← Chapters

အခန်း (၈၄၅-၈၄၈)

Vol. 53 Ch. 845-848

အခန်း (၈၄၅-၈၄၈)

Vol. 53 Ch. 845-848

အခန်း ၈၄၅ ကျားဖြူ

သူသည် တာ့ဇီကို သွေးစာချုပ်မှ တဆင့် ဆင့်ခေါ်လိုက်သည်။

တာ့ဇီသည် ပင်လယ်ဝတုတ်ရှေ့မှာ ရပ်နေပြီး ရပ်စဲခြင်းအမြစ်ကို ဆန့်ကျင်နေသည့် လိပ်နက်ကို သတိကြီးကြီးထားပြီး စောင့်ကြည့်နေသည်။ ၎င်း၏အမြီးသည် မတ်နေပြီး ၎င်း၏မျက်လုံးအိမ်များသည် ကျုံ့သွားကာ အေးစက်သောအလင်းရောင်ကို ထုတ်နေသည်။

“ပင်လယ်ဝတုတ်ကို သယ်ပြီး ဒီကနေ ထွက်သွား” ဟု ကောင်းဖန်က တာ့ဇီကို သွေးစာချုပ်မှတဆင့် ပြောလိုက်သည်။

တာ့ဇီက နာခံမှုဖြင့် ခေါင်းညိတ်ကာ ပင်လယ်၀တုတ်ကြီးကို ပါးစပ်ဖြင့်ချီကာ လှည့်လိုက်သည်။ ပင်လယ်ဝတုတ်၏ခန္ဓာကိုယ်ပေါ်ရှိ ရေခဲများသည် တာ့ဇီ၏ခြေဖဝါးများကို အေးခဲကိုက်ခဲစေသည်။

ပင်လယ်ဝတုတ်နဲ့ ပေါင်းထားသည့် ကောင်းဖန်သည် အစင်းလေးနှင့် ဂိုဒီကို သားရဲနေရာလွတ်ထဲသို့ ထည့်လိုက်သည်။ မျက်လုံးတစ်ဖက် နတ်ဆိုးဝက်ဝံ၏အလောင်းကို ပြန်ယူရန်တော့ သူ့တွင် အချိန်မရှိပေ။

“ကောင်းဖန်... ဒီကောင်က အရမ်းစိတ်ဆိုးဖို့‌ကောင်းတယ်... နင့်ကို ကလိမ်ကျတယ်” တာ့ဇီသည် ဒေါသတကြီးနဲ့ ပြောလိုက်သည်။ “ဒီကောင်က နင့် တိုက်ခိုက်မှုတစ်ဝက်လောက်မှာ တိုက်ခိုက်ခဲ့တာ.. ဒီလို အရှက်မရှိတဲ့ လိပ်တစ်ကောင်ကို ငါ တစ်ခါမှ မတွေ့ဖူးဘူး”

“အိုး…” လိပ်နက်၏ အော်သံသည် ကြောက်မက်ဖွယ် စွမ်းအင်လှိုင်းများနှင့်အတူ ၎င်းတို့နောက်မှ ထွက်ပေါ်လာသည်။

ဒါပေမယ့် ဒါတွေက ကောင်းဖန်နှင့် ကျန်သူတွေရဲ့ စိုးရိမ်ပူပန်မှု တစ်ခုမှ မဟုတ်ပေ။ တာ့ဇီသည် မနှေးပေ။ အထူးသဖြင့် အရှိန်သည် မြန်သည်။

၎င်းသည် ကောင်းဖန်နှင့်အတူ လျင်မြန်စွာ ထွက်ခွာသွားပြီး ဝေးလံခေါင်သီသော နေရာတစ်ခုကို ရှာဖွေတွေ့ရှိလိုက်သည်။

မူလက တာ့ဇီသည် ကောင်းဖန်နှင့် ကျန်သားရဲများအတွက် မီးနက်ဘုရားတောင်ကြားမှ ပိဖန်ကိုရှာဖွေရန် လိုလားသော်လည်း ကောင်းဖန်က တားလိုက်သည်။

“ငါတို့ဒီလိုဖြစ်နေတယ်ဆိုပေမယ့်.. မီးနတ်ဘုရားတောင်ကြားက ပိဖန်တွေရဲ့ သဘောထားကို ငါတို့မသိနိုင်ဘူး” ဟု ကောင်းဖန်က ပြောလိုက်သည် “ဒဏ္ဍာရီလာသားရဲ ရှိတဲ့ ဘယ်နယ်မြေမှ မသွားရအောင်”

ပင်လယ်ဝတုတ်ကိုချလိုက်ပြီးနောက် ကောင်းဖန်သည် ပင်လယ်ဝတုတ်နှင့် ပေါင်းစည်းလိုက်သည်။

ပင်လယ်ဝတုတ်၏ ဦးခေါင်းသည် နက်ရှိုင်းသော ရေခဲပြင်တွင် အေးခဲနေသည်။ အရည်ပျော်သွားမည့်ပုံမပေါ်ပေ။

တစ်ခုတည်းသော သတင်းကောင်းမှာ ပင်လယ်ဝတုတ်၏ အသက်စွမ်းအင်သည် ယခုအချိန်အထိ အားကောင်းနေဆဲဖြစ်ပြီး ၎င်းသည် သေဆုံးနိုင်ခြေမရှိပေ။

“ကောင်းဖန်.. ငါပြန်ကောင်းလာရမယ်” ဟု ပင်လယ်ဝတုတ်က ကောင်းဖန်ကို သွေးစာချုပ်မှ ပြောလိုက်သည်။

“ကောင်းပြီ... ငါတို့ မင်းကို ဒီမှာ စောင့်နေမယ်”

ပင်လယ်ဝတုတ်သည် ၎င်းအတွင်း၌ ဝါးမျိုခြင်းနတ်ဘုရားဖြစ်မှုကို လုပ်ဆောင်နေသည်။ ဝါးမျိုခြင်း နတ်ဘုရားဖြစ်မှုသည် နက်ရှိုင်းသော ရေခဲပြင်ကြီးဆီသို့ သတိထားပြီး ချဉ်းကပ်လာသည်။ နက်ရှိုင်းသော ရေခဲများသည် အရိုးပေါ်မှ လောက်များကဲ့သို့ ပင်လယ်ဝတုတ်နှင့် ရောထွေးသွားသော်လည်း ၎င်း၏ သခင်ထိန်းချုပ်မှုမရှိသော နက်ရှိုင်းသောရေခဲသည် အမြစ်မရှိသည့် ပဲစေ့များလို ဖြစ်သည်။ လေထဲတွင် ရေခဲဒြပ်စင်များကို ဖြည်းညှင်းစွာ စုပ်ယူခြင်းဖြင့် အားကောင်းနေသော်လည်း ပင်လယ်ဝတုတ်၏ ဝါးမျိုခြင်း စည်းမျဉ်းမှ ထုတ်လွှတ်သည့် ပမာဏနှင့် နှိုင်းယှဉ်ပါက ဤအားကောင်းမှုသည် အရေးမပါပေ။

“လိပ်နက်က သေချာပေါက် နတ်ဘုရားဘုရင်ပဲ... ဒီရေခဲတွေက ငါ့ကို အရမ်းနာကျင်စေတယ်” ဟု ပင်လယ်ဝတုတ်က ညည်းညူလိုက်သည်။

“ဒါက ရေခဲမဟုတ်ပါဘူး ယင်စည်းမျဉ်းနဲ ရေစည်းမျဉ်းတို့ရဲ့ ပေါင်းစပ်တစ်ခုပဲ” ဟု ကောင်းဖန်က ဆိုသည်။

ကောင်းဖန်သည် လိပ်နက်၏အမျိးအစားကို တစ်စိတ်တစ်ပိုင်းကို မြင်လိုက်ရသည်။ ၎င်းသည် ယင်စည်းမျဉ်းနှင့် ရေစည်းမျဉ်းနှစ်ခုသာ ထိန်းချုပ်ထားသည်။

၎င်းတို့အနက် ယင်စည်းမျဉ်း ထိန်းချုပ်မှုမှာ ၇၆ ရာခိုင်နှုန်းနှင့် ရေစည်းမျဉ်းထိန်းချုပ်မှုမှာလည်း ၇၃ ရာခိုင်နှုန်းဖြစ်သည်။

အာဏာရှင်ဂလက်စီကြယ်သခင်ထက် အားကောင်းသလား သို့မဟုတ် အားနည်းသလားနှင့် ပတ်သက်၍တော့ ကောင်းဖန် မပြောနိုင်ပေ။ အကြောင်းမှာ ထိုအချိန်က ကောင်းဖန်၏ စိတ်ဝိညာဉ်စွမ်းအင်မှာ ကြယ်သခင်ထက် အလွန်နိမ့်ကျသောကြောင့် ကြယ်သခင်၏ အမျိုးအစားများကို မကြည့်နိုင်သောကြောင့် ဖြစ်သည်။

သူသေချာတာတစ်ခုက ကြယ်သခင်သည် နတ်ဘုရားဘုရင်အဆင့် သားရဲတစ်ကောင်ဖြစ်သည် ဆိုတာကိုပင်။

…

နေ့တစ်ပိုင်းကြာပြီးနောက် တိုက်ပွဲဖြစ်ပွားရာနေရာသို့ လူများ ချဉ်းကပ်လာကြသည်။

ကီလိုမီတာတစ်ထောင်ပတ်လည်ရှိ တောင်တန်းကြိုးများအားလုံး ကွဲအက်သွားကာ အနတ္တအာကာသသည် ပရမ်းပတာဖြစ်နေသည်။ အနတ္တလှိုင်းထန်မှု၏အထဲမှ အနက်ရောင်သဏ္ဌာန်တစ်ခု လွင့်ပျံလာသည်။

အနက်ရောင်သဏ္ဌန်ကို ထုတ်ယူရန် နတ်ဘုရားသည် အထဲသို့ ဝင်သွားပြီးနောက် ဤနေရာမှ ကြောက်မက်ဖွယ်ရာ ငလျင်တစ်ခု ပျံ့နှံ့သွားသည်။

ကြေးနီရောင်လိပ်ခွံသည် တောင်ငယ်တစ်ခု၏အရွယ်အစားဖြစ်ပြီး သွေးများ ဖုံးလွှမ်းနေသည်။

ပြင်းထန်သောရောင်ဝါသည် နတ်ဘုရားအဆင့်အောက် မည်သူ့ကိုမျှ မချဉ်းကပ်နိုင်စေရန် တွန်းအားပေးနေသည်။

“ဒါက... လိပ်နက်ရဲ့ အခွံပါ” ဟု အစိမ်းရောင်နဂါးက ဖြည်းညှင်းစွာပြောလိုက်သည်။

“အို.. အဲဒါ တကယ်ပဲ အဲဒီလိပ်အိုကြီးပဲ” ကြောင်ဖြူလေးတစ်ကောင်သည် လိပ်ခွံပေါ် ခုန်တက်သွားသည်။ ၎င်းသည် လိပ်ခွံပေါ်ရှိ အညစ်အကြေးများကို ခြစ်ရန် ၎င်း၏ခြေသည်းမှ သေးငယ်သော ခြေသည်းတစ်ချောင်းကို ထုတ်၍ လျှာဖြင့် လျှက်လိုက်သည်။

“တစ်နေကုန် မအော်ပဲမနေနိုင်ဘူးလား.. မင်းအသက်ကြီးလာပြီ.. ငယ်ငယ်က အမူအကျင့်တွေကို ရပ်လိုက်” ဟင်္သာပြဒါးငှက်က အလွန်စိတ်ဆိုးနေပုံပေါ်သည်။

“မြောင်...မြောင်” ကျားဖြူလေးက ဘာမှမသိတဲ့ ကြောင်ကလေးလို ပြုမူနေသည်။

“အဲဒီ အရူးကို လစ်လျူရှုထားလိုက်” ဟင်္သာပြဒါးငှက်က အစိမ်းရောင်နဂါးကို ပြောလိုက်သည်။ “လိပ်နက်က အမြဲသတိထားတတ်တယ်.. သူက ငါတို့လေးကောင်ထဲမှာ အကောင်းဆုံး ကာကွယ်ရေးရှိတယ်.. ဒီမှာပဲ တိတ်တိတ်လေးသေဖို့ ငါမမျှော်လင့်ထားမိဘူး..”

“အဲဒါက ရပ်စဲခြင်းရဲ့ ရောင်ဝါပဲ” ဟု ကျားဖြူက ခေါင်းညိတ်ကာ ပြောလိုက်သည်။

“ရပ်စဲခြင်း”

“ဒါက ငါတို့အတွက် လာနေပြီ” အစိမ်းရောင်နဂါးက ဖြည်းညှင်းစွာပြောလိုက်သည်။

“သူက လိပ်နက်ကို တိတ်တိတ်ဆိတ်ဆိတ် သတ်နိုင်တယ်... ဆိုလိုတာကတော့ ဒါက ငါတို့ကိုလည်း တိတ်တဆိတ် သတ်ပစ်နိုင်တယ်” ဟု ဟင်္သာပြဒါးငှက်က မျက်ခုံးပင့်ကာ ပြောလိုက်သည်။

သူတို့သည် နဝမမြောက်ကောင်းကင်ဘုံ တစ်ခုလုံးတွင် ထိပ်ဆုံးမှာရှိသည်။

နဝမမြောက်ကောင်းကင်ဘုံတွင် ဝှက်ထားသော ၎င်းတို့လေးဦးသည် အခြားသူများအတွက် ဒဏ္ဍာရီလာ လူထူဆန်းအိုကြီများ ဖြစ်သည်ကို ပြောနိုင်သည်။

“ဘယ်သွားမလို့လဲ ကျားဖြူ” ဟင်္သာပြဒါးငှက်က မေးလိုက်သည်။

ကျားဖြူသည် လိပ်နက်၏အခွံမှ ခုန်ဆင်းသွားကာ ခဏကြာသော် မိုးကုတ်စက်ဝိုင်းတွင် ပျောက်ကွယ်သွားသည်။

“တခြားတစ်ခုခု အနံ့ရနေပြီထင်တယ်” နဂါးဖြူ၏မျက်လုံးများက စူးစမ်းလိုစိတ်အရိပ်အမြွက်ပြလိုက်သည်။

သူသည် ရပ်စဲခြင်း၏အနံ့အပြင် အခြားအားနည်းသော ရောင်ဝါ အများအပြားကို အနံ့ခံပြီး တောင်တန်းများတစ်လျှောက် ပျောက်ကွယ်သွားသည်။ သူတို့သည် လိပ်နက်နှင့် ရပ်စဲခြင်းအမြစ်ကြား တိုက်ပွဲမှ လွတ်မြောက်သွားသောကြောင့် ကျားဖြူကို အလွန်စူးစမ်းလိုစိတ် ဖြစ်စေသည်။

…

“နောက်ဆုံးတော့ ဒီစိတ်အနှောက်အယှက်ဖြစ်စရာ ရောင်ဝါကို ငါ ဖယ်ရှားလိုက်ပြီ” ပင်လယ်ဝတုတ်က သက်ပြင်း တစ်ချက် ချလိုက်သည်။

ပင်လယ်ဝတုတ်၏ မျက်နှာသည် အေးခဲနေပြီး ခရမ်းရောင်ဖြစ်နေသည်။ ယင်စွမ်းအင်ကို ဖယ်ရှားပြီးနောက် ၎င်း၏ အောက်တစ်ခြမ်းသည် ပုံမှန်အစိမ်းရင့်ရောင်သို့ ပြန်လည်ရောက်ရှိသွားသည်။ အေးခဲနေသည့် ၎င်း၏ အပေါ်ပိုင်းတစ်ဝက်သည် ခရမ်းရောင်ဖြစ်လာသည်။ အဲဒါက သွေးအေးခဲပြီး မလည်ပတ်သည့် ရလဒ်ဖြစ်သည်။

“ဘယ်လောက်တောင် သနားစရာကောင်းလိုက်လဲ” တာ့ဇီက ပြောလိုက်သည်။

“ဒါက ဒဏ္ဍာရီလာ အေးခဲနေတဲ့ ငါးကြင်းကြီး ဖြစ်နိုင်တယ်” ဖလိန်မီက လှောင်ပြောင်လိုက်သည်။

ပင်လယ်ဝတုတ်သည် ဒါကို ရှက်စရာလို့မထင်ပေ ဒါကဂုဏ်ယူစရာဖြစ်သည်။ “ မင်းက ဘာသိလိုလဲ... ငါက ဘာနဲ့တူလဲသိလား.. အဆင့်မြင့်နတ်ဘုရားနဲ့ လိပ်နက်တစ်ကောင်ရဲ့ ယင် စွမ်းအင်တို့ကို ဝါးမျိုလိုက်တဲ့ ငါ့ရဲ့ခွန်အားက အဆင့်သုံးဆင့်ထက် ပိုတိုးလာတယ်လို့ ခံစားရတယ်”

“ဒါပေမယ့် မင်းမျက်နှာက အေးခဲသွားလို့ ပိုရောင်လာတယ်” ဖလိန်မီက ဆက်ပြောလိုက်သည်။

“မင်းပြောတာလောက်မနာပါဘူး”

ဖလိန်မီသည် မူးလဲလုနီးနီး ဖြစ်သွားသည်။

ဂိုဒီက သူ့မိန်းမကို အနိုင်ကျင့်တာကိုမြင်တော့ အလျင်စလို ခုန်ချလာပြီး “ဖလိန်မီ ဘယ်မှာလဲ.. ငါးခေါင်း...မင်းလိုငါးတွေကို ငါတို့ပင်လယ်စာကုမ္ပဏီမှာ ယွမ် ၃၀၀ နဲ့တောင် ရောင်းလို့မရဘူး...” ဟု ပြောလိုက်သည်။

ဂိုဒီကို ကောင်းဖန် ပြုစုပျိုးထောင်ခဲ့သော ငွေကြေးအမြင်အရ ကမ္ဘာပေါ်ရှိငါးအားလုံးကို သူသည် ငွေဖြင့်တိုင်းတာနိုင်သည်။ ၎င်းတို့၏ တန်ဖိုးများကို ၎င်းတို့၏ စျေးနှုန်းများအလိုက် အမှတ်အသားပြုနိုင်သည်။

ငါးကောင်းသည် ဈေးကြီးပြီး စျေးပေါသောငါးသည် မကောင်းပေ။

“ရှယ်ယာ ၁ ရာခိုင်နှုန်း နဲ့ အမြတ်ဝေစုပဲ ရပြီး အဲဒါကို မင်းရဲ့ ပင်လယ်စာကုမ္ပဏီလို့ ခေါ်ဝံ့သလား” ပင်လယ်ဝတုတ်သည် ဤမိုက်မဲသောဘဲတစ်ကောင်နှင့် စကားမပြောချင်ပေ။

ကောင်းဖန်သည် သိမ်မွေ့သော အမူအရာဖြင့် ဖြတ်သွားကာ ပင်လယ်ဝတုတ်၏ ငါးခေါင်းကို နှစ်ကြိမ် ပုတ်လိုက်သည်။

ထိုအချိန်တွင် ကောင်းဖန်၏အနောက်ဖက်မှ နူးညံသည့်‌ ကြောင်အော်သံထွက်လာသည်။

အနက်ရောင်အစင်းကြောင်းများပါသော ကြောင်ဖြူတစ်ကောင်သည် နီရဲနေသော မျက်လုံးများဖြင့် သစ်ကိုင်းပေါ်တွင် ဝပ်နေကာ ညင်သာစွာ အော်ဟစ်နေသည်။

ခြေဖဝါးလေးတွေမှာလည်း အနက်ရောင် အစက်အပြောက်တွေ ရှိသည်။ ဂရုမစိုက်ဘဲထားသောကြောင့် ခြေသည်းတွင် ပန်းရောင် အကွက်များရှိသည်။

***

သားရဲလေ့ကျင့်သူ

အခန်း ၈၄၆ ညီလာခံ

ကောင်းဖန်သည် သူ့အကြည့်ကို လွှဲလိုက်ပြီးနောက် ပင်လယ်ဝတုတ်ကလည်း အကြည့်ကို လွှဲလိုက်သည်။

“ကောင်းဖန်.. ဒီကြောင်က မရိုးရှင်းဘူး.. သူလာတာ ငါတောင် သတိမထားမိလိုက်ဘူး” ပင်လယ်ဝတုတ်က ကောင်းဖန်ကို သွေးစာချုပ်မှတစ်ဆင့် သတိပေးလိုက်သည်။

“ငါသိတယ်” ကောင်းဖန်က တည်ငြိမ်စွာပြောလိုက်သည်။

ဒါပေမယ့် သူအားလုံးကိုသိတာတော့ မဟုတ်ပေ။ ကောင်းဖန်သည် ဤကြောင်ကိုမြင်ပြီးနောက်တွင် ၎င်း၏အမျိုးအစားကို တစ်ချက်ကြည့်လိုက်သည်။ သို့သော် သူသည် ၎င်း၏အမည်၊ အဆင့်နှင့် အုပ်ချုပ်မှုကိုသာ မြင်ရသည်။ အခြားအရာအားလုံးသည် ??? များသာ ဖြစ်နေသည်။

[သားရဲ အမည်] - ကျားဖြူ

[သားရဲ အဆင့်] - နတ်ဘုရားဘုရင်အဆင့်

[စည်းမျဉ်းထိန်းချုပ်မှု] - အရှိန်စည်းမျဉ်း ၈၀ ရာခိုင်နှုန်း၊ ရွှေစည်းမျဉ်း ၇၉ ရာခိုင်နှုန်း

[သားရဲ အဆင့်] - ???

[အထူးသွင်ပြင်လက္ခဏာများ] - ???

၎င်းသည် လိပ်နက်နှင့် ဆက်စပ်နေသည်။ ကောင်းဖန်သည် တိတ်တဆိတ် စိတ်ပူသွားသည်။ ဒီကျားဖြူ ဒီကိုရောက်နေတာ ဘယ်လောက်ကြာပြီလဲလို့ တွေးမိလိုက်သည်။ ပင်လယ်ဝတုတ်သည် ယခင်က လိပ်နက်၏ ယင်စွမ်းအင်အားလုံးကို မဖယ်ရှားနိုင်ခဲ့ပေ။

ကောင်းဖန်က ရုတ်တရက် အကြံတစ်ခုရလိုက်သည်။ “ သူက သူ့ဘာသူ ထုတ်ဖော်မပြရင် သူနဲ့အတူတူ ကစားရအောင်”

“စိတ်မလောနဲ့ဦး …” ပင်လယ်ဝတုတ်သည် ကောင်းဖန်ကို သတိပေးလိုက်သည်။

“စိတ်မပူပါနဲ့.. ငါက ဘယ်တော့မှ ရူးရူးမိုက်မိုက် မလုပ်ဘူး.. ဂိုဒီနဲ့ တာ့ဇီသာ လုပ်တာ”

ကောင်းဖန်က ဒီလိုပြောလိုက်ပြီးနောက် သစ်ပင်အောက်ကို လျှောက်သွားလိုက်သည်။

ကျားဖြူလေးက ကောင်းဖန်ကိုကြည့်ရန် ခေါင်းငုံ့လိုက်သည်။

“ဒီကျားလေးက အရမ်းချစ်စရာကောင်းတာပဲ” ကောင်းဖန်က “မင်းအဖေ ဘယ်မှာလဲ... မင်းအမေ ဘယ်မှာလဲ” ဟု မေးလိုက်သည်။

“အိုး.. သူတို့က အနားမှာမရှိဘူးလား.. ဒါဆို ဦးလေးကို လာကိုင်ခွင့်ပေးလို့ရမလား” ကောင်းဖန်က ခုန်တက်လာပြီး ကျားဖြူကို ဖမ်းလိုက်သည်။

ကျားဖြူကို ဖမ်းလိုက်တဲ့အချိန်မှာ ကျားဖြူ၏ ကြွက်သားတွေ တင်းမာလာတာကို ကောင်းဖန်က ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။

၎င်းသည် အနီးနားရှိ သာမာန် ကြောင်တစ်ကောင်မဟုတ်ပေ။ ပွတ်လိုက်ရုံဖြင့် သင့်ခေါင်းကို ဖယ်ရှားနိုင်သည့် ကျားဖြူတစ်ကောင်ဖြစ်သည်။

ကောင်းဖန်က ဒါကို အစတုန်းကတော့ မလုပ်ချင်ခဲ့ပေ။ ဒီလို လုပ်ရပ်မျိုးက အရမ်း ရုတ်တရတ်ဖြစ်ပြီး အန္တရာယ်များတာကြောင့်ဖြစ်သည်။

ဒါပေမယ့် ကောင်းဖန်ကတော့ သူ့အနေနဲ့ အပြည့်အဝ စွမ်းဆောင်နိုင်မယ်လို့ ထင်ထားသည်။ ကျားဖြူသည် ၎င်း၏ အထောက်အထားကို ဖော်ထုတ်ရန် မလိုလားသောကြောင့် မဖော်ထုတ်တာ ဖြစ်နိုင်သည်။ ဂိမ်းကို ကောင်းဖန်က ဆက်လက်ပြီး ကစားနိုင်သည်။

သာမန်လူတွေကသာ ချစ်ဖို့ကောင်းသော ပိုင်ရှင်မဲ့ ကျားတစ်ကောင်ကို ဘာမှမစဉ်းစားပဲ ဖမ်းပြီး မွေးမြူကြမှာ ဖြစ်သောကြောင့်ပင်။

လက်ချောင်းများက ကျားဖြူ၏ မေးစေ့ကို ကလိနေလိုက်သည်။

ကျားဖြူ၏ မျက်လုံးများသည် လေးနက်နေပြီး အဝေးမှ တောင်တန်းများဆီသို့ စူးစူးရဲရဲ ကြည့်နေသည်။

ထို့နောက် မသိလိုက်ဘဲ သူ့လည်ချောင်းထဲကနေ မြည်သံတွေ ထွက်လာသည်။

မြည်သံတွေ ထွက်လာသည့်အခိုက်တွင် ကျားဖြူသည် သူ့အလိုလို ရပ်တန့်သွားသည်။ ရှက်ရွံ့ပြီး ဒေါသအရိပ်အယောင်တွေက သူ့မျက်လုံးတွင် တောက်ပလာသည်။

ထို့နောက် ကောင်းဖန်၏လက်များမှ ခုန်ထွက်လာပြီး ပျောက်ကွယ်သွားသည်။

ပြေးသွားတာလား..

ကောင်းဖန်ရယ်မောလိုက်သည်။

ထို့နောက် သူ့လက်ဖဝါးများကို ငုံ့ကြည့်ကာ ရှူရှိုက်လိုက်သည်။

“အနံ့မရှိဘူး”

သူသည် နတ်ဘုရားဘုရင် ကျားဖြူကို တယုတယပွတ်လိုက်ရသည်။ ဒီခံစားချက်....

အဝေးက သစ်ပင်တစ်ပင်ပေါ်မှာ ကျားဖြူလေးတစ်ကောင်ထိုင်နေပြီး ကောင်းဖန်ကို ငုံ့ကြည့်နေသည်။ ကောင်းဖန်က သူ့လက်တွေကို မြှောက်ပြီး အနံ့ခံလိုက်တာကို မြင်တော့ ကျားဖြူ တုန်လှုပ်သွားသည်။

၎င်းသည် ၎င်း၏ခြေသည်းကို မြှောက်ကာ ဒီလောကမှ အစွန်းအထင်းများကို ရှင်းပစ်တော့ဟု တွေးလိုက်သည်။

သို့သော် ခြေသည်းများက ကျမလာပေ။

ကောင်းဖန်ကို အကြာကြီးကြည့်ပြီးနောက် ကျားဖြူ ထွက်ခွာသွားလိုက်သည်။

တာ့ဇီသည် ကောင်းဖန်အနီးသို့ ချဉ်းကပ်ကာ ဦးခေါင်းကို ငုံ့လိုက်ပြီး ကောင်းဖန်၏ ပခုံးကို ဇွတ်အတင်းပွတ်ကာ “နင် ငါ့ကို မကုပ်ပေးတာကြာပြီ” ဟု ပြောလိုက်သည်။

“မင်းရဲ့အခွံက မာလာတယ်.. ငါ့အတွက် ကုပ်ခြစ်ရခက်တယ်ဟ” ကောင်းဖန်က ဒီလိုပြောလိုက်ပေမယ့် တာ့ဇီ၏ သန်မာတဲ့ခေါင်းကို ကုတ်လိုက်သည်။

“ကျားဖြူ..မင်း ပြန်လာပြီလား.. ငါနဲ့ အစိမ်းရောင်နဂါးနဲ့ ဆွေးနွေးပြီးသွားပြီ... ရပ်စဲခြင်းအမြစ်ကို တိုက်ဖျက်ဖို့ နဝမမြောက်ကောင်းကင်ဘုံ မှာရှိတဲ့ လူဟောင်းတွေနဲ့ ပူးပေါင်းသွားမယ်” ဟု ဟင်္သာပြဒါးငှက်က ကျားဖြူကို ပြောလိုက်သည်။

ကျားဖြူက ခေါင်းညိတ်လိုက်ပြီး “ မင်းတို့တွေ ဆုံးဖြတ်ချက်ချပြီးရင် ငါ့ကို အကြောင်းကြားလိုက်” ဟု ပြောလိုက်သည်။

နောက်တော့ ကျားဖြူ ပျောက်ကွယ်သွားပြန်သည်။

“ကျားဖြူ ဘာလို့ ထပ်ပြီး ထွက်သွားတာလဲ... ရပ်စဲခြင်းအမြစ်က ဖမ်းမိသွားရင် ဘယ်လိုလုပ်မလဲ” ဟင်္သာပြဒါးငှက်က မကျေမနပ်နဲ့ပြောလိုက်သည်။ “အဆင့်မြင့်တဲ့ တပ်ဖွဲ့တွေက အခုရှားပါးနေပြီ”

“သူ အဆင်ပြေမှာပါ” အစိမ်းရောင်နဂါးက ခေါင်းယမ်းကာ ပြောလိုက်သည်။ “ရပ်စဲမှုရဲ့ အမြစ်က သူ့ကို ဖမ်းလို့မရဘူး”

“မင်းက အမြဲတမ်းသူ့ဘက်ကပဲ..” ဟင်္သာပြဒါးငှက်က ဒေါသထွက်သွားသည်။

အစိမ်းရောင်နဂါးသည် တိတ်ဆိတ်နေသည်။

အစိမ်းရောင်နဂါး၏အပြုအမူကို မြင်သောအခါ မြင်လျှင်ဟင်္သာပြဒါးငှက်သည် ဒေါသထွက်လာပြန်သည်။

…

သုံးလကျော်သွားပြီ...

“ ကောင်းဖန်… ငါတို့ ဘယ်တော့ပြန်လို့ရမလဲ.. ငါအရမ်းပျင်းတယ်.. ကာတွန်းတွေ ကြည့်ချင်တယ်” ဟု အစင်းလေး၏ ခေါင်းပေါ်တွင် ထိုင်ရင်း တာ့ဇီက ငြီးငွေ့စွာပြောလိုက်သည်။

၎င်းသည် အလေးအနက်မလေ့လာခဲ့သောကြောင့် တရုတ်စာလုံးများကို မမှတ်မိပေ။ အစင်းလေးက သင်ပေးတဲ့အခါတိုင်း ဘာသာရပ်ကို ပြောင်းတတ်သည်။

“သည်းခံပြီး စိတ်ရှည်စမ်းပါ.. လိပ်နက်က သေသွားပြီဆိုတော့ ငါတို့က တရားခံဖြစ်သွားနိုင်တယ်... အဲဒါကြောင့် အခု လောလောဆယ် ငါတို့ ပြန်လို့ မရနိုင်သေးဘူး” ဟု ကောင်းဖန်က ကူကယ်ရာမဲ့စွာပြောလိုက်သည်။

ပထမနှစ်ရက်ကြာပြီးနောက် နောက်ဆုံးတွင် ဖြစ်ပျက်ခဲ့သည်များကို သူသိလိုက်ရသည်။ လိပ်နက်သည် ၎င်း၏ ကံကြမ္မာဆိုးမှ မလွတ်မြောက်နိုင်ခဲ့ပေ။

ကောင်းဖန်သည် အပြစ်ကို ခံယူချင်သည်ဖြစ်စေ မခံလုပ်ချင်သည်ဖြစ်စေ ခံရတော့မည် ဖြစ်သည်။

ထို့ကြောင့် ကျားဖြူ သူတို့ဆီ ရောက်လာတာ အံ့သြစရာ မရှိပေ။ ဒါပေမယ့် ကောင်းဖန်နားမလည်တာက ကျားဖြူက သူတို့ကို ဘာမှလုပ်မသွားခြင်း ဖြစ်သည်။

ကျားဖြူက ငါ့ကို လူကောင်းတစ်ယောက်လို့ ထင်သွားတာ ဖြစ်နိုင်ပါ့မလား..

“အိုး” တာ့ဇီက စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းငုံ့လိုက်သည်။

သူတို့ယူလာသမျှ လျှပ်စစ်စပစ္စည်းတွေက ဘက်ထရီကုန်သွားပြီး ကာတွန်းတွေလည်း ကြည့်လို့မရတော့ပေ။

ဂိုဒီသည် ကလေးပုံစာအုပ် ရေအနားသတ်၏ ဖျင်ရင်းဗားရှင်းကို ဖတ်နေသည်။

ခြင်္သေ့ဖြူသည် ကြမ်းပြင်ပေါ်တွင် လှဲနေသည်။ ၎င်းတွင် ကြောင်တိရစ္ဆာန်များ၏ စရိုက်လက္ခဏာများရှိပြီး နေပူထဲတွင် ရေချိုးရခြင်းကို နှစ်သက်သည်။ ကစားတာက အရေးမကြီးပေ။ ဆန္ဒရှိသရွေ့ တစ်နေကုန် အိပ်နေနိုင်သည်။

အလင်းလှိုင်းသည် ဆီလီနှင့် တူတူပုန်းတန်း ကစားနေသည်။ ဆီလီသည် ၎င်း၏ အာကာသစွမ်းအင်ကို အဆက်မပြတ် ရွေ့လျားရန် အသုံးပြုခဲ့သော်လည်း အလင်းလှိုင်းသည် အရိပ်များထဲသို့ ပေါင်းဝင်ကာ နေရာအရပ်ရပ်မှ ဆီလီ၏အရိပ်ကို ရှာဖွေနိုင်သည်။

ဂိုဒီက သူတို့ကို လှောင်ပြောင်လိုက်သည်။ နဂါးပုရွက်ဆိတ်သည် ဂိုဒီ၏ခန္ဓာကိုယ်ကို ဒေါသထွက်စေရန် ကင်းကောင်နှင့် စွမ်းအားပုံစံသို့ ပြောင်းလိုက်သည်။ ရိုက်နှက်ခံရခြင်းသည် ကင်းကောင် စည်းမျဉ်းကို ထိရောက်စွာ ထိန်းချုပ်နိုင်သည်။ ဒါက အလွန်မှော်ဆန်တဲ့ ဖြစ်စဉ်တစ်ခုဖြစ်သည်။

“မိုက်မဲတဲ့ဂိုဒီ...ငါရေချိုးပြီးတဲ့ အချိန်ခဏမှာ နင်က လှည့်ပတ်ပြေးနေတယ်.. နင်ဘယ်လိုများ ညစ်ပတ်နေပြန်ပြီလဲ.. ငါရေချိုးပြီးသွားပြီ.. ရေချိုးလိုက်” ဖလိန်မီ၏ အသံသည် အဝေးမှ ထွက်ပေါ်လာသည်။

ဂိုဒီသည် ချောင်းဟန့်လိုက်ပြီး ခေါင်းငုံ့ကာ လူတိုင်း၏ အကြည့်အောက်မှ ပြေးထွက်သွားသည်။

“ကောင်းဖန်... ငါဘက်ထရီကို အားသွင်းမယ်ဆိုရင် ဘယ်လိုလဲ” တာ့ဇီသည်ရုတ်တရက် စိတ်လှုပ်ရှားသွားသည်။

“ဒါကို မင်းဘယ်လိုလုပ်မှာလဲ”

“ဒါက ရိုးရိုးရှင်းရှင်းပဲလေ.. ငါက မိုးကြိုးနတ်ဘုရားပဲ.. ဘက်ထရီနည်းနည်းအားသွင်းတာ ဘာမှားလို့လဲ” တာ့ဇီသည် အလွန် စိတ်ဆိုးသွားသည်။ ကောင်းဖန်.. နင်က ငါ့ကို ဘယ်လိုလုပ်ပြီးသံသယဝင်ရတာလဲ.. ကောင်းဖန်က ဒါကို ခွင့်မပြုတာ စိတ်မဆိုးပေမယ့် ငါ့ကို သံသယဖြစ်တာကို ပိုဆိုးတယ်..

“နင်ပြောင်းလဲသွားပြီ..ကောင်းဖန်.. နင်က ငါ့ရဲ့ ပါးနပ်မှုကို အမြဲချီးမွမ်းတဲ့ ကောင်းဖန်မဟုတ်တော့ဘူး”

“မဟုတ်ဘူး.. မင်းရဲ့ ဆုံးဖြတ်ချက်က နည်းနည်းတော့ အလောတကြီးနိုင်တယ်လို့ငါထင်တာပါ... မင်းဘာလို့ ထပ်မစဉ်းစားတာလဲ” ကောင်းဖန်က လိမ္မာပါးနပ်စွာ နားချလိုက်သည်။

“ဘာမှ စဉ်းစားစရာမလိုဘူး”

ဆယ်မိနစ်လောက်ကြာသွားသောအခါ ဘက်ထရီသည် ဆူညံသံများထွက်လာပြီး ၎င်း၏အစွန်းနှစ်ဖက်မှ မီးခိုးများ ထွက်လာသည်။

တာ့ဇီသည် ကောင်းဖန်ကို အပြစ်ရှိစွာ ကြည့်လိုက်သည်။

ကောင်းဖန်သည် ၎င်းအား အပြစ်တင်ပုံမပေါက်ကြောင်း သဘောပေါက်သွားသောအခါမှ “ဘာလို့ စောစောက ငါ့ကို မတားခဲ့တာလဲ” ဟု မေးလိုက်သည်။

“???”

ငါတားရင်တောင် မင်းက တိတ်တိတ်လေး စမ်းကြည့်မှာပဲ..

ကောင်းဖန်သည် ဤငမိုက်သားနှင့် ငြင်းခုံဖို့ရန် ပျင်းလွန်းသောကြောင့် သူသည် ယခင်က အကြိမ်ရာနှင့်ချီ၍ ပြောခဲ့သည့်အတိုင်း “နောက်တစ်ကြိမ် မင်းကို ငါ သေချာပေါက် တားလိုက်မယ်” ဟု ပြောလိုက်သည်။

တာ့ဇီက ကောင်းဖန်ကို နောက်ထပ်အောင်ပွဲတစ်ခု ထပ်ရသွားသလိုမျိုး ဂုဏ်ယူစွာနဲ့ ခေါင်းကို မော့လိုက်သည်။

အခုတော့ ဘက်ထရီကို ချိုးဖျက်ခြင်းကဲ့သို့ အသေးစားပြဿနာသည် သိသာထင်ရှားတော့မည်မဟုတ်ပေ။

ထိုစဉ် နေရာလွတ်သည် ပုံပျက်သွားသည်။ ဆီလီက တာ့ဇီ၏ မျက်နှာကို ရိုက်လိုက်ကာ ချက်ချင်းပျောက်ကွယ်သွားသည်။

***

သားရဲလေ့ကျင့်သူ

အခန်း ၈၄၇ အကြို

“ဆီလီ... နင်က အရူးပဲ” တာ့ဇီက ဒေါသတကြီးပြောလိုက်သည်။

ထိုစဉ် ကျယ်လောင်သော ဝှေ့ရမ်းသံကို ကြားလိုက်ရသည်။

အလင်းလှိုင်းသည် တာ့ဇီ၏ ပခုံးပေါ်တွင် တိတ်တဆိတ် ပေါ်လာပြီး ၎င်း၏ မျက်လုံးလေးများသည် ရိုးသားမှုဖြင့် ပြည့်နှက်နေသည်။ “တာ့ဇီ.. ဆီလီကို အတူတူလိုက်ကြရအောင်”

တာ့ဇီက ခေါင်းငုံ့ထားသည်။ “ငါက ကလေးမဟုတ်ဘူး.. ငါ့အသက် အသက်တစ်နှစ် ပြည့်ပြီးထဲက ကောင်းဖန်နဲ့တောင် ဒီလို တူတူပုန်းတန်းကို မကစားတော့ဘူး”

ကောင်းဖန်၏ မျက်လုံးများသည် ရှုပ်ထွေးမှုများ ပြည့်နှက်သွားသည်။ “ငါ မင်းနဲ့ မကစားဖူးပါဘူး.. မင်းကပဲ မသိနိုင်တဲ့ နေရာတွေမှာ အမြဲ ပုန်းနေတာ... မင်းက ညစာစားတဲ့ အချိန်မှာပဲ ပေါ်လာတတ်တာ”

“ငါ ဂရုမစိုက်ဘူး.. နင် ငါနဲ့ ကစားခဲ့တာ အမှန်ပဲ” တာ့ဇီက ဟစ်အော်လိုက်သည်။

အလင်းလှိုင်းက ခေါင်းကုတ်လိုက်သည်။ တာ့ဇီက ဘာလို့ ပိုပြီးထူးဆန်းလာတာလဲ...

“ထားလိုက်တော့” အလင်းလှိုင်းသည် ဆီလီနောက်ကို ဆက်လိုက်သွားသည်။

ကောင်းဖန်၏ ရင်ဘတ်သည် ရုတ်တရက် နာကျင်လာသည်။ သူ ခေါင်းငုံ့လိုက်သည်နှင့် သူ့ရင်ဘတ်ပေါ်တွင် အသက်ဝင်သော အမှတ်အသားတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ ထိုအရာက အနက်ရောင်အလင်းတန်းများဖြင့် တောက်ပနေသည်။

ဤအနက်ရောင်အလင်းသည် အလွန်ပြင်းထန်ပြီး အပြင်သို့ ဖြာထွက်နေသည်။

ကောင်းဖန်သည် သူ့ရင်ဘတ်တွင် နာကျင်မှုကို ခံစားလိုက်ရသည်။ ဒါက...

“ခံစားရလား...သခင်” ခြင်္သေ့ဖြူသည် ၎င်း၏ မျက်ခွံများကို မြှင့်လိုက်သည်။

ပင်လယ်ဝတုတ်သည် အပျင်းဆန့်လိုက်သည်။ “ကောင်းဖန်... ငါတို့ကို ဆင့်ခေါ်နေတယ်”

“ဒါက တကယ်ကို မနှစ်မြို့စရာ ခံစားချက်ပါပဲ” ပင်လယ်ဝတုတ်က ပြောလိုက်သည်။

အလင်းတန်းဒြပ်စင်ကမ္ဘာကို အနက်ရောင်မြူလှိုင်းများဖြင့် ဖုံးလွှမ်းထားသည်။ မြူခိုးများက ဆက်တိုက် လူးလွန့်နေကာ အလွန်ပြင်းထန်သော ရောင်ဝါ ထုတ်လွှတ်သည်။

နက်ရှိုင်းပြီး ကျယ်လောင်သော တိရိစ္ဆာန်အော်သံသည် အလင်တန်းဒြပ်စင်ကမ္ဘာတစ်ခွင်တွင် ကျယ်လောင်စွာ မြည်ဟီးသွားသည်။

သားရဲနှစ်ကောင်သည် အာကာသလမ်းကြောင်းရှေ့တွင် ရန်ဖြစ်နေကြပြီး ဝင်ပေါက်ကို ပိတ်ဆို့ထားသည်။

ကောင်းဖန်သည် ပင်လယ်ဝတုတ်ပေါ်တွင် တိုက်ခိုက်နေသော သားရဲနှစ်ကောင်ကို ထိုင်ကြည့်နေလိုက်သည်။

ပင်လယ်ဝတုတ် ပေါ်လာသည်နှင့် တပြိုင်နက် ကြောက်မက်ဖွယ်ရာ အအေးဓာတ်သည် အာကာသတစ်ခုလုံးသို့ ကျရောက်သွားသည်။

အနီးနားရှိ သားရဲများအားလုံး အေးစက်သော ချောက်ထဲသို့ ကျသွားသလို ခံစားလိုက်ရသည်။ သူတို့၏ ခန္ဓာကိုယ်များသည် အေးခဲနေပြီး အမည်မသိသော ထိတ်လန့်မှုဖြင့် ထိတ်လန့်သွားကြသည်။

သားရဲ၏ဟိန်းဟောက်သံသည် ပျောက်ကွယ်သွားပြီး အရာအားလုံးသည် ချက်ခြင်းငြိမ်သွားသည်။

သားရဲများအားလုံး တုန်လှုပ်ကာ မြေပြင်ပေါ်တွင် ဒူးထောက်လျက် တုန်တုန်ယင်ယင်နှင့် ကောင်းဖန်ကို စိုက်ကြည့်နေကြသည်။

ဒီခံစားချက်က တော်တော်ကောင်းတယ်..

ကောင်းဖန်၏ နှုတ်ခမ်းက ပြုံးနေသည်။ သူက ပင်လယ်ဝတုတ်၏ ခေါင်းကို ဘယ်လက်နှင့် ပုတ်လိုက်သည်။ “ကလေးတွေ ကြောက်အောင် မလုပ်ပါနဲ့”

ပင်လယ်ဝတုတ်သည် စိတ်ခံစားချက်မဲ့စွာ လှည့်ပတ်ကြည့်ရင်း ၎င်း၏နှုတ်ခမ်းထောင်များသည် မသိမသာပွင့်သွားကာ စူးရှထက်မြက်သော သွားတန်းများက လူတိုင်းကို ကြက်သီးထစေသည်။

“ရှေ့ကနေဖယ် ကလေးတွေ မဟုတ်ရင် ဦးလေး ညစာစားလိုက်တော့မှာ” ပင်လယ်ဝတုတ်က ပါးနပ်သော အပြုံး၊ အသံမြင့်နှင့် ရက်စက်စွာ ပြောလိုက်သည်။

ရုတ်တရက် ဆင်းသက်လာသည့် တန်ခိုးကြီးနတ်ဆိုးတစ်ကောင်ကို မြင်လိုက်ရသလိုပဲ သားရဲတွေက ကြောက်လန့်တကြားနှင့် ထွက်ပြေးသွားကြသည်။

“ဒါက နောက်ထက် အကောင်ကြီးကြီးပဲ” နက်ရှိုင်းသော အာကာသအတွင်း စွမ်းအားကြီးသတ္တဝါအုပ်စုတစ်စုသည် ပင်လယ်ဝတုတ်၏ ဦးတည်ရာဆီသို့ လှမ်းကြည့်နေကြသည်။

“အရမ်း မာနကြီးတယ်”

“ဒါပေမယ့်လည်း အရမ်းသန်မာတယ်”

“…”

ရုတ်တရက်ပင် အဝေးကနေ အသံတိုးတိုးလေးပေါ်လာသည်။

မရေမတွက်နိုင်သော အပြာရောင် သွားများနှင့် ခြေသည်းများသည် လှိုင်းလုံးကြီးများ၏ အလယ်ဗဟိုတွင် လှုပ်လှုပ်ရှားရှား ဖြစ်နေသည်။ ရာဇပလ္လင်ကို ရေဒြပ်စင်ဖြင့် ပြုလုပ်ထားပြိး ပလ္လင်ထိပ်မှာ အိပ်မက်ဆိုးတစ်ခုလို ကြီးမားသည့် အပေါက်ကြီးတစ်ခုပါတဲ့ သားရဲကြီးတစ်ကောင် ထိုင်နေသည်။

“အားနည်းတဲ့ကောင်တွေ လမ်းကနေ ထွက်သွား” ပင်လယ်ဝတုတ်က ကြီးစိုးသော လေသံဖြင့် ပြောလိုက်သည်။

ပင်လယ်ဝတုတ်၏မောက်မာမှုကိုမြင်သောအခါ ထိုနတ်ဘုရားများသည် ဝမ်းချုပ်နေသောအကြည့်ဖြင့် ကြည့်နေကြသည်။ သူတို့သည် ဒေါသကြီးသော်လည်း နှုတ်ဆိတ်နေကြသည်။

သူတို့အောင်နိုင်ရင် သေချာပေါက် တိုက်ခိုက်ပြီးပြီဖြစ်သည်။ ဒါပေမယ့် ပြဿနာက သူတို့သည် တိုက်ပွဲမှာ မအောင်နိုင်ပေ။

၎င်းတို့သည် အခြေခံအဆင့်နှင့် အလယ်အလတ်နတ်ဘုရားများသာဖြစ်ပြီး အဆင့်မြင့်နတ်ဘုရားများ မဟုတ်ကြောင်းကို ကောင်းဖန်ထူးထူးခြားခြားမြင်တွေ့ရသည်။

သို့သော် သားရဲများနောက်တွင် ခရမ်းရောင် နက်ရှိုင်းသည် ဝဲဂယက်ကြီး လည်နေတာကို ကောင်းဖန် တွေ့လိုက်ရသည်။

အဆင့်မြင့်နတ်ဘုရားများသည် ခရမ်းရောင်ဝဲဂယက်နောက်ရှိ အာကာသထဲသို့ ဝင်ရောက်သွားပုံရသည်။

ပင်လယ်ဝတုတ်ထိပ်မှာ ထိုင်နေသည့် ကောင်းဖန်ကို ဒီသတ္တဝါတွေက နီးကပ်လာချိန်မှာပဲ မြင်လိုက်ရသည်။

အရမ်းငယ်တယ်...

ဒါကကောင်းဖန်ကိုတွေ့လိုက်ရသည့် အများစု၏ ပထမဆုံး ခံစားချက်ဖြစ်သည်။

အချို့သောနည်းလမ်းများဖြင့် လူတစ်ဦး၏အသက်ကို သက်တမ်းရှည်ရန် သို့မဟုတ် ငယ်ရွယ်နုပျိုစေရန်ပင် ဖြစ်နိုင်သော်လည်း လူသားများသည် ၎င်းတို့၏ ခံစားချက်ကိုတော့ အတုမလုပ်နိုင်ပေ။

ဤနတ်ဘုရားများတွင် လင်းမျိုးနွယ်စုမှ သန်မာသူအနည်းစုလည်း ပါဝင်သည်။

ရပ်စဲခြင်းအမြစ်၏ ဘက်တွင်နေရန် အလောင်းအစားလုပ်လိုသည့် အတွေးအမြင်လည်း လိုအပ်သည်။ ဖီးနစ်ရဲ့အဆုံးထက် ကြက်ခေါင်းဖြစ်ရတာက ပိုကောင်းသည်။

တခြားသားရဲများ မပါဝင်တာကြောင့် ဒီကြက်ခေါင်းမှာ သူတို့ရဲ့ သားရဲတွေသာ ပါဝင်သည်။

ဒါပေမယ့် ဒါက ဘာလဲ... အဆင့်မြင့်နတ်ဘုရား သားရဲလေ့ကျင့်သူက ဘယ်ကလာတာလဲ...

ဘာလို့ သူ့အကြောင်း မကြားဖူးတာလဲ...

ဤ လင်းမျိုးနွယ်စု သားရဲလေ့ကျင့်သူများသည် ပြင်းထန်သော အပြုံးများ ရှိကြသည်။ ပင်လယ်ဝတုတ်၏ ထိပ်မှာထိုင်နေသည့် ကောင်းဖန်က ကြည့်လိုက်တော့ ဝဲဂယက်ဥမင်လိုဏ်ခေါင်းထဲကို ဝင်လာသည့် သူ့ကို ကြည့်နေကြသည်ကို တွေ့လိုက်ရသည်။

အဆင့်မြင့်နတ်ဘုရားအဆင့်နှင့် အထက်ရှိသူသာလျှင် ဝဲဂယက်နောက်မှ ကမ္ဘာသို့ဝင်ရောက်ရန် အရည်အချင်းရှိသည်။

ဝဲဂယက်ထဲကို ဝင်သွားပြီးနောက် မျက်လုံး ၁၃ စုံက သူ့ကို ပြင်းပြင်းထန်ထန် ကြည့်နေသည်။

ကောင်းဖန်နှင့် ပင်လယ်ဝတုတ်၏ ထွက်သက်ကို အာရုံခံပြီးနောက် အဝေးကို လှမ်းကြည့်လိုက်သည်။

၎င်းတို့သည် အဆင့်အနိမ့်ဆုံး အဆင့်မြင့်ဘုရား ၁၃ ကောင်ဖြစ်သည်ဟုလည်းဆိုလိုသည်။

၎င်းတို့အနက် အထင်ရှားဆုံးမှာ ထိပ်ဆုံးရှိ နတ်ဘုရား ၃ ကောင်ဖြစ်သည်။ ဘယ်ဘက်တွင် ကမ္ဘာပျက်သုန်းခြင်းသိုး၊ ညာဘက်တွင် အလင်းခေတ်ဧကရာဇ် သမင်ဖြစ်ပြီး အလယ်တွင် သူပုန်သွေးဖီနစ်တို့ ရှိသည်။

ဤသုံးကောင်တို့သည် နတ်ဘုရားဘုရင်များဖြစ်ပြီး ကျန်သူများသည် အဆင့်မြင့်နတ်ဘုရားများ ဖြစ်သည်။

“ငါတို့ကို ဘာလို့ ဒီကို ခေါ်လာတာလဲ ငါတောင်မသိလိုက်ဘူး” ကောင်းဖန်က သူ့ကိုယ်သူ ငြီးတွားလိုက်သည်။

ကောင်းဖန် ခေါင်းကိုက်သွားသည်။ သူ၏ ယခင်တွေ့ဆုံမှုမှ ရပ်စဲခြင်းအမြစ်တွင် ဉာဏ်မရှိသည်ကို တွေ့ရှိခဲ့ရသည်။

သူ့မှာ ဗီဇပဲရှိသည်။ ၎င်းသည် ကောင်းကင်ဘုံနှင့် ဆင်တူသော လက္ခဏာတစ်မျိုးဖြစ်သည်။

ကမ္ဘာပျက်သုဉ်းခြင်းသိုးသည် မြေပြင်ပေါ်တွင် ရိုသေစွာ ဒူးထောက်ထားပြီး ရပ်စဲခြင်းအမြစ်ကို မျှော်ကြည့်နေသည်။

အချိန်အတော်ကြာပြီးနောက် ကမ္ဘာပျက်သုဉ်းခြင်းသိုးသည် တစ်ဖန်ပြန်ကြည့်ကာ “ကမ္ဘာကြီးရဲ့အဆုံးသတ်က ရပ်တန့်လို့မရဘူး.. ဒါက နောက်ပြန်လှည့်လို့မရတဲ့ လမ်းကြောင်းတစ်ခုပဲ.. လမ်းကြောင်းကို ပြောင်းပြန်လှန်ချင်တဲ့ တည်ရှိမှုအားလုံးက ကံကြမ္မာရဲ့ အရှိန်အဟုန်ကြောင့် ကွဲသွားလိမ့်မယ်” ဟု ပြောလိုက်သည်။

ကောင်းဖန်သည် ပို၍ပင် ခေါင်းကိုက်သွားသည်။

သိုးက ဘာလို့ ဘာသာရေးခေါင်းဆောင်တစ်ဦးလို အသံထွက်နေတာလဲ..

“အရာရာတိုင်းက အဆုံးရှိကြပြီး ကံကြမ္မာနဲ့ ကံကို ကျွန်တော်တို့ လိုက်နာကြပါတယ်” ဟု ကမ္ဘာပျက်သုန်းခြင်းသိုးက ဖြည်းညှင်းစွာ ပြောလိုက်သည်။ “ရပ်စဲခြင်းအမြစ်ကနေ အတိုက်အခံတွေ ရှိလာမယ်ဆိုတာ ကျွန်တော် သင်ယူခဲ့ရတယ်... သူတို့ကို တားဖို့ လိုအပ်တယ်.. ကြီးမြတ်တဲ့ ရပ်စဲခြင်းအမြစ်က ကမ္ဘာကြီးကို ဖျက်ဆီးတဲ့အခါ ကျွန်တော်တို့လဲ အမြစ်နဲ့အတူတကွ လွတ်မြောက်ကြလိမ့်မယ်”

ဘာပြောတာလဲ..

ကောင်းဖန်သည် မျက်လုံးများကို မှိတ်ထားလိုက်သည်။

သူ့ အဆိုအရ ရပ်စဲခြင်း၏အမြစ်ကိုဆန့်ကျင်ဖို့ စုစည်းထားတဲ့ လူအချို့ရှိပြီး အဲဒီလူများကို သူတို့က ရပ်တန့်ဖို့ လိုအပ်တာလား..

“ဒါပေမယ့် ငါတို့နဲ့ ဒီလူနည်းနည်းပဲ လုံလောက်ပါတယ်.. “ ကောင်းဖန်က စဉ်းစားလိုက်သည်။

လိပ်နက်အပြင် မြင့်မြတ်သော သားရဲလေးကောင်တွင် သုံးကောင်ဖြစ်သည့် အစိမ်းရောင်နဂါး၊ ကျားဖြူနှင့် ဟင်္သာပြဒါးငှက်တစ်ကောင်လည်း ရှိသေးသည်။ ၎င်းတို့သည် အခြားအုပ်စုများနှင့် ရှစ်တိတွင် ဖုံးကွယ်ထားနိုင်သည့် ရှေးဟောင်းသားရဲများကို ရည်ညွှန်း၍မရသော နတ်ဘုရားဘုရင်သုံးကောင်လဲဖြစ်သည်။

“ငါ အကောင်းမြင်တယ်ဆိုရင်တောင် ဒီကိန်းဂဏန်းတွေက ငါ့လက်ဆယ်ချောင်းထက် ကျော်လွန်သွားပြီ” ကောင်းဖန်က သူ့ခေါင်းထဲမှာ အော်ပြောလိုက်သည်။

အကယ်၍ ထိုသို့ဖြစ်လာပါက ရပ်စဲခြင်းအမြစ် နောက်လိုက်များ၏အနာဂတ်က မရှိပေ။

“ငါတို့ကသာ ဒီကောင်တွေကို နဝမမြောက်ကောင်းကင်ဘုံကနေ တားဖို့ ကြိုးစားနေတာလား... ငါတို့ရဲ့ ခွန်အားနဲ့ဆို ကိုယ့်ကိုယ်ကိုယ် သတ်သေသလို ဖြစ်လိမ့်မယ်” ဟု သူပုန်သွေးဖိနစ်က ဆိုလိုက်သည်။ “ပြီးတော့ မျက်နှာပြင်ပင်လယ် ဂြိုလ်ပေါ်က အင်အားကြီးတွေလည်း ပါ၀င်နေတယ်လို့ ပြောတယ်”

“ငါတို့ တိုက်ရိုက်လုပ်စရာ မလိုပါဘူး” ကမ္ဘာပျက်သုဉ်းခြင်းသိုးသည် ၎င်း၏မျက်လုံးများကိုဖွင့်လိုက်သောအခါ ၎င်း၏ အဖြူရောင် မျက်ဝန်းများသည် စိမ်းသွားသည်။ “သူတို့ကို နောက်ကွယ်ကနေပဲ တိုက်ခိုက်ဖို့လိုတယ်.. သူတို့ကို တိုက်ခိုက်တဲ့အခါ တစ်ခုခုတော့ လုပ်ရမယ်”

***

သားရဲလေ့ကျင့်သူ

အခန်း ၈၄၈ သူပုန် သွေးဖီးနစ်

“ဘာလုပ်စရာရှိလို့လဲ.. ငါတို့ကို တည့်တည့်ပြော... ဒီနွားအိုကြီးက မင်းတို့လောက် ဉာဏ်မမီဘူး”ဟု နွားနှင့်တူသည့် အဆင့်မြင့် နတ်ဘုရားက ပြောလိုက်သည်။

“ဒီအင်အားကြီးမဟာမိတ်တွေက ရပ်စဲခြင်းအမြစ်ကို ခိုးကြောင်ခိုးဝှက်တိုက်ခိုက်ကြလိမ့်မယ်.. ဒါပေမဲ့ ဒီအချိန်က သူတို့ကမ္ဘာရဲ့ အစောင့်အကြပ်အနည်းဆုံးဖြစ်တယ်” ဟု ကမ္ဘာပျက်သုန်းခြင်းသိုးမှ တိုးတိုးတိတ်တိတ်ပြောလိုက်သည်။ “ဒါကြောင့် ငါတို့က သူတို့မွေးရပ်မြေကို ဖျက်ဆီးလိုက်မယ်”

“အကြံကောင်းတယ်... ဒီနည်းနဲ့ ပြန်ဆုတ်ရလိမ့်မယ်” ဟု နွားအိုကြီးနတ်ဘုရားက ကျယ်လောင်စွာပြောလိုက်သည်။

“မဟုတ်ဘူး.. အဲဒါက ပန်းတိုင်မဟုတ်ဘူး…” ဟု ကမ္ဘာပျက်သုန်းခြင်းသိုးက ဝမ်းနည်းစွာ ပြန်ဖြေလိုက်သည်။

“ဒါဆို ငါတို့က သူတို့ရဲ့ ကမ္ဘာကို ဖျက်ဆီးဖို့ သူတို့ရဲ့ အခြေစိုက်စခန်းကို ဆင်းရမှာလား.. ကမ္ဘာကြီး ပျက်စီးလေလေ.. ရပ်စဲခြင်းအမြစ် အားကောင်းလေလေပဲ.. ဒီလိုနည်းနဲ့ဆိုရင် တိုက်ပွဲတွေ မရပ်နိုင်တော့သလို ပြန်လည်မလာနိုင်တော့ဘူး” ဟု ကောင်းဖန်က တည်ငြိမ်စွာပြောလိုက်သည်။

ဟမ်..

ကမ္ဘာပျက်သုဉ်းသိုးသည် ကောင်းဖန်အား မှတ်မှတ်ထင်ထင်ဖြစ်သွားသည်။

“ဒါက ဖွဲ့စည်းခြင်းပဲ... နတ်ဘုရားဘုရင်က အဓိကဖွဲ့စည်းခြင်းဆိုရင် အဆင့်မြင့်နတ်ဘုရားက အုတ်မြစ်နဲ့ အခြား အခြေခံအဆင့် နတ်ဘုရားရဲ့ အထောက်အပံ့အဖြစ် လိုအပ်တယ်.. ဒီဖွဲ့စည်းခြင်းကြောင့် ကမ္ဘာက အဆုံးသတ်ရလိမ့်မယ်” ဟု ကမ္ဘာ့ပျက်သုန်းခြင်းသိုးက ယုံကြည်စိတ်ချစွာ ပြောဆိုလိုက်သည်။

“ငါတို့က နဝမမြောက်ကောင်းကင်ဘုံကို သွားဖို့နှစ်ဖွဲ့နဲ့ မျက်နှာပြင်ပင်လယ်ကို သွားဖို့ တစ်ဖွဲ့ အားလုံးသုံးဖွဲ့ခွဲဖို့လိုအပ်တယ်” ဟု ကမ္ဘာ့ပျက်သုန်းခြင်းသိုးက ဆက်ပြောလိုက်သည်။

ကောင်းဖန်၏နှလုံးသည် အနည်းငယ်တုန်ခါသွားသည်။ လောလောဆယ်တွင် လူသားမျိုးနွယ်၏ အခြေစိုက်စခန်းသည် မျက်နှာပြင်ပင်လယ်ဂြိုလ်ပေါ်တွင် ရှိနေသည်။

သွေးအေးသည်ဟုထင်ရသော်လည်း ကောင်းဖန်သည် နဝမမြောက်ကောင်းကင်ဘုံအတွက်အတွက်တော့ ခံစားချက် မရှိပေ။ အကယ်၍ ပျက်စီးသွားပါက ဖြစ်သွားပြီလောက်ပြီပင်။ သို့သော် မျက်နှာပြင်ပင်လယ်သည် ယခုအခါ လူသားမျိုးနွယ်၏ အခြေဆိုက်စခန်းဖြစ်နေသည်။ သူ့ ဆွေမျိုး မိတ်ဆွေတွေ အားလုံးရှိနေသည်။ သူ ဘယ်လို ဖျက်စီးပစ်နိုင်မည်နည်း။

“နဝမြောက်ကောင်းကင်ဘုံကို ကောင်းကင်ဘုံနဲ့ မဟာယာနဆယ်ပါးလို့ ပိုင်းခြားထားတာကြောင့် အုပ်စုနှစ်စုကို တစ်ပြိုင်နက်တည်း ဆောင်ရွက်ဖို့လိုအပ်တယ်... ဂြိုလ်များစွာပါဝင်တဲ့ မျက်နှာပြင်ပင်လယ်မှာရှိတဲ့ ဂြိုလ်ငယ်လေးတွေကို တတ်နိုင်သမျှ ဖျက်ဆီးပစ်လိုက်ပါ.. အပြာရောင်သမင်နဲ့ ငါက နဝမမြောက်ကောင်းကင်ဘုံ အတွက်အဖွဲ့ကို ဦးဆောင်မယ်... မျက်နှာပြင်ပင်လယ်အတွက် ဖီးနစ်... မင်းက အဲဒီအဖွဲ့ကို ဦးဆောင်နိုင်တယ်” ဟု ကမ္ဘာပျက်သုန်းခြင်းသိုးက သူပုန်သွေးဖီနစ်ကို ပြောလိုက်သည်။

သူပုန်သွေးဖီနစ်သည် ဤဆုံးဖြတ်ချက်အားလုံးကို သဘောတူညီပြီး ခေါင်းညိတ်ပြလိုက်သည်။

“စကားမစပ် မင်းက လင်းမျိုးနွယ်စုကလား” ကမ္ဘာပျက်သုဉ်းခြင်းသိုးသည် ကောင်းဖန်ကို ရုတ်တရက်ကြည့်ပြီး မေးလိုက်သည်။

လင်းမျိုးနွယ်စု...

“မဟုတ်ဘူး.. ငါက လူသားပါ” ဟု ကောင်းဖန်က ရှင်းပြလိုက်သည်။

“အို.. ဒါလည်း အတူတူပါပဲ... ဘာပဲဖြစ်ဖြစ် အားလုံးက အတူတူပါပဲ.. မင်းတို့တွေ နဝမမြောက် ကောင်းကင်ဘုံမှာနေခဲ့တာ မှတ်မိတယ်.. ဒါကြောင့် မင်းကိုအဲဒီမှာ မထားပါဘူး.. သူပုန်သွေးဖီးနစ်နဲ့ မျက်နှာပြင်ပင်လယ်ကို သွားနိုင်တယ်” ဟု ကမ္ဘာပျက်သုန်းခြင်းသိုးက ကောင်းဖန်ကို တည့်တည့်စိုက်ကြည့်ရင်း ယုံကြည်မှုအပြည့်နှင့် ပြောလိုက်သည်။ ကောင်းဖန်၏မျက်နှာပေါ်ရှိအမူအရာက သိုးကို သံသယ တစ်စုံတစ်ရာ ဖြစ်စေပါက ၎င်းသည် ချက်ချင်းပင် သူ့ကိုထုတ်ပစ်ရန် ကြိုးစားမည်ဖြစ်သည်။

ကောင်းဖန်အနည်းငယ် စိတ်ရှုပ်သွားသည်။ လူသားများနှင့် လင်းမျိုးနွယ်တို့သည် နဝမမြောက်ကောင်းကင်ဘုံတွင် အတူတကွ နေထိုင်ခဲ့သည်မှာ လွန်ခဲ့သည့် နှစ်ပေါင်း ၁ သောင်းခန့်မှ ဖြစ်သည်။ အချိန်ရဲ့ သဘောတရားက နည်းနည်းတော့ ယုတ္တိမရှိပေ။

ဒါပေမယ့် ဒါက သူလိုချင်တာ အတိအကျပဲမို့ ကောင်းဖန်က သဘောတူပြီး ခေါင်းညိတ်လိုက်သည်။

“ငါတို့ဘယ်တော့သွားမှာလဲ” သူပုန်သွေးဖီးနစ်က မေးလိုက်သည်။

“မကြာခင်... သူတို့ရောက်တာနဲ့ ငါတို့ ထွက်သွားမှာပါ” ဟု ကမ္ဘာပျက်သုန်းခြင်းသိုးက က ပြန်ပြောလိုက်သည်။

ထိုစဉ် ဆက်တိုက်ပေါက်ကွဲသံနှင့်အတူ ညကောင်းကင်ယံတွင် လျှပ်စီးလက်ပြီး အဝေးတစ်နေရာမှ လျှပ်တစ်ပြက် လင်းလက်သွားသည်။

ကောင်းကင်တွင် လမ်းကြောင်းတစ်ခုကို ထွင်းထုထားပြီး မရေမတွက်နိုင်သော ကြောက်မက်ဖွယ်ကောင်းသော လေသံများသည် အဝေးမှ ဆင်းသက်လာသည်။

“အခုအချိန်ရောက်ပြီ.. သူတို့ကို မထိမိပါစေနဲ့” ဟု ကမ္ဘာပျက်သုန်းခြင်းသိုးက တိုက်တွန်းလိုက်သည်။

[သားရဲ အမည်] - သူပုန်သွေး ဖီးနစ်

[သားရဲအဆင့်] - နတ်ဘုရားဘုရင်

[စည်းမျဉ်းထိန်းချုပ်မှု] - ဖီးနစ်မီးတောက် စည်းမျဉ်း ၆၇ ရာခိုင်နှုန်း၊ ကုသမှုစည်းမျဉ်း ၇၀ ရာခိုင်မှုန်း၊ လောင်ကျွမ်းမှု စည်းမျဉ်း ၅၆ ရာခိုင်နှုန်း

[သားရဲ စွမ်းရည်ဆင့်] - ထာဝရ

[အထူးသွင်ပြင်လက္ခဏများ] - ???

အလင်းဒြပ်စင်ကို နေရာလွတ်ထဲတွင် ထားခဲ့လိုက်ပြီး ကောင်းဖန်သည် သွေးစာချုပ်မှတစ်ဆင့် ဒန်ဘီကို တိတ်တိတ်ဆိတ်ဆိတ် ခေါ်လိုက်သည်။

သို့သော် သူတို့ကြားက အလွန်အလှမ်းဝေးတာ ဖြစ်နိုင်တာကြောင့် ဒန်ဘီက အကြောင်းမပြန်ပေ။

ဂြိုလ်အတားအဆီးကို ဖြတ်ကျော်ပြီး ဖရိုဖရဲဖြစ်နေသော နေရာသို့ တိုက်ရိုက်ဖြတ်ကျော်ကာ အဝေးကို လှမ်းကြည့်လိုက်လျှင် စပျစ်သီးနှင့်တူသော အစုအဝေးကြီးတစ်ခု ပရမ်းပတာ ကြီးထွားလာသည်ကို တွေ့နိုင်သည်။

ရံဖန်ရံခါ အာကာသရှိ သတ္တဝါအချို့သည် ငါးအနံ့ခံနေသော ငါးမန်းများနှင့်တူသည်။

သူပုန်သွေးဖီနစ်သည် အာကာသရှိ သားရဲများကို မရေမတွက်နိုင်သော မီးတောက်များဖြင့် တခဏချင်း ပြာသွားစေသည်။

အဝေးတွင် အလွန်နီးကပ်မလာသေးသည့် သားရဲကြီး၏အမြီးသည် တရွေ့ရွေ့ရွေ့လျားကာ ဦးတည်ရာကို ပြောင်းကာ တတ်နိုင်သမျှ မြန်မြန် ပျံသန်းသွားသည်။

လွယ်ကူစွာပင် ၎င်း၏ချွန်ထက်သောခြေသည်းနှစ်ချောင်းဖြင့် သူပုန်သွေးဖီးနစ်သည် ၎င်းရှေ့ရှိ ကမ္ဘာ၏ကွာဟချက်ကို ဆုတ်ဖြဲပစ်လိုက်သည်။

၎င်းတို့သည် ကွာဟချက်ထဲသို့ ဝင်ရောက်လာသောအခါ နောက်ဆုံးတွင် ဒန်ဘီက ပြန်ဖြေလာသည်။

“သခင်... သတင်းဆိုးရှိတယ်.. ကျွန်တော့်ဆရာနဲ့ ကျန်တဲ့သူတွေက ရပ်စဲခြင်းအမြစ်ကို တိုက်ထုတ်ဖို့ တွန်းအားပေးကြတယ်လို့ ကြားတယ်” ဒန်ဘီ၏ အသံက အလျင်စလိုဖြစ်နေသည်။

“ဟုတ်တယ်... ငါသိပါတယ်” ဟု ကောင်းဖန်က နှုတ်ထွက်လေသံနဲ့ ပြောလိုက်သည်။

“သခင်သိတာလား”

“ဟုတ်တယ်… နားထောင် မသေသောနတ်ဘုရားစနစ်က အားကြီးသူ ဘယ်နှစ်ယောက်လောက်ကို အခုဆက်သွယ်နိုင်ပြီလဲ” ဒန်ဘီကိုမေးပြီးနောက် ကောင်းဖန်က ကမ္ဘာပျက်သုဉ်းခြင်းသိုးကို သတ်မည့်၎င်း၏အစီအစဉ်ကို ပြောပြလိုက်သည်။

“ဆရာက ပြင်ထားပြီးသားပါ.. ဆရာကလွဲပြီး မသေသော နတ်ဘုရားစနစ်မှာ အဆင့်မြင့် နတ်ဘုရားနှစ်ယောက်ပဲရှိတယ်” ဟု ဒန်ဘီက လျင်မြန်စွာပြောလိုက်သည်။

“သူတို့ကို ဒီကို ခေါ်လာလိုက်... အပိုစွမ်းအင်တိုင်းက ဘယ်အရာထက်မဆို သာတယ်.. တခြားဘယ်သူ့ကိုမှ မပြောနဲ့.. စကားမစပ် အော်ရူး အိမ်မှာ ရှိမရှိသွားကြည့်” ကောင်းဖန်သည် ယုံကြည်စိတ်ချရသော အသင်းဖော်တစ်ဦးကို တွေးတောလိုက်သည်။ အော်ရူးသည် နတ်ဘုရားဘုရင်အဆင့်တွင် ရှိသင့်သော်လည်း ၎င်း၏ စွမ်းအားကိုအတိအကျ မသိရပေ။

“ဒီဂြိုလ်ပေါ်မှာ ဖွဲ့စည်းခြင်းကိုတည်ဆောက်ကြပါစို့” ဟု သူပုန်သွေးဖီးနစ်က တိုးတိုးလေးပြောလိုက်သည်။

ကောင်းဖန်၏ နှလုံးခုန်သံ မြင့်သွားသည်။ မြေပြင်ပိုမြင့်သည့်နေရာကို အဘယ်ကြောင့်မရွေးချယ်ရသနည်း။

“ဘယ်နေရာမှာမဆို ဖွဲ့စည်းခြင်းတည်ဆောက်ဖို့ နည်းနည်း အလျင်စလိုဖြစ်နေတယ် မဟုတ်လား” ကောင်းဖန်က ပြောသည်။

“မင်း ငါ့ကို မေးရဲတာလား” သူပုန်သွေးဖီးနစ်က ကောင်းဖန်ကို တစ်ချက်ကြည့်လိုက်သည်။

ကောင်းဖန်က ခေါင်းညိမ့်လိုက်သည်။ “မရဲပါဘူး”

“ဒါဆို ပြော... ဘယ်နေရာကောင်းလဲ”

“ဒီထက်ပိုပြီး အတွင်းကျတဲ့နေရာကို ရှာတာ ပိုကောင်းမယ်ထင်တယ်... နယ်စပ်မှာ ဖွဲ့စည်းမယ်ဆိုရင် အကြီးကျယ်ဆုံး ပျက်စီးမှုကို မဖြေရှင်းနိုင်ဘူးလေ” ဟု ကောင်းဖန်က ပြောလိုက်သည်။

“အဲဒါက ကျိုးကြောင်းဆီလျော်တယ်..မင်းလမ်းကို ဦးဆောင်လိုက်” ဟု သူပုန်သွေးဖီးနစ်မှ ကောင်းဖန်အား ရွှင်မြူးစွာပြောလိုက်သည်။

ကောင်းဖန်၏ဆံပင်များထောင်နေသည်။ သူပုန်သွေးဖီနစ်က သူ့ကို သတိထားမိပုံရသည်။

သူပုန်သွေးဖီးနစ်များသာမက အဆင့်မြင့်နတ်ဘုရား သုံးယောက်လုံး၏ ကောင်းဖန်အပေါ် စောင့်ကြည့်မှုလည်းဖြစ်နိုင်သည်။

ကောင်းဖန်က သူတို့ကို မျက်နှာပြင်ပင်လယ်ဂြိုလ်၏ နက်ရှိုင်းသော အစိတ်အပိုင်းဆီသို့ ပို့ဆောင်ပေးလိုက်သည်။

“သခင်... အော်ရူးက အိမ်မှာရှိနေတယ်” ဟု ဒန်ဘီက သတင်းကောင်းကို ဝေမျှလိုက်သည်။

“အော်ရူးကို ဒီကိုခေါ်လာ... ငါ ဒါကိုအကြာကြီး ထိန်းထားလို့ မရဘူး”

…

“အရှင့်သား... ထွက်သွားလို့မရပါဘူး” ကြယ်ဘီလူးကြီးနှစ်ကောင်သည် နန်းတော်တံခါးကို စောင့်နေကြသည်။ သူတို့သည် ဒန်ဘီကို ဂြိုလ်ကြည့်ကြည့်လိုက်သည်။ ဒီကောင်လေးကြောင့် အရှင့်သားက ထွက်သွားချင်တာလား..

“ငါ့ရှေ့က ထွက်သွား” အော်ရူးသည် ဒန်ဘီ၏ပခုံးပေါ်တွင်ထိုင်နေပြီး လက်နှစ်ဖက်ကိုပိုက်ထားသည်။

ကြယ်ဘီးလူးကြီးက ချီတုံချတုံနဲ့ “အရှင့်သား...” ဟု ပြောလိုက်သည်။

သို့သော်

အော်ရူး၏ လက်သီးတစ်ချက်ကြောင့် ကြယ်ဘီလူးကြီးနှစ်ကောင် သတိလစ်သွားသည်။

အော်ရူးနှင့် ဒန်ဘီတို့ အဝေးသို့ ရောက်သွားသောအခါ ဘီလူးကြီးနှစ်ကောင်သည် ၎င်းတို့၏မျက်လုံကိုဖွင့်လိုက်ပြီး တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ငြိမ်သက်စွာထိုင်နေလိုက်ကြသည်။

အော်ရူးကို မတားဆီးနိုင်သဖြင့် သတိလစ်ခြင်းဟန်သာဆောင်နိုင်တော့မည် ဖြစ်သည်။

“သုံးရက်ရှိပြီ... အချိန်မဖြုန်းတာမလုံလောက်သေးဘူးလား” သူပုန်သွေးဖီနစ်က ပြောလိုက်သည်။

ကောင်းဖန်ကတော့ သိပ်အံ့သြမနေပေ။ သူတို့သည် ငတုံးမဟုတ်ပါက အချိန်အတော်ကြာပြီးနောက် သူ၏သံသယဖြစ်ဖွယ် အပြုအမူကို သတိပြုမိလိမ့်မည်။

“ဘာတွေပြောနေတာလဲ အရှင်... နေရာရှာနေတုန်းမို့လို့ပါ” ကောင်းဖန်က စိတ်ရှုပ်ထွေးနေပုံပေါ်သည်။

“ဟားဟားဟား... မင်း ဘယ်လိုမျိုး စစ်ကူတွေရနိုင်မလဲဆိုတာကို ငါစောင့်နေတာ သုံးရက်လောက်ရှိပြီ... ဒါပေမယ့် ငါမစောင့်ချင်တော့ဘူး... အခုတော့ မင်းသေရတော့မယ်”

All Chapters