← Chapters

အခန်း (၂၆-၃၀)

Vol. 2 Ch. 26-30

အခန်း (၂၆-၃၀)

Vol. 2 Ch. 26-30

အခန်း ၂၆ လင်ရှောင်းထင်

ပုံမှန်ဆို ကုနင်းက မိနစ်၂၀စောပြီးကြိုရောက်နေရမှာ အခုတော့ ကုမန့်က စိတ်ပူနေရပြီ.

ကုနင်း သူ့အမေကို စိတ်အေးအောင်လို့, "မေမေ, သမီးရှင်းပြပါရစေဦး. သမီးအတန်းဖော်က မတော်တဆဖြစ်ပြီး ခြေကျင်းဝတ်လည်သွားလို့. အခုသူ့ကို အိမ်ပြန်ပို့ပေးနေတာ. စိတ်မပူပါနဲ့. သူ့ကိုပို့ပြီးတာနဲ့ သမီးပြန်လာခဲ့ပါ့မယ်."

ဒါကို ကြားတော့မှ ကုမန့်လဲ စိတ်သက်သာရာရသွားတော့သည်. သူမသမီးကိုသူမ အမြဲတမ်းယုံတာကြောင့်,

"ကောင်းပြီလေ, ကိုယ့်ကိုကိုယ်လဲ ဂရုစိုက်ဦးနော်"

"ဟုတ် ဂရုစိုက်ပါ့မယ်, ဘိုင့် ဘိုင်" ကုနင်း ဖုန်းချလိုက်ပြီးမှပဲ အသက်ဝဝရှူထုတ်လိုက်နိုင်တယ်.

သူမသတိမထားလိုက်မိတာက နောက်ခုံမှာထိုင်နေတဲ့လူက ကုနင်းနဲ့ သူမအမေစကားပြောနေချိန်အတွင်း နည်းနည်း ဝမ်းနည်းသွားပြီး မနာလိုဖြစ်နေခဲ့တယ်ဆိုတာပဲ.

ဖန်ဟွားအဆင့်မြင့်အိမ်ရာဆိုတာ မြို့တော် ရဲ့ နေလို့အကောင်းဆုံး အဆင့်မြင့်ဆုံးနေရာပါ. သူက မြို့လယ်နဲ့ နီးပြီး တိတ်ဆိတ်အေးချမ်းကာ အကောင်းဆုံးနေရာတွင် တည်ရှိနေပြီး ပတ်ဝန်းကျင်ကလဲ သာယာလှတယ်.

ဒီဖန်ဟွားအဆင့်မြင့်အိမ်ရာမှာ ချမ်းသာတဲ့လူ ဒါမှမဟုတ် အာဏာရှိတဲ့လူတွေပဲနေကြတယ်.

ကုနင်းရဲ့ အကြီးဆုံးဦးလေးက ဒီဖန်ဟွားအိမ်ရာမှာ အိမ်တစ်လုံးလောက်ဝယ်ချင်နေပေမယ့် အရမ်းဈေးကြီးလွန်းတာကြောင့် မတတ်နိုင်ဘူး.

အိမ်တစ်လုံးချင်းရဲ့ အနည်းဆုံးတန်ဖိုးကတင် ယွမ်၅သန်းကနေ ၆သန်းအထိရှိတယ်.

ကုချင်းရှန်မှာ ယွမ်သန်းနှင့်ချီပြီး ချမ်းသာနေတာတောင်မှ သူမဝယ်နိုင်သေးပါဘူး.

ကုချင်းရှန်ရဲ့ပိုင်ဆိုင်မှုဆိုတာ ငွေသေရော ငွေရှင်ရောပါဝင်တယ်. သူ့ရဲ့ငွေရှင်မှာ ယွမ်၈သန်းလောက်ရှိပြီး ငွေတော်တော်များများကို သူ့ကုမ္ပဏီလည်ပတ်ဖို့အတွက်သုံးနေရတာပါ. တကယ်လို့ အဲ့ဒီ့ငွေတွေနဲ့ အိမ်တစ်လုံးဝယ်လိုက်မယ်ဆိုရင် သူ့ကုမ္ပဏီ ဒေဝါလီခံလိုက်ရမှာပေါ့.

ကုနင်းကတော့ မတူပါဘူး သူမက ကုမန့်နဲ့ ကုချင်တို့မိသားစု အသီးသီးအတွက် ဖန်ဟွားအဆင့်မြင့်အိမ်ရာမှာ အိမ်ဝယ်ပေးဖို့ စိတ်ကူးထားပါတယ်.

ကုနင်းက တကယ့်ကို ကျွမ်းကျင်စွာ ကားမောင်းနိုင်တဲ့သူပဲ. သူမလျင်လျင်မြန်မြန်နဲ့ ညင်ညင်သာသာလေးမောင်းနှင်နေတယ်.

မိနစ်၂၀လောက်ကြာပြီးနောက်မှာတော့, သူတို့ ဖန်ဟွားအဆင့်မြင့်အိမ်ရာကို ရောက်ရှိလို့လာပါပြီ.

ကားရပ်လိုက်တာနဲ့ ထိုလူ ဆင်းသွားတယ်.

"ကားကို ယူခဲ့တဲ့နေရာမှာပဲပြန်သွားထားလိုက်. လုံခြုံရေးကင်မရာတွေကိုတော့ ငါရှင်းလိုက်မယ်. ဘာမှစိုးရိမ်မနေနဲ့." လို့ပြောပြီးသွားတာနဲ့ ဂိတ်ပေါက်ဝကို ချက်ချင်းလျှောက်သွားတော့တယ်.

ထိုလူ အေးစက်စက်ဆက်ဆံတာကို ကုနင်း ဂရုမစိုက်ပါဘူး. ဒါက ထိုလူရဲ့ပုံမှန်ဆက်ဆံတဲ့ပုံစံမှန်း ကုနင်းသိတယ်.

ဒါ့အပြင် သူတို့နှစ်ယောက်က သူစိမ်းတွေလဲဖြစ်သေးတယ်.

ကုနင်းကားကို အရင်နေရာသို့ ပြန်မောင်းလာလိုက်တယ်.

နောက်ထပ် မိနစ်၂၀ကြာပြီးချိန်, သူမပြန်ရောက်သွားစဉ်မှာတော့ လူမိုက်တွေက မရှိကြတော့ဘူး.

ထိုလူမိုက်တွေက သူ့ဘာသာသတိရလာလို့ ထွက်သွားတာပဲလား ဒါမှမဟုတ် တစ်ယောက်ယောက်ကတွေ့လို့ ရဲခေါ်လိုက်တာပဲလား စဉ်းစားလို့ကိုမရတော့ဘူး. သူတို့ဆေးရုံကို အပို့ခံလိုက်ရတာလဲဖြစ်နိုင်တယ်.

ဟိုလူက ကုနင်းကို ဒီကိစ္စမှာ မပါစေရဘူးလို့ ကတိပေးထားသော်လည်း ဒီညဖြစ်ပျက်ခဲ့တာတွေကနေ ဝေးဝေးကို ထွက်ပြေးလိုက်ချင်တယ်.

သူမကားပါကင်ထိုးလိုက်ပြီးတာနဲ့ အိမ်ကို တန်းပြန်ပြေးတော့တယ်.

သူမနေတဲ့နေရာရောက်ဖို့တော်တော်သေးသောနေရာဖြစ်တဲ့ သူမတို့လမ်းကြားအဝင်နားတွင် ကုမန့်ရပ်နေတာကို တွေ့လိုက်ရတယ်. ထိုခနမှာပဲ ကုနင်းငိုချင်သွားကာ ချစ်ခင်မှုအပြည့်လွှမ်းခြုံနေသောအသံဖြင့် ကုမန့်ကိုခေါ်ရင်း‌ ပြေးသွားလိုက်တယ်.

"မေမေ."

ကုမန့်က သူမကို အကောင်းကောင်းဆက်ဆံတာကြောင့် စိတ်လှုပ်ရှားသွားရသလို တစ်ချိန်တည်းမှာပဲ အပြစ်ရှိသလိုပါခံစားလိုက်ရတယ်. သူမ ကုမန့်ကို စိတ်ပူအောင်မလုပ်ခဲ့သင့်ဘူး.

ကုနင်းအဆင်ပြေနေတာကို တွေ့တော့မှ ကုမန့်လဲစိတ်သက်သာရာရသွားကာ "နင်းနင်း, သမီးအဆင်ပြေရဲ့လား?"

"ပြေတာပေါ့ မေမေရဲ့ .လာအိမ်ပြန်ကြရအောင်!" ကုနင်းဖြေပြီးတာနဲ့ ကုမန့်ရဲ့လက်မောင်းကို ကလေးတစ်ယောက်လို ချိတ်ဆွဲလိုက်တယ်.

ကုမန့်လဲပျော်ရွှင်သွားကာ သားအမိနှစ်ယောက်အတူတူ အိမ်ကိုပြန်ကြတော့တယ်. သူတို့နှစ်ယောက်ရဲ့အရိပ်တွေက လမ်းမီးတိုင်ရဲ့အောက်မှာ ပိုပိုပြီးရှည်လာခဲ့တယ်.

အဆင့်မြင့်အိပ်ခန်းတစ်ခုထဲမှာတော့ ခန္ဓာကိုယ်အပေါ်ပိုင်း ဗလာနဲ့ယောက်ျားတစ်ယောက်ဟာ အိပ်ရာပေါ်မှာလှဲနေတယ်.

သူ့ရဲ့ခန္ဓာကိုယ်မှာတော့ ဒဏ်ရာဒဏ်ချက်ပေါင်းမြောက်မြားစွာရှိနေတယ်. အများစုမှာ သေနတ်ဒဏ်ရာဖြစ်ပြီး ကြောက်စရာကောင်းလောက်အောင် အရုပ်ဆိုးနေပြီးသားဖြစ်နေကာ. တချို့ဆို မြင်တောင်မြင်ရပ်စရာပဲ.

အခုချိန်မှာတော့ သူ့ရဲ့ညာဘက်ပုခုံးနဲ့ ခါးမှာ သွေးတွေလျှံထွက်နေတဲ့ အပေါက်နှစ်ပေါက်ရှိနေတယ်. ဒါတွေကတော့ ဒဏ်ရာအသစ်ပါ.

မိသားစုဆရာဝန်မှ သူ့ဒဏ်ရာတွေကို ဆေးထည့်ပေးပြီး ပတ်တီးစည်းပေးနေသည်.

ထိုလူကတော့ ကုနင်းနဲ့ အပေးအယူလုပ်ပြီး အိမ်ကို ပြန်လိုက်ပို့ခိုင်းခဲ့တဲ့ လူပါပဲ.

ခနအကြာမှာတော့ ဆရာဝန်ထွက်သွားကာ အထဲသို့ သာမာန်အာမန်နီဝတ်စုံဝတ်ထားတဲ့လူတစ်ယောက် ဝင်လာခဲ့တယ်.

သူက အသက်၂၅နှစ်ဝန်းကျင်ရှိပြီး အသားအရည်ကချောမွတ်နေတယ်. သူ့ရဲ့မျက်လုံးတွေက နက်မှောင်ပြီး ဆွဲဆောင်မှုရှိတယ်. ထူထဲတဲ့မျက်ခုံး, နာတံမြင့်မြင့်နဲ့ ပြည့်စုံလှတဲ့ နှုတ်ခမ်းတစ်စုံတို့က ထိုအမျိုးသားရဲ့ တော်ဝင်ဆန်ဆန်နဲ့ လှပမှုကို ဖော်ပြနေတယ်.

"စောင့်ကြည့်ကင်မရာတွေကို ဖြေရှင်းပြီးသွားပြီ, ဘာမှမကျန်တော့ဘူး." ထိုလူက သူ့ရဲ့စွမ်းရည်တွေကို ထုတ်ဖော်ပြသချင်နေသလိုမျိုးနဲ့ ဂုဏ်ယူစွာပြောလိုက်တယ်.

"ကောင်းတယ်." ရိုးရိုးပဲပြန်ဖြေလိုက်တယ်.

ထိုလူက သိချင်စိတ်ပြင်းပြစွာနဲ့, "ရှောင်းထင်, မင်းအိမ်ကို ဘယ်လိုပြန်ခဲ့တာလဲ? ပြီးတော့ ဘာလို့ အိမ်ပြန်တဲ့လမ်းတစ်လျှောက်က စောင့်ကြည့်ကင်မရာတွေရဲ့ မှတ်တမ်းကို ဖျက်စီးခိုင်းရတာလဲ?"

"တစ်ယောက်ယောက်က ငါ့ကိုပြန်ပို့ပေးတာ ဒါပေမယ့် ငါတို့ကားကိုခိုးခဲ့ကြလို့. ဘာသက်သေမှချန်မထားခဲ့သင့်ဘူး." ဒါကြောင့် ကင်မရာမှတ်တမ်းတွေအကုန်လုံးကို ဖျက်စီးပစ်ရမယ်.

လင်ရှောင်းထင်က အေးအေးဆေးဆေးပဲပြောလိုက်ပေမယ့် တစ်ဖက်လူကတော့ အကြီးအကျယ်ကို ထိတ်လန့်သွားခဲ့တယ်.

"ဘာ? မင်းက ကားခိုးခဲ့တယ်?" ဒီလိုကိစ္စမျိုး လင်ရှောင်းထင်လုပ်ခဲ့တယ်ဆိုတာ ဘယ်လိုမှမယုံကြည်နိုင်ဘူး.

"တော်တော့, ငါနားဦးမယ်, မင်းထွက်သွားတော့." ထိုလူနောက်ထပ်ဘာမှမမေးနိုင်ခင်မှာပဲ လင်ရှောင်းထင် အတင်းကိုနှင်ထုတ်လိုက်တယ်.

ထိုလူမကျေမနေပ်ခံစားလိုက်ရတယ်. ဒါက သူ့အိမ်လေ. ဘယ်လိုလုပ် ဧည့်သည်က အိမ်ရှင်ကိုနှင်ထုတ်ရတာလဲ?

ဝမ်းနည်းသလိုဖြစ်သွားပေမယ့် ဘာမှတော့ပြန်မပြောရဲပါဘူး.

ဒါကြောင့် သူအခန်းထဲကထွက်သွားလိုက်ကာ တံခါးကိုပါ ပိတ်ပေးခဲ့လိုက်တယ်.

လင်ရှောင်းထင် အိပ်မပျော်ပေမယ့် တစ်ယောက်ထဲနေချင်လို့ပါ.

နောက်တစ်နေ့

ကုနင်း ၅နာရီ၄၀မိနစ်မှာထကာ သွားတိုက်မျက်နှာသစ်ဖို့အတွက် ၁၀မိနစ်သုံးလိုက်ပြီး ၅နာရီ၅၀မိနစ်မှာတော့ အိမ်ကနေကျောင်းကို ပြေးသွားလိုက်တယ်.

နာရီဝက်ကြာပြီးနောက်မှာတော့ ကုနင်းကျောင်းကိုရောက်လာတယ်.

သူမကိုယ်တိုင် မနက်စာသွားဝယ်လိုက်ကာ ဘောလုံးကွင်းဘက်သွားနေရင်းလမ်းမှာပဲ စားလိုက်တယ်.

ဒါကကြောင့် ဘောလုံးကွင်းသို့သွားတဲ့ လမ်းမှာပဲ သူမမနက်စာကိုစားကုန်ခဲ့တယ်.

သူမရောက်သွားတော့ မုခယ်နဲ့ ယွီမီရှီတို့တောင်ရောက်နှင့်နေပြီး နှစ်ယောက်လုံးပြေးနေကြတယ်.

သူတို့တကယ်ပဲ သိုင်းပညာကို သင်ချင်ကြတဲ့ပုံပဲ.

ကုနင်းလဲ သူတို့နှစ်ယောက်နဲ့ အတူလိုက်ပြေးလိုက်တယ်.

"မောနင်း, ကုနင်း." ကုနင်းကိုမြင်တာနှင့် မုခယ်ကော ယွီမီရှီပါတစ်ပြိုင်တည်းနှုတ်ဆက်လိုက်ကြတယ်.

မုခယ်ကတော့ အသက်ရှူတာတည်ငြိမ်နေပေမယ့် ယွီမီရှီကတော့ တော်တော်အားနည်းနေတယ်.

"နင်တို့ ဘယ်နှစ်ပတ်ပြေးပြီးကြပြီလဲ?" ကုနင်းမေးကြည့်လိုက်တယ်.

"၃ပတ်." နှစ်ယောက်လုံးဖြေလိုက်တယ်.

ကုနင်းအဖြေကို စိတ်ကျေနပ်သွားတယ်. ဒီဘောလုံးကွင်းအကျယ်က မီတာ၄၀၀လောက်ရှိပြီး ၃ပတ်ဆိုတော့ မီတာ၁၂၀၀တောင်ရှိသွားပြီ.

ယွီမီရှီက ကိုယ်ခန္ဓာပိုင်းသိပ်မသန်မာပေမယ့် ကောင်းကောင်းလုပ်နိုင်တာပဲ.

"မီရှီ, အရမ်းကောင်းတယ်, နင်နောက်ထပ်နှစ်ပတ်လောက်တောင် ပြေးနိုင်လောက်သေးတယ်. နင်မလုပ်နိုင်တော့လဲရပါတယ်. ဒီလောက်နဲ့ပဲရပ်လိုက်တော့."

...............P26End............

ဖီးနစ်သွေးစက်

အခန်း ၂၇ ငါကဒီမှာမဟုတ်လို့ ဘယ်မှာရှိနေသင့်လို့လဲ?

ယွီမီရှီအခုတောင်တော်တော်လေးမောနေပြီဖြစ်တယ်. နောက်ထပ်နှစ်ပတ်ထပ်ပြေးဖို့ဆိုတာ သူမအတွက်တော်တော်လေးကြီးမားတဲ့စိန်ခေါ်မှုဖြစ်တာကြောင့် ကုနင်း သူမကို အရမ်းဖိအားမပေးပါဘူး.

မုခယ်ကိုတော့ ကုနင်းဆက်ပြီး နှိပ်စက်ဖို့ မတွန့်ဆုတ်နေပါဘူး.

"မုခယ်, ငါ့အရှိန်အတိုင်း နောက်ကလိုက်ခဲ့" ကုနင်းပြောပြီးတာနဲ့ အရင်ဦးဆောင်ပြီး ပြေးသွားလိုက်တာကြောင့် မုခယ်လဲ ချက်ချင်းပဲနောက်ကလိုက်သွားလိုက်တယ်.

သူ ယွီမီရှီနဲ့ပြေးတုန်းက တမင် အရှိန်ကို နှေးပေးထားတာပါ. အခု ကုနင်းနဲ့ကျတော့ မြင်းရိုင်းတစ်ကောင်လိုပဲ ပျော်ရွှင်စွာနဲ့ ပြေးတော့တယ်.

ကုနင်းမြန်မြန်ပြေးနေပေမယ့်လဲ ဒါက ပြိုင်ပွဲလုပ်နေတာမဟုတ်ဘူးဆိုတာ သတိရပါသေးတယ်.

မုခယ်လဲ သေချာသိပါတယ်. ခန္ဓာကိုယ်လေ့ကျင့်ခန်းလုပ်တယ်ဆိုတာ ပြိုင်ပွဲတစ်ခုမဟုတ်ပါဘူး. ဒါကြောင့် ကုနင်းကို ကျော်တက်မသွားဘဲ နောက်မှာသာနေလိုက်တယ်.

တစ်ပတ်ပြေးပြီးနောက်မှာတော့ မုခယ်ရဲ့အသက်ရှူသံတွေစပြီး ပြောင်းလဲလာပြီ.

နှစ်ပတ်ပြေးပြီးနောက် မုခယ် အသက်ရှူဖို့တော်တော်ကြိုးစားနေရပြီ.

သုံးပတ်ပြေးပြီးနောက်တွင်တော့ မုခယ်အရမ်းမောလာကာ ကုနင်းနောက်တော်တော်ဝေးဝေးမှာ ကျန်နေခဲ့ပါပြီ.

ထိုအချိန်မှာ မုခယ်သိသွားတာက ကုနင်းသည် တည်တည်ငြိမ်ငြိမ်သာပြေးနေပြီး ဘယ်နှစ်ပတ်ပြေးပြေး မမှုဘူးဆိုတာပါပဲ.

ပြေးတဲ့ခြေလှမ်းတိုင်းတောင်မှ တညီတညာတည်းပဲရှိနေပါတယ်.

ဒါတောင်မှ စင်တီမီတာပေါင်းများစွာလောက်ကွာသွားအောင် သူ့ကို ချန်ထားခဲ့နိုင်ပါတယ်.

ဒါကြောင့် ကုနင်းဟာ ကျွမ်းကျင်ပညာရှင်ရဲ့လေ့ကျင့်ပေးခြင်းကို နှစ်နဲ့ချီပြီးလေ့ကျင့်တာ ခံခဲ့ရတယ်လို့ ပိုပြီးသေချာသွားပြီလို့ မုခယ် ထင်လိုက်တယ်.

အခုဆို ကုနင်းကို ပိုပြီးလေးစားလာပို သူမအကြောင်းကိုလဲ ပိုပြီးတောင် သိချင်လာတော့တယ်.

ကုနင်းနဲ့ မုခယ် သုံးပတ်ပြေးပြီးသွားတာကို မြင်တော့ ယွီမီရှီအားကျသွားကာ သူမလဲ သူတို့လို ကြံ့ခိုင်လာချင်တယ်.

အနာခံမှ အသာစံရမယ်.

ယွီမီရှီ ဒီသဘောကို ကောင်းကောင်းကြီးသိပါတယ်.

ကုနင်းနဲ့ မုခယ်က နှစ်ပေါင်းများစွာ သူတို့ဘာသာ လေ့ကျင့်လာကြတာဖြစ်ပြီး သူမကတော့အခုမှစပြီး လေ့ကျင့်ဖူးတာဖြစ်တယ်.

ယွီမီရှီ အားကျမိပေမယ့် မနာလိုတော့မဖြစ်ပါဘူး. သူမစိတ်ကို သူမပိုပြီးကောင်းလာအောင် ပြုလုပ်ရမယ်.

တစ်နေ့ကျရင် ကုနင်းနဲ့ မုခယ်လိုမျိုးသန်မာလာရမယ်လို့ သူမဘာသာ စိတ်ပိုင်းဖြတ်ထားလိုက်တယ်.

လေးပတ်မြောက်ပြီးချိန်မှာတော့ မုခယ် ကုနင်းနဲ့အဝေးကြီးကျန်နေခဲ့ကာ အသက်တောင်မနည်းရှူနေရပြီး သူ့အရှိန်ကလဲ တဖြည်းဖြည်းနှေးလာခဲ့တယ်.

မုခယ်ကတော် ကာယပိုင်းအတော်လေးသန်မာပါတယ်. မြန်မြန်ပြေးတာက ဖြည်းဖြည်းပြေးတာထက်ပိုပြီးတော့ အားပိုကုန်ပါတယ်. အမြန်၅ပတ်လောက်ပြေးတာကလဲ အနှေး၁၀ပတ်မကပြေးတာနဲ့ ညီမျှပါတယ်.

ကုနင်းတောင်မှ ၆ပတ်အထိအမြန်ပြေးပြီးတော့ ရပ်လိုက်တယ်.

သူမဆက်ပြေးနိုင်သေးပေမယ့် မလုပ်တော့ပါဘူး

"ကု..ကုနင်း, နင်...နင်ကတကယ့်ကိုမယုံနိုင်စရာပဲ! နင် ခြေလှမ်းတိုင်းကိုလဲအကာအဝေးညီညီ လှမ်းနိုင်သလို တည်တည်ငြိမ်ငြိမ်လဲ ပြေးနိုင်သေးတယ်. ဝိုး!!!"မုခယ် ၅ပတ်ပြေးပြီးနောက်မှာတော့ တကယ်ရပ်လိုက်ရတော့တယ်.

အသက်ရှူရလဲ ခက်လာသလို ရေလဲငတ်လာတာကြောင့်ပါ.

သူခနလောက်လမ်းလျှောက်နေလိုက်တယ် ဘာလို့ဆို ပြေးပြီးပြီးချင်းထိုင်လို့မရသေးကြောင်း သိလို့ပါ.

"နင်လဲ ကျင့်သားရသွားမှာပါ." ကုနင်း အသက်ပြင်းပြင်းရှူလိုက်ရင်း ပြန်ဖြေလိုက်တယ်.

ကုနင်းနဲ့ မုခယ်တို့ ပြေးပြီးသွားတဲ့အချိန်မှာတော့ ယွီမီရှီက ၂ပတ်တည်းပြေးပြီး အမောမပြေနိုင်သေးပါဘူး. သူမမတ်တပ်တော့ ရပ်နိုင်သေးပေမယ့် လေ့ကျင့်မှုကို ပြီးအောင်လုပ်ဖို့ကတော့ တော်တော်လေးခက်ပါတယ်.

ကုနင်း သူမထဲလျှောက်သွားပြီး တားလိုက်ကာ,

"ဒီလောက်ဆိုရပြီ, ဒီနေ့ကောင်းကောင်းလုပ်ခဲ့တာပဲ. လမ်းအရင်လျှောက်ကြည့် ပြီးမှနားလိုက်."

ယွီမီရှီ ချက်ချင်းပဲ ကုနင်းပေါ်မှီချလိုက်တယ်. မူးနောက်လွန်းလို့ သူမကိုယ်တိုင်တောင် လမ်းမလျှောက်နိုင်တော့ဘူး.

နည်းနည်းကြာပြီးတော့မှပဲ ယွီမီရှီပြန်ကောင်းသွားတော့တယ်. ကုနင်း, သူမလွယ်အိတ်ထဲကနေ ရေနှစ်ဗူးယူက ယွီမီရှီနဲ့ မုခယ်ကို ကမ်းပေးလိုက်ပြီး သူမကိုယ်တိုင်အတွက်လဲ တစ်ဗူးထုတ်လိုက်တယ်.

သူတို့ပြေးပြီးတာနဲ့ ရေအရမ်းဆာကြမယ်ဆိုတာ သိတာကြောင့် ကုနင်း ဘောလုံးကွင်းကို လာထဲက ရေဗူးကိုသယ်လာခဲ့တာပါ.

"ကျေးဇူးပဲ." မုခယ်နဲ့ ယွီမီရှီ နှစ်ယောက်လုံး ကုနင်းကို ကျေးဇူးတင်လိုက်တယ်.

သူတို့နှစ်ယောက် ချက်ချင်းရေဗူးကို ဖွင့်ကာ အငမ်းမရသောက်လိုက်ကြတယ်. မသိရင် ရက်ပေါင်းများစွာ ရေမသောက်ထားကြရတဲ့လူတွေလိုပဲ.

မနက်ခင်းအတန်းစဖို့ ၅မိနစ်သာ လိုတော့တာကြောင့် အတန်းဆီသို့ အတူတူပြန်လိုက်ကြတယ်.

သူတို့အားတာနဲ့ ဆက်ပြီးလေ့ကျင့်ကြဖို့ အစီအစဉ်ဆွဲထားလိုက်ကြတယ်.

ရှောင်ဖေးဖေး ဒီနေ့တော့ စိတ်ကြည်နေတယ်. သူမ ငှားထားတဲ့လူမိုက်တွေက ပေးထားတဲ့တာဝန်ကို အောင်အောင်မြင်မြင်နဲ့ လုပ်ပြီးသွားပြီလို့ ထင်နေတာပါ.

ထိုလူမိုက်တွေဘက်က သူမကို ပြန်ပြီးမဆက်သွယ်လာသေးတာတောင်မှ ကုနင်းဒီလောက်လူအများကြီးကို သေချာပေါက်မနိုင်ဘူးလို့ အပြည့်အဝကို ယုံကြည်နေပါတယ်.

ထိုလူမိုက်တွေလဲ သူမကို ဖုန်းမခေါ်နိုင်လောက်အောင် အပျော်လွန်နေကြတာလဲဖြစ်နိုင်တယ်.

"ဖေးဖေး, ဘာဖြစ်နေတာလဲ? နင့်ကြည့်ရတာ ဒီနေ့ပျော်နေသလိုပဲ."

"အမှန်ပဲ. ဘာများဖြစ်လို့လဲ အခုပြောပြ."

ယန်ယွီလုနဲ့ ဝူချင်းယတို့နှစ်ယောက် ရှောင်ဖေးဖေး ဘာတွေလျှို့ဝှက်လုပ်ထားလဲမသိတာကြောင့် မေးလိုက်တယ်.

"သတင်းကောင်းပဲ ဒါပေမယ့် နင်တို့ကို ပြောပြဖို့ အချိန်မကျသေးဘူး. ဒီနေ့အတန်းပြီးသွားတော့မှ ပြောပြမယ်." ရှောင်ဖေးဖေး ပြန်ဖြေလိုက်တယ်.

ယန်ယွီလုနဲ့ ဝူချင်းယတို့ အရမ်းသိချင်နေပေမယ့် ရှောင်ဖေးဖေးကို အတင်းပြောပြဖို့ ဖိအားမပေးရဲပါဘူး.

အတန်းစဖို့ ၂မိနစ်ပဲလိုတော့ချိန်မှာတော့ ကုနင်းနဲ့ ယွီမီရှီကလွဲပြီး အတန်းထဲမှာ လူစုံနေပါပြီ.

ကုနင်းမလာသေးတာကို မြင်ပြီး, ရှောင်ဖေးဖေး, ကုနင်းဒုက္ခရောက်နေတာမှန်းပိုသေချာသွားကာ သူမမျက်နှာထက်တွင် အပြုံးကြီးတစ်ပွင့်ပေါ်လာတော့တယ်.

ဒါပေမယ့် ခနအကြာမှာပဲ ရှောင်ဖေးဖေးရဲ့အပြုံးတွေ အေးခဲသွားရတဲ့အပြင် သူ့ပုံစံက ထိတ်လန့်နေပုံတောင်ပေါက်သေးတယ်.

ဒါ ကုနင်းပဲ. စာသင်ခန်းတံခါးနားမှာ ကုနင်းပေါ်လာခဲ့တယ်.

ရှောင်ဖေးဖေး အမှန်ကို သိပြီးပြီလား မသိသေးဘူးလားဆိုတာ ကုနင်းလဲ မသိပါဘူး. သူမသိတာဆိုလို့ သူမပေါ်လာရင် ဖြစ်သွားမယ့် ရှောင်ဖေးဖေးရဲ့ မျက်နှာက သေချာပေါက် "စိတ်ဝင်စားစရာကောင်းမယ်"ဆိုတာပါပဲ.

ဒါကြောင့် ကုနင်းအခန်းထဲကို ဝင်သွားရင်းနဲ့ပဲ ရှောင်ဖေးဖေးကို စိုက်ကြည့်လိုက်တယ်.

ရှောင်ဖေးဖေး ထိတ်လန့်သွားတာကိုကြည့်ပြီးတော့မှ သူမရဲ့အစီအစဉ်တွေ ကျရှုံးသွားတာ မသိသေးမှန်း ကုနင်းသိလိုက်ရတယ်.

"ကုနင်း, နင်ဘာလို့ဒီမှာရှိနေရတာလဲ?" ရှောင်ဖေးဖေး သူမစားပွဲကနေ ချက်ချင်းခုန်ထလိုက်တယ်.

သူမဘေးနားကလူတွေအကုန် နားမလည်ဖြစ်ကုန်ကြတယ်. ဒါကစာသင်ခန်းလေ, ပြီးတော့ ကုနင်းတက်နေတဲ့အတန်းဆိုလဲဟုတ်တယ်လေ. ဘာကမှားနေလို့လဲ?

"အိုး, ငါကဒီမှာမဟုတ်လို့ ဘယ်မှာရှိနေသင့်လို့လဲ?" ကုနင်း, ရှောင်ဖေးဖေးကို တမင်ထုတ်ပြောလာအောင်လုပ်ရင်း မေးလိုက်တယ်.

"နင်မဖြစ်....." ရှောင်ဖေးဖေး နောက်တစ်ခေါက် ပြောမလို့လုပ်ပြီးကာမှ သူမဒီလိုမလုပ်သင့်မှန်းသတိရသွားကာ ချက်ချင်းကို ပါးစပ်ပြန်ပိတ်လိုက်တယ်.

ကုနင်း သူမကို ဒီလိုလွယ်လွယ်နဲ့မလွှတ်ပေးပါဘူး. ဒါကြောင့် "ဘာပြောလိုက်တယ်?"

"ဘာ..ဘာမှမဟုတ်ဘူး." မနေ့က ဘာတွေဖြစ်ခဲ့မှန်း ရှောင်ဖေးဖေးမသိတာကြောင့် စိတ်ပျက်နေပေမယ့် ဒါကို လျှို့ဝှက်ထားရမယ်ဆိုတာတော့ သူမသိနေပါသေးတယ်.

...............P27End............

ဖီးနစ်သွေးစက်

အခန်း ၂၈ အစိမ်းရောင်ဘုရင်

"တကယ်လား?" ကုနင်းပုံစံက သူမကိုသိပ်မယုံသလိုပဲ,

"ဒါဆိုဘာလို့ ငါဒီမှာရှိနေတာလဲလို့ နင်ဘာကြောင့်မေးတာလဲ? ဒါက ငါ့ရဲ့ စာသင်ခန်းလေ. ငါကဒီမှာမဟုတ်လို့ ဘယ်မှာရှိနေသင့်လို့လဲ?" ကုနင်းဆက်ပြောလိုက်တယ်.

"င..ငါ...ငါ..." ရှောင်ဖေးဖေး ထိတ်လန့်သွားကာ ဘာပြန်ပြောရမှန်းမသိဖြစ်သွားတယ်.

ယန်ယွီလုနဲ့ ဝူချင်းယတို့က ရှောင်ဖေးဖေးအကြောင်းကောင်းကောင်းသိပါတယ်. ဒါကြောင့် ရှောင်ဖေးဖေးတစ်ခုခုကို လျှို့ဝှက်ကြံစည်ထားမှန်း နားလည်လိုက်တယ်. ရှောင်ဖေးဖေး ဒီနေ့ပျော်နေရတဲ့အကြောင်းက သူလုပ်ထားတဲ့ကိစ္စအောင်မြင်သွားပြီလို့ ထင်ထားလို့ဖြစ်မယ်.

ဒါပေမယ့် ကုနင်းက ပုံမှန်လိုပဲပေါ်လာတာကြောင့် ရှောင်ဖေးဖေးအံ့ဩသွားကာ မလုံမလဲဖြစ်တာနေမယ်.

ရှောင်ဖေးဖေးတောင်မှ အမှန်ကို မပြောပြရဲတာကြောင့် ယန်ယွီလုနဲ့ ဝူချင်းယတို့လဲ ပါးစပ်ပိတ်နေလိုက်ကြတယ်. သူတို့ မီးတောက်ပေါ်ကို ဓါတ်ဆီထပ်လောင်းချင်ပါဘူး. အဲ့လိုလုပ်လိုက်ရင် ပြီးသွားတာနဲ့ ရှောင်ဖေးဖေးရဲ့ အပြစ်တင်တာကို သေချာပေါက် ခံရလိမ့်မယ်.

ကံကောင်းစွာနဲ့ ကျောင်းခေါင်းလောင်းမြည်သွားပြီး မနက်ခင်းစာဖတ်တန်းစမယ့်အချိန်ရောက်သွားခဲ့တယ်. အတန်းပိုင်ဆရာမလဲရောက်လာတာကြောင့် ကုနင်းလဲ ရှောင်ဖေးဖေးကို လွှတ်ပေးလိုက်ကာ သူမထိုင်ခုံသို့ သွားလိုက်တယ်.

ရှေ့ဆက်ပြီး အချိန်တွေအများကြီးရှိပါသေးတယ်.

ဒါ့အပြင် ကုနင်းကလဲ အမှန်ကို ထုတ်ဖော်ဖို့ ရည်ရွယ်ချက်မရှိသေးပါဘူး. သူ့ပြိုင်ဘက်ကို တခြားသူတွေမသိစေဘဲနဲ့ နှိပ်စက်ရတာကို ပိုပြီးတော့လဲ နှစ်သက်တယ်.

ကုနင်းထွက်သွားတာကို မြင်မှ ရှောင်ဖေးဖေးလဲ အသက်ကိုဝဝရှူလိုက်နိုင်တော့တယ်.

ရှောင်ဖေးဖေး, သူမဘာသာမလုံမလဲဖြစ်မိတာကို ပြန်ပြီးစိတ်တိုနေမိတယ်. ကုနင်း အမှန်တရားကို သိသွားတော့ကော ဘာလုပ်နိုင်မှာမို့လို့လဲ?

ကုနင်းက ဆင်းရဲတဲ့ကောင်မလေးသပ်သပ်ပဲကို. သူမရှောင်ဖေးဖေးကို ထိခိုက်နာကျင်အောင် ဘယ်လိုမှမလုပ်နိုင်ပါဘူး.

ဒီလိုတွေးလိုက်ပြီးနောက်မှာတော့ ရှောင်ဖေးဖေးထပ်ပြီးတော့ မလုံမလဲမခံစားရတော့ပဲ ကုနင်းဘက်ကို မုန်းတီးစွာနဲ့ စိုက်ကြည့်လိုက်တယ်.

မနေ့တုန်းက ကုနင်းကံကောင်းပြီလွတ်သွားခဲ့တာလို့ပဲ သူမယုံကြည်တယ်. ဒါကအဆုံးသတ်မဟုတ်သေးပါဘူး.

ဒါကြောင့် ရှောင်ဖေးဖေး သူမရဲ့ နောက်ခြေလှမ်းအတွက် စပြီး အစီအစဉ်ဆွဲနေလိုက်တော့တယ်.

ကုနင်း ရှောင်ဖေးဖေးရဲ့ ရက်စက်တဲ့အကြည့်တွေကို လက်ခံလိုက်ရပေမယ့် သူမလျစ်လျူရှုထားလိုက်တယ်.

ခနကြာပြီးနောက်မှာတော့ အတန်းပိုင်ဆရာမလဲ ထွက်သွားတော့တယ်.

ကုနင်းစာအုပ်ကို ကြည့်နေသေးသော်လဲပဲ သူမစိတ်ထဲမှာတော့ သူမရဲ့စွမ်းအားကို ဘယ်လိုကြီးမားအောင်လုပ်ရမလဲဆိုတာကိုပဲ တွေးနေတယ်.

ဒါက ပိုက်ဆံရှာရတာလောက် မလွယ်ကူပါဘူး.

စွမ်းအားနဲ့ နောက်ခံသာမရှိဘူးဆိုရင် သူမရဲ့အင်ပါယာကို ငွေတစ်မျိုးထဲနဲ့ တည်ထောင်လို့မရပါဘူး.

ပိုင်ဆိုင်မှုနဲ့ နောက်ခံဆိုတာ အရေးအကြီးဆုံး အချက်ပါ.

ဒါမတိုင်ခင်တော့ ကုနင်း ငွေလုံလုံလောက်လောက်ရှိနေဖို့လိုအပ်ပါတယ်.

ကုနင်းအတွက်တော့ ကျောက်အလောင်းအစားလုပ်ခြင်းက အလျင်မြန်ဆုံးနဲ့ ပိုက်ဆံရနည်းပါပဲ. သူမမှာ ကျောက်စိမ်းမျက်ဝန်းရှိနေတာကြောင့် ဘယ်တော့မှ ရှုံးမှာမဟုတ်ဘူး. ဒါပေမယ့် ကျောက်လောင်းတာကို သူမလုပ်ချင်တဲ့နေရာတိုင်းလုပ်လို့မရပါဘူး, နည်းနည်းလက်လှမ်းမမှီတဲ့နေရာမှာရှိနေလို့ပါ.

ကျောက်တွေရဲ့ မူရင်းဇစ်မြစ်က မြန်မာနဲ့ Yနိုင်ငံမှဖြစ်ပြီး သူတို့က မြို့တော်Fကနေဆို အရမ်းဝေးပါတယ်.

မြို့တော်Fကနေ Yနိုင်ငံကို တိုက်ရိုက်လေယာဉ်မရှိဘဲ လိုရာခရီးကို ရောက်ဖို့ဆို ကြားမှာ လေယာဉ်ပြောင်းမစီးခင်မှာ ၂နာရီလောက်စောင့်ရပါဦးမယ်. ဒါကြောင့် မြို့တော်Fကနေ Yနိုင်ငံကိုရောက်ဖို့ဆို ၇နာရီဝန်းကျင်လောက် အချိန်ယူရပါမယ်.

ကုနင်းမှာက စနေ, တနင်္ဂနွေပိတ်ရက်ပဲရှိတာကြောင့် အဲ့အတွက်အချိန်မလောက်ပါဘူး.

ပြီးတော့ သူမက စီနီယာအထက်တန်းကျောင်းသူလဲဖြစ်တာကြောင့် တက္ကသိုဝင်ခွင့်အတွက် ဖိအားတွေကလဲရှိနေပါသေးတယ်. ကျောင်းကနေ ခွင့်ရက်ရှည်ယူပြီးသွားဖို့ဆိုတာကလဲ ကုမန့်က ခွင့်ပြုမှာမဟုတ်တဲ့အတွက် မလွယ်ကူပြန်ဘူး.

ဒါကြောင့် ကျောက်အလောင်းအစားလုပ်နိုင်တဲ့ အနီးဆုံးမြို့ကိုပဲ ရွေးချယ်ရပါတော့မယ်.

ဘယ်မြို့က ကျောက်အလောင်းအစားလုပ်ဖို့ ခွင့်ပြုထားလောက်လဲ? ကုနင်းမတွေးတတ်တော့ပါဘူး.

အင်တာနက်ပေါ်ကနေ ရှာမှပဲ ရပါတော့မယ်. ကံမကောင်းစွာပဲ သူမရဲ့ဖုန်းက အင်တာနက်သုံးဖို့ရာအတွက် အရမ်ဟောင်းလွန်းနေပါပြီ.

ထိုအချိန်မှပဲ, ဖုန်းကအရေးအကြီးဆုံးဆိုတာ ကုနင်းသဘောပေါက်သွားတော့တယ်.

သူမရဲ့ စတင်မဲ့ရန်ပုံငွေက ယွမ်၁၁၀၀၀၀ဖြစ်ပြီး လုံလောက်တယ်ဆိုရုံပဲရှိပါတယ်. ဒါနဲ့ဆို သူမ ကျောက်တစ်တုံးလောက်တောင် မဝယ်နိုင်သေးပါဘူး.

ဒါကြောင့် မနေ့ကလူပေးခဲ့တဲ့ ကျောက်စိမ်းကို ရောင်းလိုက်ဖို့ ကုနင်းကြံလိုက်တယ်.

ဘယ်လိုပဲဖြစ်ဖြစ် ကျောက်စိမ်းရဲ့စွမ်းအားတွေကို သူမစုပ်ယူပြီးသွားပြီဆိုမှတော့ ထိုကျောက်က သူမအတွက်အသုံးမဝင်တော့ဘူးလေ. သူမတစ်ခေါက်လောက်ချမ်းသာလိုက်တာနဲ့ သူမလိုချင်တဲ့ ဘယ်ကျောက်ကိုမဆို ဝယ်နိုင်သွားမယ်.

စွမ်းအားတွေကို စုပ်ယူထားတာတောင်မှ ကျောက်ရဲ့အရည်အသွေးက အကောင်းဆုံးဖြစ်နေတုန်းပါပဲ.

ကုနင်းက အပြောသမားမဟုတ်ဘဲ လက်တွေ့လုပ်တတ်သူတစ်ယောက်ပါ. နေ့လည်နားချိန်ရောက်တာနဲ့ ကုနင်း, ယွီမီရှီကို နေ့လည်အတန်းပြန်လာတတ်မဲ့အကြောင်းပြောကာ ချက်ချင်းပဲ ကျောင်းကနေထွက်သွားလိုက်တယ်.

ကျောင်းဂိတ်ကို လမ်းလျှောက်ထွက်လာလိုက်ပြီးနောက် တက်စီတစ်စီးငှားကာ မြို့ထဲကို သွားလိုက်တယ်.

မြို့လယ်က သိပ်မဝေးတာကြောင့် မိနစ်၂၀လောက်အကြာမှာပဲ ရောက်ရှိသွားတယ်.

သူမဖုန်းဆိုင်ကို တည့်တည့်သွားလိုက်ကာ အကောင်းဆုံးပစ္စည်းတွေနဲ့လုပ်ထားတဲ့ ဖုန်းတစ်လုံးကို ဝယ်ယူလိုက်တယ်. တကယ်လို့ သူမမှာသာ အကြောင်းပြချက်ကောင်းတစ်ခုခုရှိမယ်ဆိုရင် ကုမန့်အတွက်ပါ နောက်ထပ်တစ်လုံးဝယ်သွားပေးလိမ့်မယ်.

ကုနင်း ဖုန်းဆိုင်ကနေထွက်ပြီးတာနဲ့ ပလာဇာတစ်ခုထဲသို့သွားကာ အပြင်အဆင်ကောင်းတဲ့ စားသောက်ဆိုင်တစ်ခုမှာ နေ့လည်စာ အရင်ဆုံး ဝင်စားလိုက်တယ်. နောက်မှာတော့ အင်တာနက်ကိုဖွင့်ပြီး ကျောက်စိမ်းအကြောင်းလိုက်ရှာလိုက်တယ်.

သူမကျောက်စိမ်းတွေနဲ့ပတ်သတ်ပြီး ရင်းနှီးပြီးသားဖြစ်တာကြောင့် သေချာနားလည်ဖို့သိပ်အချိန်မယူလိုက်ရပါဘူး.

အခုတော့ ကုနင်း သူမလက်ထဲမှာရှိနေတဲ့ ကျောက်စိမ်းရဲ့ အရည်အသွေးနဲ့ ဈေးနှုန်းကိုသိချင်နေပြီး သူမဈေးကောင်းကောင်းနဲ့ ရောင်းလိုက်ချင်တယ်.

ကုနင်းရဲ့စိတ်ထဲမှာတော့, ရတနာပစ္စည်းဆိုင်ကသာလျှင် ဒီကျောက်စိမ်းကို ဈေးကောင်းကောင်းနဲ့ရောင်းနိုင်မယ့်နေရာဖြစ်တယ်.

ပြီးတော့ ရတနာဆိုင်ကနေပဲ အရည်အသွေးမြင့်တဲ့ ကျောက်စိမ်းတစ်ခုကို ရနိုင်တယ်.

ဈေးထဲမှာဆို တန်ဖိုးအမြင့်ဆုံးမရနိုင်တာကို သိပေမယ့် အရမ်းလဲနိမ့်မှာမဟုတ်ပါဘူး.

ဒါပေမယ့် ဒီကျောက်စိမ်းရဲ့နောက်ခံရာဇဝင်ကို သိလိုက်ချိန်မှာတော့ ကုနင်းအရမ်းအံ့ဩသွားရတယ်.

သူမ ဒီကျောက်စိမ်းရဲ့ အရည်အသွေးက အရမ်းကောင်းတာသိပေမယ့်လဲ ဒီလောက်ဈေးထိဖြစ်နေမယ်လိုတော့ မထင်ထားမိဘူး. ဒါက ထိပ်တန်း အစိမ်းရောင်ဘုရင်တဲ့လား.

အစိမ်းရောင်ဘုရင်ကို ဈေးထဲမှာတွေ့ရခဲ့ပြီး အရမ်းအရမ်းကိုဈေးကြီးပါတယ်.

ဒီအစိမ်းရောင်ဘုရင်နဲ့လုပ်တဲ့ လက်စွပ်ဆိုရင် ဈေးထဲမှာ ယွမ်တစ်သန်းဝန်းကျင်လောက် တန်ဖိုးရှိတယ်. လေလံသာဆွဲရင် ဒီထက်တောင် ပို‌ဈေးမြင့်နိုင်သေးတယ်.

ကုနင်းလက်ထဲမှာရှိနေတဲ့ အစိမ်းရောင်ဘုရင်က ငုံးဥအရွယ်လောက်ရှိတာကြောင့် သူ့ရဲ့အလေးချိန်က လက်စွပ်ရဲ့၁၀ဆလောက်ရှိတယ်.

ပြောရရင် ဒီအလေးချိန်အရရောင်းမယ်ဆို အနိမ့်ဆုံး ယွမ်၂သန်းလောက် အဖိုးတန်ပါတယ်.

လေလံပွဲမှာသာဆို ဒါကို ယွမ်သန်းပေါင်းများစွာနဲ့ ရောင်းထွက်နိုင်မှာပါ.

ဈေးက ဘယ်လိုပဲဖြစ်ဖြစ် မြင့်ဖို့ပဲရှိပါတယ်.

အစိမ်းရောင်ဘုရင်ရဲ့ ဈေးအကြောင်းတွေးမိတာနဲ့ ကုနင်းသက်ပြင်းအရှည်ကြီးချလိုက်မိတယ်. ထိုလူ ဒီလောက်တန်ဖိုးကြီးတဲ့ ကျောက်စိမ်းကို သူမကိုပေးရလောက်အောင် တော်တော်ရက်ရောတဲ့သူပဲ.

ချမ်းသာတဲ့သူတွေက တကယ် ဆင်းရဲ့တဲ့လူတွေနဲ့ အရမ်းကွာခြားလွန်းတယ်.

ဒီအစိမ်းရောင်ဘုရင်ဆိုတာ လင်ရှောင်းထင်အတွက် ဘာမှမဟုတ်ဘူးဆိုတာတော့ ကုနင်းမသိလိုက်ပါဘူး. လင်ရှောင်းထင်ရဲ့မျက်လုံးထဲမှာတော့ ဒါက ကျောက်တုံးလေးတစ်တုံးသပ်သပ်ပါပဲ. ဒီကျောက်စိမ်းက အခုလောက်သာအဖိုးတန်မနေဘူးဆိုရင် သူလွှင့်ပစ်လိုက်ပြီးနေပါပြီ.

သူဒီအစိမ်းရောင်ဘုရင်ကိုသယ်လာတယ်ဆိုတာလဲ သူ့သူငယ်ချင်းကောင်းက လိုချင်နေတယ်ဆိုတာကြောင့်ပါ. သူ့သူငယ်ချင်းကို လက်ဆောင်အဖြစ်ပေးဖို့ကြံထားပေမယ့် အခုတော့ ကုနင်းကို ပေးပစ်ရရင်း အဆုံးသတ်သွားခဲ့ပါတယ်.

ဒါပေမယ့် ကုနင်းက အခု ဆင်းရဲတဲ့ စီနီယာကျောင်းသားတစ်ယောက်ဖြစ်တာကြောင့် လေလံပွဲမှာ ဘယ်လိုရောင်းရမှန်းမသိပါဘူး.

ဒါ့အပြင် မြို့တော်Fမှာ လေလံခန်းမလဲမရှိပါဘူး.

ကုနင်းမှာအချိန်လဲမရှိသလို ဒီကျောက်ကို လေလံတင်ဖို့ နည်းလမ်းလဲမရှိပါဘူး.

...............P28End............

ဖီးနစ်သွေးစက်

အခန်း ၂၉ ယီချိုင်ကျောက်စိမ်းဆိုင်နှင့် ချင်းယီဖန်း

ဒီကျောက်စိမ်းကို ဈေးထဲမှာပဲ ရောင်းနိုင်မယ်ဆိုရင်တောင်မှ ကုနင်းကျေနပ်ပါတယ်.

သူမ အင်တာနက်ကနေပြီး နှစ်ပေါင်းတစ်ရာလောက် သမိုင်းကြောင်းရှိသော "ယီချိုင်ကျောက်စိမ်းဆိုင်" လို့ခေါ်တဲ့ ကျောက်စိမ်းဆိုင်တစ်ဆိုင်ကို ရှာတွေ့ခဲ့တယ်. ထိုဆိုင်က သိပ်မကြီးပေမယ့် တော်တော်ကျော်ကြားပါတယ်.

ဘာလို့ဆို "ယီချိုင်ကျောက်စိမ်းဆိုင်" ရဲ့ သူဌေးက မြို့တော်Fကျောက်စိမ်းအသင်းရဲ့ ဥက္ကဌဖြစ်နေလို့ပါပဲ.

"ယီချိုင်ကျောက်စိမ်းဆိုင်" ကကျောက်စိမ်းတွေက သူ့ရဲ့ အရည်အသွေးကောင်းမှုနဲ့ ဈေးသင့်မှုတို့ကြောင့် လူသိများပါတယ်.

ဒါကြောင့် ကုနင်း ထိုနှစ်တစ်ရာသက်တမ်းရှိနေတယ့် "ယီချိုင်ကျောက်စိမ်းဆိုင်" ကို သွားဖို့ စိတ်ဆုံးဖြတ်လိုက်တော့တယ်.

ကုနင်း "ယီချိုင်ကျောက်စိမ်းဆိုင်" အကြောင်းကို မသိသလို အင်တာနက်ပေါ်ကလူတွေပြောသလို အစစ်အမှန်ဈေးပေးရဲ့လားဆိုတာ မသိတာပေမယ့် သာမာန် ရတနာပစ္စည်းဆိုင်တွေထက်စာရင်တော့ "ယီချိုင်ကျောက်စိမ်းဆိုင်" ကို ပိုယုံပါတယ်.

ဘယ်လိုပဲဖြစ်ဖြစ် သူမရဲ့ ကျောက်စိမ်းတန်ဖိုးကို သိပြီးသားပဲ. တကယ်လို့ သူပေးတဲ့ဈေးကို မကြိုက်ဘူးဆိုရင် မရောင်းရုံပဲရှိတာပေါ့.

"ယီချိုင်ကျောက်စိမ်းဆိုင်" ရဲ့ပင်ရင်းဆိုင်က ရှေးဟောင်းဈေးမှာတည်ရှိပေမယ့် ဆိုင်ခွဲတွေကတော့ ပလာဇာတော်တော်များများမှာရှိပါတယ်.

အခုတော့ ကုနင်းက မြို့လယ်ရှိ ကုန်သွယ်ရေးအဆောက်အဦးမှာရောက်နေပြီး "ယီချိုင်ကျောက်စိမ်းဆိုင်" ကိုတော့ နောက်မှသွားဖို့ဆုံးဖြတ်လိုက်တယ်.

ရှာဖွေလေ့လာပြီးနောက်မှာတော့ ကုနင်း ကျောက်စိမ်းနဲ့ ဖုန်းကို ကျောပိုးအိတ်ထဲထည့်လိုက်ကာ အရင်ဆုံးစားဖို့သွားလိုက်တယ်.

စားပြီးသွားတာနဲ့ "ယီချိုင်ကျောက်စိမ်းဆိုင်" သို့ တန်းသွားလိုက်တယ်.

ရတနာပစ္စည်းဆိုင်တွေက အဆောက်အဦးရဲ့ ဒုတိယထပ်မှာရှိတာကြောင့် ကုနင်း "ယီချိုင်ကျောက်စိမ်းဆိုင်" ကိုရှာဖို့ သိပ်အချိန်မယူလိုက်ရပါဘူး. "ယီချိုင်ကျောက်စိမ်းဆိုင်" ကသိပ်မကြီးပဲ ခေတ်နောက်ပြန်သွားတဲ့ ဒီဇိုင်းမျိုးနဲ့ အလှဆင်ထားပါတယ်.

ဆိုင်ထဲက ဝန်ထမ်းတွေအားလုံးကလဲ တရုတ်ရိုးရာကိုယ်ကျပ်ဝတ်စုံကို ဝတ်ဆင်ထားကြတယ်.

ကုနင်း ဆိုင်ထဲကို ဝင်သွားလိုက်တာနဲ့ အရောင်းစာရေးအမျိုးသမီးတစ်ယောက်က သူမထံလျှောက်လာတယ်. ကုနင်းက ကျောင်းသူတစ်ယောက်ဖြစ်တာတောင်မှ ယဉ်ယဉ်ကျေးကျေးပဲ နှုတ်ဆက်ခံလိုက်ရတယ်.

သူမရဲ့ "ယီချိုင်ကျောက်စိမ်းဆိုင်" အပေါ် ထင်မြင်ချက် ချက်ချင်းပဲ မြင့်တက်သွားတယ်.

"မိန်းကလေး, ဘာများလုပ်ပေးရမလဲ" အရောင်းစရေးကမေးလိုက်တယ်.

"ဒီရဲ့အကောင်းဆုံး ကျောက်စိမ်းကဘယ်မှာလဲ?" ကုနင်း ပြန်ဖြေလိုက်တယ်.

"ကျွန်မတို့ဆိုင်ရဲ့ အကောင်းဆုံးမြကျောက်ကတော့ ဒီတစ်ခုပါ. သူရဲ့အရည်အသွေးက အရမ်းကောင်းပြီး တောက်ပတဲ့အစိမ်းရောင်လဲရှိပါတယ်.

ပြီးတော့ ကျွန်မတို့မှာ မီးခိုးရောင်မြကျောက်လဲရှိပါသေးတယ်. ဒါကအရမ်းရှားပြီး ကျွန်မတို့မှာတောင်မှ ဒီကျောက်နဲ့လုပ်တဲ့ လက်ဝတ်ရတနာတွေ အများကြီးမရှိပါဘူး. တကယ်လို့ မိန်းကလေးက လိုချင်ရင်တော့ အရင်ဆုံး ကြိုမှာထားမှရပါမယ်." အရောင်းစာရေးက သေချာရှင်းပြလိုက်တယ်.

"ရှင်တို့မှာ အစိမ်းရောင်ဘုရင်ကောရှိလား?" ကုနင်းထပ်မေးလိုက်တယ်.

အရောင်းစာရေးလဲ နည်းနည်းရှက်ကိုးရှက်ကန်းဖြစ်သွားကာ

"တောင်းပန်ပါတယ်. အစိမ်းရောင်ဘုရင်က အရှားပါဆုံး မြကျောက်တစ်မျိုးပါ. ကျွန်မ ဒီနယ်ပယ်မှာ နှစ်ပေါင်းများစွာ လုပ်လာတာတောင်မှ ကျွန်မလုပ်သက်တစ်လျှောက်လုံး အစိမ်းရောင်ဘုရင်ကို တစ်ခါမှ မမြင်ဖူးပါဘူး."

"ဒါဆို ရှင်တို့ ကျောက်ကို ဝယ်ရောဝယ်လား?" ကုနင်းစုံစမ်းလိုက်တယ်.

အခုတော့ အရောင်းစာရေးနည်းနည်းအံ့ဩသွားရတယ်. ကုနင်းဘာလိုချင်နေမှန်း သူမစဉ်းစားလို့မရတော့ပေမယ့် အယဉ်ကျေးဆုံးပဲ ဆက်ဖြေလိုက်ပါတယ်.

"ကျွန်မတို့ အရည်အသွေးမြင့်ကျောက်တွေကိုတော့ ဈေးထဲကထက် ၈ဒဿမလျော့ပြီးဝယ်ပါတယ်."

၈ဒဿမ, မျှတသားပဲ.

"ကောင်းပြီလေ, ကျွန်မ ရှင်တို့ရဲ့မန်နေဂျာနဲ့တွေ့လို့ရမလား? ငုံးဥအရွယ်လောက်ရှိတဲ့ အစိမ်းရောင်ဘုရင်ကို ရောင်းချင်လို့ပါ." လို့ ကုနင်းပြောလိုက်တယ်.

"ဘာ? အစိမ်းရောင်ဘုရင်?"

အံ့ဩလွန်းနေတဲ့ အမျိုးသားတစ်ယောက်ရဲ့အသံက ထွက်ပေါ်လာတယ်.

ရုပ်ရည်ကြည့်ကောင်းပြီး အသက်၂၅ဝန်းကျင်လောက်ရှိကာ ဝတ်စုံပြည့်ဝတ်ထားတဲ့လူက တံခါးဝကနေ ကုနင်းထံသို့ လျှောက်လှမ်းလာတယ်.

ပြီးတော့ စိတ်လှုပ်ရှားမှုတစ်တက် သံသယတစ်ဝက်နဲ့ မေးလိုက်တယ်.

"မင်းမှာတကယ်ပဲ ငုံးဥအရွယ်လောက်ရှိတဲ့ အစိမ်းရောင်ဘုရင်ရှိတာလား?"

ထိုလူရဲ့အသံကိုကြားတော့မှ အရောင်းစာရေးလဲ ထိတ်လန့်စရာတင်းကနေ ပြန်ပြီးသတိဝင်လာခဲ့တယ်.

သူမ ထိုလူကို အလွန်လေးစားစွာနဲ့ခေါ်လိုက်တယ်.

"လူကြီးမင်း ချင်."

"ဟုတ်တယ်." ကုနင်းပြန်ဖြေလိုက်တယ်.

"ကျေးဇူးပြုပြီး ငါတစ်ချက်လောက်ကြည့်လို့ရမလား? အဲ့ဒါသာအစစ်ဆိုရင် ဈေးထဲက ဈေးနှုန်းအတိုင်း ငါဝယ်မယ်." ချင်ယီဖန်းရဲ့ မျက်လုံးတွေက မျှော်လင့်မှုတို့နဲ့ ပြည့်နှက်နေတယ်.

ကျောင်းသူလေးတစ်ယောက်မှာ အစိမ်းရောင်ဘုရင်ရှိမယ်လို့ မယုံကြည်ပေမယ့် တစ်ချက်လောက်ကြည့်ကြည့်လိုက်ဖို့တော့ ကိစ္စမရှိပါဘူး.

အစိမ်းရောင်ဘုရင်ဆိုတာ လက်လွှတ်ခံလိုက်ဖို့အတွက် အရမ်းရှားတဲ့ပစ္စည်းလေ.

"တောင်းပန်ပါတယ် လူကြီးမင်း. ကျွန်မ ရှင့်ထက်အရင် "ယီချိုင်ကျောက်စိမ်းဆိုင်" နဲ့ ပြောနေတာကြောင့် "ယီချိုင်ကျောက်စိမ်းဆိုင်" ကငြင်းလိုက်မှသာ ရှင်နဲ့ အရောင်းအဝယ်လုပ်နိုင်ပါမယ်."

ကုနင်း, ချင်ယီဖန်းကို တောင်းပန်လိုက်တယ်.

ကုနင်း ဈေးထဲက နှုန်းအတိုင်းရောင်းချင်ပေမယ့် "ယီချိုင်ကျောက်စိမ်းဆိုင်" ရဲ့ ဈေးနှုန်းကိုလဲ လက်ခံထားပြီးတာကြောင့် စည်းမျဉ်းတွေကို မချိုးဖောက်ချင်ပါဘူး.

ချင်ယီဖန်းနဲ့ ဆိုင်ထဲက ဝန်ထမ်းတွေအားလုံး ကုနင်းရဲ့ရိုးသားမှုကို အံ့ဩကုန်ကြတယ်. သူမကတကယ်ကို စည်းမျဉ်းတွေလိုက်နာတာပဲ.

အခုဆို လူတိုင်း ကုနင်းကို အထင်ကြီးသွားကြပြီ.

"အမ်..မိန်းကလေး, ဒီက လူကြီးမင်းချင်ဆိုတာ ကျွန်မတို့သူဌေးရဲ့သားပါ. မိန်းကလေး သူနဲ့တိုက်ရိုက် အရောင်းအဝယ်လုပ်လဲရပါတယ်." အရောင်းစာရေးက မိတ်ဆက်ပေးလိုက်တယ်.

သူမ ကုနင်းကို အရမ်းအထင်ကြီးနေမိတာကြောင့် လေးလေးစားစားနဲ့ပြုံးပါပြုံးပြလိုက်သေးတယ်.

သူ့က "ယီချိုင်ကျောက်စိမ်းဆိုင်" သူဌေးရဲ့သားလား? ကုနင်းနည်းနည်း အံ့ဩသွားတယ်.

"တွေ့ရတာဝမ်းသာပါတယ်. ကျွန်တော်က ချင်ယီဖန်းပါ. "ယီချိုင်ကျောက်စိမ်းဆိုင်" ကို ကျွန်တော့အဖေပိုင်တာပါ." ချင်ယီဖန်း တစ်ချိန်တည်းမှာပဲ သူ့လက်ကို ရှေ့ဆန့်ထုတ်လိုက်ရင်း ကိုယ့်ကိုကိုယ် မိတ်ဆက်လိုက်တယ်.

"ကျွန်မလဲ တွေ့ရတာဝမ်းသာပါတယ်. ကျွန်မက ကုနင်းပါ. " ကုနင်း ပြန်ပြီးလက်ဆွဲနှုတ်ဆက်လိုက်တယ်.

"ဒါဆို ကျွန်တော်တို့ အစိမ်းရောင်ဘုရင်ကိုကြည့်လို့ရပြီလား, မိန်းကလေး?" ချင်ယီဖန် ကုနင်းကို အေးအေးဆေးဆေးပဲမေးလိုက်တယ်.

"ရတာပေါ့." ကုနင်းပြန်ဖြေလိုက်ပြီး သူမရဲ့လွယ်အိတ်နဲ့ကွယ်ကာ စိတ်စွမ်းအင်အာကာပြင်ကနေ အစိမ်းရောင်ဘုရင်ကို ထုတ်လိုက်တယ်.

မြကျောက်ကို ဘာနဲ့မှ မထုပ်မပိုးထားတာကို မြင်တော့ ချင်ယီဖန်းနဲ့ ဝန်းထမ်းတွေအားလုံးအံ့ဩသွားကြရပြန်တယ်.

အစိမ်းရောင်ဘုရင် တကယ်အစစ်သာဆိုရင် ခြစ်ရာတွေဘာတွေထင်သွားမှာ သူမမကြောက်ဘူးလား?

ချင်ယီဖန်း အစိမ်းရောင်ဘုရင်ကို ယူလိုက်က စပြီး စစ်ဆေးလိုက်တယ်.

ချင်ယီဖန်းသည် ကျောက်စိမ်းမိသားစုကနေမွေးလာတာကြောင့် ကျောက်စိမ်းအမျိုးမျိုးနဲ့ ရင်းနှီးနေပြီး အတိုင်းအတာတစ်ခုအထိ ကျွမ်းကျင်နေပြီးသားပါ.

အစိမ်းရောင်ဘုရင်က ရှားပါးတယ်ဆိုရင်တောင်မှ သူတွေ့ဖူးပါတယ်.

အစိမ်းရောင်ဘုရင်သည် မြကျောက်တွေထဲတွင် အဖိုးအတန်ဆုံးဖြစ်သည့် အစိမ်းရောင်ကိုမှ အစိမ်းရင့်ရင့်အရောင်ရှိတယ်.

မီးအလင်းရောင်ရဲ့အောက်မှာ အစိမ်းရောင် ဘုရင်သည် အစိမ်းရင့်ရောင်တောက်ပနေကာ တစ်ချက်တစ်ချက် အပြာရင့်ရောင်ပြောင်းသွားလိုက် အစိမ်းနုရောင်ပြောင်းသွားလိုက်ဖြစ်နေပြီး အရောင်မျိုးစုံပြောင်းလဲနေတယ်.

ခနကြာပြီးနောက်မှာတော့ ဒါဟာ အစိမ်းရောင်ဘုရင်ဖြစ်မှန်း ချင်ယီဖန်းသေချာသွားတော့တယ်.

အခုဆို ချင်ယီဖန်း အလွန်စိတ်လှုပ်ရှားနေပြီး လက်တွေတောင်တုန်လာကာ

"ဒါအစစ်ပဲ. အစိမ်းရောင်ဘုရင်အစစ်ပဲ..."

"ဒါက အစစ်ဆိုမှတော့ ကျွန်မကို ဈေးနှုန်းလေးပြောပါဦး လူကြီးမင်းချင်." ကုနင်း နေ့ခင်းပိုင်းအတန်းချိန်ရှိနေသေးတာကြောင့် ဒီနေရာမှာ အချိန်အကြာကြီးမဖြုန်းပစ်ချင်ပါဘူး..

...............P29End............

ဖီးနစ်သွေးစက်

အခန်း ၃၀ ယွမ်၁၀သန်း

"ကိစ္စမရှိပါဘူး" ချင်ယီဖန်းက ကုနင်းထက်တောင်မှ ဒီအရောင်းအဝယ်ကို

မြန်မြန်ဖြစ်သွားစေချင်နေသေးတယ်. သူကိုယ်ပိုင် အစိမ်းရောင်ဘုရင်တစ်လုံး ပိုင်ဆိုင်ချင်နေတယ်.

"ဒါပေမယ့် မိန်းကလေးကု, ဒီကျောက်ရဲ့ မူရင်းဇစ်မြစ်အကြောင်း ကျွန်တော်မေးလို့ ရမလား?"

ချင်ယီဖန်း ဒီကျောက်က ဥပဒေနဲ့ကောလွတ်ကင်းရဲ့လားဆိုတာသိဖို့လိုပါတယ်. ဒါကြောင့်နဲ့ သူဒုက္ခမရောက်ချင်သေးပါဘူး.

ကုနင်းလဲ နားလည်တာကြောင့် စိတ်မကျေမနပ်မဖြစ်ဘဲနဲ့,

"စိတ်ပူစရာမလိုပါဘူး. ဒါက ဥပဒေအတွင်းကနေပဲ ရထားတာပါ" လို့ ကုနင်းပြန်ဖြေလိုက်တယ်.

ဒါကိုကြားတော့မှ ချင်ယီဖန်းလဲ စိတ်သက်သာရာရသွားကာ,

"ဒီကျောက်ရဲ့ အလေးချိန်နဲ့ အရွယ်အစားနဲ့ဆိုရင် ဈေးထဲက နှုန်းက ယွမ်၁၀သန်းလောက်ရှိမယ်. ကျွန်တော် ခင်ဗျားကို ယွမ်၁၀သန်းပေးမယ်. ဘာများပြောချင်သေးလဲ, မိန်းကလေးကု?"

ကုနင်း အစိမ်းရောင်ဘုရင်ရဲ့ပေါက်ဈေးကို သိထားပြီးတာတောင်မှ ချင်ယီဖန်း ကမ်းလှမ်းတဲ့နှုန်းကို အံ့ဩသွားရတယ်.

ကုနင်း ဒီကျောက်ကို ဈေးထဲမှာ အခုထက်နှုန်းပိုမြှင့်ပြီး ရောင်းနိုင်ပေမယ့် ချင်ယီဖန်းရဲ့ကမ်းလှမ်းမှုကိုတော့ စိတ်ကျေနပ်သွားတယ်.

တကယ်လို့သူမသာ ဒါကို တခြားလက်ဝတ်ရတနာဆိုင်သို့ယူသွားမယ်ဆိုင် ဒီလောက်ရက်ရောလှတဲ့ ကမ်းလှမ်းမှုမျိုး ရချင်မှရမှာ.

ယွမ်၁၀သန်းဆိုတာ သူမမျှော်လင့်ထားတာထက်ကို ပိုပါတာကြောင့် ကုနင်းသေချာပေါက် ကျေနပ်တာပေါ့.

ထို့နောက် သူတို့ သဘောတူစာချုပ်မှာလက်မှတ်ထိုးပြီး ငွေချေဖို့ပဲလိုတော့တယ်.

သဘောတူစာချုပ်မှာ တစ်ကြိမ်လက်မှတ်ထိုးပြီးသွားပြီဆိုတာနဲ့ သူတို့နောက်ပြန်လှည့်လို့မရတော့ပါဘူး.

ကုနင်း သဘောတူစာချုပ်မှာ လက်မှတ်ထိုးပြီး ငွေယူပြီးသွားတာနဲ့ ထွက်သွားဖို့ပြင်လိုက်ချိန်...

ချင်ယီဖန်းက သူ့လမ်းရှေ့မှာ ပိတ်ရပ်လိုက်ကာ

"မိန်းကလေးကု, ဒါကကျွန်တော့်ရဲ့ နာမည်ကဒ်ပါ. ခင်ဗျားမှာ နောက်ထပ် အရည်အသွေးကောင်းတဲ့ မြကျောက်ထပ်ရှိခဲ့မယ်ဆိုရင် ကျွန်တော့်ကို အချိန်မရွေးဖုန်းခေါ်လိုက်လို့ရပါတယ်."

ချင်ယီဖန်း ရုတ်တရက် ကုနင်းက သာမာန်ဆယ်ကျော်သက်မိန်းကလေးတစ်ယောက်မဖြစ်နိုင်ဘူးလို့ ခံစားလိုက်တာကြောင့် အခုလိုကမ်းလှမ်းလိုက်တာပါ. ဒါ့အပြင် သူမရဲ့အမူအကျင့်ကောင်းလေးတွေကို သူသဘောကျတာကြောင့်လဲပါပါတယ်.

"ကောင်းပြီလေ." ကုနင်း သူ့ရဲ့နာမည်ကဒ်ကို လိုလိုလားလားပဲ လက်ခံလိုက်တယ်.

သူမရဲ့ဖုန်းနံပါတ်ကိုတော့ ပြန်ပြောဖို့မလိုတော့ပါဘူး ဘာလို့ဆို စာချုပ်ထဲမှာ ထည့်ရေးထားပြီးသားလေ.

ကုနင်း မြင်ကွင်းထဲကမပျောက်မချင်း ချင်ယီဖန်း သူ့အကြည့်တွေကို မရုတ်သိမ်းလိုက်ပါဘူး. ပြီးတော့မှ သူ့လက်ထဲက အစိမ်းရောင်ဘုရင်ကို ပြန်ကြည့်လိုက်တယ်.

"ဒီအကြောင်း သူဌေးကိုမပြောပါနဲ့ , သူ့ကို အံ့အားသင့်သွားအောင် ကျွန်တော်လုပ်ချင်လို့."

ချင်ယီဖန်း, သူ့ရဲ့ဝန်ထမ်းကိုပြောလိုက်တယ်. သူ့အဖေရဲ့ အသက်၆၀ပြည့်မွေးနေ့က နီးလာပြီဖြစ်တာကြောင့် ဒီအစိမ်းရောင်ဘုရင်ကို ပစ္စည်းအသေးလေးတစ်ခုဖြစ်အောင် ပုံဖော်ပြီး မွေးနေ့လက်ဆောင်အဖြစ်သူပေးချင်လို့ပါ.

ချင်ယီဖန်းအဖေက ကျောက်စိမ်းလုပ်ငန်းလုပ်တဲ့သူဖြစ်တာကြောင့် ကျောက်စိမ်းအမျိုးမျိုးရှိပါတယ်. ဒါပေမယ့် အစိမ်းရောင်ဘုရင်က ရှားပါးလွန်းတာကြောင့် ချင်ယီဖန်းရဲ့အဖေမှာတောင်မှ တစ်ခုတောင်မရှိပါဘူး.

ကုနင်း အေးဆေးသလို ဟန်ဆောင်နေပေမယ့် တကယ်တော့ အရမ်းစိတ်လှုပ်ရှားနေရပါတယ်.

ယွမ်၁၀သန်း. အရိုးသားဆုံးဝန်ခံရရင် အရင်ဘဝတုန်းကတောင်မှ ထန်မိသားစုရဲ့ထိန်းချုပ်ထားမှုကြောင့် သူမလက်ထဲဒီလောက်များထဲပိုက်ဆံကို မကိုင်ဖူးပါဘူး.

ကုနင်း အရမ်းတွေစိတ်လှုပ်ရှားနေပြီး ဒါကလက်တွေ့ဖြစ်နေတာလို့တောင် မယုံကြည်နိုင်ဖြစ်နေရတယ်.

စာကိုအကြိမ်ပေါင်းများစွာ ထပ်ခါတစ်လဲလဲစစ်ပြီးသွားတော့မှပဲ ဒါဟာအစစ်အမှန်မှန်းလက်ခံနိုင်တော့တယ်.

ထို့နောက် တစ်ယောက်ယောက်ဒီစာကို တွေ့သွားမှာဆိုးတာကြောင့် တန်းဖျက်ပစ်လိုက်တယ်.

ယွမ်၁၀သန်းဆိုတာ ကုနင်းအတွက်တော်တော်များနေပြီဆိုပေမယ့် စတင်ရင်းနှီးဖို့အတွက်တော့ မလုံလောက်သေးပါဘူး.

ဒါကြောင့် ဒီယွမ်၁၀သန်းကို ကျောက်အလောင်းအစားလုပ်တဲ့ထဲပဲထည့်လိုက်ဖို့ သူမဆုံးဖြတ်လိုက်တယ်.

ကုနင်း အင်တာနက်ပေါ်မှာရှာလိုက်တော့ မြို့တော်Gသည် မြို့တော်Fနဲ့အနီးဆုံး ကျောက်အလောင်းအစားလုပ်တဲ့ဈေးရှိတဲ့နေရာမှန်းသိလိုက်ရတယ်. ထိုနေရာကို ရောက်ဖို့ လေယာဉ်ဖြင့် ၁နာရီလောက်စီးရန်သာလိုသည်.

ထို့ကြောင့် ဒီတစ်ပတ်ပိတ်ရက်ကျရင် မြို့တော်Gကိုသွားဖို့အတွက် ကုနင်းဆုံးဖြတ်ချက်ချလိုက်တော့တယ်.

စိတ်ဓါတ်ခိုင်မာစွာနဲ့ပဲ, ကျောက်မြတ်ရတနာနယ်ပယ်မှာ သူမရဲ့စီးပွားရေးကို ရင်းနှီးမြှုပ်နှံချင်တယ်.

သူမမှာ ကျောက်စိမ်းမျက်ဝန်းရှိနေတာကြောင့် ငွေဝင်ဖို့သာရှိပြီး သူမဘက်ကဆုံးရှုံးစရာမရှိပါဘူး.

ကျောက်မြတ်ရတနာနယ်ပယ်က အစအတွက်ပဲဖြစ်ပြီး အနာဂါတ် တခြားနယ်ပယ်တွေကိုလဲ ပါဝင်နိုင်အောင်လုပ်မှာပါ.

ထန်မိသားစုဟာ အိမ်ခြံမြေလုပ်ငန်းနဲ့ အနုပညာနယ်ပယ်မှာ ပါဝင်နေပါတယ်. ကုနင်းရဲ့ ရည်ရွယ်ချက်က ထိုနယ်ပယ်နှစ်ခုကို သိမ်းပိုက်ပြီး ထန်မိသားစုကို အနိုင်ပိုင်းနိုင်ဖို့ပါပဲ.

ထိုအခြေအနေထိရောက်ဖို့ ဖြေးဖြေးချင်းကြိုးစားယူရမယ်မှန်း ကုနင်းသိပါယ်.

စီးပွားရေးတစ်ခုအောင်မြင်ဖို့ဆိုတာ မလွယ်ကူပါဘူး. သူမ ငွေကော အရင်းအမြစ်ပါလိုအပ်ပါတယ်.

ဥပမာဆိုရသော်, သူမသာ ကျောက်မြတ်ရတနာကုမ္ပဏ်တည်ထောင်မယ်ဆိုရင် ထိုအတွက်ပြင်ဆင်ရမှာတွေအများကြီးရှိပါတယ်.

ပထမဆုံးအရင်းအမြစ်ရှိရမယ် ပြီးရင်တော့ ဆိုင်အဆင့်တက်မယ်. ဆက်ပြီးတော့ ကုမ္ပဏီတစ်ခု စာရင်းသွင်းဖို့လိုအပ်တယ်. တကယ်လို့သူမသာ ဘယ်သူက ထိုနေရာမှာ အရေးပါပြီး အာဏာရှိမှန်းမသိရင် တစ်လလောက်နဲ့ ပြီးစီးဖို့ဆိုတာ မဖြစ်နိုင်ပါဘူး.

အလုပ်သမားတွေ, ဒီဇိုင်နာ, မန်နေဂျာ, တံဆိပ်လုပ်မယ့် အနုပညာသမားတွေအများကြီးလဲ လိုအပ်ပါသေးတယ်.

သူမက အခုမှကျောင်းသူတစ်ယောက်သာရှိပါသေးတယ်. ဒီကုမ္ပဏီကို သူမကိုယ်တိုင် စီမံဖို့ဆိုတာ လက်တွေ့တော့ မလွယ်ကူပါဘူး.

ကုနင်း ဒီအကြောင်းတွေကို စဉ်းစားမိတော့ ဝန်လေးမိပေမယ့် ပျော်လဲပျော်ရပါတယ်.

ပြီးတော့ သူမ မြို့တော်Gကနေပြီး ငွေတွေအများကြီးနဲ့ပြန်ရောက်လာရင် ကုမန့်ကို ဘာတွေဖြစ်နေတယ်ဆိုတာ အနည်းအကျဉ်းတော့ ပြောပြမှာပါ. ပြီးတော့ ကုမန့်နဲ့ ကုချင်တို့ မိသားစုအတွက်လဲ အိမ်တစ်လုံးစီ ဝယ်ပေးရပါဦးမယ်.

ပြီးတော့ အရမ်းပင်ပန်းပြီး ပဲစေ့လောက်သာလုပ်ခရတဲ့အလုပ်ကနေ ကုမန့်ကို ထွက်စေချင်ပါပြီ.

ကုမန့်သာ အိမ်ရှင်မတစ်ယောက်ဖြစ်ချင်တယ်ဆိုလဲ ကုနင်းအဆင်ပြေပါတယ်. သူမအမေက ကိုယ်စိတ်ဝင်စားတာလုပ်နေမယ်ဆိုရင် ကုနင်းဘက်ကလဲ ထောက်ပံ့ပေးဖို့အသင့်ပါပဲ.

ကုမန့် ဆိုင်လေးတစ်ဆိုင်ကို ဖွင့်ချင်ရင် ဖွင့်ခိုင်းပြီး ထိုဆိုင်ကို ကြည့်ဖို့အတွက် လူအချို့ငှားပေးထားမယ်. ကုမန့်ကတော့ သူသွားချင်တဲ့အချိန်မှ ဆိုင်ကိုသွားလို့လဲရမယ်. ကုနင်းလိုချင်တာကတော့ သူမအမေကို အေးအေးချမ်းချမ်းနဲ့ သက်သောင့်သက်သာဘဝမှာ နေစေချင်ရုံပါ.

ကုချင်တို့ မိသားစုအတွက်ကတော့ ကုမန့်ကိုထောက်ပံ့ပေးတဲ့နည်းအတိုင်း မလုပ်ပါဘူး. သူတို့လိုအပ်တဲ့ ငွေကြေးတစ်ခုထဲကိုသာ ထောက်ပံ့ပေးမှာပါ.

တကယ်လို့ သူတို့သာ ဆိုင်တစ်ဆိုင် ဒါမှမဟုတ် ရင်းနှီးမြှုပ်နှံမှုတစ်ခုလုပ်ချင်တယ်ဆိုရင် ကုနင်းကို ဘာမှပြန်မပေးခိုင်းပဲနဲ့ ထောက်ပံ့ပေးမှာပါ.

စောနေသေးတာကြောင့် ကုနင်းစာအုပ်ဆိုင်တစ်ဆိုင်ကို သွားလိုက်တယ်. သူမ ကျောက်စိမ်းနဲ့ တခြားကျောက်တွေနဲ့ပတ်သတ်တဲ့ စာအုပ်အများအပြားကိုဝယ်လိုက်ကာ သူမရဲ့ စိတ်စွမ်းအင်အာကာပြင်ထဲက သိုလှောင်ခန်းထဲထည့်သိမ်းလိုက်တယ်.

ပြီးသွားတော့ ကုန်သွယ်ရေးအဆောက်အအုံမှထွက်ကာ တက်စီငှားပြီး ကျောင်းသို့ပြန်လိုက်တယ်.

ကုနင်းကျောင်းကိုပြန်ရောက်တော့ ၂နာရီ၂၀မိနစ်ရှိပြီဖြစ်ကာ အတန်းပြန်စဖို့ ၁၀မိနစ် လိုသေးတာကြောင့် သူမကွက်တိကို ပြန်ရောက်လာတာပဲ.

ကုနင်းအပေါ်ထပ်ကို တက်လိုက်ချိန်မှာပဲ ချင်ကျန်းရယ် ကုရှောင်ရှောင်ရယ်နဲ့ တည့်တည့်ကြီးတိုးတော့တယ်.

ကုရှောင်ရှောင်တစ်ယောက် ကုနင်းကိုမြင်လိုက်တယ်ဆိုရင်ပဲ, ချင်ကျန်းရဲ့လက်မောင်းကိုလှမ်းကိုင်လိုက်ကာ ကုနင်းကို တမင်ရန်စသလို ကြည့်လိုက်တယ်.

ကုနင်းဆွံ့အသွားရတယ်.

ကုရှောင်ရှောင်က တကယ်ကြီး သူမချင်ကျန်းကို ကြိုက်နေသေးတုန်းလို့ ယုံနေတာလား?

ကုရှောင်ရှောင်ရဲ့မျက်လုံးထဲမှာတော့, ကုနင်းက ချင်ကျန်းကို အရင်တုန်းက အရမ်းကြိုက်ခဲ့တာကြောင့် အချိန်တိုလေးအတွင်းမမေ့နိုင်လောက်ဘူးလို့ထင်နေပါတယ်.

ချင်ကျန်းက သူမကို အသဲခွဲလိုက်တယ်ဆိုရင်တောင် ထိုဒဏ်ရာကနေပြန်ကောင်းဖို့ အချိန်တစ်ခုတော့ ယူရဦးမှာပဲ.

စိတ်မကောင်းစွာပဲ, ကုနင်းက အရင်နဲ့မတူတော့ပါဘူး. ချင်ကျန်းဆိုတာ သူမအတွက် သူစိမ်းတစ်ယောက်သပ်သပ်ပါပဲ.

ဒါကြောင့် ကုနင်းသူတို့ကို လျစ်လျူရှုလိုက်ကာ အပေါ်ထပ်ကို ဆက်တက်သွားလိုက်တယ်. ကုရှောင်ရှောင်ကတော့ သူမမျှော်လင့်ထားသလိုမျိုး ကုနင်းရဲ့ ဝမ်းနည်းသွားတဲ့ပုံစံကို မမြင်လိုက်ရတာကြောင့် ကြောင့် ရူးတော့မလိုပါဘဲ.

ဆန့်ကျင်ဘက်အနေနဲ့ ချင်ကျန်းကတော့ အတော်လေးဝမ်းနည်းသွားခဲ့တယ်.

All Chapters