အခန်း (၃၆-၄၀)
Vol. 3 Ch. 36-40
အခန်း ၃၆ ယုံကြည်မှုရှိတာလား စိတ်ကြီးဝင်နေတာလား
"ကုနင်း, ဒီကို ခနထွက်လာဦး"
အတန်းပိုင်ဆရာမက ရောက်လာတာနဲ့ ကုနင်းကို ထွက်လာဖို့ပြောလိုက်တယ်. ဒီနေ့ဖြစ်ခဲ့တဲ့ကိစ္စတွေကြောင့်မှန်း ကုနင်းခန့်မှန်းမိပါတယ်.
ကုနင်း အခန်းထဲကထွက်လိုက်တာနဲ့ အတန်းပိုင်ဆရာမက ဒေါသတွေနဲ့ မေးလိုက်တယ်,
"မင်း ကန်တင်းမှာ ဘာလို့အဲ့လိုလုပ်ခဲ့တာလဲ? ဘာလို့ တခြား ကျောင်သူတစ်ယောက်ကို ရိုက်လိုက်ရတာလဲ? ပြီးတော့ အခန်း ၇ က ဟောင်ရန်, ချင်းကျီရွှမ် နဲ့ ကျန်းထန်ပင်းတို့ စိန်ခေါ်တာကိုလဲ လက်ခံလိုက်သေးတယ်. ဒီကိစ္စက မင်းကိုကော ငါတို့အတန်းကိုပါ ဆိုးဆိုးဝါးဝါးသက်ရောက်မှုရှိတယ်ဆိုတာ သိရဲ့လား?"
ဆရာမရဲ့ ဒေါသတွေနဲ့မေးခွန်းကို ရင်ဆိုင်လိုက်ရရင်တခြားသူသာဆို ရူးတော့မလိုဖြစ်သွားနိုင်ပေမယ့် ကုနင်းအတွက်ကတော့ အေးဆေးပါပဲ. အဲ့ဒီအစား သူမ စိတ်ရှည်ရှည်နဲ့ပြန်ပြီး ရှင်းပြလိုက်တယ်,
"ပါမောက္ခကျန်း, ဒီကိစ္စတွေက ကုရှောင်ရှောင်အရင်ဆုံး သမီးနဲ့ သမီးအမေကို စပြီး စော်ကားခဲ့တာကြောင့် သူ့ကို ကန်တင်းမှာတုန်းက ရိုက်လိုက်တာပါ. ဒီလိုအရှက်ခွဲမှုမျိုးကို ဘယ်လိုလုပ်သည်းခံပေးနိုင်မှာလဲ? ဟောင်ရန်နဲ့ သူ့သူငယ်ချင်းတွေကတော့ သမီးသာ စိန်ခေါ်တာကို လက်မခံခဲ့ရင် သူတို့က ဘယ်တော့မှ သမီးကို ဒီတိုင်းအေးဆေးနေခိုင်းမှာမဟုတ်ဘူး. ဒါကြောင့် ပြဿနာဆိုတာအစထဲက ရင်ဆိုင်လိုက်တာအကောင်းဆုံးပဲလေ."
ကျန်းချိုးဟွာ အခုတော့ ကုနင်းရဲ့အခြေနေမှန်ကို သေချာသိသွားပါပြီ. တခြားကျောင်းသားတွေ ကုနင်းကို အမြဲအနိုင်ကျင့်ကြမှန်း သူမသိပါတယ်. အရမ်းပြင်းပြင်းထန်ထန်မဖြစ်ခဲ့တာကြောင့် သူတို့ကို လျစ်လျူရှုထားခဲ့တာပါ. ဒါကြောင့် အခုလို ကုနင်းပြန်တိုက်ခိုက်တယ်ဆိုတာကို နားလည်ပေးနိုင်ပါတယ်.
ဒါကအရမ်းများလွန်းတယ်ဆိုတာကို လွန်သွားတယ်ဆိုပေမယ့် ကုနင်းက မှန်ကန်တဲ့လမ်းကို ရွေးလိုက်တာပဲလေ. ဒါကြောင့် ကျန်းချိုးဟွာ ဘာပြန်ပြောရမှန်းမသိဖြစ်သွားတယ်.
ဒါပေမယ့် ဟောင်ရန်ရဲ့စိန်ခေါ်မှုကို ကုနင်းလက်ခံခဲ့တာကိုတော့ သူသဘောမတူနိုင်သေးပါဘူး,
"ကုနင်း, မိန်းကလေးတစ်ယောက်က ယောက်ျားလေးသုံးယောက်ကို နိုင်နိုင်ပါ့မလား? ပြီးတော့ ကျောင်းမှာ ကျောင်းသားတွေရန်ဖြစ်တာကို ခွင့်မပြုထားဘူး. မင်းလဲ အပြစ်ပေးခံရမယ် ငါတို့အတန်းကိုလဲ အပြစ်ရှာကြလိမ့်မယ်." လို့ ကျန်းချိုးဟွာပြောလိုက်တယ်.
ဒါကိုကြားတော့ ကုနင်းနဲနဲလန့်သွားတယ်. ရန်ဖြစ်ရင် အပြစ်ပေးခံရမှာနဲ့ သူမရဲ့အပြုအမူကြောင့် အတန်းကိုပါ အပြစ်ရှာခံရမှာကို သူမလုံးလုံးကြီး မေ့နေခဲ့တာပါ.
"ဒါပေမယ့် သမီးသူတို့ကို ကတိပေးပြီးသွားပြီ. တကယ်လို့ ကတိဖျက်လိုက်မယ်ဆိုရင် ဟောင်ရန်က သမီးကို ပြန်လက်စားချေလိမ့်မယ်." ကုနင်း ပူပန်သွားခဲ့တယ်.
"မင်း, အခု ငါ့သွေးတွေဆူပွက်နေပြီနော်" ကုနင်း တကယ်ပဲ ကျန်းချိုးဟွာရဲ့ စိတ်ဆိုးခြင်းကို ခံနေရပါပြီ. ဒီပြဿနာတွေအားလုံးရဲ့ အဓိကကြောင်းပြချက်က ကုနင်းဖြစ်သလို ဟောင်ရန်ကလဲ အဓိက ပြဿနာဖြစ်အောင်လုပ်ခဲ့တဲ့သူဖြစ်တာကြောင့် ကျန်းချိုးဟွာ ကုနင်းကို အရမ်းကြီးအပြစ်မတင်နိုင်ပါဘူး.
ကုနင်း ကတိဖျက်လိုက်တာကြောင့် ဟောင်ရန်က ပြန်ပြီးလက်စားချေလာမှာကိုလဲ သွေးအေးအေးနဲ့ သူမလက်ပိုက်ကြည့်မနေနိုင်ပါဘူး.
တကယ်လို့ ဟောင်ရန်သာ ကုနင်းကို လက်စားချေမယ်ဆိုရင် ကျောင်းကတောင် တားလို့နိုင်မှာမဟုတ်ပါဘူး.
"ဒီလိုဆိုရင်ရော? သမီး ဟောင်ရန်နဲ့ကျောင်းအပြင်မှာ တိုက်ခိုက်ကြမယ်ဆိုရင် ဘယ်သူမှအပြစ်မပေးနိုင်ကြတော့ဘူးပေါ့" ကုနင်းပြောလိုက်တယ်.
"မင်း..." ကျန်းချိုးဟွာကတော့ မကျေမနပ်ဖြစ်နေတုန်းပါပဲ.
"ကုနင်း, မင်းဘာလို့ ဒီလောက်တောင် အရတာလဲ? ဘယ်လိုလုပ် ဟောင်ရန်နဲ့ သူ့သူငယ်ချင်းတွေကို နိုင်လိမ့်မယ်လို့ သေချာနေရတာလဲ? တကယ်လို့ မင်းထိခိုက်သွားမယ်ဆိုရင် မင်းအမေပဲ စိုးရိမ်နေရဦးမှာ. မင်းမိသားစုက ဆေးကုသဖို့ တတ်နိုင်ကြလို့လား?"
ကျန်းချိုးဟွာ ပြောလိုက်တာတွေက တကယ့်အမှန်တရားတွေပါ. ဒါက ကုနင်းကို စော်ကားချင်လို့မဟုတ်ဘဲ ကုနင်းကောင်းဖို့အတွက်ပြောနေရတာပါ.
ဆရာမက သူမကို ဂရုစိုက်လို့ပြောနေတာမှန်း ကုနင်းသိတာကြောင့် စိတ်အနှောင့်အယှက်မဖြစ်မိပါဘူး. ဒါကြောင့် ကုနင်း ယုံကြည်ချက်အပြည့်နဲ့ ပြန်ပြောလိုက်တယ်.
"ဒီကိစ္စအတွက် မစိုးရိမ်ပါနဲ့. သူတို့ကို သမီး တကယ်နိုင်ယူမှာပါ"
ဒါက ကျန်းချိုးဟွာအတွက် ယုံကြည်ဖို့ခက်ခဲပေမယ့် ဒီစကားဝိုင်းကို ရှေ့ဆက်နေလဲ အကျိုးမရှိမှန်းသိနေတာကြောင့်
"ကံကောင်းပါစေ" လို့ပဲပြောလိုက်နိုင်တော့တယ်.
ပြီးတော့ ကျန်းချိုးဟွာလဲ ကုနင်းနဲ့ဆက်ပြောမနေတော့ဘဲ စိတ်ဆိုးစွာနဲ့ ထွက်သွားတော့တယ်.
ကုနင်းလဲ အရေးမစိုက်စွာနဲ့ပဲ ပုခုံးတွန့်လိုက်ကာ သူမအတန်းထဲကိုပြန်ဝင်လိုက်တော့တယ်.
ကျန်းချိုးဟွာ ကုနင်းကို အပြစ်တင်နေတာကြားရအောင် အတန်းထဲကလူတိုင်း နားစွင့်ထားကြပေမယ့် ကျန်းချိုးဟွာက တိုးတိုးလေးပြောခဲ့တာကြောင့် သူတို့ဘာကိုမှမကြားလိုက်ရပါဘဲ ကျန်းချိုးဟွာ စိတ်ဆိုးပြီးထွက်သွားတာကိုပဲ မြင်လိုက်နိုင်ပါတယ်.
ကုနင်းကတော့ အံ့ဩစရာကောင်းစွာ အစေကနေအဆုံးအထိအရမ်းကို အေးအေးဆေးဆေးဖြစ်နေပြီး အပြစ်တင်ခံနေရတာကို နည်းနည်းလေးမှကြောက်ပုံမရတာကြောင့် အားလုံးခေါင်းရှုပ်နေကြတယ်.
ကုနင်းအထဲကို ဝင်လာတော့ အားလုံးက သူမမျက်နှာကို ကြည့်ပြီး ဘာတွေဖြစ်ခဲ့တာလဲဆိုတာသိရမလားလို့ ကြည့်နေကြတယ်.
အတန်းပိုင်ဆရာမကလဲသွားပြီဆိုတော့ အတန်းကလဲ ငြိမ်မနေကြတော့ပါဘူး. ဒီအခန်းက အတော်ဆုံးအခန်းထဲမှာလဲမပါတော့ ကျောင်းသားတွေက စာလုပ်ရတာကိုလဲ သိပ်မကြိုက်ကြပါဘူး.
"ဟေ့, ကုနင်း, နင် သူတို့ကို နိုင်နိုင်လား?" ကုနင်းအရှေ့ခုံမှာထိုင်တဲ့ ကျောင်းသားတစ်ယောက်က လှည့်လာပြီး သံသယနဲ့မေးလိုက်တယ်.
"သေချာတာပေါ့! တစ်ယောက် နဲ့ သုံးယောက်ဆိုတော့ တစ်ခုခုတော့တစ်ခုခုပဲ." နောက်ထပ်ကျောင်းသားတစ်ယောက်က လေးစားမှုနဲ့ ထပ်ပေါင်းပြောလိုက်တယ်.
"နင့်မှာ ကြီးကျယ်တဲ့ တိုက်ခိုက်ဟန်တော့ရှိတာပဲ. ဒါပေမယ့် အဲ့ဒါနဲ့ညီတဲ့ စွမ်းရည်ကောရှိရဲ့လား?" တစ်ယောက်ကနေပြီး ကုနင်းကို ကန့်လန့်တိုက်ပြောလိုက်တယ်.
"ဟုတ်တယ်, ငါလဲ ဘယ်လိုမှမထင်ဘူး" နောက်တစ်ယောက်ကပါ ထပ်ပြီးထောက်ခံလိုက်တယ်.
.............
ကျောင်းသားတော်တော်များများက ကုနင်းနိုင်လိမ့်မယ်လို့ မယုံကြပါဘူး. ကုနင်းက သူတို့ကို လျစ်လျူရှုထားပေမယ့် ယွီမီရှီကတော့ ထပ်ပြီး ငြိမ်မနေနိုင်တော့ပါဘူး. သူမ ပထမဆုံးအကြိမ်အဖြစ် ခွန်းတုန့်ပြန်လိုက်ခြင်းပါ.
"ငါ ကုနင်းကို ယုံတယ်. သူတကယ်နိုင်မှာ."
ကုနင်း အနည်းငယ်ပြုံးမိသွားတယ်. ယွီမီရှီ သူမကိုယ်သူမတိုးတက်အောင်လုပ်နေတာပဲ.
"အဲ့တော့ ဘာဖြစ်လဲ? နင် သူ့ကို ယုံတယ်ဆိုတာနဲ့ သူနိုင်သွားရောလား?" အတန်းဖော်တစ်ယောက်က ပြန်ငြင်းလိုက်တယ်.
"မှန်တယ်. ငါကတော့မယုံဘူး." နောက်တစ်ယောက်က ထပ်ပြောလိုက်တယ်.
"မနက်ဖြန်နေ့လည်ကျရင် တွေ့ကြရမှာပဲ. စောစောစီးစီး ကုနင်းရဲ့စွမ်းရည်ကို ငြင်းမနေကြဘဲ စောင့်ကြည့်နေကြ!" ယွီမီရှီ ပြန်ပြောလိုက်တယ်.
အမြင်ဆိုးတွေရှိနေတဲ့လူတွေလဲ ငြိမ်သွားကြတယ်. တစ်ချို့ကတော့ ကန့်လန့်တိုက်ချင်နေကြတုန်းပေမယ့် ဆရာမကပြန်ရောက်လာခဲ့တာကြောင့် ပါးစပ်ပိတ်ထားလိုက်ရတယ်.
ကုမိသားစုအိမ်ရဲ့ မင်းသမီးတစ်ယောက်ရဲ့အခန်းလို စိတ်ကူးယဉ်ဆန်ဆန် ပြင်ဆင်ထားတဲ့အခန်းထဲတွင် ကရှောင်ရှောင်သည် ပန်းရောင် ညအိပ်ဂါဝန်ကို ဝတ်ထားပြီး ဖုန်းကိုင်ထားကာ ပန်ရောင်အိပ်ရာအကြီးကြီးပေါ်တွင် လှဲနေသည်. သူမ ချန်းကျီယောင်ပို့ပေးတဲ့ ဗီဒီယိုကိုကြည့်နေရင်း ကိုယ်တိုင်ထိုနေရာတွင်မရှိလိုက်တာကို နှမြောနေမိတယ်.
ကုရှောင်ရှောင်ရဲ့ တုံ့ပြန်ပုံကလဲ ချန်းကျီယောင်နဲ့အတူတူပါပဲ. ကုနင်းရဲ့ ယုံကြည်မှုအပြည့်နဲ့ပုံကြောင့် တော်တော်လေး မပျော်မရွှင်ဖြစ်နေပြီး ဟောင်ရန်နဲ့ သူ့သူငယ်ချင်းတွေကို ကုနင်းနိုင်လိမ့်မယ်လို့လဲ သူမ မယုံကြည်ပါဘူး.
သူမ အခုအရမ်းအားရကျေနပ်နေကာ,
မနက်ဖြန်နေ့လည်မှာ ကုနင်း မြေကြီးပေါ်က မထနိုင်ဖြစ်နေမှာကို မြင်ရဖို့ စောင့်တောင်မစောင့်နိုင်ဖြစ်နေတယ်.
ထပ်ပြီးတော့ ကုနင်းသူမကို တောင်းပန်လာမှာကိုလဲ စောင့်နေသေးတယ်. ကုနင်းကို အတင်းရန်ထပ်မလုပ်ဖို့ ဆုံးဖြတ်ထားပါတယ်. ကုနင်းဘက်ကသာမတောင်းပန်ရင် ဒါမှမဟုတ် သူမကျေနပ်အောင်မတောင်းပန်နိုင်ဘူးဆိုရင် ကုနင်းနဲ့သူမအမေကို အိမ်ဟောင်းကနေနှင်ထုတ်ဖို့ သူမအဘွားကို ရအောင်ပြောမှာပါ.
နောက်တစ်နေ့မနက်ခင်း,
ကုရှောင်ရှောင် လှေကားမှာ ကုနင်းကိုစောင့်နေရင်း ရုတ်တရက်ပြုတ်ကျအောင်ခြောက်လှန့်ပြီး ဟာသလုပ်ဖို့ ကြံရွယ်နေပါတယ်. ဒါပေမယ့် တော်တော်ကြာတဲ့အထိ ကုနင်းကပေါ်မလာတာကြောင့် ကုရှောင်ရှောင်လဲ စိတ်မရှည်တော့ကာ
"မနက်ခင်းအတန်းကဖြင့် စတော့မယ်. ကုနင်း ဒီနေ့ကျောင်းလာရမှာ တော်တော်ကြောက်နေတာများလား?" လို့ ကုရှောင်ရှောင်ယူဆလိုက်တယ်.
"အဲ့လိုပဲဖြစ်မှာပေါ့" ချန်းကျီယောင်ကတော့ အရမ်းကိုသေချာနေတယ်.
မနက်ခင်းအတန်းစဖို့ နှစ်မိနစ်သာလိုတော့ချိန်မှာတော့ ကုနင်းက မုခယ်ရယ် ယွီမီရှီရယ်တို့နဲ့ အတူရောက်လာခဲ့တယ်.
မုခယ်ပါလာတာကို မြင်လိုက်တော့ ကုရှောင်ရှောင်နဲ့ ချန်းကျီယောင်တို့ပိုပြီး မနာလိုဖြစ်သွားကြတယ်.
မုခယ်က သူတို့ထက်ပိုသာတဲ့ မိသားစုကဖြစ်တာကြောင့် မုခယ်နဲ့အတူပူပေါင်းချင်နေကြတာပါ. အရင်တုန်းက မုခယ်က သူတို့သူငယ်ချင်းဖြစ်ခဲ့ပေမယ့် အခုတော့ သူက သူမတို့ကိုကျော်ပြီး ကုနင်းကိုရွေးချယ်ခဲ့တယ်.
မုခယ်နဲ့ ယွီမီရှီတို့ ကုရှောင်ရှောင်နဲ့ ချန်းကျီယောင်တို့ ဒီရောက်နေတာကို သတိထားမိသွားတော့ မကောင်းတဲ့ခံစားချက်တွေခံစားမိသွားတယ်. ကုနင်းကတော့ အရင်အတိုင်း အေးဆေးပါပဲ.
"ကုနင်း, ငါကြားတာတော့ နင်နေ့လည်ကျရင် ကောင်လေးသုံးယောက်နဲ့ချမလို့ဆို. တစ်ယောက်နဲ့ သုံးယောက်တောင်. နင့်မှာတော်တော်ယုံကြည်ချက်ရှိနေတာပဲ. ဒါပေမယ့် နင်တကယ်ပဲ ယုံကြည်ချက်ရှိတာလား ဒါမှမဟုတ် သပ်သပ်မဲ့စိတ်ကြီးဝင်နေတာလား?" ကုရှောင်ရှောင်က ထေ့ငေါ့မေးလိုက်ပါတယ်.
...............P36End............
ဖီးနစ်သွေးစက်
အခန်း ၃၇ တိုက်ပွဲ
"ငါက အမြဲယုံကြည်မှုရှိတယ်." ကုနင်း သူမရဲ့ယုံကြည်မှုရှိတဲ့အချက်ကို ဖုံးကွယ်ထားမနေပါဘူး.
"နင်..." ဒီလိုမျိုး မုန်တိုင်းမလာခင်အချိန်မှာတောင် ကုနင်းက အေးအေးဆေးဆေးနေနေနိုင်တာက ကုရှောင်ရှောင်ကို ပိုပြီးမုန်းတီးစေပါတယ်. ကုနင်းကို မျက်ရည်ပေါက်ပေါက်ကျနေတာကိုပဲ မြင်ချင်နဲ့သူပါ.
"ကုနင်း, နင်ဆက်ပြီးဟန်ဆောင်ထားပေါ့. ငါ့မျက်စိရှေ့မှာတင် နင်ဘယ်လိုမျိုး ရှုံးနိမ့်သွားမယ်ဆိုတာ ငါစောင့်ကြည့်နေမယ်. ပြီးတော့ မနေ့ကကိစ္စကို နင်မတောင်းပန်ရင် သေချာပေါက် ပြန်ပေးဆပ်စေရမယ်!"
ကုရှောင်ရှောင် ဒေါသထွက်လွန်းလို့ အန်တင်းတင်းကြိတ်မိလိုက်တယ်.
"ငါဘယ်တော့မှမတောင်းပန်ဘူး. နင်လုပ်ချင်တာသာလုပ်လိုက်. ငါစောင့်နေတယ်." ကုနင်းဘက်ကတော့ အေးဆေးပဲပြန်ဖြေလိုက်တယ်. ပြီးတာနဲ့ ကုရှောင်ရှောင်ကို လျစ်လျူရှုလိုက်ကာ တမင်ဒေါသကို ဆွပေးတဲ့အကြည့်လေးနဲ့ကြည့်လိုက်ကာ ဆက်လျှောက်သွားလိုက်တော့တယ်.
"နင်..." ကုရှောင်ရှောင်ကတော့ ရူးတော့မလိုပါပဲ. ကုနင်းဒီလိုမျိုးပြန်တုံ့ပြန်ရဲလိမ့်မယ်လို့ သူမမျှော်လင့်ထားမိဘူး. ဒါကြောင့် ကုနင်းနောက်ကနေ အော်လိုက်ပြီး,
"ကောင်းလိုက်တာ, ကုနင်း, နင်နောင်တရစေရမယ်!"
"ကုနင်း, အားလုံးအဆင်ပြေမှာပါနော်?" ယွီမီရှီ စိုးရိမ်စွာနဲ့ မေးလိုက်တယ်. ကုနင်းတို့သားအမိ အိုးမဲ့အိမ်မဲ့ဖြစ်သွားမှာကို သူမပူပန်နေမိတယ်.
"စိတ်မပူနဲ့. အားလုံးအဆင်ပြေတယ်." ကုနင်းပြန်ဖြေလိုက်တယ်.
အရင်အတိုင်းပဲ ယွီမီရှီက ကုနင်းကိုအလွန်ယုံကြည်ပါတယ်. ကုနင်းက အဆင်ပြေတယ်လို့ပြောနေမှတော့ သူမမှာ ဘာသံသယမှမရှိနေတော့ပါဘူး.
မုခယ်ကလဲ ကုရှောင်ရှောင်နဲ့ ချန်းကျီယောင်တို့ကို အေးစက်တဲ့အကြည့်တစ်ခုနဲ့ကြည့်လိုက်ကာ သူ့အခန်းသူပြန်သွားလိုက်တယ်.
တချို့ကျောင်းသားတွေက ကုနင်းဒီနေ့ကျောင်းမလာလောက်ဘူးလို့ ယုံကြည်ထားကြတယ်. ဒါကြောင့် ကုနင်းပေါ်လာတဲ့အခါမှာတော့ အားလုံးအံ့ဩသွားကြတယ်.
ကုနင်းတကယ်ပဲမကြောက်ဘူးလား?
မနက်ပိုင်းမှာတော့ အတန်းပိုင်ဆရာမအပါအဝင် အတော်များများရဲ့ စူးစမ်းတဲ့အကြည့်တွေကိုလက်ခံရရှိလိုက်တယ်.
သူတို့အားလုံး ကုနင်းရဲ့မျက်နှာပေါ်မှာ အကြောက်တရားကို မြင်ချင်ကြပေမယ့် ကျရှုံးခဲ့ကြပါတယ်. ကုနင်းကတော့ ဘာမှမဖြစ်ခဲ့သလို ငြိမ်းငြိမ်းချမ်းချမ်းပါပဲ.
မနက်ခင်းအတန်းချိန်ပြီးသွားချိန်မှာတော့ ဆရာမက ကုနင်းကိုမမေးပဲမနေနိုင်တော့ပါဘူး.
"မင်း တကယ်ပဲ ယုံကြည်မှုရှိတယ်ပေါ့?"
"သမီး ဘာကိစ္စကိုမှ အပြည့်အဝကြိုတင်ပြင်ဆင်မှုမရှိပဲ ဘယ်တော့မှမလုပ်ပါဘူး. " ကုနင်း တည်ကြည်လေးနက်မှုအပြည့်နဲ့ ပြန်ဖြေလိုက်တယ်.
ဆရာမလဲ ဘာမှပြန်မပြောနိုင်တော့ဘဲ တိတ်တဆိတ်နဲ့ ထွက်ခွာသွားလိုက်တော့တယ်.
ချိန်းဆိုထားတဲ့အချိန်က ၁နာရီမှဖြစ်တာကြောင့် အတန်းတွေပြီးသွားတာနဲ့ အရင်ဆုံးသွားစားဖို့ ကုနင်းဆုံးဖြတ်လိုက်တယ်.
ကုနင်းနဲ့ သူမသူငယ်ချင်းတွေ အပေါ်ထပ်ကိုတက်လာကြတော့ ဟောင်ရန်နဲ့သူ့သူငယ်ချင်းတွေက တားလိုက်ကြတယ်. ကုနင်းရဲ့လွတ်လပ်ခွင့်ကို သူတို့ပိတ်ပင်ချင်လို့မဟုတ်ဘဲ သူမထွက်ပြေးသွားမှာစိုးလို့ နောက်ကလိုက်ဖို့လုပ်ရုံပါ.
ကုနင်း သက်ပြင်းချမိသွားတယ်. တကယ်ပဲ ဘယ်သူမှသူမကို နည်းနည်းလေးတောင် မယုံကြည်ပေးနိုင်ကြဘူးလား?
"နင်တို့ရဲ့ဘော့စ်ကို ပထမဆုံးအကြိမ်အဖြစ် နေ့လည်စာဝယ်ကျွေးကြမလို့လား?" ကုနင်းသူတို့ကို ကြည့်ပြီး နောက်လိုက်တယ်.
"ကုနင်း, ယုံကြည်ချက်တွေသိပ်ရှိမနေနဲ့. အဲ့လိုပြောဖို့ အရမ်းစောနေသေးတယ်." ဟောင်ရန် ပြန်ချေပလိုက်တယ်. ချင်းကျီရွှမ် နဲ့ ကျန်းထန်ပင်းတို့လဲ တပြိုင်တည်း ကုနင်းကို စောင်းကြည့်လိုက်ကြတယ်.
တကယ်တော့ ထိုကောင်လေးသုံးယောက်ဟာ သာမာန်ရန်လိုတတ်တဲ့ကောင်လေးသာသာတွေပါ. ကုနင်းနဲ့တည့်တည့်တိုးလိုက်ချိန်တိုင်း သူတို့အလွယ်တကူကို ဒေါသတွေထွက်လာကြရော.
ကုနင်းက အရမ်းအေးဆေးနေတတ်တာကြောင့် သူတို့ကို ဂရုမစိုက်ဘူးလို့ခံစားနေရတာကြောင့်လဲ ဖြစ်နိုင်ပါတယ်.
ဒါမှမဟုတ် ကုနင်းရဲ့ စိတ်အေးလွန်းနေပုံက သူမရဲ့ယုံကြည်မှုကို ထုတ်ဖော်ပြနေတာကြောင့် သူတို့အရမ်းစိတ်လှုပ်ရှားနေကြတာလဲ ဖြစ်နိုင်ပါသေးတယ်. ဒါကြောင့် သူမရဲ့ယုံကြည်မှုကို ဖျက်စီးပစ်ရန် စကားလုံးတွေနဲ့ အရင်တိုက်ခိုက်နေကြတာပါ.
"နင်တို့ကကော ယုံကြည်ချက်မရှိကြဘူးလား?" ကုနင်း သူတို့ကို ပြန်မေးလိုက်တယ်.
"နင်..." ကုနင်းက သူတစ်ပါးကို စိတ်တိုအောင်လုပ်တဲ့နေရာမှာ တော်တော်ထူးချွန်တယ်ဆိုတာ ဟောင်ရန်နဲ့ သူ့သူငယ်ချင်းတွေ သတိထားမိသွားတယ်.
သူတို့ဘေးပတ်ဝန်းကျင်ကလူတွေကလဲ စတင်အကဲခတ်လာကြတယ်.
"ကုနင်းလုံးဝမကြောက်ဘူးပဲ! ဟာသတောင်လုပ်နေနိုင်သေးတယ်."
ကုရှောင်ရှောင်, ရှောင်ဖေးဖေးနဲ့ သူတို့သူငယ်ချင်းတွေကတော့ ကုနင်းကျရှုံမှာကို လိုလားကြတယ်. အခုလို ကုနင်း ယုံကြည်မှုအပြည့်ရှိနေပုံကို မြင်နေရတာက သူတို့ကို တော်တော်လေးမကျေမနပ်ဖြစ်စေတယ်.
"ငါ့အထင် သူဟန်ဆောင်နေတာပဲဖြစ်ရမယ်!" ကုရှောင်ရှောင်ပြောလိုက်တယ်.
"သေချာတာပေါ့. သူက သပ်သပ်မဲ့ စိတ်အေးသလိုလိုနဲ့ ဟန်ဆောင်နေတာ."
.........
ရှောင်ဖေးဖေး ကုနင်းကိုလှောင်ချင်နေပေမယ့် မုခယ်လဲ ဒီနေရာမှာရှိနေတာကြောင့် ထိန်းထားလိုက်ရတယ်.
ဒါပေမယ့် မုခယ်ကတော့ အစကနေအဆုံးထိ သူမကို တစ်ချက်လေးတောင် စောင်းငဲ့မကြည့်တာကြောင့် စိတ်ပျက်သွားရတယ်. သူမ မုခယ်ကို စကားသွားပြောချင်ပေမယ့် ကုနင်းနဲ့ ယွီမီရှီတို့က သူ့နားမှာရှိနေကြတယ်.
"နင်တို့လဲ ဒီမှာရောက်နေပြီဆိုမှတော့, ဒီလိုလုပ်ပါလား...." ကုနင်း အကြံပြုလိုက်တယ်.
"ဘာကိုလဲ?" ဟောင်ရန်နဲ့ သူ့သူငယ်ချင်းတွေ တစ်ပြိုင်တည်းပြန်မေးလိုက်ကြတယ်.
"ငါတို့ ကျောင်းထဲမှာ တိုက်ခိုက်ကြရင် အပြစ်ပေးခံရလိမ့်မယ် ဒီတော့ အပြင်ထွက်ပြီး တိုက်ကြတာပေါ့. ပြီးတော့ ငါတို့နေ့လည်စာလဲမစားကြရသေးဘူးလေ. ငါတို့အရင်တိုက်ကြပြီးမှ ရှုံးတဲ့သူကနေ့လည်စာဝယ်ကျွေးကြေးဆိုရင် ဘယ်လိုလဲ?" တစ်ခါတည်းနဲ့ တန်ဖိုးရှိတဲ့ အခြေနေလေးတစ်ခုပါထပ်တည့်ကြတာပေါ့." ကုနင်း တမင်တကာဆွယ်လိုက်တယ်.
"ကောင်းတာပေါ့." ဟောင်ရန်နဲ့ သူ့သူငယ်ချင်းတွေဘက်ကလဲ သဘောတူလိုက်ကြတယ်.
"ငါတို့ကျောင်းနောက်မှာ အသစ်ဖျက်စီးထားတဲ့နေရာရှိတယ်. လူလဲရှင်းတယ်ဆိုတော့ အဲ့ဒီကိုပဲ သွားကြရအောင်!" ထို့နောက် ကုနင်းအရင်ဆုံးသွားလိုက်ကာ နောက်မှ မုခယ်နဲ့ ယွီမီရှီလိုက်ပြီး ဟောင်ရန်တို့သူငယ်ချင်းတစ်စုလဲလိုက်သွားကြတယ်.
ပွဲကြည့်မယ့်သူတွေကလဲ အလွတ်မခံပါဘူး. အခန်း၄ရဲ့ ကျောင်းသား၄၀လုံးက ဒီနေရာကိုရောက်နေပြီး ကုရှောင်ရှောင်နဲ့ သူမသူငယ်ချင်းတွေရယ် တခြားအတန်းတွေက ဒါဇင်မကရှိတဲ့ကျောင်းသားတွေရယ်ပါလိုက်သွားကြတယ်.
ဒီလိုလူအုပ်စုလိုက်ကြီး အပြင်ကို သွားနေတာ ပိုပြီး အာရုံစိုက်ခံရစေတယ်.
ကျောင်းထဲမှာ ဒီလောက်လူအများကြီးစုနေတာက ပုံမှန်မြင်နေကြမဟုတ်ပါဘူး. ဒါကြောင့် လူတော်တော်များများလဲ ရန်ပွဲဖြစ်တော့မယ်မှန်းသိသွားကြတယ်.
ဒီလိုနဲ့ ဒီပြပွဲကိုကြည့်ချင်ကြတဲ့ကျောင်းသားတွေကလဲ စုပြုံလာကြကာ လူဒါဇင်လောက်ကနေ ရာချီပြီးဖြစ်သွားကာ ကျောင်းစောင့်တောင်မှ သတိထားမိသွားတယ်.
ဒါပေမယ့် တစ်ယောက်ယောက်မထိခိုက်သ၍ သူတို့ဝင်ပါမှာမဟုတ်ပါဘူး.
ကုနင်းနဲ့ တခြားသူတွေအကုန်လုံး ထိုအဆောက်အဦးပျက်ဆီကိုသွားလိုက်ကြတယ်.
တိုက်ပျက်ကိုရောက်သွားတော့ လူတိုင်းက စိတ်လှုပ်ရှားနေကြကာ ဖုန်းတွေဆွဲထုတ်ပြီး ဗီဒီယိုရိုက်ဖို့ပြင်နေကြတယ်.
မုခယ်နဲ့ ယွီမီရှီတို့ ကုနင်းကိုယုံကြည်ထားတယ်ဆိုပေမယ့်လဲ သူမဒဏ်ရာရသွားမှာကို စိုးရိမ်နေကြတယ်.
"ဘော့စ်, ဖိုက်တင်း!"
"ကုနင်း, ဖိုက်တင်း!"
မုခယ်နဲ့ ယွီမီရှီတို့ ကုနင်းကို အားပေးလိုက်ကြချိန်မှာ သူတို့အသံတွေတောင်တုန်နေကြတယ်.
"ငါ့ကိုသာ ယုံထားလိုက်." ကုနင်း သူတို့ကို စိတ်အေးအောင်ပြောလိုက်တယ်. သူမရဲ့ဆုံးဖြတ်ချက်ခိုင်မာပြီး အေးဆေးပဲဆိုတဲ့လေသံကြောင့် မုခယ်နဲ့ ယွီမီရှီတို့တော်တော်လေး စိတ်ပေါ့သွားကြတယ်.
"အခြေအနေတစ်ခုခုမှာရပ်ဖို့လိုလား ဒါမှမဟုတ် အဆုံးထိတိုက်ခိုက်ကြမှာလား?" သူတို့စမတိုက်ခင် ကုနင်းအရင်မေးလိုက်တယ်.
"မြေပေါ်လဲကျသွားတာနဲ့ ကျတဲ့သူအရှုံးပဲ." ကုနင်းက မိန်းကလေးဖြစ်တာကြောင့် ဟောင်ရန် အဆုံးအစွန်အထိ မတိုက်ခိုက်ဖို့ မရည်ရွယ်ထားပါဘူး.
ဟောင်ရန်ရဲ့အပြုအမူနဲ့ပတ်သတ်ပြီး ကုနင်းအထင်ကြီးသွားတယ် ဒါပေမယ့် သူတို့က သူမကိုလျှော့တွက်နေကြတုန်းပဲ.
တကယ်လို့ တစ်စုံတစ်ယောက်က သူတို့ရဲ့တိုက်ခိုက်မှုအပေါ်မှာ လျှော့တွက်ထားခဲ့ရင် သေချာပေါက်ရှုံးနိမ့်ရလိမ့်မယ်.
"ကောင်းပြီလေ, ဒါဆို စကြတာပေါ့!"
ကုနင်းစဖို့ ကြေညာလိုက်တာနဲ နှစ်ဖက်စလုံး စတင်လှုပ်ရှားလာကြတယ်.
ကုနင်းအလွန်လျင်မြန်စွာပဲ စတင်လှုပ်ရှားလိုက်တယ်. လူတိုင်းသေချာမမြင်လိုက်ခင်မှာပဲ ကျန်းထန်ပင်းရဲ့ မျက်နှာချင်းဆိုင်ကို ကုနင်းရောက်သွားကာ နှောင့်နှေးမှုမရှိပဲ သူ့ကို သူမပုခုံးပေါ်ကနေကျော်ပြီး ကိုင်ပေါက်ချလိုက်တယ်.
ကျန်းထန်ပင်းဟာ အရပ်ရှည်ပြီး သန်မာတဲ့ကောင်လေးတစ်ယောက်ပေမယ့် ကုနင်းကအလွယ်တကူပဲ မြေပြင်ပေါ်ကို ကိုင်ပေါက်လိုက်နိုင်တာကြောင့် အားလုံးထိတ်လန့်သွားကြတယ်.
ကျန်းထန်ပင်းကိုယ်တိုင်လဲ ဆွံ့အသွားရတယ်. ကြမ်းပြင်ပေါ် ဘယ်တုန်းကဘယ်လိုပစ်ချခံလိုက်ရမှန်း သူအခုထိနားမလည်နိုင်သေးဘူး.
ကုနင်းက ကျန်းထန်ပင်း သူမကိုလျှော့တွက်နေတဲ့အပေါ်မှာ အခွင့်အရေးကို အမိအရဖမ်းဆုပ်လိုက်တာပါ.
ဒီကောင်လေးတွေက တကယ်ကို အတိုက်အခိုက်တော်ကြပါတယ်. သူတို့သာ အပြည့်အဝကြိုတင်ပြင်ဆင်ထားမယ်ဆိုရင် ကုနင်းလဲ အကြိမ်ရေတော်တော်များများ တိုက်ခိုက်လိုက်ရမှာပါ.
...............P37End............
ဖီးနစ်သွေးစက်
အခန်း ၃၈ အနိုင်ရပြီ
ဟောင်ရန်နဲ့ ချင်းကျီရွှမ်တို့လဲ လုံးဝအံ့ဩသွားကြပေမယ့် ချက်ချင်းပဲ သူတို့စိတ်ကို ပြန်စုစည်းလိုက်တယ်. သူတို့နှလုံးသားထဲမှာတော့ အလွန်အံ့အားသင့်နေကြပေမယ့် လှုပ်ရှားမှုတွေကတော့ နဲနဲလေးတောင် ယိမ်းယိုင်မသွားကြပါဘူး. သူတို့အရင်တုန်းက ကုနင်းကို လျှော့တွက်ခဲ့ရင်တောင်မှ အခုတော့အဲ့လိုသဘောမထားနိုင်တော့ပါဘူး.
ချင်းကျီရွှမ်းလက်သီးနဲ့ ကုနင်းရဲ့လက်သီးတို့ထိပ်တိုက်ဆုံသွားချိန်မှာ ရုတ်တရက်ပဲ ကုနင်းက ချင်းကျီရွှမ်းရဲ့ အစာအိမ်ဘက်ကို ကန်ချလိုက်တယ်.
တကယ့်လေးလံတဲ့ အရာဝတ္ထုတစ်ခုနဲ အတိုက်ခံလိုက်ရသလိုမျိုး ချင်းကျီရွှမ်း နောက်ကို ခြေလှမ်းအနည်းငယ်ဆုတ်လိုက်ရတယ်.
ကံကောင်းစွာနဲ့ သူက သန်မာတာကြောင့် လဲမကျသွားခဲ့ဘူး.
လူအုပ်ကြီး နောက်တစ်ကြိမ်ထပ်ပြီး ထိပ်လန့်သွားကြပြန်တယ်. တချို့ဆို ကုနင်းအပေါ် မျှော်လင့်ချအမြင့်ကြီးတွေတောင်ထားလာကြပြီ.
ကုနင်းကို ရှုံးစေချင်တဲ့လူတွေကတော့ အခုဆိုတော်တော်လေးစိတ်ပျက်နေကြတယ်.
ဟောင်ရန်, ကုနင်းရဲ့ခြေထောက်ကို သူ့ခြေထောက်နဲ့ ချိတ်ပြီးမြေပေါ်လဲသွားအောင်ကြိုးစားလိုက်တယ်.
ကုနင်း အခုဆို ကြမ်းပေါ်မှာ ခြေတစ်ချောင်းတည်းနဲ့ရပ်နေရတာကြောင့် အားလုံးလဲ သူမရှုံးပြီလို့တွေးလိုက်ကြတယ်.
မုခယ်နဲ့ ယွီမီရှီတို့တောင် သက်ပြင်းအရှည်ကြီးချလိုက်မိတယ်.
မမျော်လင့်ထားစွာပဲ, ကုနင်းက သူ့ရဲ့ကျန်တဲ့ခြေတစ်ဖက်နဲ့ ဟောင်ရန်ရဲ့ခြေထောက်ကို ဖြတ်ကန်ချလိုက်တာကြောင့် ဟောင်ရန် မတည်မငြိမ်ဖြစ်သွားပြီး ရှေ့ကိုဆိုက်သွားတယ်.
ကုနင်းလဲ နောက်ကို တစ်လှမ်းနှစ်လှမ်းလောက်ဆုတ်သွားရပါတယ်.
ထိုအချိန်မှာပဲ ချင်းကျီရွှမ်းက ကုနင်းကို လက်သီးနဲ့လှမ်းထိုးလိုက်တယ်.
ကုနင်းမရှောင်နိုင်တော့တာကြောင့် သူမလက်ကို ထုတ်လိုက်ပြီး ချင်းကျီရွှမ်းရဲ့လက်သီးကို ဖမ်းဆုပ်လိုက်ရတယ်.
ကုနင်းက အခုမှ ဆယ်ကျော်သက်ကောင်မလေးတစ်ယောက်ပဲဖြစ်သေးတာကြောင့် ချင်းကျီရွှမ်းရဲ့လက်သီးကို အပြည့်မကိုင်ထားနိုင်ပေမယ့် ချင်းကျီရွှမ်းရှေ့ဆက်တက်လို့မရအောင်တားဖို့တော့ ခွန်အားအလုံအလောက်ရှိပါတယ်.
ချင်းကျီရွှမ်းက မလန့်သွားဘဲ ချက်ချင်းနောက်တစ်ဖက်နဲ့ ထိုးလိုက်ပေမယ့် ကုနင်းကလဲ နောက်လက်တစ်ဖက်နဲ့ ဖမ်းဆုပ်လိုက်ပြန်တယ်.
ထိုနောက် ချင်းကျီရွှမ်း သူမကို ထပ်မတိုက်ခိုက်နိုင်ခင်မှာပဲ ကုနင်းခြေထောက်ကိုမြှောက်ကာ သူ့ရဲ့ညှိ့သကျည်းကို ကန်ချလိုက်တယ်. ချင်းကျီရွှမ်းလဲ အရှိန်မထိန်းနိုင်တော့ဘဲ မြေပြင်ပေါ် ဘုန်းကနဲလဲကျသွားတော့တယ်.
လူအုပ်ကြီးလဲ မျက်လုံးတွေပြူးကျယ်သွားကာ ထပ်ပြီးထိတ်လန့်သွားကြပြန်တယ်.
တိုက်ကွက်သုံးကွက်ထဲနဲ့, တိုက်ကွက်လေးသုံးကွက်ထဲနဲ့ ချင်းကျီရွှမ်းကို မြေပေါ်လှဲချလိုက်တာပါ.
ပုံမှန်ဆို လူ၇ယောက်လောက်ကို တစ်ပြိုင်တည်းတိုက်ခိုက်နိုင်လောက်တဲ့ ချင်းကျီရွှမ်းက အခုတော့ ကုနင်းရဲ့သိုင်းကွက်သုံးကွက်ထဲနဲ့ အနိုင်ယူခံလိုက်ရတယ်လား?
ဒီအချက်ကို လူအုပ်ကြီးတစ်ခုလုံး လက်ခံနိုင်ဖို့တော်တော်ခက်ခဲတယ်.
နောက်ဆုံးမှာတော့ ဟောင်ရန်တစ်ယောက်ထဲသာ ရပ်နေနိုင်သေးတယ်.
တကယ်တော့ အစောကတစ်ချက်ထဲက သူရှုံးပြီဆိုတာကို ဟောင်ရန်သိပေမယ့် မတိုက်ခိုက်ရပဲနဲ့တော့ အရှုံးမပေးချင်ပါဘူး. ဒါကြောင့် ပုံမှန်ထက်ပိုကြမ်းမှရတော့မယ်.
အကြိမ်တော်တော်များများ တိုက်ခိုက်ပြီး, ဟောင်ရန်ကောင်းကောင်းမရပ်နိုင်ချိန်မှာပဲ ကုနင်းက သူ့ဆီတည့်တည့်ကြီး ကန်ချလိုက်တယ်.
ဒါပေမယ့် သူ့ဆီမှာကွက်ထိပဲအဖမ်းခံလိုက်ရတယ်.
လူအုပ်ကြီးလဲ ဒီတစ်ကြိမ်တော့ ဟောင်ရန်နိုင်ပြီလို့တွေးလိုက်ကြတယ်. ကုနင်း နောက်ခြေထောက်နဲ့ မြေပြင်ကို မြဲမြဲမြံမြံခြေကုတ်ယူပြီး ကိုယ်ကိုလှည့်တာကြောင့် သူမခြေထောက် ဟောင်ရန်ရဲ့လက်မှလွတ်သွားတယ်.
ထို့နောက် ကုနင်းဆက်ပြီးကန်လိုက်တယ်.
အခုတစ်ခေါက်မှာတော့ ဟောင်ရန် သူ့ကိုယ်သူကာကွယ်ဖို့နောက်ကျသွားကာ အကန်ခံလိုက်ရပြီး လဲကျသွာတော့တယ်.
သူလဲရှုံးသွားပါပြီ.
အကောင်းဆုံးတိုက်ခိုက်သူ ဟောင်ရန်က သိုင်းကွက်၁၀ကွက်အတွင်းရှုံးသွားတာကြောင့် အားလုံးပိုလို့တောင် ထိတ်လန့်သွားကြရတယ်.
သူတို့တကယ်ကို ရှုံးသွားခဲ့ပြီ. ဟောင်ရန်နဲ့ သူ့သူငယ်ချင်းနှစ်ယောက်ရယ် ကုနင်းရယ်ရဲ့တိုက်ပွဲမှာ ကောင်လေးတွေဘက်ကရှုံးသွာခဲ့တယ်. ကုနင်းဘက်ကတော့ လွယ်လွယ်ကူကူကို အနိုင်ရသွားခဲ့တာပါ. သူတို့မျက်မြင်တွေခဲ့ရတာတောင် ဘယ်သူမှမယုံကြည်နိုင်ကြပါဘူး.
ကုနင်းကို ယုံကြည်တဲ့ မုခယ်နဲ့ ယွီမီရှီတို့တောင်မှ အရမ်းကို အံ့ဩနေကြတယ်.
"ဘုရားရေ! ငါ့အမြင်တွေမှားနေတာလား? ကုနင်း နိုင်သွားတယ်ပေါ့!"
"ငါတို့ အိပ်မက်မက်နေကြတာပဲဖြစ်မယ်. ကုနင်းက နိုင်သွားတယ်တဲ့လား?"
"အမှန်ပဲ. ငါ့မျက်လုံးကိုတောင် ငါမယုံနိုင်ဘူး. ဒါအမှန်မဖြစ်နိုင်ဘူး."
"ဒါပေမယ့် ဒါအမှန်တရားပဲ. ကုနင်းကရိုးရိုးနိုင်တာတောင်မဟုတ်ဘူး လွယ်လွယ်လေးကို အနိုင်ရသွားတာ. သူတို့ကို တိုက်နေတုန်းက သူ့ပုံစံကအရမ်းမိုက်တာပဲ"
"ဟုတ်တယ်. အထူးသဖြင့် လေထဲလှည့်ပြီးကန်လိုက်တဲ့ပုံက အမိုက်ဆုံးပဲ!"
"ကုနင်းကတယ့်သိုင်းဆရာတစ်ယောက်ဆိုတာ ငါတကယ်ယုံသွားပြီ!"
...................
အခုဆို ကုနင်းက သိုင်းဆရာလားဘာလားဆိုတာ ဘယ်သူမှမမေးကြတော့ပါဘူး. သာမာန်လူတွေရဲ့မျက်လုံးထဲမှာတော့ သူမကတကယ့်သိုင်းဆရာတစ်ယောက်ပါပဲ.
ဟောင်ရန်နဲ့ သူ့သူငယ်ချင်းတွေလဲ အခုချိန်ထိ ထိတ်လန့်နေတုန်းဖြစ်ပေမယ့် တခြားသူတွေထက်တော့ အမှန်တရားကို လက်ခံနိုင်ဖို့ရာတော့ သူတို့ကပိုပြီး အရည်အချင်းပြည့်မှီပါတယ်. ဘာလို့ဆို ဒီအဖြစ်အပျက်တစ်ခုလုံးကို သူတို့ကိုယ်တိုင်ကျော်ဖြတ်ခဲ့ကြရတာပဲကို.
ရှောင်ဖေးဖေး, ကရှောင်ရှောင်နဲ့ သူတို့သူငယ်ချင်းတွေကတော့ ဒါကို ဘယ်လိုမှလက်မခံနိုင်ကြပါဘူး.
ရှောင်ဖေးဖေးဆို ပါးစပ်ကနေတောင်ထုတ်ပြောမိသွားတယ်.
"မဟုတ်ဘူး, မဟုတ်ဘူး, မဟုတ်ဘူး.
ဘယ်လိုမှမဖြစ်နိုင်ဘူး. ဟောင်ရန်နဲ့ သူ့သူငယ်ချင်းတွေက အားအကုန် မသုံးကြရသေးလို့ပဲဖြစ်ရမယ်."
တချို့ကျောင်းသားတွေမှာလဲ ဒီလိုအတွေးမျိုးရှိနေတာတောင်မှ ဘယ်သူမှထုတ်မပြောရဲကြပါဘူး. ဒါက ဟောင်ရန်နဲ့ သူ့သူငယ်ချင်းတွေကို တမင်အရှက်ခွဲလိုက်သလိုမျိုးပါပဲ. ဘယ်သူမှ သူတို့နဲ့ အငြှိုးအတေးမရှိချင်ကြပါဘူး.
ဟောင်ရန်နဲ့ သူ့သူငယ်ချင်းတွေ တိုက်ခိုက်မှုမှာ ရှုံးသွားတာကတင် အရှက်ကွဲတာလုံလောက်နေပါပြီ. ရှောင်ဖေးဖေးရဲ့စကားတွေက မီးထဲကို လောင်စာထပ်ထည့်လိုက်သလိုပါပဲ. သူတို့ရဲ့ဒေါသတွေ ချက်ချင်းကို တိုးထွက်လာကြပါပြီ.
"မင်းပါးစပ်ကို ပိတ်ထားစမ်း! မိန်းမတစ်ယောက်ဆိုတာနဲ့ ငါမထိုးဘူးမထင်နဲ့!" ဟောင်ရန် ရှောင်ဖေးဖေးကို ထရိုက်တော့မလိုနဲ့ ဒေါသတကြီးအော်လိုက်တယ်. ရှောင်ဖေးဖေး ချက်ချင်းကို ပါးစပ်ပိတ်သွားကာ ကြောက်လွန်းလို့ အသက်ရှူတောင်ရပ်တော့မလိုပဲ.
သူမ မုခယ်ဘက်ကိုကြည့်လိုက်ပြီး သနားမှုနဲ့ နှစ်သိမ့်ပေးမှုတို့ကိုရှာလိုက်တယ်. မမျှော်လင့်ထားစွာပဲ မုခယ်ကလဲ သူမဘက်ကိုကြည့်လာတယ် ဘာလို့ဆို သူမက ကုနင်းရဲ့ခွန်အားကို မေးခွန်းထုတ်လိုက်တဲ့အတွက်ကြောင့်ပါ.
ချက်ချင်းပဲ ရှောင်ဖေးဖေး အရမ်းကို နာကျင်ခံစားသွားရကာ စပြီးငိုကြွေးတော့တယ်.
တကယ်တော့ ရှောင်ဖေးဖေးက သိပ်ပြီး မလည်ပါဘူး. သူမ မုခယ်ကို ကြိုက်ပြီဆိုကတည်းက သူမြတ်နိုးတဲ့ဘယ်သူ့ကိုမဆို ရန်မရှာသင့်ပေမယ့် သူမကတော့ အဲ့လိုမလုပ်ခဲ့ပါဘူး.
အခုလို ကုနင်းကို ရန်ရှာနေတာက သူမကိုမုခယ် ပိုမုန်းအောင်လုပ်နေသလိုပါပဲ.
"ထားလိုက်ပါတော့, ငါဒီလောက်မြန်မြန်ကြီးပြီးသွားလိမ့်မယ်လို့ မထင်ထားခဲ့ဘူး. ဒီအတွက်ဆိုပြီး ငါတို့မှာကျောင်းပြင်ထိတောင်လာလိုက်ရတာ. အပြစ်ပေးခံရမှာကိုသာ ကြောက်မနေရရင် ဒီလောက်အထိ အချိန်ဖြုန်းနေစရာတောင်မလိုဘူး."
ကုနင်းပြောလိုက်ပုံက သူတို့ကပဲ တောင်ကို ပွေးတစ်ကောင်လိုမျိုး ဖောက်နေတဲ့ပုံပဲ.
ဒါကိုကြားလိုက်တော့ အားလုံးဆွံ့အသွားကြရတယ်. ဒီလောက်လွယ်လွယ်လေးနဲ့ အဆုံးသတ်သွားမယ်လို့ ဘယ်သူက ထင်ထားမှာလဲ!
တစ်ချိန်တည်းမှာပဲ ဟောင်ရန်နဲ့ သူ့သူငယ်ချင်းတွေကတော့ ရှက်လွန်းလို့ မြေကျွင်းထဲတောင် ဝင်ပုန်းချင်နေကြပြီ.
ကုနင်းက တကယ်ကို ခွန်အားရှိတာပဲ!
ဟောင်ရန် အသက်ပြင်းပြင်းရှူလိုက်ရင် ကုနင်းကို ကြည့်လိုက်တယ်. သူရှုံးသွားတာကြောင့် ရှက်နေပေမယ့်လဲ ကုနင်းကိုတော့ တကယ်လေးစားသွားမိတယ်.
ဒါကြောင့် သူဘာမှရှည်ရှည်ဝေးဝေးလုပ်မနေတော့ဘဲ လက်ခံလိုက်တယ်.
"ငါတို့ရှုံးသွားပြီဆိုတော့ အခုကစပြီး မင်းက ငါတို့ဘော့စ်ပဲ." ဟောင်ရန် လေးလေးစားစားနဲ့ပြောလိုက်တယ်.
"ဟုတ်တယ်, အခုကစပြီး မင်းက ဘော့စ်ပဲ" ချင်းကျီရွှမ်နဲ့ ကျန်းထန်ပင်းတို့လဲ လိုက်ပြောလိုက်တယ်.
"ကောင်းပြီ" ကုနင်းပြန်ဖြေလိုက်ပြီးနောက် ရုတ်တရက်ထပြောလိုက်တယ်.
"ငါဗိုက်ဆာနေပြီ. အရင်သွားစားကြရအောင်! ပြီးတော့ ငါကနိုင်တဲ့သူဆိုတော့ ဘာစားမလဲဆိုတာ ငါဆုံးဖြတ်မယ်."
ကုနင်းလဲ မုခယ်နဲ့ ယွီမီရှီတို့ကို လိုက်လာရန်အချက်ပြလိုက်ပြီး မြန်မြန်ပဲထွက်သွားလိုက်တယ်.
တကယ်တော့ ကုနင်းဗိုက်မဆာသေးပါဘူး. ဒီလူအုပ်ကြီးရဲ့ စိုက်ကြည့်နေတာကို မခံချင်ရုံပါ.
ဟောင်ရန်နဲ့ သူ့သူငယ်ချင်းတွေကတော့ ကုနင်းကို သူတို့ဘော့စ်အဖြစ်လက်ခံပြီးကတည်းက သူမအမိန့်ကို လိုက်နာမှာပါ ပြီးတော့ သူတို့မှာက ဘယ်တော့မှ ပိုက်ဆံပြတ်တယ်ဆိုတာမရှိပါဘူး.
ကုနင်း ထွက်သွားတာကိုမြင်တော့ ရှောင်ဖေးဖေး, ကုရှောင်ရှောင်နဲ့ သူတို့အဖွဲ့ရဲ့မျက်လုံးတွေထဲမှာတော့ မကျေနပ်မှုတွေ အမုန်းတရားတွေနဲ့ ပြည့်နှက်နေကြတယ်.
ဘာလို့လဲ? ဘယ်လိုလုပ် ကုနင်းက ရုတ်တရက်ကြီးဒီလောက် ခွန်အားကြီးသွားရတာလဲ?
...............P38End............
ဖီးနစ်သွေးစက်
အခန်း ၃၉ ကုမန့်မတော်တဆဖြစ်ခြင်း
ချန်းကျီယောင်, ကျန်းယီမင်နဲ့ ဖူမင်လျန်တို့လဲ စိတ်ပျက်နေကြသလို တစ်ချိန်တည်းမှာ ကြောက်ရွံ့နေကြပါတယ်. ကုနင်းက အခုဆို ခွန်အားရှိရုံတင်မဟုတ်တော့ဘဲ ဟောင်ရန်နဲ့ သူ့သူငယ်ချင်းတွေရဲ့ အထောက်အပံ့ကိုပါရသွားပြီ. တကယ်လို့ သူမအပေါ် သူတို့လုပ်ခဲ့တာတွေအတွက် လက်စားချေချင်တယ်ဆိုရင် ဘယ်လိုလုပ်ကြမလဲ?
တွေးကြည့်ရုံနဲ့တင်ကို အရမ်းစိတ်ပူသွားကြတယ်.
ချင်ကျန်းရဲ့ လက်ရှိခံစားချက်ကတော့ ပြေးလမ်းကြောင်းတစ်ခုပေါ်မှာ ပြေးနေရသလိုပါပဲ. ကုနင်းက အခုဆို အတော်လေးအထင်ကြီးစရာကောင်းလာတာကြောင့် သူမကို လမ်းခွဲလိုက်မိတာအတွက် နောင်တရနေမိတယ်.
ဒါပေမယ့် နည်းနည်းဆက်တွေးကြည့်မိတော့ သူပြန်ပြီး စိတ်ငြိမ်သွားရတယ်. ကုနင်းဘယ်လောက်ပဲ အထင်ကြီးစရာကောင်းနေပါစေ သူအတွက်ဘာအကူအညီမှမပေးနိုင်ဘဲ အရှက်သာရစေမယ့် ဆင်းရဲတဲ့ကောင်မလေးတစ်ယောက်ဖြစ်နေတုန်းပါပဲ.
အပြန်လမ်းမှာတော့ ကုရှောင်ရှောင်က ဖုန်းကိုထုတ်လိုက်ပြီး ကုမန့်ကို မက်ဆေ့တစ်စောင်လှမ်းပို့လိုက်တယ်. ထိုဟာကတော့ ကုနင်းတခြားသူတွေနဲ့ တိုက်ခိုက်နေတဲ့ပုံပါပဲ.
ထိုပုံထဲမှာတော့ ကုနင်းကို ကောင်လေးတွေက ဝိုင်းရိုက်နေတဲ့ပုံစံပေါက်နေပါတယ်.
ကုမန့် နေ့လည်စာစားပြီး အောက်ထပ်ကိုပြန်ဆင်းလာချိန် ဖုန်းဝင်လာသံကြောင့် ထုတ်ကြည့်လိုက်တယ်. သူမဖုန်းက ဟောင်းပြီးဈေးပေါတယ်ဆိုပေမယ့် ပုံတော့ဝင်ပါသေးတယ်.
ကုမန့်ဓာတ်ပုံကိုမြင်လိုက်တော့လန့်သွားပြီး လှေကားပေါ်ကနေ မတော်တဆပြုတ်ကျကာ ကြမ်းပြင်နဲ့ခေါင်းနဲ့ ရိုက်မိသွားတယ်.
တစ်ဖက်မှာတော့ လူအုပ်ကြီးကို ထားခဲ့ကာ ဟောင်ရန်နဲ့ သူ့သူငယ်ချင်းတွေက ကုနင်းကို တစ်ချိန်လုံးဘော့စ်ကြီးပဲခေါ်နေကြတယ်. အရင်တုန်းက မုခယ်လုပ်ခဲ့သလိုမျိုး သူတို့လဲ တစ်ပုံစံတည်းကိုလုပ်နေကြပါတယ်.
"ဘော့စ်, ငါတို့ မင်းစကားကို နားထောင်ကြမှာဆိုတော့ သိုင်းသင်ပေးလို့ရမလား? နောက်ကျရင် ဒီ့ထက်ပိုပြီး တော်ချင်လို့ပါ!"
"ဟုတ်တယ်, ဘော့စ်, မင်းအရမ်းမိုက်တာပဲ. ပုံမှန်ဆို ငါတို့ထဲကတစ်ယောက်ချင်းကတောင် လူ၇ယောက်၈ယောက်လောက်ကို တစ်ပြိုင်တည်းတိုက်နိုင်တယ် ဒါပေမယ့် အခုကျတော့ မင်းတစ်ယောက်ကိုတောင် ငါတို့ပေါင်းတိုက်တာကို မနိုင်ဘူး. မင်းက လွယ်လွယ်လေးနဲ့ကို နိုင်သွားတာပဲ."
"ဘော့စ်..."
ဟောင်ရန်နဲ့ သူ့သူငယ်ချင်းတွေကတော့ ရပ်ကိုမရပ်နိုင်ကြတော့ဘူး. တော်တော်တော့ဆူညံနေပေမယ့် ကုနင်းစိတ်အနှောင့်အယှက်မဖြစ်မိပါဘူး.
အခုလို ဟောင်ရန်နဲ့ သူ့သူငယ်ချင်းတွေကို ခွေးလိမ္မာလေးတွေလိုမြင်ရတာက မုခယ်နဲ့ ယွီမီရှီတို့ကို တော်တော်လေးဂုဏ်ယူနေစေတယ်.
ဒါပေမယ့် သူတို့အရင်တုန်းက ကုနင်းအပေါ်မလေးမစားလုပ်ခဲ့တာကိုတော့ မုခယ်သိပ်မကျေနပ်သေးပါဘူး.
"အစတုန်းက စိတ်ကြီးဝင်နေတဲ့ကောင်တွေက အခုကျတော့လဲ ခွေးလိမ္မာလေးတွေလိုဖြစ်သွားပြီပေါ့?" မုခယ် တမင်သက်သက်ပြောလိုက်တယ်.
ဒါကိုကြားတော့ ဟောင်ရန်နဲ့သူ့လူတွေ ရှက်သွားကြတယ်. အရင်တုန်းက ကုနင်းကို သူတို့ဆက်ဆံခဲ့ကြတဲ့ပုံစံကို မုခယ်မကျေနပ်သေးမှန်းသိတာကြောင့် သူပြောတာတွေအတွက် အပြစ်တင်မနေတော့ပါဘူး.
ဟောင်ရန်, မုခယ်ဆီသို့လျှောက်သွားကာ သူ့လက်ကို မုခယ်ပုခုံးပေါ်တင်လိုက်ပြီး.
"တကယ်လို့ ငါတို့မတိုက်ခဲ့ကြရင် တစ်ယောက်နဲ့တစ်ယောက်သိကြမှာမဟုတ်ဘူး. ပြီးခဲ့တာတွေလဲ ပြီးလိုက်ပါတော့. အခုကစပြီး ငါတို့ညီအစ်ကိုတွေဖြစ်သွားကြပြီ. နောက်မင်းဘာအကူအညီပဲလိုလို ငါ့ကိုသာပြော!"
"ဟုတ်တယ်, ဟုတ်တယ်!" ချင်းကျီရွှမ် နဲ့ ကျန်းထန်ပင်းတို့ကလဲ ထောက်ခံလိုက်တယ်.
မုခယ်သူတို့ကို တကယ်ကြီး စိတ်ဆိုးနေသေးတာမဟုတ်ပါဘူး. သူတို့ကုနင်းကို ဘော့စ်လို့ခေါ်လိုက်ကတည်းက သူတို့အားလုံးတစ်ဖွဲ့တည်းသားသူငယ်ချင်းတွေဖြစ်သွားပြီမှန်း နားလည်ပြီးသားပါ.
သူတို့ရဲ့သဘောထားတွေကိုတောင် ပြောင်းပစ်ပြီဆိုမှတော့ မုခယ်ဘက်က ထပ်ပြီးအမုန်းပွားနေစရာမလိုအပ်တော့ပါဘူး.
"မီရှီက သိပ်မသန်မာသေးတဲ့ ကလေးပဲရှိသေးတယ်. ဒီတော့ ငါတို့သူ့ကို သေချာဂရုစိုက်ဖို့လိုတယ်." ကုနင်းပြောလိုက်တယ်.
"ဟုတ်တာပေါ့. ကိစ္စမရှိဘူး." ချက်ချင်းပဲ အားလုံးကလဲ ပြန်ပြီး သဘောတူလိုက်ကြတယ်.
ယွီမီရှီနည်းနည်းရှက်သွားပေမယ့် သူတို့ပြောတာကို လက်ခံလိုက်ပါတယ်.
ကုနင်း ဈေးကြီးတာတွေစားဖို့မရည်ရွယ်ထားပဲ ရိုးရိုးရှင်းရှင်း ဟော့ပေါ့လောက်သာစားချင်တာပါ.
ဒါပေမယ့် သူတို့စားသောက်ဆိုင်သို့သွားနေတုန်း ကုနင်းရဲ့ဖုန်းကမြည်လာခဲ့တယ်.
ကုနင်းဖုန်းကို ထုတ်လိုက်တဲ့အချိန် ယွီမီရှီရော မုခယ်ပါ အံ့ဩသွားကြတယ်.
ကုနင်းရဲ့မိသားစုက ဆင်းရဲတယ်လို့ပဲ သူတို့သိထားကြတယ်. သူမအရင်တုန်းက ဈေးပေါပေါဖုန်းဟောင်းတစ်လုံးကိုပဲကိုင်တာပေမယ့် အခုတော့ တကယ့်ကို ဈေးကြီးပုံရတဲ့ ဖုန်းအသစ်စက်စက်တစ်လုံးကို သုံးနေပါတယ်.
ဟောင်ရန်နဲ့ သူ့သူငယ်ချင်းတွေကတော့ ကုနင်းကဆင်းရဲတယ်လို့မသိထားတာကြောင့် ဘာမှထွေထွေထူးထူး မခံစားမိလိုက်ပါဘူး..
ခေါ်ဆိုသူက ကုမန့်ဖြစ်တာကြောင့် ကုနင်းချက်ချင်းပဲ ဖြေလိုက်တယ်.
တစ်ဖက်ကအသံကို ကြားလိုက်ရရင်ပဲ ကုနင်းရဲ့မျက်နှာအမူအရာပြောင်းလဲသွားကာ ခနနေရောက်မယ်လို့ပြောကာ ဖုန်းချလိုက်တယ်.
"ဘော့စ်, ဘာဖြစ်လို့လဲ?" ကုနင်းပြောင်းလဲသွားတာကို အားလုံးသတိထားမိလိုက်တာကြောင့် တစ်ခုခုမကောင်းတာပဲဖြစ်ရမယ်.
"ငါ့အမေ လှေကားပေါ်ကပြုတ်ကျပြီး အခုထိသတိမရသေးဘူးတဲ့. အခုဆေးရုံကို ပို့လိုက်ပြီမို့ ငါလဲအခုလိုက်သွားမှရမယ်. နင်တို့ ငါမပါပဲစားလိုက်ကြတော့." ကုနင်းဘာမှဖုံးကွယ်မနေတော့ပါဘူး. ပြီးတာနဲ့ ဆေးရုံသွားရန် တက္ကဆီတစ်စီးငှားဖို့ အမြန်ပြေးသွားတော့တယ်.
"ဘော့စ်.." သူတို့သေချာနားမလည်လိုက်သေးခင်မှာပဲ ကုနင်းကတော့ထွက်သွားပါပြီ.
"ငါတို့လဲလိုက်သွားကြရအောင်" မုခယ်ပြောပြီးတာနဲ့ ချက်ချင်းပြေးသွားတာကြောင့် ဟောင်ရန်နဲ့ကျန်တဲ့လူတွေလဲ နှောင့်နှေးမနေဘဲ ချက်ချင်းလိုက်သွားကြတယ်.
သူတို့ဘော့စ်ရဲ့အမေက အန္တရာယ်နဲ့ကြုံနေရတာကို သူတို့ ဘေးထွက်မနေချင်ပါဘူး!
ထိုအချိန်မှာပဲ အနက်ရောင်Maseratiတစ်စီးသည် အလွန်လျင်မြန်စွာနဲ့ မောင်းနှင်နေသည်. ထိုထဲတွင်တော့ ယောက်ျားနှစ်ယောက်ထိုင်နေတယ်.
လင်ရှောင်းထင်က ခရီးသည်ထိုင်ခုံမှာထိုင်နေပြီး မျက်မှောင်အနည်းငယ်ကျုံ့ထားတယ်. မောင်းသူနေရာမှာထိုင်နေတဲ့တစ်ယောက်က စကားတွေအဆက်မပြတ်ပြောနေတာကြောင့် သူ့ရဲ့စိတ်ရှည်မှုတွေကုန်ဆုံးနေပေမယ့် ကြားတော့မဖြတ်လိုက်ပါဘူး.
"ရှောင်းထင်, ငါတို့ရဲ့ ညီ၄အတွက်ထားလိုက်ကြရအောင်.မင်းအခုထိပြန်မကောင်းသေးဘူးလေ. မင်းထပ်ပြီးဒဏ်ရာရမယ်ဆို ကိုယ့်ဘာကိုယ်သာဂရုစိုက်တော့." မောင်းသူနေရာမှာထိုင်နေတဲ့ အမျိုးသားက လင်ရှောင်းထင်ကောင်းဖို့အတွက် မကျေမနပ်နဲ့ပြောနေတယ်.
ထိုမောင်းသူနေရာမှာထိုနေတဲ့သူကတော့ အရင်တစ်နေ့က လင်ရှောင်းထင်ကို စောင့်ကြည့်ကင်မရာမှတ်တမ်းတွေကူဖျက်ပေးတဲ့သူပါ.
သူက ပုံမှန်အတိုင်းသာမာန်အဖြူရောင်ဝတ်စုံကိုပဲဝတ်ထားကာ ခန့်ညား, ရည်မွန်ကာ စွဲဆောင်မှုရှိတယ်.
လင်ရှောင်းထင် သူ့ကို လျစ်လျူရှုထားတာကိုလဲ ဂရုစိုက်မနေဘဲ ဆက်ပြောလိုက်တယ်.
"မင်းဘာလို့ဒီလောက် စီးပွားရေးတွေအများကြီးဖိလုပ်နေရတာလဲ. အနားယူချိန်တောင်မရှိတော့ဘူး. မင်းဒီလိုသာဆက်လုပ်နေရင် ဘယ်မိန်းကလေးမှမင်းကို ကြိုက်လိမ့်မယ်လို့မထင်ဘူး."
နဲနဲလှမ်းတဲ့ လမ်းဘေးမှ ကျောင်းဝတ်စုံနဲ့ မိန်းကလေးတစ်ယောက်ကို လင်ရှောင်းထင်သတိထားမိသွားတယ်. ထိုကောင်မလေးကို ကြည့်ရတာ အရမ်းစိုးရိမ်နေပြီး တက္ကစီတစ်စီး ငှားဖို့ အလျင်လိုနေပုံပဲ.
တစ်ချက်ကြည့်လိုက်တော့ ထိုမိန်းကလေးရဲ့ပုံစံကို လင်ရှောင်းထင် ရင်းနှီးနေသလိုခံစားလိုက်ရတယ်.
နီးကပ်လာတော့မှ လင်ရှောင်းထင် သူမကို မှတ်မိသွားကာ ချက်ချင်းပြောလိုက်တယ်
"ရပ်လိုက်"
"ဘာဖြစ်လို့လဲ?" ထိုအမျိုးသားက ပြန်မေးလိုက်ပေမယ့် လင်ရှောင်းထင်က ပြန်မဖြေဘဲ ကားမှန်ကိုချကာ
"ကားထဲကိုဝင်" ဆိုပြီး အပြင်ဘက်ကို လှမ်းပြောလိုက်တယ်.
ကုနင်း သူမရှေ့ကားတစ်စီးရပ်လာတာကို မြင်လိုက်ပြီး သူမရင်းနှီးနေတဲ့အသံတစ်သံကိုကြားလိုက်ရတယ်.
ဒါဟိုတစ်နေ့ညက ဒဏ်ရာရနေတဲ့လူမဟုတ်လား. ကုနင်း နည်းနည်းအံ့ဩသွားရတယ်.
ဒါပေမယ့် သူအသံက သူမကို ချက်ချင်းပဲဆွဲတင်တော့မလိုပါပဲ.
ကုနင်းလဲ အခုချိန်အလျင်လိုနေတာကြောင့် ငြင်းမနေတော့ဘဲ ကားတံခါးဖွင့်ကာ ဝင်သွားလိုက်တယ်.
ထိုအချိန်တွင်တော့ မောင်းသူနေရာမျ အမျိုးသားဟာ ထိတ်လန့်နေခဲ့တယ်. လင်ရှောင်းထင်ဟာ ကျောင်းသူလေးတစ်ယောက်ကို ကားတောင်ရပ်ပြီး ခေါ်မယ်လို့ သူမမျှော်လင့်ထားဘူး.
ဒါပေမယ့်, သူမကဘယ်သူလဲ? လင်ရှောင်းထင်က ဒီလိုကျောင်းသူငယ်ငယ်လေးနဲ့ ဘယ်လိုသိနေမှန်း သူဘယ်လိုမှစဉ်းစားလို့မရဘူး. ပုံမှန်ဆို လင်ရှောင်းထင်က ဘယ်မိန်းမနဲ့မှ အဆက်အဆံမလုပ်ဘူးလေ.
"ဆေးရုံကိုပါ. ကျေးဇူးပါပဲ." ကုနင်းရှည်ရှည်ဝေးဝေးဆက်ပြောမနေတော့ပါဘူး.
...............P39End............
ဖီးနစ်သွေးစက်
အခန်း ၄၀ မင်းကိုသေတဲ့အထိတော့မရိုက်ပါဘူး
ဆေးရုံ? လင်ရှောင်းထင် မျက်မှောင်ကြုတ်သွားမိတယ်. သူမဘာလို့ဆေးရုံကိုသွားချင်မှန်း တွေးမိသွားပေမယ့် ထပ်မမေးနေတော့ပါဘူး. ဒါကြောင့် မောင်းသူနေရာက အမျိုးသားကိုပဲ လှမ်းပြောလိုက်တယ်.
"မောင်းတော့"
"ဘာကို? အော်, ဟုတ်သားပဲ." ထိုလူခနတော့စိတ်လွတ်သွားပေမယ့် လင်ရှောင်းထင်ရဲ့စကားကြောင့် ချက်ချင်းပဲ အသိပြန်ဝင်သွားကာ ကားကိုမြန်မြန်ဆန်ဆန်ပဲမောင်းထွက်လိုက်တယ်.
ထိုလူ့စိတ်ထဲမှာ မေးခွန်းတွေအများကြီးရှိနေတာကြောင့် သူဘေးမှာထိုင်နေတဲ့ လင်ရှောင်းထင်ကို ကြည့်လိုက် နောက်ကြည့်မှန်ကနေတစ်ဆင့် ကုနင်းကိုကြည့်လိုက်လုပ်နေတယ်.
ထိုကျောင်းသူလေးက ကြည့်ကောင်းတယ်ဆိုပေမယ့် အရမ်းငယ်နေသေးတယ်. သူမက လင်ရှောင်းထင်အကြိုက်တော့မဖြစ်နိုင်လောက်ဘူး.
"အာရုံစိုက်မောင်း." လင်ရှောင်းထင် အေးစက်စွာနဲ့ပြောလိုက်တယ်. ထိုလူလဲကြောက်သွားတာကြောင့်သူ့အာရုံတွေအကုန်လမ်းဘက်ကိုပဲ ပို့ထားလိုက်တော့တယ်. အခုချိန်ထိတော့ လင်ရှောင်းထင်နဲ့ ကျောင်းသူလေးကြားက ဆက်ဆံရေးကို သိချငနေတုန်းပဲဆိုပေမယ့် ထုတ်မေးဖို့အထိတော့ သတ္တိမရှိသေးပါဘူး.
ထိုအချိန်မှာပဲ ကုနင်းဖုန်းမြည်လာတာကြောင့် ကိုင်လိုက်တယ်. သူမဘက်က ဘာမှမပြောရသေးခင်မှာပဲ, တစ်ဖက်က မုခယ်ရဲ့စိုးရိမ်တကြီးအသံက,
"ဘော့စ်, ဘယ်သူ့ကားထဲကို ဝင်သွားတာလဲ? အန္တရာယ်ကင်းရဲ့လား?"
မုခယ်နဲ့ တခြားသူတွေလိုက်လာတဲ့အချိန် ကုနင်း အနက်ရောင်Maseratiကားထဲဝင်သွားတာကို သူတို့တွေ့လိုက်တယ်.
ထိုကားက အရမ်းဈေးကြီးမှန်းသိတာကြောင့် သူတို့အားလုံးထိတ်လန့်သွားကြတယ်. ပိုင်ရှင်က အရမ်းချမ်းသာတဲ့သူ ဒါမှမဟုတ် အာဏာပိုင်တစ်ယောက်ပဲဖြစ်ရမယ်.
ကုနင်းက ကားထဲဝင်သွားတယ်ဆိုတော့ မောင်းတဲ့သူနဲ့သိလိုဖြစ်နိုင်ပေမယ့် သူမအန္တရာယ်ရှိမရှိသိရအောင် မုခယ်ဖုန်းဆက်ဖို့ ဆုံးဖြတ်လိုက်တယ်.
"ငါအဆင်ပြေပါတယ်. နင်တို့ အခုပဲကျောင်းကိုပြန်ကြတော့." ကုနင်းပြန်ဖြေလိုက်တယ်.
"မပြန်တော့ဘူး. ငါတို့လဲ နင့်အမေကိုလိုက်ကြည့်မလို့. ဆေးရုံရောက်မှတွေ့ကြတာပေါ့." ကုနင်းသူတို့ကို လိုက်ခွင့်မပြုမှာစိုးတာကြောင့် ပြောပြီးတာနဲ့ ကုနင်းပြန်ဖြေတာကိုတောင်မစောင့်ပဲ မုခယ်ဖုန်းအရင်ချလိုက်တယ်.
သူမကို ဂရုစိုက်လို့လိုက်မယ်ပြောတာမှန်း ကုနင်းလဲသိတာကြောင့် လက်ခံလိုက်ပါတယ်.
လင်ရှောင်းထင်နဲ့ ထိုလူလဲကောင်းကောင်းကြားလိုက်ကြပါတယ်. တမင်ခိုးနားထောင်တာမဟုတ်ပေမယ့် သူတို့ပြောနေတာကကို အားလုံးရှင်းရှင်းလင်းလင်းကြားနေရလို့ပါ. ဒါကြောင့် နှစ်ယောက်လုံးလဲ ကုနင်းဘာလို့အလျင်လိုနေမှန်း နားလည်သွားကြတယ်.
"ငါဘာကူညီပေးရမလဲ?" လင်ရှောင်းထင်က ရုတ်တရက်ထမေးလိုတာကြောင့် မောင်းနေတဲ့သူခဗျာလန့်လွန်းလို့ ကားစတီယာရင်ကိုလှည့်မိသွားကာ ရှေ့ကကားကိုတောင် ဝင်ဆောင့်မိတော့မလိုပဲ. ကံကောင်းစွာနဲ့ သူက ကျွမ်းကျွမ်းကျင်ကျင်မောင်းနိုင်တာကြောင့် ဘာမတော်တဆမှမဖြစ်သွားခဲ့ပါဘူး.
ဒါပေမယ့် ဒါကသူ့အမှားကြောင့်ဆိုရင်တောင်မှ လင်ရှောင်းထင်လို အေးစက်စက်လူက ရုတ်တရက်ကြီး တစ်ခြားတစ်ယောက်ကို ကူညီရမလားလို့မေးလိုက်တာကို ဘယ်သူကမလန့်ဘဲနေမှာလဲ.
လင်ရှောင်းထင် ထိုလူကို တစ်ချက်လှည့်ကြည့်လိုက်တာကြောင့် သူလဲ လမ်းပေါ်ကိုပြန်ပြီးအာရုံစိုက်လိုက်တယ်. ထပ်ပြီးတော့လဲ သူ့ကိုလန့်မသွားအောင် လင်ရှောင်းထင်ဘာမှထပ်မပြောဖို့ပါ မျှော်လင့်နေမိတယ်.
ကုနင်းကတော့ ဂရုမစိုက်မိလိုက်ပါဘူး. လင်ရှောင်းထင်ရဲ့စေတနာကို ယဉ်ယဉ်ကျေးကျေးပဲပြန်ငြင်းလိုက်ကာ.
"ကျေးဇူးပါ. ဒီကိစ္စကို ကျွန်မဘာသာကိုင်တွယ်နိုင်ပါတယ်."
ကုနင်းက သူမဘာသာလုပ်နိုင်တယ်ဆိုတာနဲ့ လင်ရှောင်းထင်လဲ ဘာမှထပ်မမေးနေတော့ဘူး. သူက နွေးထွေးကြင်နာတတ်တဲ့သူလဲမဟုတ်ပါဘူး. သူ သူမကို ကူညီတယ်ဆိုတာကလဲ သူ့ကိုကူညီဖူးတာကြောင့်ပါ.
ဒါပေမယ့် ကုနင်းနဲ့ သဘောတူညီမှုယူပြီးလုပ်ခဲ့တယ်ဆိုတာ လင်ရှောင်းထင်မေ့များသွားတာလား. တကယ်ဆို သူမအပေါ်မှာ ဘာအကြွေးမှရှိမနေဘူးလေ.
တစ်ချိန်တည်းမှာပဲ ကုနင်းနဲ့ ဟောင်ရန်တို့အဖွဲ့ချကြတဲ့ ဗီဒီယိုက သူတို့ကျောင်းဖိုရမ်ပေါ်တွင် ဗိုင်းရပ်စ်တစ်ခုလို လျင်လျင်မြန်မြန်ပျံ့သွားခဲ့တယ်.
ဟောင်ရန်, ကုနင်းကို စိတ်ခေါ်လိုက်ကတည်းက ကျောင်းသားတော်တော်များများ ဒီကိစ္စအပေါ်အာရုံထားနေကြတာပါ.
ဟောင်ရန်ရဲ့စိန်ခေါ်မှုကို ကုနင်းလက်ခံလိုက်တဲ့သတင်းနဲ့ အချိန်းအချက်ထားကြတဲ့ သတင်းကလဲ ဖိုရမ်ပေါ်မှာ ညကတည်းက ပျံ့နှံ့သွားခဲ့တယ်. တော်တော်များများက နေ့လည်၁နာရီကျရင် သွားကြည့်ဖို့တိုင်ပင်ထားကြတယ်.
ဒါပေမယ့် မမျှော်လင့်ထားစွာပဲ, တိုက်ပွဲက ၁နာရီမထိုးခင်ကတည်းက ပြီးသွားခဲ့တယ်.
ပွဲရလဒ်ကြောင့်လဲ လူတိုင်းထိတ်လန့်သွားရပါတယ်.
ကျောင်းသားတွေထဲက ၈၀ရာခိုင်နှုန်းလောက်က ကုနင်းနိုင်မယ်လို့ မယုံကြည်ကြဘူး. ၁၀ရာခိုင်နှုန်းကတော့ ကြားနေကာ ကျန်တဲ့ ၁၀ရာခိုင်နှုန်းကတော့ ကုနင်းကို ယုံကြည်ကြတယ်. ကန်တင်းက ဗီဒီယိုထဲမှာ ကုနင်းရဲ့ခွန်အားကအရမ်းမိုက်ပြီး အရမ်းလဲယုံကြည်ချက်ရှိတာကြောင့် နိုင်မယ်လို့တွေးကြတာပါ.
စိတ်ကြီးဝင်တာမဟုတ်ဘဲ တကယ်ယုံကြည်ချက်ရှိတာမျိုးကို လူတိုင်းမလုပ်နိုင်ကြပါဘူး.
ရလဒ်ကတော့ ကုနင်းအနိုင်ရရှိသွားတာပါပဲ. မိနစ်ပိုင်းလေးအတွင်းမှာပဲ ကုနင်းအနိုင်ရသွားတာက တကယ့်ကို ထိတ်လန့်စရာသတင်းတစ်ခုပါပဲ!
"WTF,ဘယ်ကောင် ဘောလုံးကွင်းထဲမှာ နေ့လည်၁နာရီစမှာလို့ပြောခဲ့တာလဲ. ဘာလို့ ဒီလောက်အစောကြီးပြီးသွားတာလဲ?"
"ဟုတ်ပါ့, ကိုယ်တိုင်ကြည့်ရမယ့်အခွင့်အရေးကိုလက်လွှတ်လိုက်ရပြီ. ဘယ်သူချိန်းတဲ့နေရာနဲ့အချိန်ကို တလွဲပြောခဲ့တာလဲ? ထွက်ခဲ့စမ်းပါ, ငါတို့မင်းကို သေအောင်တော့မရိုက်ပါဘူး."
"ဟုတ်တယ်, ထွက်ခဲ့ပြီး ငါတို့ကို ရှင်းပြစမ်း."
"ထွက်ခဲ့စမ်း!"
ထိုအချိန်၌ ချိန်းတဲ့အချိန်နဲ့နေရာကို ညကဖိုရမ်မှာတင်ပေးခဲ့တဲ့ကောင်လေးမှာလဲ ဝမ်းနည်းနေရပါတယ် ဘာလို့ဆို သူကိုယ်တိုင်လဲ ပွဲကိုမကြည့်ခဲ့ရဘူးလေ.
သူလဲရူးတော့မလိုပါပဲ.
"ဒါဘယ်လိုမှမယုံကြည်နိုင်စရာပဲ! ကုနင်းက ဟောင်ရန်တို့အဖွဲ့ကို တစ်ယောက်တည်းတိုက်ပြီးနိုင်ခဲ့တယ်? ဒါအမှန်ဟုတ်ရဲ့လားဆိုတာ တစ်ယောက်ယောက်အတည်ပြုပေးကြစမ်းပါ? "
"ငါ့ကွန်ပျူတာ တစ်ခုခုဖြစ်နေတာပဲဖြစ်ရမယ်. ပြန်ပြီး restartလုပ်ဖို့လိုနေပြီ"
..................
"အခု ငါကုနင်းကို အရမ်းလေးစားသွားပြီ. သူအရမ်းမမိုက်လွန်းဘူးလား?"
"မိုက်တာပေါ့. သူ ကျန်းထန်ပင်းကို တစ်ချက်တည်းနဲ့ မြေပေါ်အလဲသိပ်ချလိုက်တာ. လုံးဝကို အံ့ဩစရာကြီး!"
"ပြီးတော့ သူ့တစ်ပတ်လည်ကန်ချက်ကလဲ အရမ်းမိုက်တယ်."
...........
တချို့က ကုနင်းကို လေးစားသွားကြကာ တစ်ချို့ကတော့ သံသယဝင်နေကြတုန်းပဲ.
"ဟောင်ရန်တို့ ခွန်အားအပြည့်ကောသုံးကြရဲ့လား? ကုနင်းလို မိန်းကလေးတစ်ယောက်က သူတို့အားလုံးကို နိုင်သွားတယ်ဆိုတာ ငါအခုထိမယုံနိုင်သေးဘူး."
"မှန်တယ်! ငါလဲမယုံသေးဘူး."
..............
သံသယရှိနေတဲ့သူတွေပေါ်လာတော့ ကုနင်းကို လေးစားပြီးသားလူတွေက ပြန်ခံပြောကြတယ်.
"မင်းတို့အကုန်ကန်းနေကြတာလား? ငါက ကိုယ်တိုင်သွားကြည့်ခဲ့တာ. ငါ့မျက်လုံးတွေနဲ့သေချာကို မြင်ခဲ့တယ်. သူတို့တွေအားကုန်သုံးကြတာပါနော်! တကယ်လို့မင်းတို့မယုံရင် ကုနင်းနဲ့ ကိုယ်တိုင်သွားတိုက်ကြည့်ပါလား အဲ့လိုဆို သိသွားလိမ့်မယ်."
"အမှန်ပဲ. လေထဲလှည့်ကန်တယ်ဆိုတာ လူတိုင်းလုပ်နိုင်တဲ့အရာမဟုတ်ဘူး"
"ကုနင်းက အခုဆို ဟောင်ရန်နဲ့သူ့သူငယ်ချင်းတွေရဲ့ ဘော့စ်ဖြစ်သွားပြီ. မင်းတို့ ကုနင်းကို မေးခွန်းထုတ်ရဲတယ်ဆိုရင် ဟောင်ရန်နဲ့ သူ့သူငယ်ချင်းတွေကိုလဲ မေးခွန်းထုတ်လိုက်တာပဲ. ဂရုတော့စိုက်ကြဟေ့! ရှောင်ဖေးဖေးတောင်မှ ရလဒ်ကိုမေးခွန်းထုတ်မိလို့ ဟောင်ရန်ရိုက်တာ ခံရလုနီးနီးပဲ"
ထိုအကြောင်းသိသွားတော့ သံသယရှိနေတဲ့သူတွေအားလုံး ချက်ချင်းကိုတိတ်သွားကြတယ်. သူတို့အားလုံး ဟောင်ရန်နဲ့သူ့သူငယ်ချင်းတွေကို ဆိုရင် ကြောက်ကြတယ်လေ.
"ငါ ကြိုက်နေကြောင်း ငါ့ရဲ့နတ်ဘုရားမလေးကို သွားပြောမလို့. ငါ့ကိုဆုတောင်းပေးကြပါဦး!"
"ကံကောင်းပါစေ. မင်းအသက်ရှင်မယ်လို့မျှော်လင့်ပါတယ်."
"ကံကောင်းပါစေ. တကယ်တော့ ငါလဲ ဇာတ်လမ်းတစ်ပုဒ်လောက်ကြည့်ချင်နေတာ"
"ကံကောင်းပါစေ. အဖြေကိုစောင့်နေမယ်"
"ကံကောင်းပါစေ."
ထိုကျောင်းသားကို ကံကောင်းပါစေလို့ဆုတောင်းပေးနေကြပေမယ့် တကယ်တော့ သူတို့က ဇာတ်လမ်းတစ်ပုဒ်လိုစောင့်ကြည့်ချင်နေကြတာ.
ကုနင်းကတော့ ထိုဆွေးနွေးမှုတွေကို ဂရုစိုက်မနေနိုင်ပါဘူး.
ပုံမှန်ဆို ဆေးရုံကိုရောက်ဖို့ နာရီဝက်လောက်ကြာမှာပေမယ့် ထိုလူရဲ့ကျွမ်းကျင်မှုကြောင့် မိနစ်၂၀တည်းနဲ့ရောက်သွားတယ်.
ကုနင်းလဲ လင်ရှောင်းထင်ကို ကျေးဇူးတင်လိုက်ကာ ကားထဲကနေထွက်လိုက်ပြီး အမြန်ပဲ ပြင်ပလူနာဌာနဆီကို ပြေးတော့တယ်.
Maseratiကားကတော့ ထိုနေရာမှာပဲဆက်ရှိနေကာ လင်ရှောင်းထင်နဲ့ထိုလူက ကုနင်းထွက်သွားတာကိုလိုက်ကြည့်နေကြတယ်.
"ရှောင်းထင်, အဲ့ဒီ့ကျောင်းသူလေးက ဘယ်သူလဲ? မင်းရဲ့ပင်ကိုယ်အသိစိတ်နဲ့ သူများကိုကူညီတာ ငါတစ်ခါမှမတွေ့ဖူးဘူး." အဆုံးမှာတော့ ထိုလူလဲမနေနိုင်ပဲ မေးလိုက်တော့တယ်. တစ်လျှောက်လုံး သူ့သိချင်စိတ်ကို အရမ်းထိန်းချုပ်ထားရတာကြောင့် တော်တော်လေးနေမထိထိုင်မသာဖြစ်နေခဲ့တာပါ.
"သွားရအောင်." လင်ရှောင်းထင်ကတော့ ထိုလူရဲ့မေးခွန်းကို လျစ်လျူရှုထားလိုက်တယ်.