အခန်း (၁၃၆)
Vol. 10 Ch. 136
လင်းဖေးဟန်ဒီကို ရောက်လာတာက ညှိနှိုင်းဖို့ဖြစ်သည်။ ရန်ဖြစ်ဖို့မဟုတ်ဘူး။ နှစ်ဖက်လုံး အချင်းချင်း မျက်နှာထောက်ရ အုံးမည်လေ။
တုန်ယင်နေတဲ့ စားပွဲထိုးမလေးကို လင်းဖေးဟန် ပြောလိုက်သည်။
“ မင်း မေးခွန်းတွေ အများကြီးမေးဖို့ မလိုပါဘူး။ မင်းတို့ရဲ့ဘော့စ်ကိုသာ သွားပြောလိုက်ပါ။ ငါ့ကိုမြင်တည်းက ငါဘယ်သူမှန်း မင်းသိတယ်မလား?”
“ဧည့်သည်…”
စားပွဲထိုးမလေးက တစ်ခုခုပြောမလို့ပေမဲ့ ခေါင်းဆောင်ငယ်ရဲ့ ကြောက်မက်ဖွယ် မျက်နှာကို မြင်တဲ့အခါမှာ စကားချက်ချင်း ပြောင်းလိုက်တော့သည်။
“ ဟုတ်ကဲ့ ခဏစောင့်ပါရှင့်”
“ငါ့ကို ရှာနေတယ်ဆို?”
ဆံပင်ကို ခပ်မြှောက်မြှောက်စီးထားပြီး အဖြူရောင် အားကစားဘောင်းဘီ ဝတ်ထားတဲ့ ပိန်ပါးပါး ခန္ဓာကိုယ်တစ်ခုက ဆိုဖာမှာ ခြေချိတ်ဝင်ထိုင်လိုက်သည်။ လင်းဖေးဟန်နဲ့ ခေါင်းဆောင်ငယ်ရဲ့ မျက်နှာချင်းဆိုင်မှာထိုင်ရင်း သံသယမျက်လုံးများနဲ့ ကြည့်လာခဲ့သည်။
လင်းဖေးဟန် ခပ်ဖျော့ဖျော့ ပြုံးပြလိုက်သည်။
ဒီကောင်မလေးက ဘားပိုင်ရှင် ဖြစ်ရမည်။
မူရင်း ဇာတ်ကြောင်းအရဆို ဒီကောင်မလေးက နှင်းဆီနီရဲ့ အစေခံသဘောမျိုးပဲ။ ဒီကမ္ဘာကြီးက ဘာဖြစ်နေတာလဲ? ယဲ့ဖန်းက ဘာကိစ္စ အကောင်းဆုံးတွေကိုကြည့် ပိုင်ဆိုင် နေရတာလဲ?
လင်းဖေးဟန် ခပ်ဖြည်းဖြည်းပဲ ဘီယာတစ်ငုံ သောက်လိုက်ပြီး ဘာမှ မပြောသေးပေ။
ဆွေးနွေးဖို့အတွက် လိုအပ်တဲ့ ပြုမူပုံတစ်ချို့က မဖြစ်မနေ ရှိသင့်သည်လေ။
ခေါင်းဆောင်ငယ်က ဘာမှမပြောတဲ့ လင်းဖေးဟန်ကို တစ်ချက်ကြည့်ပြီး ခပ်မြန်မြန် ဝင်ပြောလိုက်သည်။
“ မင်းငါတို့ကို မသိဘူးလား?”
ခေါင်းဆောင်ငယ် စတင်မိတ်ဆက်လိုက်သည်။
“ ဒါက ကျင်းပိုင်မြို့ရဲ့အဓိက မိသားစုကြီး လေးခုရဲ့ လင်းမိသားစုက လင်းဖေးဟန်ပဲ။ ကျင်းပိုင်မြို့ရဲ့ အသက်အငယ်ဆုံး စီးပွားရေးသမားဆိုလဲ ဟုတ်တယ်”
ထိုစကားကိုကြားတော့ ကောင်မလေးက အနည်းငယ်ပြုံးလိုက်သည်။ နှိမ့်လဲ မနှိမ့်ချသလို မောက်မာသံလဲ မပါဘဲ သူမ ပြောလိုက်သည်။
“ မစ္စတာလင်း ဖြစ်နေတာကိုး။ ကျွန်မ တစ်ကယ်ကို မသိခဲ့ဘူး”
“ မစ္စတာလင်း ကျွန်မက ဒီဘားရဲ့ပိုင်ရှင်ပါ။ လင်ရှောင်းရှောင်းလို့ ခေါ်ပါတယ်”
လင်းဖေးဟန် ခေါင်းညိတ်လိုက်သည်။
“ တွေ့ရတာ ဝမ်းသာပါတယ်”
လင်ရှောင်းရှောင်း လင်းဖေးဟန်ကို သံသယ တစ်ချို့နဲ့ ကြည့်လိုက်သည်။ လင်းဖေးဟန် သူမရဲ့ ဘားငယ်လေးကို ဘာအကြောင်းကြောင့် ရောက်လာခဲ့တယ် သူမ မသိဘူး။ ဒါကြောင့် မေးလိုက်လေသည်။
“ မစ္စတာလင်း ကျွန်မရဲ့ သေးငယ်တဲ့ နေရာကို ဘာကြောင့် ရောက်လာတာများလဲ? ကျွန်မတို့ရဲ့ သေးငယ်တဲ့ ဘုရားကျောင်းလေးက မစ္စတာလင်းလို လေးစားခံရတဲ့ နတ်ဘုရားအတွက် မလိုက်ဖက်ပါဘူး”
“ငါဒီကို နှင်းဆီနီကို လာရှာတာ”
လင်းဖေးဟန် လိုရင်းပဲ ပြောလိုက်သည်။
“ ကျေးဇူးပြုပြီးမင်းရဲ့ အမကြီး ဟုန်မိန်ကွေ့ကို ငါဒီမှာရောက်နေကြောင်း ပြောပေးပါအုံး”
လင်ရှောင်းရှောင်း အသာပြုံးလိုက်ပြီး မေးလိုက်သည်။
“ မစ္စတာလင်းက တစ်ကယ် နောက်တတ်တာပဲ။ အမကြီးဟုန်ကို ရှာချင်ရင် သူ့နေရာကို တိုက်ရိုက်မသွားဘဲ ဘာလို့ ကျွန်မဆီကို လာခဲ့တာလဲ? ဒါ့အပြင် အမကြီးဟုန်ကို ကျွန်မဆက်သွယ်လို့ မရဘူး”
ခေါင်းဆောင်ငယ် မတတ်နိုင်စွာ မျက်မှောင်ကြုတ်သွားပြီး မကျေမနပ် ပြောလိုက်သည်။
“ ငါတို့ ဟုန်မိန်ကွေ့ကို တွေ့နိုင်နေမှတော့ မင်းဆီကို ဘာကိစ္စလာနေအုံးမှာလဲ?”
လင်ရှောင်းရှောင်းမှာ ခန္ဓာကိုယ်ကောင်းကောင်းကော၊ ရုပ်လှလှလေးကော ပိုင်ဆိုင်ထားပေမဲ့ ဒီလို သန့်စင်တဲ့မိန်းကလေးကို ခေါင်းဆောင်ငယ် ခံစားချက်မလာဘူး။ သူက ရင့်ကျက်တဲ့ မိန်းမတွေကိုပဲ ကြိုက်တာ။ ဒါ့အပြင် သူ့အနေနဲ့ မိန်းမတွေကိုလဲ နူးနူးညံ့ညံ့ မဆက်ဆံတတ်ဘူး။
“ ပြန်ထိုင်နေ! ညီမလေးလင်ကို မင်းဘယ်လို ပြောလိုက်တာလဲ?”
လင်းဖေးဟန် အော်လိုက်သည်။
ခေါင်းဆောင်ငယ် အနည်းငယ် မကျေမနပ် ဖြစ်လာသည်။ လင်ရှောင်းရှောင်းကို စိုက်ကြည့်လိုက်ပြီး ပြန်ထိုင်လိုက်သည်။
ဟုန်မိန်ကွေ့ရဲ့ လူယုံအနေနဲ့ သူမ ဘယ်မှာမှန်း မသိဘူးဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ? ဒီလင်ရှောင်းရှောင်းက သေချာပေါက် ဟန်ဆောင်နေတာပဲ။
လင်းဖေးဟန် လင်ရှောင်းရှောင်းကို တည်ငြိမ်စွာ ပြောလိုက်သည်။
“ ငါ့ရဲ့ညီလေးက ဒေါသကြီးပေမဲ့ သူပြောတာ အမှန်ပဲ။ နှင်းဆီနီက ဘယ်မှာဆိုတာ မင်း သိသလို ဆက်သွယ်နိုင်တာကို ငါိသိတယ်”
“ မင်း အပြင်ထွက်ပြီး သူမကို ဆက်သွယ်ပြီးတော့ ယဲ့ဖန်းသူမကို ဘာပြောခဲ့လဲဆိုတာရယ်၊ သူမဘာကြောင့် တုံ့ဆိုင်းနေလဲဆိုတာ ငါသိတယ်မှန်း သွားပြောပြလိုက်ပါ”
“ ပြောလိုက်ပါ။ ငါဒီကိုကူညီဖို့ ရောက်လာဖြစ်ပြီးငါ့မှာ နည်းလမ်းရှိတယ်လို့။ ဒီကိစ္စကို ကောင်းကောင်းဖြေရှင်းချင်ပြီး သူမရဲ့ ကိုယ်ပိုင်ပြဿနာဖြစ်တဲ့ အတွင်းအာဏာ ပြဿနာကို ရှင်းချင်ရင် ငါသူမကို လုပ်နိုင်အောင်လုပ်ပေးမယ်။ ငါ့ကို လာတွေ့ခိုင်းလိုက်”
“ ကျေနပ်စေရမဲ့ အဖြေတစ်ခုငါပေးမယ်”
လင်းဖေးဟန် နာရီကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်။
“ အခုက ကိုးခွဲပဲ။ ငါဆယ်ခွဲအထိ ဒီမှာနေမယ်။ မင်းကိုငါတစ်နာရီ အချိန်ပေးမယ်”
“ဒါက..”
လင်ရှောင်းရှောင်း လင်းဖေးဟန်ကို စိုက်ကြည့်ပြီး ချက်ချင်းပြောလိုက်သည်။
“ မစ္စတာလင်းရဲ့ မေးခွန်းကို ကျွန်မ အတိအကျဖြေပေးလို့ မရပါဘူး။ အကယ်လို့ အမကြီးဟုန်ကို မတွေ့ချင်နေဘူးဆို ကျွန်မလဲ ဘာမှမတတ်နိုင်ပါဘူး”
အကယ်လို့ ကိစ္စတွေ အဆင်မပြေခဲ့ရင် ဒေါသတွေ သူမအပေါ်ရောက်လာပြီး ဒုက္ခရောက်မှာစိုးတာမို့ ကြိုတင် အသိပေး ထားလိုက်သည်။
လင်းဖေးဟန် ခေါင်းညိတ်လိုက်သည်။
“ စိတ်မပူပါနဲ့။ မင်းရဲ့အမကြီးကိုသာ ငါပြောတဲ့အတိုင်း အတိအကျပြောလိုက်သရွေ့ နောက်ဆက်တွဲကိစ္စကို ငါ့ဘာငါ ဖြေရှင်းမယ်”
လင်ရှောင်းရှောင်း အရင်ထရပ်လိုက်သည်။
“ ဒါဆို ကျွန်မ အရင်သွားနှင့်ပါမယ်”
လင်းဖေးဟန် လက်ဟန်နဲ့ အချက်ပြလိုက်ပြီး လင်ရှောင်းရှောင်းလဲ ခေါင်းညိတ်ကာ တန်းထွက်သွားတော့သည်။
တံခါးနားကို ရောက်တဲ့အခါမှာ စားပွဲထိုးမလေးကို ဧည့်သည်နှစ်ယောက်အား ကောင်းကောင်းဂရုစိုက်ထားဖို့ သူမ မှာခဲ့လိုက်သည်။ ထို့နောက်မှာ တတိယထပ်ကို တက်သွားလိုက်သည်။
စားပွဲထိုးမလေးက လင်းဖေးဟန်ကို အသီးအနှံနဲ့ အစာပြေမုန့်များ ချပေးလိုက်သည်။ ထို့နောက်မှာ ဒေါ်လာသောင်းချီတန်တဲ့ အီတလီခေါက်ဆွဲ ဟင်းလျာကိုလဲ ချပေးခဲ့သည်။
ခေါင်းဆောင်ငယ်က မုန့်ယူစားလိုက်ရင်း ပြောလာသည်။
“ မစ္စတာလင်း ဒီမိန်းကလေးက တော်တော်လေး လုပ်ရည်ကိုင်ရည်တော့ ရှိသားနော်”
လင်းဖေးဟန် ရယ်လိုက်သည်။
“ ငါတို့ကို အေးဆေး စောင့်လို့ရအောင်လို့လေ။ မုန့်နဲ့သောက်စရာ မချပေးဘဲ ဒီမှာ အလကား ထိုင်ခိုင်းမယ်လို့ မင်းထင်နေလား?”
ခေါင်းဆောင်ငယ် ရယ်လိုက်ကာ
“ ဒါနဲ့လေ မစ္စတာလင်း နှင်းဆီနီက ကျွန်တော်တို့အတွက် အရမ်း အရေးကြီးတယ် ဆိုမှတော့ ဘာလို့သူ့ကို အချိန်တစ်နာရီပဲ ပေးခဲ့တာလဲ?”
“ ဒီမှာ ရောက်နေမှတော့ အချိန်နည်းနည်း ထပ်ပေးလို့ရတာပဲ”
လင်းဖေးဟန် ခေါင်းရမ်းလိုက်သည်။
“ မင်း မိန်းမတစ်ယောက်ကို ကြိုက်လို့ သူမနဲ့ ဝီချက်ကနေ စကားပြောဖို့လုပ်တယ်ပဲထား။ မင်းကစာပို့ထားတာကို သူမက စာပြန်မပို့ရင် မင်း စာထပ်ပို့အုံးမှာလားပြော?”
ခေါင်းဆောင်ငယ်က ခေါင်းညိတ်လိုက်သည်။
“ ပို့မှာပေါ့”
လင်းဖေးဟန် ထပ်မေးလိုက်သည်။
“ သုံးခုလေးခုထိ သူမက စာပြန်မလာဘူး ဆိုရင်ကော? မင်းသူမနဲ့ စကားဆက်ပြော အုံးမှာလား?”
ခေါင်းဆောင်ငယ်က ခေါင်းရမ်းလိုက်ရင်း
“ ဘယ်ပို့တော့မလဲ?”
လင်းဖေးဟန် ခပ်ဖွဖွ ပြုံးလိုက်သည်။
“ ဘာလို့လဲ?”
“ အခုခေတ်မှာ ဖုန်းမသုံးတဲ့သူ ဘယ်သူရှိလို့လဲ? သူမက မက်ဆေ့ တစ်ခု နှစ်ခုကို စာမပြန်ဘူးဆိုရင် အလုပ်မအားလို့ ဝင်လာတဲ့ မက်ဆေ့အများကြီးကို မစစ်နိုင်တာလို့ ကျွန်တော်တို့ ပြောလို့ရတယ်။ ဒါပေမဲ့ မက်ဆေ့တွေ အများကြီးကို စာမပြန်တာ ဆိုရင်တော့ ကျွန်တော့်ကို ဂရုမစိုက်ဘူးလို့ ဆိုလိုတာပဲ”
လင်းဖေးဟန် ခေါင်းညိတ်လိုက်ကာ
“ အမှန်ပဲ။ ဒါကြောင့်အခုလဲ အချိန်အများကြီး မလိုအပ်ဘူး။ တစ်နာရီဆိုရင် လုံလောက်တယ်”
တစ်ကယ်တော့ ကျိုးကြောင်းဆီလျော်မှု အရ ကြည့်ရင် လင်းဖေးဟန် နှင်းဆီနီဆီကို လာမရှာ သင့်ဘူး။ သူမကသာ လင်းဖေးဟန်ဆီကို လာသင့်တဲ့သူပဲ။ ဒါပေမဲ့လဲ အခုလိုကိစ္စတွေမှာ ဘယ်သူကပဲ လာရှာရှာ အတူတူပါပဲ။
အစကတော့ နှင်းဆီနီကပဲ သူ့ကိုလာရှာသင့်သည်လို့ လင်းဖေးဟန် တွေးခဲ့သည်။
ဒါပေမဲ့ ကောင်းလွန်းတဲ့ ယဲ့ဖန်းရဲ့ ကံတရားကြောင့် လင်းဖေးဟန် ရွေးစရာ မရှိတော့ဘဲ နှင်းဆီနီကို အရင်လာရှာရတော့သည်။
ဒါပေမဲ့ လင်းဖေးဟန် အရင်လာရှာရတောင် သူ့အနေနဲ့ ဒူးထောက်ခယပြီး နှင်းဆီနီရဲ့ ခြေထောက်ကို လျပ်ဖို့ အစီအစဥ်မရှိဘူး။
ဗီလိန် တစ်ယောက်အနေနဲ့ အကျပ်ကိုင်တာ၊ လာဘ်ထိုးတာ၊ မသမာတဲ့နည်းလမ်းသုံးတာ စတာတွေကို သူအကုန် လုပ်လို့ရသည်။ ဒါပေမဲ့ ရိုကျိုးခယခြင်းတော့ မပါဘူး။ ဒီထိ လာရှာပေးတာကိုက လင်းဖေးဟန်အတွက် ကန့်သတ်ချက်ကို ရောက်နေခဲ့ပြီ။