အခန်း (၂၁-၂၅)
Vol. 2 Ch. 21-25
အခန်း ၂၁ ကန်တင်းမှ ဇာတ်လမ်းတစ်ပုဒ်
ချူးဖေ့ဟန်နဲ့ ကုနင်းကြားက ဆက်ဆံရေးနဲ့ပတ်သတ်ပြီး ချင်ကျန်းနည်းနည်းရှုပ်ထွေးနေတယ်. သူတို့နှစ်ယောက်လုံးက သူငယ်ချင်းလဲဖြစ်ပုံမရဘူး. ဘာလို့ဆို ချူးဖေ့ဟန်က ကုနင်းနဲ့စကားပြောတိုင်း သိပ်မရင်းနှီးတဲ့အသုံးအနှုန်းနဲ့ပဲ ပြောတယ်.
ဘယ်လိုဖြစ်လို့ သူမ ကုနင်းဘက်ကနေ ရပ်တည်နေတာလဲ.
ချူးဖေ့ဟန်က ကုနင်းကို ကူညီပေးချင်လို့လား ဒါမှမဟုတ် သူ့ကိုပဲ မုန်းနေလို့များလား?
တကယ်သာ ချူးဖေ့ဟန်က သူ့ကိုမုန်းနေတာဆိုရင် ဘာကြောင့် အမှန်းခံနေရမှန်း သူစဉ်းစားလို့ကိုမရပါဘူး.
တဖက်မှာတော့, ကုရှောင်ရှောင်နဲ့ ချန်းကျီယောင်ဟာ ဒီမနက်ခင်းတုန်းက ဘာဖြစ်ခဲ့ကြမှန်းမသိပါဘူး. ဒါကြောင့် ချူးဖေ့ဟန် ဒီကိုရောက်လာရတာ ကုနင်းကို လှောင်ချင်လို့သက်သက်ပဲဖြစ်မယ်လို့ သူတို့နှစ်ယောက်ယုံကြည်နေကြတယ်.
ကုရှောင်ရှောင်နဲ့ ချန်းကျီယောင်ရဲ့ အမြင်မှာတော့ ကုနင်းဟာ အနိုင်ကျင့်ခံရပြီး သူမကိုယ်တိုင်ကိုက ဟာသတစ်ခုဖြစ်နေသလိုပါပဲ.
ချူးဖေ့ဟန်နဲ့ ကုနင်းတို့ သူငယ်ချင်းတွေဖြစ်မယ်လို့ သူတို့တစ်ခါမှ မတွေးဖူးကြပါဘူး. သူတို့ရဲ့အမြင်မှာတော့ ဒါဟာ ဘယ်လိုမှမဖြစ်နိုင်တဲ့ ကိစ္စပဲ.
ဘာကြောင့်လဲ?
ချူးဖေ့ဟန်သည် အာဏာကြီးမိသားစုက မိန်းကလေးတစ်ယောက်က ကုနင်းလိုဆင်းရဲတဲ့ မိသားစုက မိန်းကလေးနဲ့ သူငယ်ချင်းလုပ်လိမ့်မယ်လို့ သူတို့မယုံကြည်နိုင်ကြပါဘူး.
တကယ်တော့ သူတို့ ချူးဖေ့ဟန်ရဲ့နောက်ကြောင်းကို သေချာမသိကြဘဲ သူမက ကျောင်းအုပ်ကြီးရဲ့ ထောက်ခံမှုကို ရထားတာကိုပဲ သိကြတာပါ.
ကုရှောင်ရှောင်နဲ့ ချန်းကျီယောင်အပါအဝင် လူတိုင်းက ကုနင်းကို လှောင်ဖို့အတွက် ချူးဖေ့ဟန် ဒီနေရာကိုရောက်နေတာလို့ပဲ ထင်ကြတယ်. သံသယအကြည့်တွေနဲ့ ကြည့်နေတဲ့ ချင်ကျန်းကတော့ မပါဘူးပေါ့.
ယွီမီရှီလဲ စိတ်လှုပ်ရှားနေပေမယ့် ဘာမှတော့ ဝင်မပြောရဲပါဘူး.
"ငါသိတယ်. သူတို့က ငါလှလို့ မနာလိုဖြစ်နေကြတာ." ကုနင်းက သူမရဲ့ အလှကြောင့် ဝန်လေးနေရသလိုဖြင့် ရယ်စရာပြောလိုက်တယ်.
ကျန်းယီမင်က အကျယ်ကြီးထရယ်လိုက်ပြီး ကုနင်းကို စိတ်ပျက်သလို ကြည့်လိုက်ပြီး
"ကုနင်း, နင်တော်တော် ပြောရဲတယ်နော်? ငါနင့်ရဲ့အလှကိုတော့ မမြင်ပေမယ့် နင်ဆင်းရဲတာကတော့ ထင်ထင်ရှားရှားတယ်."
"သေချာပေါက် ဘယ်သူမှနင့်ကို မနာလိုမဖြစ်ဘူး, ဆင်းရဲတဲ့ကောင်မလေးရဲ့!"
ကုရှောင်ရှောင်နဲ့ ချန်းကျီယောင်တို့ကတော့ သဘောတူတယ်. သူတို့ ကုနင်းကို အနိုင်ကျင့်တယ်ဆိုတာ သူမက သူတို့ထက်ပိုလှနေတာကို ဘယ်လိုမှလက်မခံနိုင်တာကြောင့်ပါ.
ကုနင်းကို ကုရှောင်ရှောင်နဲ့ ချန်းကျီယောင်တို့ အနိုင်ကျင့်ရတဲ့ တကယ့် အကြောင်းမှန်ကို ဘယ်သူမှမသိပေမယ့် ကုနင်းသည် ကုရှောင်ရှောင်နဲ့ ချန်းကျီယောင်တို့ထက် လှတယ်ဆိုတာကိုတော့ အားလုံးလက်ခံကြပါတယ်.
ဒါကြောင့် ကုနင်းရဲ့အဖြေကို ဘယ်သူမှ သိပ်မကြိုက်ကြောင်းမပြကြပါဘူး.
ကုနင်းက ထပ်ပြီး အရူးဖြစ်မခံတော့ပါဘူး,
"ဒါဆို ဘာလို့ ငါ့ကိုတစ်ယောက်ထဲအေးဆေးပေးမနေကြတာလဲ? ငါသူတို့ကို တခါမှထိခိုက်အောင်မလုပ်ဖူးဘူးလို့ ထင်တယ်. ငါ့အလှကို သူတို့မနာလိုလို့မဟုတ်ရင် ဘာကြောင့်လဲ?"
ကုနင်း ဒီစကားကို ချစ်စရာကောင်းတဲ့ အမူအရာလေးနဲ့ပြောလိုက်တာပါ. ချင်ကျန်းအပါအဝင် လူတိုင်း တခနလောက် ဆွဲဆောင်ခံလိုက်ရတယ်.
ကုနင်းက တကယ်ကို လှပါတယ်. အရင် ထန်အိုက်နင်း သူမခန္ဓာကိုယ်ထဲ မဝင်စားခင်က သူမဟာ တိတ်ဆိတ်ပြီး တသီးတခြားနေတတ်တာကြောင့် သူမကလှပေမယ့် သူမရဲ့အလှကို ဘယ်သူကမှ သတိမထားမိကြဘူး.
အခုတော့ ကုနင်းက ယုံကြည်မှုအပြည့် အားအင်ပြည့်ဝနေတာကြောင့် သူမကို လျစ်လျူရှုထားဖို့ခက်သွားပါပြီ.
အခုဆို ကုရှောင်ရှောင်နဲ့ ချန်းကျီယောင်တို့ ကုနင်း သူတို့ထက်ပိုလှတာကြောင့် အနိုင်ကျင့်တာလို့ ကျောင်းသားတွေ ပိုပြီးပိုပြီးတော့ ယုံကြည်လာကြပါပြီ.
ခနအတွင်းမှာပဲ ကုနင်းက ထပ်ပြီး
"ပြီးတော့ ချန်းကျီယောင်က ငါဆင်းရဲတာကြောင့်လို့ ပြောလိုက်တယလေ. တကယ်တော့ ငါဆင်းရဲတာက ဘာလို့များ ငါအနိုင်ကျင့်ခံရဖို့အတွက် အကြောင်းပြချက်ဖြစ်လာရတာလဲ နားမလည်နိုင်ဘူး."
ကုနင်း ဒေါသကော အမုန်းကကော မပါပဲနဲ သူက အနိုင်ကျင့်ခံရသင့်တဲ့လူမဟုတ်ကြောင်းကို အေးအေးဆေးဆေးနဲ့ ဖြေးဖြေးချင်းပဲပြောလိုက်တယ်.
ဒါကိုကြားလိုက်တော့ ကုရှောင်ရှောင်နဲ့ ချန်းကျီယောင်တို့အပေါ် အားလုံးရဲ့အမြင်တွေ အရမ်းကို နိမ့်ကျသွားကြတယ်. တချို့ဆို ကုနင်းအတွက် ဒေါသထွက်ကာ မတရားခံရသလိုပါ ခံစားသွားကြရတယ်.
ကုနင်းပြောသွားတာတွေက အားလုံးကြားဖူး မြင်ဖူးကြသလို အမှန်တရားတွေပါပဲ.
တစ်ချက်တည်းနဲ့ကို ကုနင်းက ကျောင်းသားအများစုရဲ့ ထောက်ခံမှုကို ရသွားပါပြီ.
"သေချာတာပေါ့. ဆင်းရဲတာက အမှားလား? သူတို့က အနိုင်ကျင့်ကြတာပဲ!"
"ဘယ်သူမှ ရပ်နေပြီး အရိုက်ခံဖို့စောင့်နေမှာလဲ. အရူး!"
"သူက ကောင်မလေးရဲ့မိသားစုကိုတောင် အရှက်ခွဲလိုက်တာ. တော်တော်ဆိုးတဲ့သူပဲ!"
ရပ်ကြည့်နေတဲ့သူတွေက စတင်ပြီး ချန်းကျီယောင်ကို အပြစ်တင်လာကြတယ်.
"နင်..." ချန်းကျီယောင် ဘယ်လိုပြန်ပြောရမှန်းမသိတာကြောင့် ပိုပြီးဒေါသတွေ ထွက်လာရတယ်.
ကုရှောင်ရှောင်လဲ ဆွံ့အနေမိတယ်.
ချင်ကျန်း, ကျန်းယီမင်နဲ့ ဖူမင်လျန်တို့ကတော့ ဒီဇာတ်လမ်းကနေ ဝေးဝေးနေနေကြတယ်.
ချန်းကျီယောင် အားလုံးရဲ့ထောက်ခံမှုပျောက်ဆုံးသွားတာကို သူတို့သတိထားမိတာကြောင့် ဒီကိစ္စထဲ ဝင်မပါဖို့ ဆုံးဖြတ်လိုက်ကြတယ်.
ကောင်လေးတွေက သူတို့ရဲ့ကျော်ကြားနေမှုကို မပျက်စီးစေချင်ကြပါဘူး.
"ကုနင်း, နင့်ဘဝရဲ့ နောက်ဆုံးအချိန်မှာ ဘာလုပ်မလဲ? အခုဆို နင်ဆင်းရဲတာက တခြားသူတွေရဲ့အမြင်မှာ ပြဿနာတစ်ခုဖြစ်နေပြီ." ချူးဖေ့ဟန် သူမမျက်လုံးတွေကို လှည့်ကာ ကုနင်းကို မကြိုက်သလိုမျိုးကြည့်လိုက်တယ်.
"ကောင်းပြီလေ, ဒီကိစ္စကြောင့် ငါတစ်နေ့ကျရင် အရမ်းချမ်းသာလာစေရမယ်." ကုနင်းက ပြန်ဖြေလိုက်တယ်.
သူမမကြာခင် ဒါမှမဟုတ် နောက်ကျရင် ဖြစ်လာလိမ့်မယ်.
ကုရှောင်ရှောင် ရုတ်တရက်ပျက်ရယ်ပြုလိုက်ကာ
"ဟွန့်! အိပ်မက်ပဲမက်နေလိုက် ကုနင်း"
ကုနင်း ဘဝတစ်လျှောက်လုံးချမ်းသာလာလိမ့်မယ်လို့ သူမမယုံပါဘူး.
"ငါကတော့ ဒါဖြစ်နိုင်တယ်ထင်တယ်." ချူးဖေ့ဟန်က ချက်ချင်းပဲ ပြောလိုက်တယ်.
ချူးဖေ့ဟန်က ကုနင်းကို သမာန်မိန်းကလေးတစ်ယောက်လို့ မခံစားမိပါဘူး.
ချူးဖေ့ဟန်က ကုနင်းကို ကူညီနေတာကြောင့် ကုရှောင်ရှောင် အံ့ဩသွားတယ်. သူက ကုနင်းကို လှောင့်ဖို့အတွက် လာတာမဟုတ်ဘူးလား?
"ကုရှောင်ရှောင်, စောင့်ကြည့်နေလိုက်! ငါအခု ဆင်းရဲတယ်ဆိုပေမယ့် ဒါက တသက်လုံးဆင်းရဲနေမယ်လို့ ဆိုလိုတာမဟုတ်!" ကုနင်း စိတ်ဓာတ်ခိုင်မာစွာနဲ့ ယုံကြည်မှုအပြည့်ဖြင့် ပြန်ပြောလိုက်တယ်.
ကုရှောင်ရှောင်နဲ့ ချန်းကျီယောင်တို့ ပြန်မပြောနိုင်ခင်မှာပဲ ကုနင်းထပ်ပြောလိုက်ပြန်တယ်.
"ကုရှောင်ရှောင်နဲ့ ချန်းကျီယောင်, ငါနင်တို့နှစ်ယောက်လုံးကို အကြံပေးလိုက်မယ် အခုထဲက ငါနဲ့ဝေးနိုင်သမျှဝေးဝေးပြေးထားကြ မဟုတ်ရင် နင်တို့သေချာပေါက် နောင်တရလိမ့်မယ်." ကုနင်း အေးစက်စွာကြည့်လိုက်ပြီး သတိပေးလိုက်တယ်.
ကုရှောင်ရှောင်နဲ့ ချန်းကျီယောင်တို့ သူမစကားကို နားထောင်ထောင်မထောင်ထောင် သူမဂရုမစိုက်ပါဘူး. သူတို့ကို ပြန်လက်စားချေဖို့ သူ့စိတ်ကိုသူ သတိပေးလိုက်ရုံပါ.
ကုရှောင်ရှောင်နဲ့ ချန်းကျီယောင်တို့နှစ်ယောက်လုံး ကုနင်းရဲ့ သတိပေးစကားကြောင့် စိတ်မသက်မသာ ခံစားလိုက်ရကာ
"ကုနင်း, နင့်ကိုနင် ဘာထင်နေလဲ? နင်...."
ထိုအချိန်မှာပဲ ချင်ကျန်းက စကားစဖြတ်ပေးလိုက်တယ်. "တော်လောက်ပြီ!"
ကုရှောင်ရှောင်က သူချစ်သူဖြစ်တာကြောင့် သူမကို ကာကွယ်ပေးရမယ်.
...............P21End............
ဖီးနစ်သွေးစက်
အခန်း ၂၂ လူဆိုးမလေး
ချူးဖေ့ဟန်က ကုနင်းကို ကူဖို့ရောက်လာတယ်ဆိုတာ အခုတော့ ချင်ကျန်းသဘောပေါက်သွားပါပြီ. သူသာဝင်မပါရင် ဒီဇာတ်လမ်းက ဆုံးတော့မှာမဟုတ်ပါဘူး.
"ဒါပေမယ့်, ကုနင်းက ကျီယောင်ကို ရိုက်...." ကုရှောင်ရှောင်က လက်မလျှော့ချင်သေးပါဘူး.
ချင်ကျန်းပြန်မပြောနိုင်ခင်မှာပဲ ကုနင်းကအရင်
"အဲ့ဒါသူနဲ့ တန်တာပဲလေ. သူအနာဂါတ်မှာ ဒါမျိုးထပ်လုပ်မယ်ဆိုရင် ပါးရိုက်ရုံနဲ့ မလုံလောက်တော့ဘူး."
ပြီးတာနဲ့ ကုနင်း ချန်းကျီယောင်ကို အေးစက်စက်အကြည့်တချက်ပေးလိုက်တယ်. သူမကြောက်ရွံ့တုန်လှုပ်သွားတယ်. အခုတော့ ချန်းကျီယောင် တကယ်ပဲ ကုနင်းကို ကြောက်နေပါပြီ.
"ကုနင်း, နင်စောင့်ကြည့်နေလိုက်." ချန်းကျီယောင်ကြောက်နေပေမယ့် ဒီလိုပုံစံမျိုးနဲ့တော့ မလွတ်မြောက်ချင်ဘူး. သူမ အဆင်ပြေသလိုဟန်ဆောင်လိုက်ကာ ကုရှောင်ရှောင်နဲ့အတူ ထွက်သွားလိုက်တယ်.
ဒါမှမဟုတ်, ထွက်ပြေးသွားတယ်ပဲခေါ်မလား.
ချင်ကျန်းနဲ့ သူ့သူငယ်ချင်းတွေလဲ ကုနင်းကို တစ်ချက်သာကြည့်လိုက်ကြပြီးနောက် ထွက်သွားတော့တယ်.
သူတို့အားလုံး ကုနင်းအရင်လိုမဟုတ်ပဲ ပြောင်းလဲသွားတာကို တွေးနေမိကြတယ်.
ဒါကိုမြင်တော့ ကုနင်းနှာခေါင်းတစ်ချက်ရှုံလိုက်ကာ သူမခုံဘက်ကိုပြန်သွားလိုက်တယ်.
တခြားကျောင်းသားတွေလဲ လူစုခွဲလိုက်ကြတော့တယ်.
ဘယ်လိုပဲဖြစ်ဖြစ်, ကောင်မလေးတစ်ယောက်ကတော့ ထွက်သွားဖို့ရည်ရွယ်ချက်မရှိပါဘူး. သူမ ကုနင်းရဲ့ညာဘက်တွင် ဝင်ထိုင်လိုက်ကာ,
"ငါအခုအရမ်းဆာနေပြီ, ငါ့အတွက်စားစရာက ဘယ်ရောက်နေတာလဲ?"
ဒီကြင်နာမှုမရှိတဲ့အသံကတော့ ပုံမှန်အတိုင်းပါပဲ.
ကုနင်းကတော့ စိတ်ထဲကိုထည့်မနေပါဘူး.
ချူးဖေ့ဟန် ဝင်ထိုင်လိုက်တာကြောင့် ယွီမီရှီ စိတ်လှုပ်ရှားသွားတယ်.
စိတ်လဲရှုပ်နေတယ်. အစောကတင် ချူးဖေ့ဟန်က ကုနင်းကို ရန်စနေတာမဟုတ်ဘူးလား? အခုကျတော့ ဘာလို့ရင်းနှီးနေကျပုံပေါ်နေတာလဲ?
"နင်သူတို့ကို ဒီလိုမျိုးမလွှတ်ပေးလိုက်သင့်ဘူး. ငါသာနင့်နေရာမှာဆို, သူတို့အားလုံးကို ရိုက်ပစ်တယ်! နင်သူတို့ကို အရင်ဆုံးသင်ခန်းစာကောင်းကောင်းပေးထားမှ သူတို့အနားမကပ်ရဲမှာ" ချူးဖေ့ဟန် စောဒကတတ်လိုက်တယ်. အခုဖြစ်သွားတာနဲ့ပတ်သတ်ပြီး ကုနင်းရဲ့လုပ်ရပ်ကို သိပ်သဘောမတူချင်ပါဘူး.
ကုနင်းဘာမှမပြောနိုင်တော့ဘဲ သူမနှုတ်ခမ်းကိုသာ ကိုက်ထားလိုက်တော့တယ်. ချူးဖေ့ဟန်က တကယ်ကို တိုက်ခိုက်ရတာတော်တော်ကြိုက်တဲ့ လူဆိုးမလေးပဲ.
ဒါပေမယ့် ချူးဖေ့ဟန်ရဲ့ ပြောပုံတွေ လုပ်ပုံတွေကိုတော့ ကုနင်းသဘောကျပါတယ်. သူမကဆယ်ကျော်သက်လေးတစ်ယောက်မဟုတ်တော့တာကို သိပါတယ်. သူမရဲ့ဝိဉာဉ်က အသက်၂၅နှစ်ရှိပြီဖြစ်တဲ့ ရင့်ကျက်တဲ့ မိန်းမတစ်ယောက်ဖြစ်နေပါပြီ.
ကုနင်း တစ်စုံတစ်ယောက်ကို မလိုအပ်ပဲနဲ့ မရိုက်ချင်ပါဘူး.
သူမက သူရဲဘောကြောင်သူလဲမဟုတ်ပါဘူး.
"တကယ်လို့ ငါသူတို့ကို ရိုက်လိုက်မယ်ဆိုရင် သူတို့ရဲ့ကုသစရိတ်တွေကိုပေးနေရလိမ့်မယ်. ငါအဲ့လိုမလုပ်ချင်ဘူး" ကုနင်းပြန်ဖြေလိုက်တယ်.
အမ်...
ချူးဖေ့ဟန် ပထမတော့ဆွံ့အသွားပေမယ့် ကုနင်းက ဆင်းရဲတဲ့မိသားစုကဆိုတာ ပြန်သတိရသွားတယ်. သူမရုတ်တရက် ရှက်ကိုးရှက်ကန်းဖြစ်သွားတယ်.
ဒါပေမယ့်, ချူးဖေ့ဟန် နည်းနည်းစိတ်မသက်မသာခံစားလိုက်ရတယ်. ကုနင်းက သူမကို တခြားလူတွေရဲ့ကုသစရိတ်ကို ပေးရတာ ကြိုက်တဲ့လူလို့ပြောချင်နေတာလား? ချူးဖေ့ဟန်က သူမတစ်ယောက်ယောက်ကို ရိုက်ပြီးတိုင်း သူတို့အတွက် ဆေးကုသစရိတ်ကို အချိန်တိုင်းပေးနေရတာပါ.
သူမအဲ့အပေါ်မှာ တော်တော်များများသုံးခဲ့ရပေမယ့် အဲ့လူတွေကလဲ သူမကို စိတ်အနှောင့်အယှက်ပေးတဲ့သူမှပါ.
အခုချိန်မှာတော့, စားစရာတွေ စားပွဲပေါ်ရောက်ရှိလာပါပြီ. ချူးဖေ့ဟန် စကားစကိုဖြတ်လိုက်ကာ အစားအသောက်တွေကိုပဲ ပျော်ရွှင်စွာစားနေတော့တယ်.
အစားအသောက်တွေက သူတို့သုံးယောက်အတွက် လုံလုံလောက်လောက်ရှိပါတယ်.
တစ်ဖက်မှာတော့ ချင်ကျန်းနဲ့ သူ့သူငယ်ချင်းတွေဟာ ချန်းကျီယောင်ရဲ့ ဒဏ်ရာကြောင့် ဆေးပေးခန်းကို သွားလိုက်ရသဖြင့် စားဖို့အခွင့်အရေးမရှိလိုက်ပါဘူး.
စားပြီးသွားချိန်မှာတော့ နေ့လည်အတန်းစဖို့ စောနေပါသေးတယ်.
စီနီယာကျောင်းသားတွေကတော့ တက္ကသိုလ်ဝင်တန်းဖြေဆိုဖို့ ဖိအားတွေရှိနေတဲ့အတွက် စားပြီးတာနဲ့ သူတို့အခန်းဆီကို ပြန်ကုန်ပါတယ်.
ဘယ်လိုပဲဖြစ်ဖြစ် ကုနင်းအတွက်ကတော့ သူမအားလပ်ချိန်တွေကိုပါ စာလေ့လာပစ်ဖို့မလိုအပ်တာကြောင့် အတန်းထဲပြန်သွားဖို့ အစီစဉ်မရှိပါဘူး.
"နင် စာကြည့်ဖို့အတန်းထဲပြန်သွားချင်လား ဒါမှမဟုတ် ငါနဲ့နေဦးမလား?" ကုနင်းမေးလိုက်တယ်.
"မသွားဘူး, ငါစာမလုပ်ချင်ဘူး. ငါသာလွတ်လပ်နေရမယ်ဆို မတတ်လဲဘာမှမဖြစ်ဘူး" ချူးဖေ့ဟန်ကတော့ စာလုပ်ရမှာမကြိုက်မှန်း တော်တော်လေးကိုသိသာပါတယ်.
သူမအပြင်မှာထွက်ကစားဖို့တောင် အတန်းတွေပျက်နေတာလေ, သေချာပေါက် သူမရဲ့အားလပ်ချိန်မှာ စာလုပ်ပါ့မလား.
ချူးဖေ့ဟန် ဘယ်လောက်ပဲ စာလုပ်ရမှာ မုန်းနေနေ သူ့အဆင့်ကောင်းကောင်းရနေတုန်းပဲ.
ပြီးတော့ စာတွေကြီး အရမ်းဖိလုပ်နေတာတောင်မှ အဆင့်မကောင်းတဲ့ ကျောင်းသားတွေလဲ ရှိနေတုန်းပါပဲ.
တကယ်တော့ မင်းအမှတ်ကောင်းကောင်းရချင်ရင် စာတွေကို တစ်လုံးမကျန်မှတ်မိနေဖို့ထက် ဉာဏ်ကောင်းပြီး အတွေးအခေါ်ကောင်းကောင်းလေးရှိနေဖို့ပဲလိုပါတယ်.
ချူးဖေ့ဟန်က သူမရဲ့အသိပညာတွေကို အပြည့်အစုံအသုံးချတတ်တဲ့ တော်တဲ့မိန်းကလေးတစ်ယောက်ပါ.
ဒါ့အပြင် သူမစာကြည့်ချိန်နည်းနည်းလောက်ကိုပဲ သုံးပါတယ်. ဒါကတော့ ဉာဏ်ကောင်းတာတစ်မျိုးထဲနဲ့ မဖြစ်နိုင်တော့ပါဘူး.
"ငါနင်နဲ့အတူလိုက်မယ်!"
ယွီမီရှီက စာအရမ်းကြိုးစားပေမယ့်လဲ သူမမှာ နားချိန်တော့လိုအပ်ပါသေးတယ်.
ယွီမီရှီက အတန်းထဲက ထိပ်ဆုံး၁၀ယောက်ထဲမှာပါပါတယ်. သူမက တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ကောင်းကောင်းဖြေဆိုနိုင်ပြီး အကောင်းဆုံးတက္ကသိုလ်တစ်ခုမှာ တက်နိုင်ဖို့ မျှော်လင့်နေသူတစ်ယောက်ပါ.
ဘယ်အချိန်မှာ သက်သောင့်သက်သာနေသင့်ပြီး ဘယ်အချိန်မှာစာကြိုးစားသင့်လဲဆိုတာကို ယွီမီရှီ သိပါတယ်.
ဒါကြောင့် သူတို့သုံးယောက်လုံး သစ်တောငယ်လေးဘက်ကို ဉီးတည်လိုက်ကြတယ်.
ချူးဖေ့ဟန်ဆီကနေ ဘယ်လို အကြင်နာတရားမရှိမှုကိုမှ မရရှိမိတာတောင် ယွီမီရှီအတွက် သူမနဲ့အတူရှိနေရတာ သိပ်မလွယ်ကူသလို ခံစားနေစေရတယ်.
ယွီမီရှီရဲ့ ချူးဖေ့ဟန်အပေါ် ကြောက်ရွံ့နေမှုကို ကုနင်းခံစားမိပေမယ့် သူမဘာမှဝင်မပြောနေပါဘူး.
ယွီမီရှီကို ကိုယ်တိုင်ပဲ ဆုံးဖြတ်စေချင်တောပါ.
ထိုအချိန်မှာပဲ ချန်းကျီယောင်က ဆေးပေးခန်းမှာ ဆေးလိမ်းနေပေမယ့် သူမရဲ့မျက်နှာဟာ နီပြီးယောင်နေတုန်းဖြစ်တာကြောင့် ပြီးတာနဲ့ အိမ်ကိုပဲ ပြန်သွားလိုက်တော့တယ်.
မကြာခင်မှာပဲ အားလပ်ချိန်ကုန်သွားကာ မိန်းကလေး၃ယောက်လုံး သူတို့အတန်းအသီးသီးသို့ ပြန်သွားလိုက်တယ်.
ကုနင်း အတန်းထဲကို ဝင်သွားချိန်တိုင်း ရက်စက်တဲ့အကြည့်တွေကိုပဲ လက်ခံရရှိတတ်ပေမယ့် အခုတော့ နည်းနည်းပါးပါးပဲ တွေ့ရပါတော့တယ်.
သူမရဲ့အတန်းဖော် အတော်များများက မနက်တုန်းပ ရှောင်ဖေးဖေးကို ကုနင်းဘယ်လိုလုပ်ခဲ့တယ်ဆိုတာကိုလဲ မြင်ထားကြသလို ကန်တင်းက ဇာတ်လမ်းကိုလဲကြားထားကြတယ်. ဒါကြောင့် အခုကုနင်းဟာ အရင်လိုမဟုတ်ဘဲ အနည်းငယ်ပြောင်းလဲ သွားပြီဖြစ်ကြောင်း သူတို့သိနေကြပြီ.
ကုနင်းက သက်သက်မဲ့ သူမဒုက္ခကို သူမရှာနေတာပဲလို့ ထင်နေတဲ့သူအချို့လဲ ရှိနေကြပါသေးတယ်.
ကုနင်းကတော့ ဘာကိုမှဂရုမစိုက်ချင်ပါဘူး. သူမကအေးအေးဆေးဆေးနဲ့ သူမဘာသာတစ်ယောက်ထဲနေချင်ရုံပါ.
သူမလမ်းကို လာရှုပ်နေတဲ့လူကိုပဲ ပြန်တိုက်ခိုက်မှာပါ.
ရှောင်ဖေးဖေးနဲ့ သူမသူငယ်ချင်းတွေကတော့ ကုနင်းရဲ့အကြည့်အောက်ကနေ လွတ်မြောက်သွားပါပြီ.
နေ့လည်ခင်းအတန်းချိန်တွေကလဲ ခနလေးအတွင်းမှာပဲ ပြီးဆုံးသွားခဲ့ပါတယ်. ကုနင်းက ပုံမှန်အတိုင်းပဲ ယွီမီရှီနဲ့ စားဖို့ထွက်သွားလိုက်တယ်.
သူတို့ ဒီတစ်ခေါက်တော့ ချင်ကျန်းကိုမတွေ့ပေမယ့် သူ့အစား မုခယ်ကိုတွေ့လိုက်ရတယ်.
ကုနင်းကို မုခယ်မြင်လိုက်တယ်ဆိုရင်ပဲ သူ့မျက်လုံးတွေ တဖျက်ဖျက်လင်းလက်သွားကာ ကုနင်းထံ ပြေးသွားတော့တယ်.
"ကုနင်း, တိုက်ဆိုင်လိုက်တာ! ငါနင်စားဖို့သွားဝယ်ပေးမယ်." မုခယ်က ပြောလိုက်တယ်.
"ဘာလို့လဲ?" ကုနင်းက ပြန်မေးလိုက်တယ်. သူမနဲ့ မုခယ်က မရင်းနှီးဘူးမဟုတ်လား?
မုခယ်ဒီလောက်ယဉ်ကျေးနေတာကိုမြင်တော့ သူမကို တစ်ခုခုပြောစရာရှိနေမှန်း ကုနင်းသိလိုက်တယ်.
မုခယ် ရှက်ရှက်နှင့် သူ့ခေါင်းကို ကုတ်နေရင်း တဲ့တိုးပဲ ပြန်ဖြေလိုက်တော့တယ်.
"ကောင်းပြီလေ, မနေ့က နင်လမ်းပေါ်မှာ တိုက်ခိုက်နေတာကို ငါတွေ့ခဲ့တယ်မလား အဲ့ဒါကြောင့် နင်ငါ့ကို သင်ပေးနိုင်မလား?"
ပုံမှန်ဆိုရင် မုခယ်က တိုက်ခိုက်ရတာကို မကြိုက်ပေမယ့် တိုက်ခိုက်တာတွေကို ကြည့်ရတာကိုတော့ သဘောကျတယ်.
...............P22End............
ဖီးနစ်သွေးစက်
အခန်း ၂၃ နာကျင်မှုဝေဒနာ
ယွီမီရှီကတော့ သူတို့နှစ်ယောက် ဘာတွေပြောနေကြလဲဆိုတာကို နားမလည်တာကြောင့် စိတ်ရှုပ်ထွေးနေတယ်.
"ငါမနေ့တုန်းက အကွက်တွေ သိပ်အများကြီးမပြခဲ့ပါဘူး. ငါကွန်ဖူးအကြောင်း ဘာမှမသိပဲနဲ့ ဟန်ဆောင်နေတာဖြစ်မှာကို နင်မကြောက်ဘူးလား?" ကုနင်း မုခယ်ရဲ့မေးခွန်းကို မဖြေပဲနဲ့ သူမကတစ်ဖန် မေးခွန်းပြန်ထုတ်လိုက်တယ်.
"တကယ်လို့ ငါမှားသွားတယ်ဆိုရင်တောင်မှ ကွန်ဖူးမှာ နင်ငါ့ထက်ပိုတော်တယ်ဆိုတာတော့ ငြင်းလို့မရဘူး" မုခယ် ကုနင်းကို လေးစားစွာနဲ့ကြည့်ရင်း ပြောလိုက်တယ်.
ကုနင်သာ သာမာန်မိန်းကလေးတစ်ယောက်ပဲဆို ယောက်ျားကြီးသုံးယောက်ကိုတောင် လွယ်လွယ်လေးအလဲထိုးနိုင်ပါ့မလား?
သူမက သေချာပေါက် ကွန်ဖူးဆရာတစ်ယောက်ပဲဖြစ်ရမယ်.
ကုနင်းက သူ့ရဲ့တောင်းဆိုချက်ကို ငြင်းလိုက်မှာ စိုးရိမ်တာကြောင့် မုခယ်က ထပ်ပြီး
"ကျေးဇူးပြုပြီး လက်ခံပေးပါနော်. ငါနင့်ရဲ့စာသင်ချိန်တွေကိုလဲ မနှောင့်ယှက်ပါဘူး. နင်အားတဲ့ အချိန်မှသာ သင်ပေးပါ. ပြီးတော့ သင်တန်းကြေးဖြစ်ဖြစ် တခြားနင်လိုချင်တာဖြစ်ဖြစ် ငါရောက်အောင်လုပ်ပေးပါ့မယ်. ဘာပဲဖြစ်ဖြစ်နော်."
မုခယ်က အလေးစားဆုံး ပုံစံနဲ့ သူ့ရဲ့ စိတ်ဓာတ်ခိုင်မာမှု အလုံးစုံကို ပြသနေတယ်.
တကယ်တော့ မုခယ်က တမင်ဒီအချက်ကို သိသာအောင်လုပ်နေတာပါ.
ကုနင်းအစတုန်းက တုံ့ဆိုင်းနေပေမယ့် အခုတော့ သူ့စိတ်ကို လှုပ်ခတ်သွားစေပါပြီ.
သူမ အန်ချင်းကို ရုတ်တရက်တွေးမိသွားတယ်.
ကုနင်းမှာ သူငယ်ချင်းများများစားစားလဲမရှိသလို မုခယ်ကလဲ အာဏာရှိတဲ့မိသားစုတစ်ခုကပါ. ဒါကြောင့် တစ်နေ့မှာ သူရဲ့အကူညီကို လိုလာနိုင်ပါတယ်.
ဒါကြောင့် ဒီကိစ္စကို သူမကောင်းဖို့အတွက် လုပ်ဖို့ဆုံးဖြတ်လိုက်တယ်. ဒါပေမယ့် ဒါတွေအားလုံးက မုခယ်ဟာ လူကောင်းတစ်ယောက်ဖြစ်တာကြောင့်ရယ် သူမကလဲ သူနဲ့သူငယ်ချင်းကောင်း ဖြစ်ချင်တာကြောင့်ရယ်လဲ ပါ,ပါတယ်.
ဒါနဲ့ပဲ ကုနင်းပြန်ဖြေလိုက်တယ်.
"နင်သဘောကျတယ်ဆို ငါသင်ပေးနိုင်ပါတယ်, ဒါပေမယ့် နင် ငါ့အလုပ်သင်လဲဖြစ်ဖို့မလိုသလို ပိုက်ဆံလဲပေးစရာမလိုပါဘူး. နင့်ရဲ့အကူအညီနဲ့ ထောက်ခံမှုက ငါလိုချင်တာအကုန်ပဲ.
"တ..တကယ်လား?" ကုနင်းသဘောတူပေးလိုက်တာကြောင့် မုခယ် အရမ်းစိတ်လှုပ်ရှားသွားတယ်.
မုခယ် သူ့ရဲ့ပျော်ရွှင်မှုကို ပြသရန် ဒီစကားတစ်ခွန်းတည်းကိုပဲ အကြိမ်ပေါင်းများစွာပြောနေတယ်. ကုနင်းသာ ဒီနေရာမှမရှိနေရင် သူ ခုန်ဆွခုန်ဆွတောင်လုပ်နေလောက်တယ်.
ထို့နောက် မုခယ်ထပ်ပြီး ကုနင်းကို သူနဲ့အတူစားဖို့ ခေါ်လိုက်တာကြောင့် ကုနင်းလဲ လက်ခံလိုက်တော့တယ်. ဒါနဲ့ သူမလဲ ယွီမီရှီနဲ့အတူ မုခယ်နောက်ကိုလိုက်ကာ ဒုတိယထပ်ရှိ ကန်တင်းရှိရာကို သွားလိုက်တော့တယ်.
သူတို့နှစ်ယောက် ဆွေးနွေးနေကြတာနဲ့ ပတ်သတ်ပြီး ယွီမီရှီအရမ်းကို သိချင်နေပေမယ့် ဘယ်လိုမေးရမှန်းမသိဖြစ်နေတယ်.
ကုနင်းက မုခယ်ကို သူမရဲ့လက်ထောက်လုပ်စရာမလိုဘူးပြောထားပေမယ့် သူတို့နှစ်ယောက်ကြား ဆက်ဆံရေးပိုပြီး ရင်းနှီးလာအောင် မုခယ်က သူမကို ဘော့စ်လို့ခေါ်လိုက်တယ်.
သူမပထမတော့ တွန့်ဆုတ်သွားတယ်. သူမကို ဘော့စ်လို့မခေါ်ချင်စေချင်ပါဘူး.
မုခယ်သူမကို ဆရာပဲခေါ်ခေါ် ဘော့စ်လို့ပဲခေါ်ခေါ် နှစ်မျိုးလုံးက သိပ်တော့မထူးခြားပေမယ့် ဆရာထက်စာရင်တော့ ဘော့စ်လို့ခေါ်တာက ပိုပြီး လက်ခံချင်စရာကောင်းပါတယ်.
စားသောက်နေကြစဉ်အတွင်း မုခယ် တချိန်လုံး ကုနင်းကို ဘော့စ်လို့ချည်းခေါ်နေတယ်. သူတို့ဘေးနားက ကျောင်းသားတွေရဲ့ အာရုံစိုက်မှုကို မြင့်တက်နေစေတာတောင်မှ မုခယ်ကတော့ ဂရုစိုက်မနေဘဲ သူမကိုသာ သွက်လက်စွာနဲ့ လုပ်ကိုင်ပေးနေတယ်.
နောက်ဆုံးကုနင်း ရှက်လာတာကြောင့် သူ့ကို အတင်းရပ်ခိုင်းလိုက်ရတယ်.
တကယ်လို့ ယွီမီရှီသာ သူတို့နှစ်ယောက်ဆွေးနွေးနေခဲ့တဲ့အကြောင်းကို မသိခဲ့ဘူးဆိုရင် မုခယ်က ကုနင်းကို လိုက်နေတာကြောင့် လိုက်ပိုးပန်းနေတယ်လို့ ထင်မိမှာအသေချာပဲ.
ဒါပေမယ့် မနက်တုန်းက ကုနင်းနဲ့ ရှောင်ဖေးဖေးကြားဖြစ်ခဲ့တာကို ပြန်တွေးမိကြည့်တော့ ကုနင်းက တကယ်ပဲ အားကောင်းတယ်ဆိုတာ ယုံကြည်သွားတယ်.
ထိုအချက်တွေကြောင့် ကုနင်းကို ယွီမီရှီပိုပြီးတောင် လေးစားသွားတယ်.
"ကုနင်း, ငါ့ကိုလဲ သင်ပေးလို့ရမလား?" ယွီမီရှီတောင်းဆိုကြည့်လိုက်တယ်.
"ရတာပေါ့" ကုနင်း အစထဲက ယွီမီရှီကို သိုင်းသင်စေချင်ပြီး ကိုယ့်ကိုကိုယ်ကာကွယ်နိုင်ဖို့ မျှော်လင့်ထားသူဖြစ်တာကြောင့် အလျင်အမြန်ပဲ သဘောတူလိုက်တယ်.
ဒါပေမယ့်အားလုံးက သူမအပေါ်မှာပဲ မူတည်ပါတယ်. ဒါကို သင်ဖို့အတွက် ယွီမီရှီကို အတင်းမတိုက်တွန်းပါဘူး.
ယွီမီရှီသာ တခနတာအတွက် လုပ်ချင်စိတ်ပြင်းပျနေတာဆိုရင် ကုနင်းသူမကို သင်ပေးမှာမဟုတ်ပါဘူး. ဒါပေမယ့် ယွီမီရှီက သေချာဆုံးဖြတ်ချက်ချထားတာဆိုရင်တော့ သူမကို ကျွမ်းကျင်တဲ့ အတိုက်အခိုက်သမားတစ်ယောက်ဖြစ်သည်အထိ သေချာလေ့ကျင့်ပေးဖို့ ကုနင်းဘက်က အဆင်သင့်ပါဘဲ.
စားပြီးသွားတာနဲ့ သူတို့သုံးယောက်လုံး သစ်တောငယ်လေးဘက်ဆီကို ဦးတည်လိုက်တယ်. ထိုနေရာမှာ လူအချို့ရှိနေကာ သူတို့ကို အနှောက်အယှက်ပေးမယ့်သူတော့ မရှိပါဘူး.
ကုနင်းသူတို့ကို သင်ပေးမယ်လို့ ကတိပေးပြီးမှတော့ သူမရဲ့ခွန်အားအစစ်အမှန်ကို ထုတ်ပြရမှာပေါ့. သူမက တကယ်ကို သိုင်းပညာမှာဆရာတစ်ယောက်ဖြစ်တ်ဆိုတာ ယုံကြည်သွားအောင်လုပ်မှာပါ.
ဒါကြောင့် ကုနင်း တွန့်ဆုတ်မနေတော့ဘဲ မုခယ်ကို တစ်ချက်တည်းနဲ့ အလဲရိုက်ချလိုက်တယ်.
မုခယ်တစ်ယောက် နာလို့မဟုတ်ဘဲ အံ့ဩလွန်းလို့ ကြောင်အသွားတယ်.
ကုနင်း, သူမခန္ဓာကိုယ်ကအခု အခြေနေအရမ်းမကောင်းသေးတာကြောင့် သိပ်မတုန်လှုပ်သွားပါဘူး. သူမခွန်အားမှာ အကန့်အသတ်ရှိပါတယ်. မုခယ်နာသွားမှာ မှန်ပေမယ့် အန္တရာယ်တော့မရှိပါဘူး.
တိုက်ခိုက်သူတစ်ယောက်သည် နာကျင်မှုတွေကနေပြီး လေ့ကျင့်သင်ကြားရင်း ကြီးပြင်းလာရမယ်.
ဘေးမှာရပ်နေတဲ့ ယွီမီရှီကတော့ အံ့ဩလွန်းလို့ ပါးစပ်အဟောင်းသားဖြစ်သွားကာ ကုနင်းကို အခုဆို ပိုပြီးတော့တောင့် လေးစားသွားတော့တယ်.
အံ့ဩစရာပဲ. တကယ့်ကို အံ့ဩစရာကောင်းတယ်.
"အခုချက်ချင်း မတ်တပ်ပြန်ရပ်" အခုချိန်ထိ မြေပေါ်လဲနေသော မုခယ်အား ကုနင်းအပြစ်တင်လိုက်တယ်.
ကုနင်း သူတို့ကို သင်ပေးမယ်လို့ ဆုံးဖြတ်ပြီးကတည်းက သေချာပေါက် စည်းကမ်းကြီးတဲ့ ဆရာမတစ်ယောက်အဖြစ်နေမှာပါ.
ထူးချွန်တဲ့ကျောင်းသားတွေဆိုတာ စည်းကမ်းကြီးတဲ့ဆရာတွေရဲ့ သင်ကြားပေးခံခဲ့ရတာကြီးပဲ.
ကုနင်းရဲ့ တန်ဖိုးဖြတ်မှုကတော့ အရည်အချင်းနဲ့ အချိန်တိုတိုအတွင်း အကောင်းဆုံးတတ်မြောက်မှုကို အဓိကထားပါတယ်. ဒါကြောင့် သူတို့ကို အချိန်ဖြုန်းနေခွင့်မပြုပါဘူး.
မုခယ် ချက်ချင်းမတ်တပ်ထရပ်လိုက်ကာ သူ့ရဲ့လေ့ကျင့်မှုကို အာရုံစိုက်လိုက်တယ်.
ကုနင်း မုခယ်ကို မြန်မြန်ဆန်ဆန်နဲ့ နားလည် ကျွမ်းကျင်သွားစေဖို့ ရည်ရွယ်ထားတာကြောင့် သူမအားကုန်ထုတ်သုံးကာ တိုက်ခိုက်တော့တယ်.
သေချာပေါက် ဒါက သူမ မုခယ်ကို ကိုယ်ထိလက်ရောက် အနိုင်ကျင့်တာမဟုတ်ရပါဘူး. သူမ မုခယ်ရဲ့စွမ်းရည်နဲ့လိုက်ပြီးပဲ အလိုက်သင့်လှုပ်ရှားတာပါ. ကုနင်းက မုခယ်ကို လေ့ကျင့်နေစဉ်အတွင်း နာကျင်မှုကော ကျွမ်းကျင်မှု အတွေ့အကြုံတွေပါ တစ်ခါတည်းရရှိသွားစေချင်တာပါ.
တခနကြာပြီးနောက်မှာတော့ မုခယ်တစ်ကိုယ်လုံး နာကျင်မှုနေရပြီ.
သူဒီလောက် နာနေတာတောင်မှ ရပ်လိုက်ဖို့ကော အရှုံးပေးဖို့ပါ မလုပ်ပါဘူး. သူ့ရဲ့စိန်ခေါ်မှုကို သတ္တိရှိရှိနဲ့ ရင်ဆိုင်နေတယ်.
ယွီမီရှီကတော့ လေ့ကျင့်မှုကို စိတ်ပါဝင်စားစွာ ကြည့်နေတယ်. မုခယ်နာလို့ အော်လိုက်တဲ့အချိန်တိုင်း သူမကိုယ်တိုင်အရိုက်ခံနေရတဲ့လူလိုမျိုး တုန်တက်သွားရတယ်.
ဒီသစ်တောထဲမှာ လူနည်းနည်းလေးပဲရှိနေတာတောင်မှ မုခယ်ရဲ့အော်သံက ကျောင်းသားအများအပြားရဲ့ အာရုံကို ဆွဲဆောင်နေခဲ့တယ်.
ကောင်လေးတစ်ယောက်ဖြစ်ပြီး မိန်းကလေးရဲ့အရိုက်ခံနေရတာကို မြင်တော့ အားလုံးအလွန်အံ့အားသင့်နေကြကာ တစ်ချို့ကောင်လေးတွေဆို အော်တောင်အော်နေကြတယ်.
"WTF! ဒီကောင်မလေးတော်တော်သန်တာပဲ! ကောင်လေးက နည်းနည်းမှတောင် ပြန်မတိုက်နိုင်ဘူးဟ!"
...............P23End............
ဖီးနစ်သွေးစက်
အခန်း ၂၄ လူမိုက်တွေ ဝိုင်းတာခံရခြင်း
"သေချာတာပေါ့, သူတို့ကို ဗီဒီယိုရိုပြီး ကျောင်းဖိုရမ်ပေါ်တင်ရမယ်. ဟဟဟ"
ကောင်လေးတစ်ယောက်က သူ့ဖုန်းကိုထုတ်ကာ ဗီဒီယိုစရိုက်ဖို့ ပြင်နေတယ်.
ဒါပေမယ့် သူစရိုက်လိုက်ရသေးခင်မှာပဲ ကုနင်းနဲ့ မုခယ်တို့ရပ်သွားကြသည်.
"ဘာလို့ရပ်လိုက်တာလဲ? ဆက်လုပ်လေ! ငါအခုမှစရိုက်တော့မလို့ကို." ကောင်လေးက စိတ်စောစွာနဲ့ အသံမြှင့်ပြီးအော်ပြောလိုက်တယ်.
ကုနင်းထိုကောင်လေးကို အေးစက်စွာကြည့်ရင်း အနားသို့လျှောက်သွားကာ "နင်ကိုယ်တိုင် ငါနဲ့လာတိုက်ကြည့်ပါလား?"
တကယ်လို့ ထိုကောင်လေးသာ ဗီဒီယိုရိုက်ပြီး ကျောင်းဖိုရမ်ပေါ်တင်လိုက်မယ်ဆိုရင် တစ်ကျောင်းလုံး သိသွားကြလိမ့်မယ်. ကုနင်း ပြဿနာမတက်ချင်ပါဘူး.
ကောင်လေးလဲ ကြောက်လန့်သွားကာ ချက်ချင်းကို ငြင်းလိုက်တယ်.
"မလုပ်ဘူး. မတိုက်တော့ပါဘူး. ဒီလောက်အထိလုပ်ဖို့မလိုအပ်ဘူးထင်...."
ပြောနေရင်းနဲ့ပဲ မြေပြင်ပေါ်ကကောင်လေးလို သူ့ကိုလဲ ကုနင်းရိုက်လိုက်မှာကြောက်တာကြောင့် တဖြည်းဖြည်းနဲ့ အဝေးကိုဆုတ်သွားလိုက်တယ်.
ကုနင်းနဲ့ မုခယ်တို့တိုက်ခိုက်တာရပ်သွားတာနဲ့ ဘေးနားမှရပ်ကြည့်နေကြသူတွေလဲ ပြန်ပြီးလူစုခွဲသွားလိုက်ကြတယ်.
"ဟေ့,ဘော့စ်, မင်းကငါထင်ထားတာထက်ကိုပိုပြီး ခွန်အားကြီးတာပဲ. ငါမှန်သွားပြီ" မုခယ် အရမ်းနာနေတာတောင်မှ ကုနင်းထံပြေးသွားဖို့ကြိုးစားနေတယ်. သူ့ပုံစံကြည့်ရတာ ကုနင်းက သိုင်းဆရာတစ်ယောက်ဆိုတာထက် သူကိုယ်တိုင်က သိုင်းဆရာတစ်ယောက်ဖြစ်နေသလိုမျိုးကို အရမ်းတွေစိတ်လှုပ်ရှားနေတယ်.
ကုနင်းပြန်ပြုံးပြလိုက်ပေမယ့် စိတ်ထဲမှာတော့ ဝမ်းနည်းသွားတယ်.
သာမာန်လူတွေနဲ့ယှဉ်ရင် သူမကို အတော်လေးတော်တယ်တဲ့အခြေနေဆိုပေမယ့် ကိုယ့်ကိုကိုယ်ပြန်နှိုင်းယှဉ်ကြည့်ရရင် သူမ အားနည်းနေတုန်းပဲဆိုတာ သိပါတယ်.
သူမအရင်ဘဝတုန်းက တော်ခဲ့သလိုမျိုး သူ့မကိုယ်သူမပြန်ဖြစ်အောင်လုပ်ရပါဦးမယ.
"နင် ဘယ်လိုနေသေးလဲ?" မုခယ်ကို စိုးရိမ်စွာနဲ့ ယွီမီရှီမေးလိုက်တယ်.
မုခယ် ကုနင်းရိုက်တာကို တော်တော်လေးခံလိုက်ရမှန်း သိပေမယ့် သူ့ရဲ့ မျက်နှာထားကြောင့် ကူညီပေးချင်တာတောင် သူမနိုင်ဘူး.
"သေချာပေါက်နာတာပေါ့. ဒါပေမယ့် ဒါသာမာန်လောက်ပါပဲ. နာကျင်မှုကနေ သင်ယူပြီး တိုးတက်လာလိမ့်မယ်." မုခယ် ပျော်ရွှင်စွာနဲ့ပဲ ပြန်ဖြေလိုက်တယ်.
ထိုအချိန်မှာပဲ ကုနင်းက ယွီမီရှီကို "မီရှီ, သိုင်းသင်တယ်ဆိုတာ မလွယ်ကူဘူး. နင်တကယ် ဆရာတစ်ယောက်အဆင့်ထိဖြစ်ချင်တယ်ဆိုရင် နာကျင်မှုတွေ ဒဏ်ရာတွေအတွက် ကြိုတင်ပြင်ဆင်ထားသင့်တယ်. ဒါ့အပြင် နင့်ရဲ့စိတ်ဓာတ်ခိုင်မာနေဖို့လဲလိုသေးတယ်.
နင် တိုက်ခိုက်သူတစ်ယောက်အဖြစ်လေ့ကျင့်ထားပြီရင် အနာဂါတ်မှာ နင့်ကိုယ်နင်ကာကွယ်နိုင်တယ်ဆိုပေမယ့် ဒါတွေအားလုံးက နင်တကယ်သင်ယူချင်စိတ်ရှိမရှိပေါ်မှာလဲ မူတည်တယ်."
ယွီမီရှီက ချမ်းသာတဲ့မိသားစုက မွေးလာတာမဟုတ်ပေ. သူမရဲ့မိသားစုအတွက် တတ်နိုင်သလောက်အလုပ်လုပ်ပြီး ထောက်ပံ့ပေးနေတဲ့ မိန်းကလေးတစ်ယောက်ဖြစ်တာကြောင့် နာကျင်မှုဆိုတာ အနည်းနဲ့အများတော့ သူမနဲ့ ကျွမ်းဝင်နေပါပြီ.
ကုနင်းက ဒီလိုပြောနေမှတော့ သူမတိုက်ခိုက်သူတစ်ယောက်ဖြစ်လာအောင် လေ့ကျင့်နိုင်ရင် အနာဂါတ်မှာ တကယ်အသုံးဝင်လို့ပဲ.
အထူးသဖြင့် မိန်းကလေးတစ်ယောက်အတွက် ကိုယ့်ကိုကိုယ် ဘယ်လိုကာကွယ်ရမလဲသိထားရင် တကယ့်ကို အကျိုးအများကြီးရှိပါတယ်.
ဒါကြောင့် ယွီမီရှီ လက်လျှော့ပါဘဲ စိတ်အားထက်သန်စွာနဲ့ လေ့ကျင့်မှုကို လက်ခံလိုက်တယ်.
ယွီမီရှီက သိုင်းအကြောင်းဘာတစ်ခုမှမသိထားတာကြောင့် အခြေခံကနေပြီး စသင်ပေးရမယ်.
ယွီမီရှီကို မနက်တိုင်း အိမ်ကနေကျောင်းကိုပြေးလာဖို့အတွကတော့ ကုနင်းမတောင်းဆိုချင်ပါဘူး. ဒါက အန္တရာယ်များတယ်လေ. ဒါကြောင့် သူမ ယွီမီရှီကို ကျောင်းစောစောလာခိုင်းပြီး ပြေးဖို့ပဲပြောလိုက်တော့တယ်.
အစပိုင်းမှာတော့ ကုနင်း ယွီမီရှီကို အရမ်းကြီး မတင်းကြပ်ချင်ပါဘူး. ယွီမီရှီရဲ့စွမ်းရည်ကိုလိုက်ပြီး လေ့ကျင့်ပေးဖို့ပဲ ခွင့်ပြုထားလိုက်တယ်.
...................
ကုခယ်က ကုနင်းကို ထမင်းအတူတူစားဖို့ပြောလိုက်တဲ့ သတင်းကို ချင်ကျန်းလဲ တစ်နည်းနည်းနဲ့ ကြားသွားခဲ့တယ်. ညနေခင်းအတန်းချိန်မှာတော့, ချင်ကျန်း မုခယ်ကိုမေးလိုက်တယ်.
"မင်းနဲ့ ကုနင်း ထမင်းအတူစားကြတယ်လို့ ငါကြားတယ်. ဘာဖြစ်လို့လဲ?"
တကယ့်တော့ မုခယ်ကို သူဘာလို့ ဒီကိစ္စမေးမိမှန်းမသိပါဘူး. ကုနင်းနဲ့သူ လမ်းခွဲလိုက်ပြီးမှတော့ ကုနင်းဘယ်သူနဲ့စားစား သူ့ကိစ္စမဟုတ်တော့ပေမယ့် သူ့ကိုယ်သူမထိန်းချုပ်ထားနိုင်ဘူး.
"ဘာမဖြစ်ပါဘူး, ဒီတိုင်းသူနဲ့လမ်းမှာဆုံလို့ အတူစားဖို့ပြောလိုက်တာပါ" မုခယ် ချင်ကျန်းကို အားလုံးမပြောပြလိုက်ပါဘူး.
ချင်ကျန်းအဖြေကို သိပ်မကျေနပ်ပေမယ့် ဘာမှလုပ်လို့လဲမရတာကြောင့် ကုခယ်ကို အပြစ်ရှာပြီး,
"မင်းကုနင်းနဲ့ ဘယ်ကတည်းက ဒီလောက်ရင်းနှီးသွားတာလဲ. ပြီးတော့ ငါ့ကိုထည့်မစဉ်းစားတော့ဘူးလား?"
ချင်ကျန်းရဲ့ အပြစ်တင်စကားကြောင့် မုခယ် ဒေါသထွက်သွားကာ
"ချင်ကျန်း, မင်းဘာဖြစ်နေတာလဲ? သူက မင်းချစ်သူမဟုတ်တော့ဘူးလေ. ငါက ဘာလို့ သူနဲ့အတူမစားနိုင်ရမှာလဲ?"
မုခယ်နဲ့ ချင်ကျန်းက အချိန်အကြာကြီး ပေါင်းလာကြပေမယ့် သိပ်မရင်းနှီးကြပါဘူး. ဒါကကြောင့် ချင်ကျန်းနဲ့ စကားများရမယ်ဆိုရင်တောင်မှ မုခယ်က အရေးမစိုက်ပါဘူး.
ပြီးတော့, ကုနင်းက အခုဆိုရင် မုခယ်၏နှလုံးသားထဲက အရေးကြီးနေရာတစ်ခုမှာ ရှိပြီလေ. ဒါကကြောင့် ဘာသံသယမှမဖြစ်ဘဲ ကုနင်းဘက်ကနေသာ ရပ်တည်မှာပါ.
"မင်း...." ချင်ကျန်းရူးတော့မလိုဖြစ်သွားရတယ်. ဒါပေမယ့် မကြာခင်မှာပဲ ဒါကသူကိစ္စမဟုတ်တော့တာကို ပြန်သတိရသွားတာကြောင့် ပါးစပ်ပိတ်ထားလိုက်ရတော့တယ်.
၉နာရီခွဲတော့ ညနေပိုင်းအတန်းချိန်ပြီးသွားခဲ့တယ်.
ချမ်းသာတဲ့ မိသားစုကကျောင်းသားတွေကိုတော့ သူတို့အိမ်မှ ကိုယ်ပိုင်ကားတွေနဲ့လာကြိုကြကာ ကျန်သူတွေကတော့ တက်စီ ဒါမှမဟုတ် ဘက်စ်ကားနဲ့ ပြန်ကြတယ်.
ကုနင်းကတော့ ဆန့်ကျင်ဘက်ပါပဲ. ဘာတက်စီ ဘာဘက်စ်ကားမှမစီးဘဲ ပြေးသွားလိုက်တယ်.
ကုနင်းနေတဲ့နယ်မြေက ပြန်လည်တည်ဆောက်ရေးကြောင့် မလုံခြုံပေမယ့် ကုနင်းကတော့ ဘာကိုမှမကြောက်ပါဘူး.
အိမ်ကို တစ်ယောက်ထဲလမ်းလျှောက်ပြန်တာ ဒါပထမဆုံးအကြိမ်လဲမဟုတ်သလို အရင်ကလဲ တစ်ခါမှ အန္တရာယ်မဖြစ်ဖူးပါဘူး.
ဒါပေမယ့် ဒီညကတော့ မတူပါဘူး.
အနက်ရောင်ဗန်ကားတစ်စီးက ကုနင်းရှေ့ကိုထိုးရပ်လာတယ်. ထိုထဲမှ လူငယ်ယောက်ျားသုံးယောက် ထွက်လာကာ ကုနင်းရှိရာသို့ တည့်တည့်ပဲ လျှောက်လာနေတယ်.
လူတိုင်းက သူတို့လက်မောင်းနားမှာ တက်တူးတွေထိုးထားကြကာ ကြည့်ရတာ လူမိုက်တွေနဲ့တူတယ်.
"မင်းက ကုနင်းဟုတ်တယ်မလား?" ထိုသုံးယောက်ထဲက ခေါင်းဆောင်ဖြစ်ဟန်တူသောသူက မေးလိုက်တယ်.
"ရှင်တို့ကို ဘယ်သူလွှတ်လိုက်တာလဲ?" ကုနင်းမလန့်သွားတဲ့အပြင် အေးအေးဆေးဆေးပဲ ပြန်မေးလိုက်တယ်.
ထိုလူတွေရဲ့နောက်ကွယ်က ဘယ်သူရှိမှန်း သူမသေချာမသိပေမယ့် ရှောင်ဖေးဖေး ဒါမှမဟုတ် ချန်းကျီယောင် တစ်ယောက်ယောက်ဖြစ်မှာတော့ သေချာတယ်.
"မင်းနဲ့ ရန်စရှိထားတဲ့သူကိုတောင်မသိဘူးလား?" နောက်ထပ်တစ်ယောက်က နှာခေါင်းရှုံကာမေးလိုက်တယ်.
"အရမ်းများလွန်းလို့ မမှတ်မိတော့ဘူး" ကုနင်း ပြောလိုက်တယ်.
အခုတော့ ကုနင်းတစ်ချိန်လုံး အေးဆေးဖြစ်နေတာကို ထိုလူသုံးယောက်လုံး သတိထားမိသွားတယ်. သူမက လုံးဝကို မကြောက်ဘူးပဲ.
သူတို့နည်းနည်းရှက်သွားကာ တစ်ချိန်ထဲမှာပဲ စူးစမ်းချင်စိတ်တွေပေါ်လာတယ်.
"ဟွန့်, သတ္တိရှိတဲ့ကောင်မလေးပဲ! အခုမှပဲ မင်းရှောင်မိသားစုရဲ့သမီးကို ဘာလို့ရန်စရဲလဲဆိုတာ သိသွားပြီ." ဒီအချိန်မှာတော့ လူမိုက်က သူတို့နောက်ကလူ ဘယ်သူဆိုတာကို ထုတ်ပြောပြလိုက်တယ်.
ရှောင်ဖေးဖေးပဲ. ကုနင်းကတော့ မအံ့ဩသွားပါဘူး.
"အဲ့တော့ ဘာဖြစ်လဲ?" ကုနင်း အရေးမစိုက်ဟန်နဲ့ပဲမေးလိုက်တယ်.
"သူက မင်းကိုဖျက်စီးပြီး အဲ့ဗီဒီယိုကို အင်တာနက်ပေါ်တင်ချင်နေတာ." ထိုလူမိုက်က ကုနင်းကို အားလုံးပြောပြလိုက်တယ်. ကုနင်းသိသွားသည်ဖြစ်စေ မသိသည်ဖြစ်စေ သူဂရုမစိုက်ပါဘူး.. ဘာလို့ဆို ဒီကိစ္စကို ဘာပဲဖြစ်ဖြစ် သူတို့လုပ်ရမှာပဲလေ.
...............P24End............
ဖီးနစ်သွေးစက်
အခန်း ၂၅ သာမာန်မဟုတ်တဲ့လူ
ဒီလူမိုက်တွေတောင်မှ ဒီကျောင်းသူလေးက သူတို့အရင်တွေဖူးတဲ့သူတွေနဲ့မတူပဲ လှတယ်ဆိုတာ သတိထားမိကြတယ်.
သူတို့အရင်တန်းကလဲ ကျောင်းသူလေးတွေတော်တော်များများနဲ့ ကစားခဲ့ဖူးပေမယ့် ဘယ်သူမှ သူမလောက်မလှဘူး.
တဖက်မှာတော့ ကုနင်းအခုဆို အရမ်းကို ဒေါသထွက်နေပါပြီ.
သူမကို ဖျက်စီးပြီး ဗီဒီယိုရိုက်ထားမယ်? ရှောင်ဖေးဖေး သူမစည်းကို တကြိမ်ထပ်ပြီး ကျော်လိုက်ပြန်တာပဲ.
"အိပ်မက်ပဲမက်နေလို, အရူးတွေ!" ကုနင်း သူမရှေ့က လူမိုက်ခေါင်းဆောင်ရဲ့ အဓိက*နေရာတည့်တည့်ကို ကန်ချလိုက်တယ်.
ဒီလောက်လျင်မြန်စွာနဲ့ ကုနင်းက သူတို့ကိုအရင်တိုက်လာလိမ့်မယ်လို့ ထိုလူမထင်ထားမိဘူး. သူမရှောင်လိုက်နိုင်ခင်မှာပဲ ကွက်တိအကန်ခံလိုက်ရပါတယ်.
တိမ်တူတူညချမ်းမှာ ထိုလူရဲ့အော်သံသည် ကြောက်မက်ဖွယ်ကောင်းစွာနဲ့ ပဲ့တင်ထပ်သွားသည်.
ထိုလူနာကျင်လွန်း မြေပြင်ပေါ် ဒူးနှစ်ဖက်လုံးညွတ်ကာကျသွားပြီး လက်နှစ်ဖက်လုံးဖြင့် သူ့ရဲ့အဓိက*နေရာကို အုပ်ထားလိုက်တယ်. သူ့နဖူးပေါ်မှာလဲ ပုတီးစေ့လောက်ရှိတဲ့ ချွေးစက်များ တွဲခိုနေတယ်.
ကျန်တဲ့လူနှစ်ယောက်လဲ ကြောက်လန့်သွားကြကာ ထွက်တောင်ပြေးချင်သွားကြတယ်. နာရီစုတ်တစ်လုံးတောင် တစ်နေ့ နှစ်ခေါက်တော့ မှန်တတ်တာပဲလို့ တွေးပြီး သူတို့ကိုသူတို့ ပြန်ဖြေသိမ့်လိုက်တယ်. ကုနင်းက သာမာန် ဆယ်ကျော်သက် မိန်းကလေးတစ်ယောက်ပဲကို...
ထို့နောက် သူတို့နှစ်လုံး ကုနင်းကို လက်သီးနဲ့ထိုးဖို့အတွက် ကြိုးစားလိုက်ကြတယ်.
ကုနင်း ပထမယောက်ျားရဲ့မျက်နှာသို့ သူမလွယ်အိတ်ကို အားပြင်းပြင်းဖြင့် ပစ်လိုက်တာကြောင့် ထိုလူကိုထိကာ သူ့နောက်က ဗန်ကားနဲ့ဆောင့်မိသွားတယ်.
စက္ကန့်ပိုင်းလေးအတွင်းမှာပဲ ကုနင်း ခြေတစ်ဖက်ကို မြှောက်လိုက်ပြီး နောက်ကျန်နေတဲ့လူရဲ့ခေါင်းကို ကန်ချလိုက်တယ်. ဒါပေမယ့် ထိုလူက သူမထက်အရပ်မြင့်လွန်းတာကြောင့် ရင်ဘက်ကိုပဲ ကန်မိကာ သူမတောင် လဲကျမလိုဖြစ်သွားရတယ်.
ဒါကကြောင့် ကုနင်း သူမလွယ်အိတ်ကို တစ်ခါပြန်ကိုင်ကာ ထိုလူရဲ့ခေါင်းကို ပစ်လိုက်ပြန်တယ်. ဒီတစ်ခါတော့ ထိုဒုတိယလူကိုထိမိသွားပြီး မြေပြင်ပေါ်လဲကျသွားတော့တယ်.
ထိုအချိန်မှာပဲ ပထမလူက ဗန်ကားထဲက သံတုတ်ကို ထုတ်ယူလာကာ ကုနင်းထံပြေးသွားလိုက်တယ်. ကုနင်းတစ်ချက်လောက်နောက်ဆုတ်လိုက်ရတယ်.
သူမပြန်မတိုက်လိုက်နိုင်ခင်မှာပဲ ထောင့်နားမှ အရိပ်တစ်ခု ခုန်ထွက်လာခဲ့တယ်. သူက တုန့်ဆိုင်းမှုနည်းနည်းလေးတောင်မရှိဘဲ လူမိုက်သုံးယောက်ရဲ့ လည်တိုင်ကို အနောက်ကနေ ဖြတ်ရိုက်ချလိုက်တယ်. ထိုလူမိုက်သုံးယောက်လုံး ချက်ချင်းပဲ သတိလစ်ကာ လဲကျသွားတော့တယ်.
ဒါတွေအားလုံး အချိန်ခဏလေးအတွင်းမှာပဲ ဖြစ်ပျက်သွားခဲ့တာပါ.
ကုနင်း သေချာရှင်းရှင်းလင်းလင်းမြင်လိုက်ရပေမယ့် ထိုလူဘယ်လိုလုပ် ဒီလိုလုပ်လိုက်နိုင်တယ်ဆိုတာ စဉ်းစားလို့ကို မရဘူး.
ကုနင်း ထိုလူရဲ့မျက်နှာကို မမြင်လိုက်ရသေးခင်မှာပဲ စက်ဆုပ်စရာသွေးနံ့ကို ရလိုက်တာကြောင့် သူမသတိလက်လွတ် မျက်မှောင်ကြုတ်မိသွားတယ်.
ဒီလူ ဒဏ်ရာရနေတာပဲ.
ခနအတွင်းပဲ ကုနင်းရဲ့အကြည့်တွေ ထိုလူ့အပေါ်ကျရောက်သွားတယ်.
ထိုလူ ကုနင်းရဲ့မြင်ကွင်းထဲကို လျှောက်ဝင်လာချိန်မှာပဲ ထိုလူ့ရဲ့အသွင်အပြင်ကြောင့် ကုနင်းအလွန်အံ့ဩသွားတယ်.
ဒီလူက လွန်လွန်ကျူးကျူးကို ချောတာပဲ.
သူက ကုနင်းအခုချိန်ထိတွေ့ခဲ့သမျှလူတွေထဲမှာ အချောဆုံးပဲ.
ထိုလူက အနက်ရောင်ဝတ်စုံပြည့်ကို ဝတ်ထားကာ အရပ်က ၆ပေ၃လက်မလောက်ရှည်ပြီး အသက်၂၅နှစ်လောက်ရှိပုံပေါ်တယ်. သူ့ရဲ့ပုံသဏ္ဌာန်ဟာ လှပသေသပ်ပြီး အသားအရည်တစ်ခုထဲကသာ ဖြူဖျော့လျက်ရှိသည်.
သူ့ဒဏ်ရာကနေ သွေးအရမ်းထွက်ထားတာကြောင့် အခုလိုမျိုးဖြူဖျော့နေတာ ဖြစ်နိုင်တယ်.
ဒဏ်ရာရထားတာတောင်မှ ထိုလူ့ပုံစံသည် အန္တရာယ်ရှိပုံပေါ်နေသေးသည်. အထူးသဖြင့် သူ့ရဲ့နက်မှောင်နေတဲ့ မျက်ဝန်းတွေကပေါ့. ကုနင်းတောင်မှ လန့်သွားရတယ်.
ဒီလူက တော်တော် အင်အားကြီးတာပဲ!
ဒီလူက လုံးဝသာမာန်မဖြစ်နိုင်ဘူး.
"မင်းကားမောင်းတတ်လား?" ရုတ်တရက် ထိုလူက အေးစက်ပေမယ့် ယဉ်ကျေးတဲ့လေသံနဲ့ မေးလာတယ်.
"မောင်းတတ်တယ်." ကုနင်း ချက်ချင်းပဲ ပြန်ဖြေလိုက်တယ်.
"ငါ့ကို ဖန်ဟွားအဆင့်မြင့်အိမ်ရာ လိုက်ပို့ပေး. ဒါမင်းအတွက် ဆုလာဘ်ပဲ." ထိုလူပြောပြီးသွားတာနဲ့ ငုံးဥအရွယ်အစားလောက်ရှိတဲ့ ကျောက်စိမ်းတစ်ခုကို ထုတ်ယူပြီး ကုနင်းကို လှမ်းပေးလိုက်တယ်.
ကျောက်စိမ်းမှန်းမြင်လိုက်တာနဲ့, ကုနင်းချက်ချင်းပဲ သူမရဲ့ကျောက်စိမ်းမျက်ဝန်းကို ထုတ်သုံးလိုက်တယ်.
ထို့နောက် သူမထပ်ပြီးအံ့ဩသွားရပြန်တယ် ဘာလို့ဆို ထိုကျောက်စိမ်းရဲ့ပတ်လည်မှာ ထူထပ်နေတဲ့အဖြူရောင်မြူခိုးတွေ ရစ်ပတ်နေလို့ပဲ.
ကုနင်းကျောက်အကြောင်း အနည်းအကျဉ်းပဲသိပေမယ့် ဒီကျောက်ကတော့ သူ့ရဲ့စွမ်းအားနဲ့တင် တော်တော်လေး ဈေးကြီးမယ်မှန်း သူမပြောနိုင်တယ်.
အရမ်းချမ်းသာတဲ့လူပဲဖြစ်ရမယ်.
"ကောင်းပြီလေ, သဘောတူတယ်."
ကုနင်းအချိန်ဆွဲမနေဘဲ ချက်ချင်းသဘောတူလိုက်တယ်. ပြီးတာနဲ့ ထိုလူ ကျောက်စိမ်းရဲ့ဈေးနှုန်းကို မပြောရသေးခင်မှာပဲ ကုနင်း ထိုကျောက်ကို ဆွဲယူထားလိုက်တော့တယ်.
ကုနင်း နဲနဲလေးမှ မတုံ့ဆိုင်းပဲ ယူလိုက်တာကို မြင်တော့ ထိုလူလဲ အံ့အားသင့်သွားရတယ်. ဒီကျောက်စိမ်းကအစစ်ဆိုတာ သူမသိနေလို့လား?
သူမသာ ကျောက်စိမ်းကို တစ်ချက်ကြည့်ရုံနဲ့ အတုအစစ်ခွဲနိုင်တာဆိုရင် တကယ့်ကို ထူးခြားတဲ့မိန်းကလေးပဲဖြစ်ရမယ်.
ဘယ်လိုပဲဖြစ်ဖြစ် ထိုလူ ကုနင်းနဲ့ သဘောတူညီမှုလုပ်ခဲ့တယ်.
ဒါ့အပြင် ကျောက်စိမ်းကအစစ်ဖြစ်ပြီး ယွမ်ဆယ်သန်းမက အဖိုးတန်တယ်.
ဒီသဘောတူညီမှုက နှစ်ဖက်လုံးသဘောတူညီမှုအပေါ်မှာ မူတည်ထားတာပါ.
ဒီလူနဲ့ ကုနင်းသဘောတူညီမှုလုပ်ခဲ့တယ်ဆိုတာက ကျောက်စိမ်းကိုလိုချင်လို့သာဖြစ်သော်လဲ တစ်ခုခုဆို ထိုလူက သူမကို ပြန်အပြစ်တင်လို့လဲမရပါဘူး. ဘာလို့ဆို သူမလုပ်ပေးထားတာအတွက် ပြန်ရရှိတဲ့ အခကြေးငွေဖြစ်တာကြောင့်ပါ.
ထိုလူလဲ ပြန်လှည့်ထွက်ကာ ကားထဲဝင်သွားတယ်. ကျောက်ကိုယူပြီးသွားကာမှ ကုနင်းနောင်တရသွားမှာ သူ,မစိုးရိမ်ပါဘူး.
ထိုလူလှည့်သွားတာနဲ့တပြိုင်နက် ကုနင်းချက်ချင်းပဲ ကျောက်စိမ်းကို သူမရဲ့ စိတ်စွမ်းအင်အာကာပြင်အတွင်း ထည့်သိမ်းလိုက်တယ်.
စိတ်စွမ်းအင်အာကာပြင်ထဲ ကျောက်စိမ်းရောက်သွားတဲ့ တခနအကြာမှာပဲ သူမရဲ့ မျက်လုံးဟာ ပိုမိုရှင်းလင်းကြည်လင်စွာနဲ့ မြင်လာရတယ်. ထိုတော့မှ သူမလဲ စိတ်အေးလက်အေးဖြစ်သွားရတယ်.
ကျောက်စိမ်းကတော်တော် အကူညီဖြစ်တာပဲ.
အခုဆို ကျောက်စိမ်းတွေကို စုဆောင်းဖို့ ကုနင်း အရမ်းကို ဆုံးဖြတ်ချက်ခိုင်မာသွားရပြီ. ဒါပေမယ့် ပိတ်ရက်အထိတော့ စောင့်ဖို့လိုပါသေးတယ်.
ကုနင်း ကြန့်ကြာမနေတော့ပဲ ဗန်ကားထဲကို ဝင်လိုက်ကာ စတင်မောင်းထွက်သွားလိုက်တယ်.
လူမိုက်တွေကတော့ လမ်းပေါ်မှာပဲ ကျန်ခဲ့ပါပြီ..
"ရှင်အဆင်ပြေရဲ့လား? ရှင့်ဒဏ်ရာနဲ့ပတ်သတ်ပြီး ကျွန်မကို ကူချင်စေချင်လား?" အရမ်းယဉ်ယဉ်ကျေးကျေးနဲ့ကို ကုနင်း ထိုလူအားမေးလိုက်တယ်.
"မလိုပါဘူး. ကျေးဇူးပဲ." ထိုလူပြန်ဖြေပေးလိုက်တယ်. သူ့ကိုကြည့်ရတာ စကားပြောချင်စိတ်မရှိပုံပဲ.
သူမအကူညီကို မလိုဘူးဆိုတာကြောင့် ကုနင်းလဲ ပါးစပ်ပိတ်ပြီး တိတ်တိတ်လေးသာနေလိုက်တယ်.
ခနအကြာမှာတော့ ကုနင်း သူမဆုံးဖြတ်ချက်မှားသွားမှန်း သတိရသွားတယ်. သူမ လူမိုက်တွေရဲ့ကားကို မောင်းလာမိတာလေ. သူတို့က သူမကို ခိုးသွားတယ်ဆိုပြီး တရားစွဲရင်ဘယ်လိုလုပ်မလဲ?
ပြီးတော့ အဲ့လမ်းပတ်တန်းကျင်မှာလဲ စောင့်ကြည့်ကင်မရာတွေရှိနေတယ်. ဘယ်လိုမှမငြင်းနိုင်တော့ဘူး!
ထိုကိစ္စကိုတွေးမိသွားတာနဲ့ ကုနင်း ဘရိတ်ကိုဆောင့်နင်းမိလိုက်တာကြောင့် နောက်ထိုင်ခုံမှာထိုင်နေတဲ့လူလဲ ရှေ့တည့်တည့်သို့ စိုက်ကျသွားရသည်.
"မင်းဘယ်လိုဖြစ်နေတာလဲ?" ထိုလူလဲ မကျေမနပ်နဲ့မေးလိုက်တယ်. သူ့အသံက အစောကထက်ပိုပြီး အားလျော့လာပြီ.
"ကျွန်မတို့ သူများကားကို ဆွဲလာခဲ့တာလေ. ကျွန်မကို ကားခိုးမှုနဲ့ တရားစွဲရင် ဘယ်လိုလုပ်မလဲ? အဲ့ဒီ့လမ်းမှာ စောင့်ကြည့်ကင်မရာတွေကလဲ ရှိနေသေးတယ်. ကျွန်မ ဘယ်လိုမှမငြင်းနိုင်တော့ဘူး!" ကုနင်း စိုးရိမ်နေရတယ်.
သူမ ရဲစခန်းမှာ အဖမ်းမခံရချင်ဘူး.
"စိတ်အေးအေးထားပါ. မင်းဒီကိစ္စမှာ မပါစေရဘူး." ထိုလူရဲ့ သေချာတဲ့အသံကြောင့် ကုနင်းစိတ်အေးသွားရတယ်. ပြီးတာနဲ့ သူမအချိန်ထပ်မဖြုန်းနေတော့ဘဲ ဆက်မောင်းလာခဲ့တယ်.
သိပ်မကြာခင်မှာပဲ ကုနင်းဖုန်းမြည်လာခဲ့တယ်. ခေါ်ဆိုသူနာမည်ကို မကြည့်ရင်တောင်မှ ဘယ်သူလဲဆိုတာ ကုနင်းသိနေတယ်.
သေချာပေါက် ကုမန့်ပဲဖြစ်ရမယ်.
ကုနင်း ချက်ချင်းပဲ သူမဖုန်းကိုထုတ်ကြည့်လိုက်တော့ တကယ်ကို ကုမန့်ဖြစ်နေတယ်. သူမချက်ချင်းပဲ ဖုန်းဖြေဖို့လုပ်လိုက်တယ်. သူမဘက်က ဘာမှမပြောရသေးခင်မှာပဲ ကုမန့်ရဲ့ စိုးရိမ်မှုအပြည့်နဲ့အသံက
"နင်းနင်း, သမီးအခု ဘယ်မှာလဲ? ဘာလို့အခုထိ အိမ်ကိုပြန်မလာသေးတာလဲ?"