အခန်း (၁၃၂)
Vol. 10 Ch. 132
လင်းဖေးဟန် လက်ကာပြလိုက်ပြီး
“ ရတယ်။ ပူးပေါင်းမှု အဆင်ပြေတယ်။ အခုက အနားယူရမဲ့အချိန်ပဲ”
“ လာခဲ့ဒီကို။ မင်းကို လေယာဉ်ပျံကြီးစီးဖို့ ခေါ်သွားပေးမယ်”
လျှို့ရှင်းယာရဲ့ မျက်နှာက တစ်ဖြည်းဖြည်း နီလာတော့သည်။
“ သူဋ္ဌေးလင်း ဘာကို ဆိုလိုတာလဲ?”
လင်းဖေးဟန် မတတ်နိုင်စွာ အနည်းငယ် အံ့သြသွားသည်။ လျှို့ရှင်းယာရဲ့ နီရဲနေတဲ့ မျက်နှာထားကို ကြည့်လိုက်ရင် သူမ ချက်ချင်း အထာပေါက်သွားတာ သိသာသည်။
ထိုအချိန်မှာ လင်းဖေးဟန် တစ်ကယ်ပဲ အနားယူလိုက်သည်။ သူ စွန်းရှင်းယွဲ့ရှိတဲ့ ဟိုတယ်ဆီလဲ မသွားတော့သလို လုမုံ့ဟန်ဆီကိုလဲ မသွားခဲ့ပေ။ နှစ်ဖက်လုံးကို သီးသန့်ချိန်လေး ခဏပေးထားတာ ပိုကောင်း သည်လေ။
အခုက စွန်းရှင်းယွဲ့နဲ့ အရမ်း ရင်းနီးနေပြီမို့ သူမဆီ သွားလည်ဖို့ သူ မတွေးခဲ့တော့ပေ။ ပြောရလျှင် စွန်းရှင်းယွဲ့နဲ့ အခုလတ်တလော လုပ်စရာလဲ မရှိသေးဘူး။
ဒါ့အပြင် လုမုံ့ဟန်ကလဲ အခုသူ့ကို အရမ်း ကြွေဆင်းနေခဲ့ပြီ။ ဒါပေမဲ့ လုမုံ့ဟန်က တစ်ယောက်ထဲ မဟုတ်ဘူး။ သူမကို အရမ်းချစ်တဲ့ အမေရှိနေပြီးသားမို့ အထီးကျန် နေမှာ မဟုတ်ဘူး။
လုမေမေသည် လင်းဖေးဟန်အပေါ် အရမ်းကို သတိထားသည်။ ဒါပေမဲ့ လင်းဖေးဟန် အရမ်းကြီး စိတ်မလှုပ်ရှားမိပေ။ လုမေမေရဲ့ သတိထားမှုက နှစ်အဆက်ဆက် စိုးရိမ်မှုတွေ ကနေ စုပေါင်းဖြစ်တည်လာတာမို့ တစ်နေ့၊ တစ်ညထဲနဲ့ ရှင်းနိုင်မဲ့အရာလဲ မဟုတ်ဘူး။
ဒီအတွက် ကြားခံအခြေအနေတွေ လိုအပ်သည်။
ဒါကြောင့်မို့ လင်းဖေးဟန် ခဏလောက် တမှေးတမော အိပ်ဖို့သာ ပြင်ဆင်လိုက်တော့သည်။
အချိန်ကုန်တာ အရမ်းမြန်သည်။ မျက်စိ တစ်မှိတ်အတွင်းမှာကို ညနေစောင်းသွားခဲ့ပြီ။
ထိုအချိန်မှာ ကောင်းကင်တစ်ခွင်လုံးက မီးမြိုက်ထားသလို အထူးနီရဲနေသည်။ ကြည့်ရတဲ့သူကိုပါ စိတ်လှုပ်ရှားလာစေသည်။
လင်းဖေးဟန် အားသောင်နဲ့ ဝမ်တကုံကို သူ့ကို အဖော်ပြုခွင့် မပေးတဲ့အတွက် ထိုနှစ်ယောက် အခုချိန်မှာ အားယားနေလောက်သည်။
လင်းဖေးဟန် တစ်ယောက်ထဲ ကားမောင်းဖို့ ဆင်းလာလိုက်သည်။ ကားပါကင်ကနေ ထွက်လာခါနီးတွင် သူ့ဘေးမှာ ရှိတဲ့ ဖုန်းက ထမြည်လာသည်။
လင်းဖေးဟန်ရဲ့ မျက်နှာထားက မပြောင်းလဲ သေးပေ။ ဖုန်းကို တစ်ချက်ကြည့်လိုက်တော့ ခေါ်ဆိုသူက ခေါင်းဆောင်ငယ် ဖြစ်သည်။
လင်းဖေးဟန် ဖုန်းကို တန်းကိုင်လိုက်သည်။
ဖုန်းဝင်သွားတာနဲ့ တစ်ဖက်ကနေ ခေါင်းဆောင်ငယ်ရဲ့ နတ်ဆိုးဆန်လှတဲ့ ရယ်သံကြီး ထွက်လာပါတော့သည်။
“ မစ္စတာလင်း မနေ့ညက အဆင်ပြေခဲ့ရဲ့လား?”
“ အဲဲ့ဒီ လုမုံ့ဟန်က ရုပ်ကော ခန္ဓာကိုယ်ကော တော်တော်လှတယ်။ တစ်ခါတစ်လေ မစ္စတာလင်းကို ကျွန်တော် တစ်ကယ် မနာလိုတာပဲ”
လင်းဖေးဟန် ရယ်လိုက်သည်။
“ မင်းအဖေရဲ့ ပျော်ရွှင်မှုတွေကို မင်းနားလည်မှာ မဟုတ်ပါဘူးကွာ”
“ ဟီးဟီး!”
ခေါင်းဆောင်ငယ် အထာပေါက်စွာ ပြုံးလိုက်သည်။
“ အဲ့လိုမျိုး အလှလေး နောက်တစ်ခေါက် ရှိခဲ့တယ်ဆိုရင် မစ္စတာလင်းကို အမြန်ဆုံး သတင်းပေးလိုက်ပါ့မယ်”
“ ကျွန်တော် KTV ကို လူလွှတ်ပြီး သူမကို စောင့်ကြည့်ဖို့ မန်နေဂျာကို မှာထားခိုင်းပြီးပြီ။ ပြီး အခုလိုမျိုး ဖောက်သည်လက်ခံဖို့ အတင်း အကျပ်ဖြစ်နေရတဲ့ အင်နိုးဆန့်မလေးတွေ ထပ်တွေ့ခဲ့ရင် ကျွန်တော့်ကို အချက်ပြဖို့ ပြောထားခဲ့တယ်။ ဒါဆိုရင် မစ္စတာလင်းကို တတ်နိုင်သလောက် အမြန်ဆုံး ပြန်သတင်းပို့လို့ရပြီ”
ခေါင်းဆောင်ငယ်က လင်းဖေးဟန်ကို အလွန်ဖားနေသည်။
ဒါပေမဲ့ ခေါင်းဆောင်ငယ်ရဲ့ ချဉ်းကပ်ပုံကို လင်းဖေးဟန် အရမ်းကျေနပ်သည်။
ခေါင်ဆောင်ငယ် ပြောလို့ပြီးသွားချိန်မှာ လင်းဖေးဟန်ကို မေးခွန်းထုတ်တဲ့အသံနဲ့ ပြောလိုက်သည်။
“ မစ္စတာလင်းက အဲ့လို ထိပ်တန်းလေးတွေကို အထူးကြိုက်တာလား?”
လင်းဖေးဟန် ရယ်လိုက်ကာ
“ လှတဲ့မိန်းမ ဖြစ်နေသရွေ့ ငါအကုန် ကြိုက်တယ်။ ဒီအကြောင်း မပြောကြရအောင်။ ပြောပါအုံး။ မင်းငါ့ကို ဘာပြောမလို့လဲ?”
ခေါင်းဆောင်ငယ်နဲ့ အရည်မရအဖတ်မရတွေ ဆက်မပြောဖို့ လင်းဖေးဟန် ဆုံးဖြတ်လိုက်သည်။ မဟုတ်ရင် ဒီလူက ဘယ်တော့မှ စကားပြောလို့ပြီးမှာ မဟုတ်တော့ဘူး။
ထိုအချိန်မှာမှ ခေါင်းဆောင်ငယ် အတည်ပေါက် ပြောလာသည်။
“ မစ္စတာလင်း နှင်းဆီနီနဲ့ ပတ်သတ်ပြီး သတင်းတစ်ချို့ ရှိတယ်။ ယဲ့ဖန်းနဲ့ ဟွမ်လောင်ပတို့နဲ့ သူမနဲ့ စားသောက်ဆိုင် တစ်ခုမှာ တွေ့ကြတယ်တဲ့”
“ ကျွန်တော်ပို့ထားတဲ့ လူပြောတာတော့ ယဲ့ဖန်းနဲ့ နှင်းဆီနီနဲ့ သိပ်အဆင်မပြေသွားဘဲ သိပ်မကြာဘူး၊ သူမက ထွက်သွားတယ်တဲ့။ နှင်းဆီနီရဲ့ ဒေါသနဲ့ဆိုရင် ကျွန်တော့်အထင် နှစ်ဖက်လုံး သေချာပေါက် တိုက်ကြမဲ့ပုံပဲ”
“ မနက်ဖြန် မနက်ကျရင် နှင်းဆီနီ အလုပ်ကြံ ခံရတဲ့ သတင်းတောင် ကြာရလောက်တယ် ထင်တယ်။ အရိုက်ခံရတဲ့ နှင်းဆီနီက သေချာပေါက် ကျွန်တော်တို့ကို ခေါ်ပြီး အကူအညီ တောင်းမှာပဲ”
လင်းဖေးဟန် ခေါင်းညိတ်လိုက်ကာ
“ အမှန်ပဲ။ အခုက သူမက ကိုယ်တိုင် ယဲ့ဖန်းကို အနိုင်တိုက်ချင်နေသေးမှတော့ ငါတို့က ဘာလုပ်နိုင်မှာလဲ?”
ခေါင်းဆောင်ငယ် ပြောလိုက်သည်။
“ အတိအကျပဲ။ မစ္စတာလင်း ရှိနေပြီ ဆိုမှတော့ အဲ့ယဲ့ဖန်းနဲ့ တစ်ခုခုဖြစ်ခဲ့တောင် မစ္စတာလင်းက သေချာပေါက် သူ့ကို ရှယ်ကြွေးပေးလိုက်မှာလေ”
ခေါင်းဆောင်ငယ် ထပ်ပြောလိုက်သည်။
“ မစ္စတာလင်း မသိသေးလို့။ အဲ့ဒီ နှင်းဆီနီက သတ်လတ်ပိုင်းအရွယ် မိန်းမလို့ ပြောကြတယ်။ သူမက ငရဲမင်းလိုပဲတဲ့”
“ ဒါပေမဲ့ ကျွန်တော်သူမကို တွေ့ဖူးသွားတော့ အဲ့မိန်းမက တစ်ကယ်တော့ ခန္ဓာကိုယ်လဲ လန်းတဲ့ အဘက်ဘက်က ကြည့်ကောင်းတဲ့ ခပ်ဟော့ဟော့ မိန်းမပဲ။ သူ့အသက်က ၂၈ ၂၉ လောက်တော့ ရှိမယ်ထင်တယ်။ ဒါပေမဲ့ သူမ အသားအရေက လုံးဝကို ၁၈ နှစ်လေးလိုပဲ”
ခေါင်းဆောင်ငယ် နှုတ်ခမ်းသပ်လိုက်သည်။ တစ်ကယ်တော့ နှင်းဆီနီနဲ့ တစ်ညလောက် ကုန်ဆုံးချင်ခဲ့သည်။ ဒါပေမဲ့ နှင်းဆီနီဆိုတာ သာမာန်မိန်းမ မဟုတ်ဘူး။ ပြီး သူလဲ မကိုင်တွယ်နိုင်ဘူး။
“ ၂၈ ၂၉ လောက်နဲ့ ဖန်းဟွာ ဧရိယာရဲ့ ဘော့စ်ဖြစ်လာတယ်။ ဒီမိန်းမက တစ်ကယ် စွမ်းဆောင်ရည် ရှိတဲ့သူပဲ”
ခေါင်းဆောင်ငယ် လေးစားစွာ ပြောလိုက်သည်
လင်းဖေးဟန် ရယ်သာရယ်လိုက်ပြီး သိပ် ဂရုမစိုက်ခဲ့ပေ။
တစ်ကယ်တော့ သူက ဇာတ်ညွန်းသိပြီးသားမို့ အကုန်သိသည်။ တစ်ကယ်တော့ နှင်းဆီနီဆိုတာ ယဲ့ဖန်းရဲ့ မိန်းမတွေထဲက တစ်ယောက်ဖြစ်ပြီး ဇာတ်လိုက်မ တစ်ယောက်လဲ ဖြစ်သည်။
ဇာတ်အိမ်လန်းလန်း ဝတ္ထုတွေမှာ အမြဲ ဒါမျိုးပဲလေ။ ဇာတ်လိုက်ကျော်ကြီးဆိုတာ အမြဲတမ်း မြေအောက်လောကရဲ့ အမကြီးတွေ ဝိုင်းခံထားရပြီး ခပ်လန်းလန်း ဘော့စ်အငယ်လေးတွေနဲ့လဲ ရောနှောနေရမဲ့ အဲ့လိုဇာတ်ရုပ်မျိုးပဲ။
ခဏလေး နေအုံး! ငါအမှားလုပ်မိ သွားပုံပဲ။
လင်းဖေးဟန် နှလုံးတစ်ချက် ဆောင့်ခုန်သွားသည်။
နှင်းဆီနီက ယဲ့ဖန်းရဲ့ မိန်းမတွေထဲက တစ်ယောက်ဆိုမှတော့ သူမနဲ့ ယဲ့ဖန်းနဲ့ကို ငါဘာလို့ တွေ့ခွင့် ပေးမိလိုက်တာလဲ?
သေစမ်း။ သူက နှင်းဆီနီ အန္တာရယ်ကြုံပြီဆိုရင် သူ့ဆီလာအကူအညီ တောင်းတာနဲ့ သူက စစ်မှန်လှတဲ့ သူရဲကောင်း ပုံစံနဲ့ ဝင်ဖျာခင်းပြီး ယဲ့ဖန်းရဲ့မျက်နှာကို ဖြတ်ရိုက်ရုံမက၊ နှင်းဆီနီ ဆီကပါ မျက်နှာ ယူမယ်လို့ပဲ တွေးမိခဲ့သည်။
လင်းဖေးဟန် သတိ မထားမိလိုက်တာက ယဲ့ဖန်းက ဇာတ်လိုက်ဆိုတဲ့ အချက်ပဲ။ ဇာတ်လိုက် အရှိန်အဝါကြီးကို ရင်ဆိုင်လိုက်ရင် ဘယ်သူမဆို ဦးနှောက်ရှော့တိုက်ခံရမှာပဲ။ ဒါကို သူက ယဲ့ဖန်းနဲ့ နှင်းဆီနီနဲ့ တွေ့ဖို့အတွက် လမ်းခင်းပေးလိုက်မိပြီ။
ယဲ့ဖန်းနဲ့ နှင်းဆီနီနဲ့ တွေ့ဆုံမှုမှာ အဆင်ပြေ သွားပြီပဲ ဖြစ်ရမယ်။ နှင်းဆီနီ ဒေါသတကြီး ထွက်သွားတယ်ဆိုတာကလဲ ခေါင်းဆောင်ငယ်ကို ရှိုးပြဖို့ပဲ။ အခြေအနေက ယဲ့ဖန်းနဲ့ နှင်းဆီနီတို့က နှစ်ဦးသဘောတူလိုက်ကြဖို့ ပိုများလိမ့်မယ်
“ ကြည့်ရတာ ဒီကိစ္စက နည်းနည်းကြီးလာပြီ။ ငါဘယ်လို ပြန်ပြင်ရတော့မလဲ?”
လင်းဖေးဟန် ကားကို လမ်းဘေးထိုးချလိုက်ကာ အချက်ပြမီး နှစ်ခါပြပြီး ခဏရပ်ထားလိုက်သည်။ သူစတင် တွေးရတော့သည်။
တစ်ဖက်က လင်းဖေးဟန် တိတ်ဆိတ်နေတာမို့ ခေါင်းဆောင်ငယ် အနည်းငယ် ရှုတ်ထွေးလာသည်။ သူ သံသယဝင်စွာ မေးလိုက်သည်။
“ မစ္စတာလင်း ဘာဖြစ်လို့လဲ?”
ခေါင်းဆောင်ငယ် သူပြောခဲ့တဲ့ စကားတွေကို ပြန်စဥ်းစားကြည့်လိုက်သည်။ သူဘာမှ စကားမမှားခဲ့ပါဘူး။ ဘာဖြစ်သွားတာလဲ?
လင်းဖေးဟန် မျက်မှောင်ကြုတ်နဲ့ ဆေးလိပ်မီးညှိလိုက်သည်။ ဖြတ်သွားဖြတ်လာ ကားတွေကို ကြည့်နေရင်း သူ့မျက်နှာသည် ခါးသက်လာသည်။ သူ ဖြေးဖြေးချင်း ပြောလိုက်သည်။
“ နှင်းဆီနီက ဖြစ်နိုင်တာ ငါတို့ဘက် မလာလောက်တော့ဘူး”
ခေါင်းဆောင်ငယ် အနည်းငယ် အံ့သြသွားသည်။
“ မစ္စတာလင်း ဒါမဖြစ်နိုင်ဘူးနော်။ နှင်းဆီနီ တန်းပြီးထွက်သွားတာကို ကျွန်တော့်လူတွေ မြင်လိုက်တယ်။ အဲ့ဒီနှင်းဆီနီက အရမ်းကို ခေါင်းမာပြီး ဒေါသကြီးတဲ့သူ။
ယဲ့ဖန်း ဘယ်လိုလုပ် အလွယ်တကူ အညံ့ခံအောင် လုပ်နိုင်မှာလဲ?”