← Chapters

အခန်း (၁၃၁)

Vol. 10 Ch. 131

အခန်း (၁၃၁)

Vol. 10 Ch. 131

“ သူများတွေရဲ့ မျက်လုံးထဲမှာ မင်းက လူတွေကို တွက်ချက်ပြီး လှည့်ကွက်တွေ သုံးပြီး လိုချင်သလို လုပ်နိုင်တဲ့ နှင်းဆီနက် ဖြစ်ကောင်းဖြစ်မယ်။ ဒါပေမဲ့ မင်းက ငါ့အတွက် အဲ့လိုမျိူး မဟုတ်ဘူး”

“ဒါကြောင့်မို့ မင်းဘယ်တော့မှ ငါ့ကို သစ္စာမဖောက်ဘူးလို့ ငါယုံတယ်”

လင်းဖေးဟန်ရဲ့ အသံက မကျယ်ပေမဲ့ တိကျ သေချာမှုများ ရှိသည်။

လုရွှယ်ယင် လက်ဖက်ရည်ခွက်ကို ကိုင်ထား ဆဲဖြစ်သည်။ ထိုအချိန်မှာ လက်ဖက်ရည်ခွက်က ရုတ်တရက် အရမ်း လေးလာသလို သူမ ခံစားလိုက်ရသည်။

လုရွှယ်ယင် လင်းဖေးဟန်ကို မေးခွန်းထုတ်စွာ စိုက်ကြည့်လိုက်သည်။

“ နင်အခု ကလေးဆန်နေတာပဲလို့ မတွေးမိဘူးလား? နင်က ခံစားချက်လာတဲ့ အတိုင်း ပြုမူနေတာပဲ။ ဒါက စီးပွားရေးလောကမှာ မပြောသင့်တဲ့ စကားဆိုတာ နင်မသိဘူးလား?”

“ဟေး!”

လင်း​ဖေးဟန် သက်ပြင်းသာ ချလိုက်ပြီး ထရပ်လိုက်သည်။ ပြတင်းပေါက်နားကို လျှောက်သွားပြီ သူ အကြိုက်ဆုံး အနေအထားမှာ ရပ်လိုက်ကာ ဖြေးဖြေးချင်း ပြောလိုက်သည်။

“ ဘဝက တိုတိုလေးပဲ။ ငါတို့ဘာလို့ သူများရဲ့ အတွင်းစိတ်ကိုပဲ အမြဲတမ်း မှန်းဆပြီး ရှင်သန် နေရမှာလဲ? ဘာလို့ အရမ်း ရှုတ်ထွေးရတာလဲ? ဘာလို့ငါတို့ အဲ့ဒီလို အပင်ပန်းခံရမှာလဲ?”

“ ဖြစ်နိုင်တာ ဒီလိုမျိုး လူအချင်းချင်း အရိုးပါ မကျန် အမြတ်ထုတ် စားသောက်နေတဲ့ ဒီပတ်ဝန်းကျင်မှာ ရှင်သန်ရမဲ့နည်းမို့လို့ ဖြစ်မယ်”

လင်းဖေးဟန် ကိုယ့်ဘာသာ အပြစ်ထုတ်ပြီး နောက်မှာ ခေါင်းတယမ်းယမ်းဖြင့် ဆက်ပြောလိုက်သည်။

“ ဒါပေမဲ့ မင်းကို မတူဘူးလို့ ငါထင်ခဲ့တာ။ ငါလိုတာက မင်းရဲ့ ယုံကြည်မှုကိုပဲမို့ အဲ့ဒါကိုရဖို့ ငါဘာမဆို လုပ်ဖို့ ဆန္ဒ ရှိတယ်။ အဲ့အတွက်လဲ ငါနောင်တရမှာ မဟုတ်ဘူး”

လုရွှယ်ယင် ပါးစပ်ဟပြီး လင်းဖေးဟန်ကို ဆူချင်ခဲ့သည်။ ကလေးဆန်ကြောင်း သူ့ကို ဆူပူချင်ခဲ့ပေမဲ့ ထိုအချိန်မှာ သူမ စကားတစ်လုံးမှ မထွက်လာနိုင်ခဲ့​ပေ။

ထို့အပြင် သူမ နှလုံးသားထဲမှာ တော်တော်လေးလဲ ပျော်သွားခဲ့သည်။

လင်းဖေးဟန်ရဲ့ ပုံစံက အရမ်းကို ကလေး ဆန်နေပေမဲ့ ဒီအပြုအမူက သူ့မှာ ကိုယ့်ကိုယ်ကို ယုံကြည်ချက် ရှိတယ်ဆိုတာကို ဖော်ပြနေသည်။

ဒီလိုပြင်းထန်တဲ့ ယုံကြည်မှုကို သူမ အပေါ်မှာပါ ထားလိုက်တာဖြစ်တဲ့အတွက် လုရွှယ်ယင်ရဲ့ နှလုံးသားထဲမှာ ဘယ်လို ခံစားနေရလဲ ခဏလောက် မပြောနိုင်တော့ပေ။

လင်း​ဖေးဟန်ရဲ့ ပြောင်းလဲမှုက ဘာလို့ အရမ်းကြီးမားရတာလဲ?

အကြောင်းအရင်း မရှိဘဲ ဒီလိုမျိုး ပြောင်းလဲ သွားတာလား?

သူမရဲ့ ခံစားချက်က တစ်ဖြည်းဖြည်းချင်း ပြောင်းလဲလာပြီး အဆုံးမှာ အလွန်ပျော်လာသည်လို့ ပြောလို့ရသည်။

ဒီခံစားချက်တွေက သူမရဲ့ နှလုံးသားထဲမှာ စတင်နေရာယူလာခဲ့သည်။ ရေကန်ငယ်တစ်ခုမှာ ခြေထောက်ရေစိမ်နေတုန်း မရေမတွက်နဲ့ ရေမှော်ပင်များက သူမခြေထောက်ကို လာထိနေသလိုမျိုး သူမ စိတ်ထဲ ယားကျိကျိ ခံစားနေရသည်။ ဒါပေမဲ့ ရေမှော်ပင်များက နွေးထွေးမှုကို တောင့်တနေတာတောင်မှ နေမင်းကြီးက သူတို့အပေါ် ဖြာမကျခဲ့ပေ။

ထိုအချိန်မှာ ရင်ထဲပျော်နေခဲ့တဲ့ လုရွှယ်ယင် ရုတ်တရက် အနည်းငယ် ဝမ်းနည်းလာရသည်။

လင်းဖေးဟန် ဒီလိုမျိုး ဖြစ်နိုင်တယ်ဆိုရင် အရင်က လင်းဖေးဟန်ရဲ့ သူမအပေါ် ဆက်ဆံပုံက ဘာလို့ အခုလို မဟုတ်ရတာလဲ?

လုရွှယ်ယင် တစ်ခုခု ခံစားလိုက်ရတာမို့ တိုးတိုးလေးပြောလိုက်သည်။

“ ဒီရက်ပိုင်း နင့်ရဲ့ ပြောင်းလဲမှုတွေက ငါ့အတွက် အိပ်မက်လိုပဲသိလား?”

လင်းဖေးဟန် နှစ်ကြိမ်လောက် ခြောက်ကပ်စွာ ရယ်လိုက်ပြီး ခါးသီးမှု အပြည့်နဲ့ ပြောလိုက်သည်။

“ ငါက အတူတူပါပဲ။ အကယ်လို့ ငါကသာ အိပ်မက်တစ်ခုဆိုရင် မင်းက လေပြေပဲ”

“ ငါဖမ်းဆုတ်လို့မရဘူး။ ဒါပေမဲ့ ငါခံစားလို့ ရတယ်”

“ မင်းကို ငါ့ဆီပြန်ရဖို့ ငါအကောင်းဆုံး ကြိုးစားခဲ့ပေမဲ့ မင်းကို မသိမ်းထားနိုင် ခဲ့ဘူး”

ထိုစကားကိုကြားတော့ လုရွှယ်ယင် ချက်ချင်း တုန်သွားသည်။ သူမရဲ့ မျက်နှာကို အဝေးလွှဲပစ်လိုက်သည်။ ဒါပေမဲ့ သူမ မျက်နှာထက်မှာ ဘာခံစားချက်မှ မဖော်ပြ သေးပေ။

လင်းဖေးဟန်ရဲ့ နောက်ဆုံးစကားက အရမ်းတည့်တိုးဆန်သည်။ တည့်တိုးဆန်တာမှ သူက လုံးဝကို ရှင်းလင်းနေအောင် ပြောချလိုက်တာပင်။

ဒါပေမဲ့ သူမ ဘယ်လိုပြန်တုံ့ပြန်ပြီး လင်းဖေးဟန်ကို ဘာပြန်ပြောရမယ် မသိတော့ဘူး။

သူမ အခု ဘာပြောနိုင်အုံးမှာလဲ?

ဒီတော့ သူမ ဘာကိုမှ မပြောတော့ဖို့ကိုပဲ ရွေးချယ်လိုက်တော့သည်။

လင်းဖေးဟန်လဲ သူ အရမ်း အလျင်လိုပြီး စကားပြောတာများသွားမှန်း သဘောပေါက်လိုက်သည်။

သူမတို့နှစ်ယောက်ရဲ့ ကြီးပြင်းလာတဲ့ ပတ်ဝန်းကျင်က မတူညီပေ။ လုရွှယ်ယင် အတွက် သူမအနားက ဆက်ဆံရေးနဲ့ပတ်သတ်ရင် အရမ်းကို အထိမခံဖြစ်ပြီး လူမှုပတ်ဝန်းကျင်မှာဆို သူမက အရမ်းသတိထားတတ်သည်။

အခု ငါက သူမကို ဖြည်းဖြည်းချင်း ချဥ်းကပ်ပြီး ဖြည်းဖြည်းချင်း နီးစပ်အောင် လုပ်ရင်းနဲ့ ဖြည်းဖြည်းချင်း ကြိုက်နေမိပြီ။ ဖြစ်နိုင်တာ ဒီတစ်ခေါက် မပြတ်သားတဲ့ စကားတွေပြောမိသွားတဲ့အတွက် လုရွှယ်ယင်ရဲ့ အန္တာရယ်ကို အာရုံစိုက်တဲ့ စိတ်ကိုနှိုးဆွမိပြီး သူမကို ပြန်သတိ ကပ်အောင် လုပ်မိသွားတာ ဖြစ်မယ်။

လင်းဖေးဟန်က စနစ်လောက် ဉာဏ်မကောင်းဘူး။ သူက စက်ရုပ် တစ်ခု မဟုတ်ဘူး။ အတိတ်က အကြောင်းတွေ အားလုံးကိုလဲ မသိနိုင်သလို အနာဂတ်ကိုလဲ ကြိုမှန်းနိုင်နေတာ မဟုတ်ဘူး။

တစ်ခါတစ်လေမှာ လင်းဖေးဟန်ရဲ့ မရည်ရွယ်တဲ့ စကားတွေက လူတွေကို တန်ပြန်တိုက်စစ်ဆန်တဲ့ တုံ့ပြန်မှု ဖြစ်ပေါ်စေနိုင်သည်။ ဒါပေမဲ့ ဒါတွေကို သူအကုန် မခန့်မှန်းနိုင်ဘူး။ သူသာ သိခဲ့ရင် လုရွှယ်ယင်ကို ထိုသို့ပြောမိခဲ့မှာ မဟုတ်ပေ။

လင်းဖေးဟန် အမြန်ပဲ စကားလမ်းကြောင်း ပြောင်းဖို့လုပ်ရင်း ခြောက်ကပ်ကပ် ရယ်လိုက်သည်။

“ ငါတို့ ဂိမ်းနှစ်ပွဲလောက် ကစားကြရင်ကော?”

လုရွှယ်ယင် မတတ်နိုင်စွာ မျက်မှောင် ကြုတ်သွားရသည်။

“ ဘာဂိမ်းလဲ?”

လုရွှယ်ယင် ဂိမ်းဆော့ရတာကို လုံးဝ မကြိုက်ပေ။ အဲ့ဒါက အချိန်ဖြုန်းတာပဲလို့တောင် သူမ တွေးသည်။ လင်းဖေးဟန်လဲ သူမနဲ့ အတွေးတူခဲ့သည်။ သေချာပေါက် အဲ့ဒါက အတိတ်မှာဖြစ်ပြီး သူကအခု လုံးဝ ပြောင်းလဲသွားခဲ့ပြီပင်။

“ သေချာပေါက် Honor of Kings (HOK) လေ။ ငါဒီရက်ပိုင်း အလုပ်အရမ်းများနေတာမို့ ကစားဖို့ အချိန်မရခဲ့ဘူး။ ကြည့်ရတာ စိန်အဆင့်ထိ အလျှော့ခံလိုက်ရလောက်ပြီ။ အခုတင် ငါတို့ ဘီလီယံဆယ်ချီပြီး တန်တဲ့ ပရောဂျက်အကြောင်း ဆွေးနွေးထားတာ ဆိုတော့ အောင်ပွဲခံဖို့ သေချာပေါက် ဂိမ်းဆော့ရမှာပေါ့။ အခုငါတို့ ကံကောင်းတာပဲ!”

.လင်း​ဖေးဟန် တစ်ဆင့်ချင်း လှုပ်ရှားခဲ့သည်။ အခုအချိန်မှာ လုရွှယ်ယင်ရဲ့ဘေးမှာပါ နေရာယူထားပြီး ဂိမ်းစက်ကိုလဲ ဖွင့်ပြီးသွားခဲ့ပြီပင်။ ကြည့်လိုက်တာနဲ့တင် လင်းဖေးဟန် အရမ်းစိတ်ပါနေမှန်း သိနိုင်သည်။

လုရွှယ်ယင် တုံ့ဆိုင်းမှုမရှိစွာ သဘော တူမိတော့မလိုပင်။ လူတွေ ဒီဂိမ်းကို အရမ်း စွဲလန်းနေတာ ဘာကြောင့်မှန်း သူမ သိချင်နေခဲ့တာ ကြာပြီ။

ဒါပေမဲ့ သူမ ချက်ချင်းပဲ အတွေးရပ်ပစ်ကာ တန်းပြီးငြင်းဆိုလိုက်သည်။

“ တော်ပြီ ငါ့မှာလုပ်စရာရှိတယ်။ ငါကုမ္ပဏီပြန်ပြီး အလုပ်လုပ်ရအုံးမယ်”

လင်း​ဖေးဟန် ရယ်လိုက်တော့သည်။

“ အလုပ်? အဲ့မှာ ဘယ်လိုအလုပ်တွေ ရှိလို့လဲ? အရမ်းပျင်းဖို့ ကောင်းတာပဲ”

“ အလုပ်လုပ်ရတဲ့ ရည်ရွယ်ချက်ကဘာလဲ? ပိုက်ဆံရှာဖို့ပဲမလား? ဒါပေမဲ့ မင်းအခု ငွေပြတ် နေလို့လား?”

“ ဒီလောက် ပိုက်ဆံတွေ အများကြီးရှိနေတာ မင်း ပျော်ရလို့လား? ပိုက်ဆံအတွက်နဲ့ မင်း ကျယ်လောင်စွာ ရယ်နိုင်မယ်ဆိုရင် အဲ့ပိုက်ဆံကိုယူပြီး ဆေးရုံသွားလိုက် သင့်ပြီလို့ ငါထင်တယ်”

“ အခုလို တိုးတက်နေတဲ့ ခေတ်ကြီးမှာ လူတွေလဲ အသက်ရှုဖို့ အချိန်နဲ့ အနားယူ သင့်တာပေါ့။ တစ်ချိန်လုံး အလုပ်သွားဖို့ပဲ တွေးနေရင် မင်းနဲ့ စက်ရုပ်တစ်ကောင်နဲ့ ဘာကွာတော့မှာလဲ?”

ထိုအချိန်မှာ လုရွှယ်ယင် မတ်တပ်ပင် ရပ်ပြီးခဲ့ပြီ။ လင်း​ဖေးဟန်ရဲ့ ဆွယ်တဲ့စကားတွေကို သူမ နားမထောင်ဘူး။

“ နှုတ်ဆက်ပါတယ်!”

လုရွှယ်ယင်ရဲ့ တုံ့ပြန်ပုံက လုံးဝကို မထူးမခြားနားပင်။ စားပွဲပေါ်က သူမရဲ့ အိတ်ကို တန်းယူလိုက်ပြီး ငဲ့ညှာမှု မရှိ လှည့်ထွက်သွားကာ လင်းဖေးဟန်ကို သူမရဲ့ ကျောပြင်ပဲ ချန်ထားပေးလိုက်သည်ဖယ

“ ဟေး ဒီလောက်ပျော်ဖို့ကောင်းတဲ့ ဂိမ်းကို မင်းဘာလို့မကစားတာလဲ? ငါးတန်းမြောက် အဖွဲ့က အဖွဲ့ဝင်တစ်ယောက် လွတ်နေသေးတယ်”

လင်း​ဖေးဟန် အနည်းငယ် ကူကယ်ရာမဲ့ သွားကာ သူ့ရဲ့ အတွင်းရေးမှူးမလေး လျှို့ရှင်းယာကိုသာ အထဲပြန်ဝင်ခိုင်းလိုက် တော့သည်။

လျှို့ရှင်းယာ ပြုံးကာ မေးလာခဲ့သည်။

“ ဘယ်လိုနေလဲ? ရှင်တို့စကားပြောတာ အဆင်ပြေခဲ့လား? ကျွန်မ တွေ့လိုက်တာ မစ္စလုရဲ့ပုံစံက ထွက်သွားတုန်းက ရယ်နေသလိုပဲ”

ထိုစကားကို ကြားတော့ လင်းဖေးဟန် အနည်းငယ် အံ့သြသွားခဲ့သည်။

ဒီမိန်းမက ရယ်တတ်တယ်လား?

ထို့နောက်မှာ လင်းဖေးဟန် ပေါ့ပေါ့ပါးပါးပဲ ပြောလိုက်သည်။

“ အဲ့လိုလား? ငါထင်ခဲ့တာ သူမ မရယ်လောက်ဘူးလို့လေ”

လျှို့ရှင်းယာ ရယ်ရင်းပြောလိုက်သည်။

“ တစ်ကယ်တော့ ကျွန်မလဲ မသေချာပါဘူး။ ကျွန်မ တစ်ချက်ပဲ စိုက်ကြည့်လိုက်ပြီး သေချာ မမြင်လိုက်ရဘူး”

All Chapters