← Chapters

အခန်း (၁၄၀)

Vol. 10 Ch. 140

အခန်း (၁၄၀)

Vol. 10 Ch. 140

လင်းဖေးဟန် ပြုံးကာပြောလိုက်သည်။

“ မင်း ယဲ့ဖန်းနဲ့ ထိပ်တိုက်တွေ့ဖို့ မလိုပါဘူး။ မင်း ငါ့ကို ဟွမ်လောင်ပကို သတ်တဲ့နေရာမှာပဲ ကူညီပေး။ ပြီး တစ်ခြားဧရိယာတွေက အကောင်ကြီးတွေကိုကော ရှင်းရမယ်”

ထို့နောက်မှာ လင်းဖေးဟန်ရဲ့ မျက်လုံးထဲတွင် အလင်းတစ်ချို့ ဖြတ်ပြေးသွားခဲ့ပြီး

“ ယဲ့ဖန်းကို ငါကိုယ်တိုင် ကိုင်တွယ်မယ်”

လင်းဖေးဟန် လေသံပြန်ပြောင်းလိုက်ပြီး

“ သေချာပေါက် မင်းအရမ်း စိတ်လှုပ်ရှားဖို့ မလိုပါဘူး။ မင်း အရင်ဆုံး ခေါင်းဆောင်ငယ်နဲ့အတူ အတွင်းအာဏာကို ပြန်တည်ငြိမ်အောင် ဖွဲ့စည်းထားရမယ်။ အချိန် ကျလာရင် ငါမင်းကို အသိပေးလိုက်မယ်”

“ ယဲ့ဖန်းကို ရန်မစဖို့ရော ပြဿနာ မတက်စေဖို့ပါ ငါ သတိပေးထားမယ်။ ယဲ့ဖန်းရဲ့ လုပ်နိုင်စွမ်းက မင်းတို့ တွေးထာတာထက် ပိုတယ်”

ထိုအချိန်တွင် ဖန်းချန်းဧရိယာရဲ့ ယင်ကျောင်း KTV တွင် ဖြစ်သည်။

အထူးခန်းထဲရှိ ယဲ့ဖန်း မျက်မှောင်ကြုတ်နှင့် စိတ်ရှုတ်နေသည်။ သူ့အရှေ့တွင် အလွန်လန်းတဲ့ ဧည့်ကောင်မလေး ရှိနေပေမဲ့ သူ လုံးဝစိတ်မဝင်စားနေဘူး။

ဒီနေရာကို ရောက်လာတာ တစ်ယောက်ယောက်ကို လာရှာတာပဲ ဆိုတဲ့ ဝေဝါးဝါးခံစားချက်ကို ရနေပေမဲ့ သက်ဆိုင်တဲ့ အရာတစ်ခုကိုမှ မတွေ့နေဘူး။

ကောင်းကောင်း မွန်မွန် ဝတ်စားထားတဲ့ ဒီကျွမ်းကျင် မိန်းကလေးများကို ကြည့်ရင်း ဟွမ်လောင်ပ သွားရည် ကျနေသည်။ ဒါပေမဲ့ ယဲ့ဖန်းအတွက် အထူးပြင်ပေးထားတာ ဖြစ်လို့ သူ စည်းကျော်ပြီး မထိရဲပေ။

ဟွမ်လောင်ပ ​ပြောလိုက်သည်။

“ အကိုကြီးယဲ့ ဒါတွေက ဒီနေရာရဲ့ ထိပ်တန်းတွေပဲ။ သေချာလေးကြည့်လိုက်ပါ။ အကိုကြီးယဲ့ ဘယ်တစ်ယောက်ကို ကြိုက်လဲ?”

ယဲ့ဖန်း အနည်းငယ် စက်ဆုပ်စွာ လက်ယမ်းပြလိုက်ပြီး ဒုတိယတစ်ကြိမ်တောင် ပြန်မကြည့်ခဲ့ပေ။ ဆိုဖာကို ကျောမှီချရင်း မျက်လုံးမှိတ်ကာ နားနေလိုက်သည်။ သူ လုံးဝကို စိတ်မဝင်စားနေဘူး။

“ ပျင်းဖို့ကောင်းတယ်။ ထားလိုက်တော့”

ဒီအမျိုးသမီးတွေရဲ့ ရုပ်ကော၊ ကိုယ်လုံးကောက တော်တော်လေး လှကြပေမဲ့ အဓိကဇာတ်လိုက် ယဲ့ဖန်းအတွက်တော့ ရွက်ကြမ်းရေကျို အဆင့်ပဲရှိသည်။

မိန်းမ တစ်ယောက် ပေါင်ပေါ် ထိုင်နေရင်တောင် တုတ်တုတ်မလှုပ်တဲ့ သူတော်စင် တစ်ယောက် မဟုတ်ပေမဲ့ ဇာတ်လိုက်အနေနဲ့ သူ့မှာလဲ မာနရှိသည်။

ဟာသပဲ! ဇာတ်လိုက် တစ်ယောက်က အခုလို အိပ်ယာအကြောင်း နောကျေနေတဲ့ မိန်းမမျိုး လိုအပ်လို့လား? မနေနိုင်မထိုင်နိုင် ဆာလောင်နေတဲ့ ဇာတ်လိုက်မျိုး မြင်ဖူး လို့လား?

ဇာတ်လိုက် တစ်ယောက်အတွက် ဖြစ်တည်တဲ့ မိန်းမဆိုတာ သူမတူတဲ့ ရုပ်ရည်၊ ကိုယ်လုံးအပြင် သူမရဲ့ ဟန်ပန်ကလဲ တန်ဖိုးရှိဖို့လိုသည်။ ဒါတွေ အကုန်လုံးက မဖြစ်မနေ လိုတဲ့ အချက်တွေပဲ။

လုရွှယ်ယင်နဲ့ စွန်းရှင်းယွဲ့လို မိန်းမမျိုးပဲ သူ့ကို စိတ်ဝင်စားအောင် လုပ်နိုင်သည်။

ယဲ့ဖန်း စိတ်မဝင်စားတာကို မြင်တဲ့အခါမှာ ဟွမ်လောင်ပက သူ့အတွက် များစွာတဲ့ မိန်းကလေးတွေကို ရွေးချယ်လိုက်ပြီး အသက်ဝင်တဲ့ လေထုလေးကို ဖန်တီးလိုက် တော့သည်။

“ ဒါ.. ဒါ.. ဒါကော နေခဲ့လိုက်။ ကျန်တာတွေ သွားကြတော့”

ဟွမ်လောင်ပ မေးလိုက်သည်။

“ အကိုကြီးယဲ့ နှင်းဆီနီကိုဘာလို့ သုံးရက် အချိန်ပေးလိုက်တာလဲ?”

ဟွမ်လောင်ပ အရက်တစ်ခွက် ငှဲ့ပေးလိုက်ရင်း ယဲ့ဖန်းကို သံသယ တစ်ချို့နဲ့ ကြည့်လာသည်။

ထို့နောက်မှာ ဟွမ်လောင်ပ ဆက်ပြောလိုက်သည်။

“ မနေ့က အကိုကြီးယဲ့က နှင်းဆီနီထက် ပိုသန်မာနေခဲ့တာပဲ၊ တန်းပြီး သူမကို အညံ့ခံခိုင်းလို့ ရနေတာပဲလေ။ အနှေးနဲ့အမြန် နှင်းဆီနီက အကိုကြီးလက်အောက် ရောက်လာမှာကို တစ်ခါထဲ အင်အားသုံးလိုက်လဲ အဆင်ပြေတာပဲ မဟုတ်ဘူးလား?”

ထိုစကားကိုကြားတော့ ယဲ့ဖန်း ဒေါသတကြီး အော်လိုက်သည်။

“ အဓိပ္ပါယ်မရှိတာ”

ယဲ့ဖန်း ဟွမ်လောင်ပကို မျက်လုံးလှိမ့်လိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။

“ မင်းငါ့ကို ဘယ်လိုလူ ထင်နေလဲ? ငါ ယဲ့ဖန်းက ဘာကိစ္စ အဲ့လိုစက်ဆုပ်စရာ ကိစ္စကို လုပ်ရမှာလဲ?”

ဇာတ်လိုက်တစ်ယောက်အနေနဲ့ ယဲ့ဖန်းအတွက် အရေးအကြီးဆုံးအရာက စည်းမျဥ်းပဲ။

ဥပဒေ စည်းမျဥ်းကို လိုက်နာတာတော့ မဟုတ်ဘူး။ ဇာတ်လိုက်တစ်ယောက်မို့ သူက စည်းမျဥ်းကို ကိုယ်တိုင်ချမှတ်သည်။

ကိုယ့်ကိုယ်ကို ယုံကြည်မှုအနည်းငယ်နဲ့ လွှမ်းမိုးနိုင်စွမ်းကလဲ နည်းနေမယ်ဆိုရင် ဇာတ်လိုက်တစ်ယောက် ဘယ်လို ဖြစ်လာနိုင်မှာလဲ?

ယဲ့ဖန်း နှင်းဆီနီကို အင်အားမသုံးခဲ့တာက သူ့မှာ ယုံကြည်ချက်ရှိလို့ပဲ။ သူ မလုပ်ရဲလို့ မဟုတ်ဘူး။ ရှက်ရွံ့မှုကို ခံစားရလို့လဲ မဟုတ်ဘူး။

ဇာတ်လိုက်အနေနဲ့ သူ့ဆီကို အမြဲတမ်း မိန်းမတွေက စိတ်လိုလက်ရ ရောက်လာပြီး ကိုယ်တိုင် အဝတ်ချွတ်လာခဲ့တာပဲ။ အတင်းအကျပ်လုပ်ဖို့ မလိုအပ်ဘူး။

ယဲ့ဖန်း အနည်းငယ် ဒေါသထွက်နေတာကို တွေ့တော့ ဟွမ်လောင်ပ ပြုံးလိုက်ပြီး ပြန်မြှောက်ပင့်လိုက်သည်။

“ မှားလို့မှားလို့။ အကိုကြီးယဲ့ရဲ့ အနေအထားနဲ့ နှင်းဆီနီကို လိမ်လိမ်မာမာနဲ့ အညံ့ခံလာအောင် လုပ်မှာပေါ့။ ဘယ်အတင်းအကျပ် လုပ်ဖို့ လိုမှာလဲ?”

“ အကိုကြီးယဲ့ရဲ့ ဆွဲဆောင်မှုနဲ့ဆိုရင် လက်တစ်ဖက် လှုပ်ရှားလိုက်ရုံနဲ့ မိန်းမတွေ အများကြီးက ဦးဆောင်ပြီး အကိုကြီးလက်မောင်းထဲ ပစ်ဝင်လာကြမှာပဲ”

“ အင်း” ယဲ့ဖန်း ခေါင်းညိတ်ပြီး ပြောလိုက်သည်။

“ ကောင်းကောင်းမွန်မွန် ရွေးချယ်လိုက်တာ သူမအတွက်ကောင်းမယ်။ မဟုတ်ရင် သေလမ်းပဲရှိတယ်။ အဲ့ဒီကျရင် သူမရဲ့ အရာအားလုံးကို ဆုံးရှုံးရရုံတင်မကပဲ သူမရဲ့ ရောဂါက သူမအသက်ကိုပါ ထိပါးနှိပ်စက် လာမှာပဲစိုးရတယ်။ ရောဂါကြောင့်ပဲ နှိပ်စက်ခံရပြီး သေသွားလိမ့်မယ်”

ဟွမ်လောင်ပ အနည်းငယ် သံသယ ဝင်စွာမေးလိုက်သည်။

“ အကိုကြီးယဲ့ နှင်းဆီနီမှာ ဘာရောဂါ ရှိတာလဲ?”

တစ်ကယ်လဲ နှင်းဆီနီမှာ ရှိတဲ့ရောဂါကို သူလိုက်ကြည့်လို့ မမြင်နေဘူး။ အကျိုးအကြောင်းသင့် ရောဂါလက္ခဏာ တစ်ခုမှလဲ မမြင်ရဘူး။ ဒါ့အပြင် သူမရဲ့ ရုပ်ပိုင်းဆိုင်ရာ သန်မာမှုကလဲ တော်တော်လေး ကောင်းသေးသည်။ မြေအောက်လောကမှာ နေရာကောင်းနဲ့ ကျွမ်းကျင်တစ်ယောက်လို့ ပြောရမည်။ တစ်ကယ်ပဲ ရောဂါ ရှိနေတာဆိုရင် ဒီလောက် အစွမ်းဘယ်လို ကြီးလာမှာလဲ?

ယဲ့ဖန်း ဟွမ်လောင်ပကို စိုက်ကြည့်ပြီး အေးစက်စွာပြောလိုက်သည်။

“ မင်းဒါကို စိတ်ပူဖို့ မလိုဘူး။ တစ်ကမ္ဘာလုံးမှာ ငါတစ်ယောက်ပဲ ကုပေးနိုင်မှာ။ ဒီတော့ သူမ ပုံမှန်လိုပြန်ဖြစ်ချင်ရင် ငါ့ဆီကို လာမှကို ရမှာပဲ”

ထိုအချိန်မှာ လင်းဖေးဟန်က သူ့မိန်းမကို ခိုးသွားပြီဆိုတာ ယဲ့ဖန်း မသိခဲ့ပေ။ ဒီအချိန်မှာ ယဲ့ဖန်းက ယုံကြည်ချက်အပြည့်နဲ့ ဘဝင်ဟပ် နေခဲ့သည်။

အချိန်ကောင်းမလို့ ဟွမ်လောင်ပ ယဲ့ဖန်းကို လက်မအကြီးကြီး ထောင်ပြပြီး လေးစားမှု အပြည့်နဲ့ပြောလိုက်သည်။

“ အကိုကြီးယဲ့က မိုက်လိုက်တာ။ အကိုကြီးနောက်ကို လိုက်ရတာ ငါ့ရဲ့ကံကောင်းမှုပဲ”

ဂိုဏ်းထဲက အငယ်တန်း ခေါင်းဆောင် တစ်ချို့လဲ ဝင်ရောက်မြှောက်ပင့်လာသည်။

“ အကိုကြီးယဲ့က တစ်ကယ် လေးစားဖို့ ကောင်းတာပဲ”

“ မှန်တယ်။ ငါတို့ အကိုကြီးယဲ့နောက်ကို လိုက်ရင် သေချာပေါက် အောင်မြင်မှာပဲ”

“ အကိုကြီးယဲ့က အရမ်းတည်ငြိမ်တယ်။ အကုန်လုံးကို အစီအစဥ်ချပြီး ဗျူဟာနဲ့ ချက်ကျလက်ကျ ကိုင်တွယ်ဖြေရှင်းတတ်တယ်”

လူတစ်စုက ယဲ့ဖန်းကို အရမ်းချီးကျူး မြှောက်ပင့်နေကြသည်။

ဟွမ်လောင်ပ စိတ်ပူနေတာ တစ်ခုရှိပေမဲ့ သူ ထုတ်မပြောရဲခဲ့ပေ။ ဒီနေ့ အရှိန်ကောင်းလေးကို အခွင့်အရေးယူပြီး သူပြောဖို့ ကြံရွယ်လိုက်သည်။

ဒါပေမဲ့ ဟွမ်လောင်ပရဲ့ပုံစံက အရမ်းကို တွန့်ဆုတ်ဆုတ်နဲ့ ချိတုံချတုံ ဖြစ်နေပုံပါပဲ။

“ အကိုကြီးယဲ့.. တစ်ကယ်.. တစ်ကယ်တော့.. ငါ့မှာ ပြောစရာရှိတယ်”

ဟွမ်လောင်ပရဲ့ တွန့်ဆုတ်နေပုံကိုကြည့်ပြီး ယဲ့ဖန်း မျက်မှောင်ကြုတ်သွားသည်။

“ မင်း ​ပြောစရာရှိရင်လဲ ပြောဟ! ငါအချိန်ဖြုန်းတဲ့ကောင်တွေကို အမုန်းဆုံးပဲ”

ဟွမ်လောင်ပ ယဲ့ဖန်းရဲ့ အနားကို သွားလိုက်ပြီး ကပ်ပြောလိုက်သည်။

ဒီကိစ္စကို အငယ်တွေ သိလို့မဖြစ်ဘူး။ ငါ့ကို စိတ်ဓာတ်မကောင်းတဲ့သူလို့ ထင်လိမ့်မယ်။

ယဲ့ဖန်းရဲ့နားနားကို ကပ်ကာ ဟွမ်လောင်ပ တိုးတိုးလေး ပြောလိုက်သည်။

“ ကိစ္စကြီး မဟုတ်ပါဘူး။ နှင်းဆီနီအကယ်လို့ အကိုကြီးယဲ့ရဲ့ လက်အောက်ကို ရောက်လာခဲ့ရင် ငါကသူ့စကားကို နားထောင် ရမှာလား? သူက နားထောင်ရမှာလား?”

ဒီအကြောင်းကို ဟွမ်လောင်ပ တွေးနေတာ ကြာခဲ့ပြီ။ သူအဖြေထုတ်မရခဲ့ဘူး။ သူ့ရဲ့ နှလုံးသားထဲက ဝင်မခံချင်ပေမဲ့ သူ့ရဲ့ လုပ်နိုင်စွမ်းက နှင်းဆီနီလောက် မကောင်းတာကို သူသိသည်။

ဖန်းဟွာဧရိယာရဲ့ အရင်ဘော့စ်ဟောင်း နေရာကို နှင်းဆီနီက ဝင်ယူလိုက်တာ ဆိုပေမဲ့ နယ်မြေ တစ်ခုလုံးကို သူမက တည်ငြိမ်အောင် လုပ်နိုင်ခဲ့ပြီး သံတံတိုင်းတစ်ခုလို တည်ဆောက် နိုင်ခဲ့သည်။ နှင်းဆီနီကို ဘယ်သူကမှ ဖြုတ်မချနိုင်ခဲ့ဘူး။

နှင်းဆီနီရောက်လာတဲ့အချိန် သူ့ကိုချနင်းပြီး နေရာလုသွားမှာကို တစ်ကယ် စိုးမိသည်။

သူအခုဆို ယဲ့ဖန်းရဲ့ အောက်မှာ နံပါတ်တစ် လူအဖြစ် နေရာရထားပြီးပြီ။

ယဲ့ဖန်း ရယ်လိုက်ပြီး ဟွမ်လောင်ပကို စိုက်ကြည့်ပြီး ပြောလိုက်သည်။

“ သေချာပေါက် မင်းစကား နားထောင်ရမှာပေါ့။ အရင်လာသူ စားစတမ်းပဲ”

ဟွမ်လောင်ပက နှင်းဆီနီလောက် မတော်တာကို ယဲ့ဖန်းသိသည်။ ဒါပေမဲ့ နှင်းဆီနီက လူသစ် ဖြစ်သည်။ သိပ်လဲ အသုံးမဝင်သေးဘူး။ ဟွမ်လောင်ပနဲ့ သူ့လက်အောက်ခံတွေကို တည်ငြိမ်အောင် လုပ်နိုင်ဖို့ဆိုရင် ဒီအချိန်မှာ ဟွမ်လောင်ပကို ပိုဦးစားပေးမှ ဖြစ်မည်။

ဒါကိုကြားတော့ ဟွမ်လောင်ပ ချက်ချင်း စိတ်လှုပ်ရှားသွားသည်။

“ ကျေးဇူးပါ အကိုကြီးယဲ့”

စာစဉ်ပြီး၏

All Chapters