အခန်း (၈၂၉-၈၃၂)
Vol. 52 Ch. 829-832
အခန်း ၈၂၉ ရှင်းလင်းခြင်း
"ကောင်းဖန်...မင်းငါ့ကို ရှင်းပြဖို့ လိုတယ်... ငါက ပိုရုပ်ဆိုးတယ်လို့ မင်းဘာလို့ ပြောတာလဲ.. ဒီအရောင်တွေအားလုံးကြောင့် ငါ့ခန္ဓာကိုယ်က အရမ်းမိုက်တယ်လို့ မင်းမထင်ဘူးလား" ခြင်္သေ့ဖြူသည် ကောင်းဖန် ပတ်ပတ်လည်တွင် လှည့်ပတ်နေသည်။
"ဒါပေမယ့် မင်းတကယ်ရုပ်ဆိုးသွားပြီ" ကောင်းဖန်က အကူအညီမဲ့စွာပြောလိုက်သည်။
အာကာသဥမင်ကိုဖြတ်၍ ကောင်းဖန်သည် တောင်ဘက်တလျှောက် ခြင်္သေ့ဖြူကိုစီးပြီး မုန်တိုင်းနိုင်ငံသို့ သွားရန်အတွက် တောင် ထောင်ပေါင်းများစွာကို ဖြတ်သန်းသွားလိုက်သည်။
—
လေပြင်းမြို့တော်၊ မုန်တိုင်းနိုင်ငံ
လေပြင်းမြိုသည် ဧရိယာစတုရန်းကီလိုမီတာထောင်ပေါင်းများစွာ ကျယ်ဝန်းပြီး သန်းနှင့်ချီသော နေထိုင်သူများ ရှိသည်။ အဆုံးမရှိသော အဆောက်အဦးများသည် အဝေးတွင် တည်ရှိနေသည်။
လေပြင်းမြို့ရှိ ဇိမ်ခံဟိုတယ်တစ်ခုတွင် မြို့တွင်းရှိ မြင့်မြတ်သောမိသားစုများမှ ကိုယ်စားလှယ်များသည် ညီလာခံတစ်ခု ကျင်းပနေသည်။
"တကယ် အဆင်ပြေရဲ့လား"
“သခင်ယု.. မင်း ကြောက်နေစရာမလိုဘူး.. သူက ငါတို့အားလုံးကို သတ်နိုင်ပါ့မလား.. သူပုန်တွေပဲ”
"လူသားမျိုးနွယ်စုတွေက လင်းမျိုးနွယ်စု လက်အောက်ကလူတွေကို ထိန်းချုပ်ဖို့အတွက် ငါတို့ကို လိုအပ်နေတုန်းပဲ.. ငါတို့မပါဘဲနဲ့ သူက သူတို့ကို ဘယ်လို ထိန်းချုပ်နိုင်မလဲ.. သူတို့ရဲ့ လက်သီးတွေနဲ့လား... ဟားဟား” တစ်စုံတစ်ယောက်က လှောင်ပြောင်လိုက်သည်။
"ဟုတ်တာပေါ့ သခင်ကျန်းပြောတာမှန်တယ်...စားကြရအောင်"
ဝိုင်ခွက်တိုက်သံများထွက်လာသည်။
တံခါးခေါက်သံတစ်ခုထွက်လာသည်။
"ဝင်လာခဲ့"
“သခင်... သတင်းဆိုးပါ.. လူသားမျိုးနွယ်စုက ဘုရင်ခံအသစ် ရာထူးတက်နေပါပြီ... ဆယ်မိနစ်အတွင်း အရှေ့တံခါးမှာ တွေ့ချင်တယ်လို့ သူက ပြောပါတယ်.. ပြီးတော့ သူက သခင့်ကို မတွေ့ရရင် လေပြင်းမြို့မှာ ဒီမိသားစုတွေ ဆက်ရှိနေဖို့ မလိုတော့ဘူးလို့ ပြောပါတယ်” သတင်းပို့သူသည် ထိတ်လန့်တုန်လှုပ်နေသည်။
"သူဘယ်လိုတောင် သတ္တိရှိတာလဲ" သခင်ယုမှလွဲ၍ သခင်လေးယောက်တွင် သုံးယောက်သည် ဒေါသတကြီးဖြစ်နေသည်။
"သူက ဘယ်သူလို့ထင်လဲ"
"ဘယ်လောက်တောင် ပြင်းထန်လဲ... ဘယ်လောက် မာနကြီးလဲ"
သခင်တို့သည် စောဒကတက်လိုက်ကြသည်။
"ငါ့ရဲ့ လက်ရှစ်ဖက် နတ်ဘုရားလင်းယုန်ကို သုံးကြပါစို့.. သူက အမြန်ဆုံးပဲ... မင်းက ဦးဆောင်သွား” သခင်ယုက အခြေအနေကို ဖြေလျှော့ရန် ပြောလိုက်သည်။
ကျန်သခင်သုံးယောက်စလုံးသည် လက်ရှစ်ဖက်နတ်ဘုရားလင်းယု၏ နောက်ကျောပေါ်သို့ခုန်တက်ကာ အရှေ့ တံခါးဆီသို့ ဦးတည်သွားလိုက်ကြသည်။
လက်ရှစ်ဖက်နတ်ဘုရားလင်းယု၏ ခန္ဓာကိုယ်သည် အနက်ရောင်ဖြစ်သည်။
၎င်း၏ဝမ်းအောက်တွင် ခြေသည်းရှစ်ချောင်းရှိသည်။ ၎င်းသည် မီတာသုံးဆယ်နီးပါးရှည်ပြီး ၎င်း၏ခေါင်းပေါ်တွင် အနီရောင် သရဖူ တစ်ခုပါရှိသည်။ ဆယ်စက္ကန့်လောက်ကြာတော့ အရှေ့တံခါးအထက်ကို ရောက်သွားသည်။
ငယ်လွန်းတယ်...
ကောင်းဖန်၏အသွင်အပြင်ကို မြင်သောအခါ ၎င်းတို့၏ ပထမဆုံး အတွေးဖြစ်သည်။
ရှားပါးပစ္စည်းများဖြင့် ငယ်ရွယ်နုပျိုသောအသွင်အပြင်ကို ထိန်းသိမ်းထားနိုင်သော်လည်း စိတ်၏ နုပျိုသော အသွင်အပြင်ကို အတုလုပ်၍ မရပေ။
သခင်တို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ လူသားမျိုးနွယ်စုက ဒီလိုလူငယ် တစ်ယောက်ကို ပို့လိုက်တာလား.. လူငယ်များက ရန်လိုတတ်တယ်.. လူသားမျိုးနွယ်ရဲ့ အကြံအစည်ကဘာလဲ...
မုန်တိုင်းနိုင်ငံဘုရင် မကျဆုံးမီက လေပြင်းမြို့ရှိ မြင့်မြတ်သောမိသားစုများသည် ပဋိပက္ခများ ရှိခဲ့သည်။ သို့သော် မုန်တိုင်းနိုင်ငံသည် လက်အောက်ခံနိုင်ငံဖြစ်လာပြီးနောက် မြင့်မြတ်တဲ့မိသားစုလေးခုကြားက ပဋိပက္ခတွေ အဆုံးသတ်သွားခဲ့သည်။ မဟာမိတ် ဖွဲ့ထားကြပုံရသည်။
ဤသခင်များအားလုံးသည် လူမျိုးစုများကြားတွင် ဤအဓိကကိစ္စရပ်များအတွက် စိုးရိမ်ခဲ့ကြသည်။ လူသားမျိုးနွယ်စုနှင့် အရမ်းအဆင်ပြေမှာကို ကြောက်ရွံ့ခဲ့ကြသည်။ မဟုတ်ရင် သူတို့ကို သစ္စာဖောက်လို့ ခေါ်လိမ့်မည်။
"တစ်၊ နှစ်၊ သုံး၊ လေး" ကောင်းဖန်၏မျက်လုံးများသည် သခင်လေးယောက်လုံးကို ကြည့်လိုက်သည်။ "မင်းတို့အားလုံး အသက်ရှင်ကြတာလား"
သခင်အားလုံးသည် အလွန်စိမ်းနေပုံရသည်။
"အရင်က ရုန်းရင်းဆန်ခတ်ဖြစ်ပြီးနောက်မှာ မင်းတို့ထဲက တစ်ယောက်မှ မထွက်လာခဲ့ကြဘူး... မင်းတို့အားလုံး သေသွားပြီလို့ ငါထင်ထားတာ”ဟု ကောင်းဖန်က စိတ်မကောင်းစွာနဲ့ ပြောလိုက်သည်။
“ဂုဏ်ထူးဆောင် ဘုရင်ခံက ဘာပြောတာလဲ.. အဲဒီနေ့က ငါ မြို့ပြင်ထွက်လာခဲ့တယ်.. ငါ့ တူမတစ်ယောက်က သူ့အသက် ၃၀၀ ပြည့်မွေးနေ့ကို ကျင်းပဖို့ သွားခဲ့တာ” ဟု သခင်ယုက တိတ်တိတ်ဆိတ်ဆိတ် အသံနဲ့ ပြောလိုက်သည်။
ကျန်သခင်သုံးယောက်သည် သခင်ယု၏လုပ်ရပ်အတွက် ရှက်ရွံ့သွားကြသည်။
ထို့နောက် သူတို့အားလုံး လှည့်ပြီး ကောင်းဖန်ကို “လေးစားရပါသော ဘုရင်ခံ... ငါ အဲဒီနေ့ မီးတိမ်တောင်ချောက်ကို သွားပြီးတော့ မီးတောင်ကျောက်တွေကို စုဆောင်းပါတယ်... ဒါကြောင့် ငါလည်း မြို့ထဲမှာ မရှိပါဘူး.. ငါသာ မြို့ထဲမှာနေရင် သူပုန်တွေကို တားနိုင်ပါလိမ့်မယ်”
“လေးစားရပါသော ဘုရင်ခံ၊ အဲဒီနေ့…”
ကောင်းဖန်က ကြားဖြတ်ပြီး လက်ကို မြှောက်ကာ "ကောင်းပြီ.. လုံလောက်ပြီ... မင်းတို့အားလုံး အဲဒီနေ့က အပြင်ထွက်တာ ငါသိပြီ"
ဤသခင်လေးယောက်လုံးသည် ဤနှစ်များအတွင်း အရေထူလာကြသည်။ သူတို့က ခေါင်းတညိတ်ညိတ်နဲ့ ရှက်ပင်ရှက်မနေဘဲ ဝန်ခံလိုက်ကြသည်။
"ဒါပေမယ့် မင်းအားလုံးကို နောက်တစ်ကြိမ် မကြုံစေချင်ဘူး" ကောင်းဖန်က တိုးညှင်းသောလေသံဖြင့် ပြောလိုက်သည်။
“မင်းတို့ကို အချိန်နှစ်ရက်ပေးမယ်.. သူပုန်တပ်တွေ လျှိုဝှက်ချက်အားလုံးကို သိချင်တယ်.. မဟုတ်ရင် မင်းတို့ သူတို့ကို ဖုံးကွယ်ထားရင် မင်းတို့ကို ဒီအတိုင်းပဲ ငါ သတ်လိုက်မယ်" ကောင်းဖန်က သူ လှည့်ထွက်မသွားမီ ပြောလိုက်သည်။
သခင်တစ်ယောက်က “ငါတို့ သူ့ကို ပြောသင့်သလား” ဟု တိုးညှင်းသော အသံဖြင့် ပြောလိုက်သည်။
"သူ့ကိုပြောရအောင်.. ငါတို့ ဘာမှလုပ်စရာမရှိဘူး" သခင်ယုက စိုးရိမ်စွာပြောလိုက်သည်။
“အဲဒီသူပုန်တွေက ငါတို့နဲ့ ဘာမှမဆိုင်ဘူး... မကြာသေးခင်ကပဲ သူတို့က ပိုပြီးမာနကြီးလာကြသေးတယ်... အဲဒါတွေကို ငါတို့ စည်းစနစ်တကျ လုပ်ရမယ့် အချိန်ရောက်ပြီ” သခင်ကျန်းသည် တစ်စုံတစ်ခုကို သတိရနေပုံရပြီး စိတ်မကောင်းဖြစ်နေပုံရသည်။
...
"ဒီမြို့လား” ကောင်းဖန်သည် သူ့နောက်ကျောမှာလက်နှစ်ဖက်ကို ပစ်ထားပြီး ရှေ့ရှိမြို့ငယ်လေးကို ကြည့်နေသည်။
“ဟုတ်ပါတယ် လူကြီးမင်း... သူပုန်ခေါင်းဆောင်က ဒီမြို့မှာရှိတယ်” သခင်ကျန်းသည် ကောင်းဖန်၏ မျက်လုံးများတွင် နာကြည်းမှုအရိပ်အမြွက်ကို တွေ့လိုက်ရသည်။ သူပုန်တွေ ခိုအောင်းရာနေရာကို ကောင်းဖန်ကို ပြောပြပြီး ထွက်ပြေးဖို့ စီစဉ်ခဲ့ပေမယ့် ကောင်းဖန်က ရပ်တန့်ပြီး သူပုန်တွေ တည်ရှိရာ ဒီမြို့ကို ခေါ်ဆောင်လာခဲ့သည်။
သူသိထားသည်က သူပုန်များတွင် နတ်ဘုရားတစ်ပိုင်း သားရဲလေ့ကျင့်သူ အနည်းဆုံး သုံးဦးရှိသည်။ သူတို့နှစ်ယောက်က ဘယ်လိုလုပ် သူတို့ ပြိုင်ဘက်ဖြစ်နိုင်မှာလဲ....
တကယ်လာရင်... သခင်ကျန်းရဲ့ မျက်လုံးတွေမှာ သတ်ဖြတ်မှု အရိပ်အမြွက်တွေပါနေသည်။
"အထဲမှာပဲနေ" ကောင်းဖန်က တိုးညှင်းသောလေသံဖြင့် လျှပ်တပြက် ပြောလိုက်သည်။
သခင်ကျန်း၏ ထိတ်လန့်သော အကြည့်အောက်တွင် မြို့ပြင်အထက် လေဖိအားနည်းရပ်ဝန်းတစ်ခု ထွက်ပေါ်လာသည်။ ကြောက်မက်ဖွယ်ကောင်းသော တောင်ကြီးသည် ကောင်းကင်မှ ဆင်းသက်လာသည်။
ခိုင်ခံ့သောမြို့ရိုးသည် စက္ကူကဲ့သို့ ပြန့်ကျဲသွားသည်။
အမှုန်အမွှားတွေ ပျံတက်လာပြီး တောင်ပေါ်ကနေ ချက်ချင်း စုပ်ယူသွားသည်။ ချော်ရည်များသည် တောင်၏မျက်နှာပြင်ပေါ်တွင် တက်လာကာ တောင်ထိပ်မျက်နှာပြင်ကို သွေးပြန်ကြောများကဲ့သို့ ဖုံးအုပ်ထားသည်။
အစင်းလေးက ကြောင်တက်တက်ဖြင့် မျက်လုံးများဖွင့်ကာ "ကောင်းဖန်.. ငါ ခြင်သုံးကောင်ပေါ်မှာ ထိုင်နေမိတယ်ထင်တယ်" ဟု ပြောလိုက်သည်။
“ရတယ် ကိစ္စမရှိဘူး” ကောင်းဖန်က အစင်းလေးကို နှစ်သိမ့်ပေးလိုက်သည်။
များပြားလှသော နတ်ဘုရားစွမ်းအင်များသည် အစင်းလေး၏ခန္ဓာကိုယ်မှ ဖိတ်စင်ထွက်လာပြီး ကောင်းကင်တွင် အလွန်ကြီးမားသော အနီရောင်လှိုင်းလုံးကြီးတစ်ခုအဖြစ် ပေါင်းစပ်သွားသည်။
ကောင်းဖန်က လက်ချိုးလိုက်ပြီး အစင်းလေးကို သားရဲနေရာလွတ်ထဲသို့ ပြန်ထည့်လိုက်သည်။
သူတို့ရှေ့က မြို့သည် ဖရိုဖရဲဖြစ်သွားသည်။ မြေပြင်သည် အောက်ဘက် မီတာအနည်းငယ် နိမ့်ဆင်းသွားပြီး အစိတ်အပိုင်း အများအပြားသည် ပြားသွားသည်။ ကောင်းကင်တွင် အနီရောင် စွမ်းအင်ဝဲကတော့ အကြွင်းအကျန်များ ရှိနေသည်။
"ပြန်ကြရအောင်" ကောင်းဖန်က ပြောလိုက်သည်။
“မင်း…မင်း…” သခင်ကျန်းသည် တုန်လှုပ်သွားပြီး ကောင်းဖန်ကို ထိတ်လန့်တကြား လက်ညှိုးထိုးလိုက်သည်။
ကောင်းဖန်က ပြုံးပြပြီး သခင်ကျန်း၏ ပခုံးပေါ် လက်တင်လိုက်သည် "မတွေ့ဘူးလား.. သခင်ကျန်းရဲ့ ဦးဆောင်မှုအောက်မှာ ဘုရင်ခံအသစ်က သူပုန်တွေကို အောင်မြင်စွာ သတ်ဖြတ်လိုက်ပြီ.. ငါတို့ပြန်ရောက်တဲ့အခါ မင်းကို ရာထူးတိုးပေးမယ်"
သခင်ကျန်းသည် မယုံနိုင်လောက်အောင် ဖြစ်သွားသည်။ သူသည် ဤတစ်သက်တွင် "သစ္စာဖောက်" ဦးထုပ်ကို ချွတ်နိုင်တော့မည် မဟုတ်ကြောင်း သူသိလိုက်သည်။
ဘုရင်ခံအသစ်သည် နတ်ဘုရားအဆင့် သားရဲလေ့ကျင့်သူဖြစ်လိမ့်မည်ဟု သူဘယ်သောအခါမှ စိတ်မကူးထားပေ။
သူတို့၏ အကြံအစည်များနှင့် ဉာဏ်ပညာများကို ပြန်တွေးကြည့်တော့ သူတို့ ဘယ်လောက်မိုက်မဲခဲ့မှန်း ယခု သူ သဘောပေါက်သွားပြီ ဖြစ်သည်။ အကြွင်းမဲ့အာဏာရှေ့တွင် အစီအမံအားလုံးသည် နှိုင်းယှဥ်ရန် အားနည်းလွန်ဒသည်။ ပို၍ ရယ်စရာကောင်းသည်မှာ ၎င်းတို့သည် နတ်ဘုရားသားရဲလေ့ကျင့်သူကို အခွင့်ကောင်းယူလိုခဲ့ခြင်း ဖြစ်သည်။
***
သားရဲလေ့ကျင့်သူ
အခန်း ၈၃၀ မသိမသာ စိမ့်ဝင်မှု
သူပြန်လာပြီးနောက် ကော်ငးဖန်သည် လူတွေကို သတိပေးချက်ထုတ်ခိုင်းလိုက်သည်။
“သခင်ကျန်းသည် သူပုန်များကို သတင်းပို့ခြင်းဖြင့် ကြီးကျယ်သောအမှုကို ထမ်းဆောင်ခဲ့ပြီး မုန်တိုင်းနိုင်ငံ လေပြင်းမြို့တော်၏ အထက်လွှတ်တော်အမတ်အဖြစ် ရာထူးတိုးမြှင့်ခံရသည်။ ၎င်းသည် မြို့တွင်းရှိ ဈေးဆိုင်ကြီးများကြား ကုန်သွယ်မှုကို ကြီးကြပ်ရန်နှင့် အခွန်များကို စီမံခန့်ခွဲရန်နှင့် မြို့တော်အတွင်း အများပြည်သူ လုံခြုံရေးကို ကြီးကြပ်ရန် တာဝန်ရှိသည်။ သူ့မှာ ဒုတိယအမိန့်အာဏာရှိသည်”
"ဖေဖေ့အတွက် သတင်းကောင်းရှိတယ်" ကျန်းမိသားစုရဲ့သမီးက သစ်သားတံခါးကိုဖွင့်ပြီး အိမ်ထဲကို ပြေးဝင်သွားသည်။
ကုလားထိုင်ပေါ်မှ သက်ပြင်းချနေသော သခင်ကျန်းက လှည့်ကြည့်လိုက်သည်။ သူမက သူ့အချစ်ဆုံး တတိယသမီးဖြစ်သည်။ "ဘာသတင်းကောင်းလဲ"
"ဖေဖေကို လေပြင်းမြို့တော်ရဲ့ အထက်လွှတ်တော်အမတ်အဖြစ် ရာထူးတိုးလိုက်ပြီ"
သခင်ကျန်းသည် မူးမေ့လဲသွားတော့မတတ် ဖြစ်သွားသည်။
ဘယ်လောက် ဉာဏ်များလိုက်သလဲ...
...
“နောက်ဆုံးတော့ ငါတို့လုပ်နိုင်လိုက်တာပဲ” ခြောက်သွေ့သောနိုင်ငံနယ်စပ်အစွန်းရှိ တင်းမာပုံပေါက်သော အကြီးအကဲတစ်ဦးသည် ကြက်သွေးရောင် သံချပ်ကာ တပ်ဗိုလ်ချုပ်၏ပခုံးပေါ်တွင်ထိုင်နေသည်။ ရှေ့ကမြို့ထဲသို့ အလည်ရောက်လာသည့် လူသားတွေကို ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်သည်။
“ငါတို့ ခြေတစ်လှမ်းနောက်ကျသွားတယ်.. အရှိန်အမျိုးအစားသားရဲကို အရင် ဖမ်းဖို့ စဉ်းစားသင့်တယ်.. ဒါက နှေးလွန်းတယ်” ဟု အကြီးအကဲက သုံးသပ်လိုက်သည်။
သခင်၏ အတွေးအမြင်ကို အာရုံခံကာ အကြီးအကဲ အောက်မှ ကြက်သွေးရောင် သံချပ်ကာ စစ်သူကြီးက မကျေမနပ် ဖြစ်နေသည်။
“အိုကေ.. အိုကေ..မင်းကလွဲပြီး တခြာသားရဲမလိုချင်ပါဘူး” ဟု အကြီးအကဲက သားရဲကို နှစ်သိမ့်လိုက်သည်။
ကြက်သွေးရောင် သံချပ်ကာ စစ်သူကြီးသည် ဖြည်းညှင်းစွာ ခေါင်းညိတ်ပြပြီး ၎င်း၏ ကြက်သွေးရောင် မျက်လုံးအိမ်သည် မြို့ရှေ့ကို စိုက်ကြည့်ထားသည်။ ၎င်း၏အကြည့်တွင် သတ်ဖြတ်ရန် စိတ်မရှည်ဘဲ သွေးရဲရဲတောက်နေသည့် အရိပ်အမြွက်တစ်ခု ရှိနေသည်။
“စိတ်ရှည်ပါ” အကြီးအကဲသည် မြို့ထဲတွင် လင်းမျိုးနွယ်စုအများအပြားရှိနေသည်ကို မြင်သောကြောင့် သားရဲကို ရပ်လိုက်သည်။
မြို့ထဲမှာ အားလုံးက အသွင်ပြောင်းလူတွေဆိုရင် သူအများကြီး မစဉ်းစားပေမယ့် သူ့လူမျိုးတွေက အများကြီးပါနေတော့ အကြီးအကဲက နည်းနည်းတော့ စိုးရိမ်နေသည်။
သို့သော် လင်းမျိုးနွယ်စုတွေက ညှဉ်းပန်းနှိပ်စက်ခံရပုံမပေါ်တာကြောင့် သူ့မျက်လုံးထဲမှာ ထူးဆန်းမှုတချို့ ပေါ်လာသည်။ သူတို့သည် နေရောင်အောက်မှာ အေးဆေးစွာ လမ်းလျှောက်နေကြသည်။
သူတို့၏ လည်ပင်း သို့မဟုတ် မျက်နှာများတွင် ကျွန်ပြုခြင်း၏ လက္ခဏာများ မရှိပေ။
"ဒီလူတွေဘာလုပ်နေကြတာလဲ..." သူ့ကိုယ်သူ ရေရွတ်လိုက်သည်။
မြို့ထဲသို့ လမ်းလျှောက်လာရင်း လူသားမျိုးနွယ်စုနှင့် လင်းမျိုးနွယ်စုတို့သည် လမ်းများပေါ်တွင် အတူတကွ ရောနှောသွားကြသည်။
မြို့ထဲသို့ဝင်ပြီးနောက် ဘယ်ဘက်ရှိ ကြော်ငြာဘုတ်ပေါ်တွင် စည်းကမ်းချက်များ ရှိသည်။
(မြို့တော်သည် သီးသန့်တိုက်ပွဲများကို တားမြစ်ထားသည်။
ဖောက်ဖျက်ကျူးလွန်မှုများရှိပါက ပြင်းထန်မှု အလိုက် အရေးယူခံရမည် ဖြစ်သည်။
မြို့တော်သည် တရားဝင်ကုန်သွယ်မှုမှလွဲ၍ အခြားသူများ၏ပိုင်ဆိုင်မှုကို သိမ်းယူခြင်းကို တားမြစ်ထားသည်။ ချိုးဖောက်မှုများ ရှိပါက ချိုးဖောက်သူကို ဒဏ်ငွေအဆတစ်ရာ ဒဏ်ရိုက်မည်ဖြစ်သည်။ မြို့တော်ရှိ ကုန်သွယ်မှုတစ်ခုစီတိုင်းကို လူသားမျိုးနွယ်စုမှ အာမခံသည်။ တရားဝင် ကုန်သွယ်မှုအားလုံးသည် လူသားမျိုးနွယ်စုသို့ အခွန် ၂ ရာခိုင်နှုန်းပေးဆောင်မည်ဖြစ်သည်။ ခြောက်သွေ့သော ဒေသတွင် အခြေချနေထိုင်ရန် ဆုံးဖြတ်သော အသွင်ပြောင်းသူများသည် အခွန်ကင်းလွတ်ခွင့်မူဝါဒကို သုံးနှစ် ခံစားရမည်ဖြစ်သည်။ အထက်ဖော်ပြပါ စည်းမျဉ်းများသည် လူမျိုးပေါင်းစုံနှင့် သက်ဆိုင်သည်။ နောက်ဆုံးအဓိပ္ပာယ်ဖွင့်ဆိုချက်မှာ လူသားမျိုးနွယ်စုမဟာမိတ်မှ သက်ဆိုင်သည်။)
ဒါဘာလဲ..
အကြီးအကဲက မျက်မှောင်ကြုတ်လိုက်သည်။
ကြော်ငြာဘုတ်မှာ ရေးထားတာတွေက စိတ်ဝင်စားစရာများဖြစ်သည်။ အကြီးအကဲသည် အစပိုင်းတွင် အကဲဖြတ်ရန် ကြည့်လိုက်သော်လည်း သူ၏အမူအရာမှာ ပြောင်းလဲသွားသည်။
အသွင်ပြောင်းလူများသည် အင်တာနက်အချက်အလက်ပေါက်ကွဲသည့်ခေတ်ကို မကြုံဖူးပေမယ့် သူတို့က လူသားမျိုးနွယ်ထက် ဉာဏ်နည်းတယ်လို့ မဆိုလိုပေ။ သူတို့က အတွေ့အကြုံမရှိလို့ပဲဖြစ်သည်။
"ဘာတွေ ကစားနေကြတာလဲ..." လူကြီးက ခေါင်းယမ်းလိုက်သည်။
သို့သော် နှစ်ပေါင်း ၁ သောင်း ကြာပြီးနောက် နဝမမြောက်ကောင်းကင်ဘုံသို့ ပြန်လာသည့် လူသားမျိုးနွယ်စုသည် စစ်ပွဲသို့ လုံးဝမသွားလိုတော့ပုံရသည်။
အကြီးအကဲသည် ရှုပ်ထွေးသောခံစားချက်များရှိလာပြီး သူ၏သတ်ဖြတ်ရန် အကြံအစည်များကို ချုပ်တည်းထားလိုက်သည်။
လူသားမျိုးနွယ်စုတွင် နတ်ဘုရားအဆင့် သားရဲလေ့ကျင့်သူများပါ ရှိသည်ကို သူကြားသိရသောကြောင့် စစ်ပွဲမဖြစ်ရင်တော့ လူတိုင်းအတွက် အကောင်းဆုံးဖြစ်သည်။
လွန်ခဲ့သောနှစ်ပေါင်း ၁ သောင်းက ထိုတိုက်ပွဲအပြီးတွင် သူသည် စစ်ပွဲ၏ ရက်စက်ကြမ်းကြုတ်မှုကို မည်သူထက်မဆို ကောင်းစွာသိသည်။
အဲဒီတုန်းက သူငယ်ချင်းဟောင်းတွေ အများကြီး သေသွားခဲ့ကြသည်။
တံခါးဝမှ မြို့ထဲသို့ လမ်းလျှောက်လာရင်း လမ်းလယ်ခေါင်တွင် ဆိုင်တစ်ဆိုင်ကို တွေ့လိုက်ရသည်။
ဆိုင်မှာ အသွားအလာ အရှုပ်အထွေးနေသည်။ ဝင်ထွက်သူတိုင်း ဆိုင်အ၀င်ဝကို ပိတ်ဆို့လုနီးပါးဖြစ်နေသည်။
အကြီးအကဲသည် လူအုပ်ကြားထဲ ခိုးဝင်သွားသည်။ ဆိုင်၏ ဘေးနှစ်ဘက်ရှိ စင်များပေါ်တွင် သူတစ်ခါမှ မမြင်ဖူးသော ပစ္စည်းအသစ်များ ရှိနေသည်။
"ရေဒီယို... အပ်ချုပ်စက်... ဂိမ်းစက်"
အကြီးအကဲသည် ဤစကားလုံးများကို စာလုံးပေါင်းဖတ်ကာ သူ့မျက်နှာတွင် ရှုပ်ထွေးမှုများနှင့် ပြည့်နှက်နေသည်။ ဤအရာများကား အဘယ်နည်း။
"စမ်းသုံးကြည့်ဖို့ နှစ်ခုဝယ်မယ်" အကြီးအကဲက တုံ့ဆိုင်းစွာဖြင့် တွေးလိုက်သည်။
...
"ဒါက တကယ်ထိရောက်လား" နဂါးဖြူမျိုးနွယ်စု အကြီးအကဲတစ်ဦးက သံသယစိတ်ဖြင့် မေးလိုက်သည်။ ထိုအရာများဖြင့် အသွင်ပြောင်းမျိုးနွယ်စုကို အောင်နိုင်မလား... ဟာသပဲဖြစ်ရမယ်....
“ဒီနှစ် ကျွန်တော်တို့ရဲ့ ဝင်ငွေကို ကြည့်ပါဦး” ကျီဟန့်ဝူက သူ့အတွင်းရေးမှူးကို လက်ဟန်ပြလိုက်သည်။
အတွင်းရေးမှူးက ခေါင်းညိတ်ပြပြီး ရှင်းလင်းချက်ကိုဖွင့်လိုက်သည်။ နံရံပေါ်ရှိ ပရိုဂျက်တာမှ ကိန်းဂဏန်းစာရင်းများ ထွက်ပေါ်လာသည်။
"အင်း...ဒီလောက်တောင်လား"
"အသွင်ပြောင်းသူတွေ အားလုံး ဒီလောက်တောင် ချမ်းသာကြလား"
ကျီဟန်ဝူသည် မှန်ကန်တဲ့ အငွေ့အသက်တွေ ဖန်တီးထားတာကို မြင်ပြီး "စစ်ဖြစ်ရင် ငါတို့ ဘယ်လောက်ရှုံးမယ်ဆိုတာ မင်းသိလား" ဟု မေးလိုက်သည်။
“ပထမအချက်က စစ်ပွဲမှာ သေခြင်းတရားဆိုတာ ရှောင်လွှဲလို့ မရဘူး.. ပြီးတော့ စစ်မြေပြင်က အဆက်မပြတ် ပြောင်းလဲနေတယ်.. အသွင်ပြောင်းမျိုးနွယ်ထဲက ထိပ်တန်းအဆင့်ရှိတဲ့ သားရဲတစ်ကောင်က ငါတို့နောက်ကနေ ခိုးဝင်ပြီး သတ်ရင် ဘယ်လိုလုပ်မလဲ...”
ကျီဟန်ဝူ၏အချက်မှာ အလွန်တိကျသည်။
မျိုးနွယ်စုမှ သားရဲလေ့ကျင့်သူများသည် တိတ်ဆိတ်နေသည်။
"ငါတို့မကြောက်ဘူး ဒါပေမယ့် ငါတို့မိသားစုနဲ့ သူငယ်ချင်းတွေကကော.. သူတို့က အရမ်းနုနယ်တယ်”
"ဘာလို့ တိုက်ပွဲမဖြစ်သေးလဲ သိလား... ဘာကြောင့်လဲ ဆိုတော့ အသွင်ပြောင်းလူတွေမှာလည်း စိုးရိမ်မှုတွေ ရှိတယ်.. ငါတို့က သူတို့တွေ စည်းမျဥ်းတွေကို မလိုက်နာမှာကို စိုးရိမ်တယ်.. သူတို့ကလည်း ငါတို့တွေ စည်းမျဥ်းတွေကို မလိုက်နာမှာကိုလည်း စိုးရိမ်တယ်” ဟု ကျီဟန့်ဝူက ပြောလိုက်သည်။
"အချိန်တိုလေးအတွင်းမှာ အသွင်ပြောင်းလူအများစုကို သုတ်သင်ပြီး သူတို့ရဲ့ ထိပ်တန်းသားရဲလေ့ကျင့်သူ တွေအားလုံးကို ဖမ်းမမိဘူးဆိုရင်ရော... ဒါပေမယ့် ကံဆိုးစွာနဲ့ပဲ အခုအချိန်အထိ ငါတို့ မလုပ်နိုင်သေးဘူး"
"ငါတို့ အရူးအမူး တိုက်ပွဲဝင်လိုက်ရင် အနိုင်ရတဲ့ ဘက်ကတောင် သူတို့ရဲ့ ဒဏ်ရာတွေကို ကုစားဖို့ အချိန်အကြာကြီး လိုအပ်ပြီး ဝမ်းနည်းကြေကွဲမှုတွေ ရှိနေမှာပါ" ဟု ကျီဟန့်ဝူက အလေးအနက် ပြောလိုက်သည်။ “ဒါကြောင့် ဒီညီလာခံရဲ့ ရည်ရွယ်ချက်ကနေ မင်းတို့ရဲ့ အမုန်းတရားတွေကို ခဏတာ ထိန်းထားနိုင်မယ်လို့ မျှော်လင့်ပါတယ်.. ရန်သူကို ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုက်ရာအရပါ ချေမှုန်းရန် နည်းလမ်းတွေ အများကြီးရှိပါတယ်”
" စိတ်ပိုင်းဆိုင်ရာဆိုတာ ဘာကိုဆိုလိုတာလဲ" ပိုင်ထုံးမင်းက ခဏငြိမ်ပြီး မေးလိုက်သည်။
“ရေဒီယိုတစ်လုံးထုတ်လုပ်ဖို့ ယွမ်နှစ်ဆယ်အောက်ပဲ ကုန်ပေမဲ့ ရေဒီယိုကို အသွင်ပြောင်းလူတွေကို ရောင်းပြီး ပစ္စည်းဝယ်ယူဖို့ သူတို့ရဲ့ ငွေကြေးကို အသုံးပြုတာကြောင့် ဒီကာလအတွင်း အမြတ်ငွေက ၁ ထောင် ရာခိုင်နှုန်းဖြစ်တယ်... ငါတို့က ဒီပစ္စည်းများကို အသွင်းပြောင် မျိုးနွယ်စုကို ရောင်းချပြီး ငါတို့ရဲ့ သားရဲတွေကို ပြုစုပျိုးထောင်ဖို့အတွက် အဓိပ္ပာယ်ရှိသောပစ္စည်းများကိုဝယ်ယူဖို့ ဝင်ငွေကိုအသုံးပြုမယ်”
"ဒါပေမယ့် အသွင်ပြောင်းလူတွေက ရေဒီယိုတွေ မဝယ်တော့ဘူးဆိုရင် ဘယ်လိုလုပ်မလဲ"
"ငါတို့မှာ ဂိမ်းစက်တွေ၊ ရုပ်မြင်သံကြားတွေ၊ အဝတ်လျှော်စက်တွေနဲ့ တခြားလျှပ်စစ်ပစ္စည်းကိရိယာတွေ ရှိနေတုန်းပဲ"
“ဒါပေမယ့် အဲဒါတွေကို လျှပ်စစ်နဲ့ပဲ သုံးလို့ရတယ်မလား.. နဝမမြောက်ကောင်းကင်ဘုံမှာ နေရာတော်တော်များများမှာ လျှပ်စစ်မီးမရှိဘူး” ဟု လူမျိုးစုအကြီးအကဲတစ်ဦးက မေးလိုက်သည်။
“သူတို့အတွက် လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေ ဆောက်ပြီး ရင်းနှီးတဲ့ ဒေသခံ အသွင်ပြောင်းမျိုးနွယ်စုတွေကို လည်ပတ်ခွင့် ပေးနိုင်မယ်.. ဒါက မြင့်မြတ်တဲ့ အသွင်ပြောင်းလူတချို့ကို ကြိုးနဲ့ချည်ဖို့ အခွင့်အရေးလည်း ဖြစ်လိမ့်မယ်” ဟု ကျီဟန်ဝူက ပြောလိုက်သည်။
ဤလူမျိုးစုများကို အမြတ်တစ်စိတ်တစ်ပိုင်းပေးမည်ဟု ကတိပြုပြီးနောက် ဤလူမျိုးစုများကို စီးပွားရေးစစ်ပွဲ၏ ရထားပေါ်သို့ ဆွဲတင်သွားမည်ဖြစ်ပြီး ၎င်းတို့သည် ဤစီးပွားရေးစစ်ပွဲတွင် အတားအဆီးဖြစ်နေမည်ကို စိုးရိမ်စရာမလိုတော့ပေ။
အကောင်အထည်ဖော်ခြင်း၏ တိကျသောအဆင့်များသည် ကျီဟန့်ဝူ ဖော်ပြထားသည့်အတိုင်း သဘာဝအတိုင်း မရိုးရှင်းပေ။ အဆိုပါအဆင့်များကို ကျွမ်းကျင်ပညာရှင်များထံ အပ်မည်ဖြစ်သည်။
ကမ္ဘာမြေကြယ်၏ ထိပ်တန်းဘောဂဗေဒပညာရှင် အားလုံးသည် အတူတကွ မဟာမိတ်ပြုလိုက်ကြသည်။
မုန်တိုင်းတိုင်းပြည်တွင် ကောင်းဖန်သည်လည်း ဘုရင်ခံရာထူးမှ နုတ်ထွက်လိုက်သည်။ အကြီးမားဆုံး သူပုန်တပ်ဖွဲ့ကို သူ ဖျက်ဆီးပြီးနောက် အခြားအဖွဲ့အစည်းများသည် ပို၍ လွယ်ကူလာသည်။
ကောင်းဖန်သည် ပိုအရေးကြီးတဲ့ကိစ္စတွေရှိသည့်အတွက် ကမ္ဘာမြေကြယ်ကို ပြန်ရောက်လာခဲ့သည်။ အော်ရူး၏ မက်ဆေ့ချ်ကို လက်ခံရရှိထားသည်။ သူ့မိဘတွေ လာကြည့်တယ်ဟု ဆိုထားခြင်း ဖြစ်သည်။
***
သားရဲလေ့ကျင့်သူ
အခန်း ၈၃၁ နောက်ဆုံးစကား
ကြယ်စုလူငယ်ကို ပြန်ပေးဆွဲပြီး လအတော်ကြာပြီးနောက် ၎င်း၏မိသားစုရှိ လူကြီးများသည် နောက်ဆုံးတွင် ဤနေရာသို့ ရောက်လာကြသည်။
ချင်းထျန်းကုန်းပြင်မြင့်သို့ ပြန်ရောက်သောအခါ ကောင်းဖန်သည် အာကာသဥမင်မှ ဆင်းလာစဉ်တွင် အားနည်းသွားသည်ကို ခံစားလိုက်ရသည်။
ခေါင်းငုံ့ထားရင်း ကောင်းဖန်သည် ကုန်းပြင်မြင့်ပေါ်ရှိ မြက်ပင်များအားလုံး မြေပြင်ပေါ်တွင် ကွေးညွတ်နေသည်ကို သတိပြုမိလိုက်သည်။
ကောင်းဖန်သည် မြက်ပင်တစ်ပင်ကို ပြန်ဖြောင့်ရန် ငုံ့လိုက်သည်။ လေမတိုက်ဘဲ ဖြောင့်သော မြက်ပင်သည် ပြင်ပမှ တွန်းအားမရှိဘဲ လျင်မြန်စွာ ကွေးသွားပြန်သည်။
တဖန် မတ်တတ်ရပ်ပြီး ကောင်းဖန်သည် အရှေ့ကိုကြည့်ရန် ခေါင်းကို မော့လိုက်သည်။
နေ့အချိန်ဖြစ်သော်လည်း ကောင်းကင်တွင် ကြယ်များ တောက်ပနေသည်။ နေ့တွင် ကြယ်များ ပေါ်လာပြီး လင်းထိန်နေသော ကြယ်များသည် ချန်းထျန်းကောင်းကင်ထက်တွင် တောက်ပနေသည်။
ကြယ်အလင်းတန်းများ ကောင်းကင်မှ ကျဆင်းလာသည်။
တိဗက်အပြင်ဘက် တောင်တန်းတစ်ခုတွင် ကောင်းဖန်သည် အော်ရူး၏အုပ်ထိန်းသူကိုတွေ့လိုက်ရသည်။
တွင်းနက်ကြီးတစ်ခုက တောင်ထိပ်မှာ ရပ်နေသည်။ ကောင်းဖန်သည် ထိုတွင်းနက်မှ အော်ရူး၏ ရောင်ဝါကို ခံစားလိုက်ရသည်။
“လူသား” ကောင်းဖန်၏ စိတ်ထဲတွင် စူးရှသော အသံတစ်ခု ထွက်ပေါ်လာသည်။
ကောင်းဖန်ပတ်ဝန်းကျင်ရှိ ရှုခင်းများသည် မြက်ခင်းပြင်မှ တောင်ထိပ်သို့ ရုတ်တရက် ပြောင်းလဲသွားသည်။ လေက တဝုန်းဝုန်း တိုက်ခတ်သွားသော်လည်း အနက်ရောင်အတားအဆီးဖြင့် ပိတ်ဆို့ထားသည်။
အတွင်းပိုင်းကနေကြည့်ရင် အရာအားလုံးကို အနက်ရောင် ဇာပဝါနှင့် အုပ်ထားသလိုပင်ဖြစ်နေသည်။
“ငါ့အော်ရူးလေးက မင်းကို အရမ်းသဘောကျတယ်လို့ ပြောတယ်” နောက်ဆုံးတွင် ကောင်းဖန်သည် အော်ရူး၏ မိသားစုကိုတွေ့လိုက်ရသည်။ အရင်က အကြောက်အရွံ့မရှိသည့် အော်ရူးက အခုတော့ အကျင့်စာရိတ္တကောင်းတဲ့ ကလေးတစ်ယောက်လို သူ့မိဘဘေးမှာ ရပ်နေသည်။
အော်ရူး၏ ဘယ်ဘက်တွင် အော်ရူးထက် နှစ်ဆမြင့်သည့် သားရဲတစ်ကောင် ရပ်နေသည်။ ၎င်းသည် ဦးခေါင်းပေါ်တွင် ပေါက်နေသော နောက်ပြန်ကွေးကောက်နေသည့် သိုးချိုတစ်စုံသည် အော်ရူးနှင့် ၆၀-၇၀ ရာခိုင်နှုန်းတူသည်။
[သားရဲ အမည်] - ကြယ်ဖျက်ဆီးသူ – အာဏာရှင်ဂလက်စီကြယ်သခင်
[သားရဲ အဆင့်] - ???
[သားရဲ စွမ်းရည်ဆင့်] - ထာဝရအဆင့်
[အထူးလက္ခဏာများ] - ???
“ဟုတ်တယ် ငါက အော်ရူးကို ငါ့သူငယ်ချင်းလိုပဲ အမြဲတမ်း ဆက်ဆံတယ်” ကောင်းဖန်က နှိမ့်ချမှုမရှိ တွန်းအားပေးခြင်းမရှိဘဲ တုံ့ပြန်လိုက်သည်။
ကြယ်သခင်က ရယ်မောလိုက်သည်။
“ငါတို့က မျက်နှာပြင်ပင်လယ်မှာ အခြေချနေထိုင်တော့မယ်ဆိုတော့ အော်ရူးအတွက် သူငယ်ချင်းအသစ်တွေ ဖွဲ့ထားတာ ကောင်းပါတယ်... ခင်မင်ရင်းနှီးတဲ့ အိမ်နီးနားချင်း ရှိလာတာပေါ့”
ကြယ်သခင် ပြောသည့်စကားမှာ ကောင်းဖန်သည်ထူးဆန်းသောအဓိပ္ပာယ်ကိုကြားလိုက်ရသည်။
ကြယ်စုက စစ်ပွဲမှာ အသာစီးရနေလား..
“ဒီကို မရောက်လာခင်မှာ မရဏသခင်နဲ့ စကားပြောဖြစ်တယ်.. ဒီတိုက်ပွဲက ပြီးခါနီးပြီ” ကြယ်သခင်သည် အနောက်ဘက်သို့ လှည့်ကြည့်လိုက်သည်။ သူ့မျက်လုံးတွေက အကန့်အသတ်မဲ့ မျက်နှာပြင်ပင်လယ်ကို ဖြတ်သွားသလိုပင်။
၎င်း၏ ညာဖက်လက်ချောင်းများကို ဆုပ်ကိုင်ထားပြီး အပြာရောင်စွမ်းအင်ပတ်လမ်းကြောင်းသည် တဖြည်းဖြည်း ကျယ်ပြန့်လာသည်။
စွမ်းအင်ပတ်လမ်းကြောင်းအတွင်းပိုင်းသည် အပြာရောင်ဖြစ်ပြီး အပြင်ဘက်တွင် အနက်ရောင်အခွံတစ်ခုရှိသည်။
လက်ညိုးတစ်ချောင်းနဲ့....
သူတို့ရှေ့မှ အနတ္တနေရာသည် အောက်ကို ပြိုကျသွားသည်။ ၎င်းသည် စွမ်းအင်ပတ်လမ်းကို အနတ္တ အာကာသထဲသို့ လွှင့်ပစ်လိုက်သည်။
အခြားနေရာမှ ပေါက်ကွဲသံများနှင့် စူးစူးဝါးဝါးအော်ဟစ်သံများ ထွက်ပေါ်လာသည်။
“မင်းအားတဲ့ အချိန်.. မျက်နှာပြင်ပင်လယ်ကိုလာပြီး အော်ရူးဆီလာလို့ရပါတယ်” ကြယ်သခင်သည် မတ်တပ်ထရပ်လိုက်ပြီး အော်ရူး၏လည်ပင်းကို လက်တစ်ဖက်တည်းဖြင့် ဆုပ်ကိုင်ကာ ကောင်းဖန်ကို ခေါင်းညိတ်ပြလိုက်သည်။
လည်ပင်းကို ဖမ်းခံရပြီးနောက် အော်ရူးသည် လေထဲတွင် ခံစားချက်မဲ့စွာ လှည့်ပတ်နေသည်။ ကောင်းဖန်ကို လက်ဟန်ခြေဟန်ပြရန် ၎င်း၏လက်ကို မြှောက်လိုက်သည်။
ကြယ်သခင်သည် ခြေတစ်လှမ်းလှမ်းပြီး နေရာမှာတင် ပျောက်သွားသည်။
ကြယ်သခင် ထွက်သွားပြီး သိပ်မကြာခင်မှာပဲ တောင်အောက်က ကုန်းပြင်မြင့်ပေါ်ကနေ အပြာရောင်အလင်းတန်း တစ်ခု ထွက်လာသည်။ အပြာရောင်အလင်းတန်းများသည် အနတ္တအာကာသအတွင်းမှ ချင်းထျန်းနဂါး၏ ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်သွားသည်။
“အရှေ့ကသက်ရှိက အရမ်းအစွမ်းထက်တယ်” ချင်းထျန်းနဂါးက လေးနက်စွာပြောလိုက်သည်။
ကောင်းဖန်သည် ဤအဆင့်ရှိသားရဲးများကို သိရရန် မမျှော်လင့်ထားမိခဲ့ပေ။
နဝမမြောက်ကောင်းကင်ဘုံတွင်ပင် ဤအဆင့်၏ဆရာများသည် အစားအစာပိရမစ်၏ထိပ်တွင်ရပ်တည်သည်။
“ဒီနေ့ အော်ရူးရဲ့ မိသားစုကို ပထမဆုံးမြင်ဖူးတာပါပဲ” ကောင်းဖန်သည် ခေါင်းခါကာ ဆရာကြီးများကို မသိကြောင်း ဖော်ပြလိုက်သည်။
ချင်းထျန်းနဂါးကို နှုတ်ဆက်ပြီးနောက် ကောင်းဖန် တောင်ခြေရင်းကို ရောက်တဲ့အခါ အဝေးက အရိပ်တစ်ခု လွင့်ပျံသွားသည်။
“ကောင်းဖန်... ငါ့ ခံစားချက်မကောင်းဘူး” ခြင်္သေ့ဖြူသည် အလွန်တုန်လှုပ်နေပြီး ဟောဟဲလိုက်နေသည်။
ဒါက အလယ်အလတ်အဆင့် နတ်ဘုရားဖြစ်လာပြီးနောက် ကောင်းဖန် ဒီလိုအသုံးအနှုန်းမျိုးကို ပထမဆုံးကြားဖူးတာ ဖြစ်သည်။
“စိတ်မပူပါနဲ့... ဖြည်းဖြည်းပြော.. ဘာဖြစ်လို့လဲ” ကောင်းဖန်က ခြင်္သေ့ဖြူကို နှစ်သိမ့်လိုက်သည်။
ခြင်္သေ့ဖြူသည် ခေါင်းငုံ့ကာ နေရာတွင် ထိုင်လိုက်သည်။ အချိန်အတော်ကြာပြီးနောက် ခေါင်းကို မော့လိုက်သည်။ သူ့မျက်နှာမှာ ကြောက်လန့်မှု ပျောက်ကွယ်သွားသည်။ “ဘာဖြစ်နေတာလဲမသိဘူး.. ကြောက်စရာကောင်းတဲ့ အကောင်တစ်ကောင်က ငါတို့ကို စောင့်ကြည့်နေသလိုမျိုး ရုတ်တရက် ထိတ်လန့်သွားတယ်”
“မကြာသေးခင်က တစ်ခုခုကို နှောင့်ယှက်ခဲ့သလား”
“ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ.. ငါ့စရိုက်ကို မင်းသိပါတယ်.. ငါ ခြင်္သေ့နှစ်ကောင်ကိုရှာဖို့ အရှေ့အာဖရိက လွင်ပြင်ကိုပဲ သွားခဲ့တာ... ဒါပေမယ့် အဲဒါတွေက ကမ္ဘာကြယ်စင် ခြင်္သေ့တွေပါပဲ” ခြင်္သေ့ဖြူက ခေါင်းယမ်းလိုက်သည်။
ဒါအမှန်ပင်ဖြစ်သည်။ ကောင်းဖန်သည် ခြင်္သေ့ဖြူ၏ ပင်ကိုယ်စရိုက်ကို သိသည်။ သူသည် ဂိုဒီလို ပြဿနာ ရှာရတာမကြိုက်ပေ။ ဂိုဒီကသာ လူ့ဇာတိခံယူသော နတ်ဆိုးတစ်ကောင်လိုဖြစ်ပြီး ၎င်းသည် ကမ္ဘာပေါ်တွင် အကြီးဆုံးအရာကဲ့သို့ အမြဲတစေ ပြုမူတတ်သည်။
“ဒါဆို တခြား ခြင်္သေ့ခုနစ်ကောင် ဖြစ်နိုင်တယ်” ကောင်းဖန်က ပြောလိုက်သည်။ “မင်းရဲ့အသားက သိပ်တန်ဖိုးမရှိဘူးဆိုရင် မင်းကို မနာလိုဖြစ်တာလောက်နဲ့ စွမ်းအင်တွေကို ဘယ်သူက ဖြုန်းတီးပစ်မှာလဲ... မင်းက တန်ဖိုးမြင့်မနေဘူးဆိုရင်တော့ တစ်မျိုးပေါ့”
ခြင်္သေ့ဖြူသည် ခါးသီးသောမျက်နှာဖြစ်သွားသည်။ “သန့်ရှင်းတဲ့ ခြင်္သေ့ခုနစ်ကောင်မဖြစ်ချင်ဘူး”
“အိုး.. မင်းအလယ်အလတ်အဆင့်နတ်ဘုရားကို ဖြတ်သွားတုန်းက ပြောခဲ့တာမဟုတ်ဘူးလား” ကောင်းဖန်က သူ့မျက်လုံးထောင့်ကနေ သူ့ကို လှမ်းကြည့်လိုက်သည်။
ခြင်္သေ့ဖြူက ပြုံးပြီး “ငါက ငယ်ရွယ်ပြီး မာနကြီးတယ်” ဟု ပြောလိုက်သည်။
“အခု အရမ်းနောက်ကျနေပြီ” ကောင်းဖန်က ပြောလိုက်သည်။
“ဟင်... ဒါဆို ငါဘာလုပ်ရမလဲ” ခြင်္သေ့ဖြူသည် နည်းနည်းကြောက်သွားသည်။
“လွယ်ပါတယ်.. ပိုလေ့ကျင့်ပြီး ပိုသန်မာအောင် လုပ်.. မင်းကို နာကျင်စေချင်တဲ့ ခြင်္သေ့ရောက်လာရင် သတ်ပစ်လိုက်”
ခြင်္သေ့ဖြူက သေချာစဉ်းစားပြီး ကောင်းဖန်ပြောတဲ့စကားသည် အလွန်ကျိုးကြောင်းဆီလျော်ကြောင်း သဘောပေါက်သွားသည်။
“ဒါဆို ငါသွားလေ့ကျင့်တော့မယ်.. “ ခြင်္သေ့ဖြူက အလျင်စလိုပြောပြီး အဝေးကို ထွက်ပြေးသွားသည်။
လအနည်းငယ်အကြာတွင် ဒန်ဘီ၏စာကို လက်ခံရရှိပြီးနောက် ဤကာလအတွင်း ဖြစ်ပျက်ခဲ့သည့်အရာကို ကောင်းဖန် နားလည်သွားသည်။ ကြယ်စု၏ သဘာဝနတ်ဘုရားစနစ်နှင့် ပင်လယ်နတ်ဘုရားစနစ်တို့၏စစ်ပွဲသည် နောက်ဆုံးတွင် ပြီးဆုံးသွားပြီ ဖြစ်သည်။
ပင်လယ်နတ်ဘုရားစနစ်၏ ခေါင်းဆောင်ဖြစ်သော အကြောက်တရားထိန်းချုပ်သူသည် ကြယ်သခင်၏ လုပ်ကြံမှုတစ်ခုအတွင်း ပြင်းထန်စွာ ဒဏ်ရာရသွားပြီး ၎င်း၏ ရှင်သန်မှုသည် မသေချာတော့ပေ။ ပင်လယ်နတ်ဘုရားစနစ်၏ ကျန်ကြွင်းသော နတ်ဘုရားများအားလုံး ပြိုလဲသွားခဲ့သည်။
ထိုမှလွဲ၍ ကျန်ရှိသော သဘာဝနတ်ဘုရားစနစ်မှ နတ်ဘုရားများ အားလုံးသည် ကြယ်စုကို အရှုံးပေးလိုက်ကြရသည်။ မရဏသခင်နှင့် ကြယ်သခင်တို့ကြား ခိုင်မာသော ဆွေးနွေးမှုအပြီးတွင် ၎င်းတို့သည် တိတ်တိတ်ဆိတ်ဆိတ် သဘောတူညီချက်အချို့ကို ရရှိခဲ့သည်။
ကြယ်စုသည် သဘာဝနတ်ဘုရားစနစ်နှင့် ပင်လယ်နတ်ဘုရားစနစ်၏ နယ်မြေများကို သိမ်းပိုက်လိုက်သည်။ သူတို့သည် သေခြင်းတရားစနစ်အား အနှောင့်အယှက်မပေးပေ။
ထိုအချိန်က အန္တရာယ်ကို ခြင်္သေ့ဖြူ သတိပြုမိပြီးနောက် အချိန်အတော်ကြာအောင် ထိုကဲ့သို့ စောင့်ကြည့်ခံရသည့် ခံစားချက်မျိုး မရှိတော့ပေ။
ထို့နောက် အချိန်တွေ အေးအေးဆေးဆေး ကုန်လွန်သွားသည်။ နဝမမြောက်ကောင်းကင်ဘုံမှ အသွင်ပြောင်းလူများသည် လူသားများ၏ ဖြစ်တည်မှုကို လက်ခံလာကြသည်။
လူမျိုးနှစ်ခုကြားက မုန်းတီးမှုသည် အခြေခံအားဖြင့် ရှေးဘိုးဘေးတွေ ဖြစ်သည့် အထက် အကြီးအကဲတွေကြားသာ မုန်းတီးကြသည်။
အနှစ် ၁ သောင်းသည် အရာများစွာကို ပြောင်းလဲရန် လုံလောက်သည်။ ထိုအချိန်မှစ၍ အမုန်းတရားများစွာကို မြှုပ်နှံထားခဲ့ကြသည်။
တစ်စုံတစ်ယောက်မှ ထိုမုန်းတီးမှုကို မတူးထုတ်နိုင်ပေ။
ဒါပေမယ့် အနည်းဆုံးတော့ အခုအချိန်မှာ လူသားမျိုးနွယ်စုနှင့် အသွင်ပြောင်းမျိုးနွယ်စု၏ ထိပ်တန်းအဆင့် တွေမှာ ဒီလိုအဖြစ်မျိုး မရှိသေးပေ။
ထို့အပြင် နဝမမြောက်ကောင်းကင်ဘုံရှိ လူသားမျိုးနွယ်စုမှ ဝတ္ထုပစ္စည်းများ ဖြန့်ကျက်ခြင်းသည် အသွင်ပြောင်းလူများ၏ အထင်အမြင်ကို အမှန်တကယ် တိုးတက်စေသည်။
ဝတ္ထုများ၊ ရုပ်ရှင်များ၊ ဒရာမာများ၊ ကာတွန်း နှင့် ရုပ်ပြများဟု အမည်ပေးထားသည့် အချို့သော အကြောင်းအရာများသည် နဝမမြောက် ကောင်းကင်ဘုံသို့ တိတ်တဆိတ် ပျံ့နှံ့သွားကြသည်။ ဤအရာများသည် အသွင်ပြောင်းလူတို့၏တန်ဖိုးများ၊ လူသားများအပေါ် ၎င်းတို့၏ အထင်ကြီးမှုများကို သိမ်မွေ့စွာ လွှမ်းမိုးလာသည်။ ဤအရာများတွင် လူသားများအားလုံးသည် အပြုသဘောဆောင်သော၊ ငြိမ်းချမ်းသော၊ ကြီးမြတ်သောသူရဲကောင်းများအဖြစ်ပါ၀င်သည်။
ရေတိုမှာ အကျိုးသက်ရောက်မှု များများစားစား မရှိနိုင်ပေမယ့် အချိန်အတော်ကြာပြီးနောက်တွင် အကျိုးသက်ရောက်မှုရှိမှာ ဖြစ်သည်။
တစ်ချိန်တည်းမှာပင် ရှန်းထော်အင်ပါယာမှ စာတစ်စောင်သည် အထူးချန်နယ်တစ်ခုမှတစ်ဆင့် ကောင်းဖန်ထံသို့ရောက်ရှိလာသည်။
စာကိုဖွင့်ပြီးသောအခါ စာအိတ်ထဲမှ အပြာရောင်ပိုးစုန်းကြူးတစ်ကောင် ပျံသန်းလာသည်။
ပိုးစုန်းကြူး၏အမြီးတွင် အလင်းရောင်တစ်ခုလင်းလာပြီး အလင်းထဲတွင် ပုံရိပ်တစ်ခု ပေါ်လာသည်။ ၎င်းမှာ ဒုတိယမင်းသားဖြစ်သည်။
“ချစ်လှစွာသော ကောင်း... ငါ မင်းရဲ့ အကူအညီကို လိုအပ်နေတယ်...”
***
သားရဲလေ့ကျင့်သူ
အခန်း ၈၃၂ မိုးကြိုးမွေးဖွားခြင်းပင်လယ်
“သူငယ်ချင်း... မင်းနဲ့ ခွဲရတဲ့ တစ်နှစ်ကျော်အတွင်း မင်းအကြောင်းကို နေရောညပါ မရေမတွက်နိုင်အောင် တွေးပြီးပြီ….” ကောင်းဖန်သည် ပိုးစုန်းကြူး၏အမြီးမှ ဖန်တီးထားသော မြင်ကွင်းကို မည့်သည့်အမူအရာမှမဖော်ပြပဲ ပိတ်ချလိုက်သည်။
ပိုးစုန်းကြူးသည် ကောင်းဖန်ကို နာကျင်သောအမူအရာဖြင့် ကြည့်ပြီးနောက် ၎င်း၏ဖင်ကို နောက်တစ်ကြိမ် ညှစ်ထုတ်လိုက်သည်။ “ဆောရီး.. တောင်းပန်ပါတယ်” ဟူသော ပရောဂျက်သည် ထပ်မံပေါ်လာသည်။ ဒုတိယမင်းသားသည် သပ်သပ်ရပ်ရပ် ၀တ်ဆင်ထားပြန်သည်။ “ငါ့အကိုက နတ်ဘုရားသားရဲလေ့ကျင့်သူ နှစ်ယောက်ရဲ့ ပံ့ပိုးမှုကို ရထားတယ်.. ရာဇပလ္လင်ပြိုင်ပွဲက တရားမျှတပေမယ့် သူ့လုပ်ရပ်က အရမ်းမတရားဘူး…”
“လိုရင်းသာပြော”
ဒုတိယမင်းသားလေး၏ မျက်နှာပေါ်မှာ အပြုံးတစ်ခုပေါ်လာသည်။ “ငါ့အကို ခေါ်လာတဲ့ နတ်ဘုရားသားရဲလေ့ကျင့်သူ နှစ်ယောက်ကို သတ်ပေးပါ.. အဲဒါဆိုရင် နန်းတက်ပြီးတာနဲ့ လူသားမျိုးနွယ်စုနဲ့ ငါ ပူးပေါင်းမယ်”
“လက်ဗလာနဲ့ အပေးအယူလုပ်ရတာ ကောင်းသလား” ကောင်းဖန်က ခနဲ့လိုက်သည်။
ဒုတိယမင်းသားက “ဒါ့အပြင် ရှန်းထော် အင်ပါယာဘဏ္ဍာတိုက်ထဲက ရတနာနှစ်ခုကို ယူနိုင်တယ်” ဟု အလျင်စလိုပြောလိုက်သည်။
“မလောက်သေးဘူး” ကောင်းဖန်က ခေါင်းခါသည်။
သူ၏သားရဲအားလုံးသည် နတ်ဘုရားအဆင့်သို့ ရောက်ပြီဖြစ်သည်။ နတ်ဘုရားအဆင့်ကို ဖြတ်ကျော်ဖို့ ပစ္စည်းတွေက ရှားပါးသည်။ ရှန်ထော်အင်ပါယာ၏ သေးငယ်သောဘဏ္ဍာတိုက်တွင် ၎င်းတို့ကို ရှာမတွေ့နိုင်ပေ။ အတွင်းမှာရှိတဲ့ ပစ္စည်းတွေက ကောင်းဖန်အတွက် သိပ်ပြီး ဆွဲဆောင်မှု မရှိသေးပေ။
မလုံလောက်ဘူး...
ဒုတိယမင်းသားက အံ့သြသွားသည်။ သူနောက်ဆုံးအကြိမ်သဘောတူခဲ့တယ်လေ.. ဒီတစ်ခါဘာလို့ငြင်းတာလဲ...
သူက ကောင်းဖန်၏ လက်ရှိအနေအထားနဲ့ ရပ်တည်မှုအကြောင်း နည်းနည်းစဉ်းစားလိုက်သည်။ သူ၏ စျေးနူန်းတွေက ဤအဆင့် ဖြစ်ရန်အတွက် အနည်းငယ် မလုံလောက်ပေ။
“မင်းနဲ့ငါပူးပေါင်းပါမယ်” ဒုတိယမင်းသားက လေးလေးနက်နက် ပြောလိုက်ပြန်သည်။
“မဟုတ်ဘူး…” ကောင်းဖန်က သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး “အဲဒါ ငါလိုချင်တာမဟုတ်ဘူး” ဟု ပြောလိုက်သည်။
“မိုးကြိုးမွေးဖွားခြင်းပင်လယ်ထဲကို ဝင်ဖို့ အပေါက်တစ်ခုလိုချင်တယ်” ကောင်းဖန်က လက်ညှိုးကို မြှောက်လိုက်သည်။
ဒုတိယမင်းသားသည် တခဏမျှ တုံ့ဆိုင်းသွားပြီး “ကောင်းပြီ” ဟု ခေါင်းညိတ်လိုက်သည်။
…
နောက်တစ်နေ့တွင် ဒုတိယမင်းသား နိုးလာပြီး သူ့ကုတင်ဘေးတွင် လူတစ်ယောက်ထိုင်နေသည်ကို အံ့သြစွာတွေ့လိုက်ရသည်။
ထိုလူ၏မျက်နှာကိုမြင်ပြီးနောက် သက်ပြင်းတစ်ချက်ချလိုက်သည်။
နဖူးကချွေးတွေကို သုတ်ရင်း “ဒါက ငါ့အစ်ကိုက လုပ်ကြံဖို့ လွှတ်လိုက်တာလို့ ငါထင်တယ်” ဟုပြောလိုက်သည်။ ဒုတိယမင်းသားသည် ဖြူဖျော့နေကာ သရုပ်ပျက်သွားပုံရပြီး အေးစက်သော ချွေးများက သူ့နဖူးကို ဖုံးလွှမ်းသွားသည်။
ကောင်းဖန်က ပြုံးပြီး “ဒီလို ချောမောလှပတဲ့ လူသတ်သမားကို မင်းမြင်ဖူးလား” ဟု မေးလိုက်သည်။
ဒုတိယမင်းသားက ကောင်းဖန်ကို ခဏလောက်လေ့လာပြီး “မဟုတ်ဘူး” ဟု ခေါင်းခါလိုက်သည်။
“မင်းအဖေက မင်းရဲ့ပြိုင်ဆိုင်မှုကို ဂရုမစိုက်ဘူးလား” ကောင်းဖန်က စိတ်ဝင်တစား မေးလိုက်သည်။
“မဟုတ်ဘူး” ဒုတိယမင်းသားက ခေါင်းယမ်းလိုက်သည်။ သူ့အဖေအကြောင်းပြောတဲ့အခါ သူ့ရဲ့အမူအရာက ပြောင်းလဲသွားသည်။ “သူက မသေမျိုးကို ရှာဖို့ပဲ စိတ်ပူနေတာ.. သူက တခြားဘာကိုမှ ဂရုမစိုက်တော့ဘူး”
“မသေမျိုးလား.. ဘယ်လိုအိပ်မက်ကြီးလဲ” ကောင်းဖန်သည် ရှန်းထော်ဘုရင်နှင့်ပတ်သက်၍ ဘာပြောရမည်ကို မသိပေ။
“ငါ့အကို သိကျွမ်းခဲ့တဲ့နတ်ဘုရားအဆင့်သားရဲလေ့ကျင့်သူ နှစ်ယောက်က မြို့အပြင်ဘက်က ကြယ်ခုနစ်ပွင့် တောင်ပေါ်မှာ ရှိတယ်.. သူတို့နှစ်ယောက်က သူတို့ကိုယ်သူတို့ ရေနဲ့ မီး အကြီးအကဲလို့ ခေါ်ကြပြီး တယောက်က ရေအမျိုးအစားသားရဲမှာအသုံးပြုရာမှာ ထူးချွန်ပြီး နောက်တစ်ယောက်ကတော့ မီးအမျိုးအစား သားရဲ လေ့ကျင့်ရေးမှာ ထူးချွန်တယ်”
“ရေနဲ့မီး အကြီးအကဲလား... ဘယ်လောက်ကောင်းတဲ့ နာမည်လဲ”
ကြယ်ခုနစ်ပွင့်တောင်တန်းများသည် မြို့အပြင်ဘက် ကီလိုမီတာ သုံးဆယ်အကွာတွင် တည်ရှိသည်။ ထိုလမ်းသည် တိတ်ဆိတ်ပြီး ကြောက်စရာကောင်းလှသည်။
ကြယ်ခုနစ်ပွင့်တောင်တန်းများဆီသို့ သွားရင် အဝေးမှ တောင်တန်းများပေါ်ရှိ အစွမ်းထက်သော ရောင်ဝါနှစ်ခုကို ခံစားလိုက်ရမည် ဖြစ်သည်။
“သူတို့ မဖုံးကွယ်ထားဘူးလား” ကောင်းဖန်အံ့သြသွားသည်။
တောင်ပေါ်ရှိ နတ်ဘုရားအဆင့် ရောင်ဝါနှစ်ခုကို ပွင့်လင်းမြင်သာစွာထားပြီး ဖုံးကွယ်ထားခြင်းမရှိပေ။ သူတို့က ညဘက်မှာ တောက်ပတဲ့ ပစ်မှတ်တွေလိုဖြစ်နေသည်။
အခြေခံအဆင့်နတ်ဘုရားနှစ်ပါးသည် အသွင်ပြောင်းမျိုးနွယ်စု ထိပ်ဆုံးတွင်ရှိနေပြီဖြစ်သည်။
သူတို့ ဒီလောက် မာနကြီးတာ မဆန်းပေ။ အသွင်ပြောင်းမျိုးနွယ်စုတွင် နတ်ဘုရားအဆင့်သားရဲလေ့ကျင့်သူသည် တစ်ဆုပ်စာသာ ရှိသည်။ အခြားသော နတ်ဘုရားအဆင့် သားရဲလေ့ကျင့်သူများသာ မဟုတ်လျှင် မရှုံးနိုင်ပေ။
“ခြင်္သေ့ဖြူ” ကောင်းဖန်က အသံတိုးတိုးဖြင့်ပြောလိုက်သည်။
သူ့ဘယ်ဘက်ရှိ အနတ္တနေရာမှ လေတိုက်လာသည်။ ဝဲထဲမှ လေထုအလယ်တွင် အသွင်သဏ္ဌန်တစ်ခု ပေါင်းစပ် ပေါ်ပေါက်လာသည်။
“သခင်”
ခြင်္သေ့ဖြူ က လေးလေးစားစား ခေါင်းငြိမ့်ပြလိုက်သည်။
“သူတို့ကို ဂရုစိုက်လိုက်ပါ”
“ဟုတ်ကဲ့”
ကောင်းကင်မှာ ဒီရေတွေ ပွက်ပွက်ဆူနေတဲ့ အပြာရောင် အရိပ်အယောင်သည် နေကို ဖုံးအုပ်သွားသည်။ နဂါးငွေ့တန်းဂလက်ဆီ ဖိတ်စင်သွားသလို ကောင်းကင်မှ အဆုံးမဲ့လှိုင်းများ ဆင်းသက်လာသည်။
“မင်း အကြီးအကျယ် ရုတ်ရုတ်သဲသဲဖြစ်အောင်လုပ်နေပြီ” ဒုတိယမင်းသားက သက်ပြင်းချလိုက်သည်။ သူ့မှာ ရှုပ်ထွေးတဲ့ အမူအရာဖြစ်နေသည်။
“ဒါက ပိုမြန်တယ်.. မင်းအကိုကို မင်းရဲ့သန်မာမှုကို ပြရမယ်.. သူ့နေရာကို အခုသိသင့်တယ်” ဟု ကောင်းဖန်က တိုးတိုးလေးပြောလိုက်သည်။
“ကောင်းပြီ.. မင်းမှန်တယ်” ဒုတိယမင်းသားက ကောင်းဖန်၏လက်ထဲက ခေါင်းနှစ်လုံးကို ထူးဆန်းတဲ့ မျက်နှာနှင့်ကြည့်လိုက်သည်။
“ငါ မင်းကို ကတိပေးထားတဲ့အတိုင်း လုပ်မယ်.. အနည်းဆုံး နှစ်ရက်အတွင်း မင်း ငါ့ဆီက သတင်းကြားရလိမ့်မယ်”
“ကောင်းပြီ မင်းမလိမ်ဖို့ ငါမျှော်လင့်တယ်”
နောက်နှစ်ရက်အကြာတွင် မြို့ပြင်ရှိ စံအိမ်တစ်ခုတွင် နေထိုင်သော ကောင်းဖန်သည် ပန်းရောင်ပုလဲတစ်လုံးကို လက်ခံရရှိလိုက်သည်။
“ဒါက မိုးကြိုးမွေးဖွားခြင်းပင်လယ်ထဲကို ဝင်ဖို့ သင်္ကေတပဲလား” ကောင်းဖန်သည် ပုလဲဖြင့် ကစားနေလိုက်သည်။
“ဟုတ်တယ်.. ဒါက အဖေ့ကို အချိန်အတော်ကြာ တောင်းစားပြီးမှ ရလာတဲ့ သင်္ကေတပဲ” ဟု ဒုတိယမင်းသားက ပြောလိုက်သည်။
မိုးကြိုးမွေးဖွားခြင်းပင်လယ်သည် နဝမြောက်ကောင်းကင်ဘုံတွင်တည်ရှိသောထူးခြားသည့်နေရာဖြစ်သည်။ ၎င်းသည် နဝမမြောက် ကောင်းကင်နှင့် ကောင်းကင်ဘုံတိုနှင့်မသက်ဆိုင်သော်လည်း နေရာနှစ်ခုဆုံသည့် နေရာဖြစ်သည်။
ကြီးမားသော မြူခိုးများက ၎င်းကို ဝိုင်းရံထားကာ နဂါးအစစ်များ၊ မီးဖီးနစ်များ၊ ကီလင်းများ အပါအဝင် လှည့်စားခြင်း အမျိုးအစား အားလုံးသည် မြူခိုးထဲတွင် မွေးဖွားလာကြသည်။
မရေမတွက်နိုင်သော ကြောက်မက်ဖွယ် မိုးကြိုးများသည် မိုးကြိုးမွေးဖွားခြင်းပင်လယ်၏ အနက်ရှိုင်းတွင် ပုန်းကွယ်နေသည်။ ၎င်းသည် မိုးကြိုးသတ္တဝါများအတွက် အခွင့်အရေးတစ်ခုဖြစ်သည်။ ထိုနေရာတွင် လေ့ကျင့်ခြင်းသည် သားရဲ၏ စွမ်းအားကို အဆများစွာ တိုးစေလိမ့်မည်။ တစ်ခုတည်းသောအန္တရာယ်မှာ ဤမိုးကြိုးများသည် စိတ်ဓာတ်ကျစေခြင်းဖြစ်သည်။ မသန်မာဘူးဆိုရင် အဲဒီနေရာမှာ သေသွားနိုင်သည်။
မိုးကြိုးမွေးဖွားခြင်းပင်လယ်အပြင်ဘက်တွင် ဥပဒ်များသည် အလွန်ကြောက်စရာကောင်းသည်။ လှည့်စားမှုတွေကို ကာကွယ်ဖို့ အထူးပုလဲမရှိပါက အဲဒါထဲကို ရောက်သွားဖို့က အရမ်းလွယ်သည်။
ရှန်ထော်အင်ပါယာ၏ အနောက်ဘက် ကီလိုမီတာ ၅၀၀ ကျော်အကွာတွင် ကျက်တီလွင်ပြင်ရှိသည်။ ကျက်တီးလွင်ပြင်ရှိ မြေဆီလွှာသည် နီရဲနေသည်။
“ဒီနေရာကို ငါစောစောသိရင် မင်းကို ဒီနေရာကို မြန်မြန်ခေါ်လာပါတယ်” ကောင်းဖန်က လက်ပိုက်ထားပြီး သူ့နောက်မှာရှိနေတဲ့ တာ့ဇီကို ပြောလိုက်သည်။
တာ့ဇီသည် လည်ပင်းကို ကျုံ့လိုက်ပြီး “မသွားနိုင်ဘူး ကောင်းဖန်”
ဟု ပြောလိုက်သည်။
“မသွားဘူး”
မိုးကြိုးသတ္တဝါများစွာသည် မိုးကြီးမွေးဖွားခြင်း ပင်လယ်အပြင်ဘက်တွင် စုဝေးကြသည်။ ဤသားရဲများသည် နှစ်ကောင် သို့မဟုတ် သုံးကောင် အုပ်စုဖွဲ့ကြသည်။ အဝေးသို့ ခဏခဏ မျှော်ကြည့်နေပြီး သူတို့၏ မျက်လုံးများသည် မျှော်လင့်လျက်ရှိသည်။
“ဒီမှာပဲ” ကောင်းဖန်သည် လှည့်စားမှုပင်လယ်၏ အလယ်ဗဟိုသို့ လှမ်းကြည့်လိုက်သည်။ အဝေးမှ မျဉ်းဖြူဖြူတစ်စင်းက သူ့ဆီသို့ ပြေးလာသည်။
မြူခိုးတွေကနေ တက်လာပြီး ပြုတ်ကျသည့် အသံထွက်လာသည်။ ကောင်းဖန်သည် မြူခိုးထဲတွင် နဂါးအစစ်၏ ကြီးမားသော ခန္ဓာကိုယ်ကြီးကို တွေ့လိုက်ရသည်။
ထို့နောက် သူတို့အားလုံး မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားကြသည်။
ကောင်းဖန်နှင့် တာ့ဇီသည် ပေါင်းစည်းရန် ရွေးချယ်လိုက်သည်။ တာ့ဇီ၏ ခန္ဓာကိုယ်ကိုအဖြူရောင် မြူခိုးထဲသို့ ချက်ချင်း ဆွဲသွင်းလိုက်သည်။
လှိုင်းပုတ်သံတွေသာ ကျန်တော့ပြီး သူတို့အမြင်အာရုံတွေ ဝေဝါးလာသည်။
ဒါပေမယ့် အဲဒီ အတွေးတွေက သူတို့ နားထဲမှာ အူသံတွေချည်းကြားနေရသည်။ တာ့ဇီ၏ လက်သည်းသည် ပုလဲကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လိုက်ပြီး ၎င်းမှထုတ်လွှတ်သော အနီရောင်အလင်းတန်းများက လှည့်စားခြင်းများကို မောင်းထုတ်ပစ်လိုက်သည်။
“ငါမင်းကိုယုံလို့မရဘူး...” လှည့်စားမှုထဲသို့ဆွဲထည့်ခံပြီးနောက် တာ့ဇီသည် ရေဆေးစက်ထဲသို့ပစ်ချခံလိုက်ရသလို ခံစားလိုက်ရသည်။ ဦးခေါင်းလေးလံလာပြီး မျက်လုံးတွေ ဝေ့ဝဲလာသည်။
လှည့်စားမှုတွေ မပျောက်သွားခင်ထိ အချိန်တွေ ဘယ်လောက်ကုန်သွားခဲ့လဲ မသေချာပေ။
နောက်ဆုံး
သူတို့ပတ်ဝန်းကျင်မှာ လှည့်စားမှုတွေ ပျောက်သွားသည်။ ဤအရာသည် အနတ္တနေရာလွတ်ဖြစ်ပြီး မိုးကြိုးများသည် အနတ္တအာကာသကို ခဏခဏဖြတ်သန်းနေသည်။
ငွေဖြူရောင် မိုးကြိုးယူနီကွန်သည် မိုးကြိုးရိပ်များအဖြစ် ဂုဏ်ယူစွာဖြင့် ချီတက်လာသည်။
တာ့ဇီက အံ့အားသင့်စွာ အော်ဟစ်လိုက်သည်။
အကြောင်းတစ်ခုခုကြောင့် ဒီမြင်ကွင်းက အရမ်းရင်းနှီးနေပုံရသည်။
***