အခန်း (၈၃၇-၈၄၀)
Vol. 53 Ch. 837-840
အခန်း ၈၃၇ ရပ်စဲခြင်း၏ စွမ်းအား
တာ့ဇီသည် ဆီလီဘက်လှည့်ပြီး စိုက်ကြည့်လိုက်သည်။
ဆီလီက ရှက်ရွံ့ပြီး စရစ်ပိ၏ ခြေထောက်ကို ထိသွားတဲ့အထိ တိတ်တဆိတ် နောက်ပြန်ဆုတ်သွားသည်။
၎င်းသည် အစင်းလေး၏ခြေထောက်နောက်တွင် ပုန်းနေလိုက်သည်။
ဆီလီသည် ၎င်း၏နေရာလွတ်မှ ဖျော်ရည်တစ်ခွက်ကို တိတ်တဆိတ်မထုတ်ခင် အချိန်အတော်ကြာအောင် စောင့်ဆိုင်းနေသော်လည်း လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ခုက ရုတ်တရက် တိုက်ခိုက်လိုက်သည်။
သူ့လက်များ တုန်ခါသွားကာ လိမ္မော်ရည်များ မြေပြင်ပေါ်သို့ ဖိတ်ကျသွားသည်။
ဂြိုလ်အရင်းအမြစ် ကင်းစင်သွားသောအခါ ကမ္ဘာတစ်ခုလုံးသည် အတွင်းအပြင်မှ ပေါက်ထွက်နေသော သစ်ခြောက်ပင်ကြီးတစ်ပင်ကဲ့သို့ ဖြစ်လာကာ ပုပ်ပွနေသော ပင်စည်များသာ ကျန်ရစ်သည်။
ပြီးတော့ ဂြိုလ်၏ပြိုကျမှုနှုန်းက အရှိန်မြှင့်လာသည်။
“ဒါဆို ဒါပဲ…” ကောင်းဖန်က သူ့ကိုယ်သူ ရေရွတ်လိုက်သည်။ ဝေးကွာသော အာကာသ ပြိုကျမှု၏ အရှိန်သည် တဖြည်းဖြည်း အရှိန်မြင့်လာသည်။ မြေကြီးနှင့် ကျောက်တုံးကြီးများသည် ကောင်းကင်ထဲသို့ စုပ်ယူခံလိုက်ရပြီး ဂြိုလ်ပေါ်မှ လှည့်ပတ်သွားကြသည်။
ဂြိုလ်အပြင်ဘက် အာကာသထဲက ဧရာမအကောင်ကြီးအများအပြားသည် အစားကြူးချင်စရာကောင်းသည့် ပွဲကို ပျော်ပျော်ရွှင်ရွှင် ဆင်နွှဲနေကြသည်။
တောင်ထိပ်များ၊ မြစ်များနှင့် မြေကြီးများ —အရာအားလုံးကို စားကြသည်။
“သွားကြရအောင်.. ဒီဂြိုလ်က အဆုံးသတ်တော့မယ်.. ငါတို့ အခုမသွားရင် ဒီသားရဲတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်” ကောင်းဖန်က သူ့ရင်ဘတ်ကို ပွတ်သပ်ကာ အနည်းငယ် စိတ်ပျက်နေပုံပေါ်သည်။
ရပ်စဲခြင်းရင်းမြစ်သည် ကောင်းဖန်၏တာဝန်ကို ပြီးမြောက်ခြင်းအတွက် ကျေနပ်နေပုံရသည်။ အနက်ရောင်နှလုံးသားသည် အတွင်းပိုင်းကို ကျုံ့သွားပြီးနောက် မီးခိုးရောင်ဓာတ်ငွေ့ နှစ်ခုအဖြစ် ထွက်သွားပြီး တာ့ဇီထဲသို့ ဝင်သွားသည်။
တာ့ဇီသည် ဟိန်ဟောက်လိုက်သည်။ အမြောက်အမြား တိုးပွားလာစေသည့် ဂြိုလ်အရင်းမြစ်ကို ဝါးမြိုလိုက် ပြီးနောက် မိုးကြိုး ထိန်းချုပ်မှုအပေါ် ၎င်း၏ ကျွမ်းကျင်မှုသည် ယခုအခါ ၂၃ ရာခိုင်နှုန်းအထိ တိုးမြင့်လာသည်။
ဤလုပ်ငန်းစဉ်တွင် စွမ်းအင်အများစုသည် ပြန့်ကျဲသွားပြီး ပျောက်ကွယ်သွားသည်။ ထို့ကြောင့် အနည်းငယ်မျှကိုသာ တာ့ဇီမှ စုပ်ယူလိုက်သည်။ မဟုတ်ရင် ပျက်စီးသွားသည့် ဂြိုလ်မှ စွမ်းအင်အများကြီးကို ပိုထုတ်နိုင်လိမ့်မည်။
ရပ်စဲခြင်းရင်းမြစ်မှ တိုးလာသော စွမ်းအင်ကြောင့် တာ့ဇီသည် ၎င်း၏ စွမ်းအင် တဟုန်ထိုး တက်လာသည်ကို ခံစားနိုင်သည်။ ဤသည်မှာ အလွန်မှော်ဆန်သော စွမ်းအားတိုးလာခြင်းဖြစ်သည်။ ကာယကြံ့ခိုင်မှု တိုးလာမှုမှာ အနည်းငယ်မျှသာဖြစ်ပြီး စည်းမျဉ်းကို ကျွမ်းကျင်ပိုင်နိုင်စွာ တိုးမြှင့်ခြင်းမဟုတ်သော်လည်း မည်သို့ပင်ဆိုစေကာမူ အံ့သြဖွယ်ကောင်းသော အပြောင်းအလဲကို ယူဆောင်လာသည်။
၎င်းသည် ကာကွယ်ရေးနှင့် ပျက်စီးမှုကို သိသိသာသာ တိုးမြင့်လာစေသည့် ဆူးချွန်ပါသော ချပ်ဝတ်တန်ဆာ အလွှာကို ဝတ်ဆင်ထားသကဲ့သို့ဖြစ်သည်။
၎င်း၏ နဂါးအမြီးသည် မြေမျက်နှာပြင်ကို ဖြတ်ကျော်သွားသောအခါ မြေပြင်သည် ရုတ်တရက် အက်ကွဲသွားပြီး ဖုန်မှုန့်များ လျင်မြန်စွာ မြင့်တက်လာသည်။ ဖြတ်သန်းသွားရာ လမ်းတစ်လျှောက်တွင် မြေကြီးသည်အက်ကွဲသွားပြီး နက်ရှိုင်းသော လျှိုမြောင်တစ်ခု ချန်ထားခဲ့သည်။
ဤအဖျက်စွမ်းအားအဆင့်သည် ကောင်းဖန်ကိုပင် ထထိုင်မိလိုက်စေသည်။
တာ့ဇီသာမကဘဲ သားရဲများလုံး စွမ်းအားတိုးလာကြသည်။ ဒါကို ကောင်းဖန်က ရပ်စဲခြင်း၏ စွမ်းအားဟု ယူဆသည်။
ဒါက လက်ရှိကမ္ဘာ့အင်အားစုများ၏ ဆန့်ကျင်မှုဘက်တည်ရှိမှုနှင့် အနည်းငယ်တူသည်။ တကယ်တော့ သူ့ဘာသာသူဆိုရင် အဖျက်စွမ်းအားသည် သိပ်မသန်မာသော်လည်း လက်တွေ့ကမ္ဘာ၏ အင်အားစုတွေကို ဆန့်ကျင်ဖို့ အသွင်ဆောင်ထားသည့်အတွက် ဆန့်ကျင်ဘက် အင်အားစုနှစ်ခု တွေ့ဆုံမှုသည် ကြောက်စရာကောင်းသည့် ပျက်စီးခြင်းအဆင့်ကို ဖန်တီးပေးလိမ့်မည်။
“သခင်” အဝေးမှ ပုံသဏ္ဌာန်တစ်ခုသည် အချိန်တိုအတွင်း ချဉ်းကပ်လာသည်။ ထို့နောက် အသက်တစ်ရှိုက်စာအတွင်း ကောင်းဖန် ရှေ့မှာ ရပ်လာသည်။
ကလန်ကလားနှင့် ဒန်ဘီသည် အနီရဲရဲ ဝတ်ရုံကို ဝတ်ဆင်ထားပြီး ၎င်း၏ ထွားကျိုင်းသော ပခုံးများသည် အင်္ကျီနှင့်လိုက်ဖက်နေသည်။ သူ့မျက်လုံးထဲတွင် ဝိညာဉ်မီးတောက်သည် တဖြည်းဖြည်း လောင်ကျွမ်းနေပြီး အခိုင်အမာတည်ရှိနေသည်။
“မင်း ပိုသန်မာလာပြီပဲ” ဒန်ဘီ၏ မရဏစည်းမျဉ်းသည် ဆယ်ရာခိုင်နှုန်းအထိ တိုးမြင့်လာပြီး အချိန်တိုအတွင်း အလျင်အမြန် တိုးတက်မှုကို သက်သေပြခဲ့သည့် အလယ်အလတ်အဆင့် နတ်ဘုရား၏ နေရာတွင်ရှိနေကြောင်း ကောင်းဖန် သိလိုက်သည်။
“ဆရာက ကျွန်တော့်ကို ကောင်းကောင်း သင်ပေးတယ်လေ” ဒန်ဘီက လေးလေးနက်နက် ပြန်ဖြေလိုက်သည်။
ပင်လယ်ဝတုတ်သည် မနာလိုမှုအပြည့်နှင့် ပြောလိုက်သည်။ “မင်းရဲ့ဆရာက တကယ်တော်တာပဲ.. သေခြင်းတရားကို လုံးလုံးလျားလျား ခွဲခြမ်းစိပ်ဖြာပြီး မင်းကို အဆင့်ဆင့် သင်ပေးတယ်ပေါ့”
“သခင်... ဘာကိစ္စရှိလို့လဲ” သူ့သခင်နဲ့ ဂိုဒီမှာ တစ်ခုခုမှားနေပြီဆိုတာ ဒန်ဘီ သတိထားမိလိုက်သည်။ သူတို့အပေါ်မှာ လေးလံတဲ့ စွမ်းအားတွေ ရှိနေပုံရသည်။
ကောင်းဖန်က သူတို့အကြောင်းတွေကို ဒန်ဘီကို ပြောပြလိုက်သည်။ ဒန်ဘီသည် ထိတ်လန့်သွားပြီး “သခင်... ရပ်စဲခြင်းအမြစ်ကို ဖျက်ပစ်ဖို့ ကျွန်တော် ဆရာကို တောင်းလိုက်မယ်” ဟု ပြောလိုက်သည်။
“မင်းရဲ့ ဆရာက ရပ်စဲခြင်းအမြစ်ရဲ့ ပြိုင်ဘက်မဟုတ်ဘူး” ကောင်းဖန် ခေါင်းခါလိုက်သည်။ တကယ်တော့ သူလည်း ဒန်ဘီ၏ဆရာကို အကူအညီတောင်းသင့်မသင့်ကို မူလက စဉ်းစားခဲ့သည်။
သို့သော် နှစ်ဖက်စလုံး၏ ခွန်အားကို နှိုင်းယှဉ်ပြီးနောက် ကောင်းဖန်သည် မရဏသခင်သည် ရပ်စဲခြင်းအမြစ်၏ ပြိုင်ဘက်မဟုတ်ဟု ခံစားနေရသည်။
အကယ်၍ တစ်ဦးတစ်ယောက်သည် ရပ်စဲခြင်းအမြစ်ကို အနိုင်ယူနိုင်ပါက သူတို့ကို ထိခိုက်စေနိုင်သည်။
မရဏသခင်သည် ဒန်ဘီကို မထီမဲ့မြင်မပြုပဲ တစ်ဖန် ကူညီပေးကာ တပည့်အဖြစ်ပင် လက်ခံခဲ့သည်။ ကောင်းဖန်သည် အဆိုးကို အကောင်းနှင့် လဲလှယ်ပေးသူမဟုတ်သော်လည်း ၎င်းသည် ပျက်စီးခြင်းသို့ ဦးတည်သွားနိုင်သည်။ ၎င်းမှာ သူ၏ ကိုယ်ပိုင်အတွေးအခေါ်ဖြစ်သည်။
“ဒါဆိုဘယ်လိုလုပ်မလဲ” ဒန်ဘီသည် စိတ်ဓာတ်ကျနေသည်။
“မင်းကို မရဏသခင်နဲ့ ထားခဲ့ပြီး ငါတို့နဲ့ မလိုက်လာခဲ့တဲ့အတွက်ပဲ ဝမ်းသာပါတယ်” ကောင်းဖန်က ဒန်ဘီကို စိတ်ချလက်ချ ပြောလိုက်သည်။ “ဒီလိုနည်းနဲ့ဆို သားရဲတွေအားလုံကို ဒီအခြေအနေမှာ တွေ့ရမှာမဟုတ်ဘူး.. ဒီပြဿနာကိုလည်း ဖြေရှင်းလို့ မပြီးမချင်း ပြန်သွားနိုင်မှာ မဟုတ်ဘူး... လူသားတွေကို ဂရုစိုက်ဖို့ လိုသေးတယ်.. သတင်းတွေရဖို့လည်းလိုသေးတယ်.. မင်းက ငါ့သားရဲဆိုတာလည်း အားလုံးသိတယ်.. တခြားလူတွေကို မသေချာပေမယ့် အဘိုးက မင်းကိုယုံလိမ့်မယ်ဆိုတာ ငါသိပါတယ်”
ကောင်းဖန်၏ ‘နောက်ဆုံး’ ဆန္ဒကို နားထောင်ရင်း ဒန်ဘီ၏ မျက်လုံးများတွင် ဝိညာဉ်မီးတောက်များ တောက်လောင်လာသည်။ “ဒန်ဘီ နားလည်ပါတယ်”
နောက်ဆုံးတွင် ဒန်ဘီသည် ပျက်စီးတော့မည့် ဂြိုလ်နှင့်ပတ်သက်သော အချက်အလက်များကို စုဆောင်းရန် ၎င်း၏သခင်အား အဘယ်ကြောင့် တောင်းဆိုခဲ့ကြောင်းကို သိရှိလိုက်ရသည်။
ဤဂြိုလ်များ ပြိုကျခါနီးအချိန်တွင် လွတ်မြောက်နိုင်သော သားရဲများအားလုံးသည် စတင်ထွက်ပြေးခဲ့ကြပြီး ဂြိုလ်ပေါ်မှ စုဆောင်းနိုင်သည့် အရင်းအမြစ်များအားလုံးကို ထုတ်ယူသွားမည်ဖြစ်သောကြောင့ အဆိုပါဂြိုလ်သည် တန်ဖိုးမရှိတော့ပေ။
မြေ၏တန်ဖိုးသည် ယိုယွင်းပျက်စီးနေသော အဆောက်အအုံတစ်ခုကဲ့သို့ပင် နှစ်ခါပြန်ကြည့်စရာမလိုတော့ပေ။
“ပျက်စီးလုနီးနီး ဂြိုလ်တွေ အများကြီးရှိလား” ကောင်းဖန်သည် ယခင်က မကြားဖူးသောကြောင့် ပျောက်ကွယ်လုနီးပါး အန္တရာယ်ရှိ ဂြိုလ်များစွာ ရှိမည်ဟု မထင်ထားခဲ့သဖြင့် အနည်းငယ် အံ့သြသွားသည်။
“တကယ်တော့ ဂြိုလ်တော်တော်များများက အကန့်အသတ်ရှိတဲ့ စွမ်းအင်အရင်းအမြစ်တွေ ရှိတယ်လို့ ကျွန်တော့်ဆရာက ပြောတယ်... သူတို့က သဘာဝအားဖြင့် တိုးလာပေမဲ့ ဂြိုလ်ပေါ်မှာရှိတဲ့ သားရဲတွေရဲ့ စုဆောင်းနိုင်တဲ့ အမြန်နှုန်းကိုတော့ မယှဉ်နိုင်ဘူး” ဒန်ဘီသည် ခေါင်းယမ်းလိုက်သည်။ “ဒါကြောင့် ဂြိုလ်ရဲ့ အရင်းအမြစ်စွမ်းအင်ရဲ့ သဘာဝအတိုင်း ကြီးထွားနှုန်းက သုံးစွဲမှုအရှိန်နဲ့ အမီမလိုက်နိုင်တဲ့အခါ အရာအားလုံးက နိမ့်ဆင်းသွားတတ်တယ်”
ကောင်းဖန်သည် ဤစကားကို ကြားလိုက်သောအခါ ရင်းနှီးမှုကို ခံစားလိုက်ရသည်။ “မင်းရဲ့ ဆရာရဲ့အယူဝါဒက အရမ်းအဆင့်မြင့်တယ်.. သာမာန်နတ်ဘုရားတွေက ဒါကို သိပ်ပြီးမစဉ်းစားတတ်ကြဘူး.. ဂြိုလ်တစ်ခုကို စွန့်လွှတ်ပြီး နောက်တစ်ဆင့်ကိုပဲ ထွက်ခွာသွားတတ်ကြတယ်.. နောက်ပြီးတော့ နတ်ဘုရားရဲ့ အသက်ကလည်း အရမ်းရှည်တယ်လေ”
ခေတ္တနားပြီးနောက် ကောင်းဖန်က “မင်းရဲ့ဆရာက ဒီအရာတွေကို တကယ်ပဲ ဂရုစိုက်တာပဲ” ဟု ထပ်ပြောလိုက်သည်။
“ဆရာက မသေသောကပ်ဆိုးကြီးကို ဖယ်ရှားရတဲ့ အကြောင်းရင်းရဲ့ တစ်စိတ်တစ်ပိုင်းက အကာအကွယ်ပုံစံတစ်ခု ဖန်တီးဖို့အတွက် နတ််ဘုရားအချို့ကို ဖယ်ရှားပစ်ချင်တာကြောင့်ပါ”.. ဒါပေမယ့် နောက်ဆုံးမှာတော့ ဆရာက မအောင်မြင်ခဲ့ဘူး..”
သူသာ အောင်မြင်ခဲ့ရင်လည်း မင်းကို တပည့်အဖြစ်ခေါ်မှ မဟုတ်ဘူး” ဟု ကောင်းဖန်က အဓိပ္ပါယ်ရှိစွာ ပြောလိုက်သည်။
အရာအားလုံးအတွက် အကြောင်းပြချက်တစ်ခုရှိသည် မဟုတ်ပါလား။
ဒန်ဘီက တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်သည်။
“သူက အစွန်းရောက်လွန်းတယ်.. ခေါင်းမာတယ်.. သူ့ရန်သူတွေအားလုံးကလည်း နတ်ဘုရားတွေပဲ…”
အတိတ်မှာ ဖြစ်ပျက်ခဲ့တဲ့ တခြားအမှန်တရားတွေ ရှိကောင်းရှိနိုင်သည်။ ထိုသို့သော အကြံအစည်များ၏ ဖြစ်နိုင်ခြေသည် သူအာမခံနိုင်သော အရာမဟုတ်ပေ။
ကောင်းဖန်သည် ဒန်ဘီကို အကြာကြီးကြည့်ကာ မရဏသခင်က ဒန်ဘီကို တပည့်အဖြစ် လက်ခံခဲ့သည့် အကြောင်းရင်းတစ်ခုကို နားလည်သွားသည်။
သူ၏ ခံယူချက်နှင့် ဆန္ဒအချို့ကို ဒန်ဘီထံသို့ လွှဲပြောင်းပေးနိုင်ရန်လည်း ဖြစ်နိုင်သည်။
“ငါတို့ အရင်သွားတော့မယ်.. မင်းက ပြန်သွားပြီး မင်းရဲ့ဆရာဆီကနေ ပိုလေ့လာလိုက်ပါ” ဟု ကောင်းဖန်က ဒန်ဘီကို နှုတ်ဆက်စကားပြောလိုက်သည်။
***
သားရဲလေ့ကျင့်သူ
အခန်း ၈၃၈ မြေရိုင်းကမ္ဘာ
အမှန်တကယ်တွင်လည်း ရပ်စဲခြင်းအမြစ်၏ အကျိုးသက်ရောက်မှုသည် နောက်ဆုံးတွင် ပျံ့နှံ့သွားသည်။
အခြေခံအားဖြင့် ဒါက ကပ်ဘေး၏ အရင်းအမြစ်လည်းဖြစ်သည်။ အရင်းအမြစ်နှင့် ထိတွေ့မိသော သားရဲများ အားလုံးသည် ၎င်း၏ ကြံရာပါများ ဖြစ်လာကြသည်။ အချိန်တိုလေးအတွင်းမှာပင် ဂြိုလ်အများအပြား တိုက်ခိုက် ခံလိုက်ရပြီး အသွင်ပြောင်းလူများကြားတွင်ပင် ထိတ်လန့်တုန်လှုပ်ဖွယ်ဖြစ်ရပ်တစ်ခု ဖြစ်ပွားသွားသည်။ ရှန်းထော်အင်ပါယာသည် အင်အားကြီးမားသောတည်ရှိမှုမှ တိုက်ခိုက်ခြင်းကို ခံလိုက်ရသည်။ ရှန်းထော်အင်ပါယာ၏ အစွမ်းထက်ဆုံး ဒဏ္ဍာရီလာသားရဲ နဂါးဘုရင်၏သားတော်ကျဆုံးသွားပြီးနောက် ရှန်းထော် အင်ပါယာသည် ဆိုးရွားစွာ ပျက်စီးသွားခဲ့သည်။ မြို့ကြီးတွေရဲ့ ၈၀ ရာခိုင်နှုန်းကျော်သည် လုံးဝပျက်စီးသွားခြင်း ဖြစ်သည်။
ရှန်းထော်အင်ပါယာနှင့် နယ်နိမိတ်ချင်းထိစပ်နေသော မင်းဆက်အားလုံးသည်လည်း အမျိုးမျိုးသော ဆုံးရှုံးမှုများကို ကြုံတွေ့လိုက်ရသည်။ အဲဒီအထဲမှာ အပျက်အစီးဆုံးနိုင်ငံသည် မြေပြင်တစ်ခုလုံးပင် မီးလောက်နေသည်။
“နဝမမြောက်ကောင်းကင်ဘုံမှာ ကြီးမားတဲ့ အဖြစ်အပျက်တစ်ခု ဖြစ်ပျက်သွားတယ်.. နိုင်ငံတော်တော်များများမှာ ဘေးဒုက္ခတွေ ကြုံလိုက်ရတယ်.. လာမယ့်ရက်အနည်းငယ်အတွက် မင်းရဲ့ခံစစ်ကို ခိုင်ခံ့အောင်ထားရမယ်.. အထူးသဖြင့် နယ်စပ်မှာရှိတဲ့ မျိုးနွယ်စုတွေအတွက် ဒါက အရေးကြီးတယ်”
“ကျွန်တော်နားလည်ပါတယ်”
အစည်းအဝေးပြီးဆုံးပြီးနောက် ကျီဟန့်ဝူသည် လူတိုင်းကို လက်ပြနှင်ထုတ်လိုက်ပြီး အပေါ်ထပ်ရှိ သူ၏ရုံးခန်းသို့ တစ်ယောက်တည်းသွားလိုက်သည်။ သူ့စားပွဲပေါ်မှာ စာတစ်စောင်ရှိနေသည်။
“အဘိုး... ကျွန်တော် လောလောဆယ် ပြန်မလာနိုင်လို့ ခွင့်လွှတ်ပါ... ခရီးစဉ်မှာ မထင်မှတ်ထားတဲ့ အဖြစ်အပျက်အချို့ ဖြစ်ပျက်သွားတယ်...
“ဒါပေမယ့် ကျေးဇူးပြုပြီး ကျွန်တော့်အတွက် စိတ်မပူပါနဲ့.. လောလောဆယ်တော့ ကျွန်တော်အဆင်ပြေပါတယ်.. ဒါအပြင် မကြာမကြာ ဂြိုလ်မတော်တဆမှုတွေ မကြာခဏ ဖြစ်နေတာကို သတိထားပါ.. အရမ်းသတိထားရပါမယ်.. တစ်ခုခု အရေးတကြီးဖြစ်လာရင် ဒန်ဘီကတစ်ဆင့် ကျွန်တော့်ကို ဆက်သွယ်နိုင်ပါတယ်”
ကျီဟန့်ဝူ၏ မျက်လုံးများသည် စိုးရိမ်မှုဖြင့် ပြည့်နှက်နေသည်။ သူ ဘာဖြစ်သွားလဲ မသိပေ။ ဖန်လေးကလည်း မရှင်းပြပေ။
…
“ငါတို့ ပဉ္စမ ဂြိုလ်ပေါ်မှာ ရောက်နေတာ” အာကာသဥမင်မှတဆင့် လှိုင်းအနည်းငယ် ဖြတ်သွားသည်။ ကောင်းဖန်သည် အာကာသဥမင်မှ တဆင့် သားရဲများကို ဦးဆောင်သွားသည်။
သူ့နောက်မှ သားရဲများအားလုံးသည် အလယ်အလတ်အဆင့် နတ်ဘုရားအဆင့်သို့ ရောက်သွားကြပြီဖြစ်သည်။ အနည်းဆုံး ပညတ် ၃၀ ရာခိုင်နှုန်းကို နားလည်ရန် လိုအပ်ချက်မြင့်မားမှုကြောင့်သာမဟုတ်လျှင် ကောင်းဖန်၏ သားရဲများသည် အဆင့်မြင်နတ်ဘုရားများ အဆင့်သို့ပင် ရောက်နိုင်မည်ဖြစ်သည်။
“တိုးတက်မှုက အရမ်းနှေးကွေးနေသေးတယ်.. ငါတို့က ရပ်စဲခြင်း အမြစ်ရဲ့ စွမ်းအင်နဲ့ပဲ အဆင့်မြင့်နတ်ဘုရားတွေကို ယှဉ်နိုင်တယ်... အဆင့်အမြင့်ဆုံး နတ်ဘုရားတွေကိုဆိုရင် လုံးဝယှဉ်နိုင်မှာ မဟုတ်ဘူး”
ကောင်းဖန်သည် ထိုအချိန်တွင် သူ့သားရဲများ၏စွမ်းအား တိုးလာနေသည့် အရှိန်ကို မကျေနပ်နိုင်သေးပေ။ သူတို့ရဲ့ စွမ်းအားတွေ မြန်မြန်တိုးနိုင်ရင် ပိုကောင်းမယ်...
“ဟမ်.. ဒီဂြိုလ်က..” ကောင်းဖန်၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။ ဒီဂြိုလ်က အရင်က ကြုံဖူးတဲ့ ယိုယွင်းနေသည့်ဂြိုလ်များနှင့်မတူပေ။ ဒီဂြိုလ်က သူ့ရဲ့ နောက်ဆုံးရက်တွေမှာ ရှိနေသော်လည်း ကျဆင်းမှု မရှိသေးပေ။ ယင်းအစား ရှင်းပြလို့မရသော အပြောင်းအလဲအချို့သာ ဖြစ်ပေါ်နေသည်။
တိမ်တွေ အပေါ်ကနေ လွင့်စင်နေပြီး နေက အနောက်ဘက်ခြမ်းကို ရောက်နေသည်။ နေရောင်အောက်တွင် ပုံပျက်ပန်းပျက်နှင့် အသွင်ပြောင်းနေသော သားရဲများသည် မြေပြင်ပေါ်တွင် ဦးတည်ချက်မရှိဘဲ တွန့်လိမ်လျက် အော်ဟစ်နေကြသည်။
သွေးစွန်းနေသည့် ပုံသဏ္ဍာန်တစ်ခုသည် သူတို့အပေါ် ခုန်တက်လာသည်။
ဂိုဒီသည် ၎င်း၏ ညာလက်ကိုမြှောက်လိုက်သည်။ ၎င်းသည် မည်သည့်အရာမှ မလုပ်ဆောင်မီတွင် သွေးစွန်းနေသောပုံသဏ္ဍာန်ကို နုတ်နုတ်စဉ်းထားသောအသား ဖြစ်သွားသည်။
ဂိုဒီ၏ အစွမ်းကို သက်သေပြလိုက်သောအခါတွင် ကျန်ရှိသော သွေးစွန်းသောပုံသဏ္ဍာန်များသည် ရန်တန့်လိုက်ကြသည်။
၎င်းတို့သည် ခွေးများနှင့်တူသော သားရဲသုံးကောင်ဖြစ်သည်။ သို့ရာတွင် ၎င်းတို့ကို ရွှံ့နှင့်သွေးကိုရောပြီး ပြုလုပ်ထားသော သံချပ်ကာကဲ့သို့ အနက်ရောင်အမွေးများဖြင့် ဖုံးအုပ်ထားသည်။ သူတို့၏ မျက်လုံးများမှာ နီရဲနေသည်။ သားမွေးများအောက်မှ အမြှေးပေါက်များစွာသည် ကြီးထွားလာကြကာ ၎င်းတို့ကို အထူးကြောက်စရာကောင်းသည့်ပုံပေါက်စေသည်။
၎င်းတို့သည် ဇီဝဗေဒဆိုင်ရာ အန္တရာယ်များနှင့် ကြုံတွေ့ခဲ့ရသည့် ဖုတ်ကောင်ခွေးများနှင့် အနည်းငယ်တူသော်လည်း ၎င်းတို့သည် ဖုတ်ကောင်ခွေးများထက် ရုပ်ပိုင်းဆိုင်ရာ ကြီးမားပြီး ဖုတ်ကောင် ခွေးများတွင်ရှိသည့် ဗိုင်းရပ်စ်ကူးစက်မှု လက္ခဏာများတော့ မရှိပေ။
“အဲဒီမှာ မြို့တစ်မြို့ရှိတယ်” ကောင်းဖန်သည် မျက်မှောင်ကြုံလိုက်ပြီး အဝေးကို စူးစိုက်ကြည့်လိုက်သည်။
ဝေးလံသောမိုးကုပ်စက်ဝိုင်း၏အဆုံးက မြို့တွင်းရှိ တာဝါတိုင်အနည်းငယ်သည် မြင့်ကြသည်။
ကောင်းဖန်နှင့် ကျန်သူများသည် မြို့ထဲသို့ အမြန်သွားလိုက်ကြသည်။ အနီးနားကို ရောက်သွားမှ ပျက်စီးနေသည့် နယ်မြေတစ်ခုပဲဆိုတာ သိလိုက်ရသည်။ မြို့၏အပျက်အစီးများသည် အမျိုးမျိုးသော အသွင်ပြောင်းသတ္တဝါများ၏ အသိုက်များအဖြစ်သို့ ပြောင်းလဲသွားသည်။
သားရဲတွင်းများသည် အဆောက်အဦးများ၏ခေါင်မိုးများပေါ်တွင် တစ်ခုပြီးတစ်ခု တည်ဆောက်ထားသည်။ တာရိုဒက်တာလ်နှင့် တူသော သက်ရှိများသည် ၎င်းတို့၏တွင်းထဲတွင် တွားသွားကာ ရံဖန်ရံခါ အော်ဟစ်နေကြသည်။
ရှောင်ကောသည် ၎င်း၏ ခန္ဓာကိုယ်ကို ဆန့်ထုတ်လိုက်သောအခါ ၎င်း၏ များပြားလှသော အမြစ်များသည် လျင်မြန်စွာ အမြစ်တွယ်ပြီး အပျက်အစီးများ၏ အစွန်းအဖျားများသို့ ပျံ့နှံ့သွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ဧရာမပိုက်ကွန်ကဲ့သို့ တစ်မြို့လုံးကို ပျံ့နှံ့သွားသည်။ “သခင်... မြို့ထဲမှာ သက်ရှိလူသား မရှိဘူး.. ဒါပဲတွေ့တယ်”
ဆန့်ထွက်လာသော ရွက်တံအချို့ဆီမှ အရိုးစုတစ်ခုကို သယ်ဆောင်လာသည်။ အရိုးစုအပေါ်တွင် ပတ်ထားသော သားရေအင်္ကျီသည် လုံးလုံးလျားလျား ဟောင်းနွမ်းနေပြီဖြစ်သည်။ ပိုးမွှားကိုက်ခံရတဲ့ အပေါက်သေးသေးလေးတွေ အများကြီးရှိနေသည်။
“ဘာလို့ ဆွဲထုတ်လိုက်တာလဲ” ကောင်းဖန်၏ မျက်နှာသည် တုန်လှုပ်သွားသည်။
“သူက ကျောက်တုံးနဲ့ ဖိခံထားရတာ” ရှောင်ကော၏ ခေါင်းပေါ်ရှိ ပန်းလေးသည် ဖြည်းညှင်းစွာ ယိမ်းနွဲ့နေသည်။
“အဲဒါဆိုရင် သူ့ကို နောက်တစ်ကြိမ် သင်္ဂြိုဟ်ပေးလိုက်ပါ” ဟု ကောင်းဖန်က ပြောလိုက်သည်။
အရိုးစုကို မြေကြီးထဲမှာ မြှုပ်ထားဖို့လုပ်လိုက်ပေမဲ့ လှုပ်ခပ်နေသောကြောင့် သူ့အိတ်ကပ်ထဲက မှတ်စုစာအုပ်ငယ်လေးသည် မြေပြင်ပေါ်ကို ပြုတ်ကျသွားသည်။
ကောင်းဖန်သည် မှတ်စုစာအုပ်ကို ကောက်ကိုင်လိုက်ပြီး ဖုန်မှုန့်များကို ပွတ်သပ်လိုက်သည်။ မည်သည့်ပစ္စည်းဖြင့် ပြုလုပ်ထားသည်ကို မသိသော်လည်း အချိန်အတော်ကြာသည်အထိ ပျက်စီးသွားခြင်းမရှိပေ။
ကောင်းဖန်သည် နားမလည်သော စကားလုံးများကို ရှာဖွေရန် မှတ်စုစာအုပ်ကို ဖွင့်လိုက်သည်။
စာအရေးအသားများသည်ပိုလို့တောင် အစီအစဉ်မကျ ဖြစ်နေသည်။ အရူးတစ်ယောက်၏ မဆီမဆိုင် စကားတွေလိုပင်။ ဘောပင်၏ အားကြောင့် စာရွက်များပင်ပေါက်နေသည်။ ဤစကားလုံးများကို ရေးချသူသည် သူ၏နောက်ဆုံးအချိန်များအတွင်း မည်ကဲ့သို့ ရူးသွပ်သွားခဲ့သည်ကို သူတွေးကြည့်နိုင်သည်။
သူတို့သည် ဒီဂြိုလ်ပေါ်တွင် ရက်အနည်းငယ်ကြာအောင် ခရီးဆက်လိုက်ကြသည်။ ဤကမ္ဘာတွင် မည်သည့် လူသားများကိုမှ ရှာမတွေ့ပေ။ သို့သော်လည်း အခြားသော အာကာသဥမင်မှတဆင့် ရွှေ့ပြောင်းနေထိုင်သည့် ခြေရာများကိုတော့ ရှာဖွေတွေ့ရှိသည်။ အာကသဥမင်မှတဆင့် အသက်ရှင်နေထိုင်ရန် မသင့်တော်သော ဤကမ္ဘာကြီးမှ လူအများအပြား ထွက်ခွာသွားပုံရသည်။
ကောင်းဖန်က သူတို့ကို ဝင်မနှောင့်ယှက်ပေ။
“ဒန်ဘီ ငါ့ကို ပေးထားတဲ့ အချက်အလက်အရ ဒီဂြိုလ်က ပျက်စီးလုနီးပါး ဖြစ်နိုင်တယ်.. ဒါပေမယ့် ငါမြင်နေရတာနဲ့ အဖြစ်မှန်က သိပ်တော့ မတူဘူး” ဟု ကောင်းဖန်က သူ့ကိုယ်သူ တိုးတိုးလေးပြောလိုက်သည်။
ပင်လယ်ဝတုတ်သည် ပါးစပ်ကို ကျယ်ကျယ်ဖွင့်ကာ မြေပြင်ပေါ်တွင် လှဲနေသည်။ ကောင်းကင်ကို စူးစိုက်စိုက်ကြည့်ရင်း ပါးစပ်က ကောင်းကင်ကို မျက်နှာမူထားသည်။
“မင်းဘာလုပ်နေတာလဲ” ကောင်းဖန်က မျက်မှောင်ကြုတ်လိုက်သည်။
“ငါ ကောင်းကင်က ကြွေကျလာတဲ့ အစာကို စောင့်နေတာ” ပင်လယ်ဝတုတ်သည် တစ်ခုတည်းသော ရည်ရွယ်ချက်ဖြင့် ကောင်းကင်ကို စိုက်ကြည့်နေသည်။
အသွင်ပြောင်း ငှက်ကြီးတစ်ကောင်က သူ့ခေါင်းကိုဖြတ်ပြီး ပျံသန်းသွားသည်။ ငှက်က အတောင်တွေ တောင့်တင်းနေပြီး ကောင်းကင်က မပြုတ်ကျခင်မှာ ရုတ်တရက် လန့်သွားပုံရသည်။ သူသည် ပင်လယ်ဝတုတ် ပါးစပ်ထဲသို့ ကွက်တိပြုတ်ကျသွားသည်။
ပင်လယ်ဝတုတ်သည် ကျယ်လောင်စွာဝါးရင်း အရိုးများကို ကြေမွသွားစေသည်။
ပင်လယ်ဝတုတ် စားပြီးချိန်မှာတော့ ကောင်းဖန်က သူ့ကို စိုက်ကြည့်နေတာကို ရုတ်တရက် သတိထားမိလိုက်သည်။ ချက်ချင်းပင် သူ့တစ်ကိုယ်လုံး ယားယံသွားသလို ခံစားလိုက်ရသည်။ “ဘာလို့ ငါ့ကို ထူးထူးခြားခြား ကြည့်နေတာလဲ”
ပင်လယ်ဝတုတ်၏ ခန္ဓာကိုယ်သည် ဘောလုံးအဖြစ်သို့ ကျုံ့သွားပြီး ၎င်း၏အောက်ပိုင်းခန္ဓာကိုယ်ကို ဖုံးအုပ်ရန် သူ၏လက်များကို အသုံးပြုလိုက်သည်။ ဘာကြောင့် ဒီလိုလုပ်လဲမသိသော်လည်း ရုတ်တရက် ဖုံးကွယ်ချင်လာသည်။
“ဒီလို အသွင်ပြောင်းသတ္တဝါတွေကို ဂြိုလ်အရင်းအမြစ်က ဖန်တီးထားတယ်လို့ မင်းထင်လား” ကောင်းဖန် ဝိုးတိုးဝါးတားပြောလိုက်သည်။
“အဲဒါ ငါနဲ့ ဘာဆိုင်လို့လဲ.. ငါကတော့ စောစောက စားခဲ့တဲ့ ငှက်က အရသာ မကောင်းဘူးလို့ပဲ ထင်တယ်” ပင်လယ်ဝတုတ်သည် ငှက်၏အလောင်းကို ထွေးထုတ်လိုက်သည်။ “အရသာက လုံးဝ ပူလောင်တယ်”
“ကောင်းဖန် ငါတို့ ဒီဂြိုလ်မှာ ဆက်နေဦးမှာလား.. ငါတို့သွားမယ်ဆိုရင်လည်း နောက်တစ်ခုကိုသွားရအောင်”
“ငါ ဘယ်လိုဆက်လုပ်ရမလဲမသိဘူး.. ဒီဂြိုလ်ရဲ့အရင်းမြစ်က အရင်က တခြားဂြိုလ်လေးခုထက်ပိုပြည့်စုံတယ်” ကောင်းဖန် ခေါင်းခါလိုက်သည်။
“ဒါပေမယ့် ဒီဂြိုလ်ပေါ်မှာ နတ်ဘုရားတွေ မရှိတော့ဘူးထင်တယ်” ပင်လယ်ဝတုတ်သည် ၎င်း၏နှုတ်ခမ်းများကို သပ်လိုက်သည်။
ဒါကိုကြားပြီးတာနဲ့ ကောင်းဖန်က အကြံတစ်ခုရသွားသည်။
ထို့နောက် သူသည် ပင်လယ်ဝတုတ်နှင့် မျက်လုံးချင်း ဆုံသွားသည်။
…
“ဒီဂြိုလ်က အရင် ဂြိုလ်တွေထက် ပိုပြည့်စုံတယ်.. ဘယ်လောက် ပြီးပြည့်စုံမယ် ဆိုတာတော့ ငါမပြောနိုင်ပေမယ့် ဒီ့ထက် အများကြီး အကျိုးရှိလိမ့်မယ်” ဟု ကောင်းဖန်က တိုးညှင်းသော အသံဖြင့် ပြောလိုက်သည်။
“နားလည်ပြီ” ဂိုဒီက ရန်ဖြစ်ဖို့ ရွစိတက်နေသည်။ အဲဒါကို သွားကြည့်ဖို့ စိတ်အားထက်သန်နေတာ ကြာပြီဖြစ်သည်။
“ကောင်းပြီ... ပြီးရင် စလိုက်ရအောင်”
ထုံစံအတိုင်း ဂိုဒီ၏ရင်ဘတ်မှ အနက်မြူခိုးများ လွင့်ပျံပြီးနောက် ကောင်းဖန်နှင့်ကျန်သူများ၏ရင်ဘက်မှအရာများလည်း လွင့်ပျံသွားသည်။ နောက်ပိုင်းတွင် ၎င်းတို့သည် ၎င်းတို့၏ ဦးခေါင်းထက်တွင် အနက်ရောင်နှလုံးကို ပေါင်းစပ်ဖွဲ့စည်းလိုက်သည်။
အနက်ရောင် နှလုံးသည် အသွင်သဏ္ဍာန် ဖြစ်ပေါ်လာပြီးနောက် ကောင်းကင်မှာ ထူထပ်ပြီး တိမ်မည်းတွေနဲ့ ပြည့်လာသည်။ မိုးကြိုးများသည် တိမ်တိုက်များအတွင်း ပြင်းထန်စွာ လှုပ်ခတ်သွားသည်။
ဟိန်းဟောက်သံများ ထွက်ပေါ်လာသည်။
ဟိုးအဝေးက မိုးကုတ်စက်ဝိုင်းမှာ သားရဲလှိုင်းလုံးကြီးက တဖြည်းဖြည်း ချဉ်းကပ်လာနေသည်။ ဧရာမ သားရဲများသည် ဟိန်းဟောက်လိုက်ကြပြီး ၎င်းတို့၏ သောင်းကျန်းသော သတ်ဖြတ်ခြင်းရောင်ဝါများက တိမ်များအဖြစ်သို့ ခိုင်မာလာသည်။
ကောင်းကင်တွင် တိမ်မည်းများသည် သူတို့ဆီသို့ လွင့်ပျံလာသည်။ နီးကပ်လာသော တိမ်များသည် တောင်ပံခတ်သံများကို သယ်ဆောင်လာသည်။
ခြေဖဝါးအောက်ရှိ မြေကြီးများ အဆက်မပျက် အက်ကွဲလာပြီး ထူးဆန်းသော သတ္တဝါများ မြေပြင်မှ တစ်ကောင်ပြီး တစ်ကောင် ထွက်လာသည်။
ကောင်းဖန်၏တည်နေရာသည် ဗဟိုချက်အဖြင့်ရှိနေပြီး အဆုံးမရှိသော သားရဲများ၏ ဒီရေသည် အတွင်းထဲသို့ ပြေးဝင်လာသည်။
“ဒါက ကမ္ဘာကြီးကို ဆန့်ကျင်နေသလိုလား” စုဝေးနေရာမှ ကောင်းဖန်သည် အခင်းဖြစ်ပွားရာကို ကြည့်နေသည်။
ထို့နောက် သူက ခေါင်းယမ်းပြီး တည်ငြိမ်စွာပြောလိုက်သည် “သူတို့က နည်းနည်းအားနည်းနေတာ သနားစရာပဲ.. သူတို့မှာ နတ်ဘုရားအဆင့် သားရဲတစ်ကောင်တောင် မရှိဘူး”
သူပြောပြီးသည်နှင့် မြေပြင်သည် ပွင့်ထွက်သွားပြီး အနက်ရောင် ပုံသဏ္ဍာန်ကိုးခုသည် တောင်တက်များကဲ့သို့ မြေကြီးထဲမှ ထိုးထွက်လာသည်။ အနက်ရောင်ပုံသဏ္ဍာန်များသည် ကောင်းကင်ကို ဖုံးကွယ်ပြီး မြေပြင်ကို ငုံ့ကြည့်လိုက်သည်။ ဤကမ္ဘာသည် အရိပ်ထဲကျရောက်သွားသည်။ နဂါးများနှင့် မြွေများထံမှ ထွက်လာသည့် အော်သံများသည် ၎င်းတို့၏ ဦးခေါင်းထက်မှ ထွက်ပေါ်လာသည်။
ကောင်းဖန်သည် ထိုမြင်ကွင်းကို အံ့သြသွားသည်။
***
သားရဲလေ့ကျင့်သူ
အခန်း ၈၃၉ ခေါင်းကိုးလုံးကောင်းကင်ဘုံနဂါး
“ကောင်းဖန်... နင်အဲဒီလို မပြောသင့်ဘူး” တာ့ဇီက တိုးတိုးလေးပြောလိုက်သည်။
“တာ့ဇီ မင်းဘာပြောတာလဲ... ကောင်းဖန်ရဲ့ စကားက ဘယ်လိုများ မှားနိုင်မှာလဲ..” ဂိုဒီက ပြောလိုက်သည်။
“ငါပြောဖို့ကျန်သေးလား.. ငါပြောတာမှန်တယ်မလား ကောင်းဖန်”
“မင်းမှန်တယ်” ကောင်းဖန်က ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
“နင် ဘယ်တုန်းက မိုက်မဲတဲ့သူဖြစ်လာတာလဲ... ဒိုင်းအနေနဲ့ ရှေ့မှာသာရပ်စမ်းပါ” ဟု ဖလိန်မီက အေးစက်စွာပြောလိုက်သည်။
ခြင်္သေ့ဖြူနှင့် ကျန်သူများသည် နောက်ကျောတွင် ရပ်ကာ ရယ်မောလိုက်ကြသည်။
ဂိုဒီသည် မျက်မှောင်ကြုံလိုက်သည်။ သူသည် ရှက်ရွံ့မှုအနည်းငယ်ခံစားလိုက်ရပြီး အသံကိုလျှော့ကာ လက်သီးများကို ဆုပ်ထားသည်။ “ဖလိန်မီ.. မင်းငါ့ကိုမပြောရင်တောင် ငါက စေတနာရှေ့ထားပြီး မတ်တပ်ရပ်နေမှာပါ”
စကားပြောပြီးသောအခါ ဂိုဒီသည် ဦးခေါင်းကိုမော့ကာ ခြေလှမ်းကျဲများဖြင့် သားရဲများဆီသို့ လျှောက်သွားရင်း ရင်ဘတ်ကို ဖွင့်လိုက်သည်။
[သားရဲ အမည်] - ခေါင်းကိုးလုံး ကောင်းကင်ဘုံနဂါး
[သားရဲ အဆင့်] - အဆင့်မြင့်နတ်ဘုရား
[စည်းမျဥ်း ထိန်းချုပ်မှု] - ကပ်ဘေးပညတ် ၄၄.၉ ရာခိုင်နှုန်း၊ မြေငလျင်ပညတ် ၃၁ ရာခိုင်နှုန်း
[သားရဲ စွမ်းရည်ဆင့်] - ဒဏ္ဍာရီလာ/ ဒဏ္ဍာရီလာ
[အထူးသွင်ပြင်လက္ခဏာ] - ကောင်းကင်ဘုံနဂါး (ကောင်းကင်မှဆင်းသက်လာသော သားရဲကို ကောင်းကင်ဘုံနဂါးဟုခေါ်ဆိုကြပြီး မြေပြင်မှထွက်လာသောအကောင်များကို ကမ္ဘာမြေနဂါးဟုခေါ်သည်။ နက်ရှိုင်းသောနေရာတွင်ဝှက်ထားသည့်နဂါးများသည် ကောင်းကင်နှင့်မြေကြီးကိုလွှမ်းမိုးနိုင်သည်။
အကျိုးသက်ရောက်မှု ၁ - ခေါင်းကိုးလုံး ကောင်းကင်ဘုံနဂါးသည် မြေပြင်မှ ထွက်ခွာသွားသောအခါ ၎င်းသည် လေဝိဉာဉ်၏ စွမ်းအားများ ရှိလာမည်ဖြစ်ပြီး ယင်းကာလအတွင်း ၎င်း၏ ဒြပ်စင်ခုခံနိုင်မှုသည်လည်း တိုးလာမည်ဖြစ်သည်။
အကျိုးသက်ရောက်မှု ၂ - ကောင်းကင်ဘုံနဂါးသည် မြေကြီးထဲသို့ နက်ရှိုင်းစွာ နစ်မြုပ်သွားသောအခါ ၎င်းသည် မြေဆီလွှာကို ကျူးကျော်နိုင်စွမ်းရှိပြီး ယင်းကာလအတွင်း ၎င်း၏ မြေငလျင်ပညတ်စွမ်းအားကိုလည်း မြှင့်တင်ပေးမည်ဖြစ်သည်။
ခေါင်းကိုးလုံး၊ နှလုံးသားတစ်ခု (အကျိုးသက်ရောက်မှု ၁ - ခေါင်းကိုးလုံး ကောင်းကင်ဘုံနဂါးသည် ၎င်း၏ ဦးခေါင်းအားလုံးကို မခွဲခွာမချင်း အမှန်တကယ် သေဆုံးလိမ့်မည် မဟုတ်ပေ။ ထို့အပြင် ၎င်း၏ စွမ်းအားများကိုလည်း လုံးဝ ထိခိုက်မည်မဟုတ်ပေ။ ခေါင်းတစ်လုံးဆုံးရှုံးပြီးနောက် ကောင်းကင်ဘုံ နဂါးသည် ၎င်း၏နေရာတွင် အခြားဦးခေါင်းကို ဖြည်းဖြည်းချင်း ကြီးထွားလာနိုင်သည်။
အကျိုးသက်ရောက်မှု ၂ - ပိုင်းဖြတ်ထားသော ခေါင်းနှင့် ကောင်းကင်ဘုံ နဂါးသည် ၎င်း၏ အကြေးခွံများ၏ မာကျောမှုကို တိုးစေသည်။)
ကပ်ဘေးနတ်ဆိုးနဂါး (ခေါင်းကိုးလုံး ကောင်းကင်ဘုံနဂါးသည် ကပ်ဘေးများနှင့် သဘာဝဘေးအန္တရာယ်များကို ထိန်းချုပ်သည့် ဒဏ္ဍာရီလာ နတ်ဆိုးနဂါးဖြစ်သည်။)
အကျိုးသက်ရောက်မှု ၁ - ကိုးခေါင်းနဂါးသည် ဘေးဥပါဒ်ကို နားလည်သည့်အရှိန်ကို တိုးစေသည်။
အကျိုးသက်ရောက်မှု ၂ - ဤစွမ်းအင်ကို အသက်သွင်းပြီးနောက် ခေါင်းကိုးလုံး ကောင်းကင်ဘုံနဂါးသည် အချိန်တိုအတွင်း ၎င်း၏ ကပ်ဘေး၏ ထိန်းချုပ်မှုအဆင့်ကို တိုးစေသည်။
[သာရဲ ဖော်ပြချက်] - ကပ်ဘေးနတ်ဆိုးနဂါးအဖြစ် စတင်ခဲ့ပြီး ဂြိုလ်ပျက်ဆီးချိန်တွင် ဂြိုလ်၏ အလိုဆန္ဒအရ ၎င်းကို ရွေးချယ်ခဲ့သည်။ ၎င်း၏ကိုယ်ခန္ဓာရှိ သဘာဝဘေးပညတ်၏ ဖုံးကွယ်ထားသော အလားအလာသည် နိုးထလာပြီး နောက်ဆုံးတွင် ခေါင်းကိုးလုံး ကောင်းကင်နဂါးအဖြစ် ပြောင်းလဲသွားစေသည်။
“ဒါက ဂြိုလ်အရင်းအမြစ်က ရွေးချယ်ထားတဲ့ ထိပ်တန်းတိုက်ခိုက်ရေးသမားပဲ” ကောင်းဖန်က ပြောလိုက်သည်။ “ဒါပေမယ့် အဆင်ပြေပါတယ်.. တကယ်လို့ ဂြိုလ်မှာ ထိပ်တန်းတိုက်ခိုက်ရေးသမားရှိရင် ငါ့မှာလည်း ထိပ်တန်း တိုက်ခိုက်ရေးသမားတွေ ရှိတယ်”
ဂိုဒီသည် ကောင်းဖန်၏စကားကိုကြားသောအခါ ရင်ဘတ်ကို ဖွဖွပုတ်လိုက်သည်။
တာ့ဇီက ခပ်ဖြောင့်ဖြောင့် မတ်တပ်ရပ်လိုက်သည်။
ခြင်္သေ့ဖြူက ချောင်းဟန့်ပြီး လည်ပင်းကို ခါယမ်းလိုက်သည်။
ဆီလီသည် လက်တံများကို ပါးစပ်ထဲထည့်ကာ အချိန်အတန်ကြာ စုပ်လိုက်သည်။ ထို့နောက် အသီးဖျော်ရည် အနည်းငယ်ကို ထုတ်ယူကာ ဖြည့်စွက်အားဆေး သောက်လိုက်သည်။ “ဟုတ်တယ်... ဒါက ငါနဲ့ဘာမှမဆိုင်ပါဘူး”
ပင်လယ်ဝတုတ်သည် အနီး၌ မတ်တပ်ရပ်လိုက်သည်။ “လုံလောက်ပြီ ကောင်းဖန်... ဆက်ပြီး ချီးကျူးနေစရာ မလိုပါဘူး.. ဖုံးကွယ်လို့ မရနိုင်ဘူးဆိုတာ သိပါတယ်.. ငါ့ခန္ဓာကိုယ်ကနေ ဖြာထွက်နေတဲ့ တောက်ပမှုက စူးရှလွန်းတယ်လေ”
တာ့ဇီ၊ ဂိုဒီနှင့် ခြင်္သေ့ဖြူတို့သည် အံသြသွားကြသည်။
ပင်လယ်ဝတုတ်သည် ကောင်းကင်ပေါ်သို့ ခုန်တက်သွားသည်။ “ဒီမှာ ခဏလောက်နေပြီးတော့ သခင့်ကို ကောင်းကောင်းကာကွယ်ထားပါ.. ပင်လယ်ကို အမြန်ခရီးထွက်ဖို့တော့ စောင့်ကြပါဦး”
“ဝါးမျိုခြင်းစည်းမျဉ်း—ကောင်းကင်ကို ဝါးမျိုပြီး မြေကြီးကို မျိုချ”
ပင်လယ်ဝတုတ်သည် နေရာမှ လုံးဝပျောက်ကွယ်သွားပြီး ကောင်းကင်ယံမှ ခေါင်းကိုလုံးကောင်းကင်ဘုံနဂါးနှင့် တိုက်မိသော တွင်းနက်ဝိုင်းတစ်ခုသာ ကျန်တော့သည်။
မြေပြင်သည် တဟုန်ထိုး တုန်ခါသွားသည်။
ကောင်းကင်ဘုံ နဂါး၏ ဦးခေါင်းကိုးလုံးသည် တိမ်တိုက်ထဲသို့ တည့်တည့် ပစ်လွှတ်လိုက်သည်။ ဦးခေါင်းများသည် တိမ်များနှင့် ပင်လယ်ပြင်အထက်တွင် မြင့်တက်နေသည့် ကောင်းကင်တိုင်ကိုးတိုင်ကို ကိုင်ဆောင်ကာ ကမ္ဘာကြီး၏အစိတ်အပိုင်းကို ဖြိုခွင်းလိုက်သကဲ့သို့ပင်။
ကြောက်မက်ဖွယ်ကောင်းသော ဆွဲငင်အားရှိပြီး ပြင်းထန်မှုရှိသော တွင်းနက်သည် နဂါး၏လည်ပင်းတစ်ဖက်နှင့် တိုက်မိကာ ကျိုးသွားသည်။
လတ်ဆတ်သော သွေးများသည် မိုးရေများကဲ့သို့ စီးကျလာသည်။ သွေးအများစုကို တွင်းနက်က မျိုချလိုက်သည်။
“အရင်တုန်းကတော့ ကျူးရန်က ပုကျိုးတောင်ကို ခေါက်ဖို့ သတ္တိရှိတဲ့ တစ်ဦးတည်းသောသူပဲ... ဒီနေ့တော့ ငါတို့မှာ ပင်လယ်ဝတုတ်ရှိတယ်” အလင်းလှိုင်းသည် ဤခမ်းနားသော မြင်ကွင်းကို မြင်လိုက်ရသောအခါတွင် ကဗျာတစ်ပုဒ် ရွတ်ဆိုရန် ကြီးမားသော တွန်းအားကို ခံစားလိုက်ရသည်။
“ငါ မင်းကို ပိုကြိုးစားဖို့ ပြောထားတယ်နော်” ဂိုဒီကနှာခေါင်းကို ပွတ်လိုက်သည်။
အလင်းလှိုင်းသည် နေရာတွင် ဝပ်လျက် တိတ်ဆိတ်နေသည်။
“ဂိုဒီ.. ပင်လယ်ဝတုတ်ကို သွားပြီး ကူညီလိုက်” ကောင်းဖန်က အမိန့်ပေးလိုက်သည်။
ခေါင်းတစ်ခေါင်းဖြတ်ခံလိုက်ရသောကြောင့် ယခုအခါ ရှစ်ခေါင်းသာကျန်ခဲ့ပြီး နဂါးသည် ဒေါသတကြီး အော်လိုက်သည်။
နတ်ဆိုးအလင်းရောင်သည် ၎င်းကိုယ်ခန္ဓာ၏ မျက်နှာပြင်အနှံ့လင်းလက်သွားသည်။ နောက်အခိုက်အတန့်တွင် ကြောက်မက်ဖွယ်ရာ ကပ်ဘေးရောင်ဝါသည် ဂိုဒီနှင့် ပင်လယ်ဝတုတ် တို့ကို လွှမ်းခြုံလာသည်။
ကပ်ဘေး၏ စွမ်းအားသည် ကျယ်ပြန့်သော သဘောတရားဖြစ်သည်။ ၎င်းတွင် သဘာဝဘေးအန္တရာယ် အမျိုးအစားများသာမက လူလုပ်သည့် ဘေးအန္တရာယ်များပါ ပါဝင်သည်။
ဂိုဒီ ရှေ့က လေက ရုတ်တရက် မှုန်ကုပ်ကုပ်ဖြစ်သွားသည်။ ချက်ချင်းဆိုသလိုပဲ ဂိုဒီသည် သိမ်းထားသည့် လက်သီးကို ထုတ်လွှတ်လိုက်သည်။
ထို့နောက်တွင် မမြင်နိုင်သော လှိုင်းဂယက်များသည် ကောင်းကင်မှ ခေါင်းကိုးလုံး ကောင်းကင်ဘုံနဂါး၏ ခန္ဓာကိုယ်အတွင်းမှ ထွက်ပေါ်လာသည်။ ဂိုဒီ၏ ခန္ဓာကိုယ်သည် ငလျင်၏ စွမ်းအားကို အပြည့်အဝ စုပ်ယူလိုက်သည်။ ၎င်း၏ကိုယ်ခန္ဓာ မျက်နှာပြင်မှတဆင့် စွမ်းအားသည် ဂိုဒီ၏အတွင်းအင်္ဂါများဆီသို့ လုံးလုံးလျားလျားရောက်ရှိသွားသည်။ အကယ်၍ ၎င်းသည် အခြားသော သားရဲတစ်ကောင်ဖြစ်ပါက ၎င်းသည် ဆိုးရွားစွာ ပြီးဆုံးသွားပေလိမ့်မည်။ ဒါပေမယ့် ဂိုဒီ အတွက်တော့...
မြေငလျင်၏ အံ့သြဖွယ်အချက်မှာ ၎င်း၏ သွားလာနိုင်စွမ်းဖြစ်သည်။ ဂိုဒီ၏ ခန္ဓာကိုယ်ကို ဆောင့်ကန်လိုက်ခြင်းကြောင့် ကပ်ဘေး၏ စွမ်းအားသည် ခြေချောင်းများမှ ဦးခေါင်းထိပ်အထိ ပျံ့နှံ့သွားသည်။ ဂိုဒီသည် ဗလာမျက်နှာအမူအရာဖြင့် ကြည့်လိုက်သည်။
အခုလေးတင် ဘာဖြစ်သွားတာလဲ..
တစ်ချိန်တည်းမှာပင် လမ်းကြောင်းသုံးသွယ်မှ သားရဲများသည် ၎င်းတို့ဆီသို့ ပြေးလာကြသည်။
ခြင်္သေ့ဖြူ၊ ဖလိန်မီ နှင့် တာဇီ တို့သည် အကြည့်ချင်းဖလှယ်လိုက်ပြီး တိတ်တဆိတ်နားလည်မှုဖြင့် လက်ညိုးထိုးလိုက်ကြသည်။
အမှန်တော့ ဤနေရာတွင် လက်ချောင်းများရိုက်ခြင်းသည် ခြေသည်းများရိုက်ခြင်းကို ရည်ညွှန်းသည်။ သံမဏိလက်သည်းများကဲ့သို့ ခြေသည်းနှစ်ချောင်းသည် ခြင်္သေ့ဖြူ၏ လက်ဖဝါးနှင့် ကပ်လိုက်ပြီး လေထဲတွင် လျင်မြန်စွာ အချင်းချင်းပွတ်တိုက်လိုက်သည်။ တာ့ဇီသည် ခြင်္သေ့ဖြူ၏ လက်ချောင်းများကို ရိုက်ပြသည့် အမူအရာကို တုပထားလိုက်သည်။ ဖလိန်မီ သည် မြေပြင်ပေါ်တွင် ခြေတစ်ချောင်းတည်းသာရှိပြီး ၎င်း၏ခြေထောက်ကို မမြှောက်နိုင်သောကြောင့် ၎င်း၏နှုတ်သီးဖြင့် ဆိတ်လိုက်သည်။
မိုးကြိုးမုန်တိုင်းက အရာအားလုံးကို ဖျက်ဆီးပစ်လိုက်သည်။ ကြိမ်နှုန်းမြင့် မိုးကြိုးများ ဆက်တိုက် ထွက်ပေါ်လာပြီး အနောက်ဘက်ကို လျှပ်စစ်ပင်လယ်အဖြစ် ပြောင်းလဲသွားစေသည်။ သားရဲများစွာသည် လျှပ်စီးကြောင့် မအော်နိုင်မီ မီးလောင်နေသော ကျောက်မီးသွေး အဖြစ်သို့ ပြောင်းလဲသွားကြသည်။
အပူချိန်အလွန်နိမ့်သော အအေးလှိုင်းများသည် တောင်ပိုင်းဒေသကို လွှမ်းမိုးသွားသည်။ မုန်တိုင်းစည်းမျဉ်း နှင့် ဆီးနှင်းခဲစည်းမျဉ်းတို့သည် ပြီးပြည့်စုံသော ပေါင်းစပ်မှု ဖြစ်သည်။ အပြာနုရောင်လေအေးလှိုင်းများက ဖြတ်ကျော်သွားကာ လွင်ပြင်ပေါ်တွင် မရေမတွက်နိုင်သော တောက်ပနေသည့် ရေခဲပန်းပုရုပ်တုများသာ ကျန်ရစ်သည်။
ထိုအချိန်တွင် မြောက်ပိုင်းဒေသသည် အဆက်မပြတ်တောက်လောင်နေသော မီးပင်လယ်အဖြစ်သို့ ပြောင်းလဲသွားသည်။ ကြောက်မက်ဖွယ်ရာ မြင့်မားသော အပူချိန်သည် မြေကို လောင်ကျွမ်းပြီး ဆူပွက်စေကာ ၎င်းကို ချော်ရည်ကဲ့သို့သော အရာများအဖြစ်သို့ လောင်ကျွမ်းစေသည်။
၎င်းတို့သည် သာမန် သို့မဟုတ် နတ်ဘုရားတစ်ပိုင်းအဆင့်ရှိသားရဲများဖြစ်နေရင်တောင် သဘာဝဘေးအန္တရာယ်ဇုန်များတွင် တစ်စက္ကန့်မျှပင် မရှင်သန်နိုင်ကြပေ။
…
ခေါင်းကိုးလုံး ကောင်းကင်ဘုံနဂါးသည် ၎င်း၏ဦးခေါင်းခြောက်လုံး ဖြတ်တောက်ခံရပြီးနောက်တွင် ကြောက်ရွံ့မှုကို ခံစားလိုက်ရသည်။ ဤလူ၏ အဖျက်စွမ်းအားသည် အဘယ်ကြောင့် အလွန် ကြောက်စရာ ကောင်းနေသည်ကို မသိပေ။ ထို့အပြင် ဝါးမျိုခြင်းစည်းမျဉ်းတွင် ထိုးစစ်နှင့် ခံစစ် စွမ်းအင် နှစ်မျိုးလုံးရှိနေသည်။ သူတို့ကို ရိုက်ရတာ ဖြူကောင်ကို ရိုက်ရသလိုပဲ...
“မြေငလျင်ပညတ်....အလွန်အမင်းပြိုကွဲခြင်း”
အကောင်းဆုံး ထိန်းချုပ်ထားသည့် မြေငလျင်စည်းမျဉ်းများထဲမှ တစ်ခုကို အသုံးပြုပြီးနောက် မျက်စိကွယ်စေသော အဖြူရောင် အလင်းရောင်သည် စက်ဆုပ်ရွံရှာဖွယ် အဝါရောင် ဘဲတစ်ကောင်ကို ဖုံးအုပ်လိုက်သည်။
မျှော်လင့်ခြင်းများဖြင့် ပြည့်နှက်နေသော ကောင်းကင်ဘုံနဂါးသည် ၎င်း၏ အပြင်းထန်ဆုံး လှုပ်ရှားမှုသည် အဝါရောင် ဘဲတစ်ကောင်အတွက် ၎င်း၏ ရင်ဘတ်ပေါ်တွင် ခြစ်ရာ ၃ ချက်မျှသာ ခံစားလိုက်ရကြောင်း နောက်ဆုံးတွင် မျှော်လင့်ချက်ကင်းမဲ့စွာဖြင့် သဘောပေါက်သွားသည်။
“ငါက အကျိုးသက်ရောက်မှုကို တစ်ထောင်ကျော်အထိတိုးထားပြီးပြီ.. ဒါပေမယ့် မင်းကငါ့ရဲ့ ခံစစ်ကို ဖြတ်ကျော်နိုင်တုန်းပဲ”
ဤစကားကိုကြားသောအခါ ခေါင်းကိုးလုံးကောင်းကင်ဘုံနဂါးသည် ၎င်း၏စကားများမှားသွားသည်ဟု ခံစားလိုက်ရသည်။ “ငါ့ကို ချီးကျူးနေသလား” ဟုပင် တွေးလိုက်မိသည်။
ခေါင်းကိုးလုံး ကောင်းကင်ဘုံနဂါးသည် ဂြိုလ်အရင်းအမြစ်မှ လေ့ကျင့်သင်ကြားထားသည့် အဆင့်မြင့် နတ်ဘုရားဖြစ်သော်လည်း ဤကမ္ဘာ၏အစိတ်အပိုင်းနှင့် သခင်ကျွန်စာချုပ်ကဲ့သို့ မည်သည့်အရာကိုမျှ လက်မှတ်မထိုးခဲ့ပေ။
ဂြိုလ်အရင်းအမြစ်က ၎င်းအား ဆုလာဘ်အဖြစ် ၎င်း၏ စွမ်းအားတစ်စိတ်တစ်ပိုင်းကို ပေးထားသောကြောင့် ယခုတစ်ကြိမ်သာ တိုက်ခိုက်ပေးခြင်းဖြစ်သည်။
“ဒီလိုလုပ်ရမှာ မဟုတ်ဘူး... ဒီကောင်တွေက ထူးဆန်းလွန်းတယ်...သူတို့က အလယ်အလတ်အဆင့် နတ်ဘုရားများဆိုတာ ထင်ရှားပေမဲ့ သူတို့က အရမ်းအစွမ်းထက်ကြတယ်... ဒါ့အပြင် အခုတောင် သူတို့နှစ်ကောင်ဘဲ လှုပ်ရှားသေးတယ်... နောက်ထပ် တိုက်ခိုက်လာရင်...” ခေါင်းကိုးလုံးကောင်းကင်ဘုံနဂါး၏ မျက်လုံးများသည် နောက်ပြန်ဆုတ်ရန် ရည်ရွယ်ချက်ကို စတင်ပြသနေပြီ ဖြစ်သည်။
***
သားရဲလေ့ကျင့်သူ
အခန်း ၈၄၀ လွတ်လပ်မှု
ခေါင်းကိုးလုံး ကောင်းကင်ဘုံနဂါးသည် နောက်ဆုံး ရူးသွပ်စွာဟိန်းဟောက်သံကို လွှင့်ထုတ်လိုက်ပြီး ၎င်း၏အမြီးကို ရမ်းလိုက်သောအခါ မြေပြင်ပေါ်တွင် လျှိုမြောင်ကြီးတစ်ခုဖြစ်သွားသည်။
မမြင်နိုင်သော တုန်လှုပ်မှုများသည် ကြီးမားပြီး အရပ်ရပ်သို့ ပျံ့နှံ့သွားသည်။ မဝေးလှသော ရေခဲထဲတွင် အေးခဲနေသော သားရဲ တစ်ကောင်သည် လေထဲသို့ စိမ့်ဝင်သွားသည့် မရေမတွက်နိုင်သော ရေခဲမှုန်များအဖြစ်သို့ ပြောင်းလဲသွားသည်။
ခေါင်းကိုးလုံး ကောင်းကင်ဘုံနဂါးက ဒေါသတကြီး အော်ဟစ်ကာ အရှိန်ပြင်းပြင်းဖြင့်လှည့်ပြီး သတိပေးလိုက်သည်။ ကျန်ခေါင်းလေးလုံးသည် မြေကြီးထဲသို့ ဖောက်ဝင်သွားသဖြင့် ဧရာမတောင်ကုန်းကြီးသည် မြေပြင်မှ ထွက်လာသည်။ အခိုးအငွေ့များနှင့် ဖုန်မှုန့်များသည် တောင်ကုန်းပေါ်မှ လွင့်ပျံလာသည်။
ကောင်းဖန်က သူ့ပါးစပ်ကိုဖွင့်လိုက်ပြီး “အလင်းလှိုင်း.. အဲဒါကို အနီးကပ်လိုက်ပြီးတော့ မပျောက်သွားစေနဲ့.. လောလောဆယ်တော့ ဘာမှ မလုပ်နဲ့ဦး.. ငါတို့ဒီမှာ ကိစ္စပြီးတာနဲ့ မင်းနောက်ကို ငါတို့ လိုက်ခဲ့မယ်” ဟု ပြောလိုက်သည်။
ပင်လယ်ဝတုတ် ထိန်းချုပ်ထားသော ပညတ်များထဲမှ တစ်ခုသည် ကပ်ဘေးပညတ်နှင့် ဆက်စပ်နေသောကြောင့် ပင်လယ်ဝတုတ် အတွက် အလွန်ကြီးမားသော အကျိုးသက်ရောက်မှုရှိသည်။
ကပ်ဘေးအပြင်နောက်ထက် အရေးကြီးဆုံးအချက်မှာ ခေါင်းကိုးလုံးကောင်းကင်ဘုံနဂါးသည် နဂါးမိသားစုမှ ဖြစ်သည်။ နဂါးပုရွက်ဆိတ်သည် ၎င်း၏အသွေးအသားကို ကိုက်စားနေသမျှ ကာလပတ်လုံး ၎င်းသည် ကောင်းကင်နဂါး၏ ခေါင်းကိုးလုံး၏ အစိတ်အပိုင်းတစ်ခုကို သူ့ဘာသာသူ ယူသွားနိုင်လိမ့်မည်။ အကယ်၍ ၎င်း၏ အလောင်းအပြည့်အစုံကို ရရှိနိုင်ပါက ခေါင်းကိုးလုံး ကောင်းကင်ဘုံနဂါးအသစ် ဖြစ်လာစေရန် ပုံတူပွားခြင်းသည် ပြဿနာ မဟုတ်တော့ပေ။
တစ်နည်းအားဖြင့် ကောင်းဖန်နှင့် ကျန်အရာများအတွက် ဤကောင်းကင်ဘုံနဂါးသည် အနည်းဆုံး ကမ္ဘာတစ်ခု၏ ဂြိုလ်ရင်းမြစ်ကဲ့သို့ တန်ဖိုးရှိသည်။
အလင်းလှိုင်းသည် ခေါင်းညိတ်လိုက်သည်။ ကောင်းဖန်နှင့် ကျန်သူများကို နောက်တွင်ချန်ထားခဲ့လိုက်ပြီး ၎င်းသည် အရိပ်ထဲသို့ ပျော်ဝင်သွားကာ နဂါး၏နောက်သို့ လိုက်သွားလိုက်သည်။
ရင်ဆိုင်ရမည့် ကံကြမ္မာကို သတိပြုမိသကဲ့သို့ သဘာဝဘေးအန္တရာယ်အမျိုးမျိုးသည် မိုးကြိုးမုန်တိုင်းကဲ့သို့ လျင်မြန်စွာ ရွာချလာသည်။
“ဒါက သူ့ရဲ့နောက်ဆုံးရုန်းကန်မှုပဲ” ဟု ကောင်းဖန်က တည်ငြိမ်စွာပြောလိုက်သည်။
နာရီဝက်အကြာတွင် ထိုနေရာရှိ ဂြိုလ်ရင်းမြစ်သည် ကြာရှည်မခံတော့ပေ။ ၎င်း၏အဆီအနှစ်များကို အာကာသမှ ဖြည်းဖြည်းချင်း ထုတ်ယူသွားသည်။
ယမ်းမှုန့်တစ်စည် မီးလောင်ကျွမ်းသွားသလိုပဲ ဂြိုလ်၏ အစိတ်အပိုင်းများသည် ရုတ်တရက် ဒေါသူပုန်ထသွားသည်။
အာကာသထဲတွင် အက်ကွဲကြောင်းများ ကွဲထွက်သွားသည်။ ဤသည်မှာ ဂြိုလ်အရင်းအမြစ်၏ အကြီးမားဆုံးသော ပျက်စီးမှုဖြစ်သည်။ နေရာလွတ်အုံကြွမှုကိုဖြစ်စေနိုင်သော သဘာဝဘေးအန္တရာယ်လည်း ဖြစ်သည်။
သစ်ပင်ထိပ်မှ ဆင်းလာသော ဆီလီသည် ကောင်းဖန်ထံမှ သတိပေးချက်ပင် မလိုအပ်ပေ။ ပုလင်းအလွတ်ကို လွှင့်ပစ်ကာ ခပ်သွက်သွက် ပျံထွက်သွားလိုက်သည်။
အာကာသအတွင်း စတင်ဖွဲ့စည်းထားသည့် နေရာလွတ်အုံကြွမှုသည် အတင်းအကျပ် ပြန်ဝင်လာသည်။
ဂြိုလ်အရင်းအမြစ်က အံ့သြသွားသည်။
ကောင်းဖန်သည် သမ်းဝေလိုက်သည်။
ကျန်သည့် သားရဲများသည် ကိုယ့်အလုပ်ကိုလုပ်လိုက်ကြသည်။ ၎င်းသည် ယခင် ဂြိုလ်အရင်းအမြစ် ဖြစ်တာကြောင့် နေရာလွတ်အုံကြွမှုက ဂြိုလ်ကို ပြန်မကောင်းနိုင်သော ပျက်စီးမှုများ ဖြစ်စေနိုင်သည်။
၎င်းသည် သဘာဝအတိုင်း ဖြစ်ပွားသည့် နေရာလွတ်အုံကြွမှုများနှင့် ကွဲပြားသည်။ ဂြိုလ်ရင်းမြစ်မှ အစပျိုးဖန်တီးထားသည့် နေရာလွတ်အုံကြွမှု ဖြစ်သောကြောင့် ဂြိုလ်ကို ထိခိုက်စေသော ထိခိုက်မှုနှင့် ပျက်စီးမှု နှစ်ခုစလုံးမှာ ကြီးမားသည်။
ထို့ကြောင့် ဂြိုလ်သည် ၎င်းကို အတင်းအကြပ်ဖိအားမပေးပါက နေရာလွတ်အုံကြွမှုကို ဖန်တီးမည်မဟုတ်ပေ။
ကံမကောင်းစွာနှင့်ပင် ဆီလီသည် နေရာလွတ် အမျိုးအစား နတ်ဘုရားအဆင့် သားရဲဖြစ်သည်။ ကောင်းဖန်နှင့် ကျန်သူများအပေါ် နေရာလွတ်အုံကြွမှု၏ သက်ရောက်မှု နည်းပါးလွန်းလှသည်။
အနက်ရောင် နှလုံးသားသည် ပိုးသားနဲ့တူသည့် အလင်းတန်းတွေကို တစ်ခုပြီးတစ်ခု ဆွဲထုတ်လိုက်သည်။ တာ့ဇီနှင့် ကျန်သူများသည် စည်းစနစ်ကျနစွာ စောင့်ဆိုင်းလိုက်ကြပြီး ဝေစုကိုရယူရန် တစ်ယောက်ပြီးတစ်ယောက် ရှေ့တိုးလာကြသည်။
“နည်းနည်း ချန်ထားလိုက်.. အလင်းလှိုင်းလည်း တစ်ပိုင်းပိုင်တယ်... မင်းတို့ကို လောဘကြီးဖို့ ခွင့်မပြုဘူး” ကောင်းဖန်က သူတို့ကို သတိပေးလိုက်သည်။
“ငါ လောဘကြီးမှာ မဟုတ်ဘူး သေချာပါတယ်။” တာ့ဇီက ပြောလိုက်သည်။
ကောင်းဖန်သည် တာ့ဇီကို မျက်စောင်းထိုးပေးလိုက်သည်။ “ပြန်ထားစမ်း.. မင်းကို ကာကွယ်ခိုင်းမယ်လို့ ဘယ်သူပြောလဲ... အလင်းလှိုင်းရဲ့ ဝေစု ဘေးကင်းစေဖို့အတွက် ခြင်္သေ့ဖြူကို ပေးထားလိုက်”
တာ့ဇီသည် ချက်ချင်းပင် စိုးရိမ်ပူပန်လာသည်။
“ကောင်းဖန် .. ငါ့ကို သံသယရှိနေတာလား”
“မင်းမှန်တယ်... ငါမင်းကို လုံးဝမယုံဘူး.. သေချာပေါက် ခိုးစားခံလိုက်ရမယ်လို့ကို ထင်တယ်” ဟုကောင်းဖန်က သေချာပေါက်ပြောလိုက်သည်။
တာ့ဇီက အဲဒါကို မတုံ့ပြန်ပေ။
တာ့ဇီသည် ကောင်းဖန်ကို စိုက်ကြည့်ရင်း မှားသွားသလို ခံစားလိုက်ရသည်။ ချက်ချင်းပင် နေရာတစ်ခုရှာပြီး သူ့ကိုယ်သူ ပွေ့ဖက်ကာ ခြေသည်းများဖြင့် မြေပြင်ကို ထိုးကြိတ်နေသည်။ ဤမြေကွက်ကို ကောင်းဖန်ဟု သဘောထားလိုက်သည်။
“ငါ မင်းကို သေအောင်ရိုက်မယ်...မင်းကို သေအောင်ရိုက်မယ်”
ဤဂြိုလ်အရင်းအမြစ်မှ အရာအားလုံးကို ခိုးယူပြီးနောက် အနက်ရောင်နှလုံးသားသည် ကျေနပ်စွာဖြင့် လေထဲတွင် ပျောက်ကွယ်သွားသည်။ ချန်နယ်တစ်ခုမှတစ်ဆင့် ၎င်းသည် ကောင်းဖန်နှင့် ကျန်သူများကို ကျေနပ်အားရမှု ခံစားချက်ကို တစ်ပြိုင်နက် ပေးပို့လိုက်သည်။
ဤအချိန်အတောအတွင်း ၎င်းတို့သည် အလွန်ကောင်းမွန်ပြီး အလွန်ထူးချွန်သော ဝန်ထမ်းများဖြစ်ကြောင်း ခံစားနေရသည်။
ကောင်းဖန်ကတော့ ဒါတွေအားလုံးက ဘာမှအဓိပ္ပါယ်မရှိဘူးလို့ ခံစားရသည်။ “ငါ့ကို ချီးကျူးစကားတွေ ပြောမယ့်အစား တကယ့်ဆုလာဘ်ကို ပေးရတာ ပိုလက်တွေ့ကျတယ်” ဟု သူတွေးနေသည်။
ကောင်းဖန် ထိုအတွေးကို တွေးနေသောအခါ အနက်ရောင် နှလုံးသားက အတွင်းထဲကို ကျုံ့သွားသည်။ ထို့နောက်တွင် အလွန်ထူထပ်သော အနက်ရောင် မီးခိုးများကို လျင်မြန်စွာ ထုတ်လွှတ်လိုက်သည်။ နောက်အခိုက်အတန့်တွင် ကောင်းဖန်နှင့် သူ၏သားရဲများ၏ ရင်ဘတ်ပေါ်တွင် အသက်ဝင်နေသည့် ကြာနက်ပုံတစ်ခု ထင်ထင်ရှားရှားပေါ်လာသည်။
၎င်းနှင့်အတူ ကြာနက်ပုံကြီးမှတစ်ဆင့် သူတို့၏စိတ်ထဲတွင် အတွေးတစ်ခု ထွက်ပေါ်လာသည်။
ဒီပုံကို ကမ္ဘာနောက်ဆုံးနေ့ ကြာနက်ဟုခေါ်သည်။ ၎င်း၏လုပ်ဆောင်ချက်များထဲမှတစ်ခုမှာ ဒြပ်စင်များဆီသို့ ၎င်းတို့၏ အဖျက်စွမ်းအားကို တိုးမြှင့်ရန်ဖြစ်ပြီး နောက်တစ်ခုမှာ ၎င်းတို့အား အကူအညီတောင်းရန် အခွင့်အရေးပေးခြင်းဖြစ်သည်။
ယင်းက ကောင်းဖန်နှင့် ကျန်သူများသည် ရပ်စဲခြင်းအမြစ်၏ မြင်ကွင်းနယ်ပယ်ထဲသို့ ဝင်ရောက်လာပြီဟု အတိအကျဆိုလိုသည်။ သဘာဝအားဖြင့် သူတို့လို ထူးချွန်သည့် အလုပ်သမားတွေကို လွယ်လွယ်မသေစေချင်ပေ။ ဒါကြောင့် သူတို့ကိုယ်သူတို့ ထိန်းသိမ်းဖို့အတွက် ဆုလာဘ်တစ်ခု ပေးလိုက်ခြင်းဖြစ်သည်။
၎င်းတို့သည် ကမ္ဘာနောက်ဆုံးနေ့ ကြာနက်မှတဆင့် ရပ်စဲခြင်းအမြစ်၏ စွမ်းအားကို ခေါ်ဆိုရန် တစ်ခုတည်းသော အခွင့်အရေးဖြစ်သည်။
ကောင်းဖန်သည် ၎င်းသည်မည်မျှ အစွမ်းရှိသည်ကို အတိအကျ မသိပေ။
အဝေးမှ ကောင်းကင်ပေါ်တွင် တုနှိုင်းမရလောက်အောင် ထုထည်ကြီးမားသည့် ကြာနက်ပန်းတစ်ပွင့်သည် လေထဲမှာ ပွင့်နေသည်။
ကြာပွင့်သည် လေထဲ၌ ခမ်းနားစွာ ပွင့်နေပြီး ဖြည်းညှင်းစွာ လှည့်ပတ်နေသဖြင့် ကောင်းကင်ကိုအနက်ရောင် ဆိုးထားသလို ဖြစ်နေသည်။
ကြာပွင့်သည် လှည့်ပတ်လာသည်နှင့်အမျှ အာကာသထဲတွင် မရေမတွက်နိုင်သော အက်ကြောင်းများ ဖြစ်ပေါ်လာသည်။ ယင်းနောက်တွင် ကြောက်မက်ဖွယ်ကောင်းသော လှိုင်းလုံးကြီးတစ်ခု လေထဲတွင်လျင်မြန်စွာ ပေါက်ကွဲသွားလေသည်။
၎င်း၏လမ်းကြောင်းပေါ်ရှိ အရာအားလုံးသည် ဖောက်ပြန်ပျက်စီးသွားသည်။
သန့်ရှင်းသပ်ရပ်သော ရှုခင်းပန်းချီကားတစ်ချပ်ကဲ့သို့ပင် သန့်စင်သော အဖြူရောင်မှလွဲ၍ ကျန်ခဲ့သမျှ ဘာမှမရှိတော့ပေ။
အနက်ရောင်နှင့် အဖြူသည် ပြီးပြည့်စုံသော ခြားနားမှုကို ဖန်တီးသည်။
ကြာနက်ပန်းနှင့် အဖြူရောင် ပိတ်ကား။
ကြာပွင့်ရှိသော နေရာ၌ အဖြူရောင်သာလျှင်ကျန်ရစ်သည်။
“အဲဒါ…”
“အလင်းရောင်ဦးတည်ရာကို သွား”
ကောင်းဖန်သည် အနည်းငယ် အံ့အားသင့်သွားသည်။ သူသည် သားရဲများနှင့်အတူ အမြန်ပြေးသွားလိုက်သည်။
ထူးဆန်းသော အသက်ရှုသံသည် အာကာသထဲတွင် ကျန်နေသေးသည်။ ဒီလို အသက်ရှုသံ...
ကောင်းဖန်ရောက်သွားတော့ သူမြင်လိုက်ရတာက အလွန်ကြောက်စရာကောင်းတဲ့ တွင်းကြီးတစ်ခုဖြစ်သည်။
မြွေကြီးတစ်ကောင်သည် ၎င်း၏နောက်ဆုံးအသက်ကို ရှူရှိုက်ရင်း တွင်းကြီးထဲတွင် လဲလျောင်းနေသည်။ ၎င်း၏ ဦးခေါင်း သုံးခု ပေါက်ကွဲပြီး နောက်ဆုံး ခေါင်းတစ်လုံးသာ ၎င်း၏ လည်ပင်းတွင် ချိတ်ထားဆဲ ဖြစ်သည်။
တွင်းကြီး၏အခြားတစ်ဖက်တွင် အလင်းလှိုင်း၏ကိုယ်ထည်သေးသေးသည် မြေပြင်ပေါ်တွင် ဝပ်နေသည်။ သူ့မျက်နှာတွင် လုံး၀ ရှုပ်ယှက်ခတ်နေသည့် အရိပ်အယောင်များ ရှိနေသည်။
အစတွင် ၎င်းကို ချောမွေ့စွာ ချည်နှောင်ထားသော်လည်း ရပ်စဲခြင်းအမြစ်စွမ်းအားသည် ၎င်း၏ပတ်ဝန်းကျင်တွင် ရုတ်တရက် ထွက်ပေါ်လာသည်။
အလွန်အရေးကြီးသောအခိုက်အတန့်တွင် ကြာနက်ပွင့်တစ်ပွင့်သည် ၎င်း၏ရင်ဘတ်မှထွက်လာပြီး မြေကြီးကွဲအက်ပေါက်ကွဲစေလိုက်သည်။
လက်ရှိမြင်ကွင်းက ၎င်း၏နောက်ဆက်တွဲဖြစ်သည်။
“နဂါးပုရွက်ဆိတ်... မင်းအလှည့်ပဲ”
“ဟုတ်” နဂါးပုရွက်ဆိတ်သည် ပျံဆင်းသွားသည်။ တွင်းထဲတွင် လဲလျောင်းနေသော ခေါင်းကိုးလုံး ကောင်းကင်ဘုံနဂါးက မျက်လုံးများ ပြူးကျယ်ကာ နဂါးပုရွက်ဆိတ်ကို စိုက်ကြည့်နေသည်။
၎င်း၏နောက်ဆုံးအခိုက်အတန့်တွင် ကောင်းကင်ဘုံနဂါးသည် အလွန်ငြိမ်သက်နေသည်။ ဒေါသတကြီး အော်တာ မဟုတ်သလို အရူးအမူးအော်တာမျိုးလည်း မဟုတ်ပေ။
“ငါ့ရဲ့ စွမ်းအားတွေကို မဖြုန်းတီးနဲ့... လာ ငါ့မှာရှိသမျှကိုယူ... ကောင်းကင်နဂါးအဖြစ် ငါ့ရဲ့ဂုဏ်သတင်းကို ကောင်းကင်ဘုံနဲ့ နိုင်ငံအသီးသီးမှာ ပဲ့တင်ထပ်နေပါစေ” ဟု ကောင်းကင်ဘုံနဂါးက အသံတိုးတိုးလေးနဲ့ ပြောလိုက်သည်။
နဂါးပုရွက်ဆိတ်သည် ၎င်း၏လမ်းကြောင်းတွင် ရပ်တန့်သွားသည်။ “ငါဘယ်လောက် အစွမ်းထက်တယ်ဆိုတာ မင်းသိလား”
“ငါက နဂါးအမျိုးအစား နတ်ဘုရားပဲ...ငါမသိဘူးလို့ မင်းထင်လား” ခေါင်းကိုးလုံး ကောင်းကင်ဘုံနဂါးက တည်ငြိမ်စွာ ပြောလိုက်သည်။
သူ့မျက်လုံးထဲတွင် ရူးသွပ်မှုအရိပ်အမြွက် ပေါ်လာသည်။ ထို့နောက် ခေါင်းကိုးလုံး ကောင်းကင်ဘုံနဂါးသည် နဂါးပုရွက်ဆိတ်ဆီသို့ ပြေးမလာမီ ရုတ်တရက် ဟိန်းဟောက်လိုက်သည်။
နဂါးပုရွက်ဆိတ်သည် လက်တုံ့ပြန်လိုက်သည်။ ထိုအချိန်တွင် ၎င်းသည် မြှားတစ်စင်းကဲ့သို့ပျံသန်းသွားပြီး ကောင်းကင်ဘုံနဂါး၏ နောက်ဆုံးဦးခေါင်းကို ဖြတ်၍ ထိုးဖောက်သွားသည်။
နှစ်ကြိမ်မျှ လှုပ်ပြီးနောက် နဂါးပုရွက်ဆိတ်၏ မျက်နှာပြင်ပေါ်ရှိ အသားများနှင့် အသွေးများ လျင်မြန်စွာ ထွက်သွားသည်။ သူတို့ နှစ်ခုလုံး နဂါးပုရွက်ဆိတ်၏ ခန္ဓာကိုယ်ထဲသို့ အရူးအမူး ဝင်ရောက်လာကာ ၎င်း၏ စွမ်းအားများ သိသိသာသာ တိုးလာသည်။
နဂါးပုရွက်ဆိတ်သည် ခေါင်းကိုးလုံး ကောင်းကင်ဘုံနဂါးကို ကြောင်တက်တက်ဖြင့် ကြည့်နေသည်။ နဂါးမျက်လုံးများတွင် လွတ်လပ်မှု အရိပ်အမြွက်ရှိနေသည်ကို သတိပြုမိလိုက်သည်။
“သူက ဒီကမ္ဘာရဲ့ အစိတ်အပိုင်းအဖြစ် ဂြိုလ်အရင်းအမြစ်က ပြုစုပျိုးထောင်ပေးထားတဲ့ နတ်ဘုရားပဲ... သန်မာပေမဲ့ ဒီဂြိုလ်ကို တစ်သက်လုံး မထိန်းထားခဲ့နိုင်ဘူး” ဟု ကောင်းဖန်က ပြောလိုက်သည်။
“သွားကြရအောင်.. ဒီဂြိုလ်က ဘာမှတန်ဖိုးမရှိတော့ဘူး... နောက်ဂြိုလ်ကို သွားရအောင်” ကောင်းဖန် လှည့်ထွက်သွားသည်။
နဂါးပုရွက်ဆိတ်က ခေါင်းညိတ်လိုက်သည်။
ခေါင်းကိုးလုံး ကောင်းကင်ဘုံနဂါး၏ နောက်ဆုံးစကားများက စိတ်ထဲတွင် ပေါ်လာသည်—“ ခေါင်းကိုးလုံး ကောင်းကင်ဘုံနဂါး၏ ဂုဏ်သတင်းသည် ကောင်းကင်ဘုံနှင့် နိုင်ငံအသီးသီးတွင် ပျံ့လွင့်ပါစေ!