← Chapters

အခန်း (၃၁-၃၅)

Vol. 3 Ch. 31-35

အခန်း (၃၁-၃၅)

Vol. 3 Ch. 31-35

အခန်း ၃၁ ဆရာမှ ပြဿနာရှာခြင်း

ချင်ကျန်း, ကုနင်းကိုမကြိုက်ရင်တောင်မှ သူ့ကိုအရမ်းကြိုက်နေတဲ့ မိန်းကလေးတစ်ယောက်က ချက်ချင်းကြီးပြောင်းလဲသွားတဲ့အချက်ကို လက်မခံနိုင်ဘူးဖြစ်နေတယ်.

ချင်ကျန်းသည် တစ်ကိုယ်ကောင်းဆန်တဲ့ကောင်လေးတစ်ယောက်ပါ. သူ့ကို လေးစားကြရင် ပျော်ရွှင်တတ်ပြီး လူအများကြားထင်ပေါ်နေရတာကိုလဲ ဂုဏ်ယူနေတတ်သူပေါ့.

ကုနင်းအတန်းထဲကို ဝင်သွားလိုက်တာနဲ့ ရှောင်ဖေးဖေးရဲ့ ကြင်နာမှုကင်းမဲ့နေသော အကြည့်တွေနဲ့ ရင်ဆိုလိုက်ရတယ်. အမှန်အတိုင်းပြောရရင် ထိုအကြည့်တွေကြောင့် ကုနင်း ဖျားချင်သလိုလိုတောင်ဖြစ်သွားရတယ်.

ကုနင်း ထိုင်လိုက်တာနဲ့ ယွီမီရှီ ချက်ချင်းကိုမေးလိုက်တယ်

"ကုနင်း, အားလုံးအဆင်ပြေရဲ့လား?"

"အရမ်းကိုပြေတာပေါ့" ဆိုပြီး ကုနင်းပြန်ဖြေပေးလိုက်တယ်.

ပထမအချိန်က အင်္ဂလိပ်စာအချိန်ဖြစ်ပြီး ဆရာက မမျှော်လင့်ထားစွာပဲ ကုနင်းအပေါ် အမှားရှာဖို့လုပ်နေတယ်.

ဆရာဒီလိုလုပ်ရတဲ့ ရည်ရွယ်ချက်ကို ကုနင်းသိပါတယ်.

ဒီအင်္ဂလိပ်ဆရာနာမည်က ချန်းမင်ဖြစ်ပြီး ချန်းကျီယောင်ရဲ့ဦးလေးလဲဖြစ်သည်. ကြည့်ရတာ ချန်းကျီယောင်က ကုနင်းကို တမင်အပြစ်ရှာဖို့ ချန်းမင်ကိုပြောထားတာပဲဖြစ်ရမယ်.

"ကုနင်း, ဒီစာကို အင်္ဂလိပ်လိုဘာသာပြန်ပြ." ချန်းမင်ပြောလိုက်တယ်.

ကုနင်း အင်္ဂလိမ်စာညံတာ လူတိုင်းသိကြပါတယ်. ချန်းမင်က တမင်သက်သက်ကို စာပိုဒ်တစ်ခုလုံးသူမကို ဘာသာပြန်ခိုင်းလိုက်တာပဲ.

သူတို့အတန်းထဲက အင်္ဂလိပ်စာ အတော်ဆုံးကျောင်းသားတောင်မှ လုပ်နိုင်မှာမဟုတ်ဘူး.

တကယ်လို့ တစ်ယောက်ယောက်ကသာ သုံးပုံနှစ်ပုံလောက်အထိ ဘာသာပြန်နိုင်နေရင် ချက်ချင်ကို ပျော်ပျော်ကြီး ထလုပ်ပြီးနေပြီ.

ဒါပေမယ့် ချန်းမင်က တမင် ကုနင်းကိုအပြစ်ရှာနေတာမှန်းအားလုံး ခန့်မှန်းမိကြပါတယ်.

အကြောင်းအရင်းကဘာမှန်းမသိကြပေမယ့် ရှောင်ဖေးဖေးနဲ့သူမသူငယ်ချင်းတွေကတော့ ဒါကိုမြင်တော့ အရမ်းတွေဝမ်းသာနေကြပါတယ်.

ဘယ်လိုကြောင့်ပဲဖြစ်ဖြစ် ကုနင်းကတော့ အေးအေးဆေးဆေး ယုံကြည်မှုအပြည့်နဲ့ မတ်တပ်ထရပ်လိုက်သည်.

ထိုစာပိုဒ်၏ မှန်ကန်သော အင်္ဂလိပ်ဘာသာပြန်နေတဲ့အသံက ကုနင်းရဲ့နှုတ်ကနေထွက်လာတာကြောင့် အားလုံးထိတ်လန့်ကုန်ကြတယ်.

ချန်းမင်လို အင်္ဂလိပ်ဆရာတစ်ယောက်တောင် ဒီလိုမျိုးမလုပ်နိုင်ဘူး.

အရင်ကုနင်းက အင်္ဂလိပ်စာညံ့တာမှန်ပေမယ့် အခုကုနင်းကတော့မတူပါဘူး. ဘာလို့ဆို သူမပြန်မမွေးဖွားခင်အရင်ဘဝတုန်းက နိုင်ငံခြားမှာလေ့ကျင့်ခဲ့ရတာကြောင့် အင်္ဂလိပ်ဘာသာဆိုတာ သူမအတွက်တော့ ဒုတိယမြောက်ဘာသာစကားတစ်မျိုးပဲဖြစ်တယ်.

နိုင်ငံခြားတိုင်းပြည်မှာ၁၀နှစ်တောင်နေလာမှတော့ သူမအင်္ဂလိပ်စကားကို အသံထွက်မှန်မှန်နဲ့ပြောနိုင်တယ်ဆိုတာ အံ့ဩစရာမဟုတ်ပါဘူး.

တကယ်လို့မင်းသာ သူမမျက်နှာကိုမကြည့်မိရင် တကယ့် အင်္ဂလိပ်လူမျိုးတစ်ယောက်ပြောနေတယ်လို့ထင်မိမှာပါ.

ထိတ်လန့်ပြီးနောက်မှာတော့ ရှောင်ဖေးဖေးနဲ့ သူ့သူငယ်ချင်းတွေအကုန် မနာလို ဝန်တိုမှုတွေနဲ့ အလွန်စိတ်တိုသွားကြတယ်.

ဘာလို့လဲ? ဘယ်လိုလုပ် ကုနင်းက အင်္ဂလိပ်စာမှာတော်သွားရတာလဲ?

ချန်းမင်ရဲ့ မျက်နှာတစ်ပြင်လုံးမကျေနပ်မှုများဖြင့်ပြည့်သွားသည့်အပြင် ရှက်သလိုပါခံစားလိုက်ရတယ်.

သူကုနင်ကို ရည်ရွယ်ချက်ရှိရှိရွေးလိုက်ပြီး တစ်ချိန်တည်းမှာပဲ သူသင်ပြတာကောင်းတာကြောင့်ဆိုပြီး သူ့ဂုဏ်မြင့်သွားပေမယ့်.

ကုနင်းက သူ့ထက်တောင်တော်နေတာကို သတိပြုမိတာကြောင့် မပျော်နိုင်ပါဘူး. ဒါကြောင့် သူ့အကြံကိုလက်လျှော့လိုက်ကာ ပုံမှန်မျက်နှာအနေအထားသို့ ပြန်ပြောင်းလိုက်တယ်.

အတန်းပြီးသွားတာနဲ့ ကုနင်းကို ယွီမီရှီ အလွန်လေးစားအားကျမှု နဲ့ စိတ်လှုပ်တရှား,

"ကုနင်း, နင်အင်္ဂလိပ်စာအရမ်းတော်တာပဲ!"

"နင်သင်ချင်ရင် ငါသင်ပေးမယ်လေ!" ကုနင်းပြန်ပြောလိုက်တယ်.

"တကယ်လား? သင်မှာပေါ့." ယွီမီရှီရဲ့ အင်္ဂလိပ်စာအရည်အချင်းကလဲ ညံ့တဲ့ထဲပါတာကြောင့် ဒီစကားကြားတာနဲ့ အရမ်းကိုပျော်သွားခဲ့တယ်.

"ဒီတော့ဘာဖြစ်လဲ? ဆင်းရဲတဲ့သူက အမြဲတမ်းဆင်းရဲသူပဲဖြစ်နေဦးမှာ အင်္ဂလိပ်စာဘယ်လောက်ကောင်းကောင်းအရေးမပါဘူး." ကုနင်းထပ်ပြီးအနိုင်ရသွားတာကို ရှောင်ဖေးဖေးလက်မခံနိုင်ပါဘူး. သူမရဲ့မျက်လုံးထဲမှာတော့ ဆင်းရဲတဲ့သူတစ်ယောက်ဟာ သူ့ကံကြမ္မာကို ဘယ်တော့မှမပြောင်းလဲနိုင်ပါဘူး.

"သေချာတာပေါ့," ယန်ယွီလုနဲ့ ဝူချင်းယတို့ကလဲ ထောက်ခံလိုက်တယ်. သူတို့က ရှောင်ဖေးဖေးနဲ့အချိန်အကြာကြီးရှိနေခဲ့တာကြောင့် သူတို့ကိုယ်တိုင် ရှင်းရှင်းလင်းလင်းနားလည်ပါတယ်.

ကုနင်းကတော့ ဘာကိုမှဂရုစိုက်မနေပါဘူး.

ချန်းမင် ရုံးခန်းကိုပြန်ရောက်တာနဲ့ ချန်းကျီယောင်ထံ ကုနင်းက အင်္ဂလိပ်စာတော်တာကြောင့် အပြစ်ရှာလို့မရကြောင်း စာလှမ်းပို့လိုက်တယ်.

ချန်းကျီယောင် စာကိုရတော့ ဒေါသထွက်ပြီး စိတ်လဲပျက်သွားပေမယ့် ချန်းမင်က ထိုအရာကအလုပ်မဖြစ်မယ့် ရှင်းရှင်းကြီးပြောထားတာကြောင့် လက်လျှော့လိုက်ရတော့တယ်.

နေ့လည်အတန်းချိန်တွေက မြန်မြန်ပဲပြီးဆုံးသွားခဲ့တယ်. ကုနင်းနဲ့ယွီမီရှီတို့ အတန်းထဲက မထွက်ခင်မှာပဲ, မုခယ်က အခန်းတံခါးနားကို ကြိုရောက်ကာ စောင့်နေတာကြောင့် ကောင်မလေးတွေရဲ့ ဆူညံလှတဲ့ ထင်မြင်ချက်အသံတွေနဲ့ထွက်ပေါ်လာနေတယ်.

"ဝိုး, သူက အခန်း၁က မုခယ်မဟုတ်လား? သူဘာလို့ဒီရောက်နေရတာလဲ?"

"ငါတို့အတန်းထဲက မိန်းကလေးတစ်ယောက်ယောက်ကြောင့်များလား?"

"ဘယ်သူများဖြစ်မလဲပဲ? မနာလိုလိုက်တာ."

"သေချာတာတော့ ငါ့အတွက်ကြောင့်လိုပဲဖြစ်လိုက်စေချင်တယ်."

"အိပ်မက်ပဲမက်နေလိုက်, သေချာပေါက် နင်ကတော့ သူ့ပုံစံနဲ့မကိုက်ဘူး."

...........

မုခယ်ကကျောင်းရဲ့ အချောဆုံးကျောင်းသားတစ်ယောက်မဟုတ်ပေမယ့် အတော်တော့ထူးချွန်ပါတယ်.

သူက စာမှာတော်သလို ဘက်စကတ်ဘောစကားတာတော်တဲ့အပြင် မိသားစုနောက်ခံကလဲ ကောင်းတာကြောင့် ၁၂တန်းတွေကြားထဲမှာ တော်တော်လေးနာမည်ကြီးတယ်.

"မုခယ်, နင်ဘယ်သူ့ကိုလာရှာတာလဲ?"

ကုနင်းနဲ့ ယွီမီရှီတို့ အပြင်ကိုထွက်လိုက်ကြတယ်. ထိုအချိန်မှာပဲ ရှောင်ဖေးဖေးက မုခယ်နားကိုလျှောက်သွားကာ မေးလိုက်ခြင်းဖြစ်တယ်.

ရှောင်ဖေးဖေးက ရှက်ရွံ့နေဟန်နဲ့ဖြစ်နေပြီး သာမာန်နေတွေကလို စိတ်ကြီးဝင်နေတဲ့ပုံစံနဲ့ ဘာဆိုဘာမှမဆိုင်ပါဘူး. ဒါကြောင့် ရှောင်ဖေးဖေးက မုခယ်ကို ကြိုက်နေတာမှန်း ကုနင်းသိလိုက်တယ်.

စိတ်မကောင်းစွာနဲ့ မုခယ်ကတော့ သူမကိုမကြိုက်ပါဘူး.

"ငါဒီကိုလာ...." မုခယ်သည် မာနလဲမကြီးသလို နူးလဲမနူးညံ့ပေမယ့် တခြားသူတွေကို ကောင်းကောင်းမွန်မွန်ပဲဆက်ဆံလေ့ရှိတယ်.

ဒါကြောင့် သူ ရှောင်ဖေးဖေးရဲ့မေးခွန်းကို လျစ်လျူမရှုလိုက်ပါဘူး.

ဒါပေမယ့် သူအဖြေကိုဆုံးအောင်မဖြေလိုက်နိုင်သေးခင်ပဲ ကုနင်းနဲ့ယွီမီရှီတို့အပြင်ထွက်လာတာကိုမြင်လိုက်ရတယ်. သူချက်ချင်းပဲ သူတို့ဆီသို့လျှောက်သွားကာ ရှောင်ဖေးဖေးကို ထားခဲ့လိုက်ရင်း,

"ဟေ့ ဘော့စ်, မီရှီ, အတူတူသွားစားကြရအောင်."

ဘော့စ်? အနားမှာရှိနေတဲ့လူတွေအကုန် အလွန်အံ့အားသင့်ကုန်ကြကာ အံ့ဩလွန်းလို့ သူတို့မျက်လုံးတွေပြူးကျယ်နေကြပြီး မုခယ်ကိုတစ်လှည့် ကုနင်းကိုတစ်လှည့်ကြည့်လိုက်ကြတယ်.

ဘာ? ဘော့စ်? ဘာလို့ မုခယ်က ကုနင်းကို "ဘော့စ်"လို့ခေါ်တာလဲ?

ဘာတွေဖြစ်ကုန်တာလဲ?

"သွားတာပေါ့" ကုနင်းကတော့ အံ့ဩနေတဲ့လူတွေအကုန်ကို လျစ်လျူရှုလိုက်ပြီး မုခယ်ရယ် ယွီမီရှီရယ်နဲ့အတူထွက်သွားလိုက်တယ်.

ကုနင်းနဲ့ သူမသူငယ်ချင်းတွေထွက်သွားပြီးခနကြာတော့မှ လူတိုင်းစိတ်နဲ့ကိုယ်ပြန်ကပ်သွားကြကာ စတင်ပြီး ပွတ်လောရိုက်ကုန်ကြတယ်.

"ဘာတွေလဲ? ငါနားကြားမှားသွားတာမလား? မုခယ်က ကုနင်းကို ဘော့စ်လို့ခေါ်တယ်လား?"

"နင်းကြားတာအမှန်ပဲ. ငါတို့အားလုံးလဲအဲ့လိုကြားလိုက်တယ်."

"ဒါပေမယ့် ဒါအမှန်မဖြစ်နိုင်ဘူး! ဘာတွေဖြစ်ကုန်တာလဲ?"

"ဘယ်သူသိလဲ!"

"မုခယ် ကုနင်းကိုကြိုက်နေတာလား? ကုနင်းက ဆင်းရဲတယ်ဆိုပေမယ့် လှတယ်လေ."

"ဒါဆို မုခယ်က ဘာလို့သူ့ကို ဘော့စ်လို့ခေါ်တာလဲ?"

"သူတို့နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းပုံစံဖြစ်မှာပေါ့."

..............

တစ်ချိန်ထဲတွင်, ရှောင်ဖေးဖေး ပို၍ပို၍စိတ်တိုလာကာ သူမရင်ထဲမှာစိတ်တိုလွန်းလို့အော်ဟစ်နေမိတယ်. သူမ မုခယ်ကိုအရမ်းကြိုက်ခဲ့တာလေ. ဘာလို့သူက ကုနင်းကိုရွေးသွားရတာလဲ?

ကုနင်းဆိုတာဘာမှမဟုတ်ဘူး. ရှောင်ဖေးဖေးနဲ့ ဘယ်လိုမှမယှဉ်နိုင်တဲ့ သူဆင်းရဲတစ်ဦးလေ.

မုခယ်က ကုနင်းကို လေးစားနေတာလို့ပဲ ရှောင်ဖေးဖေးအတင်းယုံကြည်နေလိုက်တယ်.

သူမ ဒါကိုလက်မခံနိုင်ဘူး သူမကို ကုနင်းပြန်ပေးဆပ်စေရမယ်လို့ ဆုံးဖြတ်ချက်ချထားခဲ့တာလေ.

ဒါပေမယ့် အခုလိုမရှင်းမရှင်းအဖြေအတွက် သူမကို ဘယ်သူက လာရှင်းပြကြမှာလဲ? သေချာပေါက် ကုနင်းကတော့လုပ်မှာမဟုတ်ဘူး.

ကုနင်းကတော့ နောက်မှာကျန်ခဲ့တဲ့လူတွေ ဘာပြောနေမလဲဆိုတာကို ဂရုမစိုက်ပါဘူး. သူတို့သုံးယောက်လုံး စားသောက်ဆောင် ဒုတိယထပ်သို့တန်းသွားလိုက်သည်. ဒီတစ်ခါတော့ မုခယ်ဝယ်‌ကျွေးမှာပါ.

ယွီမီရှီက စိတ်မသက်မသာခံစားနေရပေမယ့် ကုနင်းကတော့ အေးဆေးပါပဲ.

ချင်ကျန်း, ကျန်းယီမင်, ဖူမင်လျန်, ကုရှောင်ရှောင်နဲ့ ချန်းကျီယောင်တို့အားလုံးက ချမ်းသာတဲ့ကလေးတွေပါ. သူတို့အားလုံးလဲ သီးသန့်စားသောက်ခန်းမှာပဲ လာစားကြတာပါ. ဒီတော့ ကုနင်းနဲ့ သူမသူငယ်ချင်းတွေရောက်လာတော့ သူတို့နှစ်ဖွဲ့ထိပ်တိုက်ဆုံကြပါပြီ.

...............P31End............

ဖီးနစ်သွေးစက်

အခန်း ၃၂ ညီအစ်ကိုများကြားက အငြင်းပွားမှု

မုခယ်ကို ကုနင်းနဲ့အတူမြင်လိုက်ရတာကြောင့် ချင်ကျန်းနဲ့သူ့သူငယ်ချင်းတွေအကုန် အံ့ဩသွားကြတယ်.

အံ့ဩပြီးသွားတော့မှ, ကျန်းယီမင်က မနှစ်မြို့သောအသံဖြင့်

"မုခယ်, မင်းကဘာလို့ သူနဲ့အတူရှိနေတာလဲ?"

ထို"သူ"ဆိုတဲ့နေရာမှာ သိသိသာသာ လေသံကိုဖိပြီးတော့ပြောလိုက်တယ်.

ထိုစကားကိုကြားတော့ မုခယ်စိတ်အလိုမကျစွာနဲ့ မျက်မှောင်ကြုတ်လိုက်ပြီး,

"ငါဘယ်သူနဲ့ရှိရှိ မင်းကိစ္စမဟုတ်ဘူး." မုခယ် သူစိမ်းဆန်ဆန်ပဲ ပြန်ဖြေလိုက်တယ်.

ဖူမင်လျန် ချက်ချင်းပဲ အံ့ဩလွန်းလို့ထအော်လိုက်တယ်.

"ဘုရားရေ, မင်း ကုနင်းကိုကြိုက်နေတာလား? သူကဆင်းရဲတယ်နော်. ဘယ်တော့မှ မင်းနဲ့ အတူရှိနိုင်မှာမဟုတ်ဘူး!"

ဖူမင်လျန်ကလဲ မုခယ် ကုနင်းကို ကြိုက်နေတယ်လို့ထင်နေတယ်. ဒါကြောင့်နဲ့တော့ သူ့ရဲ့မနှစ်မြို့မှုကို မဖုံးကွယ်ထားချင်ဘူး.

"မင်း ပါးစပ်ကိုပိတ်ထားလိုက်!" မုခယ်စိတ်တိုသွားတယ်. ကုနင်းက သူ့ရဲ့ဘော့စ်ဖြစ်ပြီး သူ့နှလုံးသားထဲမှာ အရေးအကြီးဆုံးပုံရိပ်အနေနဲ့တည်ရှိနေတာပါ.

မုခယ် အေးစက်စက်အကြည့်တွေနဲ့ ဖူမင်လျန်ကိုကြည့်လိုက်တယ်. သူ့ပုံစံက ထရိုက်တော့မလိုတောင်နဲ့,

"ဖူမင်လျန်, မင်းဒီစကားမျိုးနောက်ထပ်ပြောရဲပြောကြည့်စမ်း, မင်းကိုရိုက်ပစ်မယ်!"

မုခယ်ရဲ့ အပြုအမူကအောင်မြင်စွာနဲ့ပဲ ဖူမင်လျန်ကို ဒေါသထွက်စေခဲ့တယ်. သူစိတ်တိုစွာနဲ့ မုခယ်ကိုအော်လိုက်ပြီး,

"မုခယ်, မင်းဘာဖြစ်နေတာလဲ? အဲ့မိန်းကလေးအတွက်နဲ့ မင်းက မင်းရဲ့ညီအစ်ကို,ကိုတောင် တကယ်ရိုက်တော့မယ်ပေါ့?"

ဖူမင်လျန်ရဲ့အော်သံက ဘေးနားရှိလူများကို ဆွဲဆောင်သွားခဲ့တယ်.

"စိတ်ဝင်စားစရာပဲ," မုခယ်ရယ်လိုက်ကာ ထေ့ငေါ့ပြီး,

"အရိုးသားဆုံးပြောရရင် ငါမင်းတို့နဲ့သူငယ်ချင်းမဖြစ်ချင်ဘူး. မင်းတို့က ဖြူစင်တဲ့အတန်းဖော်ကို အရှက်ခွဲအနိုင်ကျင့်ရတာကို ပျော်နေကြတဲ့သူတွေပဲ. မင်းတို့အားလုံးက မင်းတို့မိဘတွေရဲ့ ချမ်းသာပြီးခမ်းနားကြီးကျယ်တဲ့ဘဝတွေအပေါ်မှာ မှီခိုနေကြတာ.

ပြီးတော့ အဲ့ဒါကို မင်းတို့က ဂုဏ်ယူနေကြသေးတယ်လား? မရှက်ကြဘူးလား. တစ်ကြိမ်လောက် မမှီခိုပဲကြိုးစားကြည့်ကြပါလား!"

မုခယ်အားလုံးကို တိုက်ခိုက်ပြောဆိုလိုက်ပြီး သူတို့အပေါ် စိတ်အလိုမကျမှုတွေက ပိုလို့တောင်မြင့်တက်လာတယ်.

ချန်းကျီယောင် မနေ့တုန်းက သူမကို ကုနင်းပါးရိုက်ခဲ့တာကို သတိရနေသေးတာကြောင့် အခုမှပထမဆုံးအကြိမ်စကားစပြောလိုက်တယ်,

"ငါတို့သူ့ကို ဆင်းရဲတဲ့ကောင်မလေးလို့ခေါ်တာ ဘာများမှားနေလို့လဲ? သူက တကယ်ဆင်းရဲတာပဲ! ပြီးတော့ ငါတို့မိဘအပေါ်ငါတို့မှီခိုတာကကော ဘာများမှားနေလို့လဲ? ဒါတွေအားလုံးက ငါတို့အားလုံးမှာ ချမ်းသာပြီး အင်အားကြီးတဲ့မိသားစုတွေရှိနေလို့ပဲဟာ!"

"မှန်တယ်, သူကမွေးကတည်းကဆင်းရဲလာတာ! သနားစရာပဲ!" ကုရှောင်ရှောင်ကပါ နောက်ကနေလိုက်ပြီး ထောက်ခံလိုက်တယ်.

"မုခယ်, မင်းကျတော့ရော? မင်းအခုရတနာဆိုင်ကို လုပ်နေပြီဆိုတော့. မင်းမိဘတွေဆီ ပိုက်ဆံမတောင်းတော့ဘူးပေါ့?"ဖူမင်လျန်လုံးဝမကျေနပ်ပါဘူးပြီးတော့ အရမ်းလဲ မနာလိုဖြစ်နေပါတယ်.

မှန်ပါတယ်. သူမနာလိုဖြစ်နေတာပါ.

ဖူမင်လျန်ဟာ ရင်းနှီးမြှုပ်နှံမှုလုပ်ဖို့လဲစိတ်မဝင်စားသလို အလုပ်ကြိုးစားဖို့လဲ ရည်ရွယ်ချက်မရှိသော်လည်း မုခယ်ရဲ့အမြတ်အစွန်းရနေတဲ့ စီးပွားရေးလုပ်ငန်းကို မနာလိုဖြစ်နေပါသေးတယ်.

မုခယ်သူ့ထက်သာသွားတာကို သူမလိုချင်ပါဘူး.

ဒါကိုသိလိုက်တော့ ကုနင်းလဲအံ့ဩသွားရတယ်. မုခယ် ဒီလောက်ငယ်ငယ်လေးနဲ့ လုပ်ငန်းတစ်ခုကို ရင်းနှီးမြှုပ်နှံပြီးဖြစ်နေမယ်လို့ သူမမမျှော်လင့်ထားဘူး.

ရတနာဆိုတဲ့လား. သူမနဲ့အရည်အချင်းတူတဲ့လူကို တန်းတွေ့လိုက်ရတာပဲ.

"အဲ့တော့ ဘာဖြစ်လဲ? အနည်းဆုံးတော့ ငါ့မိသားစုက ငါ့ကိုငွေလောက်ပဲထောက်ပံ့ပေးရတာလေ." မုခယ်ကြွားနေတာမဟုတ်ဘဲ အမှန်အတိုင်းပြောနေရုံပါ.

ကုနင်း နှလုံးသားထဲကနေ မုခယ်ကိုထောက်ခံပေးလိုက်တယ်. မုခယ်က စိတ်ဓာတ်ခိုင်မာပြီး စွမ်းရည်လဲရှိတဲ့ ကောင်လေးတစ်ယောက်အဖြစ် သူမလက်ခံလိုက်တယ်.

ဖြစ်နိုင်မယ်ဆိုရင်, သူမ မုခယ်နဲ့တောင် ပူးပေါင်းဆောင်ရွက်ချင်သေးတယ်.

"မင်း....." ဖူမင်လျန် စိတ်မကျေနပ်သေးပေမယ့် ထိုအချက်ကလဲမှန်ကန်မှန်းသိနေတယ်. နောက်ဆုံး သူဘာမှပြန်ပြီး မငြင်းဆိုနိုင်တော့ဘူးဖြစ်သွားတယ်.

ဖူမင်လျန် အရုံးပေးလိုက်တာနဲ့ ကုရှောင်ရှောင်က ဆက်ပြီး,

"ဟွန့်, ကုနင်း မနေ့က နင်ချမ်းသာလာလိမ့်မယ်လို့ပြောခဲ့တယ်နော်. အဲ့အဓိပ္ပါယ်က မုခယ်လိုမျိုး ချမ်းသာတဲ့ကောင်လေးတစ်ယောက်ကို ရှာတွေ့သွားလို့လား?"

"ဟုတ်ပါတယ်လေ, မုခယ်က ချမ်းသာတဲ့မိသားစုကဆိုတာ အမှန်ပဲ. ဘယ်လိုပဲဖြစ်ဖြစ် သူဘယ်တော့မှ ချမ်းသာတဲ့မိသားစုကလူနဲ့လက်ထပ်နိုင်မှာမဟုတ်ဘူး. မုခယ်လဲ နင့်ကို မကြာခင်ပစ်သွားလိမ့်မယ်.

ပြီးရင်တော့ နင့်အမေလိုမျိုး ကောလိပ်ပထမနှစ်လောက်နဲ့ ကိုယ်ဝန်ရှိသွားပြီး ယောက်ျားကပါစွန့်ပစ်လိုက်တာကြောင့် ကျောင်းပါထွက်လိုက်ရတဲ့ အဆုံးသတ်လိုမျိုးမဖြစ်အောင် ဘုရားသခင်ဆီမှာသာ ဆုတောင်းနေလိုက်တော့. အခုတော့ သူ.....အား!"

ကုရှောင်ရှောင် စကားဆုံးအောင်မပြောရသေးခင်မှာပဲ အကျယ်ကြီးအော်လိုက်တာကြောင့် ကန်တင်းထဲမှလူအားလုံး ထိတ်လန့်သွားကြတယ်.

အထူးသဖြင့် သူမဘေးနားတွင်ရပ်နေကြသူတွေပေါ့ , သူမအော်သံကြောင့် နားတောင်ပင်းတော့မလိုဖြစ်သွားကြတယ်.

အခုတော့ ကုရှောင်ရှောင်ခေါင်းပေါ်မှာ ပန်းကန်ပြားတစ်ချပ်မှောက်နေတယ်. အစားအသောက်တွေနဲ့ ဆီတွေက သူမဆံပင်, မျက်နှာနဲ့ အင်္ကျီတွေ တစ်လျှောက်စီးကျနေသည်.

ကုရှောင်ရှောင်ရဲ့မျက်နှာပေါ်မှာတော့ ကြက်ဥတစ်လုံးရှိနေတယ်.

တချိန်တည်းမှာပဲ အားလုံးက ကုနင်းကို အံ့ဩထိတ်လန့်စွာနဲ့ ကြည့်နေကြတယ်.

ကုရှောင်ရှောင်တည့်တည့်သို့ ပန်ကန်းပြားကို ကုနင်းပစ်လိုက်တာမှန်း အားလုံးရှင်းရှင်းကြီး မြင်လိုက်ကြတယ်လေ. ပန်းကန်ဟာလေထဲမှာတောင်မှ အကြိမ်များစွာ ပတ်နေပြီးမှ ကုရှောင်ရှောင်ရဲ့ခေါင်းပေါ်တည့်တည့်ကြီး ကျသွားခဲ့တယ်.

ဒါတိုက်ဆိုတာပဲလား? မဟုတ်ဘူး, မဖြစ်နိုင်ဘူး.

ဒါကိုတွေးနေကြရင်းပဲ အများစုရဲ့ ကုနင်းအပေါ်အမြင်တွေပြောင်းသွားကြတယ်. အထူးသဖြင့် သိုင်းပညာကိုမြတ်နိုးတဲ့လူတွေပေါ့.

"ဝိုး, ဘော့စ်,အရမ်းမိုက်တာပဲ. အဲ့ဒီ့တိုက်ကွက်မျိုး ငါလဲသင်ချင်တယ်!" မုခယ် စိတ်လှုပ်ရှားမှုကြောင့် အသံမြှင့်ပြီးပြောလိုက်တယ်. ကုနင်းအပေါ် သူ့ရဲ့လေးစားမှုတွေက တစ်နေ့တစ်ခြားပိုမြင့်လာတယ်.

ဘော့စ်? လူစုကြီးထပ်ပြီးတော့ ထိတ်လန့်သွားရပြန်တယ်.

မုခယ်က ကုနင်းကို ဘော့စ်လို့ခေါ်လိုက်တာလား? ဘာတွေဖြစ်ကုန်တာလဲ?

ကုနင်း မုခယ်ကို လျစ်လျူရှုထားကာ ကုရှောင်ရှောင်ကိုသာ အေးစက်စွာနဲ့ကြည့်နေလိုက်တယ်.

ပြီးတော့ သတိပေးလိုက်တယ်,

"ကုရှောင်ရှောင်, နင့်ရဲ့ပုပ်ဟောင်နေတဲ့ ပါးစပ်ပေါက်ကိုပိတ်ထားစမ်း. ငါ့အမေကို စော်ကားတဲ့ နောက်စကားတစ်ခွေန်းလောက်ပဲ ထပ်ပြောမယ်ဆိုရင် နင့်ကို မြေထဲရောက်သွားတဲ့အထိ ရိုက်ချပစ်မယ်."

"WTF! ကုနင်း, ငါနင့်ကိုသတ်မယ်!" ကုရှောင်ရှောင် ကုနင်းရဲ့သတိပေးစကားကို နားမထောင်ပါဘူး.

သူမရူးသွပ်စွာနဲ့ ကုနင်းထံပြေးဝင်သွားလိုက်တယ်. သူမရဲ့ခေါင်းပေါ်က ပန်းကန်ပြားဟာလဲ တစ်ချိန်ထဲမှာပဲ ကြမ်းပြင်ပေါ်ကျသွားခဲ့တယ်.

ကုနင်း နှာခေါင်းရှုံ့လိုက်ကာ ဘေးနားရှိစားပွဲတစ်လုံးကို သူမရှေ့သို့ဆွဲလိုက်တယ်.

ထိုနောက် ကုရှောင်ရှောင် စားပွဲနဲ့တည့်တည့်ကြီးကို ဝင်တိုက်သွားခဲ့တယ်.

လူအုပ်ကြီးကလဲ တတိယအကြိမ်အဖြစ် ထပ်မံထိတ်လန့်သွားရပြန်တယ်.

စားပွဲက အလေးကြီးလေ. ဘယ်လိုလုပ် ကုနင်းက လွယ်လွယ်လေးရွှေ့လိုက်နိုင်ရတာလဲ?

အခုတော့, ကုနင်းသည် သိုင်းဆရာတစ်ယောက်ဆိုတာ အားလုံးယုံသွားကြပြီ.

ကုရှောင်ရှောင်က ချင်ကျန်းရဲ့ချစ်သူဖြစ်တယ်. အခုလိုမျိုး ကုရှောင်ရှောင်ဆိုးဆိုးရွားရွားဆက်ဆံခံနေရတာကို မြင်နေရတာက သူ့ကိုလဲ စိတ်အနှောင့်အယှက်ဖြစ်စေတာကြောင့် ချက်ချင်းပဲ ကုရှောင်ရှောင်ဘက်နေ ရပ်တည်ပေးလိုက်ကာ,

"ကုနင်း, မင်းအရမ်းလွန်သွားပြီ!" သူအပြစ်တင်လိုက်တယ်.

ပြောနေရင်းနဲ့ပဲ ကုရှောင်ရှောင်မတ်တပ်ရပ်နိုင်အောင် ကူညီဖို့သွားလိုက်တယ်.

"စိတ်ဝင်စားစရာပဲ," ကုနင်းထပ်ပြီး နှာခေါင်းရှုံ့လိုက်ကာ ချင်ကျန်းကို အဓိပ္ပါယ်ပါပါကြည့်လိုက်ပြီး,

"တကယ်လား? နင် ငါ့အပေါ်လုပ်ခဲ့တာနဲ့ ယှဉ်ကြည့်ပါဦး, တကယ်ပဲ ငါလွန်တာလား? နင်စိတ်မရှိဘူးဆိုရင် အဲ့ဒီအဖြစ်အပျက်တွေအားလုံးကို ဒီလူအုပ်ကြီးရှေ့မှာပြောပြပြီး အားလုံးရဲ့ ဆုံးဖြတ်ချက်ကို ခံယူကြတာပေါ့."

ကုနင်း အစက ဒီအခြေအနေအထိသွားဖို့ ရည်ရွယ်ချက်မရှိပါဘူး. ဒီလူတွေက သူမကိုလွှတ်မပေးမှတော့ သူမဘက်ကလဲ အဆုံးထိ တိုက်ခိုက်ရတော့မှာပေါ့.

"မင်း...." ချင်ကျန်း အကျပ်ရိုက်သွားရတယ်. သူတို့ ကုနင်းအပေါ် ဘာတွေလုပ်ခဲ့လဲဆိုတာ သူသေချာပေါက်သိတာပေါ့.

သူတို့ ကုနင်းအပေါ် ဘာတွေလုပ်ခဲ့ကြတာလဲ?

အတွင်းလူတွေကတော့ ကုနင်းဘာကို ရည်ရွယ်နေလဲဆိုတာသိတာပေါ့. ဒါပေမယ့် အပြင်လူတွေကတော့ ဘာတွေဖြစ်ခဲ့လဲဆိုတာ အရမ်းသိချင်နေကြတယ်. သိချင်စိတ်တွေပြည့်နေကြတဲ့ အကြည့်တွေက ကုနင်း, ကုရှောင်ရှောင်နဲ့ ချင်ကျန်းတို့ အပေါ်ကျရောက်ကုန်တယ်.

မုခယ်ကတော့ အတွင်းလူဖြစ်ပြီးတော့ ယွီမီရှီကတော့ အမှန်တရားရဲ့ တစ်ဝက်လောက်ကိုပဲသိပါတယ်. သူတို့နှစ်ယောက်လုံး ရူးကြတော့မလိုပဲ.

"အတိတ်ကို အတိတ်မှာပဲထားလိုက်ပါတော့. ဘယ်လိုပဲဖြစ်ဖြစ် အခုမင်းလဲဆင်ပြေနေပြီပဲ." ကုနင်းအဖြစ်မှန်ကို ပြောလိုက်မှာကို ချင်ကျန်းစိုးရိမ်နေမိတယ်.

...............P32End............

ဖီးနစ်သွေးစက်

အခန်း ၃၃ မတောင်းပန်နိုင်ဘူး

ကုနင်း ရယ်စရာတစ်ခုလိုခံစားလိုက်ရတယ်. သူမဘက်ကလဲ ချင်ကျန်းရဲ့အယူအဆနဲ့ တစ်ပုံစံတည်းပြန်ငြင်းလိုက်တယ်.

"ဒီလိုသာဆို, ဖြစ်ခဲ့ပြီးသမျှအရာရာတိုင်းကို ခွင့်လွှတ်ပေးရမှာပေါ့ ဟုတ်တယ်မလား?"

ထို့နောက် ချင်ကျန်း သူမကို အပြစ်တင်ဖို့အကြောင်းမရှိတော့ဘူး.

ချင်ကျန်းမကျေမနပ်ဖြစ်သွားပေမယ့် ပြန်ချေပဖို့ကလဲ မဖြစ်နိုင်ဘူး. တစ်ဖက်မှာတော့ ကုရှောင်ရှောင်လဲ စိတ်တိုသွားကာ ကုနင်းကို ဘယ်လိုမှခွင့်မလွှတ်ပေးနိုင်တော့ဘူး.

"ကုနင်း, နင်ကများ ငါ့ကို ပန်းကန်ပြားနဲ့ပစ်တယ်ပေါ့. နင်ဒါကို ဘယ်လိုမှရှောင်လို့မရစေရဘူး!" ကုရှောင်ရှောင် မုန်းတီးစွာနဲ့ပြောလိုက်ရင်း ကုရှောင်ရှောင်ထံ စားပွဲပေါ်က ပန်းကန်ပြားကိုယူပြီး ပစ်လိုက်တယ်.

သူတို့နှစ်ယောက်က နီးနီးလေးရပ်နေတာကြောင့် ရှောင်ဖို့ဘယ်လိုမှမဖြစ်နိုင်ပါဘူး. အားလုံးကလဲ ကုနင်းရှိရာသို့ ပန်းကန်ပြားပျံသန်းသွားတာကို လိုက်ကြည့်နေကြတယ်.

ကုနင်းက သူမရဲ့စွမ်းရည်ကို ထုတ်ဖော်ပြသပြီးသားပေမယ့် အလွန်နီးနေတာကြောင့် တခြားလူတွေကတော့ ဒီပန်းကန်ပြားကို ကုနင်းမရှောင်နိုင်လိုက်မှာကို စိုးရိမ်နေကြသေးတယ်.

လူတိုင်းရှင်းရှင်းလင်းလင်း မမြင်လိုက်နိုင်သေးခင်မှာပဲ,

ဘမ်း

ပန်းကန်ပြားကွဲသွားခဲ့တယ်.

အခုလေးတင်မြင်တွေ့လိုက်ရတဲ့ မြင်ကွင်းကြောင့် အားလုံးအံ့ဩနေကြတယ်.

ကုနင်းက ဒီလောက်မြန်မြန်သူ့ထံဝင်လာတဲ့ ပန်းကန်ပြားကိုတောင်မှ လက်သီးတစ်ချက်နဲ့ ရိုက်ချလိုက်နိုင်တယ်. ပန်းကန်ပြားက တစ်စဆီကျိုးပဲ့သွားပေမယ့် ကုနင်းရဲ့လက်ကတော့ မူလအတိုင်းပဲရှိနေသေးတယ်.

"ဝိုး, တကယ့်ကို အံ့ဩစရာပဲ!" ကုနင်းကို လေးစားမှုတွေအပြည့်နဲ့ မုခယ်ကြည့်လိုက်တယ်. အခုဆို ကုနင်းကို သူဘယ်လောက်ထိတောင် လေးစားမိနေပြီလဲဆိုတာ ဖော်တောင်မပြနိုင်တော့ဘူး.

အားလုံးကလဲ ချီးကျူးလိုက်ကြတယ်.

"နင်,နင်....." ကုရှောင်ရှောင် ဒီတစ်ကြိမ်တော့ လုံးဝကြောက်သွားကာ ကုနင်းကို သားရဲတစ်ကောင်မြင်နေရသလို ကြောက်ကြောက်လန့်လန့်ကြည့်ရင်းနောက်ကိုဆုတ်သွားလိုက်မိတယ်.

ဘယ်လိုဖြစ်လာတာလဲ? ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? ဘယ်ကတည်းက ကုနင်းဒီလောက် ခွန်အားကြီးသွားတာလဲ?

"ကုရှောင်ရှောင်, မနေ့ကတည်းက ငါနဲ့ဝေးဝေးနေဖို့ နင့်ကို သတိပေးထားတယ်နော်, ဒါပေမယ့် နင်နားမထောင်ခဲ့ဘူး. ငါ့ကိုအေးဆေးပေးမနေမှတော့ ငါ့ဘက်ကလဲ နည်းနည်းလောက်ပျော်စရာလေးတွေ လုပ်ပေးရမှာပေါ့" ကုနင်းအေးစက်စွာနဲ့ ပြောလိုက်တယ်.

"နင်...." ကုရှောင်ရှောင် ကြည့်ရတာ ကုနင်းကိုတော်တော်ကြောက်နေတဲ့ပုံပဲ. သူမအခုလောလောဆယ်တော့ အရှုံးပေးလိုက်ပေမယ့် ကျေတော့မကျေနပ်သေးပါဘူး. ပြီးတော့ ကြောက်စရာကောင်းတဲ့အသံနဲ့ ဆက်ပြောလိုက်တယ်,

"ကုနင်း, နင် ငါ့ကိုအနိုင်ကျင့်တဲ့အကြောင်း ငါ့အဖေနဲ့ အဘွားကိုတိုင်ပြောပစ်မယ်. အဘွားကိုလဲ နင်တို့ကို အိမ်ဟောင်းကနေနှင်ထုတ်ဖို့ပြောလိုက်မယ်. နင်တို့အားလုံး အိုးမဲ့အိမ်မဲ့တွေဖြစ်သွားစေရမယ်."

သူမမိသားစုမှာတော့ ကုရှောင်ရှောင် အဓိကပါပဲ. သူမသာ အတင်းအကျပ်တိုက်တွန်းလိုက်မယ်ဆိုရင် အဘွားကလဲ သူမသဘောအတိုင်းလုပ်ပေးမှာပါ.

"ငါတို့ အိမ်ဟောင်းမှာအလကားနေနေတာမဟုတ်ဘူး. လခနဲ့နေနေတာ. အိမ်ဟောင်းကနေထွက်သွားမယ်ဆိုရင်လဲ ငါတို့နေချင်တဲ့နေရာမှာနေနိုင်တယ်." ကုနင်းကတော့ ဘာကိုမှ ဂရုမစိုက်နေပါဘူး. ဘယ်လိုပဲဖြစ်ဖြစ် အဲ့ဒီနေရာမှာ အကြာကြီးဆက်နေဖို့ စိတ်ကူးလဲ သူမမှာမရှိပါဘူး.

တကယ်လို့ သူတို့ ဒီနေ့အိမ်ဟောင်းက ဖယ်ပေးရမယ်ဆိုရင် အရင်ဆုံး သူမနဲ့ ကုမန့်တို့ ဟော်တယ်မှာပဲ နေကြမယ်. သူမ မြို့တော့Gကပြန်လာတော့မှပဲ အိမ်အသစ်ဝယ်ရမယ်.

"ဘော့စ်, မင်းဘာမှစိုးရိမ်စရာမလိုဘူး. အိမ်ရှာဖို့အတွက် ငါရှာပေးမယ်." မုခယ်ကလဲ ကုနင်းကိုထောက်ခံအားပေးလိုက်တယ်.

"နင်တို့...." ကုရှောင်ရှောင်အခုဆို ပိုလို့တောင် စိတ်တိုသွားပါပြီ. သူမ အံကြိတ်လိုက်ရင်း

"ကောင်းတယ်, ကောင်းလိုက်တာ, ကုနင်း ကြည့်ကြသေးတာပေါ့. နင်နောက်တရလိမ့်မယ်."

ထို့နောက် သူမ ကုနင်းကိုတစ်ချက်ကြည့်လိုက်ပြီး လှည့်ထွက်သွားတော့တယ်. ချင်ကျန်းနဲ့ တခြားသူငယ်ချင်းတွေကိုတောင်မှ သူမလျစ်လျူရှုထားခဲ့တယ်.

ချန်းကျီယောင်လဲ ကုနင်းအခုလို လွတ်မြောက်သွားတာကို မြင်ရတာ မကျေနပ်ပေ. သူမလဲ ကုနင်းကို တစ်ချက်ကြည့်သွားလိုက်တယ်.

ချင်ကျန်း, ကျန်းယီမင် နဲ့ ဖူမင်လျန်တို့အားလုံးလဲ မပျော်ရွှင်ကြပါဘူး. သူတို့လဲ ကုနင်းနဲ့ မုခယ်ကိုတစ်ချက်ကြည့်လိုက်ပြီးတော့မှ ထွက်သွားကြတယ်.

သူတို့အားလုံးထွက်သွားတော့မှ လူအုပ်ကြီးလဲ အသီးသီးကွဲပြားသွားတော့တယ်. ကုနင်းနဲ့ သူမသူငယ်ချင်းတွေလဲ ပထမတော့ စက်ဆုပ်ရွံရှာသလိုခံစားနေရပေမယ့် ပြီးတော့လဲ စားသောက်ကာ အောင်ပွဲခံနေကြတော့တယ်.

ကုရှောင်ရှောင် ထွက်သွားပြီးတာနဲ့တစ်ပြိုင်နက် သူမအမေကို ဖုန်းလှမ်းခေါ်လိုက်တယ်. ကုရှောင်ရှောင်ရဲ့အမေ,လင်လိကျွမ်း, သည် သူမရဲ့သမီးတစ်ဦးတည်းကိုသာ ရှေ့တန်းတင်တတ်တဲ့ မိန်းမမျိုးပါ. သူမသမီး အနိုင်ကျင့်ခံရတယ်လို့ကြားလိုက်တာနဲ့ လင်လိကျွမ်း၏ ဒေါသထွက်ဆူပွက်လာတော့တယ်.

ကုရှောင်ရှောင်ကတော့ မီးထဲ လောင်စာထည့်ဖြည့်လိုက်ကာ သူမအမေအား ကုနင်းက ချမ်းသာတဲ့ကောင်လေးတစ်ယောက်နဲ့တွဲနေပြီး အကျင့်စာရိတ္တတွေဘယ်လိုပျက်ပြားနေကြားစသဖြင့် ထည့်ဖြည့်ပြောလိုက်တယ်.

လင်လိကျွမ်း ဖုန်းပြောနေရင်းတန်းလန်းနဲ့ပဲ ကုရှောင်ရှောင်ကို ပြန်ခေါ်ဖို့ ဒရိုင်ဘာကိုလွှတ်လိုက်တယ်. ပြီးတာနဲ့ ကုမန့်ကိုဖုန်းခေါ်လိုက်ကာ အကြာကြီး အရှက်ခွဲ အပြစ်တင်နေတော့တယ်.

လင်လိကျွမ်းက ကုမန့်အား ကုနင်းကို ကုရှောင်ရှောင်ထံ တောင်းပန်ဖို့လွတ်ရင်လွတ်လိုက် မဟုတ်ရင်တော့ ဒီကိစ္စကို ဘယ်တော့မှကျေအေးပေးမှာမဟုတ်ဘူးလို့ ရာဇသံထုတ်လိုက်တယ်.

ဘာတွေဖြစ်ခဲ့တာလဲ ကြားပြီးပြီးချင်း ကုမန့်ထိတ်လန့်သွားခဲ့တယ်. ကုနင်းက ကုရှောင်ရှောင်ကို ပန်းကန်ပြားနဲ့ ပစ်ပေါက်လိုက်တဲ့အပြင် ပါးတောင်ရိုက်လိုက်သေးတယ်တဲ့လား? ကုမန့်အတွက် ဒါကယုံဖို့ခက်ခဲတယ်ဆိုပေမယ့် လင်လိကျွမ်းကိုယ်တိုင်ဖုန်းဆက်ပြောလာတယ်ဆိုတော့ အမှန်ဖြစ်နိုင်တယ်.

တစ်ချိန်တည်းမှာပဲ လင်လိကျွမ်းပြောသလောက်မဆိုးလောက်ဘူးလို့လဲ ကုမန့်ယူဆခဲ့တယ်. ကုနင်းက ကုရှောင်ရှောင်ကို ရိုက်ခဲ့တယ်ဆိုရင်တော့ သူမကို ကုရှောင်ရှောင်ကအရင်ဒေါသထွက်အောင်လုပ်ခဲ့လို့ပဲဖြစ်ရမယ်.

ကုရှောင်ရှောင်အကြောင်း ကုမန့်ကောင်းကောင်းသိပါတယ်. ငယ်ငယ်ကတည်းက ကုရှောင်ရှောင်က ကုနင်းကို မရေမတွက်နိုင်အောင် အနိုင်ကျင့်ခဲ့တာလေ.

ကုနင်းအနိုင်ကျင့်ခံနေရမှန်း ကုမန့်သိပေမယ့် ဘယ်လိုအဆင်ပြေအောင်လုပ်ရမှန်းတော့ သူမမသိပါဘူး.

လင်လိကျွမ်းပြောသမျှထဲမှာ ကုမန့်ကိုအကြောက်စေဆုံးအရာကတော့ ကုနင်းက ချမ်းသာတဲ့ကောင်လေးနဲ့တွဲနေပြီး အကျင့်ပျက်နေတယ်ဆိုတာပါပဲ.

ကုနင်းဒီလိုလုပ်လိမ့်မယ်လို့ သူမမယုံပေမယ့် ဆယ်ကျော်သက် မီးကောင်ပေါက်အရွယ်ဆိုတာ လွယ်လွယ်ကူကူ အချစ်မှာ ကျရှုံးတတ်ကြတယ်လေ. ကုနင်း တစ်ခုခုအမှားလုပ်မိခဲ့မှာကို သူမစိုးရိမ်နေမိတယ်.

လင်လိကျွမ်းဆီကနေဖုန်းရပြီးတာနဲ့ ချက်ချင်းပဲ ကုနင်းဆီကို ဖုန်းခေါ်လိုက်တယ်.

ကုမန့်ရဲ့ ဖုန်းခေါ်တာခံရချိန်မှာတော့ ကုနင်းတို့တောအုပ်လေးထဲရောက်နေကြပါပြီ.

"နင်းနင်း, သမီးရဲ့အန်တီကြီး အခုပဲဖုန်းဆက်ပြီး သမီး ရှောင်ရှောင့်ကို ပန်းကန်နဲ့ပစ်လိုက်တယ်လို့ပြောတယ်. သူ့ကို ရိုက်တောင်ရိုက်လိုက်သေးတယ်ဆို? ဘာတွေဖြစ်ကြတာလဲ? သမီးရဲ့အန်တီကြီးက ရှောင်ရှောင်ကို တောင်းပန်ရမယ်တဲ့ မဟုတ်ရင် လုံးဝခွင့်မလွှတ်ဘူးလို့ပြောတယ်." ကုမန့် စိတ်ပူစွာနဲ့ပြောလိုက်တယ်.

ဒါကိုကြားရတာ ကုနင်းကတော့ လုံးဝမအံ့ဩသွားပါဘူး. ကုရှောင်ရှောင်ဒီလိုလုပ်မယ်ဆိုတာ ကြိုသိနေပြီးသားပဲကို.

"သူ့ကို ပန်းကန်နဲ့ပစ်ခဲ့ပေမယ့် အဲ့ဒါက သူ့ကို မရိုက်မိပါဘူး. သူခေါင်းပေါ်ကိုပဲမှောက်ကျသွားပြီး သူ့ဆံပင်,မျက်နှာနဲ့ အင်္ကျီတွေအပေါ် ဆီတွေဖိတ်ကျသွားရုံပဲ. အဲ့လောက်ပါပဲ. သမီးသူ့ကို ရိုက်တောင်မရိုက်လိုက်ဘူး. သူ သမီးကို အကြိမ်ပေါင်းများစွာ အရုက်ခွဲခဲ့တာလေ. ဒီလိုပန်းကန်လေးမှောက်ကျသွားရုံလောက်က အပစ်ပေးတယ်လို့ယူဆလိုတောင်မရဘူး."

ကုနင်း အေးအေးဆေးဆေးပဲ ရှင်းပြလိုက်တယ်. သူအမှားလုပ်ခဲ့မိတယ်လို့မထင်ပါဘူး.

"တောင်းပန်ဖို့ကတော့, သမီးမှအမှားမလုပ်ခဲ့တာ မတောင်းပန်နိုင်ဘူး." ကုနင်း နည်းနည်းလေးတောင် မတုံ့ဆိုင်းပဲ တောင်းပန်ဖို့ငြင်းလိုက်တယ်.

လင်လိကျွမ်း တမင်ချဲ့ကားပြောခဲ့တာမှ ကုမန့်သိသွားပြီ. အခု ကုနင်းရဲ့ ရှင်းပြချက်ကိုကြားတော့ သူမမှန်တယ်လို့ ကုမန့်ယုံကြည်တယ်.

ကုနင်းဘာလို့ ပန်းကန်နဲ့ပစ်လိုက်တယ်ဆိုတာကြားရတော့ ကုမန့်လဲစိတ်မကောင်းပါဘူး. သူမ အသုံးမကျလို့ သမီးဖြစ်သူက ဒီလောက်အနိုင်ကျင့်ခံနေရတာကြောင့် ကိုယ့်ကိုကိုယ်အပစ်တင်လိုက်တယ်.

မိခင်ဖြစ်သူက သူမသမီးကို ကာကွယ်ပေးရမှာ သဘာဝပဲ. ကုနင်းဒီလောက်အဝေးကြီးကို ပန်းကန်ပစ်လိုက်တာနဲ့ပတ်သတ်ပြီး သူမတွေးနေမိပေမယ့် ကုနင်းလုပ်တာမမှားဘူးလို့ပဲ ယုံကြည်နေမိတယ်.

ဒါကြောင့် ကုနင်းကို အတင်းမတောင်းပန်ခိုင်းတော့ဘူး.

"နင်းနင်း, သမီးမကြာခင် ကောလိပ်ဝင်ခွင့်ဖြေရတော့မယ်. စာကိုပဲ ဂရုစိုက်နော် အခုမှငယ်ငယ်လေးပဲရှိသေးတယ် မချစ်မိသွားစေနဲ့ဦး" ကုနင်း ချမ်းသာတဲ့ကောင်လေးတစ်ယောက်နဲ့တွဲနေတာလားလို့ မေးဖို့ရည်ရွယ်လိုက်ပေမယ့် ကုနင်းနာကျည်းသွားမှာကို ကြောက်တာကြောင့် ဒီလိုသွယ်ဝိုက်ပြီးပဲပြောလိုက်တော့တယ်.

.............P33End............

ဖီးနစ်သွေးစက်

အခန်း ၃၄ ကျောင်းဖိုရမ်မှ မုန်တိုင်းတစ်ခု

ကုနင်းက ဉာဏ်ကောင်းတဲ့ မိန်းကလေးတစ်ယောက်ဖြစ်တာကြောင့် ကုမန့်တကယ့်ဆိုလိုရင်း အဓိပ္ပါယ်ကို သိပါတယ်. ကုရှောင်ရှောင် သူမရဲ့ ပါးစပ်ပုပ်ကြီးနဲ့ လျှောက်ပြောထားပြန်ပြီနေမှာပေါ့.

"မေမေ, ကုရှောင်ရှောင် အကြီးဆုံးအန်တီကို သမီးမကောင်းကြောင်းတွေပြောထားမယ်မှန်းသိပါတယ်. ဒါပေမယ့် မေမေ သမီးကိုယုံဖို့ပဲလိုတယ်. သမီးက ကိုယ့်ကိုကိုယ် တန်ဖိုးမထားတတ်တဲ့ မိန်းကလေးမျိုးမဟုတ်ပါဘူး."

"ကောင်းပါပြီ. အမေ သမီးကိုယုံတယ်." ကုမန့် စိုးရိမ်နေတုန်းပေမယ့် ကုနင်းကို ယုံကြည်ဖို့ပဲ ရွေးချယ်လိုက်တော့တယ်.

ခနကြာတော့ ကုနင်းဖုန်းချလိုက်ပြီး သူတို့သုံးယောက်လုံး တခြားသူတွေမမြင်နိုင်မယ့် တောလေးရဲ့အတွင်းပိုင်းထဲထိဝင်သွားလိုက်တယ်.

သိုင်းပညာလေ့ကျင့်မှုဆိုတာ ကာလရှည်လေ့ကျင့်ရေးတစ်ခုဖြစ်တယ်. မုခယ်က တော်တော်များများ သင်ယူဖူးပြီဆိုရင်တောင်မှ သင်ထားတာတွေကို ဆက်တိုက်လေ့ကျင့်ပေးနေဖို့ လိုအပ်ပါသေးတယ်.

ဒါကြောင့် မုခယ်နဲ့ ကုနင်းကတော့ မနေ့လေ့ကျင့်ခဲ့ကြတဲ့နည်းအတိုင်း ဆက်ပြီးလေ့ကျင့်ကြတယ်.

ယွီမီရှီကတော့ အခုထိ ခန္ဓာကိုယ်ကြံခိုင်မှုမလုံလောက်သေးတာကြောင့် ကုနင်းနဲ့ အတူတိုက်ခိုက်ပြီကျင့်တဲ့နည်းကို သုံးလို့မရသေးပါဘူး. ဒါကြောင့် ကုနင်းက သူမကိုအရင်ဆုံး မြင်းထိုင်ထိုင်ခိုင်းထားလိုက်တယ်.

ကုနင်းနဲ့ သူ့မသူငယ်ချင်းတွေ လေ့ကျင့်မှုကို အာရုံစိုက်နေခိုက် ကျောင်းဖိုရမ်ပေါ်တွင်သူမနဲ့ ပတ်သတ်တဲ့သတင်းတစ်ခုကို ပြင်းပြင်းထန်ထန် ဆွေးနွေးနေကြတယ်. တစ်စုံတစ်ယောက်က နေ့လည်က ကန်တင်းမှာဖြစ်ခဲ့တာ ရိုက်ထားတဲ့ ဗီဒီယိုကို ကျောင်းဖိုရမ်ပေါ်တင်ထားလို့ပါ.

"ဟွန့်, ဒါတကယ်မဖြစ်နိုင်လိုက်တာ. ပန်းကန်က ကွက်တိကို ကျသွားတယ်ပေါ့!"

"ပြီးတော့, စားပွဲကဒီလောက်လေးတာ သူကဘယ်လိုလုပ် လွယ်လွယ်လေးရွှေ့နိုင်ရတာလဲ?"

"ပန်းကန်ကအကောင်းကြီးလေ, သူဘယ်လိုလုပ် တစ်ချက်တည်း ထိုးလိုက်ရုံနဲ့ ကွဲအောင်လုပ်နိုင်တာလဲ?"

"သာမာန်လူဆို ဘယ်တော့မှလုပ်နိုင်မှာမဟုတ်ဘူး. ဒီကျောင်းသူက သေချာပေါက် သိုင်းဆရာတစ်ယောက်ဖြစ်မယ်လို့ ငါယုံတယ်."

"သိုင်းဆရာ? မင်းပြောတာမယုံနိုင်ပါဘူး. ကြည့်ရတာ မင်းသိုင်းဝတ္ထုတွေ အဖတ်လွန်နေလို့ဖြစ်မယ်. ဒါပေမယ့် ဒီမိန်းကလေးက တော်တော်တော့တည်ငြိမ်တယ်."

"ဘုရားရေ! ဒီကျောင်းသူကို မနေ့က သစ်တောထဲမှာ ငါတွေ့ခဲ့သေးတယ်. သူ တခြားအရပ်ရှည်ရှည်ကျောင်းသားတစ်ယောက်နဲ့ တိုက်ခိုက်နေတာ. ကောင်လေးက မြေပေါ်ကတောင်မထနိုင်ဘူး. ငါလဲသူတို့ကို ဗီဒီယိုရိုက်ဖို့လုပ်လိုက်ပေမယ့် အဲ့ကျောင်းသူကတွေ့သွားပြီး ငါ့ကိုတောင် ခြိမ်းခြောက်လွှတ်လိုက်သေးတယ်.."

"သူဘာပြောခဲ့တာလဲ ပြောပြစမ်းပါ."

"ပြောပြပါ. ငါလိုင်းပေါ်ကတောင်မဆင်းဘဲစောင့်နေတာနော်."

"ပြောပြပါ, ပြောပြပါ, နော်"

"သူပြောခဲ့တာက, 'နင်ကိုယ်တိုင် ငါနဲ့လာတိုက်ကြည့်ပါလား?' ဒီလိုကိစ္စကြောင့်နဲ့ ငါ့ဘဝကို အဆုံးရှုံးမခံနိုင်ဘူးလေ ဒါကြောင့် ငါလဲကြောက်ကြောက်နဲ့ ထွက်ပြေးခဲ့တာပေါ့."

အားလုံးလဲ ရယ်မော လှောင်ပြောကြတော့တယ်.

ထိုစာတွေထဲမှာ ထောက်ခံအားပေးတာလဲရှိသလို သရော်ကြတာတွေလဲပါတယ်.

"ငါ့အထင်တော့ သူသက်သက် အာရုံစိုက်ခံချင်နေတာဖြစ်မယ်."

"သေချာတယ်, အခုခေတ်လူတွေက ကျော်ကြားဖို့ပဲ စိတ်ထက်သန်နေကြတာ"

"ငါလဲ လက်ခံတယ်. သူသာ တကယ်သိုင်းတတ်ရင် ချူးဖေ့ဟန်နဲ့တိုက်ခိုက်ပြီး ငါတို့ကို သက်သေပြနိုင်ရမှာပေါ့"

.........................

ထို သရော်တဲ့မှတ်ချက်တွေကိုမြင်တော့, ကုနင်းကို လေးစားတဲ့လူတွေက မကျေနပ်ကြတော့ပဲ ချက်ချင်းကို ပြန်ခံပြောကြတယ်.

"မင်းတို့ကန်းနေလား? မင်းတို့ကိုယ်တိုင် ပန်းကန်ပြားကိုပစ်ကြည့်ပြီး မင်းတို့ လိုချင်တဲ့ပစ်မှတ်ရောက်ရဲ့လားဆိုတာ အရင်စမ်းကြည့်လိုက်ဦး. ပြီးတော့ စားပွဲကို မင်းတို့ဆိုဆွဲတောင်ဆွဲနိုင်ရဲ့လား?"

"မှန်တယ်. မင်းတို့ကိုယ်တိုင်မလုပ်နိုင်ရင် ပါးစပ်တွေပိတ်ထားကြ."

"သူတို့က သပ်သပ်မနာလိုဖြစ်နေကြတာပါ. ကုနင်းက သူတို့ထက်သာတယ်ဆိုတာကို လက်မခံနိုင်ကြတာ."

"ဘယ်လိုမှထပ်ပြီးလက်မခံနိုင်တော့ဘူး. တချို့မိန်းကလေးတွေက တခြားသူကို အရမ်းမနာလိုကြတာပဲ. ညီအစ်ကိုတို့, ငါ့တို့ရဲ့အမြင်ကို ရှင်းအောင်လုပ်ဖို့လိုပြီ ပြီးတော့ ဒီလိုမိန်းကလေးလက်ကနေ ငါတို့ကိုယ်ငါတို့ ကာကွယ်ကြရမယ်."

"ဟုတ်တယ်! ဒီလေများနေတဲ့ခွေးမတွေနဲ့ အတူနေမယ့်အစား တစ်ယောက်တည်းပဲနေတော့မယ်."

"သဘောတူတယ်."

....................

"သဘောတူတယ်"

ဒီကောင်လေးတွေက တကယ့်မကောင်းဆိုးဝါးလေးတွေပဲ. မကြာခင်မှာပဲ ကုနင်းကိုမကောင်းပြောတဲ့ မိန်းကလေးတွေကို သူတို့အနိုင်ရသွားတယ်. ဒါပေမယ့် ကုနင်းကို ထိုမိန်းကလေးတွေရဲ့ဒေါသတွေကျရောက်သွားအောင်လဲ လျှို့ဝှက်တွန်းပို့နေပါသေးတယ်.

"သူက တကယ်ပဲ ခွန်အားကြီးတယ်ပေါ့? ငါက စီနီယာတန်း အခန်း၇က ဟောင်ရန်. အခု ဒီကျောင်းသူကို ငါနဲ့တိုက်ခိုက်ဖို့အတွက် စိန်ခေါ်တယ်. မင်းတို့ထဲက သူ့ကိုသိတဲ့သူ ငါ့ကိုသူ့အကြောင်းပြောပြ."

ချက်ချင်းပဲ ထိုဆုံးဖြတ်ချက်က တောမီးတစ်ခုလိုပျံ့နှံ့သွားခဲ့သည်.

ထိုအခန်း၇က စီနီယာကျောင်းသား ဟောင်ရန်သည် ကျောင်းတွင် တော်တော်လေးနာမည်ကြီးတဲ့ထဲပါပါတယ်. ဒါပေမယ့် သူက သူ့ရဲ့အမူအကျင့်ဆိုးတွေကြောင့် နာမည်ဆိုးနဲ့ကျော်ကြားတာပါ.

အခုတော့, ကုနင်းတစ်ယောက်ဒုက္ခယောက်ပြီ.

ကုနင်းကို အပြစ်ရှာနေတဲ့ လူတစ်စုကတော့ မီးထဲလောင်စာဆီထပ်ထည့်ဖို့ ကြံကြတော့တယ်.

မကြာခင်မှာပဲ ကုနင်းနဲ့ပတ်သတ်တဲ့အချက်အလက်တွေပေါက်ကြားသွားတော့တယ်.

ကုနင်းကို အရမ်းမုန်းနေတဲ့သူတစ်ယောက်ယောက်က သူမဒုက္ခရောက်တာကို မြင်ချင်လို့ အချက်အလက်တွေကို ဖောက်ချလိုက်တာပဲ ဖြစ်ရမယ်.

ဟောင်ရန်ရဲ့ ကုနင်းကို စိတ်ခေါ်မှုအပြီးမှာတော့ တချို့က စိုးရိမ်နေကြပြီး တစ်ချို့ကတော့ ဘာဆက်ဖြစ်မလဲ သိချင်နေကြကာ ကျန်တစ်ချို့ကတော့ သူတစ်ပါးဒုက္ခရောက်မှာကိုတွေးပြီး ပျော်ရွှင်နေကြတယ်.

အခန်း၄ရဲ့ တံခါးအပြင်မှာတော့ ကျောင်းသားအများအပြားစုဝေးနေကြတယ်. မကြာခင်မှာပဲ ချင်ကျန်း, ကျန်းယီမင်, ဖူမင်လျန် နဲ့ ချန်းကျီယောင်တို့ပါ ရောက်လာကြတယ်. သူတို့အားလုံး ကုနင်းကြောင့် စုဝေးနေကြတာပါ. အတိအကျပြောရရင်တော့ ဟောင်ရန်နဲ့ ကုနင်း အတွက်ပေါ့.

ထိုကြည့်ရှုသူအများစုတွင် ချင်ကျန်းနဲ့ သူ့သူငယ်ချင်းတွေရယ် ရှောင်ဖေးဖေးရဲ့သူငယ်ချင်းတွေရယ်က နောက်ဘာဆက်ဖြစ်မလဲ သိချင်လွန်းတဲ့ စိတ်အလှုပ်ရှားဆုံးသူများဖြစ်ကြတယ်.

ကုရှောင်ရှောင်သာ ဒီသတင်းကိုသိရင် အိမ်စောစောပြန်သွားလို့ ဒီလိုဇာတ်လမ်းမျိုးလွတ်သွားတာကို နောက်တရနေလိမ့်မယ်.

ထိုလူတွေထဲ၌, လှေကားလက်ရန်းမှာ မှီရပ်နေကြတဲ့‌ ကောင်လေးသုံးယောက်က အမြင်သာဆုံးပဲ. သူတို့က ရုပ်ချောနေလို့မဟုတ်ဘဲ ဘယ်သူကမှ သူတို့နားမကပ်ရဲတာကြောင့် ထင်သာမြင်သာရှိနေတာပါ.

ထိုကောင်လေးသုံးယောက်က မချောပေမယ့် ရုပ်တော့မဆိုးကြပါဘူး. သူတို့ရဲ့ အထက်စီးဆန်ဆန်နဲ့ ရန်လိုနေတဲ့အပြုအမူတွေက သူတို့ဟာ လူဆိုးလေးတွေဖြစ်မှန်းဖော်ပြနေပါတယ်.

"ဟောင်ရန်, ကုနင်း လာရမှာတော်တော်ကြောက်နေတဲ့ပုံပဲ." ထိုသုံးယောက်၏ညာဘက်ဆုံးမှာ ရပ်နေတဲ့‌ ကောင်လေးက စတင်ပြီးပြောလိုက်တယ်.

အခုချိန်က ညနေခင်းအတန်းပြန်စဖို့ မိနစ်အနည်းငယ်သာလိုပါတော့တယ်. ကုနင်းက အခုထိမရောက်သေးပါဘူး. သူမကြောက်နေလို့ပဲဖြစ်ရမယ်.

"ကျောင်းထွက်တာကလွဲရင် သူ အမြဲတမ်းပုန်းမနေနိုင်ပါဘူး. " အလယ်ကကောင်လေးဖြစ်တဲ့ ဟောင်ရန်က အထင်သေးစွာနဲ့ပြောလိုက်တယ်.

"ငါတို့ ဆက်စောင့်ကြဦးမှာလား? ညနေအတန်းစဖို့ သိပ်မလိုတော့ဘူးနော်." ဘယ်ဘက်မှာရပ်နေတဲ့ကောင်လေးက မေးလိုက်တယ်.

"စောင့်မှာပေါ့, ဘာလို့မစောင့်ရမှာလဲ? ငါတို့ ညနေတန်းကိုသွားမယ့်အချိန်မှ သူလာဖို့စိတ်ကူးထားတာလဲဖြစ်နိုင်တာပဲ." ဟောင်ရန်ထပ်ပြောလိုက်တယ်.

ကုနင်းနဲ့ သူမသူငယ်ချင်းတွေ အပေါ်ထပ်တက်လာချိန်မှာတော့ အခန်း၄ရှေ့မှာ လူတွေအများကြီးကို တွေ့လိုက်ကြရတယ်.

တခုခုဖြစ်နေတာလား?

ဘာပဲဖြစ်နေနေ ကိစ္စတော့မရှိပါဘူး, ညနေတန်းက မကြာခင်စတော့မှာပဲ. ဒါကြောင့် ကုနင်းနဲ့ ယွီမီရှီတို့အတူတူ ဖြတ်လျှောက်လာလိုက်တယ်.

မုခယ်ရဲ့ အတန်းက သူတို့နဲ့မတူပေမယ့် စပ်စုချင်တာကြောင့် ကုနင်းနောက်ကိုလိုက်လာခဲ့တယ်.

ထိုအချိန်မှာပဲ ကုနင်းရောက်လာတာကို တစ်ယောက်ယောက်ကတွေ့သွားတော့တယ်.

ချန်းကျီယောင်က ချက်ချင်းပဲထပြောလိုက်တယ်.

"ဟွန့်, ဒါ ကုနင်းမလား? သူကြောက်တယ်လို့ ဘယ်သူပြောလဲ?"

ချန်းကျီယောင်က တမင် ကုနင်းကို ပြဿနာထဲတွန်းပို့နေတာပါ. သူမက ကုနင်းကို ပိုမြှောက်ပြောလေ ဟောင်ရန်ကို ပိုပြီးမပျော်ရွှင်လေဖြစ်မှာလေ.

ကုနင်းရောက်လာတာနဲ့ ချန်းကျီယောင် ချက်ချင်းပဲဖုန်းကိုထုတ်ကာ စပြီးရိုက်ကူးတော့တယ်. ဒီပွဲပြီးသွားရင် ကုရှောင်ရှောင်ကို ပို့ပေးရအောင်လေ.

ဒါကိုကြားတော့ ဒီလူတွေက လူကောင်းတွေတော့မဟုတ်မှန်း ကုနင်း သိသွားတယ်. ချန်းကျီယောင်နဲ့ သူမသူငယ်ချင်းတွေကိုတွေ့ကတည်းက သူမကို ဒုက္ခရောက်အောင်လုပ်ဖို့ ဒီရောက်နေကြမှန်း ခန့်မှန်းမိပါတယ်.

.............P34End............

ဖီးနစ်သွေးစက်

အခန်း ၃၅ သုံးယောက် တစ်ယောက် စိန်ခေါ်ခြင်း

"မင်းက ကုနင်းမလား?" ဟောင်ရန် ကုနင်းထံသို့လျှောက်သွားကာ သေချာနေတဲ့အသံနဲ့မေးလိုက်တယ်.

"ဟုတ်တယ်လေ. ဘာဖြစ်လို့လဲ?" ကုနင်း ယုံကြည်မှုအပြည့်နဲ့ အေးအေးသက်သာပြန်ဖြေလိုက်တယ်. သူမ ဘာကိုမှမကြောက်ပါဘူး.

"ဟောင်ရန်, မင်းဘာလုပ်ချင်လို့လဲ?" ကုနင်းနောက်ကလိုက်လာတဲ့ မုခယ်, ဟောင်ရန်ကို မြင်လိုက်တော့ တစ်ခုခုမှားနေမှန်း ခံစားလိုက်ရတာကြောင့် ချက်ချင်းပဲ ကုနင်းကိုကာကွယ်ရန် ရှေ့ကိုထွက်လိုက်တယ်.

ဟောင်ရန် ဘာလို့ ကုနင်းကိုလာရှာမှန်း မုခယ်စဉ်းစားလို့မရပေမယ့် ချန်းကျီယောင်ကြောင့်မဟုတ်မှန်းတော့ သိပါတယ်.

မုခယ်က ကုနင်းကို ကာကွယ်လိုက်တာကြောင့် ဟောင်ရန်အံ့ဩသွားပေမယ့် ဆက်ပြီးပြောလိုက်တယ်,

"ငါ ကျောင်းဖိုရမ်ကနေ ကန်တင်းမှာဖြစ်ခဲ့တဲ့ ဗီဒီယိုတွေ့ခဲ့တယ်. ကုနင်းက ခွန်အားကြီးတယ်လို့ အားလုံးကပြောနေကြပေမယ့် ငါကတော့ သဘောမတူဘူး. ဒါကြောင့် ကုနင်းကို ငါနဲ့တိုက်ခိုက်ဖို့အတွက် စိန်ခေါ်မလို့ လာခဲ့တာ.ငါ့စိန်ခေါ်မှုကို သူလက်ခံရဲရဲ့လား?"

"ဘာ?"

ဒီစကားကိုကြားတော့ မုခယ်ကော ယွီမီရှီပါ ထိတ်လန့်သွားကြကာ ကုနင်းကို စိုးရိမ်စွာနဲ့ကြည့်လိုက်ကြတယ်. ကုနင်းကတော့ အေးဆေးနေတုန်းပါပဲ. ဒီကောင်လေးက ကုနင်းကိုစိတ်ခေါ်ဖို့လာတာပေါ့! ကုနင်းတောင် သူ့ကို ချန်းကျီယောင်ကြောင့် ရောက်လာတာလို့ ထင်ခဲ့တာ.

မုခယ် ဗီဒီယိုတင်လိုက်တဲ့လူကို တိတ်တိတ်လေးကျိန်ဆဲနေလိုက်တယ်. ဒီလူက တမင် ကုနင်းကို ပြဿနာတတ်အောင်လုပ်နေတာပဲ! ကုနင်း သိပ်တော့မကျေနပ်ပေမယ့် ဟောင်ရန်ရဲ့စိန်ခေါ်မှုကို ကြောက်တာထက် စိတ်လှုပ်ရှားမှုက ပိုနေတယ်.

ဟောင်ရန်ရဲ့နာမည်ကို ကုနင်းရင်းနှီးပြီးသားပါ, ဘာလို့ဆို သူ့နာမည်ကလဲ ချူးဖေ့ဟန်လိုပဲ ကျောင်းမှာ နာမည်ဆိုးနဲ့ကျော်ကြားတယ်လေ. သူက‌ ကျောင်းရဲ့ရန်ပွဲတွေ ပြဿနာတွေမှာမကြာခဏပါတတ်ပြီး အတန်းလဲခနခနပျက်တာကြောင့် ချူးဖေ့ဟန်လိုပဲ သတိပေးစာတွေအများကြီးရထားပါတယ်.

ဒါပေမယ့် သူက ချူးဖေ့ဟန်လိုတော့ အမှတ်မကောင်းပါဘူး. စာဘက်မှာတော့ တော်တော်လေးအခြေနေဆိုးပါတယ်.

ဟောင်ရန်က အရမ်းချမ်းသာတဲ့မိသားစုက ဖြစ်ပြီး မြို့တော်Fမှာတော့ သူတို့မိသားစုက သန်းဆယ်နှင့်ချီပိုင်ဆိုင်တဲ့ တတိယအချမ်းသာဆုံးမိသားစုဖြစ်တယ်.

ဟောင်ရန်, ချင်းကျီရွှမ် နဲ့ ကျန်းထန်ပင်း တို့သုံးယောက်ဟာ သူတို့ကျောင်းမှာတော့ ကျော်ကြားတဲ့အဖွဲ့ပဲ.

ကုနင်း ချင်းကျီရွှမ်နဲ့ ကျန်းထန်ပင်းတို့ရဲ့နောက်ခံအကြောင်းကိုလဲ ကြားဖူးပါတယ်. ချင်းကျီရွှမ်က အာဏာရှိသူတွေရဲ့သားဖြစ်ပေမယ့် သူ့အဖေရဲ့ရာထူးကိုတော့ ကုနင်းမသိပါဘူး. ကျန်းထန်ပင်းကတော့ မိဘမဲ့တစ်ယောက်လို့ပြောကြတယ်. သူတို့သုံးယောက်လုံးက ရန်ပွဲတစ်ခုကနေပြီး သူငယ်ချင်းတွေဖြစ်သွားကြတာပါ.

သူတို့ရဲ့နောက်ခံအဆင့်အတန်းတွေကွာခြားတာတောင်မှ အစစ်အမှန်သူငယ်ချင်းတွေဖြစ်နေကြပါတယ်.

သူတို့ကို တွေ့လိုက်တာနဲ့ ကုနင်းရဲ့ခေါင်းထဲမှာ အစီအစဉ်တွေစဆွဲထားပြီးပါပြီ.

"ဟောင်ရန်, မင်းမိန်းကလေးတစ်ယောက်ကို ဘယ်လိုလုပ်ရိုက်နိုင်တာလဲ" မုခယ်အရမ်းကို စိတ်ဆိုးနေတယ်. ကုနင်းရဲ့စွမ်းရည်ကို ယုံကြည်ပေမယ့် ဒီကောင်သုံးယောက်ကတော့ ကိုင်တွယ်ဖို့မလွယ်ကူလှပါဘူး.

"သူသာ သာမာန်မိန်းကလေးဆိုရင်တော့ ငါကတဖက်သတ်ရိုက်သလိုထင်ရမှာပေါ့. ဒါပေမယ့် သူက သိုင်းတတ်တဲ့လူလေ ဒီတော့ ငါတို့က အချင်းချင်းသင်ပြကြရုံပါ." ဟောင်ရန်ကတော့ ဒါနဲ့ပတ်သတ်ပြီး တစ်ခုခုမှားနေတယ်လို့ မတွေးပါဘူး.

ဟုတ်ပါတယ်, ကုနင်းသာ သာမာန်မိန်းကလေးတစ်ယောက်ဆိုရင် သူဘယ်တော့မှရိုက်ဖို့လုပ်မှာမဟုတ်ပါဘူး. ဒါပေမယ့် ကုနင်းက အားမပျော့ဘူးဆိုတာ ဗီဒီယိုက သက်သေပြနေတယလေ.

"မင်း...." မုခယ် ရူးသွပ်လုမတတ်ပဲ. သူဆက်မပြောနိုင်လိုက်ခင်မှာပဲ ကုနင်းက ဖြတ်ပြောလိုက်တယ်.

"ငါနိုင်ရင် ဘာလုပ်မလဲ, ငါရှုံးရင်ကော ဘာလုပ်မလဲ?" ကုနင်းမေးလိုက်တယ်.

"မင်းနိုင်တယ်ဆိုရင် မင်းအတွက် ဘာပဲဖြစ်ဖြစ်ငါလုပ်ပေးမယ်, ဒါပေမယ့် ငါနိုင်မယ်ဆိုရင်တော့ မင်း ငါတို့အတွက် ကိစ္စတစ်ခုလုပ်ပေးရမယ်. စိတ်အေးအေးထားပါ, မင်းကို မကောင်းတာမလုပ်ခိုင်းပါဘူး."

ဟောင်ရန်က စည်းစနစ်ရှိတဲ့ ကောင်လေးတစ်ယောက်ပါ.

"ကောင်းပြီလေ, စိန်ခေါ်တာလက်ခံတယ်. ဒါပေမယ့် ငါကတော့ တစ်ခုထက်ပိုလိုချင်တယ်." ကုနင်းပြောလိုက်တယ်.

လူအုပ်ကြီးမှာ ကုနင်း စိန်ခေါ်မှုကိုလက်ခံလိုက်တဲ့အပြင် နောက်ထပ်လောင်းကြေးတွေပါထပ်ထည့်နေသေးတာကြောင့် အံ့ဩသွားကြတယ်.

ကုနင်းက ထိုဗီဒီယိုထဲမှာတော့ တော်တယ်ဆိုပေမယ့် ဟောင်ရန်ဆိုတာကလဲ သူ့ရဲ့တိုက်ရည်ခိုက်ရည် ထူးချွန်မှုကြောင့် လူသိများတာလေ. ကုနင်းနိုင်လိမ့်မယ်လို့ ဘယ်သူမှမထင်ကြပါဘူး.

ကုနင်း ယုံကြည်မှုပဲတကယ်ရှိနေတာလား ဒါမှမဟုတ် သူ့ကိုယ်သူ အရမ်းထင်လွန်းနေတာပဲလား?

"ဘော့စ်..." မုခယ် စိုးရိမ်စွာနဲ့လှမ်းခေါ်လိုက်ပေမယ့် ကုနင်းက တစ်ချက်စောင်းကြည့်ကာ သူ့ကိုရပ်စေလိုက်တယ်.

"မင်းဘာလိုချင်တာလဲပြော?" ကုနင်း သူ့စိန်ခေါ်မှုကို တုံ့ဆိုင်းခြင်းမရှိလက်ခံလိုက်တာကြောင့် ဟောင်ရန်လဲ အံ့ဩသွားတယ်. အခု သူ အံ့ဩတာထက် ကုနင်းရဲ့အခြေအနေမှန်ကို သိချင်စိတ်က ပိုများနေခဲ့တယ်.

ကုနင်း ယုံကြည်ချက်ပဲရှိနေတာလား ဒါမှမဟုတ် စိတ်ကြီးဝင်နေတာလားဆိုတာတော့ သူမသိပေမယ့် သူမရဲ့သဘောထားကိုတော့ အသိအမှတ်ပြုပါတယ်.

တစ်ယောက် နဲ့ သုံးယောက်ပြိုင်မယ်. တကယ်လို့ ငါရှုံးရင် နင်တို့သုံးယောက်လုံးခိုင်းတာကို ငါလုပ်မယ်.ဒါပေမယ့် ငါနိုင်ခဲ့ရင်တော့ သုံးယောက်လုံး ငါ့ကို ဘော့စ်လို့ခေါ်ရမယ် ပြီးတော့ ဝင်ခွင့်စာမေးပွဲပြီးတဲ့အထိ ငါ့အပေါ် သစ္စာရှိရမယ်.

ကုနင်းရဲ့ပြောစကားကြောင့် လူတိုင်း ထိတ်လန့်အံ့ဩကုန်ကြတယ်.

ဘာ? တစ်ယောက် နဲ့ သုံးယောက်ပြိုင်မယ်? ရှုံးတဲ့သူတွေက သူမကို ဘော့စ်လို့ခေါ်ရမယ်?

ကုနင်တော်တော် ယုံကြည်ချက်တွေရှိနေတာပဲ.

ထိတ်လန့်ပြီးသွားချိန်မှာတော့ ဟောင်ရန်နဲ့ သူသူငယ်ချင်းတွေ ကုနင်းရဲ့စကားကြောင့် ဒေါသထွက်ကုန်ကြတယ်. ဒါသူတို့ကို အရှက်ခွဲလိုက်တာပဲ. ဘယ်လိုလုပ် မိန်းကလေးတစ်ယောက်ကို ဘော့စ်လို့ခေါ်နိုင်မှာလဲ?

"မင်းက ငါတို့ရဲ့ဘော့စ်ဖြစ်ချင်တယပေါ့? စိတ်ဝင်စားစရာပဲ." ဟောင်ရန် နှာခေါင်းရှုံလိုက်တယ်.

"မင်းက ဘာမို့လို့လဲ?"

"ကုနင်း ယုံကြည်ချက်ရှိတာတော့ကောင်းပေမယ့် အရမ်းမလွန်စေနဲ့."

ချင်းကျီရွှမ် နဲ့ ကျန်းထန်ပင်းတို့လဲ ဒေါသထွက်နေကြတယ်.

"ငါဘယ်သူလဲ ငါသိတာပေါ့, ငါ့ဘာငါ ယုံကြည်ချက်ရှိတာဖြစ်ဖြစ် စိတ်ကြီးဝင်နေတာဖြစ်ဖြစ် နင်တို့ကိစ္စမဟုတ်ဘူး. အနည်းဆုံးတော့ ငါကမကြောက်တတ်ဘူးလေ. နင်တို့ သတ္တိမရှိလို့ စိန်ခေါ်မှုကို လက်မခံရဲဘူးဆိုရင်လဲ နင်တို့ရှုံးတာပဲ!" ကုနင်း ဟောင်ရန်နဲ့ သူ့သူငယ်ချင်းတွေဘက် တစ်ချက်ကြည့်ကာ တမင်စိတ်ကိုဆွပေးလိုက်တယ်.

"မင်း...."

ဟောင်ရန်နဲ့သူ့သူငယ်ချင်းတွေရှက်သွားကြပြီး သူတို့ရဲ့ဂုဏ်သိက္ခာက နောက်ဆုတ်ခွင့်မပေးဘူးဖြစ်နေတယ်.

"သတ္တိမရှိဘူး? ငါတို့ ဘယ်တုန်းကမှ သတ္တိမရှိဘဲမနေဘူး. စိန်ခေါ်တာလက်ခံတယ်.!" ဟောင်ရန် ဒေါသထွက်ထွက်နဲ့ ပြန်ဖြေလိုက်တယ်.

ဟောင်ရန်ဆိုတာ သူတို့သုံးယောက်ထဲမှာအမြဲတမ်း ဆုံးဖြတ်ချက်ချရတဲ့သူဖြစ်တာကြောင့် သူလက်ခံလိုက်တာနဲ့ တခြားနှစ်ယောက်ကလဲ သဘောတူလိုက်ကြတယ်. ဒါ့အပြင် သူတို့ သတ္တိမရှိသူလဲ မဖြစ်ချင်လို့ပါ.

"အရမ်းကောင်းတယ်. ဒါဆို မနက်ဖြန် နေ့လည်၁နာရီ တောအုပ်ငယ်လေးထဲမှာတွေ့ကြတာပေါ့" ကုနင်း စိတ်ကျေနပ်စွာ ပြောလိုက်ပုံက မုခယ်ကို အရာအားလုံး သူမရဲ့ထိန်းချုပ်မှုအောက်မှာပဲရှိတဲ့လို့ ခံစားသွားရစေတယ်.

ကောင်းပါပြီလေ, သူ ကုနင်းကို ယုံကြည်ပေးသင့်တာပေါ့. ကုနင်း စိန်ခေါ်မှုကိုလက်ခံလိုက်တယ်ဆိုကတည်းက သူမနိုင်မယ်လို့ ယုံကြည်ချက်ရှိလို့ပဲပေါ့.

ပြီးခဲ့တဲ့နေ့တွေတုန်းက ဖြစ်ခဲ့တာတွေကိုကြည့်ရင် ကုနင်းက သူမဆုံးဖြတ်ပြီးသားအရာတစ်ခုကို ဘယ်တော့မှမပြောင်းလဲတော့မှန်း ယွီမီရှီသိနေတယ်. ယွီမီရှီလဲ တိတ်တိတ်ပဲနေလိုက်တယ်. သူမသူငယ်ချင်းကို ယုံကြည်ပေးနေဖို့ပဲ လိုအပ်တယ်လေ.

ထို့နောက် ကုနင်းအားလုံးကိုထားခဲ့ကာ အတန်းထဲဝင်သွားလိုက်တော့တယ်.

ဟောင်ရန်နဲ့ သူ့သူငယ်ချင်းတွေလဲ နှာတစ်ချက်မှုတ်လိုက်ကြပြီးနောက် သူတို့အားလုံးလဲ ထွက်သွားကြတော့တယ်.

လူအုပ်ကြီးဟာလဲ သူ့မေဂျာအလိုက်အတန်းအလိုက် အုပ်စုခွဲသွားကြတယ်.

ကုနင်းလမ်းလျှောက်သွားတဲ့တစ်လျှောက်မှာတော့ ချန်းကျီယောင်ရဲ့ ဆိုးယုတ်တဲ့အကြည့်တွေက ကပ်ပါသွားခဲ့တယ်. ကုနင်းအေးဆေးနေတာကိုမြင်ရတာ သူမအတော်လေးစိတ်ပျက်နေမိတယ်. ဒါကြောင့် ကုနင်းမနက်ဖြန်ကျရင် ရှုံးသွားဖို့ ပိုပြီးတောင် မျှော်လင့်နေတယ်. အဆိုးဆုံးဖြစ်လေ ပိုကောင်းလေပဲ.

ကျန်းယီမင် နဲ့ ဖူမင်လျန်တို့လဲ အတွေးအတူတူပေမယ့် ချင်ကျန်းရဲ့ ခံစားချက်တွေကတော့ ရှုပ်ထွေးနေတယ်. ကုနင်း သင်ခန်းစာကောင်းကောင်းရသွားဖို့မျှော်လင့်နေပေမယ့်လဲ သူမအတွက် စိုးရိမ်နေမိပြန်တယ်.

ကုနင်းအတန်းထဲကို ဝင်လိုက်တာနဲ့ အတန်းဖော်တွေက သူမကို စိုးရိမ်ပူပန်မှုတွေ မျှော်လင့်ချက်တွေနဲ့ကြည့်နေကြပေမယ့် ရက်စက်တဲ့အကြည့်တွေလဲပါနေပါသေးတယ်. အထူးသဖြင့် ရှောင်ဖေးဖေးနဲ့ သူမသူငယ်ချင်းတွေဆီကပေါ့.

ရှောင်ဖေးဖေး သူမကို လှောင်ချင်သေးပေမယ့် ခေါင်းလောင်းကတီးသွားခဲ့တာကြောင့် ပါးစပ်ပိတ်နေလိုက်ရတော့တယ်.

All Chapters