အခန်း (၄၆-၅၀)
Vol. 4 Ch. 46-50
အခန်း ၄၆ အိမ်ဟောင်းမှ နှင်ထုတ်ခြင်း
အမျိုးသမီးကြီးလဲ တစ်ခနမျှစိတ်လွတ်သွားကာ ကုရှောင်ရှောင်လိုချင်တဲ့သဘောအတိုင်း နှုတ်မှလွှတ်ခနဲ့ထွက်သွားတယ်. သူမတကယ်ကို ကုမန့်နဲ့ကုနင်းကို နှင်မထုတ်ချင်ပါဘူး. သူတို့ကို ခြိမ်းခြောက်ချင်ရုံပါ.
ဘေးမှာရပ်နေတဲ့ ကုရှောင်ရှောင်ကတော့ သူမရဲ့အောင်မြင်မှုအတွက် အလွန်ကို စိတ်ကျေနပ်နေတယ်.
"အမေ.." ကုမန့် အကူအညီမဲ့စွာနဲ့ ခေါ်လိုက်မိတယ်. သူမပြန်ပြောချင်ပေမယ့် မျက်ရည်တွေပဲကျလာကာ ထိုတစ်လုံးသာပါးစပ်ကထွက်လာနိုင်တယ်.
ကုနင်း ရုတ်တရက် ကုမန့်လက်ထဲက ဖုန်းကိုဆွဲယူလိုက်ကာ အေးစက်စွာနဲ့ပြောလိုက်တယ်.
"သောက်အဖွားကြီး, ကျွန်မတစ်ခုပြောပါရစေ. ကျွန်မတောင်းပန်မှာမဟုတ်ဘူး. ရှင် ကျွန်မတို့ကို အိမ်ဟောင်းကနေ နှင်ထုတ်ချင်တယ်မလား? ကောင်းပြီလေ, ကျွန်မတို့ပြောင်းပေးနိုင်တယ် ဒါပေမယ့် ဒီနေ့ရှင်ပြောခဲ့သမျှကိုတော့ မှတ်ထားပေါ့. ကျွန်မကရှင့်ရဲ့မြေးမဟုတ်ဘူး. အနာဂါတ်မှာ ရှင်တို့ကိစ္စတစ်ခုခုရှိခဲ့ရင်လဲ ကျွန်မနဲ့ဘာမှမဆိုင်တော့ဘူး."
ထို့နောက် ကုနင်းဖုန်းကို အားပြင်းပြင်းနဲ့ ပစ်ချလိုက်တယ်.
ကုမန့်ကတော့ ကုနင်းကို တားလဲမတားသလို အပြစ်လဲမတင်ပါဘူး. သူတို့အပေါ် သူမအမေရဲ့သဘောထားကြောင့် သူမနှလုံးသားတွေ ကြေကွဲနေပါပြီ.
တစ်ဖက်မှာတော့ အမျိုးသမီးကြီးဟာ ဒေါသတွေနဲ့ တဆတ်ဆတ်တုန်ရီနေပြီး ကုနင်းကို အော်ကြီးဟစ်ကျယ် ကျိန်ဆဲနေတော့တယ်.
"လင်လိကျွမ်း, ကုမန့်နဲ့ကုနင်းသာ မနက်ဖြန်အိမ်ပေါ်က မဆင်းရင် သူတို့ကိုကန်ထုတ်ဖို့လူရှာလိုက်တော့!" အမျိုးသမီးကြီးရည်ရွယ်ထားတာက သူမကုမန့်ကို ခြိမ်းခြောက်လိုက်ရင် ကုနင်းက ကုရှောင်ရှောင်ကို တောင်းပန်လိမ့်မယ်ပေါ့.
ဒါပေမယ့် အခုတော့ ကုနင်းက သူမကို အော်ဟစ်သွားတာကြောင့် သူတို့ကို အိမ်ဟောင်းကနေနှင်ထုတ်ဖို့ ဆုံးဖြတ်လိုက်တယ်.
ထိုအချိန်တွင်တော့ ကုရှောင်ရှောင် နဲ့ လင်လိကျွမ်းတို့နှစ်ယောက်လုံး စိတ်လှုပ်ရှားနေကြကာ ကုမန့်နဲ့ ကုနင်းကိုတော့ လုံးဝမသနားပါဘူး.
ဆေးရုံမှာတော့.
"အမေ, ဒီရက်တွေအတွင်း ဆေးရုံမှာပဲနေကြတာပေါ့. မနက်ဖြန်ကြရင် သမီးအိမ်ဟောင်းကိုပြန်ပြီး အရေးကြီးတဲ့ပစ္စည်းတွေပြန်ယူခဲ့မယ်. ပြီးတော့ အိမ်အသစ်တစ်လုံး တတ်နိုင်သလောက်မြန်မြန်ဝယ်ပြီးရင် ပြောင်းကြတာပေါ့." ကုနင်းပြောလိုက်တယ်.
ကုနင်း ဖန်ဟွားအဆင့်မြင့်အိမ်ရာမှာ အိမ်တစ်လုံးဝယ်ဖို့ဆုံးဖြတ်ထားသော်လည်း မြို့တော်Gသို့အရင်သွားပြီး ပိုက်ဆံရှာဖို့လိုနေပါသေးတယ်.
"ကောင်းပြီလေ" အခုကနေစပြီး ကုနင်းပြောသမျှကို ကုမန့်နားထောင်မှာပါ.
ဗီအိုင်ပီလူနာခန်းဖြစ်တာကြောင့် သူနာပြတွေကလဲ ကုမန့်ကိုသေချာဂရုစိုက်ကြမှာဖြစ်သလို အန်ချင်းကလဲ အာရုံစိုက်ပြီး စောင့်ကြည့်ပေးမှာပါ. ထို့ကြောင့် သူမအမေအတွက် စိုးရိမ်စရာမလိုပါဘူး.
နောက်တစ်နေ့မနက်ကျတော့ ကုနင်းကျောင်းကိုသွားလိုက်တယ်.
ကုရှောင်ရှောင်ကလဲ ကျောင်းကိုအစောကြီးသွားခဲ့ပါတယ်. ကုနင်းကို လှောင်ပြောင်ဖို့အတွက် ထပ်ပြီးတော့မစောင့်နိုင်တော့ပါဘူး.
ကုနင်းမနေ့ကအဖြစ်အပျက်တွေကြောင့် အခုချိန်ထိ ရူးတော့မလိုခံစားနေမိပေမယ့် သူမရဲ့နေ့စဉ်အလုပ်တွေကိုတော့ ဆက်ပြီး, ပြီးဆုံးအောင်လုပ်နေပါတယ်. သူမ မုခယ်ရယ် ယွီမီရှီရယ်တို့နဲ့အတူ မနက်စောစောပြေးနေချိန် ဟောင်ရန်, ချင်းကျီရွှမ်နဲ့ ကျန်းထန်ပင်းတို့ကလဲ သူတို့နဲ့အတူပူးပေါင်းလာခဲ့တယ်.
သူတို့ကို ဘယ်နှပတ်ပြေးရမယ်လို့ ကုနင်း အထူးတလည်မပြောနေပါဘူး ဘာလို့ဆို သူတို့အားလုံးက လေ့ကျင့်ရေးအပေါ်မှာ အရမ်းကို တက်ကြွနေကြတယ်လေ.
ဟောင်ရန်တို့ကဆို မုခယ်ထက်တောင်ပိုပြီးပြေးနိုင်နေသေးတယ်.
ဒီမနက်မှာတော့ ယွီမီရှီလဲ သူတို့ပြေးတဲ့အခေါက်အတိုင်းလိုက်ပြေးခဲ့တယ်. ဒုတိယတစ်ပတ်မှာတော့ သူမတဖြည်းဖြည်းနှေးလာကာ တတိယအပတ်တွင်တော့ အနှေးလျှောက်ရုံလောက်သာရတော့တယ်. နောက်ဆုံး ငါးပတ်အထိပြည့်သွားကာ စုစုပေါင်း မီတာ၂၀၀၀တောင်သွားခဲ့နိုင်ပါတယ်.
မုခယ်ကတော့ ၈ပတ်အထိပြေးခဲ့ပြီး ဟောင်ရန်တို့ကတော့ ကုနင်းနဲ့တန်းတူ ၁၀ပတ်အထိလိုက်ပြေးနိုင်ခဲ့တယ်.
ပြေးပြီးသွားတော့ ဟောင်ရန်တို့အားလုံး အရမ်းမောနေကြပြီး မြေပြင်ပေါ် ခြေပစ်လက်ပစ်လှဲချပစ်လိုက်ကြရတယ်.
ကုနင်းကတော့ သူတို့ထက်အခြေအနေပိုကောင်းပါတယ်. သူမမောတော့မောနေပေမယ့် အားကုန်တဲ့အထိတော့မဖြစ်သေးဘဲ သူမကိုယ်ကိုသူမထိန်းနိုင်ပါသေးတယ်.
အစမှာတော့ ကုနင်းရဲ့ခြေလှမ်းကော အမြန်နှုန်းပါ တည်ငြိမ်နေပေမယ့် ၇ပတ်၈ပတ်ကျော်ပြီးချိန်မှာတော့ သူမလဲ တဖြည်းဖြည်းနှေးသွားခဲ့တယ်.
သူမရဲ့ ခန္ဓာကိုယ်က ကြံခိုင်မှုမရှိသေးပါဘူး. အရင်ဘဝတုန်းကသာဆိုရင် ကီလိုမီတာပေါင်းများစွာပြေးပြီးရင်တောင် အေးအေးဆေးဆေးအသက်ရှူနိုင်ပါသေးတယ်.
သူမရဲ့အရင်ဘဝတုန်းကလို ခန္ဓာကိုယ်မျိုးပြန်ရရှိအောင် တစ်ရက်ပြီးတစ်ရက် ပြန်ပြီးလေ့ကျင့်နေရတာပါ. ဒီဘဝမှာလဲ သူမရဲ့ခန္ဓာကိုယ်သန်မာလာအောင် ဆက်ပြီးလေ့ကျင့်ဖို့ ဆုံးဖြတ်ထားပါတယ်.
အချိန်အတော်ကြာနားပြီးသွားတော့မှ ဟောင်ရန်တို့ စကားကို အထစ်ထစ်အငေါ့ငေါ့နဲ့ စပြောနိုင်တော့တ်.
"ဘ..ဘော့စ်, ဘ..ဘယ်လိုလုပ် မ..မင်းကြည့်ရတာ မောတဲ့ပုံတောင်မပေါ်ရတာလဲ" ဟောင်ရန် အရမ်းကို အထင်ကြီးနေပြီးမေးလိုက်တယ်.
"ဟုတ်တယ်,ဟုတ်တယ်!" ချင်းကျီရွှမ်နဲ့ ကျန်းထန်ပင်းတို့လဲ ဝိုင်းပြီးထောက်ခံလိုက်ကြတယ်.
"နင်တို့ ဆက်ပြီးဆက်ပြီး လေ့ကျင့်ခန်းမှန်မှန်လုပ်သွားမယ်ဆို ပိုပိုပြီးသန်မာလာလိမ့်မယ်. ဒီလိုသာဆို နောင်ကျရင် ဒီလောက်ကို လွယ်လွယ်လေးဖြစ်သွားလိမ့်မယ်" ကုနင်းသူတို့ကို အားပေးလိုက်တယ်.
ဟုတ်ပါတယ် မင်းသာ လေ့ကျင့်ခန်းကို အဆက်မပြတ်လုပ်သွားမယ်ဆို ပိုပိုပြီးသန်မာလာမှာပါ. အဲ့လိုဆို ကီလိုမီတာ အများကြီးဆိုရင်တောင် လွယ်လွယ်လေးပြီးသွားလိမ့်မယ်.
ဘယ်သူပဲဖြစ်ဖြစ် ဆုံးဖြတ်ချက်ခိုင်မာမယ်ဆိုရင် လုပ်နိုင်ပါတယ်.
ဒါကိုကြားတော့ ကောင်လေးတွေစိတ်လှုပ်ရှားသွားကြကာ,
"ငါဆက်ပြီးတော့လေ့ကျင့်မယ့် ပြီးရင်သေချာပေါက်သန်မာလာရမယ်!"
"ငါရောပဲ."
"ငါရောပဲ."
"ကောင်းပြီလေ, ငါလဲဒီနေ့လည်လုပ်စရာရှိသေးတယ်ဆိုတော့ နင်တို့လုပ်ချင်တာလုပ်ထားလိုက်." ကုနင်းပြောလိုက်တယ်. သူမအိမ်ဟောင်းကိုသွားပြီး အရေးကြီးတဲ့ ပစ္စည်တွေသွားယူပြီးတာနဲ့ အဲ့ဘက်ကို ဘယ်တော့မှ ခြေဦးထပ်မလှည့်တော့ဘူး.
"ဘော့စ်, ဆေးရုံသွားပြီး မင်းအမေအခြေအနေကို သွားကြည့်မလို့လား? ငါတို့လဲ အတူတူလိုက်မယ်လေ." ကောင်လေးတွေက ကုနင်းကို ဆေးရုံသွားပြီး ကုမန့်ကိုသွားကြည့်မယ်ပဲထင်နေကြတယ်.
"မဟုတ်ဘူး, ကျေးဇူးပါပဲ. ငါဆေးရုံသွားမှာမဟုတ်ဘူး." ကုနင်းငြင်းလိုက်တယ်. သူမကလဲ ထပ်ပြီးတော့မပြောချင်တာကြောင့် ဟောင်ရန်တို့လဲ တိတ်တိတ်သာနေလိုက်တော့တယ်.
ကုနင်းနဲ့ သူမသူငယ်ချင်းတွေ သူတို့အခန်းတွေဆီပြန်ကြတော့ မနက်ခင်းအတန်းစဖို့တောင် အချိန်အများကြီးလိုနေသေးတယ်. အခန်း၇က ဒုတိယထပ်မှာဖြစ်ပါတယ်. ဒါကြောင့် ဟောင်ရန်နဲ့ သူ့သူငယ်ချင်းတွေက ဒုတိယထပ်ကိုရောက်တာနဲ့ သူတို့အခန်းဆီကိုသွားလိုက်တယ်. ကုနင်းနဲ့ ကျန်တဲ့သူတွေကတော့ တတိယထပ်ကို ဆက်သွားလိုက်တယ်.
သူတို့အပေါ်ထပ်ကိုရောက်တော့ ကုရှောင်ရှောင်ကတစ်ယောက်တည်း သူတို့ကို ပြဿနာရှာဖို့စောင့်နေတာကို တွေ့လိုက်ကြရတယ်.
သူမကိုမြင်တော့ သုံးယောက်လုံးဒေါသထွက်လာကြတယ်.. ဘာလို့ဆို ကုမန့်လိမ့်ကျရတဲ့တာက သူမကြောင့်လေ.
ကုနင်းကလဲ ကုရှောင်ရှောင် သူမကို လှောင်ဖို့ရောက်နေတာမှန်း တန်းပြီးသိလိုက်ပါတယ်.
ဒါပေမယ့် ကုနင်းအံ့ဩသွားမိတာက ချန်းကျီယောင်,ချင်ကျန်းနဲ့ သူ့သူငယ်ချင်းတွေကို မတွေ့တာပဲ.
တကယ်တော့ ချန်းကျီယောင်က ကျောင်းကိုမလာသေးတာဖြစ်ပြီး ချင်ကျန်းနဲ့ သူ့သူငယ်ချင်းတွေကတော့ ကုနင်းကို နည်းနည်းကြောက်နေမိကြတာကြောင့် လိုက်မလာခဲ့တာပါ.
ကုရှောင်ရှောင်ကတော့ သူမရဲ့အောင်မြင်မှုကြောင့် ဝမ်းသာလုံးစို့နေကာ မုခယ်နဲ့တခြားသူတွေရဲ့ ဒေါသတွေကို လျစ်လျူရှုထားလိုက်တယ်. သူမက ကုနင်းကိုမြင်တာနဲ့ ရယ်လိုက်ပြီး,
"ကုနင်း. ငါ့ကိုတောင်းပန်လိုက်ဖို့ နင့်ကိုပြောသားပဲ. နင်မှနားမထောင်တာ. ပြီးတော့ ဘယ်လိုလုပ်အဘွားကိုတောင်ပြန်အော်ရဲလိုက်သေးတယ်! အဘွားက ပြောထားတယ် နင်နဲ့နင့်အမေ ဒီနေ့ပဲ အိမ်ဟောင်ကနေပြောင်းရင်ပြောင်း မဟုတ်လို့ကတော့ ကန်ထုတ်ခံရမယ်မှတ်."
ဒါကို ကြားလိုက်ရတော့ မုခယ်နဲ့ ယွီမီရှီတို့ အလွန်ထိတ်လန့်သွားကြတယ်.
ဘာ? ကုနင်းကသာ မတောင်းပန်ရင် နှင်ထုတ်ခံရမယ်?
အစကတော့ ကုရှောင်ရှောင်တမင်ကြွားပြောနေတာလို့ထင်မိကြတာ. ကုမိသားစုက ကုနင်းတို့သားအမိကို ဒီလိုသဘောထားမတိုက်ဆိုင်မှုသေးသေးလေးနဲ့ နှင်မထုတ်လောက်ဘူးပေါ့.
မမျှော်လင့်ထားစွာပဲ ကုမိသားစုက တကယ်ကြီးနှင်ထုတ်နေကြတယ်.
တော်တော်ရက်စက်ကြတာပဲ!
"ငါကလဲ မနက်ဖြန်မတိုင်ခင်ရွှေ့ပေးမှာပါ." ကုနင်းအေးအေးဆေးဆေးပဲပြန်ပြောလိုက်တယ်.
"နင်...." ကုနင်းအခုလိုမျိုး အေးအေးဆေးဆေးရှိနေမယ်လို့ ကုရှောင်ရှောင် မမျှော်လင့်ထားမိဘူး.
သူမက ကုနင်းကို ကြောက်လန့်ပြီး ကူကယ်ရာမဲ့ကာ ကျရှုံးနေမယ့်ပုံစံကို မြင်ချင်ခဲ့တာကြောင့် စိတ်ပျက်သွားမိတယ်. ဒါပေမယ့် ကုနင်းဟန်ဆောင်နေတာဖြစ်မယ်လို့ပဲ သူမယုံကြည်နေမပြီး ကုနင်း ရုပ်ပျက်ဆင်းပျက်ငိုနေတာကို မြင်ချင်မိတယ်.
ဒါကြောင့်, ကုနင်းက ရွှေ့ပေးပါမယ်လို့ ကတိပေးပြီးသွားတာတောင်မှ ကုရှောင်ရှောင်က မလွှတ်ပေးသေးပဲနဲ့,
"ကုနင်း, နင် ကိုယ့်ကိုကိုယ်ဂရုမစိုက်တာထားပါ ဘာလို့နင့်အမေကိုတောင် ဂရုမစိုက်ရတာလဲ? အပြင်မှာ ငှားရင်ဈေးအရမ်းကြီးမှာ. နင်တို့တတ်နိုင်လို့လား? နင်သာ ငါကျေနပ်တဲ့အထိတောင်းပန်မယ်ဆိုရင် နင်တို့ကို နေခွင့်ပြန်ပေးဖို့ အဘွားကိုပြောပေးလို့ရတယ်."
ကုရှောင်ရှောင်ဆက်ပြီးပြောလိုက်တယ်. ကုနင်းကနေပြီး သူမကိုတောင်းပန်ဖို့မျှော်လင့်နေမိပြီး အရင်တုန်းကထက်ကို ကုနင်းရဲ့ရှေ့မှာ ဂုဏ်ယူပြလိုက်ချင်မိတယ်.
...............P46End............
ဖီးနစ်သွေးစက်
အခန်း ၄၇ ကုရှောင်ရှောင်ကို ထပ်ရိုက်ပြန်ပြီ
ကုရှောင်ရှောင်ရဲ့မျက်လုံးထဲမှာတော့, ကုနင်းဆိုတာ သူမထက်ဘယ်တော့မှမသာနိုင်ပါဘူး. ပြီးတော့ သူမ ကုနင်းကိုလဲ အမြဲတမ်း အနိုင်ကျင့်ပြီး လှောင်ပြောင်နေချင်ခဲ့တာပါ. အခုလို ကုနင်းက သူမကိုဆန့်ကျင်ရဲနေတာကို ကုရှောင်ရှောင်ဘယ်လိုမှ လက်မခံပေးနိုင်ပါဘူး.
"ကုရှောင်ရှောင်, ရပ်လိုက်တော့.ငါအပါအဝင် ဟောင်ရန်နဲ့ သူ့သူငယ်ချင်းတွေကောက ငါတို့ဘော့စ်ကို အိုးမဲ့အိမ်မဲ့ဖြစ်ခွင့်ပြုမှမဟုတ်ဘူး. " မုခယ် ထပ်ပြီးတော့သည်းမခံနိုင်တာ့တာကြောင့် ကုရှောင်ရှောင်ကို အပြစ်တင်လိုက်တယ်.
"နင်..." ကုရှောင်ရှောင်စိတ်တိုသွားရတာ. မုခယ်နဲ့ ကျန်တဲ့လူတွေက ကုနင်းအပေါ်ဒီလောက်အထိကောင်းပေးကြလိမ့်မယ်လို့ သူမမမျှော်လင့်ထားမိဘူး. ဘာလို့လဲ? ဘာလို့ ကုနင်းကအဲ့လောက်ကံကောင်းနေရတာလဲ?
မရဘူး. သူမဘယ်လိုမှလက်မခံနိုင်ဘူး.
ကုရှောင်ရှောင်ရဲ့မျက်ဝန်းထဲမှာ မနာလိုမှုတွေပြည့်နှက်သွာကာ တမင်သူမရဲ့အသံကို မြှင့်လိုက်ပြီး,
"ကုနင်း, နင်ဘယ်လိုလုပ်ဒီလောက်အရှက်မဲ့ရတာလဲ? ပြီးတော့ ကိုယ့်ကိုထောက်ပံ့ဖို့ယောကျ်ားတွေအပေါ် မှီခိုနေတဲ့ မယားငယ်မတစ်ယောက်လိုတောင်လုပ်..."
ကုရှောင်ရှောင်ရဲ့အသံက အာရုံတော်တော်များများကို ဆွဲဆောင်လိုက်တယ်.
ဒီတစ်ကြိမ်မှာတော့ ကုနင်းစိတ်တိုသွားကာ ကုရှောင်ရှောင်ပြောလို့မပြီးခင်မှာပဲ သူ့ပါးကို 'ဖြန်း'ခနဲ ရိုက်ချလိုက်တယ်. ကုရှောင်ရှောင်နာလွန်းလို့အော်တောင်အော်မိသွားတယ်.
ကုရှောင်ရှောင် ဆွံ့အသွားရတယ်. ဒီလိုရိုက်တာ ပထမဆုံးအကြိမ်တော့မဟုတ်ပေမယ့် ကုနင်းက သူမကို ရိုက်ရဲတာကြောင့် အံ့ဩသွားတယ်.
ကုနင်း ကုရှောင်ရှောင်ကို အေးစက်စွာကြည့်နေပုံက ဓါးတစ်ချောင်းလို ထက်ရှနေပြီး ကုရှောင်ရှောင်ကို ကြောက်လန့်သွားစေပါတယ်.
ထပ်ပြီးတော့ ကုနင်းပတ်ဝန်းကျင်က ဖြာထွက်နေတဲ့ အေးစက်စက်အငွေ့အသက်တွေကြောင့်လဲ ကုရှောင်ရှောင်တုန်ရီနေမိတယ်.
ကုနင်း တည်ကြည်စွာနဲ့ပြောလိုက်တယ်,
"ကုရှောင်ရှောင်, ငါက ယောက်ျားတွေအပေါ်မှာ မှီခိုနေတယ်လို့ နင့်ကို ဘယ်သူပြောလဲ? ပေါက်ကရ သတင်းတွေလျှောက်ဖြန့်မနေနဲ့ မဟုတ်လို့ကတော့ နင့်ကို အသေရေဖျက်မှုနဲ့ တရားစွဲမယ်."
"နင်..." ကုရှောင်ရှောင် ပြန်ပြောဖို့ကြိုးစားလိုက်ပေမယ့် ကုနင်းက သူမလက်ကိုထပ်မြှောက်လိုက်ပြန်တယ်. ဒီတစ်ကြိမ်မှာတော့ လက်ဖဝါးနှစ်ချက်က ပြင်းပြင်းထန်ထန်နဲ့ ကုရှောင်ရှောင်ရဲ့ပါးပေါ်ကို 'ဖြန်း ဖြန်း' ဆိုပြီး ရိုက်ချသွားတယ်.
ဒီတစ်ကြိမ်မှာတော့ ကုနင်း အရင်ရိုက်ခဲ့တာထက် အားပိုသုံးထားတာကြောင့် ကုရှောင်ရှောင်ရဲ့ပါးနှစ်ဖက်လုံး ဖူးယောင်သွားတယ်. ကုရှောင်ရှောင်နာနာကျင်ကျင်နဲ့အော်လိုက်တယ်,
"ကုနင်း, နင်ဘာလို့ငါကိုရိုက်တာလဲ?"
ကုရှောင်ရှောင်ရဲ့အော်သံက တတိယထပ်ရှိကျောင်းသားတိုင်းကို ကြားသွားစေတယ်. မနက်ခင်းအတန်းချိန်လဲမစသေးတာကြောင့် တော်တော်များများက ဘာများဖြစ်တာလဲဆိုပြီး အပြင်တွေကို ထွက်ကြည့်လာကြတယ်.
ကုရှောင်ရှောင်သည် ချမ်းသာတဲ့မိသားစုက မိန်းမချောလေးဖြစ်တဲ့အပြင် အခန်းထဲမှာလဲ ထိတ်တန်းကျောင်းသူတစ်ယောက်ဖြစ်တယ်. ကျောင်းသားတော်တော်များများက သူမနာမည်ကိုကြားဖူးကြတယ်. ကုနင်းကတော့ မနေ့ကအဖြစ်အပျက်ပြီးပြီးနောက် သူမရဲ့ကျောင်းနေဖက်အများစုကြားမှာ တော်တော်လေးကျော်ကြားသွားခဲ့တယ်. ဒါကြောင့် အားလုံးက ထိုနေရာက မိန်းကလေးနှစ်ယောက်လုံးကို သိနေကြပါတယ်.
ကုရှောင်ရှောင်ရဲ့မေးခွန်းကြောင့် အားလုံးလဲ ကုနင်းကို ကြည့်လိုက်ကာ ဘာလို့ရိုက်လဲဆိုတာကို သိချင်နေကြတယ်.
ကုနင်းကတော့ ဝိုင်းကြည့်နေတဲ့သူတွေကို လျစ်လျူရှုလိုက်ကာ ကုရှောင်ရှောင်ကိုပဲ အေးစက်စက်နဲ့ပြောလိုက်တယ်,
"ဘာလို့ဆို နင်မနေ့တုန်းက ငါတိုက်ခိုက်နေတဲ့ပုံကို ငါ့အမေဆီပို့လိုက်လို့လေ. ငါအမေအဲ့ဒါကြောင့်လန့်သွားပြီး လှေကားပေါ်ကပြုတ်ကျခဲ့တယ်. ငါ့အမေဘာမှ ကြီးကြီးမားမား မဖြစ်ခဲ့တာကြောင့် နင်ကံကောင်းသွားတယ်မှတ် မဟုတ်လို့ကတော့ လက်ဝါးနှစ်ချက်လောက်နဲ့ပြီးမသွားဘူး."
ဒါကိုကြားလိုက်တော့ အားလုံးလဲ အစပ်အဆက်မိပြီးနားလည်သွားကြတယ်.
ကုရှောင်ရှောင် ဒီလိုအရိုက်ခံရတာနဲ့ တန်တာကြောင့် ဘယ်သူမှသနားတယ်လိုမခံစားကြရတော့ဘူး.
"နင်..." ကုရှောင်ရှောင်လဲ ကုနင်းရဲ့ရှင်းပြချက်ကြောင့် ထိတ်လန့်သွားတယ်. ဒီလိုမျိုးထိဖြစ်သွားလိမ့်မယ်လို့တော့ သူမမျှော်လင့်ထားပါဘူး. ကုနင်းကို ကုမန့်အပြစ်တင်တာလောက်ပဲ ဖြစ်ချင်ခဲ့တာပါ.
ဒါပေမယ့် သူမအပြစ်ရှိသလိုတော့ မခံစားရပါဘူး. သူမကြောင့် တစ်ယောက်ယောက်ထိခိုက်မိသွားတယ်ဆိုတော့ စိတ်မကောင်းဖြစ်မိရုံလောက်ပဲ ခံစားမိတာပါ.
"ကုရှောင်ရှောင်, နင်စည်းထပ်မကျော်နဲ့တော့. ငါနင့်ကိုအခုထိလုပ်ခဲ့တာတွေအတွက် တောင်းပန်မှာမဟုတ်ဘူး." ကုနင်း အဆုံး၌ သူမကို သတိပေးခဲ့ကာ ဆက်လျှောက်လာလိုက်တော့တယ်.
မုခယ်နဲ့ ယွီမီရှီတို့လဲ ကုရှောင်ရှောင်ကို တစ်ချက်စောင်းကြည့်ကာ ထွက်သွားကြတော့တယ်.
ကုနင်းထွက်သွားတာနဲ့ လူအုပ်ကြီးက စတင်ဆွေးနွေးကြတော့တယ်.
"ကုရှောင်ရှောင် ဘယ်လိုလုပ်ဒီလောက်ရက်စက်နိုင်ရတာလဲ! ကုနင်း ဘယ်သူနဲ့ရန်ဖြစ်ဖြစ် သူ့ကိစ္စမှမဟုတ်တာ. ဘယ်လိုလုပ် ကုနင်းရဲ့အမေကို ဓါတ်ပုံတွေပို့ပြီး လန့်အောင်လုပ်ရတာလဲ! ကုနင်းအမေက လှေကားကနေတောင် ပြုတ်ကျရတယ်."
"ဟုတ်တယ်. သူက ကုနင်းကို ယောက်ျားတွေပေါ်မှီခိုတဲ့လူလို့တောင် ပြောလိုက်သေးတယ်. အရိုက်ခံရတာနဲ့ပဲတန်တယ်."
ကုနင်းရဲ့ပုံက အရမ်းဒေါသထွက်နေပုံရတာကြောင့် ကျောင်းသားအများစုက သူမကိုယုံဖို့ရွေးချယ်ကြတယ်.
"ချင်ကျန်း ဘယ်လိုလုပ်များဒီလိုရက်စက်တဲ့မိန်းကလေးကို ကြိုက်ရတာလဲ? " ချင်ကျန်းကို အထင်ကြီးကျတဲ့လူတွေက စိတ်မကျေမနပ်ဖြစ်နေကြတယ်.
"သူရဲ့ရုပ်ရည်ကို ကြိုက်တာဖြစ်မှာပေါ့"
"တူရာတူရာစုကြတယ်တဲ့. ချင်ကျန်း ကုနင်းကို ပြဿနာရှာနေတာ ငါမြင်ဖူးတယ်."
"ဟုတ်တယ်, ဟုတ်တယ်. ငါလဲမြင်ဖူးတယ်."
ဒီတစ်ခါမှတော့ လူအုပ်ကြီးဟာ ချင်ကျန်းကိုလဲ အပြစ်တင်နေကြတယ်. သူလဲ ဒါနဲ့ပဲတန်တယ်.
"နင်တို့တွေ...." ကုရှောင်ရှောင် အရမ်းစိတ်တိုလာပြီး အားလုံးရဲ့အပြစ်တင်ခြင်းတွေကို သည်းမခံနိုင်တော့တာကြောင့် ငိုရင်းအောက်ထပ်ကို ဆင်းပြေးတော့တယ်.
သူမ ကုနင်းရဲ့ ပါးရိုက်တာကို သုံးကြိမ်တောင်ခံခဲ့ရတာကြောင့် သူမပါးတွေနီရဲဖူးယောင်နေတယ်. အခန်းထဲကို ပြန်ဖို့ရာလဲ ရှက်တာကြောင့် အိမ်ကိုပြန်ဖို့ပဲလုပ်လိုက်တော့တယ်.
ကုရှောင်ရှောင် အခန်း၁ရဲ့ အတန်းပိုင်ဆရာကို တွေ့ရန်သင်ကြားရေးအဆောင်ကနေထွက်လိုက်တယ်.
အတန်းပိုင်ဆရာရဲ့နာမည်ကတော့ ဝမ်ချန်းချီဖြစ်ပြီး သူက အသက်၄၀ ဝန်းကျင်ရှိကာ တည်ကြည်တဲ့အမျိုးသားတစ်ယောက်ဖြစ်တယ်.
ဝမ်ချန်းချီဟာ ကုရှောင်ရှောင်ကို မနက်ခင်းအတန်းချိန်စတော့မယ့်အချိန်ကြီးဘယ်သွားမလို့လဲလို့မေးဖို့ကြံလိုက်ပေမယ့် သူမပါးက နီရဲနေတဲ့လက်ဝါးရာကြီးကို သတိထားမိသွားတာကြောင့် အံ့ဩသွားကာ,
"ကုရှောင်ရှောင်, မျက်နှာက ဘာဖြစ်လာတာလဲ?"
ဝမ်ချန်းချီကိုမြင်တော့ ကုရှောင်ရှောင်အမှန်တရားကို ချန်လှပ်ထားပြီး စတင်ရှင်းပြလိုက်တယ်,
"အခန်းလေးက ကုနင်းပါ. သမီးနဲ့ သူစကားများကြတာကို သမီးကို ပါးသုံးချပ်တောင်ရိုက်လိုက်တယ်. အဲ့ဒါအရမ်းရှက်လို့ အိမ်ပြန်တော့မလို့ပါ."
ဝမ်ချန်းချီကို အမှန်းအတိုင်းမပြောပြဘူးဆိုတာ ဝမ်ချန်းချီက လူမှန်တစ်ယောက်မှန်းသူမသိလို့ပါ. ဝမ်ချန်းချီ သူမဘက်ကရပ်တည်ပေးဖို့အထိတော့ ကုရှောင်ရှောင်မမျှော်လင့်ထားပါဘူး.
ကုရှောင်ရှောင်က တစ်ကိုယ်ကောင်းဆန်ပြီး သူမဘက်က ကုနင်းအပေါ်လုပ်ခဲ့သမျှကို နည်းနည်းလေးမှ အပြစ်ရှိသလိုမခံစားရရင်တောင်မှ သူမက အ,အတော့မဟုတ်ပါဘူး. ဒီတစ်ကြိမ်က သူမအမှားမှန်းသိပါတယ်.
ဒါကြောင့် ဆရာကိုတိုင်လိုက်ရင်တောင် သူမအတွက်အကူအညီမဖြစ်မှန်း ရှင်းရှင်းကြီးသဘောပေါက်ပါတယ်.
ထို့ကြောင့် ပန်းကန်နဲ့ အပစ်ခံရတဲ့အချိန်တုန်းကလို ဆရာကိုမတိုင်ဘဲနဲ့ အိမ်ပြန်ဖို့ရွေးလိုက်တာပါ.
သူမမိသားစုကတော့ သူမဘာပဲလုပ်ခဲ့သည်ဖြစ်စေ အမြဲတမ်းကာကွယ်ပေးကြမှာပဲလေ.
တကယ်ကို ဝမ်ချန်းချီနဲ့ ကျန်းချုးဟွာတို့က အရမ်းကိုတူပါတယ်. သူတို့နှစ်ယောက်လုံးဟာရိုးသားကြပြီး ချမ်းသာတာတွေ အာဏာရှိတာတွေအပေါ်ဘယ်တော့မှ ဘက်မလိုက်ပါဘူး.
ဒါကြောင့် ကုနင်းကို သဘောမကျရင်တောင်မှ ဝမ်ချန်းချီ ဘယ်တော့မှ ကုနင်းကို အပြစ်မရှာပါဘူး.
ကုရှောင်ရှောင်က ကုနင်းနဲ့စကားများလို့ အရိုက်ခံခဲ့ရတယ်ဆိုပြီး သူမအပြစ်ကိုဖုံးကာ ပြောခဲ့တာပါ.
ကုနင်းက အကျင့်ဆိုးရှိလို့ပဲဖြစ်ဖြစ် ကုရှောင်ရှောင်က သူမကို ဒေါသထွက်အောင်လုပ်ခဲ့လို့ပြဖြစ်ဖြစ် ကုရှောင်ရှောင်ကိုတော့ရိုက်ခဲ့တာပဲ.
ပြီးတော့ မနေ့က ကျောင်းဖိုရမ်ပေါ်က သတင်းတွေကိုလဲ ဝမ်ချန်းချီသိပြီးသွားပြီလေ.
သူ ရန်ဖြစ်တဲ့ကျောင်းသားတွေကို မကြိုက်ပေမယ့် ကုနင်းက ကောင်လေးသုံးယောက်ကိုတောင် ရှုံးအောင်လုပ်နိုင်တဲ့အထိ ခွန်အားကြီးတယ်ဆိုတာတော့ သူဝန်ခံပါတယ်.
"ဒီလိုစကားများတာ မင်းဘက်က တစ်ခုခုအမှားလုပ်ခဲ့မိလို့လို့ထင်လား?" ဝမ်ချန်းချီမေးလိုက်တယ်. တကယ်လို့ ကုရှောင်ရှောင်ဘက်ကသာ မမှားဘူးဆိုရင် သူမကို ကူညီပေးမှာဖြစ်ပြီး. အဲ့လိုမှမဟုတ်ရင်တာ့ ဒီကိစ္စထဲ ဝင်ပါမှာမဟုတ်ပါဘူး.
...............P47End............
ဖီးနစ်သွေးစက်
အခန်း ၄၈ ချူးဖေ့ဟန် ပူးပေါင်းလာပြီ
ကုရှောင်ရှောင် ပထမတော့ သူဘာမှမမှားဘူးလို့ ပြန်ပြောလိုက်တော့မလို ဖြစ်သွားပေမယ့် ကိုယ့်စိတ်ကိုပြန်ထိန်းလိုက်ကာ
"သမီးဘက်ကလဲ ဆိုးတာတစ်ခုခုပြောလိုက်မိလို့ပါ."
ဒါကိုကြားတော့ ဝမ်ချန်းချီနားလည်သွားကာ
"ဒါဆိုလဲ အိမ်ပြန်ပြီး မျက်နှာကို ရေခဲလေးဖြစ်ဖြစ်ကပ်လိုက်. မကြာခင်ပြန်ကောင်းသွားလိမ့်မယ်."
ထို့နောက် ကုရှောင်ရှောင်ထွက်သွားလိုက်တယ်.
ခနနေတော့ ကုရှောင်ရှောင်, သူမအမေ လင်လိကျွမ်းကိုဖုန်းခေါ်ကာ ကုနင်းက သူမကို ပါးသုံးချက်တောင်ချလိုက်ကြောင်း တိုင်တန်းတော့တယ်.
ဒါပေမယ့် ကုနင်းဘာကြောင့် ရိုက်လဲဆိုတာကိုတော့ သေချာပေါ်ကမပြောခဲ့ပါဘူး. လင်လိကျွမ်းကလဲ ကုနင်း ဘာကြောင့်ရိုက်ရိုက် သူမအတွက်အရေးမကြီးပဲ အပြစ်တန်းတင်တော့တယ်.
"ခွေးမ. မိမစစ်ဖမစစ်လေး! သူကများ ငါ့ချစ်စရာသမီးလေးကို ရိုက်ရဲတယ်! သမီး, အခုအိမ်ပြန်လာခဲ့. ဒီကိစ္စနဲ့ပတ်သတ်ပြီး အမေသူ့ကို လုံးဝမလွှတ်ပေးဘူး." လင်လိကျွမ်း ဒေါသတွေပေါက်ကွဲရင်း ပြောလိုက်တယ်.
လင်လိကျွမ်း ဖုန်းချပြီးသွားတာနဲ့ ကုမန့်ကိုခေါ်လိုက်တယ်.
ထိုအချိန်တွင် ကုမန့်အိပ်ပျော်နေပြီး ဖုန်းသံကြောင့် လန့်နိုးသွားခဲ့တယ်.
သူမဖုန်းကိုယူပြီး ခေါ်ဆိုသူကို ကြည့်လိုက်တော့ လင်လိကျွမ်းဖြစ်နေတယ်. လင်လိကျွမ်းက အကြင်တရားမရှိတဲ့လူမျိုးဖြစ်တာကြောင့် သူမဖုန်းကို မကိုင်ချင်ပါဘူး.
ဖုန်းကဆက်တိုက်မြည်နေခဲ့တာကြောင့် အဆုံးမှာ ကုမန့်လဲကိုင်လိုက်ရတော့တယ်.
"ဘာကိစ္စလဲ?" ကုမန့်က အေးစက်စွာနဲ့မေးလိုက်တယ်.
"ကုမန့်, မနက်တုန်းက နင့်သမီး ငါတို့ရှောင်ရှောင်ကို ပါးရိုက်လိုက်တယ်. ငါတို့ရှောင်ရှောင်ကို တောင်းပန်ဖို့ နင်ကုနင်းကိုခေါ်မလာရင် နင်တို့နှစ်ယောက်လုံးပြန်ပေးဆပ်စေရမယ်!" လင်လိကျွမ်းအော်ပြောလိုက်တယ်.
ကုမန့် ပထမတော့အံ့ဩသွားပေမယ့် ချက်ချင်းပဲ ဘာတွေဖြစ်ခဲ့လဲဆိုတာ ခန့်မှန်းမိသွားတယ်. ဒါကြောင့် ကုနင်းကိုပဲ အပြစ်မတင်ဘဲနဲ့ လင်လိကျွမ်းကိုမေးလိုက်တယ်,
"နင်းနင်း, ဘာလို့ ရှောင်ရှောင့်ကို ရိုက်လဲဆိုတာနင်သိလား? ရှောင်ရှောင်က ငါ့သမီးကိုအနိုင်ကျင့်တိုင်း ငါတို့နင်းနင်းက အမြဲအနိုင်ကျင့်ခံပြီး ငြိမ်နေသင့်တယ်လို့ထင်နေတာလား?"
လင်လိကျွမ်းကတော့ နည်းနည်းလေးတောင်မှ စိတ်မသိုးမသန့်မဖြစ်ဘဲ ဝင့်ကြွားစွာနဲ့ပြန်ပြောလိုက်တယ်.
"ဟုတ်တာပေါ့. ကုနင်းက ငါတို့ရှောင်ရှောင်ကို မယှဉ်နိုင်ပါဘူး. ငါ့သမီး ရှောင်ရှောင်က အဖိုးတန်လေးဖြစ်ပေမယ့် ကုနင်းကတော့ မိမစစ်ဖမစစ်လေးလေ."
"လင်လိကျွမ်း!" ကုမန့်ရဲ့မျက်နှာက ဒေါသတွေကြောင့် နီရဲသွားကာ အော်တော့တယ်,
"နင်းနင်းကို မိမစစ်ဖမစစ်ကလေးလို့ခေါ်နေတာတော်လိုက်တော့. သူကငါ့သမီး!"
"အဲ့တော့ ဘာဖြစ်လဲ? ဘယ်လိုပဲဖြစ်ဖြစ် သူ့မှာအဖေမှမရှိတာ, အဲ့တော့ မိမစစ်ဖမစစ်ပဲပေါ့." လင်လိကျွမ်းထပ်ပြောလိုက်ပြန်တယ်.
"နင်.." ကုမန့် ရင်ထဲနင့်နင့်နဲနဲခံစားသွားရကာ ပြန်တောင်မပြောနိုင်တော့ပေ. ထိုကြောင့် မျက်ရည်များတာကျိုးကျလာကာ ဖုန်းကိုချလိုက်တယ်.
နင်းနင်းမှာ အဖေရှိပါတယ်. သူတို့က စွန့်ပစ်ခံခဲ့ရတာမဟုတ်ဘဲ နင်းနင်းရဲ့အဖေက သေသွားလို့ပါ.
လင်လိကျွမ်း, ကုမန့်ရဲ့ဖုန်းချတာကို ခံလိုက်ရတာကြောင့် စိတ်ဆိုးလွန်းလို့ သူမလက်ထဲကဖုန်းကိုတောင် ပစ်ခွဲမိတော့မလိုပဲ. ခနနေတော့ သူမနောက်တစ်ကြိမ်ထပ်ခေါ်လိုက်တယ်. ဒီလောက်နဲ့မတော်လိုက်နိုင်သေးပါဘူး.
ဒါပေမယ့် ကုမန့်ကတော့မကိုင်တော့ပါဘူး. လင်လိကျွမ်း ကုမန့်ရဲ့အမေ ဖုန်းနဲ့တောင်ယူခေါ်ကြည့်ပေမယ့် ကုမန့်ထိုဖုန်းကိုလဲပြန်မဖြေပါဘူး.
အခုဆို လင်လိကျွမ်းရော ကုမန့်ရဲ့အမေပါ ဒေါသငယ်ထိပ်ရောက်နေကြပါပြီ.
"သူတို့ကများ အတင့်ရဲလို့! သူတို့က ကုမိသားစုကနေထွက်သွားဖို့ စိတ်ကူးနေကြတာလား? ငါတို့မရှိဘဲနဲ့ သူတို့ဘာသာ အသက်ရှင်နေနိုင်မယ်များထင်နေကြလားပဲ?" ကုမန့်ရဲ့အမေ ဒေါသတွေနဲ့ပြောလိုက်တယ်.
ဒီစကားတွေကို ကုမန့်နဲ့ကုနင်းသာကြားရင် ဒေါသထွက်ထွက်နဲ့ရယ်တောင်ရယ်မိသွားဦးမယ်.
ပြီးခဲ့တဲ့နှစ်တွေအတွင်းတုန်းကတောင် ကုမိသားစုက သူတို့ကိုတစ်ခါမှမကူညီပေးဖူးဘဲ သူတို့ဘာသာကိုယ့်ကိုကိုယ်မှီခိုပြီး ရပ်တည်နေကြရတာပါ.
ပြီးတော့ အိမ်ဟောင်းက ကုမန့်ရဲ့အဖေထားခဲ့ပေးတာဆိုပေမယ့်လဲ လစဉ်အိမ်လခပေးပြီးနေနေရတာပါ.
.................
ကုရှောင်ရှောင် အတန်းလာမတက်တာကြောင့် ချင်ကျန်းစာပို့လိုက်တယ်. ထိုတော့မှ ကုနင်းပါးရိုက်တာခံလိုက်ရလို့ ကုရှောင်ရှောင်အိမ်ပြန်သွားတာမှန်းသိလိုက်ရတယ်.
ကုနင်းက ကုရှောင်ရှောင်ကို ပါးရိုက်လိုက်တာမှန်းသိလိုက်ရတော့ ချင်ကျန်းအံ့ဩသွားတယ်.
ဒါပေမယ့် သူထင်ထားသလိုမျိုး ဒေါသတော့မထွက်ခဲ့ပါဘူး.
ဘာကြောင့် ဒေါသမထွက်တာလဲတော့ သူလဲမသိဘူး.
အခန်း၄မှာတော့, ရှောင်ဖေးဖေးက ကုနင်းကို ပုံမှန်အတိုင်း ကြင်နာမှုကင်းမဲ့စွာနဲ့ စိုက်ကြည့်နေပေမယ့် ကုနင်းဘက်ကလဲ လျစ်လျူရှုထားလိုက်စဲပါ.
မနက်ခင်းအတန်းပြီးသွားတော့ ချူးဖေ့ဟန်က ဒေါသတွေနဲ့ ကုနင်းကိုတွေ့ဖို့ အခန်း၄ကိုရောက်လာခဲ့တယ်.
အားလုံးလဲ ကုနင်းကို ပြဿနာရှာဖို့ ချူးဖေ့ဟန်လာတာလို့ ယုံကြည်နေကြတယ်. တချို့ကတော့ ကုနင်းကို စိုးရိမ်နေကြပြီး တချို့ကတော့ ပြဇာတ်တစ်ပုဒ်ကြည့်ဖို့ စောင့်နေကြတယ်.
ရှောင်ဖေးဖေးနဲ့ သူ့မသူငယ်ချင်းတွေကတော့ အရင်လိုပဲ ပြဇာတ်တစ်ပုဒ်ကြည့်ရဖို့ စိတ်မရှည်ဖြစ်နေကြပါတယ်.
ကုနင်းကတော့ ချူးဖေးဟန်ကို အေးအေးဆေးဆေးပဲတစ်ချက်ကြည့်လိုက်တယ်. ချူးဖေ့ဟန်က သူမကို ပြဿနာရှာချင်လို့လာတယ်လို့ မထင်ပါဘူး.
ချူးဖေ့ဟန်, ကုနင်းထံလျှောက်သွားလိုက်ကာ, အမြင့်တစ်နေရာမှာရပ်ပြီး ကုနင်းကို စိုက်ကြည့်နေလိုက်တယ်. ပြီးတော့ကြည့်နေရင်းနဲ့,
"ဂုဏ်ယူပါတယ်,ကုနင်း! ငါကျောင်းမှာ၂ရက်လောက်ပဲမရှိလိုက်တာ နင်ကကရုတ်တရက်ကြီး အဓိကလူဖြစ်သွားခဲ့တယ်. အခုဆို ငါ့လိုကျောင်းက ခွန်အားအကြီးဆုံးမိန်းကလေးကို ဘယ်သူမှဂရုမစိုက်ကြတော့ဘူး."
ကုနင်းအနောက်ဘက်ကိုမှီလိုက်ရင်း လက်ပိုက်လိုက်ပြီး ရှေ့တည့်တည့်ကိုပြန်ကြည့်ကာ မေးလိုက်တယ်.
"အဲ့တော့?"
အဲ့တော့?
အကုန်လုံးကတော့ သူတို့ချကြတော့မယ်လို့ထင်နေကြတယ်.
ဒါပေမယ့် သူတို့လုံးဝကိုမှားသွားကြတယ်.
"အဲ့တော့, ငါလဲနင်နဲ့အတူပူးပေါင်းမယ်လေ! ငါနင့်ကို ဘော့စ်လို့ခေါ်မယ် ပြီးတော့နင်ကလဲ ငါ့ကိုတိုက်ခိုက်နည်းပြန်သင်ပေး. သေချာပေါက် နင်ငါ့အကူအညီလိုအပ်ရင်လဲ ဘယ်ချိန်ဖြစ်ဖြစ်ပြောသာပြောလိုက်." ချူးဖေ့ဟန် တကယ့်ကိုလေးစားစိတ်အပြည့်နဲ့ပြောလိုက်တယ်.
လူတိုင်းထိတ်လန့်ကုန်ကြတယ်. သူတို့ချကြမှာမဟုတ်ဘူးလား? ဘယ်လိုဖြစ်သွားတာလဲ? ဘယ်လို့လုပ်ရုတ်တရက်ကြီး တစ်ဖွဲ့တည်းဖြစ်သွားကြတာလဲ?
ဒါက ရှောင်ဖေးဖေးနဲ့ သူမသူငယ်ချင်းတွေအတွက်တော့ လုံးဝကိုလက်မခံနိုင်စရာပဲ.
"ကောင်းပြီလေ." ကုနင်းကလဲ မငြင်းနေပါဘူး.
အခုလို လက်ခံမယ်ဆိုတာ ချူးဖေ့ဟန်မျှော်လင့်ထားပြီးသားဖြစ်ပေမယ့်လဲ တကယ်တမ်းဖြစ်သွားတော့ စိတ်လှုပ်ရှားနေမိတယ်.
ကုနင်းရဲ့စားပွဲပေါ်က ဘောပင်တစ်ချောင်းကိုယူကာ သူမရဲ့စာအုပ်မှာပဲ နံပါတ်တချို့ကို ချူးဖေ့ဟန်ချရေးလိုက်တယ်.
"ဒါက ငါ့ဖုန်းနံပါတ်ပဲ. ငါ့ကိုစာပို့လိုက်."
ပြီးတာနဲ့ တန်းလှည့်ပြီးထွက်သွားတော့တယ်.
ကုရှောင်ရှောင်အိမ်ပြန်ရောက်ချိန်မှာတော့ သူမအဘွားနဲ့အမေက နီရဲဖူးယောင်နေတဲ့ သူမပါးကိုမြင်လိုက်ကြပြီး နှစ်ယောက်လုံးကုနင်းကို သေစေလိုကြောင်း ကျိန်ဆဲနေကြတော့တယ်.
.............
အတန်းနားချိန်ရောက်တော့ ဆရာမက ကုနင်းကို သူမအမေရဲ့အခြေအနေကိုမေးမြန်းလိုက်တယ်.
ကုနင်းကလဲ ဘာမှဖုန်းကွယ်မနေဘဲ အမှန်အတိုင်းသာဖြေလိုက်ပေမယ့် ဘာလို့လိမ့်ကျတယ်ဆိုတဲ့အကြောင်းတရားကိုတော့ ပြောမနေတော့ပါဘူး.
မနက်တစ်ပိုင်းလုံးအတွက် အတန်းချိန်တွေပြီးသွားတော့ ကုနင်းကျောင်းကနေပြီး တက္ကစီတစ်စီးငှားလိုက်ကာ အိမ်ဟောင်းကိုပြန်လိုက်တယ်.
သူမလဲ အရေးပစ္စည်းအချို့ကို ထုတ်ပိုးလိုက်ပြီး တချို့ပစ္စည်းတွေကိုတော့ လွှင့်ပစ်လိုက်ကာ ပြန်ထွက်လာခဲ့တယ်.
ပြီးတာနဲ့ ကုနင်း ဆေးရုံမပြန်ခင်အရင်ဆုံး ပစ္စည်းပို့ဆောင်ရေးကုမ္ပဏီကိုသွားလိုက်ကာ သူမအဘွားလိပ်စာအတိုင်း အိမ်သော့ကိုပို့ခိုင်းလိုက်တယ်.
သူမ ဆေးရုံကိုရောက်တော့ နေ့လည်၁နာရီ၄၀ဖြစ်နေပြီး နေ့လည်ခင်းအတန်းပြန်စဖို့ မိနစ်၅၀သာလိုတော့တယ်. ကုနင်းမှာ အချိန်သိပ်မရှိတော့တာကြောင့် ကုမန့်နဲ့ စကားနဲနဲလောက်ပြောပြီးတာနဲ့ ပြန်ထွက်လာလိုက်တယ်.
ညနေအတန်းပြီးတော့မှပဲ သူမအမေနဲ့စကားသေချာပြောပါတော့မယ်.
အခုက ကြာသပတေးနေ့ဖြစ်နပြီဖြစ်တာကြောင့် နောက်နေ့, ညနေကျရင် မြို့တော်Gကိုသွားဖို့ သူမစီစဉ်ထားပါတယ်. မနေ့ထဲကတောင်မှ လေယာဉ်လက်မှတ်နဲ့ ဟိုတယ်ကို အင်တာနက်ကနေပြီးကြိုတင်မှာပြီးသွားပါပြီ.
လေယာဉ်က မြို့တော်Gသို့ မနက်ဖြန်ည၇နာရီခွဲတွင်စတင်ထွက်ခွာမှာဖြစ်ပြီး ၈နာရီခွဲလောက်ဆိုရောက်သွားမှာပါ.
...............P48End............
ဖီးနစ်သွေးစက်
အခန်း ၄၉ Wechatသုံးပြီး စာအိတ်နီတစ်ခုပို့မယ်.
နာရီအနည်းငယ်ကြာပြီးနောက် ကုနင်းရဲ့အဘွားထံ အိမ်သော့ရောက်သွားခဲ့တယ်.
အမျိုးသမီးကြီး ထိုသော့ကို မြင်လိုက်တဲ့တစ်ခန, အသက်ရှူတောင်ရပ်သွားတော့မလိုဖြစ်သွားတယ်. ကုမန့်နဲ့ ကုနင်းက တကယ်ဒီလိုမျိုးလုပ်လိမ့်မယ်လို့ သူမမမျှော်လင့်ထားမိဘူး.
အမျိုးသမီးကြီးမှာ ရက်စက်တယ်ဆိုပေမယ့် ကုနင်းကို ကုရှောင်ရှောင်အားတောင်းပန်ဖို့ ကုမန့်မခေါ်လာရင်တောင်မှ သူမတကယ်ကန်ထုတ်ဖို့မရည်ရွယ်ထားပါဘူး.
ဒါပေမယ့် ကုမန့်နဲ့ ကုနင်းတို့က တောင်းပန်ဖို့ထက် အိမ်ပေါ်က ဆင်းသွားဖို့ကိုသာရွေးလိုက်ကြတယ်.
"ကောင်းတယ်, အရမ်းကိုကောင်းတယ်. သူတို့ဘယ်လောက်ထိတောင့်ခံနိုင်မလဲစောင့်ကြည့်ရသေးတာပေါ့." ဒေါသတကြီး အံ့ကြိတ်ရင်း ပြောလိုက်တယ်.
ကုမန့်နဲ့ကုနင်းတို့ သေချာပေါက် သူတို့နဲ့ရင်းနှီးတဲ့ ကုချင်တို့ဆီပြောင်းသွားတာလို့ ယုံကြည်နေတယ်.
ဒါကြောင့် အမျိုးသမီးကြီး ချက်ချင်းကုချင်ထံဖုန်းဆက်ကာ ကုမန့်နဲ့ကုနင်းကို မကူညီပေးရင်တားမြစ်လိုက်တယ်.
ကုရှောင်ရှောင်ကတော့ ကုနင်းနဲ့သူမအမေတို့ အိမ်ဟောင်းကနေရွှေ့သွားတာကြောင့် အရမ်းကိုကျေနပ်နေတယ်. ဒီမနက် ကုနင်းသူမကို ပါးသုံးချက်တောင်ရိုက်ခဲ့တာကို ဘယ်တော့မှမမေ့ပါဘူး.
ကုချင်လဲ သူမအမေဖုန်းမဆက်ခင်အထိဘာတွေဖြစ်နေမှန်းမသိခဲ့ပေမယ့် ကုမန့်ကတော့ သူမကို မဆက်သွယ်လာပါဘူး.
ဒါ့အပြင် ကုချင် သူမအမေက ကုမန့်ကို ကူညီဖို့တားမြစ်တာကြောင့် စိတ်တိုသွားရတယ်.
ကုချင်က သူမအမေကို ပြန်ခံမပြောရဲခဲ့ပေမယ့် ဒီတစ်ကြိမ်တော့မဟုတ်ပါဘူး.
"အမေ, ကုမန့်က အမေ့ရဲ့သွေးရင်းသမီးတစ်ယောက်ပဲလေ. ဘာလို့ဒီလောက်တောင် ရက်စက်နိုင်ရတာလဲ?"
သူမထင်ထားတာက သူမအမေက ကုမန့်နဲ့ကုနင်းကို သဘောမကျရုံလေးပေါ့. ဒါပေမယ့် ဒီလောက်ထိသွေးအေးအေးဆက်ဆံမယ်လို့တော့ မထင်ထားမိဘူး.
သူမအမေက အမြဲတမ်းသမီးတွေထက် သားတွေကိုပိုချစ်တယ်. သူမနဲ့ သူမအမကုမန့်ဆို မိခင်မေတ္တာကို များများစားစားမရခဲ့ဖူးဘူး. ထပ်ပြောရရင် သူမတို့အကိုတွေရဲ့အနိုင်ကျင့်တာကိုတောင်ခံရပြီး အိမ်အလုပ်တွေကိုလဲငယ်ငယ်ထဲက အကုန်လုပ်ခဲ့ရတယ်.
သူတို့အဖေကြောင့်သာမဟုတ်ရင် ကျောင်းတောင်မှတက်ခွင့်ရခဲ့မှာမဟုတ်ပါဘူး.
ကုချင်က ပညာရေးဘက်မှာပါရမီမပါတာကြောင့် အထက်တန်းပြီးတော့ ရပ်လိုက်ကာ ကုမန့်ကတော့ ကောလိပ်အထိရောက်ခဲ့ပေမယ့် ကိုယ်ဝန်ကြောင့်ထွက်လိုက်ရတယ်.
အမျိုးသမီးကြီးလဲ ဒီလိုမျိုး ကုချင်ကသူမကိုပြန်ပြောလိမ့်မယ့်လို့ မမျှော်လင့်ထားတာကြောင့် ဒေါသထွက်လာပြီး ပြန်အော်လိုက်တယ်,
"နင် ငါ့ကို ပြန်သင်ပေးနေစရာမလိုဘူး! ငါ့ကို အမေလို့သတ်မှတ်သေးရင် ငါခိုင်းတဲ့အတိုင်းလုပ်! ကုမန့်နဲ့ သူ့သမီးက ဒါနဲ့ပဲထိုက်တန်တယ်. သူတို့ဘယ်လောက်ထိတောင့်ခံနိုင်မလဲစောင့်ကြည့်ရတာပေါ့!"
ထိုနောက် အမျိုးသမီးကြီးလဲ ဖုန်းကို အားနဲ့ချပစ်လိုက်တယ်.
ကုချင်လဲ သူမအမေရဲ့အပြုအမူကြောင့် စိတ်နာသွားမိတယ်. ဒါကြောင့် သူမအမေရဲ့စကားကို နားမထောင်ဖို့ ဆုံးဖြတ်လိုက်တယ်. ကုမန့်နဲ့ကုနင်းတို့ အိုးမဲ့အိမ်မဲ့ဖြစ်နေတာကို စိုးရိမ်နေမိတာကြောင့် သူမတို့ကို ကူညီရအောင် ချက်ချင်းဖုန်းခေါ်လိုက်တယ်.
သူမတို့အိမ်မှာအခန်း၂ခန်းပဲရှိတာတောင်မှ ကုမန့်နဲ့ကုနင်းတို့ကို ခေါ်ထားနိုင်မယ်လို့တွေးနေမိတယ်.
ကုချင်ဖုန်းခေါ်တာကိုတော့ ကုမန့်မချလိုက်ပါဘူး. သူမတို့ အိမ်ဟောင်းကနေရွှေ့ပေးလိုက်ရတာကို ကုချင်သိသွားပြီးမှန်းသိတော့ ကုမန့်လဲ သူမဆေးရုံမှာရောက်နေကြောင်း ကုချင်ကိုပြောပြလိုက်တယ်.
ကုမန့် မတော်တဆဖြစ်ခဲ့မှန်းသိလိုက်တော့ ကုချင်လဲ ချက်ချင်းပဲ သူမဆီသွားဖို့လုပ်လိုက်တယ်. ကုချင်ရဲ့အလုပ်ချိန်ပြီးဖို့ ၁နာရီလောက်လိုသေးတာတောင်မှ ခွင့်တိုင်လိုက်ပြီး ချက်ချင်းထွက်လာခဲ့လိုက်တယ်.
ကုချင်, မရောက်ခင်အထိ ကုမန့်ဗီအိုင်ပီလူနာခန်းမှာရှိနေတာကို မသိသေးဘဲ ရောက်သွားတော့မှ တော်တာ်လေးအံ့ဩသွားရတယ်.
ကုနင်းက အဖြစ်မှန်တွေကို ကုချင်ကိုမပြောပြခိုင်းထားသေးတာကြောင့် ဒီဆေးရုံက ဆရာဝန်တစ်ယောက်က ကုနင်းရဲ့သူငယ်ချင်းဖြစ်တာကြောင့်ဆိုပြီးပဲ ရှင်းပြလိုက်တော့တယ်.
ကုနင်းကို ထိုဆရာဝန်မလေးက အရမ်းမျက်နှာသာပေးတာကြောင့် ဒီလိုအစစအရာရာစီစဉ်ပေးထားတယ်လို့ပြောလိုက်တယ်.
သူတို့အိမ်ဟောင်းကနေ ရွှေ့ရတဲ့အကြောင်းကိုတော့ ကုချင်က သူမရဲ့အရင်းနှီးဆုံး ညီမလဲဖြစ်တာကြောင့် ကုမန့်ဘာကိုမှဖုံးကွယ်မနေဘဲနဲ့ ဇာတ်လမ်းတစ်ခုလုံးကိုပြောပြလိုက်တော့တယ်.
ထိုစကားတွေကိုကြားပြီးသွားတော့ ကုချင်လဲ သူမအမေအပါအဝင် လင်လိကျွမ်းနဲ့ ကုရှောင်ရှောင်တို့ကိုပါ အလွန်ဒေါသထွက်သွားတယ်. သူမလဲ ကုနင်းဘက်ကမတောင်းပန်သင့်ဘူးလို့ လက်ခံတယ်.
ကုရှောင်ရှောင်ဟာ တကိုယ်ကောင်းဆန်ပြီး ကိုယ့်ကိုကိုယ်ဟုတ်လှပြီထင်နေလွန်းတာကြောင့် အရိုက်ခံရတာနဲ့ပဲတန်တယ်.
ကုနင်း အခုလို ကုမိသားစုနဲ့ရန်ငြှိုးဖွဲ့မိသွားပြီး အိမ်ဟောင်းကနေနှင်ထုတ်ခံလိုက်ရတာတောင် ကုနင်းပြန်ရိုက်ခဲ့တာကြောင့် ကုချင်ပျော်နေမိတယ်.
ကုချင်ကလဲ ကုနင်းအရင်လိုဆက်ပြီး သတ္တိနည်းပြီးလုပ်သမျှငြိမ်ခံနေကာ ဒုက္ခရောက်မှာကို စိုးရိမ်နေခဲ့မိတာပါ.
"ကုမန့်, နင်နဲ့ နင်းနင်း ငါ့အိမ်မှာလာနေလို့ရတယ်. အိမ်သစ်ကိုတော့ ဖြည်းဖြည်းချင်းရှာကြပေါ့. အရမ်းအလောကြီးနေဖို့မလိုဘူး." ကုချင်ပြောလိုက်တယ်.
"ငါတို့အတွက် စိတ်ပူမနေပါနဲ့. ငါဆေးရုံမှာ ရက်နည်းနည်းလောက်နေရဦးမှာ. နင်းနင်းကော ငါကော ဒီမှာခနနေနှင့်လိုက်ရင် အိမ်သစ်ကိုရှာထားလိုက်မယ်. အိမ်သစ်ကိုရဖို့ ရက်ပိုင်းလောက်ပဲကြာမှာပါ." လို့ ကုနင်းပြန်ရှင်းပြလိုက်တယ်.
"ကောင်းပြီလေ." ကုချင်လဲ အတင်းမတိုက်တွန်းနေတော့ပါဘူး.
"ငါဒီမှာရှိနေတာတခြားသူတွေကိုမပြောနဲ့ဦး. နင်တစ်ယောက်ပဲသိထားနော်." ကုမန့်ထပ်ပြောလိုက်တယ်.
"ငါနားလည်ပါတယ်. စိတ်ပူမနေနဲ့." ကုချင်ပြန်ဖြေလိုက်တယ်. သူမဘယ်သူ့ကိုမှပြန်ပြောမှာမဟုတ်ပါဘူး.
.................
နေ့လည်ခင်းအတန်းတွေပြီးသွားတော့ ကုနင်း, ယွီမီရှီ, မုခယ်, ဟောင်ရန်နဲ့ သူ့သူငယ်ချင်းတွေအပါအဝင် ချူးဖေ့ဟန်ပါ အတူတူဆုံလိုက်ကြတယ်.
ယွီမီရှီကလွဲပြီး ကျန်တဲ့သူတွေအကုန်လုံး အံ့ဩသွားကြတယ်.
"ဝိုး. ညီအစ်ကိုတို့ ငါတို့ WeChat အဖွဲ့ဖွဲ့ကြရအောင်!" ချူးဖေ့ဟန်က သူတို့ကိုတွေ့တွေ့ချင်းပဲ စတင်မိတ်ဆက်လိုက်တယ်.
ချူးဖေ့ဟန်က သွက်လက်တဲ့မိန်းကလေးဖြစ်တယ်. သူမ မုခယ်ရယ် ဟောင်ရန်တို့တွေရယ်နဲ့ မရင်းနှီးတာတောင်မှ သူတို့က တစ်ဖွဲ့တည်းဖြစ်တယ်ဆိုကတည်းက သူစိမ်းတွေလို့မခံစားရတော့ပါဘူး.
ဒါကိုကြားတော့မှ ချူးဖေ့ဟန်ကလဲ ကုနင်းကို ဘော့စ်အဖြစ်သတ်မှတ်လိုက်မှန်း သဘောပေါက်သွားကြတယ်.
ဒါပေမယ့် သူတို့ကုနင်းဘက်က အတည်ပြုပေးတာကိုအရင်စောင့်ကြည့်နေလိုက်သေးတယ်.
ကုနင်းဘက်က သူတို့ကို မှန်ကြောင်းခေါင်းတစ်ချက်ညိမ့်ပြလိုက်တယ်. မကြာခင်မှာပဲ ထိုဆယ်ကျော်သက်တစ်ဖွဲ့လုံး သူငယ်ချင်းတွေဖြစ်သွားကြတယ်.
ယွီမီရှီက ရှက်တတ်ပြီး တိတ်တဆိတ်နေတတ်သူဖြစ်ပေမယ့် ကျန်တဲ့သူတွေက သူမကို လျစ်လျူမရှုထားတာကြောင့် တစ်ယောက်ထဲ အထီးကျန်သလိုမဖြစ်နေပါဘူး.
သူမဘက်ကလဲ အရမ်းကြီး ငြိမ်မနေဘဲ သူတို့နဲ့ပုံမှန်အတိုင်းဖြစ်အောင် ကြိုးစားပြီးပြောနေပါတယ်.
ခနအကြာမှာတော့ လူတိုင်းWeChatအကောင့်တွေအပြန်အလှန်အပ်ပြီးသွားကြကာ သူတို့ရဲ့WeChatအဖွဲ့နာမည်ကို "ဖိုက်တာမိသားစု" ဆိုပြီးပေးလိုက်ကြတယ်.
ကုနင်းတစ်ယောက်ဆွံ့အသွားမိတယ်. ဒါကြီးကအရမ်းမကြမ်းလွန်းဘူးလား?
ဒါပေမယ့် လူတိုင်းက ထိုနာမည်ကို သဘောကျနေကြတာကြောင့် ကုနင်းလဲဘာမှပြောမနေတော့ပါဘူး.
"အဖွဲ့ဖွဲ့တဲ့သူက စာအိတ်နီကြီးကြီးလေးတော့ပေးသင့်တာပေါ့" ဆိုပြီး ဟောင်ရန်က အားပေးလိုက်တယ်.
"ရတာပေါ့. ဒီမှာယူလိုက်ကြ!" အဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ ချူးဖေ့ဟန်က ပြောလိုက်တယ်.
သူမက ၈၈၈ယွမ်တောင်ပါတဲ့ စာအိတ်နီကြီးတစ်ခုကိုပို့ပေးလိုက်တယ်. အဖွဲ့ထဲမှာလူ၇ယောက်ရှိတာဖြစ်တဲ့အတွက် ငွေဘယ်လောက်များများရမယ်ဆိုတာ သူတို့ကံအပေါ်မှာပဲ မူတည်ပါတယ်.
ကုနင်းကတော့ ကံအကောင်းဆုံးဖြစ်ပြီး ယွမ်၃၀၀ရရှိခဲ့တယ်.
ပြီးတော့ ယွီမီရှီက ယွမ်၂၀၀ကျော်ရရှိခဲ့ပြီး ချူးဖေ့ဟန်နဲ့ တခြားသူတွေကတော့ ကျန်တဲ့ပိုက်ဆံကို မျှပြီးရသွားကြတယ်. ဟောင်ရန်က ၃ယွမ်ပဲရခဲ့တာကြောင့် အထွန့်တက်တော့တယ်,
"ဘာ? ငါ ဘယ်လိုလုပ်ဒီလောက်ကံဆိုးသွားရတာလဲ? ၃ယွမ်? ငါ့ကိုနောက်နေတာလား?"
ပြီးတော့ သူတို့တစ်အုပ်ကြီး နေ့လည်စာအရင်သွားစားကြကာ သစ်တောလေးထဲမှာ လေ့ကျင့်ဖို့ဆက်သွားလိုက်တယ်.
ချူးဖေ့ဟန်ကတော့ ကုနင်းဘယ်လောက်အထိသိုင်းတော်မှန်းအသေအချာ မသိသေးပါဘူး. ဒါကြောင့် သူမနဲ့စမ်းကြည့်ဖို့အတွက် အရမ်းစိတ်လှုပ်ရှားနေမိတယ်. သူတို့သစ်တောလေးဆီကိုရောက်တာနဲ့ သူမချက်ချင်းပဲ ကုနင်းကို တိုက်ခိုက်ဖို့ စိန်ခေါ်လိုက်တယ်.
ချူးဖေ့ဟန်က တိုက်ခိုက်တဲ့နေရာမှာ ကျွမ်းကျင်ပါတယ်. သူမက ကျွမ်းကျင်ပညာရှင်တွေရဲ့ စနစ်တကျလေ့ကျင့်ပေးမှုကို ခံယူထားတာကြောင့် ဟောင်ရန်တို့ထက်တော့ ပိုသာပါတယ်.
ဒါ့ကြောင့် ကုနင်းချက်ချင်းကြီး ချူးဖေ့ဟန်ကို အနိုင်မတိုက်နိုင်ပါဘူး.
...............P49End............
ဖီးနစ်သွေးစက်
အခန်း ၅၀ ငါမင်းကိုကြိုက်တယ်
အကြိမ်ရေအနည်းငယ်တိုက်ပြီးချိန်မှာတော့ ချူးဖေ့ဟန်ဆက်ပြီးမတိုက်နိုင်တော့ပါဘူး. သူသိုင်း၁၀ကွက်အတွင်းမှာပဲရှုံးသွားခဲ့ပါတယ်.
ချူးဖေ့ဟန် ရှုံးသွားခဲ့ပေမယ့် စိတ်မပျက်သွားတဲ့အပြင် ပိုပြီးတော့တောင် စိတ်လှုပ်ရှားနေသေးတယ်.
ကုနင်းသာ သူမကိုလွယ်လွယ်လေးအနိုင်မယူနိုင်ဘူးဆိုရင် သူမကို ဘော့စ်အဖြစ်သတ်မှတ်လိုက်မိတာက အမှားတစ်ခုဖြစ်သွားခဲ့မှာလေ. အခုတော့ လူရွေးမှန်သွားတဲ့အတွက် ချူးဖေ့ဟန်ပျော်နေမိတယ်.
တစ်ချိန်တည်းမှာပဲ ချူးဖေ့ဟန်အကြံတစ်ခုရသွားကာ,
"ကုနင်း, နင်နဲ့ငါ့အစ်ကိုဆို ဘယ်သူပိုတော်မလဲ သိချင်လိုက်တာ. နင် ငါ့အစ်ကိုနဲ့တစ်ရက်လောက် စမ်းကြည့်ပါလား?"
"ကောင်းပြီလေ." ကုနင်းကလဲ သဘောတူလိုက်တယ်. သူမလဲ တစ်ခါလောက်သူမထက်ပိုပြီး အားကြီးတဲ့သူတစ်ယောက်ယောက်နဲ့ စမ်းကြည့်ချင်ပါသေးတယ်.
ချူးဖေ့ဟန်ရဲ့ အစ်ကိုက ဘယ်သူများဖြစ်မလဲ.
ကုနင်းရဲ့ သဘောတူညီမှုကိုရလိုက်တာနဲ့ သူမထိုပွဲကို ပိုပြီးတော့တောင်ကြည့်ချင်လာမိတယ်. ဒါပေမယ့် အခု သူမအစ်ကိုက မြို့တော်Fမှာမရှိသေးဘူး. ဒီတစ်ပတ်ကျော်လောက်မှ ပြန်လာမှာပါ.
လေ့ကျင့်နေရင်းနဲ့ပဲ သူမအစ်ကိုလိုပဲ ကုနင်းကလဲ တော်တော်လေးကျွမ်းကျင်တဲ့သူတစ်ယောက်ဆိုတာ ချူးဖေ့ဟန်သိသွားတယ်.
တစ်ချိန်တည်းမှာပဲ ကုနင်းအကြောင်းကိုပိုပြီးစပ်စုချင်သွားတယ်. သူမက အမေတစ်ယောက်ထဲရှိတဲ့ ဆင်းရဲတဲ့မိသားစုကမွေးတာမှဟုတ်ရဲ့လား?
သူမသိချင်တယ်ဆိုပေမယ့် ရိုင်းပြစွာနဲ့ ကုနင်းရဲ့နောက်ကြောင်းကို စုံစမ်းချင်တဲ့သဘောတော့မဟုတ်ပါဘူး.
ကုနင်းမှာ ဘယ်လိုလျှို့ဝှက်ချက်မျိုးရှိနေလဲဆိုတာကို ချူးဖေ့ဟန်ဂရုမစိုက်ပါဘူး. သူမကို သူငယ်ချင်းကောင်းတစ်ယောက်အဖြစ်လို့ပဲ ယုံကြည်ထားပါတယ်.
ညနေအတန်းချိန်မှာတော့ ကုနင်းတို့အခန်းကိုပြန်တဲ့လမ်းမှာ ကောင်လေးတစ်ယေက်က သူမကိုတားလိုက်တယ်.
သူက အရပ်၁.၈မီတာလောက်မြင့်ပုံရပြီး ကြည့်ကောင်းပေမယ့် သူ့မျက်နှာအနေအထားကတော့ လေးလေးနက်နက်ဖြစ်နေတယ်.
ဒါပေမယ့် ကုနင်းကတော့ စိတ်ရှုပ်ထွေးသွားတယ်. ဘာလို့ သူကဒီမှာဘာလုပ်နေတာလဲ?
ပြတင်းပေါက်တွေနားမှာထိုင်ကြတဲ့ ကျောင်းသားအားလုံးက ကြည့်လိုက်ကြတယ်. သူတို့ထင်လိုက်တာက ကုနင်းကို ပြဿနာထပ်ရှာမယ့်လူရောက်လာတယ်ပေါ့. ရှောင်ဖေးဖေးနဲ့ သူမသူငယ်ချင်းတွေကလဲ စိတ်လှုပ်ရှားစွာနဲ့စောင့်ကြည့်နေကြတယ်.
ဒါပေမယ့် ထိုကောင်လေးပြောလိုက်တဲ့စကားကြောင့် သူတို့အားလုံးပါးစပ်အဟောင်းသားဖြစ်သွားကြရတယ်.
"ကုနင်း, ငါမင်းကိုကြိုက်တယ်. ငါနဲ့အတူ တစ်ရက်လောက်အပြင်သွားချင်လား?" ကောင်လေးကမေးလိုက်တယ်.
ဒါကိုကြားတော့ ကုနင်းကိုယ်တိုင်လဲ ဆွံ့အသွားရတယ်. ထိုကောင်လေး သူမကိုကြိုက်ပါတယ်လို့ ပြောလိမ့်မယ်လို့သူမလဲမထင်ထားမိဘူး.
လူအုပ်ကြီးကလဲ ထိတ်လန့်သွားကြတယ်.
ဘာ? သူက သူမကိုကြိုက်တယ်? ပြဿနာရှာမှာမဟုတ်ဘူးလား?
"တောင်းပန်ပါတယ်." ကုနင်းငြင်းလိုက်တယ်.
သူမအခုချိန်မှာ ချိန်းမတွေ့ချင်သေးသလို ဒီကောင်လေးကလဲ သူမအကြိုက်မဟုတ်ဘူး.
ဒါ့အပြင် ကုနင်းရဲ့အတွင်းစိတ်က အသက်၂၅နှစ်ရှိပြီဖြစ်တဲ့ ရင့်ကျက်ပြီးသားအမျိုးသမီးတစ်ယောက်ပါ. သူမ ဒီလိုမျိုး ဆယ်ကျော်သက်ကောင်လေးတွေကိုမကြိုက်ပါဘူး.
"ဘာလို့လဲ?" ကောင်လေးချက်ချင်းပဲပြန်မေးလိုက်တယ်.
"အကြောင်းပြချက်ဆိုပြီးမရှိဘူး." ကုနင်းပြန်ဖြေလိုက်တယ်.
ကောင်လေး ထိုတစ်ခနဘာပြန်ပြောရမှန်းမသိဖြစ်သွားတယ်. ပြီးတော့မှ ဆက်ပြီး,
"ကောင်းပြီလေ. ဒါဆို ငါတို့သူငယ်ချင်းတော့ဖြစ်နိုင်တယ်မလား?"
"ငါတို့ သိတာကြာသွားရင်တော့ ပုံမှန်လေးနဲ့ သူငယ်ချင်းဆိုပြီးဖြစ်သွားမှာပါ. ဒါပေမယ့် အခုကတော့ လုံးဝသူစိမ်းတွေပဲလေ. သူငယ်ချင်းဖြစ်ဖို့စောပါသေးတယ်." ကုနင်း ငြင်းလဲမငြင်းလိုက်သလို လက်လဲမခံလိုက်ပါဘူး.
ကောင်လေးလဲ မျှော်လင့်ချက်ရှိသေးတယ်လို့ ယုံကြည်သွားတာကြောင့် ပျော်ရွှင်စွာနဲ့,
"ကုနင်း. တွေ့ရတာဝမ်းသာပါတယ်. ငါက အခန်း၆က အန်းရီပါ. ငါရိုင်းသလိုဖြစ်သွားတာတောင်းပန်ပါတယ်. ဒါပေမယ့် မင်းလက်ခံတဲ့အထိ ငါကြိုးစားသွားမှာပါ." အန်းရီလဲ ရိုးရိုးသားသားနဲ့ပြောလိုက်တယ်.
ထိုအချိန်မှာပဲ ညနေအတန်းစတဲ့ခေါင်းလောင်းမြည်လာခဲ့တယ်. အန်းရီလဲ ကုနင်းကိုနှုတ်ဆက်လိုက်ပြီး ပြန်သွားတယ်.
ကုနင်းနဲ့ ယွီမီရှီလဲ သူတို့အခန်းထဲကိုဆက်သွားလိုက်တယ်.
ကုနင်းဝင်လိုက်တာနဲ့ ရှောင်ဖေးဖေးရဲ့အကြည့်ကလဲ သူမသွားတဲ့လမ်းတစ်လျှောက်လုံးပါလာတယ်.
သူမ ကုနင်းနဲ့ဟောင်ရန်တို့ကို မနေ့တုန်းကအဖြစ်အပျက်ကြောင့်လန့်နေသေးတယ်ဆိုပေမယ့်လဲ ပုံမှန်အတိုင်းမနာလိုတော့ဖြစ်နေစဲပါပဲ.
ကုနင်းကို လေးစားတဲ့သူတွေ ဘာလို့ဒီလောက်များနေမှန်း ရှောင်ဖေးဖေးနားမလည်နိုင်သေးပါဘူး. သူမအမြင်မှာတော့ ကုနင်းက သာမာန်ထက် နည်းနည်းပိုလှရုံဖြစ်ပြီး အရမ်းလှနေတာလဲမဟုတ်ဘူး. ပြီးတော့ ကုနင်းရဲ့မိသားစုက ဆင်းရဲတဲ့အပြင် စာလဲတော်တာမှမဟုတ်တာ.
ဒါပေမယ့် ရှောင်ဖေးဖေးကြိုက်တဲ့ မုခယ်က ကုနင်းကို ဘော့စ်လို့ခေါတယ်. သူဘယ်လိုလုပ် ဒီလိုခေါ်ရတာလဲ?
ရှောင်ဖေးဖေးရဲ့သွေးတွေဆူပွတ်လာပါပြီ.
ဒါကြောင့် ကုနင်းကို ဘယ်လိုအနိုင်ပိုင်းရမလဲဆိုတာကို စဉ်းစားနေမိတယ်.
အရင်တစ်ခေါက်တုန်းက ဟိုလူမိုက်တွေ ကျရှုံးခဲ့တာကြောင့် တူညီတဲ့အမှားမျိုးကို သူမနောက်တစ်ကြိမ်လုပ်မှာမဟုတ်ပါဘူး.
ကုနင်းကတော့ ရှောင်ဖေးဖေးရဲ့အကြည့်တွေနဲ့အသားကျနေပြီဖြစ်တာကြောင့် ဂရုစိုက်မနေတော့ပါဘူး.
ညနေခင်းအတန်းပြီးသွားတော့, ကုနင်းဆေးရုံကိုပဲတန်းသွားလိုက်တယ်.
သူမနာရီဝက်လောက်ပြေးလိုက်တော့ ဆေးရုံကိုရောက်သွားတယ်.
ထိုအချိန်၌ ဆေးရုံဝန်းထဲတွင် လူအနည်းငယ်လောက်ပဲရှိနေတာကြောင့် တိတ်ဆိတ်နေပြီး ကြောက်ဖို့တောင်ကောင်းနေတယ်.
ကုနင်း လူနာခန်းထဲကို ရောက်သွားတော့ ဒီနေ့ ကုချင်လာသွားကြောင့် ကုမန့်က သူမကိုပြောလိုက်တယ်.
ကုချင်ဘာလို့လာရတယ်ဆိုတဲ့အကြောင်းကိုလဲ ကုမန့်ပြောပြလိုက်တယ်. ပြီးသွားတော့ ကုနင်းဝမ်းနည်းသွားမှာလားဆိုပြီး သူမကို ဂရုတစိုက်ကြည့်နေမိတယ်.
"ဟိုအဘွားကြီးကတော်တော်ရက်စက်တာပဲ!" ကုနင်းနှာခေါင်းရှုံ့လိုက်မိတယ်. သူမက လုံးဝဝမ်းမနည်းပဲ ဒေါသထွက်မိတာပါ.
သူမဒေါသထွက်တယ်ဆိုတာကလဲ သူမကို ထိုအဘွားကြီးရက်စက်လို့မဟုတ်ဘဲ ကုမန့်ကိုရက်စက်နိုင်တာကြောင့်ပါ. ကုမန့်က ထိုအဘွားကြီးရဲ့ သွေးရင်းကလေးတစ်ယောက်ပဲမဟုတ်ဘူးလား.
သူမအဘွားက သမီးတွေထက်သားတွေကို ပိုသဘောကျမှန်း ကုနင်းအစထဲကသိထားပေမယ့် ဒီလောက်အထိ သွေးအေးလိမ့်မယ်လို့တော် မမျှော်လင့်ထားမိပါဘူး.
ပြီးတော့ ဒီကိစ္စတွေအားလုံးရဲ့နောက်ကွယ်မှာ ကုရှောင်ရှောင်ရှိနေတယ်.
ကုမန့်သက်ပြင်းချမိတယ်. သူမက ကုနင်းထက်ကိုပိုပြီးတော့ နာကျင်ရပါတယ်.
တကယ်လို့ ကုနင်းအမှားလုပ်ခဲ့မိမယ်ဆိုရင်တောင်မှ ကုမန့် ဘယ်လိုပဲ စိတ်ဆိုးပါစေ, ရင်ကွဲအောင်ခံစားရပါစေ သူမရဲ့သမီးကို ဘယ်တော့မှမုန်းမှာမဟုတ်သလို ဆိုးဆိုးဝါးဝါးလဲ ဆက်ဆံမှာမဟုတ်ပါဘူး..
ထိုအစား ကုမန့် သူမသမီးကို ပိုပြီးတော့တောင် ချစ်မြတ်နိုးပေးမှာပါ.
ဘာလို့လဲဆိုတော့......
ကုနင်းကို ကြည့်လိုက်တဲ့တစ်ခန ကုမန့်ရဲ့စိတ်ထဲမှာ ဗလာဖြစ်သွားကာ တစ်ယောက်ယောက်ကို လွမ်းစွတ်သွားသလိုနဲ့ ဝမ်းနည်းသွားတယ်. ကုနင်းရဲ့ အဖေရင်းကို ကုမန့်သတိရသွားတာမှန်း ကုနင်းသိလိုက်ပါတယ်.
ကုနင်းနဲ့ တော်တော်တူနေလို့များလား?
ကုမန့်ရဲ့မျက်ဝန်းထဲမှာတော့ မုန်းတီးမှုတွေမတွေ့ရပါဘူး. ဒါကြောင့် ကုမန့်ထိုလူကို ချစ်နေစဲဆိုတာ သေချာပါတယ်.
ကုနင်းလဲ ရုတ်တရက် သူမအဖေအကြောင်းကို သိချင်သွားကာ,
"အမေ, သမီးအဖေအကြောင်း နည်းနည်းလောက်ပြောပြလို့ရမလား?" ကုနင်းမေးလိုက်တယ်.
ကုမန့် ပထမတော့တုန့်ဆိုင်းသွားပြီးမှ စိတ်ကို လျှော့ချလိုက်တယ်.
နင်းနင်းက အခုဆို ၁၈နှစ်တောင်ရှိနေပြီ. သူမကို တသက်လုံးဖုံးကွယ်ထားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး. သူမကလဲ ကုနင်း အထင်လွဲပြီး သူမရဲ့အဖေရင်းကို မုန်းနေတာမျိုးမဖြစ်စေချင်ပါဘူး.
ခနလောက်နေတော့ ကုမန့်စပြီးတော့,
"သမီးရဲ့အဖေက အရမ်းခန့်တယ်. အရပ်လဲရှည်တယ်, သန်မာပြီး စမတ်ကျတဲ့အပြင် ပင်ကိုစွမ်းရည်လဲရှိတယ်. ဒါပေမယ့် သူ့မှတ်ဉာဏ်ပျောက်ဆုံးသွားပြီး သူ့ကိုယ်သူဘယ်သူမှန်းတောင် မမှတ်မိတော့ဘူး.
အမေကတော့ သူ့ကို 'နင်း'လို့ခေါ်တယ်. မတော်တဆမှုတစ်ခုကနေပြီး သူ့အသက်ကိုအမေကယ်ခဲ့တာ. သူမှာဒဏ်ရာတွေလဲ ရထားခဲ့တယ်.
နောက်တော့ အမေတို့ချစ်မိသွားကြပြီး အတူတူနေခဲ့ကြတယ်. သမီးအဖေမှာက အရည်အချင်းရှိပြီးသားဆိုတော့ နှစ်ဝက်အတွင်းမှာပဲ ကုမ္ပဏီတစ်ခုက ကြီးကြပ်ရေးမှူးတစ်ယောက်ဖြစ်လာပြီး နောက်တော့ စီမံကိန်းဌာနရဲ့ မန်နေဂျာအဖြစ်ရာထူးတိုးသွားတယ်. ဒါပေမယ့် သူအလုပ်ခရီးသွားတဲ့အချိန်မှာ မတော်တဆမှုတစ်ခုဖြစ်ခဲ့ပြီး သူစီးသွားတဲ့ ဘတ်စ်ကားက မြစ်ထဲပြုတ်ကျသွားခဲ့တယ်.
အဲ့ဒီ ကားပေါ်မှာ လူ၂၃ယောက်ပါပေမယ့် ၅ယောက်ပဲကယ်နိုင်ခဲ့ပြီး ၁၂ယောက်ကိုတော့အလောင်းတွေ့ခဲ့တယ်. ဒါပေမယ့် သမီးအဖေအပါအဝင် ၆ယောက်က ပျောက်ဆုံးနေခဲ့တယ်."
ပျောက်ဆုံးနေတဲ့သူတွေကိုတော့ သေဆုံးပြီလို့ပဲတွက်ခဲ့ပါတယ်.