← Chapters

အခန်း (၈၂၅-၈၂၈)

Vol. 52 Ch. 825-828

အခန်း (၈၂၅-၈၂၈)

Vol. 52 Ch. 825-828

အခန်း ၈၂၅ ကစားပွဲ အစီအစဉ်

သုံးနိုင်ငံ၏ရတနားများသည် အပြောင်ရှင်းခံလိုက်ရသည်။ ရတနာအနံခံကြွက်ကြောင့် ပတ်ဝန်းကျင်ရှိ လွတ်သွားသော ရတနာများအတွက်လည်း စိတ်ပူစရာမလိုပေ။

ကြွက်သည် မြေအောက် ကိုက်ထောင်နှင့်ချီသောနေရာမှ သေးငယ်သော ရတနာများကိုပင် ရှာဖွေတွေ့ရှိနိုင်သည်။

တစ်ပတ်အကြာတွင် ဤအဖြစ်အပျက်သတင်းသည် ပေါက်ကွဲသွားခဲ့သည်။ နိုင်ငံကြီးသုံးနိုင်ငံ၏ ပြိုလဲမှု သတင်းသည် လင်းမျိုးနွယ်တစ်ခုလုံးကို လောင်ကျွမ်းစေသည်။

ယင်းတို့သည် ပုစွန်ငယ်များမဟုတ်။ ၎င်းတို့သည် လင်းမျိုးနွယ်စုတစ်ခုလုံး၏ ထိပ်တန်း သားရဲလေ့ကျင့်သူများဖြစ်ပြီး ၎င်းတို့သည် ဘုရင်များ၏ ဂုဏ်ထူးဆောင်ဘွဲ့များ ရှိထားသည်။

ထို့အပြင် နဝမြောက်ကောင်းကင်ဘုံတွင် ဘုရင်များ၏ရာထူးသည် နိုင်ငံတော်အကြီးအကဲများထက် ပို၍ ဂုဏ်အသရေရှိသောကြောင့်ဖြစ်သည်။ နိုင်ငံတော်၏အကြီးအကဲများ၏ရာထူးသည် အပြောင်းအရွှေ့ရှိပြီး ဘုရင်များသည် တစ်ဘဝတာ ဖြစ်သောကြောင့် ဖြစ်သည်။

“အသွင်ပြောင်း မျိုးနွယ်စုက နဝမမြောက်ကောင်းကင်ဘုံမှာ ပြန်ပေါ်လာပြီလား”

“ဒါက ငါတို့ရဲ့ လင်းမျိုးနွယ်ရဲ့ ကံဆိုးမှုပဲ... လွန်ခဲ့တဲ့နှစ်ပေါင်း ၁ သောင်းက နဝမမြောက်ကောင်းကင်ဘုံကနေ ငါတို့ နှင်ထုတ်ခဲ့တဲ့ လူသားမျိုးနွယ်က ပြန်ရောက်လာပြီ” ချိုင့်ဝှမ်းအတွင်းမှ မှုန်ဝါးသော သက်ပြင်းတစ်ချက် ထွက်ပေါ်လာသည်။

“သခင်...အငြိမ်းစားယူတော့မှာလား” အသားရောင်အစိမ်းနှင့် ကောင်လေးက မေးလိုက်သည်။

တဲအိမ်အတွင်းမှ နွမ်းလျနေသော အသက်ကြီးသူတစ်ဦးက ချောင်းဟန့်ပြီး ပြင်းထန်သောလေသံဖြင့် “ဟုတ်တယ်...ငါနဲ့အတူ တောင်ကုန်းကို လာခဲ့” ဟု ပြောလိုက်သည်။

အစိမ်းရောင် ကောင်လေးက အံ့သြစွာနဲ့ “တကယ်လား” ဟု မေးလိုက်သည်။

သခင်သည် ယခင်က တောင်ကုန်းပေါ်သို့ ပေးမသွားခဲ့ပေ။ ခိုးဝင်တာတွေ့တိုင်း အရိုက်ခံရသည်။ ထို့ကြောင့် အချိန်တွေကြာလာတာနဲ့အမျှ အစိမ်းရောင်ကောင်လေးက မကြိုးစားတော့ပေ။

“ဟုတ်တယ်” လူကြီးသည် နံရံပေါ်က ဝါးဦးထုပ်ကို ဖြုတ်ပြီး ခေါင်းပေါ်တင်ကာ ခြံဝင်းထဲက ထွက်ဖို့ တံခါးကို ဖွင့်လိုက်သည်။

ကောင်လေးက သူ့သခင်နောက်ကို လိုက်သွားပြီး ကြည့်နေသည်။

သူ့သခင်သည် မြင့်မြတ်သူတစ်ဦးဖြစ်ကြောင်း သိသော်လည်း မည်မျှ မြင့်မြတ်သည်ကိုတော့ မသိပေ။

တောင်ခြေရင်းမှာရှိတဲ့ ခွားယန်မြို့မှာ သခင်ရဲ့နာမည်ကို ကောင်းကောင်းမှတ်မိကြကြောင်း သူသိသည်။ မြို့သူမြို့သားအားလုံးသည် သခင်ကို လေးလေးစားစား ဆက်ဆံကြသည်။ ဆယ်နှစ်ကြာတိုင်း သခင်က မြို့ထဲမှာ အလုပ်သင်ရှာသည်။ ယခုနှစ်သည် သူ၏ အလုပ်သင် ပဉ္စမနှစ်ဖြစ်သည်။ တခြားစီနီယာ သင်တန်းသားတွေကိုလည်း မတွေ့ဖူးပေ။

“ငါတို့ ဒီကိုရောက်ပြီ” ဟု ပြောသံကြောင့် အလုပ်သင်ကလေးက အတွေးတွေကို ပြန်ဆွဲထုတ်လိုက်သည်။

သူတို့ရှေ့မှာ သွေးနီကုန်းဖြစ်သည်။

“မင်း မတိုင်ခင် ငါ အလုပ်သင်လေး ၁ ထောင်ကျော်ကို ဒီကို ခေါ်ခဲ့တယ်” သူ့နားထဲတွင် သခင်၏ အသံ ထွက်ပေါ်လာသည်။

ကောင်လေး တုန်လှုပ်သွားသည်။ ဒီ အလုပ်သင်တွေ အားလုံး ဆုံးသွားပြီလား.. သူတို့ ဘယ်ရောက်သွားတာလဲ...

“မင်းကတော်တယ်.. မင်းက လုံ့လဝီရိယရှိတယ်၊ ဆိတ်ငြိမ်တယ်၊ ထက်မြက်တယ်.. မင်းကို ထိန်းထားချင်တယ်” လို့ သခင်က အေးအေးဆေးဆေး ပြောလိုက်သည်။

“သခင်.. ဘာမှ ထပ်ပြောစရာ မလိုတော့ပါဘူး.. ကျွန်တော်နားလည်ပါတယ်” ကောင်လေးသည် လူကြီး၏ ရှေ့၌ လျှောက်သွား၍ ဒူးထောက်လိုက်ပြီး ဦးသုံးကြိမ်ပြုလိုက်သည်။

“ကျွန်တော်က ဆင်းရဲတဲ့ မိသားစုက လာတဲ့အတွက် ကိုယ့်ကိုယ်ကိုယ် ကျွေးမွေးဖို့တောင် ခက်ပါတယ်.. သခင်က ကျွန်တော့်ကို ရှာတွေ့ပြီး မိသားစုကို လင်းရွှေ တစ်ထောင် ပေးခဲ့တယ်... ဒါကြောင့် ကျွန်တော့်ရဲ့မိဘတွေနဲ့ ညီငယ်တွေက အစားအသောက်အတွက် စိတ်ပူစရာမလိုတော့ဘူး.. ဒါ ကျွန်တော့်ရဲ့ အကြီးမားဆုံး ကံကြမ္မာ ဖြစ်နေပါပြီ.. သခင်ကျွန်တော့်ကို ပျဉ်ပြားပေါ်မှာ လှီးဖြတ်ထားရင်တောင် ကျွန်တော်က ရွှေတစ်ချပ်မှ တန်ဖိုးရှိမှာ မဟုတ်ဘူး.. ဒီနှစ်တွေအကုန်လုံးကို သခင့်ပိုင်အဖြစ် သဘောထားပါတယ်...ဒီအတွက် သခင်ကို ဘာလို့ စိတ်ဆိုးရမှာလဲ”

လူကြီးသည် ကောင်လေးကို တစ်ချက်ကြည့်လိုက်ပြီး ခေါင်းညိတ်ပြလိုက်ကာ “ဒါဆို တောင်ပေါ်တက်ပြီး ကိုယ့်ကိုကိုယ်သတ်သေပါ” ဟု ပြောလိုက်သည်။

အနှစ် ၁ သောင်းကျော် အသက်ရှင်ပြီးနောက် လူမျိုးစုံကို မြင်ဖူးခဲ့သည်။ ထိုကောင်လေး၏စကားများက ထိမိသွားသော်လည်း လူကြီး၏နှလုံးသားထဲတွင်လှိုင်းထပြီးနောက် လျင်မြန်စွာသေဆုံးသွားသည်။

“ဟုတ်ကဲ့” အလုပ်သင်သည် ထ၍ တောင်ပေါ်သို့ တက်သွားသည်။ တောင်ကုန်းပေါ်မှ ဓားရှည်တစ်ချောင်းကို ဆွဲထုတ်ပြီး လည်ပင်းကို လှီးလိုက်သည်။

သွေးတွေ ဖြာထွက်သွားပြီး စိမ်းစိုနေသည့် တောင်ကုန်းကို ပတ်ဖြန်းလိုက်သည်။ ကောင်လေးက မြေပြင်ပေါ်သို့ လဲကျသွားပြီး ပြတ်ရှနေသော လေပြွန်ထဲမှ သွေးများ ထွက်ကျသွားသည်။

“အဲဒါက သစ္စာရှိသူပဲ” အကြီးအကဲက သက်ပြင်းချလိုက်သည်။ “နှမြောစရာပဲ..”

တောင်ကုန်းပေါ်မှ သွေးများ စီးကျလာသည်နှင့်အမျှ တောင်ကုန်းသည် တဟုန်ထိုး တုန်ခါသွားသည်။

တောင်ထိပ်သည် အလယ်မှ ပွင့်ထွက်သွားပြီး မြင့်မားသော ကြက်သွေးရောင် သံချပ်ကာ ဗိုလ်ချုပ်ကြီးတစ်ဦး ထွက်ပေါ်လာသည်။ မြေပြင်ပေါ်ဆွဲချလာသော လွှသွားဓားသည် ပြင်းထန်သော အနီရောင်အလင်းတန်းကို လင်းစေပြီး ကောင်းကင်တစ်ခုလုံး ကြက်သွေးရောင် အရောင်တောက်သွားသည်။

…

“သခင်လေးအတွက် စာတစ်စောင်” မျက်လုံးထဲတွင် မီးတောက်နေသော အရိုးစုသည် စာတစ်စောင်ကို တင်ပြလိုက်သည်။

ဒန်ဘီက စာကိုဖွင့်လိုက်ပြီး အကြောင်းအရာတွေကို အမြန်ဖတ်လိုက်သည်။ လက်ဖဝါးပေါ်၌ မီးတောက်တစ်ခု တောက်လောင်ကာ စာတစ်စောင်က ပြာဖြစ်သွားစေသည်။

အရိုးစု ထွက်သွားပြီးနောက် ဒန်ဘီက “စိတ်ချပါ သခင်.. ဒန်ဘီက စစ်ဆင်ရေးကို သေချာပေါက် ပြီးမြောက်မှာပါ”

ဟု ပြောလိုက်သည်။

ထိုညတွင် ဒန်ဘီ၏ တရားထိုင်ခြင်း ပြီးဆုံးပြီးနောက် အတွင်းခန်း ဧည့်ခန်းထဲသို့ လျှောက်သွားသည်။ “ဆရာ.. ကျွန်တော် ဆရာရဲ့ အကူအညီလိုတယ်” ဒန်ဘီက လေးစားစွာပြောလိုက်သည်။

မရဏသခင်သည် မျက်လုံးဖွင့်လိုက်သည်။ “ဘာလဲ”

“ကျွန်တော် နတ်ဘုရားကို သတ်ရမယ်” ဟု ဒန်ဘီက ဆိုလိုက်သည်။

“သွားပါ.. ဆာရှိက မင်းကို ကူညီလိမ့်မယ်” မရဏသခင်သည် မျက်လုံးများကို တစ်ဖန်ပြန်မှိတ်လိုက်သည်။ ဒန်ဘီကို ဘယ်သူကို သတ်ရမယ်ဆိုတာတောင် မမေးပေ။

“စီနီယာ ဆာရှိ” ဒန်ဘီသည် သင်္ချိုင်းကုန်းသို့ ရောက်လာသည်။ သင်္ချိုင်းအလယ်ခေါင်မှာ တောင်တက်လောက်မြင့်သည့် ဇိမ်ခံသင်္ချိုင်းတစ်ခုရှိသည်။ ၎င်းကို ခမ်းနားထည်ဝါသော အလှဆင်မှုများဖြင့် ထွင်းထုထားပြီး ၎င်း၏ လေးမှတ်ပေါ်တွင် ရောင်စုံ သမင်ခေါင်းများကို ဆွဲထားသည်။

သင်္ချိုင်းတံခါးက ဖြည်းညှင်းစွာပွင့်လာပြီး အပြာရောင်ရုပ်သဏ္ဍာန်တစ်ခု လွင့်မျောနေသည်။

သူက

အပြာရောင် အင်္ကျီကို ဝတ်ထားသည်။ ၎င်း၏ပါးလွှာသော ခန္ဓာကိုယ်တွင် အရေပြားအလွှာတစ်ခုသာရှိသည်။ ရွှေကွပ်ထားသော ဆိတ်သရောအင်္ကျီကို ဝတ်ဆင်ထားပြီး အမူအကျင့် ပြေပြစ်သည်။ ဘယ်ဘက်လက်မှာ လှံဇောက်ထိုးကို ကိုင်ထားသည်။

“ဒန်ဘီလေး... မင်း ဒုက္ခရောက်နေတာလား” ဆာရှိက ပြုံးပြီး ပြောလိုက်သည်။

“စီနီယာ... ကျွန်တော် အလယ်အလတ်အဆင့် နတ်ဘုရားကို အရှင်လတ်လတ် ဖမ်းချင်ပါတယ်” ဟု ဒန်ဘီက ဆိုလိုက်သည်။

“အိုး.. အဲဒါက ရိုးရှင်းပါတယ်” ဆာရှိသည် အစက နတ်ဘုရင်ကို သတ်ခြင်းကဲ့သို့ ခက်ခဲသော အရာဟု တွေးထင်ထားမိခဲ့သည်။ အဆုံးမှာတော့ ဒီလိုအသေးအဖွဲကိစ္စလေးပဲဖြစ်သည်။ “ဆာရှီ က မင်းအတွက် အမှုထမ်းဖို့ ဆန္ဒရှိပါတယ်”

နောက်ဆုံးရှုံးနိမ့်ပြီးကတည်းက သမုဒ္ဒရာသန့်ရှင်းသောခြင်္သေ့သည် ၎င်း၏စည်းမျဉ်းများကို အလေးအနက်ထားလိုက်နာရန် ဆုံးဖြတ်ချက်ချခဲ့သည်။ ထိုသို့ဖြင့် အချိန်တွေ ပြောင်းသွားခဲ့သည်။ ၎င်း၏ စည်းမျဉ်းများအတိုင်း အောင်မြင်ပါက ကလဲ့စားချေမည်ဖြစ်သည်။

သူသည် သမုဒ္ဒရာသန့်ရှင်းသောခြင်္သေ့လို့ အမည်တွင်ပေမယ့် သမုဒ္ဒရာရဲ့ အောက်ခြေမှာ မနေဘဲ သမုဒ္ဒရာထဲက ကျက်တီးကျွန်းပေါ်မှာ နေထိုင်သည်။

သမုဒ္ဒရာထဲတွင် မရေမတွက်နိုင်သော ကျက်တီးကျွန်းများရှိသည်။

သမုဒ္ဒရာသန့်ရှင်းသောခြင်္သေ့သည် ၎င်း၏ရာထူးအသစ်အတွက် ကျပန်းကျွန်းတစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။

သမုဒ္ဒရာသန့်ရှင်းသောခြင်္သေ့ တည်ရှိမှုကြောင့် ဤဒေသရှိ သမုဒ္ဒရာသည် တဖြည်းဖြည်း ကြမ်းတမ်းလာခဲ့သည်။ တိမ်ထူထပ်ပြီး မိုးခြိမ်းသံများ ကောင်းကင်ယံတွင် စုရုံးနေသည်။

မိုးခြိမ်းသံ တိမ်တိုက်တွေအောက်မှာ ပြင်းထန်တဲ့ လေမုန်တိုင်းတွေ တိုက်နေသည်။

“လွန်ခဲ့တဲ့ရက်အနည်းငယ်အတွင်းမှာ ငါ စိတ်မသက်မသာဖြစ်မိခဲ့တယ်” ဟု သမုဒ္ဒရာသန့်ရှင်းသောခြင်္သေ့က သူ့ကိုယ်သူ ရေရွတ်လိုက်သည်။ “ဒါပေမယ့် ငါ့မှာ ရန်သူမရှိဘူး.. ငါ့မှာ တစ်ခုတည်းသော ရန်သူကတော့ ငါနောက်ဆုံးတွေ့ခဲ့တဲ့သူပဲ.. သူဖြစ်နိုင်မလား”

လူသားမျိုးနွယ်သည် ဉာဏ်များကြောင်းသိ၍ သမုဒ္ဒရာသန့်ရှင်းသောခြင်္သေ့သည် သတိကြီးလာခဲ့သည်။

“ငါ တခြားနေရာကို ရွှေ့ရမယ်” သန့်ရှင်းသောခြင်္သေ့ကြီးသည် ထ၍ ဆန့်ကာ လေးကဲ့သို့ ကျောကို ကွေးထားသည်။ ပါးစပ်ကို ကျယ်ကျယ်ဖွင့်ကာ သမ်းလိုက်သည်။

“အို.. လှပတဲ့ ခန္ဓာကိုယ်ကို ကြည့်လိုက်ပါဦး.. ဘယ်လောက်လှတဲ့ ခြင်္သေ့လေးလဲ.. ဝမ်းနည်းစရာကောင်းတာကတော့ မကြာခင်မှာ အအေးမိတဲ့ အလောင်းဖြစ်သွားလိမ့်မယ်” ကျွန်းပေါ်ရှိ အပူချိန်သည် ရုတ်တရက် ကျဆင်းသွားသည်။

နှင်းခဲများသည် ကျွန်းတစ်ခုလုံးကို တိုက်စားသွားသောကြောင့် ကျွန်းအပြင်ဘက်ပင်လယ်ကိုပင် ရေခဲများဖြင့် လုံးလုံးဖြစ်စေသည်။ ကောင်းကင်မှကျလာသော မိုးသည် မိုးသီးများအဖြစ်သို့ ပြောင်းလဲသွားသည်။

အပြင်ဘက်မှ ကြည့်လျှင် ကြောက်မက်ဖွယ်ကောင်းသော အပြာရောင်အလင်းတန်းများက ကျွန်းတစ်ခုလုံးကို လွှမ်းခြုံထားကာ အတွင်းဘက်ရှိ အရာအားလုံးကို မှုန်ဝါးသွားစေသည်။

***

သားရဲလေ့ကျင့်သူ

အခန်း ၈၂၆ နေရာလွတ်အုံကြွမှု

ချင်းထျန်းကုန်းပြင်မြင့်ပေါ်တွင် ပိတ်ဆို့ထားစဉ်တွင် ကောင်းဖန်သည် ရင်းနှီးသော အရိပ်အယောင်တစ်ခု နီးကပ်လာသည်ကို ရုတ်တရက် ခံစားလိုက်ရသည်။

သူ့နောက်မှ ပုံသဏ္ဌာန်သည် လျင်မြန်စွာ နီးကပ်လာပြီး သူ့ရှေ့တွင် လျှပ်တစ်ပြက်အဆုံးသတ်သွားသည်။

"သခင်" ဒန်ဘီသည် ကောင်းဖန်ကို လေးလေးစားစားနဲ့ ခေါ်လိုက်သည်။

အနက်ရောင်ဝတ်ရုံရှည်ကို ၀တ်ဆင်ထားသည့် လျှို့ဝှက်ဆန်းကြယ်သော အသွင်အပြင်သည် ဒန်ဘီ၏နောက်တွင် လွင့်မျောနေသည်။ ၎င်းသည် လက်တစ်ဖက်တွင် အေးခဲနေသော အပြာရောင် ခြင်္သေ့ကြီးတစ်ကောင်ကို ကိုင်ထားသည်။

"မင်း ရောက်ပြီပဲ" ကောင်းဖန် မတ်တပ်ရပ်လိုက်သည်။ ဒန်ဘီကို နဝမမြောက်ကောင်းကင်ဘုံရောက်သည် အထိ ရောက်လာလိမ့်မည် ဟု သူ မမျှော်လင့်ထားပေ။

“ဒါက သခင်ရဲ့ အမိန့်ပဲ.. ငါအကောင်းဆုံးလုပ်ရမယ်” ဟု ဒန်ဘီက ကျိုးနွံစွာပြောလိုက်သည်။

ဆာရှိသည် ကောင်းဖန်ကို တစ်ချက်ကြည့်လိုက်သည်။ မရဏသခင်၏ အမွေဆက်ခံသူသည် လူသားတစ်ဦးအား ဤကဲ့သို့ပြောနေခြင်းကို အနည်းငယ်စိတ်ပျက်နေမိသည်။

သို့သော် ဒါက ဒန်ဘီ၏ မိသားစုအရေးဖြစ်သည်။ အလျင်စလိုပြောပါက ဆန့်ကျင်ဘက် အကျိုးသက်ရောက်မှုသာရှိမည်ဖြစ်ရာ ဆာရှိသည် ဆိတ်ဆိတ်နေလိုက်သည်။

သမုဒ္ဒရာသန့်ရှင်းသော ခြင်္သေ့ကို ကောင်းဖန်အား ပေးအပ်ပြီးနောက် ဒန်ဘီသည် တစ်ခုခုပြောနေသော်လည်း ကောင်းဖန်က ကြားဖြတ်ပြောလိုက်သည်။

"ဒါက" ဆာရှိကို ညွှန်ပြရင်း ကောင်းဖန်က မေးလိုက်သည်။

"သူက ဆာရှိပါ… ကျွန်တော့်သူငယ်ချင်းတစ်ယောက်ပါ" ဟု ဒန်ဘီက ကောင်းဖန်ကိုပြောလိုက်သည်။

ဆာရှိက ကောင်းဖန်ကို ခေါင်းညိမ့်ပြပြီး အသိအမှတ်ပြုလိုက်သည်။

"ခြင်္သေ့ဖြူ... ဒါက မင်းအပိုင်ပဲ” ကောင်းဖန်က အေးခဲနေသည့် သမုဒ္ဒရာ သန့်ရှင်းသောခြင်္သေ့ကို ညွှန်ပြရင်း ခြင်္သေ့ဖြူကို ပြောလိုက်သည်။

ခြေထောက်နှစ်ချောင်းကို ပွတ်တိုက်ရင်း ခြင်္သေ့ဖြူ၏ မျက်လုံးများ တောက်ပလာသည်။ "ဒါဆို ငါသွားလိုက်ဦးမယ်"

“သွား” ကောင်းဖန်က သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

"ဒန်ဘီ.. ငါတို့ နောက် တိုက်ပွဲဖြစ်ရင် ဆာရှိကလည်း တိုက်မှာလား" ကောင်းဖန်က ဒန်ဘီကို သွေးစာချုပ်မှတဆင့် မေးလိုက်သည်။

"ကျွန်တော်မသိဘူး.. ဒါပေမယ့် ကျွန်တော် သူ့ကိုအကူအညီတောင်းလိုက်ရင်တော့ သူ ကူညီလောက်တယ်” ဟု ဒန်ဘီက ပြောလိုက်သည်။

ကောင်းဖန်က စိတ်ချသွားသည်။ အော်ရူးနှင့် ဆာရှိတို့နှင့်ဆိုလျှင် အနည်းဆုံး သူသည် အသွင်ပြောင်းလူများအတွက် စိတ်ပူနေစရာ မလိုတော့ပေ။

နဝမမြောက်ကောင်းကင်ဘုံမှ ကောင်းဖန်ရရှိခဲ့သည့် သတင်းအရ အသွင်ပြောင်းမျိုးနွယ်စုရှိ အသန်မာဆုံး တိုက်ခိုက်ရေးသမားများမှာ အဆင့်မြင်နတ်ဘုရားများဖြစ်သည်။ ထို့ကြောင့် သူတို့မှာကန့်သတ်ချက်တွေကို ကျော်ဖြတ်ခဲ့သည့် ဆရာကြီးတွေ ရှိရင်တောင်မှ သူတို့က အော်ရူး၏ အဆင့်လောက်သာ ရှိသည်။

"အစင်းလေးနဲ့ ကျန်တဲ့သူတွေ အဆင်ပြေမယ်လို့ ငါမျှော်လင့်ပါတယ်"

ကောင်းဖန်သည်အနည်းငယ် စိတ်ပူသွားသည်။ မကြာသေးမီက ကောင်းဖန်သည် ကောင်းကင်ဘုံတောင်ပိုင်းသဲကန္တာရရှိ လီမျိုးနွယ်စုကို အကြောင်းကြားရန်နှင့် တောင်ဘက်သို့ပြောင်းရွှေ့ကာ မီးနတ်ဘုရားတောင်ကြားရှိ ပိဖန်မျိုးနွယ်စုတွင် ခိုလှုံရန် လူများ စေလွှတ်ခဲ့သည်။

ဖလိန်မီနှင့် ကျန်တဲ့သူတွေက အချိန်မီ လုပ်နိုင်လိမ့်မယ်လို့ သူမျှော်လင့်ထားသည်။

ထိုအချိန်တွင် တစ်ခုတည်းသော သတင်းကောင်းမှာ ကောင်းဖန်သည် သွေးစာချုပ်မှတစ်ဆင့် သားရဲများ၏ သေဆုံးခြင်းကို မခံစားရခြင်းဖြစ်သည်။

..

ကောင်းဖန်သည် ပြင်းထန်သောရောင်ဝါများ နီးကပ်လာသည်ကို ခံစားလိုက်ရသောအခါတွင် သူ့မျက်လုံးများကို ဖွင့်လိုက်သည်။

တဟုန်းဟုန်းမြည်သံနှင့်အတူ ကောင်းကင်သည် အက်ကွဲနေပြီး အနက်ရောင်အက်ကွဲကြောင်း ပေါ်လာသည်။

ကောင်းဖန် ဆွံ့အသွားသည်။ "ဒီလူတွေက ဘာလို့ ဒီလောက်တောင် ရူးနေကြတာလဲ"

နေရာလွတ်အုံကြွမှု တစ်ခုရှိသော်လည်း သူတို့က ကောင်းကင်တွင် အပေါက်တစ်ခုဖွင့်ရန် အခိုင်အမာ လုပ်နေကြသည်။

တံခါးပေါက်ရှိနေတာကို ပြတင်းပေါက်ကနေ ဖြတ်သွားသကဲ့သို့ပင်။

"ဆီလီ..သူတို့ကို နေရာလွတ်မုန်တိုင်းတစ်ခု ပေးလိုက်" ကောင်းဖန်က အေးဆေးစွာပြောလိုက်သည်။

ဆီလီ၏ မျက်လုံးများ တောက်ပလာသည်။ ဒီစွမ်းအင်ကို ရရှိပြီးကတည်းက ကောင်းဖန်က ၎င်းကို ပေါ့ပေါ့ဆဆ အသုံးမပြုခိုင်းခဲ့ပေ။ "ဒါက ငါ့စွမ်းအင်ပဲ... ငါဘာလို့ ကောင်းဖန်ရဲ့ခွင့်ပြုချက် လိုရတာလဲ"

ဤတိုက်ခိုက်မှုတစ်ခုတွင် ၎င်း၏ မကျေနပ်ချက်အားလုံးကို ဆီလီက လွှတ်ပေးလိုက်သည်။

ဧရာမ နေရာလွတ်အုံကြွမှုက အပေါ်ကနေ ပွင့်သွားသည်။

ဧရာမ မြွေဖြူ သားရဲတစ်ကောင်သည် နေရာလွတ်အုံကြွမှုမှ ၎င်း၏ ဦးခေါင်းကို ဖောက်ထွက်လိုက်သည်။ ၎င်း၏ ပယင်းစိမ်းရောင် မျက်လုံးများက ပြင်းထန်သော ဝိညာဉ်စွမ်းအားကို ပေးစွမ်းသည်။

၎င်းမှာ နေရာလွတ်ကွင်းမြွေ.. ကမ္ဘာမြွေကြီး ဖြစ်သည်။

၎င်းသည် အသွင်ပြောင်းမျိုးနွယ်စု၏ ထိပ်တန်းမင်းဆက်သုံးဆက်ဖြစ်သည့် ဥဒေါင်းမင်းဆက်၏ ထိပ်တန်း သခင်လည်းဖြစ်သည်။

လူသားမျိုးနွယ်စု ရှုံးသွားသည့် တိုက်ပွဲတွင် ကမ္ဘာမြွေကြီးသည် သူတိုတို့ နဝမမြောက်ကောင်းကင်ဘုံမှ မောင်းထုတ်ခဲ့သော အဓိက အင်အားစုဖြစ်သည်။

ထိုအချိန်တွင် ကမ္ဘာမြွေကြီးသည် အခြေခံအဆင့် နတ်ဘုရားသာဖြစ်သော်လည်း ယခုအခါ ထိပ်တန်းအဆင့် အဆင့်မြင့်နတ်ဘုရား ဖြစ်လာသည်။

“လူသားမျိုးနွယ်တွေ ဖြစ်နေပြန်ပြီလား.. ငါ မင်းတို့ကို နှင်ထုတ်လိုက်တုန်းက မင်းတို့ နေဖို့ နေရာကို ရှာမတွေ့ထားဘူးလား... မင်းတို့က ပြန်လာဖို့တောင် သတ္တိရှိသေးတယ်... ဒီတစ်ခါ ငါ မင်းတို့ကို ရှင်းပစ်မယ်" ကမ္ဘာ့မြွေကြီး၏ နှုတ်ခမ်းထောင့်များတွင် ရက်စက်သော အပြုံးတစ်ခု ထွက်ပေါ်လာသည်။

သို့သော် လှိုင်းထန်မှုတစ်ခုက ကမ္ဘာမြွေကြီး၏မျက်နှာကို ရိုက်ခတ်သွားသည်။

"ဟမ်" သူ အံဩသွားသည်။

ကမ္ဘာ့မြွေကြီးသည် တစ်ခုခု ပျက်သွားသည်ကို ခံစားလိုက်ရသည်။

နေရာလွတ်စည်းမျဉ်းကို ပိုင်ဆိုင်သူအနေဖြင့် နေရာလွတ်ကို ကောင်းစွာသိသည်။

အဆိုပါနေရာလွတ်ဒြပ်စင်များသည် အလွန်တည်ငြိမ်ပြီး ပြင်းထန်သည့် မိမိကိုယ်ကို ကုသနိုင်စွမ်းများရှိသည်။

အနှောက်အယှက်မရှိဘဲ ဤနေရာလွတ်ဒြပ်စင်များသည် ရုပ်ထုများကဲ့သို့ ငြိမ်နေသည်။ နေရာလွတ်ပျက်စီးသွားလျှင်ပင် သေးငယ်သောနေရာရှိ နေရာလွတ်ဒြပ်စင်များသာ ဖြစ်ပွားနိုင်မည်ဖြစ်သည်။ ဤအုံကြွမှုများသည် အနီးပတ်ဝန်းကျင်ရှိ "ငြိမ်သက်ခြင်း" အစိတ်အပိုင်းများ၏ အောက်တွင် လျင်မြန်စွာသေဆုံးသွားသည်။

နေရာလွတ်သည် အလွန်မှော်ဆန်သော ဒြပ်စင်တစ်ခုဖြစ်သော်လည်း ကမ္ဘာမြွေကြီးသည် ထိုကဲ့သို့ တုန်လှုပ် ချောက်ချားသည့် နေရာလွတ်ဒြပ်စင်များကို တစ်ခါမျှ မမြင်ဖူးပေ။

ဤအရာများသည် ကွင်းဆက်တုံ့ပြန်မှုကို လှုံ့ဆော်ပေးသည့် ရူးသွပ်မှုမျိုးသို့ ကျရောက်သွားပုံရသည်။

ကမ္ဘာမြွေကြီး၏အမူအရာပြောင်းလဲသွားသည်။ ဤနေရာမှဒြပ်စင်များ တောက်လောင်သွားသောအခါတွင် မည်မျှ ကြောက်စရာကောင်းသည့် အရာများဖြစ်လာမည်ကို အတိအကျသိသောကြောင့်ဖြစ်သည်။

ဘယ်လောက်ဆိုးတဲ့ကံလဲ... ဒီလို နေရာလွတ်အုံကြွမှုထဲကိုမှ ဘာလို့ဝင်လာတာလဲ...

မတော်တဆမှုဖြစ်ရန် ပထမဆုံးနေရာမှာ ၎င်းနေရာယူထားသည့် နေရာလွတ်အုံကြွမှုဖြစ်သည်။

...

အက်ကွဲသံများကိုကြားလိုက်ရသည်။ နေရာလွတ်အုံကြွမှုသည် ကွဲထွက်သွားသည်။

ကောင်းကင်သည် အင်္ဂတေကဲ့သို့ ပြိုကျသွားသည်။ အပြင်ဘက်ရှိ တောက်ပြောင်သော အရောင်များ ပျောက်ကွယ်သွားကာ အနက်ရောင်တစ်ခုသာ ကျန်တော့သည်။

ကောင်းကင်ယံ၌ တိတ်ဆိတ်သော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။

ကြောက်မက်ဖွယ်ကောင်းသော အဖျက်စွမ်းအားသည် တစ်ခုတည်းသောနေရာတစ်ခုတွင် စုစည်းထားသည်။

နေရာလွတ်အုံကြွမှု၏ အဖျက်စွမ်းအားသည် နေရာလွတ်စွမ်းအားနှင့် အချိုးကျသည်။ ကမ္ဘာ့မြွေကြီးသည် ကမ္ဘာနှစ်ခုကြားရှိ တံတိုင်းကို ဆောက်လုပ်ရန် ၎င်း၏ စွမ်းအားအားလုံးနီးပါးကို အသုံးပြုခဲ့ရသည်။

ကမ္ဘာ့မြွေကြီးသည် ဤရှုပ်ထွေးသောနေရာမှ သူ့ကိုယ်သူ ပို့ဆောင်ရန် နေရာလွတ်စည်းမျဉ်းကို အသုံးပြုလိုသော်လည်း နေရာလွတ် စည်းမျဉ်းကို အသုံးပြုလိုက်သောအခါတွင် ပို၍ပင် ကြောက်စရာကောင်းသော ပေါက်ကွဲသံကို ဖြစ်ပေါ်စေသည်။

ကျယ်လောင်သောအသံများသည် သူတို့အပေါ်သို့ မိုးရွာချလာသော်လည်း အသံအားလုံးသည် ကောင်းကင်တွင် တည်ရှိနေသော ကြီးမားလှသော တွင်းနက်ကြီးကြောင့် အသံများကို လွှမ်းသွားသည်။

ကမ္ဘာ့မြွေကြီးသည် သာမန် နေရာလွတ်အုံကြွမှု မဟုတ်ကြောင်း နောက်ဆုံးတွင် သဘောပေါက်သွားသည်။ ဒါက လူလုပ် အစီအစဥ်တစ်ခုဖြစ်သည်။

ကမ္ဘာ့မြွေကြီး၏အရေပြားသည် တွင်းနက်ထဲတွင် အက်ကွဲသွားပြီး ၎င်း၏ခန္ဓာကိုယ်ပေါ်တွင် ပြတ်ရှရာများဖြစ်သွားသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် မမြင်နိုင်သော ဓားကြောင့် မရေမတွက်နိုင်သော ဒဏ်ရာများ ရရှိသွားသည်။

သွေးစွန်းနေသော မြူမှုန်များသည် ကောင်းကင်ယံတွင် ပက်ဖျန်းနေသည်။

“အခွင့်အရေးကောင်းတစ်ခုပဲ” ကောင်းဖန်၏ မျက်လုံးများ တောက်ပလာသည်။

"ဆီလီ... မီးတောက်ကို ထုတ်လိုက်"

အဝေးမှ နေရာလွတ်စည်းမျဉ်းကို အသုံးပြုနေသော ဆီလီသည် တွင်းနက်တွင် အရှုပ်အထွေးဖြစ်အောင် “မီးညှိ” ပေးလိုက်သည်။ နေရာလွတ်အုံကြွမှု၏ အစပြုသူအနေဖြင့်ပင် ဆီလီသည် ၎င်း၏စွမ်းအားများကို အဝေးမှအသုံးပြုပြီး နီးကပ်လွန်းအားကြီးစွာ ချဉ်းကပ်ဝံ့ခြင်းတော့ မရှိပေ။

တွင်းနက်ကြီးသည် တဖြည်းဖြည်း ကျယ်ပြန့်လာပြီး ၎င်း၏ စွမ်းအားများသည် ပို၍ ကြောက်စရာကောင်းလာသည်။

ချဲ့ထွင်မှုနောက်တွင် ကျယ်လောင်စွာ အော်ဟစ်နေသည်။

နောက်ဆုံးတွင် ကမ္ဘာ့မြွေကြီးသည် မရေမတွက်နိုင်အောင် အပိုင်းအစများ အဖြစ်ကွဲသွားပြီး တွင်းနက်ကို ဖုံးလွှမ်းသွားသည်။

ကမ္ဘာ့မြွေကြီးနှင့်အတူ လိုက်ပါလာသော အခြား အဆင့်မြင့်နတ်ဘုရားနှစ်ကောင်သည် ဒါကိုမြင်သောအခါ ငြိမ်သက်သွားကာ ကမ္ဘာ့မြွေကြီး ပြုတ်ကျသွားသည်ကိုမြင်ပြီးနောက် မဆိုင်းမတွ ထွက်ခွာသွားသည်။

"ဆီလီရဲ့ စွမ်းအင်က သူ့ဆန္ဒအတိုင်း ကြောက်စရာကောင်းမယ်လို့ မမျှော်လင့်ထားမိဘူး" ကောင်းဖန်သည် အရမ်း စိတ်လှုပ်ရှားသွားသည်။ "မင်းရဲ့အစွမ်းအစတွေကိုသာ ကောင်းကောင်းအသုံးချရင် ပိုသန်မာတဲ့ပြိုင်ဘက်ကို အနိုင်ယူဖို့ မဖြစ်နိုင်ဘူးဆိုတာ မရှိဘူး"

ဆီလီက အရမ်းသန်မာတယ်... မှန်တယ်မဟုတ်လား” ဆီလီတွေးလိုက်သည်။

"ဒါဆို အခုမှစပြီး ဂိုဒီနဲ့အတူ ကျန်တဲ့နေတိုင်း အနားမယူပဲ.. လေ့ကျင့်ပေးရမှာပေါ့လေ" ကောင်းဖန်က ဆက်ပြောသည်။

ဆီလီ ကြယ်တွေလတွေ မြင်သွားသည်။ ထို့ကြောင့် လက်တံတွေနဲ့ ခေါင်းကို ဖက်ထားလိုက်သည်။ “ဆီလီပင်ပန်းပြီ... ဆီလီ မနေနိုင်တော့ဘူး" နောက်တော့ တခဏချင်း ပျောက်သွားသည်။

"ဒီကောင်..." ကောင်းဖန် စိတ်ပျက်သွားသည်။

"ကြည့်ရတာ ငါ့အကူအညီမလိုလောက်ဘူး" ဆာရှိ သတိပြုမိလိုက်သည်။ ရန်သူအားလုံး ထိတ်လန့်သွားကြသောကြောင့် ၎င်းတို့သည် နောက်ထပ် ပြင်ဆင်မှုများ မပြုလုပ်မီ ၎င်းတို့ ထပ်မံပေါ်လာတော့မည် မဟုတ်ပေ။

နောက်တစ်နေ့တွင် ဆာရှိနှင့် ဒန်ဘီတို့သည်‌ ကောင်းဖန်ကို နှုတ်ဆက်ပြီး ပျက်နှာပြင်ပင်လယ်သို့ ပြန်လာလိုက်ကြသည်။

***

သားရဲလေ့ကျင့်သူ

အခန်း ၈၂၇ နယ်ချဲ့ခြင်း

ကောင်းကင်ယံ၌ တွင်းနက်ကြီးသည် မှေးမှိန်မသွားမီ တစ်ပတ်လုံး ထိုနေရာတွင် ရှိနေသည်။

ယခုသီတင်းပတ်အတွင်းတွင် နောက်ထပ် အသွင်ပြောင်းလူများ ပေါ်မလာတော့ကြောင်း ကောင်းဖန် တွေ့လိုက်ရသည်။ အာကာသဥမင်၏ အခြားအစွန်းနားရှိ အသွင်ပြောင်းမျိုးနွယ်စုရှိ မင်းဆက်များမှာ မင်းမျိုးမင်းနွယ်များပင်လျှင် ဤဒေသမှ ထွက်ခွာသွားကြသည်။

ခဏအကြာတွင် မျိုးနွယ်စုနှစ်စုကြား ငြိမ်းချမ်းရေးစာချုပ် ညှိနှိုင်းရန် အသွင်ပြောင်းလူများ ရောက်လာကြသည်။ ကောင်းဖန်သည် ဤကိစ္စများကို သူ့အဖိုးထံ လွှဲပြောင်းပေးထားလိုက်သည်။

အသွင်ပြောင်းမျိုးနွယ်စုများသည် နဝမမြောက်ကောင်းကင်ဘုံတွင် နှစ်ပေါင်း ၁ သောင်းကျော် နေထိုင်လာခဲ့သောကြောင့် ၎င်းတို့အား အချိန်တိုအတွင်း လုံးဝနှင်ထုတ်ရန် နည်းလမ်းတော့ မရှိပေ။ ဒါက ရှည်လျားတဲ့ လုပ်ငန်းစဉ်တစ်ခုဖြစ်သည်။

တွင်းနက်ကြီး ပျောက်ကွယ်သွားပြီးနောက် ပွင့်လင်းမြင်သာသော နေရာလွတ်နတ်ဘုရားဖြစ်မှုသည် ၎င်း၏နေရာတွင် ပေါ်လာသည်။

လျှပ်တစ်ပြက်အတွင်း ဆီလီသည် နေရာလွတ်နတ်ဘုရားဖြစ်မှုဘေးတွင် ပေါ်လာသည်။ ၎င်းသည် နေရာလွတ် ရောင်ဝါများအတွက် အလွန်အထိခိုက်မခံသောကြောင့် ဤနတ်ဘုရားဖြစ်မှုကို အစောပိုင်းတွင် သတိပြုမိခဲ့သည်။ သို့သော် ၎င်း၏ရောင်ဝါသည် ယခင်က လှိုင်းထန်ခြင်းကြောင့် ဖုံးကွယ်ထားခဲ့ပြီး ဆီလီသည် ထိတ်လန့်တုန်လှုပ်ချောက်ချားဖွယ် လှိုင်းထန်ခြင်းထဲတွင် ပေါ့ပေါ့ဆဆ မနေရဲပေ။ ကမ္ဘာ့မြွေကြီး၏ အလောင်းသည် နွေးထွေးဆဲဖြစ်သည်။

နေရာလွတ်နတ်ဘုရားဖြစ်မှုကို ဆီလီသည် ဖုံးကွယ်ထားသည်။ ဘယ်သူကမှ မမြင်ကြတာကို ဘယ်ညာ စစ်ဆေးကြည့်ပြီးနောက် သူ့ကိုယ်သူ တခစ်ခစ်ရယ်နေလိုက်သည်။ နောက်တော့ နောက်ထပ် တစ်ခဏအတွင်းမှာ ပျောက်သွားသည်။

မြေအောက်ခန်းရောက်မှ နေရာလွတ်နတ်ဘုရားဖြစ်မှုကို ဆီလီထုတ်လိုက်သည်။ “ ကောင်းဖန်...ငါ့ကို ငါးသေလို့ ခေါ်တယ်ဟုတ်လား...ငါ မင်းမျက်နှာကို ရိုက်ပြီး မင်း မျက်နှာနီသွားစေရမယ်... ကောင်းဖန်”

ဆီလီ၏လက်တံများသည် နေရာလွတ်နတ်ဘုရားဖြစ်မှုကို ဖုံကွယ်ထားပြီး ၎င်း၏အစွမ်းများကို စုပ်ယူလိုက်သည်။

ဆီလီ၏ပတ်လည်ရှိ နေရာလွတ်သည် အဆက်မပြတ် တုန်ခါနေပြီး လှိုင်းလုံးများ ထွက်လာသည်။ သူသည် အားအင်တွေ ပြည့်နှက်နေသလို ခံစားနေရသည်။

"ကောင်းဖန်... ကောင်းဖန်.. ငါဘယ်သူ့ကို တွေ့လာလဲ ခန့်မှန်းကြည့်” ဂိုဒီသည် စိတ်လှုပ်ရှားစွာ အိမ်ထဲသို့ ပြေးဝင်လာသည်။

"ဖလိန်မီလား"

“…” ဂိုဒီ၏ မျက်နှာမှာ မကျေမနပ် ဖြစ်နေသည်။

"အမြဲတမ်း ဘယ်လိုလုပ် ခန့်မှန်းနိုင်တာလဲ" ဂိုဒီက မကျေမနပ်နဲ့ပြောလိုက်သည်။

"ငါက မင်းရဲ့သခင်မဟုတ်ဘူးလား” ကောင်းဖန်က ရယ်မောလိုက်သည်။

"ကောင်းပါပြီ” ဂိုဒီသည် ကျိုးကြောင်းဆီလျော်သည်ဟု တွေးကာ ခေါင်းကုတ်လိုက်သည်။

"အစင်းလေးက ဖလိန်မီနဲ့ တခြားသူတွေနဲ့အတူ ပြန်လာတာလား"

"အိုး.. ငါသတိမထားမိလိုက်ဘူး" ဂိုဒီက ပြောလိုက်သည်။

ကောင်းဖန်၏ ပါးစပ် လှုပ်ယမ်းသွားသည်။ "အစင်းလေးက အရမ်းသိသာနေတာကို မင်းသတိမထားမိဘူးလား.. ဒါဆို မင်းဘာကို သတိထားမိလဲ" သူစိတ်ဆိုးသွားသည်။

"ငါ မမြင်လိုက်ဘူး" ဂိုဒီက အမှန်ကို ပြောလိုက်သည်။

နောက်တစ်စက္ကန့်တွင် မြေပြင်တုန်လှုပ်သွားသည်။

ကောင်းဖန် နားလည်လိုက်သည်။ အစင်းလေး တကယ်ပြန်လာပုံရသည်။

"ကောင်းဖန်.. နင်ဘယ်မှာလဲ"

ကောင်းဖန်သည် အဝေးမှ အစင်းလေး၏ အသံကို ကြားလိုက်ရသည်။

“ငါဒီမှာ” ကောင်းဖန်က အော်လိုက်သည်။

မိုင်ဒါဇင်အကွာကနေ ဖြတ်လာသည့်အတွက် အစင်းလေးသည် သူပြောတာကို မကြားလိုက်ပေ။

...

“ကောင်းပြီ.. အဲဒါက ငါမကောင်းတာပါ... ငါက အရမ်းပုနေလို့မင်းကိုမမြင်လိုက်ဘူး... စိတ်မဆိုးပါနဲ့” ကောင်းဖန်က စရစ်ပိ ခေါင်းပေါ်မှာထိုင်ပြီး နှစ်သိမ့်ပေးနေသည်။

အစင်းလေး တုန်လှုပ်သွားသည်။ "အစင်းလေးက စိတ်မဆိုးပါဘူး"

ထို့နောက် အစင်းလေး၏ လေသံမှာ နာကျင်လာသည်။ "ကောင်းဖန်... ဆီလီတောင်မှ နတ်ဘုရားဖြစ်သွားပြီး ငါကမဖြစ်သေးဘူး... ငါ့ကို မကြိုက်တော့ဘူးမလား"

"မင်း ဆီလီမကောင်းကြောင်းနောက်တခါ ပြောပြန်ပြီ” လေသည် ဖျတ်ခနဲဖြစ်သွားပြီး အစင်းလေး၏ခေါင်းပေါ်တွင် ဆီလီပေါ်လာပြီး အစင်းလေးကို လက်တံနှင့် ရိုက်လိုက်သည်။ “နားထောင်.. အခုအချိန်ကစပြီး ငါက ကောင်းဖန်ရဲ့ အသန်မာဆုံးသားရဲပဲ” ဟု သူက ဝမ်းသာအားရပြောလိုက်သည်။

ဆီလီ၏ ရောင်ဝါများ ဖြာထွက်နေသည်။ ၎င်းသည် အခြေခံနတ်ဘုရား၏ အထွတ်အထိပ်အဆင့်သို့ ရောက်ရှိသွားပြီဖြစ်သည်။

ဂိုဒီက မယုံကြည်နိုင်စွာနဲ့ ခေါင်းကုတ်လိုက်ပြီး "မင်းဘယ်လိုလုပ် သန်မာလာတာလဲ" ဟု မေးလိုက်သည်။

“အတိအကျပဲ” ဆီလီက သူများတွေ ချီးမွမ်းတာကို စောင့်နေတာ...

"မင်းက အဆင့် ၉၈ မှာ ရောက်နေတာပါ... လူမည်းကလေးနဲ့ အသားအနှစ်သာရတစ်ချို့ကို ငါထားခဲ့တယ်.. အဲဒါတွေ အားလုံးကို စုပ်လိုက်ရင် အဆင့် ၁၀၀ ကို ရောက်နိုင်တယ်.. မင်းလည်း နတ်ဘုရားဖြစ်မှုတွေကို ကောင်းကောင်း ဖွဲ့စည်းနိုင်လိမ့်မယ် ဟုတ်ပြီလား” ကောင်းဖန်က အစင်းလေး၏ ခေါင်းကို ပုတ်လိုက်သည်။

“အိုး” ဘယ်သူ့ကိုမှ သူ့ကို ဂရုမစိုက်ဘူးဆိုတာကို ဆီလီမြင်လိုက်ရပြီးနောက် စူးစူးဝါးဝါး လွင့်ထွက်သွားသည်။

ငှက်ကလေးက သူ့အသံချိုလေးနှင့် အဝေးက အော်ခေါ်လိုက်သည်။

ကောင်းဖန်သည် ၎င်းက ဖလိန်မီ၏ အသံဖြစ်ကြောင်းမှတ်မိလိုက်သည်။ "ဘာလို့ ဖလိန်မီက ခေါ်နေတာလဲ" ကောင်းဖန် အံ့ဩသွားသည်။

ထိုအခါ ကောင်းဖန်သည် ဂိုဒီတွင် ထူးဆန်းသောအမူအရာရှိသည်ကို သတိပြုမိလိုက်သည်။ သူသည် မသက်မသာဖြစ်လာပြီး စိတ်ရှုပ်လာကာ ချက်ချင်းထွက်သွားဖို့ ဆင်ခြေပေးလိုက်သည်။

ဂိုဒီ၏ နောက်ကျောကို ကြည့်လိုက်ရာ ကောင်းဖန်၏ အမူအရာသည် လေးနက်သွားသည်။ ရုတ်တရက် သူက ဂိုဒီကိုခေါ်လိုက်သည်။

ဂိုဒီက စိတ်ရှုပ်ထွေးစွာ လှည့်ကြည့်လိုက်သည်။

"ငါ မင်းကို တစ်ခုခု ပေးပါရစေ" ကောင်းဖန်က ပြောလိုက်သည်။

သူ ရှေ့တိုးလားပြီး ဂိုဒီ၏ လက်ထဲသို့ ပုလင်းငယ်လေးတစ်ခုကို လျှို့ဝှက်စွာ ထည့်ပေးလိုက်သည်။

ဂိုဒီ မြင်ပြီးနောက် အံ့ဩသွားသည်။ "ကောင်းဖန်... မင်းဘာလို့ ဒီလိုမျိုးပစ္စည်းတွေ သယ်လာတာလဲ" ဟု တွေးမိလိုက်သည်။

...

"မဟုတ်သေးပါဘူး.. ငြိမ်းချမ်းရေးကို ရှာနေတာလား ဒါမှမဟုတ် လက်ကမ်းစာစောင်တွေ ဝေနေတာလား.. ကျီဟန့်ဝူသည် လက်နှစ်ဖက်ကို စားပွဲပေါ်တင်ကာ မတ်တပ်ရပ်လိုက်ပြီး ရှေ့သို့ အနည်းငယ်ကိုင်းလိုက်သည်။ ဖြူဖွေးနေသော မျက်ခုံးမွှေးများသည် စူးရှသော ဓားနှစ်ချောင်းနှင့်တူပြီး သူ့မျက်လုံးများကို တောက်ပြောင်အောင် စွမ်းဆောင်ပေးသည်။

“ငါတို့ ဘယ်တော့မှ မရှုံးပါဘူး... မင်းပြောနေတဲ့ နေရာက ငါတို့ လင်းမျိုးနွယ်စုရဲ့နယ်မြေပဲ.. ငါတို့ မင်းကို ဘယ်တော့မှ မပေးဘူး!”

"ကောင်းကင်မှာ အလောင်းက နွေးနေတုန်းပဲ.. မင်း ယုံကြည်ချက်ရှိလား" ကျီဟန့်ဝူက ရယ်မောလိုက်သည်။ "မင်းပြောနေတဲ့ 'အမြဲတမ်း' က မင်းရဲ့ စိတ်ကူးယဉ်သက်သက်ပဲ.. အမှန်တရားဆိုတာ ဘာလဲ မင်း ကောင်းကောင်း သိပါတယ်"

“မင်းက တောင်းဆိုနေတာပဲ…”

"ဒါဆို ငါတို့ တိုက်မယ်လေ" ကျီဟန့်ဝူက စားပွဲကို လှန်လိုက်သည်။

“…” စားပွဲ၏ တစ်ဖက်ခြမ်းမှ လူသည် ပါးစပ်အဟောင်းသား ဖြစ်သွားသည်။

တကယ်တော့ စစ်တိုက်ဖို့ နည်းလမ်းမရှိပေ။ လူသားမျိုးနွယ်စုကို ငြိမ်းချမ်းရေးခရီးစဉ်မလာမီ အထက်က အမိန့်တွေကို လက်ခံ ရရှိထားခဲ့သည်။

ကမ္ဘာ့မြွေကြီး၏ သေဆုံးမှုကိုသာသိပြီး မည်ကဲ့သို့သေဆုံးခဲ့သည်ကိုမသိသောကြောင့် တိုက်ခိုက်ရန်နည်းလမ်းမရှိပေ။

၎င်းတို့သည် ဆက်လက်တိုက်ပွဲမဝင်မီ လူသားမျိုးနွယ်အား မည်ကဲ့သို့ ခုခံရန်နှင့် ပစ်မှတ်ထားရန် အစီအစဥ်ကို စဉ်းစားရန် လိုအပ်သည်။

သူတို့က ကမ္ဘာ့မြွေကြီးအတွက် လက်စားချေဖို့ ဒီလောက် မြင့်မြတ်မနေပေ။

အစောပိုင်းနှစ်ပေါင်း ၁ သောင်းလောက်က ဆိုရင်တော့ ဖြစ်နိုင်ပေမယ့် နှစ် ၁သောင်း ကြာသွားတော့ လူတွေက ပြောင်းလဲသွားခဲ့သည်။

၎င်းတို့သည် လင်းမျိုးနွယ် ထွန်းကားရေးကို ဦးဆောင်ခဲ့သော သူရဲကောင်းများ၊ လင်မျိုးနွယ်စု၏ အောင်နိုင်သူများ မဟုတ်တော့ပေ။

သူတို့သည် အုပ်စိုးရှင်များ၊ ဘုရင်များ၊ ခေါင်းဆောင်များ ဖြစ်လာခဲ့ကြသည်။

ထို့နောက် စိတ်အားထက်သန်မှု ပျောက်ဆုံးပြီး ငြိမ်သက်မှုကို ရရှိခဲ့ကြသည်။

"မင်းရဲ့ သတ်မှတ်ချက်ကဘာလဲ"

"ညှိုးနွမ်းသောနိုင်ငံနဲ့ မင်းယုနိုင်ငံတွေရဲ့ နယ်မြေတွေက အခုကစပြီး လူသားမျိုးနွယ်စုရဲ့ အပိုင်ဖြစ်လာလိမ့်မယ်"

"ကောင်းပါပြီ" လင်းမျိုးနွယ်စု၏ သံတမန်က ခေါင်းညိတ်ပြလိုက်သည်။

ပြီးတော့.. ကျီဟန့်ဝူက ပြုံးလိုက်သည်။

"နောက်ထပ်ရှိသေးတာလား" သံတမန်က ထိတ်လန့်သွားသည်။

“ဟုတ်တယ် နောက်ထပ်ရှိသေးတယ်.. အခြေအနေတစ်ခုပဲရှိတယ်လို့ ဘယ်တုန်းကမှ မပြောခဲ့ဖူးပါဘူး” ကျီဟန့်ဝူက ပြောလိုက်သည်။

“…” လင်းမျိုးနွယ်စု သံတမန်က အံကြိတ်ပြုံးလိုက်သည်။ “ဆက်ပြောပါ”

"ဒုတိယအချက်.. မုန်တိုင်းနိုင်ငံရဲ့ နယ်မြေက ဒီနေ့ကစပြီး လူသားမျိုးနွယ်ရဲ့ လက်အောက်ခံပဲ"

"လက်အောက်ခံ” လင်းမျိုးနွယ်စု သံတမန်သည် ဤစကားကို ပထမဆုံးအကြိမ် ကြားလိုက်ခြင်းဖြစ်သည်။ "အဲဒါဘာလဲ"

ကျီဟန့်ဝူသည် အံဆွဲထဲမှ စာချုပ်ထူကြီးကို ထုတ်ယူလိုက်သည်။

“မင်းမသိရင်လည်း အဆင်ပြေပါတယ်.. ငါမင်းကိုအသေးစိတ်ပြောပြနိုင်တယ်" ကျီဟန့်ဝူက အပြုံးလေးနဲ့ပြောပေမယ့် ဒီအပြုံးက လင်းမျိုးနွယ်စု သံတမန်အတွက် ရက်စက်ပြီး ဆိုးသွမ်းနေသည်။

စေ့စပ်ညှိနှိုင်းမှု ပြီးဆုံးပြီးနောက် သံတမန်သည် ဒူးပျော့ခွေပြီး ညှိနှိုင်းခန်းမှ ထွက်လာသည်။ သူ အဲဒီကို ဘယ်တော့မှ မသွားတော့ဘူးလို့ ကျိန်ဆိုလိုက်သည်။

ရက်အနည်းငယ်ကြာပြီးနောက် ပထမအသုတ်တွင် လူသားများသည် အာကာသဥမင်ကို တရားဝင်ဖြတ်ကျော်ပြီး နဝမမြောက် ကောင်းကင်ဘုံသို့ ဝင်ရောက်သွားသည်။

ညှိုးနွမ်းသောနိုင်ငံရှိ လင်းမျိုနွယ်စုနှင့် မင်းယုတိုင်ပြည်တို့သည် အခြားဒေသများသို့ ပြောင်းရွှေ့သွားကြသည်။

အနှစ် ၁ သောင်းကြာ ချိတ်ပိတ်ခံထားရသော လူသားမျိုးနွယ်စုသည် နောက်ဆုံးတွင် လင်းမျိုးနွယ်စုများအားလုံးအမြင်တွင် ရိုင်းစိုင်းပြီး ကြီးစိုးသော သဘောထားများကိုပြသလိုက်ကြသည်။

***

သားရဲလေ့ကျင့်သူ

အခန်း ၈၂၈ ဘုရင်ခံအသစ်

"မင်းတို့ထဲက ဘယ်သူက မုန်တိုင်းနိုင်ငံကိုသွားပြီး ဘုရင်ခံအသစ်အဖြစ် ဆောင်ရွက်ချင်လဲ" ကောင်းဖန်သည် ဘုတ်အဖွဲ့၏ စားပွဲထိပ်တွင် ထိုင်နေသည်။ မျိုးနွယ်စုတစ်ခုခြင်းစီမှ သားရဲလေ့ကျင့်သူများသည် နှစ်ဖက်စလုံးတွင် ရှိနေကြသည်။

"ကျုပ်မေးချင်တာက ကျုပ်တို့မျိုးနွယ်စုက မုန်တိုင်းနိုင်ငံကို ဘုရင်ခံအသစ်အနေနဲ့သွားရင် အသွင်ပြောင်းမျိုးနွယ်စုထဲက သားရဲလေ့ကျင့်သူတွေ လာပြီး ပြဿနာရှာရင်..." သူသည် စကားမဆုံးသေးသော်လည်း သူ့မေးခွန်းမှာ ထင်ရှားသည်။ နဂါးဖြူမျိုးနွယ်စုမှ သားရဲလေ့ကျင့်သူက ကောင်းဖန်ကို မျှော်တလင့်ချက်နဲ့ ကြည့်နေသည်။

"ကျုပ်ဂရုစိုက်ပါ့မယ်" ကောင်းဖန်က ခေါင်းညိတ်လိုက်သည်။ "ထုံးစံအတိုင်း... ကျုပ်တို့ရဲ့ လူသားမျိုးနွယ်စုကို အသွင်ပြောင်းမျိုးနွယ်စုက အနိုင်ကျင့်တာကို ကြည့်နေမှာ မဟုတ်ပါဘူး"

နဂါးဖြူမျိုးနွယ်စုမှ လူကြီးသည် ရွှင်ပြုံးစွာ သက်ပြင်းချလိုက်သည်။

“ဒါပေမယ့် အဲဒီကာလမှာ ကြုံတွေ့ခဲ့ရတဲ့ ဆုံးရှုံးမှုတွေက ကျုပ်အတွက် စိုးရိမ်စရာမဟုတ်ပါဘူး” ဟု ကောင်းဖန်က အလေးအနက် ပြောလိုက်သည်။

“နိုင်ငံတစ်နိုင်ငံကို ကိုလိုနီပြုခြင်းက အမြတ်အစွန်းအများကြီးရပေမဲ့ ကိုလိုနီပြုထားတဲ့ ကာလမှာတော့ အကျိုးအမြတ်ရဲ့ သုံးဆယ်ရာခိုင်နှုန်းကို ညီလာခံအကြီးအကဲတွေရဲ့ အင်အားစုများကြား အညီအမျှ ခွဲပေးရမှာ.. ကျန်ခုနစ်ဆယ်ရာခိုင်နှုန်းက ကိုလိုနီအုပ်ချုပ်သူရဲ့ ကိုယ်ပိုင်ဝင်ငွေဖြစ်ပြီး ကိုလိုနီခေတ်ကာလအတွင်း တိုးချဲ့စရိတ်အားလုံးကို ကိုလိုနီဘုရင်ခံရဲ့ အင်အားနဲ့ ဆောင်ရွက်ရမှာ”

"မင်းဘာလို့ ဘုရင်ခံမလုပ်တာလဲ” ညီလာခံအကြီးအကဲမှ သားရဲလေ့ကျင့်သူက ကောင်းဖန်ကို စိတ်ဝင်တစား မေးလိုက်သည်။

"မလုပ်ဘူး" ကောင်းဖန် ခေါင်းခါလိုက်သည်။ ဒီအနေအထားက သူနှင့်မကိုက်ပေ။ ဒါ့အပြင် နိုင်ငံသုံးနိုင်ငံမှ အမြတ်အစွန်းများကို သိမ်းပိုက်ထားပြီးပြီဖြစ်သည်။ သူထပ်လုပ်ရင် သူ့ကိုယ်သူ ထပ်ခါထပ်ခါ လုပ်မိလိမ့်မည်။

ကောင်းဖန်က ဘုရင်ခံမလုပ်ဘူး ကြားတာနဲ့ အားလုံးရဲ့ စိတ်တွေ ပေါ့ပါးသွားသည်။

ဒါပေမယ့် အန္တရာယ်တွေကတော့ မနည်းပေ။ ပထမအချက်မှာ လက်အောက်ခံနယ်မြေအတွင်းရှိ အသွင်းပြောင်းလူများက ကျေနပ်လိမ့်မည် မဟုတ်ပေ။ မြေအောက် ဆန့်ကျင်ဘက် အဖွဲ့အစည်းတွေ အများကြီးရှိလာလိမ့်မည်။

ဒုတိယအချက်မှာ လူမျိုးရေး ခွဲခြားနားမှုကြောင့် ချမှတ်သည့်အမိန့်တိုင်းသည် ခုခံမှုများစွာနှင့် ရင်ဆိုင်ရပေလိမ့်မည်။

ထို့အပြင် ဘဏ္ဍာတိုက်များကို တစ်စုံတစ်ဦးမှ သန့်ရှင်းသပ်ရပ်စွာ ဝင်ရောက်စီးနင်းခဲ့ကြောင်းလည်း ၎င်းတို့ကြားသိခဲ့ရသည်...

နောက်ဆုံးတွင် နဂါးဖြူမျိုးနွယ်စုသည် အဆိုပါတာဝန်ကို ထမ်းဆောင်ခဲ့ပြီး မုန်တိုင်းနိုင်ငံ၏ ပထမဆုံး ဘုရင်ခံဖြစ်လာခဲ့သည်။

...

ခြင်္သေ့၏ ဟိန်းဟောက်သံသည် ကောင်းကင်ယံတွင် ပျံ့လွင့်နေသည်။

ကောင်းဖန်သည် ပြုံးလိုက်သည်။ ခြင်္သေ့ဖြူသည် နောက်ဆုံးတော့ သမုဒ္ဒရာသန့်ရှင်းသော ခြင်္သေ့ကို စုပ်ယူလိုက်ပြီဖြစ်သည်။

သူ အနားမကပ်သွားခင် ကောင်းဖန်သည် ပြင်းထန်သည့် ရောင်ဝါကို ခံစားလိုက်ရသည်။

အလင်းတန်းတစ်ခု ဖြတ်သွားသည်။ ခြင်္သေ့ဖြူသည် ဂုဏ်ယူဝင့်ကြွားမှုအပြည့်နဲ့ သူ့ရှေ့မှာ ပေါ်လာသည်။

အဖြူ၊ အပြာ၊ နှင့် အစိမ်းရောင်—အမွေးအရောင်သုံးရောင်ကို ၎င်း၏ခန္ဓာကိုယ်ပေါ်တွင် မြင်တွေ့နိုင်သည်။ သူ့တွင် အစိမ်းရောင် ခြေသည်း၊ အဖြူရောင် ဦးခေါင်းတစ်ခုနှင့် ၎င်း၏ ကျောရိုးမှ ၎င်း၏အမြီးအထိ အပြာရောင် မျဉ်းကြောင်းများ ပါရှိသည်။

ကောင်းဖန်သည် ပြောင်းလဲလာသော ခြင်္သေ့ဖြူကို စစ်ဆေးလိုက်သည်။ "မင်းဘာလို့ ရုပ်ဆိုးသွားသလို ခံစားရတာလဲ"

သူဒီလိုပြောပြီးနောက်မှာတော့ ခြင်္သေ့ဖြူ၏ မာနကြီးတဲ့အမူအရာသည် အလွန်စိတ်ထိခိုက်သွားပုံ ပေါက်သွားသည်။

"ကောင်းဖန်... ငါ ထာဝရအဆင့်ကို ကျော်ဖြတ်ပြီး အလယ်အလတ်အဆင့်နတ်ဘုရား ဖြစ်သွားပြီ" ခြင်္သေ့ဖြူက ကောင်းဖန်ကို ပြင်းပြင်းထန်ထန် စိုက်ကြည့်လိုက်သည် ။

"ဒါပေမယ့် မင်းရုပ်ဆိုးတာနဲ့ ဘာဆိုင်လို့လဲ” ကောင်းဖန်က ခြင်္သေ့ဖြူကို လေးလေးနက်နက် မေးလိုက်သည်။

....

“မင်း ငါ့ကို ရုပ်ဆိုးတယ်လို့ ဆက်ခေါ်ရင် ငါ ဒေါသဖြစ်မိတော့မယ်” ဟု တွေးမိလိုက်သည်။

"ငါတစ်ခုခုစဉ်းစားနေတယ်" ကောင်းဖန်က ပြောလိုက်သည်။

"ဘာလဲ"

"မင်းသာ ခြင်္သေ့ခုနစ်ကောင်နဲ့ ပေါင်းလိုက်ရင် သက်တံရောင်ဖြစ်လာမှာလား"

ခြင်္သေ့ဖြူ ဆွံ့အသွားသည်။

"ဒါဆို မင်းက အစွန်ဆုံ ပန့်ခ် သက်တံ့ခြင်္သေ့ ဖြစ်သွားမှာ မဟုတ်ဘူးလား" ကောင်းဖန်က ဆက်ပြောလိုက်သည်။

"ဝေါင်း”

ထိုနေ့တွင် ခြင်္သေ့၏နှစ်ကြိမ်ဟိန်းဟောက်သံကို လူများစွာကြားခဲ့ရသော်လည်း ဒုတိယတစ်ခေါက်မှာ ဝမ်းနည်းပူဆွေးမှု အရိပ်အမြွက်ပါနေသည်။

[သားရဲ အမည်] - သူတော်စင်သုံးပါး ခြင်္သေ့

[သားရဲ အဆင့်] - အလယ်အလတ်အဆင့် နတ်ဘုရား

[စည်းမျဉ်းထိန်းချုပ်မှု] - သမုဒ္ဒရာစည်းမျဉ်း ၁၈.၉ ရာခိုင်နှုန်း၊ မုန်တိုင်းစည်းမျဉ်း ၉.၆ ရာခိုင်နှုန်း၊ ရေခဲစည်းမျဉ်း ၃.၄ ရာခိုင်နှုန်း

[သားရဲစွမ်းရည်ဆင့်] - ထာဝရ

[အထူးလက္ခဏာများ] - သူတော်စင်သုံးပါးကို ဖမ်းဆုပ်ခြင်း (ရေ၊ လေ၊ ရေခဲနှင့်ပတ်သက်သော စည်းမျဉ်းများကို တိုးမြှင့်ထားသောကြောင့် ဤစည်းမျဉ်းသုံးရပ်မှ စွမ်းအားကို စုပ်ယူနိုင်သည်။)

အကျိုးသက်ရောက်မှု ၁ - ရေ၊ လေ၊ ရေခဲနှင့်ဆိုင်သော စည်းမျဉ်းများကို လွှမ်းမိုးနိုင်သည်။ လွှမ်းမိုးထားသော စည်းမျဉ်း၏ သီးခြားအဆင့်သည် လက်ခံသူ၏အဆင့်ပေါ်တွင် မူတည်သည်။

အကျိုးသက်ရောက်မှု ၂ - လက်ခံသူသည် ပြိုင်ဘက်ကို တိုက်ခိုက်ရန် လွှမ်းမိုးထားသော စည်းမျဉ်းသုံးခုကို ထုတ်ပြန်နိုင်သည်။

အကျိုးသက်ရောက်မှု ၃ - လက်ခံသူသည် ၎င်း၏ကိုယ်ပိုင်ခံနိုင်ရည်ထက်ကျော်လွန်ပြီး ပြိုင်ဘက်ကိုတိုက်ခိုက်ရန် ပြင်းထန်သော စွမ်းအားကိုသုံးနိုင်သည်။ ဒါက လက်ခံသူကို အတိုင်းအတာတစ်ခုအထိ ထိခိုက်စေလိမ့်မည်။

သူတော်စင်သုံးပါး၏စွမ်းအား (ကြီးထွားနိုင်သော လက္ခဏာတစ်ခုဖြစ်သည်။ သန့်ရှင်းခြင်္သေ့များနှင့် ပေါင်းစည်းခြင်းသည် ဤဝိသေသကို ကြီးထွားစေသည်။)

အကျိုးသက်ရောက်မှု ၁ - အသက်သွင်းပြီးနောက် ၎င်းသည် အချိန်တိုအတွင်း လက်ခံသူ၏ စွမ်းအားကို သုံးဆတိုးနိုင်ပြီး စည်းမျဉ်းများကို ထိန်းချုပ်မှုသည် ထိုကာလတွင် တိုးလာမည်ဖြစ်သည်။ အကျိုးသက်ရောက်မှုသည် နာရီဝက်ကြာပြီး အအေးခံချိန်သည် တစ်ရက်ဖြစ်သည်။

သူတော်စင်သုံးပါးသရဖူ (ခြင်္သေ့မျိုးနွယ်စု၏ ကံကြမ္မာကို စုဆောင်းပေးသည့် သန့်စင်သောသရဖူဖြစ်သည်။)

အကျိုးသက်ရောက်မှု ၁ - တရားမျှတသောတိုက်ပွဲတွင် လက်ခံသူသည် ပြိုင်ဘက်ကို အနိုင်ယူပြီးနောက် စည်းမျဉ်းအချို့ကို နားလည်မှု ရရှိမည်ဖြစ်သည်။

အကျိုးသက်ရောက်မှု ၂ - တရားမျှတသောတိုက်ပွဲတွင် လက်ခံသူက ပြိုင်ဘက်ကို အကြိမ်များစွာ ရှုံးနိမ့်သောအခါ စည်းမျဉ်းနားလည်မှု လျော့နည်းသွားနိုင်သည်။

[သားရဲ ဖော်ပြချက်] - ခြင်္သေ့မျိုးနွယ်၏ ကြီးကျယ်သော သတ္တဝါဖြစ်သည့် ဒဏ္ဍာရီလာ သူတော်စင်သုံးပါး ခြင်္သေ့တွင် သန့်စင်သော ခြင်္သေ့သုံးကောင်၏ စွမ်းအားရှိသည်။ ၎င်းသည် ခြင်္သေ့မျိုးနွယ်၏ ကံကြမ္မာကို ကိုယ်စားပြုသည့် သူတော်စင်သုံးပါး၏ သရဖူကို ပေါင်းစည်းထားသည်။

ကောင်းဖန်သည် နတ်ဘုရားအဆင့်ကို ဖြတ်ကျော်ရန် ၎င်း၏အိပ်စက်မှုတွင် စွမ်းအင် စုဆောင်းနေဆဲဖြစ်သော အစင်းလေးကို အချိန်အနည်းငယ်ယူ၍ ကြည့်ရှုလိုက်သည်။

တစ်ပတ်အကြာတွင် အစင်းလေးသည် နတ်ဘုရားအဆင့်သို့ အောင်မြင်စွာ ကျော်ဖြတ်သွားသည်။ ၎င်းသည် ကမ္ဘာမြေနှင့် ချော်ရည်နတ်ဘုရားဖြစ်မှုများကို ဖွဲ့စည်းထားသည်။

ကမ္ဘာမြေနှင့် ချော်ရည်နတ်ဘုရားဖြစ်မှုများနှင့်အတူ အစင်းလေးသည် ကြေးနီရောင်ဖြစ်လာသည်။ ၎င်း၏ ကြေးနီရောင်ကိုယ်ထည်သည် သန်မာကြံ့ခိုင်သည်။

ပြီးတော့ ကြမ်းတမ်းသော ရောင်ဝါကို ပေးစွမ်းသည်။

အစင်းလေး၏ အရေပြားပေါ်တွင် ချော်ရည်များ စီးကျနေသည်။ မြေပြင်ပေါ်တွင် မတ်တပ်ရပ်လျက်၊ ၎င်း၏ဦးခေါင်းနှင့် ခန္ဓာကိုယ်အပေါ်ပိုင်း မိုးကြိုးတိမ်တိုက်ထဲတွင် လုံးလုံးနစ်မြုပ်နေသောကြောင့် အစင်းလေး၏ဝမ်းကိုသာ မြင်နိုင်သည်။ ရွှဲနစ်နေသော ချော်ရည်များသည် မိုးခြိမ်းတိမ်တိုက်များကို ရွှေရောင်ဆိုးထားသည်။

အစင်းလေး၏ကိုယ်ထည်မှ ကြေးနီရောင်အလင်းတန်းများ ထွက်ပေါ်လာသည်။

ဖြတ်သွားတိုင်း တောက်လောင်သော အရိပ်အယောင်များ ကျန်ရစ်ခဲ့သည်။

ကြောက်မက်ဖွယ်ကောင်းသော အပူရှိန်ကြောင့် မြေပြင်မှ အဖြူရောင်မီးခိုးများ ကောင်းကင်သို့ တက်လာသည်ကို မြင်နေရသည်။

"မင်းကြည့်ရတာ ပိုလှလာတယ်" ကောင်းဖန်သည် အစင်းလေးပတ်လမ်း၏ လေးပုံတစ်ပုံကို လမ်းလျှောက်လာသည်။ ကျန်တဲ့အကွာအဝေးကို လမ်းလျှောက်ဖို့တော့ ပျင်းတယ်...

"တကယ်လား" ကောင်းဖန်၏ ချီးမွမ်းသံကိုကြားပြီးနောက် အစင်းလေးသည် ပိုကြီးလာရခြင်းအတွက် ဝမ်းနည်းမှု လျှော့ပါးသွာသည်။

"ဟုတ်တယ်" ဟု ကောင်းဖန်က ပြုံးပြီး ပြောလိုက်သည်။

"တစ်ခုခုဖြစ်သွားတယ်"

ကောင်းဖန်သည် သတင်းအချို့ကို ရလိုက်သည်။

ကောင်းဖန်သည် သတင်းကြားပြီးနောက် ပြေးလာသောအခါ အလောင်းတစ်လောင်းကို တွေ့လိုက်ရသည်။

သူသည် အလောင်းကိုကြည့်လိုက်သောအခါ နဂါးဖြူမျိုးနွယ်စုမှ အကြီးအကဲတစ်ဦးဖြစ်ကြောင်း မှတ်မိလိုက်သည်။ သူသည် နတ်ဘုရားတစ်ပိုင်းသားရဲ လေ့ကျင့်သူဖြစ်ပြီး လက်အောက်ခံနယ်မြေ၏ ပထမဆုံး ဘုရင်ခံဖြစ်သည်။

"ဒါက ဘယ်တုန်းက ဖြစ်တာလဲ" ကောင်းဖန်မျက်မှောင်ကြုတ်လိုက်သည်။ သူသည် ဤနဂါးဖြူမျိုးနွစု ဘုရင်ခံနှင့် ရင်းနှီးသည်။ အကြိမ်ပေါင်းများစွာ တွေ့ဆုံခဲ့ဖူးသည်။

အရေးအကြီးဆုံးမှာ သူသည် နယ်မြေသိမ်းပိုက်ရန် အကြံပြုခဲ့သူဖြစ်ပြီး ဘုရင်ခံရာထူးဝင်ပြီး တစ်လအကြာတွင် ဖြစ်ပျက်သွားခြင်း ဖြစ်သည်။ ဒါက သူ့ကို တိုက်ခိုက်တာ မဟုတ်ဘူးလား..

“လူကြီးမင်းကို ဒီမနက်မှာ မုန်တိုင်းနိုင်ငံရဲ့ သူပုန်ခေါင်းဆောင်က တိုက်ခိုက်ခဲ့တာပါ... မြို့ထဲကို သူတစ်ယောက်ထဲ ဝင်လာပြီး လူကြီးမင်းကို သတ်လိုက်တာပါ”

"တခြားသူတွေ ဘာလုပ်နေကြတာလဲ" ကောင်းဖန်က မေးလိုက်သည်။

“မျိုးနွယ်စုထဲက တခြား အားကောင်းတဲ့ သားရဲလေ့ကျင့်သူတွေလဲ ပြန်တိုက်ပါတယ်... ဒါပေမယ့် သူတို့က သူပုန်ခေါင်းဆောင်ရဲ့ ပြိုင်ဘက်တွေ မဟုတ်ပါဘူး... သူတော်စင်အဆင့် အကြီးအကဲ သုံးဦးလည်း သေသွားပါတယ်”

“ငါမေးတာ အဲတာမဟုတ်ဘူး... မြို့ထဲက တခြား အသွင်ပြောင်းလူတွေ အကြောင်းသိချင်တာ.. သူတို့က သူပုန်ခေါင်းဆောင်ကို ကြည့်နေကြတာလား” ကောင်းဖန်စိတ်မရှည်စွာ မေးလိုက်သည်။

“အိုး…” နဂါးဖြူ သားရဲလေ့ကျင့်သူသည် ကောင်းဖန်ကို အမှန်တကယ်လိုက်မမှီတော့ပေ။ အဲဒီလူတွေအားလုံးက အသွင်ပြောင်းမျိုးနွယ်စုမှ ဖြစ်သည်။

"ကိစ္စမရှိဘူး... မင်းရဲ့အမူအရာကနေ ဘာဖြစ်သွားလဲဆိုတာ ငါ ခန့်မှန်းလို့ရတယ်” ဟု ကောင်းဖန်က အသံတိုးတိုးနှင့် ပြောလိုက်သည်။

“အဘိုး... ကျေးဇူးပြုပြီး ကျွန်တော့်ကို ပညာရှင်နှစ်ယောက် ရှာပေးပါဦး.. စီမံခန့်ခွဲမှုပိုင်း အတွေ့အကြုံမရှိသေးတဲ့အတွက် ကျွမ်းကျင်သူတွေကိုတော့ ချန်ထားမယ်.. ကျွန်တော်ကတော့ လူတွေကို သတ်ပစ်လိုက်တော့မယ်" ကောင်းဖန်၏ အသံသည် ငြိမ်သက်သွားသည်။

All Chapters