← Chapters

အခန်း (၈၁၇-၈၂၀)

Vol. 52 Ch. 817-820

အခန်း (၈၁၇-၈၂၀)

Vol. 52 Ch. 817-820

အခန်း ၈၁၇ သုံးနိုင်ငံမဟာမိတ်တပ်များ

“မင်းပြောသလို သူ့ကို မင်းသတ်လိုက်တာလား... အရမ်းပြတ်သားတယ်” အပြာရောင်နဂါးသည် မြေပြင်ပေါ်တွင် လဲလျောင်းနေသော ဗုဒ္ဓ၏ ရုပ်အလောင်းကို ကြည့်လိုက်သည်။

“ငါက သူ့ကို နှစ်သစ်မှာ အသက်ဆက်ရှင်ခွင့်ပေးရမှာလား” ကောင်းဖန်က တုံ့ပြန်လိုက်သည်။

“ဟားဟား” အပြာရောင်နဂါးက ကျယ်လောင်စွာ ရယ်မောလိုက်သည်။ “ဒါပေမယ့် မင်း သတိထားရမယ်... ထွက်ပေါက်ရဲ့ တည်နေရာကို ထုတ်ဖော်ပြီးသွားပြီ”

ကောင်းဖန်က ခေါင်းညိတ်လိုက်သည်။ ဗုဒ္ဓသည် သေးငယ်သော စွက်ဖက်မှုမျှသာဖြစ်သည်။ ပြင်ပကလူများကသာ လေးလေးနက်နက် စဉ်းစားရမည့်သူများဖြစ်သည်။

ဗုဒ္ဓ၏ ဦးခေါင်းနောက်ဘက်တွင် အပေါက်တစ်ခုကို ဖန်တီးလိုက်ပြီး အတွင်းမှ နတ်ဘုရားဖြစ်မှုကို တူးဖော်လိုက်သည်။

“လူမည်းကလေး... သူ့ခန္ဓာကိုယ်ကို မထိခိုက်စေဘဲ သူ့ခန္ဓာကိုယ်ထဲက စွမ်းအားတွေကို ထုတ်ယူနိုင်မလား”

လူမည်းကလေး စိတ်ရှုပ်သွားသည်။ ဒါက ဘယ်လို တောင်းဆိုမှုမျိုးလဲ..

သို့သော် သူက “ကျွန်တော် အကောင်းဆုံးကြိုးစားပါ့မယ်” ဟု ပြောလိုက်သည်။

နောက်ဆုံးတွင် ဗုဒ္ဓ၏ ခန္ဓာကိုယ်ရှိ စွမ်းအင်အားလုံးကို စုပ်ယူလိုကသည်။ ခန္ဓာအတွင်းရှိ နတ်ဘုရားစွမ်းအင်များ အပါအဝင်ဖြစ်သည်။

နောက်ဆုံးတော့

ကျောက်စရစ်ခဲလောက်တောင် မခိုင်မာတဲ့ သူ့အပြာရောင်ကိုယ်ထည်ပဲ ကျန်ခဲ့သည်။

ဟွမ်တောင်ပေါ်ရှိ အပျက်အစီးများကို နေရာချဖယ်ရှားရှင်းလင်းပြီးနောက် ဗုဒ္ဓ၏ ရုပ်အလောင်းအတွက် တောင်ပေါ်တွင် နေရာတစ်ခုကို ရှာဖွေလိုက်ကြသည်။

နောက်တစ်နေ့တွင် ဟွမ်တောင်အနီးရှိ မြို့သူမြို့သားများ နိုးလာသောအခါတွင် ရက်အနည်းငယ်ကြာ ပျောက်ကွယ်သွားသော ဗုဒ္ဓသည် ဟွမ်တောင်သို့ ရုတ်တရက် ပြန်ရောက်လာသည်ကို တွေ့ရှိလိုက်ရသည်။

သို့သော် ဗုဒ္ဓ၏ အရောင်သည် အရောင်မှိုင်းမှိုင်းသို့ ပြောင်းလဲသွားခဲ့သည်။

သူ့လက်တွေကို တွဲပြီး ဒူးပေါ်တင်ထားသည်။ ရှေ့တည့်တည့်ကို စိုက်ကြည့်ရင်း သူ့ခေါင်းက အောက်ကို အနည်းငယ် စောင်းနေသည်။ သူ၏မျက်ခုံးကြားတွင် အနီရောင် သင်းကျစ်တစ်လုံးရှိသည်။

လူပေါင်းများစွာက အားပေးခဲ့ကြသည်။ ရှေ့သို့ ချီတက်ကြပြီး ဗုဒ္ဓအား နံ့သာပေါင်းကို မီးရှို့၍ ရှိခိုးလိုက်ကြသည်။

…

နဝမမြောက်ကောင်းကင်ဘုံ။

“ကူညီမှုအတွက် ဘုရင်မင်းမြတ်ကို ကျေးဇူးအများကြီးတင်ပါတယ်” ရမ်ဆန်းသည် အေးစက်သော ချွေးများဖြင့် စိုရွှဲနေသည်။

အမှန်မှာ သူသည် ၎င်းတို့၏ အမည်မသိ ရန်သူများကို ရှာဖွေရန် သူ့လူများကို ဤနေရာသို့ အဆက်မပြတ် စေလွှတ်နေခဲ့ရသည်။

ဤအမည်မသိရန်သူသည် သူ့မိသားစုကို ဘေးဆိုးဖြစ်စေမည့် ကြီးမားသောဖြစ်နိုင်ခြေရှိကြောင်း အရှင်တိထံမှ သိရှိပြီးနောက် သူသည် ရှုပ်ထွေးသော အတွင်းစိတ်ခံစားမှုများ ဆက်တိုက်ဖြစ်ပေါ်ပြီးနောက်တွင်အမည်မသိရန်သူကို ရှာဖွေရန် ဆုံးဖြတ်လိုက်သည်။

သူ့လက်အောက်ငယ်သားများသည် ရမ်မျိုးနွယ်စု၏တည်နေရာကို ဖော်ထုတ်ပြီးသားလည်း ဖြစ်နိုင်သည်။

ရမ်ဆန်းသည် နတ်ဘုရားတပိုင်းအဆင့်ရှိ သတ္တဝါများကို စည်းရုံးပြီးနောက်‌တွင်တောင် အမည်မသိ ခြိမ်းခြောက်မှုကို ရှာမတွေ့သောကြောင့် အနည်းငယ် စိုးရိမ်နေမိသည်။

သူ၏ အစွမ်းထက်သော ဝိညာဉ်ဘုရင်သည် နတ်ဘုရားတစ်ပိုင်း၏ သားရဲဖြစ်သည်။ မူမမှန်မှု တစ်စုံတစ်ရာကို ရှာမတွေ့ရခြင်းက အကြီးမားဆုံးသော မူမမှန်မှုဖြစ်သည်။

သူသည် နတ်ဘုရားအဆင့် သတ္တဝါများ ရှိနိုင်သည်ဟု သံသယရှိသဖြင့် မင်းယုနိုင်ငံ နယ်မြေအတွင်း အမည်မသိ စွမ်းအားကြီးသော နတ်ဘုရားအဆင့် သတ္တဝါ ရှိနေကြောင်း မင်းယု နိုင်ငံသို့ သတင်းပို့ရန် ဆုံးဖြတ်ခဲ့သည်။

သို့သော် ဘုရင်မင်းမြတ် ရောက်ရှိလာချိန်တွင် နတ်ဘုရားအဆင့်၏ ထူးဆန်းသော ရွှေသတ္တဝါကြီးသည် အရှေ့တောင်တန်းများမှ ပေါ်လာသည်။

ကံကောင်းထောက်မစွာ ဘုရင်မင်းမြတ် ကိုယ်တိုင်ကိုယ်ကျ လှုပ်ရှားပြီး ထူးဆန်းတဲ့ သတ္တဝါကို ဒဏ်ရာရစေလိုက်သည်။

ရမ်ဆန်းသည် တိတ်တဆိတ် သက်ပြင်းချလိုက်သည်။ ကံကောင်းစွာပဲ သူအမြဲသတိရှိနေခဲ့သည်။

နောက်ဆုံးတော့ ထူးဆန်းတဲ့ သတ္တဝါကြီး သူတို့ရှေ့မှာ ပျောက်သွားသည်။ အာကသ ဒြပ်စင်လှိုင်းမရှိသောကြောင့် အာကာသ ဥမင်မှတဆင့် ဖြစ်နိုင်သည်။

မမျှော်လင့်ဘဲ တကယ်တော့ မင်ယုနိုင်ငံ နယ်နိမိတ်မှာ ဝှက်ထားသည် အာကသဥမင်တစ်ခု ရှိနေသည်ကို တွေ့လိုက်ရသည်။ ထို့အပြင် အတွင်း၌ နတ်ဘုရားအဆင့်ရှိ သက်ရှိသတ္တဝါများပင် ရှိသေးသည်။

ယုကျန်းမင်းသည် သူ့သားရဲကို သိမ်းဆည်းလိုက်ပြီး “ဒီတစ်ခါတော့ ကျွန်တော် ချစ်ရတဲ့ အရာရှိ ရမ်ဆန်း ကို ကျေးဇူးတင်ရမှာပေါ့.. အောက်မှာ ဒီလောက်ကြီးတဲ့ ငါးကြီးတစ်ကောင်ရှိတယ်ဆိုတာ ငါတောင်မသိထားဘူး” ဟု ပြောလိုက်သည်။

“အရှင်မင်းကြီးပြောတာ လုံးဝမှန်တယ်” ရမ်ဆန်းသည် သစ္စာရှိပုံပေါ်‌သည်။

ထိုလျှို့ဝှက်နယ်နိမိတ်တွင် ထိုနတ်ဘုရားတစ်ယောက်ထဲ ရှိသလား..သို့မဟုတ် နတ်ဘုရားများစွာရှိပါသလား..

လျှို့ဝှက်နယ်စပ်ထွက်ပေါက်တွင် ယုကျန်းမင်းသည် ချိုင့်ဝှမ်း၏ရှေ့ထွက်ပေါက်ကို စိုက်ကြည့်နေသည်။ အချိန်အတော်ကြာအောင် လေးလေးနက်နက် တွေးနေပေမယ့် နောက်ဆုံးမှာတော့ ဒေါသတကြီး ဝင်မသွားခဲ့ပေ။

“ဒီဒေသကို ပိတ်ဆို့ဖို့ လူတချို့ကို လွှတ်လိုက်တယ်... အထဲက တစ်ယောက်ယောက် ထွက်လာရင် ငါ့ကို အကြောင်းကြား”

ယုကျန်းမင်းသည် မင်းယုနိုင်ငံ၏ ဘုရင်ဖြစ်သဖြင့် ဤနေရာတွင် ၂၄ နာရီ စောင့်ကြပ်နေရန် မဖြစ်နိုင်ပေ။

“မင်းယုကောင်းကင်ဘုံသားရဲ ... အရင်ပြန်ကြရအောင်” ယုကျန်းမင်း လှည့်ထွက်သွားပြီး ဝင်ပေါက်ကို လှမ်းကြည့်လိုက်သည်။

ကမ္ဘာမြေကြယ်ရှိလူများသည် အသွင်ပြောင်းမျိုးနွယ်စုမှ ၎င်းတို့ကို ရှာဖွေတွေ့ရှိမည်ကို စိုးရိမ်ခဲ့ကြသည်။ အခြားတစ်ဖက်တွင်မူ အသွင်ပြောင်းလူများသည် အတွင်း၌ မသိနိုင်သောအန္တရာယ်များ ဖုံးကွယ်ထားသည်ကို မသိခဲ့ကြပေ။ အခုအချိန်မှာတော့ တစ်ဖက်က တစ်ဖက်ကို တိုက်ခိုက်ဖို့ ကောက်ရိုးတစ်စကို ကိုင်ထားပြီး နှစ်ဖက်စလုံးက ကြောက်လန့်နေကြခြင်း ဖြစ်သည်။

ရက်အနည်းငယ်ကြာအောင်စောင့်ပြီးနောက် ကောင်းဖန်သည် တိုက်ရိုက်ဝင်မလာကြောင်း သဘောပေါက်လာသည်။

ကျယ်ပြောလှသည့် ဒီဥမင်လိုဏ်ခေါင်းကို ကြည့်ရင်း ကောင်းဖန်သည် သူ့ခေါင်းကို ကုတ်လိုက်ပြီး နောက်ဆုံးမှာတော့ အပြင်သာ မထွက်ဖို့ ဆုံးဖြတ်လိုက်သည်။

ကောင်းဖန်သည် တစ်နည်းအားဖြင့် သူ့စခန်းသည် မှောင်ရိပ်ထဲတွင် တည်ရှိနေသည်ကို ရုတ်တရက် သဘောပေါက်လာသည်။

သူတို့ဘက်တွင် အသွင်ပြောင်းလူများနှင့် ပတ်သက်သည့် သတင်းတွေရှိပေမယ့် အသွင်းပြောင်းလူတွေကတော့ သူတို့ဘက်မှာ ဘာတွေဖြစ်နေတယ်ဆိုတာ လုံးဝမသိကြပေ။

အသွင်ပြောင်းလူများသည် တိုက်ရိုက်မဆွေးနွေးကြသောကြောင့် ၎င်းတို့တွင် စိုးရိမ်မှုများရှိနေဆဲဟု ဆိုလိုခြင်းဖြစ်သည်။ သူတို့လည်း ကြောက်နေကြသည်ပင်။

သူသည် ဂိုဒီ၊ တာ့ဇီနှင့် ကျန်လူများကို စည်းမျဉ်းများနားလည်ရန် စေလွှတ်လိုက်သည်။

စစ်မဖြစ်မီတွင် ၎င်းတို့၏ စွမ်းရည်များ တိုးတက်မှုကိုသာ အာရုံထားလိုက်သည်။

ကောင်းဖန်သည် ဗုဒ္ဓထံမှ ယူလာခဲ့သည့် နတ်ဘုရားဖြစ်မှု နှစ်ခုကို နဂါးပုရွက်ဆိတ်ကို နားလည်စေရန် ပေးအပ်လိုက်သည်။ မကြာမီပင် နဂါးပုရွက်ဆိတ်သည် နတ်ဘုရားဖြစ်မှုနှစ်ခုကို ဗုဒ္ဓ ချုပ်ကိုင်ထားသကဲ့သို့ အထွတ်အထိပ်အထိ တူညီသော အတိုင်းအတာအထိ ခွဲခြမ်းစိပ်ဖြာနိုင်လာသည်။

ပြောင်းလဲခြင်းပညတ်ကို သုံးစွဲလာသည်နှင့်အမျှ နဂါးပုရွက်ဆိတ်သည် ဖြစ်စဉ်အတွင်း အလေအလွင့်အချို့ကို တွေ့ကြုံခဲ့ရသော်လည်း ဗုဒ္ဓနှင့်တော့ မနှိုင်းယှဉ်နိုင်ပေ။

ထို့အပြင် နဂါးပုရွက်ဆိတ်သည် ပညတ်ကို နားလည်ရန် မိမိဘာသာ ကြိုးစားတာ သို့မဟုတ် သန်မာခြင်း စည်းမျဥ်းနှင့် ရွှေအလင်းရောင် စည်းမျဉ်းထက် သာလွန်သော အဆင့်ရှိသည့် နတ်ဘုရားကို မတွေ့ရှိပါက ထိုပညတ်မျိုးကို နားလည်မှုက လက်ရှိ အဆင့် ၉ ရာခိုင်နှုန်းမှာ အမြဲတမ်း ပိတ်နေမှာဖြစ်သည်။

နဂါးပုရွက်ဆိတ်၏ ပြောင်းလဲခြင်းတစ်ထောင်နတ်ဘုရားဖြစ်မှုသည် သူ့အား အဆက်မပြတ် ပြောင်းလဲရန် ပျော့ပြောင်းမှုကို ပေးစွမ်းနိုင်သော်လည်း ၎င်းသည် တိုးတက်ရန် ပိုမိုခက်ခဲသည်။

ဆယ့်သုံးရက်ကြာပြီးနောက် အာကာသ ဥမင်မှ သတင်းထွက်လာသည်။ ပြင်ပမှ အသွင်ပြောင်း လူများသည် ၎င်းတို့၏ ရည်ရွယ်ချက်ကို ညွှန်ပြသည့် စာတစ်စောင် ပေးပို့ရန် သားရဲတစ်ကောင်ကို ပို့လိုက်သည်။ လျှို့ဝှက်နယ်စပ်ရှိ တပ်ဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည်ဟု မျှော်လင့်ကြသည်ဟု ဆိုသည်။ သူတို့သည် သားရဲများ ချစ်ကြည်ရေးပွဲများတွင် ပါဝင်ရန်လည်း မျှော်လင့်ထားသည်။ ပွဲရလဒ် မည်သို့ပင်ရှိစေကာမူ လျှို့ဝှက်နယ်စပ်အနီးရှိ နယ်မြေအားလုံးကို လျှို့ဝှက်နယ်စပ်ရှိ တပ်ဖွဲ့များထံ ပေးအပ်မည်ဖြစ်သည်။

ပုံမှန်အားဖြင့် ပူးပေါင်းဆောင်ရွက်မှုသည် မေးခွန်းထုတ်စရာမဟုတ်သည်မှာ သေချာသည်။ ကောင်းဖန်က ပူးပေါင်းဆောင်ရွက်လိုလျှင်ပင် လျှို့ဝှက်နယ်စပ်အတွင်းမှ လူများသည် လူသားများဖြစ်ကြောင်း အသွင်ပြောင်းလူများ သိရှိပြီးသည်နှင့် ၎င်းတို့သည် ယခင်ရရှိထားသည့် သဘောတူညီချက်များအားလုံးကို ပျက်ပြယ်စေခြင်းအပါအဝင် ပူးပေါင်းဆောင်ရွက်မှုကို ရပ်ဆိုင်းလိုက်မည်ဖြစ်သည်။

“ပူးပေါင်းဆောင်ရွက်မှုကို ငြင်းဆန်လိုက်ပါ” ဤသည်မှာ ကောင်းဖန်၏အမြင်ဖြစ်သည်။

“ဒါပေမယ့် သားရဲများကြားက ချစ်ကြည်ရေးပွဲအတွက် သူတို့ရဲ့ အဆိုပြုချက်ကိုတော့ ကျွန်တော်တို့ လက်ခံနိုင်ပါတယ်” ဟု ကောင်းဖန်က ပြောလိုက်သည်။

ယုဟွမ်းမင်းက “ဒါက လျှိုဝှက်အစီအစဥ်တစ်ခု ဖြစ်ကောင်း ဖြစ်နိုင်တယ်”

ဟု ပြောလိုက်သည်။

“ဟုတ်ပါတယ် တစ်ခုခုလွဲချော်နေတာ သိပါတယ်” ကောင်းဖန်က အေးဆေးစွာပြောလိုက်သည်။ “ဒါပေမယ့် ငြင်းဖို့ ဘာအချက်နဲ့ ငြင်းရမလဲ”

“…”

“ကျနော်တို့က ဒါကို ငြင်းပယ်ရင်တောင် သူတို့က ကျနော်တို့ရဲ့ လုပ်ငန်းဆောင်ရွက်မှုရဲ့ အဝင်အထွက်ကို စမ်းသပ်ဖို့ နည်းလမ်းတွေ စဉ်းစားကြလိမ့်မယ်... ဉာဏ်ပညာနဲ့ ရဲစွမ်းသတ္တိရှိတဲ့ တိုက်ပွဲမှာ ကျွန်တော်တို့ရဲ့ ကြိုးစားအားထုတ်မှုတွေကို အလဟသ ဖြုန်းတီးမယ့်အစား ကတ်ပြားတွေကို စားပွဲပေါ်တင်ပြီး ကစားကြည့်ရမယ်လေ” ဟုကောင်းဖန်က ပြောလိုက်သည်။ “တစ်ချိန်တည်းမှာပဲ… မျိုးဆက်သစ်လူငယ်တွေနဲ့ အဆင့်တူ လူတွေကြားက ကွာခြားချက်က ဘယ်လောက်ကြီးမားလဲဆိုတာကိုလည်း ကျွန်တော်တို့ မြင်တွေ့နိုင်တယ်”

ကောင်းဖန်သည် အသက်သုံးဆယ်သာရှိသေးသည်။ ပုံပန်းသဏ္ဍာန်အရ ကြည့်ရသည်မှာတော့ အသက် ၂၄ နှစ် ၂၅ နှစ်ခန့်သာ ရှိသေးသည်။ မျိုးဆက်သစ်ဆိုသော စကားလုံးများသည် သူ့ပါးစပ်မှ အနည်းငယ် မလိုက်ဖက်စွာ ထူးဆန်းစွာ ထွက်ပေါ်လာသည်။

အထက်လူကြီးများက ခေါင်းငုံ့ကာ နူးညံ့သောအသံဖြင့် ဆွေးနွေးလိုက်ကြသည်။ အဆုံးတွင် ကောင်းဖန် ၏ဆုံးဖြတ်ချက်ကို သူတို့လက်ခံလိုက်ကြသည်။

၎င်းတို့သည် အသွင်းပြောင်းလူများနှင့် ပေါင်းဆောင်ရွက်ရန် ငြင်းဆိုသော်လည်း သားရဲများကြားတွင် ချစ်ကြည်ရေးပွဲအတွက် အဆိုပြုချက်ကိုတော့ လက်ခံလိုက်သည်။

အစပိုင်းတွင် အသွင်ပြောင်းလူများသည် ချစ်ကြည်ရေးပွဲ သုံးပွဲကျင်းပရန် စီစဉ်ထားသည်။ အဆင့်တစ်ဆင့်ဆီအတွက် သူတော်စင်အဆင့်၊ နတ်ဘုရားတစ်ပိုင်းအဆင့်နှင့် နတ်ဘုရား အဆင့်တို့ ဖြစ်သည်။ ၎င်းတို့၏ ရည်ရွယ်ချက်မှာ တူညီသော အဆင့်အတွင်း တိုက်ပွဲတစ်ခုစီတွင် တစ်ဖက်ကို အကြမ်းဖျင်း အနိုင်ယူပြီးနောက် တိုက်ပွဲများကို အဆုံးသတ်ရန် ဖြစ်သည်။

ဒါပေမယ့် ကောင်းဖန်က ဒီအဆင့်သုံးဆင့်က လူသားတွေအတွက် အရမ်းမြင့်တယ်လို့ ခံစားရသည်။ ကမ္ဘာမြေကြယ်တွင် သူတော်စင်အဆင့် သားရဲလေ့ကျင့်သူများ ရှိသော်လည်း ၎င်းတို့မှာ အနည်းငယ်သာရှိသည်။

ထို့အပြင် နတ်ဘုရားတစ်ပိုင်းအဆင့် သားရဲလေ့ကျင့်သူများ အားလုံးသည် မျိုးနွယ်စုများဖြစ်သည်။ ကမ္ဘာမြေကြယ်တွင် နတ်ဘုရားအဆင့် သားရဲ လေ့ကျင့်သူတစ်ယောက်မျှ မရှိပေ။

ကောင်းဖန်သည် တစ်ဦးတည်းသော နတ်ဘုရားအဆင့် သားရဲလေ့ကျင့်သူ ဖြစ်သောကြောင့် သူသည် ကွင်းပြင်ကို သိမ်းပိုက်နိုင်သည့် လူသားများထဲတွင် တစ်ဦးတည်းသော သူဖြစ်သည်။

ရလဒ်အနေဖြင့် ကောင်းဖန်၏တောင်းဆိုချက်အရ ၎င်းတို့သည် သားရဲလေ့ကျင့်သူများကြားတွင် ဧကရာဇ်အဆင့်နှင့် အရှင်သခင်အဆင့်တို့ပါ ပါဝင်ရန် ချစ်ကြည်ရေးပွဲများကျင်းပမည့် အတန်းများကို တိုးချဲ့လိုက်ရသည်။

***

သားရဲလေ့ကျင့်သူ

အခန်း ၈၁၈ လီထျန်ချုံပြန်လာခြင်း

သူတော်စင်အဆင့် သားရဲလေ့ကျင့်သူသည် လက်တစ်ဆုပ်စာမျှသာ ရှိပြီး အရှင်သခင်အဆင့် လေ့ကျင့်သူကလည်း အများအပြား မရှိပေ။ ဧကရာဇ်အဆင့်သည်သာ ပြိုင်ဆိုင်မှုအရှိဆုံးအဆင့် ဖြစ်လာသည်။

လူအချို့သည် အသွင်ပြောင်း မျိုးနွယ်စု၏ ခွန်အားကို မြင်ချင်ကြပြီး အချို့ကတော့ ၎င်းတို့၏ ခွန်အားကို ပြသလိုကြသည်။

ဟွာရှားမျိုးနွယ်စုမှ စာရင်းသွင်းထားသော ဧကရာဇ် လေ့ကျင့်ရေးဆရာ တစ်ရာထက်မနည်းရှိသည်ဟု ဆိုသည်။

“မင်းတို့အားလုံး တိုက်ခိုက်ခွင့် ရမှာပါ.. လိုအပ်တဲ့ အစီအစဉ်တွေ ငါလုပ်မယ်” ကောင်းဖန်က ဆိုဖာပေါ်ထိုင်ပြီး သူ့ရှေ့မှာ ရပ်နေတဲ့ လူနှစ်ယောက်ကို ကြည့်လိုက်သည်။

“ငါ မင်းကို အရှက်ရအောင်မလုပ်ပါဘူး” လီကျွမ်းကျုံးသည် လက်သီးများကို ဆုပ်ထားသည်။

“ကောင်းပြီ.. ဒီတစ်ကြိမ်တော့ တောင်ပိုင်းကောင်းကင် အဖွဲ့အစည်းအောက်ကနေ မင်းပါဝင်ရမှာပါ... အနိုင်ရဖို့ အခွင့်အလမ်း တိုးလာဖို့အတွက် မင်းတို့နှစ်ယောက်လုံးကို လက်ဆောင်သေးသေးလေး ပေးလိုက်မယ်” ကောင်းဖန်သည် လက်ကိုချိုးလိုက်ပြီး သူ့နောက် မှန်တံခါးကို ဖွင့်လိုက်သည်။ သားရဲနှစ်ကောင်သည် မူလအနေအထားမှာ စိုးရိမ်တကြီး ရပ်နေလိုက်သည်။

ရံဖန်ရံခါ သူတို့သည် ကောင်းဖန်ကို ကြောက်လန့်တကြား ကြည့်လိုက်ကြသည်။

လီကျွမ်းကျုံးနှင့် ချမ်းချင်းမင်းတို့သည် ကြောက်စရာကောင်းသော သားရဲနှစ်ကောင်၏ စိုက်ကြည့်ခြင်းကို ခံရသကဲ့သို့ ဤသားရဲ နှစ်ကောင်မှ ထွက်လာသည့် ထိတ်လန့်မှုကို ခံစားနိုင်သည်။

“ဒါက ငါ့ရဲ့ သားရဲမျိုးရိုးအသစ်ပဲ... အိပ်မက်ဆိုးစားတဲ့ အကောင်ကြီး နဲ့ ဝိညာဉ်ခြောက်ခုသော့ခတ်ထားတဲ့ အလောင်းကောင်” ဒီသားရဲနှစ်ကောင်က ဓာတ်ခွဲခန်းမှာ မွေးမြူထားတဲ့ သားရဲ သစ်တွေဖြစ်သည်။

နှစ်ကောင်စလုံးသည် ဒဏ္ဍာရီအဆင့်ဖြစ်ပြီး ဘုရင်နှင့် အရှင်သခင်အဆင့် အသီးသီးရှိကြသည်။

“ဒီသားရဲနှစ်ကောင်နဲ့ စာချုပ်ချုပ်လိုက်.. အချိန်ကျရင်သာ ငါ့ကို အရှက်မခွဲနဲ့”

“စိတ်ချပါ.. ငါ ဒီတာဝန်ကို သေချာပေါက် ပြီးအောင်လုပ်မယ်” လီကျွမ်းကျုံးသည် ခြေနှစ်ဖက်ဖြင့် ရပ်ကာ ရင်ဘတ်ကို မြှောက်လိုက်သည်။

“ကောင်းပြီ... အကောင်းဆုံးပါပဲ” ကောင်းဖန်က အားပေးလိုက်သည်။

လီကျွမ်းကျုံးနှင့် ချမ်းချင်းမင်းတို့၏ ကျောခိုင်းထွက်ခွာသွားခြင်းကို ကြည့်လိုက်ပြီး ကောင်းဖန် အတွေးများနေသည်။

…..

ဘယ်သူက ဒီသတင်းပေါက်ကြားစေလဲဆိုတာ မသိရပေမယ့် ဟွာရှားမျိုးနွယ်စုတစ်ခုလုံးက အသွင်ပြောင်းလူတွေအကြောင်း ပြောနေကြသည်။

ကောင်းဖန်က ဒါကို ကြိုသိထားပြီးသားဖြစ်သည်။ ဒီအကြောင်းကို လူတော်တော်များများ သိခဲ့ကြပြီး လူတော်တော်များများ သိထားသမျှ အရာအားလုံးကို လျှို့ဝှက်ထားတော့မှာ မဟုတ်ပေ။

“ဟေ့.. ငါတို့က အသွင်ပြောင်းမျိုးနွယ်စုကို တိုက်မယ်လို့ မင်း ကြားသေးလား” အရက်ဆိုင်၏ စားပွဲပေါ်တွင် ဝိုင်ပုလင်းများ ရှိနေပြီး စားပွဲရှိလူများသည် ပုလင်းအနည်းငယ်သောက်ပြီးနောက် ပိုမိုရင်းနှီးလာကြသည်။

စားပွဲဝိုင်းမှ လူတစ်ယောက်က ဝိုင်ပုလင်းကို ပွတ်ဆွဲကာ ထိုင်ချလိုက်သည်။ “ငါ့ရဲ့ ဒုတိယဦးလေးအိမ်က ကျောင်းသား တစ်ယောက်က အခု ဧကရာဇ်အဆင့် သားရဲလေ့ကျင့်သူ ဖြစ်နေတယ်... ဧကရာဇ်အဆင့် သားရဲလေ့ကျင့်သူဆိုတာကို သိလား...”

စားပွဲတစ်ဝိုင်းတည်းရှိ လူများသည် ဤလူကို မရှိသလို သဘောထားလိုက်ကြသည်။

“ထိပ်တန်းကလူတွေက အခု ကစားသမားတွေကို ရွေးနေကြတယ်.. ထိပ်တန်းကစားသမားတွေအားလုံးက လူသားမျိုးနွယ်ကို ကိုယ်စားပြုဖို့ အခွင့်အရေးအတွက် ပြိုင်ဆိုင်နေကြတယ်”

“ထိပ်တန်းကစားသမားတွေက ဘယ်သူတွေလဲ”

“သိသာပါတယ်... အထက်က သူတော်စင်အဆင့်တွေကိုဆို ပြောဖို့တောင် မလိုဘူး... စုစုပေါင်း နည်းနည်းလေးပဲရှိတယ်.. ဒီကိစ္စနဲ့ ပတ်သက်လို့ မျိုးနွယ်စုတွေမှာ အခွင့်အလမ်းပိုများတယ်လို့ ကျွန်တော်ထင်တယ်”

…

“အသူရာ.. ငါတို့ပြန်လာပြီ” အနက်ရောင်မြူခိုးကမ္ဘာ နေရာတွင် အက်ကွဲကြောင်းတစ်ခု ပွင့်လာပြီး အညိုရောင်မျက်လုံးနှင့် မုတ်ဆိတ်မွေးနှင့်လူသည် ပတ်ပတ်လည်ကို လှမ်းကြည့်လိုက်သည်။

“မျှော်လင့်ခြင်းမြို့တော်က ဟိုမှာရောက်နေပြီ... ငါတို့ ဒီအခွင့်အရေးကို လက်လွတ်မခံသင့်ဘူး”

“မင်းတို့ အချင်းချင်း လေ့ကျင့်ပြီးပြီ... မင်းက ဒီတခေါက်အတွက် သင့်တော်တဲ့ ကိုယ်စားလှယ်လောင်းဆိုတာ ငါယုံကြည်တယ်…”

“ခဏစောင့်ပါဦး”

ကောင်းကင်အနားမှာ အနက်ရောက်အစက်တစ်ခုက အမြန်ရောက်လာသည်။

မြေပြင်သည် တုန်ခါ၍ မြေပြင်ပေါ်သို့ ဆက်တိုက်ကျသွားသည်။

အဖြူရောင်မီးတောက်များသည် ခန္ဓာကိုယ်ကို ဝန်းရံထားပြီး မြွေအမြီးနှင့် လူ့ခန္ဓာကိုယ်တွင် လက်လေးချောင်းပါရှိပြီး အနီရောင် မျက်လုံးအိမ်များသည် သွေးဆာနေသော ဒေါသနှင့် ပြည့်နေသည်။

“ဟွာလန်း” တစ်စုံတစ်ယောက်သည် ဟွာလန်း၏ သားရဲ အမှောင် အသူရာကို မှတ်မိလိုက်သည်။

ဒါပေမယ့် ဟွာလန်းက.. သူ ဘယ်လိုလုပ် ဒီမှာ ပေါ်လာတာလဲ....

ဟွာလန်း... ကောင်းဖန်သည် သူ့အထောက်အထားအကြောင်း အနည်းငယ် သတိရမိသည်။ တစ်ချိန်တုန်းက ရှန်ဟိုင်းမီဒီယာက ကမ္ဘာကြယ်ပွင့်ဟွာလန်းက အရှေ့ကမ္ဘာကြယ်မှာ တန်ခိုးအကြီးဆုံးလူသားလို့ အခိုင်အမာဆိုခဲ့သည်။

သို့သော် သူ၏ဖရဲသီးပုံဆံပင်ကို စစ်တပ်ကေနှင့်အစားထိုးထားပြီး မျက်မှန်ကို ဖယ်ရှားခဲ့ပြီးနောက် ယခုအခါတွင် နှုတ်ခမ်းမွေးတစ်ခုနှင့် အစားထိုးထားသည်။ အခု သူက ပိုရင့်ကျက်လာပုံရသည်။

“ဟယ်လို” ဟွာလနက နိုင်ငံခြားအသံထွက် ဟွာရှားလေယူလေသိမ်းဖြင့် ပြောလိုက်သည်။

“ကျွန်တော်တို့ရဲ့ ကမ္ဘာကို ကိုယ်စားပြုပြီး စစ်ပွဲမှာ ပါဝင်ဖို့ မျှော်လင့်ပါတယ်... ကျွန်တော့်ရဲ့ စွမ်းအင်နဲ့ ပံ့ပိုးပေးချင်ပါတယ်” ဟု ဟွာလန်းက ကောင်းဖန်ကို လေးစားစွာ ပြောလိုက်သည်။

အစက လူတချို့က သူ့ကို ကောင်းဖန်နဲ့ ခိုင်းနှိုင်းလေ့ရှိပေမယ့် အခုအချိန်မှာတော့ ကောင်းဖန်ကို သူ့ရဲ့ပြိုင်ဘက်အဖြစ် မမှတ်ယူတော့ဘဲ အမီလိုက်နိုင်ဖို့ ကြိုးစားသင့်တဲ့ ပစ်မှတ်တစ်ခုသာ သတ်မှတ်ထားသည်။

သူသည် ကမ္ဘာမြေကြယ်မှ ထွက်ခွာသွားပြီဖြစ်သော်လည်း ယင်ယန်ခရိုင်ရှိ သူငယ်ချင်းအချို့နှင့် အဆက်အသွယ်မပြတ်သေးပေ။ ဤတိုက်ပွဲနှင့် ပြိုင်ဖက်ခွဲတမ်းအတွက်ပင်လျှင် သူ့သူငယ်ချင်းထံ ဆက်သွယ်ပြီး ထိုအကြောင်းကို ပြောပြခဲ့သည်။

ကောင်းဖန်နှင့် ဟွာလန်း၏နောက်တွင်ရပ်နေသော အမှောင်အသူရာကိုကြည့်လိုက်သည်။ အမှောင်အသူရာကို မမြင်ရသည့် လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း ၎င်းသည် အရှင်သခင်အဆင့်အထိ တိုးတက်လာခဲ့သည်။ ၎င်းကို အမှောင် အသူရာဟု ဆက်လက်ခေါ်ဆိုရန် မသင့်လျော်တော့ပေ။

[သားရဲ အမည်] - တရားသူကြီး အသူရာ

[သားရဲ အဆင့်] - အဆင့် ၇၇ (အရှင်သခင်အဆင့်)

[သားရဲ စွမ်းရည်ဆင့်] - ဒဏ္ဍာရီအဆင့်

[သားရဲ အမျိုးအစား] - အမှောင်အမျိုးအစား

[သားရဲ စွမ်းအင်] - အမှောင်စွမ်းအင် အဆင့် ၇၊ မြှင့်တင်ထားသော စွမ်းအား အဆင့် ၅၊ မြှင့်တင်ထားသော တွေးခေါ်မှု လုပ်ငန်းစဉ် အဆင့် ၅၊ မြှင့်တင်ထားသော မျိုးဆက်သစ် အဆင့် ၆

[အထူးဝိသေသလက္ခဏာများ] - အမှောင်ကြယ်တံခွန် (စိတ်၏အတွင်းပိုင်း၌ စိမ့်ဝင်နေသော ထူးဆန်းသော သလင်းကျောက် နျူကလိယက်တစ်ခုတွင် ထူးခြားသောစွမ်းအားတစ်ခုပါရှိသည်။

)

အကျိုးသက်ရောက်မှု ၁ - အသူရာ၏စိတ်တွင် အမှောင်ကြယ်တံခွန်ရှိသောအခါ ၎င်းသည် အသူရာ၏ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုကို အလျင်အမြန်တိုးတက်စေပြီး ၎င်း၏အမှောင်စွမ်းအားများကို ထိန်းချုပ်နိုင်စွမ်းကို တိုးမြင့်စေသည်။

စီရင်ခြင်းနတ်ဆိုးမီးလျှံ (တရားစီရင်ခြင်းစွမ်းအားဖြင့် ကြောက်မက်ဖွယ်ကောင်းသော မှော်မီးတောက်ဖြစ်သည်။ ၎င်းတွင် မြင့်မားသော ပျက်စီးဆုံးရှုံးမှုစွမ်းအားရှိသည်။)

အကျိုးသက်ရောက်မှု ၁ - စီရင်ခြင်းမီးလျှံကြောင့် လောင်ကျွမ်းနေသော ရန်သူများသည် ဆက်လက်ပျက်စီးနေမည်ဖြစ်ပြီး မီးတောက်သည် သာမန်ရေဖြင့် မငြိမ်းသတ်နိုင်ဘဲ ဝိညာဉ်ကိုလည်း တိုက်ခိုက်နိုင်စွမ်းရှိသည်။

အကျိုးသက်ရောက်မှု ၂ - အသက်သွင်းပြီးနောက် စီရင်ခြင်း နတ်ဆိုးမီးလျှံများကို အနက်ရောင်မီးတောက်ပုံစံသို့ လုံးဝ ပြောင်းသွားနိုင်သည်။ အနက်ရောင်မီးလျှံသည် ရန်သူ၏ ချပ်ဝတ်တန်ဆာကို တိုက်စားနိုင်ပြီး လောင်ကျွမ်းနိုင်စွမ်းရှိသည်။

[သားရဲ ဖော်ပြချက်] - အသူရာမျိုးနွယ်၊ သွေးပင်လယ်ထဲတွင် နေထိုင်သော အသူရာမျိုးနွယ်စုမှ ထိပ်တန်းအနွယ်ဖြစ်သည်။

“ကောင်းပြီ မင်းဘယ်သူ့ကို စိန်ခေါ်ချင်လဲ”

အဆင့်တစ်ခုစီတွင် နေရာသုံးနေရာရှိသည်။

လက်ရှိ သုံးယောက်ကတော့ လီကျွမ်းကျုံး၊ ပိုင်မင်းရှန်း နှင့် ပျံးထိဥ်ရှောင်ယဲ တို့ဖြစ်သည်။

ဟွာလန်း၏အကြည့်သည် သူတို့သုံးယောက်ကို လှည့်ပတ်သွားကာ နောက်ဆုံးတွင် သူသည် ပျံးထိဉ်ရှောင်ယဲပေါ်တွင် ထားလိုက်သည်။

“ကျေးဇူးပြုပြီး... သူပ်”

ပျံးထိဉ်ရှောင်ယဲသည် ကပ်‌ဆိုးအပြီးတွင် ပေါ်ထွက်လာသော လူသစ်တစ်ဦးဖြစ်သည်။

ဘေးအန္တရာယ်အပြီးတွင် နီယွန်မျိုးနွယ်စုကို ကိုယ်တိုင်ကိုယ်ကျ ဦးဆောင်ခဲ့ပြီး သူ့ သားရဲမှာ ခရင်းရှစ်ခွအဝါရောင် မြွေရှစ်ကောင်ဖြစ်သည်။

ပျံးထိဉ်ရှောင်ယဲသည် တောင့်တင်းသွားသည်။ စိန်ခေါ်ခံရခြင်းအတွက်တော့ သူစိတ်မဆိုးပေ။ ဦးညွှတ်လိုက်ပြီး “မင်းရဲ့ရွေးချယ်မှုကို ကြိုဆိုပါတယ်” ဟု ပြောလိုက်သည်။

ခရင်းရှစ်ခွ အဝါရောင်မြွေ ရှစ်ကောင်သည် ကောင်းကင်ဆီသို့ တွန့်လိမ်သွားကာ ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးကို မြေကြီးရောင် အလင်းတန်းများက ဝန်းရံထားသည်။

လူအုပ်ကြီးက နောက်ပြန်ဆုတ်ပြီး တိုက်ပွဲအတွက် နေရာပေးလိုက်သည်။

ပြင်းထန်သောတိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားပြီးနောက် မိနစ်နှစ်ဆယ်အကြာတွင် ခရင်းရှစ်ခွအဝါရောင်မြွေ ရှစ်ကောင်သည် မြေပြင်ပေါ်သို့ လဲကျကာ တိုက်ခိုက်နိုင်စွမ်း ဆုံးရှုံးသွားသည်။

***

သားရဲလေ့ကျင့်သူ

အခန်း ၈၁၉ ဟဲရှီ၏ အနှစ်သုံးဆယ်

ကြီးမြတ်သောတရားသူကြီးအသူရာသည် အလယ်အလတ် ဒဏ်ရာရရှိသော်လည်း သက်ရောက်မှု အကန့်အသတ် ရှိသည်။

“ကျွန်တော်ရှုံးပြီ... တခြားသူတွေလောက် မကျွမ်းကျင်ဘူးဆိုတာ ကျွန်တော်လက်ခံပါတယ်” ပျံးထိဉ်ရှောင်ယဲ ဦးညွှတ်လိုက်သည်။ သုံးယောက်ထဲမှာ သူက အညံ့ဆုံးဖြစ်နေပြီဖြစ်သည်။ ယခု ဟွာလန်းက သူ့ကို အနိုင်ယူလိုက်တော့ အရှုံးပေးလိုက်ရုံပင်ဖြစ်သည်။

သူသည် နီယွန်မျိုးနွယ်ဝင်ဖြစ်သော်လည်း ပျံးထိဉ်ရှောင်ယဲသည် အခြားသူကို အလေးထားကြောင်းပြလိုက်သည်။

သူတော်စင်အဆင့် ကိုယ်စားလှယ်နှစ်ဦးသည် မျိုးနွယ်စုအတွင်းရှိ သခင်လေးများဖြစ်ကြသည်။ နောက်ဆုံးတစ်ခုကို အဘိုး ကျီဟန့်ဝူ ကိုယ်တိုင် ဦးဆောင်သည်။

ကောင်းဖန်သည် နဂါးနက်ဖြစ်လာသော နဂါးဖြူကို ကြည့်လိုက်သည်။ သူတော်စင်အဆင့် ပြိုင်ဖက်များတွင် အနိုင်ရရန် အခွင့်အလမ်းအများဆုံးရှိသူသည် ၎င်း၏အဘိုးဖြစ်သည်။

နတ်ဘုရားတစ်ပိုင်းအဆင့်၏ နိုင်ငံခြားအကူအညီများအတွက် မျိုးနွယ်စုသည် အသက်အကြီးဆုံးနှင့် အသန်မာဆုံး နတ်ဘုရားတစ်ပိုင်းသားရဲလေ့ကျင့်သူ သုံးဦးကို ရွေးချယ်လိုက်သည်။

ထုံးစံအတိုင်း ပြိုင်ပွဲ၏တည်နေရာသည် ကမ္ဘာမြေကြယ်တွင် မဖြစ်နိုင်ပေ။ နတ်ဘုရားတစ်ပိုင်းအဆင့် သားရဲများ၏ အဖျက်စွမ်းအားသည် လွန်ကဲသောကြောင့် ပြိုင်ပွဲ၏တည်နေရာကို နဝမမြောက်ကောင်းကင်ဘုံကို ရွေးချယ်လိုက်သည်။

တစ်ချိန်တည်းမှာပင် ဘေးကင်းစေရန်အတွက် ကောင်းဖန်သည် ကွန်ရက်ကြိုးနှင့် ကွန်ပျူတာကို အနက်ရောင်မြူခိုးကမ္ဘာမှ ချင်းထျန်းကုန်းပြင်မြင့်သို့ ရွှေ့လိုက်သည်။

“မင်းငါ့ကို တိုက်ခိုက်ဖို့ လှည့်စားနေတာ အော်ရူးသိတယ်... အော်ရူးက ဉာဏ်အကောင်းဆုံးပဲ” ဟု အော်ရူးက ခေါင်းငုံ့ထားပြီး ကွန်ပျူတာဂိမ်းစက်ကို သူ့လက်ထဲတွင် ကိုင်လျက်ပြောလိုက်သည်။

သူ၏အကြံအစည်များ ပေါ်သွားသော်လည်း ကောင်းဖန်၏မျက်နှာမှာ ရှက်ရွံ့မှုကို ထုတ်ဖော်မပြပေ။ သူကအော်ရူး၏ မာကျောသည့် ခေါင်းကို ထိလိုက်ပြီး “အော်ရူးက တိုက်ခိုက်တာကို မကြိုက်ဘူးလား” ဟု မေးလိုက်သည်။

“ငါမကြိုက်ဘူး” အော်ရူးကနှုတ်ခမ်းစူပြီးပြောလိုက်သည်။ သူသည် ခေါင်းကိုမော့ကာ ဂိမ်းစက်မှ အကြည့်ကို ကောင်းဖန်ထံသို့ ပြောင်းလိုက်သည်။

“ငါ့အဖေက ငါ့ကို အမြဲတမ်း ရန်တိုက်ပေးတယ်.. ဒါပေမယ့် အော်ရူးကတော့ ရန်ဖြစ်တာကို မကြိုက်ဘူး” အော်ရူးသည် လူကြီးတစ်ယောက်လို သက်ပြင်းချလိုက်သည်။

“ငါလည်း တိုက်ခိုက်ရတာကို မကြိုက်ဘူး.. အိမ်မှာထိုင်တာ၊ ဂိမ်းကစားတာ၊ အရသာရှိတဲ့ အစားအစာစားတာ၊ ဂိမ်းဆော့ရတာကြိုက်တယ်” ဟု ကောင်းဖန်ကလည်း ညင်သာစွာ ပြောလိုက်သည်။

“အိုး မင်းက အော်ရူးနဲ့ တူတယ်” အော်ရူး၏မျက်လုံးများ တောက်ပလာသည်။

“ဟုတ်တယ်.. ဘယ်သူက စွန့်စားရတာကို ကြိုက်လို့လဲ” ကောင်းဖန်ခေါင်းခါလိုက်သည်။ “ဒါပေမယ့်လည်း မင်း မတိုက်ချင်ပေမယ့် တိုက်ခိုက်ရတာကို ကြိုက်တဲ့သူတွေက အမြဲရှိနေတယ်”

“အဲဒီလူတွေကို အမုန်းဆုံးပဲ” အော်ရူးကလေးလေးနက်နက် ခေါင်းညိတ်ပြပြီး သူ့လက်သီးတွေကို ဆုပ်ထားသည်။ “ဒါဆို အော်ရူးက သူတို့အားလုံးကို သတ်လိုက်မယ်... ဒါကြောင့် အော်ရူးကို ဘယ်သူမှ အနှောက်အယှက်ပေးလို့မရတော့ဘူး” ဟု သူဝမ်းမြောက်စွာဆက်လက်ပြောလိုက်သည်။

“...” ကောင်းဖန်က နှုတ်ဆိတ်သွားသည်။

“ငါက အော်ရူး တိုက်ခိုက်ဖို့ အတင်းအကြပ် မလုပ်ပါဘူး... ဒါပေမယ့် တစ်ယောက်ယောက်က ငါတို့ကို လာနှောင့်ယှက်ရင်တော့ အော်ရူးက သူတို့ကိုငိုတဲ့အထိ ရိုက်လိုက်မှာ သေချာပါတယ်” ကောင်းဖန်က ပြုံးပြုံးလေး ပြောလိုက်သည် ။

“မဟုတ်ဘူး” အော်ရူးက လေးလေးနက်နက် ခေါင်းယမ်းလိုက်သည်။ “သူတို့ကို သတ်ပစ်ရမယ်.. မဟုတ်ရင် သူတို့က ငါ့ကို ဆက်ပြီး အနှောင့်အယှက်ပေးလိမ့်မယ်” အော်ရူး၏လေသံသည် နက်နဲသောနားလည်မှုကို ညွှန်ပြနေပုံရသည်ဟု တစ်စုံတစ်ယောက်က ပြောနိုင်သည်။

ကောင်းဖန်အရမ်းသဘောကျသွားသည်။ သူသည် ရတနာတစ်ခုကို အမှန်တကယ် ရှာဖွေတွေ့ရှိခဲ့သော်လည်း ထိုကဲ့သို့သော ချစ်စဖွယ်ကလေးငယ်ကို မည်သို့သော မိသားစုမှ ကြီးပြင်းလာစေရန် ပြုစုပျိုးထောင်ပေးခဲ့ကြောင်း သူ မပြောနိုင်ပေ။

…

“သူတို့ ရောက်ပြီ” အာကာသဥမင်အပြင်မှာ လူအများအပြား စုဝေးနေကြသည်။

ဤလူများသည် အနီးနားရှိ အင်အားအရှိဆုံး အင်အားစုသုံးခုဖြစ်သည့် မင်းယုနိုင်ငံ၊ မဲရုန်းနိုင်ငံနှင့် မုန်တိုင်းနိုင်ငံ တို့မှ ဖြစ်ကြသည်။

မင်းယုနိုင်ငံနှင့် မဲရုန်းနိုင်ငံ (သို့) ညှိုးနွမ်းနေသောနိုင်ငံသည် ဤကာလအတွင်း အချင်းချင်း ရန်ဖြစ်နေခဲ့ကြပြီး အသေးစားစစ်ပွဲများစွာ ဖြစ်ပွားနေခဲ့သည်။ သို့သော် ကမ္ဘာမြေကြယ်၏ အသွင်အပြင်သည် ရုတ်တရက် ၎င်းတို့ကို အာရုံပြောင်းစေခဲ့ပြီး နှစ်နိုင်ငံသည် ၎င်းတို့၏ သဘောထားကွဲလွဲမှုများကို စွန့်လွှတ်ကာ တသားတည်း ပေါင်းစည်းခဲ့သည်။

အရေးကြီးဆုံးအကြောင်းရင်းကတော့ အာကသဥမင်၏ တည်နေရာသည် နှစ်နိုင်ငံ၏ လမ်းဆုံမှာ ဖြစ်နေခြင်း ဖြစ်သည်။

အာကာသဥမင်၏တည်နေရာသည် မင်းယုနိုင်ငံအတွက်သာမက မဲရုန်းနိုင်ငံကိုလည်း ခြိမ်းခြောက်နိုင်သည်။

မုန်တိုင်းနိုင်ငံအတွက် နယ်မြေသည် ကမ္ဘာမြေကြယ်နှင့် တိုက်ရိုက်နယ်နိမိတ်ထိနေခြင်း မရှိသော်လည်း မင်းယုနှင့် မဲရုန်းနိုင်ငံတို့ အပြင် အနီးကပ်ဆုံးနိုင်ငံဖြစ်သည်။

ထို့အပြင် မုန်တိုင်းနိုင်ငံလာရောက်ခြင်းသည် မင်းယုနိုင်ငံနှင့် မဲရုန်းနိုင်ငံကြားက တင်းမာသောဆက်ဆံရေးကို ဖြေလျှော့ပေးနိုင်သည်။

“ငါရှုံးရင် ဘာဖြစ်မှာလဲ” မုန်တိုင်းနိုင်ငံ၏ခေါင်းဆောင်သည် အရပ်ခြောက်ပေခွဲနှင့် ပေါင် ၅၀၀ကျော် ကိုယ်အလေးချိန် ရှိသည့် ဝတုတ်ကြီး ဖြစ်သည်။

ညိုးနွမ်းနေသောနိုင်ငံခေါင်းဆောင်က အသက်ပြင်းပြင်းရှူရင်း လေထုသည် အေးခဲသွားသည်။ ဒီကောင်က သူ့ရည်မှန်းချက်ကို ပျက်ပြားစေပြီး တခြားသူတွေကို ခွန်အားဖြစ်စေသည်။

“ငါတို့လူမျိုးသုံးမျိုးတောင် လက်တွဲထားတာ တခြားလျှို့ဝှက်နယ်မြေက ငါတို့ကို ဘယ်လိုကျော်ဖြတ်နိုင်မှာလဲ” ရုန်းရှန်ကီက ဂုဏ်ယူစွာပြောလိုက်သည်။ “လျှို့ဝှက်နယ်မြေမှာအရင်းအမြစ်တွေက အကန့်အသတ်နဲ့ရှိတာ.. သူတို့က ထိပ်တန်း ပြိုင်ဘက်တွေကို ဘယ်လို ရင်ဆိုင်နိုင်မလဲ”

“သူတို့ ထွက်လာပြီ..”

လူတစ်စုသည် တစ်ခုပြီးတစ်ခု ပေါ်လာသည်။

ကောင်းဖန်နှင့် အခြားလူများ၏ အသားအရည်ကို မြင်သောအခါ အသွင်ပြောင်းများအားလုံး အံ့ဩသွားကြသည်။

“သူတို့က အဝါရောင်အသားအရည်နဲ့ပဲ.. အစိမ်းရောင်မရှိဘူး ဘယ်လိုဖြစ်လို့လဲ”

“ဒီလို ထူးဆန်းတဲ့ အသားအရည်မျိုး..”

“အဲဒီ မျိုးနွယ်စုတွေလား”

မြင့်မားသောအဆင့်အတန်း သို့မဟုတ် ကျယ်ပြန့်သော အသိပညာနှင့် အသွင်ပြောင်းလူအချို့ကတော့ ၎င်းတို့၏ အမူအရာကို ထိန်းသိမ်းထားကြသည်။

“အဲဒါက အသွင်ပြောင်းမျိုးနွယ်စုပါ”

လူသားမျိုးနွယ်သည် ၎င်းတို့အား အသွင်ပြောင်းလူများဟု ခေါ်ဆိုကြပြီး ၎င်းတို့ကိုလည်း လူသားများကို အသွင်ပြောင်းလူများအဖြစ် သတ်မှတ်သည်။

“တောင်ပိုင်းသဲကန္တာရက အသွင်ပြောင်းမျိုးနွယ်စုတွေ မဟုတ်ဘူးလား.. သူတို့က ဘာလို့ ဒီမှာပေါ်လာတာလဲ.. ဘာကြောင့် ဒီအသွင်ပြောင်းမျိုးနွယ်စုတွေက သူတို့ရဲ့ အသိုက်ထဲမှာ တိတ်တိတ်လေး မနေနိုင်ကြတာလဲ... ပူးပေါင်းကြံစည်မှုအချို့ ရှိနိုင်လား” ယွိချောင်းရှန်းက ကြမ်းတမ်းသော လေသံဖြင့် ပြောလိုက်သည်။

“တော်ပြီ.. ချောင်းရှန်း သူတို့က တောင်ပိုင်းကန္တာရရဲ့ အသွင်ပြောင်းမျိုးနွယ်စုပဲ ဖြစ်ဖြစ်.. သူတို့ကို အနိုင်ယူဖို့က ဒီနေ့ ငါတို့ရဲ့ ပန်းတိုင်ပဲ” ဟု ယုကျန်းမင်းက ပြောလိုက်သည်။

အချိန်အမျိုးအစား ကျောက်စိမ်းအင်ပါယာ ကောင်းကင်ဘုံသားရဲသည် မင်းယုနိုင်ငံ၏ အကြီးမားဆုံးပြယုဂ် ဖြစ်သည်။

ယုကျန်းမင်း၏နောက်တွင်ရပ်နေသော ဧရာမတောင်ပံကျောက်ရုပ်တုကြီးသည် စိန်ကဲ့သို့ဖောက်ထွင်းမြင်နေရသည်။

၎င်း၏အတောင်ပံများသည် ရှုပ်ထွေးသောပုံစံများဖြင့် ပြည့်နှက်နေပြီး ၎င်း၏ပတ္တမြားအနီရောင် မျက်လုံးများသည် နတ်ဆိုးဆန်ဆန် အနီရောင်တောက်တောက်ဖြင့် လင်းလက်နေသည်။

မင်ယုကောင်းကင်ဘုံသားရဲ၏ အရွယ်အစားသည် ကျောက်စိမ်းအင်ပါယာ ကောင်းကင်ဘုံသားရဲထက် များစွာသေးငယ်ပြီး ၎င်း၏ စွမ်းပကားမှာ များစွာ အားနည်းနေသည်။

“ကောင်းဖန်.... ဒီကောင်..” ပင်လယ်ဝတုတ်သည် ရေစက်တစ်စက်အဖြစ်သို့ ပြောင်းလဲသွားပြီး ကောင်းဖန်၏ နားရွက်ပေါ်သို့ ဆင်းသက်ကာ မုန်းတီးမှုအပြည့်ဖြင့် ကောင်းဖန်အား တိတ်တဆိတ် တိုးတိုးပြောလိုက်သည်။

လက်စားချေတတ်သော သတ္တဝါအနေဖြင့် ဤမင်းယုကောင်းကင်ဘုံသားရဲ၏ သတ်လုနီးပါးဖြစ်ခဲ့သည့် မြင်ကွင်းသည် ပင်လယ်ဝတုတ်၏ စိတ်ထဲတွင် ကွက်ကွက်ကွင်းကွင်း ရှိနေခဲ့သည်။

ပင်လယ်ဝတုတ်သည် ပြင်းထန်စွာ ရယ်မောလိုက်သည်။

“အဲဒီတုန်းက ငါက နတ်ဘုရားတစ်ပိုင်း မင်းလည်း နတ်ဘုရားတစ်ပိုင်းဖြစ်ခဲ့တယ်....”

“အခု ငါက နတ်ဘုရား ဖြစ်လာပေမယ့် မင်းကတော့ နတ်ဘုရားတစ်ပိုင်းဖြစ်နေတုန်ပဲ...”

“မင်းမှာ အချိန်အမျိုးအစားရှိနေတော့ရော ဘာလုပ်မှာလဲ.. ငါမင်းကို ရှုံးစေချင်ရင် မင်းရှုံးမှာဘဲ”

“ဘေးက ကျောက်စိမ်းဧကရာဇ် ကောင်းကင်ဘုံသားရဲက သူ့အဖေဖြစ်ပုံရတယ်.. မင်းသူ့အဖေကို အနိုင်ယူနိုင်မလား” ကောင်းဖန်က နောက်ပြောင်လိုက်သည်။

“ဟမ်.. ဘယ်သူကကြောက်မှာလဲ.. သူ့မှာ အချိန်စည်းမျဥ်းရှိပြီး ငါ့မှာ ဝါးမျိုခြင်းစည်းမျဉ်းရှိတယ်လေ”

“အဆင့်မြင့် စည်းမျဉ်းတစ်ခုနဲ့ မင်းအဆင့်ကိုမြှင့်ထားပုံရတယ်” ဟု ကောင်းဖန်ကပြောလိုက်သည်။

ပင်လယ်ဝတုတ်သည် နှာခေါင်းရှုံ့လိုက်သည်။

“မင်းတို့က အသွင်ပြောင်းမျိုးနွယ်စုဝင်ဖြစ်ကြောင်း ငါတို့ကို ကြိုမပြောခဲ့ဘူး” ရုန်းရှန်ကီက မှတ်ချက်ချလိုက်သည်။

“မင်းက နုတ်ထွက်ချင်တာလား မဖြစ်နိုင်ဘူး” ဟု ကောင်းဖန်ကပြောလိုက်သည်။

ကောင်းဖန်၏နောက်တွင်ရပ်နေသော တာ့ဇီသည် အချိန်နှင့်တပြေးညီ နတ်ဘုရား၏ အငွေ့အသက်ကို ထုတ်လွှတ်လိုက်သည်။

ယုကျန်းမင်း၏ မျက်လုံးများ အေးခဲသွားသည်။

သူတို့မှာ နတ်ဘုရားအဆင့် သားရဲတွေတောင်ရှိတယ်..

“ကျုပ်တို့မှာ နတ်ဘုရားအဆင့် သားရဲ သုံးကောင်ရှိတယ်.. ခင်ဗျားတို့ဘက်က နတ်ဘုရားအဆင့် သားရဲသုံးကောင်နဲ့လာလို့ရတယ်” ယုကျန်းမင်းက တိုးတိုးလေးပြောလိုက်သည်။ “အခြေခံစိန်ခေါ်မှုနံပါတ် မအောင်မြင်ရင်လည်း...”

သူ့စကား မဆုံးခင်မှာပင် ဂိုဒီနှင့် ခြင်္သေ့ဖြူ တို့သည် ၎င်းတို့၏ နတ်ဘုရားအဆင့်ထွက်သက်များကို အချိန်နှင့်တပြေးညီ ဖော်ပြလိုက်ကြသည်။

မုန်တိုင်းနိုင်ငံ၏ခေါင်းဆောင်သည် ခြင်္သေ့ဖြူကို ရုတ်တရက် စိုက်ကြည့်လိုက်ပြီး အံ့သြမှုနှင့် လောဘ အပါအဝင် ခံစားချက်များစွာက သူ့မျက်လုံးများတွင်ဖော်ပြနေသည်။

ခြင်္သေ့ဖြူသည် မုန်တိုင်းနိုင်ငံခေါင်းဆောင်ကို ရွံရှာစွာ ကြည့်လိုက်သည်။ သူပေးသော အကြည့်မှာ ရွံရှာဖွယ် ကောင်းသည်။

“နောက်မှ.. ဒီခြင်္သေ့ကို ငါ့သားရဲနဲ့ တွေ့ပါစေ” ဟု မုန်တိုင်းနိုင်ငံခေါင်းဆောင်က ပြောလိုက်သည်။

“ဘာမဆိုဖြစ်သွားနိုင်ပါတယ်..”

“ကောင်းပြီ..”

ရုန်းရှန်းကီနှင့် ယုကျန်းမင်းတို့က မငြင်းဆန်ပေ။

ယုကျန်းမင်းသည် မည်သူနှင့် တွေ့သည်ဖြစ်စေ အနိုင်ယူနိုင်မည်ဟု သူ့ကိုယ်သူ ယုံကြည်နေသည်။

ရုန်းရှန်းကီလည်း အလားတူ အတွေးမျိုးရှိသည်။ သူသည် ကျောက်စိမ်းအင်ပါယာကောင်းကင်ဘုံသားရဲကို အချိန်အတော်ကြာ ဆန့်ကျင်တိုက်ခိုက်ခဲ့ပြီးဖြစ်သည်။ သဘာဝအတိုင်း သူ၏သားရဲမှာ အလွန်အားကောင်းသည်ဟု သူတွေးထားသည်။

***

သားရဲလေ့ကျင့်သူ

အခန်း ၈၂၀ ပထမဆုံးတိုက်ပွဲ

“ပြိုင်ဘက်ရှိပြီဆိုတော့ စလိုက်ကြရအောင်.. နတ်ဘုရားအဆင့်တိုက်ပွဲနဲ့စကြရအောင်” မုန်တိုင်းနိုင်ငံခေါင်းဆောင်က စိတ်အားထက်သန်စွာ ပြောလိုက်သည်။

“မဟုတ်ဘူး.. မလောပါနဲ့.. ဧကရာဇ်အဆင့်နဲ့ စလိုက်ရအောင်” ဟု ကောင်းဖန်က ပြောလိုက်သည်။ “ကျွန်တော်တို့ နတ်ဘုရားဆင့်နဲ့ စရင် တိုက်ပွဲတွေ အများကြီး မကျန်တော့ဘူးလေ.. ဟုတ်တယ်မလား”

“ကောင်းပြီ” ယုချောင်းရှန်းက ကောင်းဖန်ကို စိုက်ကြည့်ရင်း အလျင်အမြန်ပြောလိုက်သည်။ ကောင်းဖန်ပေါ်လာပြီးကတည်းက ချောင်းရှန်းသည် သူ့ကို မှတ်မိသလိုမျိုး သူ့ကို စိုက်ကြည့်နေသည်။

ကောင်းဖန်သည် ချောင်းရှန်း၏ အကြည့်ကို သတိပြုမိပြီး ယုချောင်းရှန်းကို ယဉ်ကျေးစွာ ပြုံးပြလိုက်သည်။

ယုချောင်းရှန်းသည် သွားကြိတ်လိုက်သည်။ ပင်လယ်ဝတုတ်မှ လွတ်မြောက်သွားသော အချိန်ကို သူ ရှက်မိလိုက်သည်။

သူ၏ရန်သူများသည် နောက်ဆုံးတွင် သူ့ရှေ့တွင် ပေါ်လာသော်လည်း သူသည် အနိုင်ယူ၍ မရနိုင်တော့ကြောင်း တွေ့ရှိလိုက်ရသည်။

ယုချောင်းရှန်းသည် ပြင်းပြင်းထန်ထန် အာဃာတ ထားလိုက်သည်။

သူ ဘယ်လိုလုပ် ဒီလောက်တောင် အစွမ်းထက်လာတာလဲ...

“ကောင်းပြီ... ဧကရာဇ်အဆင့်နဲ့ စကြရအောင်” ယုကျန်းမင်း၏ မျက်လုံးများ တောက်ပလာပြီး သူ့မျက်နှာသည် ထူးဆန်းသော ခံစားချက်တစ်ခုကို ထုတ်ဖော်လိုက်သည်။

အောင်ပွဲရဲ့ အသီးအပွင့်တွေကို နည်းနည်းကြာမှ ငါခံစားတော့မယ်.. ဟု သူတွေးလိုက်သည်။

“ခဏစောင့်ပါ” ကောင်းဖန်က သူ့လက်ချောင်းများကိုချိုးလိုက်သည်။

သူ့နောက်ကွယ်မှ နှင်းဖြူရောင် အမှုန်အမွှားကြီး ပေါ်လာသည်။ ရွှေရောင်မျက်လုံးတစ်စုံကို ဖော်ထုတ်ရန် လွင့်နေသောဆံပင်များက အပြင်သို့ လွင့်ထွက်သွားသည်။

ဒါက...

ယုကျန်းမင်းက မျက်မှောင်ကြုတ်လိုက်သည်။ ဒီလူတွေ ဘာလုပ်ဖို့ ကြိုးစားနေတာလဲ..

“ဒီပြိုင်ပွဲက အရမ်းအရေးကြီးတဲ့အတွက် တိုက်ပွဲကို တိုက်ရိုက်ထုတ်လွှင့်ပေးသင့်ပါတယ်.. စိတ်ချပါ.. ဒါက ပြိုင်ပွဲကို မထိခိုက်စေပါဘူး” ဟု ကောင်းဖန်က ပြောလိုက်သည်။

“မင်း ငါတို့ကို မျောက်တွေလို ဆက်ဆံနေတာလား” ရုန်းရှန်းကီ က သူ့ဒေါသကို မျိုသိပ်လိုက်သည်။

“အဲဒီလို ပြောလို့မရဘူး..ဒါက ခင်ဗျားအကြောင်းကိုပဲ တိုက်ရိုက်ထုတ်လွှင့်တာ မဟုတ်ပါဘူး” ဟု ကောင်းဖန်က ပြောလိုက်သည်။ “ကျွန်တော်တို့အားလုံး ဗီဒီယိုထဲမှာ ပေါ်လာမှာပါ... ကျွန်တော်တို့ ကိုယ်ကျွန်တော်တို့ မျောက်တစ်ကောင်လို ဘာလို့ ဆက်ဆံရမှာလဲ”

ကောင်းဖန်၏ရှင်းပြချက်ကိုကြားပြီးနောက် ယုကျန်းမင်းတို့ သုံးယောက်သည် အနည်းငယ် စိတ်မချမ်းသာ သေးသော်လည်း သူတို့သည် တုံ့ဆိုင်းစွာ သဘောတူလိုက်ကြသည်။

တစ်ချိန်တည်းမှာပင် မျှော်လင့်ခြင်းမြို့တော်နှင့် အနက်ရောင်မြူခိုးကမ္ဘာကြီး ပေါ်လာသည်။ ကြီးမားသော ရေဝဲတစ်ခု ပေါ်လာပြီး နောက်ဆုံးတွင် တည်ငြိမ်သွားသည်။

မြို့တွင်းရှိလူတိုင်းသည် ကောင်းကင်ယံ၌ ရေဝဲ ပုံရိပ်ကို မြင်နိုင်ရန် မျှော်ကြည့်လိုက်သည်။

“အဲဒါဘာလဲ...”

“လူသားမျိုးနွယ်ရဲ့ ထင်ရှားတဲ့ ပုဂ္ဂိုလ်တစ်ဦးထင်တယ်”

“အဲဒီလူကို ငါသိတယ်.. သူက အရမ်းနာမည်ကြီးတဲ့ အရှင်သခင်အဆင့် သားရဲလေ့ကျင့်သူပဲ”

ဆူညံသောလူအုပ်ကြီး၏ နောက်ခံအောက်တွင် ပထမဆုံးပြိုင်ပွဲကို စတင်လိုက်သည်။

…

လင်းမျိုးနွယ်စု၏နိုင်ငံ သုံးနိုင်ငံမှ သားရဲလေ့ကျင့်သူ လူငယ်တစ်ဦးပေါ်လာသည်။ အမျိုးသမီး နှစ်ယောက်နှင့် အမျိုးသားတစ်ဦး ထွက်လာသည်။ နိုင်ငံတော်သုံးနိုင်ငံသည် မျိုးဆက်သစ်လူငယ်များကို လေ့ကျင့်ရန် အခွင့်အရေးအဖြစ် ယူဆောင်လာကြသည်။

“ဘယ်သူအရင်သွားချင်လဲ” ကောင်းဖန်က သူ့ဘေးနားက လူသုံးယောက်ကို ကြည့်လိုက်သည်။

ဧကရာဇ်အဆင့် သားရဲလေ့ကျင့်သူ သုံးဦးသည် လူတိုင်း၏ရှေ့တွင် နေရာချထားသည့် အဖွဲ့၏ အောက်ခြေတွင် ရှိနေသည်။

နာမည်ကြီးတွေအလယ်မှာ ရပ်နေသည့် ဧကရာဇ်အဆင့် သားရဲလေ့ကျင့်သူ သုံးဦးသည့် ကြီးမားတဲ့ဖိအားကို ခံစားနေရသည်။

သူတို့၏မွေးရပ်မြေတွင် ၎င်းတို့ ဧကရာဇ်အဆင့် သားရဲလေ့ကျင့်သူများကို စွမ်းအားကြီးသော သို့မဟုတ် ထိပ်တန်းသခင်များအဖြစ် သတ်မှတ်နိုင်သော်လည်း ဤနေရာတွင်တော့ ၎င်းတို့သည် အောက်ခြေအထိ လျှော့ကျသွားသည်။

ဧကရာဇ်သားရဲ တစ်သောင်းကို နတ်ဘုရားတစ်ပိုင်းနှင့် ယှဉ်လို့မရပေ။

သို့ရာတွင် အခြားသော ဧကရာဇ်အဆင့်များ၏ ခွန်အားနှင့် နှိုင်းယှဉ်ပါက သားရဲတစ်ကောင်၏ အလားအလာကို အကြမ်းဖျင်း ဆုံးဖြတ်နိုင်သည်။

ကောင်းဖန်၏ ဧကရာဇ်အဆင့်သားရဲများသည် တောင်ပိုင်းကောင်းကင်အဖွဲ့အစည်း၊ ဟွာရှားမျိုးနွယ်စုနှင့် အစိမ်းရောင်နတ်ဘုရား မျိုးနွယ်စု၏ အင်အားသုံးမျိုးမှ လာသည်။

ပထမတိုက်ပွဲတွင် အစိမ်းရောင်နတ်ဘုရားမျိုးနွယ်စု၏ ဧကရာဇ်အဆင့် သားရဲလေ့ကျင့်သူမှ ဆင့်ခေါ်ထားသော ပထမဆုံးသားရဲမှာ ကျို့ချီအဝါရောင်မြစ်ကင်းခြေများဖြစ်သည်။

မုန်တိုင်းနိုင်ငံမှ ဧကရာဇ်အဆင့် သားရဲလေ့ကျင့်သူမှ ယူဆောင်လာသော ငွေဖြူစာကလေးဘုရင်ကို အနိုင်ယူရန် သုံးဆယ့်ခုနစ်မိနစ် ကြာသွားသည်။

ကျို့ချီအဝါရောင်မြစ်ကင်းခြေများသည် မြေပေါ်ရှိ သတ္တဝါဖြစ်သော်လည်း ၎င်း၏ထူးခြားသောစွမ်းရည်မှာ သဲမုန်တိုင်းများကို ဖိတ်ခေါ်နိုင်ပြီး ၎င်းတို့ထဲတွင် ပျံသန်းနိုင်သည်။

အမြင်အာရုံဆုံးရှုံးသွားသော ဖြူစာကလေးဘုရင်သည် နောက်ဆုံးတွင် ရှုံးနိမ့်သွားသည်။

မြို့တစ်မြို့ကို အောင်နိုင်လိုက်တာကြောင့် ကမ္ဘာမြေကြယ်၏ စိတ်ဓာတ်က မြင့်မားသွားသည်။ မျော်လင့်ခြင်းမြို့မှလူများသည် ပို၍ပင် စိတ်လှုပ်ရှားနေကြသည်။

ဒါကလည်း ကောင်းဖန်ရဲ့ ရည်ရွယ်ချက်ဖြစ်သည်- လူသားမျိုးနွယ်ရဲ့ ယုံကြည်မှုကို မြှင့်တင်ဖို့ဖြစ်သည်။

လွန်ခဲ့တဲ့နှစ်ပေါင်း တစ်သောင်းလောက်က သူတို့ ဆုံးရှုံးခဲ့ရပေမယ့် သူတို့က ဂြိုလ်သားတွေထက် အားနည်းရမယ်လို့ မဆိုလိုပေ။

သို့သော် ဒုတိယဧကရာဇ်အဆင့်ပွဲစဉ်တွင်တော့ ဟွာရှားမျိုးနွယ်စုကို ညှိုးနွမ်းနေသောနိုင်ငံမှ သားရဲလေ့ကျင့်သူတစ်ဦးမှ ဖယ်ထုတ်လိုက်သည်ကို မြင်တွေ့လိုက်ရပြီး ၎င်းတို့၏ စိတ်အားထက်သန်မှု လျော့ပါးသွားကြသည်။

ဟွာရှားမျိုးနွယ်စု၏ ဧကရာဇ်အဆင့် သားရဲလေ့ကျင့်သူများမှာ အားမနည်းပေ။

သို့သော် မဲရုန်းနိုင်ငံမှ ဤဧကရာဇ်အဆင့် သားရဲလေ့ကျင့်သူသည် အမှန်တကယ်ပင် အရည်အချင်းရှိပြီး သူ၏သားရဲ သုံးကောင်အနက် နှစ်ကောင်မှာ ဒဏ္ဍာရီအဆင့်ဖြစ်ပြီး ကျန်ကောင်မှာ မော်ကွန်းတင်အဆင့်ဖြစ်သည်။ သူတို့ရဲ့အဆင့်တွေက အရမ်းမြင့်သည်။ ထို့ကြောင့် ခက်ခဲသောတိုက်ပွဲအပြီးတွင် ဟွာရှားမျိုးနွယ်၏ ဧကရာဇ်အဆင့် သားရဲ လေ့ကျင့်သူသည် ရှုံးနိမ့်သွားခဲ့သည်။

နောက်ဆုံးတိုက်ပွဲတွင် တောင်ပိုင်းကောင်းကင်အဖွဲ့အစည်းကိုယ်စားပြု လီကျွမ်းကျုံးပါဝင်သည်။

ထောင့်နံရံမှာ အပေါက်တစ်ခုကို လျှို့ဝှက်တူးပြီး သားရဲတွေကို လေ့ကျင့်ဖို့ လေ့ကျင့်ရေးကွင်းကို ပြေးခဲ့သည့် ဆယ်ကျော်သက်လေးသည် နှစ်တွေကြာလာတာနဲ့အမျှ သူ့နာမည်ရလာခဲ့သည်။

လီကျွမ်းကျုံးသည် တောင်ပိုင်းကောင်းကင်အဖွဲ့အစည်းမှ အထင်ရှားဆုံး တပ်ဖွဲ့ဖြစ်သည်။

အရှင်သခင်အဆင့်အထက်ရှိ သားရဲများကို အခြားသူများအား အလွယ်တကူ ထုတ်ဖော်ပြသခြင်းမပြုပေ။ လီကျွမ်းကျုံး ပိုင်ဆိုင်သော ကြေးဝါချင်းချုန်းနှင့် ကွမ်းကုန်းရုပ်ထုသည် သူ၏ ထင်ရှားကျော်ကြားသော သားရဲများဖြစ်သည်။

ပွဲပြီးဆုံးသောအခါ လီကျွမ်းကျုံးသည် ကြေးဝါချင်းချုန်းနှင့် ကွမ်းကုန်းရုပ်ထုနှစ်ခုကို ဆင့်ခေါ်လိုက်သည်။ ၆၅ ပေမြင့်သော ကြေးရုပ်ထုနှစ်ခုသည် စစ်မြေပြင်တွင် မတ်တပ်ရပ်နေပြီး ၎င်းတို့၏ ကြွက်သားများသည် တောက်ပြောင်နေသည်။

ကြေးဝါချင်းချုန်းနှင့် ကွမ်းကုန်းရုပ်တုများနောက်တွင် ထူးဆန်းသောပုံစံရှိသည့် တော်ဝင်သားရဲတစ်ကောင်ရှိနေသည်။ ၎င်းသည် ပုရွက်စားကောင်နှင့် ခပ်ဆင်ဆင်တူသော်လည်း ၎င်း၏နှာခေါင်းသည် ပုရွက်စားကောင်ထက် အနည်းငယ်တိုသည်။ မျက်နှာရှည်ရှိပြီး ၎င်း၏သားမွေးအရောင်သည် ချောမွေ့တောက်ပကာ အဖြူအမည်းဖြစ်သည်။

အထူးခြားဆုံးအချက်မှာ ၎င်း၏မျက်လုံးအိမ်များဖြစ်သည်။ မှိန်းနေသော မျက်လုံးအိမ်များသည် ပတ်ဝန်းကျင်ရှိ အလင်းရောင် အားလုံးကို စုပ်ယူနိုင်သော တွင်းနက်ကြီးနှစ်ပေါက်နှင့်တူသည်။

တိမ်မည်းအတွင်း ပုန်းအောင်းနေသော အိပ်မက်ဆိုးကမ္ဘာတစ်ခု ရှိနေသကဲ့သို့ အိပ်မက်ဆိုးစားတဲ့ အကောင်ကြီး၏ ခန္ဓာကိုယ်ပေါ်တွင် အနက်ရောင် မြူခိုးများ ချိတ်ဆွဲထားသည်။

ဤသည်မှာ ကောင်းဖန် ဆင်နှာမောင်း ကြံ့မှ မီးခိုးရောင် မြူခိုး ကြံ့.. ထိုမှတဆု့် အိပ်မက်ဆိုး စားတဲ့ ကြံအကောင်ကြီး အဖြစ်သို့ ဆင့်ကဲပြောင်းလဲခဲ့သည့် သားရဲဖြစ်သည်။ နာမည်က သိပ်ဂုဏ်ယူစရာမဟုတ်ပေမယ့် ခွန်အားက မပျော့ညံ့ပေ။ ၎င်း၏ထူးခြားချက်နှစ်ခုသည် အလွန်ထူးဆန်းပြီး ကြိုတင်ပြင်ဆင်ထားခြင်းမရှိသော ရန်သူတစ်ဦးကို အလွန်စိန်ခေါ်နိုင်မည်ဖြစ်သည်။

မှိုင်းညို့သော မြူခိုးများက စစ်မြေပြင်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။

ဆန့်ကျင်ဘက်တွင် မင်းယုနိုင်ငံမှ ဧကရာဇ်အဆင့် သားရဲလေ့ကျင့်သူ၏ မျက်နှာသည် ရုတ်တရက် ပြောင်းလဲသွားသည်။ ဤအနက်ရောင် မြူခိုးထဲတွင် သူ့သားရဲသည် ပေ ၃၀ ထက်ကျော်လွန်၍ မမြင်နိုင်သည်ကို သူနားလည်လိုက်သည်။

လေချွန်သံ၊ အူသံတွေ ညံနေပြီး လက်နက်နှစ်ခုသည် အနက်ရောင် မြူခိုးတွေကြားက ကောင်းကင်ကနေ ပြုတ်ကျသွားသည်။

“ငါအဆင်သင့်မဖြစ်သေးဘူး”

တတိယဧကရာဇ်အဆင့်တိုက်ပွဲသည် လျင်မြန်စွာပြီးဆုံးခဲ့ပြီး လူသားများသည် ဤပထမအချီတွင် အနိုင်ရလိုက်သည်။

အမှန်မှာ လူအုပ်ကြီးသည် အိပ်မက်ဆိုးစားတဲ့ ကြံကောင်ကြီး၏ မျက်လုံးများမှ ထူးဆန်းသော အလင်းရောင်မှိတ်တုတ်မှိတ်တုတ်မျှသာ မြင်လိုက်ရပြီးနောက် မင်းယုနိုင်ငံ၏ ဘုရင်အဆင့် သားရဲလေ့ကျင့်သူနှင့် သားရဲသည် နှေးကွေးလေးကန်သော အနေအထားသို့ ကျဆင်းသွားခဲ့သည်။

ချင်းချုန်းနှင့် ကွမ်းကုန်းကြေးရုပ်တုများသည် မျဉ်းဖြောင့်အတိုင်း ချဉ်းကပ်လာသည်။ သူတို့လက်နက်များက သူ့ခေါင်းကို ပြင်းပြင်းထန်ထန် ထိမှန်ပြီး တိုက်ပွဲပြီးသွားသည်။

မျော်လင့်ခြင်းမြို့၏အခြားတစ်ဖက်တွင် တစ်စုံတစ်ဦးက ပြောလိုက်သည်။ “ငါတို့တကယ်အနိုင်ရလိုက်တယ်.. အသွင်ပြောင်း မျိုးနွယ်စုကို ကြောက်စရာ ဘာမှမရှိဘူးလို့ ထင်တယ်”

“ဟုတ်တယ်.. အဆင့်တူ အသွင်ပြောင်းမျိုးနွယ်စုတွေက ငါတို့ရဲ့ပြိုင်ဘက်တွေ မဟုတ်ဘူး”

ကွဲပြားတဲ့အမြင်ရှိတဲ့ တခြားသူတွေရှိပေမယ့် မတူကွဲပြားတဲ့အသံတွေသည် လူသားတွေရဲ့ စည်းလုံးညီညွတ်မှုအောက်မှာ တိမ်မြုပ်သွားသည်။

အားလုံးက အလုပ်ရှုပ်နေချိန် အရှင်သခင်အဆင့် တိုက်ပွဲက လူတိုင်းကို နှိုးဆော်လိုက်သည်။

နှစ်ပွဲရှုံးပြီး သူတို့သည် တစ်ပွဲသာနိုင်ခဲ့သည်။ တိုက်ပွဲတွင် ၎င်းတို့သည် ပြင်းထန်သောရန်သူကို အနိုင်ယူရန် ကောင်းဖန် အပ်နှင်းထားသည့် သားရဲ ဝိညာဉ်ခြောက်ခုသော့ခတ်ထားတဲ့ အလောင်းကောင် ကို အားကိုးလိုက်ရသည်။

“ဒီအဘိုးကြီးကို စစ်ပွဲမှာ ထားလိုက်ပါ” ကျီဟန့်ဝူသည် တင်းကျပ်သော လေထုကို ဖြိုခွင်းလိုက်သည်။

“ကောင်းပါပြီ” ကောင်းဖန်ခေါင်းညိတ်လိုက်သည်။ သူ့အဖိုးရဲ့ စွမ်းအားကို သူသိသည်။ သို့သော်လည်း နဂါးဖြူသည် လုံးဝပြောင်းလဲသွားကာ ၎င်း၏စွမ်းအင်နှင့် တိုက်ခိုက်ရေးစွမ်းအားများ တိုးတက်လာခဲ့သည်။

All Chapters