အခန်း (၁၂၉)
Vol. 10 Ch. 129
အစက လုမေမေတွင် ထောင်ချီသော ပြောစရာ စကားလုံးများကို ပြင်ဆင်ထားခဲ့သည်။ စကားလုံး ဆိုတာထက် သူမရဲ့ အနိုင်သိမ်းမဲ့ စကားများလို့ပြောရင်တောင် ပိုမှန်ခဲ့မည်။
ဒါပေမဲ့ အခုလို ဖြစ်သွားရမယ် မထင်ခဲ့မိဘူး။ ဒါသူမ အားနည်းလွန်းလို့ မဟုတ်ဘဲ သူမရဲ့ ပြိုင်ဘက်က အရမ်းတော်နေလို့ဖြစ်သည်။ လင်းဖေးဟန်ရဲ့ တိုက်ခိုက်မှုက သူမကို တန်းပြီး ပြောစရာပျောက်အောင် လုပ်ပစ်လိုက်သည်။
ထို့နောက်မှာ လင်းဖေးဟန် ထပ်မံပြီး တိုက်ခိုက်မှုတစ်ခု ပြုလိုက်ပြန်သည်။
“ အန်တီ ကျွန်တော် တုံးတိကြီးပြောမိသွားရင် ခွင့်လွှတ်ပါ။ ကျွန်တော့်အထင် အန်တီ့ရဲ့ သင်ပြပေးပုံက နည်းနည်းပြင်းထန်တယ်လို့ တွေးမိတယ်။ အန်တီ့ရဲ့ သင်ပြမှုကနည်းနည်း များတယ်လို့ မထင်မိဘူးလား? အန်တီ့ရဲ့ အခုလို စိတ်ပူမှုနဲ့ သံသယတွေကြောင့် မုံ့ဟန် ရည်းစားရပြီး လက်ထပ်နိုင်ပါအုံးတော့ မလား?”
“ ကျွန်တော်က သူများတွေအားလုံးထက် ဆိုးတယ်လို့ အန်တီထင်တာလား?”
“ အန်တီ ကျွန်တော့်ရဲ့ နာမည်က လင်းဖေးဟန်ပါ။ လင်းကုမ္ပဏီရဲ့ ဥက္ကဋ္ဌဖြစ်ပြီး ကျင်းပိုင်ရဲ့အငယ်ဆုံး စီးပွားရေးသမားဖြစ် သလို ကျွန်တော်က ဘယ်သူ့ထက်မှ မဆိုးဝါးပါဘူး။ ကျွန်တော့်လို အနေအထားကို ရောက်နိုင်တဲ့သူတစ်ချို့ပဲ ရှိတယ်”
ပြောစရာ အခုထိ မတွေ့သေးတဲ့ လုမေမေကို လင်းဖေးဟန် ထပ်ကြည့်ပြီး မီးမွှေးတော့သည်။
“ ကျွန်တော် ချမ်းသာတယ်ဆိုတာနဲ့ပဲ အန်တီက မျက်မှန်ထူထူနဲ့ စစ်ဆေးကြည့်နေတာပဲ။ ချမ်းသာတဲ့သူတွေအားလုံးက မကောင်းတဲ့ သူတွေဖြစ်ပြီး အန်တီတို့အပေါ်ကို ရည်ရွယ်ချက်ရှိရှိ ချဥ်းကပ်ကြတာမလို့လား?”
“ ကျွန်တော် အဲ့ဒီပိုက်ဆံနည်းနည်းလေးကို တစ်ကယ် လိုအပ်မယ်လို့ အန်တီတွေးနေတာလား? တစ်ကယ်တမ်းကျ အန်တီက အပေါ်ယံကိုပဲ ကြည့်တယ်။ တစ်ကယ်တော့ ဒီရက်တွေထဲမှာ ကျွန်တော် ပိုဖြုန်းတီးခဲ့တဲ့အရာက အချိန်လို့ပြောရင်တောင် ချဲ့ကားရာ မကျဘူး။ ကျွန်တော့်ရဲ့ အဆက်အသွယ်တွေကို အကူအညီပြန်တောင်းပြီး ကြိုးစားထား ခဲ့တာပါ”
“ ကျွန်တော့်ရဲ့ တစ်နာရီလောက်အချိန်က ဆယ်သန်းလောက်တန်ပါတယ်။ ရှေ့ရက်တွေမှာ ကျွန်တော် လူအများကြီးကို ဆက်သွယ်ခဲ့တယ်။ အဆက်အသွယ်တွေရဲ့ တန်ကြေးကိုပါတွေးလိုက်ရင် သန်းရာချီပြီးကို တန်ပါတယ်”
“ လူတွေကျွန်တော့်ဆီ လာခဲ့ရင် ကျွန်တော် ယူထားတဲ့အကူအညီကို ပြန်ပေးရမယ်။ သူတို့ ကျွန်တော့်ဆီကနေ ယွမ်သန်းရာချီပြီး လာချေးရင်တောင် ကျွန်တော် ငြင်းလို့ မရဘူး။ ဘာလို့ဆို သူတို့အပေါ် ကျေးဇူးကြွေး တင်သွားခဲ့ပြီမို့ပဲ”
“ ဒီတော့ အန်တီ့အတွက် နှစ်သန်းဆိုတာ ကြီးမားတဲ့ ပမာဏကြီးပဲ။ ဒါဆို ကျွန်တော် ကကော?”
ထိုစကားတွေ ကြာပြီးနောက်မှာ လုရှောင်ဖန်း ပြာတောက်လာသည်။ နှလုံးခုန်နှုန်းပြစက်တွင် လျင်မြန်သော လှိုင်းတန်းတွေ တစ်ခုပြီးတစ်ခု သွားနေသည်။
သူမ ငြင်းဆိုပြီး အရှေ့က ဒီကပ်စေးကုတ်တဲ့ ကောင်လေးကို အများကြီး မတောင်းဆိုဖို့ ပြောပစ်လိုက်ချင်သည်!
ဒါပေမဲ့ သူမ မပြောထွက်ခဲ့ဘူး။ ကျင်းပိုင်မြို့မှာ ရှိတဲ့ခြောက်နှစ်အရွယ် ကလေးတောင်မှ လင်းဖေးဟန်က ဘယ်သူဆိုတာ သိသည်။ သူမ အနေနဲ့ မကြားဖူးဘူးဆိုတာ မဖြစ်နိုင်ဘူး။ လင်းဖေးဟန် အတွက် ထိုစကားလုံးများက ဖြစ်နိုင်တဲ့အရာတွေဖြစ်ပြီး သူမအနေနဲ့လဲ ငြင်းဆိုလို့မရပေ။
အခြေအနေက နည်းနည်း မှားလာတာကို မြင်တော့ လုမုံ့ဟန် ထိုင်ချလိုက်ပြီး အမေဖြစ်သူရဲ့လက်ကို အမြန်ဆွဲလိုက်သည်။
“ မေမေ အကိုကြီးလင်းက သမီးအပေါ် အရမ်းကောင်းတယ်”
လုမေမေ ဘာမှ မပြောခဲ့ပေ။
ဒါပေမဲ့ စိတ်ထဲမှာ ရူးမတတ် ဗလောင်ဆူနေရသည်။
တုံးအတဲ့ ကလေးမ.. လူတွေ ဘယ်လောက်တောင် သစ္စာမဲ့တတ်လဲ ဆိုတာ မင်းမသိဘူး။
သူအခု မင်းအပေါ် ကောင်းပေးနေတာက မင်းရဲ့ ခန္ဓာကိုယ်အတွက်ပဲ။ အနာဂတ်မှာ မင်းကို ကစားပြီး အနိုင်ကျင့်လို့ရအောင်ပဲ။ သူမင်းကို စိတ်မဝင်စားတော့ရင် ကန်ထုတ် ပစ်လိမ့်မယ်။ အဲ့အချိန်ကျရင် နာကျင်ရမဲ့ သူက မင်းပဲဖြစ်မှာ!
လင်းဖေးဟန်လဲ အနည်းငယ် ပျော်သွားသည်။ လုမုံ့ဟန်က သူမအမေကို နှစ်သိမ့်နေတာ မဟုတ်ဘူး။ သူမအမေရဲ့ နှလုံးသားထဲကို ဓားနဲ့ ထိုးနေတာပဲ!
ကံကောင်းစွာနဲ့ လုမေမေရဲ့ နှလုံးခုန်နှုန်း ပြစက်က ကြီးမားတဲ့ တောင်တန်းတွေကို ကျော်လွန်ပြီး အဆုံးမှာ ပြန်တည်ငြိမ်သွား ခဲ့ပါသည်။
ကုသနည်းစကေးတွေ သုံးဖို့ လိုသေးမယ် ထင်လား? အဆုံးတော့ သေခါနီးအချိန်မှာ ငါဟာ ကိုယ့်ကိုယ်ကို ကယ်တင်နိုင်ခဲ့ပြီကွ။ မင်း ပြန်ရိုက်ခဲ့ရင်တောင် ဒါက နံရံကို ရိုက်နေသလိုပဲ ဖြစ်တော့မှာ။
လုမေမေက နက်ရှိုင်းတဲ့အသံနဲ့ ပြောလိုက်သည်။
“ ကောင်မလေး မေမေ ရေဆာနေပြီ။ ရေတစ်ခွက်လောက် ခပ်ပေးပါ”
လုမေမေက စကားလမ်းကြောင်း လွှဲလိုက်သည်။ ဒါက အမှန်တရားကို အနည်းငယ် လက်ခံလိုက်တာနဲ့ ဒီကိစ္စကို အနည်းငယ် လိုက်လျောပေးလိုက်တယ်လို့ ဆိုလိုတာပဲ။
ထိုစကားကို ကြားပြီးနောက်မှာ လင်းဖေးဟန်ပိုပြီး စိတ်အေးသွားရသည်။
ကံကောင်းစွာနဲ့ ဒီလောက် မခက်ခဲခဲ့ဘူးပဲ။ လုမေမေ ရေတောင်းတာက သူနဲ့ဆက်ပြီး တိုက်ပွဲတိုက်ဖို့ ပြင်ဆင်နေတာပဲလို့ လင်းဖေးဟန် တွေးလိုက်သည်။
လုမေမေ ရေကို ဂရုတစိုက် သောက်နေချိန်မှာ လုမုံ့ဟန်က ဘေးမှာရပ်နေတဲ့ လင်းဖေးဟန်ကို ခိုးပြီး မျက်စိမှိတ်ပြလိုက်သည်။
အကုန်လုံး အဆင်ပြေသွားပြီပဲ။ သူ အခု ကုမ္ပဏီပြန်ပြီး အေးမျှတဲ့ စိတ်လေးနဲ့ ဂိမ်းသွားဆော့လို့ရပြီ။ အေးမျှတဲ့စိတ်လေးနဲ့ အလုပ်လုပ်မှာတော့ မဟုတ်ဘူး။
လင်းဖေးဟန် လုမုံ့ဟန်ကို ကျောင်းမှာ ပြန်ချပြီးတာနဲ့ လင်းမိသားစုပိုင် ကိုယ်ပိုင် ဆေးရုံကိုသွားလိုက်သည်။
စွန်းရှင်းယွဲ့ကို မတွေ့ရတာ ရက်တစ်ချို့တောင် ကြာပြီလေ။ ငါးစိမ်မြင်၊ ငါးကင်ပစ်လို့ ဘယ်ဖြစ်မလဲ?
လင်းဖေးဟန် ဆေးရုံခန်းထဲကို ဝင်သွားချိန်မှာ ပါးလွှာပြီးသပ်ရပ်တဲ့ ဆေးရုံဝတ်စုံလေးနဲ့ စွန်းရှင်းယွဲ့ကို မြင်လိုက်ရသည်။ ဆေးရုံကုတင်မှာ ထိုင်နေရင်း ပြတင်းပေါက်က သစ်ခွပန်းလေးကို ကြည့်နေပုံက အလွန်ချို မြိန်လှသည်။
“ အစ်ကိုလင်း ရောက်ပြီလား?”
စွန်းရှင်းယွဲ့ လင်းဖေးဟန်ကို ပြုံးပြလိုက်သည်။ လင်းဖေးဟန်သာ အနားမှာရှိနေရင် သူမရဲ့ ခံစားချက်တွေက အရမ်းကို လှပနေသည်။
“ ကိုမင်းအတွက် ပန်းသီးခွာပေးမယ်”
လင်းဖေးဟန် ပြုံးလိုက်သည်။
“ ဟုတ်” စွန်းရှင်းယွဲ့ အံ့သြစွာ ခေါင်းညိတ် လိုက်သည်။
ပြောရရင် ဒါအစ်ကိုလင်း သူမကို ပန်းသီးခွာပေးတဲ့ ပထမဆုံးအကြိမ်ပဲ။
လင်းဖေးဟန် အသီးလှီးတဲ့ဓားကို ယူပြီး ဂရုတစိုက်ခွာပြီးနောက်မှာ သူမကို ကမ်းပေး လိုက်သည်။
စွန်းရှင်းယွဲ့ တစ်ကိုက်ကိုက်လိုက်သည်။ ပန်းသီးက ချဥ်တာပဲ။ သူမ ချဥ်တဲ့အသီးကို မကြိုက်ပေမဲ့ ရင်ထဲမှာတော့ အထူး ချိုမြိန်နေသည်။
ထိုအချိန်မှာပဲ လုရွှယ်ယင်ရဲ့ဖုန်းက ရုတ်တရက် ဝင်လာခဲ့သည်။
လင်းဖေးဟန် မျက်မှောင်ကြုတ်သွားသည်။ အကြောင်းအရင်းမရှိ လုရွှယ်ယင်သူ့ကို ဖုန်းခေါ်ဖို့ဘာလို့ တွေးရတာလဲ?
ဒါပေမဲ့ မကြာခင်မှာပဲ လုရှော့ချွန်းက သူမကို ရင်းနီးမှုအကြောင်းပြောလိုက်တာပဲ ဖြစ်မယ် ဆိုတာကို အမှတ်ရသွားသည်။ လုရွှယ်ယင်က သူနဲ့ ရင်းနီးမှုအကြောင်း ဆွေးနွေးဖို့ ပြင်ဆင်နေတာပဲ။
လင်းဖေးဟန် ဖုန်းကိုင်လိုက်ချိန်မှာ ရင်းနီးနေကျ အေးစက်စက်အသံတစ်ခု ထွက်လာခဲ့သည်။
“ ရှင်အခု ဘယ်မှာလဲ?”
လင်းဖေးဟန် စွန်းရှင်းယွဲ့ကို စကားမပြောဖို့ အချက်ပြလိုက်သည်။ စွန်းရှင်းယွဲ့က အရမ်း နာခံစွာနဲ့ စကားမပြောလာခဲ့ပေ။
လင်းဖေးဟန်ရဲ့ တစ်ဖက်ဖုန်းက မိန်းကလေး အသံကို ကြားတဲ့အခါမှာ သူမ ဟိုးအရင်ရက်က တွေ့ခဲ့တဲ့ မိန်းကလေးပဲ ဆိုတာ သဘောပေါက်လိုက်သည်။
ထိုနေ့က လုရွှယ်ယင် သူမကို လာတွေ့တဲ့ အချိန်မှာ လုရွှယ်ယင်နဲ့ လင်းဖေးဟန်ကြားက ဆက်ဆံရေးက ရှုတ်ထွေးမှာကို သိလိုက်သည်။ ဒါပေမဲ့ သူမ ဂရုမစိုက်ခဲ့ပါချေ။ လင်းဖေးဟန်နဲ့သာ အတူရှိရမည်ဆိုရင် ဘာအနေအထားနဲ့ဖြစ်ဖြစ်က ဘယ်မှာ အရေးပါမှာလဲ?
လင်းဖေးဟန် ကော်ရစ်ဒါဘက်ကို လျှောက်သွားလိုက်ပြီးအပြုံးတစ်ခုနဲ့ ပြောလိုက်သည်။
“ ငါအခု ကုမ္ပဏီမှာ အလုပ်လုပ်နေတယ်။ မင်းဘာပြောချင်လို့လဲ? မစ္စလု”
လုရွှယ်ယင် အေးစက်စွာပြောလိုက်သည်။
“ ငါအခု နင့်ရုံးခန်းထဲမှာ!”
လင်းဖေးဟန် ချွေးအေးပြန်သွားသည်။
ဒီမိန်းမက သူ့ရဲ့အသိုက်ကို ဖျက်ဆီးလိုက်ပြီပဲ။
လင်းဖေးဟန်ရဲ့ စကားတွေကို လျစ်လျူရှုကာ လုရွှယ်ယင်ပြောလိုက်သည်။
“ မစ္စတာလင်း ငါ့ဆီကို မြန်မြန်လာခဲ့ဖို့ တောင်းဆိုပါတယ်။ ဒါမှ စာချုပ်ချုပ်ပြီး အမြန်ဆုံး အလုပ်စနိုင်မှာ”
လင်းဖေးဟန် ပြုံးလိုက်ပြီး
“ အိုခေ အိုခေ။ ငါအခု လာခဲ့မယ်”
ဒါက နည်းနည်း ရှက်ဖို့ ကောင်းတာပဲ။
လင်းဖေးဟန် ဖုန်းချပြီးတာနဲ့ လင်းကုမ္ပဏီဆီကို တန်းသွားလိုက်သည်။
သူ့ရဲ့ ရုံးခန်းကျယ်ကြီးထဲကို ဝင်သွား လိုက်ချိန်မှာ ဆိုဖာမှာ ထိုင်နေတဲ့ လုရွှယ်ယင်ကို အတွင်းရေးမှူး မလေးက လက်ဖက်ရည်ထည့်ပေးနေတာ မြင်လိုက်သည်။
လင်းဖေးဟန် ဝင်လာတော့ သူမတို့ နှစ်ယောက်လုံး မော့ကြည့်လာသည်။ ထို့နောက်မှာ အတွင်းရေးမှူးမလေးက ထွက်သွားလိုက်သည်။
လင်းဖေးဟန် သူ့ရဲ့နှာခေါင်းကို ထိပြီး အနေခက်စွာ ပြုံးလိုက်သည်။
“ ငါဒီရက်ပိုင်း အရမ်းအလုပ်များနေတာ။ ငါ့မိတ်ဆွေတစ်ယောက် အခုတင် ခွဲစိတ်ထား တာမို့ သူ့ဆီသွားနေတာလေ..”