← Chapters

အခန်း (၁၃၀)

Vol. 10 Ch. 130

အခန်း (၁၃၀)

Vol. 10 Ch. 130

လုရွှယ်ယင် လင်းဖေးဟန်ကိုမော့ကြည့်ပြီး ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

“ အိုး ရှင်သိလား? ယောက်ျားတွေ လိမ်တဲ့အခါမှာ သူတို့နှာခေါင်းကို ထိတတ်ကြတယ်တဲ့”

လင်းဖေးဟန် အနည်းငယ် ရှက်သွားပြီး နှာခေါင်းကို ထိနေတာ ရပ်လို​က်သည်။ သူ့ရဲ့လက်ကို အောက်ကို အမြန်ချလိုက်ပြီး

“ မစ္စလုက စိတ်ပိုင်းဆိုင်ရာ အကြောင်း တော်တော်သိပုံပဲ”

“ ဗီလိန်တစ်ချို့နဲ့ ရင်ဆိုင်ဖို့ စကားလုံး တစ်ချို့ကို သိရုံပါပဲ”

လုရွှယ်ယင်ရဲ့ မျက်နှာထားက မပြောင်းလဲပေမဲ့ သူမရဲ့ လေသံက အလွန့်အလွန် အေးစက်နေသည်။

“ ဟဟ!” လင်း​ဖေးဟန် ကျယ်လောင်စွာ ရယ်မောပြီးနောက်မှာ အရှက်မဲ့စွာ ပြောလိုက်သည်။

“ သာမာန်စကားတစ်ခုပါပဲ။ ဒါပေမဲ့ ငါဘာလို့ မနာလိုနေတာကို ခံစားမိနေတာလဲ?”

လုရွှယ်ယင် မျက်နှာကိုမဲ့လိုက်ပြီး လ​က်ဖက်ရည်တစ်ငုံ ယူသောက်လိုက်သည်။

“ စာအုပ်ထဲမှာ ချောမောတဲ့ ယောက်ျားတွေကို အရမ်း တစ်ကိုယ်ကောင်းဆန်တဲ့ သူတွေလို့ ပြောထားတယ်။ ကြည့်ရတာ မှန်နေတာပဲ”

လင်းဖေးဟန် ထပ်ရယ်လိုက်သည်။

“ မစ္စလု မင်းငါ့ကို ချောမောတယ်လို့ ချီးကျူးလိုက်တာလား? ဂုဏ်ယူစရာပဲ။ တစ်ကယ်ကို ဂုဏ်ယူမိပါတယ်”

လုရွှယ်ယင်ရဲ့မျက်နှာက ပိုပြီး အေးစက်သွားသည်။ အခန်းထဲက လေထုပင် အနှုတ်ဒဂရီအောက် အများကြီး ပြုတ်ကျသွား သလိုပင်။ သူမ အေးစက်စွာ ပြောလိုက်သည်။

“ ကြည့်ကောင်းတဲ့ အရေပြားရှိလဲ အကုန် အတူတူပဲ။ အတွင်းက ကောင်းမနေရင် ကြည့်ကောင်းလဲ ဘာအသုံးဝင်မှာလဲ? အဆုံးကျတော့ လူရေခြုံထားတဲ့ ဝံပုလွေ ဖြစ်နေမှာပဲ!”

ထိုအချိန်မှာ လုရွှယ်ယင် တစ်ကယ် ဒေါသ ထွက်နေခဲ့ပြီ။

ဘေးမှာရှိတဲ့ ရုံးခန်းခုံတွင် ထိုင်နေသော လျှို့ရှင်းယာ တောင်ထိပ်မှာ ရပ်နေရသလို အလွန် မသက်မသာ ဖြစ်လာရသည်။ ထိုအချိန်မှာ တောင်ကြီးတစ်ခုလုံးက သူမအပေါ် ပိနေသလိုပဲ။ ပိနေတာမှ အသက်ရှုလို့ မရအောင်ကို လေးလံစွာ ဖိခံထားရတာပဲ။ သူမ အသက်တောင် မရှုရဲတော့ဘူး။

မိန်းမ တစ်ယောက်ဖြစ်တာမို့ လုရွှယ်ယင်နဲ့ လင်း​ဖေးဟန်ကြားမှာ တစ်ခုခု ပြောင်းလဲ နေတာကို လျှို့ရှင်းယာ ခံစားမိလိုက်သည်။

အတိတ်မှာတုန်းက လုရွှယ်ယင်က လင်း​ဖေးဟန်ကို အဘယ်မှာ စကားဒီလောက် အများကြီး ပြောလို့လဲ? ငြင်းခုံစရာ ရှိနေရင်တောင် လင်းဖေးဟန်ကို အာရုံစိုက်ပြီး အလုပ်ရှုတ် မခံခဲ့ဘူး။ အခုမှ ဘာလို့ စကားတွေ အများကြီးပြောနေရတာလဲ?

လုရွှယ်ယင် ဒေါသထွက်နေပုံ ပေါ်တာကို လင်းဖေးဟန်လဲ သတိထားမိလိုက်သည်။ သူသာစကား ထပ်ပြောရင် သူမက ပေါက်ကွဲတော့မဲ့ ဗုံးတစ်လုံးလို ဖြစ်လာလိမ့်မည်။

ဒါကြောင့်မို့ ဒီကိစ္စကို လင်း​ဖေးဟန် ဆက် မဆွဲထားတော့ပေ။ သင့်တော်တဲ့အချိန်မှာ အားနည်းချက်ကို ပြလိုက်တာကလဲ လုရွှယ်ယင်ကို အနိုင်ရတဲ့ ခံစားချက် အနည်းငယ် ပေးစွမ်းပြီး သူ့အပေါ် အနည်းငယ် အကြိုက်တိုးလာအောင် ကူညီပေးနိုင်သည်။

လင်းဖေးဟန်ရဲ့ စိတ်ထဲမှာ အတွေးတစ်ခု အမြဲရှိနေခဲ့သည်။ အဲ့ဒါက လုရွှယ်ယင်က ဒီဝတ္ထုရဲ့ ပထမအမျိုးသမီး ဇာတ်လိုက်မ ဖြစ်တာမို့ ကျန်တဲ့အရာတွေက သူမရဲ့နေရာကို တုန်လှုပ်အောင်ဘယ်လိုမှ မလုပ်နိုင်ဘူးဆိုတာပင်။

လင်းဖေးဟန် ခြောက်ကပ်ကပ် ရယ်ကာ ပြောလိုက်သည်။

“ ဟုတ်ပြီ ငါအစက ကုမ္ပဏီကိုပြန်ပြီး ခဏနားပြီးရင် မစ္စလုကို လာတွေ့မလို့ပဲ။ ဒါပေမဲ့ မင်းဒီနေရာအထိ ရောက်လာလိမ့်မယ် မထင်ထားခဲ့မိဘူး။ တစ်ကယ် ဆောရီးပါ”

လင်းဖေးဟန် ဆိုဖာမှာ ခြေချိတ်ကာ ဝင်ထိုင်လိုက်သည်။ ထို့နောက်မှာ လက်ယမ်းပြပြီး လျှို့ရှင်းယာကို ထွက်သွားလို့ရကြောင်း အချက်ပြပေးလိုက်သည်။

သူ့အတွက်က လျှို့ရှင်းယာကလဲ သူ့မိန်းမပဲမို့ ယုံလို့ရတဲ့သူဖြစ်ပြီး ဒီမှာနေတာက ပြဿနာ မရှိပေ။ ဒါပေမဲ့ လုရွှယ်ယင်အတွက် ထိုသို့ မဟုတ်ဘဲ သတိအကြီးကြီးထားစရာ ဖြစ်လာနိုင်သည်။

လုရွှယ်ယင်နဲ့ သူ့ကြားက ဆက်ဆံရေးကို တိုးတက်လာစေချင်ရင် လျှို့ရှင်းယာကို အပြင်ပို့မှဖြစ်မည်။

လျှို့ရှင်းယာ ထွက်သွားပြီးချိန်မှာ လုရွှယ်ယင် လက်ဖက်ရည်တစ်ငုံ ထပ်သောက်လိုက်ပြီး ကျက်သရေရှိစွာ စားပွဲပေါ် ပြန်တင်လိုက်သည်။

“ ငါကြားတာ ဒီတစ်ခေါက် မြုပ်နှံမှုမှာ ငါအနည်းဆုံး 5 ဘီလီယံ ပေးရမှာ​ဖြစ်ပြီး အဲ့ထက်တောင် ပိုများနိုင်တယ်ဆို? အဲ့ဒါ အမှန်ပဲလား?”

လင်းဖေးဟန် လက်ဖက်ရည်တစ်ခွက် ထည့်လိုက်ပြီး ပြန်ဖြေလိုက်သည်။

“ ဟုတ်တယ်။ အန်ကယ်လုက 1 ဘီလီယံ ထည့်ပေးပြီးသားပါ။ ဒါပေမဲ့ အဲ့ဒါက မလောက်သေးဘူး။ ကျင်းပိုင်မြို့ရဲ့ အပြင်အထိ ဖောက်ထွက်နိုင်ဖို့ဆို ငါတို့ အဲ့ဒီထက် ပိုလိုတယ်”

လုရွှယ်ယင် အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။

“ တစ်ကယ်တော့ ငါ့မှာ သံသယရှိတယ်။ နင်က ဈေးကိုလျော့ပစ်ဖို့ ပြောခဲ့တယ်။ ကြည့်လိုက်တာနဲ့ကို ပြဿနာကို ရှင်းရှင်းလေး မြင်နိုင်တယ်။ ငါတို့နှစ်ယောက်လုံးက ဘာမှ မသိသေးတဲ့ အလုပ်သင်တွေလိုပဲ။ ဒီတော့ ငါတို့ဘက်က ကြီးမားတဲ့ အလေးမသာမှု ရှိနေတယ်ပြောရမယ်”

ထိုစကားကို ကြားတော့ လင်းဖေးဟန် ဖြေးဖြေးချင်း ခေါင်းညိတ်ရင်း ဝန်ခံလိုက် ပါသည်။

“အမှန်ပဲ။ ငါတို့ရဲ့ အရောင်းကြော်ညာရမှာ တွေ၊ ချန်နယ်တွေ၊ စက်ရုံရဲ့ အတွင်းပိုင်း ပစ္စည်းတွေက သူများတွေရဲ့ ထုတ်လုပ်မှုထက် ဈေးလျော့မှာ မဟုတ်ဘူး။ ပိုတောင် ဈေးကြီး နိုင်သေးတယ်”

“ ဒါပေမဲ့ အဲ့ဒါက အရေးပါမှာလား? ငါတို့မှာ ပိုက်ဆံရှိတယ်လေ။ ပိုက်ဆံရှိခြင်းရဲ့ ဆိုလိုရင်းက အကုန်လုံးကို အများကြီး ဝယ်ပြီး အသက်သာဆုံးဈေးနဲ့ ရနိုင်မယ်။ ဒီတော့ ငါတို့ အချိန်အကြာကြီးစာလဲ ထိန်းထား နိုင်မယ်။ ပိုက်ဆံရှိခြင်းက ငါတို့လုပ်ချင်တာ လုပ်လို့ ရတယ်လို့ ဆိုလိုတာပဲ”

လင်း​ဖေးဟန်ရဲ့ စကားလုံးတွင် ယုံကြည်ချက်တို့ ပြည့်နေသည်။

“ ငါတို့သာအတူလုပ်မယ်ဆိုရင် ဆေးဝါးပိုင်းမှာ ငါတို့က အလုပ်သင်ဖြစ်နေတောင် ငါတို့ရဲ့ ကျင်းပိုင်မှာ ရှိတဲ့နာမည်နဲ့၊ ငါတို့ရဲ့ ကျင်းပိုင်မှာရှိတဲ့ လွှမ်းမိုးနိုင်စွမ်းနဲ့ ငါတို့ရဲ့ တိုးတက်မှုကို ဘယ်သူ​က တားနိုင်မှာလဲ?”

လင်းဖေးဟန်ရဲ့ သန်မာတဲ့ပုံစံက လုရွှယ်ယင်ကို တိုက်ရိုက် အကျိုးသက်ရောက် သွားသည်။ ဒါပေမဲ့ သူမရဲ့မျက်နှာထက်မှာ ဘာကိုမှ မဖော်ပြထားပဲ ဘာစကားမှလဲ မဆိုလာခဲ့ပေ။ ထို့နောက်မှာ သူမ ပေါ့ပေါ့ပါးပါးပဲ ပြောလိုက်သည်။

“ ကျင်းပိုင်မြို့မှာ ဒါကတစ်ကယ့် အကြောင်းအရင်းပဲ။ ငါတို့မှာ ပိုက်ဆံရှိတဲ့ အတွက် အဲ့ဒီထုတ်လုပ်သူတွေကို ငါတို့ တိုက်ခိုက်လို့ရတယ်။ ငါတို့က အင်အားကြီး အုပ်စု နှစ်ခုလဲဖြစ်နေတဲ့အတွက် ကျင်းပိုင်မှာ ငါတို့ကို ထိခိုက်အောင် လုပ်ရဲတဲ့သူလဲ ရှိမှာ မဟုတ်ဘူး”

လင်း​ဖေးဟန်ရဲ့ နှုတ်ခမ်းတွေ ကော့တက် သွားသည်။ လုရွှယ်ယင် ပြောသွားတာက သူ့အတွေးနဲ့ တစ်ထပ်ထဲပဲ။ သူ့ရဲ့ ဘဝလက်တွဲဖော်ကိုတောင် ရှာတွေ့လိုက်သလို ခံစားလိုက်ရသည်။ လင်း​ဖေးဟန် ခပ်မြန်မြန် ခေါင်းညိတ်ပြလိုက်ကာ

“ မင်းပြောသလိုပဲ။ ငါတို့ရဲ့ ကုမ္ပဏီက အရှုံးပေါ်တဲ့ အခြေအနေမှာ ဖြစ်နေရင်တောင် ငါတို့ရဲ့ အရင်းငွေကသာ များနေပြီး ဆက်သွားဖို့ ထောက်ပံ့နိုင်နေသရွေ့ ငါတို့ဆီကို ရင်းနီးဖို့ ရောက်လာမဲ့ မရေမတွက်နိုင်တဲ့ အရင်းရှင်တွေ ရှိလာမှာပဲ”

“ ဒီအရင်းရှင်တွေရဲ့ မျက်လုံးထဲမှာ ကုမ္ပဏီတွေက အမျိုးအစားနှစ်ခုပဲ ရှိတယ်။ အကျိုးအမြတ်ရနိုင်တာနဲ့ အဖိုးတန်တာ”

လင်းဖေးဟန်က တစ်ကယ်ကို ကမ္ဘာ့အဆင့်မှီ စီးပွားရေး ဉာဏ်ကြီးရှင် တစ်ယောက်ဆိုတာတော့ လုရွှယ်ယင် လက်ခံရမည်။ လုရွှယ်ယင် မနေနိုင်စွာ လင်း​ဖေးဟန်ကို အကြိမ်ရေတစ်ချို့ ထပ်ကြည့်လိုက်သည်။

လင်းဖေးဟန် ဆက်ပြောလာသည်။

“ ငါတို့သာ ဆက်ထိန်းထားနိုင်သရွေ့ များပြားတဲ့ အသုံးပြုသူတွေက ငါတို့ ကုမ္ပဏီရဲ့ ဈေးကွက်ကို မြင့်တင်ပေးမှာပဲ။ အနာဂတ်မှာရလာမဲ့ အကျိုးက ကြီးမားတယ်။ အလွန်ကို တန်ဖိုးရှိတဲ့ ကုမ္ပဏီတစ်ခုပဲ။ ကုမ္ပဏီကို ပင်မငွေထောက်ပံ့နိုင်သူနဲ့ စာရင်းဝင်တွေ ရှိနေသရွေ့ အနာဂတ်မှာ ရန်ပုံငွေတွေက ပိုများလာဖို့ပဲ ရှိမှာ”

“ ဒီတော့ ကုမ္ပဏီတစ်ခုက ပိုက်ဆံအများကြီး ရှာနိုင်ဖို့မလိုဘူး။ တန်ဖိုးရှိလာဖို့ပဲလိုတယ်”

“ ပြီးတော့ ဒီလို အားကောင်းတဲ့ ငွေစီးဆင်းတဲ့ အထောက်အပံ့ကို ရသွားပြီဆိုရင် ဒီအချင်းချင်း ချနင်းမဲ့ ပတ်ဝန်းကျင်မှာ ခိုင်မာစွာ ရှိနေနိုင်မဲ့ တစ်ခုတည်းသော အရာက လင်းမိသားစုနဲ့ လုမိသားစုကြားက ပူးပေါင်းမှု တစ်ခုပဲ”

လုရွှယ်ယင် လင်း​ဖေးဟန်ကို ဝေဝါးစွာ ကြည့်နေခဲ့သည်။ လင်း​ဖေးဟန်ရဲ့ စကား ဆုံးတဲ့အခါမှာ သူမ မျက်နှာထက်တွင် အဓိပ္ပါယ်ပါတဲ့ အပြုံးတစ်ခု ပေါ်လာခဲ့သည်။

“ လမ်းတစ်ဝက်မှာ ငါရင်းနီးမြုပ်နှံမှုတွေကို ထုတ်ပစ်လိုက်မှာ မကြောက်ဘူးလား? ဒီလိုဆို ချမ်းသာလှတဲ့ လင်းမိသားစု မွဲသွားလိမ့်မယ်နော်”

ထိုစကားကို ကြားတော့ လင်းဖေးဟန် ရယ်ကာ လက်ယမ်းပြလိုက်သည်။

“ အဲ့ဒါကိုမကြောက်ဘူး ဘာလို့ဆို မင်း လုပ်မှာ မဟုတ်လို့ပဲ”

လင်း​ဖေးဟန် ထပ်ပြီး လက်ဖက်ရည်တစ်ခွက် လုရွှယ်ယင်အတွက် ခပ်ပေးလိုက်ကာ ခွက်ချင်းတိုက်လိုက်ကြသည်။

ထို့နောက်တွင် လင်းဖေးဟန် ဆက်ပြော လိုက်သည်။

“ ငါအရင်တစ်ခေါက်က အန်ကယ်လုနဲ့ လက်ဖက်ရည်အတူသောက်ခဲ့တုန်းက လက်ဖက်ရည်ကို ကောင်းတာဆိုးတာဆိုပြီး မခွဲထားဘူးလို့ ပြောခဲ့တယ်။ ကောင်းတာ ဆိုးတာက လူတွေ သတ်မှတ်ကြတာပဲ။ လက်ဖက်ရည်ခွက်ထဲ ရောက်လာမှတော့ အကုန်လုံးမှာ မတူညီတဲ့ ပင်ကိုယ် တန်ဖိုးဆိုတာရှိတယ်”

All Chapters