← Chapters

အခန်း (၈၄၉-၈၅၃)

Vol. 53 Ch. 849-853 Final

အခန်း (၈၄၉-၈၅၃)

Vol. 53 Ch. 849-853 Final

အခန်း ၈၄၉ မီလောင်နေသာ ဂိုဒီ

“အရှင်... မင်းတကယ်ပဲသတ်ချင်နေတာလား” ကောင်းဖန်က အသံတိုးတိုးဖြင့် ပြောလိုက်သည်။

“မင်းတို့ သူငါ့ကိုသတ်တာကိုကြည့်နေမှာလား... ငါ့ကိုသတ်သလို မင်းတို့ကိုလည်းသတ်နိုင်တယ်နော်” ဟု ကောင်းဖန်က တခြားအဆင့်မြင့် နတ်ဘုရားတွေကို ပြောလိုက်သည်။

“သဘောထားကွဲလွဲအောင် ဖန်တီးလည်း အသုံးမဝင်ဘူး” သူပုန်သွေးဖီနစ်က လှောင်ပြောင်လိုက်သည်။

“သခင်”

သူ့နောက်မှာ အလင်းတန်းတွေ ပေါ်လာသည်။ ဆီလီ၏ပခုံးကို ကိုင်ထားသည့် အော်ရူးသည်လည်း ကောင်းဖန်အနားသို့ ရောက်သွားသည်။

“ဒီကောင်လား” အော်ရူးသည် တာ့ဇီ၏ ဦးခေါင်းထိပ်သို့ ခုန်တက်သွားပြီး သူပုန်သွေးဖီးနစ်ကို ကြည့်လိုက်သည်။

“မင်းက ငါးကြီးတစ်ကောင်ကို ခေါ်လာတာပဲ.. နတ်ဘုရားဘုရင်တစ်ပါးတောင် ရပ်စဲခြင်းအမြစ်အတွက် ဝိုင်းရံခြင်းမှာ မပါဝင်ဖို့ သွေးဆောင်ခံနေရတယ်” သူပုန်သွေးဖီနစ်၏ အပြုံးသည် ပို၍ပင် ထူးဆန်းနေသည်။

“ငါ လွဲချော်နေတာလား.. ဒါမှမဟုတ် မစဉ်းစားမိတဲ့ အရာတစ်ခု ရှိသလား” ကောင်းဖန်တွေးလိုက်မိသည်။ သူ စိတ်မသက်မသာ ခံစားနေရသည်။

“ဟုတ်တယ်.. ငါတို့ကြားမှာ သစ္စာဖောက်တစ်ယောက်ရှိတယ်” ကမ္ဘာ့ပျက်သုန်းခြင်းအစိမ်းရောင်သိုးနှင့် အလင်းခေတ် ဧကရာဇ်သမင်သည် အဆင့်မြင့်နတ်ဘုရားဖြစ်သည့် နတ်ဆိုးအိတ်ဆိတ်သစ်ပင်မှခုန်ထွက်လာသည်။

“ဒါက အကျိုးရှိပါတယ်.. တကယ်ကို နတ်ဘုရားဘုရင်ရှိတယ်” ဟု အလင်းခေတ် ဧကရာဇ်သမင်က ပြုံးပြီး ပြောလိုက်သည်။ “မဟုတ်ပဲ ဒီကလေးကို ကြီးပြင်းခွင့်ပေးလိုက်ရင် နည်းနည်းတော့ ဒုက္ခရောက်လိမ့်မယ်”

ကောင်းဖန်၏ မျက်နှာသည် ရုတ်တရက် ပြောင်းလဲသွားပြီး သူ့ရင်ထဲတွင် အဓိပ္ပါယ်မဲ့သော ခံစားချက်တစ်ခု တိုးလာသည်။

နတ်ဘုရားဘုရင်သုံးယောက်က သူ့ကို စောင့်ကြည့်ဖို့ တစ်ယောက်ထဲအဖြစ် နေကြတာလား...

“ရပ်စဲခြင်းအမြစ်ကို အခုဝိုင်းရံထားတာကို မကူညီဘူးလား” ကောင်းဖန်က မေးလိုက်သည်။

“စိတ်မပူပါနဲ့.. အတူတူသေတာ ပိုကောင်းပါတယ်” ကမ္ဘာပျက်သုန်းခြင်းအစိမ်းရောင်သိုးသည်ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။

“ငါတို့ရဲ့ အကျိုးအမြတ်ကို မခံစားသေးခင် အတွင်းရေးကို အရင်ဖြေရှင်းသင့်တယ်လေ... အဆင့်မြင့်နတ်ဘုရားနှစ်ကောင်ကို အရင်နေ့က မင်းသတ်လိုက်တယ်မလား” ကမ္ဘာပျက်သုန်းခြင်း အစိမ်းရောင်သိုးက ပြုံးလိုက်သည်။ “အဲဒီတုန်းက မင်းက မကောင်းဘူးလို့ ခံစားခဲ့ရတယ်... အခုလည်း မျှော်လင့်ထားသလိုပဲ မင်းက လျှို့ဝှက်သူပုန်ပဲ”

ကောင်းဖန်က အသက်ပြင်းပြင်းရှူလိုက်သည်။ “အော်ရူး မင်းကိုပတ်သက်စေမိလို့ တောင်းပန်ပါတယ်”

အော်ရူးက သူ့ရင်ဘတ်ကို ဖက်ထားသည်။

ရှည်လျားပြီး ပါးလွှာသော ရွှေရောင်အလင်းတန်းနှစ်ခုသည် ၎င်း၏ပခုံးနောက်ဘက်မှ ထွက်လာသည်။ အလင်းတန်းများသည် အပြင်ဘက်တွင် သတ္တုပုံစံရှိသော အတောင်ပံတစ်စုံအဖြစ်သို့ ချဲ့ထွင်လာသည်။

ကောင်းဖန်က မေးရိုးကို တင်းထားသည်။ ဒါက အခု သူလုပ်နိုင်သမျှမှာ အကောင်းဆုံး ပစ်ချက်ပင်။

ဂိုဒီ၊ နဂါးပုရွက်ဆိတ်နှင့် ပင်လယ်ဝတုတ်တို့ကို ခေါ်ပြီး တာ့ဇီကို သားရဲနေရာလွတ်ထဲမှ ပြန်ဆွဲထုတ်လိုက်သည်။ သားရဲ လေးကောင် တစ်ပြိုင်နက်ပေါ်လာသည်။ သူတို့သည် စူးရှသော အလင်းတန်းတစ်ခုကို ဖြာထွက်နေသည်။ သားရဲလေးကောင်က ပေါင်းစပ်ထားသည်။

သူတို့သည် နတ်ဘုရားအဆင့် သို့မဟုတ် အထက်အဆင့်အထိ အောင်မြင်မှုရရှိမှသာ သားရဲများ၏ စွမ်းအားကို ပြသနိုင်မည်ဖြစ်သည်။ သားရဲများကြားတွင် အခြေခံအဆင့်နတ်ဘုရားရှိလျှင် ကောင်းဖန်သည် သားရဲနှစ်ကောင်ကို တစ်ချိန်တည်း ပေါင်းစပ်နိုင်ပြီး အလယ်အလတ်အဆင့်နတ်ဘုရားဖြစ်သောအခါ ကောင်းဖန်သည် သားရဲသုံးကောင်နှင့် တစ်ချိန်တည်းတွင် ပေါင်းစပ်နိုင်သည်။ လက်ရှိတွင် ကောင်းဖန်၏ကန့်သတ်ချက်မှာ သားရဲလေးကောင်နှင့် ပေါင်းစပ်ခြင်းဖြစ်သည်။

အဆင့်မြင့်နတ်ဘုရားများနှင့် နှိုင်းယှဉ်ပါက ကောင်းဖန်သည် တန်ခိုးရှင်ဖြစ်သင့်သော်လည်း ၎င်းသည် နတ်ဘုရားဘုရင်များကို ပထမဆုံးအကြိမ် ရင်ဆိုင်ရခြင်းဖြစ်သည်။

ဂိုဒီသည် သားရဲလေးကောင်တွင် အပြင်းထန်ဆုံးဖြစ်ပြီး ကောင်းဖန်၏ တစ်ခုတည်းသောမျှော်လင့်ချက်မှာ ပေါင်းစပ်မှု၏ အဓိကကိုယ်ခန္ဓာဖြစ်ခြင်းကြောင့် ဂိုဒီသည် ဤတိုက်ပွဲကို တွန်းလှန်ရန်ဖြစ်သည်။

“ကောင်းဖန်.. နောက်ဆုံးမှာ မင်းက ငါ့ကို အသန်မာဆုံးသူအဖြစ် ရွေးတုန်းပဲ” ဟု ဂိုဒီက ဂုဏ်ယူစွာ ကြေငြာလိုက်သည်။

“မင်းက ဘာကို ဂုဏ်ယူနေတာလဲ... ထိပ်ပြောင်ကောင်” ပင်လယ်ဝတုတ်သည် မျက်လုံးများကို မှေးထားသည်။

တာ့ဇီ၏ စွမ်းအားသည် ၎င်းတို့အား အထင်ကြီးစေရန် မလုံလောက်သော်လည်း ဂိုဒီ၏ပေါင်းစပ်စွမ်းအားကြောင့်ဆိုရင်တော့ သေချာပေါက် ဖြစ်လိမ့်မည်။

၎င်းတို့တွင် မရဏစည်းမျဉ်း၊ ဝါးမျိုခြင်းစည်းမျဉ်း၊ ဝိညာဉ်စည်းမျဉ်း၊ ကပ်ဘေးစည်းမျဉ်း၊ ကင်းကောင်စွမ်းအားနှင့် အသွင်ပြောင်းခြင်း တစ်ထောင် စည်းမျဉ်းတို့ ရှိသည်။

အသွင်ပြောင်းခြင်း တစ်ထောင် စည်းမျဉ်းသည် မရဏစည်းမျဉ်းနှင့် ပေါင်းစပ်လိုက်သောအခါ မရဏစည်းမျဉ်း၏ စွမ်းအားကို တိုးစေသည်။ စည်းမျဉ်းများဖွဲ့စည်းခြင်း တစ်ခုနှင့်တစ်ခုပေါင်းခြင်းသည် မရိုးရှင်းသော်လည်း စည်းမျဉ်းများ နှစ်ဆပေါင်းလိုက်သောအခါ စွမ်းအားသည် နတ်ဘုရားဘုရင်တစ်ပါး၏ အတိုင်းအတာ တစ်ခုနီးပါးအထိ ဖြစ်သွားသည်။

ဂိုဒီသည် ၎င်း၏ လက်ချောင်းထိပ်ကို မြှောက်ကာ မီးခိုးရောင် အလင်းတန်းတစ်ခုကို ပစ်လွှတ်လိုက်သည်။

အဆင့်မြင့်နတ်ဘုရား၏ ရင်ဘတ်ကို တိုက်ရိုက်ထိမှန်သွားသည်။

၎င်း၏ဝိညာဉ်သည် ချက်ချင်းပင် ပျက်စီးသွားကာ ၎င်း၏ ထွက်ပေါက် ခုနစ်ပေါက်မှ အပြာနုရောင် မီးခိုးများ ထွက်ကျလာသည်။

မရဏစည်းမျဉ်း - သေခြင်းတရား။

ကမ္ဘာပျက်သုဉ်းခြင်းသိုးသည် နည်းနည်းတုန်လှုပ်သွားသည်။ ဒီကောင်ရဲ့ မရဏစည်းမျဉ်းက မနိမ့်ပေ။ အဆင့်မြင့် သားရဲများကိုပင် အန္တရာယ်ဖြစ်စေနိုင်သည်။

ကောင်းကင်မှ ဆင်းသက်လာသော အပြာရောင်လျှပ်စီးလက်သံနှင့်အတူ အဖျက်စွမ်းအားကြီးမားသည့် အစိမ်းရောင်လျှပ်စီးများ ထွက်ပေါ်လာသည်။

အရှိန်ပြင်းပြင်းဖြင့် အော်ရူးသည် ၎င်း၏လက်သီးများကို မ, လိုက်သော်လည်း အလင်းခေတ်ဧကရာဇ်သမင်မှ တားဆီးတာကို ခံလိုက်ရသည်။

ကောင်းဖန်သည် သူ၏လက်များကို ဝှေ့ယမ်းကာ ဝါးမျိုခြင်းစည်းမျဉ်းဖြင့် ဖွဲ့စည်းထားသော ဒိုင်းအဝိုင်းဖြင့် မိမိကိုယ်ကို ကာကွယ်လိုက်သည်။

အစိမ်းရောင်လျှပ်စီးကြောင်းသည် ဝါးမြိုခြင်းစည်းမျဉ်းဖန်တီးထားသည့် ခိုင်ခံ့သောဒိုင်းအဝိုင်းအား လျင်မြန်စွာ လွှမ်းသွားသည်။

ဝါးမျိုခြင်းစည်းမျဉ်းသည် ဒြပ်စင်တိုက်ခိုက်မှုအားလုံးကို မျိုချနိုင်သော်လည်း အကန့်အသတ်ရှိသည်။

ပေါက်ကွဲသံနှင့်အတူ ဝါးမျိုခြင်းစည်းမျဉ်းဒိုင်းသည် ပေါက်ကွဲသွားပြီး ဆယ်ရာခိုင်နှုန်းအောက်ရှိ အစိမ်းရောင်လျှပ်စီးကြောင်းသည် ဂိုဒီ၏ရင်ဘတ်ပေါ်သို့ ကျရောက်လာသည်။

နောက်ဆုံးစက္ကန့်တွင် ဝါးမျိုခြင်းနတ်ဘုရားဖြစ်မှုသည် ဂိုဒီ၏ရင်ဘတ်ကိုကာကွယ်ရန် ကင်းကောင်စည်းမျဉ်း အဖြစ်သို့ ပြောင်းလဲသွားသည်။

ကောင်းဖန်သည် ဂိုဒီ၏ ထိတွေ့မှုကို မျှဝေထားသည်။ အောက်ကို ငုံ့ကြည့်လိုက်တော့ ရင်ဘတ်ပေါ်တွင် အသားနှင့် သွေးတွေ ရောထွေးနေပြီး အတွင်းနံရိုးတွေကိုတောင် ဖျတ်ခနဲ မြင်လိုက်ရသည်။

ကောင်းဖန်သက်ပြင်းရှည်ကြီးချလိုက်သည်။ သူ့တွင် ကင်းကောင်စည်းမျဉ်းနှင့် ဂိုဒီ၏ ပေါင်းစပ်ခုခံမှု ရှိသော်ငြားလည်း ထိုသို့သော ဒဏ်ရာကိုတော့ ခံစားရသေးသည်။ ကမ္ဘာ့ဖျက်ဆီးရေး သိုးတစ်ကောင်ရဲ့ တိုက်ခိုက်မှုက တကယ့်ကို ကြောက်စရာကောင်းသည်။

အမှန်တကယ်တော့ နတ်ဘုရားဘုရင်အဆင့်ကို ကျော်ဖြတ်နိုင်ရင် အခြားရွေးချယ်စရာရှိမှာ ဖြစ်သည်။

ဒါပေမယ့် ကံမကောင်းစွာနဲ့ပဲ အချိန်က ဘယ်သူ့ကိုမှ မစောင့်ပေ။

ဗီလိန်အားလုံးက သူတို့ကိုစိန်မခေါ်ခင် ဇာတ်ကောင်ကို အပြည့်အဝပြင်ဆင်ရန် စောင့်ဆိုင်းနေမှာ မဟုတ်ပေ။

ဂိုဒီ၏ အကျိုးသက်ရောက်မှုသုံးမျိုး၊ နဂါးပုရွက်ဆိတ်၏ အသွင်ပြောင်းခြင်းတစ်ထောင်စည်းမျဉ်း၊ ဒန်ဘီ၏ မရဏစည်းမျဉ်းနှင့် ပင်လယ်ဝတုတ်၏ ဝါးမျိုခြင်းစည်းမျဉ်းတို့သည် သူအတွက် လက်ရှိတွင် အကောင်းဆုံး ရွေးချယ်မှုဖြစ်သည်။

“ကြယ်များနဲ့ နတ်ဘုရားသုံ့ပန်း” အော်ရူးသည် လက်သီးများကို ဆုပ်ကိုင်လိုက်ပြီး စူးရှသော အလင်းတန်းများပေါက်ကွဲသွားသည်။

နတ်ဘုရားအလင်းသည် ကောင်းကင်နှင့် မြေကြီးကို ချိတ်ဆက်ပေးနေသည်။ ကောင်းဖန်တို့စခန်းချရာနေရာမှလွဲ၍ လူတိုင်းကို အနက်ရောင် အလင်းဖြင့် ဖုံးလွှမ်းထားသည်။

အဆင့်မြင့်နတ်ဘုရားများ၏ ကျန်ကြွင်းသော အလင်းရောင်သည် ထိုအလင်းရောင်ဖြင့် ထိုးဖောက်ခံရပြီး ဧရိယာသည် ပျားအုံကဲ့သို့ ဖြစ်လာသည်။

နတ်ဘုရားဘုရင်ရှေ့တွင် အဆင့်မြင့်နတ်ဘုရားသည် ခုခံနိုင်စွမ်းမရှိသလောက်ပင်။ အကယ်၍ အသွင်ပြောင်းခြင်း တစ်ထောင်စည်းမျဉ်းကြောင့် နှစ်ဆတိုးခြင်း အကျိုးသက်ရောက်မှုသာ မရှိပါက သားရဲလေးကောင်ပင်လျှင် အဓိကနတ်ဘုရားများကို တိုက်ခိုက်ရန် ခက်ခဲနေပေလိမ့်မည်။

အခြားသော အဆင့်မြင့်နတ်ဘုရားများကို သတ်ဖြတ်နိုင်သည့် တိုက်ခိုက်မှုတစ်ခုကို သူပုန်သွေးဖီးနစ်က အေးစက်စွာ ကြည့်နေသည်။

ကောင်းဖန်၏နှလုံးသည် အေးခဲလာသည်။

“ငါ ဒီကောင့်ကို တာဝန်ယူမယ်.. မင်းတို့နှစ်ယောက်က အဲဒီကလေးကို တာဝန်ယူ” သူပုန်သွေးဖီးနစ်သည် ကောင်းဖန်ကို တိုက်ခိုက်ရန် လှုံ့ဆော်လိုက်သည်။

“ကောင်းပြီ”

“ဘာဖြစ်ဖြစ်”

ပတ်ဝန်းကျင်နေရာများတွင် သွေးနီရောင်မီးတောက်များ ထွက်ပေါ်လာပြီး မီးတောက်သည် ကောင်းဖန်၏ ခန္ဓာကိုယ်တစ်ဝိုက်တွင် အဆက်မပြတ် တောက်လောင်နေသည်။

“မင်းမသေဘဲ ငါ့ရဲ့ဖီးနစ်မီးတောက်က ဘယ်တော့မှ မထွက်သွားဘူး” သူပုန်သွေးဖီးနစ်က မရဏစည်းမျဉ်းတိုက်ခိုက်မှုကို ရှောင်လွှဲဖို့ ခေါင်းကိုလှည့်လိုက်သည်။

အခြားတစ်ဖက်တွင် အော်ရူးသည် ကမ္ဘာပျက်သုန်းခြင်းအစိမ်းရောင်သိုးနှင့် အလင်းခေတ်ဧကရာဇ်သမင်တို့နှင့် ပြင်းထန်စွာ တိုက်ပွဲဝင်နေသည်။

ဖီးနစ်မီးတောက်များသည် သူ့ခန္ဓာကိုယ်နှင့် ကပ်နေသည်။ ကောင်းဖန်သည် မီးတောက်များ၏ စွမ်းအားအများစုကို ဖြိုခွင်းရန် ငြှိမ်းသတ်ရန် စည်းမျဉ်းကို တွန်းအားပေးထားသောကြောင့် အားပျော့သွားသော်လည်း ဖီးနစ်မီးတောက်သည် ဂိုဒီကို ဒဏ်ရာမပွင့်မချင်း လောင်ကျွမ်းစေသည်။

ဂိုဒီ၏မူလက အနီရင့်ရောင်ကိုယ်ထည်သည် ဘဲကင်နှင့်တူသည့် အနီရောင်အရိပ်ဖြစ်လာသည်။

ဆန့်ကျင်ဘက်တွင် သူပုန်သွေးဖီးနစ်သည် အလျင်စလိုမဖြစ်ပေ။ ကောင်းဖန်ကိုချက်ပြုတ်ရန်အတွက် ဖီးနစ်မီးတောက်များကို ဆက်လက်အသုံးပြုနေရုံသာဖြစ်သည်။

“မင်းရဲ့လိပ်ခွံက ဘယ်လောက်မာလဲဆိုတာ ငါကြည့်ချင်တယ်”

ဂိုဒီသည် ၎င်း၏မျက်နှာကို ကာကွယ်ရန် လက်နှစ်ဖက်နှင့်ကာပြီး မျက်လုံးကို တင်းတင်းမှိတ်ထားသော်လည်း ဖီးနစ်မီးတောက်သည် ၎င်း၏ခန္ဓာကိုယ်ပေါ်ရှိ အသားများကို လောင်ကျွမ်းလာသည်။ ၎င်း၏ အနီရောင်သွေးပြန်ကြောများသည် ကျောက်မျက်ရတနာများ ကဲ့သို့ တောက်ပနေသည်။

၎င်း၏ ခန္ဓာကိုယ်အတွင်း တည်ငြိမ်မှု အားကောင်းလာခြင်းကို ခံစားလိုက်ရသဖြင့် ဂိုဒီ၏ အသက်ရှုသံသည် ပို၍ပင် တိုးလာသည်။

“ကောင်းဖန်... နင် ဒါကို ဖြုတ်ချချင်တာလား” ဂိုဒီက မေးလိုက်သည်။

“မဟုတ်ဘူး… စောင့်နေဦး…” ကောင်းဖန် ထိန်းထားရင်း အသက်ပြင်းပြင်းရှူလိုက်သည်။

ယခုတော့ မီးတောက်ကြောင့် အသက်ရှင်လျက် လောင်ကျွမ်းနေရသည်။

ရှုံးရင် သူ့အသက်သာ ရှုံးသည်ဟု မဆိုလိုပေ။ သူတင်မကဘဲ သူ့ဆွေမျိုး၊မိတ်ဆွေတွေ အားလုံး သူနဲ့အတူ သေကြလိမ့်မည်။

“ဂိုဒီမင်း နာကျင်နေတာမဟုတ်လား” ကောင်းဖန်သည် သူ၏နာကျင်မှုကို ဝန်ခံပြီးနောက် အခြားနည်းလမ်းဖြင့် သူ့ကိုယ်သူ အာရုံပြောင်းလိုက်သည်။

“အဆင်ပြေပါတယ်” ဂိုဒီက ထူးမခြားနားပြောလိုက်သည်။

“ဟမ်…”

“ငါက အကျင့်ဖြစ်နေပြီ ...အနာကျင်ဆုံးတော့ မဟုတ်ပါဘူး” ဂိုဒီက အံကြိတ်ရယ်မောလိုက်သည်။

“...” ကောင်းဖန်ရုတ်တရက် အေးခဲသွားသည်။

***

သားရဲလေ့ကျင့်သူ

အခန်း ၈၅၀ တန်ပြန်သတ်ခြင်း

“ဘယ်တုန်းက အကျင့်ဖြစ်သွားတာလဲ”ကောင်းဖန် က ဂိုဒီကို မေးလိုက်သည်။

“မမှတ်မိတော့ဘူး... ငါ မီး၊ လျှပ်စစ်၊ အက်ဆစ်တွေနဲ့ နှစ်ပေါင်းများစွာ တိုက်ပွဲဝင်ခဲ့တယ်.. နင့်ကို လျှို့ဝှက်ပြောပြမယ်... ဒီမီးက အစွမ်းထက်ပေမယ့် အနာကျင်ဆုံးတော့ မဟုတ်သေးဘူး’

“ပြီးတော့ ဒီလိုထင်တာ ငါတစ်ယောက်တည်းမဟုတ်ဘူး... ပင်လယ်ဝတုတ်၊ ခြင်္သေ့ဖြူ၊ နဂါးပုရွက်ဆိတ်နဲ့ ကျန်တဲ့သူတွေ အာလုံးအတွက် အတူတူပဲ... ဆီလီကိုတော့ ထည့်မတွက်ဘူး.. သူကခြစ်ရာလေးပဲ ရရင်တောင် အချိန်အကြာကြီး ငိုနေမယ့်ကောင်..” ဂိုဒိသည် ကောင်းဖန်၏ စိတ်နေစိတ်ထား ပြောင်းလဲမှုကို သတိပြုမိပြီး ချက်ချင်းပင် ရယ်မောလိုက်သည်။ “ကောင်းဖန်… ငါ မနာပါဘူး.. ငါတို့အားလုံးက နတ်ဘုရာအဆင့်ကို ရောက်ဖို့ ခက်ခက်ခဲခဲလေ့ကျင့်ခဲ့ကြတာပဲ”

“တောင်းပန်ပါတယ်... ငါ-“ ကောင်းဖန်က စကားပြောချင်သော်လည်း ရပ်လိုက်သည်။ ဆက်ပြောနေရင် အရမ်းစိတ်ခံစားမှု ဖြစ်လာမယ်လို့ သူထင်သည်။ သူ့အတွေးတွေကို မဝေမျှဖို့ တော်တော်ဖိနှိပ်ထားလိုက်ရသည်။

“ကောင်းဖန်… နင်စိတ်မကောင်းရင် ဒီပွဲပြီးရင် တိုက်ပွဲတွေမှာ ငါတို့နဲ့ပူးပေါင်းလို့ရပါတယ်” ပင်လယ်ဝတုတ်က ရယ်မောလိုက်သည်။ “ဒါဆို ငါတို့ရဲ့ ပျော်ရွှင်မှုနဲ့ နာကျင်မှုတွေကို ဝေမျှနိုင်မယ်”

“ကောင်းပြီ… ဟမ်” ကောင်းဖန်သည် နောက်ထပ် အသက်ပြင်းပြင်းရှူလိုက်သည်။

“ငါ ဒီဖီးနစ်ကို ခဏနေ တူနဲ့ထုရမယ်” ဟု ကောင်းဖန်က သူ့သွားတွေကြိတ်ရင်းပြောလိုက်သည်။

ပင်လယ်ဝတုတ်သည် လှုပ်ရမ်းစပြုလာသည်။

“ငါသာ နတ်ဘုရားဘုရင်အဆင့်ကို ဖြတ်ကျော်သွားရင် အဲဒီစာကလေးကို လက်တစ်ဖက်တည်းနဲ့ ဖြိုခွဲနိုင်မှာ” ပင်လယ်ဝတုတ်က မောက်မာစွာပြောလိုက်သည်။

တစ်ဖက်မှ ကမ္ဘာပျက်သုံးခြင်းအစိမ်းရောင်သိုးနှင့် အလင်းခေတ်ဧကရာဇ်သမင်တို့ ပူးပေါင်း၍ ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုကို စတင်လိုက်သည်။

အပြာရောင်နှင့် အစိမ်းရောင်လျှပ်စီးများသည် ကောင်းကင်တွင် ရောယှက်လျက်ရှိပြီး အစိမ်းရောင်သည် ကြမ်းတမ်းသော ပျက်စီးခြင်း၏ စွမ်းအားနှင့် အပြာရောင်သည် ကုသခြင်းသဘောပါရှိသောစွမ်းအား လွှမ်းခြုံထားသည်။

တိုက်ရိုက်ဆန့်ကျင်ဘက် အင်အားစုနှစ်ခု ဆုံစည်းရာ ဆက်တိုက် ပျက်စီးခြင်းနှင့် ပြန်လည်မွေးဖွားခြင်း သံသရာသည် အလွန်အစွမ်းထက်သော စုပ်ယူမှုကို ဖြစ်ပေါ်စေသည်။

မျက်စိတစ်မှိတ်အတွင်းမှာပဲ ဝင်စားခြင်း လျှပ်စီးလက်သံက ဆင်းသက်လာပြီး အသံထွက်လာသည်။

အော်ရူးသည်လျှပ်စီးပင်လယ်ထဲမှာ နစ်မြုပ်နေသည်။

“မင်း အရမ်းနှေးတယ်” မသိလိုက်ခင်မှာဘဲ အော်ရူးသည် သူပုန်သွေးဖီးနစ်၏နောက်ကျောတွင် ရုတ်တရက် ပေါ်လာသည်။ သူသည် မီးတောက်များဖုံးလွှမ်းနေသော ကောင်းဖန်ကိုကြည့်လိုက်သည်။

သူပုန်သွေးဖီးနစ်၏လည်ပင်းနောက်ဘက်ရှိ အတိအကျဖြတ်ထားသည့် ဦးရေပြားနှစ်ချောင်းနှင့်တူသည့် နေရာတွင် ၎င်း၏လက်နှစ်ဖက်ကို ဖိထားလိုက်သည်။

ထို့နောက် အော်ရူးသည် ၎င်း၏လက်များကို ခွဲထုတ်လိုက်ပြီး အပြာရောင်နှင့် ငွေရောင်အလင်းတန်းများ ထွက်ပေါ်လာသည်။

“ကြယ်တာရာများနှင့် နတ်ဘုရားများ တိုက်ပွဲ”

မှော်အလင်းသည် ပေါက်ကွဲသွားပြီး သူပုန်သွေးဖီနစ်၏ ဦးခေါင်းကို ဖြတ်လိုက်သည်။

တောက်လောင်နေသော ဖီးနစ်မီးတောက်များသည် တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ ကောင်းဖန်က ကြောင်တက်တက်ဖြင့် ခေါင်းကိုမော့ကာ အော်ရူးကို ရှုပ်ထွေးသောအကြည့်ဖြင့် ကြည့်လိုက်သည်။

“ကျေးဇူးတင်စရာ မလိုပါဘူး... ငါတို့က သူငယ်ချင်းတွေပဲ” အော်ရူးသည် ဗိုလ်ချုပ်တစ်ယောက်လို ခေါင်းညိတ်လိုက်သည်။

ထို့နောက် ကမ္ဘာ့ပျက်သုံးခြင်းအစိမ်းရောင်သိုးနှင့် တိုက်ပွဲဝင်ရန် ဆက်လက်ချီတက်သွားသည်။

အနက်ရောင်ဖီးနစ်၏ ခန္ဓာကိုယ်သည် ကောင်းကင်တွင် လောင်ကျွမ်းနေသော်လည်း မီးထဲမှ ထွက်ပေါ်လာသည့် ဖီးနစ်၏ မြည်သံကို ကြားနေရသည်။

ကောင်းဖန်သည် အံ့အားသင့်သွားသည်။ သွေးစွန်းနေသော သူပုန်သွေးဖီးနစ်သည် ပြန်လည်ရှင်သန်လာသည်။

“မင်း သေရာက ပြန်ရောက်ပြီလား” ကောင်းဖန်က နွေးထွေးစွာပြောလိုက်သည်။

“အခုတော့လုံလောက်ပြီ” ကောင်းဖန် က သူ့လက်သီးကို ချိန်လိုက်သည်။

သူပုန်သွေးဖီးနစ်သည် အနီးကပ်တိုက်ပွဲတွင် ကောင်းစွာမစွမ်းဆောင်နိုင်ပေ။ ၎င်း၏ မွေးရာပါ မျိုးရိုးဗီဇကြောင့်ဖြစ်သည်။ အနီးကပ် တိုက်ခိုက်ရေးတွင် ကောင်းမွန်သော ငှက်မည်မျှကို တွေ့နိုင်မည်နည်း။

ကောင်းဖန်သည် သူပုန်သွေးဖီးနစ်ဆီသို့ ပြေးသွားပြီး လက်သီးဖြင့် ပြင်းပြင်းထန်ထန်ထိုးလိုက်သည်။

သူပုန်သွေးဖီးနစ်သည် ၎င်း၏ နဂါးမီးလက်သီးကို စုဆောင်းပြီး ကောင်းဖန် ပတ်လည်တွင်ထားလိုက်သည်။

မီးတောက်လောင်နေသည့် လက်သီးက သူပုန်သွေး ဖီးနစ်ရဲ့ မျက်နှာပေါ် ရောက်သွားသည်။

“ကောင်းတယ်မဟုတ်လား.. ငါ့ကို အခုပဲ မီးရှို့ထားတာ” ကောင်းဖန်အံကြိတ်နေသည့်အသံကို သူပုန်သွေးဖီနစ်မှ ကြားနိုင်သည်။

ပြင်းထန်သော လက်သီးချက်သည် သူပုန်သွေး ဖီးနစ်၏ မျက်နှာကို အညှာအတာမဲ့စွာ ရိုက်ချလိုက်သည်။

တစ်ချက်...နှစ်ချက်...သုံးချက်...

လက်သီးက စက်နှင့်တူသည်။

ထိုးနှက်ချက်တိုင်းက ငှက်ကို အံ့အားသင့်သွားစေသည်။

သူပုန်သွေးဖီးနစ်က သနားစရာကောင်းအောင် အော်ဟစ်နေသည်။

ဂိုဒီသည် မီးထဲတွင် တောက်လောင်နေဆဲဖြစ်ပြီး စစ်နတ်ဘုရားနှင့်တူသည်။ သူ့ခန္ဓာကိုယ်ကို မီးလောင်နေတာတောင် ဘာမှမထူးခြားသွားပေ။

“ငါ မင်းအတွက် ထားခဲ့လိုက်မယ်” ကောင်းဖန်က ဂိုဒီကို ၎င်းတို့၏ သွေးစာချုပ်မှတဆင့် တိတ်တဆိတ် ပြောလိုက်သည်။

အဓိက အကြောင်းရင်းကတော့ မီးခိုးများသည် နာကျင်လွန်းတာကြောင့်... သူ လုံးဝ မလှုပ်နိုင်တော့ပေ။

ဂိုဒီသည် ခန္ဓာကိုယ်ကို ထိန်းချုပ်ပြီး ကောင်းဖန် လုပ်ဆောင်ခဲ့သော အပြုအမူများကို ဆက်လက်လုပ်ဆောင်လိုက်သည်။ ထိုအချိန်တွင် သူပုန်သွေးဖီးနစ်ကို ဂိုဒီက မြေပြင်ပေါ်တွင် ပိတ်လှောင်ထားပြီး မလှုပ်ရှားနိုင်တော့ပေ။ ဂိုဒီသည် ငှက်များကို နှိပ်နယ်ရာတွင် အလွန် အတွေ့အကြုံ ရှိသူဖြစ်သည်။

အစပိုင်းတွင် သူပုန်သွေးဖီးနစ်သည် ဆက်လက်ရုန်းကန်နိုင်သော်လည်း နောက်ဆုံးတွင် မခုခံနိုင်တော့ပေ။

ဦးခေါင်းသည် ပျော့ပျောင်းလာကာ သွေးများ တဖြည်းဖြည်း စိမ့်ထွက်လာသည်။

ပုံပျက်နေသော ဘတ်စကတ်ဘောပုံသဏ္ဍာန်ဖြစ်နေသည်။ ဂိုဒီက လေမှုတ်တိုင်းတိုက်သလို ရိုက်နေသည်။

ကမ္ဘာ့ပျက်သုံးခြင်း အစိမ်းရောင်သိုးသည် တိုက်ပွဲ၏အခြေအနေကို စစ်ဆေးရန် အချိန်အနည်းငယ် ယူလိုက်သောအခါ သူပုန်သွေးဖီးနစ်ကို ရိုက်နေသည်ကို တွေ့လိုက်ရသဖြင့် ထိတ်လန့်သွားသည်။

ဘာဖြစ်တာလဲ... နတ်ဘုရားဘုရင်က အဆင့်မြင်နတ်ဘုရားကိုတောင် အနိုင်မယူနိုင်ဘူးလား.. ဘယ်လောက်တောင် ရယ်စရာကောင်းတဲ့ အခြေအနေလဲ..

အာရုံပျံ့လွင့်နေသော ကမ္ဘာပျက်သုဉ်းခြင်း အစိမ်းရောင်သိုး၏ခေါင်းကို အော်ရူးက ထိမှန်အောင် ရိုက်လိုက်သောအခါ ၎င်း၏ ဦးချိုများသည် ရွဲ့လုနီးပါးဖြစ်သွားသည်။

တစ်ဖက်တွင် နိဂုံးချုပ်ခါနီးသူပုန်သွေး ဖီးနစ်ဆီက နောက်ဆုံးကျိန်စာ—ထာဝရ ဖီးနစ်မီးတောက်များ ထွက်လာသည်။

“မင်းက ငါ့မီးလျှံထဲမှာ တစ်သက်လုံး တောက်လောင်နေပြီး မင်းကို ထာဝရ ဒုက္ခပေးလိမ့်မယ်” ဟု သူပုန်သွေး ဖီးနစ်က ခါးခါးသီးသီး ပြောလိုက်သည်။

တစ်ဖန် ၎င်း၏ဦးခေါင်းကို နောက်ထပ် ထိုးနှက်ခံလိုက်ရပြီး သူပုန်သွေး ဖီးနစ်သည် နောက်ဆုံးတွင် ရှင်ပြန်ထမြောက်ခြင်းမရှိဘဲ ငြိမ်သက်သွားသည်။

၎င်း၏ ရှင်ပြန်ထမြောက်နိုင်စွမ်းသည် ပြန်လည်နာလန်ထူရန် အချိန်တစ်ခုလိုအပ်ပြီး အချိန်တိုတိုအတွင်း ထပ်ခါတလဲလဲ ရှင်ပြန်ထမြောက်နိုင်မည်မဟုတ်ပေ။

ဤမြင်ကွင်းကိုမြင်ပြီးနောက် ကောင်းဖန်သည် သက်ပြင်းရှည်ချလိုက်သည်။ “ဂိုဒီ...မင်းရဲ့ အကျိုးသက်ရောက်မှု စွမ်းအင်က သုံးရတာ တကယ်ကို လွယ်တယ်”

“အဆင်ပြေပါတယ်...ပြဿနာက ငါ့ခန္ဓာကိုယ်တစ်ဝိုက်က ဒီမီး... ငါ ဖလိန်မီကို ဘယ်လိုရှင်းပြရမလဲ” ဟု ဂိုဒီက စိုးရိမ်တကြီး ပြောလိုက်သည်။

“အဆင်ပြေပါတယ်... သူပုန်သွေးဖီးနစ်က ငှက်အထီးပဲ”

“တကယ်လား”

“တကယ်ပါ” ဟု ကောင်းဖန် က ပြန်ဖြေလိုက်သည်။

“အဲဒါကောင်းတယ်” ဂိုဒီ သက်ပြင်းတစ်ချက်ချလိုက်သည်။

“ဖလိန်မီ ဒေါသပိုထွက်ရင် ဘယ်လိုလုပ်မလဲ” ဟုပင်လယ်ဝတုတ်က မေးလိုက်သည်။

“…”

“အဆင်ပြေပါတယ်... မင်းအတွက် ငါသူ့ကိုရှင်းပြမယ်..အော်ရူး အဲဒီနှစ်ယောက်ကို အရင်ဆုံး ဖယ်ရှားနိုင်ဖို့ ကူညီကြရအောင်” ဟု ကောင်းဖန်က ပြောလိုက်သည်။

“ကိစ္စမရှိပါဘူး ကောင်းဖန်… ငါ့အစွမ်းအစကို မင်းကို ငါပြမယ်” ဂိုဒီက ယုံကြည်မှုအပြည့်နှင့် ပြောလိုက်သည်။

ကမ္ဘာပျက်သုဉ်းခြင်းသိုးနှင့် အလင်းခေတ် ဧကရာဇ်သမင်တို့သည် ဘာမှမပြောဘဲ တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ လှည့်ပြီးထွက်ပြေးသွားသည်။

“ငါတို့ တယောက်ချင်းစီ သွားကြမယ်” အော်ရူးသည် ပိုမိုအားကောင်းသော ကမ္ဘာ့ပျက်သုန်းခြင်း အစိမ်းရောင်သိုးနောက်သို့ လိုက်ပါသွားကာ အလင်းခေတ်ဧကရာဇ်သမင်ကို ကောင်းဖန်နှင့်ထားခဲ့သည်။

“ဒီကောင်က ပြေးလိုက်တာ ငါတို့ လိုက်မမီနိုင်တော့ဘူး” ကောင်းဖန် ခေါင်းကိုက်လာသည်။ ဤခန္ဓာကိုယ်ရှိ သားရဲတစ်ကောင်မှ အရှိန်မပြင်းပေ။

တစ်ခုတည်းသော သတင်းကောင်းမှာ အလင်းခေတ်ဧကရာဇ်သမင်သည် လျင်မြန်သော်လည်း ကောင်းဖန် စိတ်ကူးထားသလောက် မမြန်ဆန်ပေ။

“ပြန်သွားကြ... ငါ့ကိုလိုက်ဖို့မကြိုးစားနဲ့.. မင်းငါ့ကို အမီလိုက်လို့မရဘူး” ဟု အလင်းခေတ်ဧကရာဇ်သမင်က ဆိုလိုက်သည်။

“ဒီကောင်…” ကောင်းဖန်သည် ရှုံးနိမ့်သွားသော အလင်းခေတ်ဧကရာဇ်သမင်၏အမူအရာကို ကြည့်ချင်သည်။

“မြန်မြန်ပြန်... နောက်တစ်ခါ ငါတို့ တိုက်နိုင်လိမ့်မယ်” ဟု အလင်းခေတ်ဧကရာဇ်သမင်က ကျယ်လောင်စွာ အော်ပြောလိုက်သည်။

“ဟားဟား...” ကောင်းဖန်က နှာခေါင်းရှုံကာ ရယ်မောလိုက်သည်။

တချက်လောက်ကြာတော့ သမင်ကြီးက မြေပြင်ပေါ်ကို ပြုတ်ကျသွားသည်။

အော်ရူးသည် အလင်းခေတ်ဧကရာဇ်သမင်ရှေ့မှာ ရုတ်တရက်ပေါ်လာသည်။

“သိုးစိမ်းနောက်ကို လိုက်သွားတာ မဟုတ်ဘူးလား” အလင်းခေတ်ဧကရာဇ်သမင်သည် ၎င်းမှ အသက်ရှူထုတ်လိုက်သည်။

“မင်းကဒါကိုဆိုလိုတာလား” ၎င်း၏ဘယ်ဘက်လက်ကို နေရာလွတ်ထဲသို့ထည့်လိုက်ပြီး အော်ရူးသည် သွေးစွန်းနေသော သိုးခေါင်းကိုယူကာ မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။

***

သားရဲလေ့ကျင့်သူ

အခန်း ၈၅၁ နောက်ဆုံးအခန်း

သိုးနှင့်သမင်ညီအစ်ကိုတို့ကို ဖြေရှင်းပြီးသွားသောအခါ အော်ရူး ရုတ်တရက် ဖြူဖက်ဖြူရော်ဖြစ်သွားသည်။

“ဘာဖြစ်လို့လဲ အော်ရူး”

“အဖေ.. သူ…” ကောင်းဖန်သည် အော်ရူး၏ မျက်လုံးများ ပထမဆုံးအကြိမ် ထိတ်လန့်သွားသည်ကို တွေ့လိုက်ရသည်။

“မလိုအပ်ဘဲ စိတ်မပူပါနဲ့” ကောင်းဖန်က အော်ရူးကို နှစ်သိမ့်ပေးလိုက်သည်။

“သခင်..” ဒန်ဘီ ရုတ်တရက် ပြောလိုက်သည်။ “ဆရာ... သူသေသွားပြီထင်တယ်”

“ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ.. အဲဒီမှာ နတ်ဘုရားအဆင့် အများကြီး စုဝေးနေတာမဟုတလား” ကောင်းဖန် မယုံနိုင်ဖြစ်သွားသည်။

“ဆရာက ကျွန်တော့်ခန္ဓာကိုယ်ထဲမှာ ဝိညာဉ်တံဆိပ်တစ်ခု ထားထားတယ်... အခုကျိုးသွားပြီ” ဒန်ဘီ၏အသံသည် ဝမ်းနည်းဖွယ်ကောင်းသည်။

“အဖေ့ကို သွားရှာမယ်” အော်ရူး ရုတ်တရက် ခုန်ပြီး ထွက်ပြေးသွားသည်။

ကောင်းဖန်နှင့် အော်ရူးတို့သည် မျက်နှာပြင်ပင်လယ်မှ ထွက်ခွာပြီး ဖရိုဖရဲ အနတ္တအာကာသထဲသို့ ဝင်ရောက်ပြီးနောက် ခြေလှမ်းများ ရပ်တန့်သွားကြသည်။ သူတို့ရှေ့က အာကာသထဲမှာ ကြီးမားသည့် နှလုံးတစ်ခု လွင့်မျောနေသည်။ ထူထဲပြီး ကြောက်စရာကောင်းတဲ့ လက်တံများသည် နှလုံးကနေ လမ်းကြောင်းအရပ်ရပ်မှာ ကြီးထွားလာသည်။

အနီရောင်စွမ်းအင်လှိုင်းလုံးကြီးတစ်ခုသည် ရပ်စဲခြင်းအမြစ်မှ လွတ်မြောက်သွားပြီး နဝမမြောက်ကောင်းကင်ဘုံကို ဝန်းရံထားသည့် နယ်နိမိတ်ကွင်းသည် တိုက်ရိုက်ကျိုးသွားသည်။

ရပ်စဲခြင်းအမြစ်မှ စွမ်းအင်အတက်အကျသည် အကန့်အသတ်မရှိဟု ကောင်းဖန် ခံစားနိုင်သည်။

အာကာသထဲတွင် အပြာရောင် စာတန်းတစ်ကြောင်း ရုတ်တရက် ပေါ်လာသည် - သင် အဆုံးသတ်ကို ပြောင်းနိုင်သည်။

ကောင်းဖန် မျက်တောင်ခတ်လိုက်သည်။ ရုတ်တရက် သူ့ဆံပင်တွေ ထောင်သွားသည်။

ဒါက....

“မင်းဘယ်သူ့အကြောင်းပြောနေတာလဲ”

စာလုံးများပြောင်းသွားသည်- တကယ်တော့ ဒါက မင်းရဲ့ ကံကြမ္မာပဲ..

“ကံတရားကို ငါ မယုံဘူး” ကောင်းဖန်က ကျိန်ဆဲလိုက်သည်။ “ဒီနေ့အထိ ငါလုပ်ခဲ့သမျှဟာ ငါ့ရဲ့ ချွေးနဲ့ သွေးနဲ့ဘဲ”

နောက်တစ်ခု ရေးလာသည် - ကိုယ့်ကိုယ်ကိုယ် ယုံကြည်သလား”

“…”

မက်ဆေ့ချ်က ဆက်ပြောနေသည်– မင်းက ကိုယ့်ကိုကိုယ်တောင် မယုံဘူး... မင်းက အသိတရားရှိတဲ့သူပါ.. ဒီကမ္ဘာမှာ နေ့လယ်စာတောင် အလကား စားရဖူးလို့လား.. မင်းရတဲ့အရာအတွက်မင်းပေးဆပ်လိုက်ပါ...

ကောင်းဖန်က ဘာပြောရမှန်းကို ရုတ်တရက် မသိတော့ပေ။

နေ့လယ်စာတောင် အလကားမရှိဘူးဆိုတာက အမှန်ပါပင်။ နောက်ဆုံးတော့ တန်ရာတန်ကြေးပေးရမှာဖြစ်သည်။

“ဘယ်လောက်ပေးရမှာလဲ” ကောင်းဖန် က တိုးတိုးလေးပြောလိုက်သည်။

“မင်းမှာရှိသမျှ”

“…”

“ဒါပေမယ့် မင်းငါ့ကိုဘာလို့ရွေးတာလဲ” ကောင်းဖန်သည် စိတ်ရှုပ်ထွေးနေသည်။

“မင်းက အရမ်းထူးခြားနေလို့ပါ”

“အရမ်းထူးခြားတာလား” ကောင်းဖန် ခါးခါးသီးသီးပြုံးလိုက်သည်။ “အဲဒါက ငါ့ရဲ့ အရည်အချင်းပေါ်မှာလည်း မူတည်တယ်‌လေ”

“ကောင်းဖန်... ငါတို့က မင်းကို အာရုံလွှဲဖို့ ကူညီပေးပြီး ဆီလီက မင်းကို လွတ်မြောက်အောင် ကူညီလိမ့်မယ်.. မင်း တတ်နိုင်သမျှ ပြေးပါ” ဟု ပင်လယ်ဝတုတ်က ရုတ်တရက် ပြောလိုက်သည်။

“ငါ မင်းကို ကာကွယ်ပေးမယ် သခင်” ဒန်ဘီ က ပြတ်ပြတ်သားသားပြောလိုက်သည်။

အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် ကောင်းဖန်က ပြောလိုက်သည်။ “မလိုအပ်ပါဘူး.. မင်းတို့တွေ ငါ့ကို ဒီနှစ်တွေ အကုန်လုံးမှာ ကာကွယ်ပေးခဲ့တယ်.. ငါက သားရဲလေ့ကျင့်သူဖြစ်ပြီး မင်းတို့က ငါ့သားရဲတွေဖြစ်ပေမဲ့... မင်းတို့နဲ့အတူ ငါရှင်သန်နေတယ်လို့ ငါအမြဲတမ်းခံစားခဲ့ရတယ်” လို့ ကောင်းဖန်က ပြောလိုက်သည်။

“ကောင်းဖန်.. ငါမဟုတ်ရင် နင့်ကိုဘယ်သူက ကာကွယ်မှာလဲ” ဂိုဒီက မြန်မြန်ပြောလိုက်သည်။

“မင်းတို့ပြန်သွားရင် ငါ့အဖိုးကို ငါ့ရဲ့အကြီးမားဆုံးနောင်တက ငါသူနဲ့ ကောင်းကောင်းမနေခဲ့မိတာပဲလို့ ပြောပေးကြပါ” ဟု ကောင်းဖန်က နှုတ်ဆက်လိုက်သည်။ “ဒီကိုလာဖြစ်မယ်ဆိုတာ ငါသိခဲ့ရင် ငါ လှည့်မကြည့်ဘဲ သူနဲ့အတူ အိမ်မှာပဲနေခဲ့ရမှာ”

“ကောင်းဖန်…” ပင်လယ်ဝတုတ်နှင့် ခြင်္သေ့ဖြူသည် ကောင်းဖန်၏ လေသံမှ တစ်စုံတစ်ရာ မှားယွင်းနေကြောင်း ခံစားလိုက်ရသည်။

“နောက်ဆုံးပြောချင်တာက... မင်းတို့ကိုသိရတာ ငါတကယ်နောင်တမရပါဘူး... ဟားဟား”

ကောင်းဖန်က သူ့စိတ်ထဲမှ “မင်းဘာဖြစ်နေပြီလဲဆိုတာ ငါသိပြီထင်တယ်” ဟု မေးလိုက်သည်။

သူ့စိတ်ထဲတွင် ရွှေလက်ချောင်းက တုံ့ပြန်ခြင်းမရှိပေ။

“မင်းက ဂြိုလ်အရင်းအမြစ်လိုပဲ ကမ္ဘာကြီးရဲ့ဆန္ဒကို စုစည်းထားပေမယ့် မင်းကသူ့ထက် ပိုကြီးတယ်...မင်းက စကြဝဠာတစ်ခုလုံးရဲ့ စုစည်းမှုပဲ... ဒါကြောင့် ဒီကမ္ဘာမှာ သားရဲတွေ ပေါ်လာပြီးကတည်းက မင်းက အဲဒါကို မှတ်တမ်းတင်ထားနိုင်တယ်.. အဲဒါတွေက ဘယ်လို ဆင့်ကဲပြောင်းလဲလာတယ်ဆိုတာကို မင်း အတိအကျ သိတယ်... ဒါပေမယ့် ငါဖန်တီးထားတဲ့ မှော်ဦးနှောက်နဲ့ ဖန်တီးထားတဲ့ သားရဲအသစ်တွေလို ဒီကမ္ဘာမှာ ပေါ်မလာသေးတဲ့ သားရဲတွေကိုတော့ ငါ့လိုနာမည်ပေးထားပါတယ်” ဟု ကောင်းဖန်က အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်။ “ပြီးတော့ မင်းက ရပ်စဲခြင်းအမြစ်ကိုဖြေရှင်းဖို့ ငါ့ကို ရွှေလက်ချောင်းပေးခဲ့တယ် မဟုတ်လား”

ရွှေလက်ချောင်းက မတုံ့ပြန်ပေ။

“အဲဒါ မမှန်သေးဘူး... မင်းကိုယ်တိုင်က ရပ်စဲခြင်းအရင်းမြစ်ကို ကိုင်တွယ်ဖြေရှင်းနိုင်ရင် မင်းက ငါ့ကို ဘာလို့ လိုအပ်တာလဲ.. ရပ်စဲခြင်းအမြစ်ကို ကိုင်တွယ်ဖြေရှင်းဖို့ သော့ချက်က ငါ့မှာရှိနေလို့လား” ကောင်းဖန်က သူ့ကိုယ်သူ ဗလုံးဗထွေးပြောလိုက်သည်။

“ငါ့မှာရှိသမျှကို ပေးရမယ်လို့ မင်းပြောခဲ့တယ်... ဆိုလိုတာက ရပ်စဲခြင်းအမြစ်ကို ဖျက်ဆီးဖို့ သော့ချက်က ငါ့မှာ တည်ရှိနေတယ်ပေါ့”

အလင်းဒြပ်စင်ကမ္ဘာကြီးတစ်ခုလုံး တိမ်မြုပ်သွားသည်အထိ ရပ်တန့်ခြင်း အမြစ်သည် ပိုပြီးကြီးမားလာသည်။ ကြယ်တွေစုံနေသည့် ကောင်းကင်မှာ တွင်းနက်ကြီးတစ်ခု ရှိနေသလိုမျိုးပင်ဖြစ်သည်။

ပတ်ဝန်းကျင်ရှိ ဂြိုလ်အချို့ကို ဖုန်မှုန့်များကဲ့သို့ မျိုချသွားသည်။

ရပ်စဲခြင်းအမြစ်သည် ဖြည်းညှင်းစွာကျယ်ပြန့်လာပြီး နဝမမြောက်ကောင်းကင်ဘုံနှင့် မျက်နှာပြင်ပင်လယ်၏ အစွန်းကိုပင် လျင်မြန်စွာချဉ်းကပ်လာသည်။

“ဟူး…” ကောင်းဖန် က သက်ပြင်းချကာ သူ့မျက်နှာပေါ်တွင် ရှုပ်ထွေးသော အပြုံးတစ်ခု ပေါ်လာသည်။ “ဒါကို သတိရပါ.. မင်းကြောင့် ငါကိုယ်ငါ အနစ်နာခံလိုက်တာ မဟုတ်ဘူး” ကောင်းဖန်က ပြင်းပြင်းထန်ထန် ပြောလိုက်သည်။

ဧရာမ ခရမ်းရောင်မျက်လုံးတစ်စုံသည် ရပ်စဲခြင်းအမြစ်အထက်တွင် ပေါ်လာသည်။

ဧရာမခရမ်းရောင်မျက်လုံးတစ်စုံနှင့် နှိုင်းယှဉ်ကြည့်လျှင် ချဲ့ထွင်ထားသော ရပ်စဲခြင်းအမြစ်သည် သေးငယ်ပုံပေါ်သည်။ တစ်ကမ္ဘာလုံးကို ခရမ်းရောင်အလင်းများဖြင့် ဖုံးလွှမ်းထားသည်။

ခရမ်းရောင်အလင်းအောက်တွင် ရပ်စဲခြင်းအမြစ်သည် ခုခံရန် မြင့်တက်လာသော်လည်း ပြင်းထန်သောလှိုင်းလုံးများနှင့် တိုက်နေသည့်လှေနှင့်တူသည်။ ရပ်စဲခြင်းအမြစ်သည် အပြင်းအထန် ခုခံနေသော်လည်း ၎င်းတို့၏ အားသာချက်များသည် တူညီသော ဆင့်တွင် မရှိပေ။

ကြီးမားသော အရှိန်အဟုန်ဖြင့် ရပ်စဲခြင်းအမြစ်သည် သိမ်မွေ့ပြီး နုနယ်သော သလင်းကျောက်ရုပ်ကို ရိုက်ခွဲလိုက်သလို လှပသော အပိုင်းအစများအဖြစ်သို့ ပေါက်ကွဲ ပျက်စီးသွားသည်။

ကျိုးပဲ့သွားသောအာကာသသည် ကောင်းကင်တွင် အပျက်အစီးများ ကခုန်နေသလို သို့မဟုတ် သစ်ရွက်များလို ဖြစ်နေသည်။

ကောင်းကင်နှင့် မြေကြီးကြားတွင် အဆက်မပြတ် အော်ဟစ်သံက ပဲ့တင်ထပ်သွားသည်။

ကောင်းဖန်သည် ပျောက်ကွယ်သွားခဲ့ပြီး သားရဲများသာ ကျန်ရစ်သွားသည်။

တာ့ဇီသည် ထိတ်လန့်သွားပြီး ကောင်းဖန်၏ခြေရာများကို အရူးအမူးရှာဖွေလိုက်သည်။ ၎င်း၏အမြီးသည် ဒေါသတကြီး တွန့်သွားကာ ၎င်း၏မျက်လုံးများသည် ရှုပ်ထွေးမှုများနှင့် ပြည့်နှက်နေသည်။

ဘယ်လို... အလောင်းတွေ ပေါင်းစည်းပြီး ပျောက်ကွယ်သွားတာလဲ..

“ကောင်းဖန်က ငါတို့နဲ့ တူတူပုန်းတန်း ကစားနေတယ်...

“သူက ဘယ်လိုလုပ် ဆီလီလို ဖြစ်သွားရတာလဲ.. ဒီလို နုံအတဲ့ ဂိမ်းလေးတွေကို ပျော်နေတယ်” တာ့ဇီသည် ဒေါသတကြီး တွေးလိုက်သည်။

ကွဲအက်သံများနှင့်အတူ ကျိုးပဲ့နေသော အာကာသများ တစ်ဖန်ပြန်လွင့်လာသည်။

တာ့ဇီနှင့် ဂိုဒီသည် နိုးကြားလာပြီး မျှော်လင့်ချက်ကြီးစွာဖြင့် လှမ်းကြည့်လိုက်သော်လည်း ကျိုးနေသော နေရာလွတ်သည် အပျက်အစီးများကို ဖန်ဘောလုံးထဲသို့ ပေါင်းထည့်နေသည်ကိုသာ တွေ့လိုက်ရသည်။

“နင် ဘာလုပ်နေတာလဲ ဆီလီ” တာ့ဇီ အနည်းငယ် ဒေါသထွက်သွားသည်။ ဒီလိုအချိန်မျိုးမှာ ဆီလီက ဘယ်လိုလုပ် အဓိပ္ပါယ်မရှိလုပ်နေတာလဲ....

ဆီလီ၏ ခန္ဓာကိုယ်သည် ခဏတာ တုန်ခါသွားကာ ညည်းတွားလိုက်သည်။ “ငါ... ကောင်းဖန်ရဲ့ ရနံ့ကို စုဆောင်းချင်လို့.. သူ့ကို လွမ်းဆွတ်ရတဲ့အခါ ငါ အနံ့ခံချင်လို့”

တာ့ဇီ မျက်လုံးများ ချက်ချင်းနီရဲသွားသည်။ “ကောင်းဖန်က အနီးနားမှာ ရှိနေတုန်းပဲ.. သူ့အနံ့အတွက် ဘာလိုလဲ နင့်အတွက် ဖန်ဘောလုံးကို ငါသိမ်းထားမယ်” ထို့နောက် တာ့ဇီသည် နေရာလွတ်ဖန်ဘောလုံးကိုယူရန် ရောက်ရှိလာသည်။

ဖန်ဘောလုံးကို ကိုင်ထားရင်း ဆီလီရှောင်ပြေးသွားသည်။ “ငါမတုံးဘူး”

“မင်းငါ့ကိုပေးလိုက်... ကောင်းဖန်က ငါ့ဟာ ” တာ့ဇီ၏မျက်လုံးများသည် ဒေါင်လိုက်မျဉ်းသို့ ကျုံ့သွားပြီး အတောင်ပံများ ဖြန့်ကာ ဆီလီကို စိုက်ကြည့်နေသည်။

“လုံလောက်ပြီ” ဒန်ဘီက တိုးတိုးလေးပြောလိုက်သည်။ “ဒီအချိန်မှာ တိုက်ခိုက်ချင်သေးလား” ဒန်ဘီ၏ အသံက အေးစက်သွားသည်။ ၎င်း၏လက်ဖဝါးသည် ဝိညာဉ်ပုံစံသို့ပြောင်းသွားပြီးနောက် ၎င်း၏သခင်အား ပြန်လည်ရှင်သန်စေမည့် စိတ်ဝိညာဉ်စည်းမျဉ်းနှင့် မရဏ စည်းမျဉ်း နှစ်ခုစလုံးတွင် ၎င်း၏ စွမ်းအားအပြည့်ဖြင့် အာကာသအတွင်း စတင်ရှာဖွေလိုက်သည်။

မရဏစည်းမျဉ်းသည် ရုပ်ပိုင်းဆိုင်ရာအခြေအနေအဖြစ်သို့ ပြောင်းလဲသွားပြီး နိယာမများသည် အာကာသအတွင်း ဖြတ်ကျော်သွားသည်။

ဒန်ဘီ၏ မျက်လုံးများတွင် မီးတောက်များ တောက်လောင်လာသည်။ “မရဏစည်းမျဉ်း... ယင်နှင့်ယန် ပြောင်းပြန်လှန်ခြင်း”

အာကာသထဲတွင် မရေမတွက်နိုင်သော အရိပ်အယောင်အချို့ ပေါ်လာသည်။ သူတို့သည် တစ်စုံတစ်ခုကြောင့် ဆွဲဆောင်ခံရပုံရပြီး ဖြားယောင်းခြင်းခံရပြီးနောက် ပျံ့လွင့်သွားပုံရသည်။

ဒန်ဘီ၏ မျက်လုံးများသည် လျင်မြန်စွာ လှည့်ပတ်ကြည့်လိုက်သည်။

“မဟုတ်ဘူး...

“သူမဟုတ်ဘူး..

“သူမဟုတ်သေးဘူး...

“ဘာလို့အဲဒီမှာမရှိတာလဲ” ဒန်ဘီတွေးလိုက်သည်။

ဒန်ဘီ၏ မျက်လုံးများမှ မီးတောက်များသည် ဒေါသတကြီး ဖြစ်လာသည်။ ညာဘက်လက်သည်းကို ဝှေ့ယမ်းလိုက်သည်။ ပျက်ပြယ်သွားသော အရိပ်များအားလုံး အပိုင်းပိုင်းကွဲသွားသည်။

“ငါ့သခင် သွားပြီ.. နင်တို့ဘာလို့ ဝိုင်းနေကြတာလဲ..”

ဂိုဒီသည် ဒန်ဘီ ဒေါသထွက်လာသည်ကို ပထမဆုံးအကြိမ်မြင်ဖူးခြင်း ဖြစ်သည်။

ထို့နောက် မတက်နိုင်ဘဲ တိတ်တဆိတ် နောက်ပြန်ဆုတ်လိုက်သည်။

“ဒါဆို ငါတို့ ဘာလုပ်ရမလဲ” ဖလိန်မီသည် ဆုံးရှုံးသွားသည့်အတွက် အလွန်ပင် ပျာယာခတ်သွားပြီး စိတ်မသက်မသာ ပြင်းထန်စွာ ခံစားလိုက်ရသည်။

ဒီခံစားချက်က အရင်က မကြုံဖူးတဲ့ အရာတစ်ခုဖြစ်သည်။

မှီခိုအားထားနေရသောသူကို ဆုံးရှုံးလိုက်ရပြီး ၎င်းတို့၏ တစ်ခုတည်းသော ထောက်ခံမှုမဏ္ဍိုင်ကို ဆုံးရှုံးလိုက်ရခြင်းသည် ဖလိန်မီကို ထိတ်လန့်စေသည့် ခံစားချက်တစ်ခုဖြစ်စေသည်။

အားကိုးရာမဲ့သလို ခံစားရတယ်...

သူတို့အဆက်မပြတ်မှီခိုနေရတဲ့ တောင်ကြီးဟာ ရုတ်တရက်ပြိုကျသွားသလိုပင်။

အားလုံးသွားပြီ... ဘာမှ မကျန်တော့ဘူး...

အေးမြသောလေထုထဲတွင် တစ်ယောက်တည်း ရပ်နေကာ ပျက်သုဉ်းသွားဘေးပတ်ဝန်းကျင်ကို ငေးကြည့်နေရုံသာ တတ်နိုင်သည်။

“စိတ်တိုချင်စရာကောင်းတဲ့ ဂိုဒီ... ငါတို့ အခု ဘယ်သွားရမလဲ” ဖလိန်မီသည် ဂိုဒီကို အလိုလိုမှီနေလိုက်သည်။

ဂိုဒီသည် အမှန်တကယ်ပင် အံ့အားသင့်စရာ ဘဲတစ်ကောင် ဖြစ်သည်။ ၎င်းသည် ၎င်း၏မူလအနေအထားတွင် ရပ်တည်နေပြီး မည်သူတစ်ဦးတစ်ယောက်ကိုမျှ တုံ့ပြန်ခြင်းမပြုပေ။

“ငါမသိဘူး” ဂိုဒီက မှင်သက်သွားသည်။ သူသည် ကောင်းဖန်သွားသည့်နေရာတိုင်းကို အချိန်တိုင်း လိုက်နေခဲ့ရသည်။ ငယ်ငယ်တုန်းက မိဘတွေက ထားခဲ့တာမို့ ကောင်းဖန်က သူ့အတွက်ဖခင်တစ်ယောက်လိုပင်။

“ကောင်းဖန် သွားပြီ... တခြားဘယ်ကိုသွားလို့ရမလဲ...” ဂိုဒီက ရုတ်တရက် ပြောလိုက်သည်။

“ကောင်းဖန်ကို သွားရှာရအောင်” ဖလိန်မီက ဂိုဒီကို ဖျောင်းဖျလိုက်သည်။

“ငါတို့ သူ့ကို ဘယ်လိုရှာရမလဲ”

“ကောင်းဖန်က ပါးနပ်တဲ့သူပဲ... သူအသက်ရှင်ရမယ်” ဖလိန်မီက ဂိုဒီကို ပြောလိုက်သည်။

ဂိုဒီ၏ မျက်လုံးများသည် တိုက်ခိုက်လို့သည့် စိတ်ဓာတ်များဖြင့် တောက်ပနေသည်။

“ကောင်းဖန် အသက်ရှင်ရမယ်”

“ကောင်းဖန်... ကောင်းဖန် နင် ငါ့ကို မလိုချင်တော့ဘူးလား” အစင်းလေးက သူ့ကိုယ်သူ ညည်းညူလိုက်သည်။ “အစင်းလေးက စကား နားမထောင်လို့ စိတ်ဆိုးနေတာလား”

“ငါ့သခင်ကို အသက်ပြန်ရှင်စေမယ့် နည်းလမ်းကို ငါရှာချင်တယ်” ဒန်ဘီက အခိုင်အမာပြောလိုက်သည်။ “သခင်က ရှင်ပြန်ထမြောက်နိုင်မှာ သေချာတယ်.. သေခြင်းတရားက အဆုံးမဟုတ်ဘူး”

အဲဒီနောက် ဒန်ဘီက လှည့်ထွက်သွားသည်။

“ဒန်ဘီ” တာ့ဇီက အော်လိုက်သည်။

ဒန်ဘီသည် ၎င်း၏ခြေလှမ်းများကို နှစ်စက္ကန့်ထက်မနည်း တုံ့ဆိုင်းရပ်တန့်လိုက်ပြီးနောက် နောက်ပြန်မလှည့်ဘဲ ဆက်လျှောက်သွားသည်။

…

စစ်ပွဲအပြီးတွင် ရပ်စဲခြင်းအမြစ်ဘေးအန္တရာယ်ကို ဖြတ်ကျော်သွားသော လင်းမျိုးနွယ်စုများသည် ပျက်စီးဆုံးရှုံးမှုများစွာကို ခံစားခဲ့ရပြီး လူသားမျိုးနွယ်သည် ပြန်လည်ထမြောက်ရန် အခွင့်အရေးကို ရယူနိုင်ခဲ့သည်။

နဝမမြောက်ကောင်းကင်ဘုံတွင် ထိပ်တန်းတည်ရှိမှု ပျောက်ကွယ်သွားပြီး အရင်းအမြစ်များမရှိခြင်းကြောင့် စစ်ပွဲအသစ်များ ဖြစ်ပွားလာသည်။

တိုက်ပွဲရှောင်ရန် လင်းမျိုးနွယ်စုသည် ကမ္ဘာမြေကြယ်သို့ ထွက်ပြေးလာပြီး နောက်ပိုင်းတွင် လူသားမျိုးနွယ်စုအဖြစ် ပေါင်းစည်းလိုက်သည်။

နှစ်ပေါင်းငါးရာကြာပြီးနောက် ပင်လယ်မျက်နှာပြင်တွင် အချိန်အတော်ကြာ ဖြစ်ထွန်းလာသည့် လူသားမျိုးနွယ်စုသည် ဧရာမအဖြစ်သို့ ကြီးထွားလာခဲ့သည်။ ပထမဖက်ဒရယ်ဘုရင်ခံ ကျီဟန့်ဝူ၏ ဦးဆောင်မှုအောက်တွင် လူသားမျိုးနွယ်သည် ရွှေခေတ်သစ်သို့ ဝင်ရောက်လာသည်။

တစ်ချိန်တည်းမှာပင် မြေနီရောင်သူရဲကောင်းစစ်တပ်သည် ကမ္ဘာမြေကြယ်၏ ပထမဆုံးဧကရာဇ်သင်္ချိုင်းတွင် ပြန်လည်ရှင်သန်လာပြီး မျက်နှာပြင်ပင်လယ်တွင် လေ့လာရေးခရီးကိုအဆုံးသတ်ပြီးနှစ် ၃၀၀ အကြာတွင် လူသားမျိုးနွယ်ထံပြန်လာခဲ့သည်။ မြေနီရောင် သူရဲကောင်း စစ်တပ်သည် လူသားမျိုးနွယ်နှင့် မပေါင်းစည်းခဲ့သော်ငြားလည်း ၎င်းတို့သည် ပူးပေါင်းဆက်ဆံရေးတစ်ခုသို့ ရောက်ရှိသွားသည်။

…

“အရှင် တတိယတော်ဝင်တိရစ္ဆာန်ဆေးတပ်က ပိုင်ဟူစိမ့်တောကို အောင်မြင်စွာ သိမ်းပိုက်ပြီး တစ္ဆေကားမျိုးနွယ်စုကို ချေမှုန်းနိုင်ခဲ့ပါတယ်”

“အရှင်... ဗိုလ်ချုပ်ကြီး တာ့ဇီက ဧကရာဇ် နန်ချီ တောင် ကျောရိုးကြယ်မျောက်ဝံကို အနိုင်ယူလိုက်ပါပြီ”

တစ်ယောက်ပြီးတစ်ယောက် တိုက်ပွဲအစီရင်ခံစာများကို ဗိုလ်ချုပ်ခန်းသို့ ပေးပို့လိုက်ကြသည်။

ဆံပင်ဖြူဖြူများနှင့် လင်းယုန်ကဲ့သို့ တည်ငြိမ်ပြီး ထက်မြက်သော မျက်လုံးများက သဲစားပွဲကို စိုက်ကြည့်နေပြီး ဂရုတစိုက် ပြန်လှည့်လိုက်သည်။

သံမဏိဘောလုံးငယ်လေးသည် လက်ချောင်းထိပ်များမှ ပြုတ်ကျပြီး စားပွဲပေါ်ရှိ နောက်ဆုံး အပြာရောင်အလံပေါ် ကျသွားသည်။

အေးစက်သောမျက်နှာပေါ်တွင် နူးညံ့သိမ်မွေ့မှုရှိသည်။

“အရှေ့ပိုင်းစစ်ပွဲဇုန်ကို အနိုင်ယူဖို့ ငါတို့ ကောင်းကောင်းလုပ်ခဲ့ပြီးပြီ.. ဒါပေမယ့် ပေါ့ပေါ့တန်တန် သဘောမထားသင့်ဘူး... အခြား ဆန်းကြယ်သော သားရဲမျိုးနွယ်စုတွေရဲ့ တန်ပြန်တိုက်ခိုက်မှုကို ငါတို့ သတိထားသင့်တယ်”

“စကားမစပ် ညနေကျရင် ရဲဘော်တွေအတွက် အောင်ပွဲခံမယ်.. လိုအပ်တဲ့ကာကွယ်ရေး သင်္ဘောကလွဲပြီး လူတိုင်း ပါဝင်နိုင်တယ်”

“ဟုတ်”

ကြယ်တွေစုံသည့် ညဖြစ်သည်။

ညကောင်းကင်အောက်တွင် မြက်ခင်းပြင်၌ မီးတောက်များ တောက်လောင်နေသည်။ စစ်သားတွေက မီးဝိုင်းမှာ အောင်ပွဲခံပြီး အချင်းချင်း လှိုက်လှိုက်လှဲလှဲ ဆင်နွှဲနေကြသည်။

ဝေးလံခေါင်သီသော ထောင့်တစ်နေရာက နီညိုရောင်ရွှေတစ်သောင်း တောင်ပေါ်ရှိ နဂါးကြီးတစ်ကောင်ကိုတော့ မည်သူမျှ မချဉ်းကပ်ဝံ့ကြပေ။ ညလေတိုက်သောကြောင့် အားကြီးသော နဂါးကြီးသည် ကွေးကောက်၍ နဂါးငွေ့တန်းကို ကြည့်နေသည်။

အဖွဲ့ဝင်များ ပင်ပန်း၍ အနားယူရန် တဲသို့ ပြန်သွားကြသော်လည်း တာ့ဇီသည် ကောင်းကင်ကို မော့ကြည့်ကာ မြေပြင်ပေါ်တွင် လဲလျောင်းနေသည်။

တာ့ဇီသည် ကောင်းဖန်ကို ပထမဆုံးတွေ့သည့်နေရာသို့ ပြန်တွေးနေပုံရသည်။ အဲဒီတုန်းက ဖန်သေတ္တာထဲမှာ သော့ခတ်ထားလို့ သေတ္တာထောင့်မှာ ထိတ်လန့်စွာ ပုန်းနေခဲ့ရသည်။ ကောင်လေးတစ်ယောက်က ထူးဆန်းစွာ တက်လာပြီး ကြောက်လန့်သွားခဲ့သည်။

“အိုး... ခရမ်းရောင်ကင်းခြေများကြီး”

“ဒါက ငါတို့မိသားစုရဲ့ လက်တွဲဖော်အသစ်ပဲ...ဖန်လေး နာမည်ပေးလိုက်ပါ...

“အာ.. ဘယ်သူ ကျွန်တော်ကလား... ဒါပေမယ့် နာမည်ဘယ်လိုပေးရမှန်းမသိဘူး”

“ဒါပေမယ့် နောက်ဆုံးမှာ မင်းနာမည်ပေးနည်းကို သင်ယူနိုင်လိမ့်မယ်”

“ဒါဆို တာ့ဇီလို့ နာမည်ပေးရအောင်”

“ကောင်းပြီ တာ့ဇီလို့ခေါ်မယ်” သခင်မလေးက ညင်သာစွာပြောလိုက်သည်။

…

“တာ့ဇီ... ငါ့မှာ ငါ့မိဘတွေ မရှိတော့ဘူး.. သူတို့က ငါ့ကို မလိုချင်တော့ဘူး...” ကောင်လေးက သေတ္တာကို ကိုင်ထားရင်း ရှိုက်ကြီးတငင် ငိုလိုက်သည်။

“သူတို့က ငါ့ကို မလိုချင်ဘူး... ငါ့ကိုထားခဲ့မှာလား” ကလေးငယ်သည် နှပ်ချေးများကို ဖန်သေတ္တာနှင့် သုတ်လိုက်သည်။

သေတ္တာထဲက ကင်းခြေများက လှည့်ပတ်နေသည်။

နောက်ပိုင်းမှာတော့ ကောင်လေးက တကယ်ကို မိုက်မဲတာပင်။ သူအိပ်ချိန်မှာ စောင်တွေကိုကန်ထုတ်တာကြောင့် တာ့ဇီက သူ့ကို မကြာခဏ ပြန်ဖုံးထားရသည်။

“နောက်ဆုံးတော့ ငါနင့်လိုဖြစ်လာခဲ့တယ်... နင့်လိုပဲ ငါ့မေးစေ့ကို ပွတ်တတ်အောင် ငါသင်ယူခဲ့တယ်... နင့်လို ချောင်းဆိုးတတ်အောင် ငါသင်ယူခဲ့တယ်... နင့်လို ဟောက်တတ်အောင် ငါသင်ယူခဲ့တယ်... ဒါပေမယ့်... ကောင်းဖန် နင်ဘယ်မှာလဲ”

…

“အိုး… အိုး... ပြေး.. ပြေး” လူငယ်သုံးယောက်သည် တောနက်ကြီးထဲ ပြေးလွှားနေကြသည်။

ရံဖန်ရံခါ သူတို့သည် သစ်ပင်များစွာကို တိုက်ပြီး ရှေ့သို့ လွင့်စင်သွားသည့် အနက်ရောင် အရိပ်ကြီးတစ်ခုဆီသို့ စိတ်လှုပ်ရှားစွာ ပြန်ကြည့်မိကြသည်။

“ငါတို့တော့သွားပါပြီ... ဝံပုလွေနီတစ်ကောင်ကို ငါတို့မနိုင်နိုင်ဘူး” ယောက်ျားလေးတစ်ယောက်က မျက်ရည်ကျလာသည်။

“ဝံပုလွေနီက ဘယ်ခြေမှာ ဒဏ်ရာရထား‌တယ်.. ငါတို့အခွင့်အရေးရှိတယ်... ဝတုတ်.. တစ်ချက်လောက်ကျွေးလိုက် လက်လျှော့မနေနဲ့”

ထိုစ် ထူးဆန်းစွာ အော်ဟစ်သံကို ကြားလိုက်ရသည်။

ငွေရောင်တဖျပ်ဖျပ်တောက်ပြီး ကောင်လေးတွေကို လိုက်ဖမ်းနေသည့် ဝံပုလွေနီက ခေါင်းပြတ်သွားသည်။

“သေမျိုးငတုံး ကြီးမြတ်တဲ့ ဆီလီရဲ့ ကယ်တင်ခြင်းအတွက် ဂုဏ်ယူပါတယ်” ငွေရောင်ရေခူငါးတစ်ကောင် ကောင်းကင်မှ လွင့်ပျံလာသည်။

“ဒါပေမဲ့ ကျပန်းလူကို ငါမကယ်ပါဘူး.. မင်း ဒီအတွက် တန်ကြေးတော့ ပေးရမယ်” ဂျယ်လီငါး၏အသံသည် တောအုပ်တစ်ခုလုံး ပဲ့တင်ထပ်သွားသည်။

သူတို့ သုံးယောက် ချက်ခြင်း တုန်လှုပ်သွားကြသည်။

အလယ်မှ ကောင်လေးက လက်သီးကို တင်းတင်းဆုပ်လိုက်ပြီး ရှေ့ကို တိုးလာသည်။ “မင်း ဆုလိုချင်ရင် ကျွန်တော့်ကို ယူသွားပါ”

“မဟုတ်ဘူး... မဟုတ်ဘူး.. ငါ မင်းကို မလိုချင်ပါဘူး”

ငွေရောင်အလင်းတန်းများ ဖြတ်ကျော်သွားသည်။ ဝတုတ်လေးက အော်ဟစ်ပြီးတော့ သူ့အိတ်ကပ်ကို လုယူလိုက်သည်။ သူသယ်လာတဲ့ ဖျော်ရည်တွေ ပျောက်သွားသည်။

“အင်း.. ရပြီ.. မင်းတို့ထွက်သွားနိုင်ပြီ” ဆီလီသည် ဖျော်ရည်ကို ငုံလိုက်ပြီး နှုတ်ခမ်းကို အကြိမ်ကြိမ် သပ်လိုက်သည်။ ဒါက ရင်းနှီးပြီးသား အရသာတစ်ခုဖြစ်သည်။ လှပသော အရာတစ်ခုကို သတိရသွားသလိုပင် ရေခူသည် လေထဲ၌ လွင့်မျောသွားသည်။

***

သားရဲလေ့ကျင့်သူ

အခန်း ၈၅၂ နိဂုံး

“မင်းရဲ့ စွမ်းအားက တကယ်ပဲ ခိုင်မာတယ်” မှောင်မည်းနေသည့်အာကာသထဲမှာ အက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး ကောင်းဖန်၏ အသံနဲ့ ထပ်တူကျသည့် အသံတစ်ခု ထွက်ပေါ်လာသည်။ “မင်းလက်မလွှတ်ချင်တဲ့ စိတ်ကဘာလဲ.. မင်းရဲ့ဆန္ဒက မင်းကာကွယ်ချင်တဲ့ လူတွေကို အကာအကွယ်ပေးဖို့ပဲ.. မင်းအတွက် ငါသူတို့ကို ကာကွယ်ပေးခဲ့တယ်.. မင်းရဲ့ကမ္ဘာကို ငါကာကွယ်ခဲ့တယ်.. မင်းဘာကို မကျေနပ်တာလဲ”

မှောင်မိုက်သောနေရာ၌ ကောင်းဖန်က သူ့ခေါင်းကို မော့လိုက်ပြီး မျက်လုံးများသည် နီရဲနေသည်။ “မင်းကဘယ်သူလဲ... မင်းဘာလို့ ငါနဲ့တူနေတာလဲ”

“ငါလား..” မှောင်နေသောနေရာသည် နွေးထွေးသောအလင်းရောင်နှင့်အတူ ရုတ်တရက် တောက်ပလာပြီး တံခါးပွင့်လာသည်။ ကောင်းဖန်နှင့် တူညီသော တစ်စုံတစ်ယောက်သည် အသက်အရွယ် ကွာခြားပုံရသည်မှလွဲ၍ ရွှေအိုရောင် ၀တ်စုံများ ဝတ်ဆင်ထားပြီး အာကာသထဲသို့ ဝင်ရောက်လာသည်။

“ငါက မင်းပဲ..”

“မင်းက ငါနဲ့ စရိုက်ကွဲနေတာလား.. ခန္ဓာကိုယ် ခွဲခြားထားတဲ့.. ငါ့ကိုယ်ပွားလား” ကောင်းဖန်က သူ့ကို အနီးကပ် စိုက်ကြည့်လိုက်သည်။

“မဟုတ်ဘူး...မဟုတ်ဘူး... ငါက တခြားကမ္ဘာက လာတဲ့မင်းပဲ... ဒါပေမယ့် ငါ့ခွန်အားက မင်းရဲ့ထက်နည်းနည်းပိုတယ်” သူ့ရှေ့ကလူက သေးငယ်သော်လည်း နွေးထွေးသော အပြုံးတစ်ခုကို ပေးသည်။

ထိုလူက လက်ညိုးထိုးလိုက်ရာ ကောင်းဖန် နောက်တွင် ကုလားထိုင်တစ်ခု ပေါ်လာသည်။

“လာ.. ထိုင်.. မင်းမေးခွန်းတွေနဲ့ ပြည့်နေမယ်ဆိုတာ ငါသိတယ်”

ကောင်းဖန်က ဘာမှမပြောဘဲ ထိုင်ချလိုက်သည်။

“စကြ၀ဠာကြီးက မင်းထင်ထားတာထက် ပိုကျယ်တယ်... ကမ္ဘာတစ်ခုစီမှာ မင်းနောက်တစ်ယောက်ရှိတယ်..ငါတို့က မိခင်တစ်ဦးထဲက အမွှာတွေလိုပဲ... ငါတို့ရဲ့ ဆက်ဆံရေးက ညီအစ်ကိုတွေထက် ပိုနီးစပ်တယ်... အနှစ်သာရအားဖြင့် ငါတို့က တဦးတည်းဖြစ်တယ်”

ကောင်းဖန်၏ မျက်လုံးများ မှိတ်ထားလိုက်သည်။ “ဒါဆို တခြားကမ္ဘာမှာ ငါက လူသတ်သမားလား”

“မဟုတ်ဘူး... ငါမသတ်ပါဘူး.. ငါက အဲဒီလူယုတ်မာတွေနဲ့ မတူဘူး.. မင်းရဲ့ခံစားချက်နဲ့ ဆန္ဒတွေကို ငါအာရုံစိုက်ပါတယ်.. မင်း စိတ်ဓာတ်ကျတဲ့အခါ.. နာကျင်နေတဲ့အခါ.. မင်းမှာ ခွန်အားမရှိလို့ ဒေါသထွက်တဲ့အခါ” သူ့ရှေ့ကလူက လက်ညိုးထိုးပြလိုက်သည်။ “ငါလာမယ်”

“မင်းရဲ့ဆန္ဒတွေကို ငါဖြည့်ဆည်းပေးမယ်.. မင်းက ငါနဲ့တစ်သားတည်းရှိဖို့ပဲလိုတယ်”

“ဒါဆို ..ရွှေလက်ချောင်းက ငါကို ထူးခြားတယ်လို့ ပြောနေတာ အံ့သြစရာတော့ မဟုတ်တော့ပါဘူး” ကောင်းဖန် တွေးလိုက်မိသည်။

“မင်းမှာ ဆန္ဒတွေ မပြည့်သေးဘူးလို့ ငါထင်တယ်.. မင်းပြန်လာနိုင်ပါတယ်... မင်းစဉ်းစားပြီးရင် ငါ့ကိုဆက်သွယ်ပါ” ဟု သူ့ရှေ့မှလူက အေးအေးဆေးဆေးပြောလိုက်သည်။

“မင်း ငါ့ကို ပြန်ခွင့်ပြုမှာလား” ကောင်းဖန်သည် မျက်လုံးများ မှိတ်ထားသည်။

“ဟုတ်တယ်.. နောက်ဆုံးတော့ ငါက ကြင်နာတတ်တဲ့သူတစ်ယောက်ပါ”

ကောင်းဖန် ရှေ့မှာ အဖြူရောင်အလင်းတန်းတစ်ခု ပေါ်လာသည်။

နောက်ဆုံးအခိုက်အတန့်တွင် ကောင်းဖန်သည် တောက်ပသော တံခါးကို ဖြတ်ကျော်ဝင်ရောက်ပြီးနောက် ငြီးငွေ့ဖွယ်အသံကို ကြားလိုက်ရသည်။ “ဒီအာကာသထဲမှာ အချိန်တွေ စီးဆင်းမှုက ပြင်ပကမ္ဘာနဲ့ယှဉ်ရင် အရမ်းနှေးကွေးတယ်လို့ မင်းကိုပြောဖို့ မေ့နေတယ်...”

…

“ဘယ်လောက်ကြာပြီလဲ” ကောင်းဖန်သည် သူ့ရှေ့မှ မြင်ကွင်းကို စိုက်ကြည့်နေမိသည်။

ပေ ၃၀၀ ကျော်မြင့်သော အစိမ်းရောင်မိုးကြိုးပုံစံ ကျောက်တုံးနဂါးတစ်ကောင်သည် ကောင်းစွာခင်းထားသောလမ်းပေါ်တွင် လမ်းလျှောက်နေသည်။ ၎င်း၏နောက်ကျောတွင် သတ္တုဖြင့်ပြုလုပ်ထားသည့် ပေါ့ပါးသောသေတ္တာတစ်ခုရှိသည်။

သေတ္တာပေါ်က ပြတင်းပေါက်ကနေ လျှောက်သွားနေသည့်လူတွေကို မြင်လိုက်ရသည်။

ကောင်းဖန်သည် သူ့ရှေ့ရှိ မိုးကြိုးစကျင်ကျောက်တုံးနဂါး၏ ထွက်သက်မှာ ဧကရာဇ်အဆင့်ဖြစ်သည်ကို ခံစားသိရှိနိုင်သည်။ ဤအချက်အလက်ကြောင့် ဤခေတ်တွင် သားရဲများအတွက် အလွန်အဆင့်မြင့်သော နည်းပညာရှိပုံရသည်။

ကောင်းဖန်သည် နဂါးတစ်ကောင်၏အမျိုးအစားများကို မြင်နိုင်စေမည့် ရွှေလက်ချောင်း၏ စွမ်းအင်ကို ဆုံးရှုံးခဲ့ရသော်လည်း သူသည် အဆင့်မြင့် သားရဲလေ့ကျင့်သူအဖြစ် ရှိနေသေးသည်။ သူ့မှာ သားရဲတွေမရှိတော့ဘူးဆိုရင်တောင် သူ့ရဲ့ ကာယခွန်အားတစ်ခုတည်းက အလယ်အလတ်အဆင့် နတ်ဘုရားနှင့် ယှဉ်နိုင်သည်။

“ဟေ့လူ.. မင်းငါ့ကိုစီးချင်လို့လား” အနီရောင်၊ လိမ္မော်ရောင်၊ အဝါ၊ အစိမ်း၊ အပြာနှင့် ခရမ်းရောင်ဆံပင်များဖြင့် နီယွန် အမျိုးသားတစ်ဦးသည် ပြတင်းပေါက်မှ ခေါင်းကို ထွက်ပြီး မေးလိုက်သည်။

“အင်း…အင်း.. ကျေးဇူးတင်ပါတယ်” ကောင်းဖန် ခေါင်းညိတ်လိုက်သည်။

“ဘာလို့ အဝေးပြေးလမ်းမှာ တစ်ယောက်တည်းနေတာလဲ... တော်တော်အန္တရာယ်များတယ်” နီယွန်ကောင်လေးက သူ့လက်တွေကို ကောင်းဖန်ရဲ့ပခုံးပေါ်မှာ အားရပါးရ တင်လိုက်သည်။ “ဒါနဲ့.. ခင်ဗျားက ဘယ်သွားမလို့လဲ”

ကောင်းဖန် ခဏလောက်စဉ်းစားပြီး သူ့ကိုကြည့်လိုက်သည်။ “မျှော်လင့်ခြင်းမြို့တော်ကို”

မျိုချလိုက်တော့မည့် အချိုရည်များသည် ကောင်းဖန်၏ မျက်နှာပေါ်သို့ ဖြန်းခနဲ ဖြစ်သွားသည်။

“ကျွန်တော်တို့ အဝေးဆုံး ပေလင်းမြို့ကိုပဲ သွားနိုင်တယ်... မျှော်လင့်ခြင်းမြို့တော်က ဒီဂြိုလ်နဲ့ အရမ်းဝေးတယ်”

“ရပါတယ်.. ကျေးဇူးတင်ပါတယ်” ကောင်းဖန် သက်ပြင်းချလိုက်သည်။ အနည်းဆုံးတော့ မျှော်လင့်ခြင်း မြို့တော်ကြီး ရှိနေတုန်း ဖြစ်သည်။

နောက်ဆုံးတွင် ကောင်းဖန်သည် သူနှင့်စကားပြောလိုက်ပြီးနောက် လက်ရှိအဖြစ်အပျက်များကို သိရှိသွားသည်။

ထိုစစ်ပွဲသည် နှစ်ပေါင်း ၉၀၀ ရှိခဲ့ပြီဖြစ်သည်။

နံပါတ်ကိုကြားလိုက်သောအခါ ကောင်းဖန်သည် စိတ်ရှုပ်ထွေးသွားပြီး သူ့ခေါင်းက ချက်ချင်းပင် တုန်ခါသွားသည်။

နှစ်တွေကြာသွားတော့ မိသားစုနဲ့ သူငယ်ချင်းတွေက ငါ့ကိုဝိုင်းဆဲကြမလား..

တစ်ချိန်တည်းမှာပင် နဝမမြောက်ကောင်းကင်ဘုံ၏ ထောင့်တစ်နေရာရှိ မြင့်မားသော တောင်ကြီးတစ်ခု ရုတ်တရက် လှုပ်သွားသည်။

တောင်ပေါ်တွင် သစ်ပင်များ ဖုံးလွှမ်းနေပြီး တောင်ခြေတွင် ရွာတစ်ရွာရှိသည်။

“အာမု.. အာမု.. တောင်က ပြေးနေတယ် အာမု.. အာမု.. တောင်က ပြေးနေတယ် “ ဘောင်းဘီတိုဝတ်ထားသည့် ကလေးလေးတစ်ယောက်သည် ကြောက်လန့်တကြားနဲ့ ရွာထဲကို ပြေးလာသည်။

“ချန်ဇီ… မင်း လိမ်ပြန်ပြီ... ဒီနေ့ မင်းကို မရိုက်ရင် ကြည့်စမ်း”

ထိုစဉ် ပုတ်ခတ်သံများစွာ ထွက်ပေါ်လာသည်။

မိနစ်အနည်းငယ်ကြာတော့ ရွာက လူတွေ စည်ကားလာပြီး အသက်မွေးဝမ်းကြောင်းပြုနေသည့် တောင်ကြီးဟာ ရုတ်တရက် ပြေးထွက်သွားတာကို ရွာကလူတွေ သိလိုက်ရသည်။

“အစ်ကို... မင်းမျှော်လင့်ခြင်းမြို့ကိုသွားချင်ရင် ပေလင်းမြို့ကိုသွားပြီး လိုင်းနံပတ်ခုနစ်ကို ပြောင်းရမယ် ပြီးရင် ထျန်ကျန်မြို့မှာ လိုင်နံပါတ်နှစ်နဲ့ လေယာဉ်အပြောင်းအရွှေ့ဗဟိုဌာနကို သွားရမယ်” ဟု သက်တံရောင်ဆံပင်နှင့် ကောင်လေးက ရှင်းပြလိုက်သည်။

ကောင်းဖန်က အတော်လေး စိတ်လှုပ်ရှားသွားသည်။ ရာစုသစ်မှာ လူတိုင်းက အရမ်းစိတ်အား ထက်သန်နေသလား...

ကောင်းဖန်သည် ရုတ်တရက် ထူးဆန်းသော ခံစားချက်ကို ခံစားလာရပြီး အနောက်ဘက်သို့ လှမ်းကြည့်လိုက်သည်။

ကောင်းကင်ယံ၏အဆုံးတွင် အနက်ရောင်အစက်လေးများ တဖြည်းဖြည်းပိုကြီးလာသည်။ ကောင်းဖန်က ဝမ်းသာအားရ အံ့သြသွားသည်။

“ကောင်းဖန်… နောက်ဆုံးတော့ တွေ့ပြီ....” ကျယ်လောင်သောအသံသည် မြေတစ်ပြင်လုံး ကျယ်လောင်စွာ ထွက်ပေါ်လာသည်။

***

သားရဲလေ့ကျင့်သူ

အခန်း ၈၅၃ နိဂုံးအပိုင်း (၂)

“ဘာလဲဟ” အဝေးပြေးလမ်းမကြီးပေါ်ရှိ သားရဲများအားလုံး မြေပြင်ပေါ်တွင် ဒူးထောက်ကာ တုန်လှုပ်နေကြသည်။

သက်တံဆံနွယ်နှင့်ကောင်လေးသည် တစ်စက္ကန့်မျှ အံ့ဩသွားပြီး ကောင်းဖန်ကို ကြောင်တက်တက်ဖြင့် လှည့်ကြည့်လိုက်သည်။

ဒီလူက သူ့ကိုယ်သူ ကောင်းဖန်လို့ပဲ မိတ်ဆက်ထားပုံရသည်။

ကောင်းဖန်က ရှက်ရွံ့စွာ ပြုံးလိုက်သည်။ “အဲဒါက ငါပဲဖြစ်သင့်တယ်...အဲဒါ ငါ့ကိုခေါ်နေတာ”

“ကောင်းဖန်...” သတ္တဝါသည် အရှေ့ဘက်သို့ ဆက်၍ ပျံသန်းနေသဖြင့် အသံလှိုင်းသည် သူ့ဦးခေါင်းကို ကျော်သွားသည်။

“ကောင်းဖန်...အာာ.....”

အသံ လွင့်ထွက်လာသည်က ခေါင်းပေါ်ကနေ ဗုံးကြဲလေယာဉ်တစ်စီး ပျံသန်းသွားသလိုမျိုးဖြစ်သည်။

ကောင်းဖန်၏ မျက်နှာ မည်းမှောင်သွားသည်။

နောက်ဆုံးတွင် အဝေးပြေးလမ်းမပေါ်ရှိ လူများက လူတစ်ဦး၏လက်ထဲသို့ တောင်တစ်လုံးထိုးကျသွားသည်ကို မြင်လိုက်ကပြီး ထိုလူက သူ့လက်ထဲမှာ တောင်တစ်လုံးနှင့်အတူ ထွက်ခွာသွားသည်။

“မင်းမထင်ဘူးလား... ကောင်းဖန်.. ဒီနာမည်က သိပ်မရင်းနှီးနေဘူးလား” သက်တန့်ဆံပင်က သူ့ခေါင်းကို ကုတ်လိုက်သည်။

အနောက်မှာထိုင်နေတဲ့ မျက်မှန်တပ်ထားသည့် လူငယ်တစ်ယောက်က သူ့ကျောင်းလွယ်အိတ်ထဲက ကျောင်းသုံးစာအုပ်ကို ထုတ်ယူပြီး ကျောင်းစာအုပ်အဖုံးကို လက်ညှိုးထိုးပြပြီး “ဒါက သူလား” ဟုမေးလိုက်သည်။

“…”

သူ့ဘေးမှ အခြားလူက မတ်တပ်ရပ်ပြီး “အို ဘုရားရေ” ဟု အော်လိုက်သည်။

…

“ကောင်းဖန်... ဒီနှစ်တွေလုံး ဘယ်ရောက်နေတာလဲ... ငါ ဘာလို့ ရှာမတွေ့ရတာလဲ” အစင်းလေးက ကောင်းဖန်ကို ပြောလိုက်သည်။

ကောင်းဖန် မတော်တဆ ထပ်မံပျောက်ကွယ်သွားပြီး နှစ်ရာချီကြာအောင် စောင့်မျှော်နေမှာကို ကြောက်နေပုံပင်။

“ငါ အခု ဒီမှာ မရှိဘူးလား” ကောင်းဖန်သည် အပြုံးဖြင့် အဝေးကို လှမ်းကြည့်လိုက်သည်။

ထိုစဉ် ပက်လက်လန်နေသော ငွေရေခူငါးတစ်ကောင်သည် မျက်နှာဖုံးကဲ့သို့ ကောင်းဖန်၏မျက်နှာပေါ်သို့ ကျရောက်လာသည်။ ကောင်းဖန် သည် အစင်းလေး၏ နောက်သို့ ချက်ချင်း လဲကျသွားသည်။

ဆီလီကို သူ့ကိုယ်နဲ့ ခွဲထုတ်ဖို့ မလွယ်ကူပေ။ ကောင်းဖန် ပြင်းပြင်းထန်ထန် ရှူရှိုက်လိုက်ရသည်။

“နှစ်ရာချီပြီးကြာသွားတာတောင် မင်းဘာလို့ ဒီလောက်မိုက်မဲနေတာလဲ” ကောင်းဖန်က ဆီလီကို အပြစ်တင်လိုက်သည်။

“ငါက နင့်ရဲ့ ဆီလီလေ” ဆီလီက ရွှင်မြူးစွာပြုံးလိုက်သည်။

“တာ့ဇီနဲ့ ကျန်တဲ့သူတွေ ဘယ်ရောက်နေလဲ သိလား” ကောင်းဖန် ပြန်ရောက်ရင် သူပထမဆုံးတွေ့ရမယ့်လူက တာ့ဇီလို့ တွေးလိုက်သည်။

“ငါမသိဘူး.. ဒါပေမယ့် နဂါးပုရွက်ဆိတ်က ဘယ်မှာလဲဆိုတာ ငါသိတယ်” ဟု ဆီလီက ဆိုလိုက်သည်။

“ဒါဆို နဂါးပုရွက်ဆိတ်ဆီ အရင်သွားရအောင်” ကောင်းဖန် ခေါင်းညိတ်လိုက်သည်။

တစ်ချိန်တည်းမှာပင် မျှော်လင့်ခြင်းမြို့တော်အပြင်ဘက်က ဇိမ်ခံအိမ်ကြီးတစ်ခုတွင် ဂိုဒီသည် ၀တ်စုံကိုဝတ်ဆင်ထားပြီး ၎င်း၏နောက်ကျောတွင် လက်ကိုပစ်ထားသည်။ ဖလိန်မီသည် အနီးတွင်ရပ်နေပြီး လက်ရှိ ဖလိန်မီသည် ကိုယ်အလေးချိန် အများကြီးကျသွားခဲ့သည်။

ဖလိန်မီ၏တင်ပါးနောက်တွင် အစိမ်းရောင်ကိုယ်ထည်ရှိသော ဘဲတစ်ကောင်ရှိသည်။ ဂိုဒီနှင့် ဖလိန်မီနှင့်တူပြီး ဆံပင်အနည်းငယ်သာ ရှိသည်။

“ဘာလို့ ငါ့နောက်ကို အမြဲလိုက်နေတာလဲ... မင်းအဖေနောက်ကိုလိုက်သွား” ဖလိန်မီက စိတ်တိုတိုနဲ့ပြောလိုက်သည်။

ဖလိန်မီ၏တင်ပါးနောက်ကွယ်ရှိ ဘဲစိမ်းစိမ်းလေးသည် ၎င်း၏လည်ပင်းကို ဆွဲဆုတ်ကာ “ဖေဖေ..ဖေဖေက ရုပ်ဆိုးတယ်...” ဟု ပြောလိုက်သည်။

ရှေ့ကို လျှောက်သွားနေသော ဂိုဒီသည် ချော်လဲသွားသည်။

ထို့နောက် မျက်မှောင်ကြုတ်ကာ ခေါင်းကိုလှည့်လိုက်သည်။ “မီးတောက်ငယ်.. ဒီကိုလာ... မင်းအဖေဘယ်လိုလုပ်ရုပ်ဆိုးမှာလဲ... ကောင်းဖန်က ငါ့ရဲ့သတိရှိတဲ့ပုံစံကြောင့် ငါ့ကို ချီးကျူးခဲ့ဖူးတယ်”

မီးတောက်ငယ်က ခေါင်းကိုပြန်ဆွဲလိုက်ပြီး “ဖေဖေ... ကောင်းဖန်က ဘယ်သူလဲ” ဟု မေးလိုက်သည်။

ကောင်းဖန်၏ နာမည်ကို ကြားလိုက်ရသောအခါတွင် ဖလိန်မီ နှင့် ဂိုဒီသည် စိတ်မကောင်း ဖြစ်နေကြပုံရသည်။

ဂိုဒီသည် မီးတောက်ငယ်၏ ခေါင်းကို ပွတ်သပ်လိုက်သည်။ “ကောင်းဖန်က မင်းအဖေရဲ့ သားရဲလေ့ကျင့်သူပဲ”

သားရဲလေ့ကျင့်သူလား... အဖေ့မှာ သားရဲလေ့ကျင့်သူ ရှိသလား.. “အဖေက အရမ်းစွမ်းအားကြီးတယ်ဆိုတာ သိပါတယ်... ဒီလောက် အစွမ်းထက်တဲ့ ဖေဖေ့မှာ သားရဲလေ့ကျင့်သူရှိသေးလား”

“ဟုတ်တယ် သူ့မှာရှိတယ်.... ကောင်းဖန်ကြောင့် မင်းအဖေက အမေ့ကို သိခွင့်ရခဲ့တာ”

“…”

“နဂါးပုရွက်ဆိတ်က ဒီရဲတိုက်မှာလား” ကောင်းဖန်က ဆီလီကို မေးလိုက်သောအခါ ဆီလီသည် ခေါင်းညိတ်ကာ ကြည့်လိုက်သည်။

အစင်းလေး ဆင်းသက်လိုက်သောအခါ အောက်နန်းတော်၌ ရုန်းရင်းဆန်ခတ်ဖြစ်သွားသည်။

ကောင်းဖန်က နန်းတော်ပေါ်က ချိတ်ဆွဲထားတဲ့ ဆိုင်းဘုတ်ကို ကြည့်ပြီး “ဗီယန်ကျင်း နန်းတော်က နာမည်ကောင်းပဲ” ဟု ပြောလိုက်သည်။

“ဗီယက်နမ်နန်းတော်ကို ဘယ်သူက ကျူးကျော်ရဲတာလဲ” ပုံရိပ်နှစ်ခုသည် အောက်မှတက်လာသည်။

စကားမပြောနိုင်ခင်မှာ နန်းတော်ထဲက အရိပ်လေးတစ်ခု ထွက်လာသည်။ “သခင်” နဂါးပုရွက်ဆိတ်သည် ကောင်းဖန် ရှေ့မှာ စိတ်လှုပ်ရှားစွာ ဒူးထောက်လိုက်သည်။

ဘေးနားတွင် ရုတ်ရုတ်သဲသဲဖြစ်သွားသည်။

လူသားအားလုံးကြားတွင် လူသိများသော ထိပ်တန်းနန်းတော် နှစ်ခုအနက်မှ တစ်ခုဖြစ်သည့် ဗီယင်ကျန်းနန်းတော်၏ ခေါင်းဆောင်သည် အမှန်တကယ်ပင် ထူးဆန်းသောလူကို ၎င်း၏သခင်ဟု လူအများရှေ့တွင် ခေါ်ဝေါ်လိုက်သည်။

ဒါဟာ လုံးဝကို တုန်လှုပ်စရာ သတင်းပါပင်။

“မင်းက နတ်ဘုရားဘုရင်အဆင့်မှာလား... မင်း အလုပ်ကြိုးစားတာပဲ...မင်းက ဆီလီနဲ့ အစင်းလေးထက် အများကြီးသာလွန်တယ်.. အဲဒီလူမိုက်တွေပဲ” ဟု ကောင်းဖန်က စိတ်သက်သာရာရစွာနဲ့ ပြောလိုက်သည်။

“ကျွန်တော်က အပျင်းထူတဲ့လူမဟုတ်ပါဘူး” ဟု ဆီလီက ပြောလိုက်သည်။

ကောင်းဖန်ပျောက်ဆုံးသွားပြီးနောက် အစင်းလေးသည် တိုးတက်ဖို့ စိတ်ကူးမရှိခဲ့ပေ။ အဲဒီမှာ နေ့တိုင်းအိပ်ပြီးရင်း အိပ်ခဲ့သည်။ ၎င်း၏ခန္ဓာကိုယ်ကို သစ်ပင်များဖြင့် ဖုံးအုပ်ထားပြီး အဆင့်မြင့်နတ်ဘုရား အထွတ်အထိပ်တွင်သာ ရှိသေးသည်။

“သွားကြရအောင်.. ကောင်းကင်မှာ မပေါ်ပါစေနဲ့” ဟု ကောင်းဖန်က နဂါးပုရွက်ဆိတ်ကို ပြောလိုက်သည်။ သူပြန်လာသည့်သတင်းကို လူတွေ လျှို့ဝှက်ထားမည်မဟုတ်ကြောင်း သူသိသည်။ သတင်းက ပျံ့နှံ့သွားပြီး သူ့ကို တွေ့ချင်သူတွေ လာလိမ့်မည်။

“ဒီ ဗီယန်ကျင်းနန်းတော်က ဘာလဲ”

“ဒါက အဘိုးကျီရဲ့ အကြံပဲ... ကျွန်တော်က စည်းမျဉ်းတွေကို ပုံတူပွားနိုင်တဲ့အတွက် ဗီယန်ကျင်းနန်းတော်မှာ လေ့ကျင့်သင်ကြားခွင့် ရခဲ့တယ်” နဂါးပုရွက်ဆိတ်က ဒီလိုပြောတဲ့အခါ အနည်းငယ်ရှက်သွားသည်။

“ဒါဆို စည်းမျဉ်းတွေ အများကြီး ထပ်တူကျဖို့ မလိုဘူးလား” ကောင်းဖန်သည် သူ့အဘိုး ဘယ်လောက် တော်ကြောင်း ရုတ်တရက် သဘောပေါက်သွားသည်။

“အဆင်ပြေပါတယ်.. အမျိုးအစား ၇၀ ဒါမှမဟုတ် ၈၀ လောက်ပဲရှိပြီး အများစုက ထပ်ခါထပ်ခါဖြစ်နေတာ”

အခြားနေရာတစ်ခုတွင် ဘုရင်ခံအဖြစ်မှ အနားယူခဲ့သော ကျီဟန့်ဝူသည် သူ၏လူများထံမှ ကောင်းဖန် ပြန်လာကြောင်း သတင်းရရှိလိုက်သည်။

ကျီဟန့်ဝူသည် သူ့ငါးမျှားတံကို ဂရုမစိုက်နိုင်လောက်အောင် စိတ်လှုပ်ရှားနေသည်။ “သွားကြရအောင် ရှောင်ကောနဲ့ ယိရွှယ်”

“အမေနဲ့အဖေ” ကောင်းဖန်သည် သူ၏ စိတ်လှုပ်ရှားမှုကို မထိန်းနိုင်ပေ။

“ဖန်လေး... “ ကျီယီရွှယ်က ကောင်းဖန် ကို ပွေ့ဖက်လိုက်သည်။

အချိန်တိုအတွင်း အချင်းချင်း သတင်းမျှများဝေပြီးနောက် ကောင်းဖန်သည် သူ့မိဘများ၏ အတွေ့အကြုံများကို ကြားလိုက်ရသည်။

ကပ်ဘေးအစတွင် အာကာသအက်ကြောင်းများကြောင့် သူ့မိဘများသည် သေဆုံးပြီးနောက် ရှစ်တိသို့ ဝင်ရောက်ခဲ့ပြီး မဟာယာနမြေအောက်ကမ္ဘာဆယ်ပါးတွင် သားရဲလေ့ကျင့်သူများ ဖြစ်လာခဲ့ကြသည်။

မဟာယာနမြေအောက်ကမ္ဘာဆယ်ပါးသည် အလွန်ကျယ်ဝန်းသော နေရာဖြစ်သည်။ ကောင်းဖန်သည် တစ်ချိန်က သူ့မိဘများကို ရှာဖွေခဲ့သော်လည်း သဲလွန်စမတွေ့ခဲ့ပေ။

လူသားမျိုးနွယ်စု နဝမမြောက်ကောင်းကင်ဘုံကို အောင်မြင်စွာ သိမ်းပိုက်ပြီးနောက် ကောင်းတုန်းကော်နှင့် ကျီယီရွှယ်တို့သည် နောက်ဆုံးတွင် ကျီဟန့်ဝူနှင့် ပြန်လည်ဆုံတွေ့ခဲ့ကြသည်။

ထို့အပြင် ကောင်းဖန်သည် မှော်ဦးနှောက်၊ ဂုံးဖြူလေး၊ အလင်းလှိုင်း၊ ဂိုဒီ၊ ဖလိန်မီ နှင့် ရှောင်းကောတို့နှင့်လည်း တွေ့ဆုံခဲ့သည်။

“ဒီကောင်ငယ်လေးက ဘယ်သူလဲ” ကောင်းဖန်သည် ဖလိန်မီ ၏တင်ပါးနောက်ကွယ်တွင် ပုန်းနေသော မီးတောက်ငယ်ကို နောက်ပြောင်လိုက်သည်။

“ကျွန်တော်က မီးတောက်ငယ်ပါ” နောက်ပြန်မဆုတ်ခင် မီးတောင်ငယ်က သတ္တိရှိရှိ ပြောလိုက်သည်။

“မင်းက ချစ်စရာကောင်းတယ်... မင်းအဖေလို သန်မာလာမယ်လို့ မျှော်လင့်ပါတယ်” ဟု ကောင်းဖန်က ဘဲလေးကို အားပေးလိုက်သည်။

မီးတောက်ငယ်က ခေါင်းကို ဆန့်တန်းပြီး “မလုပ်ချင်ဘူး” ဟု ပြောလိုက်သည်။

“ဘာကြောင့်လဲ”

“အဖေက ရုပ်ဆိုးလို့ပဲ”

“ဟားဟားဟား....” ခြံထဲမှာ ရယ်မောသံတွေနဲ့ ပြည့်နေသည်။

“ကောင်းဖန်.. ငါ နင့်ရဲ့ကုမ္ပဏီကို မင်းအတွက် နှစ်တွေကြာအောင် စောင့်ရှောက်ခဲ့တာ” ဂိုဒီက လုံးဝစိတ်မဆိုးပေ။

ဖလိန်မီ တိတ်တိတ်လေး သက်ပြင်းချလိုက်သည်။ ကောင်းဖန် ထွက်သွားပြီးကတည်းက ဂို‌ဒီကို ဒီလောက်ပျော်နေတာ မတွေ့ရခဲ့ပေ။

“တာ့ဇီ၊ ခြင်္သေ့ဖြူနဲ့ ပင်လယ်ဝတုတ်ကို ငါဘာလို့မတွေ့ရတာလဲ” ကောင်းဖန်သည် အနည်းငယ် ပျောက်ဆုံးနေသေးသည်ကို သတိပြုမိလိုက်သည်။

“သခင်” တည်ငြိမ်ပြီး အားကောင်းသည့် အသံက တံခါးအပြင်ဘက်ကနေ ထွက်ပေါ်လာသည်။

ဒန်ဘီက တံခါးကို တွန်းဖွင့်ပြီး ဝင်လိုက်သည်။ သူ့နောက်မှာတော့ ရှောင်ဟွာက အခြေခံနတ်ဘုရားအဆင့်အထိ ကျော်ဖြတ်သွားပြီ ဖြစ်သည်။

“ဒန်ဘီ” ကောင်းဖန် နှင့် ဒန်ဘီ တို့သည် တစ်ယောက်နှင့်တစ်ယောက် မျက်လုံးချင်းဆုံကာ တစ်ယောက်ကို တစ်ယောက် တင်းတင်းကျပ်ကျပ်ပွေ့ဖက်ထားလိုက်ကြသည်။

“သခင်ပြန်လာမယ်ဆိုတာ ကျွန်တော်အမြဲသိပါတယ်” ဒန်ဘီ၏ နက်နဲသော အသံသည် ကောင်းဖန်၏ နားထဲတွင် ပဲ့တင်ထပ်သွားသည်။

ဂိုဒီက သက်ပြင်းချပြီး သူ့သတင်းကို မျှဝေလိုက်သည်။ “ပင်လယ်ဝတုတ်က အခု အိမ်ထောင်ကျနေပါပြီ... လွန်ခဲ့တဲ့နှစ်ပေါင်း ခြောက်ရာက သူ့ ဇနီးကို တွေ့ခဲ့တယ်... ဒါပေမယ့် အဆင့်မြင့်နတ်ဘုရားဖြစ်တဲ့ ပင်လယ်ဝတုတ်က အဆင့်မြင့်နတ်ဘုရားဖြစ်တဲ့ သူဇနီးကို ဆုံးရှုံးသွားခဲ့တယ်....အဲဒီအချိန်ကစပြီး ပင်လယ်ဝတုတ်က ခရီးစတင်ခဲ့ပြီး ပြန်လာမယ့် အရိပ်အယောင် မရှိခဲ့ဘူး”

“ခြင်္သေ့ဖြူကိုတော့ မတွေ့တာကြာပြီ... လွန်ခဲ့တဲ့ နှစ် ၃၀ က တစ်ကြိမ်ပဲ မြင်လိုက်တယ်.. အပြောင်းလဲဆုံးသူရှိရင်တော့ ခြင်္သေ့ဖြူပဲ ဖြစ်လိမ့်မယ်”

“ဘယ်လောက်ပြောင်းသွားပြီလဲ” ကောင်းဖန်က စပ်စုလိုက်သည်။ ခြင်္သေ့ဖြူသည် အသက်ရှင်နေသေးသည်ဟု သွေးစာချုပ်မှတစ်ဆင့် သူခံစားနိုင်သည်။

“ငါမရှိတုန်း မင်းငါ့မကောင်းကြောင်းပြောနေတာလား” ငွေရောင်တလက်လက်နှင့် မျက်လုံးတစ်ဖက်တည်း ရှိသော ခြင်္သေ့ကြီးသည် ဦးခေါင်းကို မြင့်ကာ ခြံဝင်းထဲတွင် ရပ်နေသည်။

“မင်း ခြင်္သေ့ခြောက်ကောင်လုံးကို စုဆောင်းပြီးပြီပေါ့” ဟု ကောင်းဖန်ကပြောလိုက်သည်။

“ငါ အဲဒါတွေ စုဆောင်းပြီးသွားပြီဆိုတာ နင်ဘယ်လိုသိလဲ” ခြင်္သေ့ဖြူက အံ့သြသွားသည်။

“မင်းမှာအခု ခြောက်ရောင်ရှိလို့..”

ခြင်္သေ့ဖြူသည် တိတ်တဆိတ် တုန်လှုပ်သွားသည်။

“တာ့ဇီ ဘယ်မှာလဲ.. တာ့ဇီက ဘာလို့မလာသေးတာလဲ” ကောင်းဖန် မျက်မှောင်ကြုတ်ကာ အနည်းငယ် စိုးရိမ်သွားသည်။

“တာ့ဇီက မင်းပြန်ရောက်လာတာကြာပြီးပြီ... သူက ငါတို့ကြားထဲမှာ ပထမဆုံး သိတဲ့သူပဲ” ဟု ဂိုဒီက ဆိုသည်။

“ဟုတ်လား” ကောင်းဖန် ခေါင်းညိတ်လိုက်သည်။ သူသည် တာ့ဇီ၏ သေးငယ်သောနည်းလမ်းများနှင့် ရင်းနှီးသည်။

…

“တာ့ဇီ”

“တာ့ဇီ”

ကောင်းဖန်သည် ချိုင့်ဝှမ်းမှ ခုန်ဆင်းသွားသည်။

ချိုင့်ဝှမ်းအလယ်ရှိ ကျွန်းငယ်တစ်ကျွန်းတွင် ဦးခေါင်းကို မြေကြီးထဲတွင် မြှုပ်ထားသည့် နဂါးတစ်ကောင်ရှိသည်။ သူ့ဖင်ကြီးက ကောင်းကင်ကို မျက်နှာမူနေသည်။

“ငါမင်းကိုခေါ်တာကို ဘာလို့ပြန်မဖြေတာလဲ” ကောင်းဖန်သည် တာ့ဇီ၏ နောက်ခြေထောက်များကို ရိုက်နှက်လိုက်သည်။

“ငါစိတ်မဆိုးပါဘူး”

စိတ်ဆင်းရဲစွာဖြင့် တာ့ဇီသည် ၎င်း၏အမြီးကို လှန်လိုက်သည်။

ကောင်းဖန်သည် တာ့ဇီ၏ခေါင်းဆီသို့ သွားကာ တာ့ဇီ၏လည်ပင်းနောက်ကို ပုတ်လိုက်သည်။

“ဘာလုပ်နေတာလဲ” တာ့ဇီက မေးခွန်းထုတ်လိုက်သည်။

“ဟဲလို ရုပ်ဆိုး...ငါ မင်းကို တစ်ခုခုပြချင်လို့”

တာ့ဇီက သူ့ခေါင်းကို မြေကြီးထဲက ဆွဲထုတ်လိုက်သည်။ အားလုံးက ရွှံ့တွေပေနေသည်။ သူသည် ကောင်းဖန်ကို စိုက်ကြည့်နေသည်။ “ငါရုပ်မဆိုးပါဘူး...”

ကောင်းဖန်သည် တာ့ဇီ၏ခေါင်းကို ပွေ့ဖက်ကာ နဖူးပေါ် ညင်သာစွာ နမ်းလိုက်သည်။ “ငါပြန်လာပါပြီ... ဒီတစ်ခါတော့ ငါဘယ်တော့မှ ထွက်သွားမှာမဟုတ်ပါဘူး”

***

ကောင်းဖန် ဇာတ်သိမ်း။

ဖတ်ရှုအားပေးခဲ့ကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။

All Chapters