အခန်း (၁၁-၁၅)
Vol. 1 Ch. 11-15
အခန်း ၁၁ ပထမဆုံးဝင်ငွေ
“ယွမ် 30000? ဘာနောက်နေတာလား? မိန်းကလေး ငါ ယွမ် 50000 ပေးမယ်.”
“ယွမ် 60000” နောက်ထပ်တစ်ယောက်က စျေးထပ်ခေါ်လိုက်တယ်.
”ယွမ် 70000”
”ယွမ် 80000”
..............................
“ယွမ် 120000”
အားလုံးလဲ ရှော့ခ်ရသွားကြတယ်. မင်မင်းဆက်နဲ့ ချင်မင်းဆက်ရဲ့ ဖြူပြာကြွေထည်က အဲ့လောက်အများကြီးကျမတန်ဘူးလေ.
ကုနင်းလဲ ရှော့ခ်ရသွားပါတယ်. အခုဟာက သူမပထမဆုံးအကြိမ် ရှေးဟောင်းပစ္စည်းရောင်းတာပါ.
ပြီးတော့ ရှေးဟောင်းပစ္စည်းတွေက အရမ်းစျေးကြီးတာကို သူမသိထားပေမယ့်လဲ စျေးနှုန်းတွေကတော့ သူမကို အံ့ဩစေတုန်းပါပဲ.
လက်ကောက်ရဲ့ စွမ်းအားက သိပ်မပြင်းတာကြောင့် ယွမ် 40000လောက်က အများဆုံးလို့ထင်ထားတာပါ.
သူ့မှာ သမိုင်းကြောင်းရှိတာကြောင့် ဒါဟာ ဖြုန်းတီးမှုသက်သက်မဟုတ်ပါဘူး.
ယွမ် 120000ဆိုတာ ကုနင်းအရင်ဘဝတုန်းကတော့ ဘာမှမဟုတ်ပါဘူး. ဒါပေမယ့် အခုတော့ တကယ့်ကို များပြားလွန်းလှတဲ့ပမာဏပါ.
နောက်ဆုံးတော့ ကုနင်းလဲ လက်ကောက်ကို ယွမ် 120000နဲ့ရောင်းလိုက်တယ်.
ဒီလောက်မြင့်တဲ့ စျေးနှုန်းကြောင့် အားလုံးက အံ့အားသင့်နေကြတုန်းပဲ. တကယ့် ကျွမ်းကျင်သူတွေကတော့ ဒီလက်ကောက်ဟာ စျေးထဲမှာရှိသင့်တာထက် ပိုပြီးအဖိုးတန်တယ်ဆိုတာ သိကြတယ်.
ကျိုးထားပြီးသားဆိုရင်တောင် မင်မင်းဆက်နဲ့ ချင်မင်းဆက်ရဲ့ ဖြူပြာကြွေထည်က အရမ်းကို စျေးကြီးပါတယ်.
အခုခေတ်မှာ, မင်မင်းဆက်နဲ့ ချင်မင်းဆက်ရဲ့ ဖြူပြာကြွေထည်နဲ့ လုပ်ထားတဲ့ ပန်းကန်ပြားဆိုရင် ယွမ်သန်းနှင့်ချီ ပေးဝယ်ရတာပါ. ဒီလက်ကောက်ရဲ့ တန်ဖိုးဟာလဲ စျေးထဲမှာပဲဖြစ်နေရင်တောင်မှ အနည်းဆုံး ယွမ် 200000အောက်မလျော့သင့်ပါဘူး.
ဒါပေမယ့် ကုနင်းကတော့ အတွေ့အကြုံလဲမရှိသလို ဒီလက်ကောက်ရဲ့ တကယ့်တန်ကြေးကိုလဲ မသိတာကြောင့် နောင်တမရပါဘူး.
ကုနင်းက အခုကို ပိုက်ဆံလိုနေတာကြောင့် နောက်ထပ်ပိုပြီး ရက်ရက်ရောရောပေးမယ့် ဝယ်သူကို စောင့်ဖို့အချိန်မရှိပါဘူး.
ဒါ့အပြင်, လက်ကောက်ကို စျေးကွက်ထဲ ဘယ်လိုထည့်ခဲ့ရမယ်ဆိုတာလဲ သူမ,မသိပါဘူး.
ဒီရှေးဟောင်းစျေးထဲမှာ ဘဏ်ရှိပါတယ်. အရောင်းအဝယ်ကိစ္စဆို ထိုဘဏ်ကိုသွားလိုက်ရုံပါပဲ.
ဒါပေမယ့် ကုနင်းမှာ ဘဏ်ကဒ်မရှိသေးပါဘူး ဒါပေမယ့် သူမအိုင်ဒီကဒ်ပါလာတာကြောင့် ဘဏ်ကဒ်တစ်ခု လုပ်လိုက်ပါတယ်.
သူမ ပိုက်ဆံလက်ခံရပြီးသောအခါမှ ဝယ်သူကို လက်ကောက်လွှဲပေးလိုက်တယ်.
ပြီးတာနဲ့ ရာဖြတ်ကိုလဲ အမှုဆောင်ခလွှဲပေးလိုက်တယ်.
အမှုဆောင်ခကတော့ ရောင်းသူအပေါ်မူတည်ပြီး ယွမ်ရာဂဏန်းမှ ထောင်ဂဏန်းအထိကျသင့်ပါတယ်.
ကုနင်းက ဒီရှေးဟောင်းစျေးကွက်မှာ သိပ်ဝင်ငွေမများသေးတာကြောင့် ယွမ် 2000သာ ပေးရတယ်.
ဒါပေမယ့် ကုနင်းကတော့ ရက်ရောစွာပဲ ရာဖြတ်ကို ယွမ် 10000ပေးလိုက်တယ်.
ကုနင်း ဘဏ်ကထွက်လာပြီးတော့ သူမကို ပစ်မှတ်ထားခံနေရတယ်လို့ ခံစားလိုက်ရတယ်.
ဒီရှေးဟောင်းလမ်းမှာ လူပေါင်းစုံရှိနေတာကြောင့် မလုံခြုံပါဘူး.
ဒါကပုံမှန်ပါပဲ သူမ နောက်ငွေအများကြီး ရှာနိုင်လာရင်လဲ တစ်ယောက်မဟုတ်တစ်ယောက်ရဲ့ ပစ်မှတ်ထားခံရမှာပါပဲ.
ကုနင်း စိတ်အေးအေးထားလိုက်ပြီး နှောင့်နှေးမနေတော့ဘဲ ရှေးဟောင်းလမ်းထဲကနေ ထွက်ခွာတော့တယ်.
သူမလမ်းထဲကထွက်ပြီးမကြာခင်မှာပဲ သူမနောက်လိုက်လာတဲ့ လူတွေက သူမကို ဟန့်တားလိုက်တယ်.
အသက်နှစ်ဆယ်လောက်ရှိတယ့် လူမိုက် 4ယောက်လောက်က သူမကို ဝန်းရံလိုက်တယ်.
တခြားသူတွေအကုန်လုံး ကူညီဖို့မစဉ်းစားကြဘဲ ကြောက်လန့်ကာထွက်ပြေးကုန်ကြတယ်.
“မင်းငွေတွေအကုန်ပေး, မဟုတ်ရင် မင်းကို သင်ခန်းစာပေးပစ်မယ်” ဆံပင် အဝါရောင်နဲ့ ထိုလူမိုက်တွေရဲ့ခေါင်းဆောင်က ခြိမ်းခြောက်လိုက်တယ်.
“အိုး.. ဘယ်လို သင်ခန်းစာပေးမှာလဲ?”
ကုနင်းက ဂရုမစိုက်စွာပဲ မျက်လုံးမှေးကြည့်ရင်းပြောလိုက်တယ်.
ဘေးမှဝိုင်းကြည့်နေသူတွေလဲ ကုနင်းဒီလိုမျိုးအေးဆေးဖြစ်နေတာကို အံ့အားသင့်နေကြတယ်.
သူမ,မကြောက်ဘူးလား? ဟန်ဆောင်နေတာလား? ဒါမှမဟုတ် တစ်ယောက်ယောက်ကကူညီလိမ့်မယ်လို့ ထင်နေတာလား?
ဒီလူမိုက်တွေက ဒီပတ်ဝန်းကျင်မှာ နာမည်ဆိုးနဲ့ ကျော်ကြားကြတာကြောင့် ဘယ်သူမှ ဝင်မပါရဲကြပါဘူး.
“မင်းကို တစ်ယောက်ယောက်ကူညီလိမ့်မယ်လို့ မျှော်လင့်မနေနဲ့. ငါပြောမယ် ဘယ်သူမှမလုပ်ရဲဘူးကွ.
ဒီတော့ ငါ့ကိုပိုက်ဆံသာပေးစမ်းပါ.”
ဆံပင်အဝါရောင်နဲ့လူက ထပ်ခြိမ်းခြောက်လိုက်ပြန်တယ်.
အကုန်လုံးထွက်ပြေးကုန်ကျမှတော့ သူမကို ဘယ်သူမှမကူဘူးဆိုတာ ကုနင်းသိပါတယ်.
ဒီကောင်ဆိုးလေးတွေလောက်တော့ သူမလွယ်လွယ်လေး အနိုင်ယူနိုင်ပါတယ်.
“လိုချင်ရင် ကိုယ့်ဘာသာလာယူလေ” ကုနင်း စိန်ခေါ်လိုက်တယ်.
“မင်း....” လူမိုက်တွေအကုန် ဒေါသထွက်သွားကြတယ်.
“ကောင်းပြီလေ, သူ့ကို ရိုက်ကြစမ်း” ဆံပင်ဝါနှင့်လူက အမိန့်ပေးလိုက်တယ်.
ထို့နောက် လူမိုက်နှစ်ယောက်က ကုနင်းထံပြေးလာပြီး သူမကို ဖမ်းဖို့ကြိုးစားတယ်.
ဒါပေမယ့် သူတို့ သူမအနားမရောက်နိုင်ခင်မှာပဲ ကုနင်းက တစ်ယောက်ရဲ့ ဗိုက်ကိုဖြတ်ကန်လိုက်တယ်. ထိုလူလဲ ရုတ်တရက်အကန်ခံရတာကြောင့် နာကျင်စွာ မြေပေါ်လဲကျသွားတယ်.
ထို့နောက် ကုနင်း, နောက်တစ်ယောက်ဘက်လှည့်ပြီး ထိုးချလိုက်တယ်. ထိုလူလဲ ရှေ့တစ်ယောက်လိုပဲ နာကျင်စွာ လဲကျသွားတယ်.
ကျန်တဲ့ လူမိုက်နှစ်ယောက်ကတော့ လန့်သွားကြတယ်.
ဒီလို ဆယ်ကျော်သက်ကောင်မလေးတစ်ယောက်က ဒီလောက်ကြမ်းလိမ့်မယ်လို့ သူတို့မထင်ထားကြဘူး.
ခနလေးအတွင်းမှာပဲ ကောင်လေးတစ်ယောက် လွင့်ထွက်သွားပြီး ဆံပင်အဝါနှင့်လူကို ရိုက်မိကာ ထိုလူလဲ လဲကျသွားတယ်.
လူတစ်ယောက်ထဲသာ မတ်တပ်ရပ်ကျန်ပြီး ထွက်ပြေးတော့တယ်.
မမျှော်လင့်ထားစွာနဲ့ သူက ရှေ့ကို သေချာမကြည့်တာကြောင့် အစွန်းတစ်ခုနဲ့ ရိုက်မိပြီး နောက်ပြန်လဲကျသွားတယ်.
ကုနင်းလဲ ဒီရယ်စရာကောင်းတဲ့ မြင်ကွင်းကြောင့် အကျယ်ကြီးထရယ်တော့တယ်.
ထိုအချိန်မှာပဲ ဆံပင်အဝါနဲ့လူကို ရိုက်မိသွားတဲ့ ကောင်လေးက ကုနင်ထံပြေးလာပြီး စိတ်လှုပ်ရှားစွာနဲ့.
“ကုနင်း. တကယ်ပဲ နင်လား? ငါမှားနေတယ် ထင်လိုက်တာ. ဝိုး နင်လူနှစ်ယောက်လုံးကိုတောင် အေးဆေးချနိုင်တာပဲ မိုက်လိုက်တာ.”
ဒီကောင်လေးကို ကုနင်းသိပါတယ်. သူက သူမတို့ကျောင်းရဲ့ ထိပ်တန်းအခန်းက စီနီယာတစ်ယောက်ပဲ. သူ့နာမည်ကတော့ မုခယ်.
မုခယ်ဟာ အရပ် 5ပေ11လက်မလောက်ရှည်ပြီး ခန့်ညားပြီး ကြည့်ကောင်းတဲ့ ကောင်လေးတစ်ယောက်ပါ.
ကုနင်းနဲ့ မုခယ်က အတန်းမတူပါဘူး ဒါပေမယ့် မုခယ်က ချင်ကျန်းရဲ့ အတန်းဖော်သာမက သူငယ်ချင်းကောင်းတစ်ယောက်လဲဖြစ်တယ်.
ချင်ကျန်းနဲ့ သူမကြားထဲက ဆက်ဆံရေးအစစ်မှန်ကိုလဲ မုခယ်သိထားပါတယ်.
မုခယ်က သူ့သူငယ်ချင်းနဲ့တော့မတူပါဘူး သူက ဖြောင့်မတ်မှန်ကန်တဲ့ သူတစ်ယောက်ပါ. ချင်ကျန်းက သူမ အရွေးမှန်တဲ့သူမဟုတ်ဘူးဆိုတာကိုလဲ တိတ်တဆိတ်လာပြောပြပါသေးတယ်.
ဒါပေမယ့် ကုနင်းက ချင်ကျန်းကို အရမ်းချစ်သွားတာကြောင့် ဘယ်သူ့စကားမှ နားမထောင်တော့ပါဘူး.
ဒီအကြောင်းတွေးလိုက်တော့ မုခယ်အပေါ် အကောင်းမြင်သွားပါတယ်.
“ကျေးဇူးတင်ပါတယ်. မုခယ်” ကုနင်း, မုခယ်ကို ပြုံးပြရင် လေးလေးစားစား ကျေးဇူးတင်စကားပြောလိုက်တယ်.
ဒီကိစ္စကို သူမဘာသာဖြေရှင်းနိုင်တာမှန်ပေမယ့် မုခယ်က သူမကို အမှန်တကယ် ကူညီခဲ့တာကြောင့် သူ့ကိုကျေးဇူးတင်သင့်ပါတယ်.
ကုနင်းက လှပတဲ့ မိန်းကလေးတစ်ယောက်ပါ. ဒါပေမယ့် သူမရဲ့အသွင်အပြင်ကို သိပ်ဂရုမစိုက်တာကြောင့် သာမာန်လို့ပဲ ထင်ရတာပါ.
ကုနင်းရဲ့ အပြုံးက မုခယ်ကိုမျက်နှာနီမြန်းသွားစေတယ်.
“ရပါတယ်. ပြီးတော့ ငါ့အကူအညီတောင်မလိုဘူးထင်တယ်, သူတို့ နင့်ကိုထိခိုက်အောင်မလုပ်နိုင်ပါဘူး”
မုခယ်က ရှက်ရွံ့စွာနဲ့ ပြောလိုက်တယ်.
“ဘယ်လိုပဲဖြစ်ဖြစ် ငါ့ကိုကူညီခဲ့တာကျေးဇူးပါ” ကုနင်း ထပ်ပြောလိုက်တယ်.
ရုတ်တရက် မုခယ် အရေးကြီးတာတစ်ခုကို သတိရလိုက်ပြီး ကုနင်းကို အံ့သြစွာကြည့်လိုက်တယ်.
“ငါကြားတာတော့ ချင်ကျန်းနဲ့ သောကြာနေ့က လမ်းခွဲလိုက်ပြီး နင်ကားအက်ဆီးဒင့်ဖြစ်လို့ဆို. အဆင်ပြေရဲ့လား?”
မုခယ် ကုနင်းရဲ့ခံစားချက်တွေကို ထိခိုက်စေလိုခြင်းမရှိပါဘူး. သူမကိုတကယ်ဂရုစိုက်တာပါ.
ဒါပေမယ့် သူက အဲ့မှာမရှိခဲ့ပါဘူး ကြားရုံသာကြားခဲ့တာပါ.
ဒီကိစ္စက ချင်ကျန်းအမှားလို့ သူယုံကြည်ပါတယ်. ဒါပေမယ့် သူ့သူငယ်ချင်းရဲ့ ကိုယ်ရေးကိုယ်တာကိစ္စအထိတော့ သူဝင်ပါလို့မဖြစ်ဘူးလေ.
...............P11End...............
ဖီးနစ်သွေးစက်
အခန်း ၁၂ ကုချင်၏ မိသားစု
ကုနင်း မျက်နှာအမူအရာနည်းနည်းပြောင်းသွားပေမယ့် မုခယ်ကြောင့်တော့မဟုတ်ပါဘူး.
မုခယ် သူမကို တကယ်ဂရုစိုက်တယ်ဆိုတာ သိပါတယ်.
ဒါကြောင့် ကုနင်းလဲ သူ့ကို ဟာသလုပ်ပြီး ပြန်မေးလိုက်တယ်
“ငါ့ပုံစံက အခြေနေမကောင်းတဲ့ပုံ ပေါက်နေလို့လား?”
အမ်.
ဟုတ်ပါတယ် ကုနင်းကြည့်ရတာ လုံးဝကို အဆင်ပြေနေပုံပါပဲ.
သူ့ကြည့်ရတာ ဘာမှမဖြစ်ခဲ့တဲ့အတိုင်းပဲ မဟုတ်ရင် အရွယ်ရောက်ပြီးသားလူနှစ်ယောက်ကို ဒီလောက်လွယ်လွယ် ရိုက်ထုတ်နိုင်ပါ့မလား.
“တော်သေးတာပေါ့ သူဘယ်လိုလူမျိုးလဲဆိုတာ နင်သိသွားပြီမလား. ဒါကြောင့်....”
မုခယ်က ချင်ကျန်းနဲ့ပတ်သတ်ပြီး ဘာမှစွဲလမ်းမနေပဲ လက်လျှော့လိုက်တော့ဖို့ ကုနင်းကို ပြောချင်တာပါ. ဒါပေမယ့် ဒါက သူကိစ္စမဟုတ်တော့ အဲ့လောက်ကြီးဝင်ပါဖို့ မသင့်ဘူးလေ.
“အဲ့လို ထပ်ဖြစ်မှာမဟုတ်တော့ပါဘူး. ငါချင်ကျန်းကို လက်လျှော့လိုက်ပြီးသားပါ.”
မုခယ်ရဲ့စိတ်ထဲ ဘာရှိလဲဆိုတာ ကုနင်းသေချာပေါက်သိတာပေါ့. ဒါပေမယ့် သူမ အဲ့ကိစ္စကို ဂရုမစိုက်ပါဘူး.
“ဒီလို ကြားရတာ ဝမ်းသာပါတယ်.” မုခယ်လဲ အခုမှပဲ စိတ်သက်သာရာရသွားတော့တယ်.
တကယ်တော့ မုခယ်က ကုနင်းကို ကြိုက်နေတာမဟုတ်ပါဘူး.
သူက ဖြူစင်တဲ့ မိန်းကလေးတစ်ယောက်အနိုင်ကျင့်ခံရတာကို မမြင်ချင်ရုံပါ.
“နောက်ကျနေပြီပဲ. ငါအိမ်ပြန်တော့မယ်.” ကုနင်း ပြောလိုက်တယ်.
“ဟုတ်သားပဲ, ဘိုင့်ဘိုင်” မုခယ်လဲ နှုတ်ဆက်လိုက်တယ်.
ကုနင်း ဒီနေ့ပိုက်ဆံအများကြီ’ရှာလာနိုင်တာကြောင့် အိမ်ပြန်ဖို့ အငှားကားတစ်စီးတားလိုက်တယ်.
ကုနင်းက အရင်ဆုံးစမတ်ဖုန်းတစ်လုံးဝယ်ချင်ပေမယ့် အရမ်းနောက်ကျနေပြီး ကုမန့်ကိုလဲ စိတ်မပူစေချင်တာကြောင့် အိမ်ကိုပဲ တန်းပြန်လိုက်တယ်.
သေချာပေါက်ကိုပဲ ကုမန့်က လမ်းတစ်ဝက်လောက်ရောက်တော့ သူမကို ဖုန်းခေါ်လာပါတယ်. သူမ အိမ်ပြန်ရောက်ဖို့ နောက်ထပ် မိနစ်20လောက်ထပ်ကုန်သွားတယ်.
အငှားကားဟာ ဘက်စ်ကားထက် ပိုမြန်ပြီး အချိန်တစ်ဝက်လောက်သက်သာပြါတယ်. သူမအိမ်အထိကို မိနစ်40လောက်ပဲမောင်းလိုက်ရတယ်.
ကုနင်း အိမ်ပြန်ရောကတော့ ညနေ6နာရီရှိနေပြီး ကုမန့်က ညစာတောင်အဆင်သင့် ပြင်ပြီးနေပါပြီ.
ကုချင်တို့မိသားစုလဲ အိမ်မှာရောက်နေကြပါတယ်. သူတို့က ကုနင်း ဆေးရုံကဆင်းလာတာကြောင့် လာလည်ကြတာပါ.
သူမ ဦးလေးနာမည်က ကျန်းရွှီ ဖြစ်ပြီး ဝမ်းကွဲကတော့ ကျန်းရှင်းရွှယ်ဖြစ်တယ်.
“နင်းနင်း ပြန်လာပြီ”
သူမဝင်လာတော့ ကျန်းရွှီ နဲ့ ကုချင်ကနှုတ်ဆက်ကြတယ်.
“အန်တီ, အန်ကယ်, ရှင်းရွှယ် မင်္ဂလာပါ.” ကုနင်း နှုတ်ဆက်လိုက်တယ်.
“မမ မင်္ဂလာပါ” ရှင်းရွှယ်လဲ ပြန်နှုတ်ဆက်လာတယ်. သူမက တော်တော်လေးရှက်တတ်တဲ့ မိန်းမငယ်လေးပါ.
ရှင်းရွှယ်က အသက်15နှစ်ရှိပြီး အလယ်တန်းနောက်ဆုံးနှစ်တက်နေတာပါ. ပြီးတော့ စကားလဲအရမ်းနည်းတယ်.
ဒါပေမယ့် သူမက အရင်ကုနင်းလိုမျိုး အပယ်ခံတော့မဟုတ်ပါဘူး သူမမှာ သူငယ်ချင်းတွေအများကြီးရှိပါတယ်.
ကုမိသားစုရဲ့ လူငယ်မျိုးဆက်တွေထဲမှာ ရှင်းရွှယ်တစ်ယောက်သာ ကုနင်းကို သဘောကျတာပါ. ကုနင်းအတွက်လဲ ဒီလိုပါပဲ.
ကျန်းရွှီက ကုချင်ထက် 2နှစ်ပိုကြီးပြီး 45နှစ်ရှိပါပြီ ဒါပေမယ့်သူလဲ မူရင်းအသက်ထက်ပိုကြီး ပုံပေါက်နေပါတယ်.
သူက ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ ထရက်ကားမောင်းတာပါ. ဒီအလုပ်က တော်တော်ခက်ခဲတဲ့ အလုပ်ပါပဲ.
ကျန်းရွှီက တစ်လကို ယွမ်ထောင်ဂဏန်းလောက်ရပါတယ်. ကုချင်ရဲ့လစာနဲ့ပါပေါင်းလိုက်တော့ သူတို့က ကုနင်းနဲ့သူမအမေရဲ့ ဘဝထက်တော့ ပိုပြီးအဆင်ပြေကြပါတယ်.
ဘယ်လိုပဲဖြစ်ဖြစ် ကုချင်တို့မိသားစုလဲ ငွေကြေးခက်ခဲနေတာပါပဲ. ကိုယ်ပိုင်အိမ်မဝယ်နိုင်သေးပဲ အိမ်ငှားနဲ့သာ နေနိုင်ကြပါတယ်.
F မြို့တော်က တတိယအဆင့်မြို့တော်ဖြစ်တာကြောင့် အိမ်ငှားခတွေက စျေးကြီးပါတယ်. အထူးသဖြင့် မြို့ထဲဆို ပိုများတာပေါ့.
မြို့ရဲ့ဆင်ခြေဖုန်းရပ်ကွက်လေးမှာဆိုရင်တောင် တစ်မိသားစုနေနိုင်လောက်တဲ့ အိမ်တစ်အိမ်တောင် ယွမ်သိန်းဂဏန်းလောက်အနည်းဆုံးပေးရပါတယ်.
ကျန်းရွှီရဲ့မိဘတွေက ဆုံးပါးသွားတာကြာပြီဖြစ်တဲ့အတွက် ထောက်ပံ့စရာမလိုပေမယ့် အိမ်ငှားခ ကျူရှင်ခ စတဲ့အသုံးစရိတ်တွေကြောင့် သူ့မှာအပိုစုဖို့ခက်ခဲပါတယ်.
ဒါကြောင့် အိမ်စျေးနှုန်းတွေက သူတို့အတွက် မိုးလောက်ကိုမြင့်လွန်းပါတယ်.
သူတို့မှာ စားစရာ, ဝတ်စရာရှိပြီး, သူတို့ကလေးကို ကျောင်းထားနိုင်တာနဲ့တင် သူတို့အတွက် ပျော်ရွှင်နေပါပြီ.
ကုချင်တို့မိသားစုဟာ သူတို့ကိုယ်တိုင် ခက်ခဲနေကြပေမယ့် ကုနင်းတို့သားအမိကိုတော့ သူတို့တတ်နိုင်တာမှန်သမျှကူညီပေးကြပါတယ်.
ကုချင်ဆေးရုံတက်တုန်းက ကျန်တဲ့ ကုမိသားစုဝင်တွေက သူမတို့ကို လျစ်လျှူရှုထားကြတယ်. ကုမန့်က ပိုက်ဆံလေးချေးပေးဖို့ ဖုန်းဆက်တုန်းကတောင် သူတို့က တန်းငြင်းကြတာပါ.
ကုချင်နဲ့ ကျန်းရွှီတို့နှစ်ယောက်သာ ကုနင်းကိုလာကြည့်ကြတဲ့အပြင် တဲ့ကုနင်းကို ခွဲစိတ်ဖို့အတွက် သူတို့စုထားတဲ့ငွေတွေကိုတောင် ထုတ်ပေးကြပါတယ်.
မမျှော်လင့်ထဲဘဲနဲ့ ကုနင်းပြန်ကောင်းလာတယ်ဆိုပေမယ့်ပေါ့.
ကုနင်းက အိမ်တစ်လုံးမဝယ်နိုင်ခင်အထိ ကုမန့်ကို သူမပိုက်ဆံရှာနိုင်နေတဲ့အကြောင်း မပြောချင်ပါဘူး.
ပြီးတော့ ကုချင်တို့မိသားစုကိုလဲ သူမဘယ်တော့မှမမေ့ပါဘူး. သူမအနာဂါတ်မှာချမ်းသာလာရင် သူတို့မိသားစုကို ကောင်းမွန်တဲ့ ဘဝလေးမှာနေနိုင်အောင် လုပ်ပေးမှာပါ.
ကုနင်း တွေးနေရင်းနဲ့ပဲ ရုတ်တရက်ကြီး
“မေမေ, အန်တီ, အန်ကယ် သမီးကတိပေးတယ်. နောက်သမီးအောင်မြင်လာရင် မေမေတို့ကို ကောင်းကောင်းနေစေရမယ်.”
အားလုံးလဲ ကုနင်းကြောင့် အံ့သြသွားကြတယ်.
ဒါအမှန်ဖြစ်လာသည်ဖြစ်စေ မဖြစ်လာသည်ဖြစ်စေ, ကုနင်းက သူမတို့ကို ဂရုစိုက်တယ်ဆိုတာနဲ့ကို ဝမ်းသာနေကြပါတယ်.
ပြီးတော့ ကုနင်းက အရွယ်ရောက်နေတုန်းပဲ သူမရဲ့အနာဂါတ်ဘာဖြစ်မယ်ဆိုတာလဲ ကြိုမှန်းလို့မရပါဘူး.
“ကောင်းတာပေါ့, အန်တီတို့အဲ့နေ့ကို စောင့်နေမယ်. နင်းနင်း, သမီးတစ်နေ့အောင်မြင်လာမယ့်လို့ အန်တီတို့ယုံကြည့်ပါတယ်.”
“သေချာတာပေါ့ အန်ကယ်တို့အားလုံးလဲယုံတယ်.”
ကုချင်နဲ့ ကျန်းရွှီတို့ စိတ်လှုပ်ရှားသွားကြပြီး တချိန်တည်းမှာပဲ ကုနင်းကို အားပေးကြတယ်.
ကုမန့်လဲ ကုနင်းပြောင်းလဲသွားတာကို သတိထားမိသွားတယ်. သူမ အရင်ထက်ပိုပြီး သွက်လက်လာတယ်.
သူတို့တွေက မိသားစုတစ်ခုထဲလို တစ်ယောက်နဲ့တစ်ယောက် အရမ်းချစ်ကြတာကြောင့် ဒီနေ့လေးကတော့ သူတို့အတွက် ပျော်စရာနေ့လေးတစ်နေ့ပါပဲ.
မအိပ်ခင် အိပ်ရာထဲလှဲနေရင်းနဲ့ ကုနင်း မှတ်စုစာအုပ်ကို ဖတ်နေလိုက်တယ်.
ကုနင်းက ပြန်မဝင်စားခင်အချိန်တုန်းက မထူးချွန်ပေမယ့် ကျောင်းသားကောင်းတစ်ယောက်ပါ. ပြန်မွေးဖွားပြီးမှာတော့ ကုနင်းအတွက် ကောလိမ်တက်ဖို့ဆိုတာ တော်တော်လေးခက်ခဲပါတယ်. ဒါကြောင့် သူမရဲ့ အချိန်တွေ ခွန်အားတေွအများစုကို စာလေ့လာတဲ့နေရာမှာ အသုံးချမှဖြစ်မှာပါ.
သူမမှတ်စုကို ဖွင့်လိုက်ပြီး အကြည့်တစ်ချက်တည်းနဲ့ စာဆယ်ကြောင်းလောက်ကို တခါတည်းဖတ်လိုက်တယ်ဆိုရင်ပဲ
အကြောင်းအရာတွေအားလုံးက သူမစိတ်ထဲကို နက်နက်နဲနဲဝင်ရောက်သွားတော့တယ်.
ဒီကျောက်စိမ်းမျက်ဝန်းက တကယ့်ကို သာမာန်မဟုတ်ဘူးပဲ.
...................................................
ဒုတိယရက်ကတော့ တနင်္လာနေ့ပါ.
ကုနင်းရဲ့ အတန်းပိုင်ဆီကို ကုနင်းအက်ဆီးဒင့်ဖြစ်လို့ ခွင့်ရက်နည်းနည်းပေးဖို့ ကုမန့်ပြောထားပြီးသားပါ.
အခု ကုနင်း နေကောင်းသွားပြီဆိုပေမယ့်လဲ ကုမန့်ကတော့ စိတ်မချသေးဘဲ အိမ်မှာပဲနေစေချင်သေးတယ်.
ကုနင်းကတော့ ကျောင်းအရမ်းသွားချင်နေတာကြောင့်.
နောက်ဆုံးတော့လဲ ကုမန့်ပဲ သဘောတူပေးလိုက်ရတာပေါ့
ကုနင်းကတော့ မနေ့က ရှောင်ဖေးဖေးနဲ့ ပက်ပင်းကြုံခဲ့ရတာကြောင့် အတန်းပိုင်ဆီ ကုနင်းက နေကောင်းရဲ့သားနဲ့ ကျောင်းမလာတာပါလို့ တိုင်လိုက်မှာမျိုး မလိုချင်ပါဘူး.
သူမက ဒီလောက်အခက်အခဲလောက်ကို ဂရုမစိုက်ပေမယ့် အလကားနေ ပြဿနာမတက်ချင်လို့ပါ.
ပထမဆုံးအတန်းချိန်က 6နာရီ 50မိနစ်မှာစမှာပါ. ကျောင်းကို ဘက်စ်ကားနဲ့သွားဖို့က မိနစ်20လောက်ကြာမှာဆိုတော့ ကုနင်း 6နာရီလောက် အိပ်ရာထလိုက်တယ်.
ကုမန့်ရဲ့ အလုပ်ကတော့ 8ခွဲမှ တက်ရမှာဆိုပေမယ့် စက်ရုံကအရမ်းဝေးတာကြောင့် အိမ်ကနေ တစ်နာရီခွဲလောက်သွားရတယ်. ဒါကြောင့် ကုမန့်က အိမ်မှ 7နာရီ 50မိနစ်လောက်မှာ အိမ်က ထွက်ခဲ့တယ်.
ကုမန့် ပိုအိပ်ရအောင်လို့ ကုနင်းက မနက်စာစားသွားလေ့မရှိပေမယ့် ကျောင်းမှာတော့ သုံးနပ်စာလုံးစားဖို့ရှိတယ်.
သူမက နောက်ဆုံးစာသင်ချိန်ပြီးမှပဲ အိမ်ကို ပြန်လေ့ရှိပါတယ်.
……………P12End…………
ဖီးနစ်သွေးစက်
အခန်း ၁၃ အရှက်မဲ့လိုက်တဲ့ လူတွေ
ကုနင်းက တစ်ပတ်ကို ယွမ်100သုံးခွင့်ရတယ်. ဒါကသိပ်မများပေမယ့် ကုနင်းအတွက်ကတော့ တော်တော်လေးကို များပါတယ်.
ကုနင်း အိမ်က ထွက်ခါနီးတော့ ကုမန့်က သူမကို ယွမ်100ပေးပါတယ်.
သူမမှာ ငွေတွေအများကြီးရှိနေပေမယ့် ဘယ်သူ့ကိုမှ မသိစေချင်သေးတာကြောင့် ပုံမှန်အတိုင်းပဲ ကုမန့်ပေးတာကို ယူလိုက်တယ်.
သူမ ကျောင်းကို ဘက်စ်ကားနဲ့ မသွားဘဲ ပြေးသွားလိုက်တယ်.
ဘာလို့ဆို သူမက ကျန်းမာရေးမကောင်းတာကြောင့် လေ့ကျင့်ခန်းများများလုပ်ဖို့လိုတယ်လေ.
မိုးရွာတဲ့နေ့တွေကလွဲပြီး ကျောင်းကို နေ့တိုင်းပြေးသွားရန် ကုနင်းဆုံးဖြတ်ချက်ချထားလိုက်တယ်.
မြို့တော်F ရဲ့ အမှတ်3အထက်တန်းကျောင်းဟာ သာမာန်အထက်တန်းကျောင်းလေးပါပဲ.
မြို့တော် F မှာ အထက်တန်းကျောင်း 5ကျောင်းရှိတယ်. အမှတ်1ကျောင်းတစ်ကျောင်းထဲကသာ အကောင်းဆုံးဖြစ်ပြီး ကျန်ကျောင်းတွေကတော့ သာမာန်ပါပဲ.
ကုနင်း ကျောင်းကိုရောက်ဖို့ နာရီဝက်လောက်ပြေးလိုက်ရတယ်.
သူမက အားနည်းနေတာကြောင့် နာရီဝက်လောက်ပြေးလိုက်တာကတင် တော်တော်လေးကို မောနေစေတယ်.
ကုနင်း သန်မာချင်တယ်. ဒါပေမယ့် အချိန်တစ်ခုပေးဖို့လိုတယ်ဆိုတာတော့ သိပါတယ်. ဒါကြောင့် သူမကိုယ်သူမ အရမ်းတွန်းအားမပေးဘဲ တစ်ဆင့်ချင်း အောင်မြင်အောင်လုပ်မှာပါ.
ကုနင်း အိမ်ကအစောကြီထွက်လာတာကြောင့် ပထမဆုံးအတန်း မစခင် မိနစ်20လောက်လိုနေပါသေးတယ်. ဒါကြောင့် မနက်စာစားဖို့ ဆုံးဖြတ်လိုက်တယ်.
သူမ မနက်စာသွားဝယ်ပြီး အပြန်လမ်းမှာ...
“ကုနင်း?”
စာသင်ဆောင်ဘက်ပြန်လာနေတုန်း သူမနောက်နေ ယောကျ်ားလေးတစ်ယောက်က မသေချာသောအသံဖြင့် ခေါ်လိုက်တယ်.
သူမ လှည့်ကြည့်လိုက်တော့ ထိုသူက သေချာပေါက်ကို ချင်ကျန်းဖြစ်နေတယ်.
ချင်ကျန်းဟာ အရပ် 5ပေ 11လက်မလောက်ရှိပြီး အဖြူရောင်တီရှပ်နဲ့ ဂျင်းဘောင်းဘီကို ဝတ်ဆင်ထားသည်.
သူက ခန့်ညားတဲ့ ကောင်လေးတစ်ယောက်ဖြစ်ပြီး မိန်းကလေးများကြားရေပန်းစားသူလဲဖြစ်တယ်.
ဒါပေမယ့် သူ ကုနင်းအပေါ်လုပ်ခဲ့တာကတော့ အရမ်းကို အရှက်မဲ့လွန်းတယ်.
“ဘာကိစ္စလဲ?” ဒီကောင်လေးက သူမအတွက် သူစိမ်းတစ်ယောက်လိုပုံစံမျိုးနဲ့ ကုနင်းက ဘာအမူအရာမှမပြဘဲ မေးလိုက်တယ်.
ဒါတကယ်လဲ အမှန်တရားပါ. သူမ ကုနင်းရဲ့မှတ်ဉာဏ်တွေအကုန်ရထားပေမယ့် သူမက ထန်အိုက်နင်းဖြစ်နေတုန်းပါပဲ. ကုမန့်နဲ့ ကုချင်တို့မိသားစုကလွဲရင် ကျန်သူတွေအားလုံးက ကုနင်းအတွက်တော့ သူစိမ်းတွေပါပဲ.
ကုမိသားစုထဲက ဆွေမျိုးတွေကိုတောင်မှ သူမဂရုမစိုက်ပါဘူး.
ချင်ကျန်းကြောင့် ကုနင်းသေရတာပါ. ဒါပေမယ့် ကုနင်းက ပြန်လည်မွေးဖွားခဲ့ပါတယ်. ဒီတော့ ချင်ကျန်းကို လက်စားချေဖို့ ရည်ရွယ်ချက်လဲမရှိပါဘူး.
သူမကို ပြဿနာလာမရှာသ၍ လွှတ်ထားပေးမယ်. မဟုတ်ရင်တော့ သူမဘက်ကလဲ ပြန်တိုက်ခိုက်မှာပါ.
ကုနင်းကိုကြည့်ပြီး ချင်ကျန်းအရမ်းအံ့သြသွားတယ်. သူမကားတိုက်ခံရတယ်မဟုတ်ဘူးလား? ဘာလို့အခုကျ လုံးဝကောင်းနေရတာလဲ?
အံ့သြနေတာနဲ့ပဲ ကုနင်းရဲ့ သူအပေါ် သဘောထားပြောင်းလဲသွားတာကို ချင်ကျန်းမသိလိုက်ဘူး.
ဒါနဲ့ ..”မင်း...မင်းအဆင်ပြေရဲ့လား?”
ကုနင်းကို မကြိုက်ပေမယ့်လဲ သူမအက်ဆီးဒင့်ဖြစ်တာနဲ့ပတ်သတ်ပြီး အပြစ်ရှိသလိုခံစားနေရတယ်.
“ပြီးတော့ကော?”.ကုနင်းပြန်မေးလိုက်တယ်.
“ဘာ?” ချင်ကျန်းနားမလည်လိုက်ဘူး “ ဘာကို ဆိုလိုတာလဲ? “
ကုနင်းလဲ ရယ်လိုက်ပြီး ချင်ကျန်းကို အရူးတစ်ယောက်လိုကြည့်ကာ
“ချင်ကျန်း, နင်ကန်းနေလား? နင့်ရှေ့မှာငါတစ်လုံး ရပ်နေတာတောင် နင်မမြင်ဘူးလား? ငါနေကောင်းပါတယ်. ငါ့ဘာငါအေးဆေးနေပါရစေ ”
“နင်....”
အရှက်ခွဲခံလိုက်ရတာကြောင့် ချင်ကျန်းရဲ့မျက်နှာ ရှုံ့တွသွားသည်. ဒါပေမယ့် ကုနင်းပြောင်းလဲသွားတာက သူ့ကို ပိုအံ့သြစေပါတယ်. အရင်တုန်းက တိတ်ဆိတ်နေတဲ့အပယ်ခံကုနင်းနဲ့ မတူစွာပဲ သူမက အရမ်းကိုရဲလာပြီး တည့်တိုးပြောနေတယ်.
ကားတိုက်ခံလိုက်ရတာကြောင့် ဒီလောက်ပြောင်းလဲသွားတာလား?
ဟုတ်ပါတယ်, ဝဉာဉ်ကပြောင်းသွားမှတော့ သူ့ရဲ့အပြုအမူတွေကလဲ ပြောင်းပြီပေါ့.
“ဘာလဲ?” သူ့ကို ဘာမှမပြောခဲ့မိသလိုမျိုးနဲ့ ကုနင်းက အေးဆေးပဲပြန်မေးလိုက်တယ်.
“သိပ်ကောင်းတယ်!” အမျိုးသမီးအသံတစ်သံပေါ်လာတယ်.
“ဒီလိုအရှက်မဲ့တဲ့လူတွေက သူတို့ရဲ့ပျော်ရွှင်မှုကို သူတစ်ပါးဒုက္ခရောက်တာကနေ တည်ဆောက်ထားကြတာ. ပြီးတော့ အဲ့လိုဟာကိုတောင် သူတို့က ဂုဏ်ယူနေကြသေးတယ်.”
ဒီမိန်းကလေးက ဆံပင်ရှည်အဖြောင့်လေးနဲ့ ကျောင်းယူနီဖောင်းကို ဝတ်ဆင်ထားတယ်. သူမရဲ့အသွင်အပြင်က လှပပြီး မျက်လုံးဝိုင်းဝိုင်း, နှုတ်ခမ်းထူထူလေးက သူ့ကို ပိုပြီး ချစ်ဖို့ကောင်းစေတယ်.
ဒါပေမယ့် သူ့ရဲ့အကျင့်ကတော့ သူ့ပုံစံနဲ့တခြားစီပါ. သူမရဲ့အပြုအမူကကြမ်းတမ်းပြီး ရန်လိုစွာပုံပေါ်တယ်.
အခုက ပထမအချိန်စဖို့ 10မိနစ်လိုသေးတာကြောင့် လမ်းသွားနေတဲ့ကျောင်းသားတွေအများကြီးရှိနေတယ်. ထိုသူတို့ဟာ မိန်းကလေးရဲ့စကားကြောင့် အာရုံစိုက်လာကြတယ်.
ချင်ကျန်းက ဒီအထက်တန်းကျောင်းမှာ ကြည့်ကောင်း, ထူးချွန်ပြီး ချမ်းသာတဲ့ မိသားစုက ဖြစ်တာကြောင့် ကျော်ကြားတယ်.
ဒါတွေအားလုံးက တခြားသူတွေရဲ့အမြင်ပါပဲ သူနဲ့ နီးစပ်တဲ့ သူငယ်ချင်းတွေအားလုံး သူ့ရဲ့ပုံစံအမှန်ကိုသိတယ်.
သူသာ တကယ်လူကောင်းလေးတစ်ယောက်ဆိုရင် ကုရှောင်ရှောင်နဲ့အတူ အပြစ်မဲ့တဲ့မိန်းကလေးတစ်ယောက်ကို ထိခိုက်အောင်လုပ်မှာမဟုတ်ပါဘူး.
ဘယ်လိုပဲဖြစ်ဖြစ် ဘေးလူတွေကတော့ ချင်ကျန်းဘက်ကိုပဲ ပါကြပါတယ်. ချင်ကျန်းနဲ့ ကုနင်းတို့ကြားမှာ မကောင်းတာဖြစ်ခဲ့တယ်ဆိုတာ သူတို့မယုံကြပါဘူး. ဒီတိုင်းစိတ်ဝင်စားစရာတစ်ခုလိုပဲ တွေးကြပါတယ်.
မုခယ်တစ်ယောက်သာ ကုနင်းကို သတိပေးခဲ့တာပါ.
ပြီးတော့ သူတို့ကလွဲပြီး အမှန်တရားဘာဆိုတာ မသိကြပါဘူး. ဒါက အစကနေအဆုံးထိ ကစားပွဲတစ်ခုပဲဖြစ်တာကြောင့် ချင်ကျန်းက ကုနင်းကို ဘယ်သူ့ကိုမှပြောခွင့်မပေးခဲ့ပါဘူး.
တကယ်လို့ ချင်ကျန်းမှာ ကုနင်းလို့ အပယ်ခံ စာညံ့တဲ့ ချစ်သူရှိနေတာ သိသွားကြရင် သူအရှက်ကွဲမှာဆိုးလို့ပါ.
“ချူးဖေ့ဟန်....”
ချင်ကျန်းက လူအုံလာတာကို စိတ်ရှုပ်တာကြောင့် စိတ်တိုလာတယ်.
သူပြန်ချေပချင်ပေမယ့် ဘာပြန်ပြောရမှန်းမသိဘူး.
သူ့ရဲ့စိတ်ထဲကနေတော့ ဆိုးဝါးတာတစ်ခုခုလုပ်ပြီးပြီ.
တစ်ဖက်မှာတော့ ကုနင်းဟာ “ချူးဖေ့ဟန်”ရဲ့နာမည်ကြားပြီး မျက်မှောင်ကြုတ်သွားတယ်. ဒီမိန်းကလေးက ကျောင်းမှာ ကျော်ကြားတဲ့သူပဲဖြစ်တယ်.
ဒါပေမယ့် ဒီမိန်းကလေးက ကောင်းသတင်းနဲ့ ကျော်ကြားတာမဟုတ်ဘဲ ကျောင်းနောက်ကျ, ရန်ပွဲတိုင်းပါ,စတဲ့ဂုဏ်ပုဒ်တွေနဲ့ ကျော်ကြားတာပါ. သူမဟာ သတိပေးစာတွေအများကြီးကိုလဲ ရပြီးပါပြီ.
ပုံမှန်ဆို ကျောင်းထုတ်ခံရမှာပေမယ့် သူမကတော့ စာတော်ပြီး အမြဲတန်း ထိပ်ဆုံးအယောက်40ထဲဝင်တာကြောင့်ပါ.
ထပ်ပြောရရင် သူမက အင်အားကြီးမိသားစုကဖြစ်တာကြောင့် အထုတ်ခံရရ,မရရ မကြောက်ပါဘူး.
“ဟွန့် အဲ့လောက်လွယ်လွယ် စိတ်မဆိုးနဲ့လေ, ငါနင့်နာမည်တောင် ထုတ်မပြောရသေးပါဘူး.”
ချူးဖေ့ဟန် က ချင်ကျန်းကို လှောင်ရယ်လိုက်တယ်.
…………………P13End……………..
ဖီးနစ်သွေးစက်
အခန် ၁၄ ယွီမီရှီ
ချူးဖေ့ဟန်ရဲ့ အထက်စီးဆန်သောအကျင့်သည် ချင်ကျန်းကို အလွန်ဒေါသထွက်စေခဲ့သည်. အမှန်တကယ်လဲ ချူးဖေ့ဟန်က သူ့ကို နာမည်တပ်ပြီးမပြောခဲ့ပေ.
ဒီမှာဆက်နေဖို့ဆိုတာ အတော်လေးကို အမျှော်အမြင်မရှိတဲ့ ဆုံးဖြတ်ချက်ဆိုတာ ချင်ကျန်းသိပါတယ်.
ထို့ကြောင့် ချူးဖေ့ဟန်ကိုကြည့်ကာ နှာတစ်ချက်မှုတ်လိုက်ပြီးနောက် ကုနင်းကိုလဲကြည့်လိုက်ပြီးကာမှ ထွက်သွားတော့သည်.
"ဟာ ငါကသူ့ကို သတ္တိရှိတယ်လို့ထင်ထားတာ ပျင်းဖို့ကောင်းလိုက်တာ" ချူးဖေ့ဟန်လဲ ချင်ကျန်းထွက်သွားတာကြောင့် ပျင်းရိသွားသည်.
ချင်ကျန်းက အဝေးကြီးမရောက်သေးသောကြောင့် ချူးဖေ့ဟန်ပြောနေတာကို ကြားလိုက်သည်.
သူအရမ်းစိတ်ဆိုးသွားပေမယ့် သူ့ရဲ့ဒေါသကို အကောင်းဆုံးပြန်ပြီး ထိန်းချုပ်လိုက်သည်.
ချူးဖေ့ဟန်သည် မကောင်းသတင်းနဲ့ကျော်ကြားသူတစ်ယောက်ပေမယ့် ကုနင်းကတော့ သူမကို ရယ်စရာကောင်းပြီး အဆင်ပြေတဲ့ မိန်းကလေးတစ်ယောက်လို့ထင်တာကြောင့် သဘောကျပါသည်.
"ဟေ့ အဲ့ကောင်က နင်ချစ်နေတဲ့သူလား? ရွေးထားတာကလဲ!" ချူးဖေ့ဟန် သူမမျက်ခုံးကိုပင့်ကာ မနှစ်မြို့ဟန်နဲ့ပြောလိုက်တယ်.
သူမဘာလို့ ဒီလောက်တောင်သိနေလဲဆိုရင်ဖြင့် ချင်ကျန်းနဲ့ ကုနင်းလမ်းခွဲကြတုန်းက အဖြစ်အပျက်အားလုံးကို သူမကိုယ်တွေမြင်တွေ့ခဲ့တာကြောင့်ပါ.
ချင်ကျန်းရဲ့အပြုအမူတွေကို သူမလုံးဝမကြိုက်ပေမယ့်လဲ ဝင်ပါဖို့အထိတော့ စိတ်ကူးမရှိခဲ့ပါဘူး.
ဒီနေ့ ကုနင်းဘက်က ရပ်တည်ပေးလိုက်တာကလဲ ချင်ကျန်းကို သူမပြောလိုက်တဲ့ စကားတွေကို ထောက်ခံတာတစ်ခုထဲကြောင့်ပါ.
"ဒီလိုပါပဲ မိန်းကလေးတိုင်း သူတို့ငယ်ရွယ်ပြီး မနူးမနပ်အချိန်မှာ ကောင်ဆိုးလေးတစ်ယောက်နဲ့တော့ တွေ့တတ်ကြတယ်ထင်တယ်" ကုနင်း ဟာသပြောလိုက်တယ်.
"ဟုတ်တယ် အသေချာပဲ" ချူးဖေ့ဟန်လဲ ရယ်ပြီးပြန်ပြောလိုက်တယ်
"အိုး အချိန်တောင်နီးနေပြီ အခန်းထဲသွားကြရအောင်" ပြောပြီးတာနဲ့ ကုနင်းလဲ ချူးဖေ့ဟန်ကို ဂရုစိုက်မနေတော့ပဲ ပြေးထွက်သွားလိုက်တော့တယ်.
ချူးဖေ့ဟန်လဲ ချက်ချင်းနောက်ကနေလိုက်သွားပြီး
"ငါ နင်ပြောတဲ့စကားကိုသဘောကျတယ် နောက်ဆိုငါလဲ အဲ့စကားမျိုးသုံးရမယ်"
ကုနင်းဘာပြန်ပြောရမှန်းတောင်မသိတော့ဘူး. သူမကျိန်ဆဲတာကို တော်တော်လေးကြိုက်နေတာလား?
"ငါ့ဆီကသင်မလား" ကုနင်းပြန်ပြောလိုက်တယ်.
"နင့်မှာနောက်ထပ် ဘာထပ်ရှိသေးလို့လဲ?" ချူးဖေ့ဟန် ရိုးရိုးသားသားနဲ့ပြန်မေးလိုက်တယ်.
ကုနင်းဆွံ့သွားရတယ်.
"မရှိတော့ဘူး" ကုနင်းလဲ သာမာန်ကာလျှံကာနဲ့ပဲ ပြန်ဖြေပေးလိုက်တယ်.
သူမထပ်ပြီးတော့ ဒီစိတ်အနှောင့်အယှက်ဖြစ်စရာအခြေနေမှာ ထပ်နေချင်တော့ဘူး.
ချူးဖေ့ဟန်လဲ အခုမှပဲပါးစပ်ပိတ်သွားတော့တယ်.
ချူးဖေ့ဟန်က စာသင်ခန်း၂ကဖြစ်ပြီး ကုနင်းကတော့ အခန်း၃ကပါ.
ဒါပေမယ့် သူတို့အခန်းတွေက တစ်ထပ်တည်းမှာပဲရှိတယ်.
ခနကြာပြီးတော့ နှစ်ယောက်လုံး တတိယထပ်ကို တက်သွားတယ်.
ချူးဖေ့ဟန်က စာသင်ခန်းထဲအရင်ဝင်သွားရပြီး ကုနင်းကို နှုတ်ဆက်လိုက်တယ်.
ဂရိတ် 9 ရဲ့ အခန်း၄မှာတော့ ....
ကုနင်းဝင်သွားလိုက်တယ်ဆိုရင်ပဲ မရင်းနှီးတဲ့မြင်ကွင်းတစ်ခုကို မြင်လိုက်ရတယ်.
သူမအခန်းထဲကို တစ်ချက်ခြုံကြည့်လိုက်တော့ ရှောင်ဖေးဖေးက သူမကို မကောင်းဆိုးဝါးဆန်ဆန်
ယုတ်မာစွာ စိုက်ကြည့်နေတာ တွေ့လိုက်ရတယ်.
တခြားမိန်းကလေးတွေအများကြီးကလဲ ကုနင်းကို တပုံစံတည်း စူးစူးဝါးဝါးစိုက်ကြည့်နေကြတယ်.
ယန်ယွီလုက ရှောင်ဖေးဖေးနဲ့တစ်စားပွဲတည်းတူတူထိုင်တာဖြစ်ပြီး သူတို့ရှေ့မှာထိုင်သူကတော့
ဝူချင်းယလို့ခေါ်တယ်.
သူတို့သုံးယောက်က အမြဲတတွဲတွဲပဲ.
ယန်ယွီလုနဲ့ ဝူချင်းယက ရှောင်ဖေးဖေးရဲ့တပည့်တွေပါ ဘာလို့ဆို သူတို့နှစ်ယောက်ကအမြဲတမ်း
ရှောင်ဖေးဖေးအမိန့်ဆို နာခံကြတယ်လေ.
တကယ်လို့ ရှောင်ဖေးဖေးက ကုနင်းကိုမုန်းတယ်ဆိုရင် သူတို့လဲအတူတူပါပဲ.
ယန်ယွီလုနဲ့ ဝူချင်းယတို့ ရှောင်ဖေးဖေးရဲ့တပည့်လုပ်ပြီး အမိန့်တွေနာခံတာလဲ အကြောင်းရှိပါတယ်.
ရှောင်ဖေးဖေးက ချမ်းသာတဲ့မိသားစုကဖြစ်ပြီး ယန်ယွီလုနဲ့ ဝူချင်းယတို့က သာမာန်မိသားစုကဖြစ်တာကြောင့်ပါ.
သူတို့ ရှောင်ဖေးဖေးနောက်လိုက်နေသ၍ တန်ဖိုးကြီးတဲ့ အသုံးဆောင်တွေကို သုံးခွင့်ရနေမှာလေ.
ထို့အပြင် လူချမ်းသာကောင်လေးတွေက သူတို့ကို ရွေးမိသွားပြီး သူတို့ဘဝကြီးပြောင်းလဲသွားနိုင်တယ်လေ.
ရှောင်ဖေးဖေးတို့မိသားစုက ယွမ်သန်းဂဏာန်းလောက်သာချမ်းသာတာပါ. အရမ်းချမ်းသာတဲ့ထဲမှာမပါပါဘူး.
တကယ့်ကို အရမ်းချမ်းသာတဲ့မိသားစုတွေဆိုတာ ယွမ်သန်းရာနှင့်ချီပြီးကို ရှိကြတာပါ.
မိသားစုတစ်ခုက အဲ့လောက်အမွေလောက်ကိုမှ မချန်ခဲ့နိုင်ရင် အရမ်းချမ်းသာတဲ့မိသားစုလို့မခေါ်နိုင်ပါဘူး.
သာမာန်လူတွေရဲ့အမြင်မှာတော့ ရှောင်ဖေးဖေးတို့မိသားစုဟာ တော်တော်ကိုချမ်းသာနေပါပြီ.
ဒီအမှတ်၃အထက်တန်းကျောင်းက တကယ့်အစစ်အမှန်ချမ်းသာတဲ့ လူငယ်မျိုးဆက်သစ်လေးတွေမရှိတဲ့ သာမာန်ကျောင်းပါ.
ဒါကြောင့် ရှောင်ဖေးဖေးလိုလူမျိုးတွေ ပလွှားကြွားဝါနေလို့ရတာပေါ့.
ကုနင်းလာနေတာမြင်တော့ ရှောင်ဖေးဖေးရဲ့အကြည့်တွေက ပိုပြီးတောင်ယုတ်မာလာသေးတယ်.
ရှောင်ဖေးဖေး မနေ့ကကိစ္စနဲ့ပတ်သတ်ပြီး စိတ်တိုနေတုန်းပါ.
ဒါပေမယ့် ကုနင်း ပြောင်းလဲသွားတာကိုတော့ သိပါတယ်. သူမကို ထပ်ပြီးမကြောက်တော့ပါဘူး.
သူမမျက်လုံးထဲမှာတော့ ကုနင်းက ဆင်းရဲပြီးနုံချာတဲ့ မိန်းကလေးတစ်ယောက်ဖြစ်နေတုန်းပါ.
ယန်ယွီလုနဲ့ ဝူချင်းယတို့ကတော့ ရှောင်ဖေးဖေးလုပ်သမျှတိုင်းကိုပဲ ထုံးစံအတိုင်းလိုက်လုပ်နေပါတယ်
ကုနင်းကတော့ သူတို့ကိုလျစ်လျူရှုထားလိုက်တယ်.
ဒီလို ရယ်စရာလူတွေလောက်ကို ဂရုစိုက်နေဖို့မလိုပါဘူး.
နောက်ဆုံးတန်းက သူမရဲ့ထိုင်ခုံကို ရှာတွေ့သွားတယ်.
"ကုနင်း နင်လာပြီပေါ့ မနေ့ကနင်မလာတော့ ငါစိုးရိမ်နေတာ" ကုနင်းထိုင်လိုက်ပြီးတာနဲ့ သူမဘေးက ကောင်မလေးက ရုတ်တရက်စကားလာပြောနေတယ်.
ကုနင်းအတွက်ကျောင်းမှာ ဒီကောင်မလေးကလွဲပြီး သူငယ်ချင်းဆိုတာမရှိသလောက်ပါပဲ.
သူမနာမည်က ယွီမီရှီဖြစ်ပြီး အတူတူထိုင်သူလဲဖြစ်တယ်.
ယွီမီရှီကလဲ ဆင်းရဲတဲ့မိသားစုလေးကပါ.
သူမရဲ့အမေက နေမကောင်းဖြစ်ပြီး နှစ်ပေါင်းများစွာ အိပ်ရာထဲလဲနေတယ်.
ဒါကြောင့် သူတို့တစ်မိသားစုလုံးက သူ့အဖေရဲ့ မနက်စာဆိုင်လေးကိုပဲ အားကိုးနေရာတာ.
ယွီမီရှီရဲ့မိသားစုကလဲ သူမအမေရဲ့ဆေးဖိုးနဲ့ ကျူရှင်ဖိုးတို့ကြောင့် ငွေကြေးကျပ်တည်းနေကြတယ်.
ထပ်ပြောရရင် ယွီမီရီရဲ့ ဆွေမျိုးတွေကလဲ သူမတို့မိသားစုကို မနှစ်သက်ကြဘူး.
ဒါနဲ့ နောက်ဆုံးမှာတော့ ဒီသနားစရာကောင်မလေးနှစ်ယောက်ဟာ သူငယ်ချင်းကောင်းတွေဖြစ်သွားကြတယ်.
ယွီမီရှီရဲ့ ကြင်နာမှုကြောင့် ကုနင်းလဲ စိတ်လှုပ်ရှားသွားရပြီး
"မနေ့က နေလို့သိပ်မကောင်းသလို ခံစားနေရလို့ မလာလိုက်တာ" လို့ပြန်ရှင်းပြလိုက်တယ်.
"အိုး အခုရောအဆင်ပြေရဲ့လား?" ယွီမီရှီက မေးလိုက်တယ်.
"ငါကောင်းသွားပါပြီ" ကုနင်းလဲပြန်ဖြေပေးလိုက်တယ်.
"တော်သေးတာပေါ့" အခုမှပဲ ယွီမီရှီလဲ စိတ်သက်သာရာရသွားတယ်.
ဒီနေ့ သူမစားပွဲသန့်ရှင်းနေတာကို ကုနင်းသတိထားမိလိုက်တယ်.
ယွီမီရှီရှင်းပေးထားတာမှန်းသူမ နားလည်တာကြောင့် ထပ်ပြီး ဝမ်းသာသွားပြန်တယ်.
၆နာရီ၅၀မိနစ်မှာတော့ ပထမအတန်းချိန်စတယ်.
ကျောင်းသားတွေက စာကိုမှတ်မိအောင် အသံကျယ်ကြီးတွေနဲ့အော်ဖတ်နေကြပေမယ့် ကုနင်းကတော့ တိတ်တိတ်ဆိတ်ဆိတ်လေးပဲ ဖတ်နေလိုက်တယ်.
တော်တော်ကြာတော့, အတန်းပိုင်ဆရာမရောက်လာတယ်.
အတန်းပိုင်ဆရာမရဲ့နာမည်က ကျန်းချိုးဟွာဖြစ်ပြီး အသက်၄၀အရွယ် စည်းကမ်းတင်းကျပ်တဲ့ဆရာမတစ်ယောက်ဖြစ်တယ်.
အဓိကကတော့, သူမက ကျောင်းသားတိုင်းကို သာတူညီမျှပဲဆက်ဆံတာတယ်. ကျောင်းသားက ဆင်းရဲတဲ့မိသားစုကဖြစ်စေ ချမ်းသာတဲ့မိသားစုကဖြစ်စေ အရေးမစိုက်ပါဘူး.
ကုနင်း ဒီဆရာမကို သဘောကျပါတယ်.
ကျန်းချိုးဟွာက အတန်းရှေ့မှာရပ်လိုက်တယ်.
သူမရဲ့အကြည့်တွေက ကုနင်းဆီကို ရောက်သွားချိန်မှာတော့ အံ့ဩသွားပြီး
"ကုနင်း အပြင်ကိုလိုက်ခဲ့"
ပြီးတော့ ကျန်းချိုးဟွာလဲ အတန်းပြင်ကို အရင်ဆုံးထွက်သွားလိုက်တယ်.
...............P14End............
ဖီးနစ်သွေးစက်
အခန်း ၁၅
ကျန်းချိုးဟွာက ကုနင်းကို အပြင်ခေါ်ထုတ်လိုက်တာမြင်တော့ အားလုံးရဲ့အကြည့်တွေက သူမဆီရောက်လာကြတယ်.
တချို့ကတော့ ဦးဏှောက်ခြောက်သွားကြပြီး တချို့ကတော့ ဝမ်းသာနေကြတယ်. အထူးသဖြင့် ရှောင်ဖေးဖေးနဲ့ သူ့သူငယ်ချင်းတွေပေါ့.
သေချာပေါက် မနေ့ကပျက်လို့ ကုနင်းကိုခေါ်ဆူတာလို့ ရှောင်ဖေးဖေးက အသေအချာကိုတွက်ထားတယ်.
ကုနင်းတစ်ယောက်သာ စိတ်အေးနေတယ်. ဆရာမရဲ့ တကယ့်ရည်ရွယ်ချက်ကို သူမသိနေတယ်လေ.
"ကုနင်း..."
ယွီမီရှီက စိုးရိမ်စွာနဲ့ခေါ်လိုက်တယ်.
"အဆင်ပြေပါတယ်" ကုနင်းလဲ သူမကိုစိတ်သက်သာရာရသွားအောင် ကြည့်ပြီးပြောလိုက်တယ်.
"ပါမောက္ခကျန်း ထပ်တွေ့ရတာဝမ်းသာပါတယ်" ကုနင်း ကျန်းချိုးဟွာကို ယဉ်ကျေးစွာပဲ နှုတ်ဆက်လိုက်တယ်.
"ကုနင်း, သမီးအမေပြောတော့ ကားတိုက်မှုဖြစ်လို့ ခွဲစိတ်ရမယ်ဆို. ဘယ်လိုလုပ် ချက်ချင်းပဲကောင်းသွားတာလဲ" ကျန်းချိုးဟွာက သံသယဖြစ်စွာနဲ့မေးလိုက်တယ်.
ပြီးခဲ့တဲ့ရှေ့တစ်ရက်က, ကုမန့်က ကျန်းချိုးဟွာကို ဖုန်းခေါ်ပြီး ကုနင်းကားတိုက်ခံရတယ်လို့ပြောခဲ့တယ်. ဒီနေ့ကျတော့ ကုနင်းက အကောင်းတိုင်းကျောင်းကိုရောက်လာတယ်.
ဘယ်သူမဆို ဘာဖြစ်သွားတာလဲဆိုပြီး ဒီလိုပဲ မေးကြမှာပဲ.
ကုနင်းကလဲ နားလည်တာကြောင့် ရှင်းပြပေးလိုက်တယ်.
"သမီးကားတိုက်ခံခဲ့ရပြီး ဏှောက်ကိုထိခိုက်မိလို့ သတိလည်မလာခဲ့ဘူး.
ဒါကြောင့်ဆရာဝန်က ဦးဏှောက်ထဲ သွေးခဲတာကိုရှင်းဖို့ ခွဲစိတ်မယ်ပြောခဲ့တာ. နောက်နေ့ကျ သမီးနိုးလာပြီး သွေးခဲတာလဲမရှိတော့ဘူး, ဒါကြောင့် သမီးအခုနေကောင်းသွားပါပြီ"
ဒါကတကယ်ကို မယုံနိုင်လောက်စရာပဲလို့ ကျန်းချိုးဟွာတွေးမိပေမယ့် ဘာမှတော့ထပ်မမေးတော့ပါဘူး. အံ့ဖွယ်ဖြစ်ရပ်တွေဆိုတာ ဖြစ်လာနိုင်တာပဲ.
"ကောင်းသွားပြီဆိုတော့ ဝမ်းသာပါတယ်, ဒါပေမယ့် ကိုယ့်ကိုကိုယ်ဂရုစိုက်ဦး. နေလို့မကောင်းဘူးလို့ခံစားမိတာနဲ့ ဆရာမကိုချက်ချင်းပြော, အခုတော့သွားလို့ရပြီ" ကျန်းချိုးဟွာပြောလိုက်တယ်.
သူမရဲ့ကျောင်းသားတွေကို ဂရုစိုက်ပါတယ်. အထူးသဖြင့် အခုမှကားတိုက်ခံရတာက ပြန်ကောင်းလာတဲ့သူကိုပေါ့.
"ကျေးဇူးအများကြီးတင်ပါတယ်" ကုနင်း သူမဆရာမကို ကျေးဇူးတင်လိုက်ပြီးနောက် အတန်းကိုပြန်သွားတယ်.
ကုနင်းပြန်ရောက်တယ်ဆိုရင်ပဲ အားလုံးရဲ့အကြည့်တွေက သူမထံထပ်ရောက်လာပြန်တယ်.
ကျန်းချိုးဟွာက သူမကို ဘာတွေအပြစ်ရှာလိုက်တယ်ဆိုတာကို အားလုံးသိချင်နေကြတယ်.
ဘယ်လိုပဲဖြစ်နေနေ, ကုနင်းအတွက်ကတော့ သာမာန်အတိုင်းပါပဲ. ဘာမှမပြောင်းလဲသွားပါဘူး.
ရှောင်ဖေးဖေးနဲ့ သူမသူငယ်ချင်းတွေကတော့ အံ့ဩသွားတယ်. ကျန်းချိုးဟွာက သူမကို အပြစ်မရှာခဲ့ဘူးလား?
ဒါမှမဟုတ် ကုနင်းကပဲ အားလုံးအဆင်ပြေနေသလို ဟန်ဆောင်နေတာလား?
သေချာပေါက် သူမဟန်ဆောင်နေတာပဲဖြစ်မယ်.
ကျန်းချိုးဟွာက သူမကို ပြင်းပြင်းထန်ထန်ဆူခဲ့လောက်တယ်.
ဒါပေမယ့် ကုနင်းရဲ့မျက်နှာက ဝမ်းနည်းနေပုံကိုမမြင်ရတာကြောင့် ရှောင်ဖေးဖေး စိတ်မသက်မသာခံစားနေရတယ်.
"ကုနင်း, နင်အဆင်ပြေရဲ့လား?" ကုနင်းထိုင်လိုက်တာနဲ့ချက်ချင်းပဲ ယွီမီရှီကမေးလိုက်တယ်.
"ငါအဆင်ပြေပါတယ်" လို့ပြောပြီး ကုနင်းပြုံးပြလိုက်တယ်.
ကုနင်းတကယ်အဆင်ပြေနေတာမြင်မှ ယွီမီရှီလဲ စိတ်သက်သာရာရသွားတယ်. ကျန်းချိုးဟွာ ဝင်လာတာကိုတွေတာကြောင့် သူမလဲစာဆက်ဖတ်နေလိုက်တယ်.
ခနကြာတော့ ယွီမီရှီ ကုနင်းပြောင်းလဲသွားတာကို သတိထားမိသွားတယ်. ဒါပေမယ့် ဘယ်နေရာက, ဘာလို့ပြောင်းလဲသွားတာလဲကိုတော့ မသိဘူး.
တဖက်မှာတော့ ကုနင်းက စာကိုပဲအာရုံစိုက်နေတယ်.
သူမစာကိုဖတ်ပြီး မြန်မြန်လှန်နေပေမယ့် သူမဦးဏှောက်ထဲမှာတော့ ဆွဲမြဲနေတယ်.
ရှောင်ဖေးဖေးရဲ့ အာရုံ ကုနင်းထံခနရောက်လာချိန်မှာတော့ ကုနင်းက စာတွေကိုအမြန်ဖတ်နေတာတွေ့လိုက်တယ်.
"ကုနင်းကို ကြည့်စမ်းပါဦး, တော်တော်ဟန်ဆောင်ကောင်းတာပဲ. ဒီလောက်စာရွက်ကိုမြန်မြန်လှန်နေတာ ဘယ်လိုလုပ်ဖတ်မလဲ? ပြီးတော့ သူက ကျောင်းသားကောင်းတစ်ယောက်လိုတောင် ဟန်ဆောင်နေသေးတယ်." ရှောင်ဖေးဖေးက ယန်ယွီလုကို ပြောလိုက်တယ်.
"သေချာတာပေါ့ သူက ကျောင်းသားကောင်းတစ်ယောက်လိုဟန်ဆောင်နေတာပဲ" ယန်ယွီလုကလဲထောက်ခံလိုက်တယ်.
ရှောင်ဖေးဖေးကတော့ အတန်းပြီးတာနဲ့ ပြဿနာရှာဖို့ ကြံရွယ်ထားတယ်.
"ယွီလု, ချင်းယ ငါနင်တို့ကို တစ်ခုပြောမယ်" ရှောင်ဖေးဖေး ယန်ယွီလုနဲ့ ဝူချင်းယကိုခေါ်လိုက်တယ်.
ဒါပေမယ့် သူမအသံက တော်တော်ကျယ်နေတာကြောင့် တခန်းလုံး ရှင်းရှင်းကြီးကြားဖို့လုံလောက်ပါတယ်.
အားလုံးကလဲ နောက်ဘာဆက်ဖြစ်မယ်ဆိုတာ ချက်ချင်းသိလိုက်တာကြောင့် သူတို့နားတွေကို ဆွံ့ထားကြတယ်.
"ပြောပါဦး" ယန်ယွီလုနဲ့ ဝူချင်းယလဲ တက်တက်ကြွကြွနဲ့ ပူးပေါင်းလိုက်ကြတယ်.
"ငါလေ မနေ့က စားဖို့တောင်မတတ်နိုင်လောက်အောင် ဆင်းရဲတဲ့တစ်ယောက်ကို ရတနာဆိုင်မှာတွေ့လိုက်တယ်. သူ့မှာ ပိုက်ဆံမရှိဘဲနဲ့ မကြိုက်ဘူးလို့တောင်ပြောလိုက်သေးတယ်. ပြီးတော့ ရတနာဆိုင်ထဲက တခြားတစ်ယောက်ရဲ့ ရတနာကိုလဲ အတုကြီးလို့ပြောလိုက်သေးတယ်. သူက ချမ်းသာတဲ့လူတွေကို မနာလိုဖြစ်နေတာမဟုတ်ဘူးလား?"
ရှောင်ဖေးဖေး ကုနင်းကိုတချိန်လုံးကြည့်နေရင်း ယန်ယွီလုနဲ့ ဝူချင်းယကို ပြောလိုက်တယ်. ဒါက သူမဇာတ်လမ်းထဲက "တစ်စုံတစ်ယောက်"ဟာ ကုနင်းဆိုတာ အတိအကျကို ပုံဖော်ပြလိုက်တာပဲ.
ဘယ်သူမှ ရှောင်ဖေးဖေးကိုတော့ သံသယမဝင်ဘဲ ကုနင်းကိုသာ အထင်သေးစွာဝိုင်းကြည့်ကြတယ်.
ဒီထဲကလူအများစုက ချမ်းသာတဲ့မိသားစုက လာကြတာမဟုတ်ပေမယ့် ကုနင်းထက်တော့ သာလွန်တဲ့ဘဝကို ပိုင်ဆိုင်ထားကြတယ်.
ထပ်ပြောရင် ဒီထဲကဘယ်သူကမှ လူချမ်းသာတွေကျက်စားရာနေရာဖြစ်တဲ့ ရတနာဆိုင်ကို မသွားရဲကြပါဘူး.
"သေချာပေါက်သူက ချမ်းသာတဲ့သူတွေကို မနာလိုဖြစ်နေတာပဲ" ယန်ယွီလုနဲ့ ဝူချင်းယကလဲ သဘောတူထောက်ခံပေးလိုက်ကြတယ်.
ယွိမီရှီက ကုနင်းကို စိုးရိမ်ပူပန်စွာနဲ့တစ်ချက်ကြည့်လိုက်တယ်. ကုနင်းက ဒီလို ရူးကြောင်ကြောင်အလုပ်မျိုး လုပ်တတ်တဲ့သူမျိုးမဟုတ်တာ သူမသိတာပေါ့.
အထူးသဖြင့် ရှောင်ဖေးဖေးနဲ့ သူ့အပေါင်းအသင်းတွေဆိုတာ အနိုင်ကျင့်နေကျလူတွေပဲကို.
ပြီးတော့ ရတနာဆိုင်ဆိုတာ လူတိုင်းအတွက်ဖွင့်ထားတာမဟုတ်ဘူးလား?
ဆင်းရဲတဲ့လူတွေက အဲ့ထဲမဝင်ရဘူးလို့ ဘယ်သူပြောလဲ?
ပြီးတော့ ဘယ်သူမဆိုဝင်လိုက်တာနဲ့ တန်းဝယ်ရမယ်လို့ရောရှိလို့လား?
ဒါပေမယ့် ယွိမီရီက တန်ပြန်ပြောဆိုဖို့အတွက်တော့ အရမ်းအားနည်းလွန်းပါတယ်.
ဒါကြောင့် သူမစိတ်သူမသာ ပြန်ထိန်းလိုက်တယ်.
"အဲ့ဒီတစ်စုံတစ်ယောက်က ရုပ်ရည်လေးမဆိုးပါဘူး. သူ့ဘာသာမဝယ်နိုင်ရင် SugarDaddyတစ်ယောက်လောက်ရှာလိုက်နိုင်တာပဲ. သူ့ရဲ့ SugarDaddyကိုစိတ်ကျေနပ်အောင်လုပ်ပေးနိုင်သရွေ့ သူမလိုချင်တာတစ်ခုလောက်တော့ဝယ်နိုင်လောက်ပါတယ်." ရှောင်ဖေးဖေးက ထပ်ပေါင်းပြောလိုက်ပြန်တယ်.
ဒါကိုလဲကြားလိုက်ရော အားလုံးက ကုနင်းကို တကယ်ကြီးပဲ ရှာပြီးသွားသလိုနဲ့ အထူးအဆန်းတွေကြည့်နေကြတယ်.
အခုတော့ ကုနင်းကိုယ်တိုင်တောင်မှ စိတ်တိုသွားတယ်. ဒါကြောင့် ရှောင်ဖေးဖေးကို အေးစက်စက်ကြည့်လိုက်ပြီး ပြီးခဲ့တဲ့တစ်ခေါက်ကလိုမျိုး ခြိမ်းခြောက်ခံရသလိုခံစားသွားစေတယ်.
ဒါပေမယ့် ခနအကြာမှာပဲ ရှောင်ဖေးဖေးဟာ အရှက်ကွဲသလိုခံစားရတာကြောင့် စိတ်တိုသွားပြီး ကုနင်းကို အော်တော့တယ်.
"နင့်ကိုနင်ဘာထင်နေလဲ? ငါနင့်အကြောင်းပြောနေတာမဟုတ်ဘူး နင်ဟာနင် ဝန်ခံလိုက်တာပဲ"
"အိုး.. နင်ငါ့အကြောင်းပြောနေတာလို့ ငါဘယ်တုန်းဝန်ခံလိုက်လို့လဲ? ငါက နင်ဒီအကြောင်းပြောနေတုန်း ငါ့ကိုပဲဘာလို့စိုက်ကြည့်နေလဲဆိုတာ သိချင်ရုံပါ.
ဒါနဲ့ နင်ငါ့ကိုကြိတ်ကြိုက်နေတာလား? စိတ်မကောင်းပါဘူးဟယ် ငါကယောက်ျားလေးတွေပဲကြိုက်တယ်." ကုနင်းနောက်ပြောင်ပြောနေတာတောင် သူပုံစံက တကယ်အတည်ကြီးပြောနေသလိုပဲ.
"ဟ-ဟ"
"ဟား-ဟား" "ဟား-ဟား"
အားလုံးက ကျယ်လောင်စွာရယ်နေတာကြောင့် ရှောင်ဖေးဖေး စိတ်တိုသွားပြီး စားပွဲကို ဒုန်းခနဲထုလိုက်ကာ ကုနင်းကိုအော်တော့တယ်.
"ကုနင်း! နင့်ပါးစပ်ကို ပိတ်ထားစမ်း! နင်တော်တော်အရှက်မဲ့တာပဲ! ငါနင့်ကိုမကြိုက်ဘူး. နင်နောက်တစ်ခေါက်ထပ်ပြောရင် နင့်ပါးစပ်ကို တစစီဆွဲစုတ်ပစ်မယ်"
ပြောနေရင်းနဲ့ကို ရှောင်ဖေးဖေးကြည့်ရတာ တကယ်ထရိုက်တော့မယ့်အတိုင်းပဲ.
"ကုနင်း, နင်တော်တော်အရှက်မဲ့တဲ့မိန်းမပဲ. ဖေးဖေးနဲ့ဝေးဝေးနေစမ်း" ယန်ယွီလုလဲ ရှောင်ဖေးဖေးကို ကူညီလိုက်ကာ ကုနင်းကို စိုက်ကြည့်နေသည်.
"အသေအချာပဲ, ကုနင်း နင်ဘာလို့ ဒီလောက်အရှက်မဲ့ရတာလဲ" ဝူချင်းယလဲ ထပ်ပါလာတယ်.
"ကုနင်း .." ယွိမီရှီလဲ ကုနင်းကို စိုးရိမ်စွာခေါ်လိုက်ရင်း ရှောင်ဖေးဖေးတို့အား ဆန့်ကျင်နေတာကို တားဖို့လုပ်တယ်.
ဒါပေမယ့် သူမမပြောခင်မှာပဲ ကုနင်းက သူ့ကိုအကြည့်တစ်ချက်နဲ့ ရပ်တန့်စေလိုက်တယ်.
ယွိမီရှီက သူမကိုစိတ်ပူနေတယ်ဆိုတာ ကုနင်းသိပေမယ့် အခုကုနင်းက ကွာခြားသွားပါပြီ. သူမ ရှောင်ဖေးဖေးတို့ကို မကြောက်တော့ပါဘူး.
ပြီးတော့ သူမပြဿနာကိုသူမဖြေရှင်းမှာပါ.