← Chapters

အခန်း (၁၃၄)

Vol. 10 Ch. 134

အခန်း (၁၃၄)

Vol. 10 Ch. 134

“ ကျွန်တော် ကြားခဲ့တာ ယဲ့ဖန်းက နှင်းဆီနီကို အချိန်သုံးရက် ပေးလိုက်တယ်တဲ့။ သေချာတော့ မသိရသေးပါဘူး”

“ သုံးရက်?”

ချက်ချင်းပဲ လင်း​ဖေးဟန် တစ်ခုခုကို သဘော ပေါက်သွားခဲ့သည်။

လင်းဖေးဟန် နှင်းဆီနီရဲ့ အချက်အလက် ဖိုင်တွဲကို ကောက်ယူလိုက်ပြီး နောက်ဆုံးစာရွက်ကို လှန်လိုက်သည်။ နောက်ဆုံးစာရွက်တွင် ဘာမှမဆိုင်တဲ့ သူတစ်ချို့ရဲ့ အကြောင်းတွေ ရှိသည်။

အရင်ဆုံး ပြောရလျှင် နှင်းဆီနီက ဖန်းဟွာဧရိယာကို သိမ်းလိုက်နိုင်ခဲ့ပေမဲ့ မူရင်း လက်ဟောင်းလူတွေ အများကြီး ရှိနေဆဲပဲ။ အပြင်ပိုင်းတော့ သူတို့က နှင်းဆီနီကို နာခံသည်။ အမှန်ကို အပြင်ပိုင်းသာ နာခံတာပင်။

နှင်းဆီနီလဲ အခက်တွေ့နေရသည်။ ဒီလူဟောင်းတွေကို သူမ ရှင်းပစ်လိုက်လို့လဲ မဖြစ်ဘူး။ အကုန်လုံးကို သတ်လိုက်တာက သူမရဲ့လက်တွေကို ဖြတ်လိုက်မိတာနဲ့ အတူတူပဲ။

ဒါပေမဲ့ ဒီကိစ္စကို ဒီတိုင်း လွှတ်ထားပေးရင်လဲ အချိန်ကြာလာရင် ပုန်းကွယ်နေတဲ့ ပြဿနာက အမြစ်ကနေ ပေါ်လာလိမ့်မည်။ သူတို့ အကုန်လုံးနဲ့ ပြိုင်တိုက်ဖို့လဲ နှင်းဆီနီ မစွမ်းသာနေဘူး။

ဒုတိယအချက်က နှင်းဆီနီက မြေအောက် ဂိုဏ်းတွေကို ထိန်းချုပ်နိုင်ပေမဲ့ စီးပွားရေးပိုင်းမှာ သူမရဲ့အမြင်က မလုံလောက်ဘူး။ သူမရဲ့ နာမည်ကို ရှင်းဖို့ ကြိုးစားခဲ့ပေမဲ့ များစွာတဲ့ ဆက်တိုက်အရှုံး ပေါ်ခဲ့သော ရင်းနီးမြုပ်နှံမှုများက သူမရဲ့ စီးပွားရေးလုပ်ငန်းအပေါ် ဆိုးကျိုးသက်ရောက် နေခဲ့သည်။

တစ်ကယ့် စီးပွားရေးသမား အစစ်တွေက နှင်းဆီနီနဲ့ မပူးပေါင်းချင်ဘူး။ ဥပမာပြောရရင် လင်းမိသားစုနဲ့ လုမိသားစုပင်။ ဦးစွာပြောရရင် မြေအောက်လောကနဲ့ မပတ်သတ်ချင်တာက အရင်ဆုံးအကြောင်းအရင်းပဲ။ ဒါပြီးရင် သူတို့ရဲ့ စီးပွားရေးပရောဂျက်တွေက မြုပ်နှံမှုကြီးမားသည်။ အချိန်မရွေး 2 ဘီလီယံကနေ 10 ဘီလီယံလောက်က ထုတ်ပေးနိုင်ဖို့လိုသည်။ နှင်းဆီနီလို 10 မီလီယံလောက် ထည့်နိုင်မဲ့ မြုပ်နှံသူတွေကို သိပ်မဖက်မလုပ်ကြဘူး။

ကျန်တဲ့ စီးပွားရေးသမားတွေက အကျိုးအမြတ်ကိုပဲ ကြည့်ကြသည်။ သူတို့ ဂရုစိုက်တာက ပိုက်ဆံထက် နှင်းဆီနီရဲ့ ကျန်းမာရေးပင်။

တတိယအချက်အနေနဲ့ ပြောရရင် နှင်းဆီနီရဲ့ ကျန်းမာရေးက မကောင်းဘူး။ အနောက်တိုင်း ဆရာဝန်တွေနဲ့ကော တိုင်းရင်းဆရာဝန်တွေနဲ့ပါ ကုသနေတာ နှစ်များစွာကြာခဲ့ပေမဲ့ လက်ဆုတ်လက်ကိုင် ပြနိုင်လောက်တဲ့အထိ ထူးခြားမှုမရှိခဲ့ဘူး။

အကျဥ်းချုပ်ထားတဲ့ အချက်တွေကို ကြည့်ပြီး လင်းဖေးဟန် ခါးသက်စွာ ပြုံးလိုက်တော့သည်။

ဒီအလုပ်တွေနဲ့ ရင်းနီးတာမို့ သူ ကောင်းကောင်း သိသည်။ ဒီအချက်သုံးချက်က နှင်းဆီနီရဲ့ ကောင်းကောင်းဖုံးကွယ်ထားတဲ့ အကြီးဆုံး အန္တရယ်တွေပဲ။

အချက်အလက်တွေက အရမ်းတိကျသည်။

နှစ်ပေါင်းများစွာ တိုက်ခိုက်လာမှုကြောင့် နှင်းဆီနီရဲ့ အရိုးတွေက ပြောင်းလဲမှု တစ်ချို့ဖြစ်ပြီး တစ်ခါတစ်ရံ သေလောက်အောင် နာကျင်တတ်သည်။ ဒီနှစ်တွေထဲ ကုသခဲ့ပေမဲ့ ကုသနည်း မတွေ့ခဲ့ဘူး။

ဒါတွေကို လင်းဖေးဟန် သိပြီးသားပင်။

တစ်ချိန်ထဲမှာပဲ ယဲ့ဖန်း နှင်းဆီနီကို ပြောလိုက်တဲ့စကားကို သူမှန်းဆနိုင်ခဲ့သည်။

ယဲ့ဖန်းက အံ့ဖွယ်သမားတော်ပဲ။ နှင်းဆီနီရဲ့ ဖျားနာမှုလောက်က သူ့အတွက် လုံးဝပြဿနာ မရှိဘူး။ နှင်းဆီနီကို အလွယ်တကူ ကုသပေး လိုက်တာက သူမရဲ့နှလုံးသားတံခါးကို အလျင်မြန်ဆုံးနည်းနဲ့ ခေါက်လိုက်တာပဲ။

သူမရဲ့ အန္တာရယ်ကြီးသုံးခုကို ကျော်လွန်ဖို့ ကူညီပေးလိုက်ရင် သူမရဲ့နှလုံးသား တံခါးကို ဖွင့်ဖို့ သော့ရသွားပြီ။

ယဲ့ဖန်းဆိုတာ သာမာန်သူ မဟုတ်ဘူး။ သူ့မှာ အဆက်အသွယ်ပေါသည်။ လုမိသားစုရဲ့ ဘော်ဒီဂတ်ဖြစ်လာနိုင်သလို ဝူ မိသားစုရဲ့ အကာအကွယ်ကိုလဲ ရခဲ့သည်။ လုမိသားစုကော ဝူမိသားစုနဲ့ကော သိထားတဲ့အချက်က ယဲ့ဖန်းကို မျက်နှာပေးခံရပြီး နှင်းဆီနီကို စီးပွားရေး လောကထဲ တွဲခေါ်ပေးနိုင်သွားလိမ့်မည်။

ဒီအချက်သုံးချက်လုံးကို ဖြည့်ဆည်းပေး လိုက်ရင် နှင်းဆီနီ ဘယ်လိုလုပ် ယဲ့ဖန်းရဲ့ လက်မောင်းထဲ ပစ်မဝင်သွားမှာလဲ?

ဒါက ပြဿနာပဲ။ ဒီကနေ ငါ ပြီးပြည့်စုံတဲ့ အစီအစဥ်တစ်ခုကို တွေးရမယ်။

စကားပြောဖို့ တွန့်ဆုတ်နေပုံပေါ်တဲ့ လင်းဖေးဟန်ကို ကြည့်ကာ အားသောင် မေးလိုက်သည်။

“ သခင်လေး ကျွန်တော့်ကို နောက်ပိုင်း အ​ခြေအနေကို စုံစမ်းစေချင်ပါသလား?”

လင်းဖေးဟန် လက်ယမ်းပြပြီး ပြောလိုက်သည်။

“ တော်ပြီ မင်းတို့အ​ရမ်း ရဲရဲတင်းတင်း စုံစမ်းနေရင် ကိုယ့်အမြှီးကိုယ် ဖော်မိသလို ဖြစ်ပြီး ယဲ့ဖန်းရဲ့ သံသယကို ဆွမိသွားမယ်”

စုံစမ်းဖို့ မလိုတော့ဘူး။ ငါအားလုံးကို မှတ်မိသွားပြီ။

အခုငါက ယဲ့ဖန်းဖြစ်သွားတယ်ပဲထား။ ငါ နှင်းဆီနီကို အချိန်သုံးရက်ပေးခဲ့တယ်။ သုံးရက်အတွင်း သူမ အညံ့ခံလာအောင် ငါဘာလုပ်မလဲ?

နှင်းဆီနီရဲ့ အာဏာကို ဆန့်ကျင်နိုင်တဲ့သူက အဲ့ဒီ အတွေ့အကြုံရှိတဲ့ လူဟောင်းတွေပဲ ရှိတယ်။

အခုလုပ်ဖို့လိုတာက နှင်းဆီနီရဲ့ အစွမ်းကို လျော့ချပစ်ဖို့ပဲ။ သူမ အားနည်းသွားရင် အားကိုးစရာလူက ငါပဲရှိတော့မယ်။

တွေးပြီးနောက်မှာ လင်းဖေးဟန် အကြံအစည် တစ်ခု ရသွားသည်။

ဟုတ်တယ် လုပ်တာပေါ့ကွာ။

လင်းဖေးဟန် ချက်ချင်းပဲ ခေါင်းဆောင်ငယ်ကို ခေါ်ခိုင်းလိုက်ပြီး အဲ့ဒီလူဟောင်းတွေနဲ့ လျှို့ဝှက် တွေ့ဖို့ရန် စီစဥ်ခိုင်းလိုက်သည်။

အားသောင် တွန့်ဆုတ်စွာ မေးလာသည်။

“ သခင်လေး အဲ့ဒီလူတွေအားလုံးက စကား မတည်တဲ့ လူဆိုးတွေပဲ။ အခု အပေါ်ယံ ကျွန်တော်တို့ကို နာခံသလို ပြခဲ့ရင်တောင် နောက်ပိုင်း စိတ်ပြောင်းသွားကြမလား မပြောနိုင်ဘူး။ သူတို့ကို ဘာလို့ မသတ်ပစ် လိုက်ရမှာလဲ?”

လင်းဖေးဟန် ခေါင်းရမ်းလိုက်သည်။

“ ငါတို့ မလုပ်သင့်သေးဘူး။ အနည်းဆုံးတော့ အခု မလုပ်သင့်သေးဘူး။ အခုငါတို့ လိုချင်တာက နှင်းဆီနီပဲ။ ဒီလူဟောင်းတွေက နှင်းဆီနီရဲ့လူတွေ မဟုတ်လို့ ငါတို့ သတ်လိုက်ရင်တောင် သူတို့က အပေါ်ယံ အနေနဲ့ ကြည့်ရင် သူမရဲ့လက်အောက်ကပဲ။ ငါတို့ မလိုအပ်တဲ့ ပြဿနာတွေကို ဆွဲဆောင်လို့ မရဘူး”

“ မင်းပြောတာကို ငါတွေးကြည့်ပြီးပြီ။ ဒီလူတွေက ယဲ့ဖန်းနဲ့ တွေ့ပြီးလောက်ပြီ။ တစ်ချို့က ယဲ့ဖန်းလက်အောက်တောင် ရောက်ပြီးနေလောက်ပြီထင်တယ်”

“ ငါတို့လုပ်ဖို့လိုတာက သူတို့အနိုင်ရသွားဖို့ မဟုတ်ဘဲ သူတို့ကို ဘက်ညီသွားအောင် လုပ်ရမယ်။ မင်း သူတို့ကို သေချာ ရှင်းအောင်ပြောခိုင်းခဲ့။ ငါတို့က ယဲ့ဖန်းပေးတဲ့ အခြေအနေရဲ့နှစ်ဆကို လိုက်လျောပေးမယ် ဆိုတာကို”

“ ဒီမြေခွေးအိုတွေက အရင်တွေ့တဲ့ငှက်ကို အရင်သတ်ရမယ်ဆိုတဲ့ အခြေခံကို နားလည်တယ်။ ဒါဆိုရင် သူတို့တွေ ငါတို့ပေးတဲ့ အခြေအနေကို သေချာပေါက် သဘောတူကြလိမ့်မယ်။ အဲ့လိုလူတွေက အကျိုးမြင်မှ ညောင်ရေလောင်းကြတဲ့သူတွေ”

“ ဟုတ်ကဲ့ သခင်လေး ကျွန်တော် အခုပဲ ဆောင်ရွက်ခိုင်းလိုက်ပါ့မယ်” အားသောင် ရိုသေစွာ နှုတ်ဆက်ပြီး လှည့်ထွက်သွား လိုက်သည်။

လင်းဖေးဟန် မနေနိုင်စွာ ပြုံးမိသွားသည်။ ဒီအားသောင်က ငါ့ရဲ့ဉာဏ်ထက်မှုကို မချီးကျူးတတ်ဘူး။ ဒီနေရာမှာ ခေါင်းဆောင်ငယ်သာဆို သေချာပေါက် ဖိနပ်လျပ်နေအုံးမှာ။

အကြံအစည်ရသွားပြီးနောက်မှာ လင်းဖေးဟန်အနည်းငယ် စိတ်သက်သာ သွားခဲ့သည်။

မနက်ဖြန်ကျရင် ငါသေချာပေါက် နှင်းဆီနီနဲ့ တွေ့ရမယ်။

ဒါဆိုငါ နှင်းဆီနီကို ဘာပြောသင့်လဲ?

ငါ့ရဲ့အားသာချက်က ဘာလဲ?

ငါ့ရဲ့ အခြေအနေက ယဲ့ဖန်းနဲ့ အတူတူပဲဆိုရင် နှင်းဆီနီငါ့ကို ဘာကိစ္စ ရွေးချယ်တော့မှာလဲ?

ဟုတ်တယ်။ ငါနှင်းဆီနီကို ဖန်းဟွာဧရိယာရော ဖုန်းလုံဧရိယာရောရဲ့ ဘော့စ်ဖြစ်လာအောင် လုပ်ပေးနိုင်တယ်။ ဒါကငါ့ရဲ့ အားသာချက်ပဲ။

ခေါင်းဆောင်််ငယ်ကို စောစောစီးစီး စွန့်လွှတ်ရမယ်လို့တော့ မတွေးထား မိဘူး။

နှင်းဆီနီက ယဲ့ဖန်းရဲ့ လက်အောက်ကို ရောက်ခဲ့ရင်တောင် ယဲ့ဖန်းအနေနဲ့ အရင်လာသူကို ဦးစားပေးရမှာပဲ။

ဒီတော့ နှင်းဆီနီအနေနဲ့ ယဲ့ဖန်းရဲ့ လက်အောက်ကိုဝင်ရင် ဟွမ်လောင်ပရဲ့ အောက်က ဒုတိယနေရာပဲရမှာ။

ယဲ့ဖန်းဆိုတာ ဉာဏ်ပြေးတဲ့ ဇာတ်လိုက်ပဲ။ နှင်းဆီနီရဲ့ အလှလောက်နဲ့ အရည်အချင်းရှိတဲ့ ဟွမ်လောင်ပကို သူ အဝေးမောင်းထုတ်မှာ မဟုတ်ဘူး။

ဒါပေမဲ့ ငါနဲ့မတူဘူး။ ငါ့မှာက အရည်အချင်း မလောက်တဲ့ ခေါင်းဆောင်ငယ်ပဲရှိတာ။ ငါချက်ချင်း သူ့ကိုအစားထိုးပစ်လိုက်လို့ ရတယ်။

လင်း​ဖေးဟန် တစ်ခါထဲ နှင်းဆီနီနဲ့ ဆွေးနွေးရမဲ့ စကားတွေကိုပါ ကြိုတွေးထား လိုက်သည်။

နောက်တစ်နေ့ရဲ့ညဘက်တွင် ကားထဲ၌ ထိုင်နေတဲ့ ခေါင်းဆောင်ငယ်က လင်းဖေးဟန်ကို ထူးဆန်းစွာကြည့်ပြီး မေးလာသည်။

“ မစ္စတာလင်း နှင်းဆီနီကို ဘယ်လိုစည်းရုံးရမယ် တွေးပြီးပြီလား? မနေ့ညကတင် ယဲ့ဖန်း သတင်းလွှင့်လိုက်တယ်။ နှင်းဆီနီရဲ့ လူတော်တော်များများက ယဲ့ဖန်းရဲ့လက်အောက်ကို ဝင်လိုက်ကြတယ်တဲ့။ အခုတော့ နှင်းဆီနီ ပျက်ဆီးကိန်းဆိုက်နေရပြီပဲ။ သဘက်ခါပြီးလို့ ယဲ့ဖန်းနဲ့ နှင်းဆီနီနဲ့ ပြန်တွေ့ကြရင် သူမ ယဲ့ဖန်းလက်အောက် ဝင်ရတော့မှာထင်တယ်”

ခေါင်းဆောင်ငယ်က တစ်ကယ်ကို မဆီမဆိုင် စကားတွေ ပြောတတ်သည်။

လင်းဖေးဟန် ခေါင်းဆောင်ငယ်ကို ပြောလိုက်သည်။

“ မင်းပါးစပ်ပိတ်လိုက်တော့”

လင်းဖေးဟန် ပြောရင်းနဲ့ ဒေါသထွက်လာတာမို့ အော်လိုက်တော့သည်။

“ မင်း ကြားကောင်းတဲ့ စကား ပြောလို့ မရဘူးလားကွ?”

လင်းဖေးဟန် မျက်မှောင်ကြုတ်ရင်း မပျော်မရွှင် ပြောလိုက်သည်။

“ ငါဒီနေ့ နှင်းဆီနီနဲ့တွေ့မှရမယ်။ ငါဒီနေ့ သေချာပေါက် အောင်မြင်ရမယ်။ ကျရှုံးလို့ မဖြစ်ဘူး”

ဒီနေ့က အရေးတကာ့ အရေးကြီးဆုံး နေ့ဆိုတာ လင်းဖေးဟန် သိသည်။ အခြေအနေကို ပြောင်းပြန်လှန်လိုက်နိုင်မလား ကျရှုံးမလားက ဒီနေ့ရဲ့ ရလဒ်အပေါ် မူတည်နေပြီ။

All Chapters