← Chapters

အခန်း (၁-၅)

Vol. 1 Ch. 1-5

အခန်း (၁-၅)

Vol. 1 Ch. 1-5

အခန်း ၁ ပင်လယ်ထဲသို့ခုန်ချခြင်း

ကမ်းစပ်နဲ့ဝေးသော ပင်လယ်ပြင်တစ်နေရာတွင် ကိုယ်ပိုင်ဇိမ်ခံသင်္ဘောတစ်စင်း ဖြည်းညှင်းစွာမောင်းနှင်နေသည်။

ထိုအချိန်၌ ပင်လယ်ပြင်ကြီးသည် ကျားတစ်ကောင်ဟိန်းဟောက်မာန်ဖီနေသကဲ့သို့ ပင်လယ်လှိုင်းလုံးများမြင့်တက်ရိုက်ခတ်နေပြီး တန်အိုက်နင်းရဲ့ စိတ်မှာလဲ အလားတူဖြစ်ပျက်နေသည်။

ထန်အိုက်နင်းသည် သာမာန်ရှပ်အဖြူနှင့် အပြာရောင်ဂျင်းဘောင်းဘီကိုတွဲဖက်ဝတ်ဆင်ထားပြီး ဇိမ်ခံသင်္ဘော၏ အစွန်အဖျားတစ်နေရာတွင် မတ်တပ်ရပ်နေခဲ့သည်။ သူနောက်ကိုသာ တစ်လှမ်းလောက်ထပ်ဆုတ်လိုက်ရင် နက်ရှိုင်းလှသော ပင်လယ်ရေပြင်အတွင်းသို့ ပြုတ်ကျသွားမည်မှာမလွဲ။

အဆိုးဆုံးကတော့ သူမရဲ့ ညာဘက်ပခုံးနှင့် ဘယ်ဘက်ပေါင်သည် သေနတ်ဒဏ်ရာကြောင့် သွေးများစွာစီးကျနေခြင်းပင်။ သူမဟာ တုန်ရီနေပြီးတော့ ဒယိမ်းဒယိုင်ဖြစ်နေတာတောင်မှ ဒီနေရာမှာဆက်ရှိနေဖို့ တောင့်ခံထားနေဆဲပဲ။

သူမမှာ ဘယ်လောက်တောင် သတ္တိရှိပြီး ခိုင်မာတဲ့စိတ်ဓာတ်ရှိလိုက်လဲ။ တကယ်တော့ သေနတ်ဒဏ်ရာနှစ်ခုလောက်က ထန်အိုက်နင်းကို တုန်ရီပြီး ဒယိမ်းဒယိုင်ဖြစ်စေဖို့လောက်အထိမစွမ်းပါဘူး. သူမရဲ့သန်မာမှုအများအပြားပျောက်ဆုံးနေရခြာင်းမှာ အစောပိုင်းက ဆေးခတ်ခံထားရတာကြောင့်ပါ.

ဒီလိုသာမဟုတ်ရင် လွယ်လွယ်နဲ့ ဖမ်းမိစရာအကောင်းမရှိပါဘူး

သူမရဲ့မျက်နှာချင်းဆိုင်မှာတော့ အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက်ဦးဆောင်တဲ့ အဖွဲ့တစ်ဖွဲ့ရှိနေတယ်

အမျိုးသမီးမှာ ပခုံးသားလစ်ဟာပြထားတဲ့ အဖြူရောင်ပွဲတက်ဝတ်စုံကိုဝတ်ထားပြီး သူမရဲ့နီညိုရောင်ဆံပင်အခွေရယ် လိုက်ဖက်လှတဲ့ မိတ်ကပ်ထူထူရယ်က သူမကို ညှို့ဓာတ်ပြင်းတဲ့ပုံစံပေါက်စေသည် သူမရဲ့မျက်ဝန်းများမှာတော့ ပျော်ရွှင်ကျေနပ်မှုများဖြင့်ပြည့်လျှံနေသည်.

အမျိုးသားမှာလဲ အသက်30ဝန်းကျင်ရှိပြီး သူဝတ်ဆင်ထားတဲ့အဖြူရောင်ဝတ်စုံက သူ့ရဲ့ သာမာန်ထက်ပိုမိုခန့်ငြားသောရုပ်ရည်ကို အားဖြည့်ပေးထားသည်.

သူတို့နှစ်ဦးဟာ ခွဲမရနိုင်လောက်အောင်ပူးကပ်စွာရပ်နေကြပြီး ကာမဆန္ဒများတောက်လောင်နေပုံပေါ်သည်.

ထိုနှစ်ဦး၏နောက်မှာတော့ 7ယောက်8ယောက်ခန့်ရှိသည့် ဝတ်စုံနက်များဝတ်ဆင်ထားသော သက်တော်‌စောင့်များရပ်နေသည်.

အဖြူရောင်ဝတ်စုံနှင့်အမျိုးသားသည် သူ့ရှေ့ရှိ ထန်အိုက်နင်းကို အေးစက်သောအငွေ့အသက်များလွှမ်းခြုံနေသည့် အကြည့်များဖြင့် စူးစိုက်ကြည့်နေပြီး ပစ္စတိုတစ်လက်ဖြင့် သူမကိုပစ်ရန် အဆင်သင့်ချိန်ထားသည်.

ထန်အိုက်နင်းရရှိထားပြီးသော ဒဏ်ရာနှစ်ချက်မှာလဲ ထိုလူကြောင့်သာဖြစ်သည်.

“ဘာလို့လဲ?”

ထန်အိုက်နင်း အန်ကြိတ်ကာ မေးလိုက်သည်. သူမရဲ့သွေးခြေဥနေသော မျက်ဝန်းတစ်စုံမှာ ‌ဒေါသတရား, နာကြင်မှု, နောင်တတရာများ မျှော်လင့်ချက်များ အဆုံးမရှိပြည့်နှက်နေပြီး သူမရှေ့က အမျိုးသားရယ် သူမနှင့်ဆင်တဲ့ အမျိုးသမီးရယ်ကို စူးစိုက်ကြည့်နေသည်.

“ဘာလို့လဲတဲ့လား? ဟီးဟီးဟီ...” ထန်ယရှင်းလို့ခေါ်တဲ့အမျိုးသမီးဟာ သူမဘဝမှာ အရယ်ရဆုံးဟာသတစ်ခုကိုကြားလိုက်ရသလိုမျိုး ရယ်မောလိုက်ပြီး ...

“ထန်အိုက်နင်း နင်အခုထိရှင်းရှင်းလင်းလင်းမသိသေးဘူးပဲ ငါအမှန်တိုင်းပဲပြောပြလိုက်မယ် ငါကသာ ဟိုအစကနေအဆုံးထိ ကျီယွဲ့ချစ်ရတဲ့ တစ်ဦးတည်းသောသူ နင်ကတော့ အသုံးချခံသက်သက်ပဲ. လွန်ခဲ့တဲ့ 2နှစ်ထဲက ကျီယွဲ့ ဘာလို့နင်နဲ့အိပ်ဖို့စိတ်မပါလဲသိပြီလား?”

“နင်” ထန်အိုက်နင်း ဒေါသတကြီးဆိုသည်.

အကယ်၍ အကြည့်နဲ့သာလူသတ်နိုင်မယ်ဆိုရင် သူမရှေ့မှာရပ်နေတဲ့ ထန်ယရှင်းရော ချီကျီယွဲ့ပါ အပိုင်းပိုင်းအစစဖြစ်နေလောက်ပြီ .

ထန်ယရှင်းသည် ထန်အိုက်နင်း၏ အဖေတူအမေကွဲညီမဖြစ်သည်.

လွန်ခဲ့သောဆယ်နှစ်ခန့်က ထန်ယရှင်းအမေပေါ်လာမှုကြောင့် ထန်အိုက်နင်းရဲ့မိခင်ဟာ ဒေါသနဲ့ကားမောင်းထွက်ရာကနေ အက်စီးဒင့်ဖြစ်ခဲ့ပြီး အခုချိန်ထိ ကိုမာဝင်နေခဲ့တယ်,

တချိန်တည်းမှာပဲ ထန်ယရှင်းသည်လဲ သူမမိခင်နှင့်အတူ အိမ်တော်အတွင်းသို့ တရားဝင်,ဝင်ရောက်လာခဲ့တယ်.

ထန်အိုက်နင်းအတွက်တော့ သူမအဖေရဲ့စွန်ပစ်မှုကို ခံရရုံသာမက အနက်ရောင်သတ်ဖြတ်သူအဖွဲ့ရဲ့လေ့ကျင့်ခြင်းကိုခံခဲ့ရပြီး ထန်မိသားစုနောက်ကွယ်ကမကောင်းမှုမှန်သမျှကို လုပ်ကိုင်ပေးခဲ့ရသည်.

ဒီအလုပ်တွေကိုမလုပ်ချင်သော်လဲ သူမအမေက ဖခင်ဖြစ်သူလက်ထဲရှိပြီး သူမအမိန့်မနာခံတာနဲ့ မိခင်ဖြစ်သူအသတ်ခံရမှာဖြစ်တာကြောင့် လုပ်ပေးနေရတာပါ.

ချီကျီယွဲ့၏မိသားစုနောက်ခံမှာသာမာန်ဖြစ်ပေမယ့် သူကတော် အတော်လေးထူးချွန်သူတစ်ယောက်ဖြစ်တယ်.

ထန်အိုက်နင်းသည် အမြဲတမ်းဉာဏ်ကောင်းသူတစ်ယောက်ဖြစ်ခဲ့ပေမယ့် လူကောင်းယောင်ဆောင်ထားသော ချီကျီယွဲ့ရဲ့လှည့်စားမှုမှတော့ မလွတ်မြောက်ခဲ့ဘူး.

တဖက်မှာတော့ ထန်ယရှင်းဟာ ထန်အိုက်နင်းရဲ့ဒေါသကို လျော့ခွင့်မပေးဘဲ ဆက်ပြီး..

“ နင့်အမေသေတာနဲ့ နင့်ကိုဆက်ပြီးထိန်းချုပ်လို့မရနိုင်တော့တာကို အဖေကသိပြီးသား ဒါ့ကြောင့် နင်ချစ်တတ်သွားပြီးထိန်းချုပ်ရလွယ်အောင်လို့ နင့်အနားယောကျ်ားတွေအမြဲပို့ပေးနေတာ. မထင်ထားမိဘူး ဒီလောက်ရွေးစရာလူတွေအများကြီးရှိနေတာကို ငါ့ရဲ့လူကိုမှ နင်ကကြိုက်သွားတယ်လေ ဒါကြောင့်ပဲ ထန်မိသားစုအကျိုးအတွက် နင့်ကိုကြိုက်သလိုဟန်‌ဆောင်ပေးဖို့ ငါ့ချစ်သူကိုပြောထားရတာ”

ဝမ်းနည်းသလိုဟန်ဆောင်ပြီးပြောနေတာတောင်မှ ထန်ယရှင်းရဲ့ ဆွဲဆောင်မှုရှိတဲ့ပုံစံကမလျော့သွားပါဘူး.

ဒါကြောင့် သူမဘေးနားမှ ချီကျီယွဲ့က နှစ်သိမ့်ပေးတဲ့သဘောနဲ့..

“စိတ်ပူမနေပါနဲ့တော့ ကိုယ်အခုကစပြီး မင်းလေးဘေးမှာပဲအမြဲရှိနေပေးမှာပါ အထီးကျန်ညတွေထပ်မရှိစေရတော့ဘူး”

“သေချာတာပေါ့ ရှင့်ရဲ့ခန္ဓာကိုယ်ကော နှလုံးသားပါ ကျွန်မအပိုင်ပဲကို “ ထန်ယရှင်းက အောင်နိုင်သူတစ်ယောက်လိုလေသံမျိုးနဲ့အဖြေပြန်ပေးလိုက်တယ် ဒါတင်မကသေး ချီကျီယွဲ့ရဲ့ရင်ဘက်ပေါ် သူမလက်ချောင်းတွေနဲ့ ရစ်ပတ်ကစားကာ မြှူဆွယ်နေသေးသည်.

အခုချိန်အရေးကြီးတာလုပ်နေတာသာမဟုတ်ရင် ချီကျီယွဲ့ချက်ချင်းပဲ ထန်ယရှင်းကို သူ့ကိုယ်အောက်မှာဖိထားပြီး ပြင်းပြင်းထန်ထန်ဆက်ဆံပစ်လောက်တယ်.

ရွံစရာကောင်းလိုက်တာ. ထန်အိုက်နင်း သူမဒဏ်ရာကနာကျင်မှုထက် ဒီမြင်ကွင်းကိုကြည့်နေရတာက ပိုပြီး စက်ဆုပ်စရာကောင်းနေတယ်.

တကယ်လို့ သူမသာ ဒဏ်ရာမရထားဘူးဆိုရင် သူမမျက်စိရှေ့မှာထိုနှစ်ယောက် ဒီလိုအရှက်မဲ့စွာပြုမူနေတာကို ခွင့်ပြုထားမှာမဟုတ်ဘူး.

“နင်တို့”

ထန်အိုက်နင်းရဲ့စကားသံကို ကြားလိုက်တာနဲ့ ထန်ယရှင်းရဲ့ အမူအရာပြောင်းလဲသွားပြီး ပြန်ပြောဖို့ပြင်နေတုန်းမှာပဲ ချီကျီယွဲ့က..

“ဘေဘီ စိတ်တိုမနေပါနဲ့ သူကသေတော့မယ့်လူပဲကို မသေခင်စကားနဲနဲလောက်ပြောခွင့်ပေးထားလိုက်ပါ”

ထန်ယရှင်းလဲ စိတ်ပြန်လျှော့လိုက်ပြီး

“ကိုပြောတာမှန်တယ် တကယ်တော့ ကျွန်မလဲ သူ့ကိုဒီလောက်စောစောမရှင်းပစ်ချင်သေးပါဘူး ဒါပေမယ့် သူက သူ့အမေသေတာကို သိသွားတယ်လေ ပြီးတော့ သူ့အမေကိုတော်တော်ခင်တွယ်ပုံပဲ ရှင်နဲ့ သူ့အမေအတွက်သာဆို ထန်မိသားစုကိုတောင် သစ္စာဖောက်နိုင်လောက်တယ်”

ခနနားလိုက်ပြီးမှ..

“ထန်အိုက်နင်း နင်ကထန်မိသားစုအတွက် အကျိုးပြုခဲ့တာတွေအတော်များတော့ နင့်ကိုရွေးချယ်စရာနှစ်ခုပေးမယ်. ပထမတစ်ခုက နင်ကိုယ်တိုင်ရေထဲခုန်ချရမယ်.. နောက်တစ်ခုကတော့....”

ထန်ယရှင်း အဓိပ္ပါယ်ပါပါပြုံးလိုက်ပြီး..

“ဒုတိယအနေနဲ့တော့ ငါ့နောက်လိုက်တွေနဲ့ ပျော်ပျော်ပါးပါးကစားပြီး မသေခင် မိန်းကလေးတစ်ယောက်ကနေ မိန်းမတစ်ယောက်ဖြစ်လာရတဲ့ ခံစားချက်ကို ခံစားကြည့်သွားပေါ့ ဘယ်လိုလဲ?”

ထန်အိုက်နင်း လက်သီးကျစ်ကျစ်ပါအောင်ဆုပ်လိုက်ပြီး သူမရဲ့မျက်နှာကတော့ မည်းမှောင်သွားတယ်.

သူမမှာ သေဖို့ကလွဲပြီးရွေးချယ်စရာမရှိတော့တာကြောင့် ဆက်ပြီးတောင့်ခံဖို့ကိုလက်လျှော့လိုက်တော့တယ်.

သူမ မသေခင် ထန်ယရှင်းကို ထိခိုက်အောင်တစ်ခုခုလုပ်ခဲ့ချင်ပေမယ့် ဖမ်းမိသွားရင် သက်တော်စောင့်တွေရဲ့ လူမဆန်စွာဖျက်ဆီးခြင်းကို ခံရမယ်ဆိုတာတော့ သူမရှင်းရှင်းကြီးသိပါသေးတယ်.

ဒါကြောင့်....

ထန်ယရှင်း နဲ့ ချီကျီယွဲ့တို့ဘက်ကိုအထင်သေးစွာကြည့်ရင်း အေးစက်သောအသံဖြင့်

“ငါသာအသက်ရှင်ခဲ့မယ်ဆိုရင် နင်တို့သေချာပေါက်ပြန်ပေးဆပ်ရမယ်”

ထန်အိုက်နင်းရဲ့ စကားတွေက ကျိန်စာတစ်ခုလိုမျိုးခံစားရပြီး တစ်နေ့ဖြစ်လာနိုင်မလားဆိုတဲ့ ခြိမ်းခြောက်မှုကြီးက ထန်ယရှင်းနှင့် ချီကျီယွဲ့တို့ကို အေးစက်သွားစေတယ်.

ဒါပေမယ့် သူတို့ပြန်မတုံ့ပြန်နိုင်ခင်မှာပဲ ထန်အိုက်နင်းဟာ ကြမ်းတမ်းစွာရိုက်ခက်နေတဲ့ ပင်လယ်လှိုင်းလုံးတွေကြားထဲ ခုန်ဆင်းသွားခဲ့တယ်.

ထန်အိုက်နင်း၏ခန္ဓာကိုယ်ဟာ တဖြည်းဖြည်းနစ်မြုပ်သွားပြီး သူမသတိမလစ်ခင်မှာပဲ ရုတ်တရက် သူမရင်ဘက်ပေါ်က ဆွဲပြားကနေအနီရောင်အလင်းတန်းတစ်ခုလင်းလက်သွားတာကို နောက်ဆုံးတွေ့လိုက်ရတယ်.

.......................................................

F မြို့တော် နိုင်ငံ၏တတိယအဆင့်မြို့တော်

ဗဟိုဆေးရုံကြီး၏ သာမာန်လူနာခန်းလေးတွင် ကုတင်လေးလုံးရှိသည့်အနက် ညာဘက်ရှိ နံရံနှင့်ကပ်လျက်တွင်ရှိသော ကုတင်ကိုသာ အသုံးပြုသူရှိနေသည်.

လူနာကုတင်ပေါ်တွင်တော့ အသက် 17နှစ် 18နှစ်အရွယ်ကောင်မလေးတစ်ယောက်ရှိနေပြီး သူမရဲ့ခေါင်းမှာတော့ ပတ်တီးဖြူဖြူများတည်ရှိနေသည်.

သူမဟာလှပတဲ့ကောင်မလေးတစ်ယောက်ဆိုတာသိသာပေမယ့် အခုချိန်မှာတော့ တည်တင်းနေတဲ့မျက်နှာထားနှင့် တီဗီတွင်ထုတ်လွှင့်ပြသနေသော သတင်းတစ်ပုဒ်ကိုသာ စူးစိုက်ကြည့်လျက်ရှိသည်.

........................P1End...................

ဖီးနစ်သွေးစက်

အခန်း ၂ ပြန်လည်မွေးဖွားလာတဲ့ကျောင်းသူလေး

သတင်းမှာလာနေတာကတော့ မနေ့ကမွန်းလွဲချိန်တွင် မြို့တော်B ရဲ့ပင်လယ်ထဲ၌ အသက်25နှစ်အရွယ်အမျိုးသမီးခန္ဓာကိုယ်တစ်ခု ရှာတွေ့ခဲ့ကြောင်းပဲဖြစ်သည်. ရင်ခွဲစစ်ဆေးမှုအရ သူမဟာ ရဲတွေလိုက်လံဖမ်းဆီးနေတဲ့ စီးပွားရေးသူလျှို ကြေးစားလူသတ်သမားဖြစ်တယ်လို့သိရပါတယ်.

သတင်းကို ကြည့်နေသည့်အချိန်မှာ ဆယ်ကျော်သက်မိန်းကလေးသည် ပိုပြီးလေးနက်တည်ကြည်လာပုံ‌ပေါ်သည်.

ဘယ်သူမှမသိလိုက်တာက ဆယ်ကျော်သက်မိန်းကလေးရဲ့ဝိဉာဉ်ဟာ သတင်းထဲမှာပါတဲ့ အမျိုးသမီး၏ဝိဉာဉ်နှင့် အစားထိုးခံလိုက်ရပြီဆိုတာပဲ.

အမှန်ပါပဲ ထန်အိုက်နင်းပြန်လည်မွေးဖွားလာခဲ့ပါပြီ

မယုံနိုင်စရာကောင်းပေမယ့် ဖြစ်တာတွေကတော့ဖြစ်ပြီးသွားပါပြီ အလိုက်သင့်ပြောင်းလဲနေထိုင်မှုမှာကျွမ်းကျင်သောပါရမီရှိတယ်လို့ ကိုယ့်ကိုကိုယ် ဂုဏ်ယူရတဲ့ ထန်အိုက်နင်း ကိုယ်တိုင်တောင်မှ ဒီအဖြစ်အပျက်ကို လက်ခံနိုင်ရန် မနက်ခင်းတစ်ပိုင်းလုံးကုန်ဆုံးခဲ့ရသည်.

ဘုရားသခင်က သူမကို ပြန်လည်မွေးဖွားခွင့်ပေးခဲ့မှတော့ သူမမသေခင်နောက်ဆုံးအချိန်က ပြောခဲ့တဲ့ ‘သူမသာအသက်ဆက်ရှင်နေမယ်ဆိုရင် ချီကျီယွဲ့ကော ထန်ယရှင်းပါ သေချာပေါက်ပြန်ပေးဆပ်ရမယ်’ဆိုတဲ့ ကျိန်စာကို သေချာပေါက် ဖြည့်စည်းပေးမှာပါ.

‘ဒီတော့ ချီကျီယွဲ့, ထန်ယရှင်း နင်တို့နှစ်ယောက်လုံးစောင့်နေကြ ငါထန်အိုက်နင်း ပြန်လာပြီ ’

သူမရဲ့အမေကိုသတ်ပြီး သူမကိုနှစ်ပေါင်းများစွာအသုံးချခဲ့ကြတဲ့ ထန်မိသားစုကို ပြန်လက်စားချေမယ်.

ထန်အိုက်နင်းဟာ ကုနင်းလို့ခေါ်တဲ့ အသက်18နှစ်အရွယ်မိန်းကလေးဆီမှာ ပြန်လည်မွေးဖွားလာခဲ့ပါတယ်. သူမဟာ သာမာန်မိသားစုတစ်ခုမှဖြစ်ပြီး သူမအမေဟာသူမကို အိမ်ထောင်မပြုရသေးဘဲ မွေးဖွားခဲ့ခြင်းဖြစ်သည်.

ဒါကြောင့် ဆွေမျိုးတွေက သူတို့သားအမိနှစ်ယောက်ကို အရှက်ရစရာ စက်ဆုပ်ရွံရှာစရာအဖြစ်နှစ်ပေါင်းများစွာ ဖယ်ကြဉ်ထားကြပြီး ကုနင်းကိုတော့ အမြဲတမ်း ‘မိမစစ်ဖမစစ်ကလေး’ ဟုခေါ်ဆိုခဲ့ကြသည်.

ဒါတင်မကသေး ကုနင်းဟာ စကားမပြော, သီးခြားနေတတ်ပြီး အားနည်းတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အတန်းဖော်တွေကပါ ဝိုင်းပယ်ထားပြီး အနိုင်ကျင့်ကြသည်.

ကုနင်းရဲ့ အမေကုမန့်ကတော့ ဘွဲ့မရဖူးတဲ့အတွက် သာမာန်စက်ရုံလေးမှာသာလုပ်ကိုင်နိုင်ပြီး တစ်လမှ ယွမ်ထောင်ဂဏာန်းလောက်သာ ရရှိခြင်းကြောင့် သူမတို့ဘဝနေထိုင်မှုမှာ ခက်ခဲခဲ့သည်.

ကုနင်းဟာ မြို့တော်F ရှိ အထက်တန်းကျောင်းတစ်ခု၏ စီနီယာတန်းကျောင်းသူတစ်ယောက်ဖြစ်ပေမယ့် သူမအတွက်တော့ ကောလိပ်ဝင်ခွင့်စာမေးပွဲပြင်ဆင်ခြင်းနဲ့ အတော်လေးအလှမ်း‌ေဝးနေတယ်.

ကိစ္စတော့မရှိပါဘူး ကုနင်းသည် ပညာပါရမီမပါတာကြောင့် ကောလိပ်တစ်ခုခုက လက်ခံဖို့ဆိုတာတော်တော် ခက်ခဲပါတယ်.

ဒီကိစ္စအတွက်နဲ့ ဆွေမျိုးတွေဟာ လှောင်ပြောင်ခဲ့ကြပြီး တချို့ဆို ကုမန့်ကောင်းဖို့အတွက်ဆိုပြီး စာမေးပွဲပြီးတာနဲ့ ကုနင်းကို ယောက်ျားတစ်ယောက်ယောက်နဲ့ပေးစားလိုက်ဖို့တောင် ဖျောင်းဖျနေကြသေးတယ်.

ဒါပေမယ့် ကုနင်းဆေးရုံရောက်နေရတဲ့အကြောင်းကို ပြန်တွေးကြည့်မိတော့ ထန်အိုက်နင်းရဲ့ အကြည့်တွေမှာ ဒေါသအရောင်ဖြတ်ပြေသွားပြီး မျက်နှာတစ်ပြင်လုံးမည်းမှောင်သွားတော့သည်.

ဘာလို့ဆို သူမတို့နှစ်ယောက်လုံး တူညီတဲ့ပြဿနာကိုကြုံတွေ့ခဲ့ရတာကြောင့်ပါ.

ကုနင်းဆေးရုံမတက်ခင်အထိ ချစ်သူရှိခဲ့ပါတယ်. အတန်းရဲ့ ထိပ်တန်းကျောင်းသား ချင်ကျန်းဖြစ်ပြီး 2လ‌လောက်တွဲခဲ့တာပါ.

ချင်ကျန်းသည် ချောမောခန့်ညာပြီး ထူးချွန်သူတစ်ယောက်ဖြစ်ရုံသာမက ချမ်းသာတဲ့မိသားစုမှ မွေးဖွားလာသူတစ်ယောက်လဲဖြစ်တယ်. သူ့အဖေကတော့ ခရီးသွားလုပ်ငန်းဗျူရို၏ဥက္ကဌဖြစ်ပြီး အမေကတော့ သားဖွားမီးယပ်ဌာန၏ ဒါရိုက်တာတစ်ယောက်ဖြစ်သည်. ချင်ကျန်းကတော့ အာဏာပိုင်တွေရဲ့သားတစ်ယောက်ပေါ့.

ဒီလိုထူးချွန်တဲ့ ကောင်လေးတစ်ယောက်က သူမကို အရင်စလိုက်လိမ့်မယ်လို့ ကုနင်းတခါမှ အိပ်မက်တောင်မမက်ဖူးပါဘူး. အရေးကြီးဆုံးအချက်ကတော့ သူမ ချင်ကျန်းကို ကြိုက်နေခဲ့တာ 1နှစ်လောက်ရှိပါပြီ. သူမတို့နှစ်ယောက်ကမလိုက်ဖက်ဖူးဆိုတာသိပေမယ့် ငြင်းလိုက်ဖို့အထိတော့ စိတ်မပါခဲ့ပါဘူး ဒါကြောင့် ရက်အနည်းငယ်လောက်အကြာမှာပဲ လက်ခံကြောင်းအဖြေပြန်ပေးလိုက်တော့တယ်.

ဒါမပေမယ့် မနေ့ကပဲ အရာအားလုံးဟာ လမ်းဆုံးကိုရောက်ရှိသွားခဲ့တယ်.

မနေ့ကသောကြာနေ့ဖြစ်ပြီး ချင်ကျန်းက ကုနင်းကိုတွေ့ကြဖို့ပြောခဲ့တယ်. သူမကတော့ ဒါကိုချိန်းတွေ့မှာလို့ထင်ခဲ့မိပေမယ့် ချင်ကျန်းနဲ့အတူ ကုရှောင်ရှောင်ကိုတွေ့လိုက်ရရုံသာမက သူတို့တွေ့ဆုံပြီး မိနစ်ပိုင်းလေးမှာပဲ လမ်းခွဲစကားအပြောခံလိုက်ရတာက သူမကိုအလွန်အံ့အားသင့်သွားစေတယ်.

ကုရှောရှောင်က ကုနင်းဦးလေး၏သမီးဖြစ်ပြီး သူမထက်တစ်နှစ်ခွဲလောက်ကြီးသည်. ကြီးပြင်းလာတဲ့သက်တမ်းတစ်လျှောက် သူမမိဘတွေရဲ့ ‘ကုနင်းဟာ မိမစစ်ဖမစစ်ကလေး’ဆိုတဲ့အမြင်ဟာ ကုရှောင်ရှောင်ရဲ့စိတ်ထဲကိုပါ စွဲထင်နေစေတယ်. ဒါအပြင် ကုနင်ကသူမထက်ပိုလှသောကြောင့် ကုနင်းကိုအနိုင်ကျင့်ရခြင်းက သူမအတွက်ပျော်စရာတစ်ခုဖြစ်လာခဲ့တယ်.

“ကုနင်း, ချင်ကျန်းက နင့်ကိုဘယ်တုန်းကမှ မကြိုက်ခဲ့ဘူး. သူနင်နဲ့အတူရှိခဲ့ပေးတာကလဲ ငါတို့နှစ်ယောက်ကားက အလောင်းအစားကြောင့်ပဲ. တကယ်လို့ သူနင်နဲ့ချစ်သူဖြစ်ပြီး 2လလောက်နေတာနဲ့ အမှိုက်တစ်ခုလိုစွန့်ပစ်နိုင်ရင် ငါ့ချစ်သူအဖြစ်သတ်မှတ်ပေးမယ်လို့ ပြောခဲ့တာ အခုတော့ ငါနဲ့ ချင်ကျန်းချစ်သူတွေဖြစ်သွားကြပြီလေ”

ကုရှောင်ရှောင်က အထက်စီးဆန်ဆန်ပြောလိုက်တယ်.

အချိန်ခနလောက်ယူပြီးမှ ကုနင်းရှော့ဥတာကနေပြန်ကောင်းလာကာ ချင်ကျန်းဘက်ကိုလှည့်လိုက်ပြီး

“ဒါအမှန်တွေပဲလား?”

ချင်ကျန်း သူမကိုအထင်သေးစွာဖြင့်ကြည့်လိုက်ပြီး မနှစ်မြို့သောအမူအရာဖြင့်

“သေချာတာပေါ့. ကုနင်း, ငါက မင်းလိုဆင်းရဲပြီး ဘာဆိုဘာမှမရှိတဲ့မိန်းကလေးတစ်ယာက်ကို တကယ်ကြီးကြိုက်လိမ့်မယ်လို့ ထင်နေတာလား? ရှောင်ရှောင်အတွက်သာမဟုတ်ရင် မင်းကို လှည့်တောင်မကြည့်ဘူး မင်းကအရမ်းစက်ဆုပ်စရာကောင်းတယ်”

ကုနင်းကျောက်ရုပ်တရုပ်လိုဖြစ်သွားတယ်

သူမမင်းသားလေးနဲ့တွေ့ပြီလို့ ထင်ခဲ့ပြီးကာမှ အားလုံးက ဟာသတစ်ခုဖြစ်သွားတယ်

ကုနင်း ဒီအဖြစ်အပျက်တွေကို လက်မခံနိုင်ပဲ ရှက်ရွံ့စွာထွက်ပြေးရာကနေ ကားတိုက်ခံလိုက်ရတယ်. ဒရိုင်ဘာက လွတ်မြောက်သွားခဲ့ပေမယ့် သူမကတော့ သွေးအလွန်အကျွံထွက်ပြီး ဦး‌ဏှောက်က ဆိုးဆိုးရွားရွားပျက်စီးသွားတယ်.

သူမပြန်နိုးလာတဲ့အခါမှာတော့ ထန်အိုက်နင်းဖြစ်သွားပြီ

ဒီအချိန်မှာပဲ တံခါးအပြင်ဘက်မှ အမျိုးသမီးနှစ်ယောက်၏အသံက ထန်အိုက်နင်းရဲ့အတွေးတွေကို ရပ်တန့်သွားစေတယ်.

“ဒါ ယွမ် 30000. ဒါငါနဲ့ နင့်ခဲ့အိုနှစ်ယောက်လုံးစုထားတဲ့ငွေအကုန်ပဲ. ဒါပေမဲ့ ဒီလောက်နဲ့ ကုနင်းရဲ့ ခွဲစိတ်ခမလုံလောက်ဘူးမလား?”

သူမကတော့ ကုနင်းရဲ့ အဒေါ်နှစ် ကုချင်ပါ. သူမရဲ့အသံက စိုးရိမ်နေပုံရတယ်. ခနလောက်ကြာမှ ဆက်ပြီး

“အကိုအကြီးဆုံးကို မေးကြည့်လိုက်ပါလား?”

ကုချင်ပြောတော့ ပြောလိုက်ပေမယ့် သူမကိုယ်တိုင်တောင် ဖြစ်နိုင်လိမ့်မယ်မထင်ပါဘူး

“ပြောပြီးသွားပြီ . ဒါပေမယ့် အကိုကြီးပြောတာက သူ့ပိုက်ဆံတွေအကုန်လုံးက သူ့မိန်းမကိုင်ထားလို့ သူ့ဆီမှာလဲမရှိဘူးတဲ့. အမလဲ အကြီးဆုံးယောင်းမအကြောင်းသိရဲ့သားနဲ့. ပိုက်ဆံက သူမဘဝပဲကို. တစ်ယောက်ယောက်ကို သူ့ပိုက်ဆံချေးလိုက်ရမှာထက် အသက်သာအသေခံသွားမယ်.”

ကုမန့်လဲ လက်လျှော့လိုက်တော့တယ်. သူမရဲ့အကိုအကြီးဆုံး ကုချင်းရှန်ဟာ သူမတို့မိသားစုထဲမှာအချမ်းသာဆုံးနဲ့ ကပ်စေးအနည်းဆုံးပဲ. သူ့ပိုက်ဆံတွေအကုန် သူ့မိန်းမလက်ထဲမှာဆိုတာ ဆင်ခြေသက်သက်မှန်း ကုမန့်သိသားပဲ.

“ဟုတ်သားပဲ, ဒါနဲ့ တတိယအကိုကော?”

“သူအိမ်အသစ်ဝယ်ထားလို့ လက်ထဲပိုက်ဆံမရှိတော့ဘူးတဲ့. ဒါတွေအားလုံး ကျွန်မကြောင့်ပါ ကုနင်းကို ဝေဒနာတွေခံစားစေမိတယ်. တကယ်လို့ ကုနင်းသာပြန်မကောင်းလာရင် ကျွန်မလဲကိုယ့်ကိုကိုယ်သတ်သေလိုက်တော့မယ်”

ကုနင်းက အရင်ကကုနင်းမဟုတ်တော့ပါဘူး သူမမှာ ကိုယ်ပိုင်ကျွမ်းကျင်တဲ့အရည်အချင်းတွေရှိပါတယ်. ဒါကြောင့် အပြင်ကလူတွေ တိုးတိုးလေးပြောနေကြတာတောင် သူမကတော့ ရှင်းရှင်းလင်းလင်းကြီးကို ကြားနေရပါသေးတယ်.

ပြီးတော့ ထိုစကားလုံးတွေက သူမကိုခံစားသွားရစေတယ်.

ဒီမနက်သူမနိုးလာထဲက သူမရဲ့ပြန်လည်မွေးဖွားလာမှုနဲ့ပတ်သတ်တဲ့အကြောင်းပြန်တွေးရင်းနဲ့ပဲ အလုပ်ရှုပ်နေတာ သူမပြန်လည်သတိရနေပြီဆိုတဲ့အကြောင်းတောင် ကုမန့်ကိုမပြောပြရသေးဘူး. ဒါကြောင့် ထန်အိုက်နင်း အပြစ်ရှိသလိုခံစားသွားရတယ်.

အသံတစ်သံနဲ့အတူ တံခါးကပွင့်သွားခဲ့ပြီး သက်လက်ပိုင်းအရွယ်အမျိုးသမီးနှစ်ယောက်က လမ်းလျှောက်ဝင်လာတယ်. သူတို့က သာမာန် စျေးပေါတဲ့အဝတ်အစားများကိုသာဝတ်ဆင်ထားတယ်. သူတို့အဝတ်တွေက ဟောင်းနွမ်းနေပေမယ့်လို့ သန့်ရှင်းသပ်ရပ်လျက်ရှိတယ်.

သူတို့က ပိုက်ဆံမချမ်းသာတဲ့အတွက် အသားရေလဲမထိန်းသိမ်းနိုင်တာကြောင့် ရှိရင်းစွဲအသက်ထက် ပိုကြီးတဲ့ပုံပေါ်နေတယ်. သူတို့သာ အသက်50ရှိပြီလို့ပြောရင် ဘယ်သူမှသံသယဝင်ကြမှာမဟုတ်ဘူး.

“မေမေ, အန်တီ”

ထန်အိုက်နင်းသူမနှုတ်ခမ်းတွေကို ပထမဆုံးအကြိမ်ဖွင့်ဟလိုက်ပေမယ့် သူမပြန်လည်မွေးဖွားတာကို လက်ခံလိုက်တာကြောင့် မသက်မသာမခံစားရဘူး.

ပထမဆုံး ကုနင်းရဲ့မှတ်ဉာဏ်တွေကို ပြန်ထိန်းသိမ်းပြီးချိန်မှာ သူမအမေရဲ့ နက်ရှိုင်းသော မိခင်မေတ္တာကို ခံစားလိုက်ရတယ်. ဒုတိယအနေနဲ့ သူမမိခင်ကိုအလွန်တောင့်တနေတယ် ဘာလို့ဆို ကုနင်းရဲ့အမေကို သူမအမေအဖြစ်လုံးဝလက်ခံလိုက်တာကြောင့်ပါ.

ကုမန့်ကို သူမအမေအရင်းအဖြစ်သတ်မှတ်လိုက်တယ်. သူမတို့နှစ်ယောက်လုံးမှာ ယောက်ျားရဲ့စွန့်ပစ်ခြင်းကို ခံခဲ့ရပေမယ့် ကုမန့်ကတော့ ထန်အိုက်နင်းအမေထက် ပိုပြီးကံကောင်းပါတယ် .

ဒီလိုခက်ခဲတဲ့ဘဝမှာနေ,နေရပေမယ့် ကုမန့်ကတော့ အသက်ရှင်သန်နေတုန်းပဲလေ.

.....................P2End…………….

ဖီးနစ်သွေးစက်

အခန်း ၃ မျှော်လင့်ချက်များကို ထုတ်ဖော်ခြင်း

ကုနင်း ဒါမှမဟုတ် ထန်အိုက်နင်း စကားစပြောလိုက်တာက ကုမန့် နဲ့ ကုချင်ကို အလွန်အံ့‌သြသွားစေပါတယ်.

ကုနင်း ကုတင်ခေါင်းရင်းကိုမှီပြီး ထိုင်နေတာကိုမြင်ရတာ သူမတို့မျက်လုံးကိုပင်ပြန်မယုံနိုင်လောက်အောင်ပါပဲ.

ဆရာဝန်က ကုနင်းရဲ့ဦးဏှောက်အတွင်းသွေးခဲနေတဲ့အတွက် ခွဲစိတ်မှုပြုလုပ်ရမယ်လို့ပြောထားတာပါ ဒါပေမယ့်အခုတော့ ကုနင်းက ဘာမှတောင်မလုပ်ရသေးခင် ပြန်သတိရလာရုံသာမက ကိုယ်တိုင်တောင်ထထိုင်နေနိုင်သေးတယ်.

“နင်း,နင်းနင်း, သမီး သတိရလာပြီ ....”

ကုမန့် အံ့သြသွားပေမယ့်လဲ မကြာခင်မှာပဲ ပြန်လည်တုံ့ပြန်နိုင်ခဲ့ပါတယ်. သူမမျက်ရည်တွေစီးကျလာပြီး ချက်ချင်းကုနင်းဆီသွားပြီး ဖတ်ထားချင်ပေမယ့် သူမလေးကို နာကျင်သွားစေမှာကိုလဲ စိုးရွံ့နေမိတယ် ဒါကြောင့်သူမလက်ကို ဘယ်ထားရမှန်းမသိစွာနဲ့ နေရာမှာပဲဆက်လက်ရပ်နေတယ်.

“နင်းနင်း, သမီး သတိရလာပြီ , နောက်ဆုံးတော့ နိုးလာခဲ့ပြီပေါ့...”

ကုချင် သူမဆီအပြေးသွားလိုက်တယ်. သူမမယုံကြည်နိုင်သေးပေမယ့်လဲ အမှန်တကယ် စိတ်လှုပ်ရှားပျော်ရွှင်နေခဲ့ပါတယ်.

“မေမေ, အန်တီ သမီးတကယ်သတိရလာပါပြီ ”

ကုနင်း ကုမန့်စိတ်သက်သာရာရစေရန် လက်ကိုဆုပ်ကိုင်ရင်‌းပြောလိုက်သည်.

“ဟုတ်တာပေါ့ ဟုတ်တာပေါ့. သမီးသတိရလာလို့တော်သေးတာပေါ့”

ကုမန့် ပျော်ရွှင်မျက်ရည်များကျဆင်းနေပြီး ကုနင်းရဲ့လက်ကို ပျောက်ကွယ်သွားမှာစိုးသည့်အလား တင်းကျပ်စွာပြန်လည်ဆုပ်ကိုင်ထားသည်.

ကုချင်သည်လဲပဲ ပျော်ရွှင်မှုကြောင့် မျက်ရည်များကျနေပါတယ်. ဒီလိုပြဇာတ်ဆန်ဆန်ဇာတ်လမ်းမျိုးက လူသားတွေလက်ခံနိုင်ဖို့ ခက်ခဲလွန်းပါတယ်.

“အိုး.. ငါဒေါက်တာကို သွားခေါ်လိုက်ဦးမယ်” ကုချင်အရင်ဆုံးသတိရလိုက်ပြီး ချက်ချင်းပြေးထွက်သွားသည်.

မကြာခင်မှာပဲ ဒေါက်တာရောက်ရှိလာပြီး ကုနင်း၏မှော်ဆန်ဆန်နိုးထလာမှုကို အလွန်အံ့အားသင့်နေတယ်.

ဒါပေမယ့်လဲ သေချာအောင်စမ်းသပ်စစ်ဆေးမှုတွေလုပ်ဖို့လိုပါသေးတယ်.

ဒါနဲ့ပဲ ဒေါက်တာက ကုချင်ကို စပြီးစစ်ဆေးပါတယ်.

စစ်ဆေးမှုပြီးသွားတော့ ကုချင်က ကုနင်းအတွက် စားစရာသွားဝယ်ပြီး ကုမန့်ကတော့ သူမကိုစောင့်ရှောက်ဖို့ရာနေခဲ့တယ်.

ကုနင်း ကုမန့်ရဲ့ သန်မာလှသောမိခင်မေတ္တာကိုခံစားလိုက်ရတယ်.

ဒါဟာ သူမမိခင်ကိုမာဝင်သွားပြီးနောက် ပထမဆုံးအကြိမ်အဖြစ် မိခင်မေတ္တာကို ပြန်လည်ခံစားမိခြင်းပါ.

သူမ ချီကျီယွဲ့နဲ့ရှိစဉ်တုန်းက စကားချိုချိုလေးတွေအများကြီးကြားခဲ့ပေမယ့် ဒါတွေအားလုံးက အလိမ်အညာတွေဖြစ်နေခဲ့ပါတယ်.

နေ့လည်စာစားပြီးချိန်မှာတော့ ကုချင်ဟာ နေ့လည်ဘက်အလုပ်ရှိတာကြောင့်ပြန်သွားခဲ့ပါတယ်. ကုမန့်ကတော့ ဒီနေ့ရော မနက်ဖြန်ရောအားနေမှာပါ ဘာကြောင့်ဆို မနေ့က ကုနင်းအက်ဆီးဒန့်ဖြစ်ခဲ့တာကြောင့် ဒီတစ်လအတွက် သူမရဲ့ခွင့်ရက်သုံးရက်လုံးကိုယူခဲ့တာကြောင့်ပါ.

ကုမန့်, သူမကိုနားဖို့မပြောခင်အထိ ကုနင်းနဲ့ စကားတွေအများကြီးပြောနေခဲ့တယ်.

သူမ မနေ့နေ့လည်ခင်းထဲက တရေးမှမအိပ်ရသေးတာကို ကုနင်းသိတာကြောင့် ဘေးနားရှိကုတင်အလွတ်ပေါ်တွင် နားရန်ပြောလိုက်တယ်.

ကုနင်းပြန်သတိရလာပြီဆိုပေမယ့် နောက်ဆုံးစစ်ဆေးချက်မထွက်သေးတာကြောင့် ကုမန့် စိတ်ချလက်ချနားလိုက်ဖို့ရာ တွန့်ဆုတ်နေပါတယ်.

ဒါကြောင့် ကုနင်းက ကုမန့်သာမနားရင် သူမလဲမနားဖူးလို့ပြောလိုက်ကာမှ ကုမန့်လဲ လက်ခံလိုက်တော့တယ်.

ကုမန့်လဲတော်တော်ပင်ပန်းနေပါပြီ . ဒါနဲ့ ကုနင်းစိတ်ချမ်းသာအောင် ဘေးနားမှာခနလောက်လှဲချပေးလိုက်ပေမယ့် မိနစ်အနည်းငယ်အကြာမှာပဲ လုံးဝအိပ်ပျော်သွားတော့တယ်.

ကုနင်းကတော့ မအိပ်ချင်တော့တာကြောင့် မျက်နှာကြက်ကိုငေးကြည့်ရင်း သူမဘဝရဲ့နောက်ဆုံးအချိန်မှာဖြစ်ပျက်ခဲ့တာတွေကို ပြန်လည်တွေးတောနေတယ်.

ထိုအချိန်မှာပဲ သူမခေါင်းပေါ်မှာ ခြေထောက်တစ်စုံက လမ်းလျှောက်လာတာကိုတွေလိုက်ရတာကြောင့် သူမလဲထိတ်လန့်သွားပြီး အတွေးတွေကိုချက်ချင်းရုတ်သိမ်းလိုက်တယ်. ဒါပေမယ့် မျက်နှာကြက်ဟာ ဘာဆိုဘာမှမရှိပဲ ရှင်းလင်းလို့နေပြန်တယ်.

ဘာလို့များသူမခေါင်းပေါ်ကနေ ခြေထောက်တစ်စုံလျှောက်လာနေတယ်လို့မြင်ရတာလဲ? စိတ်‌ခြောက်ခြားနေလို့များလား?

ကုနင်းလဲ မျက်နှာကြက်ကို ကြည့်နေရာကနေရပ်လိုက်ပြီး ကုမန့်အိပ်နေတဲ့ဘက်ကို သူမခန္ဓာကိုယ်အားလှည့်လိုက်သည်. ထိုအမျိုးသမီးဟာ မျက်လုံးနဲ့ နဖူး‌ရှိအရေပြားများတွန့်နေပြီး အသားအရေဟာလဲ ဝါညစ်ညစ်ဖြစ်နေတယ်.

ကုမန့်သည် ခက်ခဲကြမ်းတမ်းတဲ့ဘဝမှာနေခဲ့ရတာကြောင့် သူမအသားရေကိုထိန်းသိမ်းဖို့လဲ ပစ္စည်းတွေမဝယ်နိုင်သလို အစားကောင်းရော စျေးကြီးတဲ့အဝတ်အစားတွေပါ မဝယ်ဝတ်နိုင်ပါဘူး.

ဒါပေမယ့် ကုနင်းကိုတော့ သူမတတ်နိုင်သမျှအကောင်းဆုံးဆိုတာတွေကြီးပဲဖြည့်စည်းပေးပါတယ်.

ကံအားလျော်စွာနဲ့ ကုနင်းဟာလိမ္မာတဲ့ကလေးတစ်ယောက်ပါ. သူမဟာတစ်ယောက်တည်းသီးခြားနဲ့ ဘာသိဘာသာနေတတ်ပေမယ့်လဲ သူမတို့မိသားစုအခြေနေနဲ့မတတ်နိုင်တာကိုသိတာကြောင့် တခြားကလေးတွေကိုတော့လိုက်မယှဥ်ပြိုင်နေပါဘူး.

အခုတော့ ထန်အိုက်နင်းဟာ ကုနင်းဖြစ်နေပါပြီ, ဒါကြောင့်သူမကိုသူမကော ကုနင်းကိုပါ ဆင်းရဲပြီးအားနည်းတဲ့ပုံစံအဖြစ်မခံပါဘူး. ဒါ့အပြင်သူမကလက်စားချေဖို့လဲရှိနေတာကြောင့် သေချာပေါက် စွမ်းအားပြည့်နေဖို့လိုပါတယ်.

သူမမှာရည်ရွယ်ချက်ရှိတယ် ဒါကတော့ ထန်မိသားစုက သူမရန်သူတွေထက်ပိုပြီး သန်မာလာဖို့ပါ.

ထန်မိသားစုသည် မြို့တော်၏ တတိယမြောက်အချမ်းသာဆုံးမိသားစုသာဖြစ်သော်လည်း ပိုင်ဆိုမှုပေါင်း ဘီလီယံနှင့်ချီရှိနေတဲ့ အလွန်ကြွယ်ဝချမ်းသာတဲ့မိသားစုဖြစ်နေတုန်းပါ. ဒီလိုမျိုးတတိယအဆင့်မြို့တော်တစ်ခုအတွက်တော့ ၄င်းသည် ထိပ်တန်းမိသားစုတစ်ခုပါပဲ.

ဒါပေမယ့် ထန်မိသားစု၏ အောင်မြင်ကျော်ကြားမှုအများစုဟာ ထန်အိုက်နင်းရဲ့အားထုတ်ကြိုးပမ်းမှုများစွာပေါ်မူတည်နေပါတယ်.

ထန်အိုက်နင်းသည် ထန်မိသားစုအတွက်မရေမတွက်နိုင်အောင်များပြာလှသော တရားမဝင်မှုများကိုပြုလုပ်ခဲ့ပြီး ပြိုင်ဘက်များ၏ လျှို့ဝှက်စာရွက်စာတမ်းများကို ခိုးယူကာ လူများကိုလဲသတ်ခဲ့ရသည်.

ဒါပေမယ့် ထန်အိုက်နင်းက သူမမသေခင် သူမဘဝလုံခြုံဖို့အတွက် သက်သေတွေအားလုံးကို ဖျောက်ဖျက်ပစ်ခဲ့ပြီ ဒါကြောင့် ထိုသက်သေတွေကို ရှာဖွေအသုံးပြုပြီး ထန်မိသားစုကို စွဲချက်တင်ဖို့ဆိုတာမဖြစ်နိုင်တော့ဘူး.

လူတစ်ယောက် သူမအနားကို လမ်းလျှောက်လာတာတွေလိုက်တာကြောင့် ကုနင်း ထပ်မံစိတ်အနှောင့်အယှက်ဖြစ်သွားတယ်. သူမအံ့သြသွားပြီး စိတ်ကိုတစ်ဖန်ပြန်စုစည်းလိုက်တယ်.

ဒါ‌ပေမယ့် ဘယ်သူမှလဲလမ်းမလျှောက်နေသလို ဘယ်သူမှလဲမရှိဘူး သူမနဲ့မျက်နှာချင်းဆိုင်မှာ အဖြူရောင်နံရံကြီးတစ်ခုသာရှိတယ်. သူမမှာတကယ်ပဲ အာရုံခြောက်ခြားတဲ့ရောဂါရှိနေတာလား?

ထပ်ပြီးပြောရရင် လမ်းလျှောက်နေတဲ့လူတင်မကပဲ ရင်းနှီးနေတဲ့ပုံရတဲ့ နံပါတ်ပြား ‘106’လို့တပ်ထားတဲ့ တံခါးတစ်ချပ်ကိုပါတွေ့နေရတယ်.

သေချာပေါက် ‘106’နံပါတ်ပါတဲ့တံခါးဟာ သူမအခန်းနဲ့ မျက်စောင်းထိုးမှာရှိနေတဲ့ လူနာခန်းပဲဖြစ်တယ်.

ဒါပေမယ့် ဘယ်လိုလုပ်သူမက တံခါးကိုဖြတ်ပြီး မြင်နိုင်တာလဲ?

အကြောင်းအရင်းမရှိ ဒါဟာစိတ်ခြောက်ခြားတာမဟုတ်ပဲ အမှန်ဖြစ်တယ်လို့ သူမယုံနေမိတယ်.

သတိကြီးစွာနဲ့ နံရံဘက်ကိုပြန်ကြည့်လိုက်ပြီး သေချာအာရုံစိုက်ထားလိုက်တယ်.

ရုတ်တရက် ကုနင်းစိတ်ထဲမှာ အရဲကိုးတဲ့စိတ်ကူးတွေပေါ်လာတယ်.

ဒါက အကြားအမြင်ရတာများလား?

ကုနင်းသူမအတွေးတွေကိုပြန်ဖျောက်လိုက်ပြီး အသက်ပြင်းပြင်းရှူလိုက်သည်.

အကြားအမြင်ရတာဟုတ်မဟုတ် စမ်းကြည့်ဖို့ရန် သူမနောက်နံရံတစ်ခုစီ အကြည့်ရွှေ့လိုက်တယ်. ထိုနံရံက ဖောက်ထွင်းမြင်ရတဲ့ပုံစံပြောင်းသွားပြီး အခန်း, လူနာကုတင်တွေ, လူနာတွေနဲ့ ပစ္စည်းကိရိယာတွေကိုပါတွေ့လိုက်ရတယ်.

အခုတော့ အကြားအမြင်ရတယ်ဆိုတာ သူမသေချာသွားခဲ့ပြီ.

ကုနင်းသိပ်မယုံရဲ့သေးတာကြောင့် ပိုပြီးသေချာအောင်အတည်ပြုရန် ဘေးပတ်ဝန်းကျင်တွေကိုပါ လိုက်ကြည့်လိုက်သည်.

ထိုစဥ်မှာပဲ သူမမျက်လုံးထဲ ပြင်းထန်တဲ့နာကျင်မှုခံစားလိုက်ရပြီး သတိမေ့သွားခဲ့တယ်.

အိပ်မက်ထဲမှာတော့ ကုနင်း ပင်လယ်ထဲခုန်ချလိုက်ပြီး နစ်မြုပ်နေတဲ့အချိန် သူမရင်ဘက်ပေါ်က အနီရောင်ကျောက်စိမ်းလေးမှ အနီရောင်အလင်းတန်းတစ်ခုထုတ်လွှတ်နေတာကို မြင်မက်ခဲ့တယ်.

ပြီးတော့ အဝေးတစ်နေရာကနေ အသံတိုးတိုးတစ်ခုကိုကြားလိုက်ရတယ်. ထိုအသံပြောတာက “ ’ဖီးနစ်သွေးစက်’လို့ခေါ်တဲ့ ရှေးဟောင်းကျောက်စိမ်းတစ်ခုရှိတယ်. အဲ့ဒီကျောက်စိမ်းကို ဖီးနစ်ငှက်ရဲ့သွေးရယ် ကမ္ဘာမြေကြီးရဲ့ဝိဉာဉ်ရယ်နဲ့ ပြုလုပ်ထားတယ်. ဒီကျောက်စိမ်းမှာ မှော်စွမ်းအားရှိပြီး မင်းကို ထာဝရအသက်ရှင်အောင် ဒါမှမဟုတ် ပြန်လည်မွေးဖွားအောင်လုပ်ပေးနိုင်စွမ်းရှိတယ်.”

ရုတ်တရက် သူမရဲ့ အံ့သြစရာကောင်းလှသော အိပ်မက်ကနေနိုးသွားခဲ့တယ်.

ဘာတွေ, ဘာတွေဖြစ်ကုန်တာလဲ?

သူမစိတ်ရှုပ်ထွေးနေစဉ်မှာပဲ အချက်အလက်အပိုင်းအစတွေက စုစည်းလာခဲ့တယ်.

နောက်ဆုံးမှာတော့ သူမအဖြေထုတ်နိုင်ခဲ့ပြီ

ဒီ ‘ဖီးနစ်သွေးစက်’ကျောက်စိမ်းဟာ ဖီးနစ်ငှက်ရဲ့သွေးနဲ့ပြုလုပ်ထားတာ. ပြီးတော့ ဒါက ရှေးဟောင်းပစ္စည်းဖြစ်တာကြောင့် မှော်စွမ်းအင်ရှိတယ်. ဒီပစ္စည်းကြောင့်ပဲ သူမဟာပြန်လည်မွေးဖွားလာနိုင်ခဲ့တာ.

...............P3End................

ဖီးနစ်သွေးစက်

အခန်း ၄ သေနတ်နဲ့ဆရာဝန်

ကုနင်း ယခင်လူပြန်မဝင်စားသေးခင်ဘဝတုန်းက တိုက်တိုက်ဆိုင်ဆိုင် ဖီးနစ်ပုံစံအနီရောင်ကျောက်စိမ်းတစ်ခုကောက်ရခဲ့တယ်.

ထိုကျောက်စိမ်းမှာ ပိုင်ရှင်ရှိမရှိလဲမသိသလို သူမကလဲ သဘောကျနေတာကြောင့် သိမ်းထားလိုက်ခဲ့တယ်.

မမျှော်လင့်ထားဘဲ ထိုကျောက်စိမ်းမှာမှော်စွမ်းအားရှိနေပြီး သူမကိုပြန်လည်မွေးဖွားစေခဲ့သည်.

ဒါတင်မကသေး ဒီ ‘ဖီးနစ်သွေးစက်’ကျောက်စိမ်းက သူမစိတ်ဝဉာဉ်ထဲပျော်ဝင်သွားပြီး ကျောက်စိမ်းရဲ့ စွမ်းအားဖြစ်တဲ့ ကျောက်စိမ်းမျက်လုံးတစ်စုံကိုပါ ခက်ခံရရှိခဲ့တယ်.

အရာအားလုံးဟာ သူမရဲ့ ကျောက်စိမ်းမျက်ဝန်းတစ်စုံအတွင်းမှာတော့ ကြည်လင်နေတဲ့ ခရစ်စတယ်တွေလိုပါပဲ.

ဒီစွမ်းအားကြောင့် ကုနင်းဟာ အကြားအမြင်စွမ်းအားနဲ့ ပုံရိပ်တွေကိုမှတ်တမ်းတင်သလိုမှတ်မိနေနိုင်တဲ့စွမ်းအားကိုပါ ရရှိခဲ့တယ်.

ချီစိတ်ဝဉာဉ်စွမးအားဆိုတာ နေနှင့်လ၏အနှစ်သာရနှင့်ဆင်တူသော ကောင်းကင်ဘုံနှင့် ကမ္ဘာမြေကြီးကြားရှိမရေမတွက်နိုင်အောင်များပြားသောအရာတွေပါဝင်နေတဲ့ သန့်စင်သောစွမ်းအင်ဖြစ်တယ်

ပြီးတော့ စိတ်စွမ်းအင်အာကာပြင်လဲရှိပါသေးတယ်. သူကတော့ သိုလှောင်လို့ရတဲ့နေရာပေါ့.

မည်သည့်သက်မဲ့အရာဝတ္ထုပစ္စည်းကိုမဆို အတွေးလေးတစ်ချက်နဲ့တင် စိတ်စွမ်းအင်အာကာပြင်ထဲထည့်ထားနိုင်ပါတယ်.

ဒီလုပ်ဆောင်ချက်တွေရော ကျောက်စိမ်းမျက်ဝန်းကို အသုံးပြုရင်ပါ စွမ်းအားကုန်မှာပါ.

ဒီစွမ်းအားကြောင့် အသက်ရှည်ရှည်နေနိုင်သလို အနာရောဂါတွေကိုလဲပျောက်ကင်းစေနိုင်ပါတယ်.

မင်းရဲ့စွမ်းအားမြင့်လာလေလေ စိတ်စွမ်းအင်အာကာပြင်မှာပိုကျယ်လာပြီး ပစ္စည်းများများထည့်သွင်းနိုင်လေဖြစ်တယ်.

‘ဖီးနစ်သွေးစက်’သည် ကိုယ်တိုင်ကလဲ ကျောက်စိမ်းဖြစ်တာကြောင့် ကျောက်စိမ်းတွေရဲ့စွမ်းအားကိုလိုအပ်ပါတယ်.

ကျောက်စိမ်း၌ နက်ဖရိုက် နှင့် ဂျိတ်ဒိုက် ပါဝင်တယ်.

နက်ဖရိုက်မှာတော့့ ရိုးရာကျောက်မျက်များဖြစ်တဲ့ သလင်းကျောက်, သန္တာကျောက်, မဟူရာကျောက် စသည်တို့ပါဝင်ပြီး

ဂျိတ်ဒိုက်တွင်တော့ မြကျောက်အဓိကပါဝင်သည်.

ကျောက်စိမ်းရဲ့စွမ်းအင်ပါဝင်နေသ၍ အသုံးဝင်စဲပါ.

ဘယ်လိုပဲဖြစ်ဖြစ် ကျောက်စိမ်းဆိုတာ ခေတ်ဟာင်းဖြစ်စေ ခေတ်သစ်တွင်ဖြစ်စေ လူကြိုက်များထင်ရှားတဲ့ပစ္စည်းပဲ. ဒါကြောင့် ကုနင်းအတွက် ကျောက်စိမ်းရှာဖို့ဆိုတာမခက်ခဲပါဘူး.

ဒါပေမယ့် ကုနင်းဟာ ကျောက်စိမ်းအရေအတွကါအများကြီးကိုလိုအပ်ပြီး သူမကိုယ်တိုင်တောင်မှ ဘယ်လောက်အထိလိုအပ်လဲဆိုတာ မတွက်နိုင်ပါဘူး

ကျောက်အလောင်းအစားလုပ်ခြင်းကသာ ကုနင်းရဲ့လိုအပ်ချက်ကိုဖြည့်စည်းပေးနိုင်မှာပါ. သူမရဲ့ကျောက်စိမ်းမျက်ဝန်းအတွက် ကျောက်စိမ်းစွမ်းအားစုဆောင်းဖို့လိုအပ်ပါတယ်.

သူမမှာ ကျောက်စိမ်းမကျဝန်းရှိကတည်းက ကျောက်အလောင်းအစားလုပ်ရာမှာ နိုင်ဖို့ဆိုတာ သူမအတွက်အလွန်လွယ်ကူသွားပါပြီ.

ကျောက်အလောင်းအစားလုပ်ခြင်းတစ်ခုထဲကတင် သန့်စင်ပြီး သန်မာတဲ့ပြင်းထန်တဲ့စွမ်းအားတွေ ပျော်ဝင်နေတဲ့ ကျောက်စိမ်းပိုပိုပြီးတော့ ရရှိနိုင်ပါတယ်.

တချိန်ထဲမှာပဲ ကျောက်အလောင်းအစားလုပ်ရာကနေ ငွေအမြောက်အမြားကိုလဲရဦးမှာပါ.

သူမလိုချင်သလောက်ငွေတွေရဖို့ ကျောက်စိမ်းမျက်ဝန်းကို တခြားနည်းလမ်းတွေနဲ့လဲအသုံးပြုနိုင်ပါသေးတယ်.

ဥပမာအားဖြင့်. အံစာခေါက်ကစားရာတွင် အကြားအမြင်စွမ်းအားကိုသုံးပါက မင်းဘယ်တော့မှမရှုံးနိုင်ပါဘူး.

ဒါပေမယ့် အဲ့နည်းကကြာကြာတော့မခံပါဘူး ကာစီနိုတွေမှာသူတို့ကိုယ်ပိုင်စည်းမျဉ်းတွေရှိပြီး အနိုင်ရတဲ့ငွေပမာဏအကန့်အသတ်ရှိပါတယ်. တကယ်လို့ တစ်ယောက်ထဲကအများကြီးနိုင်နေရင် အဲ့လူက နာမည်ပျက်စာရင်း ဒါမှမဟုတ် ကျွမ်းကျင်သူစားရင်းဝင်သွားပါလိမ့်မယ်.

ဒါကြောင့် ငွေရှာဖို့တခြားနည်းလမ်းရှိပါက ကုနင်း ကျောက်အလောင်းအစားအပါအဝင် ဘယ်လောင်းကစားမှမလုပ်ချင်ပါ.

ရှေးဟောင်းပစ္စည်းတွေကလည်းအလွန်အသုံးများပါတယ် ဘာကြောင့်ဆို နေနှင့်လမှရရှိတဲ့ အနှစ်သာရတွေနဲ့ပတ်သတ်ပြီး ရှေးဟောင်းပစ္စည်းတွေမှာ ရှည်လျားလှတဲ့ သမိုင်းကြောင်းတွေရှိတာကြောင့်ပါ. ရှေးဟောင်းပစ္စည်းတစ်ခုမှာအနှစ်သာရပါရှိလျှင် ၄င်းသည် စစ်မှန်တဲ့အရာဖြစ်တယ်.

သူတည်ရှိတဲ့အချိန်ကာလကြာလေလေ ပစ္စည်း၏အနှစ်သာရကပိုပြီးများလေလေပါပဲ.

ကျောက်အလောင်းအစားလုပ်ခြင်းက မင်းကို တစ်ညတာအတွင်း ဘီလျံနာသူဌေးတစ်ယောက်ဖြစ်စေနိုင်သလို သူတောင်းစားတစ်ယောက်လဲဖြစ်သွားစေနိုင်ပါတယ်. ရှေးဟောင်းပစ္စည်းတွေကလဲ အလားတူပါပဲ.

မင်းသာအစစ်အမှန်ပစ္စည်းကိုရခဲ့မယ်ဆိုရင်တော့ တစ်ကြိမ်ထဲနဲ့ အလွန်ချမ်းသာသွားနိုင်သလို အဲ့လိုမှမဟုတ်ရင်တော့ တပြားမှကုန်းကောက်စရာမရှိလောက်အောင် ဆုံးရှုံးသွားနိုင်ပါတယ်.

ဒါပေမယ့် ကုနင်းမှာ စွမ်းအားရှိတဲ့အတွက် ဒီပြဿနာလောက်ကဘာမှမဟုတ်ပါဘူး.

ဒီအကြောင်းစဥ်းစားရင်းနဲ့ ကုနင်းပိုပြီး စိတ်လှုပ်ရှားလာတယ်. သူမမှာရှိနေတဲ့ မှော်စွမ်းအင်က တကယ့်ကိုအားကောင်းပြီး အသုံးဝင်ပါတယ်.

သူမမှာ ကျောက်စိမ်းမျက်ဝန်းရှိနေတာတောင်မှ ဘာမှဖြစ်မြောက်အောင်မစွမ်းဆောင်နိုင်ရင်တော့ သေလိုက်တာမှပိုကောင်းဦးမယ်.

သူမ၏ကြောက်ရွံ့မှုတွေက ပျော်ရွှင်ခြင်းအဖြစ်ကူးပြောင်းသွားတော့တယ်. ပိုက်ဆံကို သူမလိုချင်သလောက်ရနိုင်နေမှတော့ ဘာကြောင့်များ ကျောက်စိမ်းမျက်ဝန်းကို လက်မခံပေးနိုင်ရမှာလဲ?

“နင်းနင်း, နင်းနင်း, သမီးအဆင်ပြေရဲ့လား?” ကုမန့်ရဲ့ စိုးရိမ်နေတဲ့အသံကိုကြားတာကြောင့် ကုနင်းစိတ်ကိုပြန်စုစည်းလိုက်သည်. သူမ ကုမန့်၏ပူပန်မှုအပြည့်နဲ့မျက်နှာကို ကြည့်လိုက်ပြီး

“မေမေ နိုးနေတာလား?”

ကုနင်းကိုကြည့်ရတာအဆင်ပြေပုံပေါ်တာကြောင့် ကုမန့်စိတ်သက်သာရာရသွားပေမယ့် စိုးရိမ်နေတုန်းပါပဲ

“အမေနိုးနေတာကြာပြီ. သမီးကြည့်ရတာတစ်ခုခုဖြစ်နေတယ်ထင်လို့ အကြာကြီးခေါ်ကြည့်နေပေမယ့် ပြန်မထူးဘူး ထပ်ပြီး ဉီးဏှောက်ပျက်စီးသွားပြန်ပြီထင်နေတာ. အမေ့ကိုမခြောက်စမ်းပါနဲ့.”

ကုမန့်ရဲ့ရှင်းပြချက်ကြောင့် ကုနင်းနည်းနည်းရှက်သွားပြီး

“သမီးအတွေးလွန်သွားလို့ပါ ”

ကုမန့်ဘာမှဆက်မမေးတော့ပါဘူး သူမက ကုနင်းအဆင်ပြေနေတာတစ်ခုပဲလိုချင်တာပါ.

“တော်သေးတာပေါ့ သမီးနိုးလာရင်ပဲ တော်ပါပြီ. အခု6နာရီတောင်ရှိနေပြီ ဘာစားမလဲ? အမေသွားဝယ်ပေးမယ်.” ကုမန့်မေးလိုက်သည်.

ကုနင်းက “သမီးအစားမ‌ရွေးပါဘူး ဘာပဲဖြစ်ဖြစ်အဆင်ပြေပါတယ်.”

ကုမန့် ဒုတိယအကြိမ်နှုတ်ဟလိုက်ပေမယ့် ဘာမှတော့ထပ်မပြောတော့ပါဘူး

ကုနင်းဟာလိမ္မာတဲ့ကလေးမှန်းသိပါတယ် သူမစျေးကြီးတဲ့အစားအသောက်တွေကိုတော့ ပူဆာမှာမဟုတ်ပါဘူး. ဒါကြောင့် ကုမန့်, ကုနင်းအတွက်အရသာရှိတဲ့အစားအသောက်တွဝယ်ပေးဖို့ ဆုံးဖြတ်လိုက်တယ်.

ကုမန့်ထွက်သွားတော့ ကုနင်းလဲ လမ်းလျှောက်လေ့ကျင့်ခန်းလုပ်ရန် ကုတင်ပေါ်ကထလိုက်တယ်.

သူမလူနာခန်းကနေ လမ်းအနည်းငယ်လျှောက်ပြီးချိန်မှာ အဖြူရောင်ကုတ်နှင့် နှာခေါင်းစည်းအုပ်ထားတဲ့ဆရာဝန်တစ်ယောက်က သူမကိုဝင်တိုက်သွားတယ်. သူမလဲခလုတ်တိုက်ပြီးလဲကျမလိုဖြစ်သွားတယ်. ကံကောင်းစွာနဲ့ ဘေးမှနံရံကိုထောက်ပြီး ဟန်ချက်ထိန်းလိုက်နိုင်တယ်.

သူမပထမတော့ စိတ်တိုသွားပေမယ့် ဒေါက်တာ့မှာ အရေးပေါ်ကိစ္စရှိလို့ဖြစ်နိုင်ပါတယ်လေ တမင်ရည်ရွယ်ပြီးတိုက်တာမဟုတ်ပါဘူးဆိုပြီး ခွင့်လွှတ်ပေးလိုက်တယ်

သူမအံ့သြတာက ထိုဒေါက်တာက ဝင်တိုက်မိတာကိုမတောင်းပန်တဲ့အပြင် သူမကို စိန်းစိန်းဝါးဝါးကြည့်ပြီး ပြေးထွက်သွားခဲ့တယ်.

ကုနင်းစက္ကန့်ပိုင်းလောက်ဆွံ့အသွားခဲ့တယ် သူမကိုမတောင်းပန်ပဲ စိန်းစိန်းဝါးဝါးကြည့်သွားတာကြောင့်မဟုတ်ဘဲ ထိုသူ၏မျက်လုံးထဲတွင် အလွန်မုန်းတီးနေတဲ့အရိပ်အယောင်တွေတွေ့လိုက်ရတာကြောင့်ပါ. ဒါပေမယ့် ထိုအကြည့်တွေက သူမကိုတော့မဟုတ်ခဲ့ပါဘူး.

ကုနင်းဘာမှမပြောတော့ဘဲပြန်လှည့်လိုက်ရင်း ထိုလူဘက်ကိုစောင်းကြည့်လိုက်တယ်. ဒီလူကတော်တော်ဆန်းကြယ်တာပဲ.

ထိုအချိန်မှာပဲ ထိုလူရဲ့ကုတ်အင်္ကျီအောက်က ခါးနေရာမှာသေနတ်တစ်လက်ဖွက်ထားတာကိုတွေ့လိုက်ရတယ်.

ကုနင်းစိုးရိမ်သွားတယ်. ဘာလို့ဒေါက်တာတစ်ယောက်က သေနတ်ဆောင်ထားရတာလဲ?

ပြီးတော့ ထိုလူက ရုပ်ဖျက်ထားတဲ့ရဲနဲ့မတူပဲ လက်စားချေတဲ့လူနဲ့တူနေတယ်.

ဒါက ကုနင်းနဲ့ဘာမှမဆိုင်ပေမယ့် သူမအမှန်တရားကိုသိပြီးချိန်မှာတော့ နည်းနည်းလေးမှမရွေ့တော့ပါဘူး

တကယ်လို့ဒီလူသာ လက်စားချေဖို့လုပ်နေတဲ့သူဆို သူပစ်လိုက်ရင် အပြစ်မဲ့တဲ့သူတွေကိုပါထိခိုက်နိုင်ပါတယ်.

ထိုအတွေးတွေကြောင့် ကုနင်းလျစ်လျူမရှုနိုင်တော့ပါဘူး

သူမက ဘုရားသခင်ကော အပျိုစင်မယ်ရီလဲမဟုတ်သလို သွေးအေးတဲ့သူလဲမဟုတ်ပါဘူး ဒါကြောင့်သူမတတ်နိုင်သလောက်ကူညီဖို့ဆုံးဖြတ်လိုက်တယ်.

ထို့နောက် ကုနင်း ထိုသူနောက်သို့တိတ်တဆိတ်လိုက်သွားခဲ့တယ်.

ကုနင်းလဲ သံသယရှိသူသွားနေတဲ့ ရုံးခန်းဆီလိုက်သွားတယ်. ထိုသူဝင်ခါနီးမှာပဲ အဖြူရောင်ဂျူတီကုတ်ဝတ်ထားတဲ့ အမျိုးသမီးဆရာဝန်တစ်ယောက်ထွက်လာပေမယ့် သံသယရှိသူကြောင့်ရပ်တန့်သွားတယ်.

ကုနင်း ထိုသူကို မျက်ချည်မပြတ်စောင့်ကြည့်နေသည်. သံသယရှိသူလဲ အမျိုးသမီးဆရာဝန် သူ့မျက်စိရှေ့ပေါ်လာတာနဲ့ သေနတ်ကိုဆွဲထုတ်လိုက်တယ် ဒီသေနတ်က သူမအတွက်ပါ,

အဖြူရောင်ကုတ်ကြောင့် သေနတ်ကသိပ်မထင်ရှားနေပါဘူး

ဒါပေမယ့် ထိုဆရာဝန်အမျိုးသမီးရဲ့မျက်နှာကတော့ စက္ကူတစ်ရွက်လိုဖြူဖျော့နေပြီး ကြောက်လန့်လို့နေတယ်.

သံသယရှိသူက သူမနဲ့စကားအနည်းငယ်ပြောပြီးတာနဲ့ ထိုဆရာဝန်မလဲ တွန့်ဆုတ်စွာနဲ့ ထိုသူနောက်သို့လိုက်သွားသည်

ကုနင်းလဲ ချက်ချင်းလိုက်သွားတယ်.

သူတို့အပေါ်ထပ်ကိုတက်ဖို့လုပ်တယ်. လူအနည်းစုက ကော်ရစ်တာမှာရှိနေပေမယ့် အများစုကတော့ ဓါတ်လှေကားကိုအသုံးပြုကြတယ်. ဒါပေမယ့် ဘယ်သူမှ သူတို့တစ်ခုခုဖြစ်နေတယ်ဆိုတာသတိမထားမိပါဘူး

သူတို့အပေါ်ဆုံးထပ်ကိုတက်သွားတယ်. ထိုနေရာက လေသာဆောင်တစ်ခုဖြစ်တယ်.

သံသယရှိသူရယ် ဆရာဝန်မရယ်နဲ့ အမှောင်ထဲမှာပုန်းနေတဲ့ ကုနင်းရယ်ကလွဲရင် ထိုလေသာဆောင်ပေါ်မှာဘယ်သူမှရှိမနေပါဘူး

……………P4End……………….

ဖီးနစ်သွေးစက်

အခန်း ၅ လူတစ်ယောက်ကို ကယ်တင်ခြင်းအတွက် ¥500,000တန် ချက်လက်မှတ်

ကုနင်း ချက်ချင်းတော့မလှုပ်ရှားပါဘူး. သူမအချိန်ကောင်းဖြစ်မှာကိုအရင်ဆုံးစောင့်ဆိုးရင်းလေး့လာဦးမှာပါ.

သံသယရှိသူက ဒေါက်တာမကိုချိန်ရွယ်ရင်းသေနတ်ကို ကိုင်ထားတယ်. သူတို့ကအရမ်းနီးနေကြတယ်. တကယ်လို့ ကုနင်းသာ သံသယရှိသူကို မြန်မြန်မဖမ်းနိုင်ခဲ့ရင် သူ့ကိုခြောက်သလိုဖြစ်ပြီး ပစ်မိသွားနိုင်တယ် ဒီလိုဆို အဆိုးဆုံးရလာဒါဖြစ်သွားမှာ.

ကုနင်း ခေါင်မိုးထပ်တစ်ခုလုံးကို တစ်ချက်ကြည့်လိုက်သည်. ထွက်ပေါက်၏ညာဘက်တွင် ပစ္စည်းပုံတစ်ခုတွေ့တာကြောင့် ထိုနောက်တွင် ဝင်ပုန်းလိုက်ရင်း သူတို့နဲ့နီးအောင်ရွှေ့သွားလိုက်သည်.

“ယန်ဟောင်, ရှင် ဘာ..လိုချင်လို့လဲ?” ဆရာဝန်အမျိုးသမီးသည် သေနတ်အချိန်ခံထားရတာကြောင့် တုန်ရီစွာဖြင့်မေးလိုက်သည်.

“ငါ ဘာလိုချင်တာလဲတဲ့လား?” သံသယရှိသူ ယန်ဟောင်က နှာမှုတ်လိုက်တယ်. သူ၏မျက်ဝန်းတွင် ခက်ထန်မှုများဖြင့်ပြည့်နေပြီး စိတ်တိုစွာဖြင့်

“ငါ ဒီလိုအဆုံးသတ်သွားရတာ အားလုံးမင်းကြောင့်ပဲ, ငါဘာလိုချင်တာလဲဟုတ်လား? ဆေးရုံကနေအလုပ်ဖြုတ်ခံရပြီး ငါ့ဇနီးကလဲ တခြားကောင်တစ်ကောင်ကြောင့် ငါ့ကို ထားသွားတယ်. အဲ့ဒါမင်းကြောင့်ပဲ ဒါတွေအားလုံးမင်းကြောင့်ပဲ.”

ဒီစကားတွေကြားလိုက်တော့ အန်ချင်းလဲ မတရားခံလိုက်ရသလို ခံစားရပြီး

“ဒီကိစ္စတွေအားလုံး ရှင် ကိုယ်ကျင့်တရားပျက်လို့ဖြစ်ရတာလေ. ဆရာဝန်တစ်ယောက်ဖြစ်ပြီး အခြေခံစည်းမျဥ်းကိုတောင် မလိုက်နာဘူး. လူနာတွေမိသားစုဆီကနေ လျှို့ဝှက်ငွေလက်ခံပြီး အသက်တစ်ချောင်းကို လျစ်လျူရှုခဲ့တယ်. ကျွန်မလုပ်ခဲ့တာဆိုလို့ အဲ့လူနာရဲ့အသက်ကိုကယ်တင်ခဲ့ရုံပဲ.”

“ပါးစပ်ပိတ်ထားစမ်း. ဒါက ငါ့ကိစ္စပါ မင်းဝင်နှောက်ယှက်စရာအကြောင်းကိုမရှိဘူး.”

ယန်‌ေဟာင် သေနတ်ကို ပိုတင်းအောင်ကိုင်လိုက်ပြီး

“အခုချက်ချင်း ငါ့အကောင့်ထဲ ယွမ်5သန်းလွှဲရင်လွှဲ မဟုတ်ရင် ငါပစ်လိုက်မှာ”

အန်ချင်း ကြောက်ရွံ့တုန်လှုပ်သွားပြီး ဖိအားပေးခံထားရာကနေပဲ....

“ငါ..ငါ့မှာ အဲ့လောက်အများကြီးမရှိဘူး ယွမ်2သန်းပဲရှိတယ်”

“မရဘူး ငါ5သန်းလုံးအပြည့်လိုချင်တယ်. ဟိုမိန်းမက ငါ့ကိုဒီလောက်ပိုက်ဆံကြောင့်နဲ့ထားခဲ့တာ ပမာဏတူကိုသာ ပါပေးလိုက်ရင် ငါ့ဘက်ကိုပြန်ရောက်လာမှာပဲ ”

ယန်ဟောင်ကိုကြည့်ရတာ အရမ်းစိတ်လှုပ်ရှားနေပြီး ပစ်မိတော့မလိုတောင်ထင်ရတယ်.

ကုနင်း ပစ္စည်းပုံကို အကာအကွယ်ယူရင်း ယန်ဟောင်၏ကျောဘက် 2မီတာလောက်အလို ရောက်သည်အထိ ရွှေ့လာခဲ့သည်. ယန်ဟောင်က အရမ်းစိတ်လှုပ်ရှားနေတာကြောင့် သူမကိုသတိမထားမိလိုက်ပေမယ့် လန့်ပြီး ပစ်မိသွားမှာကိုတော့ စိုးရိမ်နေစဲပဲ.

ယန်ဟောင်က အခုတော့ သိပ်စိတ်မလှုပ်ရှားတော့ဘဲနဲ့ ဆိုးရွားတာတစ်ခုခုလုပ်ဖို့ ကြံရွယ်နေတယ်.

ဟန်ဟောင်ဒီနေ့လုပ်ခဲ့တာတွေက တရားဥပဒေနဲ့ မလွတ်ကင်းပါဘူး. တကယ်လို့ သူယွမ်5သန်းရသွားခဲ့မယ်ဆိုရင်တောင် မကြာခင် ဥပဒေအရအရေးယူခံရပါ ဒါကြောင့် သူ့မိန်းမဆီပြန်သွားနိုင်ဖို့လဲ အခွင့်ရေးမရှိတော့ပါဘူး.

ဒါ့အပြင် သူမိန်းမကလဲ ပြန်လာမှာမဟုတ်ပါဘူး.

ယန်ဟောင် ယွမ်5သန်းပေးလိုက်မယ့်လူဟာ အတော်ကြွယ်ဝတဲ့သူဖြစ်လာမှာပဲ တကယ်လို့ သူ့ဇနီးက ပိုက်ဆံအတွက်နဲ့သူ့ကို ထားခဲ့တာဆိုရင် ပိုပြီးကွယ်ဝနေတဲ့ လူတစ်ယောက်အတွက် သူ့ကိုဘာကြောင့်ထပ်မထားခဲ့နိုင်ရမှာလဲ.

တကယ်လို့ ယန်ဟောင်၏မိန်းမသာ ပိုက်ဆံမမက်တဲ့သူဆိုရင်တောင်မှ ယန်‌ေဟာင်က အခု သံသယရှိတရားခံဖြစ်နေပြီ မကြာခင် ထောင်ထဲရောက်တော့မှာ ဒီလိုဆို သူမ ယန်ဟောင်ကိုရော ပိုက်ဆံတွေကိုပါ လက်လွှတ်လိုက်ရလိမ့်မယ်.

အခုနေ ယန်ဟောင်ကို စိတ်တိုသွားစေမယ့်စကားမျိုး အန်ချင်းပြောလိုက်မိမှာကို ကုနင်းစိုးရိမ်နေတယ်. ထိုလူသာ စိတ်လွတ်ပြီး ပစ်မိသွားရင် ကုနင်းလဲကယ်လိုက်နိုင်မှာမဟုတ်ပါဘူး

အမျှော်အမြင်ရှိစွာနဲ့ အန်ချင်းလဲ ယန်ဟောင်၏စိတ်အခြေနေကို ခန့်မှန်းမိကာ နူးညံညင်သာသောအသံလေးဖြင့်

“ကိစ္စမရှိဘူး. ကျွန်မ ရှင့်ကို ယွမ်5သန်းပေးပါ့မယ်. ဒါပေမယ့် ကျွန်မအကောင့်ထဲမှာက 2သန်းပဲရှိလို့ ကျွန်မအဖေကို ဖုန်းလှမ်းဆက်ပြီး တောင်းပါရစေ.”

သူမသာ လွတ်မြောက်နိုင်မယ်ဆိုရင် 5သန်းဆိုလဲ ပေးမှာပါပဲ.

မကြာခင် ယန်ဟောင်ကို ရဲတွေဖမ်းမိသွားမယ်လို့လဲ သူမယုံကြည်ပါတယ်.

ကုနင်းကတော့ အဲ့လိုမထင်ပါဘူး ယန်ဟောင်က သူမကိုခွင့်မပြုလောက်ဘူး အဲ့လိုသာမဟုတ်ရင် အန်ချင်းက ရဲကိုချက်ချင်းဖုန်းဆက်လိုက်မှာပေါ့.

ဒီလိုသာဆို ယန်ဟောင်ပိုက်ဆံတွေရသွားရင်တောင် ထွက်ပြေးလို့မလွတ်နိုင်တော့ဘူး.

အန်ချင်းသဘောတူတာကို ကြားတော့မှ ယန်ဟောင်လဲစိတ်သက်သာရာရသွားပြီး

“ကောင်းပြီလေ. ဒါပေမယ့် မင်းစပီကာဖွင့်ပြီးမှပြောရမယ်.”

“ရတာပေါ့” အန်ချင်းလဲ သူမဖုန်းကို တုန်ရီစွာ ထုတ်ယူလိုက်တယ်.

သေနတ်ကိုင်ထားတာကြာပြီဖြစ်တာကြောင့် ယန်ဟောင်ရဲ့လက်တွေက ထုံကျဥ်နေပြီး အားလျော့လာတယ်.

ထိုအချိန်မှာပဲ ကုနင်းလဲအခွင့်ရေးကိုမြင်သွားပြီး ယန်ဟောင်ထံတိုးဝင်လိုက်သည်. သူလဲပြင်ဆင်ချိန်မရှိတာကြောင့် ကိုင်ပေါက်ခံလိုက်ရပြီး သေနတ်လဲ သူ့လက်မှလွတ်သွားကာ မီတာဝေးဝေးဆီသို့ လွင့်ထွက်သွားသည်.

ကိစ္စတွေက အလျှင်အမြန်ဖြစ်ပျက်သွားတာကြောင့် အန်ချင်းလဲ သူမလက်ထဲကဖုန်းလွတ်ကျသွားတာတောင်မသိလိုက်ဘဲ ကြောင်အစွာရပ်နေမိတယ်.

ဒါမပြီး‌ေသးပါဘူး သေနတ်မရှိတော့တာတောင်မှ ယန်‌ေဟာင်က ကုနင်းကိုပြန်တိုက်ဖို့လုပ်သည်. သူပြန်မတိုက်နိုင်ခင်မှာပဲ ကုနင်းက ယန်ဟောင်၏ ဟာကွက်ကို ရိုက်ချလိုက်သည်.

သူအားနည်းသွားတဲ့အချိန်မှာပဲ ကုနင်းလဲ ကြိုးတစ်ချောင်းရှာပြီး သူ့ကိုချည်လိုက်ကာ ပါးစပ်တွင်းသို့ အဝတ်စတစ်ခု ထိုးထည့်လိုက်သည်.

ကုနင်းလဲ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်နေသော အန်ချင်းဘက်ကိုလှည့်လိုက်ပြီး

“ရဲကို ခေါ်လိုက်”

“အိုး. ဟုတ်သားပဲ, ဟုတ်သားပဲ”

ဒီတော့မှ အန်ချင်းလဲ သတိပြန်ဝင်လာကာ သူမလွတ်ကျသွားတဲ့ဖုန်းကို ပြန်ရှာလိုက်ပြီး ကောက်ယူလိုက်တယ်.

ဖုန်းနံပါတ်မနှိပ်ရသေးခင်မှာပဲ သူမဖုန်းမြည်လာသည်.

ခေါ်ဆိုသူမှာ သူမအဖေဖြစ်တာကြောင့် ချက်ချင်းကိုင်လိုက်ပြီး

“ဟဲလို, အဖေ”

“ချင်းချင်း, သမီးအခုဘယ်မှာလဲ?”

“သမီး အတွင်းလူနာဆောင်ရဲ့ ခေါင်မိုးထပ်မှာပါ အဖေ.”

အန်ချင်းလဲ ဖြစ်ခဲ့သမျှကိုပြန်ပြောပြလိုက်ပြီးနောက်

“အဖေ, သမီးတို့ရဲခေါ်သင့်လား?”

ကုနင်း မျက်မှောင်ကြုတ်သွားသည်. အန်ချင်းဘာလို့များ ရဲကိုခေါ်မယ့်အစား ဒီလိုမေးတယ်ဆိုတာ နားမလည်နိုင်တော့ဘူး.

“ဘာ? ဘယ်လိုဖြစ်ရတာလဲ? သမီးအဆင်ပြေရဲ့လား?” အန်ချင်းအဖေ အလွန်စိုးရိမ်ပူပန်သွားပြီး သူ့နှလုံးတောင်ထွက်ကျတော့မလိုအထိ ထိတ်လန့်သွားတယ်.

ဒါနဲ့ အန်ချင်းလဲ “အဖေ သမီးအခုအဆင်ပြေနေပါပြီ”

“အဲ့မှာပဲစောင့်နေ အဖေအခုလာခဲ့မယ် ရဲကိုလဲမခေါ်နဲ့ဦး” သူမဖေပြောတာကို အန်ချင်းလဲ သ‌ဘောတူလိုက်ပြီး ဖုန်းချလိုက်သည်.

ကုနင်း ကောင်းကောင်းကြားပါတယ်. အန်ချင်းနဲ့သူမအဖေပြောနေတာတွေကို ရှင်းရှင်းလင်းလင်းကြီး ကြားလိုက်တာပါ ဒါကြောင့် သူမဖုန်းချလိုက်တာနဲ့ နားမလည်နိုင်တဲ့အရာကိုမေးလိုက်တယ်.

“ဘာလို့ရဲကိုမခေါ်ရတာလဲ?”

“ဘာလို့ဆို ရဲခေါလိုက်ရင် ဆေးရုံတစ်ခုလုံးသိသွားမှာ လူတွေအားလုံးလန့်သွားမှာ ငါမလိုချင်ဘူး” အန်ချင်းကရှင်းပြလိုက်တယ်.

ကုနင်းလဲ အကြောင်းရင်းကိုသိသွားတာကြောင့် နှုတ်ပိတ်နေလိုက်တယ်.

အန်ချင်းက ထပ်ပြီး

“ဒါပေမယ့် ယန်ဟောင်ကိုတော့ ရဲစခန်းသေချာပေါက် ကိုယ်တိုင်သွားပို့မှာပါ. ငါတို့နှစ်ယောက်ပြောထားတာတွေကိုလဲ အသံဖမ်းထားတယ်. ပြီးတော့ သေနတ်မှာလဲ သူလက်ဗွေရာရှိနေတာဆိုတော့ သက်သေလုံလောက်နေပါပြီ.”

အသံသွင်းထားတာ?

ကုနင်း အမှန်တကယ် အန်ချင်းကိုလေးစားသွားတယ် ဒီ‌ေလာက်အန္တရယ်များနေတာတောင်မှ အသံသွင်းဖို့သတိတရရှိသေးတယ်.

“ဒါနဲ့, ကျွန်မရဲ့ အသက်ကိုကယ်တင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်.” အန်ချင်း လေးစားစွာဖြင့် ကုနင်းကိုကျေးဇူးတင်လိုက်သည်. ထို့နောက် သူမအင်္ကျီထဲက ချက်လက်မှတ်နဲ့ ဘောပင်ကို ထုတ်ယူကာ တစ်စုံတစ်ခုရေးလိုက်ပြီး ကုနင်းကိုပေးလိုက်ကာ..

“ကျွန်မ ရှင့်ကို ဘယ်လိုကျေးဇူးတင်ရမလဲမသိလို့. ဒီ ¥500,000တန် ချက်လက်မှတ်ကို ယူလိုက်ပါ”

ကုနင်း ချက်လက်မှတ်ကို စိုက်ကြည့်ကာ မျက်မှောင်ကြုတ်သွားတယ်. ဒါပေမယ့် သူမလဲ ငွေလိုအပ်နေတာကြောင့် ငြင်းချင်စိတ်တော့မရှိပါဘူး

ဒါပေမယ့် သူမမှာလဲ သူမကိုယ်ပိုင်စည်းမျဉ်းတွေရှိပါတယ် သူမဘက်ကအရင် လူတစ်ယောက်ကိုစပြီး ကူညီခဲ့ရင် တန်ကြေးဆိုပြီး ပြန်မတောင်းပါဘူး. ဒါကြောင့် သူမစိတ်ခိုင်ခိုင်ထားပြီး ငြင်းဆိုလိုက်ပါတယ်..

“ကျွန်မ ရှင့်အသက်ကို ငွေကြောင့်ကယ်ခဲ့တာမဟုတ်ဘူး. ဒါကိုပြန်ယူလိုက်ပါ”

အန်ချင်း အံ့သြမိသွားတယ်.

ဒါပေမယ့် ကုနင်းက ဒီငွေနဲ့မလုံလောက်လို့ငြင်းလိုက်တာလို့ သံသယမဝင်မိတဲ့အပြင် ဒီမိန်းမငယ်လေးဆီမှ ကြင်နာမှုကိုပါ ခံစားလိုက်ရတယ်.

All Chapters