← Chapters

အခန်း (၁၃၅)

Vol. 10 Ch. 135

အခန်း (၁၃၅)

Vol. 10 Ch. 135

အမှားလုပ်မိတာနဲ့ သူ့ဘဝရဲ့ အရာအားလုံးကို ဆုံးရှုံးရလိမ့်မည်။

ဒါပေမဲ့ လင်းဖေးဟန် ဘာကိုမှ အဆုံးရှုံး မခံနိုင်ဘူး။

ကံကောင်းခြင်းသားတော် အနေနဲ့ ယဲ့ဖန်းသည် အကြိမ်ကြိမ် အမှားလုပ်နိုင်သည်။ အကြိမ်တိုင်း အခွင့်အရေးတွေ ပေါ်လာတတ်ပြီး အဲ့ဒါကိုသာ ဖမ်းဆုတ်နိုင်ရင် အချိန်မရွေး ကစားပွဲကို ပြောင်းပြန်လှန် ပစ်လိမ့်မည်။

ဒါပေမဲ့ သူကတော့ မှားလို့မရဘူး။ ဗီလိန် တစ်ယောက်အနေနဲ့ အမှားလုပ်မိလို့ကတော့ သေဆုံးခြင်း လမ်းပိတ်ကြီးပဲရှိသည်။

လင်းဖေးဟန်သာ နှင်းဆီနီကို မခေါ်နိုင်ရင် နှင်းဆီနီနဲ့ ဟွမ်လောင်ပက ယဲ့ဖန်းရဲ့ လက်အောက်မှာ အင်အားပူးပေါင်း လိုက်လိမ့်မည်။ ဒီလိုဆိုရင် ခေါင်းဆောင်ငယ်ကို ရှင်းလိုက်ဖို့က အသာလေးပဲ။

အဲ့ဒါပြီးရင် မိုးကြိုးလိုအရှိန်နဲ့ ကျင်းပိုင်မြို့ရဲ့ မြေအောက်လောကတစ်ခုလုံးကို သူတို့ ပေါင်းစည်းနိုင်သွားလိမ့်မည်။ ဒါဆိုရင်တော့ လင်းဖေးဟန် တစ်ကယ်ပြီးပြီပဲ။

အဲ့ဒီအချိန်ရောက်သွားရင် ယဲ့ဖန်းမှာ လုမိသားစုနဲ့ ဝူမိသားစု နှစ်ခုလုံးကို ထိပ်တိုက်ဆွေးနွေးနိုင်စွမ်း ရှိသွားပြီ။ ယဲ့ဖန်းရဲ့ လုပ်ရည်ကိုင်ရည်နဲ့ဆို မိသားစု နှစ်ခုလုံးကို သူ့ရဲ့မြေအောက်လောက အင်အားတွေနဲ့ သေချာပေါက် အတူတွဲပြီး ပူးပေါင်းခိုင်း လိုက်မှာပဲ။ အဲ့လိုဖြစ်လာရင် လင်းမိသားစု တစ်ကယ် အမြစ်ကဆွဲနှုတ်ခံရမှာ။

ငါ ဝတ္ထုထဲကို ရောက်လာတည်းက ဒီအချိန်က ငါ့ရဲ့အန္တရာယ် အရှိဆုံးအချိန်ပဲ။ ငါ့ရဲ့ဆုံးဖြတ်ချက် တစ်ခုကြောင့် ငါတင် မဟုတ်ဘူး၊ လင်းမိသားစု တစ်ခုလုံး ဖျက်ဆီးခံရနိုင်တယ်။

ငါအောင်မြင်မှဖြစ်မယ်။ ကျရှုံးလို့မရဘူး။

ဒီကောင်းကင်က ငါ့ကိုဆန့်ကျင်ချင်တယ်လား? ငါ ကောင်းကင်ကို ဖောက်ထွက်ပြီး ကမ္ဘာ တစ်ခုလုံးကို ဇောက်ထိုးလုပ်ပစ်မယ်။

ငါက ကောင်းကင်ပဲ။ ငါ့ရဲ့ကံကြမ္မာကို ငါပဲ ဆုံးဖြတ်မယ်။

လင်းဖေးဟန် စိတ်ထဲမှ ဆဲရေးနေလိုက်သည်။ ယဲ့ဖန်းရဲ့ စောက်ရမ်းမြင့်မားတဲ့ ကုသိုလ်ကံကြီး ကြောင့်သာ မဟုတ်ရင် သူ ယဲ့ဖန်းကို အပိုင်းပိုင်းလုပ်ပြီးနေတာ ကြာပြီ။

သူတစ်ချက် သတိလွတ်မိလိုက်တာနဲ့ ကြိုးစားထားရသမျှ အကုန် သဲထဲရေသွန် ဖြစ်တော့မည်။

လင်းဖေးဟန် အနည်းငယ်တောင် နောင်တ ရချင်လာသည်။

အချိန်တိုင်း သတိကပ်နေပြီး အခုလို စိတ်ပေါ့လိုက်လို့ မဖြစ်ဘူးလို့ လင်းဖေးဟန် အကြိမ်ကြိမ် သတိပေးနေခဲ့သည်။

ဒီတစ်ခေါက်မှာ သူက ယဲ့ဖန်းကို အသာစီး ရနေခဲ့တဲ့အတွက် စိတ်ပေါ့လိုက်မိပြီး ဒီလို ဖြစ်ရတော့တာပဲ။

ဒါသင်ခန်းစာပဲ။ သင်ခန်းစာမှ ရင်ထဲကို အောင့်နေအောင် လုပ်ပေးသွားတဲ့ သင်ခန်းစာ။

ထိုအချိန်မှာ ကားရပ်သွားခဲ့ပြီး ဖန်းဟွာဧရိယာထဲကို ရောက်လာခဲ့ပြီ။

“ လာ နှင်းဆီနီကို သွားရှာကြမယ်”

လင်းဖေးဟန် အသက်ဝဝရှုပြီး ကားထဲကထွက်လိုက်သည်။

ခေါင်းဆောင်ငယ်က လင်းဖေးဟန် အနောက်ကနေ လိုက်လာရင်း မေးခွန်းထုတ်နေ ခဲ့သည်။

“ မစ္စတာလင်း နှင်းဆီနီကို တစ်ကယ် စည်းရုံးမလို့လား? ကျွန်တော့်ရင်ထဲ သံသယတွေ ရှိတယ်နော်။ ကျွန်တော်တို့ နှင်းဆီနီကို လုံးဝ စည်းရုံးလို့ရတော့မှာ မဟုတ်ဘူး!”

ပြောနေရင်း ခေါင်းဆောင်ငယ် အနည်းငယ် ရှုတ်ထွေးလာရသည်။

“အခု သူမနဲ့ ယဲ့ဖန်းနဲ့က နီးစပ်နေပြီဆိုတာ ပြနေတဲ့ အချက်တွေ အများကြီး ရှိနေပြီဟာကို”

လင်းဖေးဟန် ခပ်ဖျော့ဖျော့ပြုံးပြီး အော်ရ တော့သည်။

“မင်းမှန်းလို့ရနေမှတော့ ငါက မင်းရဲ့ဘော့စ် ဘယ်ဟုတ်တော့မလဲ? ဒါတွေကို စိတ်မပူနဲ့။ ဒါနဲ့ငါမင်းနဲ့ အားသောင်ကို ခိုင်းထားတဲ့ ကိစ္စကော ဘယ်လိုနေလဲ?”

ခေါင်းဆောင်ငယ် အမြန်ပြောလိုက်သည်။

“ စိတ်မပူပါနဲ့ မစ္စတာလင်း။ ကျွန်တော်နဲ့ အကိုကြီးအားသောင်နဲ့ နှင်းဆီနီရဲ့ လူဟောင်းတွေကို တစ်ယောက်ချင်းသွား တွေ့ပြီး မစ္စတာလင်းရဲ့ လိုအပ်ချက်တွေကို ပြောပြထားပြီးပါပြီ”

လင်းဖေးဟန် မျက်မှောင်ကြုတ်သွားသည်။ သူကြားချင်တာ ဒီစကားမဟုတ်ဘူး။

လင်းဖေးဟန် အေးစက်စွာ ပြောလိုက်သည်။

“ ငါသူတို့ရဲ့ စိတ်အနေအထားကို မေးနေတာကွ!”

ဒီခေါင်းဆောင်ငယ်ဆိုတဲ့ကောင် အရင်ဘဝက ဉာဏ်မပါခဲ့ဘူးလား? ဘာလို့အရမ်းကို နှေးကွေး နေရတာလဲ?

ခေါင်းဆောင်ငယ် ခပ်မြန်မြန်ဖြေလိုက်သည်။

“ မစ္စတာလင်း သုံးပုံနှစ်ပုံလောက်က ကျွန်တော်တို့နဲ့ အခြေခံအားဖြင့် သဘောတူ လိုက်ပါတယ်။ သူတို့တွေ ဘယ်ဘက်မှ မပါဖို့ ကတိပေးထားတယ်”

“ ဒါပေမဲ့ ကျန်တဲ့ သုံးပုံတစ်ပုံကတော့ အနည်းငယ် တွန့်ဆုတ်နေကြတယ်။ သူတို့က သဘောလဲ မတူခဲ့သလို မငြင်းလဲ မငြင်းဘူး။ သေချာ စဉ်းစားမယ်လို့ပဲ ဖြေခဲ့ကြတာ”

လင်းဖေးဟန် မျက်မှောင်ကြုတ်သွားပြီး

“ ဒီတော့ သုံးပုံတစ်ပုံက ယဲ့ဖန်းနဲ့ ပေါင်းလိုက်တယ်ပေါ့။ ကြည့်ရတာ ယဲ့ဖန်းမှာ တစ်ကယ်ကို စိတ်ထိန်းချုပ်နိုင်တဲ့ အရှိန်အဝါ ရှိတာပဲ”

“ စိတ်ထိန်းချုပ်နိုင်တဲ့ အရှိန်အဝါဆိုတာ ဘာကြီးလဲ?”

ခေါင်းဆောင်ငယ် အနည်းငယ် ရှုတ်ထွေးသွားတာမို့ ထူးဆန်းစွာ မေးလိုက်သည်။

“ မစ္စတာလင်း အဲ့လိုမဖြစ်နိုင်ပါဘူး။ သူတို့က တုံ့ဆိုင်းနေပြီး စဉ်းစားမယ်လို့ ပြောခဲ့ရုံတင်ပဲလေ”

လင်းဖေးဟန် ကူကယ်ရာမဲ့စွာ ခေါင်းရမ်းလိုက်သည်။

“ ငါမင်းကိုတစ်ခုပြောမယ်။ တုံ့ဆိုင်းနေပြီး စဉ်းစားမယ်လို့ပြောခဲ့တဲ့ အဲ့သုံးပုံတစ်ပုံက ယဲ့ဖန်းနဲ့ပူးပေါင်းမှာ မဟုတ်ဘူး”

“ ယဲ့ဖန်းနဲ့မပူးပေါင်းပါဘူးလို့ ကတိပေးခဲ့တဲ့ ကျန်တဲ့ သုံးပုံနှစ်ပုံထဲက တစ်ဝက်လောက်က ယဲ့ဖန်းနဲ့ပူးပေါင်းပြီးသားပဲ။ မင်းကို သဘောတူပြပြီး စိတ်ငြိမ်အောင် အရူးဆေး ကျွေးလိုက်တာပဲ”

“ အဲ့ထဲက ကျန်တဲ့တစ်ဝက်ကတော့ တစ်ကယ်ကို ဘယ်ဘက်မှ မပါဖို့ ဆုံးဖြတ်လိမ့်မယ်။ ငါတို့နဲ့ယဲ့ဖန်းနဲ့ တိုက်တာကို ထိုင်စောင့်နေပြီး အကျိုးအမြတ်သိမ်းဖို့ အသင့်နေနေရအောင်လို့လေ”

ခေါင်းဆောင်ငယ် အနည်းငယ် ရှုတ်ထွေးလာရပြီး ကူကယ်ရာမဲ့စွာ ခေါင်းရမ်းလိုက်သည်။

“ မစ္စတာလင်း မဖြစ်နိုင်ဘူးနော်။ သူတို့ ကျွန်တော့်ကို လိမ်စရာ အကြောင်းမရှိဘူး”

လင်းဖေးဟန် ခေါင်းဆောင်ငယ်ကို စိုက်ကြည့်ပြီး မတတ်နိုင်စွာ ခေါင်းရမ်းလိုက်သည်။

“ မင်းငါ့ကို မယုံဘူးလား? ရက်အနည်းငယ် စောင့်လိုက်။ မင်းကိုယ်တိုင် ရလဒ်ကိုတွေ့ရလိမ့်မယ်”

ခေါင်းဆောင်ငယ် အလျင်စလို ပြောလိုက်သည်။

“ ယုံတာပေါ့။ ဘယ်လိုလုပ် မစ္စတာလင်းကို မယုံရမှာလဲ? မစ္စတာလင်းက ဗေဒင်ဟောတဲ့ သူလိုပဲ။ အကြိမ်တိုင်း ဘယ်လိုတောင် မှန်အောင် တွက်ချက်နိုင်ရတာလဲ?”

ထို့နောက်မှာ လင်းဖေးဟန်ရဲ့ ပြန်ပြောစကားကိုပင် မစောင့်တော့ဘဲ ခေါင်းဆောင်ငယ်က ဘားတစ်ခုကို လက်ညိုး ထိုးပြလာသည်။

“ မစ္စတာလင်း ကျွန်တော်တို့ရောက်ပြီ။ ဒီဘားကို နှင်းဆီနီ ယုံကြည်ရတဲ့ လက်အောက်ခံ တစ်ယောက်က ဖွင့်ထားတာ”

လင်းဖေးဟန် အေးစက်စွာ ပြောလိုက်သည်။

“ မင်းဘာလို့ နှင်းဆီနီကို မဆက်သွယ်ထား တာလဲ?”

“မစ္စတာလင်း မသိလို့ပါ။ ကျွန်တော် နှင်းဆီနီကို လုံးဝဆက်သွယ်လို့ မရခဲ့ဘူး။ ကျွန်တော့်ဖုန်းတွေကို သူမ လုံးဝမကိုင်ဘူး။ ဒါကြောင့် ကျွန်တော်တို့ ဒီကိုလာ..လာရုံပဲ တတ်နိုင်တော့လို့ပါ”

ခေါင်းဆောင်ငယ် အနည်းငယ် ရှက်ရွံ့စွာ ပြောလိုက်သည်။

နှင်းဆီနီကို သိမ်းသွင်းလို့ မရတော့ဘူးလို့ ခေါင်းဆောင်ငယ် ပြောနေခဲ့တာကို မအံ့သြ တော့ပါဘူး။ နှင်းဆီနီက ဖုန်းပါ မကိုင်တော့ပုံထောက်ရင် ယဲ့ဖန်း လက်အောက်ကို ဝင်ဖို့ တစ်ကယ် ဆုံးဖြတ်ထားတဲ့ ပုံပဲ။ မဟုတ်ရင် နှင်းဆီနီရဲ့ ပုံစံက အခုလိုမှ မဟုတ်တာပဲ။

လင်းဖေးဟန် ခေါင်းညိတ်ပြလိုက်ပြီး ဘာမှ မပြောတော့ဘဲ ဘားထဲကိုသာ ဝင်သွားလိုက်သည်။

ဒီဘားက ငြိမ့်ငြိမ့်လေးနဲ့ တိတ်ဆိတ်တဲ့ ဘားတစ်ခုပဲ။ အဆိုတော်တစ်ချို့ပဲ ခပ်အေးအေး သီချင်းတစ်ချို့ကို ဆိုနေကြသည်။ အထူးအသက်ဝင် မနေသလို တိုင်လုံးတွေမှာ ကနေကြတဲ့ ခပ်ဟော့ဟော့ မိန်းကလေးများလဲ မရှိဘူး။

ဒီကိုလာပြီး သောက်ကြတဲ့ သူအများစုက သိမ်မွေ့ပြီးအထက်တန်းကျတဲ့ တိတ်ဆိတ်မှုကို ကြိုက်တဲ့သူဋ္ဌေးတွေပဲ။

ဘားအများစုရဲ့ ဆူညံနေတဲ့ တီးလုံးတွေကြားမှာ များစွာတဲ့ မိန်းမ ယောက်ျားတွေရဲ့ ပေါက်ကွဲထွက်နေတဲ့ ဟော်မုန်း အငွေ့အသက်တွေ ဒီနေရာမှာ မရှိဘူး။ ထိုအချိန်မှာ စားပွဲထိုးမလေး အနားကို ရောက်လာခဲ့ပြီး လင်းဖေးဟန်နဲ့ ခေါင်းဆောင်ငယ်ကို ခါးညွတ်နှုတ်ဆက် လိုက်သည်။

“ ကြိုဆိုပါတယ်။ ဧည့်သည်တို့ ဘာသောက် ချင်ပါသလဲ?”

လင်းဖေးဟန် ပေါ့ပေါ့ပါးပါးပဲ ပြောလိုက်သည်။

“ ဘီယာနှစ်ပုလင်းချပေး။ ဒါနဲ့ မင်းရဲ့ဘော့စ်ကိုပါ ခေါ်လိုက်ပါ”

“ ဟမ်?”

စားပွဲထိုးမလေး ကြောင်သွားပြီး အံ့သြစွာ မေးလာခဲ့သည်။

“ ဆောရီးပါ။ ဘော့စ်က လူတွေကို အလွယ်တကူ မတွေ့ဘူး။ ဧည့်သည်က ဘော့စ်နဲ့ချိန်းထားတာများလား? ဒါမှမဟုတ် ဘော့စ်ရဲ့မိတ်ဆွေများလား? ဘော့စ်ကို ဘာလို့ တွေ့ချင်တာလဲ?”

နောက်လိုက်အနေနဲ့ ခေါင်းဆောင်ငယ်က ဒီနေရာမှာတော့ တော်တော်​လေး အသုံးကျသည်။ ခေါင်းဆောင်ငယ်က စားပွဲကို ရိုက်ချလိုက်ပြီး စားပွဲထိုးလေးကို အော်လိုက်သည်။

“ ခိုင်းသလိုလုပ်လိုက်ပေါ့။ မင်းက အိမ်ထောင်စုဇယား လာစစ်နေတာလား? အဓိပ္ပါယ်မရှိတဲ့ မေးခွန်းတွေ သိပ်ပေါနေပါ့လား? ငါတို့ရဲ့အချိန်ကို ဖြုန်းနေတာ ရပ်ပြီး မြန်မြန်သွားခေါ်လိုက်”

ခေါင်းဆောင်ငယ်ရဲ့ ရုပ်က ကြောက်စရာကြီး ဖြစ်နေတဲ့အပြင် ထိုအချိန်မှာ သူက စားပွဲထိုးလေးကို ကြောက်ဖို့ကောင်းအောင်ပင် စိုက်ကြည့်နေသေးသည်။

လင်းဖေးဟန် ခပ်ဖျော့ဖျော့ ပြုံးကာ ခေါင်းဆောင်ငယ်ရဲ့ ပုခုံးကို အသာပုတ်လိုက်သည်။

“ အရမ်းစိတ်လိုက်မာန်ပါ မလုပ်နဲ့။ ဒါက သူများရဲ့ ပိုင်နက်ထဲမှာပဲလေ။ ဒီကောင်မလေးကို အရမ်းမခြောက်ပါနဲ့”

လင်းဖေးဟန်ရဲ့ စကားကို ကြားတော့ ခေါင်းဆောင်ငယ် ဖြည်းဖြည်းချင်း စိတ်လျော့လိုက်သည်။

All Chapters