← Chapters

အခန်း (၁၆-၂၀)

Vol. 2 Ch. 16-20

အခန်း (၁၆-၂၀)

Vol. 2 Ch. 16-20

အခန်း ၁၆ ရှောင်ဖေးဖေးကိုရိုက်မယ်

သူမရဲ့ဆုံးဖြတ်ချက်တွေကို မေးခွန်းမထုတ်ပဲ သူမရဲ့သူငယ်ချင်းအစစ်အမှန်ဖြစ်သူတဲ့က နားလည်ပေးဖို့ မျှော်လင့်ခဲ့တယ်.

ကုနင်းလဲ ဒီကိစ္စအကြောင်း နောက်မှ ယွီမီရှီကိုပြောပြဖို့ ဆုံးဖြတ်လိုက်တယ်.

ယွီမီရှီအတွက်ကတော့ ကုနင်းရဲ့ ရန်လိုပြီး သတ္တိရှိတဲ့ပုံစံကို ပထမဆုံးအကြိမ်တွေ့ဖူးတာပါပဲ. ဒါကြောင့် သူမပါးစပ်ကို ပိတ်ပြီး ငြိမ်ငြိမ်လေးသာနေလိုက်တော့တယ်.

ရှောင်ဖေးဖေးနဲ့ သူ့အကူနှစ်ယောက်ကို မျက်နှာချင်းဆိုင်လိုက်ပြီး, ကုနင်းက အေးအေးဆေးဆေးနဲ့ပဲ

"ဒါဆို နင့်ရဲ့ဇာတ်လမ်းကို ပြောနေတဲ့တစ်လျှောက်လုံး ဘာလို့ငါ့ကို ကြည့်နေလဲ ဆိုတဲ့အကြောင်းပြောပြလေ"

ကုနင်း တမင်သက်သက် ရှောင်ဖေးဖေးကို ဒေါသထွက်အောင်လုပ်နေတာပါ. ရှောင်ဖေးဖေးကလဲ ချက်ချင်းကို မကျေမနပ်ဖြင့်

"ဘာလို့ဆို အဲ့တစ်စုံတစ်ယောက်က နင်လေ ဘာလဲ နင်ကငြင်းချင်လို့လား?

ရာရာစစ နင့်လိုဆင်းရဲသားကများ ရတနာဆိုင်ထဲ ဖြတ်လျှောက်ရဲတယ်. အဲ့နေရာမှာ နင်တတ်နိုင်တာဘာမှမရှိလို့ ဝယ်နိုင်တဲ့သူတွေကို မနာလိုဖြစ်နေပြီးတော့များ.

ဒီတော့ နင်ရတနာနည်းနည်းလောက်ဖြစ်ဖြစ်ရချင်ရင် ငါ့ရဲ့အကြံအတိုင်း Sugar Daddyတစ်ယောက်လောက်ရှာလိုက်လေ. နင့်ရဲ့ Sugar Daddyဖြစ်နိုင်........."

ရှောင်ဖေးဖေးပြောနေရင်းနဲ့ ရုတ်တရက်ကြီး ရပ်သွားတယ်. အကြောင်းကတော့ သူ့ပါးစပ်ကို စက္ကူလုံးထိုးထည့်ခံလိုက်ရလို့ပါ

သေချာပေါက် ဒီစက္ကူလုံးကို ကုနင်းက တိကျတဲ့လမ်းကြောင်းကနေ ပြင်းပြင်းထန်ထန်နဲ့ လျင်မြန်စွာ ပစ်လိုက်တာပဲဖြစ်တယ်.

လူတိုင်း ဆွံ့အမှင်တက်သွားကြသည်.

"ဘာ? ဘာတွေဖြစ်သွားတာလဲ? ကုနင်းက သုံးမီတာလောက်အကွာကနေပြီး ရှောင်ဖေးဖေးပါးစပ်ထဲ စက္ကူလုံးကိုပစ်လိုက်တာလား?"

"ဟုတ်တယ်, နင်ပြောတာမှန်တယ်, အသေအချာပဲ"

"တကယ်ကြီးလား? ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? သေချာပေါက်တိုက်ဆိုင်သွားတာပဲဖြစ်မယ်"

"ဖြစ်နိုင်တယ်"

ကျန်တဲ့သူတွေကတော့ ဆွံ့အနေတုန်းပဲ.

လူတိုင်းကလန့်သွားကြပေမယ့် သေချာပေါက် တိုက်ဆိုင်မှုလို့တော့ ယုံကြည်နေကြတုန်းပါ.

ရှောင်ဖေးဖေးတစ်ယောက် စက္ကူလုံးကို မြိုချမိလုနီးပါးပင်ဖြစ်သွားကာ ရွံရှာသွားတော့တယ်.

စက္ကူလုံးကို ပစ်ထုတ်လိုက်ပြီးနောက် ကုနင်းကို ဒေါသတွေနဲ့အော်ဟစ်တော့တယ်

"ခွေးမ! နင်ကလုပ်ရဲတယ်ပေါ့"

ကုနင်း ဘာတစ်ခွန်းမှပြန်ပြောမနေဘဲ ရှောင်ဖေးဖေးနားကို တစ်လှမ်းချင်းတိုးသွားတယ်.

ရှောင်ဖေးဖေးကို ကြောက်လန့်သွားစေနိုင်တဲ့အကြည့်တွေနဲ့ သူမကို တည့်တည့်ကြီး စိုက်ကြည့်နေလိုက်တယ်.

ကုနင်းလျှောက်သွားရင်း ရှောင်ဖေးဖေးရှေ့ကိုရောက်သွားတယ်. ထို့နောက် ရှောင်ဖေးဖေးတုံ့ပြန်ချိန်မရလိုက်ခင်မှာပဲ သူမရဲ့လကို မြှောက်လိုက်ပြီး ရှောင်ဖေးဖေးမျက်နှာကို ဖြတ်ရိုက်ချလိုက်တယ်.

"ဘမ်း" ကျယ်လောင်သော ပါးရိုက်သံ.

အားလုံးလဲပိုပြီးတောင် ထိတ်လန့်သွားကြတယ်.

ကုနင်းက ရှောင်ဖေးဖေးကို ရိုက်လိုက်တယ်လား?

ကုနင်းသည် ရှောင်ဖေးဖေးကို ပုံမှန်လေးရိုက်လိုက်တာမဟုတ်ဘဲ တကယ့်ကိုအားပြင်းပြင်းနဲ့ရိုက်ချလိုက်တာပါ.

ရှောင်ဖေးဖေးကတော့ မျက်နှာမှာ ထန်းရွက်ပုံစံ လက်ဝါးရာကြီးထင်နေကာ ဆွံ့နေတော့တယ်.

"ကုနင်း နင်တော်တော် ရိုင်းပြီး အကြင်နာတရားမဲ့တာပဲ. ဘယ်လိုလုပ် ရှောင်ဖေးဖေးကို ရိုက်နိုင်ရတာလဲ?" ထိုအချိန်မှာပဲ ယန်ချန်ကျွင်းက ကိစ္စအားလုံး ကုနင်းအမှားလိုမျိုး ထပြောလာတယ်.

ယန်ချန်ကျွင်း, ရှောင်ဖေးဖေးကိုကြိုက်နေတယ်ဆိုတာ အားလုံးသိကြတယ်, ဒါကြောင့် သူမဘာပဲလုပ်လုပ် သူကတော့ သူမဘက်ကရပ်တည်ပေးမှာပဲ.

ကံမကောင်းစွာနဲ့, ရှောင်ဖေးဖေးကတော့ သူ့ကိုပြန်မကြိုက်ပါဘူး.

ယန်ချန်ကျွင်းက အရပ်ရှည်ပြီး ချောမောခန့်ညားပေမယ့် သာမာန်မိသားစုတစ်ခုကဖြစ်တယ်. ရှောင်ဖေးဖေးကလဲ သူမထက်ဆင်းရဲတဲ့ မိသားစုက ကောင်လေးတစ်ယောက်ကိုမကြိုက်ပါဘူး.

ဒါပေမယ့် ဒီလိုတစ်ယောက်ယောက်ရဲ့ကာကွယ်ပေးမှုကိုရတာက သူမရဲ့ ဩဇာအာကာပြည့်စုံမှုကို ဖော်ပြရာရောက်တာကြောင့် ကျေနပ်နေပါတယ်. ရှောင်ဖေးဖေးက ယန်ချန်ကျွင်းကို ငြင်းလဲမငြင်းသလို လက်လဲမခံပါဘူး.

ဒါကိုပဲ ယန်ချန်ကျွင်းက သူ့မှာအခွင့်အရေးရှိသေးတယ်လို့ဘဲထင်နေတာလား ဒါမှမဟုတ် ဒီလိုမျိုးနောက်လိုက်လုပ်နေရတာကိုပဲ ပျော်နေလားတော့မသိပေမယ့် သူဘယ်တော့မှ ရှောင်ဖေးဖေးကို လက်မလျှော့ခဲ့ပါဘူး.

"သူကမှ ပိုရိုင်းပြီး ငါ့ကိုအရှက်ခွဲနေတာမဟုတ်ဘူးလား?" ကုနင်းလဲပြန်မေးလိုက်တယ်.

"ဒါပေမယ့် သူမင်းကို မရိုက်ဘူးလေ" ယန်ချန်ကျွင်းလဲ ချက်ချင်းပြန်ငြင်းတယ်.

"ဒါဆို ငါ သူ့ကိုပြန်အရှက်ခွဲလို့တော့ရတယ်ပေါ့" ဆိုပြီး ကုနင်းလှောင်လိုက်တော့

"မင်း..."

ရုတ်တရက်, ရှောင်ဖေးဖေး အော်ချလိုက်တယ်

"ကုနင်း, နင်ကများ ငါ့ကိုရိုက်ရဲတယ်ပေါ့, ခွေးမ"

ရှောင်ဖေးဖေး ကုနင်းကို ဆဲဆိုလိုက်ရင်း လက်ကိုမြှောက်လိုက်တယ်. သူမလက်အောက်ပြန်မရောက်ခင်မှာပဲ ကုနင်းက ဖမ်းကိုင်လိုက်တယ်.

လူတိုင်း ကုနင်းရဲ့အရှိန်ကြောင့် အလွန်အံ့အားသင့်ကုန်ကြတယ်. ရှောင်ဖေဖေးရဲ့လက်ကို သူမ လျင်လျင်မြန်မြန်နဲ့ကို ဖမ်းချလိုက်တာပဲ.

"နင်..."

"နင် ငါ့ကိုနောက်တစ်ခါထပ်ပြီး ခွေးမလို့ခေါ်ရင် ပါးရိုက်ရုံလောက်နဲ့မလွှတ်ပေးတော့ဘူး" ကုနင်း အေးစက်စွသတိပေးစကားပြောလိုက်သည်.

ရှောင်ဖေးဖေး ရုတ်တရက်ဖိအားတစ်ခုကိုခံစားလိုက်ရပြီး သူမပါးစပ်ကိုပိတ်ကာ ကုနင်းကိုကြည့်ပဲကြည့်နေနိုင်တော့တယ်.

အတန်းထဲက ကျန်တဲ့ကျောင်းသားအကုန်လုံးလဲ တိတ်ဆိတ်သွားကြတယ်. ဘယ်သူမှ စကားတစ်လုံးတောင် မဟရဲကြဘူး.

ကုနင်းလဲ ရှောင်ဖေးဖေးလက်ကိုပြန်လွှတ်ပေးလိုက်ကာ သူမထိုင်ခံမှာ ပြန်သွားထိုင်နေလိုက်တယ်.

ခနလောက်နေပြီးမှ ရှောင်ဖေးဖေး ကုနင်းရဲ့ ရိုက်တာကိုခံရကာ အရှက်ခွဲခံလိုက်ရကြောင်း ပြန်သတိရသွားပြီး ပြန်အနိုင်ယူချင်တာကြောင့်....

"ကုနင်း, နင်ဒီလိုမျိုးထွက်သွားလို့ရမလား?" ရှောင်ဖေးဖေးထပ်အော်ပြောလိုက်ရင်း သူမစားပွဲပေါ်ကရေဘူးနဲ့ ကုနင်းခေါင်းကို ပစ်ပေါက်လိုက်တယ်.

ဒါကိုလဲမြင်ရော လူတိုင်းနီးပါး နောက်ထပ် ဇာတ်လမ်းတစ်ပုဒ်စပြီဆိုပြီး စောင့်ကြည့်နေကြတယ်.

သူတို့အားလုံး ကုနင်းပြောင်းလဲသွားပြီး ယုံကြည်အားကိုးချင်စရာကောင်းလောက်အောင် သတ္တိရှိလာတယ်ဆိုတာ သိလိုက်တာတောင်မှ သူမကို အထင်သေးနေကြတုန်းပါပဲ.

သူတို့အမြင်မှာတော့, သူမဘာတွေပဲပြောင်းလဲသွားပါစေ အရေးမကြီးပါဘူး,

ဘာလို့ဆို သူမက ဩဇာမရှိ ဆင်းရဲနွမ်းပါတဲ့မိသားစုက လာတယ်ဆိုတာ မပြောင်းလဲသွားတာကြောင့်ပါ.

ရှောင်ဖေးဖေးကျတော့ မွေးကတည်းက ချမ်းသာပြီး အာဏာရှိတဲ့မိသားစုကပါ. ဒါကြောင့် နောက်ဆုံးမှာတော့ ကုနင်း ရှုံးနိမ့်ရမှာပါပဲ.

ကုနင်းလိုမျိုးပြဿနာသေးသေးလေးကိုဖြေရှင်းဖို့ဆိုတာ ရှောင်ဖေးဖေးရဲ့မိသားစုအတွက်တော့ အသေးအမွှားလေးပါပဲ.

ဒါကြောင့်, ကုနင်းလုပ်တာကို မကြိုက်နှစ်သက်မှုတွေပဲ တိုးမြင့်လာကြတယ်.

မမျှော်လင့်ထားစွာပဲ ကုနင်းက ပြန်လှည့်လာပြီး ရှောင်ဖေးဖေးဘက်သို့ ရေဘူးကိုပြန်ရိုက်ချလိုက်တယ်. ရေဘူးက ရှောင်ဖေးဖေးရဲ့နဖူးနဲ့ရိုက်မိသွားပြီး သူမနဖူးစတင် ရောင်ကိုင်းလာတော့တယ်.

ထပ်မံပြီးတော့ လူတိုင်း အံ့ဩသွားကြပြန်တယ်.

နောက်ဆုံးအကြိမ်တုန်းက ကံကောင်းပြီးထိသွားတာဆိုရင် ဒီတစ်ကြိမ်ကတော့ တမင်ရည်ရွယ်ပြီးကို ပစ်နိုင်သွားတာပါ.

အခုတော့, အားလုံးရဲ့ ကုနင်းအပေါ်အမြင်တွေပြောင်းလဲလာပါပြီ.

သတိထားမိလိုက်ချိန်မှာတော့ ရှောင်ဖေးဖေး ငိုနေပါပြီ.

"ဖေးဖေး....." ယန်ယွီလု နဲ့ ဝူချင်းယတို့ပြေးသွားပြီး ရှောင်ဖေးဖေးရဲ့ ဒဏ်ရာကို ကြည့်ပေးနေကြတယ်.

"ကုနင်း..,နင်...." ယန်ချန်ကျွင်း စိတ်တိုသွားကာ လက်သီးတွေကိုတင်းတင်းဆုပ်ထားပြီး ကုနင်းကို ဝင်တိုက်ခိုက်တော့မလိုပဲ.

ထိုအချိန်မှာပဲ အတန်းပိုင်ဆရာမ ဝင်လာခဲ့တယ်.

"ဘာတွေဖြစ်နေကြတာလဲ?" အတန်းပိုင်ဆရာမက မေးလိုက်တယ်.

အတန်းပိုင်ဆရာမ ဝင်လာတာကိုတွေ့လိုက်တာနဲ့ ယန်ချန်ကျွင်း ချက်ချင်းကို တိုင်တော့တယ်.

"အဲ့ဒါ ကုနင်းပဲ. သူဖေးဖေးကို ရိုက်လိုက်တာ"

...............P16End............

ဖီးနစ်သွေးစက်

အခန်း ၁၇ ရှောင်ဖေးဖေးကို မကြောက်ဘူးလား?

ယန်ချန်ကျွင်း အရင်ဦးအောင် ကုနင်းအပေါ် အပြစ်တွေလွှဲချချင်လိုက်တာပါ. ဒါပေမယ့် သူမေ့သွားတာက အတန်းပိုင်ဆရာမက အဖြစ်အပျက်တွေကို သေချာမသိပဲ အဆုံးသတ်ကို ခုန်ပျံကျော်လွှားပြီး ကြည့်မှာမဟုတ်တာပါပဲ.

ဒါကြောင့် အတန်းပိုင်ဆရာမလဲ ကုနင်းဘက်ကိုလှည့်ကာ မေးမြန်းလိုက်တယ်.

"ကုနင်း ဘာတွေဖြစ်သွားတာလဲဆိုတာ ရှင်းပြနိုင်မလား?"

"ဟုတ်ကဲ့. သမီး ရှောင်ဖေးဖေးကို ရိုက်ခဲ့တယ်ဆိုတာ ဝန်ခံပါတယ်. ဒါကလဲ သူအရင် သမီးကို စော်ကားခဲ့တာကြောင့်ပါ. သမီးမနေ့က ရတာနာဆိုင်ကိုသွားခဲ့တယ်. ဒီအတိုင်းကြည့်ချင်လို့သွားတာပေမယ့် သူက ဆင်းရဲတယ်ဆိုပြီး အရှက်ခွဲခဲ့တယ်.

ဒီနေ့ကျတော့ သူက အားလုံးရဲ့ရှေ့မှာလှောင်ပြောနေပြီး သမီးကို တစ်ယောက်လောက်ရှာဖို့လိုတယ်လို့ပြောတယ်.

သူ့ပါးစပ်ကို ပိတ်ဖို့ စက္ကူလုံးလေးပဲသုံးခဲ့တာကို သူက သမီးကို ခွေးမလို့ခေါ်တယ်. သမီးလဲ ဒေါသထွက်သွားတာကြောင့် သူ့ကိုပါးရိုက်လိုက်တယ်.

သူကနောက်ကနေပြီး ရေဘူးနဲ့ပစ်လိုက်လို့ သမီးက ကိုယ့်ကိုကိုယ်ကာကွယ်တဲ့အနေနဲ့ ပြန်ရိုက်ချလိုက်တာ. မမျှော်လင့်ဘဲ ရေဘူးက နောက်ပြန်လွင့်သွားပြီး သူ့နဖူးကို ရိုက်မိသွားတယ်. ဒါအကုန်ပါပဲ"

ကုနင်း အစအဆုံးပြောပြလိုက်တယ်.

သူမ အမှန်ကိုပြောနေတာပေမယ့် ရှောင်ဖေးဖေးကို တမင်ရေဘူးနဲ့ရိုက်မိသွားအောင်လုပ်လိုက်တယ်ဆိုတာတော့ မပြောပါဘူး.

ကုနင်းကတော့ ဘာမှဖုံးကွယ်နေစရာမလိုဘူးလို့ ထင်ပါတယ်.

အတန်းပိုင်ဆရာမက အခုတော့ ပိုပြီးစိတ်ပျက်သွားကာ ရှောင်ဖေးဖေးဘက်လှည့်ပြီး "အမှန်တွေပဲလား?"

"သမီး...." ရှောင်ဖေးဖေးပြန်ငြင်းချင်ပေမယ့် အတန်းပိုင်ဆရာမကို ကြောက်တာကြောင့် အဆုံးမှာတော့ ဘာမှမပြောဘဲ ခေါင်းသာငုံ့ထားလိုက်တော့တယ်.

ယန်ချန်ကျွင်း, ဝူချင်းယနဲ့ ယန်ယွီလုတို့လဲ တိတ်ဆိတ်နေတယ်. သူတို့အားလုံး ပြဿနာထဲ မပါသွားချင်ပါဘူး.

အခုတော့ အတန်းပိုင်ဆရာမလဲ အမှန်တကယ်ဘာတွေဖြစ်ခဲ့တယ်ဆိုတာ သိသွားပါပြီ.

"ဒီတော့ ရှောင်ဖေးဖေးရဲ့အမှားက အရင်ဆုံး ကုနင်းကို စော်ကားတာ. ပြီးတော့ ကုနင်းရဲ့အမှားကတော့ ရှောင်ဖေးဖေးကို ပြန်ရိုက်တာ. နှစ်ယောက်လုံးအမှားဆိုတော့ နှစ်ယောက်လုံးအပြစ်ပေးတာခံမလား?,ဒါမှမဟုတ် တစ်ယောက်နဲ့တစ်ယောက် ခွင့်လွှတ်လိုက်ကြမလား? ကြိုက်တာရွေး." အတန်းပိုင်ဆရာမက သူတို့ဘာသာရွေးချယ်ဆုံးဖြတ်ခွင့်ပေးလိုက်တယ်.

အပြစ်ပေးတာက ပြဿနာတိုင်းကို မဖြေရှင်းနိုင်ပါဘူး. သူတို့ရဲ့ဆက်ဆံရေးပိုဆိုးသွားနိုင်ပါတယ်.

အတန်းပိုင်ဆရာမကလဲ သူတို့ကျောင်းမှာရန်ဖြစ်တာမဟုတ်သရွေ့ သူတို့ထပ်ပြီးပဲရန်ဖြစ်မယ်ဆိုရင်တောင် ဂရုမစိုက်ပါဘူး.

ကုနင်းကတော့ လက်ခံပါတယ်. ဒါကသေချာပေါက် သူမလိုချင်တဲ့ပုံစံပဲ.

ဒါကြောင့် ကုနင်းလဲ ရှောင်ဖေးဖေးကို သာမာန်ကာလျှံကာပဲပြောလိုက်တယ်.

"ရှောင်ဖေးဖေး, နင်ကြိုက်တာရွေး. နင်ဘာပဲဖြစ်ချင်ချင် ငါကတော့ ကိစ္စမရှိဘူး"

ရှောင်ဖေးဖေးကတော့ ဒါကိုစိန်ခေါ်လိုက်တာလို့တွေးပြီး စိတ်တိုစွာနဲ့ ကုနင်းကို ကြည့်လိုက်တယ်.

ရှောင်ဖေးဖေး သေချာပေါက် ကုနင်းကို ခွင့်မလွှတ်ပေးနိုင်ပါဘူး. ဘာလို့ဆို ဒီအဖြစ်အပျက်တစ်ခုလုံးမှာ ဒဏ်ရာရတာက သူမတစ်ယောက်ထဲဖြစ်တယ်လေ. ဒါကြောင့် ဘယ်လိုပဲဖြစ်ဖြစ် အပြစ်လဲ အပေးမခံချင်ပါဘူး.

ဒါကြောင့် ရှောင်ဖေးဖေး ဘယ်လောက်ပဲစိတ်တိုနေပါစေ နောက်ဆုံးမှာတော့ သဘောတူလိုက်ရတော့တာပဲ.

ဒါပေမယ့် တစ်နေ့နေ့မှာတော့ ကုနင်းကို သေချာပေါက် ပြန်အနိုင်ယူမှာပါ.

"ကောင်းပြီလေ, ရှောင်ဖေးဖေးက နာသွားတာဆိုတော့ အခု ဆေးပေးခန်းကိုသွားလိုက်" အတန်းပိုင်ဆရာမကပြောလိုက်တယ်.

ထို့နောက်, ယန်ယွီလုရယ် ဝူချင်းယရယ်နဲ့အတူ ဆေးပေးခန်းကို ထွက်သွားတယ်. ယန်ချန်ကျွင်းတော့ သူ့ထိုင်ခုံသူပြန်မသွားခင် ကုနင်းကိုစောင်းကြည့်လိုက်သေးတယ်.

ဒုတိယအတန်းချိန် စပါပြီ.

အပြင်မှာတော့ လူအချို့ရှိနေတယ်. ရှောင်ဖေးဖေးက ဒေါသထွက်စွာနဲ့...

"ကုနင်း, တွေ့ကြနေသးတာပေါ့. နင် ပြန်ပေးစပ်စေရမယ်."

"သေချာတာပေါ့! ကုနင်းကို သင်ခန်းစာကောင်းကောင်းပြန်ပေးရမယ်." ယန်ယွီလုကလဲ ချက်ချင်းကို ထောက်ခံလိုက်တယ်.

အတန်းပိုင်ဆရာမက သင်္ချာသင်နေပါတယ်. သူမက စည်းကမ်းတင်းကျပ်တဲ့ဆရာမဖြစ်တာကြောင့် ဘယ်သူမှ စည်းလွတ်ဝါးလွတ်မဖြစ်ရဲပါဘူး.

ကုနင်းကတော့ စာသင်တာကို အာရုံစိုကနေပါတယ်. သူမမှာ ကျောက်စိမ်းမျက်ဝန်းရှိနေပေမယ့် စာသင်ဖို့တော့လိုပါသေးတယ်.

ကံကောင်းစွာပဲ, သူမအရင်ဘဝတုန်းကလဲ ကျောင်းသားကောင်းတစ်ယောက်ဖြစ်ခဲ့တာကြောင့် စာသင်ကြားတဲ့နေရာမှာ အခက်အခဲမရှိပါဘူး.

ယွီမီရှီကတော့ အတန်းချိန်တစ်ခုလုံး စိုးရိမ်စိတ်တွေနဲ့ပဲ ပြည့်နေပါတယ်. ကုနင်းပြောင်းလဲသွားတာကို အနည်းငယ် စိတ်မသက်မသာဖြစ်နေပေမယ့်လဲ ရှောင်ဖေးဖေးက ကုနင်းကိုပြန်လက်စားချေမှာကို ပိုပြီးစိုးရိမ်နေပါတယ်.

နောက်ဆုံးတော့ အတန်းပြီးသွားပါပြီ. ယွီမီရီလဲ ကုနင်းကိုမေးလိုက်တယ်

"ကုနင်း, နင် ရှောင်ဖေးဖေးနဲ့ ရေစက်ဆိုးရှိသွားပြီနော်..နင်မကြောက်...?"

ယွီမီရီ ပြောလို့မပြီးခင်မှာပဲ ကုနင်းက စကားစကိုဖြတ်လိုက်တယ်.

ကုနင်းက မျက်နှာတည်လိုက်ပြီး အသံတိုးတိုးနဲ့...

"မီရှီ, နင်ငါ့ကို ဂရုစိုက်တာသိပါတယ်. ဒါပေမယ့် နင်တိတ်တိတ်လေးနေပြီး အားနည်ပြနေတာက နင့်ကိုအကူအညီမဖြစ်စေဘူး. ငါကတော့ ရှောင်ဖေးဖေး ငါ့ကိုထိခိုက်အောင်လုပ်နိုင်မယ်လို့ မထင်ဘူး"

"နင် သူ့ကိုကြောက်နေရင် ငါနဲ့ဝေးဝေးမှာနေလို့ရတယ်. ငါနင့်ကို အပြစ်မတင်ပါဘူး. ငါနဲ့သူငယ်ချင်းဆက်ဖြစ်ဖို့ ဆုံးဖြတ်ထားရင်တော့ ငါပြောင်းလဲသွားပုံကို လက်ခံပြီး နင်လဲပြောင်းလဲနိုင်ဖို့မျှော်လင့်တယ်. နင်မကြိုက်ဘူးဆို မကြိုက်ဘူးပြောရမယ်. မတရားခံရရင်လဲ ပြန်တိုက်ခိုက်ဖို့လိုတယ်.

အရေးကြီးဆုံးက နင်လိုချင်တာကို ရဖို့အတွက် တိုက်ခိုက်ဖို့လိုတယ်.

ငါနင့်ကို အရမ်းဖိအားမပေးပါဘူး. ဒါတွေက နင်နဲ့ပဲဆိုင်တယ်."

ကုနင်း ယွီမီရှီကို ပြောင်းလဲသွားဖို့ ဖိအားမပေးပါဘူး, သူမကို ကူညီပေးချင်ရုံပါ.

ကုနင်းပြောလိုက်တာတွေက ယွီမီရှီကို အတော်လေးအံ့အားသင့်သွားစေတယ်.

ကုနင်းမှန်တယ်လို့ သူမလဲထင်ပါတယ်. မင်းအမြဲတမ်း အားနည်းပြီး တိတ်ဆိတ်နေမယ်ဆိုရင် ဘယ်သူမှ မင်းရဲ့ တကယ့်ခံစားချက် အစစ်အမှန်ကို ဂရုစိုက်ကြမှာ မဟုတ်ပါဘူး.

ကုနင်း ဒီလိုမျိုး ယုံကြည်မှုအပြည့်နဲ့ ဖြစ်သွားတာကို မြင်ရတာ သူမကိုလဲ အားဖြစ်စေပါတယ်. သူမကိုယ်တိုင်လဲ ပြောင်းလဲချင်တယ်.

သူမ ရှောင်ဖေးဖေးကို ကြောက်နေတုန်းပေမယ့် ထပ်ပြီးတော့ တိတ်တဆိတ်နဲ့ အာနည်းစွာ အနိုင်ကျင့်မခံတော့ပါဘူး.

သူမ ဘဝက သူမအတွက်ပဲ. သူမမကြိုက်တာကိုလဲ မကြိုက်ဘူးလို့ပြောမယ်. မတရားခံရတာကိုလဲ ပြန်တိုက်မယ်, သူမမြတ်နိုးတာအတွက်လဲ တိုက်ခိုက်ရယူမယ်.

ယွီမီရှီရဲ့အဖြေက သူမနှလုံးသားထဲမှာ စွဲထင်နေပါပြီ ဒါပေမယ့် သူမကိုယ်သူမတော့ သံသရဝင်နေသေးတယ်.

"ကုနင်း, နင်မှန်တယ်. အားနည်းပြီး နှုတ်ဆိတ်နေတာက ဘာအကူညီမှမဖြစ်ဘူး. ငါထပ်ပြီးတော့ အရှက်ခွဲမခံတော့ဘူး. ငါပြောင်းလဲချင်တယ်., ဖြစ်နိုင်ပါ့မလား?"

"နင်ဖြစ်ချင်တဲ့စိတ်ရှိနေသ၍ သေချာပေါက်ဖြစ်နိုင်တာပေါ့" ကုနင်းပြန်ပြောလိုက်တယ်.

ယွီမီရှီ အခုတော့ စိတ်ပိုင်းဖြတ်နိုင်သွားကာ "ငါပြောင်းမယ်"

"မီရှီ. နင်ငါ့ရဲ့သူငယ်ချင်းဖြစ်နေကတည်းက ငါကတိပေးတယ် နင်ငါ့ကို လိုအပ်ရင် ဘာပဲဖြစ်ဖြစ် ငါအတတ်နိုင်ဆုံးကူညီပေးမယ်.

ပြီးတော့ ငါက သစ္စာဖောက်တာကို မုန်းတယ်. ဒီတော့ နင့်အကျိုးအတွက် ငါ့ကိုနာကျင်အောင်လုပ်မယ့်အစား နင်ငါနဲ့ သူငယ်ချင်းမဖြစ်ချင်တော့ရင် ငါ့ကိုတိုက်ရိုက်ပြောရမယ်နော်."

ကုနင်း တစ်ချိန်တည်း သတိပေးစကားကော ကတိပါတောင်းလိုက်တယ်.

...............P17End............

ဖီးနစ်သွေးစက်

အခန်း ၁၈ ကုရှောင်ရှောင်

ကုနင်းရဲ့ မျက်နှာချင်းဆို သတိပေးမှုနဲ့ ကတိတောင်းမှုကို ယွီမီရီ ရိုးရိုးသားသားပဲပြန်ဖြေလိုက်တယ်.

"ကုနင်း, ငါ ငါတို့နှစ်ယောက်ရဲ့ သူငယ်ချင်းဆက်ဆံရေးကို မြတ်နိုးတယ်"

ယွီမီရှီကလဲ အနိုင်ကျင့်ခံရသူဖြစ်တာကြောင့် သစ္စာရှိမှုဆိုတာဘာလဲ သူမသေချာသိပါတယ်. သူမတစ်ယောက်ယောက်ကို သူငယ်ချင်းအဖြစ် တစ်ကြိမ်သတ်မှတ်ပြီးတာနဲ့ သစ္စာမဖောက်တော့ပါဘူး.

"ကောင်းတယ်. ငါနင့်ကိုယုံတယ်" ကုနင်းပေါ့ပေါ့ပါးပါးလေးပဲပြုံးလိုက်တယ်. ဒီအချိန်မှာတော့ ကုနင်း ရိုးသားစွာနဲ့ပဲ ယွီမီရှီကို သူငယ်ချင်းအဖြစ်သတ်မှတ်လိုက်ပါပြီ.

တစ်စုံတစ်ယောက်ကို ယုံဖို့ဆိုတာ ကုနင်းအတွက်တော့မလွယ်ပါဘူး ဒါပေမယ့် ရေရှည်အတွက်စဉ်းစားကာ သူမဆုံးဖြတ်လိုက်တာပါ.

ကုနင်း သူမသူငယ်ချင်းကို ကိစ္စတိုင်းကိုတော့ အသိပေးမှာမဟုတ်ပါပေမယ့် သူမသူငယ်ချင်းကို ထိခိုက်အောင်လဲမလုပ်ပါဘူး. သူမအမြဲတမ်း ကူညီပေးနေမှာပါ.

ဒီမနက်ခင်းလေးအတွင်းမှာပဲ ရှောင်ဖေးဖေး, ယန်ယွီလု, ဝူချင်းယ နဲ့ ယန်ချန်ကျွင်းတို့အားလုံးရဲ့ မုန်းတီးမှုအပြည့်နဲ့ အကြည့်တွေကို ကုနင်းလက်ခံလိုက်ရပါပြီ.

ရှောင်ဖေးဖေး လက်မလျှော့လောက်ဘူးဆိုတာ ကုနင်း သိပါတယ်. ဒါပေမယ့် သူမကအရင်တုန်းက လူမှမဟုတ်တာ ဒါကြောင့် ဘယ်လိုမှမကြောက်ပါဘူး.

မနက်ခင်းအတန်းတွေပြီးတော့, ကုနင်းနဲ့ ယွီမီရှီ စာသင်ခန်းထဲကနေထွက်လိုက်ပြီး ကန်တင်းကို တန်းသွားလိုက်တယ်. ကံအားလျော်စွာနဲ့ ရှောင်ဖေးဖေး သူတို့ကို ဘာပြဿနာမှမရှာခဲ့ပါဘူး.

ဒါပေမယ့် ကုနင်းစာသင်ဆောင်ကထွက်လိုက်တယ်ဆိုရင်ပဲ မိန်းကလေးတစ်ယောက်က သူမကိုတားလိုက်တယ်.

ထိုမိန်းကလေးကတော့ ကုနင်းရဲ့ ဝမ်းကွဲညီအစ်မ ကုရှောင်ရှောင်ဖြစ်ပြီး ကုနင်းကို "သေစေခဲ့သူ"တွေထဲက တစ်ယောက်လဲဖြစ်တယ်.

ကုရှောင်ရှောင်ဟာ ကုနင်းလောက်မလှတာတောင်မှ သူမပုံစံလေးက ကြည့်ကောင်းပါတယ်. အကယ်၍ ချင်ကျန်းသာ သူမနဲ့မကြိုက်ခဲ့ရင်ပေါ့.

ပြီးတော့ ကုရှောင်ရှောင်က ချမ်းသာတဲ့မိသားစုကလဲဖြစ်တယ်လေ.

ချင်မိသားစုက နောက်ခံနဲ့ ငွေအင်အားအနည်းငယ်ရှိနေရင်တောင်မှ ဒါကမလုံလောက်သေးပါဘူး

သူတို့လိုချင်တဲ့ပန်းတိုင်ကို ရောက်ဖို့ဆိုရင် နောက်ထပ်ငွေတွေအများကြီးလိုအပ်နေပါသေးတယ်.

"ကုနင်း, နင်အသက်ရှင်နေနိုင်မယ်လို့ ငါမမျှော်လင့်ထားဘူး." ကုရှောင်ရှောင်ရဲ့ မျက်လုံးတွေက မုန်းတီးမှုတွေ အကြင်နာမဲ့မှုတွေနဲ့ ပြည့်နှက်နေတယ်. သူမကားတိုက်မှုကို မျက်မြင်တွေ့ခဲ့ရတာကြောင့် နှစ်ရက်လောက် အိပ်မက်ဆိုးများမက်ခဲ့ရတယ်.

သူမ အိပ်မက်ဆိုးကနေလွတ်မြောက်ဖို့ နှစ်ရက်လုံးကြိုးစားနေရချိန်မှာ ကုနင်းကတော့ နေကောင်းပြီး ကျန်းတောင်ကျန်းမာနေပြီ. ဒါကြောင့် ကုရှောင်ရှောင်တစ်ယောက် အမှန်တရားကို လက်မခံနိုင်တော့ဘူး.

ကုရှောင်ရှောင်က ကိုယ့်အတွက်ကိုယ်ပဲကြည့်တဲ့ တစ်ကိုယ်ကောင်းဆန်သော မိန်းကလေးတစ်ယောက်ပါ. သူမအမြင်မှာတော့ ဒါတွေအားလုံးဟာ ကုနင်းအမှားပဲ.

"တကယ်လို့ အဲ့ဒီကားတိုက်မှုမှာသာ ငါတကယ်သေသွားခဲ့ရင် နင့်ကို သရဲ့အဖြစ်နဲ့လာရှာမှာ မကြောက်ဘူးလား?" ကုနင်း အပြုံးတုတစ်ခုကို ဆင်မြန်းပြီး ကုရှောင်ရှောင်ကို စိုက်ကြည့်လိုက်တယ်.

ကုရှောင်ရှောင် အရမ်းထိတ်လန့်နေပြီးတော့ သူမကားတိုက်မှုကြောင့် နှစ်ရက်လုံး ကြောက်လန့်နေခဲ့မယ်ဆိုတာလဲ ကုနင်းသိပါတယ်.

သေချာပေါက် ကုရှောင်ရှောင်အပြစ်ရှိသလိုမခံစားရပေမယ့် ကြောက်လန့်နေခဲ့ပါတယ်.

"နင်...." ကုနင်းက ထိထိမိမိပြောလိုက်နိုင်တာကြောင့် ကုရှောင်ရှောင်ရဲ့အမူအရာပြောင်းလဲသွားခဲ့တယ်.

စိတ်တိုတယ်ဆိုရင်တောင်မှ ကုရှောင်ရှောင်ထပ်ပြီးတော့ ကားတိုက်မှုအကြောင်း မပြောချင်တော့ပါဘူး.

"ကုနင်း, ချင်ကျန်းက နင့်ကိုဘယ်တော့မှ ကြိုက်မှာမဟုတ်ဘူး. နင်သူ့ရဲ့ချစ်သူလဲမဟုတ်တော့ဘူးဆိုတော့ ကိုယ့်ကိုကိုယ်အရှက်ရအောင် ဆက်လုပ်မနေဘဲ ကျေးဇူးပြုပြီး သူနဲ့ဝေးဝေးမှာနေပေးပါ"

ကုရှောင်ရှောင် အောင်နိုင်သူတစ်ယောက်လို ဂုဏ်မောက်စွာပြောတယ်. သူမ ကုနင်းကို နာကျင်စေချင်တယ်. ဝမ်းနည်းပြီး စိတ်ဆင်းရဲနေတာကိုလဲ မြင်ချင်သေးတယ်.

မမျှော်လင့်ထားဘဲ, ကုနင်းက ပြောင်းလဲသွားခဲ့ပါပြီ. သူမက မနာကျင်တဲ့အပြင် စက်ဆုပ်ရွံရှာမှုကိုပါ ခံစားလိုက်ရတယ်.

ပြီးတော့ ကုနင်းရဲ့အမြင်မှာတော့ ကုရှောင်ရှောင်သည် ဟာသတစ်ခုထက်မပိုပါဘူး.

"သူ့လို စိတ်ပျက်စရာကောင်တစ်ယောက်ကို မလိုချင်တော့ဘူး. နင်လို မိန်းကလေးကပဲ သူ့ကို ဆွဲဆောင်မှာ. ရွံစရာတွေ!!" ကုနင်း ကန့်ကွက်လိုက်တယ်.

"ဘာ?" ကုရှောင်ရှောင် အံ့ဩသွားခဲ့တယ်. ကုနင်းဆီက ဒီလိုမျိုးစကားကြားရတာကို မယုံကြည်နိုင်ဘူး.

သူမက ချင်ကျန်းကို မကြိုက်ဘူးလို့ပြောတဲ့အပြင် စိတ်ပျက်စရာကောင်လို့တောင် ပြောလိုက်သေးတယ်.

ကုရှောင်ရှောင် ဘယ်လိုမှ မယုံကြည်နိုင်ပါဘူး.

သေချာပေါက် ကုနင်းက ဂရုမစိုက်သလို ဟန်ဆောင်နေတာပဲဖြစ်မယ်.

ကုရှောင်ရှောင်က ပြန်ပြောလိုက်တယ်. "ကုနင်း, ကိုယ့်ကိုကိုယ် လိမ်မနေပါနဲ့. ငါနင်ပြောတာယုံမယ်များ ထင်နေတာလား?"

"ယုံယုံ မယုံယုံ ငါဂရုမစိုက်ဘူး." ကုနင်းကတော့ ကုရှောင်ရှောင်နဲ့ပတ်သတ်ပြီး ဘာမှဂရုစိုက်မနေပါဘူး.

ပြီးတာနဲ့ သူဆက်ပြီး လျှောက်သွားလိုက်တယ်.

"နင်......."

ကုရှောင်ရှောင်‌ ဒေါသထွက်သွားပြီး ကုနင်းကို ဆွဲကာ ပြန်ငြင်းချင်ပေမယ့် ချင်ကျန်းကို စောင့်နေရတာကြောင့် လက်လျှော့လိုက်ရတော့တယ်.

ခနလောက်နေတော့, ကုနင်း အခုနည်းနည်းပြောင်းလဲသွားတယ်ဆိုတာ ကုရှောင်ရှောင် သတိထားမိသွားတယ်.

အတိတ်တုန်းက, ကုနင်းဘယ်တော့မှ ပြန်မပြောဘူး. ဘယ်လိုဖြစ်လို့ အခုကျ အရမ်းရန်လိုနေတာလဲ.

ကားတိုက်မှုကြောင့် သူမအပြုအမူတွေပြောင်းလဲသွားတာလား?

သူတို့အဝေးကို လျှောက်လာရင်း ယွီမီရှီ ကုနင်းကို တစ်ချက်ကြည့်လိုက်တယ်. သူမကြည့်ရတာ တစ်ခုခုပြောစရာရှိနေပုံပဲ.

"ငါ့ကို ဘာပြောစရာရှိလို့လဲ ပြောလေ" ကုနင်းကပဲ အရင်စမေးလိုက်တယ်.

ယွီမီရှီဘာမေးချင်နေလဲဆိုတာ ကုနင်းသိနေတာတောင်မှ ယွီမီရှီကိုယ်တိုင် ထုတ်မေးလာဖို့မျှော်လင့်တယ်.

ခနလောက်ကြာတော့မှ ယွီမီရှီမနေနိုင်တော့ဘဲ မေးလိုက်တော့တယ်.

"ကုနင်း, နင်တကယ်ပဲ ချင်ကျန်းနဲ့ တွဲခဲ့တာလား?"

ချင်ကျန်းက ကုနင်းနဲ့တွဲလိမ့်မယ်လို့ ယွီမီရှီတွေးကိုမတွေးဖူးပါဘူး. သူတို့နှစ်ယောက်ရဲ့ နောက်ခံက အရမ်းကိုကွာခြားလွန်းတယ်လေ.

ယွီမီရှီ အရမ်းကို သိချင်နေတယ်.

"အဲ့လိုပဲ. ကုရှောင်ရှောင်က ငါ့ကိုအရှက်ခွဲချင်လို့ ချင်ကျန်းကို ငါ့နားချဉ်းကပ်ခိုင်းပြီး နှစ်လလောက်တွဲပြီးတာနဲ့ ပျက်ခိုင်းလိုက်တာ. သူက ငါ့ကို ဟာသလုပ်ချင်နေတာလေ. ဒါကြောင့် ငါသူနဲ့မတွဲတော့တာ." ကုနင်းဘာမှ ဖုံးကွယ်မနေဘဲ အမှန်အတိုင်းပြောပြလိုက်တယ်.

"ဘာ?" ယွီမီရှီ ထိတ်လန့်သွားတယ်. ပြီးတော့ ကုနင်းအစားမကျေမနပ်ဖြစ်ကာ

"သူတို့က အနိုင်ကျင့်တဲ့လူတွေနဲ့ တစ်စားထဲပဲ. သူတို့ဘယ်လိုလုပ် နင့်ကိုဒီလိုမျိုး လုပ်နိုင်ကြရတာလဲ?"

ယွီမီရှီ, ကုနင်းအတွက် စိတ်မကောင်းဖြစ်သွားပြီး သူ့သူငယ်ချင်းအတွက် ဘာမှမလုပ်ပေးလိုက်နိုင်တဲ့အတွက်လဲ အပြစ်ရှိသလို ခံစားလိုက်ရတယ်.

"အဆင်ပြေသွားပါပြီ. ဒါက ဇာတ်လမ်းဟောင်းလေးသပ်သပ်ပါ. ငါအခုအဆင်ပြေနေပြီ" ကုနင်း ယွီမီရှီကို နှစ်သိမ့်ပေးလိုက်တယ်.

ကုနင်း တကယ်ဆင်ပြေတာသေချာရဲ့လားဆိုတာကို ယွီမီရှီ တစ်ချက်ပြန်ကြည့်လိုက်တယ်. ထို့နောက် ပိုခံစားရသက်သာသွားပြီး "သူ..သူနင့်ကို အခွင့်ရေးယူသေးလား?" ကုနင်းထပ်မေးလိုက်တယ်.

"မယူပါဘူး. ငါတို့လမ်းလျှောက်ရင်း လက်တောင်မတွဲဖူးဘူး" ကုနင်းပြန်ဖြေပေးလိုက်တယ်.

ဟုတ်ပါတယ်, တခြားသူတွေ သိသွားမှာစိုးတာကြောင့် သူတို့ လမ်းလျှောက်ရင်းတောင် လက်မတွဲဖူးပါဘူး.

ချင်ကျန်း ဘယ်တုန်းကမှ ကုနင်းကိုမကြိုက်ဖူးဘူး. သူတို့တွဲတာကလဲ ကစားပွဲတစ်ခုကြောင့်ပဲ. ဒါကြောင့် ကုနင်းကို သူဘယ်တုန်းကမှ မထိခဲ့ပါဘူး.

"ကောင်းတာပေါ့" ယွီမီရှီလဲ အခုမှစိတ်သက်သာရာရသွားတော့တယ်.

ကုနင်းပြုံးလိုက်ပေမယ့် ဘာမှထပ်မရှင်းပြနေတော့ပါဘူး. ယွီမီရှီက တကယ်ကိုချစ်ဖို့ကောင်းတဲ့ သူငယ်ချင်းမလေးလို့ သူမထင်ပါတယ်.

နောက်ဆုံး သူမတို့ ကန်တင်းကို ရောက်သွားချိန်မှာတော့ ယွီမီရှီက စားစရာယူဖို့မသွားခင် ကုနင်းကို ခုံမှာပဲ ထိုင်နေခဲ့မလားလို့ မေးလိုက်တယ်.

ယွီမီရှီက ကုနင်းစားနေကျ စပျစ်သီးပေါင်မုန့်ကိုပဲယူလာပေးမယ်ဆိုတာ သိတယ်.

ဒါပေမယ့် ကုနင်းက ပယ်ချလိုက်ပါတယ်.

...............P18End.............

ဖီးနစ်သွေးစက်

အခန်း ၁၉ ချန်းကျီယောင်ရဲ့ အရှက်ခွဲခံရခြင်း

"ဒီနေ့ ငါဝယ်ကျွေးမယ်နော်.

ငါနင့်ကို လျှို့ဝှက်ချက်တစ်ခုပြောပြမယ်. ငါလေ လမ်းပေါ်က ပိုက်ဆံကောက်ရခဲ့တယ်. ပြီးတော့ အဲ့ဒီကောက်ကရတဲ့ ပိုက်ဆံနဲ့ တစ်ယောက်ယောက်ကို မျှပေးရမယ်တဲ့ မဟုတ်ရင် ကံဆိုးရလိမ့်မယ်ပြောတယ်." ကုနင်းလဲ ဒီအိုဟောင်းနေတဲ့ အကြောင်းပြချက်ကြီးနဲ့ ယွီမီရှီကို ညာလိုက်တယ်.

"တကယ်လား? ကောင်းတာပေါ့ ဒါဆို ဒီနေ့နင်ပဲရှင်းလိုက်တော့" ယွီမီရှီ ဒီလိုစကားမျိုးကို ကြားဖူးနေပေမယ့် ငြင်းမနေတော့ပါဘူး.

ကန်တင်းက နှစ်ထပ်ရှိပါတယ်. ပထမထပ်ကတော့ ဈေးပေါပြီး အရသာမရှိတဲ့ လူတိုင်းစားလို့ရတဲ့နေရာဖြစ်ပါတယ်. တစ်ခါချက်ရင်အများကြီးချက်ရတာကြောင့် အစားအစာတွေကျက်နေဖို့ပဲလိုပြီး အရသာကတော့ ဦးစားပေးမဟုတ်ပါဘူး.

ဒုတိယထပ်ဟာတော့ သီးသန့်စားသောက်ဆောင်ဖြစ်ပြီး မင်းစားချင်တာမှန်သမျှကို မှာလို့ရကာ စားဖိုမှူးက သီးသန့်ချက်ပေးပါလိမ့်မယ်. ဒါကြောင့်ပဲ ဈေးလဲ အရမ်းကြီးပါတယ်.

တကယ်လို့ မင်းကသာ အများစားတဲ့ စားသောက်ခန်းမှာ စားမယ်ဆို ၁၀ယွမ်လောက်ဆိုလုံလောက်ပြပြီ. တကယ်လို့ သီးသန့်ခန်းမှာ စားမယ်ဆိုရင်တော့ ယွမ်၁၀၀လောက်ရှိမှလောက်မှာပါ.

ဒါကြောင့် ကုနင်းက ဒုတိယထပ်မှာ စားမယ်လို့ပြောလာတော့ ယွီမီရှီက ချက်ချင်းကို ငြင်းလိုက်တယ်.

ကုနင်းကတော့ သူမပြောတာကို နားထောင်မနေဘဲ ဒုတိယထပ်သို့သာ တန်းလျှောက်သွားလိုက်တော့တယ်. ယွီမီရှီလဲ မတတ်နိုင်ဘဲ နောက်ကနေသာလိုက်သွားလိုက်ရတော့တယ်.

သီးသန့်ခန်းမှာတော့ ကျောင်းသားတွေက ပထမထပ်လောက်လူမများပေမယ့်လဲ ချမ်းသာတဲ့ကလေးတွေများတာကြောင့် ဒုတိယတစ်ထပ်လုံးပြည့်လုနီးပါးပါပဲ.

ကုနင်းနဲ့ သူမသူငယ်ချင်းတို့နှစ်ယောက် အပေါ်ထပ်ကိုရောက်သွားရင်ပဲ မရင်းနှီးတဲ့ မိန်းကလေးတစ်ယောက်ရဲ့အသံကို ကြားလိုက်ရတယ်.

"ဟွန့်, အဲ့ဒါ အခန်း၄က ကုနင်းမဟုတ်လား? သူကဆင်းရဲတယ်လို့သိကြတာမဟုတ်ဘူးလား? ဘာလို့ဒီကိုရောက်နေတာလဲ?"

ကုနင်းက တကယ်တော့ မကျော်ကြားပါဘူး. သူမရဲ့ အတန်းဖော်တွေ နဲ့ ချင်ကျန်းရဲ့ သူငယ်ချင်းတွေလောက်သာ သူမကို သိကြတာပါ.

ဒီကောင်မလေးက ကုနင်းကို အခန်း၄ကလို့ပြောလိုက်တာကြောင့် သူမတို့အတန်းထဲကတော့ မဟုတ်သလို ချင်ကျန်းရဲ့ အပေါင်းသင်းထဲကလဲ မဖြစ်နိုင်ဘူး.

သေချာပေါက် ကုရှောင်ရှောင်ရဲ့ သူငယ်ချင်းပဲဖြစ်ရမယ်.

ကုနင်းက ပြန်တုံ့ပြန်ဖို့ စိတ်မဝင်စားပါဘူး. ထိုကောင်မလေးကို တစ်ချက်ကြည့်လိုက်တော့ သေချာပေါက်ကို ကုရှောင်ရှောင်ရဲ့ သူငယ်ချင်းကောင်းတစ်ယောက်ပဲ. သူမနာမည်က ချန်းကျီယောင်ဖြစ်ပြီး အခန်း၂က စီနီယာကျောင်းသူတစ်ယောက်ပါ.

ချန်းကျီယောက်ကလဲ ချမ်းသာတဲ့မိသားစုက မွေးဖွားလာတာပါ. သူမအဖေက မီလီယံဆယ်နှင့်ချီအမွေရထားသူတစ်ယောက်ဖြစ်ပြီး နာမည်ကြီး အိမ်ခြံမြေကုမ္ပဏီရဲ့ ဒါရိုက်တာတစ်ယောက်လဲဖြစ်တယ်.

ချန်းကျီယောင်အဖေလုပ်တဲ့ ကုမ္ပဏီနဲ့ ကုရှောင်ရှောင်တို့အဖေအလုပ်လုပ်တဲ့ ကုမ္ပဏီချင်းက ဆက်ဆံရေးရှိပါတယ်. ဒါကြောင့် သူတို့တစ်ခါတစ်လေအလုပ်တူတူတွဲလုပ်ရတာကြောင့် ချန်းကျီယွဲ့နဲ့ ကုရှောင်ရှောင်တို့ သူငယ်ချင်းကောင်းတွေဖြစ်လာကြတာလဲ ပုံမှန်ပါပဲ.

ချန်းကျီယောင်ကလဲ ကုနင်းနဲ့ ချင်ကျန်းကြားကကိစ္စကို သိပါတယ်. ကုရှောင်ရှောင်နဲ့ ချင်ကျန်းက အမှန်တရားကို လျှို့ဝှက်ထားခိုင်းတာကြောင့် ဘယ်သူ့ကိုမှမပြောဖူးပါဘူး.

ချန်းကျီယောင်ကို တစ်ချက်လောက်သာကြည့်ပြီး ကုနင်းလျစ်လျူရှုထားလိုက်တယ်. သူမ ယွီမီရှီနဲ့အတူ စားပွဲအလွတ်တစ်လုံးကိုသွားကာ စားစရာမှာဖို့လုပ်လို့က်တယ်.

ကုနင်းက ချန်းကျီယောင်ကို လျစ်လျူရှုလိုက်တာပေမယ့် ချန်းကျီယောင်ရဲ့အမြင်မှာတော့ ကုနင်းက သတ္တိနည်းတာကြောင့်လို့ပဲ ထင်တယ်. သူမတစ်ချိန်လုံး လှောင်ရယ်နေရင်တောင် ကုနင်းက ဘယ်တော့မှပြန်မပြောပါဘူး.

"ကြည့်ရတာ လမ်းပေါ်က ပိုက်ဆံကောက်ရလာလို့ပဲဖြစ်မယ်." ချန်းကျီယောင်ရဲ့ဘေးနားက ကောင်မလေးက ထပ်ဖြည့်ပြောလိုက်တယ်. ကုနင်းကို ဟာသလုပ်ဖို့အတွက် အခွင့်အရေးကို သူတို့ဘယ်တော့မှ အလွတ်မခံပါဘူး.

ယွီမီရှီကတော့ ပိုက်ဆံကောက်ရတဲ့အကြောင်း ထိုကောင်မလေးသိနေတာကြောင့် အံ့ဩသွားပါတယ်.

ယွီမီရှီရဲ့ အမူအရာကိုကြည့်ပြီး ကုနင်းတစ်ယောက် ဘယ်လိုပြန်ရှင်းပြရမှန်းတောင်မသိတော့ပါဘူး.

မကြာခင်မှာပဲ ကုနင်းတို့ စားဖို့မှာပြီးသွားတယ်.

ဒီနေ့လည်စာကတော့ သူတို့ကျောင်းတက်လာတဲ့နှစ်တွေထဲမှာ အကောင်းဆုံးပဲ.

"ကုနင်း ဒါအရမ်းဈေးမများလွန်းဘူးလား?" ယွီမီရှီမေးလိုက်မိတယ်. သူတို့အခုသုံးခဲ့တာ ယွမ်၂၀၀နီးပါးတောင်ရှိတယ်. တကယ်လို့ ပထမထပ်မှာသာ စားမယ်ဆိုရင် ယွမ်၂၀၀ဆိုတာ တစ်ပတ်စာလုံး လုံလုံလောက်လောက်စားလို့ရတယ်.

"စိတ်မပူပါနဲ့. ဒါဘာမှမဟုတ်သေးပါဘူး" ကုနင်းပြန်ဖြေပေးလိုက်တယ်.

ဒါကြောင့် ယွီမီရှီလဲ နှုတ်ဆိတ်နေလိုက်တော့တယ်.

"အိုး.., ဆင်းရဲတဲ့ကောင်မလေးနှစ်ယောက်က ဒီကိုဘာများလာလုပ်လဲဆိုတာ သိချင်လိုက်တာ" ချန်းကျီယောင်က ထရပ်လိုက်ကာ ကုနင်းတို့ဆီ လျှောက်သွားလိုက်တယ်. ကုနင်းနဲ့ ယွီမီရှီတို့ဟာ ဒီလိုအစားသောက်ကောင်းတွေစားဖို့ အရမ်းဆင်းရဲလွန်းတယ်လို့ သူမယူဆတယ်.

ဒီလိုမျိုးပျင်းနေကြတဲ့ ချမ်းသာသောကောင်မလေးတွေသာ သူတစ်ပါးကို ဟာသလုပ်ချင်နေကြတာပါ.

ချန်းကျီယောက် ရောက်လာတာနဲ့ ကုနင်းက စာရင်းစာရွက်ကို ယူလိုက်ကာ စားဖိုမှူးဆီလျှောက်သွားလိုက်တယ်. ဒီတစ်ခါလဲထပ်ပြီး ကုနင်း ပေါ်တင်ပဲ သူမကို လျစ်လျူရှုသွားပြန်ပါတယ်.

ချန်းကျီယောင် စိတ်တိုသွားပြီး စာရင်းစာရွက်ကို ဆွဲယူဖို့လုပ်ပေမယ့် ကုနင်းကတော့ အဲ့လိုဖြစ်ခွင့်မပြုပါဘူး.

ကုနင်းအဝေးကိုရှောင်လိုက်တာကြောင့် ချန်းကျီယောင် လေကိုသာဖမ်းမိလိုက်တယ်. သူမရှက်သွားကို ကုနင်းကို အော်လိုက်ကာ

"ကုနင်း, နင်ကများရှောင်ရဲတယ်ပေါ့"

ချန်းကျီယောင်ရဲ့ ဒေါသပေါက်ကွဲနေတဲ့ အသံက ကျောင်းသားများရဲ့ စိတ်ဝင်စားမှုကို မြင့်တက်လာစေတယ်.

ကုနင်း အစောတုန်းက ချန်းကျီယောင်ကို လျစ်လျူရှုထားတာ သက်သက်မဲ့ ပြဿနာမဖြစ်ချင်တာကြောင့်ပါ. ဒါပေမယ့် အခုတော့ ပြဿနာက တည့်တည့်ကြီးရောက်လာမှတော့ ရင်ဆိုင်ရတော့မှာပေါ့.

သူမရပ်လိုက်ပြီး ချန်းကျီယောင်ကို တည့်တည့်ကြည့်ကာ "ဘာလို့မလုပ်ရမှာလဲ?"

ချန်းကျီယောင် တစ်ခနလောက် ဆွံအသွားကာ ကုနင်းကို ဘယ်လို ပြန်ပြောရမှန်းမသိတော့ဘူး.

ချန်းကျီယောင်ရဲ့ အမြင်မှာတော့ ကုနင်းက အလွန်ဆင်းရဲပြီး အားနည်းသူတစ်ယောက်ပဲ. သူမ ကုနင်းကို အနိုင်ကျင့်ချင်ရင် ဘယ်အချိန်ဖြစ်ဖြစ် ဘယ်နေရာဖြစ်ဖြစ် စိတ်ကြိုက်လုပ်နိုင်တယ်.

ဒါပေမယ့် အခုတော့ အရာအားလုံးပြောင်းလဲသွားပြီ. ကုနင်းက အားလုံးရဲ့ရှေ့မှာ သူမကိုပြန်ခံပြောလိုက်တယ်. ချန်းကျီယောင် ရှက်သွားပြီး

"ကုနင်း, နင်က ဆင်းရဲတယ် ပြီးတော့ ငါ့ကိုပြန်ခံပြောစရာအကြောင်းလဲ မရှိဘူး သိရဲ့လား!"

"ငါ့ဘာငါ ဆင်းရဲတာ ဘာမှားလို့လဲ? နင့်အပူပါလား? နင်လဲငါ့လမ်းမှာပိတ်ရပ်လို့ ဘာအကြောင်းမှမရှိဘူး!" ကုနင်းပြန်ပြောလိုက်တယ်. သူဘယ်တုန်းကမှ ချန်းကျီယောင်ကို မကြိုက်ခဲ့ဘူး.

"နင်...." ချန်းကျီယောင် စိတ်ရှုပ်သွားတယ်.

တကယ်လဲ ချန်းကျီယောင် သူများလမ်းကို ပိတ်ရပ်စရာအကြောင်းမရှိပါဘူး. အခုတော့ ပွဲကြည့်နေတဲ့ သူတွေအားလုံးကလဲ ချန်းကျီယောင် သူမကိုယ်သူမ အရှက်ရသွားပြီလို့ ယုံကြည်ကြတယ်.

အားလုံးရဲ့ မနှစ်သက်မှုတွေကြောင့် ချန်းကျီယောင်ပိုပြီး ဒေါသထွက်လာတယ်.

သူမ ကုနင်းရဲ့လမ်းကိုပိတ်ရပ်စ ရာအကြောင်းမရှိတာသိပေမယ့် ဒါကလဲ သူမကို ဟာသလုပ်ချင်လို့လေ. ကုနင်းဒီလိုမျိုး သူမကို ဆန့်ကျင်ရဲတာကို သူမဘယ်လိုမှ လက်မခံနိုင်ပါဘူး.

ထို့ကြောင့် ချန်းကျီယောင် လက်လျှော့သေးပဲ

"ကုနင်း, နင့်အမေက လက်မထပ်ရသေးခင် နင့်ကို ကိုယ်ဝန်ရှိလာတာဆို? နင်က အဖေမရှိတဲ့ ခွေးမ......."

...............P19End............

ဖီးနစ်သွေးစက်

အခန်း ၂၀ ချန်းကျီယောင်ကို ရိုက်မယ်

"ဘန်း"

ချန်းကျီယောင်စကား မဆုံးလိုက်ခင်မှာပဲ မျက်နှာပေါ် ပြင်းပြင်းထန်ထန် အရိုက်ခံလိုက်ရတယ်. ဒီတစ်ကြိမ်ရိုက်ချက်က ရှောင်ဖေးဖေးကို ရိုက်ခဲ့တုန်းက ထက်အများကြီးကို ပြင်းပါတယ်.

ချန်းကျီယောင်ပြောလိုက်တာက ကုနင်းကို လုံးဝဒေါသထွက်စေတာပါ.

ချန်းကျီယောင်က ကုနင်းကို အရှက်ခွဲရုံတင်မကဘဲ သူမအမေကိုပါ အရှက်ခွဲတာကတော့ ဘယ်လိုမှသည်းခံလို့မရနိုင်ပါဘူး.

ချန်းကျီယောင် အရိုက်ခံလိုက်ရပြီးနောက် ဘာဆက်လုပ်လို့လုပ်ရမှန်းမသိတော့ဘူးဖြစ်သွားတယ်.

ဒါက ကုနင်း သူမကို ဘယ်တော့မှမရိုက်ဘူးဆိုတဲ့ အတွေးကို ကျော်လွန်သွားခဲ့ပြီ.

လူတိုင်းလဲ ထိတ်လန့်သွားကြပေမယ့် ဒီလုပ်ရပ်ကို သဘောမတူတဲ့သူတော့မရှိပါဘူး.

သူတို့တော်တော်များများက ကုနင်းရဲ့ နောက်ခံကိုသိသွားတော့ သဘောမကျကြပေမယ့် ဒီလိုမျိုးအရှက်ခွဲတာကတော့ တော်တော်လေးရိုင်းတယ်လို့ သူတို့လဲသိကြပါတယ်.

ဘယ်သူမှ တခြားသူတစ်ယောက်ရဲ့နာကျင်မှုကို ဟာသသဘောမလုပ်လိုကြပါဘူး.

"ကုနင်း, နင်ကများ ငါ့ကိုရိုက်ရဲတယ်ပေါ့!" နောက်ဆုံးတော့ ချန်းကျီယောင်, သူမကိုယ်သူမဘာဖြစ်သွားတယ်ဆိုတာ သတိဝင်သွားပြီး လက်ကိုမြှောက်လိုက်ကာ ကုနင်းကိုရိုက်ဖို့ လုပ်လိုက်တယ်.

သူမ လက်ကိုမြှောက်လိုက်တဲ့ အချိန်ခနလေးအတွင်းမှာပဲ ကုနင်းက သူမလက်ကို ဖမ်းကိုင်လိုက်တာကြောင့် နာကျင်သွားပေမယ့် ထွက်ပြေးလို့လဲ မရနိုင်ပါဘူး.

"ကုနင်း, ငါ့ကို လွှတ်စမ်း!" ချန်းကျီယောင်၏မျက်နှာ နာကျင်မှုဒဏ်ကြောင့် ပြောင်းလဲသွားရပြီ.

ကုနင်းကတော့ မလွှတ်ပေးဘဲနဲ့ ချန်းကျီယောင်ကို အေးစက်စွာ ကြည့်လိုက်သည်. သူမရဲ့ အကြည့်တွေက ရေခဲဓားသွားတစ်ခုလိုမျိုး ချန်းကျီယောင်ရဲ့လည်ပင်းကို ဖြတ်ပစ်တော့မတတ်ပါဘဲ.

သူမရဲ့မျက်နှာပေါ်က ကြောက်ရွံ့စရာအကြည့်တွေကြောင့် ထိတ်လန့်သွားသည်.

ချန်းကျီယောင် ကုနင်းရဲ့ အကြည့်တွေအောင်မှာတင် တုန်လှုပ်နေပြီ.

အားလုံးလဲ ကုနင်းရဲ့ စွမ်းအားကြောင့် အလွန်အံ့အားသင့်နေကြကာ သီးသန့်စားသောက်ခန်း တစ်ထပ်လုံး သေဆုံးသွားကြသလိုမျိုး တိတ်ဆိတ်နေကြတော့တယ်.

ကုနင်း အခုမှနှုတ်ဟလိုက်ကာ, "ချန်းကျီယောင်, ငါနင့်ကို ဘယ်တုန်းကမှ နာကျင်အောင်မလုပ်ဖူးဘူးလို့ထင်တယ်. ဘာလို့များ ငါ့အပေါ်လုပ်နေတာတွေကို မရပ်နိုင်ရတာလဲ? ငါ့ရှေ့မှာတင် ငါ့အမေကို အရှက်ခွဲပြီးကာမှ နင့်ကို ငါအလွတ်ပေးမယ်လို့ ထင်နေတာလား?"

ထို့နောက်, ချန်းကျီယောင်ကို အဝေးသို့ လွှတ်ပစ်လိုက်တာကြောင့် ချန်းကျီယောင် ခလုတ်တိုက်မိသွားပြီး လဲကျမလိုဖြစ်သွားတယ်.

ချန်းကျီယောင်နဲ့ ပါလာတဲ့ ကောင်မလေးလဲ ဘာတစ်ခွန်းမှ ဝင်ပြောရဲတော့သလို သူမကိုယ်တိုင်လဲ အံ့ဩထိတ်လန့်နေစဲပါပဲ.

ထိုအချိန်မှာပဲ ကုရှောင်ရှောင်နဲ့ သူမသူငယ်ချင်းတွေ ဒုတိယထပ်ကို ရောက်ရှိလာကြတယ်. ဘေးနားမှာ လူတွေအုံနေပြီး စူးစမ်းနေကြတာကို သူတို့မြင်လိုက်တယ်.

သူတို့ အဲ့နားကို သွားလိုက်တော့ လူအုပ်ကြီးရဲ့အလယ်မှာ ကုနင်းနဲ့ ချန်းကျီယောင်တို့ ရှိနေတာကိုတွေ့လိုက်ရပါတယ်.

ကုရှောင်ရှောင် ချက်ချင်းဘဲ လူအုပ်ကြီးထဲတိုးကာ အလယ်ကိုသွားလိုက်ရင်ပဲ ချန်းကျီယောင်ရဲ့ ပါးပေါ်မှာ လက်ဝါးရာ အနီရောင်အမှတ်ကြီးကို တွေ့လိုက်ရတာကြောင့် သူမရူးတော့မလိုဖြစ်သွားပြီး

"ကျီယောင်, ဘာတွေဖြစ်နေကြတာလဲ?"

ကုရှောင်ရှောင်ရဲ့အသံကို ကြားတော့မှ ချန်းကျီယောင် သူမစိတ်တွေကို ပြန်ထိန်းနိုင်သွားသည်. ကုနင်းကို အခုထိကြောက်နေသေးပေမယ့် ဒေါသတွေနဲ့လည်း ပြည့်နေသေးသည်.

ဒါပေမယ့် အခု ချန်းကျီယောင် ဘာပြန်ပြောရမယ်မှန်းမသိတော့တာကြောင့် ကုနင်းကိုပဲ ဒေါသတွေနဲ့ကြည့်ကာ ကုရှောင်ရှောင်ရဲ့ မေးခွန်းကို ပြန်ဖြေပေးလိုက်တယ်.

အခုတော့ ကုနင်းက ချန်းကျီယောင်ကို ရိုက်လိုက်မှန်း ကုရှောင်ရှောင်သိသွားပြီ. ကုနင်းဒီလိုလုပ်လိုက်တယ်လို့ ယုံဖို့ခက်နေပေမယ့် ချက်ချင်းပဲ ကုနင်းကိုအောက်လိုက်ကာ

"ကုနင်း, နင်ကများ ကျီယောင်ကို ရိုက်ရဲတယ်ပေါ့? နင်ရူးနေလား?"

"ဘာ?" ကုနင်းက ချန်းကျီယောင်ကို ရိုက်လိုက်တယ်. တကယ့်ကို ရယ်စရာပဲ.

ထိုကောင်လေး နာမည်က ကျန်းယီမင်ဖြစ်ပြီး ချင်ကျန်းနဲ့အတူရှိနေကာ အကျယ်ကြီး ထပြောလိုက်တာပါ. သူဘယ်လိုမှ ဒါကို မယုံနိုင်ပါဘူး.

သေချာပေါက်, သူတို့အားလုံး ကုနင်းကဘယ်လိုမိန်းကလေးမျိုးဆိုတာ သိနေကြတာပဲ. ကုနင်းက အားနည်းတယ်, တိတ်တဆိတ်ပဲနဲ့ တစ်ယောက်ထဲပဲနေပြီး တခြားတစ်ယောက်ကို ဘယ်တော့မှ ပြန်တောင်အော်ရဲတာမဟုတ်ဘူး. ကုနင်းက ချန်းကျီယောင်ကို ရိုက်လိုက်တယ်ဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ.

"ဟုတ်တယ်, ငါလဲမယုံဘူး" ဖူမင်လျန်လို့ခေါ်တဲ့ ကောင်လေးကလဲ ထောက်ခံလိုက်တယ်.

ဒါပေမယ့် ချင်ကျန်းကတော့ ယုံပါတယ်.

"ဟုတ်တယ်, ငါ ချန်းကျီယောင်ကို ရိုက်ခဲ့တယ်. အဲ့တော့ ဘာဖြစ်လဲ?" ကုနင်း အားလုံးရဲ့ရှေ့မှာပဲ ဝန်ခံလိုက်ပြီး ကုရှောင်ရှောင်ဘက်လှည့်ကာ

"ဒါ နင်နဲ့ ဘာမှမဆိုင်ဘူး."

ဒါကို ကြားလိုက်တော့ ကျန်းယီမင်ကော ဖူမင်လျန်ပါ အလွန်အံ့အားသင့်ကုန်ကြတယ်.

ဘာ? သူမတကယ်ပဲ ချန်းကျီယောင်ကို ရိုက်ခဲ့တာလား? ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?

"နင်...." ကုရှောင်ရှောင် စိတ်တိုသွားကာ လူတွေရှေ့မှာပဲ ကုနင်းကို ပြန်ပြောတော့တယ်.

"ကျီယောင်က ငါ့သူငယ်ချင်း, အဲ့တော့ ဒါက ငါ့ကိစ္စပဲ"

"ဝိုး!" ကုနင်းက နှာခေါင်းရှုံ့လိုက်ကာ "အဲ့တော့ နင်ကဘာလုပ်ချင်လို့လဲ?"

"နင်လုပ်ခဲ့တာအတွက် ပြန်ပေးဆပ်ရမယ်. နင်ကြမ်းပြင်နဲ့ ခေါင်းနဲ့တိုက်ပြီး ၁၀ကြိမ်ဦးချ ဒါမှမဟုတ်ရင် ကျီယောင်က နင့်မျက်နှာကို ၁၀ကြိမ်ပြန်ရိုက်တာကို ခံလိုက်." ကုရှောင်ရှောင်က ကြင်နာမှုမရှိစွာပဲ ပြောလိုက်တယ်.

ဒါကို ကြားလိုက်တာကြောင့် အားလုံး အသက်ရှူတောင် အောင့်လိုက်မိကြတယ်.

၁၀ကြိမ်? ကုရှောင်ရှောင်က တကယ့်ကို သွေးအေးတာပဲ. ချန်းကျီယောင်က ကုနင်းကို အရင် အရှက်ခွဲခဲ့တာလေ.

ခနအတွင်းပဲ ကုရှောင်ရှောင်အပေါ် အားလုံးရဲ့အမြင်တွေပြောင်းလဲသွားကြတယ်.

ချင်ကျန်းနဲ့ သူ့သူငယ်ချင်းတွေလဲ မကျေမနပ်ဖြစ်ကာ မျက်မှောင်ကြုတ်သွားကြတယ်. ဒါကအရမ်းလွန်လွန်းတယ်လို့ သူတို့လဲတွေးကြတယ်. ဒါပေမယ့် မနက်တုန်းက ကုနင်း သူ့အပေါ်လုပ်ခဲ့တာကို ပြန်တွေးမိသွားတာကြောင့် ကုရှောင်ရှောင်ကို ချင်ကျန်းမတားနေတော့ပါဘူး.

ကျန်းယီမင်နဲ့ ဖူမင်လျန်တို့နှစ်ယောက်ကတော့ အစထဲက သနားကြင်နာမှုကင်းမဲ့ကြတာကြောင့် ပျော်စရာတစ်ခုလိုပဲ သဘောထားလိုက်ကြတယ်.

ပြီးတော့ ချန်းကျီယောင်ကို ရိုက်ထားပြီးတော့ ကုနင်းဘာဆက်လုပ်မလဲဆိုတာလဲ သူတို့သိချင်နေကြတယ်.

"အိုး..., ကုနင်း, နင်ပဲလား? ဘယ်လိုလုပ် အားလုံးကို နင့်ကိုပဲ ပြဿနာရှာချင်နေကြတာလဲ? သနားစရာကောင်းလိုက်တာ."

ကုနင်း ဘာမှမပြောရသေးခင်မှာပဲ မိန်းကလေးတစ်ယောက်ရဲ့ အကြင်နာကင်းမဲ့သော ရွဲ့ပြောသံ ထွက်ပေါ်လာတယ်.

သေချာပေါက် ချူးဖေ့ဟန်ပါပဲ.

လူမိုက်တစ်ယောက်လိုမျိုး ချူးဖေ့ဟန်က အိတ်ကပ်ထဲ လက်ထည့်ကာ လျှောက်လာတယ်.

ချက်ချင်းပဲ အားလုံးလဲ လမ်းဖယ်ပေးကာ သူမဝင်လို့ရအောင်လုပ်ပေးလိုက်ကြတယ်. သူတို့ကို ကြည့်ရတာ သူမကိုကြောက်ကြပုံပဲ.

ချူးဖေ့ဟန်က ကျောင်းမှာ လူဆိုးမလေးအဖြစ် နာမည်ကြီးတယ်လေ. သူမက အတိုက်အခိုက်လဲတော်တာကြောင့် ဘယ်သူမှ သူမကို စိတ်ရှုပ်အောင် မလုပ်ရဲကြဘူး.

ကုရှောင်ရှောင်နဲ့ ချန်းကျီယောင်တို့တောင်မှ ချူးဖေ့ဟန်နဲ့ ဝေးဝေးနေကြပါတယ်.

ဒါကြောင့် ချူးဖေ့ဟန်ပေါ်လာတာက ကုရှောင်ရှောင်နဲ့ ချန်းကျီယောင်တို့ရဲ့ လေသံကို လျှော့သွားစေတယ်.

ချင်ကျန်း, ကျန်းယီမင် နဲ့ ဖူမင်လျန်တို့ကတော့ ချူးဖေ့ဟန်ကို မကြောက်ကြပေမယ့် သူမက အင်အားကြီးမိသားစုကလာတာဖြစ်မှန်းသိတာကြောင့် ပုံမှန်ဆို သူမကို မဆန့်ကျင်ကြပါဘူး.

ဒါကြောင့် ချင်ကျန်း မနက်က ချူးဖေ့ဟန် သူ့ကိုအရှက်ခွဲတာကြောင့် မုန်းနေပေမယ့် သူမနဲ့အပြိုင် ရန်ပြန်မဖြစ်တာပါ.

All Chapters