← Chapters

အခန်း (၁၃၉)

Vol. 10 Ch. 139

အခန်း (၁၃၉)

Vol. 10 Ch. 139

လင်းဖေးဟန် မျက်နှာထူတယ်ဆိုပေမဲ့ အခုလို လူကြားထဲ ကွက်ကွက်ကွင်းကွင်းကြီး ပြောခံ လိုက်ရတော့ ရှက်လာရသည်။ သူ အနည်းငယ် အနေခက်စွာ ပြုံးလိုက်သည်။

“ ဒါက နမ်းတဲ့အချိန်မှာ သတိလက်လွတ် ပြုမူတတ်တဲ့ အကျင့်ပဲ မဟုတ်ဘူးလားကွာ”

“ဟမ့်! ရမ်းကားတဲ့ကောင်!”

အနည်းငယ် ရှက်ရွံ့စွာပဲ နှင်းဆီနီ ထရပ်ဖို့ ကြိုးစားလိုက်သည်။ လင်းဖေးဟန်ကို ကြည့်ရင်း မျက်စိလှိမ့်သွားကာ ချက်ချင်းပြောလိုက်သည်။

“လင်းမိသားစုရဲ့ အကြီးအကဲက ဒီလောက် ဆရာကျမှန်း မသိထားခဲ့ဘူး။ သတင်းထဲက လင်းဖေးဟန်နဲ့ တော်တော်ကွာတာပဲ”

လင်းဖေးဟန် ပြုံးသွားကာ

“ သတင်းဆိုတာ ကောလဟာလပဲလေ။ မြင်တာကို ယုံလိုက်ကြတာပဲ”

လင်းဖေးဟန် နှင်းဆီနီကို အနိုင်ရပြီး သူတို့ဘက်က အပေါ်စီးကဆိုတာ တွေ့လိုက်ရတော့ ခေါင်းဆောင်ငယ် စိတ်ထဲကနေ လင်းဖေးဟန်ကို လေးစားလွန်းလို့ လက်မအကြီးကြီး ထောင်ပြ လိုက်သည်။

သခင်လေးလင်း လှုပ်ရှားရင် တစ်ယောက်ထဲပေမဲ့ အဖွဲ့လိုက်လို အကျိုးရှိတာပဲ။

အကုန်လုံးလဲ အံ့သြသွားကြသည်။ အပြင်ပန်းပဲ ကြည့်ရင် လင်းဖေးဟန်က ရုပ်ချောတာပဲ ရှိတဲ့သူလို့ ထင်ရပေမဲ့ တစ်ကယ့်တစ်ကယ် လှုပ်ရှားပြလိုက်တော့ တစ်နေရာလုံးကိုပါ လှုပ်ခါသွားစေသည်။

လင်ရှောင်းရှောင်းလဲ မနေနိုင်စွာ လေးစားသွား ရသည်။ လင်းဖေးဟန်ရဲ့ တိုက်ကွက်တွေက ပြောင်မြောက်ရုံတင်မကပဲ အရမ်းလဲ သန်မာမယ်လို့ သူမ မထင်ထားမိဘူး။

“ လင်းဖေးဟန်”

နှင်းဆီနီက လင်းဖေးဟန်ကို ကြည့်ပြီး လေသံ တိုးတိုးနဲ့ ခေါ်လိုက်သည်။ ထိုအချိန်မှာ နှင်းဆီနီက သူမရဲ့ အရည်ရွှမ်းတဲ့ မျက်လုံးများးကို အနေခက်စွာ မျက်တောင် ခတ်နေတာမို့ မှိတ်တုတ်မှိတ်တုတ်လေး ဖြစ်နေခဲ့သည်။

“ ဒင်! စနစ်မှ အသိပေးချက်- နှင်းဆီနီထံမှ ကြိုက်နှစ်သက်မှု ၄၀ မှတ် တိုးသွားပါတယ်။ ပွိုင့် ၄၀၀ ရရှိတဲ့အတွက် ဂုဏ်ပြုပါတယ်”

စနစ်မှ အသိပေးချက်ကို လက်ခံရပြီး နောက်မှာ လင်းဖေးဟန်ရဲ့ မျက်လုံးတွေ လင်းသွားသည်။

ဒီမြင်းရိုင်းမလေးကို အနိုင်ယူလိုက်နိုင်ပြီမှန်း လင်းဖေးဟန် သိလိုက်ပြီ။ ပထမခြေလှမ်းတော့ အောင်မြင်ပြီ။ နောက် ခြေလှမ်းကတော့ မြင်ရိုင်းမလေးကို ယဉ်ပါးအောင်လုပ်ပြီး ဓားသိုင်းကျင့်ဖို့ပဲ။

ထိုအချိန်မှာ နှင်းဆီနီရဲ့ ရှက်နေတဲ့ မျက်နှာက တစ်ဖြည်းဖြည်း တည်ငြိမ်လာခဲ့ပြီ။ လင်းဖေးဟန်ကို ရှုတ်ထွေးနေတဲ့ မျက်နှာနဲ့ ကြည့်ကာ သူမရဲ့နှုတ်ခမ်းကို ခပ်ဖွဖွ ကိုက်လိုက်သည်။

“ မင်း ဒို့ရောဂါကို တစ်ကယ် ကုပေးနိုင်တာလား?”

“ ဒါပေါ့ မင်းအခုထိ မသိသေးဘူးလား? ငါက ဆရာဝန် တစ်ယောက်ပဲ”

“ဆရာဝန် ဟုတ်လား?”

နှင်းဆီနီ လင်းဖေးဟန်ကို အံ့သြစွာ ကြည့်လာခဲ့သည်။ ဒီတစ်ခေါက် လင်းဖေးဟန်ရဲ့ အဖြေက သူမကို အကြီးကြီး လန့်သွားစေသည်လေ။

နှင်းဆီနီ အနည်းငယ် ပျာယာခတ်နေပြီး အချိန်အကြာကြီး တွန့်ဆုတ်ဆုတ် ဖြစ်နေပြီး နောက်မှာ ပြောလာသည်။

“ မင်းသာ ဒို့ရဲ့ ရောဂါကို ကုပေးနိုင်ရင်.. ဒါဆို.. ဒါဆို မင်းရဲ့ မိန်းမ ဖြစ်လာပေးမယ်”

လင်းဖေးဟန် ပျော်ချိန်တောင် မရလိုက်ဘူး၊ နှင်းဆီနီက ဆက်ပြောလာသည်။

“ ဒါပေမဲ့ စည်းမျဉ်းတော့လုပ်ရအောင်။ မင်း ကတိပေးရမယ်”

“ အရင်ဆုံး ဒို့ရဲ့ အတွင်းပြဿနာတွေကို လုံးဝ ရှင်းနိုင်အောင် မင်း ကူညီပေးရမယ်”

“ ဒုတိယအနေနဲ့ မင်း ဒို့ ကို စီးပွားရေးပိုင်းမှာ ကူညီပေးပြီး ဒို့ရဲ့လူယုံကို နေရာတစ်ခု ပေးနိုင်မယ် မျှော်လင့်တယ်”

“ တတိယအနေနဲ့ မင်း ဒို့ကို ကျင်းပိုင်မြို့တစ်ခုလုံးရဲ့ ဘော့စ်ဖြစ်လာအောင် လုပ်ပေးရမယ်”

“ ဒီအချက်တွေကို မင်း သဘောတူ နိုင်လား?”

လင်းဖေးဟန် နူးညံ့စွာ ပြုံးလိုက်ကာ

“ ဒါပေါ့။ ဒါတွေအကုန် မင်းအတွက် လုပ်ပေးမယ်”

“ မင်းရဲ အတွင်းပြဿနာကို စိတ်ပူဖို့ မလိုတော့ဘူး။ ငါဖြေရှင်းပြီးသွားပြီ။ လက်ရှိလူအုပ်ကလဲ သာမာန်အဆင့်လောက်ပဲ။ မင်းစိတ်ပူဖို့ မလိုပါဘူး”

“ကျန်တဲ့ ကိစ္စနှစ်ခုကိုလဲ မင်း စိတ်ပူဖို့ မလိုတော့ဘူး။ အခု ခေါင်းဆောင်ငယ်က မင်းရဲ့လူဖြစ်သွားပြီ။ သူက ဖုန်းလုံ ဧရိယာကို ကိုယ်စားပြုတယ်။ သူ မင်းအမိန့်ကို နာခံ လိမ့်မယ်”

ခေါင်းဆောင်ငယ်က အလွန်ပူးပေါင်း တတ်စွာ ချက်ချင်း ခါးညွတ်ပြီး ရိုသေစွာ နှုတ်ဆက်လိုက်သည်။

“ မရီး”

သူ့မှာ ရည်မှန်းချက် ကြီးကြီးမားမား မရှိဘူး။ သူ အခု ဖုန်းလုံ ဧရိယာရဲ့ ခေါင်းဆောင် ဖြစ်နေပြီ။ ဒီကိစ္စကောင်းတွေ အားလုံးကို လင်းဖေးဟန် ပေးထားတာမှန်း သူသိသည်။ သူ့ကို ပေးနိုင်မှတော့ သူ့ကို ကန်ထုတ်ချင်လဲ လင်းဖေးဟန်အတွက် အလွယ်လေးပဲ။ သူ့မှာ ပြန်ငြင်းချင်ရင်တောင် ထုတ်မပြရဲဘူး။

နှင်းဆီနီနဲ့ သူ ဘယ်မှာ ယှဉ်နိုင်မှာလဲ? သူက နှင်းဆီနီလောက်လဲ စွမ်းဆောင်ရည် မရှိသလို တစ်ဖက်က ကြည့်ရင်လဲ သူ့လို ယောကျ်ားသားက နှင်းဆီနီလို လင်းဖေးဟန်ရဲ့ အိပ်ယာကို နွေးအောင် လုပ်ပေးနိုင်မှာလား? သူ လုပ်ပေးမယ်ဆိုတောင် လင်းဖေးဟန်က သုံးမှာ မဟုတ်ဘူး။

“ကောင်းပြီ “

နှင်းဆီနီ ဝမ်းမြောက်စွာ သဘောတူလိုက်သည်။

“ ဒါပေမဲ့ ဒို့ရဲ့ ရောဂါကို မင်းအရင် ကုပေးရမယ်။ မင်း ကု ပေးနိုင်သရွေ့ ယဲ့ဖန်းနဲ့ ဟွမ်လောင်ပကို ဒို့ ကူညီပြီး ရှင်းပေးမယ်”

လင်းဖေးဟန် ခေါင်းညိတ်လိုက်ပြီး အနေခက်စွာ ပြောလိုက်သည်။

“ တစ်ကယ်တော့ မင်းရဲ့ရောဂါက နည်းနည်း ဆန်းကျယ်တယ်။ ဒီမှာ လူတွေ အများကြီးပဲ။ ငါမင်းကို ဒီမှာကုပေးလို့ မရဘူး။ မင်း ဒီမှာ သီးသန့်ခန်း ရှိလား? ဒါမှမဟုတ် ငါ့ရဲ့ ဗီလာကို သွားမလား?”

လင်းဖေးဟန် မေးလိုက်သည်။ အနည်းဆုံး အချင်းချင်း မျက်နှာထောက်ရအုံးမှာပေါ့။

နှင်းဆီနီက လင်းဖေးဟန်ကို ကြည့်ပြီး ခပ်မဲ့မဲ့ ပြုံးလိုက်ကာ

“ ဒို့ အိမ်က ဒီနားမှာပဲ။ သွားရဲ မသွားရဲကတော့ မင်းအပေါ်ပဲ မူတည်တယ်”

လင်းဖေးဟန် ထိုစကားကို ကြားတော့ ရယ်လိုက်ကာ

‘ မင်း အိမ်က ကျားဂူထဲမှာ ဆိုရင်တောင် ငါဒီနေ့ ရအောင်သွားမှာ”

ပြောပြီးတာနဲ့ နှင်းဆီနီကို လင်းဖေးဟန် ကောက်ပွေ့လိုက်သည်။ CEO ပီပီ ဟိတ်ဟန် အပြည့်နဲ့ အနောက်လှည့်ပြီး တံခါးအပြင်ထွက်ကာ သူ့ရဲ့ကားဆီကို သွားလိုက်တော့သည်။

နှင်းဆီနီရဲ့ အိမ်ဝန်းက အဆင့်အတန်း မြင့်လှသည်။ ဒါပေမဲ့ အိမ်လို့ မခံစားရဘဲ အားကစားခန်းမကို ရောက်နေသလိုပဲ။ လက်နက်အစုံနဲ့ အားကစား ပစ္စည်း အစုံ ရှိသည်။

အခန်းထဲ ဝင်လိုက်တာနဲ့ လင်းဖေးဟန် အံ့သြသွားပြီး ပတ်ပတ်လည်ကို စူးစမ်း နေခဲ့သည်။

နှင်းဆီနီ လင်းဖေးဟန်ကို တစ်ချက် စိုက်ကြည့်ပြီး ကုတ်အင်္ကျီ ချွတ်လိုက်ကာ ပြောလိုက်သည်။

“ ကြည့်မနေနဲ့ အံ့သြစရာ ဘာမွမရှိဘူး။ မိန်းမတစ်ယောက်အနေနဲ့ ဒို့ လက်အောက်က သူတွေကို ငြိမ်အောင် ထိန်းချင်ရင် သူတို့ထက် ချတာတော်ပြီး ပိုကြမ်းပြနိုင်မှ ရမှာ”

လင်းဖေးဟန် ပြုံးကာ ခေါင်းညိတ်လိုက်သည်။

“ အင်း ငါနားလည်ပါတယ်”

ထို့နောက်မှာ လင်းဖေးဟန် စတင်ပြီး ကုသပေးဖို့ ပြင်လိုက်သည်။

လင်းဖေးဟန် မထင်ထားမိဘူး။ နှင်းဆီနီရဲ့ ခန္ဓာကိုယ်က ကုသလိုက်မှ သိရသည်။ သူမရဲ့ ခန္ဓာကိုယ်က တော်တော်ကောင်းတာပဲ။ တစ်ချက် ထိလိုက်တိုင်း နှင်းဆီနီရဲ့ ကိုယ်က သတိမမူမိစွာ တုန်ယင်သွားလိမ့်မည်။

ကုသမှုပြီးတဲ့နောက်မှာ နှင်းဆီနီက လင်းဖေးဟန်ကို မျက်လုံးလှန်ကြည့်လာသည်။

လင်းဖေးဟန် မထိန်းချုပ်နိုင်တော့ပေ။

ဒါပေမဲ့ နှင်းဆီနီရဲ့ ရေခဲတမျှ အေးစက်သော အသံတစ်ခု ထွက်လာခဲ့ပြီး လင်းဖေးဟန်ရဲ့ ခေါင်းတည့်တည့်ကို လောင်းချလိုက်သလိုပဲ။

“ဒီနေ့တော့ မရဘူး။ ဒို့ ရာသီလာနေတယ်။ ရက်အနည်းငယ် နေမှပေါ့”

လင်းဖေးဟန်ရဲ့ စိတ်ပျက်သွားတဲ့ ရုပ်ကို ကြည့်ပြီး နှင်းဆီနီ ပိုပျော်သွားသည်။

သူမရဲ့ လင်းဖေးဟန်အပေါ် ပထမဆုံး အမြင်က ယုံကြည်ချက်ရှိတဲ့သူ ဖြစ်သည်။ ဒါ့အပြင် ယဲ့ဖန်းရဲ့ ဟိတ်ဟန်ကောင်းတဲ့ ဟန်ပန်ကိုလဲ သူမ မြင်ပြီးပြီ။ ဒါပေမဲ့ ဒီအချိန်မှာ လင်းဖေးဟန်ရဲ့ ပုံစံက အသိအသာကို ပိုဆွဲဆောင်မှု ရှိလာသလိုပဲ။

လင်းဖေးဟန်ရဲ့ မြေခွေးလို ကျဉ်းမြောင်လာတဲ့ မျင်လုံးတစ်စုံကို ကြည့်ပြီး နှင်းဆီနီရဲ့ ခန္ဓာကိုယ်က ကျုံ့သွားသည်။ သူမ ခပ်မြန်မြန် စကားပြောင်းရတော့သည်။

“ မင်း ခေါင်းဆောင်ငယ်ကို ဒို့ကို ကူညီပေးဖို့ ပေးခဲ့တယ်။ မင်း ယဲ့ဖန်းကို သတ်ဖို့ကော ဒို့ ကူညီရအုံးမလား?”

ဒါကိုကြားတော့ လင်းဖေးဟန် ခပ်မြန်မြန် ခေါင်းရမ်းလိုက်သည်။

“ရတယ် မလိုဘူး”

လင်းဖေးဟန် လန့်လွန်းလို့ ခေါင်းမွှေးပါ ထောင်တော့မတတ်ပဲ။

ဘယ်လို ဟာသလဲ? ငါ ပထမက အမှားလုပ်မိပြီး နှင်းဆီနီကို ယဲ့ဖန်းဆီ ပို့မိပြီးသွားပြီ။ ငါ ဒုတိယအမှား ထပ်လုပ်ပြီး နှင်းဆီနီကို ယဲ့ဖန်းရဲ့လက်မောင်းထဲ ထပ်ပို့ ရအုံးမှာလား?

နှင်းဆီနီကို လွှတ်လိုက်လဲ သေချာပေါက် အကျိုးထူးမှာ မဟုတ်ဘူး။ ယဲ့ဖန်းရဲ့ ဦးနှောက် ထိန်းချုပ်တဲ့ အရှိန်အဝါက သေချာပေါက် နှင်းဆီနီကို ပြန်ထိန်းချုပ်လိုက်မှာပဲ။ အဲ့လိုဆိုလို့ကတော့ ငါ့မှာ မိန်းမလဲဆုံး၊ စစ်လဲရှုံးပဲ။

ယဲ့ဖန်းလက်ထဲ အရောက်ထည့်ပေးဖို့ ဟုတ်လား?

ဖြစ်နိုင်စရာလားကွ!

All Chapters