အခန်း (၆-၁၀)
Vol. 1 Ch. 6-10
အခန်း ၆ ဧည့်သည်
အန်ချင်းလဲ ကုနင်းကို ကသိကအောက်မဖြစ်စေချင်တာကြောင့် ချက်လက်မှတ်ကိုပြန်သိမ်းလိုက်တယ်
ဒါပေမယ့် သူမအသက်ကို ကယ်ထားတာတောင် ဘာမှပြန်မပေးရတော့ သူမလဲ စိတ်မသက်မသာဖြစ်ရတယ်.
ဒါကြောင့် ကုနင်း ချက်လက်မှတ်ကိုမယူတာနဲ့ သူမရဲ့ နာမည်ကဒ်ကို ထုတ်ကာ ကုနင်းထဲ ပေးလိုက်ပြီး
“ချက်လက်မှတ်ကို မယူချင်မှတော့ ငါတို့သူငယ်ချင်းလုပ်ကြရအောင်. ဒါကငါ့ နာမည်ကဒ် နောက်အကူညီတစ်ခုခုလိုရင် ငါ့ကို အချိန်မရွေးဖုန်းခေါ်လိုက် ငါကူညီနိုင်သလောက် အတတ်နိုင်ဆုံးလုပ်ပေးမယ်”
ငွေထက်စာရင် အဆက်အသွယ်ဆိုတာ ပိုပြီးတန်ဖိုးရှိတယ် ဒါကြောင့် ဒီတစ်ခါတော့ ကုနင်းမငြင်းနေတော့ပါဘူး.
အန်ချင်းက သူငယ်ချင်းဖြစ်ချင်တယ်ဆိုတာကြောင့် သူမလဲသဘောတူလိုက်တာပါ. ဒီတစ်ခါမှ သဘောမတူရင် သူမကို မာနကြီးတယ်လို့သတ်မှတ်သွားနိုင်ပါတယ်.
ကုနင်းလဲ မိတ်ဆွေတွေ အဆက်အသွယ်တွေတကယ်လိုအပ်နေတာပါ သူမကိုသူမ အမြင့်ကြီး မတွေးထားပေမယ့် အဆက်အသွယ်ကောင်းတွေက တကယ်ကိုအကူအညီဖြစ်စေပါတယ်.
သေချာပေါက် ထိုလူတွေကိုတော့ သူမအတွက် အသုံးမချပါဘူး ဒီလိုဆို သူမလဲတခြားသူတွေနဲ့ အတူတူပဲဖြစ်သွားမှာပေါ့
“ကောင်းပြီလေ. ငါယူလိုက်ပါ့မယ်” ကုနင်းလဲ ဘာမှရှည်ရှည်ဝေးဝေးပြောမေနတော့ဘဲ လက်ခံလိုက်တယ်.
ကုနင်း ကဒ်ကိုလက်ခံလိုက်တာမြင်တော့မှ အန်ချင်းလဲ သူမလက်ကိုဆန့်ထုတ်လိုက်ပြီး
“တွေ့ရတာဝမ်းသာပါတယ်. ငါ့နာမည် အန်ချင်းပါ”
ကုနင်းလဲ ထိုလက်ကိုပြန်လည်ဆုပ်ကိုင်လိုက်ပြီး
“ငါလဲ တွေ့ရတာဝမ်းသာပါတယ်. ငါက ကုနင်းပါ”
ဒါကတော့ သူမတို့နှစ်ယောက် တရားဝင်မိတ်ဆက်ခြင်းပါ.
“ဆောရီး ငါသွားမှရတော့မယ် ငါ့ကိုရှာမတွေ့ရင် ငါ့အမေစိတ်ပူနေလိမ့်မယ်. ဒီကိစ္စမှာ ငါပါတာ ရဲတွေကိုမပြောနဲ့နော် သက်သက်မဲ့ပြဿနာမဖြစ်ချင်လို့”
အန်ချင်းတောင်ပြန်မဖြေရသေးခင်မှာပဲ ကုနင်းထွက်သွားတော့တယ်.
“ဟေး” အန်ချင်းလဲ ကုနင်းရပ်အောင်လှမ်းအော်လိုက်တယ် သူမရဲ့ဖုန်းနံပါတ်ကိုအခုထိမသိသေးဘူးလေ
ဒါပေမယ့် ကုနင်းကအရမ်းမြန်လွန်းတယ်. အန်ချင်း အဝင်ပေါက်အထိပြေးလိုက်သွားပေမယ့် ကုနင်းကိုမမှီလိုက်ဘူး
ဒါပေမယ့် ယန်ဟောင်က ဒီမှာရှိနေသေးတာကြောင့် သူမထွက်သွားလို့မဖြစ်လို့ လက်လျှော့လိုက်တော့တယ်.
အချိန်အနည်းငယ်ကြာပြီးနောက်မှာတော့ ခေါင်မိုးထပ်အဝင်တံခါးပေါကသို့ လူအချို့ရောက်လာကြသည်. ဦးဆောင်လာသူကတော့ သက်လတ်ပိုင်း အသက်50အရွယ်လောက်ရှိမည့် အဖြူရောင်ကုတ်ဝတ်ထားသူဖြစ်ပြီး နောက်မှာတော့ အသက်30ဝန်းကျင် အမျိုးသားဆရာဝန်နှစ်ယောက်ပါလာသည်.
“ချင်းချင်း, အဆင်ပြေရဲ့လား?” သက်လတ်ပိုင်းအရွယ်အမျိုးသားက စိုးရိမ်ပူပန်မှုအပြည့်ဖြင့် အန်ချင်းကိုမေးလိုက်သည်.
“အဖေ, သမီးအဆင်ပြေပါတယ်” အန်ချင်းလဲပြန်ဖြေလိုက်တယ်.
“ကောင်းတယ်. ကောင်းတယ်” အန်ချင်းအဖေလဲ အန်ချင်းဘေးကင်းတာကို မြင်လိုက်ရမှပဲ စိတ်သက်သာရာရသွားတော့တယ်.
အန်ချင်းအဖေ ခေါင်မိုးထပ်တစ်ခုလုံးကို လှည့်ကြည့်လိုက်ပေမယ့် သတိလစ်နေတဲ့ ယန်ဟောင်ကလွဲပြီး တခြားဘယ်သူ့ကိုမှမတွေ့တာကြောင့်
“သမီးအသက်ကို ကယ်ခဲ့တယ်ဆိုတဲ့ မိန်းကလေးရော ဘယ်ရောက်သွားလဲ?”
“အော် သူ့အမေစိတ်ပူမှာစိုးလို့ပြန်သွားတယ်. ပြီးတော့ သက်သက်ဒုက္ခရောက်နေမှာစိုးလို့ ရဲတွေကိုလဲ သူပါတဲ့အကြောင်းမပြောဖို့ပြောသွားသေးတယ်” အန်ချင်းလဲ ကုနင်းပြောခဲ့တဲ့အတိုင်း ပြန်ပြောပြလိုက်တယ်.
“သူ့ကို ကျေးဇူးကောဆပ်လိုက်ရဲ့လား?” အန်ချင်းအဖေက ထပ်မံမေးလိုက်တယ်.
“သမီး သူ့ကို ¥500,000ပေးပေမယ့် လက်မခံဘူး ဒါနဲ့ သမီးနာမည်ကဒ်ကိုပေးပြီး သူငယ်ချင်းဖွဲ့ဖို့ပြောလိုက်တာ နောက်ဆုံးတော့ လက်ခံခဲ့တယ်” အန်ချင်းလဲပြန်ဖြေလိုက်တယ်.
အန်ချင်းအဖေလဲ အံ့သြသွားပြီး ကုနင်းကို ပိုလေးစားကာ ကျေးဇူးတင်နေတော့တယ်.
တကယ်လို့ ကုနင်းပိုက်ဆံကို ယူသွားခဲ့မယ်ဆိုရင်တောင်မှ သူမကို အပြစ်မတင်ပါဘူး သူမက အန်ချင်းရဲ့အသက်ကိုကယ်တင်ပေးခဲ့တာပဲကို.
အန်မိသားစုဟာအရမ်းကို ကျေးဇူးတင်နေပြီး ကုနင်းက ပိုက်ဆံတောင်းလာခဲ့ရင်တောင် ကြန့်ကြာခြင်းမရှိဘဲ ချက်ချင်းပေးလိုက်မှာပါ.
ကုမန့်ဟာ ကုနင်းထက်အရင် လူနာခန်းကိုပြန်ရောက်လာတယ်. သူမသမီးကိုအခန်းထဲမှာမတွေ့တာကြောင့် စိတ်ပူသွားပြီး ပန်းသီးအိတ်ကို ပစ်ချခဲ့ကာ သူမသမီးကို ရှာဖွေရန် ထွက်ဖို့လုပ်တယ်. ကုမန့်ထွက်သွားခါနီးလေးမှာပဲ ကုနင်းပြန်ရောက်လာတယ်.
ကုမန့်လဲ သူမအရမ်းစိုးရိမ်လွန်သွားတာသိတာကြောင့် ကုနင်းကို ဆူမနေတော့ပါဘူး.
ထိုညသည် အေးချမ်းသောညလေးတစ်ညဖြစ်ခဲ့တယ်.
နောက်နေ့မနက်မှာတော့ ကုနင်းရဲ့ဆေးစစ်ချက်အဖြေက ကျန်းမာတယ်လို့ထွက်လာတာကြောင့် ဆေးရုံကဆင်းခွင့်ရတယ်.
ဆေးစစ်ချက်အဖြေကိုတွေ့တော့မှပဲ ကုမန့်လဲ အလွန်စိတ်သက်သာရာရသွားပြီး အိမ်ပြန်ရန် အထုပ်အပိုးများပြင်ဆင်တော့တယ်.
“ကုနင်း , ငါလာလည်တယ်” ထိုအချိန်မှာပဲ အပြင်ဘက်က မိန်းကလေးသံတစ်သံကိုကြားလိုက်ရတယ်.
ထိုသူကတော့ အန်ချင်းပါ.
ကုနင်းကတော့ အရမ်းကြီး မအံ့သြသွားပါဘူး ညကအဖြစ်အပျက်တွေဖြစ်ပြီးနောက်တော့ အန်ချင်းလာတွေ့တယ်ဆိုတာ မဆန်းတော့ပါဘူး.
ပြီးတော့ အန်ချင်းက ဒီဆေးရုံမှာအလုပ်လုပ်တာကြောင့် သူမဘယ်အခန်းမှာရှိတယ်ဆိုတာ ရှာဖို့ အလွယ်လေးပါ.
မနေ့က ကုနင်းထွက်သွားတော့ ကုနင်း ဒါမှမဟုတ် သူမအမေက ဒီဆေးရုံရဲ့ လူနာဖြစ်မယ်ဆိုတာ အန်ချင်းခန့်မှန်းမိပါတယ်.
မဟုတ်လဲ ဒီကလူနာတစ်ယောကယောက်ဆီလာလည်တာလဲ ဖြစ်နိုင်ပါသေးတယ်.
ကုနင်းက လူနာဆိုရင်တော့ လူနာလက်ခံတဲ့ဌာနမှာ မေးလိုက်လို့ရပါတယ်.
တကယ်လို့ ကုနင်းအမေသာ လူနာဆိုရင်တော့ သူမလဲမတတ်နိုင်တော့ပါဘူး ဘာလို့ဆို ကုနင်းအမေနာမည်ကို အန်ချင်းလဲမသိတာကြောင့်ပါ.
အကယ်၍ လူနာတွေ့လာတာဆိုရင်တော့ လက်လျှော့်လိုက်ဖို့သာရှိပါတော့တယ်.
အန်ချင်းအလုပ်လုပ်ဖို့ ပြန်သွားရင်း လူနာလက်ခံဌာနကို ဖြတ်ရတော့ သူမလုပ်ဖော်ကိုင်ဖက်ကို ကုနင်းလို့ခေါ်တဲ့ လူနာအကြောင်းမေးကြည့်လိုက်တယ်. သူမအထင်မှန်သွားတာကြောင့် ဒီမနက် ကုနင်းကိုလာတွေ့နိုင်တာပါ.
“မိန်းကလေးအန် ဝင်လာပါ” ကုနင်းလဲ မက်တပ်ရပ်လိုက်ပြီး အန်ချင်းကို ကြိုဆိုလိုက်တယ်.
အန်ချင်းက ကုမန့်ဘက်ကိုကြည့်လိုက်ပြီး
“ဒီဘက်က အမေနဲ့တူတယ်”
“ဟုတ်တယ်” ကုနင်းက ပြန်ဖြေလိုက်တယ်.
“မင်္ဂလာပါ ကုနင်းမားမား သမီးက ကုနင်းရဲ့ သူငယ်ချင်း အန်ချင်းပါ” အန်ချင်း, ကုမန့်ကို နှုတ်ဆက်လိုက်တယ်.
အန်ချင်းလဲ ကုမန့်ကို ခေါ်ဖို့ရာ နဲနဲအခက်တွေ့နေတယ်.
ကုမန့်က အသက်40လောက်ရှိပြီး သူမကတော့ 27နှစ်ဖြစ်နေတယ်. ဒီတော့ ကုမန့်က သူမထက် 10နှစ်သာကြီးတယ်. ဒါကြောင့် ကုမန့်ကို “အန်တီ” လို့ခေါ်ရအောင်လဲ ကုမန့်က သူမအဒေါ်ထက် ငယ်နေတယ်.
“အစ်မ” လို့ ခေါ်ပြန်ရင်လဲ ကုနင်းနဲ့သူမနဲ့က သူငယ်ချင်းဆိုတော့ မဆီလျော်ပြန်ဘူး.
ကုနင်းက 18နှစ်ဆိုတော့ သူမထက် 10နှစ်ငယ်တယ်. ဒီတော့ ကုနင်းကို “အန်တီ” လို့ခေါ်ခိုင်းပြန်ရင်လဲ ကုနင်းကလက်မခံေလာက်သလို သူမလဲလက်မခံနိုင်ပါဘူး.
ဘာလို့ဆို သူမက ‘အန်တီ’ ခေါ်ရလောက်တဲ့အထိလဲ အသက်မကြီးသေးပါဘူး
ဒါကတော်တော်ကို စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းတဲ့ အသက်ကွာခြားမှုပဲ .
အန်ချင်း သူမရဲ့ အသက်20မတိုင်ခင်အရွယ်ကိုသာ ပြန်ရောက်ချင်တော့တယ်.
သူမသာ 20မတိုင်ခင်အချိန်ကို ပြန်ရောက်သွားရင် ငယ်ရွယ်လွတ်လပ်မှုကို ခံစားနေရမှာ အခုလို မကြာခင်လက်ထပ်ဖို့အတွက် စိတ်ပူနေစရာမလိုဘူး.
သူမမှာ ချစ်သူမှမရှိတာ ဘယ်လိုလုပ်လက်ထပ်ရမှာလဲ ဒါ့ထက် သူမစင်ဂယ်ဘဝမှာပဲ နောက်ထက်နှစ်တွေအကြာကြီး ပျော်ပျော်ရွှင်ရွှင်နေချင်သေးတယ်. လက်မထက်ချင်သေးဘူး
ထားပါတော့ အတွေးတွေလွန်သွားပြီ.
ကုနင်းနဲ့ သူမနဲ့အသက်10နှစ်လောက်ကွာနေပေမယ့်လဲ ကုနင်းကို ဆယ်ကျော်သက်အရွယ်လေးလို့မခံစားရဘဲ သူမလိုရင့်ကျက်တဲ့ အရွယ်ရောက်နေတဲ့အမျိုးသမီးတစ်ယောက်လို့သာ ခံစားရတယ်.
တကယ်ကို အရွယ်နဲ့မလိုက်သလိုပဲ.
“တွေ့ရတာဝမ်းသာပါတယ် မိန်းကလေးအန်” ကုမန့်လဲ အန်ချင်းကိုပြန်လည်နှုတ်ဆက်လိုက်တယ်.
ဒါပေမယ့် ကုနင်းမှာ ဒီလိုမျိုး သူမထက်အများကြီးကြီးတဲ့သူငယ်ချင်းရှိနေတာကိုတော့ ထူးဆန်းသလိုခံစားရပေမယ့် အများကြီးတော့ ဆက်မတွေးနေတော့ပါဘူး.
သူမ ကုနင်းရဲ့သူငယ်ချင်းထားတာလွတ်လပ်ခွင့်အထိ လိုက်မချုပ်ချယ်ချင်ပါဘူး. သူမက ကုနင်းကို ကိုယ်တိုင်စည်းမျဥ်းစည်းကမ်းလေးရှိစေချင်ရုံပါပဲ.
“ဒါ ကုနင်းအတွက်ပါ သူမြန်မြန်ပြန်ကောင်းလာဖို့ မျှော်လင့်ပါတယ်” အန်ချင်းလက်ဆောက်ကို ကုမန့်လက်ထဲထည့်ပေးလိုက်တယ်.
“ကျေးဇူးတင်ပါတယ် မိန်းကလေးအန် ဘယ်လိုကျေးဇူးတင်ရမှန်းတောင်မသိတော့ဘူး” ကုမန့်လဲ နဲနဲရှက်ကိုးရှက်ကန်းဖြစ်သွားတယ် ဘာလို့ဆို ဒီပစ္စည်းတွေက စျေးမနည်းဘူးဆိုတာ သိတာကြောင့်ပါ.
ဒါပေမယ့် သူငယ်ချင်းဖြစ်တဲ့သူကပေးတာကြောင့် နောက်ဆုံးယူလိုက်ရတယ်. သူမရဲ့ ကြင်နာမှုကိုလဲ မငြင်းချင်တာကြောင့်ပါ.
အန်ချင်းလဲ ပြုံးလိုက်ပြီး
“ဒါ ဘာမှမဟုတ်ပါဘူး”
...............P6End................
ဖီးနစ်သွေးစက်
အခန်း ၇ အပြင်ထွက်မယ်
ကုမန့်လဲ လက်ဆောင်ပစ္စည်းတွေကို အိပ်ရာနားက စားပွဲအစွန်းမှာတင်လိုက်ပြီး အန်ချင်းကို ရေတစ်ခွက်ကမ်းပေးလိုက်သည်.
“ကျေးဇူးပါ” အန်ချင်းလဲ ရေခွက်ကိုယူလိုက်ပြီး ယဉ်ယဉ်ကျေးကျေးပဲ ကျေးဇူးတင်စကားပြောလိုက်တယ်.
ပြီးတော့ ကုနင်းဘက်လှည့်ပြီး
“ကုနင်း, ဘယ်လိုနေသေးလဲ?”
“အိုး ကောင်းသွားပါပြီ ဆေးရုံကဆင်းလို့တောင်ရနေပြီ”
ကုနင်းက ပြန်ဖြေလိုက်သည်.
“တကယ်လား” အန်ချင်းလဲ ကုနင်းအတွက် ဝမ်းသာသွားပြီး “ဂုဏ်ယူပါတယ်”
“ကျေးဇူးပဲ“ ကုနင်းက ဖြေသည်.
ခနလောက်နေတော့ အန်ချင်းလဲ ကုနင်းနဲ့ သူမအမေကို ဆေးရုံအပြင်ဘက်အထိ လမ်းလျှောက်လိုက်ပို့ပေးသည်.
ကုမန့်က အန်ချင်းဒီဆေးရုံမှာအလုပ်လုပ်တယ်ဆိုတာ သိတာကြောင့် သူမကိုအလုပ်မရှုပ်စေချင်ပေမယ့် အန်ချင်းကတော့ သဘောမတူဘူး.
အန်ချင်း တိုက်တွန်းလွန်းတာကြောင့် ကုမန့်လဲ နောက်ဆုံးတော့ သဘောတူလိုက်ရတော့တယ်.
သူမတို့အပြင်ကိုရောကတော့ အန်ချင်းက သူမတို့အတွက် တက်စီကိုတောင်ခေါ်ပေးထားပြီးပြီ.
ကုမန့်က အန်ချင်းသူမတို့အတွက် လုပ်ပေးတာတွေကို ကျေးဇူးတင်ရုံနဲ့တင် မလုံလောက်နိုင်တော့ဘူးလို့ ခံစားနေရတယ်.
ကုနင်းအတွက်ကတော့ သိပ်မထူးခြားပါဘူး ဒါပေမယ့် အန်ချင်းရဲ့ယဉ်ကျေးပြူငှာမှုကိုတော့ ကျေးဇူးတင်ပါတယ်.
ကုနင်း နောက်ဆုံးတော့ ဆေးရုံက ထွက်သွားနိုင်တဲ့အတွက် အရမ်းကိုလွတ်လပ်ပြီး သက်တောင့်သက်သာ ခံစားရတယ်.
နှစ်နာရီလောက်ကြာပြီးနောက်မှာတော့ သူမတို့နှစ်ယောက် အိမ်ပြန်ရောက်လာပါပြီ
ကုနင်းနဲ့ သူမအမေတို့သည် နယ်မြေဟောင်းတစ်ခုရှိ အိုဟောင်းနေသောလမ်းကြားလေးထဲမှာ နေတာပါ.
ထိုနေရာက အိုဟောင်းလွန်းလို့ မကြာခင် အဖျက်ခံရနိုင်ချေတောင်ရှိပါတယ်.
ဒါကြောင့် ကုနင်းနဲ့ သူအမေတို့ ဒီနေရာမှာ ကြာကြာနေဖို့မဖြစ်နိုင်တော့ပါဘူး
ဒီအိမ်ဟာ ကုနင်းအဘိုးအဘွားတွေပိုင်တဲ့အိမ်ဖြစ်ပြီး လွန်ခဲ့တဲ့10နှစ် အဘိုးဖြစ်သူဆုံးသွားပြီးနောက်မှာတော့ အဘွားသည် ကုနင်း၏ အကြီးဆုံးဦးလေးဖြစ်သော ကုချင်ရှန်နဲ့ နေဖို့ပြောင်းရွှေ့သွားခဲ့တယ်.
ဒါကြောင့်ပဲ ဒီအိမ်က ကုနင်းတို့သားအမိအတွက်ဖြစ်လာခဲ့တယ်.
ဒါပေမယ့် အိမ်ငှားခတော့ ပေးစရာလိုပါသေးတယ်.
ကုနင်းတို့သားအမိက မိသားစုဝင်ပဲဖြစ်တာကြောင့် အိမ်ငှားခရဲ့တစ်ဝက်သာပေးရပါတယ်.
ဒီနေရာက အိုဟောင်းတဲ့နယ်မြေက အပိုင်းအခြားလေးတစ်ခုဖြစ်တာကြောင့် ငှားခကတော့ စျေးမကြီးပါဘူး
ဒီအိမ်က နှစ်ထပ်အိမ်တစ်လုံးဖြစ်ပြီး တစ်ထပ်ကို 40စတုရန်းမီတာလောက်ကျယ်ဝန်းပါတယ်.
ပထမထပ်မှာတော့ ဧည့်ခန်း, မီးဖိုခန်းနှင့် ရေချိုးခန်းတို့ ပါရှိပြီး ဒုတိယထပ်တွင်တော့ အိပ်ခန်းသုံးခန်းပါဝင်တယ်.
ဟိုးအရင် ကုမိသားစုတွေအတူတူနေကြတုန်းကတော့ အဘိုးအဘွားတွေက တစ်ခန်း, အကြီးဆုံးဦးလေး ကုချင်ရှန် နဲ့ တတိယဦးလေး ကုချင်ယန်ကတစ်ခန်း, ကုချင် နဲ့ ကုမန့်က တစ်ခန်းနေတာကြောင့် တကယ့်ကို ပြည့်သိပ်နေတာပါပဲ.
ထို့နောက် ကုချင်ရှန်က ချမ်းသာသွားပြီး အိမ်တစ်လုံးဝယ်လိုက်သည်. ကုချင်ယန်သည်လဲ အခေါင်းလုပ်သော ကုမ္ပဏီတစ်ခုတွင်အလုပ်ရကာ ကုမ္ပဏီမှပေးသော အိမ်တစ်လုံးရလိုက်သည်. ကုမိသားစုဝင်များသည် တဖြည်းဖြည်းပိုကောင်းတဲ့ ဘဝတွေကို ပိုင်ဆိုလာကြတယ်.
ဒီအိမ်ဟောင်းကြီးမှာတော့ မည်သည့် အိမ်အသုံးအဆောင်မှမရှိဘဲ သာမာန် ပရိဘောဂအနည်းငယ်ဖြင့်သာ ကျန်ခဲ့တော့တယ်.
ကုနင်းသည် သူမတို့မိသားစုက ဒီလောက်တောင် ညစ်ပတ်စုတ်ပြတ်လောက်အောင် ဆင်းရဲတယ်ဆိုတာသိတော့ အတော်လေးအံ့အားသင့်သွားတယ်.
ထန်အိုက်နင်းဘဝတုန်းကတောင် ဒီလောက်စုတ်ပြတ်သောနေရာမျိုးတွင် မနေခဲ့ဖူးဘူး.
ကံကောင်းစွာပဲ ကုနင်းက စိတ်မပျက်ပါဘူး သူမအမေဆီကနေရရှိတဲ့ နက်ရှိုင်းတဲ့ မေတ္တာတရားနဲ့တင် ကျေနပ်နေစေတယ်.
ကုမန့်ကို ချမ်းသာပြည့်စုံတဲ့ဘဝမှာနေစေချင်တာကြောင့် ကုနင်းမြန်မြန်ပိုက်ဆံရှာချင်နေပါပြီ.
ကုနင်းပိုက်ဆံရှိလာရင် အရင်ဦးဆုံးလုပ်ချင်တာကတော့ အိမ်ကြီးကြီးတစ်လုံးဝယ်ချင်ပြီး ကုမန့်အတွက် စျေးကြီးတဲ့အဝတ်အစားတွေရယ် အသားအရေထိန်းသိမ်းဖို့အတွက် ပစ္စည်းတွေရယ် ဝယ်ပေးချင်တာပါပဲ. သူမအမေကို ပျော်ရွှင်ဖွယ် ဘဝလေးမှာ နေစေချင်တယ်.
ကုနင်းက အသက်မကြီးသေးပါဘူး အခုမှ 39နှစ်ပဲရှိပါသေးတယ်. ဒါပေမယ့် သူမဘဝမှာအများကြီးဖြတ်ကျော်ခဲ့ပြီးပါပြီ.
သူမဘဝကို 18နှစ်လောက်တစ်ကိုယ်တည်းဖြတ်သန်းခဲ့တယ်.
ကုမန့်ဟာ လှပနေတုန်းဖြစ်တာကြောင့် ပိုးပန်းသူများရှိပေမယ့် ကုနင်းကို စိတ်မသက်မသာမဖြစ်စေချင်တာကြောင့် နောက်အိမ်ထောင်ပြုဖို့ ဘယ်တုန်းကမှသဘောမတူခဲ့ပါဘူး.
အခု ကုနင်းလဲအရွယ်ရောက်လာပြီဆိုတော့ ကုမန့် သူမဘဝကိုသူမ ပျော်ပျော်ရွှင်ရွှင်နေထိုင်ဖို့ အချိန်ရောက်လာပါပြီ.
အနာဂါတ်မှာ ကုမန့်ကို ယောကျ်ားကောင်းတစ်ယောက်ရှာပေးဖို့လဲ ကုနင်းစိတ်ထဲမှာ ကြိုတင်ပြင်ဆင်ထားပါတယ်.
ကုနင်းရဲ့ သွေးသားအရအဖေဖြစ်သူကိုတော့ ကုမန့်ကတစ်ခါမှ မပြောပြဖူးပါဘူး. ဒါကြောင့် ထိုသူဘယ်သူလဲဆိုတာ နဲနဲလေးမှမသိပါဘူး.
ကုနင်းသိသလောကတော့ ကုမန့်ဟာ အသက်19နှစ်တည်းနဲ့ ကိုယ်ဝန်ရလာတာပါ. သူမကောလိပ်ပထမနှစ်ရဲ့ ဒုတိယပိုင်းမှာပဲ ကျောင်းထွက်ပြီး အိမ်ပြန်လာခဲ့ရတယ်.
ထိုအချိန်က ကုမိသားစုတစ်ခုလုံးထိုအချက်ကြောင့် စိတ်ပျက်ခဲ့ကြရတယ်.
သူတို့မိသားစုရဲ့ သိမ်မွေ့ကျိုးနွံတဲ့ မိန်းကလေးက ဒီလိုမျိုးဖြစ်ပျက်ခဲ့မယ်ဆိုတာ သူတို့ဘယ်လိုမှ စဉ်းစားလို့ကိုမရပါဘူး.
ဒါက သူတို့ကို တော်တော်ကြီးအရှက်ရစေခဲ့တာကြောင့် ကုမန့်ကို ကိုယ်ဝန်ဖျက်ချစေရန် အားလုံးက လက်ခံသဘောတူခဲ့ကြတယ်.
ကုမန့်က သူမကလေးကို ဖျက်ချဖို့သဘောမတူဘဲ မိသားစုကထွက်ကာ သူမကိုယ်တိုင်အလုပ်ထွက်လုပ်ခဲ့တယ်.
တကယ့်ကို ခက်ခဲတဲ့အချိန်တွေဖြစ်ခဲ့ပါတယ်.
ကုမန့်သည် သူမကိုယ်ဝန်ကြောင့် ဘယ်အလုပ်ကိုမှ ကောင်းကောင်းမလုပ်နိုင်ခဲ့ပါဘူး.
ကုချင်ကသာ သူကိုဂရုစိုက်ခဲ့တာပါ.
အဲ့ဒီအချိန်းတုန်းက ကုနင်းအဘိုးအသက်ရှင်နေသေးပါတယ်.
သူ့ရဲ့သမီးအငယ်ဆုံးဖြစ်တဲ့ ကုမန့်ကို အရမ်းချစ်တာကြောင့် နောက်ဆုံးမှာတော့ အိမ်ကိုပြန်ခေါ်ခဲ့တယ်.
ကုနင်းအဘိုးအသက်ရှိစဥ်အတွင်းမှာတော့ ကုမန့်လဲ အလုပ်ကြိုးစားလုပ်နိုင်ပြီး ကုနင်းကတော့ သူ့အဘိုးစောင့်ရှောက်မှုအောက်မှာပဲ နေထိုင်ခဲ့တယ်.
လွန်ခဲ့တဲ့ 10နှစ် အဘိုးဆုံးသွားချိန်မှာတော့ အဘွားဟာ အကြီးဆုံး ဦးလေးရဲ့အိမ်မှာပဲ ပြောင်းရွှေ့နေထိုင်ခဲ့တယ်.
ကုချင်ရှန် နဲ့ ကုချင်ယန်တို့နှစ်ယောက်က ကုမန့်ကို သူတို့မိဘအိမ်အပိုင်မပေးစေချင်တာကြောင့် အဘွားကို အငှားအဖြစ်ပဲထားရန်ဖျောင်းဖျကြတယ်.
“နင်းနင်း. အိပ်ရာထဲ သွားနားနေဦး. အမေထမင်းချက်လိုက်ဦးမယ်. ပြီးတော့ အဝတ်အစားလဲဦးနော်. နောက်မှ အမေလျှော်လိုက်မယ်.” ကုမန့်က ပြောလိုက်တယ်.
“အမေ ထမင်းပဲချက်လိုက်ပါ. သမီးအဝတ်လျှော်လိုက်မယ်.”
ကုနင်းက ကုမန့်ရဲ့ပိန်လွန်းတဲ့ ခန္ဓာကိုယ်ကို မြင်ရတာ သူမအမေမသေခင်အချိန်ကို မြင်ရသလိုဖြစ်တာကြောင့် စိတ်မကောင်းဘူး.
“မရဘူး အခုထိလူနာပဲ” ကုမန့်က သဘောမတူပါဘူး.
“သမီးနေကောင်းနေပါပြီ” ကုမန့်က ငြင်းတယ်.
“မရဘူးလို့ပြောနေတယ်လေ” ကုမန့် အရူးအမူးကို ငြင်းတယ်.
“ကောင်းပါပြီ” ကုနင်းအလျှော့ပေးလိုက်ရတော့တယ်.
နာရီဝက်လောကနေတော့ စားစရာက အဆင်သင့်ဖြစ်သွားပါပြီ
သူတို့ဘဝက ဆင်းရဲတာကြောင့် ဟင်းပွဲတွေက သာမာန်ပါပဲ. ဒီနေ့လို ကုနင်းဆေးရုံဆင်းတဲ့နေ့ကလွဲလို့ သာမာန်နေ့တွေဆို အသားမပါပါဘူး.
ထမင်းစားနေချိန်မှာတော့ ကုမန့်ဟာ သူမကိုယ်တိုင်ကျမစားပဲနဲ့ အသားတွေအားလုံးကို ကုနင်းပန်းကန်ထဲသာ လှမ်းထည့်ပေးနေတယ်.
ကုနင်း ငိုချင်လာတယ်. တကယ်ဆို သူမထက် ကုမန့်ကသာ ပိုပြီး အာဟာရဓာတ်ကို လိုနေတာပါ.
“မေမေ, သမီးအတွက်အသားကများနေပြီ မေမေလဲ စားပါဦး.
ဒီနေ့တော်တော်ပူတယ် ဒီတော့ ညအထိအသားတွေထားလို့မဖြစ်ဘူး ကုန်အောင်စားမှရမယ် မဟုတ်ရင် အနံ့တွေထွက်သွားလိမ့်မယ်.”
ကုနင်း ချက်ချင်းပဲ ကုမန့်ပန်းကန်ထဲ အသားတွေအများကြီးထည့်ပေးလိုက်တယ်.
ကုနင်းစိတ်ထဲ ဘာဖြစ်နေတယ်ဆိုတာကို ကုမန့်သိနေတယ်. ကုနင်းကို စိတ်မထိခိုက်စေချင်တာကောင့် သူမလဲမငြင်းနေတော့ပါဘူး.
သူမ နှလုံးသားထဲမှာလဲ အရမ်းကို ဝမ်းနည်းနေပါတယ်.
သူမသမီးရဲ့ဘဝကို ကောင်းကောင်းမပျိုးထောင်ပေးနိုင်တာကြောင့် သူမကိုယ်သူမလဲ အပြစ်တင်နေမိတယ်.
စားပြီးချိန်မှာတော့ ကုမန့်က ကုနင်းကို သွားလှဲနေဖို့ရန် တိုက်တွန်းတယ်.
ဒါပေမယ့် ကုနင်းက ထပ်မလှဲချင်တော့တာကြောင့် ဒီဟိုဟောင်းနေတဲ့လမ်းမှာပဲ အချိန်ဖြုန်းဖို့လုပ်တယ်.
ကုနင်းဟာ သူမရဲ့ ကျောက်စိမ်းမျက်ဝန်းကို အသုံးပြုပြီး ငွေရှာချင်နေပါပြီ.
ဒါကြောင့် သူမစုထားတဲ့ ယွမ်500နဲ့ သူမအိုင်ဒီကဒ်ကို ယူလိုက်ပြီး
“မေမေ. သမီးအပြင်မှာလမ်းလျှောက်လိုက်ဦးမယ်. ခနနေမှပြန်လာမယ်နော် ”
ကုနင်းအခုမှဆေးရုံကဆင်းလာတာကြောင့် ကုမန့်က စိတ်ပူစွာနဲ့.
“အခုမှ ဆေးရုံကဆင်းလာတာ အနားယူဦးမှပေါ့.”
ကုနင်းက ပြန်ပြီ
“စိတ်မပူပါနဲ့ မေမေ, သမီးနေကောင်းနေပါပြီ. ပြီးတော့ လမ်းလျှောက်တာရယ် နေရောင်ခံတာရယ်က ကျန်းမာရေးအတွက်ကောင်းပါတယ် ”
“ဒါပေမယ့်.....” ကုမန့်ကတော့ စိုးရိမ်နေတုန်းပါပဲ
“စိတ်မပူပါနဲ့တော့ သမီးကလေးလဲမဟုတ်တော့ဘူး ကိုယ့်ကိုကိုယ် ဂရုစိုက်နိုင်ပါတယ်. ဖုန်းလဲယူသွားလို့ စိတ်ပူလာရင် ဖုန်းဆက်လိုက်နော် ”
ကုနင်းလဲ ကုမန့်ကို စိတ်သက်သာရာရအောင်ပြောပေးလိုက်တယ်.
…………P7End………….
ဖီးနစ်သွေးစက်
အခန်း ၈ ရတနာဆိုင်မှ ဇာတ်လမ်းတစ်ပုဒ်
အဆုံးမှာတော့ ကုမန့်က ညှိနှိုးလိုက်တယ်
“တစ်ခုတော့လိုက်နာပေး, နေလို့မကောင်းသလိုခံစားရတာနဲ့ အမေ့ကို တန်းဖုန်းဆက်ရမယ် ဟုတ်ပြီလား”
“ဟုတ် ဆက်ပါ့မယ် ” ကုနင်း ပြန်ဖြေပြီးတာနဲ့ ထွက်သွားတော့တယ်.
ကုနင်း လမ်းပေါ်ရောက်တော့ သူမလက်ထဲက ဖုန်းကိုကြည့်ပြီး တော်တော်လေးစိတ်အလိုမကျဖြစ်သွားတယ်.
ဒီဟာက အရမ်းကို စျေးပေါပြီး ဟောင်းနေတဲ့ဖုန်းပဲ.
အရိုးသားဆုံးပြောရရင်, ကုနင်းက စမတ်ဖုန်းကိုပဲ အသုံးပြုရတာ ကြိုက်ပါတယ်. ဒီလိုမျိုး ခလုတ်တွေနဲ့ ဖုန်းအဟောင်းကိုတော့ တော်တော်လေးကိုမကြိုက်ပါဘူး.
ပိုက်ဆံမြန်မြန်ရှာပြီး အမေ့အတွက်ရော ငါ့အတွက်ပါ စမတ်ဖုန်းတစ်လုံးစီလောက်ဝယ်မှပါ.
ကုနင်း သူ့ဘာသာတွေးလိုက်တယ်.
ကုနင်းနေတဲ့နေရာနဲ့ ရှေးဟောင်းပစ္စည်းရောင်းသာစျေးကို တိုက်ရိုက်သွားတဲ့ ဘက်စ်ကားမရှိတာကြောင့် မြို့ထဲသို့အရင်သွားရန် ဆုံးဖြတ်လိုက်တယ်.
ကံကောင်းစွာပဲ ရုံးဆင်းရုံးတက်ချိန်မဟုတ်တာကြောင့် မိနစ်လောက်နဲ့ မြို့ထဲကို ရောက်သွားတယ်.
ကုနင်း ဘက်စ်ကားပေါ်ကနေဆင်းလိုက်ပြီး ရှေးဟောင်းပစ္စည်းစျေးကိုသွားတဲ့ နောက်ဘက်စ်ကားဂိတ်ကို ရောက်အောင် မီတာ 300 လောက် လမ်းထပ်လျှောက်လိုက်ရတယ်.
မြို့ထဲမှာတော့ လူသိများတဲ့ ရတနာပစ္စည်းဆိုတွေ အများကြီးရှိတယ်.
အနီးနားရှိ ရတနာပစ္စည်းဆိုင်၏ မျက်နှာစာတွင်ပြထားသော ကျောက်စိမ်းကို ကုနင်း စိတ်ဝင်စားနေမိတယ်. အထဲဝင်ပြီးတော့လဲ ကြည့်ချင်နေတယ်.
ကုနင်းက ကျောက်စိမ်းထဲက စွမ်းအား စုပ်ယူနည်းကို သိထားပေမယ့် လက်တွေ့မလုပ်ဖူးတာကြောင့် ဘယ်လိုခံစားရလဲဆိုတာကို အရမ်းသိချင်နေပါတယ်.
ကုနင်း ရတနာဆိုင်ထဲ ဝင်သွားချိန်မှာပဲ အမျိုးသမီးတစ်ယောက်ရဲ့ ထေ့ငေါ့သံကိုကြားလိုက်ရတယ်.
“ဝိုး ဒါကုနင်းမဟုတ်လား? ဘာလား? နင်ကိုယ်တိုင်တောင်စားဖို့ ပိုက်ဆံမရှိဘဲနဲ့ ရတနာဆိုင်ထဲကို လာရဲသေးတယ်လား?”
ဟုတ်ပါတယ်. ကျောင်းမှာတော့ သူမဟာ သူမရဲ့ဆင်းရဲနွမ်းပါးမှုကြောင့် ကျော်ကြားပါတယ်.
ကုမန့်က သူမနေ့လည်စာစားဖို့အတွက် လုံလောက်တဲ့ပိုက်ဆံကို နေ့တိုင်းပေးပါတယ်. ဒါပေမယ့် သူမက ပိုက်ဆံကို တတ်နိုင်သလောက် စုထားချင်တာကြောင့် နေ့လည်စာကို သာမာန် စပျစ်သီးခြောက်ပေါင်မုန့်လောက်သာစားလေ့ရှိတယ်.
ဒီလိုကြောင့်ပဲ သူမ ယွမ် 500 စုနိုင်ခဲ့တာပေါ့.
ကုနင်းကို ပြောဆိုနေတဲ့သူကတော့ သူမရဲ့အတန်းဖော် ရှောင်ဖေးဖေးပါ. အတန်းပြင်ပမှာတော့ သူမကိုအမြဲတမ်းလှောင်ပြောနေသူပေါ့. ကုနင်းကို တော်တော်အနိုင်ကျင့်သူဖြစ်ပြီး ကုနင်းရဲ့ စားပွဲထဲအမှိုက်ပစ်တာတို့ သူမစာအုပ်တွေကို ဖျက်ဆီးပစ်တာတို့ လုပ်လေ့ရှိတယ်.
ရှောင်ဖေးဖေး ကုနင်းကို အနိုင်ကျင့်ရတဲ့အကြောင်းကတော့ ဆင်းရဲတာကြောင့်မဟုတ်ပဲ ကုနင်းက သူမထက်ပိုလှနေတာကြောင့်ပါ.
ဒီတော့ ကျောင်းသားတွေကြားထဲမှာ “အလှဆုံးမိန်းကလေး” ဆိုပြီး ထင်ရှားတဲ့ ရှောင်ဖေးဖေးက ကုနင်းကို မနာလိုဝန်တိုဖြစ်တော့တယ်.
ကုနင်းက ဆင်းရဲတဲ့မိသားစုက မိန်းကလေးပေမယ့် ဘာလို့များ ရှောင်ဖေးဖေးထက်လှနေရတာလဲ?
ရှောင်ဖေးဖေးရဲ့အန်ားမှာတော့ သူတို့နဲ့အသက်တူလောက်တဲ့ မိန်းကလေးတစ်ယောက်ရပ်နေသေးတယ်. သူမဘယ်သူဆိုတာကိုတော့ ကုနင်းဘယ်လိုမှ စဉ်းစားလို့မရဘူး.
ဆိုင်ထဲရှိလူတွေအကုန်လုံးက ကုနင်းကို တစ်ပြိုင်ထဲလှည့်ကြည့်ကြတယ်.
ပညာတတ်တွေဖြစ်တာကောင့် ဘာမှမလှုပ်ရှားကြဘဲ ငြိမ်ငြိမ်လေးနေနေကြပေမယ့် သူတို့ရဲ့ အထက်စီးဆန်တဲ့ မျက်နှာမှာတော့ မနှစ်မြို့မှုတွေပေါ်လွင်နေတယ်.
အဓိကကတော့ ကုနင်းရဲ့ ဟောင်းနွမ်းနေတဲ့အဝတ်အစားတွေကိုမြင်လိုက်ရတာကြောင့်ပေါ့. ချမ်းသာတဲ့သူတွေအတွက်တော့ ဒီလိုမျိုး ဆင်းရဲသားတစ်ယောက်နဲ့ တစ်နေရာတည်း ရှိနေရတာက သူတို့ကို အရှက်ရစေတာပါပဲ.
ကုနင်းကတော့ ရှောင်ဖေးဖေးကလွဲပြီး ကျန်တဲ့သူအားလုံးကို လျစ်လျူရှုထားလိုက်ပြီး
“ဒါနင့်အိမ်မှမဟုတ်တာ ငါက ဘာလို့ဒီမှာ မရှိနေနိုင်ရမှာလဲ?” ကုနင်းက ပြန်ခံပြောလိုက်တယ်.
“နင် ဒီကပစ္စည်းတွေကို ဝယ်နိုင်လို့လား?” ရှောင်ဖေးဖေးက ကုနင်းကို လှောင်ရယ်လိုက်ပြီး ချဲ့ကား၍
“တစ်ခုခုခိုးဖို့ လာတာတော့ မဟုတ်ပါဘူးနော်?”
ဒီအချိန်မှာတော့ အားလုံးရဲ့အကြည့်တွေက ပြောင်းလဲသွားပါပြီ. အဓိကကတော့ ဝန်ထမ်းတွေက သတိထားပြီးကြည့်လာကြတယ်. သူတို့အားလုံးရှောင်ဖေးဖေးပြောတာကို ယုံကြည်ကြတယ်.
ကုနင်း စိတ်အနှောင့်အယှက်ဖြစ်သွားပြီး
“နင် ဘာသက်သေမှမရှိပဲ ဒီလိုပြောတာ တရားစွဲလို့ရတယ်နော်.” သူမရဲ့ မျက်လုံးထဲမှာတော့ အေးစက်မှုများနဲ့ ပြည့်နှက်နေတယ်.
“နင်....”
ရှောင်ဖေးဖေး ကုနင်းရဲ့အကြည့်တွေကြောင့် ကြောက်လန့်သွားရုံသာမက သူမဒီလို ပြန်ခံပြောလိုက်တာကိုလဲ အလွန်အံ့အားသင့်သွားတယ်.
အရင်တုန်းက ရှောင်ဖေးဖေး ဘယ်လောက်ပဲလှောင်ပြောင်ပါစေ ကုနင်းက ဘာမှပြန်မပြောဘဲ တိတ်တဆိတ်သာနေခဲ့တယ်.
“မမ, သွားကြရအောင် ” ရှောင်ဖေးဖေးနဲ့ရှိနေတဲ့ မိန်းကလေးက ခြိမ်းခြောက်မှုကို ခံစားလိုက်ရတာကြောင့် ဒီကနေထွက်သွားချင်နေတယ်.
“ဘာလို့လဲ? ငါဒီမှာနေနေတော့ကော သူက ဘာလုပ်နိုင်မှာမို့လို့လဲ?”
ရှောင်ဖေးဖေးက အသံကိုမြှင့်ပြီးပြောလိုက်တယ်. ကုနင်းရဲ့ရှေ့မှာတော့ သူမထွက်မပြေးချင်ပါဘူး.
သူမရဲ့မျက်လုံးထဲမှာတော့ ကုနင်းဟာ ချမ်းသာမှု, အထောက်အပံ့ နဲ့ ဘာအင်အားမှမရှိတဲ့ ဆင်းရဲတဲ့ကောင်မလေးတစ်ယောက်ပါပဲ.
သူမက ကုနင်းကို မလိုကြည့်နဲ့ ဆက်ကြည့်နေလိုက်တယ်.
ထိုအခါ ကုနင်းက
“ငါဒီထဲကို ဝင်လာတာ တစ်ခုခုဝယ်ချင်လို့လို့ မပြောမိပါဘူး”
ဒီတော့ ရှောင်ဖေးဖေးက
“နင်ဘာမှမဝယ်ဘူးဆိုရင် ဒီထဲဝင်လာစရာအကြောင်းကိုမရှိဘူး”
“ငါက ကြည့်ရုံကြည့်ချင်တာပါ. ပြီးတော့ ဒါနင့်ကိစ္စလဲမဟုတ်ဘူးလေ.”
ကုနင်းက ပြန်ပြောလိုက်တယ်.
“နင်....”
ချက်ချင်းဆိုတော့ ရှောင်ဖေးဖေးလဲ ဘာပြန်ပြောရမှန်းမသိတော့ဘူး.
ကုနင်းလဲ သူမကို ဂရုစိုက်မနေတော့ဘဲ ဆက်လျှောက်သွားလိုက်တယ်.
ထိုလူချမ်းသာတွေက ဆင်းရဲသားကို မကြိုက်ပေမယ့် ဘယ်သူမှတော့မတားပါဘူး.
သူမပြောခဲ့သလိုပဲ, သူမက ဝယ်ဖို့မဟုတ်ပဲနဲ့ ဝင်ကြည့်ရုံကြည့်မယ်ပေါ့.
ဒါပေမယ့် ဆိုင်ထဲက ဝန်ထမ်းအားလုံးကတော့ သူမကို တကယ့်သူခိုးလိုပဲ စောင့်ကြည့်နေကြတယ်.
တကယ်တော့ ဒီဆိုင်ထဲမှာ စီစီတီဗီတွေအများကြီးရှိပြီး ပစ္စည်းတွေကိုလဲ ထူထဲ လေးလံတဲ့ မှန်ဘောင်တွေထဲ ထည့်ပြီး သော့ခတ်ထားတာပါ. ဒါကြောင့် ခိုးမယ်ဆိုရင်တောင် မလွယ်ပါဘူး
ကုနင်း ဒီလို သံသယအကြည့်တွေကြောင့် စိတ်မသက်မသာဖြစ်နေပေမယ့် ဘာမှတော့ မပြောပါဘူး.
သူမ ကျောက်စိမ်းတွေထားတဲ့နေရာကိုသာ လျှောက်သွားပြီး ဂရုတစိုက်ကြည့်နေလိုက်တယ်.
အချိန်ခဏကြာတော့ ထိုကျောက်စိမ်မ်းများရဲ့ အပေါ်ဘက်တွင် အဖြူရောင်မြူအလွှာလေး ပေါ်လာခဲ့တယ်.
ထို မြူအလွှာလေးကတော့ ကုနင်းလိုအပ်နေတဲ့ စွမ်းအားပါပဲ.
မြူလွှာက အရမ်းပါးနေတာကြောင့် ဒီကျောက်စိမ်းက သိပ်မကောင်းဘူးလိုဆိုလိုတာပါ.
သူမလဲ လက်လျှော့လိုက်ပြီး သက်ပြင်းအသာချလိုက်တယ်.
ထိုသက်ပြင်းချလိုက်တာကပဲ အားလုံးရဲ့အာရုံကို ထပ်မံဆွဲဆောင်လိုက်ပြန်တယ်.
“ဆင်းရဲသားတွေက ဒီကျောက်တွေကို ဘယ်ဝယ်နိုင်ပါ့မလဲ သူတို့မှာ သက်ပြင်းပဲချနိုင်ကြတယ်. သနားစရာပဲ ”
မိန်းမတစ်ယောက်က ပြောလိုက်တယ်.
“သေချာတာပေါ့ သူတို့တစ်ဘဝလုံးကြိုးစားရင်တောင်မှ ဝယ်နိုင်ကြမှာမဟုတ်ဘူး”
နောက်ထပ်မိန်းမတစ်ယောက်ကလဲ ထောက်ခံလိုက်တယ်.
ကုနင်းတစ်ယောက် ဆွံ့အသွားရတယ်. ဆင်ရဲတာက အပြစ်လား?
ဘယ်လိုလုပ် သူမတစ်ဘဝလုံး ဝယ်နိုင်မှာမဟုတ်ဘူးလို့ အသေချာကြီးပြောနိုင်ရတာလဲ?
သူမအခုဆင်းရဲတာမှန်ပေမယ့် အနာဂါတ်မှာ ဒီလိုစျေးကြီးတဲ့ လူသုံးကုန်ပစ္စည်းတွေကို မဝယ်နိုင်ဘူးလို့ ဆိုလိုတာမဟုတ်ဘူးလေ.
ကုနင်း ထိုမိန်းမနှစ်ယောက်ကို ကြည့်လိုက်တယ်. သူတို့က အသက်40ဝန်းကျင်လောက်ရှိပြီး ကြည့်ကောင်းတဲ့ပုံစံရှိတယ်. နှစ်ယောက်လုံး စျေးကြီးတဲ့ဝတ်စုံကိုဝတ်ထားကြတယ်.
အထူးသဖြင့် ညာဘက်ကမိန်းမက သူ့လက်နှစ်ဖက်လုံးကို စိန်, ရွှေ, ကျောက်စိမ်း လက်စွပ် သုံးကွင်းလောက်စွပ်ထားတယ်.
ပြီးတော့ သူမရဲ့လက်တစ်ဖက်မှာ ရွှေလက်ကောက်တစ်ခုဝတ်ထားပြီး နောက်တစ်ဖက်မှာတော့ ကျောက်စိမ်းလက်ကောက်ကို ဝတ်ထားတယ်.
.............P8End..................
ဖီးနစ်သွေးစက်
အခန်း ၉ ရှေးဟောင်းပစ္စည်းစျေး
သူမရဲ့လည်ပင်းမှာတော့ ကျောက်စိမ်းပွင့်ကြီးကြီးတစ်ခုပါတဲ့ ပလက်တီနမ်ဆွဲကြိုး တစ်ကုံးကိုဆွဲထားတယ်.
ပြီးတော့ လျစ်လျူရှုဖို့တောင်မဖြစ်နိုင်အောင်ကြီးမားလွန်းတဲ့ ရွှေနားကပ်တွေကိုလဲ ဝတ်ထားတယ်.
သူမက သူမရဲ့ချမ်းသာမှုအားလုံးကို ထုတ်ဖော်ပြထားတာပဲ.
ထိုအချိန်မှာ ကုနင်းလဲ မထိန်းနိုင်တော့ပဲ လှောင်ရယ်မိသွားတယ်.
ထိုမိန်းကြီးရဲ့ မျက်နှာထားက ဒေါသကြောင့်အနည်းငယ်ပြောင်းလဲသွားပြီး
“မင်းက ဘာကိုရယ်တာလဲ?”
“သေချာပေါက် ရှင့်ကြောင့်ပေါ့ ရှင်အရမ်းချမ်းသာနေရင် ဘာလို့ ဒီလိုစျေးပေါတဲ့ ကျောက်စိမ်းလက်ကောက်အတုကို ဝတ်ထားတာလဲ?”
ကုနင်းလဲ ပွင့်ပွင့်လင်းလင်းပဲ ပြန်ပြောလိုက်တယ်.
ဟုတ်ပါတယ်. ထိုမိန်းမကြီး ဝတ်ထားတဲ့ လက်ကောက်နဲ့ လည်ဆွဲက ကျောက်စိမ်းဟာ အတုကြီးပါ. ကုနင်းက ထိုကျောက်စိမ်းတွေနေ စွမ်းအားစုပ်ယူဖို့တွေးထားပေမယ့် အတုတွေဖြစ်နောကြောင့် သူမအကြံတွေ ကျရှုံးသွားပါတယ်.
ရွှေအကြောင်းကိုတော့ ကုနင်းလဲ သိပ်မသိပါဘူး ဒါပေမယ့် လက်စွပ်က ကျောက်စိမ်းကတော့ အစစ်ပါ.
ထိုမိန်းမကြီး သူမကျောက်စိမ်းတွေက အစစ်မဟုတ်ဘူးဆိုတာ မသိမှန်း ကုနင်းသိပေမယ့် တမင်ပြောလိုက်တာပါ.
ထိုသူက စိတ်ရှည်တဲ့သူလဲမဟုတ်တာကြောင့် ဘယ်လိုမှတိတ်တိတ်နေမှာမဟုတ်ပါဘူး.
“မင်း ဘာပြောလိုက်တယ်?” သူမစိတ်လဲတိုသွားသလို ရှက်လဲရှက်သွားခဲ့တယ်.
ဒီရတနာတွေက သူမရဲ့ အလွန်ချမ်းသာလှသော ယောကျ်ားဖြစ်သူဆီမှပါ.
ဘယ်လိုလုပ် အတုဖြစ်နိုင်မှာလဲ
ပြီးေတာ့ သူမရှေ့မှာရှိနေတာက ဆင်းရဲ့ပြီး ဘာမှမသိတဲ့သူတစ်ယောက်လေ.
“မင်း ပါးစပ်ပိတ်ထားစမ်း မင်းကသပ်သပ် မနာလိုဖြစ်နေတာပဲ”
ကုနင်းကတော့ အေးဆေးပါပဲ.
“ယုံချင်ယုံ မယုံချင်နေပါ. ရတနာဆိုတိုင်းမှာ ရာပြတ်တွေရှိနေတာပဲ. ကိုယ့်ဘာသာ စမ်းခိုင်းလို့ရတယ်. ဒါဆို သွားခွင့်ပြုပါဦး ကျွန်မမှာလုပ်စရာလေးရှိသေးလို့.”
ကုနင်း ပြောပြီးတာနဲ့ လှည့်ထွက်သွားတယ်.
“မင်း...”
သူမ ကုနင်းကို မထွက်သွားအောင်တားချင်ပေမယ့် ဘေးနားကတစ်ယောက်က ဆွဲထားကာ
“သူကို လွှတ်ထားလိုက်ပါ. ဆင်းရဲသားတစ်ယောက်ပဲကို သူနဲ့ဝေးဝေးနေတာပို ကောင်းတယ်.”
ထိုနောက်သူလဲ စိတ်လျှော့လိုက်ပြီး သူမကိုယ်သူမ တကယ့်တော်ဝင်သူတစ်ယောက်လို့ ပြုမူလိုက်တယ်.
ဆက်ပြီး ကုနင်းရဲ့ကျောဘက်ကို အထင်သေးစွာကြည့်ရင်း
“ငါက မင်းတို့လို ဆင်းရဲသားတွေကို ဂရုမစိုက်ပါဘူးနော် ”
ထို့နောက် ကျောက်စိမ်းတေွကိုပဲ ပြန်ကြည့်နေလိုက်တော့တယ်.
သူမစိတ်ထဲမှာတော့ ကုနင်းပြောသွားတာတွေ ရှိနေတုန်းပါ ဒါကြောင့် နောက်မှ သူမဘာသာသူမ စမ်းသပ်ကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်.
တစ်ဖက်မှာတော့ ရှောင်ဖေးဖေးဟာ ကုနင်းကို ဆင်အပြင်ဘက်မှာ စောင့်နေပါတယ်. ဆိုင်ထဲမှာ ဖြစ်ပျက်သွားတာတွေကို သူမမျက်မြင်တွေ့ခဲ့ပါတယ်.
ကုနင်း ထွက်လာတာကို မြင်တာနဲ သူမက အပြစ်ရှာပြီး
“ဒါတော့မကောင်းဘူးနော် နင်မဝယ်နိုင်တာနဲ့ ချမ်းသာတဲ့လူတွေကို သက်သက်မဲ့ မနာလိုဖြစ်နေတယ်.”
“တကယ်လို့ နင်တတ်နိုင်နေရင်လဲ ဘာလို့ ကိုယ့်ဘာသာမဝယ်နေတာလဲ?” င
ကုနင်းက ပြန်ခံပြောလိုက်တယ်.
“နင်...”
ရှောင်ဖေးဖေး အရှက်ကွဲသလိုခံစားလိုက်ရတယ်. ကုနင်းက တကယ့်ချက်ကောင်းကိုမှ ထိခဲ့တာပဲ
သူမက သန်းချီပြီးချမ်းသာတဲ့ မိသားစုက မွေးလာတာဆိုပေမယ့် သူမကိုယ်တိုင်တော့ ဘာမှမဝယ်နိုင်သေးပါဘူး
ကျောက်စိမ်းတွေက တစ်ခုကို အနည်းဆုံး ယွမ်သိန်းဂဏန်းလောက်ရှိပြီး သူမကတော့ တစ်လနေမှ မုန့်ဖိုး ယွမ်ထောင်ဂဏန်းလောက်သာရတယ်လေ.
ဒါ့အပြင် သူမလတိုင်းအသုံးကြမ်းတာကြောင့် ရတနာတွေဝယ်လောက်တဲ့အထိ သူမမှာပိုက်ဆံမရှိပါဘူး
သူမ ဒီနေ့ရောက်နေရတာလဲ သူမမွေးနေ့နီးလာတာ၍ သူမရွေးလိုက်တာကို မွေးနေ့လက်ဆောင်အဖြစ် သူမအမေဝယ်ပေးမယ်ဆိုတာကြောင့်ဖြစ်တယ်.
ကုနင်းလဲ ရှောင်းဖေးဖေးကို ဂရုစိုက်မနေတော့ဘဲ ထွက်သွားတယ်.
ရှောင်ဖေးဖေးတစ်ယောက် အရှုံးကိုမကြိုက်ပေမယ့် ဘယ်လိုပြန်ပြောရမလဲဆိုတာကို စဉ်းစားမရပါဘူး.
ရှောင်ဖေးဖေး၏ ဝမ်းကွဲညီမ ရှောင်ရွှယ်ကတော့ ရှောင်ဖေးဖေးရဲ့ဒေါသတွေ သူမအပေါ် မပေါက်ကွဲမှာစိုးတာကြောင့် အသက်တောင် ဖြောင့်ဖြောင့်မရှူရဲတော့ပါဘူး.
ရှောင်ရွှယ် ဒီလောက်ထိလိုက်လုပ်ပေးနေတာကလဲ သူမမိသားစုက ရှောင်ဖေးဖေးမိသားစုဆီကနေ အရင်းအနှီးလိုနေတာကြောင့်ပါ.
ကုနင်းကတော့ ရတနာဆိုင်ကထွက်တာနဲ့ ရှေးဟောင်းပစ္စည်းစျေးကိုသာ တန်းတန်းမတ်မတ်သွားတော့တယ်.
မြို့ထဲကနေ ရှေးဟောင်းပစ္စည်းစျေးကို ရောက်ဖို့ နာရီဝက်လောက် ကားထပ်စီးလိုက်ရပြီး သူမထိုနေရာရောက်တော့ ညနေ3နာရီတောင်ရှိနေပြီ.
ရှေးဟောင်းပစ္စည်းစျေးကို ‘အဟောင်းစျေး’လို့လဲ ခေါ်ပါသေးတယ်.
အိုဟောင်းပြီး ရှေးကျတဲ့ပစ္စည်းတွေကိုသာ ရှေးဟောင်းပစ္စည်းလို့ခေါ်တာပါ.
ရှေးဟောင်းပစ္စည်းစျေးဟာ နှစ်ပေါင်းများစွာ ကျော်ကြားလာပြီး ရှေးဟောင်းလမ်းကိုလဲ လာရောက်လည်ပတ်ကြသူ အများအပြားရှိပါတယ်.
ထိုလူအများစုမှာ သက်လတ်ပိုင်းအရွယ်များနှင့် ပိုအသက်ကြီးသူများဖြစ်တယ်.
ကုနင်း သူမနဲ့ရွယ်တူ ဆယ်ကျော်သက်အရွယ် ကျောင်းသူလေးတွေကိုလဲ တွေ့ပါတယ်.
ဒီဆယ်ကျော်သက်လေးတွေက သူတို့မိဘတွေနဲ့ အတူလာကြသလို သီးသန့်လဲ လာကြပါတယ်.
ဒါကြေင့် ကုနင်းတစ်ယောက်ထဲရှိနေတာတောင် ဘယ်သူမှ အထူးတလည်စိတ်မဝင်စားနေကြပါဘူး
လမ်းနှစ်ဖက်စလုံးမှာ များပြားလှသော ကုန်ပစ္စည်းများဖြင့်ပြည့်နေပါတယ်.
ဒါပေမယ့် ရှေးဟောင်းပစ္စည်းအစစ်ကတော့ သိပ်မတွေ့ရပါဘူး.
ရှေးဟောင်းပစ္စည်းကော ကျောက်စိမ်းပါ ဆိုးကျိုးများတဲ့ စီးပွားရေးပါ.
ဒီလုပ်ငန်းမှာ မပြောဘဲ သိနေရတဲ့ စည်းမျဉ်းကတော့ “ငွေစက္ကူအတုမလုပ်ရ” ပါပဲ.
မင်းငွေချေပြီးလို့ ပစ္စည်းရပြီးတာနဲ့ ဝယ်ပြီးဝန်ဆောင်မှုဆိုပြီး ရှိမှာမဟုတ်ပါဘူး.
မင်းကံကောင်းပြီး ပစ္စည်းအစစ်ကိုရသွားရင်တော့ တစ်ညအတွင်းချမ်းသာသွားနိုင်ပြီး မဟုတ်ရင်တော့ လုံးဝမွဲသွားမှာပါ.
ကုနင်း သူမရဲ့ ကျောက်စိမ်းမျက်ဝန်းကို ခနလောကသုံးလိုက်တာနဲ့ မောသလိုခံစားရတာကြောင့် ဖြည်းဖြည်းပဲ လျှောက်နေရတယ်.
ဆက်မသွားခင် ခနလောက်နာမှဖြစ်မယ်.
သူမသွားနေတဲ့ လမ်းတစ်လျှောက်လုံး ရှေးဟောင်းပစ္စည်းအစစ်တစ်ခုလေးတောင် မတွေ့တာကြောင့် စိတ်ပျက်နေတယ်.
သူမ ပစ္စည်းအစစ်တခုမှမတွေ့ပဲ ထွက်သွားဖို့ရာတော့ ဒီစျေးလမ်းကအရှည်ကြီး ရှိပါသေးတယ်.
ရှေးဟောင်းပစ္စည်းတစ်ခုခုကနေတော့ ပိုက်ဆံရအောင် လုပ်မှာပါ.
ကျောက်လောင်းဖို့အတွက် ရွေးစရာအများကြီးရှိပေမယ့် အများစုက Y နိုင်ငံနဲ့ မြန်မာနိုင်ငံကနေလာတာဖြစ်ပြီး အရည်အသွေးမကောင်းတဲ့ တခြားနိုင်ငံတွေကလာတဲ့ ကျောက်အချို့လဲရှိပါသေးတယ်.
အကောင်းဆုံးကျောက်ကို ရှာဖို့ကတော့ သိပ်မလွယ်ပါဘူး.
မြန်မာက Fမြို့တော်နဲ့က အတော်ဝေးတာကြောင့် ကုနင်း လေယာဉ်နဲ့ သွားမယ်ဆို တော်တော်ကုန်မှာပါ.
တကယ်တော့ လေယာဉ်လက်မှတ်က စျေးသိပ်မကြီးပါဘူး. ကုနင်းနဲ့ သူမအမေအတွက်သာ စျေးကြီးတာပါ.
နောက်ဆုံးအနေနဲ့တော့ သူမရဲ့ ထူးခြားတဲ့ စွမ်းရည်ကို ထုတ်ဖော်ပြောပြရမှာပါ. ဒါပေမယ့် ကုနင်းက သူမအမေကိုတောင် မသိစေချင်ပါဘူး.
ဒီလိုဆို သူမ မြန်မာသို့သွားရန် ဆုံးဖြတ်လိုက်ရင်တောင်မှ အကြောင်းပြချက်ကောင်းတစ်ခုလိုပါသေးတယ်.
သူမ Fမြို့တော်တွင်တော့ မျှော်လင့်ခက် သိပ်မထား,ထားပေမယ့် တစ်ခုခုတော့ ရအောင်ရှာမှာပါ.
တကယ်လို့ ကျောက်အစစ်တစ်ခုဖြစ်နေရင်တောင် သူမယူလိုက်မှာပါ.
နောက်ဆုံး သူမထွက်သွားမလို့ပြင်နေတုန်းမှာပဲ သိပ်မထင်ရှားတဲ့ ပစ္စည်းတစ်ခုက သူမအာရုံထဲ ဝင်လာခဲ့တယ်.
ထိုပစ္စည်းမှာ ကြွေထည် ကုဗတုံးလေး 12ခုပါတဲ့ လက်ကောက်တစ်ခုဖြစ်တယ်.
ထိုအတုံးလေးတစ်ခုကတင် ခြေချောင်းတစ်ချောင်းစာလောက်ကြီးပါတယ်.
သူတို့မှာ အစွန်းတွေ အညစ်ကြေးတွေအများကြီးပေနေတာကြောင့် ကြည့်မကောင်းပေမယ့် ကုနင်းအမြင်မှာတော့ အဖြူရောင်အလင်းမြူလွှာလေးကို မြင်နေရပါတယ်.
…………P9End………….
ဖီးနစ်သွေးစက်
အခန်း ၁၀ မတော်တဆရွေးမိခြင်း
ဒီပစ္စည်းမှာ စွမ်းအားရှိနေမှတော့ သေချာပေါက် စစ်မှန်တဲ့ ရှေးဟောင်းပစ္စည်းဖြစ်ရမယ်.
ကုနင်း ပျော်သွားပေမယ့် သူမမျက်နှာထက်မှာတော့ ပျော်ရွှင်မှုကို မထုတ်ဖော်ပြပါဘူး.
ကုနင်း ဆိုင်နားကို လမ်းလျှောက်သွားလိုက်တယ်.
သူမက ဆယ်ကျော်သက်လေးဖြစ်ရုံသာမက ဝတ်စားထားပုံကြည့်ရတာ ဆင်းရဲဟန်တူတာကြောင့် ဆိုင်ရှင်က သူမကို အဖတ်မလုပ်နေပါဘူး.
ကုနင်းက ဂရုစိုက်မနေဘဲ သူမ အာရုံထားနေတဲ့ လက်ကောက်ဆီကိုပဲ တန်းတန်းသွားကာ
“ဒါက ဘယ်လောက်လဲ?”
ဆိုင်ရှင်က လက်ကောက်ကို တစ်ချက်လောက်ကြည့်လိုက်ပြီး အထင်သေးစွာဖြင့် မျက်မှောင်ကြုတ်မိသွားတယ်.
ဘာလို့ဆို သူ့အမြင်မှာတော့ ဒီလက်ကောက်က အတုကြီ’လေ. သူက လွှင့်ပစ်ဖို့တောင် ရည်ရွယ်ထားတာ.
ဒါပေမယ့် ဝယ်သူရှိနေမှတော့....
သူ့နှုတ်ကို ဖွင့်လိုက်ပြီး
“50 ယွမ် ”
50 ယွမ်ဆိုတာ တော်တော်လေးပါနေပြီဆိုပေမယ့် ကုနင်းအတွက်တော့ များတုန်းပါပဲ.
ပြီးတော့ ကုနင်းကလဲ ငွေအများကြီးဝင်မယ့်အခွင့်အရေးကို လက်မလွှတ်ချင်ပါဘူး.
ပြီးတော့ ဒီလိုစစချင်းမှာတင် သူမရဲ့ ရည်ရွယ်ချက်အစစ်အမှန်ကို မထုတ်ပြချင်ပါဘူး.
ဒါကြောင့် စျေးဆစ်လိုက်တယ်.
“နည်းနည်းလောက်စျေးလျော့ပေးလို့မရဘူးလား? ကျွန်မက ကျောင်းသူဆိုတော့ ပိုက်ဆံသိပ်မရှိလို့ပါ.”
“ဒါဆို 40 ယွမ်နဲ့ ယူသွားလိုက်”
ဆိုင်ရှင်က သဘောတူလိုက်တယ်. ဘာလို့ဆို သူကအခုထိ ဒီလက်ကောက်ကို တန်ဖိုးမရှိတဲ့ ပစ္စည်းလို့ပဲ ယုံကြည်နေသေးတာကြောင့်ပါ.
ကုနင်း ခနလောက် တုံ့ဆိုင်းနေသလို ဟန်ဆောင်နေလိုက်ပြီးမှ
“ကောင်းပြီလေ. ကျွန်မ ယူမယ်.”
ထို့နောက် ဆိုင်ရှင်ကို ပိုက်ဆံ လှမ်းပေးလိုက်တယ်.
ဆိုင်ရှင်လဲ ကုနင်းထံမှ ပိုက်ဆံယူပြီးတော့ လက်ကောက်ကို ပြန်ပေးလိုက်တယ်.
ကုနင်းလဲ လက်ကောက်ကိုရပြီးတာနဲ့ ချက်ချင်းပဲ ရာဖြတ်ဌာနရှိရာဆီ တန်းသွားတော့တယ်.
သူမ ရာဖြတ်ဌာနကို သွားတယ်ဆိုတာ လက်ကောက်ကို စစ်ဆေးဖို့မဟုတ်ဘဲ ငွေရှာဖို့အတွက်ပါ.
ငွေရှိမှသာ သူမလုပ်ချင်တဲ့ အခြားအရာတွေကို လုပ်နိုင်မှာပါ.
လတိုင်း ရှေးဟောင်းစျေးမှာ ကြီးကျယ်တဲ့ ကုန်စည်ပြပွဲကို ကျင်းပပြီး လူတွေအများကြီးလဲ လာကြတယ်.
ပုံမှန်နေ့များတွင်လဲ လူတွေအများကြီးလာကြပြီး အကဲဖြတ်ကြပေမယ့် နာမည်ကြီး အရောင်းကိုယ်စားလှယ်တွေမလာတာကြောင့် စျေးတော့မကြီးပါဘူး.
ကုနင်း ရာဖြတ်ဌာနကို ရောက်တော့ ရှေးဟောင်းပစ္စည်းတစ်ခုကို အကဲဖြတ်နေတဲ့သူတစ်ယောက် ရောက်နှင့်နေတယ်.
ဘေးပတ်လည်တွင်လဲ ရပ်ကြည့်နေသူများရှိတယ်.
တချို့ကကျ အပျော်သဘောလာကြည့်တာဖြစ်ပြီး တချို့ကျ ရလဒ်ကို သိချင်ကြတာပါ. တကယ်လို့ ပစ္စည်းက အစစ်ဆိုရင် စျေးပြိုင်ပေးကြမှာပါ.
ဒီနေရာက ရာဖြတ်အားလုံးဟာ အတွေ့အကြုံရှိပြီးသားတွေကြီးပဲ ပြီးတော့ ရာဖြတ်ဌာနမှာသူတို့ကိုယ်ပိုင်စည်းမျဉ်းလဲရှိပါသေးတယ်.
တကယ်လို့ ပစ္စည်းက အတုဆိုရင်တော့ ဘာမှပေးစရာမလိုပဲ အစစ်သာဆိုရင်တော့ ဝန်ဆောင်ခပေးရမှာပါ.
တကယ်လို့ ပစ္စည်းက ချက်ချင်းရောင်းထွက်သွားမယ်ဆိုရင်တော့ စျေးကြီးကြီးပေးရပါမယ်.
စည်းမျဉ်းက လက်ခံနိုင်တဲ့ အတိုင်းအတာပါပဲ.
ကုနင်းလဲ ရာဖြတ်စားပွဲကို သွားလိုက်တယ်.
ရာဖြတ်ဆရာကတော့ အကဲဖြတ်နေတုန်းပါပဲ.
ပစ္စည်းကတော့ အနုစိတ်ပုံဖော်ထားသော ဖယောင်းတိုင်မီးငြှိမ်းတဲ့ မီးခွက်တစ်ခုဖြစ်ပြီး အစစ်လို့ထင်ရပါတယ်.
ကုနင်းက သူမရဲ့ ကျောက်စိမ်းမျက်ဝန်းကို အသုံးပြုပြီး ကြည့်လိုက်တယ်.
ထိုပစ္စည်းနားမှာ မည်သည့် မြူငွေ့မှမတွေ့ရတာကြောင့် ဒီဟာက အတုပါပဲ.
“ဒါအတုပဲ”
ရာဖြတ်ဆရာက 10မိနစ်လောက်သာ အချိန်ယူလိုက်ရပြီး ရလဒ်ကို ပြောနိုင်ခဲ့တယ်.
“ဘာပြောတယ်. ဒါက အတု!” ထိတ်လန့်မှုအပြည့်နဲ့ ယောကျ်ားသံတစ်သံထွက်ပေါ်လာတယ်.
ထိုအမျိုးသားက အံ့အားသင့်နေတဲ့ အမူအရာဖြင့်.
“မဖြစ်နိုင်တာ! ဒါကဘယ်လိုလုပ် အတုဖြစ်ရမှာလဲ?!”
“ဘာလဲ မင်းက ငါ့အဖြေကို မေးခွန်းထုတ်ချင်နေတာလား?”
ရာဖြတ်က စိတ်မကြည်မသာနဲ့ ပြန်မေးလိုက်တယ်.
ထိုလူက ချက်ချင်းပြန်ရှင်းပြတယ်
“မဟုတ်ဘူး. မဟုတ်ပါဘူး. ဒါပေမယ့် ဒီပစ္စည်းက ကျွန်တော့ အဘိုးကနေ အဖေ ပြီးတော့ ကျွန်တော့်ဆီ လက်ဆင့်ကမ်းလာတဲ့ ဘိုးဘွားအမွေအနှစ်ပါ. အတုဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?”
ဒီတော့ ဘေးနားကလူတွေကလဲ ဂရုဏာသက်စွာနဲ့
“ကိုယ့်လူ အမွေပစ္စည်းဆိုရင်တောင် အတုဖြစ်နိုင်တာပဲ ”
“အမှန်ပဲ”
“ခင်ဗျားရဲ့ အဘိုးကအမှားလုပ်မိသွားတာနေမှာပေါ့ ဒါကပုံမှန်ပါပဲ.”
တခြားအသံတွေလဲ အုံကြွထွက်ပေါ်လာတယ်.
ထိုသူလဲ စိတ်မချမ်းမသာမျက်နှာထားနဲ့ပဲ သူ့အမွေပစ္စည်းကို ယူကာ လျင်လျင်မြန်မြန်ထွက်သွားတော့တယ်.
တကယ့်ရှေးဟောင်းအမွေအနှစ်လို့ ထင်ပြီး ရောင်းဖို့ကြံထားပေမယ့် အံ့သြစရာကောင်းစွာ အတုကြီးဖြစ်နေခဲ့တယ်.
နောက်ထပ် အတုတွေအများကြီး ထပ်တွေ့ရပါသေးတယ်.
ဒါပေမယ့် ဘယ်သူမှ စိတ်မပျက်သွားကြပါဘူး ဘာလို့ဆို ပိုင်ရှင်တွေက ဒါတွေဝယ်တော့ သိပ်အများကြီး မပေးခဲ့ရတာကြောင့်ပါ.
“ဟိုင်း ကျွန်မရဲ့ လက်ကောက်လေးကိုကော အကဲဖြတ်ပေးလို့ရမလား?”
ကုနင်းအလှည့်ရောက်သွားပါပြီ.
သူမလက်ထဲမှာတော့ အခုလေးတင်ဝယ်လာတဲ့ လက်ကောက်လေးကို ကိုင်ထားပါတယ်.
ဒီလူအုပ်ကြီးကြားထဲမှာတော့ ကုနင်းရဲ့ ပုံစံဟာ ပြောစရာတစ်ခုဖြစ်သွားတယ်.
“ဟွန်း သူဒီလောက်ညစ်ပတ်နေတဲ့ ပစ္စည်းကို ဘယ်ကရာလာတာလဲ? တော်တော်ကြည့်ရဆိုးတာပဲ”
“ဒီမိန်းကလေး ငွေရူးရူးနေတာပဲ. ဒါအတုဆိုတာ အသိသာကြီးကို.”
ထပ်ပြီး အသံတွေ အုံကြွလာပြန်တယ်.
ကုနင်း သူတို့အားလုံးကို လျစ်လျူရှုထားလိုက်တယ်.
‘ကြည့်နေစမ်းပါ’ ကုနင်း စိတ်ထဲကနေ သူမဘာသာတွေးလိုက်တယ်.
ရာဖြတ်ကတော့ ဒီဟာ အစစ်ဟုတ်တာမဟုတ်တာ ဘာမှမပြောပါဘူး. သူက သူ့အလုပ်ကိုပဲ လုပ်မှာပါ.
လက်ကောက်က ဖုန်တွေကို ဖယ်နေရင် ပထမဆုံးအကြိမ်မြင်လိုက်ချိန်မှာတော့ ရာဖြတ်လဲ ဒီပစ္စည်းကို သဘောမကျပါဘူး.
အစွန်းတွေကို လက်ကိုင်ပဝါနဲ့ ဖျက်နေရင်းနဲ့ပဲ လက်ကောက်ရဲ့ မူလအရောင်ဟာ ထွက်ပေါ်လာတော့တယ်.
ထိုအရာက အဖြူနှင့်အပြာရောင် ရောစပ်ထားတဲ့ ကြွေထည်လေးပါ.
ရာဖြတ် နဲနဲမျက်မှောင်ကြုတ်သွားတယ်. ဒီပစ္စည်းက ခေတ်သစ်အနုပညာလက်ရာတစ်ခုလို့ သူထင်ထားတာပါ.
ရှေးဟောင်းတုန်းကလဲ ဒီလို ကြွေထည်ပစ္စည်းမျိုးဘယ်သူမှအသုံးမပြုကြပါဘူး
ဒါပေမယ့် စပြီးမှတော့ သူ့အလုပ်သူ ပြီးဆုံးအောင်လုပ်မှာပါ.
ဒါကြောင့် ဆက်ပြီး လက်ကောက်ကို သန့်ရှင်းနေလိုက်တယ်.
ခနနေတော့ တဖြည်းဖြည်းနဲ့ သူဟာတစ်ခုခု မူမှန်သလို ခံစားလိုက်ရတယ်.
တခြားသူတွေကလဲ မေးလိုက်တယ်.
“ဘာဖြစ်လို့လဲ/”
“အဲ့ဒါ အစစ်လား?”
ရာဖြတ်က ဘာမှမပြောဘဲ တိတ်ဆိတ်နေပြီး သူအလုပ်ပေါ် အာရုံစိုက်နေတယ်.
အကြာခင်မှာပဲ လက်ကောက်ဟာ သန့်ရှင်းပြီး အရောင်ထွက်လာတယ်.
အခုချိန်မှာတော့ အားလုံးက ဒီလက်ကောက်ကို ကြွေထည်နဲ့လုပ်ထားတယ်ဆိုတာ သိသွားပါတယ်.
ဒါပေမယ့် အားလုံးက အတုဖြစ်မယ်လို့တော့ သေချာပေါက်ယုံကြည်နေကြပါတယ်.
ဘာလို့ဆို ရှေးခေတ်တုန်းက ကြွေထည်နဲ့ လက်ကောက်လုပ်ကြတယ်လို့ ဘယ်သူမှမကြားဖူးကြတာကြောင့်ပါ.
ဒါကသေချာပေါက် ခေတ်သစ်ပစ္စည်းပဲ.
ဒါပေမယ့် ရာဖြတ်ကတော့ ဒီလိုမထင်ပါဘူး.
သူက အံ့အားသင့်နေပြီး အရမ်းကို စိတ်လှုပ်ရှားနေပါတယ်.
“ဒီကြွေထည်က မင်မင်းဆက်နဲ့ ချင်မင်းဆက်က ဖြူပြာကြွေထည်ပဲ.” သူက ရုတ်တရက် ထပြောလိုက်တယ်.
“ဘာ?”
“တကယ်ကြီးလား?”
အားလုံးလဲ ထိတ်လန့်တုန်လှုပ်သွားကြတယ်.
မင်မင်းဆက်နဲ့ ချင်မင်းဆက်က ဖြူပြာကြွေထည်.
ဒါဆို ဒီဟာက တကယ်အစစ်ပေါ့.
မင်မင်းဆက်နဲ့ ချင်မင်းဆက်ရဲ့ ဖြူပြာကြွေထည်ဟာ ယွမ်မင်းဆက်နဲ့ ထန်မင်းဆက်ကလောက် စျေးမကြီးပေမယ့်. ပေါလဲမပေါပါဘူး.
ထိုအချိန်မှာတော့ အားလုံးဟာ ကုနင်းကို မနာလိုစွာကြည့်လာကြတယ်.
ကုနင်းအတွက်တော့ သိပ်မထူးခြားပါဘူး
ဒီလူတွေအတွက် အံ့ဩစရာဆိုပေမယ့် သူမကတော့ သိပြီးသားလေ.
တကယ်တော့ ကုနင်းက အစစ်ဆိုတာပဲသိပြီး သူ့ရဲ့ဇစ်မြစ်ကိုတော့ လုံးဝမသိပါဘူး.
“ဒါက မင်မင်းဆက်နဲ့ ချင်မင်းဆက်က ဖြူပြာကြွေထည်ပဲ . ငါ့အထင်တော့ နဂိုဟာက ကွဲသွားလို့ တစ်ယောက်ယောက်က လက်ကောက်အဖြစ်ပြောင်းလိုက်ပုံပဲ”
ဘယ်သူမှတော့ လက်ကောက်လုပ်ချင်လို့ဆိုပြီး နဂို ဖြူပြာကျောက်ကို တမင်သက်သက် ခွဲလိုက်မှာမဟုတ်ဘူး
“ဟေ့ မိန်းကလေး, မင်းဒီလက်ကောက်ကို ဘယ်ကရတာလဲ?”
လူတစ်ယောက်က မေးလိုက်တယ်.
“သာမာန်ဆိုင်ကနေပဲ ဝယ်ခဲ့တာပါ.” ကုနင်းလဲ အမှန်အတိုင်းပဲ ဖြေလိုက်တယ်.
“ဘာ? မတော်တဆရွေးလိုက်မိတာပေါ့. မင်းတော်တော်ကံကောင်းတဲ့ မိန်းကလေးပဲ ”
အားလုံးကလဲ ထောက်ခံကြတယ်.
“မိန်းကလေး မင်းဒါကို ရောင်းချင်လား? ငါ ယွမ်30000ပေးမယ်.” ဝတ်စုံပြည့် ဝတ်ထားတဲ့ သက်လတ်ပိုင်းအရွယ်လူကြီးက တုံ့ဆိုင်းမနေပဲ ချက်ချင်း စျေးခေါ်လိုက်တယ်.
………………P10End…………………