အခန်း (၁၂၇)
Vol. 10 Ch. 127
ဖုန်းထဲမှ ဒီနေ့က လုမုံ့ဟန် အမေရဲ့ ဒုတိယမြောက် ခွဲစိတ်တဲ့နေ့ဖြစ်ပြီး အောင်မြင်ကြောင်း ပြောပြခဲ့သည်။ လုမုံ့ဟန်ရဲ့အမေက အခု အန္တာရယ်ကနေ လွတ်ကင်းသွားပြီပင်။
သူတို့ နှစ်ယောက် အိပ်ယာကနေ အမြန် ထလိုက်ကြသည်။ အချင်းချင်း ခဏမျှ အချိန်ပေးပြီးနောက်တွင် ဆေးရုံကို တန်းသွား လိုက်ကြသည်။
ဆေးရုံကို ရောက်ရောက်ချင်းမှာပဲ သူနာပြုမလေးက တန်းပြီးအော်ဟစ် လာခဲ့သည်။
“ လုမုံ့ဟန် ဒီမှာရှိလား? လူနာရဲ့ မိသားစုဝင် ဒီမှာရှိလား? လူနာက တွေ့ချင်နေတယ်”
“ ဒီမှာ ဒီမှာပါ” လုမုံ့ဟန် အော်လိုက်ပြီး အပြေးလေး သွားလိုက်သည်။
လုမုံ့ဟန် အမြန်ထလာခဲ့ရတာမို့ မျက်နှာ သစ်ပြီး ဆံပင်ဖြီးဖို့ပင် အချိန်မရခဲ့ပေ။ သူမရဲ့ပုံစံက ကျောင်းသူတစ်ယောက်လို ရှုတ်ပွနေခဲ့သည်။ အနောက်က လိုက်လာတဲ့ လင်းဖေးဟန်ကို မြင်တဲ့အခါမှာ သူနာပြု မလေး မတတ်နိုင်စွာ မနာလိုသွားရသည်။
သူမ ကျောင်းသူ ဘဝတုန်းကလဲ ဒီလို အိပ်မက်မျိုး မက်ခဲ့ဖူးတာပဲ။ အားကောင်းတဲ့ အချစ်ရေးကို တောင့်တရင်း ဝတ္ထုတွေထဲကလို စိုးမိုးနိုင်တဲ့ CEO နဲ့ အကုန်လုံးကို လွှမ်းမိုးပစ်ပြီး အရှက်မဲ့တဲ့ဘဝမှာ နေရဖို့ ဆုတောင်းခဲ့ဖူးတာပဲ။
ဒါပေမဲ့ ဝတ္ထုဇာတ်လမ်းဆိုတာ ဝတ္ထုပဲမို့ လက်တွေ့မှာ မဖြစ်လာနိုင်တာကို သူမ သိခဲ့သည်။ ဒီနေ့တော့ တစ်ကယ်ကို ဝတ္ထုတွေရဲ့ ဇာတ်ကြောင်းက သူမ အရှေ့မှာ ဖြစ်လာခဲ့သည်။ ကံဆိုးတာက မင်းသမီး နေရာက သူမ မဟုတ်နေတာလေး တစ်ခုပဲ။
သူမ အကြောင်းကို ပြန်တွေးကြည့်လိုက်ရင် ဒီကျင်းပိုင်မြို့ကို သူမ တစ်ယောက်ထဲ ရောက်လာခဲ့ပြီး ဟိုလိုသည်လိုနဲ့ ဆယ်နှစ်တောင် အချိန်ကုန်သွားခဲ့ပြီ။ သူမ စိတ်ကူးထဲက မင်းသားလေး မပြောနဲ့၊ သာမာန်သူနဲ့တောင် တစ်ခါမှ မတွေ့ခဲ့ဖူးဘူး။ သူမအရှေ့က လုမုံ့ဟန်ဆိုတဲ့ ကောင်မလေးကို ရုတ်တရက် မနာလိုမိသွားသည်။
ဒီလိုမျိုးဒုတိယမျိုးဆက် သူဋ္ဌေးသားကို ဒီလို အလှလေးကပဲ ထိုက်တန်တာပဲ။
သူတို့တွေ ပျော်ပျော်ရွှင်ရွှင် နေနေကြရမှာပဲ။
သူမရဲ့ ဝပြည့်နေတဲ့ မျက်နှာကို ကြည့်လိုက်အုံး။ သူမလဲ ပိန်ပိန်သွယ်သွယ်လေး ဖြစ်လာမှ ဖြစ်တော့မယ်။
သူမ ဝိတ်လျော့ရမယ်။
တစ်ယောက်ထဲ အတွေးလွတ်နေတာ ကြာပြီ ဖြစ်တဲ့ သူနာပြုမလေးကို လင်းဖေးဟန် မျက်မှောင်ကြုတ်ကာ ထပ်အသိပေးလိုက်သည်။
“ သူနာပြုအမရေ.. ဘာမှားလို့လဲ?”
“ အာ ဘာမှမဖြစ်ဘူး ဘာမှမဖြစ်ဘူး ဆောရီးနော်!”
သူမရဲ့ စိတ်ကူးထဲကနေ အသိစိတ် ပြန်ကပ်သွားပြီး လင်းဖေးဟန်နဲ့ လုမုံ့ဟန်ကို ပြုံးပြလိုက်ကာ
“ ကျွန်မ သတင်းကောင်း ပြောပြချင်လို့ပါ။ မစ္စလုရှောင်ဖန်းရဲ့ ရုပ်ပိုင်းဆိုင်ရာ အခြေအနေက ပုံမှန်အနေအထားကို ပြန်ရောက်သွားပါပြီရှင့်။ ခွဲစိတ်မှုက အရမ်းအောင်မြင်ပါတယ်။ လူနာက နိုးလာတာနဲ့ မင်းကို အရင်ဆုံး ရှာနေလို့ပါ။ လူနာကို သွားတွေ့လို့ရပါပြီ။ ဒါပေမဲ့ လူနာကို အနားပေးဖို့ သတိထားပြီး နာလန်ထူစမှာ အလွန်အကျွံ မလုပ်မလုပ်ခိုင်းပါနဲ့”
“ ဟုတ်ကဲ့ ကျေးဇူး အရမ်းတင်ပါတယ်”
ထိုအချိန်မှာ လုမုံ့ဟန်ရဲ့ မျက်လုံးတွင် စိတ်လှုပ်ရှားမှုတို့ ပြည့်နေသည်။ သူမ အခုလောက် ကောင်းတဲ့ သတင်းကောင်းမျိုး မကြားဖူးဘူး။
အနောက်ကနေ လုမုံ့ဟန်ရဲ့ လက်လေးကို လင်းဖေးဟန် မသိမသာ ဆွဲလိုက်ပြီး အသံတိုးတိုးနဲ့ ပြောလိုက်သည်။
“ မင်း ဒီနေ့ မနက်စာ စားပြီးပြီလား?”
လုမုံ့ဟန် လင်းဖေးဟန်ကို အပြစ်တင်လိုက်သည်။
“ ရှင့်ကြောင့်နဲ့ ကျွန်မ အိပ်ယာထ အရမ်း နောက်ကျသွားပြီး အတန်းတောင် မတက်လိုက်ရဘူးလေ။ ကျွန်မ အတန်းလစ်ဖူးတာ ဒါပထမဆုံးပဲ!”
လင်းဖေးဟန် ရယ်ကာ တိုးတိုးလေး ပြောလိုက်သည်။
“ မင်း မနက်စာ မစားထားရင် ပါးစပ် အနံ့ဆိုးလိမ့်မယ်နော်”
လုမုံ့ဟန်ရဲ့ မျက်နှာသည် အနီရောင်လွှမ်းသွားသည်။ သူမ ဒီနေ့ မနက်နိုးတော့ မျက်နှာသစ်ချိန်တောင် မရခဲ့ဘဲ ဆေးရုံကို တန်းလာခဲ့တာ ဖြစ်သည်။
“ ဒီနတ်သမီးက ပါးစပ် အနံ့ဆိုးမှာ မဟုတ်ဘူး!”
လုမုံ့ဟန် လင်းဖေးဟန်ကို မျက်စိလှိမ့်ပြလိုက်ပြီး VIP ခန်းရဲ့ သန့်စင်ခန်းဆီကို ပျော်ရွှင်စွာ ပြေးသွား လိုက်သည်။
လင်းဖေးဟန်လဲ ပြေးလိုက်သွားသည်။ တံခါးပေါက်ရောက်တဲ့အခါမှာ သူနာပြုမလေးကို မမေ့မလျော့ ကျေးဇူး လှမ်းတင်လိုက်သေးသည်။
“ မင်း ပင်ပန်းသွားပြီ”
လင်းဖေးဟန်ရဲ့ အပြုံးက အလွန်တောက်ပ လွန်းတာမို့ သူမရဲ့ နှလုံးသားကို လင်းဖေးဟန်ရဲ့ အပြုံးက အနွေးဓာတ် ပေးသွားသလို ခံစားလိုက်ရသည်။ ဒီအချိန်မှာ သူနာပြုမလေးသည် မနှိုင်းယှဥ်နိုင် လောက်အောင်ကို ရည်းစားလိုချင်နေရပြီ။
တစ်ခါတစ်လေမှာ တစ်ဖက်လူရဲ့ မရည်ရွယ်တဲ့ အပြုအမူတစ်ချို့က ခံရသူအတွက် တစ်ဘဝလုံး မမေ့နိုင်တဲ့ အမှတ်တရ တစ်ခု ဖြစ်လာတတ်သည်။
လင်းဖေးဟန်ရဲ့ အပြုံးကို သူနာပြုမလေး တစ်ဘဝလုံး မေ့နိုင်တော့မှာ မဟုတ်ပေ။
ဆေးကြောပြီး အင်္ကျီလဲပြီးနောက်မှာ လုမုံ့ဟန်အတွက် ပေါင်မုန့်နှစ်ခု ယူလာ ခိုင်းလိုက်သည်။ လုမုံ့ဟန်သည် သူမ ဗိုက်မဆာကြောင်းပြောလာပြီး သူမ ကျောင်းတက်တည်းက ပိုက်ဆံ ချွေတာအောင်လို့ မနက်စာ မစားတတ်ကြောင်း ရှင်းပြလာသည်။ ဒါပေမဲ့လဲ လင်းဖေးဟန် တန်းပြီး သူမပါးစပ်ထဲ ထိုးထည့်ပေးလိုက်ပါသည်။
ထို့နောက်မှာ သူမတို့နှစ်ယောက်သည် လုမုံ့ဟန်ရဲ့ အမေရှိတဲ့ အခန်းကို သွားလိုက်ကြသည်။
လုမုံ့ဟန်ရဲ့ အမေက ခွဲစိတ်မှုပြီးသွားပြီ ဖြစ်လို့ သူမဦးနှောက်ရှိ အထုံးတွေကိုလဲ ရှင်ပြီးပြီမို့ သူမရဲ့ဦးနှောက်သည် အခုချိန်မှာ ကြည်လင် နေခဲ့သည်။
ထိုအချိန်မှာ လုမုံ့ဟန်ရဲ့ အမေ မျက်နှာထက်တွင် ပျော်ရွှင်မှုတို့ မရှိဘဲ အနည်းငယ် ပူပင်နေခဲ့သည်။
ဘာလို့ဆို သူမ အစောပိုင်းကတင် သူနာပြုမလေးထံကနေ ခွဲစိတ်မှုကို အနောက်နိုင်ငံရဲ့ တိုးတက်တဲ့ ကုသနည်းကို သုံးထားကြောင်း သိခဲ့ရသည်။ ထိုအချိန်မှစပြီး သူမ မတည်ငြိမ်နိုင်တော့ပေ။
အမေရိကန်က တိုးတက်တဲ့ ကုသနည်းတဲ့? အမေရိကန်ကဆို ဘာမှ ဈေးပေါမှာ မဟုတ်ဘူး။
ဥပမာပြောရရင် ယွမ်တစ်သောင်းလောက် ပေးရတဲ့ ဖုန်းလိုပင်။ လုပ်ဆောင်ချက်တွေက အတူတူဖြစ်ရင်တောင် အမေရိကန် နိုင်ငံထုတ် ဖြစ်သွားရင် ပိုပြီးဈေးကြီးသွားတာပဲ မလား?
ဒီကောင်မလေး ဒီလောက် ပိုက်ဆံအများကြီးကို ဘယ်က ရခဲ့တာလဲ?
နားလည်သဘောပေါက်ပြီးနောက်မှာ အမေရိကန်ရဲ့ တိုးတက်တဲ့ ကုသနည်းက ဘာလဲဆိုတာကို လုအမေ သဘောပေါက် သွားခဲ့သည်။
ဒါက မင်းရဲ့ ဦးနှောက်ထဲကို ဝင်နိုင်တဲ့ စက်ရုပ် အသေးစားလေး ဖြစ်သည်။ အပြင်ကနေ ကွန်ပြူတာကတစ်ဆင့် ထိန်းချုပ်လို့ရသည်။ အဲ့ဒါက အတွင်းက သွေးကြောထုံးများကို ရှင်းလင်းပေးသည်။
သူမရဲ့နှလုံးသားက မခံနိုင်မှာစိုးတာမို့ ကုန်ကျစရိတ်ကိုတော့ မမေးရဲခဲ့ပေ။
ဒါပေမဲ့ ပစ္စည်းတွေအကြောင်း နားမလည်တဲ့ သူ မဟုတ်တဲ့ အလျောက် ဒီစက်ရုပ်လေးက အလွန်ဈေးကြီးမှာကို သူမ သိပြီးသားပင်။
ဒီကောင်မလေး ဘဏ်ကို ဓားပြတိုက်ထားတာလား? ဘဏ်ကို ဓားပြ တိုက်ခဲ့ရင်တောင် အခုလို လုပ်နိုင်အုံးမှာ မဟုတ်ဘူး!
ဒီပိုက်ဆံကို ငါ့တစ်ဘဝလုံး ရှာတောင် ရနိုင်မယ် မထင်ဘူး!
လုမုံ့ဟန် ဝင်လာတာနဲ့သူမ အမေက တန်းပြီး မေးခွန်းထုတ်လာသည်။
“ ကောင်မလေး သမီးဘယ်ကနေ ဒီလောက် များတဲ့ပိုက်ဆံတွေ ရလာတာလဲ?”
ထိုအမေးကိုကြားတော့ လုမုံ့ဟန်ရဲ့ မျက်နှာပေါ်က အပြုံးက တစ်ဖြည်းဖြည်း ပျောက်ကွယ်သွားပြီး အသံမထွက်ရဲတော့ချေ။
သူမအမေအကြောင်းကို ကောင်းကောင်း သိပါသည်။ ဒီလောက်ပိုက်ဆံတွေ သုံးထားတာကို သိရင် အသေသတ်လိမ့်မည်။
ထိုအချိန်မှာ လင်းဖေးဟန် အထဲကို ဝင်လာခဲ့ပြီး နှစ်ယောက်လုံးရဲ့ တောင့်တင်းနေတဲ့ အခြေအနေကို မြင်လိုက်ရသည်။ သူ အတည်မယူဘဲ ပုံမှန်လိုပဲ နှုတ်ဆက်စကားဆိုလိုက်သည်။
“ အန်တီ မင်္ဂလာပါ”
“ကောင်မလေး သူက ဘယ်သူလဲ?”
လုရှောင်ဖန်း အနည်းငယ် ရှုတ်ထွေးနေသည်။ ဒီချောမောတဲ့လူရွယ်ရဲ့ အဝတ်အစားနဲ့ ပုံစံကို ကြည့်ရုံနဲ့တင် သူမတို့ တတ်နိုင်တဲ့ အမျိုးအစားထဲက မဟုတ်တာ သိနိုင်သည်။
“ အန်တီ ကျွန်တော်က လုမုံ့ဟန်ရဲ့ ကောင်လေးပါဗျ”
လုမုံ့ဟန် ရှက်နေမှာစိုးတာမို့ လင်းဖေးဟန် တည့်ပဲ ပြောချပေးလိုက်သည်။
လုမုံ့ဟန် လင်းဖေးဟန်ကို စိုက်ကြည့်လာပြီး ခဏလောက် တုံ့ဆိုင်းသွားခဲ့သည်။
“ မေမေ… ဆေးရုံစရိတ်ကို ရှင်းပေးခဲ့တာ အကိုကြီးလင်းပါ”
လုရှောင်ဖန်း နှစ်ယောက်သားကို သေချာ စိုက်ကြည့်လိုက်သည်။ သူမ တစ်ခုခုကို သဘောပေါက်သွားခဲ့သည်။
သူမအတွက်နဲ့ ဘယ်သူက ဒီလောက်များတဲ့ ဆေးရုံစရိတ်ပေးမှာလဲ?
ဒီလောက်ကြီးတဲ့အထိ နေလာပြီးပြီမို့ သူမ အားလုံးကို သဘောပေါက်သည်။
ဒါကို နှစ်သစ်မှာ ရည်ရွယ်ချက်ကောင်း မရှိဘဲ ကြက်တစ်ကောင် လက်ဆောင်လာပေးတာလို့ ခေါ်တယ်။
တစ်စုံတစ်ယောက်က မင်းအပေါ် အရမ်း ကောင်းနေပြီဆိုရင် မင်းမှာ သူတို့တောင်းဆိုစရာ တစ်ခုခု ရှိနေလို့ပဲ။
ငါ့မိသားစုက ဆင်းရဲတယ်။ တစ်ခုခု တောင်းဆိုစရာ ရှိခဲ့မယ်ဆိုရင် ငါ့ရဲ့ အဖိုးတန် သမီးပဲရှိတယ်!
လူလိမ်ကောင်!
ဒီကောင်က ချောလဲချောတယ်ဆိုတော့ သေချာပေါက် မိန်းကလေး တော်တော်များများကို ဒုက္ခ ပေးထားပြီး လောက်ပြီ။
ငါ့ရဲ့အဖိုးတန်သမီးလေး ဒီကောင့်ကြောင့် သေချာပေါက် နာကျင်ရလိမ့်မယ်!
လင်းဖေးဟန်အပေါ်မှာ လုမေမေက အလွန်ခုခံနေသည်။