← Chapters

အခန်း (၁၃၇)

Vol. 10 Ch. 137

အခန်း (၁၃၇)

Vol. 10 Ch. 137

ယဲ့ဖန်း အခုလို ကိစ္စတစ်ခုကို အမြန်လှုပ်ရှား လာပြီး အခြေအနေတွေကို ပြောင်းပြန်လှန်ခါနီး ဖြစ်အောင်လုပ်သွားမယ်လို့ လင်းဖေးဟန် မမှန်းထားမိဘူး။

လင်းဖေးဟန်ရဲ့ ရှင်းပြချက်အပြီးမှာ ခေါင်းဆောင်ငယ်က ခေါင်းညိတ်ကာ ပြောလာသည်။

“ ဟုတ်ကဲ့ ကျွန်တော်နားလည်ပါပြီ”

ဆယ်နာရီဝန်းကျင်တွင် ဖြစ်သည်။

လင်ရှောင်းရှောင်းနဲ့အတူ အားကစားဝတ်စုံ အနက်ရောင်ကို ဝတ်ဆင်ထားပြီး စစ်ဖိနပ်အမဲကို စီးထားတဲ့ နှင်းဆီနီက ဘားထဲကို ဝင်လာခဲ့သည်။ သူမက လင်းဖေးဟန်ကို ကြည့်လိုက်ပြီး

“ မင်းက လင်းဖေးဟန်လား?”

နှင်းဆီနီရဲ့ပုံစံက မထင်ထားစွာဘဲ သဘောထားကြီးမည့်ပုံ ပေါက်သည်။ သူမက ဆိုဖာမှာ ခြေချိတ်ဝင်ထိုင်လိုက်ရင်း လင်းဖေးဟန်ကို အကဲခတ်လိုက်သည်။

လင်ရှောင်းရှောင်းက သူမအနောက်တွင် ဘော်ဒီဂတ်တစ်ယောက်လို မတ်တပ်ရပ်နေသည်။

လင်းဖေးဟန် သေဘာတူစွာ နှင်းဆီနီကို ပြန်ကြည့်ရင်း ခေါင်းညိတ်ပြလိုက်သည်။

“ ဟုတ်ပါတယ်”

မျှော်လင့်ထားတဲ့အတိုင်းပဲ သူမက နှင်းဆီနီဆိုတဲ့ နာမည်အတိုင်း ဆူးအပြည့် ဝန်းရံထားတဲ့ ခပ်လန်းလန်း ပန်းတစ်ပွင့်ပဲ။ ရင်ဘတ်ပေါ်က လပြည့်ဝန်းနှစ်ခုက အပြင်ကိုပင် လျှံထွက်တော့မည်။ သူမရဲ့ ရုပ်ရည်ကလဲ လုံးဝ ထိပ်တန်းပဲ!

နှင်းဆီနီက လင်းဖေးဟန်ကို အနည်းငယ် မဖော်ရွေတဲ့ မျက်နှာနဲ့ကြည့်ကာ မေးလိုက်သည်။

“ မင်းငါ့ရဲ့ပြဿနာကို ဖြေရှင်းနိုင်တယ်လို့ ကြားတယ်။ ငါအချိန်တစ်မိနစ် ပေးမယ်။ မင်းငါ့ကို စည်းရုံးနိုင်ဖို့ မျှော်လင့်ပါတယ်။ မဟုတ်လို့ကတော့ အခုငါမင်းကို မရိုက်နိုင်ရင်တောင် အနာဂတ်မှာ မထိနိုင်ဘူးလို့ မဆိုလိုဘူး”

လင်းဖေဟန် ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။ နှင်းဆီနီက သေချာသလောက်ကို ယဲ့ဖန်းဆီမှာ အညံ့ခံဖို့ တွေးထားပုံပဲ။ ဒီလိုမှမဟုတ်ရင် ဖန်းဟွာဧရိယာရဲ့ ဘော့စ်တစ်ယောက်လောက် အဆင့်နဲ့ သူ့ကိုအခုလို မာမာထန်ထန် ပြောရဲမည်လား?

တစ်ကယ်ကို ‘ အနီနဲ့နီးရင် အနီဖြစ်တယ်၊ အနက်နဲ့နီးရင် အနက်ဖြစ်တယ်’ ဆိုတဲ့ စကားအတိုင်းပဲ ယဲ့ဖန်းနဲ့ ဘယ်လောက်ကြာအောင် စကားများ ပြောထားလို့ ယဲ့ဖန်းလို ဦးနှောက်မရှိ ဖြစ်လာတာလဲ?

လင်းဖေးဟန် ခပ်ဖွဖွပြုံးရင်း ပြောလိုက်သည်။

“ အဲ့လောက် အလုပ်မရှုတ်ပါဘူး။ မင်း ငါ့မိန်းမ ဖြစ်လာသရွေ့ မင်းရဲ့ပြဿနာအားလုံးကို ဖြေရှင်းဖို့ ငါကူညီပေးနိုင်တယ်”

လင်းဖေးဟန်ရဲ့ စကားတွေက ထိတ်လန့်ဖွယ် ကောင်းလှသည်။ သူ့အသံ ဆုံးတာနဲ့ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားတော့သည်။

ဘေးမှာ ရိုးရိုးသားသားလေး ထိုင်နေတဲ့ ခေါင်းဆောင်ငယ်တစ်ယောက် မြေကြီးပေါ်တောင် ချော်လဲတော့မည်။

လင်းဖေးဟန်ရဲ့ စကားတွေက တစ်ကယ်ကို ထိတ်လန့်စရာပဲ။ ဒီစကားလုံးတွေက ဒေါသတွေကို နှိုးဆွနိုင်စွမ်းရှိသည်။ နှင်းဆီနီက အိမ်ဖော်ဟောင်းလို့ နာမည်ကြီးတာ လင်းဖေးဟန် မသိဘူးလား? အဲ့လိုသာ သွားပြောလိုက်လို့ကတော့ သေချာပေါက် ဒီဘားက ပြန်ထွက်လို့ ရတော့မှာ မဟုတ်ဘူး။

တော်သေးတယ်။ ငါ သေနတ်ယူလာမိလို့။

ခေါင်းဆောင်ငယ် တိတ်တဆိတ် သူ့ရဲ့ခါးကို လှမ်းကိုင်ထားလိုက်သည်။

လင်းဖေးဟန်ကိုပါ လက်လျော့ပစ်လိုက်သင့် ပြီလားလို့ ခေါင်းဆောင်ငယ် တွေးတော နေခဲ့သည်။ သူ့ရဲ့သေနတ်က ရိုင်ဖယ် 54 ရဲ့ မူရင်းကိုပုံစံတူထုတ်ထားတဲ့ သေနတ်ဖြစ်ပြီး အမှောင်ဈေးကွက်ကနေ ဝယ်ထားခဲ့တာပင်။

လက်ကိုင်က ပျက်နေပြီမို့ ကျည်သစ် ထပ်ထည့်လို့ မရတော့ဘူး။ ဆိုလိုတာက ငါ ကျည်တစ်တောင့်မှ မဖြုန်းရင်တောင် လူ ဆယ့်နှစ်ယောက်ကိုပဲ သတ်နိုင်မှာ။ ငါတောင် ပြေးလို့လွတ်ပါ့မလား မသေချာဘူး။ လင်းဖေးဟန်ကိုပါ အတူခေါ်သွားရင် အခွင့်အရေးက တစ်ဝက်ထပ်လျော့ သွားလိမ့်မယ်။

လင်ရှောင်းရှောင်း ထိုစကားကိုကြားတော့ မတည်ငြိမ်နိုင်တော့ဘူး။ ဒါပေမဲ့ နှင်းဆီနီ ဘာမှမပြောလာတာကို တွေ့တော့ သူမလဲ ဘာမှမပြောလာပေ။ လင်ရှောင်းရှောင်းရဲ့ မျက်လုံးတွေက အေးစက်တဲ့ ရောင်ခြည်တွေ ပစ်လွှတ်နေသည်။ ဒီလင်းဖေးဟန်က နှင်းဆီနီကို အထင်သေးနေတာ သိသာသည်။

လင်းဖေးဟန်ရဲ့ အသံက မကျယ်ပေမဲ့ ဘားက ဧည့်သည် တော်တော်များများ ကြားလိုက်ကြပြီး လှည့်ကြည့်လာသည်။

ဒီလူငယ်က တစ််ကယ်ကို ရဲတင်းပြီး ဂရုမစိုက်တတ်တာပဲ။ နှင်းဆီနီကို ရန်စရဲတယ်။ နှင်းဆီနီဆိုတာ ဘယ်လိုလူ မလို့လဲ? အကြင်အနာမရှိ ရက်စက်တဲ့ ဒီမိန်းမက ခြေတစ်လှမ်းမှားတာနဲ့ မင်းကို သတ်ပစ်လိမ့်မယ်။

ဒီနှစ်တွေထဲမှာ နှင်းဆီနီရဲ့ ယောက်ျား ဖြစ်လာချင်တဲ့ ယောက်ျားတွေ အများကြီး ရှိခဲ့သည်။ ဒါပေမဲ့ လွဲစရာအကြောင်း မရှိဘူး။ သူတို့အကုန်လုံး ငရဲမင်းကို သွားနှုတ်ဆက် ခဲ့ရပြီ။

ထိုစကားကိုကြားတော့ နှင်းဆီနီ အထင်သေးစွာ ပြုံးလိုက်သည်။

“ မင်းအခုထိ အိပ်မက်က မနိုးသေးဘူးပဲ။ ငါမင်း မိန်းမဖြစ်လာရင် ငါ့ ပြဿနာ အားလုံးကို ရှင်းနိုင်တယ်ပေါ့? ဖြစ်နိုင်မယ်လို့ ထင်နေလား?

လင်းဖေးဟန် ရယ်လိုက်သည်။

“ ဒါပေါ့ မင်းသာငါ့မိန်းမဖြစ်လာရင် ယဲ့ဖန်းရဲ့ နေရာက မင်းအပိုင်ဖြစ်လာမှာပဲ။ တစ်ချိန်ထဲမှာ မင်းရဲ့ လူမသိတဲ့ ပြဿနာတွေကိုလဲ ငါကူရှင်းပေးလို့ ရသလို မင်းရဲ့ ရောဂါကိုလဲ ငါ ကုပေးနိုင်တယ်။ အဆင်ပြေလား?”

“ မင်းသေချာ တွေးလို့ရပါတယ်။ ယဲ့ဖန်းက မင်းကိုငါ့လိုအခြေအနေတွေ ပေးမှာ မဟုတ်ဘူး။ မင်း ပင်ပင်ပန်းပန်း ကြိုးစား တည်ဆောက်ထားတဲ့ ဒီအခြေအမြစ်ကို တစ်ခြားသူလက်ထဲ ပေးဖို့ လုပ်ခဲ့တာလား? သူများတွေအတွက် အလုပ်တွေ ကြိုးစား လုပ်ပေးရမဲ့ မိန်းမငယ်လေးပဲ ဖြစ်ချင် တာလား?”

ဒီအချိန်မှာ လင်းဖေးဟန်ရဲ့ ပုံစံက အရမ်းကို ယုံကြည်ချက်ရှိနေပုံ ပေါ်ပေမဲ့ တစ်ကယ်တော့ ရင်ထဲမှာ ဗလာကျင်းနေရသည်။

နှင်းဆီနီ သူ့ကို သဘောတူမလား မတူဘူးလား သူ မသိဘူး။ ပြောရရင် ဒါတွေက မှန်းဆမရတဲ့ အခြေအနေတွေပဲ။

ဒါပေမဲ့ သူ့စိတ်ထဲမှာ စိတ်လှုပ်ရှားနေရင်တောင် အပြင်ဘက်မှာ ထုတ်ပြလိုက်လို့ မဖြစ်ဘူး။

လင်းဖေးဟန် နှင်းဆီနီရဲ့ မျက်လုံးတည့်တည့်ကို စိုက်ကြည့်လိုက်ကာ

“ ပြောရရင် ယဲ့ဖန်း မင်းကိုပေးနိုင်တာကို ငါလဲ ပေးနိုင်တယ်။ ယဲ့ဖန်း မင်းကို မပေးနိုင်တာ ကိုလဲ ငါ ပေးနိုင်တယ်။ မင်းရဲ့ နာမည်ကို ရှင်းဖို့ မင်းအမြဲတမ်း စီးပွားရေး လုပ်ချင်နေခဲ့တာ မလား?”

“ ယဲ့ဖန်းက တောင်ပေါ်ကဆင်းလာတဲ့ လူငယ် တစ်ယောက်ပဲ။ သူ မင်းရဲ့နာမည်ကို ရှင်းဖို့ ကူညီပေးနိုင်ပေမဲ့ သူများတွေရဲ့ စွမ်းဆောင်ရည် တွေကို အားကိုးဖို့ လိုသေးတယ်။ ငါက မတူဘူး။ ငါ့နောက်မှာ လင်းမိသားစု ရှိတယ်”

“ လင်းမိသားစုက ကျင်းပိုင်မြို့မှာ ဘယ်လို အနေအထားလဲ မင်း သိပါတယ်။ ငါမင်းအတွက် ကုမ္ပဏီခွဲတစ်ခု တန်းပြီး စီစဥ်ပေးလိုက်လို့ရတယ်။ မင်းရဲ့ လူယုံတွေပါ ခေါ်လာခဲ့လိုက်။ မင်း ဘယ်သူဆိုတာ ငါ ဂရုမစိုက်ဘူး။ မင်းကို အနေအထားအသစ် တစ်ခုငါပေးနိုင်တယ်”

“ ပရော်ဖက်ရှင်နယ် အဖွဲ့တစ်ခု မင်းကို စီးပွားရေးပိုင်းမှာ ကူညီဖို့ ငါစီစဥ်ပေးလို့ ရတယ်။ မင်း ဘာမှ မလုပ်ရင်တောင် အဆုံးမှာ ငွေဝင်နေမှာပဲ။ ငါ့ရဲ့ လင်းမိသားစု အထောက်အပံ့ကို ရရင် အရူးတောင်မှ ဘီလီယံနာ ဖြစ်လာနိုင်တယ်လို့ ပြောလို့ ရတယ်”

1 ဘီလီယံ လောက်ပဲ​လေ။ ကိစ္စကြီးမှ မဟုတ်တာ။

အနည်းငယ် လင်းနေတဲ့ မျက်လုံးများနဲ့ လင်းဖေးဟန် နှင်းဆီနီကို ကြည့်လိုက်သည်။

“ ဘယ်လိုလဲ?”

“မင်း… ဒါက…”

နှင်းဆီနီရဲ့ မျက်နှာတွင် အတင်းဖန်တီးထားသော အေးခဲမှုများ ရှိသည်။ လင်းဖေးဟန်ကို ကြည့်နေတဲ့ သူမ မျက်လုံးများထဲတွင် အထင်သေးခြင်းတို့ မရှိတော့ပေ။

ထိုအချိန်မှာ တည်ငြိမ်လေးနက်မှုများသာ အစားထိုးနေရာယူနေခဲ့သည်။

အစောပိုင်းက လင်းဖေးဟန်က နေ့ခင်းကြောင်တောင်ကြီး အိပ်မက်မက်ရင်း သူမကို လာပြီး လေကြီးလေကျယ် ပြောနေတယ်လို့ ထင်နေခဲ့သည်။ အခုတော့ လင်းဖေးဟန် အတည်ပြောနေမှန်း သူမ သဘော ပေါက်သွားပြီ။ သူ ပြောသွားတဲ့ အခြေအ​နေတွေက သူမကို တစ်ကယ် ဆွဲဆောင်နိုင်သည်။ အသိအသာကို လင်းဖေးဟန် ဒီမလာခင် အိမ်စာ ကောင်းကောင်း လုပ်ထားတာပဲ။

လင်းဖေးဟန်ရဲ့ စကားတစ်လုံးချင်းဆီက နှင်းဆီနီရဲ့ ရင်ထဲထိ ရောက်သည်။

နှင်းဆီနီရဲ့ မျက်နှာထက်တွင် ရှုတ်ထွေးမှုများ ရှိနေသည်။

“ ငါက မင်းထက် အသက်ကြီးတာကို မင်း နားလည်သင့်တယ်။ မင်းငါ့ကို လက်ခံနိုင်မှာ မလို့လား? မင်းငါ့ကို လက်ခံနိုင်ရင်တောင် မင်းရဲ့ မိသားစုက လက်ခံနိုင်မှာလား? ငါ သိသလောက်တော့ မင်းအဖေက ငါ့လို လူတွေကို မုန်းတယ်။ ငါ့လို အလင်းနဲ့ မထိုက်တန်တဲ့ သူတွေနဲ့ မင်းတို့ လင်းမိသားစုက ပူးပေါင်းနိုင်မှာ မလို့လား?”

ပြောနေရင်းနဲ့ နှင်းဆီနီ စီးကရတ် တစ်လိပ်ကို မီးညှိလိုက်သည်။

ဒီအချိန်မှာ သူမ စိတ်ငြိမ်အောင်လုပ်ဖို့ ဆေးလိပ်ကို လိုအပ်နေပြီ။

ရိုးရိုးသားသား ပြောရရင် လင်းဖေးဟန်ရဲ့ စကားတွေက တစ်ကယ်ပဲ စိတ်လှုပ်ရှားဖို့ ကောင်းသည်။ ဒီအသက်အရွယ်မှာ ညရောက်ရင် အမြဲအထီးကျန်နေသလို ခံစားရသည်။ အားကိုးလို့ရမဲ့ ယောက်ျားကို သူမလဲ လိုချင်သည်။

အခုမှ တောင်အောက်ဆင်းလာပြီး အနာဂတ် ရေရေရာရာ မရှိတဲ့ ယဲ့ဖန်းနဲ့ ယှဥ်ရင် လင်းဖေးဟန်ရဲ့ အခြေအနေက ပိုတည်ငြိမ်သည်။ ပြောရရင် လင်းဖေးဟန်ရဲ့ အာဏာက ယဲ့ဖန်းထက် အများကြီး ပိုအားများသည်။ လင်းဖေးဟန်ရဲ့ လက်ရှိ အခြေအနေက ယဲ့ဖန်းကို သတ်ချင်ရင် တစ်စက္ကန့်အတွင်းမှာကို သတ်ပစ်လို့ ရနိုင်သည် အထိပဲ။

ဒါပေမဲ့ လင်းဖေးဟန်က သူမကို လာရှာပြီး အခုလို အကြီးကြီးလုပ်ပေးနေလဲ နားမလည်တော့ဘူး။

All Chapters