။

ရုတ်တရက်တော့ သေခြင်းနဂါး အာဏာရှင်သည် စိတ်လှုပ်ရှားသွားခဲ့သည်။ သူ့မျက်နှာပေါ်တွင် ထိတ်လန့်မှုအရိပ်အမြွက်ပေါ်နေသည်။

သို့သော် “ဒါဆို ကောင်းပြီ..ငါနဲ့အတူလိုက်ခဲ့ပါ.. ကျန်တဲ့သူတွေလည်း လိုက်လာပါ” ဟု ပြောလိုက်သည်။ နောက်ဆုံးစာကြောင်းမှာ ကောင်းဖန်နှင့် အခြားသူများအတွက် ရည်ရွယ်သည်။

ထိုသို့ဖြင့် ကျယ်ပြောလှသော သင်္ချိုင်းကုန်းသို့ ရောက်ရှိလာကြသည်။ မျက်စိတစ်ဆုံး မြေအောက်မြို့တော်တစ်ခုလုံး၏ နေရာတိုင်းတွင် အနက်ရောင် အုတ်ဂူများ ရှိနေသည်။

ဒန်ဘီ၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။ ပျောက်ကွယ်မသွားသော ဤသင်္ချိုင်းဂူများအောက်တွင် အသက်ရှုလမ်းကြောင်းများ ရှိနေသည်ကို သူခံစားမိသည်။

ဤသင်္ချိုင်းဂူများအောက်တွင် ဝှက်ထားသော အရာတစ်ခု ရှိနေပုံရသည်။

"မင်းခံစားမိတယ်မလား ဟုတ်လား" သေခြင်းနဂါးအာဏာရှင်က တိတ်တခိုးပြောလိုက်သည်။

“အပြင်လူတွေအားလုံးက ငါတို့ရဲ့ ဖုတ်ကောင်နတ်ဘုရားစနစ် ပြိုပျက်သွားတယ်လို့ ပြောကြတယ်... လွန်ခဲ့တဲ့ နှစ်ပေါင်း လေးထောင်လောက်က ပြိုပျက်သွားတာမှန်ပါတယ်... ဒါပေမယ့် လွန်ခဲ့တဲ့နှစ်ပေါင်းလေးထောင်ကျော်အတွင်း ငါတို့က ပြင်ဆင်မှုတွေ ဆက်တိုက်လုပ်နေခဲ့တာ.. ”

"ဒီ အဆုံးမဲ့ သင်္ချိုင်းအောက်မှာ မြှုပ်ထားတာက ငါတို့ မျိုးနွယ်စုရဲ့ သူရဲကောင်းတွေပဲ"

ဒန်ဘီက တိတ်တိတ်လေး ခေါင်းညိတ်ပြလိုက်သည်။

ဤသင်္ချိုင်းဂူများအောက်ရှိ မသေသူများ၏ အသက်ရှုသံများသည် သူ့အတွက် ဘာမှမဟုတ်သော်လည်း ၎င်းတို့သည် နတ်ဘုရားအဆင့် အောက်ရှိ သက်ရှိများအတွက်တော့ ကြီးမားသော ခြိမ်းခြောက်မှုတစ်ခုဖြစ်သည်။

"ငါတို့ရဲ့ ဖုတ်ကောင်နတ်ဘုရားစနစ်မှာ ဒီလို သင်္ချိုင်းပေါင်း တစ်ထောင်ရှိသေးတယ်” ဟု သေခြင်းနဂါးအာဏာရှင်က အာကာသဥမင်ကို ဖွင့်ရင်းပြောလိုက်သည်။

အပြာရောင်ဖျာထွက်နေသော ပို့ဆောင်ရေးစက်ဝိုင်းကို အသက်သွင်းလိုက်ပြီး သေခြင်းနဂါးအာဏာရှင်က ဖိတ်ခေါ်သည့်ဟန် ပြလိုက်သည်။

“မင်းတို့အားလုံးကို မျက်နှာခြင်းဆိုင်နေရာကနေ ခေါင်းကိုင်အဖေက စောင့်နေတယ်”

ဒန်ဘီသည် သခင့်အမိန်ကို စောင့်ရင်း ကောင်းဖန်ကို လှည့်ကြည့်လိုက်သည်။

"သွားကြစို့" ကောင်းဖန်က ဒန်ဘီကို သွေးစာချုပ်မှ တဆင့်ပြောလိုက်သည်။

စောစောကမြင်လိုက်ရသည့် မရဏသခင်၏ အစွမ်းနှင့်ဆိုလျှင် ဒီလိုစျေးပေါသည့်လှည့်ကွက်တွေကို သုံးဖို့တောင် မလိုအပ်ပေ။ သူတို့ကို လက်ဖဝါးတစ်ဖက်တည်းဖြင့် ရိုက်လိုက်ရုံသာဖြစ်သည်။

ကောင်းဖန်နှင့် အခြားသူများသည် ပို့ဆောင်ရေးစနစ်အဝိုင်းကို ဖြတ်သွားကာ အုံ့မှိုင်းသောခန်းမတစ်ခုသို့ တစ်ယောက်ပြီးတစ်ယောက် ရောက်လာကြသည်။

ခန်းမနှစ်ဘက်ရှိ နံရံများသည် အဖြူဖျော့ဖျော့ တစ္ဆေမျက်ရည်များဖြင့် တောက်လောင်နေသည်။

ဤသည်မှာ အလုံပိတ် ခန်းမတစ်ခုဖြစ်သည်။ ခန်းမထဲတွင် အလွန်တိတ်ဆိတ်နေပြီး အတွင်း၌ရှိသည့် တစ်ခုတည်းသော အရာမှာ ယဇ်ပလ္လင်ပေါ်ရှိ သွေးနီရောင် ခေါင်းတလား ဖြစ်သည်။

ခေါင်းတလား၏မျက်နှာပြင်သည် အနက်ရောင်မီးတောက်များဖြင့် တောက်လောင်နေပြီး ဘယ်တော့မှ မသေနိုင်ပေ။

ကလစ်တစ်ချက်မြည်သံဖြင့် ခေါင်းတလားအဖုံးသည် ဘေးသို့ကျသွားပြီး မရဏသခင်သည် အခေါင်းထဲမှ ထထိုင်လိုက်သည်။

“ငါ့မှာ ဒဏ်ရာဟောင်းလေးတွေရှိထားတယ်... အခုအချိန်မှာတော့ အခေါင်းထဲမှာပဲ နေနိုင်ပြီး ပြန်သက်သာလာမှာပါ” မရဏသခင်၏ စကားသံသည် မြေအောက်ခန်းမထဲတွင် ညင်သာစွာ ပျံလွင့်နေသည်။

သူနှင့် ဒန်ဘီတို့သည် မျိုးနွယ်စုတူတွေ ဖြစ်တာကြောင့် သူ့ရဲ့ နူးညံ့သိမ်မွေ့မှုကို ဖော်ပြထားခြင်းဖြစ်သည်။

အပြင်ဘက်ရှိ အခြားသားရဲများအတွက်တော့ သူသည် လူတို့ကို ကြောက်လန့်စေပြီး မသက်မသာဖြစ်စေသော မသေသော ကပ်ဆိုးကြီးကို ဖန်တီးသူ အမြဲဖြစ်နေလိမ့်မည်။

"မင်း နည်းနည်းတော့ လမ်းပျောက်နေတယ်လို့ ငါထင်တယ်... ဒါပေမယ့် စိုးရိမ်နေဖို့ မလိုပါဘူး... အရာအားလုံးကို နားလည်အောင် ငါကူညီပေးမယ်.. သေခြင်းတရားနဲ့ တွေ့ချင်ရင် အရင်ဆုံးသူ့ကို နားလည်ရမယ်” မရဏသခင်သည် သူ၏ညာလက်ကို မြှောက်လိုက်သည်။ ထူထဲသော မြူခိုးများက သူ့လက်ဖဝါးထဲသို့ ဖြည်းညှင်းစွာ ရောက်ရှိလာသည်။

အနက်ရောင် မြူခိုးလှိုင်းလုံးများသည် မရပ်တန့်သွားပေ။ တောင်ပိုင်းစွပ်ပြုတ်ဖက်ထုပ် အရွယ်လောက် ရှိသည်။ ဒါပေမယ့် အဲဒါက စွပ်ပြုတ်ဖက်ထုပ်ထက် ပိုဝိုင်းပြီး အတွင်းထဲမှာ ခံတွင်းတွေ့စေမည့် စွပ်ပြုတ်လည်း မပါပါပေ။

ဤ အနက်ရောင် မြူခိုးကြီးကို ကြည့်ရင်း ကောင်းဖန်သည် သူ၏ သဘာဝရန်သူကို ကြည့်နေသလို ခံစားလိုက်ရသည်။

သူသည် သိန်းငှက်က စိုက်ကြည့်ခံနေရသည့် ကြက်ကလေးလိုခံစားနေရသည်။

နောက်ဆုံးတွင် အနက်ရောင် မြူခိုးများ ကွဲထွက်သွားသည်။ ကောင်းဖန်၏ မျက်လုံးများသည် ၎င်းနှင့်ပတ်သက်ပြီး အထူးတလည် မမြင်နိုင်ပေ။ သို့သော် ဒန်ဘီသည် ကြာမျှင်ကဲ့သို့ အနက်ရောင် အနက်ရောင်ကြိုးများ ကျိုးသွားသည်ကိုကအစ မြင်နိုင်သည်။

ဒန်ဘီသည် အနက်ရောင် မြူခိုးများကို စိုက်ကြည့်နေသည်။ လောက၏ အဓိကနိယာမကို သူမြင်နေရသလို ခံစားရသည်။

“ခင်ဗျားမှာလည်း မရဏပညတ်ရှိတာလား”

"ငါတို့ မျိုးနွယ်စုက မရဏပညတ် မရှိရဘူးလား" မရဏသခင်က သူ့ကို ပြန်မေးလိုက်သည်။

“ငါ သိသမျှ မင်းကို သင်ပေးမယ်... ဘယ်လောက်သင်ယူနိုင်သလဲဆိုတာကတော့ မင်းအပေါ်မှာပဲမူတည်တယ်”

သူပြောပြီးတာနဲ့ မရဏသခင်က ကောင်းဖန်နှင့် အခြားလူများဆီသို့ ခေါင်းလှည့်ကာ ပြောလိုက်သည်။ “သူဒီမှာ လောလောဆယ် ရှိနေရမှာပဲ... မင်းတို့လိုအပ်တာရှိရင်လည်း ငါ့ကိုပြောပြလို့ရတယ်"

ကောင်းဖန်က စကားမပြောပေ။ ဒန်ဘီက သူ့သဘောအတိုင်း ပြောလိုက်သည်။ “ဆရာ... ကျွန်တော့် သူငယ်ချင်းရဲ့ ခွန်အားတွေ ပျက်စီးသွားခဲ့ပါတယ်.. သူ့ရဲ့ ခွန်အားကို အထွတ်အထိပ်ရောက်အောင် ပြန်လုပ်ဖို့အတွက် သတ္တုရိုင်းတွေ အများကြီး လိုအပ်တယ်”

မရဏသခင်က ခေါင်းညိတ်လိုက်သည်။ “ဒါက ကိစ္စသေးသေးလေးပါ.. ငါတို့လို မသေသောသူတွေအတွက် ဒီသတ္တုရိုင်းတွေကို တကယ် မလိုအပ်ဘူး”

"ဒါက မင်းသူငယ်ချင်းရဲ့ ပုံစံတူတွေထဲက တစ်ယောက်ပဲ မဟုတ်လား" မရဏသခင်သည် စက်ရုပ်ဘုရင်ထံသို့ ရုတ်တရက်လှည့်၍ “မင်းက သတ္တုရိုင်းများလိုအပ်တာကြောင့်မလို့ မင်းရဲ့ ပုံစံတူတွေ အားလုံးကို လွှတ်ပေးလိုက်သင့်တယ်” ဟုပြောလိုက်သည်။

ဒါကိုကြားတော့ ကောင်းဖန် အေးခဲသွားသည်။ ဟိုးရှေးရှေးကတည်းက စက်ရုပ်ဘုရင်၏ အထောက်အထားနှင့် ပတ်သက်၍ ထင်မြင်ယူဆချက်များ ရှိခဲ့သော်လည်း မရဏသခင်ထံမှ အတည်ပြုချက်ရရန် မမျှော်လင့်ထားခဲ့ပေ။

စက်ရုပ်ဘုရင်က ဦးညွှတ်လိုက်သောအခါ အဖြူရောင် အလင်းတန်းသုံးခုက ၎င်း၏ ခန္ဓာကိုယ်မှ လွင့်ပျံလာပြီး သူ့ရှေ့သို့ ကျရောက်လာသည်။ အသုံးမဝင်လုနီးပါးအထိ ရိုက်ချိုးခံထားရသော အလောင်းသုံးလောင်းသည် ခန်းမ၏ မြေပြင်ပေါ်တွင် လဲလျောင်းနေသည်။

[သားရဲ အမည်] - စက်ရုပ်ဘုရင် (လေ) (သစ်တော) (မီး)

လက်ရှိ (တောင်) အပါအဝင် လေးခုလုံးဖြစ်သည့် လေ၊ တော၊ မီး၊ တောင်တို့သည် တစ်ခုတည်းဖြစ်သည်။

"တောင်းပန်ပါတယ်.. ငါ့ရဲ့ တခြားပုံစံတွေက အများကြီး ပျက်စီးဆုံးရှုံးမှုကို ခံစားခဲ့ရတယ်... ဒါကြောင့် အခု ငါက လှုပ်ရှားနိုင်တဲ့ တစ်ခုတည်းသော ခန္ဓာကိုယ်ပဲ.. ဘယ်ပုံစံတူပဲ ဖြစ်ဖြစ်... သူတို့အားလုံးက ငါပါပဲ…” ဟု စက်ရုပ်ဘုရင်က ပါးစပ်ဖွင့်ပြောလိုက်သည်။

“အဆင်ပြေပါတယ်.. အများကြီးရှင်းပြနေစရာ မလိုပါဘူး... ငါသိတာတစ်ခုက မင်းက ငါတို့ရဲ့ခရီးလမ်းတစ်လျှောက်မှာ ငါတို့ကို ကူညီခဲ့တာ.. ဒီလောက်ဆို လုံလောက်ပါပြီ”

ကောင်းဖန်သည် စက်ရုပ်ဘုရင်၏ မျက်လုံးများကို တည့်တည့်ကြည့်ပြီး ပြောလိုက်သည်။

စက်ရုပ်ဘုရင်က "...ကျေးဇူးတင်ပါတယ်" ဟု ပြောလိုက်သည်။

မရဏသခင်က အမိန့်ပေးလိုက်ပြီး မကြာခင်မှာပဲ သူ့လက်အောက်ငယ်သားတွေက အဖိုးတန်သတ္တုရိုင်း အမြောက်အမြားနှင့် ရောက်လာကြသည်။

စက်ရုပ်ဘုရင်၏ ခန္ဓာကိုယ်လေးခုသည် သတ္တုရိုင်းများကို အရည်ဖျော်ပြီး စုပ်ယူလိုက်သည်။ ပျက်စီးသွားတဲ့ အလောင်းတွေလည်း အမြန်ပြန်ကောင်းလာသည်။

သူ့ရဲ့ ပြန်လည်ကောင်းမွန်လာမှု အရှိန်က ကြောက်စရာကောင်းသည်။

သတ္တုရိုင်းကြီးများသည် ၎င်း၏ ခွန်အားကို အထွတ်အထိပ်သို့ ပြန်လည်ရောက်ရှိစေရန် လုံလောက်သည်။

စက်ရုပ်ဘုရင်၏ ရုပ်အလောင်းလေးခုတွင် တစ်ခုစီသည် နောက်တစ်ခုထက် ပိုကြောက်စရာကောင်းသော အငွေ့အသက်များရှိသည်။ စက်ရုပ်ဘုရင်တောင်တန်းသည် အားအနည်းဆုံးဖြစ်သည်။ လေ၊ တော၊ မီး၊ နှင့် တောင်တန်းတို့သည် အစီအစဥ်အတိုင်းဖြစ်ပြီး ခန္ဓာကိုယ်လေးခုတွင် အစွမ်းအထက်ဆုံး ကိုယ်ခန္ဓာမှာ စက်ရုပ်ဘုရင်လေဖြစ်သည်။ ၎င်း၏လေအားကိုယ်ထည်၏ စွမ်းအားသည် အလယ်အလတ်အဆင့် နတ်ဘုရားသခင်အဆင့်သို့ပင် ရောက်ရှိသွားသည်။

ခန္ဓာကိုယ်လေးခုကို တစ်ခုတည်းအဖြစ် ပေါင်းစည်းပြီးနောက် စက်ရုပ်ဘုရင်၏ ရုပ်ပိုင်းဆိုင်ရာ အရွယ်အစားသည် ကျုံ့သွားသည်။ သို့သော ၎င်းခန္ဓာကိုယ်ထဲက ထွက်သက်က ပိုပြီး သိပ်သည်းလာပြီး တောင်ကြီးလို ထူထဲပြီး ခိုင်ခံ့လာသည်။

[သားရဲအမည်] - စက်ရုပ်ဘုရင်...အုပ်စိုးရှင်

[သားရဲ အဆင့်] - အလယ်အလတ်အဆင့် နတ်ဘုရား

[စည်းမျဉ်းထိန်းချုပ်မှု] - သံပညတ် ၂၉.၈ ရာခိုင်နှုန်း၊ အာကာသ ပညတ် ၂.၁ ရာခိုင်နှုန်း၊ ကျောက်ရည်ပူ ပညတ် ၁၂.၂ ရခိုင်နှုန်း၊ ကာကွယ်စောင့်ရှောက်ခြင်းပညတ် ၄.၃ ရာခိုင်နှုန်း၊ ကျူးကျော်ခြင်း ပညတ် ၁၅ ရာခိုင်နှုန်း။

[သားရဲ ဖော်ပြချက်] - လေ၊ တော၊ မီး၊ နှင့် တောင်တို့၏ ခန္ဓာလေးခုတို့ ပေါင်းစပ်ထားသည်။ ခန္ဓာတိုင်း ပညတ်တစ်ခုစီက ထိန်းချုပ်ထားသည်။ နောက်ဆုံးတွင် နတ်ဘုရားဖြစ်မှုသည် ခန္ဓာလေးခုကို ပေါင်းစည်းလိုက်ပြီး လေကဲ့သို့ လျင်မြန်ပြီး တောထဲရှိ သစ်ပင်များကဲ့သို့ လျှို့ဝှက်စွာ လှုပ်ရှား၍ မီးကဲ့သို့ ခိုးယူကာ တောင်ကဲ့သို့ မလှုပ်မရှားသည့် စက်ရုပ်ဘုရင်.. အုပ်စိုးရှင်ကို ဖန်တီးလိုက်ကြသည်။

စက်ရုပ်ဘုရင်... အုပ်စိုးရှင်သည် အလယ်အလတ်တန်းစား နတ်ဘုရားများ၏ ထိပ်တန်းအဆင့်ကို ရရှိထားပြီးဖြစ်သည်။ အခြေခံအဆင့် နတ်ဘုရားများ၏ ပညတ်အဆင့်မှာ ၁ ရာခိုင်နှုန်း မှ ၉.၉ ရာခိုင်နှုန်းဖြစ်ပြီး၊ အလယ်အလတ်အဆင့်နတ်ဘုရားများ၏ ပညတ်အဆင့်မှာ ၁၀ ရာခိုင်နှုန်းမှ ၂၉ ရာခိုင်နှန်းဖြစ်သည်။ အထက်တန်းအဆင့်နတ်ဘုရားများ၏ ပညတ်အဆင့်နှင့် ပတ်သက်၍ ကောင်းဖန်သည်လည်း အတိအကျ မသိသေးပေ။

ရုတ်တရက် ဒန်ဘီက သူ့ခေါင်းကို တစ်ချက်ခေါက်လိုက်သည်။ "သခင်.. ဟွာရှားမှာ တစ်ခုခု ဖြစ်နေပြီ.. သဏ္ဍာန်မဲ့ ငရဲသစ်ပင်ရဲ့ အကိုင်းအခက်တွေ ကျိုးသွားပြီ”

ကောင်းဖန်၏ အမူအရာသည် ရုတ်တရက် ပြောင်းလဲသွားသည်။ ဟိုမှာ မထင်မှတ်ထားတဲ့ အဖြစ်အပျက်တစ်ခု ဖြစ်နေသလား။

"အကိုင်းအခက် ဘယ်နှစ်ကိုင်း ကျိုးသွားလဲ"

“သုံးပုံတစ်ပုံ” ဒန်ဘီက ပြောလိုက်သည်။

သူမထွက်ခွာလာခင် ကောင်းဖန်သည် ကိစ္စကြီးတစ်ခုခုဖြစ်လာခဲ့ပါက အကူအညီတောင်းရန်အတွက် သူ့ကိုပြန်ခေါ်ရန်လိုအပ်လျှင် သဏ္ဍာန်မဲ့ ငရဲသစ်ပင်၏အကိုင်းအခက် သုံးပုံတစ်ပုံကို ဖြတ်ပစ်ရန် သူ့အဖိုးအား ပြောထားပြီး အကယ်၍ အရေးပေါ်အခြေအနေဖြစ်ခဲ့ပါက သဏ္ဍာန်မဲ့ ငရဲသစ်ပင်၏အကိုင်းအခက်အားလုံးကို ဖြတ်တောက်ပစ်ရမည်ဟု ပြောထားခဲ့သည်။

ယခုအချိန်တွင် အကိုင်းအခက်၏ သုံးပုံတစ်ပုံသာ ပြတ်တောက်ထားသောကြောင့် ကြီးကြီးမားမား တစ်စုံတစ်ရာ ဖြစ်ခဲ့ကောင်း ဖြစ်နိုင်သော်လည်း အရေးပေါ်အဆင့်သို့ မရောက်နိုင်သေးပေ။

***

သားရဲလေ့ကျင့်သူ

အခန်း ၈၁၄ အော်ရူး

“သခင်…”

"ဒီမှာပဲနေပြီး သင်ယူပါ" ဟု ကောင်းဖန်က ဒန်ဘီကို ပြောလိုက်သည်။“ဒါက မင်းအတွက် အခွင့်အရေးပဲ... ငါ မင်းကို လိုအပ်ရင် မင်းကို သဏ္ဍာန်မဲ့ ငရဲသစ်ပင်ကနေတဆင့် ခေါ်လိုက်မယ်"

ဒန်ဘီသည် လက်နှစ်ဖက်လုံးကိုချလိုက်ပြီး တိတ်တိတ်လေး ခေါင်းညိတ်လိုက်သည်။

“ကောင်းပါပြီ”

ထို့နောက် ကောင်းဖန်သည် မရဏသခင်အား နှုတ်ဆက်လိုက်သည်။ မရဏသခင်က ကောင်းဖန်ကို သူပထမဆုံးရောက်လာသည့် ဂြိုလ်ဆီသို့ ပို့ပေးလိုက်သည်။

ပို့ဆောင်ရေးထွက်ပေါက်သည် သေခြင်းနဂါးအာဏာရှင်၏နှာခေါင်းဖျားတွင် ဖြစ်သည်။ သူ၏ အေးစက်သော ထွက်သက်က ကောင်းဖန်ဆီသို့ တိုးဝင်လာသည်။ လေပြင်းကြောင့် သူ့လက်မောင်းမှာ အေးစက်နေသည်။ ဖုံးအုပ်ထားတဲ့ ရေခဲအလွှာတစ်ခုတောင် ရှိနေသည်။

သေခြင်းနဂါးအာဏာရှင်သည် ကြောင်တက်တက်ဖြင့် မျက်လုံးဖွင့်လိုက်သည်။ “ဒါဆို.. မင်းတို့တွေ အားလုံးကို လိုက်ပို့ပေးပါရစေ.."

ကောင်းဖန်၏ စိတ်ထဲတွင် အတွေးတစ်ခု အမြစ်တွယ်လာသည်။ သူက သေခြင်းနဂါးအာဏာရှင်ကို "လျှောက်ပတ်ကြည့်ဖို့ အပြင်ထွက်ဖို့ စိတ်ကူးရှိလား" ဟု မေးလိုက်သည်။

"အပြင်ထွက်ပြီး လှည့်ပတ်ကြည့်ရမှာလား" သေခြင်းနဂါးအာဏာရှင် မျက်လုံးတွေ ပြူးကျယ်သွားသည်။

သေခြင်းနဂါးအာဏာရှင်သည် ခေါင်းကို ဖြည်းညှင်းစွာ မယမ်းမီ အချိန်အကြာကြီး တုံ့ဆိုင်းနေသည်။ "ငါ အပြင်ကိုမသွားချင်ဘူး... ဒီမှာနေနေရတာ တော်တော်ကျေနပ်တယ်...”

သေခြင်းနဂါးအာဏာရှင်သည် ကောင်းဖန် မည်မျှပင် ဖြားယောင်းသွေးဆောင်စေကာမှု ထွက်ခွာရန် မကြိုးစားပဲ ငြင်းဆန်နေသည်။

ဒါကြောင့် ကောင်းဖန်က သူ့ကို ဆက်ပြီး မစည်းရုံးတော့ပေ။

...

တောမီးများလောင်နေပြီး အဖြူရောင် အတောင်ပံများဖြင့် ဧရာမလိပ်ပြာတစ်ကောင်သည် ကောင်းကင်ကို သိမ်းပိုက်ထားသည်။ လိပ်ပြာတွင် နှစ်ဖက်လှခန္ဓာကိုယ်ရှိသည်။ ထိုအချိန်တွင် လိပ်ပြာသည် ဇောက်ထိုး တွဲလောင်းကျနေသည်။

ဝမ်းဗိုက်သည် အထက်သို့ မျက်နှာမူလျက် နောက်ကျောသည် အောက်ဘက်သို့ မျက်နှာမူလျက်ရှိပြီး နောက်ကျောရှိ ပိုးတုံးလုံးသည် အောက်ဘက်မြေပြင်သို့ မျက်နှာမူထားသည်။

အဆုံးမရှိသော နှလုံးခုန်သံများ ပိုးတုံးလုံးမှ ထွက်လာသည်။ သူသည် တောကို ထွန်းညှိ၍ မီးပင်လယ်အဖြစ်သို့ ပြောင်းလဲပစ်နေသည်။

တစ်ချိန်တည်းမှာပင် တောလယ်ခေါင်မှ အရွယ်အစားကြီးမားသော သစ်ပင်ကြီးတစ်ပင်သည် ငွေရောင်အလင်းတန်းများ ထွက်ပေါ်လာသည့် ချည်ကြိုးမျှင်ဖြင့် ချည်နှောင်ထားသည်။

ဤသစ်ပင်ကြီးသည် အနည်းဆုံး မီတာတစ်ထောင် အရပ်ရှည်သည်။

အကိုင်းအခက်များသည် ဖောင်းကားနေသော ကြွက်သားများဖြင့် ဖုံးအုပ်ထားသည်။

သူ၏ ကြမ်းကြုတ်သော စွမ်းအားသည် မြင်နိုင်သော လှိုင်းဂယက်များကို လွှတ်ထုတ်ရန် လေနှင့် တိုက်မိသွားသည်။

သို့သော် ယခုအချိန်တွင် ၎င်း၏အားသာချက်ဖြစ်သည့် ထင်ရှားသော ဧရာမသစ်ပင်လူသားသည် မရေမတွက်နိုင်သော ချည်မျှင်များဖြင့် တင်းတင်းကြပ်ကြပ် ချည်နှောင်ခံထားရပြီး တစ်လက်မမျှ မလှုပ်ရှားနိုင်ပေ။

"အပြစ်သားအားလုံး.... မင်းတို့က မျက်နှာနှစ်ဖက်ဝါးမျိုခြင်းကောင်းကင်လိပ်ပြာ သခင် ထယ်ရိစ့်ရဲ့ သုတ်သင်ခြင်းကို ခံလိုက်ရတယ်ဆိုတာကို သတိရပါ”

ကြိုးတွေက ချက်ချင်း တင်းကျပ်လာသည်။ ငွေရောင်အလင်းတန်းများသည် ပြီးပြည့်စုံသော အကသီချင်းတစ်ပုဒ်ကဲ့သို့ ကောင်းကင်တစ်ခုလုံးကို ပျံသန်းသွားကြသည်။

ဧရာမသစ်ပင်ကြီး၏ ခန္ဓာကိုယ်ကို ကောင်းကင်တွင် အတုံးသေးသေးလေးများအဖြစ် ခုတ်ထစ်ပစ်လိုက်သည်။

သူ၏ စိမ်းပုတ်ရောင် သွေးများက ပွက်ပွက်ထကာ နေရာအနှံ့ လွင့်ပျံသွားသည်။

အလွန်အရွယ်အစားကြီးမားသော သစ်ပင်ကြီးပြိုကျသောအခါ သဘာဝနတ်ဘုရားစနစ်သည် စိတ်ပျက်သွားသည်။ သူတို့ရဲ့ ခံယူချက်လည်း ပျက်သွားသည်။

“ဘုရင်မင်းမြတ် နတ်ရွာစံသွားပြီ... “

ဘုရင်မင်းမြတ် ဆုံးပါးသွားချိန်မှာ ကြောက်စရာကောင်းပြီး တောက်ပသည့် အလင်းတန်းတစ်ခု ရုတ်တရက် ထယ်ရိစ့်၏ နောက်ဘက်မှ ပေါ်လာသည်။

ကြီးမားပြီး တောက်ပသောရုပ်သွင်သည် အိပ်မက်ဆိုးတစ်ခုလိုပင် သူ့နောက်တွင် အသံမထွက်ဘဲ ပေါ်လာသည်။

ကွဲအက်နေပြီး ကြီးမားသော ခြေလက်များသည် ကြောက်ရွံ့နှိပ်စက်ခြင်းကို ကိုယ်စားပြုပုံရသည်။

အကြောက်တရားထိန်းချုပ်သူ - ဆင်းသက်လာပြီ....

အကြောက်တရားထိန်းချုပ်သူ ဆင်းလာချိန်တွင် မျက်နှာနှစ်ဖက် ဝါးမျိုခြင်း လိပ်ပြာသည် ထူးဆန်းသော အရိပ်အယောင်ကို ခံစားလိုက်ရသည်။ သူထွက်ပြေးရန် စိတ်ကူးလိုက်စဉ် ဧရာမ လက်တံများသည် သူ့ပတ်ဝန်းကျင်တွင် တစ်နည်းနည်းဖြင့် ရစ်ပတ်နေသည်ကို သိလိုက်ရသည်။

နာကျင်မှုကြောင့်ပြင်းထန်စွာ အော်ဟစ်သံသည် ကောင်းကင်ပြင်ကျယ်ကြီးကို ဖြတ်ကျော်သွားသည်။

“အော်ရူး”

ရွှေဝါရောင် အဖြူဆင်း သဏ္ဍာန်သည် ဖြတ်သွားသည်။

အာကာသကို မမြင်နိုင်သော စွမ်းအားများဖြင့် ဖုံးအုပ်ထားကာ အရာအားလုံး နှေးကွေးသွားသည်။

"ငါမင်းကိုစောင့်နေတာကြာပြီ"

အကြောက်တရားထိန်းချုပ်သူသည် မျက်နှာနှစ်ဖက်ဝါးမျိုခြင်းကောင်းကင်လိပ်ပြာကို လွှတ်ပေးလိုက်သည်။ သူ၏ ရေဘဝဲနှင့်တူသော ခန္ဓာကိုယ်သည် ရုတ်တရက် ဦးတည်ချက်ပြောင်းသွားသည်။ အတွင်းဘက်ကို မျက်နှာမူပြီး စက္ကန့်ပိုင်းလေးအတွင်းမှာ နောက်ကျောက အတွင်းဘက်ကို လှည့်သွားသည်။

မျက်စိတစ်မှိတ်အတွင်းမှာ အော်ရူးကို သူ့ဗိုက်ထဲကို မျိုချလိုက်သည်။

ဒါက မကောင်းဘူး..

မျက်နှာနှစ်ဖက်ဝါးမျိုခြင်းကောင်းကင်လိပ်ပြာသည် သည်းမခံနိုင်လောက်အောင် ထိတ်လန့်ကာ ဒေါသဖြစ်သွားသည်။ အော်ရူးသည် သခင်၏ မျိုးဆက်ဖြစ်သည်။ သူ့ ဘာမှဖြစ်လို့မရဘူး...

“ဝါးမျိုခြင်းကောင်းကင် ပေါက်ကွဲခြင်း” ဝါးမျိုခြင်းကောင်းကင်လိပ်ပြာ၏ဝမ်းဗိုက်ထဲရှိ ပိုးတုံးလုံးသည် ကွဲထွက်သွားသည်။

အကြောက်တရားထိန်းချုပ်သူ၏ ဝမ်းဗိုက်ထဲမှ ရှုပ်ထွေးသော အသံတစ်ခု ထွက်ပေါ်လာသည်။ လှိုင်းလုံးကြီးတစ်ခု ဖြတ်သွားသည်။

...

ပြင်းထန်သော်လည်း တိုတောင်းသည့် အာကာသလှိုင်းလုံးကြီးတစ်ခု အရှေ့မှ ထွက်ခွာသွားသည်။

လှိုင်းလုံးများ ပျောက်ကွယ်သွားပြီးနောက် အရှေ့က အခြေအနေတွေ ငြိမ်သက်သွားသည်။

ကောင်းဖန်သည် သူ့သားရဲများနှင့်အတူ တည်နေရာသို့ အပြေးအလွှားသွားလိုက်သောအခါတွင် သူမြင်လိုက်ရသည့် တစ်ခုတည်းသော အရာမှာ သွေးအိုင်ထဲတွင် လဲလျောင်းနေသော သားရဲငယ်လေးဖြစ်သည်။

မထင်မှတ်ဘဲ သူသည် အလင်းလှိုင်းထက်ပင် သေးငယ်သည်။

ထို့ပြင် ယခင်ကလည်း သူ့ကို မြင်ဖူးပုံရသည်။

"သူ ဒဏ်ရာ ပြင်းတယ်" ကောင်းဖန်က ဆက်လက်ပြီး "ဒါ့အပြင်.. သူက နတ်ဘုရားပဲ” ဟု ပြောလိုက်သည်။

အစကတော့ တခြားသားရဲတွေက သိပ်စိတ်မဝင်စားပေ။ သို့သော် ဤအရာသည် နတ်ဘုရားဖြစ်သည်ဟု ကြားလိုက်သောအခါ သူတို့၏ မျက်လုံးများသည် တညီတညွတ်တည်း ချက်ချင်းပင် တောက်ပလာကြသည်။ သူတို့သည် သွေးအိုင်ထဲရှိ သားရဲငယ်လေးကို အဓိပ္ပါယ်ရှိစွာ ကြည့်လိုက်ကြသည်။

"ကောင်းဖန်... သူအရမ်းဒဏ်ရာပြင်းတယ်" တစ်ချက်ကြည့်ရုံဖြင့် သူသည် အသက်ပိုရှည်မည်မဟုတ်ကြောင်း ထင်ရှားသည်။ "ငါတို့က ဘာလို့ သူ့ခန္ဓာကိုယ်ကို ပြိုကွဲအောင် မလုပ်ကြတာလဲ..." ဂိုဒီက စိတ်လှုပ်ရှားစွာပြောလိုက်သည်။

သို့သော် ကောင်းဖန်သည် သားရဲငယ်လေး၏ အခြေအနေပြ ဇယားကို ကြည့်ပြီး အကျပ်ရိုက်သွားသည်။

ထိုသို့သော သေးငယ်သော အရာလေးသည် အမှန်တကယ်ပင် အစွမ်းထက်သည့် အဆင့်မြင့် နတ်ဘုရားသခင်အဆင့် သားရဲဖြစ်သည်ကို သူတို့မယုံနိုင်ပေ။

ကောင်းဖန်သည် ဤအဆင့်တွင် အစွမ်းထက်သော သတ္တဝါများစွာကို မတွေ့ဖူးပေ။ ဇယားထဲတွင် ၎င်းသည် ဒဏ်ရာပြင်းထန်ရုံမျှသာဖြစ်ကြောင်း ပြသနေသည်။

လှုပ်ရှားနိုင်စွမ်း လုံးဝ ဆုံးရှုံးသွားကြောင်း မပြသထားပေ။

ကောင်းဖန်သာ တတ်နိုင်ရင် သူ့ခန္ဓာကိုယ်က ရိုးရှင်းစွာ ပြိုကွဲသွားလိမ့်သည်။ ဒါပေမယ့် ပြဿနာက ဒီသတ္တဝါက ရွေ့နေပုံရသည်။

အကယ်၍ ဖြိုခွဲနေစဉ် တစ်ဝက်တစ်ပျက်နှင့် သတိပြန်ဝင်လာရင် သူတို့ ကံကောင်းခြင်းနတ်သမီးလေးဆီမှာ ဒီနေ့ ကံကောင်းဖို့ပဲ ဆုတောင်းနေရလိမ့်မည်။

ဒါပေမယ့် ကောင်းဖန်က ဒါကို မမြင်ဖူးသလို ဟန်ဆောင်လိုက်ပြီး ရိုးရိုးရှင်းရှင်း ထွက်သွားတာမျိုးလည်း မလုပ်နိုင်ပေ။ ဒီလိုသိသာထင်ရှားတဲ့အခွင့်အရေးကို ငါတို့ဘယ်လိုလက်လွတ်ခံနိုင်မလဲ.. ငါတို့ တတ်နိုင်သမျှ ရအောင်ယူရမယ် မဟုတ်လား...

“အဲဒီနေ့က ငါတို့ဆုံတုန်းက သူက ကြောက်စရာကောင်းတဲ့သူ မဟုတ်သလို ဒီလို သတ္တဝါမျိုးလည်း မဟုတ်ဘူး... ပြီးတော့ သူသဘာဝက တက်ကြွပုံရတယ်... ငါတို့ သူ့ကို ဒီကနေ ဖယ်ထုတ်ပေးနိုင်ရင် ငါက သူ့ကျေးဇူးရှင် ဖြစ်လာလိမ့်မယ်” ကောင်းဖန်က မေးစေ့ကို ပွတ်လိုက်သည်။

"ဂိုဒီ.. သူ့ကိုသယ်သွား..” ကောင်းဖန်က ဂိုဒီကို အမိန့်ပေးလိုက်သည်။

ဂိုဒီသည် ဝပ်တွားကာ ကြက်တစ်ကောင်ကို ကိုင်ထားသကဲ့သို့ သတ္တဝါငယ်ကို ဇောက်ထိုး ထမ်းထားလိုက်သည်။ သူက ခြေကျင်းဝတ်ကို ကိုင်ထားပြီး သူ့ပုခုံးပေါ် တင်လိုက်သည်။

“ပိုနူးညံ့ပါ…” ကောင်းဖန်က မကျေမနပ်အမူအရာပြလိုက်သည်။ မင်း သူ့ကို ဒီလိုမျိုး သယ်လာရင် ငါတို့က သူ့ကံဆိုးမှုကနေ အမြတ်ထုတ်ဖို့ ကြိုးစားနေတယ်လို့ သူနိုးလာရင် ထင်သွားလိမ့်မယ်...

ဂိုဒီသည် ပိုပြီးသက်တောင့်သက်သာရှိသော အနေအထားသို့ တိတ်တဆိတ် ပြောင်းလိုက်သည်။

“သခင်..ငါကျတော့ သူ့ကို ဘာလို့မသယ်ရတာလဲ" အလင်းလှိုင်းက မနာလိုစွာ ကြည့်နေပြီး ပြောလိုက်သည်။

ကောင်းဖန်သည် သူ့ကို အပေါ်အောက် ငုံ့ကြည့်ပြီးနောက် သူ၏ အဆိုပြုချက်ကို ငြင်းပယ်လိုက်သည်။

မင်းက အရပ်မရှည်သေးဘူး... မင်းက သူ့ကို သယ်သွားမယ်ဆိုရင် လမ်းလျှောက်ရင်း သူ့ခေါင်းက မြေကြီးနဲ့ တိုက်နေလိမ့်မယ်..

သူတို့သည် အနက်ရောင်မြူခိုးကမ္ဘာသို့ ဦးတည်ပြီး အော်ရူးကို သယ်ပြီး ဆက်သွားလိုက်သည်။

အနက်ရောင်မြူခိုးကမ္ဘာနှင့် နီးကပ်လာသည့် ခရီးတစ်ဝက်တစ်ပျက်တွင် အော်ရူးသည် သတိပြန်လည်လာသည်။

အော်ရူး၏တည်ရှိမှုသည် အနတ္တအာကာသကို ဖရိုဖရဲဖြစ်သွားစေပုံရသည်။

အော်ရူးသည် ဂိုဒီ၏လည်ပင်းပေါ်တွင် ထိုင်ကာ စူးစမ်းချင်စိတ်ဖြင့် လှည့်ပတ်ကြည့်နေသည်။

"မင်္ဂလာပါ" ကောင်းဖန်က အော်ရူးကို နှုတ်ဆက်လိုက်သည်။

အော်ရူးက စိတ်အားထက်သန်စွာ ခေါင်းညိတ်လိုက်ပြီး တုန်လှုပ်သွားသလို နှုတ်ခွန်းဆက်စကား အလျင်အမြန်ပြေလိုက်ာသည်။ "နင်က ငါ့ကို ကယ်ခဲ့တဲ့သူလား” အော်ရူးက ခေါင်းငုံ့ပြီး မေးလိုက်သည်။

"အားလုံးမင်္ဂလာပါ..ငါ့နာမည်က အော်ရူးပါ.. အားလုံးကို တွေ့ရတာ အရမ်းဝမ်းသာပါတယ်" အော်ရူး၏ အသံသည် လက်ရှိ ရှိနေသူတိုင်း၏ နှလုံးသားထဲတွင် လေးနက်နေသည်။

"မင်းကိုတွေ့ရတာဝမ်းသာပါတယ်.. ငါ့နာမည်က ကောင်းဖန်ပါ.. ဒါတွေက ငါ့အဖော်တွေပါ” ကောင်းဖန်က ဂိုဒီနှင့် ကျန်သူများကို အော်ရူးနှင့် မိတ်ဆက်ပေးလိုက်သည်။

“သားရဲတွေလား” အော်ရူးက သိချင်စိတ်ဖြင့် မေးလိုက်သည်။

ကောင်းဖန်မှ အသေးစိတ်ရှင်းပြပြီးနောက် သားရဲနှင့် သားရဲလေ့ကျင့်သူများကြားက ဆက်ဆံရေးကို သူနားလည်လာသည်။

အော်ရူး၏ မျက်လုံးများက ဝိုင်းစက်လာသည်။ သူဘာလုပ်ဖို့စီစဉ်ထားလဲ ဘယ်သူမှမသိကြပေ။

အဆုံးတွင် သူသည် ပါးစပ်ကိုဖွင့်ကာ “ငါ့ဒဏ်ရာတွေက မသက်သာသေးဘူး... ငါမင်းနဲ့လိုက်ခဲ့မယ်" ဟု အော်ရူးကပြောလိုက်သည်။

"မင်း မပြန်ဘူးလား" ကောင်းဖန်သည် အော်ရူးကို ကြယ်စု၏ အပေါ်ပိုင်း အစိတ်အပိုင်းများ ထဲမှ တစ်ခု ဖြစ်နိုင်သည်ဟု ကောက်ချက်ချထားသည်။

***

သားရဲလေ့ကျင့်သူ

အခန်း ၈၁၅ ဒါဆိုလဲ.. ဒါကိုလုပ်လိုက်ရအောင်…

အနက်ရောင်မြူခိုးကမ္ဘာသို့ ပြန်ရောက်ပြီးနောက် ကောင်းဖန်သည် ဤတစ်ကြိမ်တွင် တစ်စုံတစ်ခု ကွဲပြားသွားသည်ကို ခံစားလိုက်ရသည်။ အနက်ရောင်မြူခိုးကမ္ဘာမှ လူများစွာသည် အမဲလိုက်ပြီး သားရဲများကို ဖမ်းစားသည်ကို သူမြင်တွေ့လိုက်ရသည်။

အရေအတွက်နည်းပေမယ့် ဒါက အရမ်းကောင်းတဲ့အစတစ်ခု ဖြစ်နေပြီဖြစ်သည်။

ကမ္ဘာမြေကြယ်နယ်ချဲ့သူများသည်လည်း တိုးတက်ရန် အချိန်လိုအပ်သည်။

ကောင်းဖန်နဲ့ သူ့သားရဲတွေက ကောင်းကင်ကို ဖြတ်ပြီး တိတ်တဆိတ် ပျံသန်းသွားတာကြောင့် အောက်ကလူတွေက သူတို့ကို ခြေရာတောင် မမြင်ရနိုက်ပေ။ အဘယ်ကြောင့်ဆိုသော် နတ်ဘုရားများ၏ အရှိန်သည် ၎င်းတို့၏မျက်လုံးများ၏၏ ခွဲခြားသိမြင်နိုင်သော အရှိန်ကို ကျော်လွန်နေပြီဖြစ်သည်။

ကောင်းဖန်သည် ကောင်းကင်မြို့သို့ ပြန်လာလိုက်သည်။ သူ့သခင်၏ အရိပ်အယောင်ကို ဖမ်းမိပြီးနောက် ခေါင်းသုံးလုံးငရဲခွေး ဆာဟာရသည် သူ၏အမြီးကို လှုပ်ခါရင်း သူ့ဆီသို့ စိတ်လှုပ်ရှားစွာ ပြေးလာသည်။

ဂိုဒီက သူ့ညာဖက်ခြေထောက်ကို မြှောက်လိုက်ပြီး လှုပ်လိုက်သည်။

ဆာဟာရ တုန်လှုပ်သွားပြီး မြေပြင်ပေါ်ကို ပက်လက်လှန်လှဲချလိုက်သည်။

“ဝူး…”

ကျောရိုးပေါ်မှ ဖြူဆူးများကို နောက်ပြန်ဆုတ်လိုက်သည်။ ဆာဟာရသည် ၎င်း၏ဒုတိယအဆင့်ကို ဘယ်အချိန်က နိုးကြားခဲ့သည်ကို မသိပေ။ ၎င်းသည် နတ်ဘုရားတစ်ပိုင်းအဆင့်ကို ကျော်ဖြတ်ကာ အဆင့် ၉၁ သို့ ဖြတ်ကျော်သွားပြီဖြစ်သည်။

ဂိုဒီသည် ဆာဟာရ၏ဗိုက်ကိုပွတ်သပ်ရန် ငုံ့ထိုင်လိုက်သည်။ ဆာဟာရ၏ ခေါင်းသုံးလုံးသည် ဂိုဒီကို နေရာတိုင်း စတင် နမ်းနေသည်။

အော်ရူးသည် ဂိုဒီ၏ နောက်ကျောမှ လျင်မြန်စွာ ခုန်ဆင်းလာသည်။ သူသည် ဂိုဒီ၏ ခြေလက်များပေါ်ရှိ တံတွေးများကို အထင်အမြင်သေးစွာဖြင့် ကြည့်လိုက်သည်။ သူက ကောင်းဖန်၏ ခြေလှမ်းတွေများကို အမှီလိုက်ဖို့ သူ့ခြေထောက်ပေါ်ရပ်လိုက်သည်။ "အော်ရုးက မင်းကို ညစ်ပတ်တယ်လို့ထင်နေတယ်"

"တာ့ဇီ.. အရိပ်ထဲမှာ ပုန်းအောင်းနေတဲ့ သားရဲတွေ ရှိလား" ကောင်းဖန်က တာ့ဇီကို မေးလိုက်သည်။

တာ့ဇီတစ်ဝိုက်တွင် ကောင်းစွာဝှက်ထားသော ခရမ်းရောင်အလင်းလှိုင်းများ ပေါ်လာသည်။ သက်ရှိအားလုံး၏ ခန္ဓာကိုယ်မျက်နှာပြင်ကို ငြိမ်လျှပ်စစ်ဓာတ်အလွှာဖြင့် ဖုံးအုပ်ထားသည်။ ဤလျှပ်စစ်ဓာတ်အလွှာမှတဆင့် တာ့ဇီသည် အနီးအနားတွင် ပုန်းအောင်းနေသည့် သားရဲများရှိနေပါက စောင့်ကြည့်နိုင်သည်။

“မရှိဘူး” တာ့ဇီက ခေါင်းကို ဖြည်းညှင်းစွာခါလိုက်သည်။

လမ်းကိုဖြတ်ပြီးရင် ရှေ့မှာ စက်ရုံတစ်ခုရှိသည်။

လောလောဆယ်တွင် စက်ရုံလည်ပတ်နေသဖြင့် မီးခိုးခေါင်းတိုင်မှ အနက်ရောင် မီးခိုးများ ထွက်နေသည်။

ဤအရာက လေထုညစ်ညမ်းမှုကို အလွယ်တကူ ဖြစ်စေနိုင်သော်လည်း အနက်ရောင်မြူခိုးကမ္ဘာသည် လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်သည့် အဆင့်တွင် ရှိနေသည်။

ခိုင်မာသော ခြေသံများက ရှေ့လမ်းမှ ထွက်လာသည်။

သွေးမျက်လုံးမုတ်ဆိတ်မွေး လင်းတသည် သူ၏ကျောရိုးကို ကွေးကောက်ကာ လည်ပင်းက အောက်သို့ ကျဆင်းသွားသည်။ သူ၏ ဝသည့်ခန္ဓာကိုယ်က ဘယ်ညာ ယိမ်းနွဲ့ကာ သွားလာနေသည်။ သူ့ပုံစံက အလွန်အမင်းသန်မာပြီးကြံ့ခိုင်သောကြောင့် နည်းနည်း ဖောင်းနေပုံရသည်။

“မတွေ့တာကြာပြီ” သွေးမျက်လုံးမုတ်ဆိတ်မွေး လင်းတက ကောင်းဖန်ကို လက်ဝှေ့ယမ်းနှုတ်ဆက်လိုက်သည်။

ကောင်းဖန်သည် သွေးမျက်လုံးမုတ်ဆိတ်မွေး လင်းတ၏ အချက်အလက်များကို စစ်ဆေးလိုက်သည်။ သူသည် မော်ကွန်းတင်စွမ်းရည်ဆင့်တွင် ရှိနေဆဲဖြစ်သော်လည်း သူတော်စင်အဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။ သွေးမျက်လုံးမုတ်ဆိတ်မွေး လင်းတသည် လူမည်းကလေးထံမှ ပြင်ပပံ့ပိုးမှု မရှိပေ။ ခြေဖဝါးကို မြေပြင်ပေါ်တွင် ခိုင်မြဲစွာစိုက်ထားခြင်းဖြင့် အဆင့်တစ်ခုစီကို ရောက်ခြင်းဖြစ်သည်။

"ဟိုမှာ ဂိုဒီရှိတယ်... သူ အခု တံခါးနားမှာ ရှိတယ်” ကောင်းဖန်က သွေးမျက်လုံး မုတ်ဆိတ်မွေး လင်းတကို ပြုံးပြီး ပြောလိုက်သည်။

ဂိုဒီဟူသော စကားလုံးနှစ်လုံးကို ကြားလိုက်သောအခါ သွေးမျက်လုံးမုတ်ဆိတ်မွေး လင်းတသည် ရပ်တန့်သွားသည်။ သူ့ခန္ဓာကိုယ်ကို တည့်မတ်လိုက်ပြီး “ကောင်းပြီ” ဟု ပြောလိုက်သည်။

ကောင်းဖန်သည် သွေးမျက်လုံးမုတ်ဆိတ်မွေး လင်းတကို ပြုံးပြုံးကြီး ခေါင်းညိတ်ပြပြီး တာ့ဇီနှင့် ကျန်သူများကို အဝေးသို့ ခေါ်သွားလိုက်သည်။

သွေးမျက်လုံးမုတ်ဆိတ်မွေး လင်းတသည် မြေပြင်ပေါ်တွင် အမြစ်တွယ်ရပ်နေကာ ကောင်းဖန်ထွက်ခွာသွားသည်ကို ကြည့်နေသည်။ ပြီးမှသာ တံခါးဝဆီသို့ ဦးခေါင်းကို လှည့်လိုက်သည်။

“ဂိုဒီ…” သွေးမျက်လုံးမုတ်ဆိတ်မွေး လင်းတ၏ အသံသည် ရှုပ်ထွေးသော စိတ်ခံစားမှုများဖြင့် လွှမ်းခြုံထားသည်။

အဲဒီတုန်းက သူက ဂိုဒီထက်တောင် အစွမ်းထက်သည်။ ဂိုဒီနှင့် အတူ လေ့ကျင့်ပြီး သူ့ရဲ့ စွမ်းရည်ကို မြှင့်တင်ခဲ့သည်။ အဲဒါတွေက သူတို့ ငယ်ငယ်က ချွေးတွေအပြည့်နှင့် သွေးပူခဲ့ရတဲ့နေ့တွေဖြစ်သည်။

သို့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ ကောင်းဖန်နှင့် စွန့်စားပြီး သူပြန်လာတိုင်း ဂိုဒီ၏ ခွန်အားသည် သိသိသာသာ တိုးလာသည်။

ဒါဟာ တကယ့်ကို ထူးထူးခြားခြား တိုးတက်မှုပါပဲ..

သူက ဒုံးပျံပေါ်မှာ ထိုင်နေသကဲ့သို့ သူပြန်လာတိုင်း သူ့ခွန်အားက အနည်းဆုံး အဆင့်တစ်ခုနဲ့ တိုးလာခဲ့သည်။

အစပိုင်းတွင် သူသည် ဂိုဒီ၏ နောက်စေ့ကို အနည်းဆုံး မြင်နိုင်သည်။ နောက်ပိုင်းတွင် ဂိုဒီ၏ နောက်စေ့သည်ပင် အဝေးသို့ ရောက်သွားပုံရသည်။

သူအရင်ကတောင် နတ်ဘုရားတစ်ပိုင်းဖြစ်နေပြီ... ဒီတစ်ခါတော့ နတ်ဘုရားအဆင့်ကို ဖြတ်သွားနိုင်ပြီ ဟုတ်လား...

အခြားသူသာ ဖြစ်ခဲ့လျှင် သူသည် ၎င်းကို ဟာသတစ်ခုအဖြစ် မှတ်ယူမည်မှာ သေချာသည်။ ပထမအဆင့် နတ်ဘုရားတစ်ပိုင်းနှင့် နတ်ဘုရားကြား ကွာဟချက်သည် သာမန်သားရဲနှင့် နတ်ဘုရားတစ်ပိုင်းကြားက ကွာဟမှုထက်ပင် ကြီးမားသည်။

သူလုပ်ချင်တိုင်း ထိုသို့ အောင်မြင်မှုတစ်ခု မဖန်တီးနိုင်ပေ။ သို့သော် သွေးမျက်လုံးမုတ်ဆိတ်မွေး လင်းတသည် ဂိုဒီနှင့်ကောင်းဖန်တို့ကို စွမ်းဆောင်နိုင်သည်ဟု ယုံကြည်မှုရှိသည်။

သွေးမျက်လုံး မုတ်ဆိတ်မွေး လင်းတသည် လှည့်ပတ်ကာ တံခါးဆီသို့ ဦးတည်သွားလိုက်သည်။

တောင်ပိုင်းကောင်းကင်ဘုံတံခါးအပြင်ဘက်တွင် ဂိုဒီသည် မြေပြင်ပေါ်တွင်ဝပ်နေပြီး ခေါင်းသုံးလုံးခွေးကို ကိုင်နေသည်။ သူ့အမူအရာက ဒါက လေးနက်တဲ့ကိစ္စတစ်ခု လုပ်နေသလို လေးနက်တည်ကြည်နေသည်။

ဆာဟာရ၏လျှာသည် အနီရောင်အ၀တ်စတစ်ခုကဲ့သို့ လည်ချောင်းမှ ထွက်နေသည်။

သွေးမျက်လုံးမုတ်ဆိတ်မွေး လင်းတ ချဉ်းကပ်လာသည်ကို သူသတိပြုမိသောအခါ ဆာဟာရသည် သူ့မျက်လုံးများကို ဖွင့်လိုက်သည်။

"ဂိုဒီ... ငါတို့နောက်ထပ် ချစ်ကြည်ရေးပွဲရှိတယ်မလား"

သွေးမျက်လုံးမုတ်ဆိတ်မွေးလင်းတက မေးလိုက်သည်။

“ရှိတယ်” ဂိုဒီမော့ကြည့်လိုက်တော့ သူ့မျက်လုံးတွေက စိတ်လှုပ်ရှားမှုတွေနဲ့ ပြည့်နေသည်။ ထို့နောက် လက်သီးများကို တင်းတင်းဆုပ်ကာ ဆုပ်ကိုင်လိုက်သည်။

ဂိုဒီသည် အနည်းငယ် ချီတုံချတုံ ဖြစ်နေသည်။ “ဒါပေမယ့်…”

ဂိုဒီသည် သူ့စကားကို အဆုံးမသတ်ခဲ့ပေ။ သူသည် သွေးမျက်လုံး မုတ်ဆိတ်မွေး လင်းတကို မတော်တဆ ထိခိုက်မိမည်ကို ကြောက်နေမိသည်။

"မင်း နတ်ဘုရားဖြစ်သွားပြီလား" သွေးမျက်လုံးမုတ်ဆိတ်မွေး လင်းတက မေးနေသော်လည်း သူ့လေသံက အလွန်ပြတ်သားသည်။

“ဟုတ်တယ်…”

သွေးမျက်လုံးမုတ်ဆိတ်မွေး လင်းတသည် ထိုစကားကြောင့် အကျပ်ရိုက်သွားည်။ "မျှော်လင့်ထားသလိုပါပဲ"

"ဒါဆို အတူတူ လေ့ကျင့်ကြရအောင်" သွေးမျက်လုံး မုတ်ဆိတ်မွေး လင်းတသည် စိန်ခေါ်မှုများကို နှစ်သက်သော်လည်း အဓိပ္ပါယ်မဲ့သော ဝေဒနာကိုတော့ သူ မခံစားလိုပေ။

“သေချာတာပေါ့” ဂိုဒီက ခုန်ပေါက်ပြီး အပြုံးနဲ့ ပြောလိုက်သည်။

...

"အဘိုး... ဘာဖြစ်တာလဲ" ကောင်းဖန်က ဆိုဖာပေါ်တွင် ထိုင်လိုက်သည်။

“အသွင်ပြောင်းမျိုးနွယ်စုက လူတချို့ မတော်တဆ ဝင်လာခဲ့တယ်... အပြာရောင်နဂါးက သူတို့အားလုံးကို အရှင်လတ်လတ် ဖမ်းမိခဲ့ပေမယ့် ဖော်ထုတ်ခံရမယ့် အန္တရာယ် ရှိနေသေးတယ်” ကျီဟန့်ဝူ က လက်ဖက်ရည် နည်းနည်း သောက်လိုက်သည်။ “မကြာသေးခင်ကပဲ အာကာသဥမင် ရဲ့အထွက်နားမှာ အသွင်ပြောင်မျိုးနွယ်စုက လူတွေရှိလာတယ်... သူတို့ တစ်ခုခုကို ရှာဖွေနေပုံရတယ်.. ထင်ယောင်ထင်မှားဖြစ်စေတဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပေးတဲ့ ပုံရိပ်ယောင်မျိုးအစား နတ်ဘုရားတစ်ပိုင်း ရှိနေပေမဲ့ သူတို့ ဖော်ထုတ်ခံရနိုင်ချေတော့ များတယ်”

“သဘောပေါက်ပြီ…” ကောင်းဖန်ခေါင်းညိတ်လိုက်သည်။ ဒါက တကယ့်ကို လေးနက်တဲ့ ကိစ္စဖြစ်သည်။

ဖော်ထုတ်မခံရသေးသော်လည်း အချိန်မရွေး ဖော်ထုတ်ခံရနိုင်ချေရှိသည်။ သူတို့အတွက် အဆင်သင့်ဖြစ်နေဖို့ လိုအပ်သည်။

“အဲဒါက ပြဿနာမဟုတ်ပါဘူး... သူတို့က တည်နေရာကို အမှန်တကယ် ထုတ်ဖော်ခဲ့မယ်ဆိုရင်တောင် တိုက်ခိုက်ပြီး လွတ်မြောက်သွားမှာပါ” ဟု ကောင်းဖန်က လှုပ်လှုပ်ရွရွပြောလိုက်သည်။

ကျီဟန့်ဝူက ကောင်းဖန်ကိုကြည့်လိုက်သည်။

ကောင်းဖန်သည် မတ်တတ်ထိုင်ကာ ကျောကို ဆန့်တန်းထားသည်။

“အသွင်ပြောင်းမျိုးနွယ်စုရဲ့ ပြည်တွင်းရေး ပဋိပက္ခတွေ ဆက်တိုက်ဖြစ်နေတယ်... ကျွန်တော်တို့ ဖော်ထုတ်ခံရရင်တောင် အသွင်ပြောင်းမျိုးနွယ်စုရဲ့ အင်ပြည့်အားအပြည့်နဲ့ တိုက်ခိုက်တာကို ခံရမှာ မဟုတ်ဘူး... အများစု အာကာသဥမင်းအနီးမှာရှိတဲ့ နိုင်ငံတွေရဲ့ မဟာမိတ်တွေ လောက်ပဲ ရင်ဆိုင်ရလောက်တယ်... ဒါ့အပြင် ကျွန်တော်တို့ ကိုင်တွယ်နိုင်တဲ့ အတိုင်းအတာထက် အစွမ်းထက်တဲ့ ပြိုင်ဘက်ရှိနေရင်တောင် ကျွန်တော့်မှာ ဝှက်ဖဲတစ်ခုလည်း ရှိသေးတယ်”

ကျီဟန့်ဝူ မျက်ခုံးပင့်သွားသည်။

ကောင်းဖန်က ဒီလိုပြောပြီးကတည်းက ယုံကြည်ဖို့ ရွေးချယ်ထားလိုက်သည်။

"ကျွန်တော့်ရဲ့ သားရဲက နတ်ဘုရားအဆင့်ကို ရောက်နေပြီး “ ဟု ကောင်းဖန်က ပြောလိုက်သည်။

"ငါသိတယ်” ဒန်ဘီသည် နတ်ဘုရားအဆင့်သို့ ရောက်ပြီဖြစ်ကောင်း ကျီဟန့်ဝူသိသည်။

“ဒန်ဘီတင်မကဘူး... တခြားသူတွေလည်း အများကြီးရှိတယ်”

အခြားသူတွေ...အများကြီး...

“...”

ကျီဟန့်ဝူ အသက်ပြင်းပြင်းရှူလိုက်သည်။

သူသည် သူ့မြေးကို အကြာကြီး စိုက်ကြည့်နေမိသည်။ သူ့အမူအရာက စိတ်သက်သာရာရနေသည်။

"မင်းအမေသာ မင်းကိုတွေ့နိုင်ရင်... သူလည်း မင်းအတွက် ဂုဏ်ယူလိမ့်မယ်"

ကမ္ဘာမြေကြယ်ပေါ်၌ ဧရာမ ဗုဒ္ဓသည် ချင်းထျန်းကုန်းပြင်မြင့်ပေါ်တွင် လမ်းလျှောက်နေသည်။

ဧရာမဗုဒ္ဓသည် ခြေလှမ်းကျဲများ မလှမ်းပေ။ သူသည် မိန်းမပျိုတစ်ယောက်လမ်းလျောက်နေသကဲသို့ပင် လျှောက်နေသည်။

သူ့ဦးခေါင်းကို ရင်ဘတ်ထဲမှာ အဆက်မပြတ် မြှုပ်ထားပေမယ့် ဘယ်ညာ ရံဖန်ရံခါ ကြည့်လိုက်သည်။

"မင်းဘာလုပ်နေတာလဲ"

ဧရာမဗုဒ္ဓသည် ရပ်လိုက်သည်။

“အစိမ်းရောင်နဂါး.. မင်းလည်း ကျိုးကြောင်းဆီလျော်မှု ရှိရမယ်.. အဲဒီတုန်းက သူတို့ကို ရှာတွေ့တဲ့နေ့အထိပဲ ကာကွယ်ဖို့ သဘောတူခဲ့တယ်... အခု သူတို့ ဖော်ထုတ်ခံရပြီးပြီ... ငါလုပ်မယ်လို့ ကတိပေးထားပြီးသားမို့ ငါထွက်သွားရတော့မယ်"

ဧရာမဗုဒ္ဓသည် ပြတ်ပြတ်သားသား ပြောလိုက်သည်။

"ကောင်းပြီ... ဆက်လုပ်ပါ" ကောင်းကင်ကို သိမ်းပိုက်ထားသည့် အပြာရောင်နဂါးသည် သူ့ခန္ဓာကိုယ်ကို ဖြတ်သွားနိုင်လောက်သည့် လမ်းကြောင်းတစ်ခုဖြစ်အောင် ရွှေ့လိုက်သည်။

ဧရာမဗုဒ္ဓသည် အံ့ဩသွားသည်။ အပြာရောင်နဂါးသည် ဤကဲ့သို့ ရိုးရှင်းစွာ ဘေးဖယ်ပေးလိမ့်မည်ဟု သူ မမျှော်လင့်ထားပုံရသည်။

“သွား.. ဒီတစ်ခါ မင်းကို ငါတားမှာ မဟုတ်ဘူး” ဟု အပြာရောင်နဂါးက အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်။

ဧရာမဗုဒ္ဓသည် တခဏမျှ တုံ့ဆိုင်းသွားသည်။ ထို့နောက် သူသည် မတ်တပ်ရပ်ကာ ခါးကိုကိုင်းပြီး အာကာသ ဥမင်ထဲကို ဝင်သွားလိုက်သည်။

***

သားရဲလေ့ကျင့်သူ

အခန်း ၈၁၆ မင်းလောက် စက်ဆုပ်ဖွယ်ကောင်းတဲ့ နတ်ဘုရားမမြင်ဖူးဘူး

“ရပ်လိုက်.. ငါ မင်းနဲ့ မတိုက်တော့ဘူး” ထာဝရအမြဲစိမ်းငှက်သည် ဒေါသတကြီးဖြင့် ခေါင်းလှည့်ကာ အော်ရူးကို ပြင်းပြင်းထန်ထန် စိုက်ကြည့်လိုက်သည်။ “မင်းလောက် စက်ဆုပ်ဖွယ်ကောင်းတဲ့ နတ်ဘုရားကို ငါ တစ်ခါမှ မမြင်ဖူးဘူး”

အော်ရူးသည် သူ့လက်များကို ကီးဘုတ်မှ ဖယ်လိုက်ပြီး ၎င်းတို့ပေါ်တွင် ထိုင်လိုက်သည်။ ထို့နောက် အပြစ်ကင်းစွာ မော့ကြည့်လိုက်သည်။ “ဘာလဲ”

“မင်း အခု မင်းရဲ့ စွမ်းအင်ကို ထပ်အသုံးချပြန်ပြီမလား” ထာဝရအမြဲစိမ်းငှက်သည် ဒေါသထွက်နေသည်။

“ငါမလုပ်ပါဘူး” အော်ရူးက ခေါင်းခါလိုက်သည်။

“ဒါဆို ငါ့ဇာတ်ကောင်က ဘာလို့သေသွားတာလဲ”

“မင်းက လူသစ်လေးမို့လို့လေ” အော်ရူးက ဂုဏ်ယူစွာပြောလိုက်သည်။

ဒေါသကြောင့် ထာဝရအမြဲစိမ်းငှက် ပေါက်ကွဲတော့မတတ် ဖြစ်နေသည်။

“မင်း... မင်းရဲ့ ကြောက်စရာကောင်းတဲ့ စွမ်းအင်ကို နောက်တစ်ကြိမ် အသုံးချခွင့် မပေးနိုင်ဘူး”

“မင်းဘာကိုပြောနေတာလဲ”

ငါးမိနစ်ကြာပြီးနောက် ထာဝရအမြဲစိမ်းငှက်မှ ထိန်းချုပ်ထားသော ဇာတ်ကောင်သည် ပြန်လည်နိုးထသည့်နေရာမှ ကျော်ပြေးသွားသည်။ ဇာတ်ကောင်နှစ်ခုက မြို့ပြင်မှာ ပြန်ဆုံကြသည်။

အော်ရူး၏ မျက်လုံးများ တောက်ပလာသည်။ အလယ်ဗဟိုတွင် အော်ရူးနှင့်အတူ ထူးဆန်းသော အလင်းလှိုင်းတစ်ခု ပျံ့နှံ့သွားသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ခန်းမကြီးတစ်ခုလုံးသည် နယ်ပယ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။ ကွန်ပြူတာသည် နယ်ပယ်အပြင်ဘက်တွင်သာကျန်ခဲ့သည်။

ဤနယ်ပယ်အတွင်းရှိ အရာအားလုံး နှေးကွေးသွားသည်။ အချိန်က တော်တော်နှေးသွားပုံရသည်။

အော်ရူးသည် အမြန်နှုန်း လုံးဝ မထိခိုက်သော တစ်ဦးတည်းသော သူဖြစ်သည်။

ကလစ်-ကလစ်၊ ကလစ်-ကလစ်..

ကီးဘုတ်ကို အသုံးပြု၍ ရက်စက်ကြမ်းကြုတ်သော တိုက်ခိုက်မှုများ ဆက်တိုက် ဖြစ်ပွားနေသည်။

နယ်ပယ်ပျောက်ကွယ်သွားသောအခါ ထာဝရအမြဲစိမ်းငှက်၏ဖန်သားပြင်ပေါ်ရှိဇာတ်ကောင်ပုံသည် မီးခိုးရောင်စကေးပုံအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။

“… “

ငါသာ မင်းကိုနိုင်ရင် မင်းကိုအသေသတ်ပစ်မှာသေချာတယ် ကောင်လေး...

…

ချင်းထျန်းကုန်းပြင်မြင့်ရှိ အာကာသဥမင်လိုဏ်ခေါင်းသည် ရုတ်တရက် လင်းလက်လာပြီး အပြင်ဘက်မှ ရွှေရောင်တောက်ပသည့် ဧရာမဗုဒ္ဓသည် ဖောက်ထွင်းဝင်ရောက်လာသည်။

“ဘာလို့ပြန်လာတာလဲ” ကုန်းပြင်မြင့်ပေါ်မှ လေအနည်းငယ်တိုက်ခတ်လာသည်။ မြက်ပင်များသည် လေတိုက်ရာသို့ ရွေ့လျားသွားကာ နူးညံ့သိမ်မွေ့သော အသံသည် ကောင်းကင်၌ ပဲ့တင်ထပ်နေသည်။

“ဟမ်” ဧရာမဗုဒ္ဓ၏ ခန္ဓာကိုယ်သည် စုတ်ပြတ်သတ်သွားသည်။ သူ၏ ရင်ဘတ်၊ လက်များနှင့် ပခုံးများ အားလုံး တိုက်ခိုက်ခံလိုက်ရပြီး အက်ကွဲကြောင်းများသည် ပင့်ကူမျှင်ကဲ့သို့ အပြင်ဘက်သို့ ပျံ့နှံ့သွားသည်။

“ဒီအတွက် ငါ သေချာပေါက် လက်စားချေမှာပါ”

ဧရာမဗုဒ္ဓက ပြောလိုက်သည်။ သူသည် အဝေးသို့ မသွားနိုင်မီ အခက်အခဲများစွာဖြင့် တိုက်ခိုက်ခံရပြီးမှ လွတ်မြောက်သွားခဲ့သည်။

သူသည် သူ့ပြိုင်ဘက် ဘယ်သူဘယ်ဝါဆိုတာ ရှင်းရှင်းလင်းလင်း မမြင်နိုင်လိုက်ပေ။ ပုံရိပ်သည် သူ့မျက်လုံးများကို ဖြတ်သွားကာ နောက်အခိုက်အတန့်တွင် သူသည် လေထဲမှ လွင့်ပျံသွားသည်။

ဧရာမဗုဒ္ဓသည် ဘာမှ မလုပ်နိုင်လိုက်ပေ။ ခဏတာ ဒေါသအမျက်ထွက်ပြီးနောက် သူသည် ပြတ်ပြတ်သားသားလှည့်ကာ အခြားဘက်သို့ ပြေးသွားလိုက်သည်။

အစိမ်းရောင်အလင်းတန်းများသည် အာရုံဦးများကဲ့သို့ မြက်ခင်းပြင်မှ ထွက်ပေါ်လာသည်။ ထို့နောက် ကောင်းကင်တစ်ခုလုံးကို သိမ်းပိုက်ထားသည့် ဧရာမ အစိမ်းရောင် နဂါးကြီးအဖြစ် ကောင်းကင်မှာ ပေါင်းစည်းလိုက်သည်။

“ဒါက မင်း ငါတို့ရဲ့ တည်နေရာကို ဒီနေရာကို ထုတ်ဖော်ပြသရတဲ့ အကြောင်းရင်းပဲလား”

“မင်းထွက်တော့ ငါမင်းကို ထွက့်သွားခွင့်ပြုခဲ့တယ်... ဒါပေမယ့် မင်းက အန္တရာယ်ကြုံပြီးနောက်မှာ မင်းရဲ့ဆန္ဒအတိုင်း ဒီကနေထွက်ပြေးပြီး ထွက်ပေါက်ရဲ့ တည်နေရာအတိအကျကို ထုတ်ဖော်လိုက်တဲ့သူပဲ” အပြာရောင်နဂါး၏ အသံသည် အလွန်ကျယ်လောင်သည်။ “ဒါဆို ငါတို့ မင်းကို ကာကွယ်နိုင်မယ်လို့ မင်းမျှော်လင့်ထားတာလား”

ဧရာမဗုဒ္ဓသည် ဒေါသထွက်လာသည်။ “အစကတည်းက အပြင်ဘက်က ရန်သူတွေကို ဒီမှာရှိတဲ့ လူတွေက ဆွဲထုတ်တယ်လေ.. အဲဒါ ငါနဲ့ ဘာဆိုင်လို့လဲ.. ငါလည်း ခံရသူပဲ”

“မင်းပြောလိုက်ရင် အကောင်းပဲ.. မင်းက အရမ်းလျှာစောင်းထက်တယ်... ထွက်ပြေးတဲ့ ပညတ်ကို မသင်ခဲ့ရတာ တကယ်ကို သနားစရာကောင်းတယ်” ချင်းထျန်းကုန်းပြင်မြင့်၏ တစ်ဖက်ခြမ်းမှ ကင်းခြေများတစ်ကောင်ထွက်လာသည်။ ခရမ်းရောင်ကင်းခြေများ နဂါး၏ ဦးခေါင်းထိပ်မှ အသံထွက်လာသည်။

အတော်အတန် ငယ်ရွယ်နုပျိုသော ကင်းခြေများ နဂါး၏ ဦးခေါင်းထိပ်တွင် တစ်စုံတစ်ယောက်က ထိုင်နေသည်။ သူ့အကြည့်တွေက ရေခဲတွေလို အေးစက်နေသည်။

“အဲဒါမင်းပဲ” ကောင်းဖန်သည် မကြာသေးမီက ဟွမ်းတောင်တန်းသို့ ရောက်ဖူးသောကြောင့် ဗုဒ္ဓသည် ကောင်းဖန်ကို မှတ်မိသည်။

“မင်း ရိဖန်ကို နှစ်အတော်ကြာအောင် ကာကွယ်ပေးခဲ့တဲ့အချက်ကြောင့် မင်းကို ရွေးချယ်စရာနှစ်ခု ပေးမယ်.. ပထမရွေးချယ်မှုမှာ ဟွာရှားမျိုးနွယ်စုမှာပါဝင်ပြီး ဟွာရှားအတွက် အနစ်နာခံရမယ်... ဒုတိယရွေးချယ်မှုကတော့ မင်းကိုသတ်ပြီး မင်းရဲ့နတ််ဘုရားဖြစ်မှုကို တူးဖော်လိုက်မယ်” ကောင်းဖန်၏ အေးစက်နေသောအသံက သူ့ထံရောက်လာသည်။

ဗုဒ္ဓသည် နတ်ဘုရားပေါ်တွင်နေသည့် ကောင်းဖန်ကို လေးနက်စွာ စိုက်ကြည့်နေသည်။ သူသည် ယခင်ကတွေ့ခဲ့သည့် နတ်ဘုရားမဟုတ်ပေ။

ဗုဒ္ဓသည် အပြာရောင်နဂါးကိုကြည့်ရန် ဦးခေါင်းကို လှည့်လိုက်သည်။ “မင်းဘယ်တုန်းက လူတွေရဲ့လက်ပါးစေဖြစ်သွားတာလဲ”

“အကြီးအကဲ အပြာရောင်နဂါးက မင်းကို တိုက်ခိုက်မှာမဟုတ်ဘူး... ငါတစ်ယောက်တည်းနဲ့တောင် မင်းကိုသတ်ဖို့ လုံလောက်တယ်”

အပြာရောင်နဂါးသည် ကောင်းဖန်ကို အဓိပ္ပါယ်ရှိစွာ ကြည့်လိုက်သည် - အဓိကအားဖြင့် ကောင်းဖန်၏ အောက်ရှိ တာ့ဇီကို ဖြစ်သည်။

“စိတ်မပူပါနဲ့ ငါဘာမှမလုပ်ပါဘူး” ဟု အပြာရောင်နဂါးက ပြောလိုက်သည်။

အပြာရောင်နဂါးထံမှ ခိုင်လုံသောအဖြေကို ရရှိပြီးနောက် ဗုဒ္ဓသည် သက်ပြင်းကိုချလိုက်သည်။ သူသည် အခြေခံနတ်ဘုရားအဆင့်သို့ ဖြတ်သွားသည်မှာ မကြာသေးသော်လည်း ယုံကြည်စိတ်ချစွာ လှည့်ကြည့်လိုက်သည်။ “မင်းမှာ နောက်ထပ် နတ်ဘုရား အဆင့် သားရဲရှိတယ်ဆိုတာ ငါမှတ်မိတယ်... အဲဒါ မင်းရဲ့ အဆုံးစွန်သော ဝှက်ဖဲပဲ.. မင်းတို့နှစ်ယောက် ငါ့ကိုတိုက်ရင် ငါမင်းနဲ့မယှဉ်နိုင်ဘူးလို့ ထင်နေတာလား... ငါက အခြေခံအဆင့် နတ်ဘုရားရဲ့ အထွတ်အထိပ်အဆင့်ကိုရောက်နေပြီ.. မင်းရဲ့အောက်က တစ်ကောင်မကလို့ နောက်ထပ်အားနည်းတဲ့သူ ဆယ်ကောင်လောက်ကို ငါ အနိုင်ယူနိုင်တယ်...”

တာ့ဇီကဲ့သို့ စွမ်းအားကြီး ပြိုင်ဘက် ၁၀ ဦးကို အနိုင်ယူနိုင်သည်ဟု ဗုဒ္ဓကပြောလိုက်သည်ကို တာ့ဇီကြားသောအခါ သူ၏ မျက်လုံးအိမ်များကျုံ့သွားပြီး လျှပ်စီးကြောင်း အလွှာပါးသည် သူ့ခန္ဓာကိုယ် မျက်နှာပြင်အနှံ့ စီးဆင်းသွားသည်။

“ဒုတိယရွေးချယ်မှုကို ရွေးနေတယ်လို့ ပြောချင်တာလား”

ကောင်းဖန်က ပြုံးလိုက်သည်။

သူသတ်မယ်ဟု ပြောလိုက်တုန်းက ဒီနေ့သေချာပေါက်သတ်မည်ဟု ဆုံးဖြတ်ထားတာ ဖြစ်သည်။

ကောင်းဖန်သည် ချက်ချင်းပျောက်ကွယ်သွားပြီး သူ့အောက်ရှိ တာ့ဇီနှင့် ပေါင်းလိုက်သည်။

ကောင်းဖန်သည် တာ့ဇီနှင့် ပေါင်းစပ်လိုက်သည့်အခိုက်တွင် ရွှေရောင်အလင်းတန်းတစ်ခုက တာ့ဇီ၏ ဦးခေါင်းထိပ်ကို ကျော်ဖြတ်သွားသည်။ အအေးဓာတ်နှင့် လေပြင်းများသည် တာ့ဇီ၏လည်ပင်းရှိ ဆံပင်များကို တိုက်ခတ်သွားသည်။

တာ့ဇီသည် လျှပ်စီးတိုင်တစ်ခုကို ပြင်းပြင်းထန်ထန် ပစ်လိုက်သည်။

ဗုဒ္ဓသည် တိုက်ခတ်ခြင်းမှ ချက်ခြင်း ပျံထွက်သွားသည်။ သူ၏ခန္ဓာကိုယ်ကြီးသည် ၎င်း၏ မရေမတွက်နိုင်သော အပိုင်းများနှင့်အတူ မြေပေါ်မှာ မြှောက်ထားသည်။

ဗုဒ္ဓသည် မြေပြင်မှာ တွားသွားနေသည်။ “မင်းငါ့ကို မနာကျင်စေပါဘူး…” သို့သော် လျှပ်စီးလက်သွားများကြောင့် ဗုဒ္ဓ၏ ရင်ဘတ်ပေါ်ရှိ ဒဏ်ရာက ရုတ်တရက် ပွင့်ထွက်သွားသည်။ အက်ကွဲမှုက ပိုကြီးလာသည်။

“၉ ရာခိုင်နှုန်း သန်မာခြင်း စည်းမျဉ်း... မင်းက ရုပ်ပိုင်းဆိုင်ရာပျက်စီးမှုကို ထိရောက်စွာ ခုခံနိုင်ပေမဲ့ ဒြပ်စင်ဆိုင်ရာ ပျက်စီးမှုကိုတော့ ဘယ်လို ခံနိုင်ရည်ရှိနိုင်မှာလဲ” ကောင်းဖန်က လှောင်ပြောင်လိုက်သည်။

ကောင်းဖန်သည် အဆင့်တူ နတ်ဘုရားများကို တိုက်ခိုက်ရာတွင် မည်သူ့ကိုမျှ မကြောက်ခဲ့ပေ။

တာ့ဇီ၏ မိုးကြိုးစည်းမျဉ်းသည် ၄ ရာခိုင်နှုန်းအထိ ရနေပြီဖြစ်သည်။ ဗုဒ္ဓ၏ ရွှေရောင်အလင်းစည်းမျဥ်း ၉ ရာခိုင်နှုန်း၊ သန်မာ စည်းမျဉ်း ၉ ရာခိုင်နှုန်းတို့နှင့် နှိုင်းယှဉ်လျှင် အနည်းငယ် အရောင်ဖျော့သွားသော်လည်း မိုးကြိုးစည်းမျဉ်းသည် ရွှေရောင်အလင်းစည်းမျည်းထက် အဆင့်ပိုမြင့်သည်မှာ ငြင်းလို့မရနိုင်သော အချက်တစ်ခု ဖြစ်သည်။

ရွှေရောင်အလင်းစည်းမျဉ်းသည် အလင်းစည်းမျဉ်းများထဲမှ တစ်ခုသာဖြစ်သည်။ သန်မာခြင်းစည်းမျဥ်းသည်လည်း ထာဝရစည်းမျဉ်းများထဲမှတစ်ခုဖြစ်သည်။ သို့သော် မိုးကြိုးစည်းမျဉ်းသည် ဒြပ်စင်အရင်းအမြစ် စည်းမျဉ်း တစ်ခုဖြစ်သည်။

ဗုဒ္ဓသည် ထိတ်လန့်တုန်လှုပ်သွားသည်။ အခြားတစ်ဖက်သည် သူ့ စည်းမျဥ်းစည်းကမ်းများထက် မြင့်မားသော ထိန်းချုပ်နိုင်စွမ်း မရှိသည်မှာ သိသာထင်ရှားသော်လည်း သူ၏စွမ်းအားသည် အဘယ်ကြောင့် အလွန်ကြောက်စရာကောင်းသနည်း။

တာ့ဇီနှင့်အတူ ဖြစ်ပေါ်လာနိုင်သော ပျက်စီးမှုကို စမ်းသပ်ပြီးနောက် ကော်ငးဖန်သည် အချိန်ဖြုန်းမနေတော့ပေ။

အနတ္တအာကာသသည် ပုံပျက်ပန်းပျက်ဖြစ်နေသောကြောင့် နဂါးပုရွက်ဆိတ်ကို ဆင့်ခေါ်လိုကသည်။

ဗုဒ္ဓ၏နှလုံးသားသည် တုန်လှုပ်သွားသည်။ ဒါက သူတစ်ခါမှမမြင်ဖူးသော အခြားနတ်ဘုရားအသစ်ဖြစ်နေတာလား တွေးမိပြီး ထိတ်လန့်သွားသည်။

“နှစ်ထပ်ပေါင်းဆုံမှု”

နဂါးပုရွက်ဆိတ်သည် အဖြူရောင်အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး တာ့ဇီ၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်။

ပြောင်းလဲခြင်းတစ်ထောင်နတ်ဘုရားဖြစ်မှုသည် တာ့ဇီ၏ဝိညာဉ်ပင်လယ်တွင် ပေါ်လာသည်။ ပြောင်းလဲခြင်းတစ်ထောင် နတ်ဘုရားဖြစ်မှုသည် မိုးကြိုးနတ်ဘုရားဖြစ်မှုအဖြစ်သို့ ပြောင်းလဲသွားသည်။

မိုးကြိုးနတ်ဘုရားနှစ်ပါးသည် နတ်ဘုရာယဇ်ပလ္လင်ပေါ်တွင် ထွန်းတောက်နေသည်။ တာ့ဇီ၏မိုးကြိုးစည်းမျဉ်း ထိန်းချုပ်မှုသည် ၄ ရခိုင်နှုန်းမှ ၈ ရာခိုင်နှုန်းသို့ ခုန်တက်သွားသည်။

“မိုးကြိုးစည်းမျဉ်း..... ကောင်းကင်ပြစ်ဒဏ်”

အနက်ရောင် တိမ်တိုက်များက ကောင်းကင်ကို ဖုံးလွှမ်းသွားသည်။ မိုးခြိမ်းသံများနှင့် လျှပ်စီးများ လက်လာသည်။

ဒေါသတကြီးနှင့် မိုးခြိမ်းသံများက ကောင်းကင်၏ အမြင့်ဆုံးမှ ကျဆင်းလာသည်။

ဤမိုးခြိမ်းသံများသည် ဗုဒ္ဓ၏ ခန္ဓာကိုယ်မျက်နှာပြင်ကို ဖုံးလွှမ်းသွားသောအခါတွင် ချည်နှောင်ထားသော သံကြိုးများအဖြစ်သို့ ပြောင်းလဲသွားကြသည်။

ရွှေရောင်အလင်းတန်းများ တောက်ပစွာ ထွန်းလင်းတောက်ပပြီး မြေကြီးနှင့်ကောင်းကင်ကို လုံးဝရွှေရောင်ဆိုးထားသည်။

ကျယ်လောင်လှသော မိုးခြိမ်းသံများနှင့်အတူ ရွှေရောင်ဓားတစ်လက်သည် ကမ္ဘာကြီးတစ်ခုလုံးကို နှစ်ခြမ်းခွဲပစ်လိုက်သည်။

ဗုဒ္ဓသည် ခန္ဓာကိုယ် တုန်လုပ်နေပြီး နေရာတွင်ပင် အေးခဲသွားသည်။

ထို့နောက် လျင်မြန်စွာပင် အနက်ရောင်ချည်မျှင်သည် သူ့ခန္ဓာကိုယ်ကို အောက်ဘက်နဖူးမှ ထိုးဖောက်ဝင်ရောက်ကာ နှစ်ပိုင်းကွဲသွားသည်။

“ငါ... မင်း ငါ့ကို မလိုအပ်ဘူးလား... မင်းဘာလို့ သတ်လိုက်တာလဲ..”

ကျယ်လောင်သော အသံထွက်လာပြီး ဗုဒ္ဓသည် မြေပြင်ပေါ်သို့ ပြိုလဲကျသွားကာ အမှုန်အမွှားများအဖြစ် လွင့်စင်သွားသည်။

All Chapters